အခန်း (၄၆၃-၄၆၅)
Vol. 31 Ch. 463-465
အပိုင်း ( 463 )
အချိန်နဲ့ ဒီရေက လူကို မစောင့်ဘူး၊ စစ်မိန့်ကို မနာခံလို့ မရဘူး
ကြယ်ပြာဂြိုဟ် အဖွဲ့ချုပ်ကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ ယခင်က ရာစုနှစ်များအတွင်းတွင် အဆင့်၅ စစ်ပွဲလေးခုသာ ဖြစ်ပွားခဲ့သည်။
အဆိုပါ စစ်ပွဲတစ်ခုချင်းစီတိုင်းသည် လူသားမျိုးနွယ်စု၏ ရှင်သန်ရေး တိုက်ပွဲများ ဖြစ်ခဲ့ကြသည်။
၎င်းတို့အနက် ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံးမှာ ကမ္ဘာ့ကြယ်၏ ကျူးကျော်မှုဖြစ်ပြီး၊ ၎င်းမှာ ကမ္ဘာ့ကြယ်နှင့် ကြယ်ပြာဂြိုဟ်တို့၏ စကြာဝဠာများ ပေါင်းစည်းသွားသည့် လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က လူသားတို့၏ သိုင်းပညာနိုးထမှုမှာ အချိန်များစွာ မကြာသေးဘဲ ဆယ်စုနှစ်အနည်းမျှသာ ရှိသေးကာ ယနေ့ခေတ်ကဲ့သို့ သိုင်းပညာရှင် များစွာ မရှိခဲ့သည့်အတွက် သိုင်းပညာရှင်နှင့် စစ်သားအားလုံး စစ်တိုက်ခဲ့ကြရသည်။
ထိုအချိန်က အမြင့်ပိုင်းအဆင့်များသို့ ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည့် ပညာရှင်များ ရှိနေခဲ့သော်လည်း၊ ကြယ်ပြာဂြိုဟ်၏ အဓိက လုပ်ငန်းမှာ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု ဖြစ်နေခဲ့သောကြောင့် ထိုစစ်ပွဲတွင် နည်းပညာပိုင်းဆိုင်ရာ လက်နက်မျိုးစုံကို အသုံးပြုခဲ့ကြသည်။
သို့သော် ၎င်းတို့၏ အကျိုးသက်ရောက်မှုများမှာ ထင်သလောက် အားကောင်းမနေခဲ့ဘဲ၊ အဆင့်မြင့် ပညာရှင်မျာစွာ ကျဆုံးခဲ့ရပြီး၊ ဘီလီယံနှင့်ချီသည့် သာမန် စစ်သားများစွာ ကြေလွင့်ခဲ့ရသည်။
ထိုစစ်ပွဲတွင် ကောင်းကင်ဘုံ ပြိုကျကာ ကမ္ဘာမြေ ခွဲခြမ်းခံခဲ့ရပြီး၊ အလောင်းပေါင်းများစွာသည် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ လူသားပါရမီရှင် ထောင်ပေါင်းများစွာသည် ကမ္ဘာ့ကြယ်ဘက်သို့ ခေါ်ဆောင်ခံသွားရကာ သုတေသနအတွက် အသုံးပြုသည့် ပစ္စည်းကိရိယာများအဖြစ် အဆက်ဆံခံခဲ့ရပြီး၊ အရှက်ခွဲခြင်းနှင့် နှိပ်စက်ခြင်းများကို ခံယူခဲ့ကြရသည်။
၎င်းမှာ ဝမ်းနည်းနာကျင်ဖွယ်ကောင်းသည့် သမိုင်းကြောင်း ဖြစ်သည်။
မိသားစုတစ်ချင်းစီတိုင်းမှ ဘိုးဘေးများသည် ထိုလူများကို ကယ်ဆယ်ရန် ရည်ရွယ်ရင်း၊ စစ်ပွဲကိုပါ အဆုံးသတ်ရန်အလို့ငှာ စွန့်လွှတ်အနစ်နာခံရန်အတွက် ကမ္ဘာ့ကြယ်ဘက်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုကဲ့သို့သာ မဟုတ်ပါက သူတို့၏ နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံရေးဖြင့် သူတို့သည် ယခုလက်ရှိ အချိန်အထိ ကြယ်ပြာဂြိုဟ်ပေါ်တွင် နေနိုင်ခဲ့ကြမည် ဖြစ်သည်။
အလွန်မြင့်မားသော တန်ဖိုးတစ်ခုကို ပေးချေခဲ့ရပြီးသည့်နောက်တွင် ကြယ်ပြာဂြိုဟ်သည် ကမ္ဘာ့ကြယ်ကို နောက်ပြန်ဆုတ်သွားစေရန်အတွက် တွန်းအားပေးနိုင်ခဲ့သည်။
အကယ်၍ ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များကို ဤစကြာဝဠာက ငြင်းဆန်ခဲ့ခြင်းသာ မရှိခဲ့ဘူးဆိုပါက၊ ကြယ်ပြာဂြိုဟ်မှ တစ်ချို့သော သိုင်းပညာရှင်များသည် ရှေးခေတ်အပျက်အစီးများထံမှ အကျိုးအမြတ် ရကာ နဝမအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်နိုင်ခဲ့မည် မဟုတ်သကဲ့၊ ကြယ်ပြာဂြိုဟ်မှာလည်း ထိုစစ်ပွဲတွင် လုံးဝ ရှုံးနိမ့်သွားခဲ့ရမည် ဖြစ်သည်။
ထိုစစ်ပွဲ ပြီးဆုံးသွားခဲ့သည့်နောက်တွင် ကြယ်ပြာဂြိုဟ်သည် သိုင်းပညာရှင်များ၏ နိုးထမှုကို စိတ်အားထက်သန်စွာဖြင့် ဦးစားပေးခဲ့ပြီး၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများကို ဒုတိယနေရာတွင်သာ ထားထားခဲ့သည်။
လောကနိယာမ စည်းမျဥ်းများသာ မရှိခဲ့ဘူးဆိုပါက ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ နည်းပညာဆိုင်ရာ လက်နက်များ၏ စွမ်းအားက သိသိသာသာ လျော့ကျသွားမည် မဟုတ်ဘဲ၊ ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင်များမှာလည်း အဆိုပါ လက်နက်များကို အလွယ်တကူ ခုခံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ထိုအချိန်မှစ၍ ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင် ကဏ္ဍမှာ အလွန်တရာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
နောက်ပိုင်းတွင် အဆင့်၅ စစ်ပွဲ အကြိမ်အနည်းငယ်မျှ ဖြစ်ပွားခဲ့သော်လည်း ပထမတစ်ခါလောက် အခြေအနေ ဆိုးရွားမနေတော့ပေ၊ သို့သော် များပြားလှသော သေဆုံးမှုများနှင့် ဆုံးရှုံးမှုများ ရှိနေစဲပင် ဖြစ်သည်။
တစ်ခုတည်းသော သတင်းကောင်းမှာ ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင်များ သန်မာအားကောင်းလာလေလေ၊ ကြယ်ပြာဘက်မှ ပျက်စီးဆုံးရှုံးမှုများက တဖြည်းဖြည်း လျော့ကျသွားကာ၊ ကမ္ဘာ့ကြယ်ဘက်မှ ထိခိုက်ဆုံးရှုံးမှုများက ပိုမိုမြင့်တက်လာလေလေ ဖြစ်သည်။
သို့သော် အဆင့်၅ စစ်ပွဲအသက်ဝင်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းက ကမ္ဘာစစ်ဖြစ်ပွားလာခြင်းအား ညွှန်းဆိုနေသည်ဆိုသည်ကို သံသယဝင်စရာ မရှိပေ။
ထိုအချိန်တွင် သိုင်းပညာရှင်ဖြစ်စေ၊ စစ်သားများဖြစ်စေ၊ ကျောင်းသူကျောင်းသားများပင် ဖြစ်စေ၊ လူတိုင်း စစ်တိုက်ရတော့မည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းက လူသားတို့၏ သေရှင်ခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ဤအချိန်တွင် အားလုံး၏ အမူအရာများ လေးနက်သွားကြသည်။
ရှုကျိုးမှာလည်း ချွင်းချက်မဟုတ်ပေ၊ သို့သော် သူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေလျက်ရှိသည်၊ ငါသွားခဲ့တုန်းက အေးအေးဆေးဆေး ဖြစ်နေပါသေးတယ်ဟ။
တစ်လအတွင်းမှာပဲ ဘယ်လိုလုပ် စစ်ပွဲကြီး ဖြစ်လာရတာတုန်းဟ။
