အခန်း (၁၀၀၇-၁၀၀၈)
Vol. 62 Ch. 1007-1008
အခန်း ၁၀၀၇ ။ ဇာတ်သိမ်းပိုင်း (၈)
နောက်တစ်နေ့တွင် နိုင်ငံရှိ သတင်းစာ၊ မီဒီယာ အားလုံးတွင် လျန်မိသားစုမှ အိမ်ထောင်ဦးစီး လျန်စစ်ချန်က လျန်မိသားစု ကိုယ်စား Imperial Palaceအုပ်စု ဥက္ကဌ ကုန်းထျန်းဟောက်၏ ဇနီး၊ ကုန်းမိသားစု သခင်မကို တောင်းပန်ခြင်းနှင့် ကောလဟာလများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှု အားလုံးကို လျော်ကြေးပေးမည်ဖြစ်ကြောင်း အကြောင်းအရာများဖြင့် ပြည့်နှက်နေသည်။
သားသမီး မဆုံးမတာ မိဘအပြစ်တဲ့။
လျန်ဖျောင့်ရွှယ် လုပ်ခဲ့တဲ့ အမှားက သူ အဖေတစ်ယောက်အနေနဲ့ ကောင်းကောင်း မဆုံးမမိလို့ပါ...
အတိုချုပ်ပြောရရင် လျန်စစ်ချန်က ရှောင်လင်းယွီကို လူသိရှင်ကြား တောင်းပန်လိုက်တာပါ။
အရင်တုန်းက ရှောင်လင်းယွီ မယားငယ် ဖြစ်တယ် ဆိုတဲ့ ကောလဟာလတွေ ထွက်လာတုန်းက၊ ဝမ်ကျင်းကျင်း နာမည်ပျက်သွားတုန်းက အင်တာနက် အသုံးပြုသူ တချို့က ဝမ်ကျင်းကျင်း နောက်ကွယ်မှာ လျန်မိသားစု သခင်မလေး ရှိနေတယ် ဆိုတာ တူးဖော်တွေ့ရှိခဲ့ကြတယ်။
အခု တကယ် အတည်ပြုလိုက်ပြီ၊ မိဘက ကိုယ်စား လာတောင်းပန်ရတယ် ဆိုတော့ လူအများကြီးက လျန်မိသားစု သခင်မလေး အပေါ် အမြင်မကြည်ကြတော့ဘူး။ ကိုယ်တိုင်အမှားလုပ်ပြီး နောက်ကွယ်က မိသားစုကို တာဝန်ယူခိုင်းရတယ် ဆိုတာလေ။ ဒါပေ့ါ... လူအများကြီးက လျန်မိသားစု သခင်မလေးကို အားကျနေကြပါတယ်၊ အမှားလုပ်ရင်တောင် မိသားစုက ဖြေရှင်းပေးတယ် ဆိုပြီးတော့ပေါ့။
လျန်ဖျောင့်ရွှယ်က ရှောင်လင်းယွီကို မျက်နှာချင်းဆိုင် တောင်းပန်ခဲ့တာ အမှန်ပါပဲ။
ကုန်းထျန်းဟောက်က လျန်ဖျောင့်ရွှယ် နောက်ကွယ်က ရည်ရွယ်ချက်ကို သိထားလို့ သူမကို ရှောင်လင်းယွီနဲ့ တကယ် တွေ့ဆုံခွင့် မပေးဘဲ ဗီဒီယိုထဲက ရှောင်လင်းယွီကို တောင်းပန်ခိုင်းလိုက်တာ။
လန်ညီအစ်ကို ၃ ယောက်ကတော့ ဘာမှ သံသယ မဖြစ်ကြပါဘူး။ လျန်ဖျောင့်ရွှယ်က ရှောင်လင်းယွီကို တောင်းပန်တဲ့အခါ မျက်နှာပေါ်မှာ ဒေါသ အရိပ်အယောင်တွေ ပေါ်နေပြီး မျက်လုံးထဲမှာ အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားတယ်။
လျန်ဖျောင့်ရွှယ်နဲ့ လျန်စစ်ချန် တောင်းပန်ပြီးနောက် လန်ညီအစ်ကို ၃ ယောက်က ရှောင်လင်းယွီကို ၁.၅ ဘီလီယံ လျော်ကြေးပေးဖို့ ဘာမှ မတွန့်ဆုတ်တော့ပါဘူး။
နောက်ပိုင်း ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ယှဉ်ရင် ဒီ ၁.၅ ဘီလီယံ ဆုံးရှုံးမှုက ဘာမှ မဟုတ်တော့ပါဘူး။
ဒါကြောင့် ၁.၅ ဘီလီယံကို ရှောင်လင်းယွီ ကုမ္ပဏီအကောင့်ထဲ တိုက်ရိုက် လွှဲပေးလိုက်တယ်။
ကုန်းထျန်းဟောက်ကလည်း ကတိတည်ပါတယ်၊ လျန်မိသားစုက တောင်းဆိုချက် ၃ ခုလုံး လုပ်ဆောင်ပြီးပြီ ဆိုတော့ လျန်အုပ်စုနဲ့ လျန်မိသားစုပိုင် တခြား စီးပွားရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြန်စပေးလိုက်တယ်။
လျန်မိသားစု စီးပွားရေး အကျပ်အတည်းက ယာယီ ပြေလည်သွားတယ်။
…..
"ဒုန်း..."
"ဒုန်း..."
လျန်ဖျောင့်ရွှယ်က အရှက်ကွဲမှုကို သည်းခံပြီး ရှောင်လင်းယွီကို တောင်းပန်ပြီးနောက် အွန်လိုင်းမှာ လန်အိမ်ထောင်ဦးစီးက ရှောင်လင်းယွီကို နေရာအနှံ့ တောင်းပန်ပြီး လျော်ကြေးပေးနေတဲ့ သတင်းတွေကို တွေ့လိုက်ရတော့ ရင်ထဲက ဒေါသတွေ ပိုမို ပြင်းထန်လာတယ်။
ကိုယ့်ဗီလာ ပြန်ရောက်တာနဲ့ ပစ္စည်းတွေ ရိုက်ခွဲပြီး ဒေါသတွေ ထွက်ပေါက်ရှာတော့တယ်။
ရိုက်ခွဲရင်းနဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ရှောင်လင်းယွီ... ဒီနေ့ နင် ငါ့ကို ပေးခဲ့တဲ့ အရှက်ကွဲမှုတွေကို ငါ မှတ်ထားမယ်။ နောက်ကျရင် ငါ သေချာပေါက် ဆယ်ဆ၊ အဆတစ်ရာ ပြန်ပေးဆပ်စေရမယ်"
သူမ အဲဒီပစ္စည်းကို ရလိုက်တာနဲ့၊ အဲဒီပစ္စည်းကို ရလိုက်တာနဲ့ သူမ စိတ်ကြိုက်လုပ်လို့ရပြီ။
သူမ ပစ္စည်းတွေ ရိုက်ခွဲပြီး အော်ဟစ်နေတုန်း အပြင်က သက်တော်စောင့်တွေနဲ့ အစေခံတွေက အသံတိတ် နေနေကြတယ်။
သူမ ဘေးနားမှာ အမြဲ နေပြီး ပြုစုစောင့်ရှောက်ပေးနေတဲ့ သူတွေက သူတို့ သခင်မလေး ဘယ်လောက် ရက်စက်ကြမ်းကြုတ်လဲ၊ သွေးအေးလဲ ဆိုတာ ကောင်းကောင်း သိကြတယ်။
တကယ်လို့ မတော်တဆ သူမရဲ့ ဒေါသထွက်စရာ ဖြစ်သွားရင် ပန်းခြံထဲက ပန်းပင်တွေအတွက် မြေသြဇာ ဖြစ်သွားနိုင်တယ်။
လျန်ဖျောင့်ရွှယ် ပစ္စည်းတွေ ရိုက်ခွဲပြီး ဒေါသပြေသွားတော့ ဖုန်းတစ်ချက် ဆက်လိုက်တယ်၊ အေးစက်စွာ မေးလိုက်သည်။ "စီမံကိန်း ဘယ်လို ဖြစ်နေပြီလဲ"
ထို့နောက် သူမ မျက်နှာထား ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တော်ပြီ... နင်တို့ ဆင်ခြေပေးမနေနဲ့တော့၊ နောက်ထပ် ၃ ရက် အချိန်ပေးမယ်၊ ၃ ရက် အတွင်း ငါ သတင်းကောင်း မရရင် နင်တို့ အပြင်းထန်ဆုံး အပြစ်ပေးခံရဖို့ ပြင်ဆင်ထားလိုက်တော့"
ပြောပြီးတာနဲ့ သူမ ဒေါသတကြီး ဖုန်းချလိုက်တယ်၊ လက်တစ်ဖက်က ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာထား ရက်စက်ကာ တွန့်လိမ်နေပြီး အေးစက်စွာ ပြောလိုက်သည်။ "ရှောင်လင်းယွီ... ငါ နင့်ကို အကြာကြီး ပျော်ရွှင်ခွင့် မပေးပါဘူး။ နင့်ရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေ မကြာခင် ငရဲမင်းနဲ့ သွားတွေ့ရတော့မှာ"
...
ရှောင်လင်းယွီ ဘရူးစ် ဖုန်းကို လက်ခံရရှိပြီးနောက် မျက်နှာထား လေးနက်သွားသည်။
"ရှင် ဘာပြောလိုက်လဲ၊ တစ်ယောက်ယောက်က ငါတို့ ကုန်ပစ္စည်းတွေထဲ အဆိပ်ခပ်တယ် ဟုတ်လား" ရှောင်လင်းယွီ မေးလိုက်သည်။ "ဒီကိစ္စ သေချာရဲ့လား"
ဘရူးစ် ခေါင်းညိတ်လိုက်သည်။ "အင်း... သေချာတယ်။ ကုမ္ပဏီ အတွင်းပိုင်းက သစ္စာဖောက် တစ်ယောက် ဖော်ထုတ်လိုက်တာ"
ရှောင်လင်းယွီ မေးလိုက်သည်။ "ဒါဆို အခု တစ်ယောက်ယောက် ထိခိုက်မှု ရှိလား"
"ဥက္ကဌရှောင်... ဒါက ကျွန်တော် ထူးဆန်းတယ်လို့ ခံစားရတဲ့ ကိစ္စပဲ" ဘရူးစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဒီလိုကိစ္စ ဖြစ်တာကို လုံးဝ စိုးရိမ်ပူပန်မှု မရှိဘဲ ဆက်ပြောသည်။ "အဲဒီ သစ္စာဖောက်က ကိုယ်တိုင် ဝန်ခံထားတာ၊ သူက ကျွန်တော်တို့ ကုန်ပစ္စည်းတွေထဲ သေစေနိုင်တဲ့ အဆိပ်ရည် ထိုးထည့်ခဲ့တာတဲ့၊ ထူးဆန်းတာက ကျွန်တော်တို့ ကုန်ပစ္စည်းတွေ ဖောက်သည်တွေ လက်ထဲ ရောက်သွားတာတောင် ဘယ် အထက်တန်းလွှာ သူဌေးမှ အဆိပ်သင့်တယ် ဆိုတာ မကြားရဘူး"
ရှောင်လင်းယွီ ကြားလိုက်ရတော့ ချက်ချင်း သဘောပေါက်သွားတယ်။
သူမ ရောင်းချတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အကုန်လုံးနီးပါးက သန့်ရှင်းတဲ့ စမ်းရေနဲ့ စိုက်ပျိုးထားတာ၊ တချို့ဆို နေရာလွတ်ထဲက တိုက်ရိုက် ထုတ်ယူထားတာ။
စမ်းရေက ရောဂါပေါင်းစုံ ကုသနိုင်တယ်၊ အဆိပ်အတောက် ဖြေနိုင်တယ် ဆိုတော့ အဲဒီ သေစေနိုင်တဲ့ အဆိပ်ရည်တွေ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေထဲ ထိုးထည့်လိုက်တာနဲ့ ချက်ချင်း ဓာတ်ပြယ်သွားပြီး အဆိပ်မရှိတဲ့ ပစ္စည်းတွေ ဖြစ်သွားတာပေါ့။
ရှောင်လင်းယွီ ဘရူးစ်ကို ရှင်းပြမနေပါဘူး၊ သူမ ပြောလိုက်သည်။ "ဘာမှ မဖြစ်တာ ပိုမကောင်းဘူးလား။ ကျွန်မ ဘာ စိုးရိမ်နေရမှာလဲ"
ဘရူးစ် ခေါင်းခါပြီး ပြောလိုက်သည်။ "မဟုတ်ဘူး... ကျွန်တော် စိုးရိမ်နေတာ မဟုတ်ပါဘူး။ ကျွန်တော် နည်းနည်း ထူးဆန်းတယ်လို့ ခံစားရရုံပါ။ အဲဒီ သစ္စာဖောက်က သေချာပေါက် ဝန်ခံထားတာ၊ သူက ကျွန်တော်တို့ ကုန်ပစ္စည်းတွေထဲ သေစေနိုင်တဲ့ အဆိပ်ရည် ထိုးထည့်ခဲ့တာတဲ့၊ ဒါပေမဲ့ ဖောက်သည်တွေ စားပြီး အဆိပ်မသင့်ဘူး ဆိုတာ ထားလိုက်ဦး၊ သူ အဆိပ်ရည် ထိုးထည့်ခဲ့တယ် ဆိုတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ကျွန်တော်တို့ စစ်ဆေးကြည့်တော့ အဆိပ်ရည် လုံးဝ မတွေ့ရဘူး။ ကျွန်တော်တို့ မယုံတာ မပြောနဲ့၊ အဲဒီ သစ္စာဖောက်တောင် လုံးဝ မယုံကြည်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုန်ပစ္စည်း အားလုံးကို ထပ်စစ်ဆေးကြည့်တော့ ရလဒ်က အတူတူပဲ ဖြစ်နေတယ်"
ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ဪ... ဒါ ဘာထူးဆန်းလို့လဲ။ ဖြစ်နိုင်တာက သူ ထိုးထည့်လိုက်တဲ့ အဆိပ်ရည်က သက်တမ်းကုန်ပြီး အာနိသင် ပျက်သွားတာ ဖြစ်နိုင်တာပဲ"
ဘရူးစ် "..." ဒီလို နောက်ပြောင်တာမျိုး မလုပ်ပါနဲ့၊ ကျွန်တော် ၃ နှစ်သား မဟုတ်ပါဘူး၊ ဒီစကားကို ယုံကြည်ရအောင်လို့။
ဘရူးစ် ပြောစရာ မရှိသလို ပြောလိုက်သည်။ "ဒါပေမဲ့ ဥက္ကဌရှောင်... အဲဒီ သစ္စာဖောက် ဝန်ခံထားတာက သူ ထိုးထည့်လိုက်တဲ့ အဆိပ်ရည်က နိုင်ငံတကာမှာ အသစ်ထွက်ထားတဲ့ တားမြစ် အဆိပ်အတောက်တဲ့။ ဘယ်လိုလုပ် ဒီလောက် မြန်မြန် သက်တမ်းကုန်သွားမှာလဲ။ ဥက္ကဌရှောင်... ကျွန်တော့်ကို ၃ နှစ်သားလို လာမချော့ပါနဲ့"
"..." ရှောင်လင်းယွီ ချက်ချင်း လေးနက်စွာ ပြောလိုက်သည်။ "ဒါဆို ဒီသစ္စာဖောက်က ဘယ်သူ စေခိုင်းတာလဲ ဆိုတာ ဝန်ခံလား"
