← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အပိုင်း ( 442 )

ရှုကျိုး ပေါ်လာပြီ

လျူချင်းယွမ်မှ ပြောလာခဲ့သည် “ အရှေ့ပိုင်းပြည်နယ်ရဲ့ တားမြစ်နယ်မြေအနားမှာ ငွေရေကန် လျှို့ဝှက်နယ်မြေလို့ခေါ်တဲ့ လျှို့ဝှက်နယ်မြေတစ်ခုရှိတယ်၊ အဲ့တာကို အဆင့်၆အထက် လူတွေ မဝင်နိုင်အောင် မမြင်နိုင်တဲ့ နိယာမတွေနဲ့ ကာရံထားတယ် “

ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ယခင်က သူသည် လူသားတို့၏ နယ်မြေတွင်လည်း ဘိုးဘေးနဂါး ဂူသင်္ချိုင်းကဲ့သို့ နိယာမအခြေခံသည့် နေရာများ ရှိနေလိမ့်မည်ဟု မှန်းဆထားခဲ့ပြီး၊ ၎င်းမှာလည်း အမှန်တကယ် တည်ရှိနေခဲ့သည်။

လျူချင်းယွမ်သည် မျက်မှောင်ကြုတ်သွားကာ စကားပြောလာခဲ့သည် “ မင်းက အဲ့နေရာမှာ တိုက်ပွဲလုပ်ဖို့ စီစဥ်နေတာလား အဆင့်၆အထက်က ပညာရှင်တွေ မချဥ်းကပ်နိုင်ပင်မဲ့ အဆင့်၅ အထွတ်အထိပ် ပညာရှင်တွေ ဒါမှမဟုတ် အဆင့်၆တစ်ပိုင်း ပညာရှင်တွေကတော့ ဝင်လို့ရတယ်။ ယုံကြည်ချက်ရှိလား “

ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ ကျွန်တော့်ရဲ့ အကန့်အသတ်ကို ကျွန်တော် သိပါတယ် “

ချင်းဖုန်း၊ ချန်းရှင်နှင့် တစ်ခြားလူများ၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

ရှုကျိုးက ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တွေကို ကိုင်တွယ်ဖို့တောင် ယုံကြည်ချက် ရှိနေတာလား

ဒါကြီးက ……. တော်တော်ကြီးကို ကြောက်ဖို့ကောင်းတာပဲ

လျူချင်းယွမ်၏ စိတ်နှလုံးသားကပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ အကယ်၍ ထိုအတိုင်းသာ ဖြစ်နေမည်ဆိုပါက ရှုကျိုး၏ တိုးတက်မှု အမြန်နှုန်းသည် အလွန်ပင် ယုတ္တိမဲ့နေပြီး၊ သူကပင် အနည်းငယ် အားကျသွားခဲ့ရသည်။

ထိုအချိန်၌ ဘေးတစ်ဖက်တွင် ရပ်နေသည့် ချင်ဖုန်းမှာ စကားဝင်ပြောလာခဲ့သည် “ ဂျူနီယာညီလေး၊ တကယ်လို့ မင်းက စောင့်ကြည့်ကင်မရာ ကိစ္စ မပြောဘူးဆိုရင် လျူမိသားစုက မင်းကို ဒီအတိုင်းလွှတ်ပေးထားမှာ မဟုတ်ဘူးနော် “

ချန်းရှင်မှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဝင်ပြောလာခဲ့သည် “ အခုလက်ရှိ အချိန်မှာ အင်တာနက်ပေါ်မှာ တော်တော်ကြီးကို ပွက်လောရိုက်နေတယ်၊ နင်က လျူမိသားစုရဲ့ ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့တဲ့လူလို့ လူတိုင်းက ထင်နေကြတယ် “

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစား၍ စကားပြောလာခဲ့သည် “ တစ်ယောက်ယောက်က အင်တာနက်ပေါ်က ကိစ္စတွေကို ချယ်လှယ်နေတာဆိုတာကိုလည်း မေ့ထားလို့မရဘူး။ တကယ်လို့ အဲ့ကိစ္စကို ထုတ်ပြောလိုက်မယ်ဆိုရင်တောင်မှ ဘာမှ ထူးထူးခြားခြား မပြောင်းလဲသွားလောက်ဘူး “

“ တကယ့်တရားခံကို ဖမ်းမိမှ အမှန်တရားက ပေါ်လာမှာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံသည် လေးလေးနက်နက် ခေါင်းငြိမ့်နေကြတော့သည်။

ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိနေသည့် လူတစ်ချို့၏ လှုံ့ဆော်မှုများ အောက်တွင် လူထု၏ လက်ညှိုးများသည် ရှုကျိုးဆီသို့သာ ကျရောက်နေပြီး၊ သူဘာလုပ်လုပ် မှားနေသည်ဟု မြင်နေကြမည်မှာ အမှန်ပင် ဖြစ်သည်။

ယခုလက်ရှိ အကြပ်အတည်းကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တရားခံကို ရှာဖွေခြင်းပင် ဖြစ်သည်။

ရှုကျိုးသည် လျူချင်းယွမ်ကို ကြည့်ကာ စကားပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော့်အတွက် ကြေညာချက်တစ်ခု ထုတ်ပေးပါ။ သုံးရက်အတွင်းမှာ ကျွန်တော်က ငွေရေကန် လျှို့ဝှက်နယ်မြေမှာ သူတို့ကို စောင့်နေမယ်လို့ ပြောပေးပါ “

“ နောက်သုံးရက် အကြာမှာလား “ လျူချင်းယွမ်သည် မည်သည့်မေးခွန်းကိုမှ ထပ်မမေးလာတော့ဘဲ ခေါင်းငြိမ့်၍ သဘောတူလာခဲ့သည်။

ဤကျောင်းသားနှင့် ပတ်သက်၍ ယုံကြည်ရန်မှတစ်ပါး တစ်ခြားသော ရွေးချယ်စရာ မရှိချေ။

ချင်ဖုန်း၊ ချန်းရှင်နှင့် တစ်ခြားလူများသည် စိုးရိမ်ပူပန်နေသည့် အကြည့်များဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်၊ ထို့နောက်တွင် သူတို့သည် သူ့ကို နှောင့်ယှက်မနေတော့ဘဲ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြတော့သည်။

…

စံအိမ်ထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တင်ပျဥ်ခွေထိုင်နေတော့လေသည်။

“ တံခါးပိတ်ကျင့်ကြံနေတုန်းမှာ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ သူသည် ဤကိစ္စများက သူ့အား ပစ်မှတ်ထားနေသည်ဆိုသည်ကို မြင်နေနိုင်ခဲ့သည်။

တရားခံသည် သူအဖြစ် ရုပ်ဖျက်ကာ မီးနှင့် မြေတာအို နတ်စွမ်းရည်များကိုပင် အသုံးပြုခဲ့ပြီး၊ ရှုကျိုး၏ အထောက်အထားကို တိုက်ရိုက်ဖောထုတ်လုနီးပါးပင် ပြုလုပ်ခဲ့သည်။

