အခန်း (၁၈၆)
Vol. 17 Ch. 186
📝အပိုင်း - ၁၈၆
ဘာသာပြန် - Na Gar🐉
ချန်ဆန်းရှီသည် အရံတပ်စခန်းကိုသာမက တပ်စခန်းရှစ်ခုထဲမှ တပ်စခန်း နှစ်ခု၊ သုံးခုခန့်မှာလည်းနန်းတွင်းသားများဖြင့် ဖွဲ့စည်းထားကြောင်း သိရှိထားသဖြင့် သတိထားနေမိသည်။
နင်ချန်းချွန် သေဆုံးသွားသော်လည်း ၎င်း၏နေရာတွင် အစားထိုးရန် လူသစ်များ သေချာပေါက် ရောက်လာပေလိမ့်မည်။ ထို့ပြင် နောက်ထပ် တပ်
စခန်း လေးခု ထပ်မံတိုးချဲ့ရန် ရှိနေပြီး ထိုအတွက် နက်နဲပုံရိပ်အဆင့်ရှိသည့် ဗိုလ်ချုပ် လေးဦး လိုအပ်သည်။ သူ၏ဆရာ ဆွန်ဒူရှန်တွင် ထိုမျှလောက် လူအင်အား မရှိသဖြင့် နန်းတော်ကပင် ခန့်အပ်လွှတ်လိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
'ရန်သူလာရင် လက်နက်နဲ့ ခုခံမယ်၊ ရေလာရင် မြေတံတိုင်းနဲ့ ကာမယ်'
ချန်ဆန်းရှီသည် အခြေအနေကို ကြည့်ကာ တစ်လှမ်းချင်း တုံ့ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။ ယွီစုန် သည် မဟာသွေးကြောအဆင့် ရှိသူဖြစ်သည်။ အတိတ်က အာမူကူနှင့် ရင်ဆိုင်ခဲ့ရစဉ်က အခြေအနေကို ပြန်တွေးမိတိုင်း သူသည် ယခုတိုင် ထိတ်လန့်နေမိဆဲ ဖြစ်သည်။
အကယ်၍ ရန်သူက မကောင်းသော ရည်ရွယ်ချက် ရှိနေပြီး အသည်းအသန် အခြေအနေမျိုး ကြုံလာရပါက သူ့တွင်ရှိသော မသေမျိုးရတနာ ထူးခြားမီးတောက် က ရန်သူကို သတ်ဖြတ်ရန် လုံလောက်သော်လည်း၊ ၎င်းကို အသုံးပြုခြင်းမှာ မိမိကိုယ်ကို ဖော်ပြသလို ဖြစ်စေနိုင်သည့်အပြင် ကြိုတင်ပြင်ဆင်မှုများလည်း လိုအပ်သဖြင့် ရုတ်တရက် တိုက်ခိုက်ခံရလျှင် အခက်တွေ့နိုင်ပေသည်။
'ဓားချီကျင့်စဉ်'
ဆရာ သင်ကြားပေးထားသော ဤကျင့်စဉ်ကိုသာ အောင်မြင်အောင် ကျင့်ကြံနိုင်ပါက ၎င်းသည် တကယ့် အသက်ကယ် နည်းပညာတစ်ခု ဖြစ်လာလိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် ဝိညဥ်စွမ်းအင် မရှိဘဲ ကျင့်ကြံရန် ခက်ခဲနေသည်။ ယနေ့ ကင်းလှည့်ပြီးနောက် အခြားသော ဘုရားကျောင်းများနှင့် တာအိုကျောင်းများသို့ သွားရောက်စမ်းသပ်ရန် သူ စီစဉ်လိုက်သည်။
အကယ်၍ ထိုနေရာများတွင်လည်း အဆင်မပြေပါက နီရောင်လက်မျှော်
စင်ရှိ မသေမျိုးရှာဖွေရေးမျှော်စင် မှ လူများကို ရှာဖွေရပေလိမ့်မည်။ ဆရာနှင့် အစ်ကိုကြီးတို့၏ ပြောပြချက်အရ သူတို့တွင် အချို့ကျန်ရှိနိုင်သော်လည်း လက်လွှဲပေးရန် ဆန္ဒရှိမရှိမှာမူ မသေချာပေ။
"ဗိုလ်ချုပ်ချန်"
ဆေးဆရာကြီး ကျန်း လျှောက်လာကာ"မင်းအမှာစာပေးထားတဲ့ အံ့ဖွယ်
သံမဏိဆေးအုံးနှစ်လုံး အဆင်သင့်ဖြစ်ပါပြီ။ ဆေးဆရာကြီး ချန်ကလည်း မင်းကို ခွန်အားမြှင့်ဆေး ဖော်စပ်နည်း သင်ပေးဖို့ စောင့်နေပါတယ်" ဟု ပြောသည်။
သိုင်းကွင်းကို ဖြတ်သွားစဉ် ချန်ဆန်းရှီသည် ချောင်ဖန်ဓားသိုင်းလေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အမှန်တကယ်ပင် ဟွာကျင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ နဂါးစိမ်းဓားဖြင့် ရှေ့က ကျောက်တုံးကြီးကို အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဖျက်ဆီးပြနေသဖြင့် ဘေးမှလူများက တခဲနက် အားပေးနေကြသည်။
၎င်းတို့၏ ဘေးတွင် အစေခံအိုကြီး နှစ်ဦးလည်း ရှိနေသည်။ မင်းသားငယ် ၏ ဘေးက အစေခံမှာ မဟာသွေးကြောအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်နေပုံရပြီး ယင်ဟန်ဝမ်၏ ဘေးက အစေခံမှာမူ ထိုအဆင့်အောက်တွင်သာ ရှိပုံရသည်။
ချန်ဆန်းရှီသည် ၎င်းတို့ကို လျစ်လျူရှုကာ ဆေးဆိုင်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
...