ဘရူးစ် ခေါင်းခါလိုက်သည်။ "သူလည်း မသိဘူး။ သူက ယောက်ျားတစ်ယောက်ဆီက ပိုက်ဆံယူပြီး လုပ်ပေးတာတဲ့။ အဲဒီယောက်ျားက ဘယ်သူလဲ၊ နာမည် ဘယ်လိုခေါ်လဲ ဆိုတာ ဘာမှ မသိဘူးတဲ့"
ရှောင်လင်းယွီ ချက်ချင်း ပြောစရာ မရှိ ဖြစ်သွားပြီး ပြောလိုက်သည်။ "ဘာမှ မသိဘဲနဲ့ ဒီလိုအလုပ်မျိုး လက်ခံရဲတယ်လား"
ဘရူးစ် နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။ "ဒါ ဘာဆန်းလို့လဲ။ ပိုက်ဆံပဲ ကြည့်တာ၊ လူမကြည့်ဘူး၊ ပိုက်ဆံယူပြီး အလုပ်လုပ်ပေးတာလေ။ အဲဒီယောက်ျားက သစ္စာဖောက်ကို ယွမ် သန်း ၂၀ ပေးတယ်၊ ပြီးတော့ အဆိပ်ရည်တစ်ထုပ် ပေးတယ်၊ ကျွန်တော်တို့ ကုန်ပစ္စည်းတွေထဲ အဆိပ်ရည် ထိုးထည့်ပေးဖို့ပဲ တောင်းဆိုတာ"
ဤနေရာသို့ ရောက်သောအခါ ဘရူးစ် ခန့်မှန်းလိုက်သည်။ "ဥက္ကဌရှောင်... ဟွမ်လင်းအုပ်စုများ ဖြစ်နေမလား။ ကျွန်တော်တို့က ဟွမ်လင်းအုပ်စုကို အဆင့်မြင့် ဈေးကွက်ကနေ ဖယ်ထုတ်လိုက်လို့ သူတို့ အမှတ်တံဆိပ် ဂုဏ်သတင်း ကျဆင်းသွားတယ်။ အခု သူတို့ အလယ်အလတ် ဈေးကွက်ကိုပါ လိုက်လုနေတော့ သူတို့ ကုမ္ပဏီ တစ်ခုလုံး ဆုံးရှုံးမှု ကြီးမားစေတယ်၊ သူတို့ မကျေနပ်လို့ နည်းလမ်းဟောင်း သုံးပြီး ကျွန်တော်တို့ ကုန်ပစ္စည်းတွေထဲ အဆိပ်ခပ်တာ ဖြစ်နိုင်တယ်"
"ကျွတ် ကျွတ်..." ဘရူးစ် လျှာသပ်လိုက်ပြီး စိတ်လှုပ်ရှား ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ သူတို့ ဘယ်က ဝယ်လာမှန်း မသိတဲ့ အဆိပ်အတုတွေ ဖြစ်နေမှာ၊ အဆိပ်ခပ်မရဘဲ ဖော်ထုတ်ခံလိုက်ရတာ"
ကောင်းပါပြီ... ဒီအဆိပ်အတု ဆိုတာ တကယ်ပဲ ဆင်ခြေကောင်း တစ်ခုပါပဲ။
ရှောင်လင်းယွီ စဉ်းစားပြီး ပြောလိုက်သည်။ "ဘရူးစ်... ဟွမ်လင်းအုပ်စု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အခုကစပြီး သတိထားရမယ်၊ ဘာအမှားအယွင်းမှ မရှိစေနဲ့။ ဒီနောက်ကွယ်က လူသတ်သမားက တစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားနိုင်တယ်၊ လူတိုင်း ပေါ့ဆလို့ မဖြစ်ဘူး"
ဘရူးစ် ခေါင်းညိတ်လိုက်သည်။ "အင်း... ဥက္ကဌရှောင်၊ စိတ်ချပါ၊ ဒီကိစ္စ ဖြစ်ပြီးနောက် ကျွန်တော်တို့ ဒီပြဿနာကို အလေးထားပြီး ကိုင်တွယ်ပါ့မယ်"
ရှောင်လင်းယွီ မေးလိုက်သည်။ "ဒါဆို အဲဒီ သစ္စာဖောက် အခု ဘယ်မှာလဲ"
ဘရူးစ် ပြောလိုက်သည်။ "ကျွန်တော် ရဲလက်ထဲ အပ်လိုက်ပါပြီ" အဆိပ်အတု ဟုတ်မဟုတ် ထားလိုက်ပါဦး၊ ရဲလက်ထဲ အပ်ပြီး စစ်ဆေးခိုင်းတာ အကောင်းဆုံးပါပဲ။
"အင်း... အဲဒါ မဆိုးဘူး" ရှောင်လင်းယွီ ထပ်မံ မှာကြားလိုက်သည်။ ဘရူးစ်တို့က သာမန်လူတွေပဲလေ၊ စုံစမ်းဖို့ သိပ်အဆင်မပြေဘူး။
ရှောင်လင်းယွီ ဘရူးစ် ဖုန်းချပြီးနောက် စဉ်းစားခန်း ဝင်သွားတယ်။
သူမ လူကို ရဲလက်ထဲ အပ်လိုက်တာနဲ့ ဘာမှ စုံစမ်းရမှာ မဟုတ်ဘူးလို့ ထင်တယ်။ အဲဒီ နောက်ကွယ်က လူသတ်သမားက အရာအားလုံး ပြင်ဆင်ထားမှာ သေချာတယ်။
ဒါပေမဲ့ ဘယ်သူက ဒီလို လုပ်ရဲတာလဲ။ ကုန်ပစ္စည်းတွေထဲ အဆိပ်ရည် တိုက်ရိုက် ထိုးထည့်တယ်၊ ရုံးခွဲ ဝန်ထမ်းတွေကို တိုက်ရိုက် ရှာပြီး လုပ်ခိုင်းတယ်။
ဒီလို လုပ်ရပ်မျိုးက အရင်တုန်းက ဟွမ်လင်းအုပ်စုက ပီတာ Green Freshအုပ်စုကို လုပ်ကြံတုန်းကနဲ့ အရမ်း တူတယ်။
ဒါပေမဲ့ ရှောင်လင်းယွီ ဟွမ်လင်းအုပ်စုက ဒီလောက် မိုက်မဲမယ်လို့ မထင်ပါဘူး၊ ဒီအချိန်မှာ လေဆန်ပြီး လုပ်ဆောင်ကာ သံသယ ဖြစ်ခံရအောင် လုပ်မှာ မဟုတ်ဘူး။
ဟွမ်လင်းအုပ်စု ထဲမှာ တကယ်ပဲ ဒီလို မိုက်မဲတဲ့ သူတွေ ရှိနေနိုင်တာကိုလည်း ထည့်မတွက်လို့ မရဘူး။
တကယ်လို့ ဟွမ်လင်းအုပ်စု မဟုတ်ရင် ဒီနောက်ကွယ်က လူသတ်သမားက ဘယ်သူလဲ။
Green Freshအုပ်စု နိုင်ငံခြား ရုံးခွဲတွေက ကုန်ပစ္စည်းတွေက ထိပ်တန်း အထက်တန်းလွှာတွေရဲ့ စားပွဲပေါ် ရောက်သွားတာလေ၊ ဒါကြောင့် သူတို့ Green Freshအုပ်စုကို ဘယ်လောက်ပဲ ယုံကြည် ယုံကြည် စစ်ဆေးရေးမှူးတွေ စစ်ဆေးပြီးမှ သခင်တွေကို ကျွေးမွေးတာပါ။
ဒီနောက်ကွယ်က လူသတ်သမားက ဒီအချက်ကို ထည့်မတွက်ထားဘူးလား။
နိုင်ငံတကာက တားမြစ် အဆိပ်အတောက်တွေ ဝယ်နိုင်တယ် ဆိုတော့ ဉာဏ်ကောင်းပြီး နည်းလမ်းရှိတဲ့သူ ဖြစ်မှာ သေချာတယ်၊ ဒီအချက်တွေကို ထည့်မတွက်ဘဲ နေမလား။
ဒါကြောင့် ဒါက စမ်းသပ်တာလား။
စမ်းသပ်တာ။
ရှောင်လင်းယွီ ဦးနှောက်ထဲမှာ အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ဒီနောက်ကွယ်က လူသတ်သမား ဘယ်သူလဲ ဆိုတာ ခန့်မှန်းမိသွားတယ်။
လျန်ဖျောင့်ရွှယ်ကလွဲရင် ဒုတိယလူ မရှိတော့ဘူး။
သူမက အနီရောင် ကြိုးစလေး ပြောတဲ့ ကျောက်စိမ်းဆွဲပြားက သူမလက်ထဲ ရှိနိုင်တယ်ဆိုတာ သိနေပြီ၊ ပြီးတော့ သူမလက်ထဲက ထွက်လာတဲ့ ကုန်ပစ္စည်းတွေက အာနိသင် ထူးခြားတယ်၊ ကိုယ်ခံစွမ်းအား ကောင်းစေရုံမက ရောဂါပေါင်းစုံ ကုသနိုင်တယ်၊ ဆေးပညာ နည်းပညာ တိုးတက်နေတဲ့ ဒီခေတ်မှာတောင် ကိုယ်ခံစွမ်းအား ကောင်းစေပြီး ရောဂါပေါင်းစုံ ကုသနိုင်တဲ့ အရာမျိုး သုတေသန မလုပ်နိုင်သေးဘူး၊ ဒါပေမဲ့ Green Freshအုပ်စုက ရောင်းတဲ့ ပစ္စည်းတွေက ထူးခြားနေတယ်။
ဒါကြောင့် လျန်ဖျောင့်ရွှယ်က စမ်းသပ်ချင်တာ၊ နောက်တစ်ကြိမ် သေချာအောင် လုပ်ချင်တာ။
ပြည်တွင်းမှာ အရင်တုန်းက ဒီလိုအမှုမျိုး ဖြစ်ခဲ့ဖူးလို့ ရှောင်လင်းယွီ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတယ်။
ဒါပေမဲ့ နိုင်ငံခြားမှာတော့ မတူဘူး။
သူမ ထင်တာက လျန်ဖျောင့်ရွှယ်က စမ်းသပ်တာအပြင် နောက်ထပ် ရည်ရွယ်ချက် တစ်ခု ရှိသေးတယ်၊ တကယ်လို့ ဒီအဆိပ်အတောက်တွေကို မဖြေရှင်းနိုင်ရင် အထက်တန်းလွှာ သူဌေးတချို့ အဆိပ်သင့် သေဆုံးသွားရင် သူမရဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အကုန် ပိတ်သိမ်းရရုံမက အမှုကြီးကြီးမားမား ဖြစ်လာနိုင်တယ်။
အဲဒီ အထက်တန်းလွှာ သူဌေးတွေက အာဏာမရှိ၊ အရှိန်အဝါ မရှိတဲ့သူတွေ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် ကုန်းထျန်းဟောက်လည်း သူမကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ ကိုယ့်အသက်နဲ့ ပေးဆပ်ရုံပဲ ရှိတော့မှာ။
ဒါက မြှားတစ်စင်းတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ။
လျန်ဖျောင့်ရွှယ်က တကယ်ပဲ ပြန်လည်မွေးဖွားလာတဲ့သူ ပီသပါပေတယ်၊ စိတ်ကူးကောင်းပြီး အကြံပိုင်တယ်။
ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး ကုန်းထျန်းဟောက်ဆီ ဖုန်းဆက်လိုက်သည်။
ဒီကမ္ဘာမှာ လျန်ဖျောင့်ရွှယ်က ပြန်လည်မွေးဖွားလာတဲ့သူ ဆိုတာ သူတို့ မိသားစု လေးယောက်ပဲ သိတာ၊ ဒါကြောင့် လျန်ဖျောင့်ရွှယ် ကိစ္စကို သူတို့ မိသားစု လေးယောက်ပဲ ဆွေးနွေးကြတာ။
"ထျန်းဟောက်..." ရှောင်လင်းယွီ စိတ်ဓာတ်ကျနေသည်။
"ဘာဖြစ်လို့လဲ ယွီအာ" ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ စိတ်ခံစားမှုကို ချက်ချင်း ခံစားမိပြီး အစီရင်ခံနေတဲ့ လက်အောက်ငယ်သားကို ထွက်သွားခိုင်းလိုက်သည်။
ထို့နောက် ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို နိုင်ငံခြား ရုံးခွဲက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အဆိပ်ခပ်ခံရတဲ့ အကြောင်းနဲ့ နောက်ကွယ်က လူသတ်သမားကို ခန့်မှန်းမိတဲ့ အကြောင်း ပြောပြလိုက်သည်။
ကုန်းထျန်းဟောက် ကြားလိုက်ရတော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ကိုယ်လည်း လျန်ဖျောင့်ရွှယ် ဖြစ်ဖို့ များတယ်လို့ ထင်တယ်" လျန်ဖျောင့်ရွှယ် ကိုယ်ပိုင် အင်အားစု ရှိတယ်၊ နိုင်ငံတကာမှာ တားမြစ် အဆိပ်အတောက်တွေ ရောင်းချဖို့ ဆိုတာ မဆန်းပါဘူး။
ရှောင်လင်းယွီ မေးလိုက်သည်။ "ဒါဆို လျန်ဖျောင့်ရွှယ်က နောက်တစ်ဆင့် ဘာလုပ်မလဲ"
ကုန်းထျန်းဟောက် စဉ်းစားပြီး ပြောလိုက်သည်။ "သူ နောက်တစ်ဆင့် ဘာလုပ်ချင်လဲ မသိပေမဲ့ သူ ဘာလုပ်လုပ် ကိုယ်တို့က လာသမျှ တိုက်ခိုက်ရုံပဲ ရှိတာပေါ့။ ဟွန့်... အရင်တုန်းက လျန်ဖျောင့်ရွှယ်က ရှောင်ဟုန်ကို အားကိုးပြီး ကိုယ်ဖျောက်သိုင်းရှိလို့ ကိုယ်တို့ နည်းနည်း စိုးရိမ်မိကောင်း စိုးရိမ်မိမယ်၊ ဒါပေမဲ့ အခု သူက သာမန်လူ တစ်ယောက်ပဲလေ"
ရှောင်လင်းယွီ စဉ်းစားပြီး ရယ်မောကာ ခေါင်းညိတ် ပြောလိုက်သည်။ "ဟုတ်တယ်... လျန်ဖျောင့်ရွှယ် ဘယ်လောက် တော်တော် သူက သာမန်လူ တစ်ယောက်ပါပဲ" ဒီလို သာမန်လူ တစ်ယောက်က သူမလက်ထဲက ကျောက်စိမ်းဆွဲပြားကို လုယူချင်တာ ရယ်စရာ ကောင်းလိုက်တာ။
သဘောပေါက်သွားတဲ့ ရှောင်လင်းယွီ စိတ်သက်သာရာ ရသွားတယ်၊ လျန်ဖျောင့်ရွှယ်ကို ပိုနက်နဲစွာ နားလည်လာတာ အပြင် ပိုမို ကာကွယ်မှုတွေ လုပ်ဆောင်ထားတယ်။
ဒါပေမဲ့ ဒီကိစ္စ ဖြစ်ပြီးနောက် နေ့ရက်တွေက ပိုအေးဆေးသွားသလိုပဲ၊ လျန်ဖျောင့်ရွှယ်ကလည်း ဘာလှုပ်ရှားမှုမှ မရှိတော့သလိုပဲ။
ဒါပေမဲ့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က ဘာပေါ့ဆမှုမှ မရှိရဲပါဘူး။
သူတို့ ပြင်းထန်တဲ့ ခံစားချက် တစ်ခု ခံစားနေရတယ်၊ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းလိုမျိုးပေါ့။
...
