အခန်း (၁၈၀)
Vol. 17 Ch. 180
📝အပိုင်း - ၁၈၀
ဘာသာပြန် - Na Gar🐉
"သခင်ကြီး..."
စီချင် သည်စာကြည့်ခန်းအတွင်း မီးအိမ်များကို ထွန်းညှိနေပြီး အထွေထွေကိစ္စရပ်များကို ကူညီလုပ်ဆောင်ပေးနေသည်။ ချန်ဆန်းရှီသည် သူရရှိလာသမျှသော ပစ္စည်းများကို ကြမ်းပြင်ပေါ်တွင် တစ်ခုချင်းစီ ချခင်းလိုက်သည်။
အံ့ဖွယ်သံမဏိချပ်ဝတ်။
နောင်လာမည့် တိုက်ပွဲများတွင် ဤချပ်ဝတ်၏ အသုံးဝင်ပုံကို အထူးတလည် ရှင်းပြနေစရာပင် မလိုတော့ချေ။
ဝိညာဉ်ဖျက်လှံ။
ချန်ဆန်းရှီသည် လှံကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ၎င်းသည် ကျန်းယွဲ့ဓားလောက် အရည်အသွေး မမြင့်မားသော်လည်း၊ ချီစီးဆင်းမှု့အလွန်ကောင်းမွန်သည့် ထိပ်တန်းလက်နက်တစ်ခု ဖြစ်သည်မှာ သေချာသည်။ သူသည် နက်နဲပုံရိပ်အဆင့်သို့ မရောက်မချင်း ပိုကောင်းသည့်လက်နက်တစ်ခုကို မမျှော်လင့်ထားသလို၊ လက်ရှိတွင်လည်း ဤလှံထက် သာလွန်သည့်အရာကို ရှာတွေ့ရန် မလွယ်ကူလှပေ။
သံမဏိအူတိုင်လေး ကလည်း ကောင်းမွန်သော်လည်း လေးကြိုးမပါသေးသဖြင့် လောလောဆယ်တော့ သိမ်းထားရဦးမည်။ သူသည် မြားပစ်အတတ်ကို အဆင့်မြင့်သိုင်းပညာရှင်များကို သုတ်သင်ရန်အတွက် အဓိကလက်နက်အဖြစ် အသုံးချချင်နေဆဲ ဖြစ်သည်။ မဟုတ်ပါက သူ၏ ပြိုင်ဘက်ကင်းသော မြားပစ်စွမ်းရည်မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ဆရာဖြစ်သူ ပေးခဲ့သော ဟွာကျင်းအဆင့် ကျင့်စဉ်မှာ "တိုင်းပြည်စောင့် နဂါးလှံသိုင်း" ဖြစ်သည်။ ၎င်းမှာ ဆွန်ဒူရှန်ကိုယ်တိုင် ဖန်တီးထားသည့်
လက်ရာဖြစ်ပြီး၊ ကျင့်ကြံရာတွင် အားကောင်းစေပြီး တည်ငြိမ်သည့် အင်အားကို ထွက်ပေါ်စေသည်။ သို့သော် ထိုကျင့်စဉ်မှာ နောက်မှ လေ့ကျင့်ရမည့်အရာ ဖြစ်သည်။
လက်ရှိတွင် အရေးကြီးဆုံးမှာ အတွင်းအားသန့်စင်ခြင်း
ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းရန်ဖြစ်သည်။ မဟုတ်ပါက အခြားသော တပည့်ရင်းများကြားတွင် သူသည် အလွန်အမင်း နောက်ကျကျန်နေပေလိမ့်မည်။
"တံခါးပိတ်ကျင့်ကြံခြင်း"
နောက်တစ်နေ့တွင် ချန်ဆန်းရှီသည် တပ်ဖွဲ့သို့ သတင်းပို့ပြီးနောက် ဗိုလ်ချုပ်ကြီး၏ ခွင့်ပြုချက်ဖြင့် ခွင့်ရှည်ယူလိုက်သည်။ သင်တန်းပေးခြင်း တာဝန်အားလုံးကို ဝမ်ကျီနှင့် ရွီဝမ်ချိုင်တို့ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် သူသည် သီးသန့် တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လနီးပါး ကုန်ဆုံးသွားခဲ့သည်။ ရတနာဆေးဝါးများနှင့် ဝိညာဉ်စပါးများ၏ အထောက်အပံ့ဖြင့် သူ၏ ကျွမ်းကျင်မှုအဆင့်မှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ညီညွတ်ခြင်းလှံသိုင်းကို အထွက်အထိပ်အဆင့်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။
သွေးပေါက်ကွဲမှု့..