သို့သော် တရားခံသည် အထောက်အထားကို ဖုံးကွယ်နေသကဲ့သို့ မျက်နှာဖုံးပင် ဝတ်ဆင်ထားခဲ့သည်၊ အတော်ပင် ရယ်စရာကောင်းသော နည်းဗျူဟာတစ်ခုဖြစ်သည်။

ချုပ်ကိုင်ချယ်လှယ်နေသည့် လူတစ်ဦးသာ မရှိဘူးဆိုပါက လက်ရှိဖြစ်ပေါ်သည့် အင်တာနက်ပေါ်မှ ဝေဖန်ရှုံ့ချမှုများသည် တစ်ဖက်သတ်အခြေအနေမျိုး ဖြစ်နေလိမ့်မည် မဟုတ်ပေ။

မိသားစုကြီးတစ်ခုဖြစ်သည့် လျူမိသားစုကလည်း ၎င်းကို မျက်စိစုံမှိတ်ယုံကြည်နေသည်မှာ အနည်းငယ် သံသယဝင်ဖွယ်ကောင်းလေသည်။

“ ငါက အေးအေးဆေး အဆင့်တက်ချင်တာပါကွာ “

ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချနေရတော့သည်၊ သူသည် အရာအားလုံးကို လျစ်လျူရှုထားကာ တိတ်တဆိတ် ကြီးထွားတိုးတက်ချင်နေခဲ့သည်။

ဒါပင်မဲ့ ဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေရတာတုန်းဟ

“ သူတို့က ငါ့ကို အလွတ်မပေးဘူးဆိုတော့လည်း ငါလုပ်နိုင်တာ ဘာမှ မရှိတော့ဘူးပေါ့ကွာ၊ ဒါပင်မဲ့ ……………. “ ရှုကျိုး၏ မျက်လုံးများ အေးစက်သွားခဲ့သည် “ သူတို့အားလုံးကို သတ်ရမယ် “

ငွေရေကန် လျှို့ဝှက်နယ်မြေသို့ သုံးရက်အတွင်း သွားမည်ဟု သူပြောခဲ့ရသည့် အကြောင်းအရင်းမှာ ဤသုံးရက်အတွင်းတွင် သူ၏ခွန်အားက သိသိသာသာ တိုးတက်လာမည်ဟု ယုံကြည်ချက် ရှိနေသောကြောင့် ဖြစ်သည်။

ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ ကြည့်ရှုလိုက်သည်၊ နှလုံးအသွင်ပြောင်းလဲခြင်းသည် ပြီးပြည့်စုံနေပြီ ဖြစ်သည်။

သရက်ရွက်နှင့် အဆုတ်များ အသွင်ပြောင်းလဲခြင်းမှာလည်း ပြီးမြောက်ရန်အတွက် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။

“ ဒီသုံးရက်အတွင်းမှာ ငါက နှောင်းပိုင်း အဆင့်၄ကို ရောက်သွားသင့်တယ် “

ရှုကျိုး၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် တိတ်တဆိတ် စောင့်ဆိုင်းနေရုံသာ ပြုလုပ်ရမည်ဖြစ်သည်။

နှောင်းပိုင်း စတုတ္ထအဆင့်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူသည် ဖျက်ဆီးမှုများ ပြုလုပ်မည် ဖြစ်သည်။

…

မကြာခင် အချိန်မှာပင် သတင်းတစ်ပုဒ်သည် အင်တာနက် တစ်ခွင်လုံးကို လှုပ်ခတ်သွားစေခဲ့သည်။

[ သုံးရက်အတွင်း၌ ရှုကျိုးသည် ငွေရေကန် လျှို့ဝှက်နယ်မြေတွင် တိုက်ပွဲတစ်ခုအတွက် စောင့်ဆိုင်းနေမည် ]

ထိုသတင်းစကား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် အင်တာနက်တစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။

သိုင်းပညာ တက္ကသိုလ်များမှ ကျောင်းသူကျောင်းသားများသော်လည်းကောင်း၊ ပြင်ပသိုင်းပညာရှင်များသော်လည်းကောင်း၊ သူတို့အားလုံးသည် အသေအချာ အာရုံစိုက်လာကြသည်။

“ ငွေရေကန် လျှို့ဝှက်နယ်မြေလား အဲ့တာက အဆင့်၆အောက်က ပညာရှင်တွေပဲ ဝင်ခွင့်ရှိတဲ့ လျှို့ဝှက်နယ်မြေမလား “

“ ရှုကျိုးက အဲ့လိုနေရာမျိုးကို တကယ်ကြီး ရွေးလိုက်တယ်ပေါ့ သူက အဆင့်၅ အထွတ်အထိပ် ပညာရှင် အကုန်လုံးကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေတာလား “

“ မောက်မာလိုက်တဲ့ အရူး နိုင်ငံတော်အဆင့် ပြိုင်ပွဲမှာ ချန်ပီယံလေး ဖြစ်လိုက်တာနဲ့ သူ့ကိုယ်သူပြိုင်ဘက်ကင်းသွားပြီလို့ ထင်နေတာလား “

“ ဘာကို နိုင်ငံတော်အဆင့် ပြိုင်ပွဲလဲ အဘိုးကြီးတစ်သိုက်ရဲ့ ကစားပွဲလေးပါပဲကွာ “

“ ဟားဟား၊ ငါကတော့ နောက်သုံးရက်အကြာမှာ သူဘယ်လို သေသွားမလဲဆိုတာကို မြင်ချင်နေပြီ “

“ အဲ့လို မပြောပါနဲ့ဟ၊ အမှန်တိုင်းပြောရရင် ငါလည်း အဲ့တာကို အတော်လေး မျှော်လင့်နေမိတယ်၊ တကယ့်တရားခံက တစ်ခြားတစ်ယောက်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါအမြဲခံစားနေရတယ် “

“ ဘာကို တစ်ခြားလူလဲ အင်တာနက်တစ်ခုလုံးက ရှုကျိုးကို တရားခံအဖြစ် သတ်မှတ်ထားကြပြီးပြီ၊ မင်းက သူ့ကို ကာကွယ်ပေးနေသေးတာလား “

“ ဟုတ်ပကွာ၊ သူက ရှုကျိုးရဲ့ အရန်အကောင့်/အကောင့်တု ဖြစ်နိုင်တယ်ဟေ့။ rpဝိုင်းထုကြကွာ “

“ … “

ရှုကျိုး၏ စစ်ကြေညာခြင်း သတင်းစကားသည် မြောက်များစွာသော လူများ၏ အာရုံများကို ဆွဲဆောင်သွားပြီး၊ လှောင်ပြောင်သံများမှာလည်း လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။

လူတစ်ချို့၏ လွှမ်းမိုးမှုအောက်တွင် ရှုကျိုးသည် အင်တာနက်တစ်ခွင်လုံးရှိ လူများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

