← Chapters

အခန်း (၁၇၇)

Vol. 17 Ch. 177

အခန်း (၁၇၇)

Vol. 17 Ch. 177

📝အပိုင်း - ၁၇၇

ဘာသာပြန် - Na Gar🐉

"ဒါကြောင့် ဒီကိစ္စကို ဘယ်သူ့ကိုမှ စကားတစ်လုံးမှ မဟမိစေနဲ့။ မဟုတ်ရင် မင်းအတွက် အသက်အန္တရာယ်အထိ ဒုက္ခရောက်နိုင်တယ်။ ဆရာကိုယ်တိုင်တောင်မင်းကို အမြဲတမ်း မကာကွယ်ပေးနိုင်ဘူးဆိုတာ မှတ်ထားပါ နားလည်ရဲ့လား"

"အစ်ကိုကြီး... စိတ်ချပါ၊ ကျွန်တော် မှတ်သားထားပါ့မယ်"

ချန်ဆန်းရှီ လှည့်ကြည့်လိုက်သောအခါ ဆရာသည် ကန်ဘေးတွင် ငါးပြန်မျှားနေသည်ကို တွေ့လိုက်ရသည်။ သူကလက်သီးစုပ်၍ အသံကျယ်

ကျယ်ဖြင့် နှုတ်ဆက်လိုက်သည် "တပည့်ကို ပညာသင်ကြားပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် ပြန်ရောက်ရင်လည်း ကြိုးကြိုးစားစား ကျင့်ကြံပြီး ဆရာ့ဂုဏ်ကို မြှင့်တင်နိုင်အောင် လုပ်ပါ့မယ်"

"ဒီကောင်စုတ်လေး"

ဆွန်ဒူရှန်က ဒေါသတကြီးဖြင့် အသံကိုနှိမ့်ကာ ဆဲဆိုတော့သည် "မင်း အော်လိုက်လို့ ငါ့ငါးတွေ လန့်ကုန်ပြီ အခုချက်ချင်း ထွက်သွားတော့"

"တောင်းပန်ပါတယ် ဆရာ..." ချန်ဆန်းရှီ အမြန်ပင် နှုတ်ဆိတ်သွားတော့သည်။

"သွားလို့ရပါပြီ"

ဖန်ချင်းယွမ်က"ဒီနေ့ မင်းက တရားဝင် တပည့်ရင်း ဖြစ်လာပြီဆိုတော့ တခြား အစ်ကိုကြီးတွေက ဒန်းကွေခြံဝင်းမှာ မင်းအတွက် ဂုဏ်ပြုပွဲ ပြင်ထားကြတယ်။ မကြာခင် လူစုခွဲကြတော့မှာဆိုတော့ ဘယ်တော့ ပြန်ဆုံမလဲ မသိနိုင်ဘူး အမြန်သွားလိုက်ဦး"

"ဟုတ်ကဲ့"

ချန်ဆန်းရှီသည် သူပြင်ဆင်လာသော အထုပ်ပိုးအတွင်းသို့ ကျင့်စဉ်ကျမ်းပေါင်း ရာနှင့်ချီ၍ ထည့်သွင်းကာ ကျောပိုးလိုက်သည်။ ဆရာ့ကို တစ်ကြိမ်ထပ်၍ အလေးအနက် ဂါရဝပြုပြီးနောက် လှည့်ထွက်လာခဲ့သည်။

...

ဖန်ချင်းယွမ်ကဝှီးချဲကို ခက်ခက်ခဲခဲ တွန်းကာ ကန်ဘေးသို့ လာခဲ့သည်။ "ဆရာ... ဆရာ့ရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို ညီငယ်လေးကို တစ်ခါတည်း ပေးလိုက်တာ မစောလွန်းဘူးလား။ သူ့ကို ထပ်ပြီး အကဲခတ်ဖို့ မလိုတော့ဘူးလား"

"လူတစ်ယောက်ကို သုံးရင် သံသယမထားနဲ့၊ သံသယရှိရင် မသုံးနဲ့။ ဒါ ငါ စစ်တိုက်တဲ့ မူပဲ၊ တပည့်သင်ရင်လည်း ဒီအတိုင်းပဲ"

ဆွန်ဒူရှန်က တည်ကြည်စွာ ဆိုသည်"ဒါ့အပြင် ငါတို့မှာ အချိန်ဘယ်လောက်ရှိလို့လဲ။ သာမန်လူတွေ မြစ်ကူးနိုင်အောင် ကိုယ့်အသက်ကို ရင်းပြီး ကူညီခဲ့တဲ့ လူတစ်ယောက်ဟာ နောင်တစ်ချိန်မှာ ဘယ်လောက်အထိ ဆိုးဝါးသွားနိုင်မှာမို့လို့လဲ"

"အင်း..."