၎င်းမှာ အမည်နှင့်အညီ အစွန်းကုန်ကြမ်းတမ်းသည့် အခြေအနေဖြစ်သည်။ ဤအခြေအနေတွင် သိုင်းပညာရှင်များသည် ၎င်းတို့၏ ကိုယ်တွင်းအဂ်ါများမှတစ်ဆင့်သွေးချီများကို ညှစ်ထုတ်ကာ ခန္ဓာကိုယ်ကို ခဏတာ အစွမ်းကုန် အလုပ်ပေးထားနိုင်ပြီး၊ ဒဏ်ရာများကိုပင် လျစ်လျူရှုကာ အစွမ်းအစများကို အမြင့်ဆုံး ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
ဤအခြေအနေကို ကြာရှည်စွာ ထိန်းထားနိုင်လေလေ၊ တိုက်ပွဲတွင် အားသာချက် ရရှိလေလေ ဖြစ်သည်။ သို့သော် အင်အားကုန်ခမ်းမှု မြန်ဆန်လှသဖြင့် သာမန်သိုင်းသမားများမှာ ဆယ်ချီခန့်သာ ခံနိုင်ပြီး၊ ပါရမီရှင်များမှာ အချီသုံးဆယ်၊ ထိပ်တန်းပါရမီရှင်များမှာအချီလေးဆယ်ခန့်သာ ခံနိုင်ကြသည်။ ချောင်ဖန်မှာ အချီငါးဆယ်ခန့်အထိ ခံနိုင်ရည်ရှိခဲ့သည်။ ထို့ကြောင့် ဤအခြေအနေကို အသက်ဘေးကြုံမှသာ အရေးပေါ်အနေဖြင့် အသုံးပြုလေ့ရှိကြသည်။
ချန်ဆန်းရှီသည် ဝိညာဉ်ဖျက်လှံ ကို ကိုင်ဆောင်ကာ ရူးသွပ်စွာ ဝေ့ရမ်းနေစဉ် သူ့အတွင်းရှိ နဂါးဆင်သွေးများသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီးနောက် ရုတ်တရက် အရာအားလုံး ရပ်တန့်သွားခဲ့သည်။
ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် လှုပ်ရှားမှုမရှိဘဲ သေနေသော ရေအိုင်ကဲ့သို့ ငြိမ်သက်သွားသည်။ ဖော်ပြ၍မရနိုင်သော နာကျင်မှုကြီးက သူ့ကို လွှမ်းမိုးသွားသည်။ ၎င်းမှာ... သေခြင်းတရား၏ ခံစားချက်ပင်
ချန်ဆန်းရှီ၏ မျက်လုံးရှေ့တွင် မှောင်အတိ ကျသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ငှက်မွေးတစ်ခုကဲ့သို့ ပေါ့ပါးသွားပြီး သတိလစ်တော့မည့်အခြေအနေသို့ ရောက်သွားသော်လည်း၊ သူ၏ ခန္ဓာကိုယ်မှတ်ဉာဏ် ကြောင့် ညီညွတ်ခြင်းလှံသိုင်း ကို ဆက်လက် ဝေ့ရမ်းနေမိသည်။ သူ လုံးဝ အိပ်ပျော်သွားတော့မည့် ခဏတွင်မှ သွေးများသည် ပြန်လည် လှုပ်ရှားလာပြီး ပြောင်းပြန် စီးဆင်းလာခဲ့သည်။ ငြိမ်သက်မှု တစ်ပတ်လည်ပြီးနောက် ပိုမိုပြင်းထန်သော သက်စောင့်အားများဖြင့် ပေါက်ကွဲထွက်လာတော့သည်။
အကယ်၍ သူ၏ ယခင် သွေးလှုပ်ရှားမှုအဆင့် မှာ မြစ်ရေစီးဆင်းမှုနှင့် တူပါက၊ ယခုအခြေအနေမှာ တစ်ကိုယ်လုံးရှိ စွမ်းအားများကို ဖျက်ဆီးပစ်နိုင်သော ဒီရေလှိုင်းကြီးနှင့် တူနေတော့သည်။ လှံသိုင်းကို ထုတ်ဖော်လိုက်သည့်အခါ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ ယခင်ကထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။
[သိုင်းပညာ - ညီညွတ်ခြင်းလှံသိုင်း (ပြီးပြည့်စုံခြင်း)]
[တိုးတက်မှု့ - မရှိ]
[စွမ်းဆောင်ရည် - ဒြပ်စင်ငါးပါး ခန္ဓာ]
[ဒြပ်စင်ငါးပါး ခန္ဓာ - ချီလင်နှလုံးသားနှင့် နဂါးကိုပါးအသက်သွေးကြောတို့ တသားတည်းဖြစ်တည်ပြီး အဆုံးမဲ့ အင်အားများကို ထုတ်လွှတ်ပေးသည်။]
အဆုံးမဲ့ အင်အား..
