← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အပိုင်း ( 448 )

ဓာတ်ကြီးငါးပါးက အရာအားလုံးကို ထိန်းချုပ်နိုင်တယ်

“ မင်းတို့တွေက မြေအောက်မှာပဲ တစ်ချိန်လုံး ပုန်းနေကြတဲ့ ကြွက်တွေပဲ၊ လူများတာနဲ့ပဲ ငါတို့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား “

အဝါရောင်ဝတ်စုံနှင့် လူငယ်မှ အေးစက်စွာ အော်ပြောလာခဲ့သည်။

“ ချန်ခွမ်ကျောက်တုံးက ဒီနေရာကို ခွဲထုတ်ထားပင်မဲ့ အကြီးအကဲ လျူတျန်ရှန်နဲ့ ကျောင်းအုပ်ဝုကလည်း တစ်ခုခုမှားနေတာကို သတိထားမိနေလောက်ပြီ၊ စစ်ကူတွေ သေချာပေါက် လွှတ်ပေးလာမှာပဲ “

“ အို့ “ အနီရောင် လိပ်ပြာသည် ကျောက်စိမ်းကဲ့သို့ ဖြူသွယ်သွယ် လက်လေးဖြင့် ပါးစပ်ကို ဖုံးအုပ်ကာ စိတ်ဝင်တစားပြောလာခဲ့သည် “ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ အဲ့အချိန်အထိ တောင့်ခံနိုင်မယ်ပေါ့လေ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အဝါရောင် ဝတ်စုံနှင့် လူငယ်၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။

သူတို့သည် ရှုကျိုးကို တိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာ အပြင်းအထန် ရရှိထားကြသည်။

အကယ်၍ လနတ်ဘုရားဂိုဏ်းမှ ပညာရှင်များက အင်ပြည့်အားပြည့် တိုက်ခိုက်လာကြမည်ဆိုပါက သူတို့သည် အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ တစ်ခုတည်းသော ရွေးချယ်စရာက အချိန်ဆွဲထားဖို့ပဲ …… “

အဝါဝတ်လူငယ်က ၎င်းကို တွေးတောစဥ်းစားနေသည့် အချိန်တွင် အနီရောင် လိပ်ပြာသည် မည်သည့်အခွင့်အရေးမှ မပေးဘဲ၊ အေးအေးလူလူ အော်ပြောလာခဲ့သည် “ တိုက် “

ထို့နောက်တွင် လနတ်ဘုရားဂိုဏ်း၏ ပညာရှင်ဆယ်ဦးစလုံးသည် တစ်ပြိုင်နက် လှုပ်ရှားလာကြသည်။

အစွမ်းထက် အရှိန်အဝါများသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

သူတို့အားလုံးသည် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်သည်။

သူတို့သည် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်လာခဲ့သည့် အချိန်တွင် နှောင်းပိုင်း ပဥ္စမအဆင့် အရှိန်အဝါများကိုသာ ပြသကာ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သည်။

ဤအခိုက်အတန့်တွင် လူဆယ်ဦးစလုံးမှ အင်ပြည့်အားပြည့် တိုက်ခိုက်လာခဲ့ရာ၊ ကောင်းကင်နှင့် ကမ္ဘာမြေတုန်လှုပ်သွားစေသည့် မြင်ကွင်းမျိုး ထပ်မံ၍ ပေါ်ပေါက်လာခဲ့ကာ ရေကန်၏မျက်နှာပြင်ကိုပင် ကွဲအက်သွားစေခဲ့သည်။

အဝါဝတ်လူငယ်သည် ရေကန်၏ အစွန်းတစ်ဖက်တွင် ရှိနေသည့် လျူချင်းထန်ကို လှည့်ကြည့်ကာ အော်ပြောလိုက်သည် “ အစ်ကိုလျူ ရပ်ကြည့်နေတာ တော်လိုက်တော့၊ လာကူဦး “

“ ငါလာပြီ “

လျူချင်းထန်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူတို့ဆီသို့ ပျံသန်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အနီရောင် လိပ်ပြာနှင့် တစ်ခြား ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်နှစ်ဦးသည် ရှုကျိုးကို ရောက်ရှိလာခဲ့ကာ သူ့ကို ဝိုင်းရံလာခဲ့သည်။

“ သုံးယောက်တစ်ယောက်လား “ ရှုကျိုးသည် ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည် “ ငါ့ကို ဒီလောက်တောင် အထင်သေးတာလားဟ “

အနီရောင်လိပ်ပြာသည် ချိုသာစွာ ရယ်မောနေတော့သည် “ အဆင့်၅ အထွတ်အထိပ်တွေထဲမှာတောင်မှ ကွာခြားချက်တွေ ရှိတယ်ဆိုတာကို နင်မြင်လာပါလိမ့်မယ် “

ပြောနေရင်းဖြင့် သူမ၏လက်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့ပြီး၊ အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ သတ် “

အနီရောင်လိပ်ပြာသည် အော်ဟစ်ကာ၊ အင်မော်တယ် ဓားပျံသန်းခြင်း နည်းစနစ်ကို ထုတ်လွှတ်လာခဲ့ပြီး၊ ၎င်းသည် အလွန်တရာ ခမ်းနားကာ မြန်ဆန်လွန်းနေခဲ့သည်။

သာမန် ပဥ္စမအဆင့် အထွတ်အထိပ်ပညာရှင်ထပ် သာလွန်သည့် ဖိအားတစ်ခုသည် ရှုကျိုးကို ဖိနှိပ်လာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ သူသည် အနီရောင်လိပ်ပြာ ပြောခဲ့သည့် ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။

အနီရောင်လိပ်ပြာ၏ နယ်ပယ်မှာပဥ္စမအဆက့် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်၊ သို့သော် သူမ၏ စွမ်းအားကမူ ၎င်းထပ် များစွာသာလွန်နေပြီ ဖြစ်သည်။

သူမသည် ဆဌမတစ်ပိုင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်လုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်။

လနတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်သည့် အနီရောင်လိပ်ပြာသည် သူမ၏ယခုလက်ရှိ စွမ်းအားဖြင့် အင်ပြည့်အားပြည့် ထုတ်သုံးလိုက်သည့် အချိန်တွင် ပဥ္စမအဆင့် အထွတ်အထိပ် နယ်ပယ်ရှိ တစ်ခြားသော ပညာရှင်များကို အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

ရှုကျိုးကို ကိုင်တွယ်ရခြင်းမှာ အားမစိုက်ထုတ်ရသလောက်နီးပါးပင် ဖြစ်နေခဲ့သည်။

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် ခရမ်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ အနီရောင်လိပ်ပြာ၏ စိတ်ထဲသို့ တိုးဝင်သွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်လေးသည် ချက်ချင်း အေးခဲတောင့်တင်းသွားပြီး၊ တစ်ချိန်တည်းမှာပင် ကြီးမားသော ဓားအလင်းတန်းတစ်ခုသည် သူမကို ခုတ်ပိုင်းလာခဲ့သည်။

အနီရောင် လိပ်ပြာ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင် အကာအရံတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် များပြားသော စာလုံးများ ပါရှိနေကာ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို တားဆီးလာခဲ့သည်။

“ စိတ်ဝိညာဥ်တိုက်ခိုက်မှုလား ”

