← Chapters

အခန်း (၁၈၅)

Vol. 17 Ch. 185

အခန်း (၁၈၅)

Vol. 17 Ch. 185

📝အပိုင်း - ၁၈၅

ဘာသာပြန် - Na Gar🐉

ဆေးအိုးပျက်စီးလုနီးပါး ဖြစ်နေခြင်းမှာ ယာယီဖြေရှင်းချက်သာဖြစ်ပြီး အမြဲတမ်းအတွက် မဟုတ်ပေ။ သူ့အတွက် တကယ်လိုအပ်နေသည်မှာ ထူးခြားမီးတောက်၏အပူဒဏ်ကို ခံနိုင်ရည်ရှိမည့် စစ်မှန်သော ဆေးအိုးတစ်ခုပင် ဖြစ်သည်။

"ထားလိုက်ပါတော့... စစ်စခန်းကိုသွားပြီး ဆေးဖိုအချို့ ဝယ်ကြည့်ရမယ်။ ဒါဆိုရင်တော့ ခဏတဖြုတ်တော့ အဆင်ပြေသွားမှာပါ"

ချန်ဆန်းရှီသည် လော့ထျန်းတောင်တန်း မှ ထွက်ခွာလာခဲ့သည်။ လူအများ၏ အာရုံစိုက်မှုကို မခံရစေရန် သတ်ထားသော သမင်ဖြူကိုပါ သယ်ဆောင်လာပြီး သူ၏မြင်းဖြူ ရှောင်ရှင်းကို ခေါ်ယူလိုက်သည်။

ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ဆေးယိုများ ထည့်ထားသည့် ပုလင်းကို ထုတ်ယူလိုက်ကာ "ရှောင်ရှင်း... ငါ့မှာ ကောင်းတာလေးတွေ ရှိတယ်၊ မင်း မြည်းကြည့်ချင်လား"

အဆိပ်ရှိသော ဝံပုလွေပင် ဘာမှမဖြစ်ဘဲ စားနိုင်ခဲ့လျှင် ထူးခြားသားရဲတစ်ကောင်ဖြစ်သည့် ရှောင်ရှင်းအတွက်လည်း ပြဿနာရှိမည်မဟုတ်ဟု သူ တွေးလိုက်သည်။ ထို့ပြင် သူက အတင်းအကျပ် ကျွေးခြင်းမဟုတ်ဘဲ ပါးနပ်သော မြင်းဖြူကြီးကို ကိုယ်တိုင် ဆုံးဖြတ်ခိုင်းခြင်း ဖြစ်သည်။ရှောင်ရှင်းသည် ဆေးယိုကို နမ်းကြည့်ပြီးနောက် ခေါင်းကို အတင်းငြိမ့်ပြတော့သည်။

"မင်း တကယ်စားချင်တာလား"

ချန်ဆန်းရှီသည် လက်တွန့်မနေဘဲ နှစ်လုပ်ခန့် ကျွေးလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ဆေးယိုကို စားပြီးနောက် မြင်းဖြူကြီးမှာ အလွန်ပျော်ရွှင်သွားသော်လည်း သာမန်တိရစ္ဆာန်များကဲ့သို့ အလွန်အမင်း တက်ကြွလွန်းခြင်း သို့မဟုတ် ထိန်းမရသိမ်းမရ ဖြစ်ခြင်းမျိုး မရှိပေ။ ၎င်းမှာ သူအကြိုက်ဆုံး မုန့်ကို စားလိုက်ရသလိုမျိုး သခင်ဖြစ်သူကို ပွတ်သီးပွတ်သပ် လုပ်ကာ ထပ်တောင်းနေလေသည်။

"မင်းက ဘယ်လို သတ္တဝါမျိုးလဲ"

ချန်ဆန်းရှီ အံ့သြသွားရသည်။ရှောင်ရှင်း၏ ခံနိုင်ရည်မှာ အဘယ်ကြောင့် ဤမျှ သန်မာနေရသနည်းသူကိုယ်တိုင် စားသုံးစဉ်ကပင် ဆေးအာနိသင်ကို ချေဖျက်ရန် ကျင့်စဉ်ကို အာရုံစိုက်ခဲ့ရသည်။ သို့သော် ရှောင်ရှင်းမှာမူ ဘာမှမဖြစ်သလိုပင်။ ရှန်ထင်ချွန်သည် ဤကဲ့သို့သော မြင်းမျိုးကို မည်သည့်နေရာမှ ရလာသနည်းဆိုသည်မှာ တကယ့်ကို စဉ်းစားမရနိုင်အောင် ဖြစ်ရသည်။