၃ လ ကြာတော့ ရှောင်လင်းယွီရဲ့ နိုင်ငံခြား အပန်းဖြေစခန်းတွေလည်း ဆက်တိုက် တည်ဆောက်ပြီးစီးသွားတယ်။
ကုန်းထျန်းဟောက်က လက်ထဲက အဆက်အသွယ်တွေကို အသုံးပြုပြီး နိုင်ငံအများအပြားမှာ အပန်းဖြေစခန်းကြီး တစ်ခုစီ ဝယ်ယူထားတယ်။
ဒါကြောင့် ရှောင်လင်းယွီ ပိုအလုပ်များလာတယ်၊ နေ့တိုင်း ကမ္ဘာအနှံ့ လေယာဉ်စီးပြီး သွားလာနေရတယ်။
မိသားစု လုံခြုံရေးအတွက် ရှောင်လင်းယွီက သားဖြစ်သူကို ထောင်ယွမ်ရွာ အပန်းဖြေစခန်းမှာ ထားခဲ့တယ်၊ သူမကတော့ ရှောင်လင်ကို ခေါ်ပြီး နေရာအနှံ့ လေယာဉ်စီး သွားလာနေတယ်၊ ကုန်းထျန်းဟောက်ကတော့ သက်တော်စောင့်တွေ ရှိပြီးသား။
ဒီ ၃ လ အတွင်း ဘာထူးခြားမှုမှ မဖြစ်ခဲ့ဘူး။
ဒါပေမဲ့ လျန်မိသားစုမှာတော့ ကိစ္စတချို့ ဖြစ်ပျက်ခဲ့တယ်။
လျန်ဖျောင့်ရွှယ်ရဲ့ တစ်ကြိမ်တည်းသော ဆိုးသွမ်းမှုကြောင့် လျန်မိသားစု စီးပွားရေး လုပ်ငန်းတွေ ဘီလီယံ ရာချီ ဆုံးရှုံးခဲ့တယ်။
ဒီ ဘီလီယံ ရာချီ ဆုံးရှုံးမှုက လျန်မိသားစုဝင်တွေကို အိမ်ကြီးရှင်နဲ့ လျန်ဖျောင့်ရွှယ်အပေါ် မကျေနပ်မှုတွေ ကြီးမားစေခဲ့တယ်၊ အထူးသဖြင့် လျန်ဖျောင့်ရွှယ်အပေါ်ပေါ့၊ သခင်ကြီးလျန် ချစ်ခင်မြတ်နိုးမှုကို ခံရပေမဲ့ သူမရဲ့ မောင်နှမတွေကတော့ ကွယ်ရာမှာ သူမကို သရော်လှောင်ပြောင်ကြတယ်၊ အိမ်စီးပွား ဖြုန်းတီးသူ ဆိုပြီး ဆဲဆိုကြတယ်။
သူတို့ လျန်မိသားစုက ကောင်းမွန်တဲ့ မိသားစုကြီး တစ်ခု ဖြစ်နေတာ၊ သူမ ပြဿနာရှာလိုက်လို့ အောက်ဆုံးတန်း မိသားစု ဖြစ်သွားလုနီးပါး ဖြစ်ခဲ့ရတယ်၊ မြို့တော်ကနေတောင် ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့ရတယ်။
ပြီးတော့ နောက်ပိုင်း အားလုံး ဖိအားပေးလို့ သခင်ကြီးလျန်က လျန်ဖျောင့်ရွှယ်ကို ရှောင်လင်းယွီဆီ တောင်းပန်ခိုင်းဖို့ သဘောတူလိုက်ပေမဲ့ အဲဒီ ဆုံးရှုံးသွားတဲ့ ဘီလီယံ ၁၀၀ ကြောင့် လျန်မိသားစုဝင် အားလုံးရဲ့ နေ့စဉ်ဘဝတွေ နည်းနည်း ကျပ်တည်းသွားတယ်။
လျန်မိသားစုဝင် တစ်ယောက်ချင်းစီရဲ့ သုံးစွဲငွေတွေက အကန့်အသတ်ရှိပြီး လုံလောက်ပါတယ်၊ ဒီကိစ္စ ဖြစ်ပြီးနောက် သူတို့ အားလုံးရဲ့ သုံးစွဲငွေတွေက ထက်ဝက်ကျော် လျော့ကျသွားတယ်။
ပိုက်ဆံမရှိရင် နေ့ရက်တွေက သဘာဝကျကျပဲ ပျော်ရွှင်လွတ်လပ်မှု မရှိတော့ဘူး။
လျန်ဖျောင့်ရွှယ်ရဲ့ အမှားအတွက် ဘာလို့ သူတို့ အားလုံးက လိုက်ပေးဆပ်ရမှာလဲ။
ဒီလူတွေက သခင်ကြီးလျန်ကို မကျေနပ်ကြောင်း မပြောရဲတော့ တရားခံ ဖြစ်တဲ့သူကိုပဲ ဒေါသပုံချရတော့တယ်။
ဒါပေမဲ့ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်လာတယ်။
ရှေ့တစ်ခဏမှာ သူတို့က လျန်ဖျောင့်ရွှယ်ကို သရော်လှောင်ပြောင် ညည်းညူပြီး ဒေါသပုံချနေတုန်း၊ နောက်တစ်ခဏမှာ သူတို့က မတော်တဆမှု အမျိုးမျိုးကြောင့် ထိခိုက်မှုတွေ ဖြစ်လာတယ်။
ဥပမာ ရုတ်တရက် ကားတိုက်မှုဖြစ်ပြီး ခြေထောက်တစ်ဖက် ကျိုးသွားတာ၊ ဥပမာ ရုတ်တရက် အရူးတစ်ယောက် ထွက်လာပြီး ဓားနဲ့ မျက်နှာကို မွှန်းလိုက်လို့ ရုပ်ပျက်သွားတာ၊ သို့မဟုတ် ကောင်းကင်ပေါ်ကနေ ပန်းအိုးတစ်လုံး ပြုတ်ကျလာပြီး ခေါင်းကို ထိမှန်လို့ သတိမေ့မြောပြီး ကိုမာဝင်သွားတာ စသဖြင့်ပေါ့။
အတိုချုပ် ပြောရရင် လျန်မိသားစု မြေးမျိုးဆက်တွေ အားလုံးနီးပါး ထိခိုက်မှုတွေ ဖြစ်ကုန်ကြတယ်။
သခင်ကြီးလျန်နဲ့ လျန်မိသားစု လူကြီးတွေက တစ်ယောက်ပြီး တစ်ယောက် ထိခိုက်မှု ဖြစ်နေတာ မြင်တော့ စိတ်ပူနေကြတယ်။
"ဒါ ဘယ်လို ဖြစ်တာလဲ၊ ဘာလို့ တစ်ယောက်ပြီး တစ်ယောက် ထိခိုက်မှု ဖြစ်နေရတာလဲ" လျန်စစ်ချန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
တစ်ယောက်တည်း ဖြစ်ရင် မတော်တဆလို့ ထင်လို့ ရတယ်၊ ဒါပေမဲ့ လျန်မိသားစု မြေးမျိုးဆက် အားလုံးနီးပါး ထိခိုက်မှု ဖြစ်နေတာက သိပ်ပုံမှန် မဟုတ်တော့ဘူး။
"တစ်ယောက်ယောက်က ငါတို့ လျန်မိသားစုကို နောက်ကွယ်ကနေ တိုက်ခိုက်နေတာလား" လျန်တတိယသားက ခန့်မှန်းလိုက်သည်။
"ငါလည်း တစ်ယောက်ယောက်က ငါတို့ လျန်မိသားစုကို လက်မည်းကြီးနဲ့ တိုက်ခိုက်နေသလို ခံစားရတယ်၊ မဟုတ်ရင် ငါတို့ လျန်မိသားစုက တစ်ယောက်ပြီး တစ်ယောက် ထိခိုက်မှု ဖြစ်စရာ အကြောင်း မရှိဘူး" လျန်ဒုတိယသားက ခန့်မှန်းလိုက်သည်။
"ဒါပေမဲ့ ဘယ်သူက ဒီလောက် ရက်စက်ပြီး ငါတို့ လျန်မိသားစုကို ရုတ်တရက် နောက်ကွယ်ကနေ တိုက်ခိုက်ရဲတာလဲ"
"ဒါပေမဲ့ ငါတို့ လျန်မိသားစုက ဘယ်သူ့ကိုမှ မပြစ်မှားမိပါဘူး"
"မဟုတ်ဘူး... ပြစ်မှားမိတဲ့သူ ဆိုလို့ ကုန်းမိသားစုပဲ ရှိတယ်"
"ဒါဆို ကုန်းထျန်းဟောက်က ငါတို့ လျန်မိသားစုကို တိုက်ခိုက်နေတာများလား။ ဒါပေမဲ့ တကယ်လို့ ကုန်းထျန်းဟောက် ဆိုရင် သူ ဘာလို့ ဒီလို လုပ်ရမှာလဲ"
"ဟုတ်တယ်လေ... ကုန်းထျန်းဟောက်က ဒီလို လုပ်စရာအကြောင်း မရှိပါဘူး။ ရွှယ်အာ အမှားလုပ်မိလို့ ငါတို့ လျန်မိသားစုလည်း တောင်းပန်ပြီးပြီ၊ ရလဒ်ကလည်း သူ့ကို ကျေနပ်စေခဲ့ပြီပဲ၊ သူက ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးစရာ မလိုတော့ပါဘူး"
"ဟုတ်တယ်... တကယ်လို့ ကုန်းထျန်းဟောက် တိုက်ခိုက်တာဆိုရင် သူက ဘာလို့ လျန်မိသားစု မျိုးဆက်သစ်တွေကို တိုက်ခိုက်ရမှာလဲ၊ လျန်ဖျောင့်ရွှယ်ကလွဲရင် တခြား မျိုးဆက်သစ်တွေက သူ့ကိုရော သူ့မိန်းမကိုရော မပြစ်မှားမိပါဘူး။ ဒါပေမဲ့ အခု ပြဿနာက မျိုးဆက်သစ်တွေ အကုန်လုံး၊ လျန်ဖျောင့်ရွှယ် အပါအဝင် လူနည်းစုကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံး ထိခိုက်မှု ဖြစ်ကုန်ပြီ"
လန်ညီအစ်ကို ၃ ယောက် ဒီပြဿနာကို အမြဲ ဆွေးနွေးနေကြပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ကြဘူး။
လျန်ဖျောင့်ရွှယ်နဲ့ လျန်မိသားစု တခြား မျိုးဆက်သစ်တွေ လုံးဝ ကွဲပြားခြားနားတဲ့ အခြေအနေမှာတောင် သူတို့ လျန်ဖျောင့်ရွှယ်ကို သံသယ မဝင်ခဲ့ကြဘူး။
သူတို့ စိတ်ထဲမှာ လျန်ဖျောင့်ရွှယ်က လူတိုင်း အလိုလိုက်ထားလို့ နည်းနည်း ဆိုးသွမ်းတဲ့ သခင်မလေး တစ်ယောက်ပါပဲ။
လျန်စစ်ချန် စဉ်းစားပြီး ပြောလိုက်သည်။ "တခြား ကလေးတွေကို ဒီရက်ပိုင်း အပြင်မထွက်ခိုင်းနဲ့တော့။ အမှန်တရား မပေါ်ခင်မှာ အိမ်က အလုံခြုံဆုံးပဲ"
တခြား နှစ်ယောက် ခေါင်းညိတ်လိုက်သည်။ "ဖြစ်နိုင်တာက ကြောက်လန့်သွားလို့ ထင်တယ်၊ အခု ကလေးတွေ အိမ်မှာပဲ နေကြတယ်၊ တော်တော် လိမ္မာနေကြတယ်"
အားလုံးက အပြင်ထွက်မှ ထိခိုက်မှု ဖြစ်ကြတာလေ။ ဒါကြောင့် အိမ်က အလုံခြုံဆုံးပဲ။
ညီအစ်ကို ၃ ယောက် ခဏ ဆွေးနွေးပြီးနောက် မျက်နှာထား လေးနက်စွာ ထွက်ခွာသွားကြတယ်။
…..
လျန်မိသားစု လျန်ဖျောင့်ရွှယ် အခန်းထဲတွင် သူမ နားကြပ်ကို ချွတ်လိုက်ပြီး မျက်နှာပေါ်တွင် သရော်ပြုံး တစ်ခု ပေါ်လာကာ အေးစက်စွာ ပြောလိုက်သည်။ "ဒီငတုံးတွေ"
ဟွန့်... အဲဒီ မျိုးမစစ်တွေက သူမကို လက်ညှိုးထိုး ဝေဖန်ရဲတယ်၊ သူမကို သရော်လှောင်ပြောင်ရဲတယ် ဆိုတာ ဘာအရည်အချင်း ရှိလို့လဲ။
သူမက နောက်ကျ ဘုရင်မ ဖြစ်လာမယ့်သူ။
ဘုရင်မရဲ့ ဂုဏ်ဒြပ်ကို ဘယ်သူမှ စော်ကားခွင့် မပြုနိုင်ဘူး။
ဟဟ... အိမ်မှာနေရင် လုံခြုံပြီလို့ တကယ် ထင်နေတာလား။
တကယ် ရိုးအတာပဲ။
လျန်ဖျောင့်ရွှယ် စိတ်ထဲမှာ ထပ်မံ အေးစက်စွာ ရယ်မောလိုက်သည်။
လျန်မိသားစုမှာ လျန်ဖျောင့်ရွှယ်နဲ့ မျိုးဆက်တူ မြေးမျိုးဆက် စုစုပေါင်း ၁၁ ယောက် ရှိတယ်။ ယောက်ျားလေး ၇ ယောက်၊ မိန်းကလေး ၄ ယောက်၊ အကြီးဆုံးက ၃၈ နှစ်၊ အငယ်ဆုံးက ၈ နှစ်ပဲ ရှိသေးတယ်။
လျန်ဖျောင့်ရွှယ်က လျန်မိသားစုရဲ့ အကြီးဆုံး မြေးမလေး၊ သူမ မွေးဖွားလာတုန်းက သေလုမျောပါး ဖြစ်နေတဲ့ သခင်ကြီးလျန်က ချက်ချင်း ကျန်းမာလာတယ်၊ လျန်ဖျောင့်ရွှယ် မွေးဖွားပြီးကတည်းက လျန်မိသားစု ဖွံ့ဖြိုးတိုးတက်မှုကလည်း ပိုပို ကောင်းမွန်လာတယ်။
ဒါကြောင့် သခင်ကြီးလျန်က ဒီအကြီးဆုံး မြေးမလေးက ယူဆောင်လာတဲ့ ကံကောင်းမှုလို့ အမြဲ ထင်မှတ်ထားခဲ့တယ်၊ လျန်မိသားစုရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လို့ သတ်မှတ်ထားတယ်၊ သဘာဝကျကျပဲ သူမကို ချစ်ခင်မြတ်နိုးပြီး ရတနာလေးလို ဆက်ဆံခဲ့တယ်။
လျန်ဖျောင့်ရွှယ်ရဲ့ ရည်မှန်းချက်က အနာဂတ်မှာ အမြင့်မြတ်ဆုံး၊ ပြိုင်ဘက်ကင်း ဘုရင်မ ဖြစ်လာဖို့ ဆိုတာ အပြင်။
အခုတော့ သူမက လျန်မိသားစု တစ်ခုလုံးကို သူမလက်ထဲ ဆုပ်ကိုင်ထားချင်တယ်။
သူမ နောက်ကွယ်မှာ အင်အားစုတစ်ခု ရှိတယ်ဆိုပေမဲ့ ဘယ်အင်အားစု မဆို ငွေကြေး ထောက်ပံ့မှု လိုအပ်တယ်လေ။
လျန်မိသားစုက ငွေကြေး အရင်းအမြစ်ပဲ။
အရင်တုန်းက သူမ ကုန်းထျန်းဟောက်ကို ပြောခဲ့တာ လျန်မိသားစု ဒေဝါလီခံတာ မခံတာ သူမနဲ့ မဆိုင်ပါဘူး၊ သူမ ဂရုမစိုက်ပါဘူး ဆိုတာ၊ တကယ်တမ်းကျတော့ သူမ သိတယ်၊ ကုန်းထျန်းဟောက် လျန်မိသားစုကို ဒေဝါလီခံခိုင်းရဲမှာ မဟုတ်ဘူး ဆိုတာကို။
ပြီးတော့ သူမ ကျောက်စိမ်းဆွဲပြားကို ရလိုက်တာနဲ့ လျန်မိသားစု မပြောနဲ့၊ ကမ္ဘာကြီး တစ်ခုလုံးက သူမပိုင် ဖြစ်သွားမှာ။ ဒါကြောင့် သူမ လျန်မိသားစုကို သိပ်မမက်မောပါဘူး။
လျန်ဖျောင့်ရွှယ် အခန်းထဲ ခဏနေပြီးနောက် အစေခံက တံခါးလာခေါက်ပြီး ထမင်းစားဖို့ လာခေါ်တယ်။
ဒီရက်ပိုင်း လျန်မိသားစုဝင်တွေ အပြင်မထွက်ကြဘူး၊ သို့မဟုတ် အပြင်ထွက်တဲ့သူတွေကလည်း ပြန်လာကြတယ်၊ သဘာဝကျကျပဲ ညစာစားချိန်မှာ အားလုံး စုဝေးရောက်ရှိနေကြတယ်။
လျန်ဖျောင့်ရွှယ် စားသောက်ခန်း ရောက်တော့ စားသောက်ခန်းရဲ့ လေထုက လေးနက်ပြီး တင်းမာနေတာ တွေ့လိုက်ရတယ်။
ဟုတ်ပါတယ်... ကိစ္စတွေ ဒီလောက် အများကြီး ဖြစ်ပျက်နေတာ၊ သူတို့ ပျော်ရွှင်နိုင်ပါ့မလား။
လျန်ဖျောင့်ရွှယ် ပေါ်လာတာ မြင်တော့ လူကြီးတွေက ဘာမှ မဖြစ်ပေမဲ့ လူငယ်တွေကတော့ မကျေမနပ် အမူအရာတွေ ပြသလာကြတယ်။
"သခင်မလေး... ထမင်းဆင်းစားဖို့ ဆန္ဒရှိလာပြီပေါ့" လျန်မိသားစု ကိုးယောက်မြောက်မြေး လျန်ဖေးရွှီးက သရော်သလို ပြောလိုက်သည်။
"တော်ပါတော့... နင် လျှော့ပြောပါ" တစ်ယောက်က ဖြောင်းဖျလိုက်သည်။ "သူများက ငါတို့ လျန်မိသားစုရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေ၊ ကံကောင်းခြင်း ကြယ်ပွင့် အစောင့်အရှောက် ရှိတယ်၊ သူမနဲ့ မတည့်တဲ့သူတွေ အကုန်လုံး ထိခိုက်မှု ဖြစ်ကုန်ကြပြီ၊ နင်လည်း ဖြစ်ချင်လို့လား"
လျန်မိသားစု လူကြီးတွေက လျန်ဖျောင့်ရွှယ်ကို သံသယ မဝင်ပေမဲ့ လျန်မိသားစု လူငယ်တွေက သူတို့ တစ်ယောက်ပြီး တစ်ယောက် ထိခိုက်မှု ဖြစ်နေတာ မြင်ပြီး လျန်ဖျောင့်ရွှယ်ကတော့ အပြင်ထွက်ရင်တောင် ဘာမှ မဖြစ်ဘဲ ဘေးကင်းနေတာ မြင်တော့ စိတ်ထဲမှာ သဘာဝကျကျပဲ မကျေမနပ် ဖြစ်လာကြတယ်။
"ဟွန့်..." လျန်ဖေးရွှီးက မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။
ဘာလို့ လျန်မိသားစု သမီးချင်း အတူတူ လျန်ဖျောင့်ရွှယ်က အချစ်ခံရပြီး သူမကတော့ အားကျရုံပဲ ရှိရတာလဲ။
လျန်ဖျောင့်ရွှယ် ခေါင်းငုံ့ထားတဲ့ မျက်လုံးအိမ်ထဲမှာ ရက်စက်တဲ့ အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားတယ်။
ဟဟ... ကြည့်ရတာ သူတို့ကို ပေးတဲ့ သင်ခန်းစာက မလုံလောက်သေးဘူး ထင်တယ်၊ မဟုတ်ရင် ဘယ်လိုလုပ် သူမရှေ့မှာ ခုန်ပေါက်ရဲတဲ့ သတ္တိရှိဦးမှာလဲ။
…..