အနီရောင်လိပ်ပြာသည် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ပြီး၊ တအံ့တဩဖြစ်နေသည့် အမူအရာဖြင့် သူမကို ခန္ဓာကိုယ်ကို ကြည့်ရှုနေတော့သည်။

ယခုလေးတွင် သူမ၏ခန္ဓာကိုယ်သည် တစ်ခဏခန့် ထိန်းချုပ်မှုလွတ်သွားခဲ့သည်။

ပုံမှန်အားဖြင့် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များသည် စိတ်ဝိညာဥ် စွမ်းအားကိုပါ ကျင့်ကြံနိုင်ကြပြီး၊ အောက်ပိုင်းသုံးဆင့်မှ ပညာရှင်များကို တိုက်ခိုက်ကဲ့သို့ စိတ်ဝိညာဥ်တိုက်ခိုက်မှုများဖြင့် အမှောက်သိပ်ရန် ခက်ခဲသွားစေခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ အနီရောင်လိပ်ပြာသည် ကံအားလျော်စွာဖြင့် လွတ်မြောက်လာခဲ့သည်။

“ သူ့ရဲ့ စိတ်ဝိညာဥ် စွမ်းအားက ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းနေရတာလဲ “ အနီရောင်လိပ်ပြာသည် တိတ်တဆိတ် အံ့ဩတုန်လှုပ်သွားခဲ့သည် “ သူက ဘယ်လိုလုပ် ကျင့်ကြံခဲ့တာလဲဟ “

ရှုကျိုးသည် အသက်နှစ်ဆယ်ပင် မရှိသေးသောကြောင့် စိတ်ဝိညာဥ်စွမ်းအားကို ဤမျှအတိုင်းအတာအထိ မလေ့ကျင့်နိုင်သင့်ပေ။

သို့သော် ရှုကျိုးက စိတ်ဝိညာဥ်စွမ်းအားကို သီးသန့်လေ့ကျင့်နေစရာ မလိုဘဲ ကိုယ်ပွား၏ ထောက်ပံ့မှုကို စောင့်နေရင်းဖြင့် တိုးတက်နေခဲ့သည်ဆိုသည်ကို သူမ မသိပေ။

ယခုတွင် ရှုကျိုး၏ စိတ်ဝိညာဥ်စွမ်းအားသည် ဆဌမအဆင့် ပညာရှင်တစ်ဦးနှင့်ပင် ယှဥ်နေနိုင်ပြီ ဖြစ်သည်။

“ နှမြောစရာပဲ “ ရှုကျိုးသည် နောင်တရသွားပြီး၊ အနည်းငယ် မနာလိုအားကျပင် ဖြစ်သွားခဲ့သည် “ ခင်ဗျားတို့ရဲ့ လနတ်ဘုရားဂိုဏ်းမှာက ပစ္စည်းကောင်းလေးတွေ အများကြီး ရှိနေတာပဲ “

အကယ်၍ အဆိုပါ စွမ်းအင်အကာအရံသာ ပေါ်မလာခဲ့ဘူးဆိုပါက သူမသည် ယခုတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အနီရောင်လိပ်ပြာသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ရုတ်တရက် အော်ပြောလာခဲ့သည် “ ဟန်ဆောင်ပေရှည်နေတာ ရပ်ပြီး၊ မြန်မြန် အဆုံးသတ်တော့ “

ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် အနောက်ဘက်မှ ပေါ်ထွက်လာသည့် ခြောက်ခြားဖွယ်ကောင်းသည့် အော်ဟစ်သံတစ်သံကို သူကြားလိုက်ရသည်။

…

အနောက်ဘက်ရှိ တိုက်ပွဲနယ်မြေအတွင်း၌ လျူချင်းထန်သည် နတ်စွမ်းအားကို ရုတ်တရက် ထုတ်လွှတ်ကာ အဝါရောင် ဝတ်စုံနှင့်လူငယ်၏ နှလုံးကို လှံဖြင့် ထိုးဖောက်လိုက်သည်။

“ အစ်ကိုလျူ၊ ခင်ဗျား …….. “

အဝါဝတ်လူငယ်သည် သူ့ရင်ကို အံ့ဩတကြီးဖြင့် ငုံ့ကြည့်ကာ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

လျူချင်းထန်ကမူ မထီမဲ့မြင့်ပြုနေသည့် လေသံမျိုးဖြင့် အေးအေးလူလူ ပြောလာခဲ့သည် “ ငါ့ရဲ့ အဆင့်၆ ရည်မှန်းချက်အတွက် မင်းတို့အားလုံး သေကိုသေရမယ် “

ထို့နောက်တွင် သူသည် လှံကို လျင်မြန်စွာ လွှဲရမ်း၍ နောက်ထပ် ပစ်မှတ်တစ်ဦးကို သတ်ဖြတ်လိုက်သည်။

“ ရွှပ် ရွှပ် “

ဤအချိန်တွင် လျူချင်းထန်သည် သူ၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ထားပြီး၊ ကျန်ရှိနေသည့် နှောင်ပိုင်း ပဥ္စမအဆင့် ပညာရှင်နှစ်ဦးကို လျင်မြန်စွာ သတ်ဖြတ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်တွေ့နေခဲ့ရသည့် အန်းမြောင်ရွှယ်၏ မျက်နှာပေါ်တွင် ရွံရှာစက်ဆုပ်နေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ လျူချင်းထန် နင်က လနတ်ဘုရားဂိုဏ်းနဲ့ တကယ်ကြီး ပူးပေါင်းနေရဲတယ်ပေါ့ “

၎င်းသည် သူမမျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။

ဤနေရာသို့ မရောက်ခင် အချိန်တွင် သူမသည် လူတော်တော်များများကို သံသယဝင်နေခဲ့သော်လည်း ၎င်းတို့ထဲတွင် လျူချင်းထန် ပါဝင်မနေခဲ့ပေ။

သို့သော် အမှန်တရားသည် တကယ်ပင်ရက်စက်ကြမ်းကြုတ်နေခဲ့သည်။

လျူချင်းထန်သည် အေးစက်စက် အပြုံးတစ်ခုဖြင့် သူမကို လှည့်ကြည့်လာခဲ့သည် “ အန်းမြောင်ရွှယ်၊ နင်ကလည်း ငါ့လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ နင်လည်း ဒီနေ့မှာ သေကိုသေရမယ် “

ထို့နောက်တွင် သူသည် လှံကို ကိုင်ဆောင်၍ အန်းမြောင်ထံသို့ ချက်ချင်း ပြေးတက်လာတော့လေသည်။

…

“ အဲ့တာက သူလား “

ရှုကျိုး၏ အကြည့်များ ရုတ်တရက် အေးစက်သွားခဲ့သည်၊ ယခုတွင် အရာအားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။

ထိုနေ့က လျူမိသားစု၏ ဘိုးဘေးခန်းမကို ဖောက်ခွဲဖျက်စီးခဲ့သည့် လူမှာ လျူချင်းထန်မှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။

သူ့ထံတွင် ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲနိုင်သည့် နည်းစနစ်တစ်ချို့ ပိုင်ဆိုင်ထားပုံရသည်၊ ထို့ကြောင့် ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့ပြီးသည့်နောက်တွင် သူသည် လျူမိသားစုထဲမှ မထွက်ခွာသွားဘဲ သူ၏ မူလအထောက်အထားအတိုင်းသာ တိုက်ရိုက်ပြန်ပြောင်းခဲ့ခြင်း ဖြစ်နေလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်နေခဲ့သောကြောင့် တရားခံကို ဖမ်းမမိခဲ့သည်မှာ အံ့ဩဖွယ်ရာ ဟုတ်မနေတော့ပေ။