[စွမ်းရည် - မြင်းစီးအတတ်(ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု့ - (၄၅၉/၅၀၀)]

မကြာသေးမီက သူ မြင်းစီးရခြင်း နည်းပါးနေသဖြင့် ယွမ်ကျိုးမှ ထွက်ပြေးစဉ်ကကဲ့သို့ ကျွမ်းကျင်မှု တဟုန်ထိုး တက်မလာခြင်းမှာ သဘာဝကျပါသည်။

"မင်းသာ စကားပြောတတ်ရင် သိပ်ကောင်းမှာပဲ"

ချန်ဆန်းရှီ မြင်းပေါ်သို့ ခွစီးလိုက်ရင်း"သွားစို့... အိမ်ပြန်မယ်။ မင်းက ထပ်စားချင်နေသေးတာလားငါ့အတွက်တောင် မလောက်မငှ ဖြစ်နေတာကို မင်းကို ဘယ်လိုပေးနိုင်မှာလဲ"

ရှောင်ရှင်းမှာ စိတ်ကောက်သွားပုံရသော်လည်း ကြိမ်လုံးဖြင့် အနည်းငယ် ခြိမ်းခြောက်လိုက်သည့်အခါမှ လိမ္မာပါးနပ်စွာ စတင်ထွက်ခွာတော့သည်။ အမှန်စင်စစ် ရှောင်ရှင်းသည် ယဉ်ပါးသွားပြီဖြစ်သော်လည်း အထူးသဖြင့် အစားအသောက်နှင့် ပတ်သက်လျှင် ကိုယ်ပိုင်အကြံအစည်လေးများ ရှိတတ်ပြီး စိတ်တိုင်းမကျပါက ဂျစ်ကန်ကန် လုပ်တတ်သည်။ သို့သော် တိုက်ပွဲကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင်မူ မည်သည့်အခါမှ ပြဿနာမရှာတတ်ပေ။ ၎င်းကပင် ဤမြင်းဖြူကြီး၏ ထူးခြားသော အသိဉာဏ်ကို ပေါ်လွင်စေသည်။

...

ရက်အနည်းငယ် ကြာပြီးနောက်။

ထုံးစံအတိုင်း ချန်ဆန်းရှီသည် စစ်မြို့တော်သို့ သတင်းပို့ရန် သွားခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က ယွီစုန် ပြောပြချက်အရ မိစ္စာဂိုဏ်း ၏ သဲလွန်စများ ရထားသည်ဟု ဆိုသည်။ လာမည့်ရက်အနည်းငယ်အတွင်း သတင်းထူးမည်ဟု သူ ခန့်မှန်းထားသော်လည်း ရန်သူများ မည်သည့်နေရာတွင် ပုန်းအောင်းနေမည်ကိုမူ မသေချာပေ။

"ဗိုလ်ချုပ်ချန်"

တံခါးဝတွင် ရထားလုံးပေါ်၌ ထိုင်နေသော ထန်ရင်ခ နှင့် ဆုံသည်။ ထန်ရင်ခသည် ရထားလုံးကို ရပ်ခိုင်းပြီး ဆင်းလာကာ နှုတ်ဆက်သည်။

"ဗိုလ်ချုပ်... ကျွန်တော့်ကို ရှောင်နေစရာ မလိုတော့ပါဘူး"

"အင်း"

ချန်ဆန်းရှီ နားလည်ပါသည်။ ယခုအခြေအနေတွင် အခြားသူများ၏ အမြင်ကို ဂရုစိုက်နေရန် မလိုတော့ပေ။ "ကျေးဇူးတင်ပါတယ် ညီအစ်ကို ထန်... ဟိုနှစ်ကြိမ်မှာ ကူညီပေးခဲ့လို့"

"အဲဒီလို မပြောပါနဲ့ ဗိုလ်ချုပ်ချန်"