ထိုအချိန်တွင် စင်ပေါ်ရှိ ဝုချင်းရှန်မှ စကားဆက်ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ကမ္ဘာ့ကြယ်ဘက်က အဆင့်မြင့် ပညာရှင်တွေက သဘောတူညီချက် စာချုပ်ကို ချိုးဖောက်ပြီးတော့ ကွမ်ဟန်နယ်မြေကို ကျော်ဖြတ်လာခဲ့ပြီး၊ မြောက်ပိုင်းစစ်နယ်မြေထဲကို ဝင်လာပြီး ငါတို့စစ်တပ်ကို တိုက်ခိုက်သွားတယ် “
“ အဲ့ဒီနောက်မှာ ငါတို့ ဘက်က အဆင့်မြင့် ပညာရှင်တွေက စစ်မြေပြင်ဆီ ချက်ချင်း ရောက်လာခဲ့ပြီးတော့၊ အဆင့်မြင့် စစ်ပွဲကို စတင်ခဲ့တယ် “
သဘောတူညီချက် စာချုပ်ဟုခေါ်ဆိုသော အရာသည် လွန်ခဲ့သော နှစ်ရာဂဏန်းခန့်က ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီးသည့်နောက်တွင် ကြယ်ပြာဂြိုဟ်နှင့် ကမ္ဘာ့ကြယ် အရာရှိများက ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြသည့် စာချုပ်တစ်ခု ဖြစ်သည်။
စာချုပ်ပါ အချက်အလက်များမှာ အဆင့်နိမ့်နှင့် အဆင့်နိမ့်၊ အလယ်အလတ်နှင့် အလယ်အလတ်ချင်း၊ အဆင့်မြင့်နှင့် အဆင့်မြင့်နယ်ပယ်များသာ တိုက်ခိုက်ရမည်ဟု သဘောတူထားကြခြင်း ဖြစ်သည်။
လက်မှတ်ရေးထိုးထားခဲ့သော်လည်း ကမ္ဘာ့ကြယ်မှ ပညာရှင်များသည် ၎င်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာခဲ့သည်။
အဆင့်၅ စစ်ပွဲများ ဖြစ်ပေါ်လာခဲ့ရသည့် အကြောင်းအရင်းများသည် ကမ္ဘာ့ကြယ်ဘက်မှ အဆင့်မြင့် ပညာရှင်များက ကြယ်ပြာဂြိုဟ်၏ အလယ်အလတ်နှင့် အဆင့်နိမ့်တပ်ဖွဲ့များကို တိုက်ခိုက်လာခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ရသည်ချည်းသာ ဖြစ်သည်။
၎င်းမှာ ကြယ်ပြာဂြိုဟ်၏ ပညာရှင်များကို ဒေါသထွက်သွားစေခဲ့သော်လည်း မည်သည့်အရာမှ မဖြစ်ပေါ်လာစေခဲ့ပေ၊ ကမ္ဘာ့ကြယ်၏ အလုံးစုံ အင်အားမှာ ကြယ်ပြာဂြိုဟ်ထပ် များစွာသာလွန်နေခဲ့သောကြောင့် ခံစစ်စည်းဖြင့် ခုခံနေခဲ့ရုံသာ တတ်နိုင်ခဲ့ကြသည်။
ရှုကျိုးသည် ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည် “ ကမ္ဘာ့ကြယ်ဘက်က သဘောတူစာချုပ်ကို နောက်ဆုံးတစ်ခေါက် ချိုးဖောက်ခဲ့တာက လွန်ခဲ့တဲ့နှစ်၁၀၀ကျော်ကလေ၊ ဘာလို့ ဒီတစ်ခါမှာ ထပ်ပြီးတော့ ချိုးဖောက်လာရတာလဲဗျ “
ကမ္ဘာ့ကြယ်ဘက်မှ စာချုပ်ချိုးဖောက်ခြင်းသည် ကမ္ဘာစစ်ဆင်နွှဲမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ထို့အပြင် ကမ္ဘာစစ်ဆိုသည်မှာလည်း ကမ္ဘာ့ကြယ်ကိုပါ လှုပ်ခတ်စေနိုင်သောကြောင့် ကမ္ဘာ့ကြယ်သည် ကမ္ဘာစစ်ကို အလွယ်တကူ စတင်ကြမည် မဟုတ်ပေ။
ကမ္ဘာစစ် ဆင်နွှဲလာရသည့် အကြောင်းအရင်းတစ်ခုခု ရှိကိုရှိနေမည် ဖြစ်သည်။
ဝုချင်းရှန်သည် ရှုကျိုးကို ငေးကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ငါသိရသလောက်အရဆိုရင်တော့ ကမ္ဘာ့ကြယ်ဘက်က စစ်အုပ်စုက အသာစီးရသွားလို့ပဲ ဖြစ်သင့်တယ် “
“ ကမ္ဘာ့ကြယ်ဘက်မှာက အဖွဲ့ ဆယ့်နှစ်ဖွဲ့ရှိတယ်၊ ခြောက်ဖွဲ့စီက စစ်အုပ်စုနှင့် ရှေးရိုးစွဲအုပ်စုဆိုပြီးတော့ အဖွဲ့ကွဲနေကြတယ်။ အရင်တုန်းက ရှေးရိုးစွဲအုပ်စု သုံးခု ဖယ်ရှားခံလိုက်ရတာကြောင့် စစ်အုပ်စုတွေပဲ ကျန်ခဲ့လုနီးပါး ဖြစ်ခဲ့တယ် “
“ ဒါပေါ့၊ မင်းတို့ အများကြီး တွေးပူနေဖို့ မလိုဘူး “
ဝုချင်းရှန်မှ ဆက်ပြောလာခဲ့သည် “ ဒီစစ်ပွဲကတော့ အရင်အကြိမ်ကဟာတွေနဲ့ လုံးဝမတူဘူး၊ ငါတို့ကြယ်ပြာဂြိုဟ်ရဲ့ သိုင်းပညာရှင်တွေက အရင်တုန်းကထပ် အများကြီး ပိုသာနေခဲ့ပြီ။ ကမ္ဘာ့ကြယ်က ငါတို့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် အနည်းငယ်မျှ စိတ်ဓာတ်တက်ကြွသွားကြသည်။
အနီးစပ်ဆုံး ကမ္ဘာစစ်သည် လွန်ခဲ့သော လွန်နှစ်ရာကျော်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုခေတ်က ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင်များသည် ယနေ့ခေတ်လောက် ပေါများကြွယ်ဝမနေခဲ့ပေ။
ယနေ့ခေတ် ကြယ်ပြာဂြိုဟ်ထံတွင် ယခင်ကထပ် အစွမ်းထက်သည့် အစွမ်းထက် တည်ရှိမှုများနှင့် များပြားလွန်းလှသော အလယ်အလတ်အဆင့် သိုင်းပညာရှင်များကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပြီး၊ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်နီးပါးသည် သိုင်းပညာရှင်များ ဖြစ်နေကြပြီ ဖြစ်သည်။
ဤမျှပမာဏကြီးမားသော သိုင်းပညာရှင်များက အပြည့်အဝ လှုပ်ရှားလာမည်ဆိုပါက ကမ္ဘာ့ကြယ်ကိုပင် လှုပ်ခတ်သွားစေနိုင်ပေသည်။
ဝုချင်းရှန် တလေးတနက် ပြောကြားလာခဲ့သည် “ အားလုံးပဲ၊ ကိုယ့်ကိုကိုယ် ပြင်ဆင်ထားကြပါ၊ မနက်ဖြန်ကစပြီးတော့ အောင်ပွဲဆင်ဖို့အတွက် အဖွဲ့တွေက ကွမ်ဟန်ကို သွားကြရမယ်။ ငါတို့ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်က ကွမ်ဟန်ကို ဖိနှိပ်ပြီးတော့ ကွမ်ဟန်ကို လွတ်မြောက်အောင် လုပ်ဖို့ တည်ထောင်ထားခဲ့တာပဲ၊ အဲ့တာက ငါတို့ရဲ့ မစ်ရှင်၊ ငါတို့ရဲ့ ကံကြမ္မာပဲ။ ငါတို့က အနိုင်ရရမယ်၊ ကွမ်ဟန်က နိုင်ရမယ်၊ လူသားမျိုးနွယ်စုက နိုင်ရမယ် “
“ အောင်ပွဲဆင်မယ် “
အားလုံးသည် မတ်တပ်ထရပ်ကာ လက်သီးလက်မောင်းတန်း၍ အော်ဟစ်ကြုံးဝါးလာကြသည်။
စိတ်ဓာတ်များ တက်ကြွနေကြသည်၊ ဝုချင်ရှန်းပြောခဲ့သည့်အတိုင်းပင် ကြယ်ပြာဂြိုဟ်သည် ယခင်ကလောက် အားနည်းမနေတော့ပေ။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ရရှိခဲ့သည့် အရှက်ခွဲခံရမှုမျိုးက ထပ်မံ၍ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
ရှုကျိုး၏ စိတ်နှလုံးမှာလည်း အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ သူသည် တိတ်တဆိတ် လက်သီးဆုပ်ကာ တွေးတောစဥ်းစားနေတော့သည် “ လူသားမျိုးနွယ်စုက နိုင်ရမယ် “
ကံဆိုးစွာဖြင့် သူသည် အမြင့်ပိုင်း အဆင့်သို့ မရောက်ရှိသေးပေ၊ ထို့ကြောင့် အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍတွင် မပါဝင်နိုင်သေးပေ။
……………………………………………………………………………………………………………….……………………….