ရှုကျိုးကို တိတ်တဆိတ် အားပေးထောက်နေသည့် လူများရှိနေကြစဲဖြစ်သည်၊ သို့သော် သူတို့သည် ကြီးမားသော ဝေဖန်ရှုံ့ချ ပြစ်တင်မှုများအောက်တွင် နစ်မြုပ်သွားခဲ့ပြီး မည်သည့်အပြောင်းအလဲမှ မဖန်တီးပေးနိုင်ခဲ့ပေ။

ရှုကျိုးအတွက် စကားပြောပေးခဲ့ကြသည့် လူများကပင် တိုက်ခိုက်မှုများ၊ တိုင်ကြားမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ အကောင့်များ ဖျက်ချခံရလုနီးပါးပင် ဖြစ်သွားခဲ့ကြသည်။

ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ရှုကျိုး၏ ဘက်တော်သားများသည် တဖြည်းဖြည်း လျော့နည်းသွားပြီး၊ မည်သူကမှ ထပ်မံ၍ စကားမပြောရဲလာကြတော့ပေ။

မကြာခင်မှာပင် အဆိုပါ ကိစ္စသည် မီဒီယာတိုင်း၏ ရေပန်းသော ရှာဖွေမှုများစာရင်း၏ ထိပ်ဆုံးနေရာတွင် ရပ်တည်လာခဲ့ပြီး၊ ကြောက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

“ နောက်သုံးရက်အကြာမှာ သူဘယ်လို သေသွားမလဲဆိုတာကို ငါသိချင်နေမိပြီ “

“ သူရဲကောင်းတွေကို စော်ကားပြီးတော့ ဘိုးဘေးခန်းမကို ဖောက်ခွဲတယ်၊ အဲ့လိုကောင်က သေကိုသေသင့်တယ် “

…

လနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နေရာတစ်ခုတွင်

ရာနှင့်ချီသော လူများသည် ကွန်ပျူတာများအရှေ့တွင် ထိုင်ကာ ကီးဘုတ်များဖြင့် အပူတပြင်း စာရိုက်နေလျက်ရှိသည်။

………………………………………………………………………………………………………………………………………….

အပိုင်း ( 443 )

ရှုကျိုး ပေါ်လာပြီ ၂

အထက်လူကြီးတစ်ဦးသည် စစ်ဆေးရန် လျှောက်လှမ်းလာ၍ စကားပြောလာခဲ့သည် “ အခုလက်ရှိ လူထုရဲ့ သဘောထားက ဘယ်လိုရှိလဲ “

“ အဖွဲ့ခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ အင်တာနက်ပေါ်က လူထုရဲ့ အထင်အမြင်တွေက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝရောက်လာပါပြီ “ တစ်စုံတစ်ဦးသည် မတ်တပ်ထရပ်၍ စကားပြောလာခဲ့သည်။

အဖွဲ့ခေါင်းဆောင်ဆိုသူသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် စကားဆက်ပြောလာခဲ့သည် “ မဆိုးပါဘူး၊ ဆက်လုပ်နေကြ၊ တစ်နိုင်ငံလုံးရဲ့ သဘောထားတွေ/အထင်အမြင်တွေ လမ်းလွဲသွားအောင် ပစ်မှတ်ထားကြ “

“ ဟုတ်ကဲ့ “

ထိုလူသည် သူ့ထိုင်ခုံတွင် ပြန်ထိုင်ကာ စာပြန်ရိုက်တော့သည်။

အဖွဲ့ခေါင်းဆောင်သည် သူ့အရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည် “ မဟာမိတ်အဖွဲ့နဲ့အတူ ငါတို့၊ လနတ်ဘုရားဂိုဏ်းက လူထုရဲ့ သဘောထားတွေကို လုံးဝအလဲထိုးနိုင်မှာပဲ၊ အဲ့အချိန်ကျရင် လတ်ဆတ်တဲ့သွေးလေးတွေက ငါတို့ဆီကို ဆက်တိုက်ရောက်လာကြမှာ၊ အချိန်ကျရင် လနတ်ဘုရားက ဒီဒေသကို အုပ်စိုးလိမ့်မယ် “

အဆိုပါ ကီးဘုတ်ဖိုက်တာများသည် လနတ်ဘုရားဂိုဏ်းမှ ခေါ်ယူထားသောသတင်းအချက်အလက် ပညာရှင်များ ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လနတ်ဘုရားဂိုဏ်းထံတွင် ချင်ခွမ်ကျောက်တုံးဟု အမည်ရသည့် ရတနာတစ်မျိုး ရှိနေခဲ့ပြီး၊ ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ခွဲထုတ်၍ မည်သည့်အချက်ပြမှုမျိုးကိုမဆို ဖြတ်တောက်နေနိုင်ခဲ့သည်။

( ဖုန်း၊ အင်တာနက် အဲ့လိုဟာမျိုးတွေပေါ့ )

လနတ်ဘုရားဂုဏ်း၏ လှုပ်ရှားမှုများကို ထိုပစ္စည်းကြောင့်ပင် ဖုံးကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ္စည်းနှင့်သာဆိုပါက ရန်ပြည်ထောင်၏ အရာရှိများသည် ကီးဘုတ်ဖိုက်တာများ၏ ဇစ်မြစ်ကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။

“ သုံးရက်အတွင်းမှာ ရှုကျိုးကို သတ်ပြီးရင် ပင်မဂိုဏ်းကနေ ဆုလဒ်တွေ ရလာမှာပဲ၊ အဲ့အချိန်ကျရင် ငါက အဆင့်၆ကို ထိုးဖောက်ပြီးတော့ အမွှေးနံ့သာ ဆရာတစ်ယောက်ဖြစ်လာလိမ့်မယ်၊ လူထုထင်မြင်ချက် လမ်းကြောင်းကို ထိန်းချုပ်ထားရမယ် …… “

အဖွဲ့ခေါင်းဆောင်၏ မျက်နှာပေါ်တွင် မျှော်လင့်တောင့်တနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့ပြီး ထို့နောက်တွင် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ရှုကျိုးက ငါတို့ဂိုဏ်းကို သစ္စာမခံနိုင်တာကတော့ နှမြောစရာပဲကွာ၊ အဲ့လိုမှ မဟုတ်ရင်၊ အဲ့ကလေးရဲ့ ပါရမီနဲ့ဆိုရင် ငါ့လက်အောက်သားဖြစ်လာမှာက တော်တော်လေးကို ကောင်းတယ်၊ ……. လမ်းမတူတော့လည်း သတ်ကိုသတ်မှရတော့မှာပေါ့ “

အဖွဲ့ခေါင်းဆောင်၏ မျက်လုံးများထဲတွင် သတ်လိုဖြတ်လိုသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သူ့အတွက် ရှုကျိုးကို သတ်ဖြတ်လိုက်ခြင်းသည် အသေးအမွှားကိစ္စလေး တစ်ခုမျှသာ ဖြစ်သည်။

…

ခန်းမတစ်ခုအတွင်း၌

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦးသည် မြင့်မားသော ထိုင်ခုံပေါ်တွင် သူမ၏ကျောက်စိမ်းကဲ့သို့သော ခြေထောက်များကို ချိတ်၍ထိုင်နေလျက်ရှိပြီး၊ သူမလက်ထဲ တွင် ရှိနေသည့် စာကို ဖတ်ကာ ပြုံးနေတော့လေသည်။

