အခန်း (၁၈၃)
Vol. 17 Ch. 183
📝အပိုင်း - ၁၈၃
ဘာသာပြန် - Na Gar🐉
သို့သော် သူ့ရှေ့ကမိန်းမစိုးကြီးမှာ ဧကရာဇ်မင်းမြတ်အတွက် အလုပ်အကျွေးပြုနေသူ မဟုတ်ပါလား..
ယနေ့တွင် သူတို့သည် ချန်ဆန်းရှီ၏ သစ္စာရှိမှုကို နောက်တစ်ကြိမ် ထပ်မံစမ်းသပ်ကြဦးမည် ထင်သည်။ ထိုဧကရာဇ်အိုကြီးမှာ တကယ့်ကို အလွန်အမင်း ပျင်းစရာကောင်းလှပေသည်။
"ဒီမှာ အကုန်ရှိပါတယ်"
ချန်ဆန်းရှီသည် လျှို့ဝှက်ကျမ်းစာအုပ်နှင့်အတူ သူ၏ အစ်ကိုကြီးများ ပေးခဲ့သော လက်ဆောင်များ၊ သစ်သားငါးရုပ် အပါအဝင် အားလုံးကို စားပွဲပေါ်တွင် ချခင်းပြလိုက်သည်။
"ဒါက..."
သခင်ကြီးဟောက် သည် သစ်သားငါးရုပ်တီးသည့် တုတ်လေးကို ကိုင်ကာ နှစ်ချက်ခန့် အသာအယာ ခေါက်ကြည့်လိုက်သည်။ "ဒါပဲလား"
"ဒါပါပဲ"
ချန်ဆန်းရှီက အလေးအနက် ဆိုသည်"ပစ္စည်းအားလုံး ဒီမှာပါ။ ဆရာက ကျွန်တော့်ကို စာအုပ်အချို့ပဲ ပေးခဲ့တာပါ စစ်နတ်ဘုရားအထက်ကို တက်လှမ်းနိုင်တဲ့ နည်းလမ်းတွေကိုတော့ သင်ကြားပေးခြင်း မရှိပါဘူး"
"ငါတို့ ဘာမေးချင်နေတာလဲဆိုတာ မင်း ဘယ်လိုသိတာလဲ"
သခင်ကြီးဟောက်က ပြုံးလျက် မေးသည်"ဗိုလ်ချုပ်ချန်... မင်းက တကယ်ကို ပါးနပ်တာပဲ"
ဤကဲ့သို့သော အခြေအနေမျိုးတွင် ချန်ဆန်းရှီအနေဖြင့် လူအသေယောင်ဆောင်နေလေလေ၊ တစ်ဖက်လူက သူ့လက်ထဲတွင် တစ်ခုခု ရှိနေသည်ဟု သံသယဝင်လေလေ ဖြစ်လိမ့်မည်။ ထို့ကြောင့် အပြစ်ကင်းစင်ပုံပေါက်ပြီး သံသယကင်းဝေးစေရန် အမှန်အတိုင်း အချို့ကို ပြောပြလိုက်ခြင်းက ပိုကောင်းသည်။
"လောကမှာ လူတိုင်းက မသေမျိုးကျင့်စဉ်နောက်ကို လိုက်နေကြတာပဲ ကျွန်တော် ဘယ်လိုလုပ် မသိဘဲ နေမှာလဲ"
သူက တည်ကြည်စွာ ပြောလိုက်သည် "ဧကရာဇ်မင်းမြတ်ကိုလည်း လျှောက်တင်ပေးပါဦး အကယ်၍ တစ်နေ့မှာ ဆရာက ကျွန်တော့်ကို ပညာတွေ သင်ပေးခဲ့ရင် ကျွန်တော် ချက်ချင်းပဲ နန်းတော်ကို ဆက်သပါ့မယ်။ ကိုယ်ကျိုးအတွက် လုံးဝ သိမ်းဆည်းထားမှာ မဟုတ်ပါဘူး"
"ဗိုလ်ချုပ်ချန်ကတကယ့်ကို မဟာရှန်မင်းဆက်ရဲ့ သစ္စာရှိအမတ်နဲ့ စစ်သူရဲကောင်းပဲ"
သခင်ကြီးဟောက်သည် အလွန်ကျေနပ်သွားပုံရပြီး "ဧကရာဇ်မင်းမြတ်လည်း ဒါကို ကြားရင် သေချာပေါက် ဝမ်းမြောက်ပါလိမ့်မယ်။ ကဲ... ဒါဆိုရင်တော့ ငါ သွားတော့မယ်"
"သခင်ကြီးဟောက်... ခဏလောက် စောင့်ပါဦး"
"ဗိုလ်ချုပ်ချန်မှာ တခြားကိစ္စ ရှိသေးလို့လား"
"အလွန်အရေးကြီးတဲ့ ကိစ္စပါ"
ချန်ဆန်းရှီသည် မစ္စတာဟောက်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ ပြောပြီးနောက်တွင် သူ၏ လက်အင်္ကျီအတွင်းမှ ငွေသားပြား သုံးထောင်တန် တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ "ဒါက ကျွန်တော့်ရဲ့ ရိုသေမှုကို အခုမှ ပြခွင့်ရတာပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ"
"အိုး~"
သခင်ကြီးဟောက်သည် ငွေသားကို လက်ခံလိုက်ရာ သူ၏ ပြုံးပျော်နေသော ပါးစပ်မှာ ပိတ်မရတော့ချေ။ "စိတ်ချပါ ဗိုလ်ချုပ်ချန် မင်းနဲ့ ငါနဲ့က နန်းတွင်းအရာရှိအချင်းချင်းပဲ ငါ သေချာပေါက် ကူညီပေးပါ့မယ်"
"ကျေးဇူးအထူးတင်ပါတယ် သခင်ကြီးဟောက်"
ချန်ဆန်းရှီက လက်သီးစုက်၍ နှုတ်ဆက်လိုက်သည်။
ထိုညတွင်...
