← Chapters

အခန်း (၁၈၂)

Vol. 17 Ch. 182

အခန်း (၁၈၂)

Vol. 17 Ch. 182

📝အပိုင်း - ၁၈၂

ဘာသာပြန် - Na Gar🐉

ချန်ဆန်းရှီသည် ထိုနေရာတွင်ပင်"ဓားချီကျင့်စဥ်" (မန္တန်လို့မသုံးတော့ဘူး)ကို ကျင့်ကြံကြည့်ပြီး အမွှေးနံ့သာများသည် ဝိညာဉ်စွမ်းအင်အစားထိုး ဖြစ်နိုင်မဖြစ်နိုင်ကို စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေမိသည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် ပတ်ဝန်းကျင်၌ လူသူမရှိသော်လည်း သူသည် ပေါ့ပေါ့ဆဆမစမ်းသပ်ရဲပေ။ အမွှေးတိုင်အိုးထဲမှ အမွှေးနံ့သာများ လျော့နည်းသွားသည်ကို နောက်ကွယ်က ကြိုးကိုင်သူက သတိထားမိသွားမလားဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ လျန်ကျိုးမြို့တွင် အခြားသော ဘုရားကျောင်းများနှင့် တာအိုကျောင်းများလည်း ရှိသေးသည်။ ချန်ဆန်းရှီသည် အချိန်ပေးပြီး ထိုနေရာများသို့ပါ သွားရောက်ရန် စီစဉ်လိုက်သည်။

အမွှေးတိုင်အချို့ကို ဟန်ဆောင်ပန်ဆောင် ထွန်းညှိပူဇော်ပြီးနောက်၊ စစ်နတ်ဘုရားပင် လာရောက်နာယူရသည်ဆိုသော ကျောင်းထိုင်ဆရာတော်၏ တရားပွဲမှာ မည်မျှအထိ အစွမ်းထက်သလဲဆိုသည်ကို နားထောင်ရန် တရားပွဲကျင်းပရာသို့ ထွက်လာခဲ့သည်။

တရားပွဲကျင်းပသည့်နေရာမှာ စီယွင်ဘုရားကျောင်း၏ နောက်ဘက်ရှိ သီးခြားဝန်းတစ်ခုအတွင်း၌ ဖြစ်ပြီး လေဟာပြင်တွင် ကျောက်သားမြေပြင်ပေါ်၌ တရားထိုင်ဖျာများ ခင်းကျင်းထားသည်။ ဤနေရာသို့ ရောက်နေသူများထဲတွင် အနိမ့်ဆုံးအဆင့်မှာပင် ဟွာကျင်းအဆင့်ရှိသူများဖြစ်ကြပြီး ယွီယန်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ရောက်ရှိနေသည်။

လူတိုင်းသည် ဖျာများပေါ်တွင် တင်ပလ္လင်ခွေထိုင်လျက် ဆရာတော်ချူမင်ကျစ်၏ ဟောပြောမှုများကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ချန်ဆန်းရှီသည် ထောင့်တစ်နေရာတွင် ဝင်ထိုင်ပြီး ခဏမျှ နားထောင်ကြည့်သော်လည်း ခက်ခဲနက်နဲလွန်းသော စာသားများဖြင့်သာ ပြည့်နှက်နေသည်ကို တွေ့ရသည်။

"ဓာတ်ငါးပါးရဲ့ နက်နဲတဲ့ မူလအစဟာ စစ်မှန်တယ်၊ ကျင့်ကြံတဲ့နည်းလမ်းက ဝေခွဲမရတဲ့ လမ်းမှားတွေထဲကနေ လမ်းပြပေးလိမ့်မယ်။ ပုံသဏ္ဌာန်မဲ့တဲ့ အပြင်လောကလိုပဲ၊ အဆုံးစွန်သော အမှန်တရားကို စိတ်ရင်းမှန်နဲ့ ရှာဖွေရမယ်"

"..."

သူသည် ထိုစကားများကို အလွန်ပျင်းစရာကောင်းပြီး ငြီးငွေ့ဖွယ်ကောင်းသည်ဟု ခံစားရကာ အိပ်တောင် ငိုက်လာမိသည်။ ဟောပြောချက်အများစုမှာ အလွန်အမင်း စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ကံကောင်းသည်မှာ တရားပွဲမှာ အချိန်အကြာကြီး မဟုတ်ဘဲ မှောင်မလာခင်မှာတင် ပြီးဆုံးသွားခဲ့သည်။

"ဗိုလ်ချုပ်ချန်... နည်းနည်း နောက်ကျသွားတယ်နော်"