“ ငွေရေကန် လျှို့ဝှက်နယ်မြေ …….. မောင်ငယ်လေး၊ နောက်ဆုံးတော့ မင်းက ငါးစာကို လာဟပ်ပြီပေါ့ “

အနီဝတ် မိန်းမပျိုသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်၍ ချိုသာစွာ ရယ်မောနေတော့သည် “ မောင်ငယ်လေး၊ နင်က မမအပိုင်ပဲ၊ နဂါးအကြေးခွံမြက်နဲ့ ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးကလည်း မမဟာတွေပဲ “

သူမသည် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူမ၏ လက်လေးများကို အသာအယာ ဆုပ်ကိုင်နေတော့သည်။

…

ရန်ပြည်ထောင် ဌာနတစ်ခုအတွင်း၌

အနက်ဝတ်လူသည် နောက်ဆုံးရသတင်းများကို ကြည့်ရှုစစ်ဆေးနေလျက်ရှိသည်။

ငွေရေန်ကန် လျှို့ဝှက်နယ်မြေကို မြင်တွေ့သွားသောအချိန်တွင် သူသည် မအောင့်ထားနိုင်တော့ဘဲ ပျော်ရွှင်စွာ ရယ်မောနေတော့သည်။

ထို့နောက်တွင် သူသည် ဖုန်းကို ထုတ်ယူကာ နံပတ်တစ်ခုကို နှိပ်လိုက်သည် “ ပစ်မှတ်က ငါးစာကို ဟပ်နေပြီ၊ လျှို့ဝှက်နယ်မြေထဲမှာ သတ်လိုက်၊ အကျိုးအမြတ်ကတော့ ငါက ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးကို လိုချင်တယ် “

“ မင်းတောင်းဆိုတာ များလွန်းနေပြီ “ တစ်ဖက်မှ မာမာထန်ထန် အသံတစ်ခု ပေါ်ထွက်လာခဲ့သည် “ အများဆုံးအနေနဲ့ နဂါးအကြေးခွံမြက်ပဲ ပေးနိုင်တယ် “

အနက်ဝတ်လူမှ ပြန်ပြောလိုက်သည် “ မမေ့နဲ့၊ တကယ်လို့ ငါ့အစီအစဥ်သာ မရှိဘူးဆိုရင် ရှုကျိုးက အပြင်ကို ထွက်လာမှာ မဟုတ်ဘူး “

တစ်ဖက်လူသည် လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ငါကလည်း ကြီးကြီးမားမား စွန့်စားခဲ့ရတာပဲလေ၊ တကယ်လို့ လျူမိသားစုကသာ ငါ့ကို မှတ်မိသွားမယ်ဆိုရင် ငါ့ဘဝက သွားပြီ “

“ ပြီးတော့ ဒီမစ်ရှင်ကို လူတွေ အများကြီးက ယူထားကြတာ၊ ငါကသူတို့အကုန်လုံကို အနိုင်မယူနိုင်ဘူး ”

အနက်ဝတ်လူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ငါမင်းကို Sအဆင့် နတ်သန္ဓေသား တည်ဆောက်ခြင်း ဆေးရည်ပေးမယ်၊ ဆုလဒ်တွေရရင် ငါ့ကို ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံး ပေး “

“ တကယ်ပြောနေတာလားဟ “ တစ်ဖက်လူသည် တအံ့တဩဖြစ်သွားခဲ့သည် “ Sအဆင့် နတ်သန္ဓေသား တည်ဆောက်ခြင်း ဆေးရည်က …… ရန်ပြည်ထောင်က တော်တော်လေး တန်ဖိုးထားတဲ့ ရတနာတစ်ခုလေ၊ အဆင့်၅ပညာရှင်တွေအတွက် တော်တော်လေးကို သင့်တော်တယ်၊ ပြီးတော့ အဲ့တာကို ဖန်တီးဖို့ အဆင့်၉ ပညာရှင် တစ်ယောက်ကိုတောင် လိုအပ်တယ်လေ “

နတ်သန္ဓေသား မဖွဲ့စည်းရသေးဘူးဆိုပါက အဆိုပါ ပစ္စည်းသည် နတ်သန္ဓေသားဖွဲ့စည်းခြင်း ဖြစ်စဥ်ကို ကြီးကြီးမားမား အရှိန်မြှင့်တင်ပေးနိုင်ပေသည်။

အ‌ရေးအကြီးဆုံးအရာမှာ လူတစ်ဦးက နတ်သန္ဓေသားကို ဖွဲ့စည်းခဲ့ပြီးပြီဆိုလျှင်တောင်မှ သူသည် အဆိုပါဆေးရည်ကို အသုံးပြုကာ ၎င်းကို ပြန်လည်တည်ဆောက်နိုင်ပြီး၊ လူ၏ ခွန်အားကိုမြှင့်တင်နိုင်ပေသည်။

“ မင်းရဲ့အဆင့်အတန်းနဲ့ဆိုရင် တစ်သက်လုံးမှာမှ တစ်ခုလောက်ပဲ ရနိုင်တာလေ ဟုတ်တယ်မလား “ တစ်ဖက်လူမှ ပြန်ပြောလာခဲ့သည် “ မင်းအဲ့တာကို ငါနဲ့ အလှဲအလယ် လုပ်ချင်နေတာလား “

အနက်ဝတ်လူမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါက ပြီးပြည့်စုံတဲ့ နတ်သန္ဓေသားကို ဖွဲ့စည်းခဲ့ပြီးပြီ၊ အဲ့တာက ငါ့အတွက် အသုံးမဝင်တော့ဘူး။ ဆိုတော့ မင်းသဘောတူလား၊ မတူဘူးလား “

“ သဘောတူတယ်၊ ဒါပင်မဲ့ မင်းက အဲ့ပစ္စည်းကို ကြိုပေးထားရမယ် “

“ သဘောတူတယ် “

…

အချိန်များ လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာကုန်ဆုံးသွားခဲ့သည်။

ရန်ပြည်ထောင် အရာရှိများသည် လူထုအမြင်၏ လွှမ်းမိုးချက်ကို သတိပြုမိသွားကာ ၎င်းကို ဖိနှိပ်ရန် ဝင်ပါလာကြပြီး၊ အပျက်သဘောဆောင်သည့် အဆိုပါဖြစ်ရပ်များ၏ ဇစ်မြစ်ကို ရှာဖွေစုံစမ်းနေကြသည်။

ကံဆိုးစွာဖြင့် ချန်ခွမ်ကျောက်တုံး၏ အကျိုးသက်ရောက်မှုအောက်တွင် ရန်ပြည်ထောင် အရာရှိများကပင် ၎င်းကို အလွယ်တကူ မရှာဖွေနိုင်ခဲ့ကြပေ။

