အခန်း (၁၈၄)
Vol. 17 Ch. 184
📝အပိုင်း - ၁၈၄
ဘာသာပြန် - Na Gar🐉
တောင်ကမ်းပါးယံဘေးရှိ ဂူတစ်ခုအတွင်း။
ချန်ဆန်းရှီသည် ထူးဆန်းသားရဲတစ်ကောင်ဖြစ်သည့် သမင်ဖြူ၏ အသိုက်ထဲသို့ အတင်းဝင်ရောက်သွားခဲ့သည်။
"ဝှစ် ဝှစ် ဝှစ် "
ခဏချင်းမှာပင် မြားသုံးစင်း ပစ်ခတ်လိုက်ရာ သမင်ဖြူမှာ မြေပြင်ပေါ်တွင် လဲကျသေဆုံးသွားတော့သည်။
"အခုတော့ ဒီနေရာက ငါ့ဟာပဲ"
သူသည် ကျန်းယွဲ့ဓား ကို လွယ်ကာ အပြင်ဘက်မှ ထင်းအမြောက်အမြားကို သယ်ယူလာခဲ့သည်။ ထို့နောက် အံ့ဖွယ်သံမဏိဆေးအိုး ထဲသို့ အနီးနားရှိ စမ်းချောင်းမှ ရေများကို ဖြည့်ပြီး လယ်ကွင်းထဲမှ သူနှုတ်ယူလာခဲ့သော ဝိညာဉ်စပါးများကို ထည့်လိုက်သည်။
နောက်ဆုံးတွင်တော့ မီးစတင်မွှေးရမည့် အချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် ရင်ခုန်တုန်လှုပ်နေမိသည်။ အကယ်၍ ဤတစ်ကြိမ်တွင်သာ ထပ်မံကျရှုံးခဲ့ပြီး အံ့ဖွယ်သံမဏိဆေးအိုးကပင် ခံနိုင်
ရည်မရှိခဲ့ပါက စီယွင်ဘုရားကျောင်း ထဲက အမွှေးနံ့သာအိုးကို အသုံးပြုရန်မှတစ်ပါး အခြားနည်းလမ်းရှိတော့မည်မဟုတ်ဟု သူ စိုးရိမ်နေမိသည်။
"ဘုန်း—"
မီးတောက်သည်ဆီသုတ်ထားသော ထင်းများနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် တောက်လောင်နေသော နဂါးနီတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ဆေးအိုးတစ်ခုလုံးကို ဝန်းရံသွားတော့သည်။
"အောင်မြင်ပြီ"
ချန်ဆန်းရှီသည် သက်ပြင်းချနိုင်သွားခဲ့သည်။ အံ့ဖွယ်သံမဏိဆေးအိုးသည် ထူးခြားမီးတောက်၏ အပူဒဏ်ကြောင့် သိသိသာသာ ပုံပျက်လာသော်လည်း ခေတ္တခဏအတွင်းမှာတော့ တိုက်ရိုက်ပျက်စီးသွားခြင်းမရှိဘဲ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။
သူသည် ထင်းများကို အမြောက်အမြား ဆက်တိုက် ထည့်သွင်းတော့သည်။ မီးအိမ်ဆီသုံးပြီး မီးမွှေးခြင်းသည် ထူးခြားမီးတောက်ကို ထွက်ပေါ်စေသော်လည်း လောင်စာ အလွန်အမင်း ကုန်ခမ်းလှသည်။ လက်မောင်းခန့်ရှိသော ထင်းတုံးများကို တစ်ခုပြီးတစ်ခု ထည့်နေရပြီး ခဏမျှ နားလိုက်သည်နှင့် မီးငြိမ်းသွားတတ်ရာ မီးပြန်မွှေးရန်အတွက် မီးအိမ်ဆီများ ထပ်မံဖြုန်းတီးရတတ်သည်။
အကယ်၍ ဤပစ္စည်းသာ မသေမျိုးလောက ကလာသည်ဆိုပါက ၎င်းတွင် သီးသန့်လောင်စာမျိုး ရှိရမည်ဖြစ်ပြီး ယခုကဲ့သို့ ဒုက္ခများမည်မဟုတ်သည်မှာ သေချာသည်။ မကြာမီမှာပင် ချန်ဆန်းရှီသည် ထင်းရှာရန် တောင်ပေါ်တွင် အကြိမ်ကြိမ် ခေါက်တုံ့ခေါက်ပြန် သွားလာနေရသည်။ ကံကောင်းထောက်မစွာဖြင့် တောင်ပေါ်တွင် ထင်းပေါများနေ၍သာ တော်တော့သည်။