နောက်တစ်နေ့မှာ လျန်မိသားစုမှာ ကမ္ဘာပျက်မတတ် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့ပြန်တယ်။
လျန်မိသားစု ကိုးယောက်မြောက် သခင်မလေး လန်ဖေးရွှီးက အခန်းထဲမှာ လျှာဖြတ်ခံရတယ်၊ လက်နှစ်ဖက် ဖြတ်ခံရတယ်၊ သတိမေ့မြောပြီး ကုတင်ပေါ် လဲနေတယ်၊ လက်နှစ်ဖက်နဲ့ လျှာက ကုတင်ပေါ်မှာ ပြန့်ကျဲနေတယ်၊ သွေးသံရဲရဲ မြင်ကွင်းက တကယ် သနားစရာ ကောင်းပြီး ကြောက်စရာ ကောင်းတယ်။
ဒီလို သွေးသံရဲရဲ မြင်ကွင်းကို ကြည့်ပြီး သတ္တိနည်းတဲ့ သူတချို့က ထောင့်တစ်နေရာမှာ ကျုံ့ကျုံ့လေး ထိုင်ပြီး တုန်ရီနေကြတယ်။
ကြောက်စရာ ကောင်းလိုက်တာ၊ ဒီမြင်ကွင်းက တကယ် ကြောက်စရာ ကောင်းလိုက်တာ။
လူကို တိုက်ရိုက် သတ်ပစ်လိုက်တာကမှ ဒီလောက် ကြောက်စရာ မကောင်းသေးဘူး၊ တမင် ဒီလို လုပ်ထားတာ၊ တကယ် လူစိတ်မရှိတော့ဘူး။
"ဒါ ဘယ်သူ လုပ်တာလဲ" လျန်တတိယသားက ဝမ်းနည်းပက်လက် ဒေါသတကြီး မေးမြန်းလိုက်သည်။ "ငါ သူ့ကို သတ်ပစ်မယ်။ ဒါ... ဒါ သောက်ကျိုးနည်း၊ လူ မဟုတ်တော့ဘူး၊ လူကို ဒီလို လုပ်ပစ်ရတယ်လို့" ဒါ သူ့သမီးလေးလေ၊ ငယ်ငယ်ကတည်းက လက်ဖဝါးပေါ် တင်ထားခဲ့တာ၊ အခု ဒီလို နာကျင်မှုမျိုး ခံစားရတာ၊ ဘယ်သူမဆို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
လျန်စစ်ချန်က တစ်ခန်းလုံးက လူတွေကို ကြည့်ပြီး အလွန် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ "မင်းတို့ ဘာလို့ ကြောင်ကြည့်နေကြတာလဲ၊ လူကို ဆေးရုံ မြန်မြန် ပို့ကြလေ"
အခု လူက မသေသေးဘူး၊ ဒါပေမဲ့ ဒီအတိုင်း ဆက်ထားရင် သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်။
အိမ်ထောင်ဦးစီးရဲ့ အော်ဟစ်သံကြောင့် အစေခံတွေ ချက်ချင်း သတိပြန်ဝင်လာပြီး လူကို ကားပေါ် အမြန် တင်ကာ ဆေးရုံ ပို့လိုက်ကြတယ်။
လျန်တတိယသား ကတော်က သမီးရဲ့ သနားစရာ ပုံစံကို မြင်တော့ စိတ်ထိခိုက်လွန်းပြီး တိုက်ရိုက် မေ့လဲသွားတယ်။
သခင်ကြီးလျန်က တတိယမြေးမလေး ဒီလို လုပ်ခံလိုက်ရတယ် ဆိုတာ ကြားတော့ မျက်နှာထား လေးနက်စွာ အမိန့်ပေးလိုက်သည်။ "စစ်ဆေး... ငါ့ကို စစ်ဆေး၊ ဖေးရွှီး အခန်းထဲ ဘယ်သူ ဝင်သွားလဲ ဆိုတာ ကြည့်၊ လူသတ်သမားကို ရှာတွေ့အောင် ရှာ"
ဒီအချိန်မှာ မြေးတစ်ယောက်က တိုက်ရိုက် ရှေ့ထွက်လာပြီး လျန်ဖျောင့်ရွှယ်ကို လက်ညှိုးထိုးကာ ကြောက်ရွံ့ပြီး ဒေါသထွက်စွာ ပြောလိုက်သည်။ "သေချာပေါက် သူ လုပ်တာ။ သေချာပေါက် သူ လုပ်တာ။ မနေ့ညက ကိုးလေးက သူ့ကို နည်းနည်းမကောင်းပြောလိုက်မိလို့၊ ရလဒ်က ညဘက်မှာ ထိခိုက်မှု ဖြစ်သွားတယ်။ ဒါကြောင့် သေချာပေါက် သူ လုပ်တာပဲ၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နိုင်မှာလဲ။ ပြီးတော့ နင်တို့ သတိထားမိလား၊ ထိခိုက်မှု ဖြစ်တဲ့ အစ်ကို၊ အစ်မ၊ မောင်၊ ညီမတွေ အကုန်လုံးက သူ့ကို ပြောဆိုပြီး၊ ညည်းညူပြီးမှ ထိခိုက်မှု ဖြစ်ကြတာလေ"
နှမြောစရာ ကောင်းတာက သူက အဖြစ်မှန်ကို ထောက်ပြလိုက်ပေမဲ့ လူကြီးတွေထဲက ဘယ်သူမှ မယုံကြဘူး၊ အထူးသဖြင့် လျန်ဖျောင့်ရွှယ်ကို အမြဲ ကာကွယ်ပေးနေတဲ့ သခင်ကြီးလျန်။
"ပါးစပ်ပိတ်ထား" သခင်ကြီးလျန် အရှိန်အဝါ ကြီးမားစွာ ဟိန်းဟောက်လိုက်သည်။ "လူသတ်သမားကို မမိသေးဘဲနဲ့ မင်းက ဘာလို့ မင်းအစ်မကို လူသတ်သမားလို့ လာပြောနေရတာလဲ"
"အဘိုး... ကျွန်မ လျှောက်ပြောတာ မဟုတ်ပါဘူး" ဒီမြေးက ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။ "ကျွန်မ ပြောတာတွေ အကုန်လုံးက အမှန်တရားတွေချည်းပါပဲ။ ထိခိုက်မှု ဖြစ်တဲ့ အစ်ကို၊ အစ်မ၊ မောင်၊ ညီမတွေထဲမှာ ဘယ်သူက လျန်ဖျောင့်ရွှယ်နဲ့ စကားများမဖြစ်ခဲ့ဖူးလို့လဲ၊ ဖေးရွှီး အပါအဝင်ပေါ့"
"အဲဒါ တိုက်ဆိုင်မှုပါ" သခင်ကြီးလျန်က ခေါင်းမာမာနဲ့ ပြောလိုက်သည်။ "မင်းမှာ အစွမ်းရှိရင် သက်သေပြလိုက်၊ မဟုတ်ရင် ပါးစပ်ပိတ်ထား"
လျန်ဖျောင့်ရွှယ်ကို ထောက်ပြတဲ့သူက မြေးမျိုးဆက် နံပါတ် ၇၊ လျန်ရှင်းယွဲ့ပါ။
လျန်ရှင်းယွဲ့ ငြင်းချင်ပေမဲ့ သခင်ကြီးလျန်က သူ့ကို စောင်းကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "မင်း ပါးစပ်ကသာ မင်းအစ်မကြီးက လူသတ်သမားလို့ ပြောနေတာ၊ မင်းမှာ သက်သေရှိလား။ မရှိရင် လျှောက်မပြောနဲ့။ ပြီးတော့ ရွှယ်အာက ဒီရက်ပိုင်း အိမ်မှာပဲ နေနေတာ၊ တစ်လှမ်းမှ အပြင်မထွက်ဘူး၊ ပြီးတော့ သူက မိန်းကလေးတစ်ယောက်၊ မောင်နှမတွေကို ဒုက္ခပေးနိုင်တဲ့ စွမ်းရည် ဘယ်က ရလာမှာလဲ။ မင်း တကယ် အဓိပ္ပာယ် မရှိတာတွေ ပြောနေတာပဲ"
လျန်ရှင်းယွဲ့ မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။
သူမ စိတ်ထဲမှာ လျန်ဖျောင့်ရွှယ် လုပ်တာလို့ ထင်ပေမဲ့ ဘာသက်သေမှ မရှိဘူး၊ ပြီးတော့ လျန်ဖျောင့်ရွှယ်က မောင်နှမ အားလုံးကို ဒုက္ခပေးနိုင်လောက်တဲ့ စွမ်းရည် ရှိတယ် ဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
သူမ အကြည့်က လျန်ဖျောင့်ရွှယ်ဆီ မသိမသာ ရောက်သွားတယ်၊ ဒါပေမဲ့ လျန်ဖျောင့်ရွှယ် သူမကို ကြည့်နေတဲ့ အဆိပ်ပြင်းတဲ့ အကြည့်နဲ့ ဆုံလိုက်ရတော့ သူမ ကျောချမ်းသွားပြီး ရင်ထဲမှာ ကြောက်ရွံ့မှုတွေ ထွက်ပေါ်လာတယ်။
လျန်ဖျောင့်ရွှယ် နောက်ထပ် ဒုက္ခပေးမယ့် ပစ်မှတ်က သူမ ဖြစ်နိုင်တယ်လို့ သူမ ခံစားမိလိုက်တယ်။
ဒါပေမဲ့ အခု ဒီအိမ်မှာ လူကြီးတွေက လျန်ဖျောင့်ရွှယ်ကို သံသယ မဝင်ကြဘူး၊ သူမ အကူအညီ တောင်းချင်ရင်တောင် မဖြစ်နိုင်ဘူး။
ဒါဆို ဘယ်လိုလုပ်မလဲ။
သူမ အိမ်မှာ နေလို့မဖြစ်ဘူးလို့ ထင်တယ်။
သူမ အိမ်မှာ နေရင် ဇာတ်သိမ်းက လျန်ဖေးရွှီးလို ဖြစ်သွားနိုင်တယ်လို့ ထင်တယ်။
ဒါပေမဲ့ အပြင်ထွက်လို့လည်း မရဘူး၊ အပြင်ထွက်ရင်လည်း မလုံခြုံဘူး။
ဒါကြောင့် အကောင်းဆုံး နေရာက သူငယ်ချင်းဆီ သွားပုန်းနေတာပဲ။
ဆုံးဖြတ်ချက် ချလိုက်တဲ့ လျန်ရှင်းယွဲ့ ဘယ်သွားပုန်းရမလဲဆိုတာ ချက်ချင်း သိလိုက်တယ်။
သခင်ကြီးလျန်က မြေးတွေ၊ မြေးမလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထိခိုက်မှု ဖြစ်နေတာ မြင်တော့ သေချာပေါက် ဒေါသထွက်တာပေါ့။
"စစ်ဆေး... သေချာ စစ်ဆေးပေး။ ငါတို့ လျန်မိသားစု မျိုးဆက်တွေကို ဒုက္ခပေးတဲ့ နောက်ကွယ်က လူသတ်သမားကို ရှာတွေ့အောင် ရှာ၊ ငါ သူ့ကို တန်ဖိုးပေးဆပ်စေရမယ်" သခင်ကြီးလျန် အရှိန်အဝါ ကြီးမားစွာ အမိန့်ပေးလိုက်သည်။
လျန်ဖျောင့်ရွှယ် မျက်လုံး ကလည်ကလည် လုပ်ပြီး ပြောလိုက်သည်။ "အဘိုး... ဒါ ကုန်းထျန်းဟောက်က ကျွန်မတို့ လျန်မိသားစုကို လက်တုံ့ပြန်တာများလား။ မဟုတ်ရင် မြို့တော် တစ်ခုလုံးမှာ ဘယ်သူက ကျွန်မတို့ လျန်မိသားစုကို ဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိမှာလဲ"
သခင်ကြီးလျန် ကြားလိုက်ရတော့ ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ရွှယ်အာ... မင်း ပြောပြပါဦး"
လျန်ဖျောင့်ရွှယ် ပြောလိုက်သည်။ "အဘိုး... ကြည့်ပါဦး၊ ကုန်းမိသားစုက လူနည်းတယ်၊ ကျွန်မတို့ လျန်မိသားစုက လူများတယ်၊ သူတို့ သေချာပေါက် မနာလို ဖြစ်မှာပေါ့။ အရင်တုန်းက ကုန်းမိသားစုက ကျွန်မတို့ လျန်မိသားစုကို ဒုက္ခပေးဖို့ အကြောင်းပြချက် မရှိဘူး၊ ဒါပေမဲ့ အရင်တုန်းက သမီးရဲ့ အမှားကြောင့် သူတို့က အကြောင်းပြချက် ရသွားပြီး ကျွန်မတို့ လျန်မိသားစု မျိုးဆက်တွေကို ဒုက္ခပေးတော့တာပေါ့"
ဒီအချိန်မှာ လျန်ရှင်းယွဲ့ ချက်ချင်း ငြင်းဆိုလိုက်သည်။ "နင် ပြောသလိုဆိုရင် ကုန်းမိသားစု အစ်ကိုကုန်းက အရင်ဆုံး ဒုက္ခပေးသင့်တဲ့သူက နင် ဖြစ်သင့်တာပေါ့၊ ဒါပေမဲ့ ဘာလို့ လူတိုင်းထဲမှာ နင်တစ်ယောက်တည်း ဘာမှ မဖြစ်ဘဲ ဘေးကင်းနေရတာလဲ"
လျန်ဖျောင့်ရွှယ် မျက်မှောင်ကြုတ်ပြီး လျန်ရှင်းယွဲ့ကိုကြည့်ကာ မျက်လုံးထဲတွင် ရွံရှာမှုများ ပေါ်လာသည်။
သူမ ငြင်းဆိုလိုက်သည်။ "ငါတစ်ယောက်တည်း ဘေးကင်းတယ် ဆိုတာ ဘာသဘောလဲ၊ နင်လည်း ဘေးကင်းနေတာပဲ မဟုတ်လား။ နင် ငါ့ကို သံသယ ဝင်ရင် ငါက ဘာလို့ နင့်ကို သံသယ မဝင်ရမှာလဲ"
"နင်..." လျန်ရှင်းယွဲ့ ဘယ်လို ပြန်ပြောရမလဲ မသိတော့ဘူး။
လျန်ဖျောင့်ရွှယ် ဆက်ပြောသည်။ "လျန်ရှင်းယွဲ့... နင် ပုံမှန်ဆို အဘိုးရဲ့ အချစ်ကို ရထားတဲ့ ငါ့ကို မနာလို ဖြစ်နေမှန်း ငါ သိပါတယ်။ ဒါပေမဲ့ ဒါက နင် ငါ့ကို စွပ်စွဲရမယ့် အကြောင်းပြချက် မဟုတ်ဘူးလေ"
သခင်ကြီးလျန်က ဘေးနားကနေ ထောက်ခံလိုက်သည်။ "ရှင်းယွဲ့... မင်းအစ်မ ပြောတာ မှန်တယ်"
လျန်ရှင်းယွဲ့ "..." သူမ လုံးဝ ပြန်မပြောနိုင်တော့ဘူး။ ဒါပေမဲ့ အဘိုးက တကယ် မျက်နှာလိုက်လွန်းတယ်၊ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူး။
လျန်ရှင်းယွဲ့ ပြောလိုက်သည်။ "သမီး ဆေးရုံသွားပြီး ဖေးရွှီးကို သွားကြည့်လိုက်ဦးမယ်"
ပြောပြီးတာနဲ့ သူမ ချက်ချင်း ထွက်ခွာသွားသည်။
သူမ ကျောပြင်ကို ကြည့်ပြီး လျန်ဖျောင့်ရွှယ် မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင် တစ်ချက် ထပ်မံ လက်ခနဲ ဖြစ်သွားတယ်။
ဟွန့်... အစက နင့်အသက်ကို ချမ်းသာပေးမလို့ပါ၊ ဒါပေမဲ့ နင်ကိုယ်တိုင် ငါ့ခေါင်းပေါ် လာထိပါးနေမှတော့ ငါ အားမနာတော့ဘူး။
...