လျူမိသားစုအတွင်းရှိ မည်သူကမှ လျူချင်းထန်ကို သံသယဝင်လိမ့်မည် မဟုတ်ပေ။

“ လျူချင်းထန်က လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းထားတယ် …… လျူမိသားစုထဲမှာရှိတဲ့ သူ့ရဲ့ အဆင့်အတန်းက သိပ်မနိမ့်ဘူး၊ အရေးကြီးတဲ့ နယ်ရုပ်တစ်ရုပ်ဖြစ်နေမှာ သေချာတယ် သူ့လိုလူက ငါ့အတွက်နဲ့ သူ့ရဲ့သရုပ်မှန်ကို ဖော်ထုတ်လိုက်တာလား “

ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားတော့သည် “ ငါတော်တော်လေးကို သိချင်နေမိပြီ၊ လနတ်ဘုရားဂိုဏ်းက ဘာပစ္စည်းတွေနဲ့ ကမ်းလှမ်းခဲ့လို့ မင်းတို့တွေက ငါ့ရဲ့အသက်ကို ဒီလောက်အရူးအမူး လိုချင်နေရတာလဲ “

…………………………………………………………………………………………………………………………………………..

အပိုင်း ( 449 )

ဓာတ်ကြီးငါးပါးက အရာအားလုံးကို ထိန်းချုပ်နိုင်တယ် ၂

အနီရောင်လိပ်ပြာသည် တခစ်ခစ် ရယ်မောနေတော့သည် “ နင့်ကို ပြောပြရမှာကို မကြောက်ပါဘူး၊ အခု နင်က ငါတို့ ဆုကြေးထုတ်စာရင်းရဲ့ နံပါတ်၁နေရာမှာ ရှိနေတာ‌လေ။ အရှင်ဘုန်းတော်ကြီး/ ဂိုဏ်းအုပ်က နင့်ကိုသတ်နိုင်သရွေ့ နဂါးအကြေးခွံမြက် သုံးပင်နဲ့ ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးတစ်လုံးပေးမယ်လို့ ကြေညာထားတယ် “

“ ဆိုတော့ အဲ့လိုကိုး “

ရှုကျိုးသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားတော့သည်၊ နဂါးအကြေးခွံမြက်နှင့် ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံး နှစ်မျိုးစလုံးသည် ဆဌမအဆင့်သို့ ပို့ဆောင်ပေးနိုင်သည့် ပစ္စည်းများဖြစ်သည်။

အထူးသဖြင့် ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးဖြစ်ပြီး၊ ၎င်းသည် ကြယ်ပြာဂြိုဟ်ပေါ်၌ လနတ်ဘုရားဂိုဏ်းမှလွဲ၍ တစ်ခြားသော မည်သည့်နေရာတွင်မှ မရရှိနိုင်သည့် အရာဖြစ်သည်။

“ ဘာလဲ နင်ကြောက်သွားပြီလား “

အနီရောင်လိပ်ပြာသည် တခစ်ခစ် ရယ်မောနေတော့သည် “ ငါတို့က နင့်ကို လွှတ်ပေးလို့ မရတာကတော့ နှမြောစရာပဲ၊ နင့်ကို သတ်မှပဲ အဲ့ဒီပစ္စည်းတွေကို ရမှာ “

ထိုအခိုက်အတန့်တွင် လူကောင်ကြီးကြီး သိုင်းပညာရှင်နှင့် လနတ်ဘုရားဂိုဏ်း၏ တစ်ခြားသော အမှောင်သိုင်းပညာရှင်များသည် သူတို့ကို ဝိုင်းရံလာခဲ့သည်။

“ မြန်မြန်ကိစ္စဖြတ်လိုက်ကြတာပေါ့ “ ဟုလူကောင်ကြီးကြီး သိုင်းပညာရှင်မှ ပြောလာခဲ့သည်။

ရှုကျိုးနှင့် အန်းမြောင်ရွှယ်တို့မှတစ်ပါး ကျန်ရှိနေသည့် တစ်ခြားလူများသည် လနတ်ဘုရားဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

သူတို့အတွက်မှာ ရှုကျိုးကို သတ်ရခြင်းသည် အလွန်တရာ လွယ်ကူသော ကိစ္စတစ်ရပ်ဖြစ်သည်၊ သူတို့ အဓိကစိုးရိမ်ပူပန်နေသည်မှာ အပြင်ဘက်ကမ္ဘာမှ စစ်ကူများ ရောက်ရှိလာခြင်းပင် ဖြစ်သည်။

ထိုစကားလုံးများ ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင် အနီရောင်လိပ်ပြာနှင့် လူကောင်ကြီးကြီး သိုင်းပညာရှင်တို့သည် တစ်ပြိုင်နက် တိုက်ခိုက်လာခဲ့သည်။

“ အမှန်ပဲ၊ ကိစ္စမြန်မြန် ဖြတ်သင့်တယ် “

ရှုကျိုး၏ အမူအရာသည် ယခင်က အတိုင်း တည်ငြိမ်နေစဲသာဖြစ်သည်၊ သူသည် သူ၏လက်များဖြင့် စည်းတံဆိပ်များ လျင်မြန်စွာ ရေးဆွဲလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အားကောင်းသော အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။

အရှိန်အဝါသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာပင် သူ၏အရှိန်အဝါသည် နှောင်းပိုင်း စတုတ္ထအဆင့်မှ စတုတ္ထအဆင့် အထွတ်အထိပ်အထိ မြင့်တက်သွားခဲ့သည်။

“ အဲ့တာက ……… လစိတ်ဝိညာဥ် နည်းစနစ်လား “

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူက ငါတို့ လနတ်ဘုရားဂိုဏ်းရဲ့ အဆင့်မြင့် လျှို့ဝှက်နည်းစနစ်ကို ဘယ်လိုလုပ် သိသွားရတာလဲ “

အနီရောင်လိပ်ပြာ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ အဆိုပါ လျှို့ဝှက်နည်းစနစ်သည် အချိန်တိုအတွင်းမှာပင် နယ်ပယ်သေးတစ်ခု မြှင့်တင်ပေးနိုင်ခဲ့သည်၊ ၎င်းမှာ သူမတို့ လနတ်ဘုရားဂိုဏ်း၏ အဆင့်မြင့် လျှို့ဝှက်နည်းစနစ်ဖြစ်သည်။

အဆိုပါ နည်းစနစ်သည် အသုံးပြုသူကို အလွန်တရာ ထိခိုက်စေနိုင်ပြီး၊ ၎င်းကို တစ်ကြိမ်မျှ အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူသည် လပေါင်းများစွာ ကြာရှည်သည်အထိ တစ်ခြားလူများနှင့် တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူမကပင် ၎င်းကို ပေါ့ပေါ့ဆဆ မသုံးဝံ့ချေ။

ရှုကျိုးသည် သူဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည် “ ဘာကို လစိတ်ဝိညာဥ် နည်းစနစ်လဲ ငါ့ဟာငါ လေ့လာထားတဲ့ သိုင်းပညာတစ်ခုလေးပါပဲ “