"ဟွမ်"
ထူးခြားမီးတောက်၏ အပူကြောင့် အံ့ဖွယ်သံမဏိဆေးအိုးသည် တုန်ခါလာပြီး အပြာရောင်အငွေ့များ ထွက်ပေါ်လာသည်။ ၎င်းမှာ အတွင်းမှ ရေများ အငွေ့ပျံသွားခြင်းကို ပြသနေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ထင်းထည့်ခြင်းကို ရပ်လိုက်ပြီး မီးငြိမ်းသွားသည်အထိ စောင့်လိုက်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့်သာ ကြာမြင့်ခဲ့သည်။
ဆေးအိုး အေးသွားသည့်အခါ ချန်ဆန်းရှီသည် အဖုံးကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဝိညာဉ်စပါးများ ပျောက်ကွယ်သွားပြီး အိုးကပ်နေသော ထမင်းတူးများကဲ့သို့ မည်းနက်ပြီး ပျော့ပျောင်းသော အရာတစ်ခုဖြင့် အစားထိုးခံထားရသည်ကို တွေ့လိုက်ရသည်။ သူသည် တုတ်တစ်ချောင်းဖြင့် အနည်းငယ် ခြစ်ယူကာ နားခေါင်းနားကပ်၍ နမ်းကြည့်ရာ မွှေးကြိုင်သော ရနံ့ကို ရရှိလိုက်သည်။
"ဒါက ဘာလဲ... ဆေးယိုလား"
ချန်ဆန်းရှီသည် ၎င်းကို ချက်ချင်းမမြည်းစမ်းရဲသေးဘဲ အကောင်အမျိုးမျိုးဖြင့် စမ်းသပ်ကြည့်ခဲ့သည်။ တောဝံပုလွေတစ်ကောင်အပါအဝင် တိရစ္ဆာန်အငယ်အကြီးမျိုးစုံကို ကျွေးကြည့်ပြီးနောက် သူသည် ပုံသေနည်းတစ်ခုကို တွေ့ရှိသွားသည်။ ယုန်များမှ စတင်စမ်းသပ်ရာတွင် ခန္ဓာကိုယ်အရွယ်အစား ကြီးမားလေလေ ဘေးထွက်ဆိုးကျိုး နည်းပါးလေလေဖြစ်သည်ကို တွေ့ရသည်။ ကျားသစ်တစ်ကောင်ကို ကျွေးကြည့်ချိန်မှာတော့ သေဆုံးခြင်း မရှိတော့ပေ။ ဝက်ဝံညိုတစ်ကောင်ပင် ဘာမှမဖြစ်ဘဲ ဘေးကင်းခဲ့သည်။
"စားစမ်း"
နောက်ဆုံးတွင် သူသည် အဆိပ်သားရဲဝံပုလွေတစ်ကောင်၏ ပါးစပ်ကို ဖြဲ၍ ကျွေးလိုက်သည်။ ယခုတစ်ကြိမ်တွင် ဝံပုလွေမှာ ဘေးထွက်ဆိုးကျိုး မခံစားရရုံသာမက ပိုမိုသန်မာပြီး ကြမ်းတမ်းလာခဲ့သည်။ ချန်ဆန်းရှီသည် ချက်ချင်းပင် ကျန်းယွဲ့ဓားကို ဆွဲထုတ်ကာ ၎င်း၏ခေါင်းကို ဖြတ်ပစ်လိုက်သည်။
"ဘာမှ ပြဿနာမရှိတော့ဘူးထင်တယ်"
သူသည် အသက်ပြင်းပြင်းရှူကာ ထိုဆေးယိုအချို့ကို ပါးစပ်ထဲသို့ ထည့်
လိုက်သည်။ ချက်ချင်းဆိုသလိုပင်ထူးခြားသော ခံစားမှုတစ်ခုသည် သူ၏ ဝမ်းဗိုက်အတွင်းမှ ပြန့်နှံ့သွားပြီး ခြေလက်များမှတစ်ဆင့် ချီလမ်းကြောင်းများ ထဲသို့ စီးဝင်သွားတော့သည်။