ဖန်းချင်းယွမ်က ချန်ဆန်းရှီ၏ စရိုက်ကို ပြန်လည်စဉ်းစားမိသည် "ညီငယ်လေးရဲ့ စရိုက်ကတော့ ကောင်းပါတယ်။ အိမ်တော်က အစေခံတွေကို ကျွန်တော်တို့ ဆက်ဆံပုံကို မြင်တော့ သူက တရားမျှတမှုတွေ ပျောက်ဆုံးနေပြီဆိုပြီး တော်တော်လေး စိတ်မကောင်း ဖြစ်နေရှာတာ"

"အလကားစကားတွေ"

ဆွန်ဒူရှန်က ရုတ်တရက် ဒေါသထွက်လာသည် "သူက မိန်းမမက်တဲ့ကောင် လို့ ကိုယ့်ဘာသာ ဝန်ခံထားတာလေ ငါ့သမီးကို သူ့လက်ထဲ ဘယ်လို စိတ်ချလက်ချ အပ်နိုင်မှာလဲ။ နောက်ပြီး သူ့မှာက မိန်းမ ရှိနှင့်ပြီးသား။ ငါ ဆွန်ဒူရှန် ရဲ့ သမီးက သူတစ်ပါးရဲ့ မယားငယ် လုပ်ရမှာလား"

"ဆရာ... အဲဒါကတော့ မဟုတ်သေးဘူးလေ"

ဖန်ချင်းယွမ်က ပြန်ချေပသည် "တကယ်လို့ ညီငယ်လေးက ဆရာ့အလိုကျ သူ့မိန်းမကို ထားခဲ့မယ်လို့ ပြောခဲ့ရင် ဆရာက သူ့စရိုက်ကို ပိုပြီး သံသယဝင်ရမှာ မဟုတ်ဘူးလား"

"ဟူး..."

ဆွန်ဒူရှနိသက်ပြင်းချလိုက်ပြီး "အဲဒီ ဂူရှင်းလန် ဆိုတဲ့ မိန်းကလေးအကြောင်း မင်း စုံစမ်းပြီးပြီလား"

"စုံစမ်းပြီးပါပြီ ဒါပေမဲ့ အကုန်လုံးတော့ မရှင်းသေးဘူး"

"တစ်ခုတော့ သေချာတယ် သူမက ရာဇဝတ်သားမျိုးနွယ် မဟုတ်ဘူး။ တကယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြို့တော်က အဖြစ်အပျက်ကြီးနဲ့သာ ပတ်သက်နေမယ်ဆိုရင် သူမရဲ့ အဆင့်အတန်းက ညီမလေးထက်တောင် ပိုမြင့်နိုင်ပြီး အိမ်ကြီးရှင်မ(မယားကြီး)နေရာအတွက် လုံးဝကို သင့်တော်ပါတယ်"

"ဒါဆို မင်းက ဘာအကြံပေးချင်လဲ"

ဆွန်ဒူရှန်က"ငါ့မှာ ဒီသမီးတစ်ယောက်တည်း ရှိတာ ကံမကောင်းတာက လူအများကြီးက ငါ့ရဲ့ အရှိန်အဝါကိုပဲ မျက်စိကျနေကြတာ"

"ဒီကိစ္စမှာ အရေးကြီးဆုံးက ညီမလေးရဲ့ ဆန္ဒပါပဲ"

"သူက ဘာပြောလဲ"

"ကျွန်တော် အကဲခတ်ကြည့်ရသလောက်တော့ ညီမလေးက ညီငယ်လေးကို မုန်းပုံမရပါဘူး။ နောက်ပြီး သူက ညီငယ်လေးအိမ်ကို မကြာခဏ သွားတတ်သလို ကလေးတွေကို ထိန်းပေးဖို့တောင် ဝန်မလေးဘူးလေ..."