"ဟင်း..."
ကျင့်ကြံမှုပြီးနောက် ချောင်ဖန်သည် သရဲတစ္ဆေတစ်ကောင်လို ဖြူဖတ်ဖြူရော်ဖြစ်ကာ အလွန်အားနည်းနေသည့်ပုံဖြင့် ဆေးလုံးနှစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ရသည်။
"မင်းသားငယ်... ဒီလိုမျိုး ဆက်ပြီး မကျင့်သင့်တော့ဘူး"
ယင်ဟန်ဝမ်က ချန်ဆန်းရှီ ထွက်သွားရာဘက်ကို လက်ညှိုးထိုးရင်း မကျေမနပ် ပြောသည်။ "ဒီချန်ကောင်လေးက အတွင်းအားသန့်စင်မှုအဆင့် ပြည့်စုံခြင်း မှာပဲ ရှိသေးတာ။ ပုံမှန်ဆိုရင် ဟွာကျင်းအဆင့်ကို ရောက်ဖို့ အနည်းဆုံး သုံးလလောက် လိုဦးမှာပါ။ မင်းသားငယ်သာ အရင်က ကျင့်စဉ်တွေကို ဆက်ကျင့်ရင်တောင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ပါတယ်"
"ဒါတင်မကဘူး... သူက အခုတလော တောင်ပေါ်မှာ အမဲလိုက်လိုက်၊ ဘုရားကျောင်းတွေ သွားလိုက်နဲ့ အချိန်ဖြုန်းနေတာ။ အခုလည်း ဆေးဖော်နည်း သင်ဦးမလို့တဲ့။ စိတ်ဓာတ်တွေ ပြန့်လွင့်နေတဲ့ သူ့လိုလူကို မင်းသားငယ် စိုးရိမ်နေစရာ မလိုပါဘူး"
"မဟုတ်ဘူး... ဒီလူက မင်းထင်သလောက် မရိုးရှင်းဘူး" ချောင်ဖန်က အလေးအနက် ဆိုသည်။ "သူလို ဝေးလံတဲ့အရပ်ကနေ ဒီအဆင့်ထိ တက်လာနိုင်တာဟာ မလွယ်ဘူးဆိုတာ မင်း နားမလည်သေးဘူး။ သူ စပြီး သိုင်းသင်တုန်းက သွေးအားဖြည့်ဆေးရည်တစ်ခွက်ရဖို့တောင် တိုက်ခိုက်ခဲ့ရမှာပဲ။ အဲဒီလို အခြေအနေကြားကနေ တစ်နှစ်အတွင်း ဒီအဆင့်ကို ရောက်လာတာ။ လျန်ကျိုးမှာ ရင်းမြစ်တွေရဲ့ အထောက်အပံ့နဲ့ဆိုရင် သူ ပိုမြန်လာမှာပဲ။"
"သူ အပြင်မှာ အချိန်ဖြုန်းနေတာတွေကို မယုံနဲ့၊ သူ ကွယ်ရာမှာ အပြင်းအထန် ကျင့်နေမှာ သေချာတယ်။ ငါသာ ပိုကြိုးစားမထားရင် သူက ငါ့ကို ဘယ်အချိန်မဆို ကျော်တက်သွားနိုင်တယ်"
"မင်းသားငယ်..."