အပိုင်း ( 464 )
အချိန်နဲ့ ဒီရေက လူကို မစောင့်ဘူး၊ စစ်မိန့်ကို မနာခံလို့ မရဘူး ၂
ဤကဲ့သို့သော စစ်ပွဲကြီးအတွက် နဝမအဆင့်နယ်ပယ်တွင် ရှိနေသည့် အစွမ်းထက် တည်ရှိမှုများကသာလျှင် စစ်ပွဲ၏ ဦးတည်ရာကို အနည်းငယ်မျှ လွှမ်းမိုးနိုင်ပေသည်။
( စစ်ပွဲရဲ့ရလဒ်ကို အပြောင်းအလဲဖြစ်စေနိုင်တယ်ဆိုတဲ့ သဘောမျိုးပါ )
“ ငါပိုသန်မာလာရမယ်၊ ဆက်တိုက်သန်မာ အားကောင်နေမှ ဖြစ်မယ် “
ရှုကျိုးသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်နေရင်းဖြင့် စိတ်ခံစားများ လှုပ်ခတ်နေလျက်ရှိသည်။
…
အစည်းအဝေး ပြီးဆုံးသွားခဲ့သည့်နောက်တွင် ရှုကျိုးသည် ရုံးခန်းတွင် ဝုချင်းရှန်ကို သွားရှာကာ စကားပြောနေတော့သည် “ ကျောင်းအုပ်ကြီး၊ ကျွန်တော်က ကွမ်ဟန်ကို မသွားခင် အဆင့်၅ကို ထိုးဖောက်ချင်ပါတယ်။ အဲ့တာက ရက်နည်းနည်းလောက်တော့ ကြာနိုင်ပါတယ် “
“ အို့ “ ဝုချင်းရှန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ မင်းက အဆင့်တက်တော့မှာလား “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။ ယခုလက်ရှိ အချိန်၌ သူသည် နှောင်းပိုင်း စတုတ္ထအဆင့်တွင်သာ ရှိနေသေးပြီး၊ စစ်ပွဲအတွက် များစွာအကျိုးပြုနိုင်ဦးမည် မဟုတ်ဘူး။
သို့သော် သူက ပဥ္စမအဆင့်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းက လုံးဝကွဲပြားသွားမည် ဖြစ်သည်။
ပဥ္စမအဆင့်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူသည် ကလီစာငါးခု နတ်သန္ဓေသားကို ဖွဲ့စည်းနိုင်ပြီး၊ ဓာတ်ကြီးငါးပါး ပေါင်းစပ်ခြင်းနှင့် ယင်ယန်ကိုလည်း ပေါင်းစည်းစေနိုင်မည်ဖြစ်ကာ၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း သိသိသာသာ တိုးတက်သွားမည် ဖြစ်သည်။
ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ၊ စစ်ဌာနဆီ မင်းရဲ့ အခြေအနေကို သတင်းပို့လိုက်မယ်၊ သူတို့က နားလည်ပေးမယ်ဆိုတာ သေချာတယ် “
ပုံမှန်အားဖြင့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ တတိယအဆင့်အထက်မှ ကျောင်းသူကျောင်းသား အကုန်လုံးသည် အရန်တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ ဤကဲ့သို့သော စစ်ပွဲကြီးတွင် မည်သူကမှ ပျက်ကွက်ခွင့်မရှိပေ။
သို့သော် ပါရမီရှင်များကမူ အထူးအလေးပေးမှုများ ရရှိလေ့ရှိတတ်သည်၊ အထူးသဖြင့် ရှုကျိုးကဲ့သို့သော လူများဖြစ်ပြီး၊ လူသားမျိုးနွယ်စုအတွက် များစွာအကျိုးပြုခဲ့သည့် လူတစ်ဦးသည် ထိုကဲ့သို့သော အလေးပေးမှုမျိုးကို သေချာပေါက် ရယူနိုင်ပေသည်။
“ ဒါပင်မဲ့ အများဆုံးအနေနဲ့ လဝက်လောက်အထိပဲ အချိန်ဆွဲပေးထားလို့ရမယ် “ ဝုချင်းရှန်မှ လေးလေးနက်နက်ပြောဆိုလာခဲ့သည် “ လဝက်ပြည့်သွားရင်တော့ ဘာကိစ္စပဲ ရှိနေပါစေ၊ မင်းက ကွမ်ဟန်ကို လာကိုလာမှဖြစ်မယ်၊ စစ်မိန့်ကို မနာခံလို့ မရဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ကျောင်းအုပ်ကြီး၊ ကျွန်တော် နားလည်ပါတယ် “
ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ချက်ချင်း လှည့်ထွက်သွားတော့သည်။ ယခုလက်ရှိ သူ့အတွက် အချိန်သည် ရွှေဖြစ်ပြီး၊ သူသည် ပဥ္စမအဆင့်သို့ တတ်နိုင်သမျှ အမြန်ဆုံး အဆင့်ထိုးဖောက်ရမည် ဖြစ်သည်။
ရှုကျိုးထွက်သွားခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် လျူချင်းယွမ်ရောက်ရှိလာခဲ့သည်။
သို့သော် ဤအချိန်၌ လျူချင်းယွမ်၏ မျက်နှာပေါ်တွင် မည်သည့်ပျော်ရွှင်မှုမှ ရှိမနေခဲ့ပေ။
သူသည် ဝုချင်းရှန်ကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ ကမ္ဘာ့ကြယ်ဘက်ကနေ ရုတ်တရက်ကြီး စစ်ကြေညာလာခဲ့တာက အဲ့တာက ကြောင့်များလား “