သူသည် ထမင်းစားခန်းတွင် တစ်ဦးတည်း ထိုင်ရင်း ရိုးရှင်းသော ဟင်းလျာများနှင့် အရက်အနည်းငယ် သောက်ကာ ပြဇာတ်စရန် စောင့်နေခဲ့သည်။
ညဦးယံအချိန်တွင် အပြင်ဘက်မှ တိုက်ခိုက်သံများ ထွက်ပေါ်လာတော့သည်။ သို့သော် ထိုအသံမှာ လက်ဖက်ရည်တစ်ခွက် သောက်ချိန်ပင် မကြာလိုက်ဘဲ ငြိမ်ကျသွားခဲ့သည်။
"ပြီးသွားပြီလား"
ချန်ဆန်းရှီသည် သူ၏ လက်နက်ကို ကိုင်ကာ အမြန်ပြေးထွက်ခဲ့သည်။
အိမ်တော်အနီးရှိ လမ်းကြားတစ်ခုတွင် လူနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ဝမ်ကျစ် နှင့် မိန်းမစိုးကြီး သခင်ကြီးဟောက် တို့ ဖြစ်ကြသည်။ သူတို့နှစ်ဦး ပူးပေါင်းပြီး ရန်သူတစ်ဦးကို တိုက်ခိုက်ခဲ့ပုံရကာ ယခုအခါ ထိုသူ၏ အဆင့်အတန်းအကြောင်းကို ဆွေးနွေးနေကြသည်။
"ချန်ဆန်းရှီ"
ဝမ်ကျစ်သည် ဒေါသတကြီး လျှောက်လာသည်။ "မင်း ငါ့ကို တကယ်ပဲ မင်းရဲ့ အိမ်စောင့်ခွေးလို သဘောထားနေတာလား"
ယနေ့တွင် ချန်ဆန်းရှီက တစ်စုံတစ်ယောက်သည် သူ့ကို သတ်ရန် ကြိုးစားနေသဖြင့် လာရောက်ကူညီ စောင့်ရှောက်ပေးရန် ဝမ်ကျစ်ထံ လူလွှတ်၍ အကူအညီတောင်းခဲ့သည်။ ရွေးချယ်ရေးပြိုင်ပွဲကိစ္စများ မအေးသေးချိန်
တွင် ပြဿနာတက်ပါက ဆရာဖြစ်သူ ဆွန်ဒူရှန်ပြန်လာသည့်အခါ သူ့ကို မေးခွန်းထုတ်လိမ့်မည်ဖြစ်ရာ ဝမ်ကျစ်သည် မကျေနပ်သော်လည်း လာကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူကဲ့သို့ ခန့်ညားလှသော စစ်နတ်ဘုရားတစ်ဦးသည် အတွင်းအားသန့်စင်
ခြင်းအဆင့် ရှိသော ကောင်လေးတစ်ဦး၏ အသုံးချခြင်းကို ခံလိုက်ရသည်မှာ တကယ်ကို သည်းမခံနိုင်စရာပင်..