၎င်းက လနတ်ဘုရားဂိုဏ်းထံမှ ရရှိထားသော အရာဖြစ်သော်လည်း၊ သူသည် ထိုအကြောင်းကို ဝန်ခံမည် မဟုတ်ပေ။

ထို့အပြင် စနစ်၏ အကူအညီဖြင့် ဆိုးကျိုးများကို ဖယ်ရှားထားခဲ့ပြီးပြီဖြစ်သောကြောင့် ၎င်းအား လစိတ်ဝိညာဥ် နည်းစနစ်ဟု မခေါ်ဆိုနိုင်တော့ပေ။

“ သေစမ်း၊ သူက လစိတ်ဝိညာဥ် နည်းစနစ်ကို တကယ်ကြီး သိနေတာပဲ “ အနီရောင်လိပ်ပြာ၏ အမူအရာ မည်းမှောင်သွားခဲ့ပြီး၊ ပြတ်သားသော အမိန့်တစ်ခုကို ပေးလာခဲ့သည် “ ဘာမှ ထိန်ချန်မထားကြနဲ့၊ ရှိတာ အကုန်ထုတ်သုံးကြ “

ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် သူမ၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။

တစ်ခြားလူများမှာလည်း ထိုကဲ့သို့ပင် ပြုလုပ်ထားခဲ့သည်။

လနတ်ဘုရားဂိမ်း၏ အဖွဲ့ဝင်များအနေဖြင့် သူမတို့သည် လစိတ်ဝိညာဥ် နည်းစနစ်ကို ကောင်းစွာသိရှိထားကြသည်။

ထိုအခိုက်အတန့်တွင် သူမတို့သည် အဆိုပါ နည်းစနစ်၏ ဘေးထွက်ဆိုးကျိုးများကို ဂရုမစိုက်နိုင်ကြတော့ပေ၊ အကယ်၍ ရှုကျိုးကို မသုတ်သင်နိုင်ဘူးဆိုပါက ဤနေရာတွင် ရှိနေသည့် သူမတို့ အကုန်လုံးသည် ဤနေရာတွင် မြေမြှုပ်ခံလိုက်ရမည် ဖြစ်သည်။

အနီရောင်လိပ်ပြာ၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး၊ ဆဌမတစ်ပိုင်းအဆင့် နယ်ပယ်အတွင်းသို့ အခိုင်အမာ ရောက်ရှိသွားခဲ့သည်။

လစိတ်ဝိညာဥ် နည်းစနစ်သည် နယ်ပယ်သေး/အဆင့်သေးတစ်ခုကိုသာ မြှင့်တင်ပေးနိုင်လေသည်၊ သို့သော် နယ်ပယ်ကြီးများကြားရှိ ကွာဟချက်ကို ကျော်ဖြတ်ရန်ကမူ အလွန်တရာ ခက်ခဲနေခဲ့ပြီး၊ မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေခဲ့သည်။

ဝှစ်

ဝှစ်

ရှုကျိုး၏ ပတ်ပတ်လည်တွင် ဓားများနှင့် ဓားအရိပ်များ တိုက်ခိုက်လာခဲ့ပြီး၊ ၎င်းတို့အားလုံးသည် သေစေနိုင်သည့် တိုက်ကွက်များသာ ဖြစ်သည်။

“ ဟမ့် “

ရှုကျိုးမှ အေးစက်စွာ နှာမှုတ်၍ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ မီတာဝက်နီးပါး ထူထဲသည့် ဟင်းလင်းပြင် ဒိုင်းကာအလွှာများသည် သူ့အရှေ့တွင် လျင်မြန်စွာ ဖွဲ့စည်းလာခဲ့သည်။

ခွမ်း ခလမ်း ခွမ်းး

များပြားလွန်းလှသော တိုက်ခိုက်မှုများသည် ဟင်းလင်းပြင် အကာအရံပေါ်သို့ ကျရောက်လာခဲ့သည်၊ သို့သော် မည်သည့်တိုက်ကွက်ကမှ ၎င်းကို မထိုးဖောက်နိုင်ခဲ့ပေ။

“ ဒါက မင်းတို့ တတ်နိုင်တာ အကုန်ပဲလား “ ရှုကျိုးသည် ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည်။

“ နင့်ကို သတ်ဖို့က ဒီလောက်နဲ့တင် လုံလောက်တယ် “

အနီရောင်လိပ်ပြာမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အပြာရောင် မီးလျှံတစ်ခုသည် သူမ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

သူမသည်လည်း မီးတာအိုနတ်စွမ်းရည်ကို ဖွဲ့စည်းထားနိုင်ခဲ့သည်။

သို့ရာတွင် အနီရောင်လိပ်ပြာ၏ မီးသည် သားရဲမီးတောက်သာဖြစ်နေခဲ့ပြီး၊ ၎င်းသည် အလွန်အရိုင်းဆန်သော သဘာဝကို ပိုင်ဆိုင်ထားသည့် နတ်စွမ်းတစ်မျိုးဖြစ်သည်။ သေးငယ်သော အမှားအယွင်းတစ်ခုလေးကပင် ကိုယ့်ကိုကိုယ် ဒဏ်ရာရသွားစေနိုင်ပြီး၊ ပြင်းထန်သော တန်ပြန်သက်ရောက်မှုများကိုပင် ခံစားသွားရစေနိုင်လေသည်။

အလားတူပင် သားရဲမီးတောက်၏ စွမ်းအားသည် သာမန်နတ်စွမ်းရည် မီးတောက်များထပ် များစွာသာလွန်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် လူကောင်ကြီးကြီး သိုင်းပညာရှင်နှင့် တစ်ခြားလူများကလည်း သူတို့၏ နတ်စွမ်းရည်များကို ထုတ်လွှတ်လာကြသည်။

ဓားတာအို နတ်စွမ်းရည်၊ မိုးကြိုးတာအို နတ်စွမ်းရည်၊ သစ်သားတာအို နတ်စွမ်းရည် ……… အရာအားလုံး လင်းလင်းတောက်ပလာခဲ့သည်။

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံးသည် အမျိုးမျိုးသော နတ်စွမ်းရည်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး၊ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။

“ သေ “

အနီရောင်လိပ်ပြာမှ လက်ညှိုးထိုး ညွှန်ပြလာခဲ့ရာ၊ အဆိုပါ အပြာရောင် သားရဲမီးတောက်သည် အမျိုးအမျိုးသော နတ်စွမ်းရည်များကို သယ်ဆောင်ကာ ရှုကျိုးထံသို့ ကျဆင်းလာခဲ့သည်။

၎င်းသည် ပဥ္စမအဆင့်အထွတ်အထိပ် ပညာရှင်ဆယ်ဦး၏ အင်အားအပြည့် တိုက်ခိုက်မှုဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော လူနှင့် မြင်းများ ပါဝင်သည့် စစ်တပ်ကြီးတစ်ခု ချီတက်လာသည့်အလား ကမ္ဘာမြေကို လှုပ်ခါသွားစေခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားမျိုးအောက်တွင် ဆဌမအဆင့် ပညာရှင်တစ်ဦးကပင် အပြင်းအထန် ဒဏ်ရာရရှိသွားမည် ဖြစ်သည်။