ဝုချင်းရှန်သည် သူ့ကို ကြည့်လာခဲ့သော်လည်း စကားတစ်ခွန်းမှ မပြောလာခဲ့ပေ။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်မှသာလျှင် သူသည် သက်ပြင်းချကာ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ငါလည်း သံသယဖြစ်နေတာတွေ ရှိတယ်။ ကမ္ဘာ့ကြယ်က နှစ်၂၀၀အတွင်းမှာ ဒီလိုစစ်ပွဲကြီးကို စမှာမဟုတ်ဘူး။ ဒီတစ်ခါ သဘောတူညီချက်တွေကို ချိုးဖောက်လာတာက စစ်အုပ်စုတွေ အသာစီးရသွားလို့ မဟုတ်ဘဲ အဲ့လူ နိုးထလာလို့ ဖြစ်နေနိုင်တယ် “
ကမ္ဘာ့ကြယ်ဘက်၌ နဝမအဆင့်ကို ကျော်လွန်သည့် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး တည်ရှိနေခဲ့သည်။
နဝမအဆင့်ကို ကျော်လွန်သည်ဆိုသည်မှာ နဝမအဆင့် အထွတ်အထိပ် မဟုတ်ဘဲ၊ ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုဖြစ်သည့် ပေါင်းစပ်ဒြပ်စင်နယ်ပယ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
“ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက စကြာဝဠာကျော်ဖြတ်လာခဲ့ပြီးတော့ ငါတို့ ကြယ်ပြာဂြိုဟ်က အဆင့်၉ ပညာရှင်တွေ ဒါဇင်နဲ့ချီပြီးတော့ ဝိုင်းရံတိုက်ခိုက်ခဲ့ရတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။ နိယာမတွေရဲ့ ဖိနှိပ်မှုတွေ ရှိနေတာတောင်မှ သူက ငါတို့ဘက်က အဆင့်၉ပညာရှင် တစ်ဒါဇင်ကျော်ကို သတ်နိုင်ခဲ့သေးတယ် “
လျူချင်းယွမ်သည် ထိုဖြစ်ရပ်များကို ကိုယ်တိုင်ကြုံတွေ့ မသိမြင်ခဲ့ရသော်လည်း၊ သမိုင်းစာအုပ်ထဲတွင် ရေးထားခဲ့သည့် စကားလုံးများကတင် သူ့ကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
ပေါင်းစပ်ဒြပ်စင် နယ်ပယ်နှင့် နဝမအဆင့်တို့ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။
နိယာမ စည်းမျဥ်းဖိနှိပ်မှုက အလွန်တရာကြောက်မက်ဖွယ်ကောင်းပြီး၊ နယ်ပယ်မြင့်လေလေ၊ ဖိနှိပ်မှုက ပိုအားကောင်းလေလေဖြစ်သည်ကို သိထားရမည် ဖြစ်သည်။ ထိုနယ်ပယ်၏ တစ်ရာခိုင်နှုန်းထပ် မပိုသော စွမ်းအားကိုသာ ထုတ်သုံးနိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ဖြစ်နေခဲ့လျှင်တောင်မှ ပြိုင်ဘက်သည် နဝမအဆင့် တစ်ဒါဇင်ကျော်ကို အလွယ်တကူ သတ်သွားနိုင်သေးသည်။
“ ဒါပင်မဲ့ အဲ့ဒီတိုက်ပွဲမှာပဲ လောကနိယာမ စည်းမျဥ်းတွေကို အတင်းအကြပ်ချိုးဖောက်ခဲ့တဲ့အတွက် အဲ့လူက ဒဏ်ရာ အပြင်းအထန် ရသွားပြီးတော့ အိပ်ပျော်သွားခဲ့တယ် “
လျူချင်းယွမ်မှ ပြောလာခဲ့သည် “ အခုဆိုရင် နှစ်ရာပေါင်းများစွာ ကြာနေပြီလေ၊ ဒါပင်မဲ့ သူတို့နဲ့ ပတ်သက်တဲ့ ဘာသတင်းကိုမှ မကြားခဲ့ရဘူးလေ။ သူက ဒီတစ်ကြိမ်မှာ တကယ်ကြီး နိုးလာခဲ့တာလား “
ဝုချင်းရှန်သည် အသာအယာ ခေါင်းခါ၍ တလေးတနက်ဖြစ်နေသည့် လေသံမျိုးဖြင့် ပြောလာခဲ့သည် “ တကယ်လို့ အဲ့လူက တကယ်နိုးထလာမယ်ဆိုရင်၊ ပြဿနာက ကြီးသွားလိမ့်မယ်။ နောက်တစ်ခါ သူတို့ လှုပ်ရှားလာတဲ့အချိန်ကျရင် သူတို့က နိယာမစည်းမျဥ်းတွေရဲ့ ဖိနှိပ်မှုကို ကျော်လွှားနိုင်မဲ့ နည်းလမ်းတွေကို သေချာပေါက် ရှာကြမှာပဲ။ အဲ့အချိန်ကျရင် အဆင့်၉ အထွတ်အထိပ် ပညာရှင်တွေကတောင် သူတို့ကို မတားနိုင်လောက်တော့ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူချင်းယွမ်၏ အမူအရာမှာလည်း တလေးတနက်ဖြစ်သွားခဲ့သည်။
အကယ်၍ ထိုအတိုင်းသာ ဖြစ်နေမယ်ဆိုပါက ဤစစ်ပွဲသည် လွန်ခဲ့သော နှစ်တစ်ရာကျော်က ဖြစ်ပွားခဲ့သည့် စစ်ပွဲထပ် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။
“ စစ်ဌာနရဲ့ အကြီးအကဲကရော ဘာပြောလဲဗျ “ ဟုလျူချင်းယွမ်မှ မေးမြန်းလာခဲ့သည်။
“ သူတို့ကလည်း ဒီကိစ္စကို စစ်ဆေးအတည်ပြုနေကြတယ်။ တကယ်လို့ အဲ့တာကသာမှန်နေမယ်ဆိုရင်၊ နောက်ဆုံးစစ်ပွဲကိုလည်း ထည့်သွင်းစဥ်းစားရလိမ့်မယ် “ ဟုဝုချင်းရှန်မှ ပြန်ပြောလာခဲ့သည်။
“နောက်ဆုံးစစ်ပွဲလား “ လျူချင်းယွမ်၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
လူသားမျိုးနွယ်စု၏ ရှင်သန်မှုအတွက် အဆုံးသတ် တိုက်ပွဲ ……..