သွေးထိုးလှုံ့ဆော်သူများသာလျှင် မဟုတ်ဘဲ၊ စိတ်ပါဝင်စားသူများကပါ အမျိုးမျိုး ဝင်ရောက်ပြောဆိုလာသောကြောင့် အခြေအနေ ပိုဆိုးသွားခဲ့သည်။

ဇာတ်ဆောင်ဖြစ်သည့် ရှုကျိုးကမူ စံအိမ်ထဲတွင် အဆင့်ထိုးဖောက်နေလျက်ရှိပြီး၊ အရေးအကြီးဆုံး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

“ ဒီနေ့တစ်နပ်စားပြီးသွားပြီရင်၊ ငါလည်း အဆင့်တက်သွားလောက်ပြီ “

ရှုကျိုးသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

အဆင့် : ပဥ္စမအဆင့် အဆင့်၉ ( ၈၀% )

အသားတင် အလေးချိန် : ၂၇၄၀၂၈.၅ ကီလိုဂရမ်

“ အဆင့်၅ နှောင်းပိုင်းကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ တိုးတက်မှု အမြန်နှုန်းကလည်း တဖြည်းဖြည်းနှေးကျသွားတယ် “

ရှုကျိုး အတွေးနက်သွားတော့သည် “ တကယ်လို့ ငါက ကီလိုဂရမ် ၁သောင်းကို နေ့တိုင်းရမယ်ဆိုရင်တောင်မှ၊ အဆင့်တိုးတက်မှုက ၂၀%နဲ့ ၃၀%လောက်ပဲ ရှိတော့တယ် “

သို့ရာတွင် သူသည် ၎င်းကိုပင် အတော်လေး စိတ်ကျေနပ်နေခဲ့ပြီ ဖြစ်သည်။

ကိုယ်ပွား၏ တိုးတက်မှုအမြန်နှုန်းကမူ ယခင်ကအတိုင်းသာ ရှိနေသေးစဲဖြစ်ပြီး၊ မကြာခင်အချိန်မှာပင် သတ္တမအဆင့်သို့ ရောက်ရှိသွားပြီး၊ အဆင့်မြင့် နတ်သားရဲဖြစ်သွားမည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်သွားခဲ့ပါက သူ့မူလကိုယ်၏ တိုးတက်မှု အမြန်နှုန်းမှာလည်း အလွန်တရာ မြန်ဆန်သွားမည် ဖြစ်သည်။

အရေးအကြီးဆုံးအရာမှာ ကိုယ်ပွား၏ အချိန်က ကီလိုဂရမ် ၂၇၀၀၀၀ကျော်နေခြင်းပင် ဖြစ်သည်။

ကီလိုဂရမ် ၅၀၀၀၀၀နှင့် သိပ်မဝေးတော့ပေ။

နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုကို ရင်ဆိုင်ရပြီးသည့်နောက်တွင် သူ၏စွမ်းရည်များမှာလည်း ထပ်မံ၍ တိုးတက်လာဦးမည်ဖြစ်သည်။

“ ထားလိုက်ပါလေ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ အဆင့်တက်ရမည့် အချိန်ကျပြီ “

တစ်ချိန်တည်းမှာပင် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေအတွင်းရှိ နဂါးသားရဲကြီးသည် ယနေ့အတွက် စားသောက်မှုကို စတင်၍ ပြုလုပ်နေတော့သည်။

ဤရက်များအတွင်း၌ နဂါးသားရဲကြီး၏ အဓိက အစားအသောက်မှာ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲဖြစ်သည့် အောင်းချန်ရှန်းပင် ဖြစ်သည်။

ထို့ကြောင့်ပင် ရှုကျိုးက ဤရက်ပိုင်းအတွင်းတွင် အံ့ဖွယ်ကောင်းလှသည့် အမြန်နှုန်းဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

တံခါးပိတ်ကျင့်ကြံနေသောကြောင့် သူသည် သူက မည်မျှအစွမ်းထက်နေလဲဆိုသည်ကို မသိသေးပေ။

“ ဂျွတ် “

နဂါးသားရဲကြီးသည် နဂါးခေါင်းကို ကိုက်ဝါးပြီး အရသာရှိသည့် ခြင်ဆီများကို စုပ်ထူကာ လောဘတကြီး စားသောက်နေတော့သည်။

အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတစ်ကောင်အနေဖြင့် အောင်းချန်ရှန်း၏ခန္ဓာကိုယ်တွင် အရင်းအမြစ်နှင့် အာဟာရဓာတ်များ ကြွယ်ဝနေခဲ့သည်၊ အထူးသဖြင့် နဂါးခြင်ဆီဖြစ်ပြီး၊ အရည်တစ်စက်ချင်းစီတိုင်းတွင် ပါဝင်နေသည့် စွမ်းအင်သည် အသားကီလိုဂရမ် ၁ထောင်တွင် ပါဝင်သည့် စွမ်းအင်ဖြင့် ညီမျှနေခဲ့သည်။

တစ်ကိုက်ကိုက်လိုက်ရုံဖြင့် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဆဲလ်တိုင်းမှာ အသက်ဝင်လာပုံရသည်။

“ မဆိုးပါဘူး၊ ဒါပင်မဲ့ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲတစ်ကောင်ပဲ ရှိတာကတော့ နှမြောစရာပဲကွာ “

၎င်းကို တွေးမိသွားသောအခါတွင် သူသည် အနည်းငယ် နောင်တရနေသကဲ့သို့ ခံစားသွားခဲ့ရသည်။

ယခုတွင် အောင်းချန်ရှန်းသည် အရိုးများ ပေါ်နေသည်အထိ စားသောက်ခံထားရပြီး၊ ယနေ့၏ စားသောက်မှု ပြီးဆုံးသွားသည့် အချိန်တွင် ကုန်ဆုံးသွားမည် ဖြစ်ကာ၊ နောက်တစ်နေ့မှစ၍ သူသည် အဆင့်မြင့် နတ်သားရဲများကိုသာ ဆက်လက်၍ စားသောက်ရတော့မည် ဖြစ်သည်။

…

နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင်

နဂါးသားရဲကြီးသည် နောက်ဆုံးတစ်ကိုက်ကို ကိုက်ဝါးလိုက်သည်။

စံအိမ်အတွင်းရှိ ရှုကျိုး၏ ကလီစာငါးခု အသွင်ပြောင်းလဲမှုများမှာလည်း စတင်၍ ဖြစ်ပေါ်လာခဲ့သည်။

ကိုယ်ပွား၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအားသည် လေဟာနယ်မှတစ်ဆင့် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ အားဖြည့်ပေးနေခဲ့သည်။

၎င်းတို့သည် ချွေးပေါက်များမှတစ်ဆင့် သူ၏ကလီစာငါးခု တံခါးပေါက်များအတွင်းသို့ စီးဝင်လာခဲ့ကာ သရက်ရွက်နှင့် အဆုတ်များကို ဖုံးလွှမ်းသွားခဲ့သည်။