သွေးပေါက်ကွဲမှုအခြေအနေသည် အင်အားကုန်ခမ်းမှု အလွန်မြန်
သော်လည်း ယခုအခါ ချန်ဆန်းရှီသည် သူ၏ သွေးချီများ ကုန်ခမ်းသွားတိုင်း ကိုယ်တွင်းအင်္ဂါများက အဆက်မပြတ် ပြန်လည်ဖြည့်တင်းပေးနေသည်ကို ခံစားလိုက်ရသည်။ ၎င်းက သွေးပေါက်ကွဲမှုအခြေအနေကို အချိန်အတော်ကြာအောင် ဆွဲဆန့်ပေးနိုင်သည်။
သူသည် မည်မျှအထိ ကြာရှည်စွာ ခံနိုင်မည်နည်း။ အချီတစ်ရာလား နှစ်ရာလား ၎င်းကို တကယ့်တိုက်ပွဲတွင်မှ သိနိုင်မည် ဖြစ်သော်လည်း၊ သေချာသည်မှာ ချောင်ဖန်ကဲ့သို့ ပါရမီရှင်တစ်ဦးထက် ၃ ဆ၊ ၄ ဆခန့် ပိုမို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။
"နောက်ဆုံးတော့ အတွင်းအားသန့်စင်မှု့ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီ"
ချန်ဆန်းရှီသည် အချိန်မဆွဲဘဲ တိုင်းပြည်စောင့်နဂါးလှံသိုင်း ၏ အခြေခံများကို စတင်လေ့လာတော့သည်။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံသိုင်း - ဟွာကျင်း (မစတင်ရသေး)]
[တိုးတက်မှု့ - ၅/၁၀၀]
သူ၏ နောက်ထပ်ပန်းတိုင်မှာ ဟွာကျင်းအဆင့်ဖြစ်သည်။ ဤအဆင့်သို့ ရောက်မှသာ အထူးတပ်ဖွဲ့တစ်ခု၏ တပ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ သို့သော် နှစ်ရက်ခန့် လေ့ကျင့်ပြီးနောက် သူ၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်ကို သတိထားမိလိုက်သည်။ ဤအတိုင်းဆိုပါက ဟွာကျင်း အဆင့်သို့ ရောက်ရန် အနည်းဆုံး နှစ်လခန့် ကြာပေဦးမည်။
နှေးလွန်းနေသေးသည်..
ဆရာဖြစ်သူက သုံးနှစ်အတွင်း စစ်နတ်ဘုရား ဖြစ်ရန် ရည်မှန်းထားသော်လည်း ဤနှုန်းအတိုင်းဆိုပါက ၇ နှစ်၊ ၈ နှစ်ခန့် ကြာသွားနိုင်သည်။ အခြားသူများအတွက် ၁၀ နှစ်အတွင်း စစ်နတ်ဘုရားဖြစ်ခြင်းမှာ အိပ်မက်တစ်ခု ဖြစ်သော်လည်း၊ ချန်ဆန်းရှီကတော့ မကျေနပ်သေးချေ။ အန္တရာယ်များလှသော ဤကမ္ဘာတွင် အစွမ်းထက်သည့် ခွန်အားမရှိဘဲ သူ စိတ်အေးလက်အေး မနေနိုင်ပေ။
"ငါ အံ့ဖွယ်သံမဏိဆေးအိုးနဲ့ စမ်းသပ်မှုတွေကို အရှိန်မြှင့်ဖို့ လိုပြီ" ဟု သူ
တွေးတောလိုက်သည်။
"အိမ်မှာတော့ လုပ်လို့မရဘူး၊ တောင်ပေါ်မှာ နေရာတစ်ခု ရှာရမယ်"
သို့သော် ပြဿနာသစ်တစ်ခု ရှိနေသည်။ ချန်ဆန်းရှီသည် သူ၏ အချိန်အများစုကို သိုင်းလေ့ကျင့်ခြင်းဖြင့် ကုန်ဆုံးစေသော်လည်း၊ အပြင်ထွက်လိုက်တိုင်း တစ်စုံတစ်ယောက်က သူ့နောက်သို့ တကောက်ကောက် လိုက်နေသဖြင့် လွတ်လပ်စွာ လှုပ်ရှား၍ မရဖြစ်နေသည်။
ကံကောင်းသည်မှာ သူ့တွင် အစီအစဉ်တစ်ခု ရှိနှင့်ပြီးသား ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာတွေ့ပြီးနောက် သူသည် လှံကိုချကာ ထမင်းစားခန်းသို့ လာခဲ့သည်။
ဂူရှင်းလန် မှာ ကိုယ်ဝန်တစ်လကျော်သာ ရှိသေးသဖြင့် ဗိုက်သိသိသာသာ ထွက်မလာသေးသော်လည်း၊ မကြာခဏ ပင်ပန်းနွမ်းနယ်ပြီး ကိုယ်ဝန်ဆောင် ဝေဒနာများကို ခံစားနေရရှာသည်။ ၎င်းအတွက် ကုသစရာ ဆေးမရှိဘဲ သူမကိုယ်တိုင်သာ သည်းခံကျော်ဖြတ်ရမည် ဖြစ်သည်။