အဆင့်မြင့် ပညာရှင် အကုန်လုံးသည် သူတို့၏ အသက်များကို စတေးကာ လူသားပါရမီရှင် မျိုးစေ့များအတွက် လမ်းကြောင်းတစ်ခု ဖောက်လုပ်ပေးကြမည် ဖြစ်သည်။
တစ်နည်းဆိုရသော် အဆင့်မြင့် ပညာရှင်များက ကြယ်ပြာဂြိုဟ်ပေါ်တွင် ကမ္ဘာ့ကြယ်သားတို့နှင့် တိုက်ခိုက်နေကြသည့် အချိန်တွင် သူတို့သည် လူသားပါရမီရှင်များကို ကြယ်တာရာယာဥ်အတွင်းသို့ ထည့်ကာ စကြာဝဠာထဲသို့ ပို့လွှတ်လိုက်မည် ဖြစ်သည်။
၎င်းမှာ ရွေးချယ်စရာ မရှိတော့သည့်အချိန်တွင် မဖြစ်မနေပြုလုပ်ရမည့် လမ်းကြောင်းတစ်ခုဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်စုများ နေထိုင်ရာ ကြယ်ပြာဂြိုဟ်တည်ရှိနေသည့် စကြာဝဠာထဲတွင် သက်ရှိများ ရှင်သန်နေထိုင်နိုင်သည့် ဂြိုဟ်များကို ရှာမတွေ့ခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သေနေ့ကို ထိုင်စောင့်နေခြင်းထပ် စကြာဝဠာထဲသို့ ကြယ်တာရာယာဥ်ကို စေလွှတ်လိုက်ခြင်းကသာလျှင် ပိုကောင်းမည် ဖြစ်သည်။
“ အများကြီး တွေးပူနေဖို့ မလိုပါဘူး “ ဝုချင်းရှန်မှ အပြုံးဖြင့် ပြောလာခဲ့သည် “ အဲ့တာတွေ အကုန်လုံးက မှန်းဆချက်တွေချည်းပါပဲ။ တကယ်လို့ အဲ့ပုဂ္ဂိုလ်က အမှန်တကယ် နိုးလာခဲ့မယ်ဆိုရင်တောင်မှ ဒီနေ့ခေတ် လူသားမျိုးနွယ်စုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ဆိုရင် သူတို့ကို ရင်ဆိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး “
လျူချင်းယွမ်မှ ခေါင်းငြိမ့်၍ ပြန်ပြောလာခဲ့သည် “ အမှန်ပဲ၊ အခု ကျွန်တော်လည်း သွားပြီးတော့ ကျင့်ကြံလိုက်ဦးမယ်၊ ကျွန်တော်ရဲ့ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်အောင် လုပ်ထားရမယ် “
သူသည် သက်ပြင်းလာခဲ့သည် “ ဒီလိုစစ်ပွဲ အကြီးစားမျိုး မဖြစ်ခဲ့တာက တော်တော်လေးကို ကြာနေပြီ။ တစ်ယောက်ယောက်ကတော့ …… “
…
ကျောင်းအုပ်ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် သူ့အတွက် အစီအစဥ်များကို သူကိုယ်တိုင် စီစဥ်ရေးဆွဲနေတော့သည်။
“ အဆင့်၅ကို ရောက်အောင်တက်ရမယ် “
ရှုကျိုးထံတွင် ရေတိုရည်မှန်းချက် နောက်တစ်ခု ရှိလာခဲ့ပြီဖြစ်ပြီး၊ သူသည် ပဥ္စမအဆင့်သို့ မရောက်မချင်း မည်သည့်နေရာကိုမှ သွားမည် မဟုတ်ပေ။
သူ့ကိုယ်ပွား၏ ကူညီမှုနှင့်သာဆိုပါက လဝက်ဆိုသော အချိန်မှာ လုံလောက်နေသင့်ပေသည်။
“ ကိုယ်ပွားရဲ့ ထောက်ပံ့မှုအပြင် ငါ့ရဲ့ တိုးတက်မှု အမြန်နှုန်းကိုလည်း အဆင့်မြှင့်မှဖြစ်မယ် “
ရှုကျိုး အတွေးနက်သွားတော့သည် “ အဆင့်မြှင့်မယ်ဆိုမှ ငါ့ရဲ့ ကောင်းကင်ဖြိုခွင်းဆေဘာသိုင်းနဲ့ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းတွေကလည်း အဆင့်၉ အထွတ်အထိပ်ကို ရောက်နေပြီ၊ အဲ့တာတွေကိုလည်း အဆင့်မြှင့်ရဦးမယ် “
ထို့အပြင် ပို၍အရေးကြီးသည်မှာ သူသည် သူ့ထံတွင် တိုက်ခိုက်ရေး နည်းစနစ်များ ပြတ်လပ်နေသည်ဟု ခံစားနေရခြင်းပင် ဖြစ်သည်။
ပုံမှန်အားဖြင့် ပဥ္စမအဆင့်နယ်ပယ်မှ ပညာရှင်များသည် အနည်းဆုံးအနေဖြင့် တိုက်ခိုက်ရေးနည်းစနစ်ငါးခုအထိ ပိုင်ဆိုင်ထားလေ့ရှိသည်။
သို့သော် ရှုကျိုးကမူ နည်းစနစ်နှစ်မျိုးတည်းကိုသာ ပိုင်ဆိုင်ထားခဲ့သည်။
စိတ်ဝိညာဥ်ကျင့်ကြံရေး နည်းစနစ်များကမူ သီးခြားလေ့ကျင့်နေရန် မလိုအပ်ပေ။ စိတ်ဝိညာဥ်စွမ်းအား အားကောင်းလာသည်နှင့်အမျှ စိတ်ဝိညာဥ်ဆိုင်ရာ ပညာရပ်များကလည်း လိုက်ပါ၍ အားကောင်းလာမည် ဖြစ်သည်။
တိုက်ခိုက်ရေး နည်းစနစ် အနည်းငယ်မျှ သိထားသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်၍လည်း မရပေ။
သူ၏အဆင့်တက်မှု အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ တစ်ခြားလူများကမူ နယ်ပယ်ထိုးဖောက်ရန် ရုန်းကန်နေရသောကြောင့် တိုက်ခိုက်ရေးနည်းစနစ်များကို ပြောင်းလဲ၍ အာရုံစိုက်လေ့ရှိတတ်သည်။
သို့သော် ရှုကျိုးအတွက်ကား ကိုယ်ပွား၏ ထောက်ပံ့မှုကြောင့် ကျင့်ကြံနေစရာ မလိုတော့ဘဲ နှစ်ဝက်အတွင်းမှာပင် ပထမအဆင့်မှ စတုတ္ထအဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် သူသည် တစ်ခြားသော တိုက်ခိုက်ရေး နည်းစနစ်များကို လေ့ကျင့်နေရန် အချိန်မရခဲ့ပေ။
“ တိုက်ခိုက်ရေး နည်းစနစ် အသစ်တွေကို သင်ယူဖို့ အချိန်ကျပြီ “
ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် ကျောင်း၏ သိုင်းပညာရပ် ခန်းမဆီသို့ ဦးတည်သွားတော့လေသည်။
…
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ သိုင်းပညာရပ် ခန်းမသည် သုံးထပ်တိုက် အဆောက်အဦးတစ်ခု ဖြစ်သည်။
ထိုခန်းမ၏ အုပ်ချုပ်ရေးမှူးသည် အကြီးအကဲချန်းဟု လူအများက သိထားသည့် ဆံပင်ဖြူ အကြီးအကဲတစ်ဦး ဖြစ်သည်။
“ ဟယ်လို၊ ကျွန်တော်က တိုက်ခိုက်ရေး နည်းစနစ်တွေ လဲလှယ်ဖို့ ရောက်လာတာပါ “ ရှုကျိုးသည် ခန်းမအတွင်းပိုင်းကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ တိုက်ခိုက်ရေး နည်းစနစ် လဲလှယ်တာအတွက် စည်းမျဥ်းစည်းကမ်းတွေ ရှိလားဗျ “
ဤသည်မှာ ကျောင်းသို့ ရောက်ခဲ့သည့် အချိန်မှစ၍ သူသည် ဤခန်းမသို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲချန်းမှ စကားပြောလာခဲ့သည် “ ပထမထပ်က အနိမ့်ပိုင်း သုံးဆင့်အတွက်ပဲ၊ ဒုတိအထပ်မှာတော့ အလယ်အလတ်အဆင့် တိုက်ခိုက်ရေး နည်းစနစ်တွေရှိတယ်၊ တတိယအထပ်မှာတော့ အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်တွေ ရှိတယ် “