ရှုကျိုး၏ အမူအရာကမူ မပြောင်းမလဲ တည်ငြိမ်နေစဲဖြစ်ပြီး၊ သူ၏လက်ထဲတွင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ မီးတာအို နတ်စွမ်းရည်လား “ အနီရောင်လိပ်ပြာမှ လှောင်ပြောင်လာခဲ့သည် “ နှမြောစရာပဲ၊ ငါတို့ဆယ်ယောက်ရဲ့ နတ်စွမ်းရည်တွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် နင့်ရဲ့ မီးတာအို နတ်စွမ်းရည်က …….. “

သူမ စကားမပြီးဆုံးသေးခင် အချိန်မှာပင် သူမသည် ရှုကျိုး၏ လက်ဝါးထဲတွင် တလက်လက် တောက်ပနေသည့် အလင်းတန်းငါးခု ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

အနီသည် လောင်ကျွမ်းနေသည့် နေလုံးကဲ့သို့ ကမ္ဘာမြေ၏ အပူချိန်ကို မြင့်တက်သွားစေကာ၊ မီး၏ လောင်ကျွမ်းမှုကို ကိုယ်စားပြုနေခဲ့သည်။

အဝါသည် လေးလံသော မြေသားကဲ့သို့ ခိုင်ခံ့နေခဲ့ကာ၊ ကမ္ဘာမြေ၏ လေးလံမှုကို ကိုယ်စားပြုနေခဲ့သည်။

ကြယ်များကဲ့သို့ တောက်ပနေသည့် ရွှေရောင်ကမူ စူးရှထက်မြက်နေကာ၊ သတ္ထု၏ မာကျောမှုကို ကိုယ်စားပြုနေခဲ့သည်။

မည်းမှောင်နေသည့် အနက်ရောင်ကမူ နက်ရှိုင်းပြီး၊ နားလည်ရခက်သည့် ညအမှောင်ကဲ့သို့ ရေ၏ နက်ရှိုင်းမှုကို ကိုယ်စားပြုနေခဲ့သည်။

အစိမ်းရောင်ကမူ ရှေးဟောင်း ထင်းရှူးပင်များကဲ့သို့ စိမ်းလန်းစိုပြေနေကာ၊ သစ်သား၏ စိတ်ဝိညာဥ်ကို ကိုယ်စားပြုနေခဲ့သည်။

သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေတို့ လေထုထဲတွင် စုစည်းလာခဲ့သည်။

နတ်စွမ်းရည်ငါးခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာမြေတစ်ခုလုံး တုန်ရင်သွားပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ အဆုံးမဲ့ စွမ်းအင်များ စုဝေးလာခဲ့ကာ၊ အလင်းဝဲဂယက်တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

စွမ်းအင်များ တဟုန်ထိုး ဝင်ရောက်လာသည့် အခါတွင် အလင်းတန်းငါးခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ကာ လေတိုက်တိုင်း ကြီးမားလာခဲ့သည်။

ထို့နောက်တွင် အားလုံးသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအထိ ရောက်ရှိနေသည့် အလင်းတိုင်ငါးခုက စကြာဝဠာ၏ ထောက်တိုင်များကဲ့သို့ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ရပ်တည်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဒြပ်စင်ငါးခု နတ်နည်းစနစ်လား “

အနီရောင်လိပ်ပြာနှင့် တစ်ခြားလူများသည် အံ့ဩတကြီးဖြင့် မယုံကြည်နိုင် ဖြစ်သွားကြသည်။

လနတ်ဘုရားဂိုဏ်း၏ ထောက်လှမ်းရေး ဌာနကပင် ရှုကျိုးက နတ်စွမ်းရည်နှစ်မျိုးသာ ပိုင်ဆိုင်ထားသည်ဆိုသည်ကို သိထားကြပြီး၊ ထို့ကြောင့်ပင် လနတ်ဘုရားဂိုဏ်းတစ်ခုလုံး လှုပ်ခတ်သွားခဲ့ပြီး၊ ရှုကျိုးအား သတ်ဖြတ်ရမည့် စာရင်းထဲတွင် ထည့်လိုက်ကြခြင်း ဖြစ်သည်။

သို့သော် နတ်စွမ်းရည်ငါးခု …….

၎င်းမှာ သူတို့၏ အိမ်မက်များထဲမှာပင် ထည့်မမက်ခဲ့သည့် ကိစ္စတစ်ခု ဖြစ်သည်။

ထို့အပြင် ၎င်းသည် ဒဏ္ဍာရီလာ ဓာတ်ကြီးကြီး ငါးပါးဖြစ်သော “ မီး၊ ရေ၊ မြေ၊ သတ္ထု၊ သစ်သား “တို့ဖြင့် ပြုလုပ်ထားသည့် ဒြပ်စင်ငါးပါး နတ်နည်းစနစ်ပင် ဖြစ်နေခဲ့သည်။

၎င်းက အပြည့်အဝပေါင်းစပ်ထားသည့် အစစ်အမှန် ဒြပ်စင်ငါးပါး နတ်နည်းစနစ် မဟုတ်သေးပေ၊ သို့သော် ဤအချိန်တွင် နတ်စွမ်းရည်ငါးခုက အတူတကွ စုစည်းနေသောကြောင့်၊ စွမ်းအားများသည် ၎င်းတို့ထဲသို့ စီးဝင်လာခဲ့ပြီး၊ ၎င်းတို့၏ စွမ်းအားသည် သာမန်နတ်စွမ်းရည်များထပ် အဆ ၁၀၀တိတိ သာလွန်သွားခဲ့သည်။

“ ဖိနှိပ် “

ရှုကျိုးသည် ထိုလူများက မည်ကဲ့သို့သို့ တွေးထင်နေလဲဆိုသည်ကို လျစ်လျူရှုထားပြီး၊ သူ၏လက်ကို အရှေ့သို့ ဆန့်ထုတ်ကာ အသာအယာ ဖိချလာခဲ့သည်။

ဘုမ်းးး

ချက်ချင်းဆိုသလိုပင် အလင်းတိုင် ငါးခု တုန်ခါသွားခဲ့ပြီး၊ ကမ္ဘာမြေ ပြိုကွဲသွားစေနိုင်သည့် စွမ်းအားကို ထုတ်လွှတ်လာခဲ့ကာ အနီရောင်လိပ်ပြာနှင့် တစ်ခြားလူများဖန်တီးထားသည့် နတ်စွမ်းရည်အစုအဝေးထံသို့ ဦးတည်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ၎င်းသည် အပိုင်းပိုင်း အစစဖြစ်သွားခဲ့သည်။

ဒြပ်စင်ငါးပါး အလင်းတိုင်များအောက်တွင် ဟင်းလင်းပြင်ကပင် ပြိုကွဲသွားခဲ့ပြီး၊ လူဆယ်ဦး၏ နတ်စွမ်းရည်များကို ဖုံးလွှမ်းသွားတော့သည်။

ထို့နောက်၌ ၎င်းသည် အနီရောင်လိပ်ပြာနှင့် တစ်ခြားလူများကို ပြင်းပြင်းထန်ထန် ဖိနှိပ်လာခဲ့သည်။

“ မဟုတ်ဘူး “

အနီရောင်လိပ်ပြာ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူမထံတွင် ၎င်းကို ခုခံနိုင်မည့် မည်သည့်နည်းစနစ်မှ မရှိတော့ပေ။

ဒြပ်စင်ငါးပါး အလင်းတိုင်များသည် သူမတို့၏ ခန္ဓာကိုယ်များကို တိုက်ရိုက်ထိုးဖောက်သွားပြီး၊ ထို့နောက်တွင် ငွေရေကန်ဆီသို့ ပြေးဝင်သွားတော့သည်။