ချန်ဆန်းရှီသည် ဝိညာဉ်ဖျက်လှံ ကို ကောက်ကိုင်ကာ တိုင်းပြည်စောင့်လှံသိုင်းကို လေ့ကျင့်တော့သည်။ ဟွာကျင်း ဆိုသည်မှာ အမည်နှင့်အညီ... ခန္ဓာကိုယ်
အတွင်းရှိ သွေးချီကို စွမ်းအားအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် သွေးဓာတ်ပေါက်ကွဲမှု့အခြေအနေကို ထိန်းသိမ်းထားရန် လိုအပ်ပြီး မိမိကိုယ်ကို အစွမ်းကုန်တွန်းအားပေးခြင်းမှတစ်ဆင့် ဓာတ်အငွေ့ကို အစွမ်းအဖြစ် မည်သို့ပြောင်းလဲရမည်ကို နားလည်အောင် ကြိုးစားရခြင်းဖြစ်သည်။
ထို့ကြောင့် သိုင်းသမားအများစုအတွက် ဤလုပ်ငန်းစဉ်မှာ အလွန်နှေးကွေးပြီး ခက်ခဲလှသည်။ သူတို့သည် တစ်ကြိမ်လျှင် အချီ၂၀ သို့မဟုတ် ၃၀ ခန့်သာ ခံနိုင်ကြသည်။ ချန်ဆန်းရှီမှာမူ မတူညီပေ၊ သူသည် အနည်းဆုံး အချီ ၂၀၀ ခန့်အထိ ခံနိုင်ရည်ရှိသည်။
ထို့အပြင် သူ ကျင့်ကြံနေစဉ်အတွင်း ဝိညာဉ်စပါးမှ ရရှိသော ဆေးယိုသည် သူ၏ ခန္ဓာကိုယ်နှင့် သွေးဓာတ်ကို စဉ်ဆက်မပြတ် သန်မာစေရာ၊ ၎င်းမှာ စပါးပင်ပြာထက် သုံးဆမက ပိုမိုအစွမ်းထက်လှသည်။ ချီလမ်းကြောင်းများအတွင်း အဆိပ်သင့်မှုက ရှိနေသေးသော်လည်း ရေဖြင့်ပြုတ်၍ ထုတ်ယူထားသော ဤဆေးယိုသည် အဆိပ်ကို များစွာလျော့နည်းစေပြီး အနှစ်သာရကို ပိုမိုထိန်းသိမ်းပေးနိုင်သည်။
ညဉ့်နက်ပိုင်းမှ နောက်တစ်နေ့ ညနေစောင်းအထိ ကျင့်ကြံပြီးနောက် သူ၏ ကျွမ်းကျင်မှုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံသိုင်း - ဟွာကျင်း (မစတင်ရသေး)]
[တိုးတက်မှု့ - ၂၀/၁၀၀]
မူလအစီအစဉ်အရဆိုလျှင် ချန်ဆန်းရှီသည် ဟွာကျင်းအဆင့်သို့ ရောက်ရန် အနည်းဆုံး နှစ်လခန့် လိုအပ်မည်ဖြစ်သည်။ သို့သော် အခုဆိုလျှင် တစ်လပင် မပြည့်မီ ရောက်ရှိနိုင်တော့မည်ဖြစ်သည်။ ဤအရှိန်အဟုန်မှာ ပါရမီရှင်များကြားတွင်ပင် ၉၉ ရာခိုင်နှုန်းသော လူများထက် သာလွန်နေပြီဖြစ်သည်။
ချောင်ဖန် ဟွာကျင်းအဆင့်သို့ ရောက်သွားခြင်းမှာ သူသည် အတွင်းအားသန့်စင်ခြင်းအဆင့် ပြည့်စုံခြင်းသို့ ရောက်နေသည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ်သလို ဧကရာဇ်မိသားစု၏ ရင်းမြစ်များ အထောက်အပံ့ကြောင့်လည်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် အဓိကပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ရာ ဟွာကျင်းအဆင့်နှင့် ထိုမှတစ်ဆင့် မဟာသွေးကြောအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ သို့သော် သုံးနှစ်အတွင်း စစ်နတ်ဘုရားအဆင့်သို့ ရောက်ရန်မှာမူ... လူသားလောကတွင် သုံးဦးထက်ပို၍ မဖြစ်နိုင်လောက်အောင် ခက်ခဲလှပေလိမ့်မည်။ သူ အစွမ်းကုန် ကြိုးစားရဦးမည် ဖြစ်သည်။