“ အလယ်အလတ်အဆင့် တိုက်ခိုက်ရေး နည်းစနစ်တွေက အကျိုးပြုအမှတ် ၅၀၀၀ကနေ ၃၀၀၀၀အထိ ပေးရမယ် “
“ အဆင့်မြင့် နည်းစနစ်တွေအတွက်ကတော့ အကျိုးပြုအမှတ် ၅သောင်းကနေ ၁သိန်းအထိ ပေးရမယ် “
“ သိုင်းပညာရပ် ခန်းဆိုတာက သိုင်းပညာ တက္ကသိုလ်တစ်ခုရဲ့ အသက်သွေးကြောပဲ၊ ကျောင်းအတွက် အရေးကြီးတယ်၊ မင်းလွတ်လွတ်လပ်လပ် ကြည့်လို့ရတယ်၊ ဒါပင်မဲ့ ပျက်စီးမှု မဖြစ်အောင်တော့ ရှောင်ကြဥ်ပေးရမယ် “
သိုင်းပညာရပ် ခန်းမသည် တက္ကသိုလ် အရင်းအမြစ်၏ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ပုံမှန်အားဖြင့် သူတို့၏နယ်ပယ်နှင့် ကိုက်ညီနေသည့် အလွှာများသို့သာ ဝင်ရောက်နိုင်ကြပြီး၊ ထိုကဲ့သို့ ဝင်ရောက်ရန်အတွက် လျှောက်လွှာအရင်တင်ရပေသည်။
သို့သော် ရှုကျိုးကမူ ပြောင်မြောက်သော စွမ်းဆောင်ရည်များကို ချပြနိုင်ခဲ့သောကြောင့် ထူးထူးခြားခြား အလေးပေးခံနေခဲ့ရသည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲချန်း “
သူသည် ခန်းမအတွင်းသို့ ချက်ချင်း လျှောက်လှမ်းသွားတော့သည်။
သိုင်းပညာရပ် ခန်းမ၏ ပထမထပ်သည် စာကြည့်တိုက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး၊ စင်များပေါ်တွင် တလက်လက်တောက်ပနေသည့် စာအုပ်များဖြင့် ပြည့်နှက်နေခဲ့သည်။
မှတ်ဉာဏ်ဖြင့် တိုက်ရိုက်ပေါင်းစပ်နိုင်သည့် အမွေအနှစ် သိုင်းပညာရပ်များ ရှိနေသည့်အပြင် ကိုယ်တိုင်လေ့လာ ကြိုးစားအားထုတ်ရမည့် သိုင်းပညာရပ်များလည်း ရှိနေခဲ့သည်။
သို့ရာတွင် ရှုကျိုးမှ စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်လိုက်ရာ၊ သူသည် ၎င်းတို့အားလုံးထဲတွင် သင်ကြားရေး ဗီဒီယိုများ ပါဝင်နေလျက်ရှိပြီး၊ ကျင့်ကြံသူများ၏ ကျင့်ကြံရေး လမ်းကြောင်းအား ပို၍လွယ်ကူချောမွေ့စေရန် ကူညီပေးထားသည်ကို မြင်တွေ့သွားခဲ့သည်။
ရှုကျိုးသည် လှည့်ပတ်ကြည့်ရှုနေကာ ဒုတိယထပ်သို့ ဦးတည်သွားတော့သည်။
အနိမ့်ပိုင်းသုံးဆင့်မှ ပညာရပ်များသည် သူ့အတွက် အရေးမပါတော့ပေ။
ဒုတိယထပ်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ၎င်း၏ တည်ဆောက်မှုပုံစံက ပထမထပ်နှင့် ကွဲပြားနေသည်ကို မြင်တွေ့လိုက်ရသည်။
ဒုတိယအထပ်သည် တလက်လက်တောက်ပနေသည့် ရွှေရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေသည့် ဟင်းလင်းပြင်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ၊ ရှုကျိုးမှ အလင်းတန်းတစ်ခုဆီသို့ လက်ဆန့်တန်းလိုက်သည့် အချိန်တွင် သိုင်းပညာရပ် ပုံရိပ်များသည် သူ့အရှေ့တွင် ချက်ချင်းပေါ်လာခဲ့သည်။
“ ဝုန်းးးး “
ယခုကဲ့သို့ပင် ရှုကျိုး၏ အရှေ့ဘက်တွင် မီတာ ရာပေါင်းများစွာ အရွယ်ရှိ ဧရာမ ဓားတစ်လက်ပေါ်လာခဲ့ပြီး၊ အရှေ့သို့ ခုတ်ပိုင်းလာခဲ့ကာ ကျယ်လောင်သော အသံတစ်သံကို ထုတ်လွှတ်လာခဲ့သည်။
“ အဲ့တာက ……………… နတ်စွမ်းရည်လား “
ရှုကျိုးသည် အတော်အတန် အံ့ဩမှင်သက်သွားခဲ့သည်။ သိုင်းပညာရပ် ခန်းမ၏ ဒုတိယအထပ်ရှိ သိုင်းပညာရပ်များ သရုပ်ပြမှုသည် နတ်စွမ်းရည်များမှတစ်ဆင့် ပြသခြင်း ဖြစ်သည်။
ဤနည်းစနစ်သည် သိုင်းပညာရှင်များအား သိုင်းပညာရပ်များ၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း သိမြင်သွားစေခဲ့သည်။
ဤကဲ့သို့ အံ့ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးကို ဖန်တီးရန်နှင့် ၎င်းတို့ကို ထပ်ခါတလဲလဲ ပြသနိုင်ရန်အတွက် ဤနတ်စွမ်းရည်များကို အသုံးပြုထားသည့် ပိုင်ရှင်သည် အဆင့်မြင့် ပညာရှင်တစ်ဦးသာ ဖြစ်နေလိမ့်မည် ဖြစ်သည်။
သိုင်းပညာရပ်ခန်းမက သိုင်းပညာ တက္ကသိုလ်အတွက် အရေးကြီးနေရခြင်းမှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။ ဤကဲ့သို့သော စီစဥ်မှုမှာ အမှန်တကယ် ထူးခြားလှပေသည်။
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ စတင်၍ စူးစမ်းလေ့လာနေတော့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 465 )
တစ်မနက်တည်းဖြင့် ပဥ္စမအဆင့်သို့ ရောက်ရှိသွားခြင်း၊ အခုမှပဲ ငါ့ကိုယ်ငါ တကယ်သိတော့တယ်
အလယ်အလတ်အဆင့် နယ်ပယ်မှ သိုင်းပညာရှင်များအတွက် သိုင်းပညာရပ် အမျိုးအစားများမှာ အနိမ့်ပိုင်းသုံးဆင့်မှ နည်းစနစ်များလောက် များပြားမနေခဲ့ပေ။
သို့သော် ၎င်းတို့က ပို၍အသေးစိတ်ကျနေခဲ့သည်။
ပုံမှန်အားဖြင့် ၎င်းတို့အား တာတိုတိုက်ခိုက်ရေး( အနီးကပ်တိုက်ခိုက်ရေး)၊ တာဝေးတိုက်ခိုက်ရေး၊ ခုခံကာကွယ်ရေးနှင့် ထောက်ပံ့ရေးစသည်ဖြင့် အမျိုးအစား ခွဲခြားထားလေ့ရှိသည်။
အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်များတွင် လက်ဝါးသိုင်း၊ ခြေထောက်သိုင်း၊ လက်ချောင်းသိုင်း၊ ခြေလှမ်းသိုင်း ….. စသည်ဖြင့် အမျိုးမျိုး ရှိနေခဲ့သည်။
တာဝေးတိုက်ခိုက်မှုတွင်မူ ဓား၊ လှံ၊ ဆေဘာ … စသည်တို့ ပါဝင်နေခဲ့သည်။
ခုခံကာကွယ်ရေးတွင်မူ ဒိုင်းကာများ၊ ခန္ဓာကိုယ်သန့်စင်ရေး နည်းစနစ်များ . စသည်တို့ ပါဝင်နေခဲ့သည်။
ထောက်ပံ့ရေး နည်းစနစ်များကမူ မြှင့်တင်ရေးနှင့် ကုသရေးသိုင်းပညာရပ်ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့သည်။ မြှင့်တင်ရေး နည်းစနစ်များကမူ လဝိညာဥ်နည်းစနစ်ကဲ့သို့သော ပညာရပ်များဖြစ်သည်၊ သို့သော် အများစုသည် လဝိညာဥ်နည်းစနစ်လောက် အစွမ်းမထက်ပေ။
ရှုကျိုးကမူ အင်မော်တယ်နှင့် ဟင်းလင်းပြင် စွမ်းရည်များကို ပိုင်ဆိုင်ထားသည့်အတွက်၊ သူ့ထံတွင် ကာကွယ်ရေးနှင့် ထောက်ပံ့ရေး နည်းစနစ်များ ရှိနေပြီဟု သတ်မှတ်ရမည် ဖြစ်သည်။