"သားသမီးမိုက်တွေ ငါ့တပည့်တွေရော၊ သားသမီးတွေရော ငါ့စကား နားမထောင်ကြဘူး မင်းလည်း အပါအဝင်ပဲ"

"ကျွန်တော်လား" ဖန်ချင်းယွမ်က မကျေမနပ် ဖြစ်သွားသည်။

"ဆရာ... ကျွန်တော့်ကိုတော့ မလွဲချပါနဲ့"

"အခု ခဏ ငြိမ်ငြိမ်နေစမ်း"

ဆွန်ဒူရှန်၏ မျက်နှာက တင်းမာသွားပြီး ငါးမျှားတံကို အမြန်ဆွဲတင်လိုက်သော်လည်း ရေမှော်ပင်တွေသာ ပါလာသဖြင့် ပို၍ စိတ်တိုသွားတော့သည်။

"ဒါတွေ အကုန်လုံး မင်းကြောင့်ပဲ"

"ဟို ချန်ဆိုတဲ့ ကောင်လေးကလည်း ဆူညံလွန်းလို့ ငါ့ငါးတွေ ပြေးကုန်ပြီ။

မင်း ဒီနေ့ ငါ့အတွက် ငါးရမယ့် နေရာကောင်းတစ်ခု မရှာပေးနိုင်ရင်တော့... ဟေ့ကောင်မင်း ဘယ်ကို ပြေးတာလဲ"

ဖန်ချင်းယွမ်သည် သူ၏ ဝှီးချဲကို အရှိန်အဟုန်ဖြင့် တွန်းကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

"ဂါရဝပြုပါတယ် အစ်ကိုကြီးတို့၊ အစ်မကြီးတို့"

ဒန်းကွေးခြံဝင်း ၏ ဘေးခန်းတွင် စားသောက်ပွဲကြီးကို ပြင်ဆင်ထားပြီးဖြစ်သည်။ စီနီယာအစ်ကို နှစ်၊ သုံး၊ ခုနှစ်နှင့်အမကိုးတို့ အားလုံး စုံနေကြသည်။

"အို... မောင်လေးရာ... အစ်မကြီးက မင်းကို တော်တော် လွမ်းနေတာ~"

ရုန်ယန်ချိုး က အပြေးလာပြီး သူ့ကို ရင်းရင်းနှီးနှီး ဖက်လိုက်သည်။

"အစ်မကြီး..."

ချန်ဆန်းရှီမှာ ရုန်းမရသဖြင့် သူမဘေးတွင် ထိုင်လိုက်ရပြီး အစ်ကိုကြီး တစ်ယောက်ချင်းစီကို နှုတ်ဆက်ကာ ဝိုင်တစ်ခွက်စီ သောက်လိုက်ကြသည်။

"ကဲ... တော်ပြီ" ရုန်ယန်ချိုးက ချန်ဆန်းရှီ၏ လည်ပင်းကို ဖက်ထားရင်း "ရှင်တို့တွေက အစ်ကိုကြီးတွေ ဖြစ်ပြီးတော့ လက်ဆောင်တွေ မပေးကြတော့ဘူးလား ဒုတိယအကို... ရှင်က အရင်စ"

"ဟီးဟီး~"

ဝဖိုင့်ဖိုင့် စီနီယာအကိုနှစ်ချိန်ဝေ က အင်္ကျီရင်ဘတ်ထဲမှ ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးလိုက်သည်။

"ဘာပေးရမလဲ အများကြီး စဉ်းစားပြီးမှ ငွေက အသုံးဝင်ဆုံးပဲဆိုတာ ဆုံးဖြတ်လိုက်တာ"

"ငွေငါးရာတည်းလား ဒုတိယအကိုကတော့ တော်တော် ကပ်စေးနည်းတာပဲ"