"ထပ်မပြောနဲ့တော့၊ ငါ ဆုံးဖြတ်ပြီးပြီ" ချောင်ဖန်က ပြန်ထရပ်လိုက်ရင်း "ကောင်းကင်ဘုံဟာ ကြိုးစားတဲ့သူကို မျက်နှာသာပေးတယ်လို့ ငါ အမြဲယုံကြည်တယ်။ နောက်တစ်ကြိမ် ပြိုင်ပွဲမှာ ငါ မနိုင်မချင်း မရပ်နားဘူး"
သူ့ကို ဖျောင်းဖျ၍ မရမှန်းသိသဖြင့် ယင်ဟန်ဝမ်သည် အစေခံအိုကြီး မိန်းမစိုး ကျန့် ကို လှည့်ပြောသည်။ "မိန်းမစိုးကျန့်... သူ့ကို ဖျောင်းဖျပေးပါဦး။ 'ရွှေကျီးကန်း သွေးဆာဓားသိုင်း' ကို ကျင့်ရင် အသက်တိုနိုင်တယ်လို့ သူ ကိုယ်တိုင် ပြောခဲ့တာလေ"
"သခင်လေးယင်... မင်းသားငယ်က ဆုံးဖြတ်ပြီးရင် ဘယ်သူမှ တားလို့မရဘူး။ သူ့အပေါ်မှာ ဖိအားတွေကလည်း အရမ်းများနေတာ..." မိန်းမစိုး
ကျန့်က တိုးတိတ်စွာ ဖြေသည်။ "ဒီတစ်ခါ သူ ပထမမရတဲ့အတွက် အိမ်ရှေ့မင်းသားက သူ့ကို အပြစ်တင်ထားတာ။ အဲဒီ ချန်ဆန်းရှီ မသေမချင်းတော့ မင်းသားငယ်က အစွမ်းကုန် ကြိုးစားနေဦးမှာပဲ"
"ဒါဆိုရင် ချန်ဆန်းရှီကို အသေသတ်ရမှာပေါ့" ယင်ဟန်ဝမ်က အံကြိတ်ကာ ဆိုသည်။
"သခင်လေးယင်... ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့" မိန်းမစိုးကျန့်က တည်ကြည်စွာ သတိပေးသည်။ "တိတ်တဆိတ် သတ်ဖို့ ကြိုးစားတာဟာ ဘုရင်ခံဆွန် မရှိနေရင်တောင် တစ်နေ့ကျရင် ပေါ်သွားမှာပဲ။ ပေါ်သွားရင် မင်းသားငယ်ကိုပဲ ထိခိုက်လိမ့်မယ်"
"စိတ်ချပါ မိန်းမစိုးကြီး... ကျွန်တော့်မှာ အကြံကောင်း ရှိပါတယ်"
...
ချန်ဆန်းရှီသည် ယနေ့တွင် လျန်ကျိုးမြို့ရှိ ဘုရားကျောင်းနှင့် တာအိုကျောင်းအားလုံးသို့ သွားရောက်ခဲ့သည်။ အမွှေးနံ့သာများမှာ နေရာတိုင်းတွင် ရှိသော်လည်း စီယွင်ဘုရားကျောင်းနှင့် ယှဉ်လျှင် အလွန်နည်းပါးလှသည်။
ညနေစောင်းတွင် သူသည် ဟောင်းနွမ်းပျက်စီးနေသော တောင်စောင့်နတ်
မင်းကျောင်းတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် လူသူမရှိသလောက် ဖြစ်နေသဖြင့် သူ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
"နတ်မင်းကြီး... ခင်ဗျားရဲ့ အမွှေးနံ့သာလေး အချို့ ခဏချေးပါရစေ"
ချန်ဆန်းရှီသည် တင်ပလ္လင်ခွေထိုင်ကာ ဓားချီကျင့်စဉ်ကို စမ်းသပ်ကြည့်သည်။ အမွှေးနံ့သာကို အမှန်တကယ် အသုံးပြုနိုင်သည်ကို သူ ခံစားမိသော်လည်း၊ နတ်ရုပ်ပေါ်က ခရမ်းရောင်စွမ်းအင် များကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲယူရန် ကြိုးစားရာတွင် မအောင်မြင်ခဲ့ပေ။ နတ်ရုပ်က ထိုစွမ်းအင်များကို ဖက်တွယ်ထားပြီး သူ့ကို တစ်စက်ကလေးမျှ မပေးလိုသည့်ပုံစံ ဖြစ်နေသည်။
"တကယ်ကို ကပ်စေးနည်းတာပဲ" ချန်ဆန်းရှီက စိတ်ပျက်လက်ပျက် ထရပ်လိုက်သည်။
ယနေ့ခရီးစဉ်မှ အမွှေးနံ့သာသည် ဝိညာဉ်စွမ်းအင်နေရာတွင် အစားထိုးနိုင်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း၊ ၎င်းကို ရယူရန်အတွက် စီယွင်ဘုရားကျောင်းက အမွှေးတိုင်အိုးကဲ့သို့ ကိရိယာမျိုး လိုအပ်နေသည်။ သို့သော် သူ့တွင် ထိုအရာကို ထိတွေ့နိုင်လောက်သည့် အခွင့်အရေးရော၊ အင်အားပါ မရှိသေးပေ။
အိမ်ပြန်ရောက်သည့်အခါ အိမ်ရှေ့တွင် မီးတုတ်များ ကိုင်ဆောင်ထားသော စစ်သည်အမြောက်အမြားကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ"
ဦးဆောင်လာသူ ကျောက်ကန်က ရိုသေစွာ နှုတ်ဆက်ရင်း"ဗိုလ်ချုပ်... ဒု-ဗိုလ်ချုပ်ကြီး ယွီ ရဲ့ အမိန့်တော်ပါ။ ဗိုလ်ချုပ်အနေနဲ့ ကျွန်တော်တို့ကို ဦးဆောင်ပြီး မြို့အရှေ့ပိုင်းကို အမြန်သွားကာ ယွီယန်ဂိုဏ်းကို နှိမ်နင်းဖို့ ပါဝင်ရပါမယ်"