ရှောက်ယုကျင်က ပြုံးလျက် ဆိုသည်။ "တရားပွဲ မစခင်မှာ လူတိုင်းက စိတ်ဝိညာဉ်အားဖြည့်ဆေးရည်တစ်ခွက်စီ သောက်ကြရတယ်။ ဒါမှ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး တာအိုရဲ့ အသိအမြင်တွေကို ရနိုင်မှာ"

"ဂိုဏ်းချုပ် ရှောက် ပြောတာ မှန်ပါတယ်"

ဆရာတော် ချူမင်ကျစ်သည် သားမြီးယပ်ကို ကိုင်ဆောင်ကာ လျှောက်လာသည်။ "လောကကြီးက အလွန်ပူလောင်တုန်လှုပ်နေတယ်၊ အထူးသဖြင့် သိုင်းသမားတွေပေါ့။ ဗိုလ်ချုပ်ချန်... နောက်တစ်ခါကျရင် စောစောလာပါ၊ တိတ်ဆိတ်စွာ ဆုတောင်းမေတ္တာပို့တဲ့အပိုင်းကို လက်လွှတ်မခံပါနဲ့"

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"

ချန်ဆန်းရှီက နှုတ်ကနေ သဘောတူလိုက်သော်လည်း စိတ်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေမိသည်။ အကယ်၍ ဒါဟာ အကုန်ပဲဆိုရင်တော့ ရှောက်ယုကျင်နဲ့ တခြားသူတွေဟာ ဒီမှာ အချိန်ဖြုန်းနေကြတာပဲ ဖြစ်လိမ့်မည်။ ကျင့်ကြံခြင်းဆိုသည်မှာ ဝိညာဉ်စွမ်းအင် လိုအပ်သည်။ တာအိုဆရာတစ်ယောက်က စကားလုံးအချို့ ရွတ်ဖတ်နေတာကို နားထောင်ရုံနဲ့ ဘာထူးမှာလဲသူက လူတိုင်းအတွက် အမွှေးနံ့သာစွမ်းအင်တွေကို ထုတ်ပေးနေတာလည်း မဟုတ်ဘဲနဲ့။

သူသည် အတွေးမျိုးစုံဖြင့် စိတ်ဝိညာဉ်အားဖြည့်ဆေးရည် ထည့်ထားသည့် ဆေးအိုးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အိုးထဲတွင် စွပ်ပြုတ်များ ကုန်လုနီးပါးဖြစ်နေပြီး အနယ်အနည်းငယ်သာ ကျန်တော့သော်လည်း၊ ထိုအနယ်များကို မြင်လိုက်ရသည့် ခဏ၌ သူ၏ နှလုံးသားမှာ တုန်လှုပ်သွားတော့သည်။

[စိတ်ဝိညာဉ်အားဖြည့်ဆေးရည် - သောက်သုံးပြီးနောက် စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို အားကောင်းစေကာ ကျင့်စဉ်အဆင့် တက်လှမ်းခြင်းအတွက် အထောက်အကူပြုသည်။]

[?? : ???]

သူ၏ မျက်လုံးထဲတွင် ထိုဆေးအိုးထဲ၌ စိတ်ဝိညာဉ်အားဖြည့်ဆေးရည်သာမက နောက်ထပ် ဆေးတစ်မျိုးပါ ရှိနေသည်။ထို့ပြင် ၎င်းမှာ သူ လုံးဝ မမြင်နိုင်သော ဆေးမျိုး ဖြစ်နေသည်။ သူ၏ "ဆေးဝါးခွဲခြားခြင်း" စွမ်းရည်သည် လောကရှိ သာမန်ဆေးနည်းအားလုံးကို ဖတ်နိုင်စွမ်း ရှိသည်။ အကယ်၍ သူ မမြင်နိုင်ဘူးဆိုလျှင်...

ထိုဆေးအိုးထဲရှိ နောက်ထပ်ဆေးတစ်မျိုးမှာ သာမန်ဆေးဝါး မဟုတ်

သည်မှာ သေချာသည်။

မသေမျိုးဆေးဝါးလား..

မသေမျိုးလောကက ဆေးဝါးမျိုးက ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေရတာလဲသာမန်လူသားတွေက မသေမျိုးဆေးတွေကို သောက်နေကြတာလား၊ ဒါမှမဟုတ် ဒီနေရာမှာ မသေမျိုးခြေရာ ရှိနေတာလား..