ကိုယ်ပွား၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအား၏ အားဖြည့်ပေးမှုအောက်တွင် ရှုကျိုး၏ သရက်ရွက်နှင့် အဆုတ်များသည် လျင်မြန်စွာ အသွင်ပြောင်းလာခဲ့သည်။

သရက်ရွက်၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေသည့် မြေဝါရောင် ပုံစံကွက်များ ဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆုတ်နှစ်ခု၏ မျက်နှာပြင်များပေါ်တွင်မူ ရွှေရောင်ပုံစံကွက်များ ဖြစ်ပေါ်လာခဲ့သည်။

သရက်ရွက်နှင့် အဆုတ်များအတွင်းပိုင်းတွင်လည်း အံ့ဖွယ်ကောင်းသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့သည်။

ကိုယ်တွင်း အဂ်ါဆဲလ်များမှ အစပြု၍ ၎င်းတို့၏ အပြင်ပိုင်း အသွင်အပြင်များအထိ လုံးဝပြောင်းလဲသွားခဲ့သည်။

မကြာခင် အချိန်မှာပင် သရက်ရွက်နှင့် အဆုတ်များ၏ မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ အမြှေးပါးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ မွေးရာပါ အမြှေးပါး “

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။

အဆိုပါ အမြှေးပါးက ပါးလွှာနေပုံရသော်လည်း၊ ၎င်းသည် စတုတ္ထအဆင့် ပညာရှင်တစ်ဦး၏ အင်အားပြည့် တိုက်ခိုက်မှုတစ်ခုကိုပင် အေးအေးလူလူ တောင့်ခံနေနိုင်မည် ဖြစ်သည်။

အဆိုပါ အမြှေးပါးနှင့်ဆိုပါက ရှုကျိုးသည် သူ၏ကိုယ်တွင်းအဂ်ါများက ကွဲထွက်သွားမည်ကို စိုးရိမ်ပူပန်နေရန် လိုတော့မည် မဟုတ်ပေ။

ရှုကျိုးသည် နှလုံးကိုပါ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင်လည်း အမြှေးပါးတစ်ခု တည်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ထင်ထားတဲ့အတိုင်းပဲ၊ နယ်ပယ်အသစ်ကို ရောက်သွားရင် အသွင်ပြောင်းပြီးသားဟာတွေကလည်း ဒုတိယအကြိမ် ပြောင်းလဲမှုကို ထပ်ပြီးတော့ ရင်ဆိုင်ရတယ် “

ယခင်က သူ၏နှလုံးသည် ဆင့်ကဲပြောင်းလဲမှုတစ်ကြိမ်ကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။

ဤတစ်ကြိမ်၌ နှောင်းပိုင်း စတုတ္ထအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သရက်ရွက်နှင့် အဆုတ်များသည် မွေးရာပါ အမြှေးပါးကို ဖန်တီးလာနိုင်ခဲ့ပြီး၊ နှလုံးမှာလည်း ဤတစ်ကြိမ် အသွင်ပြောင်းလဲမှုမှတစ်ဆင့် အကျိုးအမြတ် ရခဲ့သည်။

ရှုကျိုးသည် တိတ်တဆိတ် စောင့်ကြည့်နေတော့သည်။

ဆယ့်ငါးမိနစ်မျှ ကြာခဲ့ပြီးသည့်နောက်တွင်

အသွင်ပြောင်းလဲမှု ပြီးဆုံးသွားခဲ့သည်။

ရှုကျိုးသည် မြေပြင်မှ ထရပ်လာတော့သည် “ ငါ့ကို အမှုဆင်ခဲ့တဲ့ကောင်တွေကို ပြန်ပေးဆပ်ရအောင် လုပ်ဖို့ အချိန်ကျပြီ “

…………………………………………………………………………………………………………………………………………

အပိုင်း ( 444 )

တစ်ကိုယ်တော် တိုက်ခိုက်မှု၊ ဆယ်ယောက်တစ်ယောက်

“ ရှုကျိုး “

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် လေဆိပ်၌ လျူချင်းယွမ်၊ ချင်ဖုန်း၊ ချန်းရှင်နှင့် တစ်ခြားလူအားလုံး ရောက်နေခဲ့သည်။

ဝုချင်းရှန်လည်း ရောက်နေခဲ့ပြီး၊ ခရီးစဥ်အတွင်းတွင် အမှားအယွင်းတစ်ခုခု မဖြစ်ပေါ်လာစေရန်အတွက် သူသည် ရှုကျိုးနှင့် အတူလိုက်သွားမည် ဖြစ်သည်။

ရှုကျိုးသည် သူမမြင်တွေ့ရသည်မှာ ကြာနေပြီဖြစ်သည့် လီရို့ရှီကိုပါ မြင်တွေ့သွားခဲ့သည် “ အစ်မ “

လီရို့ရှီ၏ လှပသော မျက်လုံးလေးများထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်၊ သူမသည် မကြာသေးခင်အချိန်က ဖြစ်ပွားပွားခဲ့သည့် အဖြစ်အပျက်များကို သိထားခဲ့သည် “ နင်က ငွေရေကန် လျှို့ဝှက်နယ်မြေကို သွားမှာလား “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ လနတ်ဘုရားဂိုဏ်းက ငါ့ကို ဒီလိုမျိုး အရှက်ခွဲထားတယ်၊ ငြိမ်ငြိမ်နေပေးလိုက်တာက ငါ့ပုံစံ မဟုတ်ဘူး “

လီရို့ရှီသည် သူမ၏နှုတ်ခမ်းလေးများကို ဖိကိုက်နေတော့သည်၊ သူမသည် ငွေရေကန်လျှို့ဝှက်နယ်မြေက ဆဌမအဆင့်အောက်မှ ပညာရှင်များသာ ဝင်ခွင့်ရှိသည့် ထူးခြားသော နေရာတစ်ခုဖြစ်ကြောင်းကို သိနေခဲ့သည်။

၎င်းမှာ ရှုကျိုးက ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များကို ရင်ဆိုင်ရမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

သို့ရာ၌ ယခုသည် စိတ်ဓာတ်ကျစရာ ကိစ္စရပ်များကို ပြောရမည့် အချိန်မဟုတ်ပေ။

လီရို့ရှီသည် ခေါင်းငြိမ့်ပြကာ ပြတ်သားသော လေသံမျိုးဖြင့် စကားပြောလာခဲ့သည် “ ငါနင့်ကို ယုံတယ်၊ နင်က အဲ့လူတွေကို သေချာပေါက် အနိုင်ယူနိုင်တယ် “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ ရုတ်တရက် ပြုံးမိသွားခဲ့သည် “ အဆင့်၂ကို ရောက်သွားပြီလား “

“ ဟုတ်တယ် “ လီရို့ရှီမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။ သူမထံတွင် ကြီးထွားမှုအမျိုးအစား စွမ်းရည်ရှိနေခဲ့ပြီး၊ သူမ၏ ဆရာမဖြစ်သူ ချန်းယ၏ ပြောစကားများအရ သူမက ပိုလေ့ကျင့်လေလေ၊ သူမ၏တိုးတက်မှုက ပိုမြန်လေလေပင် ဖြစ်သည်။