လျန်မိသားစု မျိုးဆက်တွေ အိမ်မှာတင် သနားစရာ ကောင်းလောက်အောင် ထိခိုက်မှု ဖြစ်နေတဲ့ သတင်းက မြို့တော် အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ အမြန် ပျံ့နှံ့သွားတယ်။
ဒါပေမဲ့ မသိမသာပဲ ကုန်းမိသားစုက လျန်မိသားစု မျိုးဆက်တွေကို ဒုက္ခပေးနေတာ၊ လျန်မိသားစု လူများတာကို မနာလိုလို့ပါ ဆိုတဲ့ ကောလဟာလတွေ ထွက်လာတယ်။
ဟုတ်ပါတယ်... ဒီလို ကောလဟာလတွေ ထွက်လာတာက သံသယ ဖြစ်စရာ ကောင်းလွန်းတယ်။
ဒါပေမဲ့ သုံးယောက်ပြောရင် ကျားဖြစ်တယ်၊ လူတစ်ရာ ကောလဟာလ လွှင့်ရင် အမှန်တရား ဖြစ်လာတယ် ဆိုသလိုပေါ့။
လူအများကြီးက ကုန်းမိသားစုက လျန်မိသားစု မျိုးဆက်တွေကို ဒုက္ခပေးချင်နေတယ် ဆိုတဲ့ ကောလဟာလကို ယုံကြည်နေကြတယ်။
ဘာပဲပြောပြော ကုန်းထျန်းဟောက်က အရင်တုန်းက လျန်မိသားစု စီးပွားရေးတွေကို ဖိနှိပ်ခဲ့ဖူးတယ်၊ အခု လျန်မိသားစု မျိုးဆက်တွေကို ဒုက္ခပေးတယ် ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။
...
လီယွမ်ဟန် ကုန်းထျန်းဟောက်ကို အလွန် သံသယဖြင့် မေးလိုက်သည်။ "ထျန်းဟောက်... အပြင်မှာ ပျံ့နေတဲ့ ကောလဟာလတွေက ဘယ်လို ဖြစ်တာလဲ။ ဘာလို့ ရုတ်တရက် ဒီလို ကောလဟာလတွေ ထွက်လာရတာလဲ"
ကုန်းမိသားစုက မျိုးဆက်လိုချင်ရင် မလွယ်ဘူးလား၊ ကုန်းထျန်းဟောက် မိန်းမတွေ အများကြီး ယူပြီး ကလေးတွေ အများကြီး မွေးလိုက်ရင် ရပြီလေ၊ အခုမှ ရှောင်လင်းယွီနဲ့ လက်ထပ်ပြီး ကလေးတစ်ယောက်ပဲ မွေးရသေးတဲ့ အချိန်ထိ စောင့်စရာလိုသေးလို့လား။
ကုန်းထျန်းဟောက် လက်ကာပြပြီး ပြောလိုက်သည်။ "အဲဒါတွေကို ဂရုမစိုက်နဲ့"
ဒီကောလဟာလတွေ ဘယ်ကလာလဲဆိုတာ ကုန်းထျန်းဟောက် သိပါတယ်။
ဒါပေမဲ့ သူ လျန်မိသားစု လူကြီးတွေရဲ့ ဉာဏ်ရည်ကိုတော့ တကယ် အထင်ကြီးမိသွားတယ်။
ဘယ်သူကမှ အမြဲတမ်း ချစ်ခင်မြတ်နိုးခဲ့တဲ့ သမီး (မြေးမလေး) ကို သံသယ ဝင်မှာ မဟုတ်ပါဘူး၊ ပြီးတော့ လျန်ဖျောင့်ရွှယ်က မိန်းကလေး တစ်ယောက်တည်းလေ၊ ဘယ်လောက် စွမ်းရည် ရှိမှာမို့လို့လဲ။
လီယွမ်ဟန် ထူးဆန်းသလို မေးလိုက်သည်။ "ဒီလျန်မိသားစုက ဘယ်လို ဖြစ်တာလဲ။ ဘာလို့ မျိုးဆက်သစ်တွေ တစ်ယောက်ပြီး တစ်ယောက် ထိခိုက်မှု ဖြစ်နေရတာလဲ။ အသက်မသေပေမဲ့ တစ်ယောက်ပြီး တစ်ယောက် ဒုက္ခိတတွေ ဖြစ်ကုန်ကြပြီ၊ ဒါ သိပ်ထူးဆန်းလွန်းတယ်"
ကုန်းထျန်းဟောက်က အေးဆေးစွာ ပြောလိုက်သည်။ "ဒါ ဘာထူးဆန်းစရာ ရှိလို့လဲ။ မင်း ပြောကြည့်၊ ဒုက္ခိတ တစ်ယောက်က ဘာလုပ်နိုင်မှာလဲ"
လီယွမ်ဟန် ကြားလိုက်ရတော့ ချက်ချင်း သဘောပေါက်သွားတယ်၊ အံ့သြစွာ ပြောလိုက်သည်။ "ထျန်းဟောက်... မင်း ဆိုလိုတာက သူတို့ကို ဒုက္ခပေးနေတာ သူတို့ လူအချင်းချင်းပဲပေါ့"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "သေချာပေါက် သူတို့ လူအချင်းချင်းပေါ့၊ ပြီးတော့ ဒီလူက အေးစက်၊ တစ်ကိုယ်ကောင်းဆန်၊ ရက်စက်ကြမ်းကြုတ်တဲ့ သူတစ်ယောက်ပဲ။ သူ ဒီလိုမလုပ်ရင် လျန်မိသားစုက ဘယ်တော့မှ သူ့ပိုင် ဖြစ်လာမှာ မဟုတ်ဘူး။ သူမ ဘယ်လောက်ပဲ အချစ်ခံရပါစေ သူက လျန်မိသားစုရဲ့ မိန်းကလေး တစ်ယောက်ပဲလေ၊ လျန်မိသားစု ပိုင်ဆိုင်မှု အားလုံးကို ဆက်ခံခွင့် မရှိဘူး"
"မဟုတ်ပါဘူးနော်... သူ ဖြစ်နေတာလား" လီယွမ်ဟန် မျက်နှာထား အလွန် တုန်လှုပ်သွားသည်။ "ဒါပေမဲ့ ဘာပဲပြောပြော အဲဒါတွေက သူ့ရဲ့ မောင်နှမအရင်းတွေလေ၊ သူ ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ"
"ဟွန့်... မောင်နှမအရင်းတွေ ဟုတ်လား။ ဒီငွေကြေးတွေရှေ့မှာ သံယောဇဉ် အားလုံးက အလကားပါပဲ" ကုန်းထျန်းဟောက်က သရော်လိုက်သည်။
လီယွမ်ဟန် ခဏလောက် တုန်လှုပ်နေပြီးနောက် မေးလိုက်သည်။ "ဒါဆို ထျန်းဟောက်... အဲဒီ ကောလဟာလတွေကလည်း သူ လွှင့်ထားတာပေါ့"
"သူ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက တစ်ချက်က လျန်မိသားစုရဲ့ စုံစမ်းစစ်ဆေးမှု လမ်းကြောင်းကို လွှဲပစ်ချင်လို့၊ နှစ်ချက်က ဒီအပြစ်ကို ထမ်းမယ့်သူ ရှာချင်လို့၊ ငါနဲ့ လျန်မိသားစုက အပြင်လူတွေ အမြင်မှာ ရန်ငြိုးတချို့ ရှိနေတော့ သဘာဝကျကျပဲ အကောင်းဆုံး အပြစ်ပုံချခံရမယ့်သူ ဖြစ်သွားတာပေါ့" ကုန်းထျန်းဟောက် အေးဆေးစွာ ပြောလိုက်သည်။
"ကျွတ် ကျွတ်... ဒီမိန်းမက တကယ် ရက်စက်ပြီး ဉာဏ်များတာပဲ" လီယွမ်ဟန် အာမေဋိတ်သံ ပြုလိုက်သည်။
ဘယ်သူမှ ထင်မှတ်မထားဘူး၊ ပြင်ပလူတွေ မျက်လုံးထဲမှာ အားနွဲ့ပုံရတဲ့ လျန်မိသားစု သခင်မလေးက ဒီလောက် ဆွေမျိုးသံယောဇဉ် မရှိတဲ့ ရက်စက်တဲ့ မိန်းမတစ်ယောက် ဖြစ်နေလိမ့်မယ် ဆိုတာကိုလေ။
ကုန်းထျန်းဟောက် အံဆွဲထဲက USB တစ်ခု ထုတ်လိုက်ပြီး လီယွမ်ဟန်ကို ပြောလိုက်သည်။ "ဒီထဲမှာ လျန်ဖျောင့်ရွှယ် သူ့ မောင်နှမတွေကို ဒုက္ခပေးတဲ့ သက်သေအထောက်အထားတွေ ပါတယ်။ မင်း ဒါကို ကူးယူပြီး လျန်စစ်ချန်တို့ ညီအစ်ကို ၃ ယောက် လက်ထဲကို သီးခြားစီ ပို့ပေးလိုက်။ မှတ်ထားနော်... သေချာ လျှို့ဝှက်ပြီး သတိထား၊ ငါတို့ လုပ်တာဆိုတာ လူမသိစေနဲ့"
လီယွမ်ဟန် ချက်ချင်း လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ "ကောင်းပါပြီ... ငါ သိပြီ"
လီယွမ်ဟန် USB ယူပြီး ထွက်ခွာသွားသည်။
ကုန်းထျန်းဟောက် အေးစက်စွာ ရယ်မောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... မင်း ကစားချင်ရင် ငါ မင်းနဲ့ ကောင်းကောင်း ကစားပေးမယ်၊ ငါတို့ ဘယ်သူက ဘယ်သူ့ကို နိုင်မလဲ ကြည့်ကြတာပေါ့"
...
"မစ္စတာလျန်... ခင်ဗျားအတွက် ပါဆယ်ထုပ် တစ်ခု ရောက်နေပါတယ်။ ပါဆယ်ထုပ် ပို့တဲ့သူ ပြောတာ ဒီထဲက ပစ္စည်းက အရေးကြီးတယ်၊ ခင်ဗျားကိုယ်တိုင် ဖွင့်ကြည့်မှ ရမယ်တဲ့" အထွေထွေ မန်နေဂျာ ရုံးခန်းထဲမှာ အတွင်းရေးမှူးက လျန်မိသားစု ဒုတိယသားကို အစီရင်ခံလိုက်သည်။
လျန်ဒုတိယသားက ပါဆယ်ထုပ်လေးကို ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။ "ဘယ်သူ ပို့တာလဲ"
အတွင်းရေးမှူး ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ "ဒါ နာမည်မပါတဲ့ ပါဆယ်ထုပ်ပါ"
ထို့နောက် သူမ ခနရပ်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။ "မစ္စတာလျန်... ဒီပါဆယ်ထုပ်က ပြဿနာ ရှိနေမလား၊ လုံခြုံရေး ဌာနကို ဖွင့်ခိုင်းလိုက်ရမလား"
လျန်ဒုတိယသားက ဒီဇာစ်မြစ်မသိရတဲ့ ပါဆယ်ထုပ်ကို ဂရုမစိုက်ချင်ပေမဲ့ ဒီရက်ပိုင်း အိမ်မှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေလို့ သူ တစ်ကိုယ်လုံး စိတ်ပင်ပန်းနေတာ။
အခု ဒီပါဆယ်ထုပ်ကို မြင်တော့ စိတ်ထဲမှာ အသံတစ်သံက သူ့ကို ခေါ်နေတယ်၊ ဒီပါဆယ်ထုပ်ကို မဖြစ်မနေ ဖွင့်ရမယ်၊ မဟုတ်ရင် သေချာပေါက် နောင်တရလိမ့်မယ်တဲ့။
လျန်ဒုတိယသား လက်ကာပြပြီး ပြောလိုက်သည်။ "မလိုပါဘူး၊ ငါ ကိုယ်တိုင် ဖွင့်မယ်"
အတွင်းရေးမှူး တွန့်ဆုတ်စွာ ပြောလိုက်သည်။ "မစ္စတာလျန်... ကျွန်မ ဖွင့်ပေးပါရစေ၊ တကယ်လို့ ဒီပါဆယ်ထုပ်က..."