မုန့်ကွမ်ရှင်း က ကဲ့ရဲ့လိုက်သည် "ငွေပေးတာက သာမန်ဆန်လွန်းတယ် ငါ့လက်ဆောင်ကမှ ပိုပြီး အဓိပ္ပာယ်ရှိတာ" သူကဘေးရှိ သစ်သားငါးရုပ် တစ်ခုကို ထုတ်လိုက်ပြီး "ညီလေး... ဒါ ငါကိုယ်တိုင် ထုလုပ်ထားတာ။ တစ်ခါခေါက်ရင် ကုသိုလ်တစ်ခု ရစေတယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတို့ ဝမ်းသာအားရ လက်ခံပါတယ်"

"ရှင်တို့နှစ်ယောက်ကတော့ အသုံးဝင်တာလေး ပေးစမ်းပါ" ရုန်ယန်ချိုးက မျက်စောင်းထိုးလိုက်ပြီး ဘေးခန်းမှ ချပ်ဝတ်တစ်စုံကို ယူလာသည်။ ၎င်းမှာ သော့ချပ်ဝတ် ဖြစ်သော်လည်း အရောင်မှာ ပိုနက်ပြီး အနက်ရောင် သံမဏိဖြင့် ပြုလုပ်ထားပုံရသည်။

"အနက်ရောင် သံမဏိချပ်ဝတ်" ချိန်ဝေက တအံ့တသြ ရေရွတ်လိုက်သည်။ "ညီမလေး... ဒါက ငွေထောင်ချီ တန်တာ မဟုတ်လား"

"ရှင်တို့လို ကပ်စေးမနည်းဘူးလေ"

ရုန်ယန်ချိုးက ချန်ဆန်းရှီကို ကြည့်လိုက်ပြီး "မောင်လေး... သဘောကျရဲ့လား"

"ညီခုနှစ်... မင်းကရော ဘာပေးမှာလဲ" မုန့်ကွမ်ရှင်းက အော်မေးသည်။ "အခုထိ စကားတစ်လုံးမှ မဟသေးဘူး၊ ဘာမှ မပြင်ဆင်ထားဘူးတော့ မပြောနဲ့နော်"

ရဲ့ဖုန်းရှိုး က မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမပြောဘဲ ထောင့်မှာ အဝတ်ဖြင့် ပတ်ထားသော အရာတစ်ခုကို ကြည့်လိုက်သည်။ မုန့်ကွမ်ရှင်းက အပြေးသွားဖွင့်လိုက်သောအခါ... လှပတောက်ပနေသော ငွေရောင်လှံရှည် တစ်စင်း ပေါ်ထွက်လာသည်။

၎င်းမှာ တစ်လံကျော် ရှည်လျားပြီး အဆင့်မြင့် သံမဏိနှင့် အနက်ရောင် သံမဏိတို့ဖြင့် ပြုလုပ်ထားကာ အလွန်ပင် ထက်မြက်လှသည်။

"ဒါကတော့ ၇ ထောင်၊ ၈ ထောင်လောက် တန်မှာပဲ" ရဲ့ဖုန်းရှိုးက လှံကို ပြန်ယူပြီး ချန်ဆန်းရှီကို ကမ်းပေးလိုက်သည်။

"စမ်းကြည့်လိုက်ဦး အဆင်ပြေရဲ့လားလို့။ အချိန်မရလို့ အော်ဒါမတင်

ဘဲ နာမည်ကြီး ပန်းပဲဆရာဆီက ဝယ်လာတာနာမည်က ဝိညာဉ်ဖျက်လှံ တဲ့"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတို့ အစ်မကြီးတို့ ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ်"

"အစ်ကိုတစ် နဲ့ သုံးရောသူတို့ မလာကြဘူးလား" ချိန်ဝေက မေးသည်။

မုန့်ကွမ်ရှင်းက မကျေမနပ်ဖြင့် "လာချင်လာ မလာချင်နေပေါ့ ဘယ်သူက တွေ့ချင်နေလို့လဲ သူ့ကို မြင်ရတာနဲ့တင် စိတ်ရှုပ်တယ်" ဟု ဆိုသည်။

"ညီငါး... ငါက မင်းရဲ့ အစ်ကိုကြီး အရင်းခေါက်ခေါက်ပါကွာ"

ဩဇာရှိလှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားသော ပုံရိပ်တစ်ခု ပေါ်လာတော့သည်။

All Chapters