ထို့ကြောင့် အနီးကပ် တိုက်ခိုက်ရေးနှင့် တာဝေးနည်းစနစ်များကို အဓိကထား ရှာဖွေရမည် ဖြစ်သည်။
“ အဆင့်၅ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကလီစာငါးခု နတ်သန္ဓေသားက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတွေနဲ့ ပဲ့တင်ထပ်ပြီးတော့ ပေါင်းစပ်နိုင်တယ် “
ရှုကျိုးမှာ တွေးတောစဥ်းစားနေတော့သည် “ အဲ့တာကြောင့် ငါရွေးမဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ စွမ်းအားတွေနဲ့ ဆက်စပ်မှု ရှိနေမှ ဖြစ်မယ် “
ကံဆိုးစွာဖြင့် အလယ်အလတ်အဆင့် သိုင်းပညာရှင်များအတွက် ရှိနေသည့် တိုက်ခိုက်ရေး နည်းစနစ်အများစုသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားများဖြင့် သက်ဆိုင်မှု ရှိမနေခဲ့ပေ။
ရှုကျိုးသည် အချိန်အတော်ကြာ ရှာဖွေနေခဲ့ပြီး၊ အဆုံးတွင် သူလိုချင်သည့် တိုက်ခိုက်ရေး နည်းစနစ်လေးခုကို ရှာတွေ့သွားခဲ့သည်။
[ ကြယ်ဖြိုခွင်း ကောင်းကင်ဓား ] : အလယ်အလတ်အဆင့် ဆေဘာနည်းစနစ်၊ ကြယ်များ၏ အစွမ်းကို အသုံးပြုပြီး၊ ဓားအလင်းတန်း ပိုင်းဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်လုံးကို ဥက္ကာပျံကဲ့သို့ ပိုင်းဖြတ်သွားကာ ဟင်းလင်းပြင်ကိုပင် ပြိုကွဲစေနိုင်သည်။
[ မိုးကြိုးမုန်တိုင်း ဧကရာဇ်ဓား ] : မိုးကြိုးစွမ်းအား ပါဝင်သည့် ဆေဘာနည်းစနစ်တစ်ခု၊ ဘုံကိုးဆင့် နတ်မိုးကြိုးကို ဆင့်ခေါ်ကာ မိုးကြိုးမုန်တိုင်းအဖြစ် ပြောင်းလဲပြီး၊ ကြီးမားသော ဧရိယာတစ်ဝိုက်ကို ဖျက်စီးပစ်နိုင်သည်။
[ အလင်းအရိပ် နတ်ခြေလှမ်း ] : အလယ်အလတ်အဆင့် ခြေလှမ်းသိုင်း နည်းစနစ်၊ ရွေ့လျားနေစဥ်တွင် အင်မော်တယ်တစ်ပါးကဲ့သို့ သိမ်မွေ့ကာ ဟင်းလင်းပြင်နှင့် ပေါင်းစည်းနိုင်ပြီး၊ ဖမ်းရခက်စေနိုင်သည်။
[ ချန်ခွမ်ပြောင်းလဲခြင်း ခြေလှမ်းများ ] : အလယ်အလတ်အဆင့် ခြေလှမ်းသိုင်း နည်းစနစ်၊ ရန်သူ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန်အတွက် ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် တည်နေရာ ပြောင်းလဲခြင်းတို့ကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သည်။
ကြယ်များ၏ စွမ်းအားကြောင့် ကြယ်ဖြိုခွင်း ကောင်းကင်ဓားသည် သူ့အား အလွန်တရာ ဆွဲဆောင်နေခဲ့သည်။
အဆိုပါ ကြယ်စွမ်းအားသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားဖြစ်ပြီး၊ အဆိုပါ ဆေဘာနည်းစနစ်ကို လေ့ကျင့်ခြင်းသည် ကြယ်စွမ်းအားကို လေ့ကျင့်ခြင်းနှင့် တူညီနေလျက်ရှိကာ ပဥ္စမအဆင့် ပညာရှင်တို့၏ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်လေသည်။
မိုးကြိုးမုန်တိုင်း ဧကရာဇ်ဓားမှာလည်း ထို့အတိုင်းသာ ဖြစ်သည်။
“ ဒီဆေဘာ နည်းစနစ်တစ်ခုချင်းစီတိုင်းက အကျိုးပြုအမှတ် ၃၀၀၀တန်တယ်၊ ငါ့ဆီမှာက အကျိုးပြုအမှတ် တစ်သောင်းကျော်ကျော် ရှိနေသေးတယ် …….. “ ရှုကျိုးမှာ အတွေးနက်သွားရတော့သည် “ ငါက အကုန်လုံးကို ယူလို့ရတယ် “
ဆုံးဖြတ်ချက်ချလိုက်ခဲ့ပြီးသည့်နောက်တွင် သူသည် ၎င်းတို့ကို ချက်ချင်း မဝယ်ယူလိုက်ဘဲ၊ ဒုတိယအထပ်တွင် ဆက်လက်၍ ရှာဖွေနေခဲ့သည်။
“ ဟမ် “
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် စိတ်ဝင်စားဖွယ်ကောင်းသည့် တိုက်ခိုက်ရေး နည်းစနစ် နောက်တစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
[ ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်] : မီးတာအိုနတ်စွမ်းရည်ကို အသုံးပြု၍ ကောင်းကင်ကိုးခု၏ သန့်စင်သော ယန်စွမ်းအင်ကို ဆင့်ခေါ်ကာ မီးလမ်းကြောင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်း၍ လက်ချောင်းထိပ်ပေါ်တွင် စုစည်းကာ ကြယ်များကို ဖြိုခွင်းနိုင်သည်။
ဤတိုက်ခိုက်ရေး နည်းစနစ်သည် ဆေဘာနည်းစနစ် မဟုတ်ဘဲ၊ လက်ချောင်းနည်းစနစ်တစ်ခု ဖြစ်နေခဲ့သည်။
၎င်းသည် မီးတာအို နတ်စွမ်းရည်၏ စွမ်းအားကို စုစည်းနိုင်ပေသည်၊ ၎င်းမှာ ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသော တိုက်ခိုက်ရေး နည်းစနစ်ဖြစ်သည်။
“ မီးတာအို နတ်စွမ်းရည်ကို သုံးပြီးတော့ ကောင်းကင်ကိုးခုရဲ့ သန့်စင်တဲ့ ယန်စွမ်းအင်ကို ဆင့်ခေါ်တယ်၊ ပြီးတော့ မီးလမ်းကြောင်းကြီးအဖြစ် သိပ်သည်းစေတာလား “
၎င်းမှာ နတ်စွမ်းရည်ကို ဖော်ထုတ်ပြသခြင်းသပ်သပ်သာ မဟုတ်တော့ပေ၊ ၎င်းမှာ နတ်စွမ်းရည်ကို အသုံးပြုရခြင်းထပ်ပင် ပို၍ရှုပ်ထွေးနေလျက်ရှိသည်။
ယခုလက်ရှိ အချိန်တွင် ရှုကျိုး၏ နတ်စွမ်းရည် အသုံးပြုမှုသည် အပေါ်ယံ လုပ်နိုင်စွမ်းအဆင့်တွင်သာ ရှိနေသေးသည်။ ဥပမာအားဖြင့် မီးတာအို နတ်စွမ်းရည်သည် မီးတောက်တစ်ခုကို ထုတ်လွှင့်ခြင်းနှင့် ရေတာအို နတ်စွမ်းရည်ကမူ ရေစက်များကို ထုတ်လွှတ်ပေးလေသည်။
သို့သော် ၎င်းတို့မှာ နတ်စွမ်းရည်၏ တကယ့်စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်သေးပေ။
အကယ်၍ တကယ့်ပညာရှင်များကသာ နတ်စွမ်းရည်များကို ထိန်းချုပ်မည်ဆိုပါက၊ သူတို့သည် နတ်မီးလှံ(သို့) ရေလှိုင်းတူများကို သိပ်သည်းစေနိုင်ပြီး၊ ဘုံကိုးဆင့် ကောင်းကင်ပေါ်ရှိ သူရိန်နေမင်းအား လှံတစ်ချက်တည်းဖြင့် ထိုးဖောက်ခြင်း (သို့) ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားရှိ တောင်တန်းများနှင့် မြစ်များကို တူတစ်ချက်တည်းဖြင့် ပြားကပ်သွားစေနိုင်သည်။