ကံဆိုးစွာဖြင့် သူမက ဒုတိယအဆင့်သို့ ရောက်လာခဲ့သော်လည်း သူမနှင့် ရှုကျိုးကြားရှိ ကွာဟချက်သည် ပိုပို၍ ကြီးမားလာနေလျက်ရှိသည်။

သူမထံတွင် စတုတ္ထအဆင့်(သို့) ပဥ္စမအဆင့် စွမ်းအားမျိုး ပိုင်ဆိုင်ထားမှသာလျှင် သူမသည် ရှုကျိုးနှင့် ပခုံးချင်းယှဥ်၍ တိုက်ပွဲဝင်နိုင်မည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါ၌ လီရို့ရှီ၏ မျက်လုံးလေးများ နီရဲလာခဲ့သည်။

သူမသည်လည်း ဆိုးယုတ်သည့် အဆိုပါ အွန်လိုင်းမှတ်ချက်မှုများကိုကြားသိနေခဲ့ရသည်၊ ရှုကျိုး၏ အရင်းနှီးဆုံး မိသားစုဝင်တစ်ဦးအနေဖြင့် သူမသည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားနေခဲ့ရသည်။

ငယ်ရွယ်စဥ်က သူမမှာ အမြဲလိုလို စွမ်းအားကြီးနေခဲ့သော်လည်း၊ ယခုတွင် သူမသည် စွမ်းအားကင်းမဲ့မှုကြောင့် အသက်ရှူမဝသည့်အလား ခံစားနေခဲ့ရသည်။

ရှုကျိုးသည် သူမ၏မျက်ရည်များကို သုတ်ပေးကာ ပြုံးပြလိုက်သည် “ သတင်းကောင်းတွေကို စောင့်နေလိုက်ပါ “

“ ကောင်းပြီလေ “ လီရို့ရှီမှ နာခံမှုရှိစွာ ခေါင်းငြိမ့်ပြလာခဲ့သည်။

ရှုကျိုးသည် လျူချင်းယွမ်နှင့် ဝုချင်းရှန်တို့ကို လှည့်ကြည့်လာတော့သည် “ ကျောင်းအုပ်ကြီး ကျွန်တော်တို့ သွားသင့်ပြီလားဗျ “

ဝုချင်းရှန်မှ ပြန်ပြောလာခဲ့သည် “ ဒီတိုက်ပွဲက လူတော်တော်များများကို သေချာပေါက် ဆွဲဆောင်သွားမှာပဲ၊ မင်းက တစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်ဆိုတာ သေချာရဲ့လား မင်းနဲ့အတူ တိုက်ခိုက်ဖို့ အဆင့်၅ အထွတ်အထိပ် ပညာရှင် နည်းနည်းလောက် ထည့်ပေးလိုက်ရမလား ”

ရှုကျိုးမှ လက်ဝေ့ယမ်းပြလာခဲ့သည် “ ရပါတယ်၊ ကျွန်တော် တစ်ယောက်တည်း ဖြေရှင်းနိုင်ပါတယ်။ လူများနေရင် တရားခံကို သတိဝင်သွားစေလိမ့်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝုချင်းရှန်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

ချန်းရှင်နှင့် ချင်ဖုန်းတို့သည် ရှုကျိုးကို လက်ဝေ့ယမ်းပြလာခဲ့သည် “ ဂျူနီယာ မောင်လေး/ဂျူနီယာညီလေး၊ ကံကောင်းပါစေ ငါတို့က သတင်းကောင်းတွေကို စောင့်နေမယ် “

“ သေချာတာပေါ့ “ ရှုကျိုးသည် သူတို့ကို အားပါးတရ လက်ဝေ့ယမ်းပြလိုက်သည်။

တစ်ခဏ အကြာတွင် ရှုကျိုးနှင့် လျူချင်းယွမ်တို့သည် လေယာဥ်ပေါ်သို့ တက်သွားကြသည်။

ချင်ဖုန်း၊ ချန်းရှင်နှင့် လီရို့ရှီတို့သည် လေယာဥ်အောက်တွင် ရပ်ကာ သူထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

သူတို့သည် ဤတိုက်ပွဲတွင် ဝင်မပြိုင်နိုင်ကြပေ။

ရှုကျိုးက ငွေရေကန် နယ်မြေသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် လနတ်ဘုရားဂိုဏ်းသားများဖြစ်သည့် ပဥ္စမအဆင့် အထွတ်အထိပ်များနှင့် ရင်ဆိုင်ရနိုင်လေသည်။

အကယ်၍ ချင်ဖုန်းနှင့် တစ်ခြားလူများက လိုက်သွားမည်ဆိုလျှင်တောင်မှ သူတို့သည် ရှုကျိုးအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေမည် ဖြစ်သည်။

“ ဘုမ်းး “

လေယာဥ်ထွက်ခွာသွားတော့သည်။

လီရို့ရှီသည် နီရဲသော မျက်လုံးများဖြင့် ခေါင်းမော့ကြည့်နေခဲ့ပြီး၊ သူမ၏မျက်လုံးလေးများမှာ တောက်ပနေခဲ့သည်။

“ ဂျူနီယာ၊ စိတ်မပူပါနဲ့ “ သူမဘေးနားရှိ ချင်ဖုန်းမှ ပြုံးပြလာခဲ့သည် “ ငါတို့ရဲ့ ဂျူနီယာ ညီလေးက ယုံကြည်ချက်ရှိလို့ သွားတာပါ “

လီရို့ရှီသည် စကားမပြောဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်၊ သူမသည် လပိုင်းအတွင်းမှာပင် ရှုကျိုးက ပဥ္စမအဆင့် ပညာရှင်များကို ယှဥ်တိုက်နိုင်သည်အထိ ကြီးထွားတိုးတက်လာခြင်းကို အံ့ဩနေခဲ့သည်။

…

ငွေရေကန် လျှို့ဝှက်နယ်မြေသည် အရှေ့ပိုင်းပြည်နယ် တားမြစ်နယ်မြေ၏ ဘေးနားတွင် တည်ရှိသည်။

ရန်ပြည်ထောင်၏ ပြည်နယ်ဆယ့်နှစ်ခုစလုံးမှာ သားရဲမျိုးနွယ်စု၏ တားမြစ်နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေလျက်ရှိပြီး ၎င်း၏နောက်ဘက် အနက်ရှိုင်းဆုံးနေရာတွင် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ တည်ရှိနေခဲ့သည်။

ထိုနယ်မြေနှစ်ခုစလုံးသည် သားရဲမျိုးနွယ်စု၏ ပိုင်နက်များဖြစ်သည်၊ လူသားများသည် သားရဲမျိုးနွယ်စု၏ တားမြစ်နယ်မြေထဲသို့ ဝင်နိုင်ကြသည်၊ သို့သော် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းကိုမူ လူသားတို့က မည်သို့မျှ မဝင်နိုင်ကြပေ။

ငွေရေကန် လျှို့ဝှက်နယ်‌မြေမှာလည်း သားရဲမျိုးနွယ်စု၏ တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။