ထန်ရင်ခက မြေကြီးနှင့် ထိလုမတတ် အရိုအသေပြုလိုက်သည်။ "ဗိုလ်ချုပ်က မင်းသားငယ်ကို မကြောက်ဘဲ ကျွန်တော့်အတွက် ကလဲ့စားချေပေးခဲ့တာကို ကျွန်တော် မျက်မြင်တွေ့ခဲ့ရပါတယ်။ ဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ တစ်ဖက်မှာလည်း ကျွန်တော်က အစောပိုင်းမှာ ဗိုလ်ချုပ်ကို အပြည့်အဝ မထောက်ခံနိုင်ဘဲ ဝေခွဲမရဖြစ်ခဲ့မိတာကို တကယ် နောင်တရပါတယ်"

"မင်း အလေးအနက် တွေးမနေပါနဲ့။ ငါတို့က ဆွေမျိုးသားချင်းလည်း မဟုတ်ပါဘူး။ ညီအစ်ကို ထန်အနေနဲ့ ငါ့ကို ကူညီပေးခဲ့တာတင် အတော်လေး စွန့်စားခဲ့ရတာပါ။ ငါက ဘယ်လိုလုပ် ရန်ငြိုးထားမှာလဲ" ချန်ဆန်းရှီက ရထားလုံးကို ကြည့်ကာ မေးလိုက်သည်။ "ညီအစ်ကို ထန်... ထွက်ခွာတော့မလို့လား"

"ဟုတ်ပါတယ်" ထန်ရင်ခက ပြန်ဖြေသည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်က သိုင်းကျင့်ရတာကို ဘယ်တုန်းကမှ မဝါသနာပါခဲ့ဘူး။ အဖေက အတင်းအကျပ် ခိုင်းလို့သာ လေ့ကျင့်ခဲ့ရတာ။ အခု ရွေးချယ်ခံပြိုင်ပွဲလည်း ပြီးပြီ၊ ကျွန်တော်လည်း ဒဏ်ရာရထားတယ်ဆိုတော့ အဖေက ကျွန်တော့်ကို လျန်ကျိုးမှာ ဆက်ထားဖို့ အကြောင်းပြချက် မရှိတော့ဘူး"

"အခု နန်းတွင်းစာမေးပွဲတွေကလည်း နီးနေပြီဆိုတော့ မြို့တော်ကို ပြန်ပြီး စာပေအရာရှိတစ်ဦးအဖြစ် အသက်မွေးဖို့ ကြိုးစားတော့မယ်"

"အိုး"

ချန်ဆန်းရှီက သူ့ကို အားပေးစကား ဆိုလိုက်သည် "ဒါဆိုရင်တော့ ညီအစ်ကို ထန် တစ်နေ့မှာ နာမည်ကျော်ကြားပြီး 'အောင်ပွဲခံလေညင်းနဲ့အတူ ချန်အန်းမြို့က ပန်းတွေကို တစ်နေ့တည်းမှာ အကုန်ကြည့်ရှုနိုင်ပါစေ' လို့ ကြိုတင်ပြီး ဆုတောင်းပေးလိုက်ပါတယ်"

မဟာရှန်မင်းဆက်၏ မြို့တော်မှာ မြောက်ပိုင်းတွင် မဟုတ်ဘဲ အလယ်ပိုင်းဒေသတွင် တည်ရှိပြီး ကဗျာထဲကအတိုင်း 'ချန်အန်း' ဟု အမည်ရသည်။

"တကယ့်ကို ကောင်းမွန်တဲ့ ကဗျာတစ်ပုဒ်ပဲ" ထန်ရင်ခက အံ့သြတကြီး ဆိုသည်။ "ဗိုလ်ချုပ်ချန်အရင်က ကျွန်တော့်လို စာပေသမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်၊ နောက်ပိုင်းမှ စစ်မြေပြင်ကို ကူးပြောင်းသွားတာပေါ့။ ဗိုလ်ချုပ်သာ စာပေလောကမှာ ဆက်ရှိနေရင် ကျွန်တော့်ထက် အများကြီး သာလွန်နေဦးမှာပဲ"

ချန်ဆန်းရှီသည် သူ့ကို နှုတ်ဆက်လိုက်သည်။

"မခွဲခွာခင် ဗိုလ်ချုပ်ကို သတိပေးစရာ စကားအနည်းငယ် ရှိပါတယ်"