ဘုမ်းးး …… ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်သည် ရေကန်ထဲရှိ ရေများကို ချက်ချင်းအငွေ့ပျံသွားစေကာ ရေကန်ကြမ်းပြင်ကို ပေါ်ထွက်လာစေခဲ့သည်။

အနီရောင်လိပ်ပြာနှင့် တစ်ခြားလူများသည် နေရာမှာပင် သေဆုံးသွားကြသည်။

“ ဝှစ် “

ဒြပ်စင်ငါးပါး အလင်းတိုင်များသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး၊ အလင်းတန်းငါးခုအဖြစ် ပြောင်းလဲသွားကာ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်လာခဲ့သည်။

၎င်းတို့အားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မလှမ်းမကမ်းတွင် ရှိနေသည့် လျူချင်းထန်ကို လှမ်းကြည့်လိုက်သည်။

…

လျူချင်းထန်နှင့် အန်းမြောင်ရွှယ်တို့ကြားရှိ တိုက်ပွဲက ရပ်တန့်သွားသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် အံ့ဩတကြီး ဖြစ်နေလျက်ရှိသည်။

ရှုကျိုး ကြည့်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် လျူချင်းထန်၏ ဦးရေပြားများ ရုတ်တရက် ထုံကျင်သွားတော့သည်။

“ မင်း၊ မင်း ဘယ်သူလဲ ရှေးခေတ်က အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ယောက် ပြန်ဝင်စားတာလား “

လျူချင်းထန်သည် တုန်ရင်နေသောအသံဖြင့် ပြောလာခဲ့သည်။

သူသည် အရာအားလုံးကို မျှော်လင့်ထားခဲ့သော်လည်း၊ ရှုကျိုးက ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

အသက်ဆယ့်ရှစ်နှစ် အရွယ်မှာပင် ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို တတ်မြောက်ထားခြင်း ၎င်းသည် ခေတ်အဆက်ဆက်တွင် တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်လာခဲ့ဖူးသည့် ကိစ္စတစ်ရပ်ဖြစ်သည်။

“ လျူချင်းထန်၊ ငါသိချင်မိတယ်၊ မင်းက ငါ့ရဲ့ နတ်စွမ်းရည်တွေကို ဘယ်လိုမျိုး တုပခဲ့တာလဲ “ ရှုကျိုးမှ အေးအေးလူလူ မေးမြန်းလာခဲ့သည်။

လျူချင်းထန်သည် အံကြိတ်၍ လျင်မြန်စွာ ပြောပြလာခဲ့သည် “ ဒီပစ္စည်းကြောင့်ပဲ “

သူ့လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ၎င်းသည် ခြေသုံးချောင်းပါဝင်သည့် ဒယ်အိုးငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့သည် “ ဒီပစ္စည်းက အခါအခွင့်သင့်လို့ ကွမ်ဟန်ကနေ ငါရခဲ့တဲ့ ပစ္စည်းတစ်ခုပဲ။ အရှိန်အဝါတွေကို ဖုံးကွယ်ပြီးတော့ ပြောင်းလဲပေးနိုင်တယ်၊ နတ်စွမ်းရည်တွေအတွက်ကတော့ ဒီဟာက တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲပေးနိုင်တယ် “

ရှုကျိုးမှ လက်ဆန့်ထုတ်လာခဲ့ရာ၊ ၎င်းသည် သူ့ထံသို့ ပျံသန်းလာခဲ့သည်။

သူ၏အမူအရာသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ ဤခြေသုံးချောင်းပါဝင်သည့် ဒယ်စောက်ငယ်သည် ယခင်က မျိုးနွယ်စုတစ်သောင်း တိုက်ပွဲကွင်းပြင်ထဲတွင် ကိုယ်ပွားက ရရှိခဲ့သော ခြေလေးဖက်ပါဝင်သည့် ကျောက်စိမ်းမီးဖိုနှင့် အနည်းငယ် တူညီနေခဲ့သည်။

သို့ရာတွင် သူ့လက်ထဲတွင် ရှိနေသည့် ဤပစ္စည်းကမူ အဆင့်နိမ့်သည့် ပစ္စည်းတစ်ခုနှင့် ပိုတူနေခဲ့သည်။

“ မဆိုးပါဘူး “ ရှုကျိုးသည် အဆိုပါ ဒယ်စောက်ငယ်ကို သိမ်းဆည်းကာ လျူချင်းထန်ကို ကြည့်၍ ပြုံးပြလိုက်သည် “ ငါ့ကို ချောက်ချတဲ့အတွက် သေသင့်တယ် “

ထိုစကားနှင့်အတူ သူ၏ဆေဘာကို ဝေ့ယမ်းလိုက်ရာ၊ ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ လျူချင်းထန်သို့ ပြေးဝင်သွားတော့သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 450 )

ရှုကျိုးသေသွားပြီလား

“ နတ်ဆိုးနတ်ဘုရား လှံ “

လျူချင်းထန်မှ ကျယ်လောင်စွာ အော်ဟစ်လာခဲ့ရာ၊ သွေးနီရောင်လှံတစ်ချောင်းသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

အဆိုပါ လှံသည် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထည်ရှိသည့် အစစ်အမှန် လှံတံတစ်ချောင်းမဟုတ်ဘဲ၊ တစ်ချို့သော လျှို့ဝှက်နည်းစနစ်များကို အသုံးပြုကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်၊ သို့သော် ၎င်း၏စွမ်းအားသည် နတ်လက်နက်တစ်ခုနှင့်ပင် ယှဥ်ပြိုင်နိုင်လေသည်။

အဆိုပါ နည်းစနစ်ကို အသက်သွင်းခဲ့ပြီးသည့်နောက်၌ လျူချင်းထန်၏ အနောက်ဘက်တွင် နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လျူမိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်သည့် လျူချင်းထန်ထံတွင် အသက်ကယ်စွမ်းရည်များစွာ ရှိနေခဲ့ပြီး၊ ဤနတ်ဆိုးနတ်ဘုရားလှံသည် သူ၏ အစွမ်းဆုံး တိုက်ကွက်များထဲမှ တစ်ခုဖြစ်သည်။

သို့ရာတွင် ဤအကွက်ကို အသက်သွင်းရန်အတွက် စွမ်းအင်ပမာဏ အများအပြားနှင့် အချိန်ကိုလည်း အတိုင်းအတာတစ်ခုအထိ လိုအပ်နေခဲ့သည်၊ ထို့ကြောင့် သူသည် အစောပိုင်း အချိန်များအတွင်းက ခြေသုံးခု ဒယ်စောက်ငယ်ကို တွေဝေတုံ့ဆိုင်းမှု မရှိဘဲ ပေးအပ်လာခဲ့ကာ၊ ထိုအကွက်ကို တိတ်တဆိတ် အသက်သွင်းနေခဲ့ခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အခိုက်အတန့်တွင် သူသည် လုံလောက်သော စွမ်းအားကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။

နတ်ဆိုးနတ်ဘုရားလှံနှင့်သာဆိုပါက ဆဌမအဆင့် ပညာရှင်ကပင် သတ်ဖြတ်ခံရမည် ဖြစ်သည်။

“ သတ် “

လျူချင်းထန်မှ လှံကို ကြမ်းကြမ်းတမ်း ထိုးသွင်းလာခဲ့ရာ၊ နတ်ဆိုးနတ်ဘုရား ပုံရိပ်ကြီးသည် ရှုကျိုးထံသို့ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