"ကျေးဇူးတင်ပါတယ် အိမ်တော်သခင် ဝမ်"
ချန်ဆန်းရှီသည် ရန်သူက အမှောင်ထဲတွင် ရှိနေပြီး သူက အလင်းထဲတွင် ရှိနေသည့် ခံစားချက်ကို လုံးဝ မကြိုက်ပေ။ တစ်စုံတစ်ယောက်က သူ့နောက်ကို လိုက်နေသည်ကို စိတ်အေးသွားအောင် မည်သူဖြစ်သည်ကို ရှာဖွေရန် လိုအပ်သည်။ ရန်သူမှာ အဆင့်မြင့်သဖြင့် သူကိုယ်တိုင် မဖော်ထုတ်နိုင်သောကြောင့် လူခေါ်ပြီး အကူအညီတောင်းရခြင်း ဖြစ်သည်။
ရန်သူမှာ သူ့နောက်ကိုသာ လိုက်နေပြီး သိသိသာသာ တိုက်ခိုက်ခြင်း မပြုခြင်းကြောင့် အကြီးအကျယ် ရန်မဖြစ်နိုင်ကြောင်း သူ သိသည်။ အကယ်၍ ဝမ်ကျစ်သာ လာမကူညီပါက ဝမ်ကျစ်သည်လည်း သံသယအရှိရဆုံးသူ ဖြစ်လာပေလိမ့်မည်။ ယခု ဝမ်ကျစ်ကိုယ်တိုင် လာရောက်သဖြင့် လိုက်နေသူမှာ အခြားတစ်ယောက် ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။
"ဗိုလ်ချုပ်ချန်... အဲဒီလူကလည်း နက်နဲပုံရိပ်ပြည့်စုံခြင်း အဆင့်ပဲ"
သခင်ကြီးဟောက်က တည်ကြည်စွာ ဆိုသည်။ "သူ့ရဲ့ စွမ်းရည်တွေက ထူးခြားလှတယ်။ အိမ်တော်သခင် ဝမ်နဲ့ ငါနဲ့ နှစ်ယောက်ပေါင်းတာတောင် သူ့ကို မဖမ်းမိဘူး။ ဒါပေမဲ့ ငါ့ရဲ့ အဆိပ်လက်ဝါးနဲ့ သူ့ကို တစ်ချက် ထိလိုက်
နိုင်တယ်။ သူ ပြန်ကောင်းဖို့ အနည်းဆုံး နှစ်လလောက်တော့ ကြာလိမ့်မယ်"
"နက်နဲပုံရိပ်ပြည့်စုံခြင်းအဆင့် ဟုတ်လား"
ချန်ဆန်းရှီသည် မည်သူဖြစ်မည်ကို ခန့်မှန်းမိသွားသည်။
တတိယအစ်ကိုကြီး (နယဲ့ယွမ်)..
လောလောဆယ်တွင် ဒုတိယ၊ ပဉ္စမ နှင့် သတ္တမအစ်ကိုကြီးများမှာ လျန်ကျိုးတွင် မရှိကြပေ။ စတုတ္ထအစ်ကိုကြီး ဖန်ချင်းယွမ်ကလည်း နဝမအစ်မတော် ရုံယန်ချိုးမှာ ယုံကြည်ရသူဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ အစ်ကိုကြီး လူကျီ မှာမူ ရုပ်ရည်ထူးခြားလွန်းသဖြင့် နောက်ယောင်ခံလိုက်ရန် မသင့်တော်ပေ။
အခြားသော ဂိုဏ်းများမှ နက်နဲပုံရိပ်အဆင့်ရှိသူများမှာ သူ့အပေါ် ရန်ငြိုးမရှိဘဲ လိုက်နေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ၎င်းမှာ တတိယအစ်ကိုကြီး ဖြစ်ရမည်။ အစ်ကိုကြီး လူကျီက ခိုင်းလိုက်တာလား... သူ စိတ်ထဲမှာ မှတ်သားထားလိုက်သည်။
"သခင်ကြီးဟောက်"
ဝမ်ကျစ်က ဒေါသတကြီး ဖြင့်"ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဒီကိစ္စနဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး"
"အဲဒီ ချန်ကောင်လေးသာ သူ့လက်ချက်နဲ့ သေရင် ငါ့ကို လာမပြစ်တင်နဲ့။ ငါ သွားပြီ"
သူသည် ရန်သူကို အမိအရ မဖမ်းဘဲ တမင်လွတ်ပေးလိုက်ခြင်း ဖြစ်သည်။ သူ၏ ရန်သူကြီးအတွက် သူက ဘာလို့ အလုပ်အကျွေးပြုပေးရမှာလဲ..