'ငါ့ရဲ့ အခုအင်အားနဲ့ဆိုရင် ဟွာကျင်းအဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက်ကို ဘယ်လို ရင်ဆိုင်ရမလဲ သိချင်မိတယ်'
'အနည်းဆုံးတော့ ပြန်ပြီး တိုက်ခိုက်နိုင်မှာပါ'
ချန်ဆန်းရှီသည် မိမိကိုယ်ကိုယ် တွေးတောရင်း နေရာကို စတင်ရှင်းလင်းလိုက်သည်။ သူသည် ဆေးလုံးများ ထည့်သည့် ပုလင်းငယ်ကို ထုတ်ကာ ဆေးယိုများကို တစ်စစီ ခြစ်ယူ၍ ထည့်လိုက်သည်။ သူ ယူလာသော ဝိညာဉ်စပါးများမှာ ဆေးဖိုတစ်ခုလုံး နီးပါး ပြည့်နေသော်လည်း ဆေးယိုမှာမူ အလွှာပါးလေးတစ်ခုသာ ထွက်ရှိခဲ့သည်။
'ဒါက မသေမျိုးဆေးလုံး လို့ သတ်မှတ်လို့ရမလားငါ ဆေးဖော်စပ် နေတာလား'
'ဖြစ်နိုင်ခြေတော့ နည်းပါတယ်'
ချန်ဆန်းရှီသည် ဆေးယိုကို စားသုံးပြီးနောက်တွင် ကျင့်စဥ်များကျင့်ကြံခြင်းကို အထောက်အကူပြုသည့် အာနိသင်မျိုး မတွေ့ရှိရသလို၊ သူ၏ ရှေ့တွင်လည်း စနစ်မျက်နှာပြင် ပေါ်မလာခဲ့ပေ။ တိုးတက်လာသည်မှာ သူ၏ [ဆေးပညာကျွမ်းကျင်မှု] သာ ဖြစ်သည်။
[ကျွမ်းကျင်မှု့ - ဆေးပညာ - လူသား (ကျွမ်းကျင်အဆင့်)]
[တိုးတက်မှု့ - ၄၉၁/၁၀၀၀]
အခုကြည့်ရတာ ရှေ့က လူသား ဆိုတဲ့ စကားလုံးက သဲလွန်စတစ်ခု ဖြစ်နိုင်သည်၊ နောင်တစ်ချိန်တွင် မသေမျိုးလောက၏ ဆေးပညာရပ်များကို ကျင့်ကြံခွင့်ရနိုင်သည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။
ဒါပေမဲ့ ဒီလိုဆိုရင်... မသေမျိုးက ဘာလို့ ဧကရာဇ်ကို ဝိညာဉ်စပါးတွေနဲ့ ပူဇော်ခိုင်းရတာလဲဒီလောကမှာ ဝိညာဉ်စွမ်းအင် မရှိတာ သိသာသလို၊ စိုက်ပျိုးထားတဲ့ ဝိညာဉ်နှံစားပင်တွေမှာလည်း ထူးခြားတဲ့ စွမ်းအင်တွေ မရှိပါဘူး။ ဒါဟာ ကုန်ကြမ်းတစ်မျိုးသက်သက်ပဲ ဖြစ်နိုင်မလား..
အဲဒီအပြင် နောက်ထပ် ပြဿနာတစ်ခုကတော့ အံ့ဖွယ်သံမဏိဆေးအိုးဟာ အပူဒဏ်ကြောင့် ပျက်စီးတော့မှာ ဖြစ်သည်။ နောက်ထပ် တစ်ကြိမ်ပဲ သုံးလို့ရတော့မည့်ပုံ ပေါ်သည်။ အံ့ဖွယ်သံမဏိနဲ့ လုပ်ထားတဲ့ ဆေးအိုးတစ်ခုဟာ ဘယ်မှာဝယ်ဝယ် ငွေစ သုံးထောင်ကျော် ကုန်ကျမှာ ဖြစ်သလို၊ အဓိကပြဿနာက အံ့ဖွယ်သံမဏိဟာ အလွန်တန်ဖိုးရှိတဲ့ ရင်းမြစ်တစ်ခု ဖြစ်နေခြင်းဖြစ်သည်။ ငွေရှိရင်တောင်မှ ခဏခဏ ဝယ်နေမယ်ဆိုရင် တစ်နေ့ကျရင်တော့ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ဆွဲဆောင်မိသွားမှာ သေချာသည်။