သူမ ပြောလို့ မပြီးသေးခင် လျန်ဒုတိယသားက ပါဆယ်ထုပ်ကို ပြတ်ပြတ်သားသား ဖွင့်လိုက်တယ်၊ အထဲမှာ အနက်ရောင် ဘူးလေး တစ်ဘူး ရှိတယ်၊ အပေါ်မှာ စာရွက်တစ်ရွက် တင်ထားတယ်။
စာရွက်ပေါ်မှာ ရေးထားတယ် - ခင်ဗျားသားသမီးတွေကို လုပ်ကြံတဲ့ နောက်ကွယ်က လူသတ်သမား အစစ်ကို သိချင်လား။ ဘူးကို ဖွင့်လိုက်ပါ၊ အဖြေရှိလိမ့်မယ်။
ဒါကို မြင်တော့ လျန်ဒုတိယသား စိတ်လှုပ်ရှားစွာ ဘူးကို ဖွင့်လိုက်တယ်၊ အပေါ်မှာ USB တစ်ခု ငြိမ်သက်စွာ လဲလျောင်းနေတယ်။
သူ ခံစားမိတယ်၊ အဖြေအားလုံးက ဒီ USB ထဲမှာ ရှိနေတယ်လို့။
လျန်မိသားစု ဒုတိယသားက အတွင်းရေးမှူးကို ကြည့်ပြီး ပြောလိုက်သည်။ "မင်း ထွက်သွားတော့"
"ဟုတ်ကဲ့" အတွင်းရေးမှူး ထွက်သွားပြီး တံခါးပိတ်ပေးလိုက်တယ်။
လျန်ဒုတိယသားက မစောင့်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ USB ကို ကွန်ပျူတာထဲ ထိုးထည့်လိုက်တယ်။
ထို့နောက် ကွန်ပျူတာထဲကနေ သူ အရမ်း ရင်းနှီးတဲ့ အသံ ထွက်ပေါ်လာတယ်၊ ဆက်လက် နားထောင်လိုက်တော့ အံ့သြတုန်လှုပ်စွာ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ"
သူ အံ့သြတုန်လှုပ်ပြီး ငေးငိုင်သွားတယ်၊ ချက်ချင်း တစ်ခုခုကို သတိရသွားပြီး ဖုန်းတစ်ချက် ဆက်လိုက်တယ်၊ တစ်ဖက်က ဖုန်းကိုင်တာနဲ့ သူ ပြောလိုက်သည်။ "လောင်ဆန်း... ငါ အခုပဲ ပါဆယ်ထုပ် တစ်ခု ရလိုက်တယ်..."
ဘယ်သူ ထင်ထားမလဲ၊ တစ်ဖက်ကလည်း မျက်နှာထား အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။ "လောင်အာ့... ကျွန်တော်လည်း ပါဆယ်ထုပ် တစ်ခု ရလိုက်တယ်၊ အထဲမှာ USB တစ်ခု ပါတယ်"
"လောင်ဆန်း... မင်းလည်း ရလိုက်တယ်လား" လျန်ဒုတိယသား အံ့သြစွာ မေးလိုက်သည်။ "မင်း USB ထဲက ဟာတွေ နားထောင်ပြီးပြီလား"
"နားထောင်ပြီးပြီ" လျန်တတိယသား အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ရွှယ်အာ ဖြစ်နေရတာလဲ။ တစ်ယောက်ယောက်က သူ့ကို စွပ်စွဲတာများလား"
လျန်ဒုတိယသားကတော့ နည်းနည်း တည်ငြိမ်သွားပြီ၊ သူ ပြောလိုက်သည်။ "မဟုတ်ဘူး... သူ့ကို စွပ်စွဲတာ မဖြစ်နိုင်ဘူး။ USB ထဲမှာ အသံဖိုင်တင် မကဘူး၊ ဗီဒီယိုတွေလည်း ပါတယ်၊ ပြီးတော့ လျန်မိသားစု လူတွေ အားလုံး ထိခိုက်မှုဖြစ်တုန်းက မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေလည်း ပါတယ်။ ဒီသက်သေအထောက်အထား အားလုံးက ပြသနေတာက ငါတို့ လျန်မိသားစု လူတွေ အများကြီး ထိခိုက်မှု ဖြစ်တာ၊ ဒီနောက်ကွယ်က လူသတ်သမားက လျန်ဖျောင့်ရွှယ်ဆိုတာ သေချာနေပြီ"
လျန်မိသားစု တတိယသား ချက်ချင်း ဒေါသထွက်သွားသည်။ "ဒီရက်စက်တဲ့ မိန်းမ၊ သူ ဘာလို့ ဒီလို လုပ်ရတာလဲ။ ငါတို့က သူ့ကို ဘာအကြွေးတင်နေလို့လဲ၊ သူက မောင်နှမတွေကို တစ်ယောက်ပြီး တစ်ယောက် ဖျက်ဆီးပစ်ရတာလဲ"
လျန်မိသားစု ဒုတိယသားက အသံဖိုင်ထဲက စကားတစ်ခွန်းကို သတိရပြီး ပြောလိုက်သည်။ "သူက လျန်မိသားစု ပိုင်ဆိုင်မှု အားလုံးကို လိုချင်တာ"
လျန်မိသားစု တတိယသား တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ " အိပ်မက်မက်နေလိုက်"
"လောင်ဆန်း... ငါ ထင်တာ ငါတို့ အိမ်ကို ချက်ချင်း ပြန်သင့်တယ်" လျန်မိသားစု ဒုတိယသား ပြောလိုက်သည်။
ဟိုဘက်မှာ လျန်စစ်ချန်လည်း သူ့သမီး လျန်ဖျောင့်ရွှယ်ရဲ့ သက်သေအထောက်အထားတွေ ပါတဲ့ အလားတူ ပါဆယ်ထုပ် တစ်ခု ရရှိခဲ့တယ်၊ ဒါပေမဲ့ သူ ဘယ်လိုမှ မယုံကြည်နိုင်ဘူး၊ လျန်မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီကြေကွဲစရာကိစ္စတွေအားလုံးက သူ့သမီး တစ်ယောက်တည်း လက်ချက်ဆိုတာကို။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လျန်စစ်ချန် လုံးဝ မယုံရဲဘူး။ "ရွှယ်အာက နည်းနည်း ဆိုးသွမ်းရုံပါ၊ အားနွဲ့တဲ့ မိန်းကလေး တစ်ယောက်ပါ၊ ဘယ်လိုလုပ် မောင်နှမတွေကို ဒုက္ခပေးတဲ့ ဒီလို ရက်စက်တဲ့ ကိစ္စမျိုး လုပ်နိုင်မှာလဲ"
ဒါပေမဲ့ ဒီ USB ထဲမှာ မှတ်တမ်းတင်ထားတာက အသံဖိုင်တင် မကဘူး၊ ဗီဒီယို မှတ်တမ်းတွေလည်း ပါတယ်၊ သက်သေအထောက်အထားတိုင်းက လျန်ဖျောင့်ရွှယ်ကို ညွှန်ပြနေတယ်၊ ငြင်းလို့ မရတော့ဘူး။
"ဒါပေမဲ့ ရွှယ်အာ... သူ... သူက ဘယ်ကနေ ဒီလောက်ကြီးမားတဲ့ စွမ်းရည် ရလာတာလဲ" လျန်စစ်ချန် သံသယ ဖြစ်နေသည်။
သူ့စိတ်ထဲမှာ သံသယတွေ ဘယ်လောက်ပဲ များများ၊ အခု အရေးကြီးဆုံးက အိမ်ပြန်ပြီး လျန်ဖျောင့်ရွှယ်ကို မေးခွန်းထုတ်ဖို့ပဲ။
လျန်စစ်ချန် အိမ်ပြန်ရောက်တော့ မိသားစုဝင် အားလုံးနီးပါး စုဝေးရောက်ရှိနေကြပြီ။
"အစတုန်းက ငါ ပြောခဲ့သားပဲ၊ ဒါတွေ အကုန်လုံးက လျန်ဖျောင့်ရွှယ် လုပ်တာလို့၊ နင်တို့က မယုံကြဘူး။ အခု နင်တို့ ယုံကြပြီလား" လျန်ရှင်းယွဲ့က ကြောက်လန့်သလို ဒေါသထွက်သလို ပြောလိုက်သည်။ "ငါသာ လီမိသားစုဆီ သွားမပုန်းခဲ့ရင် ငါလည်း သူ လျှာဖြတ်တာ၊ လက်နှစ်ဖက် ဖြတ်တာ ခံရပြီး အခု ဆေးရုံပေါ် ရောက်နေလောက်ပြီ"
လျန်စစ်ချန် ဝင်လာတာနဲ့ မေးလိုက်သည်။ "ဘယ်လို ဖြစ်တာလဲ"
လျန်ရှင်းယွဲ့က ဦးလေးကြီးကို မြင်တာနဲ့ ပြောလိုက်သည်။ "ဦးလေးကြီး... လွန်ခဲ့တဲ့ ရက်ပိုင်းက သမီး လျန်ဖျောင့်ရွှယ်ကို ပြစ်မှားမိလို့ လျန်မိသားစုမှာနေရင် ဒုက္ခရောက်မှာ စိုးလို့ လီမိသားစုဆီ သွားပုန်းနေတာ။ ဒါပေမဲ့ သမီး လီမိသားစုမှာ ပုန်းနေတုန်း မတော်တဆ လျန်ဖျောင့်ရွှယ်နဲ့ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားတစ်ယောက် အတူရှိနေတာ တွေ့လိုက်တယ်၊ ဘာပြောနေလဲတော့ မသိဘူး။
ဒါပေမဲ့ ညဘက်ရောက်တော့ လူတစ်ယောက် သမီးအခန်းထဲ ဝင်လာတယ်၊ သမီး ကြောက်လို့ သူငယ်ချင်းနဲ့ သွားအိပ်လို့သာ၊ မဟုတ်ရင် သမီးရဲ့ ဇာတ်သိမ်းက ဖေးရွှီးနဲ့အတူတူ ဖြစ်သွားမှာ။ ဦးလေးကြီး မသိပါဘူး၊ သမီးအခန်းထဲ ဝင်လာတဲ့ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားက လျန်ဖျောင့်ရွှယ်နဲ့ အတူရှိနေတာ သမီး မတော်တဆ တွေ့လိုက်တဲ့ လူပါပဲ။ လီမိသားစုက လုံခြုံရေး တင်းကျပ်တော့ အဲဒီအမျိုးသား အမြန်တွေ့သွားခံလိုက်ရတယ်၊ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ မမီတော့ဘူး၊ နောက်ဆုံးတော့ အဖမ်းခံရမှာ ကြောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်"
လျန်ဖျောင့်ရွှယ်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "ဒါတွေ အကုန်လုံးက နင့် ပါးစပ်က ပြောနေတာပဲ၊ သက်သေ ဘယ်မှာလဲ"
"သက်သေက ဒီမှာ ရှိတယ်" လူတိုင်း ကြည့်လိုက်ကြသည်။
လျန်တတိယသားက လက်ထဲမှာ USB တစ်ခု ကိုင်ထားပြီး မျက်နှာထား ဒေါသထွက်စွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... ရှင်းအာကို ဒုက္ခပေးချင်တဲ့ သက်သေတွေ ဒီမှာရှိနေတယ်"
အစတုန်းက သူ သိပ်မယုံကြည်ခဲ့ဘူး၊ တကယ်ပဲ လျန်ဖျောင့်ရွှယ် လုပ်တာ ဖြစ်နိုင်မလားလို့။
ဒါပေမဲ့ လျန်ရှင်းယွဲ့ ပြောတာ ကြားပြီး USB ထဲက အသံဖိုင်နဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တော့ သူ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။
လုံးဝ ငြင်းလို့ မရတော့ဘူး၊ လျန်မိသားစု လူတိုင်းကို ဒုက္ခပေးတဲ့ နောက်ကွယ်က လူသတ်သမား အစစ်က လျန်ဖျောင့်ရွှယ် ဖြစ်နေတာ သေချာသွားပြီ။
"လျန်ဖျောင့်ရွှယ်... ဦးလေးသုံး ဘယ်လိုမှ မထင်မှတ်ထားဘူး၊ လျန်မိသားစု လူတိုင်းကို ဒုက္ခပေးတဲ့ နောက်ကွယ်က လူသတ်သမား အစစ်က နင် ဖြစ်နေလိမ့်မယ်လို့" လျန်တတိယသားက လျန်ဖျောင့်ရွှယ်ကို လက်ညှိုးထိုးပြလိုက်သည်။
သူ့စကားဆုံးသည်နှင့် တစ်ခန်းလုံး အံ့သြတုန်လှုပ်သွားကြသည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
***
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အခန်း ၁၀၀၈ ။ ဇာတ်သိမ်းပိုင်း (ပြီးပါပြီ)
လျန်ဖျောင့်ရွှယ် လျန်မိသားစုထဲက မောင်းထုတ်ခံလိုက်ရတယ်ဆိုတာ ကြားတော့ ရှောင်လင်းယွီ နည်းနည်း အံ့သြသွားတယ်။
"ဒါ ဘယ်လို ဖြစ်တာလဲ။ လျန်ဖျောင့်ရွှယ်က ဘာလို့ ရုတ်တရက်ကြီး လျန်မိသားစုထဲက မောင်းထုတ်ခံရတာလဲ" ရှောင်လင်းယွီ သံသယဖြင့် မေးလိုက်သည်။
ထို့နောက် ကုန်းထျန်းဟောက်က လျန်မိသားစုမှာ ဖြစ်ပျက်ခဲ့တာတွေကို ရှောင်လင်းယွီကို ပြောပြလိုက်တယ်၊ နောက်ဆုံး ပြောလိုက်သည်။ "ကိုယ်တို့သားက တကယ် တော်တာပဲ။ ဟက်ကာ နည်းပညာ သုံးပြီး လျန်ဖျောင့်ရွှယ်ရဲ့ ဖုန်းကို စောင့်ကြည့်တယ်၊ လျန်ဖျောင့်ရွှယ်က လျန်မိသားစု လူတွေကို လုပ်ခဲ့တဲ့ မကောင်းမှုတွေ အကုန်လုံး မှတ်တမ်းတင်ထားတယ်၊ ကိုယ် အဲဒီ သက်သေအထောက်အထားတွေကို လျန်စစ်ချန် ညီအစ်ကို ၃ ယောက်ဆီ တိုက်ရိုက်ပို့ပေးလိုက်တာ"
ရှောင်လင်းယွီ လျန်ဖျောင့်ရွှယ်က လျန်မိသားစုဝင်တွေကို လက်စွမ်းပြခဲ့တယ်ဆိုတာ ကြားတော့ လေအေးတစ်ချက် ရှူရှိုက်လိုက်မိပြီး အံ့သြစွာ မေးလိုက်သည်။ "ဒီလျန်ဖျောင့်ရွှယ်က ရူးနေတာလား။ ကိုယ့်မောင်နှမတွေကို ဒီလို ပြင်းထန်တဲ့နည်းလမ်းမျိုး သုံးရက်တယ်လား" ခြေထောက် ရိုက်ချိုးတယ်၊ လျှာဖြတ်တယ်၊ လက်နှစ်ဖက် ဖြတ်တယ် ဆိုတာ လူလုပ်တဲ့ အလုပ် မဟုတ်တော့ဘူး။
ကုန်းထျန်းဟောက်က ပြောသည်။ "မိသားစုကြီးတွေထဲမှာ အာဏာအတွက် အချင်းချင်း တိုက်ခိုက်နေကြတာ၊ တစ်ကိုယ်ကောင်းဆန်ပြီး အေးစက် ရက်စက်ကြတာ ပုံမှန်ပါပဲ။ လျန်မိသားစုက မိသားစုကြီး တစ်ခုလေ၊ လျန်ဖျောင့်ရွှယ်က လျန်မိသားစုမှာ ဘယ်လောက်ပဲ အချစ်ခံရပါစေ သူက မိန်းကလေး တစ်ယောက်ပဲလေ၊ အများဆုံး အိမ်ထောင်ပြုရင် လက်ဖွဲ့ ပစ္စည်းတွေ အများကြီး ပေးလိုက်ရုံပဲ ရှိမယ်၊ လျန်မိသားစု အမွေဆက်ခံခွင့် ဆိုတာတော့ စိတ်မကူးနဲ့။