ဘမ်းးးး

အဆိုပါ ထိုးချက်သည် ရှုကျိုးဖန်တီးထားသည့် ဓားအလင်းတန်းကို ချက်ချင်းနှစ်ပိုင်းပြတ်သွားစေခဲ့သည်။

လျူချင်းထန်သည် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်၍ စကားပြောလာခဲ့သည် “ ရှုကျိုး၊ အခု မင်းဆီမှာ ဘာနတ်စွမ်းရည်မှ မရှိတော့ဘူး၊ မင်းက ဘယ်လိုမျိုး တောင့်ခံထားမလဲဆိုတာကို ငါကြည့်ဦးမယ် “

နတ်စွမ်းရည်များကို အသုံးပြုခြင်းသည် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအင်ကို ကြီးကြီးမားမား စားသုံးလေ့ရှိပြီး၊ ၎င်းကို အသုံးပြုခဲ့ပြီးသည့်နောက်တွင် နောက်တစ်ကြိမ် အသုံးပြုရန်အတွက် အချိန်အတော်ကြာ ထပ်မံ၍ စောင့်ဆိုင်းရလေ့ရှိသည်။

နတ်စွမ်းရည်ငါးမျိုးကို တစ်ပြိုင်နက် အသက်သွင်းခဲ့သည့် ရှုကျိုးကမူ သူ၏ပေါများလွန်းသော ချီ-သွေးစွမ်းအင်ကြောင့်သာ ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်၊ ထိုကဲ့သို့ မဟုတ်ဘူးဆိုပါက နတ်စွမ်းရည်များကို ကျင့်ကြံထားနိုင်မည်ဆိုလျှင်တောင်မှ ဤကဲ့သို့ ပေါ့ပေါ့ဆဆ အသုံးပြုခဲ့ပြီးသည့်နောက်တွင် ချီ-သွေးစွမ်းအား လုံးဝပြတ်တောက်သွားမည် ဖြစ်သည်။

ရှုကျိုးက ကြောက်မက်ဖွယ်ကောင်းနေမည်ဆိုလျှင်တောင်မှ အဆိုပါ နတ်စွမ်းရည်များကို ယခုချက်ချင်းအသုံးပြုရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

လျူချင်းထန်သည် ၎င်းကို အလွန်တရာ ယုံကြည်နေခဲ့သည်။

“ သေ “

လျူချင်းထန်သည် အော်ဟစ်ကာ ရှုကျိုးကို ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။

နတ်ဆိုးနတ်ဘုရား ပုံရိပ်ကြီးမှာလည်း ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်ကာ ရှုကျိုးကို ဟိန်းဟောက်လာခဲ့သည်။

ထိုစဥ် ရှုကျိုး၏ အနောက်ဘက်ရှိ လေဟာနယ်ထဲတွင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ထို့နောက်တွင် နောက်ထပ်နတ်ဆိုးနတ်ဘုရား ပုံရိပ်တစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့ရာ၊ ရှုကျိုးကို ထိုးချလာခဲ့သည်။

၎င်းသည် နတ်ဆိုးနတ်ဘုရား လှံ၏ တကယ့်တိုက်ကွက်ဖြစ်ပြီး၊ ပြိုင်ဘက်သည် လျူချင်းထန်အနောက်ဘက်ရှိ နတ်ဆိုးနတ်ဘုရား ပုံရိပ်ကြီးကိုသာ သတိထားမိမည်ဖြစ်ပြီး၊ အနောက်ဘက်တွင် နတ်ဆိုးနတ်ဘုရား၏ နောက်ထပ် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို သတိထားမိကြလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့သော ချုံခိုတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ၌ ဆဌမအဆင့် ပညာရှင်တစ်ဦးကပင် နေရာမှာပင် သေဆုံးသွားလိမ့်မည် ဖြစ်သည်။

“ ဝုန်းးးး “

အနောက်ဘက်မှ ရောက်ရှိလာသည့် နတ်ဆိုးနတ်ဘုရား၏ လက်သီးထိုးချက်သည် ဟင်းလင်းပြင် ဒိုင်းကာနှင့်သာ တိုက်မိသွားခဲ့သည်။

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည် “ လနတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေက ထင်ထားတဲ့အတိုင်းပဲ၊ ဒီလိုချုံခိုတိုက်ကွက်တွေကို တကယ်ကြီး သုံးတယ် “

“ ငါ့အတွက် ချိုးဖျက်လိုက် “

လျူချင်းထန်သည် ဒေါသထွက်သွားပုံရပြီး၊ ဒေါကြီးမောကြီး ဟိန်းဟောက်လာခဲ့သည်၊ နတ်ဆိုးနတ်ဘုရား ပုံရိပ်နှစ်ခုစလုံးသည် အဆုံးမဲ့ ခွန်အားကို ဖွင့်ထုတ်ကာ ရှုကျိုးကို ချေမွလာတော့၏။

သူသည် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်ပြီး၊ ယခုတွင် သူ၏ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးလာခဲ့သောကြောင့် ရှုကျိုး၏ ဟင်းလင်းပြင် ဒိုင်းကာတွင် ပြိုကွဲတော့မည့် လက္ခဏာများ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

“ ဟမ့် “

ရှုကျိုးမှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ စည်းတံဆိပ်များကို လျင်မြန်စွာ ရေးဆွဲလိုက်သည်။

ဘမ်းးး …..

ရွှေရောင် အလင်းတန်းတစ်ခုသည် လေထုထဲတွင် ပေါ်လာခဲ့ပြီး၊ လေတိုက်တိုင်း ကြီးမားလာခဲ့ကာ ဧရာမ ရွှေရောင်စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ အဆုံးသတ်ဖို့ အချိန်ကျပြီ “

ရှုကျိုး၏ အမူအရာမှာ အလွန်တရာ အေးစက်နေခဲ့သည်။ အပြင်ဘက်ကမ္ဘာမှ စစ်ကူများ မရောက်လာခင် အချိန်တွင် အထူးပြင်ဆင်မှုများ ပြုလုပ်ရန် ကြံရွယ်ထားသောကြောင့် ဤတိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရမည် ဖြစ်သည်။

ယခုတစ်ကြိမ်၌ သူသည် ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို အသုံးမပြုတော့ပေ၊ သို့သော် ၎င်းတို့အပြင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်သည် သူ့ထံတွင် ရှိနေခဲ့သည်။

“ ကြေးဝါဓား “

ရှုကျိုး၏ လက်ထဲတွင် ရွှေနက်ရောင် ဓားတိုတစ်ချောင်း ပေါ်လာခဲ့သည်။

လက်ကို ဝေ့ယမ်းလိုက်ရာ အဆိုပါ ဓားတိုသည် ကောင်းကင်ထက်သို့ တိုးဝင်သွားပြီး၊ ရွှေရောင် စည်းတံဆိပ်ကြီးနှင့် ပေါင်းစည်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မီတာ၁ထောင် ရှည်လျားသည့် ဧရာမ ဓားတစ်လက် မြေပြင်ပေါ်မှ တိုးထွက်လာခဲ့သည်။