"ဗိုလ်ချုပ်ချန်"
သခင်ကြီးဟောက်က "မိုးလင်းတဲ့အထိ ငါ ဒီမှာ စောင့်ပေးဖို့ လိုမလား"
"မလိုပါဘူး" ချန်ဆန်းရှီက ငြင်းပယ်လိုက်သည်။
"အဲဒီသူခိုးက သခင်ကြီးဟောက်ကြောင့် ထိတ်လန့်သွားပြီဆိုတော့ ထပ်လာရဲမှာ မဟုတ်တော့ပါဘူး"
ဤမျှလောက် ဆူညံသွားပြီဆိုမှတော့ နောက်ကလိုက်နေသူမှာ တတိယအစ်ကိုကြီး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ နောက်ရက်အနည်းငယ်အတွင်းတော့ ထပ်လာရဲမည် မဟုတ်ပေ။
"သခင်ကြီးဟောက်... စောစောပြန်နားပါဦး"
ချန်ဆန်းရှီက ရိုသေစွာ နှုတ်ဆက်လိုက်သည်။ "ကျွန်တော့်ညီ ကျန်းရှင်းကိစ္စကိုလည်း မမေ့ပါနဲ့ဦး"
"ငါ့လက်ထဲအပ်ထားရင် စိတ်ချလိုက်စမ်းပါ"
သခင်ကြီးဟောက်သည် သူ၏ လက်ချောင်းလေးများကို လှုပ်ကာ တည်ကြည်စွာ ဆိုသည်။ "ဟဲကျိုး က တာဝန်ခံက ငါနဲ့ ငယ်သူငယ်ချင်းတွေပဲ။ မင်းညီ ကျန်းရှင်းသာ အသက်ရှင်နေသေးရင် ငါတို့ သေချာပေါက် ရှာတွေ့မှာပါ"
...
မြို့စားအိမ်တော်..
နယဲ့ယွမ်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ သွေးများ အန်နေသည်။
"ညီငယ်..."
ဝင်းထဲတွင် ညဉ့်နက်သည်အထိ သိုင်းလေ့ကျင့်နေသော လူကျီသည် အမြန်ပြေးလာပြီး ထူလိုက်သည်။ "ဘာလို့ ဒီလိုဖြစ်သွားရတာလဲ"
"ငါတို့ရဲ့ ဒီညီငယ်လေးက တကယ်ကို ကြောက်စရာကောင်းတာပဲ..."
နယဲ့ယွမ်သည် အဆိပ်ဖြေဆေးနှင့် ကုသရေးဆေးများကို ပါးစပ်ထဲ အတင်းထည့်ရင်း ပြောသည်။ "ငါ သူ့နောက်ကို လိုက်နေတာကို သူ ဘယ်လိုသိသွားလဲ မသိဘူး၊ သူက ဝမ်ကျစ်နဲ့ အဲဒီမိန်းမစိုးကြီးကို ခေါ်ပြီး ငါ့ကို ခြုံခိုတိုက်ခိုက်ခဲ့တာ"
လူကျီက စိုးရိမ်တကြီးဖြင့် "အခြေအနေ ဆိုးလား"
"ရက်အနည်းငယ် နားလိုက်ရင် ရပါပြီ" နယဲ့ယွမ်က ဆိုသည်။
"ငါတို့ သူ့နောက်ကို ဆက်လိုက်ကြဦးမလား"
"ဆက်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ဖော်ပြသလို ဖြစ်လိမ့်မယ်၊ ခဏနားလိုက်ဦး။ နောက်ထပ် ဘာမှ ရှာမတွေ့ရင်တော့ လက်လျှော့လိုက်ရုံပေါ့"
...
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံသိုင်း - ဟွာကျင်း(မစတင်ရသေး)]
[တိုးတက်မှု့ - ၁၅/၁၀၀]
ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ချန်ဆန်းရှီ၏ နောက်တွင် စောင့်ကြည့်သူ မရှိတော့သော်လည်း၊ သူ၏ ဟွာကျင်းကျင့်စဉ် တိုးတက်မှုမှာ အလွန်နှေးကွေးနေသဖြင့် စိတ်ပျက်နေမိသည်။
"အချိန်တန်ပြီ"
ညမှောင်ချိန်တွင် သူသည် အံ့ဖွယ်မဏိဆေးအိုးကို သယ်ဆောင်ကာ လော့ထျန်းတောင်တန်း သို့ တန်းတန်းမတ်မတ် ထွက်ခွာခဲ့တော့သည်။
အကယ်၍ ထိုဆေးဖိုကသာ ခံနိုင်ရည်ရှိခဲ့ရင်၊ တစ်ကြိမ်တည်းပဲ သုံးရရင်တောင်မှ အဲဒီကထွက်လာမယ့် ဝိညာဉ်စပါးတွေရဲ့ အာနိသင်ဟာ အဆပေါင်းများစွာ ပိုပြီး အားကောင်းလာမှာ သေချာတယ်..