ဒါပေမဲ့ လျန်ဖျောင့်ရွှယ်က ပြန်လည်မွေးဖွားလာတဲ့သူလေ၊ အရင်ဘဝက သူ ဘာဖြစ်လို့ အသက်ငယ်ငယ်နဲ့ သေဆုံးခဲ့ရလဲ မသိပေမဲ့ လျန်မိသားစုနဲ့ မပတ်သက်ဘူးလို့ ပြောလို့မရဘူး၊ ဒါကြောင့် သူ လျန်မိသားစုဝင်တွေကို ဒီလိုနည်းလမ်းမျိုးတွေသုံးနိုင်ခဲ့တာ။ ပြီးတော့ သူ့ နောက်ကွယ်က တည်ထောင်ထားတဲ့ အင်အားစုကလည်း ငွေကြေး ထောက်ပံ့မှု လိုအပ်နေတော့ လျန်အုပ်စုက သူ့ရဲ့ ပစ်မှတ် ဖြစ်လာတာပေါ့"
"ဒါကြောင့် အမွေဆက်ခံခွင့်အတွက် သူက သူ့ရဲ့ မောင်နှမတွေကို တစ်ယောက်ပြီး တစ်ယောက် ဒုက္ခပေးနေတာပေါ့" ရှောင်လင်းယွီ လျန်ဖျောင့်ရွှယ်ရဲ့ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေသည်။ "ဒါဆို ဒီကိစ္စ ပေါက်ကြားသွားတော့ အထိခိုက်ဆုံးက သခင်ကြီးလျန် ဖြစ်မှာပေါ့"
"အင်း..." ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "ပုံမှန်ဆို လျန်ဖျောင့်ရွှယ်က သခင်ကြီးလျန် ရှေ့မှာ အရမ်း လိမ္မာရေးခြားရှိသလို ဟန်ဆောင်နေတာ၊ တစ်ခါတလေ ဆိုးသွမ်းပေမဲ့ သခင်ကြီးလျန် မျက်လုံးထဲမှာတော့ ချစ်စရာကောင်းနေတာ။ သခင်ကြီးလျန်က လျန်ဖျောင့်ရွှယ်ကို တကယ် ချစ်ခင်မြတ်နိုးပြီး ကာကွယ်ပေးတာ၊ မဟုတ်ရင် အရင်တုန်းက လျန်အုပ်စု ဘီလီယံ ၁၀၀ ကျော် ဆုံးရှုံးတာတောင် လျန်ဖျောင့်ရွှယ်ကို မင်းဆီ လာမတောင်းပန်ခိုင်းမှာ မဟုတ်ဘူး။
ဒီတစ်ခေါက် လျန်မိသားစု လူသတ်သမား ပေါ်လာတော့ သူလည်း တော်တော် လန့်သွားတယ်၊ ပုံမှန် သူ့ရှေ့မှာ အရမ်း လိမ္မာရေးခြား ရှိတဲ့ အဖိုးတန်မြေးမလေးက ကိုယ့်မောင်နှမတွေကို ဒီလို လက်ချက်ပြင်းပြင်း သုံးရက်လိမ့်မယ်လို့ လုံးဝ ထင်မှတ်မထားခဲ့ဘူး။
ကိုးယောက်မြောက် မြေးမလေး လျန်ဖေးရွှီးရဲ့ သနားစရာ ကောင်းတဲ့ အဖြစ်အပျက်ကို တွေးမိရင် သခင်ကြီးလျန် ရင်ထဲမှာ ဒေါသထွက်မိမှာ သေချာတယ်။
သူ စုံစမ်းချင်နေတဲ့ လူသတ်သမားက သူ အချစ်ဆုံး မြေးမလေး ဖြစ်နေတော့ သူ့အတွက် ထိုးနှက်ချက် ဘယ်လောက် ကြီးမားမလဲ စဉ်းစားကြည့်ပါ"
သခင်ကြီးလျန်က လျန်ဖျောင့်ရွှယ်ကို ချစ်ခင်မြတ်နိုးတာ မှန်ပါတယ်၊ ဒါပေမဲ့ သူ ချစ်ခင်မြတ်နိုးတာက လိမ္မာရေးခြား ရှိတဲ့ မြေးမလေးကိုပါ၊ ကိုယ့်မောင်နှမတွေကို ရက်စက်ကြမ်းကြုတ်စွာ ဒုက္ခပေးတဲ့ မြေးမလေးကို မဟုတ်ပါဘူး။
သက်သေအထောက်အထား ခိုင်လုံနေတဲ့ အခြေအနေမှာ သခင်ကြီးလျန် ဘာမှ မပြောဘဲ သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းတို့ ကြည့်စီစဉ်ကြတော့။ ဒါပေမဲ့ ငါ မျှော်လင့်တာက သူ့အသက်ကိုတော့ ချမ်းသာပေးကြပါ"
ပြောပြီးတာနဲ့ တုတ်ကောက်ထောက်ပြီး တုန်တုန်ရီရီနဲ့ ထွက်ခွာသွားတယ်၊ သခင်ကြီးရဲ့ ကျောပြင်ကို ကြည့်ပြီး ချက်ချင်း အသက်အများကြီး ပိုကြီးသွားသလို ခံစားလိုက်ရတယ်။
"အဘိုး... အဘိုး ဒီအတိုင်း ထွက်သွားပြီး သမီးကို ဂရုမစိုက်တော့ဘူးလား" ဒီအချိန်မှာ လျန်ဖျောင့်ရွှယ် ရင်ထဲမှာ ကြောက်လန့်လာတယ်။
သခင်ကြီးလျန် ရပ်တန့်သွားပြီး မျက်နှာကျက်ကို မော့ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။ "ငါ မင်းကို ထပ်ဂရုစိုက်ရင် မင်းရဲ့ တခြား မောင်နှမတွေအတွက် မတရားဘူး ဖြစ်နေလိမ့်မယ်" ပြောပြီးတာနဲ့ လျန်ဖျောင့်ရွှယ်ကို ထပ်ဂရုမစိုက်တော့ဘူး။
သူ အခု နားလည်သွားပြီ၊ လျန်ဖျောင့်ရွှယ်က သူ့အချစ်ကို အားကိုးပြီး ကိုယ့်မောင်နှမတွေကို အတင့်ရဲစွာ ဒုက္ခပေးရဲတာ ဆိုတာကို။
သခင်ကြီးလျန် ထွက်သွားတော့ လျန်စစ်ချန်နဲ့ လျန်ကတော်လည်း လျန်ဖျောင့်ရွှယ်ကို မကာကွယ်နိုင်တော့ဘူး။
ပြီးတော့ သူတို့ လျန်ဖျောင့်ရွှယ်ကို ချစ်ခင်မြတ်နိုးပေမဲ့ လျန်ဖျောင့်ရွှယ်က မောင်နှမအရင်းကိုတောင် ရက်စက်တဲ့နည်းလမ်းတွေ သုံးရက်တာကို လုံးဝ လက်မခံနိုင်ဘူး၊ အဲဒါ သူမရဲ့ အစ်ကိုအရင်းလေ၊ သွေးသားတော်စပ်တဲ့၊ ပုံမှန်ဆို သူမကို အရမ်း ချစ်ခင်မြတ်နိုးတဲ့ အစ်ကိုအရင်းလေ။
သခင်ကြီးက အသက်ချမ်းသာပေးဖို့ ပြောထားလို့ တခြားလူတွေ ဘယ်လောက် ဒေါသထွက်ထွက် ဘာမှ မတတ်နိုင်ကြဘူး။
နောက်ဆုံးတော့ လျန်ဖျောင့်ရွှယ်ကို နိုင်ငံခြား ပို့လိုက်တယ်၊ သူမ ပိုင်ဆိုင်သမျှ ငွေကြေး အားလုံးကို သိမ်းယူလိုက်တယ်၊ နိုင်ငံခြား ရောက်ရင် သေမလား ရှင်မလား လျန်မိသားစုက ဂရုမစိုက်ချင်တော့ဘူး။
ရှောင်လင်းယွီ ကြားလိုက်ရတော့ လျန်မိသားစုရဲ့ လျန်ဖျောင့်ရွှယ်ကို စီရင်ချက်ချတာကို နည်းနည်း အံ့သြမိတယ်။
နောက်ဆုံးတော့ လျန်ဖျောင့်ရွှယ်ကို ချစ်ခင်မြတ်နိုးသေးတာပဲ၊ သူမ ငွေကြေးလမ်းကြောင်း ဖြတ်တောက်လိုက်ရုံပဲ ရှိတာ၊ ရဲစခန်း ပို့လိုက်တာ မဟုတ်ဘူး၊ မဟုတ်ရင် လျန်ဖျောင့်ရွှယ် လုပ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ ဆိုရင် ထောင်ကျမှာ သေချာတယ်။
ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "လျန်မိသားစုက နောက်ဆုံးတော့ လျန်ဖျောင့်ရွှယ်ကို ချစ်နေကြသေးတာပဲ"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
ဤနေရာသို့ ရောက်သောအခါ ကုန်းထျန်းဟောက် ခနရပ်လိုက်ပြီး ပြောလိုက်သည်။ "ယွီအာ... လျန်စစ်ချန် ဒီနေ့ ကိုယ့်ဆီ လာအကူအညီတောင်းတယ်"
"ဟင်..." ရှောင်လင်းယွီ နားမလည်နိုင် ဖြစ်သွားသည်။
ကုန်းထျန်းဟောက် ပြောသည်။ "ငါတို့အိမ်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေရဲ့ အာနိသင် ထူးခြားတာ လူတိုင်း သိကြတယ်၊ လူအများကြီးလည်း သက်သေပြခဲ့ကြပြီ။ လျန်မိသားစု လူတွေ အများကြီး လျန်ဖျောင့်ရွှယ် ဒုက္ခပေးခံရတာ၊ လက်ရှိ ဆေးပညာ နည်းပညာနဲ့ဆိုရင် အဲဒီလူတွေ ပြန်ကောင်းလာဖို့ နည်းနည်း ခက်ခဲလိမ့်မယ်၊ ဒါကြောင့် လျန်မိသားစုက ကိုယ်တို့အိမ်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို မျှော်လင့်နေတာ"
ဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အာနိသင် အရှိဆုံးကတော့ စူပါမားကတ်က အထူးတန်းစား ကုန်ပစ္စည်းတွေပဲ။
ဒါပေမဲ့ အထူးတန်းစား ကုန်ပစ္စည်းတွေက စူပါမားကတ်မှာ ရောင်းချမှု ပမာဏ နည်းပါးတယ်၊ လျန်မိသားစုက နေ့တိုင်း အဲဒီ အထူးတန်းစား ဟင်းသီးဟင်းရွက်တွေကို ဝယ်နိုင်စွမ်းရှိရင်တောင် ပမာဏက မလုံလောက်ဘူး။
လျန်မိသားစု ကုန်းထျန်းဟောက်ဆီ လာအကူအညီတောင်းတာကလည်း ဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားဖူးပြီး အာနိသင်ကို သက်သေပြခဲ့ဖူးလို့ပါ။
ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ယောက်ျား... ဒီကိစ္စ ကျွန်မကို မေးစရာ မလိုပါဘူး၊ ရှင့်သဘောပါပဲ"
ကုန်းမိသားစုနဲ့ လျန်မိသားစုက ဘာပဲပြောပြော ဆက်ဆံရေး ရှိတယ်၊ အမှားလုပ်တာက လျန်ဖျောင့်ရွှယ်၊ တခြားလူတွေက အပြစ်မဲ့တယ်။
တကယ်လို့ သူတို့ကို ကယ်တင်နိုင်ရင် လျန်မိသားစုက ကုန်းမိသားစုကို ကျေးဇူးတင်ရမှာ။
ကုန်းထျန်းဟောက် သဘောထားအရဆိုရင် ပြဿနာ မရှိပါဘူး။
ဒါပေမဲ့ လေးစားမှုအရ ရှောင်လင်းယွီရဲ့ သဘောထားကို မေးမြန်းလိုက်တာပါ။
ရှောင်လင်းယွီ မေးလိုက်သည်။ "ထျန်းဟောက်... လျန်ဖျောင့်ရွှယ် တကယ်ပဲ လျန်မိသားစုရဲ့ နိုင်ငံခြား ပို့တာ ခံလိုက်ရတာလား"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "လျန်ဖျောင့်ရွှယ် တကယ်ပဲ လျန်မိသားစုရဲ့ နိုင်ငံခြား ပို့တာ ခံလိုက်ရတယ်။ ထုန်ထုန်က မကြာသေးခင်က လျန်ဖျောင့်ရွှယ် ဖုန်းကို စောင့်ကြည့်နေတာ၊ လျန်ဖျောင့်ရွှယ်ရဲ့ အင်အားစု အများစုက Y နိုင်ငံမှာ ရှိတယ်ဆိုတာ အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ"
"Y နိုင်ငံ ဟုတ်လား" ရှောင်လင်းယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "အဲဒီနေရာက HSD အဖွဲ့အစည်းရဲ့ နယ်မြေ မဟုတ်လား။ ဒါဆို သူက HSD အဖွဲ့အစည်းနဲ့ ဘာပတ်သက်မှု ရှိလို့လဲ"
ကုန်းထျန်းဟောက် ပြောသည်။ "လောလောဆယ် လျန်ဖျောင့်ရွှယ်နဲ့ HSD အဖွဲ့အစည်း ဘာပတ်သက်မှု ရှိလဲ ဆိုတာ မသိရသေးဘူး၊ ဒါပေမဲ့ မကြာခင် ကိုယ်တို့ သိရတော့မယ်လို့ ထင်တယ်"
ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်လို ရက်စက်တဲ့ သူတစ်ယောက်၊ ဒီလောက် သနားစရာကောင်းလောက်အောင် မိသားစုရဲ့ နိုင်ငံခြား ပို့တာ ခံလိုက်ရတာ၊ သူမ သေချာပေါက် ဒီအငြိုးအတေးကို မြိုသိပ်ထားနိုင်မှာ မဟုတ်ဘူး။ သူမ ပြန်လာပြီး လက်စားချေမှာ ကြောက်တယ်။ လျန်မိသားစုကို သတိပေးလိုက်ရင် ကောင်းမလား"
ကုန်းထျန်းဟောက်က အေးစက်စွာ ပြောလိုက်သည်။ "မလိုပါဘူး။ လျန်မိသားစုက သင်ခန်းစာ မယူတတ်ရင် လျန်ဖျောင့်ရွှယ် ပြန်လာပြီး လက်စားချေတာက သူတို့ ကံတရားပဲ"
ရှောင်လင်းယွီ ဘာမှ ထပ်မပြောဘဲ ခေါင်းညိတ်လိုက်တယ်၊ ဒါပေမဲ့ သူမ ရင်ထဲမှာ စိုးရိမ်စိတ်တွေ ရှိနေတုန်းပဲ၊ "ထျန်းဟောက်... ကျွန်မ အမြဲ ခံစားနေရတာ လျန်ဖျောင့်ရွှယ်က သေချာပေါက် ပြန်လာဦးမယ်လို့"
လျန်ဖျောင့်ရွှယ် လုပ်ခဲ့တာတွေ အများကြီးက တစ်ချက်က ကျန်းထောင်ကို ရချင်လို့၊ နောက်တစ်ချက်က သူမလက်ထဲက ကျောက်စိမ်းဆွဲပြားကို လုယူချင်လို့။
သူမ အခု ဘာမှ မရသေးဘူး၊ သေချာပေါက် စိတ်လျှော့မှာ မဟုတ်ဘူး၊ ပြန်လာမှာ သေချာတယ်။
ကုန်းထျန်းဟောက် နှစ်သိမ့်လိုက်သည်။ "ယွီအာ... မပူပါနဲ့။ ကိုယ်တို့သားရဲ့ ဟက်ကာ နည်းပညာက ထိပ်တန်း အဆင့် ရောက်နေပြီ၊ သူ အခု လျန်ဖျောင့်ရွှယ်ရဲ့ ဖုန်းနဲ့ ကွန်ပျူတာကို ဟက်ဝင်ထားတယ်၊ အချိန်မရွေး သူ့ကို စောင့်ကြည့်နိုင်တယ်။ အနည်းဆုံးတော့ ကိုယ်တို့ဘက်က ကြိုတင်ကာကွယ်မှုတွေ လုပ်ထားလို့ ရတာပေါ့"
ကုန်းထျန်းဟောက်ရဲ့ နှစ်သိမ့်မှုကို ကြားတော့ ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ရှင် ပြောတာ ဟုတ်တယ်"
လျန်ဖျောင့်ရွှယ် ဆိုတဲ့ လူအတွက် ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက သူမကို ကာကွယ်မှုတွေ လျှော့ချမထားပါဘူး။
...