စီယွင်ဘုရားကျောင်းမှာ တကယ့်ကို ပြဿနာကြီးတစ်ခု ရှိနေပြီ။

"ဗိုလ်ချုပ်ချန်" ဆရာတော် ချူမင်ကျစ်၏ အေးချမ်းလှသော အသံ ထွက်ပေါ်လာသည်။

"မကြာခင်မှာလည်း တရားပွဲတွေ ထပ်လုပ်ဖို့ ရှိပါတယ်။ နောက်တစ်ခါကျရင် ဗိုလ်ချုပ်ချန် စောစောလာပြီး ဆေးရည်ကို သောက်ကာ တရားနာယူပါ၊ သေချာပေါက် တစ်ခုခု ထူးခြားလာပါလိမ့်မယ်"

"ကောင်းပါပြီ" ချန်ဆန်းရှီက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏ သံသယများကို မျက်နှာပေါ်တွင် လုံးဝ အရိပ်အယောင်မပြဘဲ "အချိန်ရရင် သေချာပေါက် လာခဲ့ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

တရားပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ သိုင်းသမားများသည် သူတို့ရရှိလာသော စိတ်အခြေအနေများကို ဆွေးနွေးရင်း တောင်ပေါ်မှ တစ်ဦးပြီးတစ်ဦး ဆင်းသွားကြသည်။ ချန်ဆန်းရှီမှာမူ ပို၍ပင် ဇဝေဇဝါ ဖြစ်နေမိသည်။

ချူမင်ကျစ်က ဒီလူတွေကို ဘာတွေ တိုက်နေတာလဲအဆိပ်လား၊မသေမျိုးဆေးလားဘာအကျိုးသက်ရောက်မှုတွေ ရှိမှာလဲ..

ချန်ဆန်းရှီသည် ရှောက်ယုကျင်ကို စုံစမ်းကြည့်ရာ ဤတရားပွဲများသည် လွန်ခဲ့သော ခြောက်လခန့်ကမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆေးရည်ကို မကြာခဏ သောက်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ရှိမရှိ မေးကြည့်ရာ၊ ဘာမှမရှိဘဲ စိတ်ကို လန်းဆန်းတည်ငြိမ်စေရုံသာ ဖြစ်ကြောင်း အဖြေရခဲ့သည်။

'အမွှေးနံ့သာ... မသေမျိုးဆေး...'

'စီယွင်ဘုရားကျောင်းက ဘာလုပ်ချင်နေတာလဲ'

'သိုင်းသမားတွေကို အဆင့်တက်အောင် တကယ်ပဲ စိတ်ရင်းနဲ့ ကူညီပေးနေတာတော့ မဟုတ်လောက်ဘူး မဟုတ်လား'

စီယွင်ဘုရားကျောင်းကို နောက်တစ်ခါ ထပ်မလာသင့်တော့ဘူး အနည်းဆုံးတော့ သူ ဟွာကျင်းအဆင့်ကို မရောက်မချင်းပေါ့။

သူ့ရဲ့ဆရာ ဆွန်ဒူရှန်နဲ့ စတုတ္ထအစ်ကိုကြီး ဖန်ချင်းယွမ်တို့က မြို့တော်ကို ထွက်သွားကြတာ မကြာသေးဘူး။ သူတို့ ရှိနေရင်တောင် ဒီအခြေအနေတွေကို သူ ဘယ်လိုရှင်းပြရမလဲ မသိဘူး၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ "အော်ရာကြည့်ရှု့ခြင်း"နဲ့ တခြားအရာတွေကို ရှင်းပြဖို့ မလွယ်ကူလို့ပဲ။ ဒါ့အပြင် စီယွင်ဘုရားကျောင်းက ဘာလုပ်နေလဲဆိုတာ တိတိကျကျ မသိရသေးဘူး။ အခုထက်ထိတော့ ဘယ်သူ့ကိုမှ ဒုက္ခပေးတာ မတွေ့ရသေးတဲ့အတွက် လက်ရှိမှာတော့ လျှို့ဝှက်စောင့်ကြည့်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကို အရင်ဆုံး သိအောင် လုပ်ရမယ်။

သူသည် ရှောက်ယုကျင်ကို နှုတ်ဆက်ခွဲခွာခဲ့သည်။ ချန်ဆန်းရှီသည် သူ၏မြင်းဖြူ ရှောင်ရှင်းကို စီးကာ အိမ်သို့ တန်းမပြန်ဘဲ လျန်ကျိုးမြို့၏ လမ်းမကြီးပေါ်တွင် ပတ်မောင်းနေလိုက်သည်။

တစ်ယောက်ယောက်က သူ့နောက်ကို ထပ်ပြီး လိုက်နေပြန်ပြီ..