ထန်ရင်ခက အသံကို နှိမ့်ကာ ပြောသည်။ "ဗိုလ်ချုပ်က ဝမ်ချိုးရှီကို သတ်ပြီး တပည့်ရင်းနေရာကို ရယူခဲ့တာကြောင့် မင်းသားငယ်ရော၊ ယင်ဟန်ဝမ်ပါ လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။ သူတို့ ဗိုလ်ချုပ်ကို ဒုက္ခဆက်ပေးကြလိမ့်မယ်"

"အထူးသဖြင့် ချောင်ဖန်ပေါ့။ မကြာသေးမီက ကျင့်စဉ်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်။ အဲဒီအတွက် သူ တန်ဖိုးအကြီးကြီး ပေးခဲ့ရတယ်လို့လည်း သတင်းထွက်နေတယ်။ ဘယ်လိုနည်းလမ်းနဲ့ အဆင့်တက်တာလဲဆိုတာတော့ မသိရဘူး"

ချန်ဆန်းရှီ တွေးတောနေမိသည်။ ချောင်ဖန်၏ ရုတ်တရက် အဆင့်တက်မှုမှာ အကြောင်းရင်း တစ်ခုခု ရှိရမည်မှာ သေချာသည်။

"ဒါ့အပြင် စစ်တပ်အတွင်းမှာလည်း ဗိုလ်ချုပ် သတိထားရမယ်" ထန်ရင်ခက သူ သိထားသော သတင်းများကို မျှဝေသည်။ "အရံတပ်စခန်း ထဲက အင်အားစုတွေဟာ ပြည်နယ်သုံးခုက စစ်သည်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အများစုဟာ နန်းတော်နဲ့ ပတ်သက်မှုတွေ ရှိကြတယ်"

"အဓိက ဗိုလ်ချုပ်ကြီးကိုတော့ အခုထိ မရွေးချယ်ရသေးဘူး။ ဒု-ဗိုလ်ချုပ်ကြီး ရှာဝမ်လုံက ယင်မိသားစုကဖြစ်ပြီး ဂေါင်အဖွဲ့ နဲ့ ဆက်စပ်နေတယ်။ တခြားလူတွေလည်း တစ်ခုခုနဲ့တော့ ပတ်သက်နေကြမှာပဲ။ဘုရင်ခံမရှိတဲ့အချိန်မှာ ဗိုလ်ချုပ် သူတို့ကို သတိထားပါ"

"နောင်တစ်ချိန်မှာ ကျွန်တော် နန်းတော်မှာ အာဏာရှိလာခဲ့ရင် ဗိုလ်ချုပ်ကို အစွမ်းကုန် ကူညီပါ့မယ် လောလောဆယ်တော့ နှုတ်ဆက်ပါတယ်"

ချန်ဆန်းရှီသည် လျန်ကျိုးတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကာ တစ်ခုကို သိမြင်လိုက်သည်။ အရာရာကို စိုးရိမ်ပူပန်နေလျှင် ဘာမှဖြစ်မြောက်လာမည်မဟုတ်ဘဲ အောင်မြင်မှုအတွက် ပြတ်သားစွာ ရှေ့ဆက်ရမည် ဖြစ်သည်။ လောကတွင် ရှေ့သို့မဆုတ်မနစ် တိုးတက်ခြင်းဆိုသော လမ်းတစ်လမ်းသာ ရှိသည်။

"နှုတ်ဆက်ပါတယ်"

နှစ်ဦးသား နှုတ်ဆက်ခွဲခွာခဲ့ကြသည်။

'ဒု-ဗိုလ်ချုပ်ကြီး ရှာ...'

ချန်ဆန်းရှီသည် ထိုသူနှင့် မဆုံဖူးသေးသော်လည်း အရံတပ်စခန်းကို ယာယီအုပ်ချုပ်နေသူဖြစ်သဖြင့် အနည်းဆုံးတော့ မဟာသွေးကြောအဆင့် ပြည့်စုံခြင်း သို့မဟုတ် နက်နဲပုံရိပ်အဆင့်ရှိသူ ဖြစ်ပေလိမ့်မည်။

All Chapters