၎င်းတို့မှာ နတ်စွမ်းရည်၏ တကယ့်စွမ်းအား ဖြစ်သည်။
“ ဒီနည်းစနစ်က အရင်က ဆေဘာနည်းစနစ်နှစ်ခုထပ်တောင် ပိုပြီးတော့ အရေးကြီးနိုင်တယ် “
ရှုကျိုးသည် ဤနည်းစနစ်ကို အရယူမည်ဟု ချက်ချင်းစိတ်ပိုင်းဖြတ်လိုက်သည်။
“ တတိယထပ်ကို အရင်သွားကြည့်တာပေါ့ကွာ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
သိုင်းပညာရပ်ခန်းမ၏ တတိယအထပ်တွင် အမြင့်ပိုင်း သုံးဆင့်မှ ပညာရှင်များအတွက် အဆင့်မြင့် နည်းစနစ်များ တည်ရှိနေခဲ့သည်။
ရှုကျိုးက အမြင့်ပိုင်းအဆင့်များသို့ မရောက်သေးသော်လည်း၊ ၎င်းမှာ သူက ထိုပညာရပ်များကို မလေ့ကျင့်နိုင်ဘူးဟု ဆိုလိုမနေခဲ့ပေ။
တစ်ခဏအတွင်းမှာပင် သူသည် တတိယအထပ်သို့ ရောက်ရှိလာခဲ့သည်။
တတိယအထပ်၏ တည်ဆောက်မှုပုံသဏ္ဍာန်သည် ဒုတိယအထပ်နှင့် တူညီနေခဲ့ပြီး၊ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ တည်ရှိနေခဲ့သည်၊ သို့သော် အရေအတွက်ကမူ ပိုမိုနည်းပါးနေခဲ့သည်။
ရှုကျိုးသည် အထဲတွင် လှည့်လည်ကြည့်ရှုနေတော့သည်။
မကြာခင် အချိန်မှာပင် သူ၏မျက်နှာပေါ်တွင် ကူရာကယ်ရာမဲ့နေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ တတိယအထပ်က နည်းစနစ်တွေက အဆင့်၇ကို မရောက်သေးရင် လေ့ကျင့်လို့မရဘူးဆိုတာက တကယ်ကြီး မှန်နေခဲ့တာပဲ “
သတ္တမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သိုင်းပညာရှင်တစ်ဦး၏ ချီ-သွေးစွမ်းအားသည် ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ရင်ဆိုင်ရလေ့ရှိပြီး၊ ထိုအချိန်မှသာလျှင် အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်များကို လေ့ကျင့်နိုင်ကြသည်။
အကယ်၍ သတ္တမအဆင့်သို့ မရောက်သေးဘဲ အဆင့်မြင့် ပညာရပ်များကို လေ့ကျင့်မည်ဆိုပါက ကြောက်မက်ဖွယ်ကောင်းသည့် အရာများ ဖြစ်ပေါ်လာမည် ဖြစ်သည်။
ရှုကျိုးကမူ သူက နောင်အနာဂတ်တွင် သတ္တမအဆင့်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဤနေရာသို့ ပြန်လာနိုင်သည်ဆိုသည်ကို သိနေသောကြောင့် မည်သို့မျှ စိတ်ဓာတ်မကျသွားခဲ့ပေ။
“ ဟမ် “
ထွက်သွားရန်ပြင်လိုက်သည့် အချိန်တွင် ရှုကျိုးသည် အံ့ဩတကြီးဖြင့် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
[ ကောင်းကင်ထိန်းချုပ် ဆေဘာ ]
အမည်က အတော်လေးသာမန်ဆန်နေပုံရသော်လည်း၊ အထဲတွင် ပါဝင်နေသည့် အကြောင်းအရာများသည် သူ့ကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
“ လူသားခန္ဓာကိုယ်ရဲ့ ဓာတ်ကြီးငါးပါးကို လမ်းညွှန်အဖြစ် သုံးပြီးတော့၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတို့ရဲ့ စိတ်ဝိညာဥ်စွမ်းအားနဲ့ ချိတ်ဆက်ပြီး အဲ့တာတွေရဲ့ ဓာတ်ကြီးငါးပါးကို စုစည်းမယ်။ ရွှေရဲ့မာကြောမှုက ဓားသွားထိပ်မှာ သိပ်သည်းသွားပြီးတော့ ချပ်ဝတ်ဆန်တာနဲ့ ဟင်းလင်းပြင်ကို ဖြိုဖျက်တယ်။ သစ်သားရဲ့ အသက်ဓာတ်က ဓားသွားဘေးမှာ လည်ပတ်နေပြီးတော့ ဆေဘာရဲ့ အရှိန်အဟုန်ကို ဆက်တိုက်အားကောင်းသွားပြီး၊ သစ်ပင်ကို ရစ်ပတ်ထားတဲ့ နွယ်ပင်လို ရန်သူကို ကျော့ကွင်းမိသွားစေတယ်။
ရေရဲ့ နူးညံ့သိမ်မွေ့မှုက ဆေဘာအရိပ်ရဲ့ အစိတ်အပိုင်း ဖြစ်လာပြီးတော့၊ စီးဆင်းနေတဲ့ စမ်းချောင်းတစ်ခုလို အားကို လမ်းကြောင်းလွဲစေ၊ လွင့်ပျယ်စေနိုင်တယ်၊ ပျော့ပျောင်းမှုနဲ့ မာကျောမှုနှစ်ခုစလုံးကိုလည်း ချေဖျက်နိုင်တယ်။ ဆေဘာရဲ့ ရောင်ခြည်မီးတောက်က မိုင်တစ်ထောင်အတွင်းမှာ ရှိတဲ့အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီးတော့ ကောင်းကင်ထက်က နေမင်းလို ဆိုးယုတ်မှုတွေကို ပြာချပစ်တယ်။
မြေသားမြေစိုင်ရဲ့ လေးလံမှုက ဆေဘာရဲ့ ဆန္ဒမှာ အခြေတည်ပြီး၊ ကိုင်ဆောင်သူကို စိတ်တည်ငြိမ်စေပြီး၊ ဆေဘာခုတ်ချက် တစ်ခုချင်းစီတိုင်းမှာ တန်ထောင်နဲ့ချီတဲ့ ခွန်အားကို သယ်ဆောင်ထားခဲ့တယ်။ ကောင်းကင်ထိန်းချုပ် ဆေဘာက ဓာတ်ကြီးငါးပါးကို ပေါင်းစပ်ပြီးတော့၊ မိုးကောင်ကင်ကို ဖြိုခွင်းစေနိုင်ပြီး၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေနှစ်ခုစလုံးကို တည်ငြိမ်သွားစေနိုင်တဲ့ အထွတ်အထိပ် ဓားတာအိုဖြစ်တယ် “
ဖော်ပြချက်ကို ဖတ်ရှုခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
ဤဆေဘာနည်းစနစ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ဓာတ်ကြီးငါးပါးကို စုစည်းကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်းဖြစ်သည်။
ဆေဘာကို လွှဲရမ်းလိုက်ချိန်တွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပင် အညံ့ခံလာရမည် ဖြစ်သည်။
“ ဒီလောက်တောင် ကြီးစိုးလွန်းတဲ့ ဆေဘာနည်းစနစ်ကို ဘယ်သူက တီထွင်ခဲ့တာလဲဟ “ ရှုကျိုးမှ စစ်ဆေးကြည့်ရှုလိုက်ရာ ဖန်တီးသူ၏ အကြောင်းအရာများ မပါဝင်ဘူးဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
ဤနည်းစနစ်၏ တန်ဖိုးကို ကြည့်ရှုလိုက်ရာ အကျိုးပြုအမှတ် ငါးသောင်းကုန်ကျမည်ဆိုသည်ကို မြင်တွေ့သွားတော့သည်။
“ ဒီလိုအစွမ်းထက် ဆေဘာနည်းစနစ်တစ်ခုကို အမှတ် ၅သောင်းပဲ ပေးရတာလားဟ “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဒီအထပ်က နည်းစနစ်တိုင်းရဲ့ ဈေးနှုန်းက အမှတ်တစ်သိန်းကနေ စတာမဟုတ်ဘူးလားဟ
ဒီဓာတ်ကြီးငါးပါး ပေါင်းစပ်တဲ့ ဆေဘာနည်းစနစ်က ဘယ်လိုလုပ် ဒီလောက်တောင် ဈေးနည်းနေရတာလဲဟ
……………………………………………………………………………………………………………………………………….