လိုက်နေသူ၏ အဆင့်မှာ သူထက် အများကြီး မြင့်မားသဖြင့် ၎င်း၏တည်ရှိမှုကို "အော်ရာကြည့်ရှု့ခြင်း" ဖြင့်သာ ခံစားသိရှိနိုင်သော်လည်း၊ မည်သူမည်ဝါဖြစ်သည်ကိုမူ အတည်မပြုနိုင်ပေ။ ချောင်ဖန်လား၊ လကွဲတောင်ကုန်းအိမ်တော်ကလူလား၊ ဒါမှမဟုတ် သူ့ရဲ့ အစ်ကိုကြီး လူကျီလားဘယ်သူမဆို ဖြစ်နိုင်ပါတယ်။

ဒါကြောင့်လည်း သူက 'အံဖွယ်သံမဏိဆေးအိုး' ကို တောင်ပေါ်ယူသွားပြီး စမ်းသပ်မှုတွေ မလုပ်ရဲသေးတာ ဖြစ်သည်။ တကယ့်ကို အနှောင့်အယှက်ပါပဲ..

နောက်ကလိုက်နေသူသည် မြင်းဖြူနောက်တွင် အကြိမ်အနည်းငယ် လိုက်ပတ်ပြီးနောက်၊ သူ၏တည်ရှိမှုကို ချန်ဆန်းရှီ သိသွားပြီဖြစ်ကြောင်းနှင့် မျောက်တစ်ကောင်လို အကစားခံနေရသည်ကို သိသွားသဖြင့် ဆက်မလိုက်တော့ဘဲ လက်လျှော့သွားတော့သည်။ ထို့နောက် ချန်ဆန်းရှီသည် လကွဲတောင်ကုန်းအိမ်တော်သို့ တစ်ခေါက်သွားကာ တံခါးစောင့်ထံတွင် စာတစ်စောင် ချန်ထားခဲ့ပြီးမှ အိမ်သို့ ပြန်လာခဲ့သည်။

အိမ်ရှေ့တွင် စီချင်က သူ့ကို စောင့်နေသည်မှာ ကြာပြီဖြစ်သည်။

"သခင်ကြီး... မိန်းမစိုးသခင်ကြီးဟောက် ရောက်နေပါတယ်။ ရှေ့ဝန်းက ဧည့်ခန်းထဲမှာ စောင့်နေပါတယ်"

"ဟုတ်လား... သူ့ဆီ ခေါ်သွားပေးပါ"

ချန်ဆန်းရှီသည် ထိုသူ ဘာအတွက် လာသလဲဆိုသည်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။

"ဗိုလ်ချုပ်ချန်... မတွေ့ရတာ ကြာပြီနော်~"

မစ္စတာဟောက်က ထိုင်နေရာမှ ထလိုက်ပြီး "မင်း 'ရွေးချယ်ခံ'အဖြစ် အောင်မြင်ခဲ့တာကို ငါ ဂုဏ်မပြုရသေးဘူးပဲ"

"သခင်ကြီးဟောက်... ထိုင်ပါဦး"

ချန်ဆန်းရှီက "စီချင်... မိုဟွာနဲ့အတူ အပြင်ကိုသွားပြီး နာမည်ကြီးစားဖိုမှူးအချို့ကို သွားခေါ်လိုက်ပါ။ ဒီနေ့ သခင်ကြီးဟောက်ကို ကောင်းကောင်း ဧည့်ခံရမယ်"

"ဒုက္ခမရှာပါနဲ့တော့၊ ငါက စကားအနည်းငယ် ပြောပြီးရင် ပြန်မှာပါ" သခင်ကြီးဟောက်က အစေခံမလေးကို မျက်စိဖြင့် ဟန့်တားလိုက်ပြီးနောက် အသံကို နှိမ့်ကာ မေးလိုက်သည်။ "မင်း ဆရာဆီမှာ 'တပည့်ရင်း' အဖြစ် ဝင်ပြီးကတည်းက ဆွန်ဒူရှန်က မင်းကို ဘာတွေ သင်ပေးခဲ့သလဲဆိုတာ ငါ သိပါရစေ"

"..."

သူ ထင်ထားသည့်အတိုင်းပင်။ ချန်ဆန်းရှီ၏ ခန့်မှန်းချက် မှန်ကန်သွားခဲ့သည်။ ဤမိန်းမစိုးကြီးသည်လည်း လူကျီ ကဲ့သို့ပင် မသေမျိုးကျင့်စဉ်အကြောင်းကို စုံစမ်းရန် လာခြင်း ဖြစ်သည်။ ကွာခြားချက်မှာ သူ၏ အစ်ကိုကြီးမှာ ထိုကျင့်စဉ်ကို ကိုယ်တိုင်ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

All Chapters