သို့ရာတွင် ၎င်းသည် အပြင်ကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ တစ်သီးတစ်ခြား ဖြစ်နေသည့် နေရာတစ်ခုဖြစ်သည်။ နှစ်ပေါင်းများစွာ ကျော်လွန်လာခဲ့ပြီးသည့်နောက်တွင် သားရဲမျိုးနွယ်စုများ မျိုးတုံးသွားသောကြောင့် လူသားတို့က ထိုနေရာကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

ထိုနယ်မြေကို စူးစမ်းလေ့လာထားခဲ့သည်မှာ ကြာနေခဲ့ပြီဖြစ်ပြီး၊ မည်သည့်ရတနာမှ မကျန်တော့သောကြောင့် လူသားတို့သည် ဤနယ်မြေသို့ လာခဲလှသည်။

သို့သော် ယနေ့၌ ငွေရေကန် လျှို့ဝှက်နယ်မြေတွင် လူအုပ်ဖြင့် စည်ကားနေလျက်ရှိသည်။

“ ဘာလို့ ရှုကျိုးက မရောက်လာရသေးတာလဲ သူကြောက်သွားတာများလား “

“ ဘယ်သူက သိမှာလဲ ဒါပင်မဲ့ ဒီနေ့မှာတော့ လူတော်တော်များများက သူ့ကို တိုက်ဖို့ ရောက်လာကြလိမ့်မယ်လို့ ငါထင်တယ်။ ငါက လူတစ်ချို့ကို မြင်ခဲ့ရပြီးပြီ၊ သူတို့တွေက အဆင့်၅ အထွတ်အထိပ် သိုင်းပညာရှင်များကြားထဲမှာတောင်မှ ထိပ်တန်းအဆင့်ရှိတဲ့ လူတွေကြီးပဲ “

ငွေရေကန် လျှို့ဝှက်နယ်မြေ ဝင်ပေါက်ဝတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေလျက်ရှိသည်၊ သို့သော် တစ်နေရာတွင်မူ မမြင်ရသည့် အားတစ်ခုက တွန်းထုတ်နေသကဲ့သို့ သူတို့အားလုံးသည် အလိုအလျောက် ဘေးထွက်သွားကြသည်။

အရပ်ရှည်ရှည် ပုံရိပ်အများအပြားသည် ခါးမတ်မတ်ဖြင့် မတ်တပ်ရပ်နေလျက်ရှိကြသည်၊ သူတို့၏ ဝတ်ရုံများကမူ ဖျော့တော့သော အလင်းတန်းများကို ထုတ်လွှင့်နေခဲ့ပြီး၊ သူတို့ဘေးပတ်ပတ်လည်ရှိ လေထုမှာလည်း သူတို့၏ အရှိန်အဝါများကြောင့် ပြိုကွဲနေပုံရသည်။

“ ကြည့်ရတာတော့ ရှုကျိုးက ကောဟဟာလတွေထဲကလောက် အကြောက်အလန့်ကင်းတဲ့ပုံမပေါ်ဘူးပဲ “ ကြယ်ပွင့်ကဲ့သို့သော မျက်လုံးများနှင့် ဆံပင်ပြာတို့ကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးမှ စကားပြောလာခဲ့သည်၊ စူးရှသည့် သူ၏အကြည့်သည် ယုံကြည်ချက်များ ထုတ်လွှတ်နေခဲ့သည်။

သူသည် ပေါ်ပေါ်တင်တင် စကားပြောလာခဲ့သည် “ ငါတို့က ဒီမှာစောင့်နေတာ နေ့တစ်ဝက်လောက် ဖြစ်နေပြီ၊ သူက အခုထိကို မပေါ်လာသေးဘူး “

အဝါရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးမှာလည်း တဟားဟား ရယ်မော၍ ပြောလာခဲ့သည် “ ငါတို့ကို မြင်သွားပြီးတော့ သူကိုယ်တိုင် လူလုံးထွက်ပြရမှာကို ကြောက်သွားတာများလား “

“ သူက ကြွားဝါဖို့တော့ သတ္တိရှိတယ်၊ ငါတို့ကို ရင်ဆိုင်ဖို့ကျတော့ သတ္တိမရှိဘူး၊ တကယ့်ငကြောက်ကောင်ပဲ “

အေးစက်စက် အမူအရာဖြင့် မိန်းမပျိုလေးတစ်ဦးမှ လေးနက်စွာ ပြောဆိုလာခဲ့သည် “ ငါသိထားသသောက်အရဆိုရင်တော့ ရှုကျိုးက အဲ့လိုလူမျိုး မဟုတ်ဘူး။ တကယ်လို့ ငါထင်တာသာ မှန်နေမယ်ဆိုရင် သူကလည်း စောင့်နေတာပဲ ဖြစ်ရမယ် ”

“ အို့ “ အဝါရောင် ဝတ်စုံနှင့် လူငယ်သည် စိတ်ဝင်တစား မေးမြန်းလာခဲ့သည် “ သူက ဘာကို စောင့်နေတာလဲ “

အေးစက်စက် မိန်းမပျို အန်းမြောင်ရွှယ်မှ ပြန်ပြောလာခဲ့သည် “ တရားခံ ပေါ်လာမှာကိုလေ “

ဆံပြာလူမှ ကြမ်းတမ်းစွာ ပြောဆိုလာခဲ့သည် “ အခုဆိုရင် နယ်ပယ်အကုန်လုံးက တရားခံက ရှုကျိုးလို့ပဲ သတ်မှတ်ထားခဲ့တာလေ၊ မင်းက တစ်ခြားလူတစ်ယောက်ကို သံသယဝင်နေသေးတာလား “

“ လျူချင်းထန်၊ လျူမိသားစုဝင် တစ်ယောက်အနေနဲ့ နင်က သူတို့ကို လွှတ်ပေးလိုက်မဲ့အစား လူမှားဖမ်းမိတာကို ပိုကြိုက်နေမှာပဲ “ အန်းမြောင်ရွှယ်မှ ပြောဆိုလာခဲ့သည် “ ဒါပင်မဲ့ ငါ့အတွက်ကတော့ လနတ်ဘုရားဂိုဏ်းရဲ့ တကယ့်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဖို့က ဦးစားပေးပဲ “

“ ဒါပေါ့ “ လျူချင်းထန်သည် တဟားဟားရယ်မောနေပြီး မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

အဝါဝတ်လူငယ်သည် အပြုံးဖြင့် ထပ်ပြောလာခဲ့သည် “ အန်းမြောင်ရွှယ်၊ ရန်ပြည်ထောင် လုံခြုံရေးဗျူရို ဒါရိုက်တာရဲ့ သမီးဖြစ်တဲ့နင်က လနတ်ဘုရားဂိုဏ်းရဲ့ လုပ်ကြံသတ်ဖြတ်မှုကို မကြောက်ဘူးလား ဒီကိုတစ်ယောက်တည်း ရောက်လာတာလား “

………………………………………………………………………………………………………………………………………

All Chapters