၎င်းသည် ကြေးဝါဓားကို ရရှိခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ အစွမ်းအထက်ဆုံး တိုက်ကွက်ဖြစ်လာသည့် ကြေးဝါစီရင်ချက်ပင် ဖြစ်သည်။

၎င်း၏ စွမ်းအားသည် ဒြပ်စင်ငါးပါး နတ်နည်းစနစ်နှင့်ပင် ယှဥ်နေနိုင်ပြီး၊ သူ၏ အကြီးမားဆုံးသော ဝှက်ဖဲများအနက်မှ တစ်ခုဖြစ်သည်။

“ သွား “

ရှုကျိုးမှ လက်ညှိုးထိုး၍ ညွှန်လိုက်ရာ၊ မီတာတစ်ထောင် ရှည်လျားသည့် ဧရာမ ဓားကြီးထံတွင် အဆုံးမဲ့ ရောင်ခြည်များ ပေါက်ထွက်လာခဲ့ပြီး၊ အောက်သို့ ဆင်းသက်လာခဲ့ပြီး၊ ရွှေရောင်ပန်းများကလည်း နတ်ဒေဝါတစ်ပါး ဆင်းသက်လာသည်ကို ကြိုဆိုနေသည့်အလား လေထုထဲတွင် ပွင့်လန်းလာကြသည်။

အဆုံးမဲ့ ရွှေရောင် အလင်းတန်းသည် အောက်ဘက်တွင် ရှိနေသည့် နတ်ဆိုးနတ်ဘုရား ပုံရိပ်နှစ်ခုနှင့် လျူချင်းထန်တို့ကို ဖုံးလွှမ်းသွားခဲ့သည်။

“ အားးးးးးးး “

မကြာခင်မှာပင် ခြောက်ခြားဖွယ်ကောင်းသည့် အော်သံများသည် အဆုံးမဲ့ ရွှေရောင်အလင်းတန်းထဲမှ ပေါ်ထွက်လာခဲ့သည်။

ကြေးဝါစီရင်ချက်အောက်တွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်၊ လျူချင်းထန်မှာလည်း ချွင်းချက်မဟုတ်ပေ။ မည်မျှထက်မြက်နေပါစေ၊ မည်မျှပြိုင်ဘက်ကင်းနေပါစေ၊ ဤအခိုက်အတန့်တွင် သူသည် လျင်မြန်စွာ တိုက်စားခံနေရပြီး၊ သူ၏ အသွေးအသားများမှာလည်း ဆက်တိုက် ပွင့်ထွက်လာခဲ့သည်။

အလင်းတန်း ပျောက်ကွယ်သွားသည့် အချိန်တွင်

ရေကင်းမဲ့နေသည့် မီတာ ၁၀၀ကျယ်ဝန်းသော ငွေရေကန်နှင့် ၎င်း၏ ခြောက်ကပ်ကပ် ကန်ကြမ်းပြင်သာ ပေါ်ပေါက်လာခဲ့သည်။

လျူချင်းထန်၏ ခန္ဓာကိုယ်မှာမူ မည်သည့်အရိပ်အယောင်မှ မကျန်ခဲ့ပေ။

…

အန်းမြောင်ရွှယ်၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်၊ ယခုဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် သူမအတွက် အိမ်မက်တစ်ခု ဖြစ်နေသည့်အလား ခံစားနေခဲ့ရသည်။

ပထမဦးဆုံးအနေဖြင့် လျူချင်းထန်၏ သစ္စာဖောက်မှုဖြစ်ပြီး၊ ထို့နောက်တွင် ရှုကျိုးသည် ဒဏ္ဍာရီလာ ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို ပြသခဲ့ပြီး၊ ယခုတွင်ကား နတ်ဘုရားသဖွယ် တည်ရှိမှုကဲ့သို့ ဖြစ်နေသည့် မီတာ ၁ထောင် ရှည်လျားသည့် ဓားအလင်းတန်းကို ထုတ်ပြလာခဲ့သည်။

အမှန်တိုင်း ပြောရမည်ဆိုပါက ရှုကျိုးကြောင့် ဖြစ်ခဲ့ရသည့် အံ့ဩတုန်လှုပ်ရမှုများမှာ လျူချင်းထန်၏ သစ္စာဖောက်မှုထပ်ပင် ပိုမိုနက်ရှိုင်းနေခဲ့သည်။

ဒါက ပဥ္စမအဆင့်မှာပဲ ရှိနေသေးတာလား

မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ ရှုကျိုးက စတုတ္ထအဆင့်မှာပဲ ရှိနေသေးတာလေ။

စတုတ္ထအဆင့်မှာတင် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရင် ဆဌမ၊ သတ္တမ ဒါမှမဟုတ် အဌမအဆင့်ကို ရောက်သွားရင် သူက ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားမှာလဲ

၎င်းမှာ စဥ်းစားတွေးတော၍ စိတ်ကူးယဥ်ကြည့်အတွက်ရန်ပင် ခက်ခဲနေခဲ့သည်။

ထိုအခိုက်အတန့်တွင် အန်းမြောင်ရွှယ်သည် ရှုကျိုးက သူမကို ကြည့်နေသည်ကို မြင်တွေ့သွားကာ၊ တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်။

သူမသည် ရှုကျိုးအကြည့်ထဲတွင် ပါဝင်နေသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိနေခဲ့သည်။

အန်းမြောင်ရွှယ်သည် တွေဝေတုံ့ဆိုင်း မနေဝံ့တော့ဘဲ၊ အလောတကြီးဖြင့် ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ ကျွန်မ … ကျွန်မ ကျိန်ဆိုပါတယ်၊ ဒီ …. ဒီနေ့ မြင်ခဲ့၊ ကြားခဲ့ရတာတွေကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ပါဘူး၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကောင်းကင်ဘုံမှ ကျွန်မကို ဒဏ်ခတ်ပါစေသား “

ရှုကျိုးဘာတွေးနေလဲဆိုသည်ကို သူမ သိနေခဲ့သည်။

ဒြပ်စင်ငါးပါး နတ်နည်းစနစ်ဖြစ်စေ၊ ကြေးဝါစီရင်ချက်ဖြစ်စေ၊ မည်သည့်အရာကမှ ယခင်က ပြိုင်ပွဲများအတွင်းတွင် တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးချေ။

ရှုကျိုးက ၎င်းတို့ကို လျှို့ဝှက်ထားချင်သည်ဆိုသည်မှာ သိသာလွန်းလှသည်။

ရှုကျိုး၏ လုပ်ရပ်မှာ မှန်ကန်သည်ဟု ယူဆရမည် ဖြစ်သည်၊ ထိုကိစ္စများမှာ အလွန်တရာ အံ့ဩဖွယ်ကောင်းနေလျက်ရှိပြီး၊ ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် လနတ်ဘုရားဂိုဏ်းသည် မည်သည့်တန်ကြေးကိုပင် ပေးဆပ်ရပါစေ၊ သူ့နောက်သို့ တစ်သက်လုံး လိုက်နေကြမည် ဖြစ်သည်။

ယခု၌ ရှုကျိုးသည် စတုတ္ထအဆင့် နယ်ပယ်တွင်သာ ရှိနေသေးပြီး၊ အစစ်အမှန် သိုင်းပညာဌာန၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကမူ ဆဌမအဆင့်တွင်သာ ရှိနေခဲ့သည်။

…………………………………………………………………………………………………………………………………………

All Chapters