"သခင်မ... ခင်ဗျားကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ် ထင်တယ်" လျန်ဖျောင့်ရွှယ် သူမရဲ့ အမှောင်ရိပ်ဂိုဏ်းကို ပြန်ရောက်တော့ ဘေးနားက လက်ရုံးက လျန်ဖျောင့်ရွှယ် စကားကို ကြားပြီး ခန့်မှန်းလိုက်တယ်။
လျန်ဖျောင့်ရွှယ် ကြားလိုက်ရတော့ သိသိသာသာ အံ့သြသွားတယ်။ "နင် ဘာပြောလိုက်လဲ၊ ငါ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ ဘယ်လို စောင့်ကြည့်တာလဲ"
လက်ရုံးက ခန့်မှန်းလိုက်သည်။ "ဖြစ်နိုင်တာက ထိပ်တန်းဟက်ကာတစ်ယောက်က ခင်ဗျားရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာထဲ တိုက်ရိုက် ဝင်ရောက်လာတာ ဖြစ်မယ်။ ဒါကြောင့် ခင်ဗျားရဲ့ လှုပ်ရှားမှုတိုင်းက တစ်ဖက်လူရဲ့ စောင့်ကြည့်မှုအောက် ရောက်နေတာ"
လက်ရုံး ဒီလိုပြောလိုက်တော့ လျန်ဖျောင့်ရွှယ် မျက်နှာထား ချက်ချင်း မည်းမှောင်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ကုန်းထျန်းဟောက်... ငါ နင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး"
ဒီလိုလုပ်နိုင်တဲ့သူက ကုန်းထျန်းဟောက်ကလွဲရင် တခြားလူ မရှိတော့ဘူး။
သူမ ပြောပါတယ်၊ လျန်မိသားစုဝင်တွေကို သူမ လုပ်ခဲ့တဲ့ ကိစ္စတွေက အရမ်း လျှို့ဝှက်တယ်၊ အစီအစဉ်က အရမ်းစေ့စပ်သေချာတယ်၊ ဘယ်လိုလုပ် လူတွေ အသံသွင်းထားတာ၊ ဓာတ်ပုံရိုက်ထားတာ ခံရမလဲလို့၊ တကယ်ပဲ သူ လုပ်တာ ဖြစ်နေတာကိုး။
လက်ရုံးက ပြောသည်။ "သခင်မ... ခင်ဗျားဖုန်းက အဆင့်မြင့် သီးသန့် မှာယူထားတာပါ၊ နိုင်ငံတကာမှာ အဆင့်အမြင့်ဆုံး တိုက်ခိုက်မှု ကာကွယ်ရေးနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး စနစ်တွေ တပ်ဆင်ထားပါတယ်၊ နိုင်ငံတကာက ထိပ်တန်း ဟက်ကာတွေ ဝင်ရောက်ဖို့တောင် ခက်ခဲပါတယ်၊ ဝင်ရောက်အောင်မြင်ရင်တောင် သတိပေးချက် ရှိပါတယ်။ ဒါပေမဲ့ သခင်မ... ခင်ဗျား သုံးလာတာ ဒီလောက်ကြာပြီ၊ ကိုယ့်ဖုန်း ဟက်ကာ ဝင်ရောက်ခံရတာ မသိဘူး၊ စောင့်ကြည့်ခံရတာ မသိဘူး ဆိုတော့ သာမန် ထိပ်တန်း ဟက်ကာ မဟုတ်လောက်ဘူး"
ဤနေရာသို့ ရောက်သောအခါ လက်ရုံး ခနရပ်လိုက်ပြီး စဉ်းစားကာ ဆက်ပြောသည်။ "ဒါပေမဲ့ လောလောဆယ် အထိတော့ နိုင်ငံတကာမှာ ဘယ် ထိပ်တန်း ဟက်ကာမှ ဒီ အဆင့်အမြင့်ဆုံး တိုက်ခိုက်မှု ကာကွယ်ရေးနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး စနစ်ကို အောင်မြင်စွာ ဝင်ရောက်နိုင်တယ်ဆိုတာ မကြားဖူးသေးပါဘူး"
ဒီလက်ရုံးကလည်း နည်းလမ်းရှိတဲ့သူ တစ်ယောက်ပါ၊ နိုင်ငံတကာ သတင်းတွေကို အရမ်း နားလည်ပါတယ်။
သူက နိုင်ငံတကာမှာ နာမည်ကြီးခဲ့ဖူးသူပါ၊ တစ်ခါတုန်းက လျန်ဖျောင့်ရွှယ် ကယ်တင်တာ ခံရလို့ လျန်ဖျောင့်ရွှယ် နောက်လိုက်ပြီး သူမအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိခဲ့တာပါ။
ဒီနှစ်တွေအတွင်း လျန်ဖျောင့်ရွှယ်ရဲ့ အမှောင်ရိပ် ဂိုဏ်း အောင်မြင်ပြီး ကြီးထွားလာတာ၊ နိုင်ငံတကာမှာ အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်လာတာ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေ မပါမဖြစ် ပါဝင်နေတယ်။
"ကြည့်ရတာ ဒီဟက်ကာက ထိပ်တန်းတွေထဲက ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်လောက်တယ်" လက်ရုံးက ပြောလိုက်သည်။
လျန်ဖျောင့်ရွှယ် မေးလိုက်သည်။ "အခု ဘယ်လိုလုပ်မလဲ"
တကယ်လို့ သူမကို အဲဒီ ထိပ်တန်းတွေထဲက ထိပ်တန်း ဟက်ကာ ကျွမ်းကျင်သူက ပစ်မှတ်ထားနေရင် သူမ ဖုန်းလဲရင်တောင် အလားတူပဲ ဝင်ရောက်ခံရပြီး စောင့်ကြည့်ခံရဦးမှာ။
စဉ်းစားမိတာနဲ့ လျန်ဖျောင့်ရွှယ် ဒေါသထွက်သလို စိတ်ပျက်သလို ခံစားရတယ်။
သူမ ခံစားမိတာက ရှောင်လင်းယွီ ဇနီးမောင်နှံနဲ့ ရင်ဆိုင်ရကတည်းက ကိစ္စတိုင်း အဆင်မပြေဘူး၊ ရှုံးနိမ့်ပြီး ပြန်လာရသလို ခံစားရတယ်။
ရှောင်လင်းယွီ... နင်က တကယ်ပဲ ငါ့အောင်မြင်မှုရဲ့ အတားအဆီး ဖြစ်နေတာပဲ။
လက်ရုံးက စဉ်းစားပြီး ပြောလိုက်သည်။ "သခင်မ... ဒီရက်ပိုင်း ဖုန်းနဲ့ ကွန်ပျူတာ မသုံးပါနဲ့ဦး၊ ထပ်ပြီး စောင့်ကြည့်ခံရမှာ၊ စီမံကိန်း ပေါက်ကြားသွားမှာ စိုးရိမ်လို့ပါ။ မှာကြားစရာ၊ အမိန့်ပေးစရာရှိရင် ကျွန်တော် ကိုယ်စား လုပ်ပေးပါ့မယ်"
လျန်ဖျောင့်ရွှယ် စဉ်းစားပြီး ပြောလိုက်သည်။ "အခု ဒီလိုပဲ လုပ်ရတော့မှာပေါ့"
...
ရှောင်လဲ့ထုန် ကွန်ပျူတာပေါ်မှာ ဆက်တိုက် ရိုက်နှိပ်နေတယ်၊ မျက်နှာလေးက လေးနက်ပြီး အတည်ပေါက် ဖြစ်နေတယ်။
ခဏကြာတော့ သူ လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ကြည့်ရတာ တွေ့သွားပြီ ထင်တယ်"
ရှောင်လင်းယဲ့က ဘေးနားကနေ သံသယဖြင့် မေးလိုက်သည်။ "ထုန်ထုန်... ဘာတွေ့သွားတာလဲ"
ထို့နောက် သူ ရှောင်လဲ့ထုန် ရိုက်နှိပ်ထားတဲ့ ကုဒ်တွေကို ကြည့်လိုက်တယ်၊ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ဒီကုဒ်တွေရဲ့ အဓိပ္ပာယ်ကို တစ်ချက်တည်းနဲ့ သိလိုက်တယ်။
သူ သံသယဖြင့် မေးလိုက်သည်။ "ထုန်ထုန်... မင်း ဘယ်သူ့ကွန်ပျူတာနဲ့ ဖုန်းကို တိုက်ခိုက်နေတာလဲ"
လျန်ဖျောင့်ရွှယ် ကိစ္စကို ရှောင်လင်းယွီတို့က မိသားစုဝင်တွေကို မပြောပြထားဘူး၊ ရှောင်လဲ့ထုန်လည်း ပြောပြမှာ မဟုတ်ဘူး၊ အားလုံးကို စိုးရိမ်ပူပန်ပြီး ထိတ်လန့်နေမှာ စိုးလို့လေ။
ရှောင်လဲ့ထုန်က ရိုးသားဟန်ဆောင်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မရှိပါဘူး ဦးလေးငယ်။ ကျွန်တော် စမ်းပြီး ကစားကြည့်နေတာပါ"
ရှောင်လင်းယဲ့ ချက်ချင်း လေးနက်စွာ ပြောလိုက်သည်။ "ထုန်ထုန်... မင်း ဟက်ကာ နည်းပညာမှာ ပါရမီ ပါတယ် ဆိုတာ ငါနဲ့ မင်းဦးလေးကြီး သိပါတယ်၊ ဒါပေမဲ့ မင်း မှတ်ထားရမှာက သူများ ကွန်ပျူတာနဲ့ ဖုန်းကို စိတ်ကြိုက် ဝင်လို့ မရဘူး၊ အဲဒါ ဥပဒေနဲ့ ငြိစွန်းတယ်၊ သိလား"
ထုန်ထုန်ရဲ့ ပါရမီက အံ့သြစရာ ကောင်းပါတယ်။
ဒါပေမဲ့ အံ့သြစရာ ကောင်းတာနဲ့အတူ လူတွေကို စိုးရိမ်ပူပန်စေတယ်၊ သူက ဟက်ကာ နည်းပညာကို အသုံးပြုပြီး လမ်းမှားရောက်သွားမှာ၊ မတော်တဆ ရာဇဝတ်မှု ကျူးလွန်မိသွားမှာ စိုးရိမ်တယ်။ ဘာပဲပြောပြော ထုန်ထုန်က ငယ်သေးတယ်၊ အမှားအမှန် သိပ်မခွဲခြားတတ်သေးဘူး။
တကယ်လို့ ထုန်ထုန် လမ်းမှားရောက်သွားရင် သူနဲ့ အစ်ကိုကြီးက တာဝန်ယူရမှာ၊ သေပြီး အပြစ်ပေးခံရရင်တောင် မလုံလောက်ဘူး။
ရှောင်လဲ့ထုန် အလွန် လေးနက်စွာ ခေါင်းညိတ် ပြောလိုက်သည်။ "ဦးလေးငယ်... စိတ်ချပါ၊ ထုန်ထုန် ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာ သိပါတယ်။ ဦးလေးငယ်... ကျွန်တော် ငယ်သေးတယ် ဆိုပြီး အထင်မသေးပါနဲ့၊ တကယ်တော့ ကျွန်တော် အကုန် နားလည်ပါတယ်၊ ဦးလေး စိတ်မပူပါနဲ့"
ရှောင်လင်းယဲ့ ရယ်ချင်သလို ပြောလိုက်သည်။ "ကောင်းပါပြီ... ငါတို့ ထုန်ထုန်က အလိမ္မာဆုံးနဲ့ အသိတတ်ဆုံးပါ" ပြောပြီးတာနဲ့ သူ့ဆံပင်တွေကို ပွတ်သပ်လိုက်တယ်။
ရှောင်လဲ့ထုန် ချက်ချင်း ရှောင်တိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဦးလေးငယ်... ကျွန်တော့် ဆံပင်တွေကို ထပ်မဖွပါနဲ့တော့၊ ကျွန်တော် ဒီနေ့မှ သေချာ ပြင်ဆင်ထားတဲ့ ဆံပင်ပုံစံလေးပါ"
ရှောင်လင်းယဲ့ ရယ်မောရင်း ပြောလိုက်သည်။ "ကောင်းပါပြီ... မဖွတော့ပါဘူး။ သွား... မင်းအဘွား ထမင်းဟင်း ချက်နေတဲ့ အနံ့ ရနေပြီ၊ ငါတို့ ထမင်းပြန်စားကြစို့"
"ကောင်းပြီ" ရှောင်လဲ့ထုန် ပျော်ရွှင်စွာ လက်ခံလိုက်သည်။
...
"လျန်ဖျောင့်ရွှယ်က သူမ ဖုန်းနဲ့ ကွန်ပျူတာ စောင့်ကြည့်ခံရတာ တွေ့သွားပြီလို့ မင်း ပြောတာလား" ကုန်းထျန်းဟောက် ရှောင်လဲ့ထုန် ပြောတာကြားတော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ရှောင်လဲ့ထုန် မျက်နှာလေး လေးနက်စွာ ပြောလိုက်သည်။ "အင်း... ဒါပေမဲ့ ကျွန်တော် သံသယ ဖြစ်တာက လျန်ဖျောင့်ရွှယ် ဘေးနားမှာ ကျွမ်းကျင်သူ ရှိတယ်၊ အဲဒီ ကျွမ်းကျင်သူက Y နိုင်ငံမှာ ရှိတယ်"
မဟုတ်ရင် လျန်ဖျောင့်ရွှယ် Y နိုင်ငံ ပြန်ရောက်တာနဲ့ သူ့ရဲ့ ဟက်ကာ နည်းပညာက လိုက်လို့ မရတော့တာ မဖြစ်နိုင်ဘူး။
ဒါ သိသာပါတယ်၊ တစ်ယောက်ယောက်က တွေ့သွားတာ၊ တွေ့သွားတဲ့သူက လျန်ဖျောင့်ရွှယ် မဟုတ်ဘဲ တခြားလူ ဖြစ်ရမယ်။
ကုန်းထျန်းဟောက် ခဏ တိတ်ဆိတ်သွားပြီး "ကြည့်ရတာ တကယ် ဟုတ်ပုံရတယ်" လျန်ဖျောင့်ရွှယ် ကိုယ်တိုင်ဆိုရင် တွေ့ရင် စောစောစီးစီး တွေ့မှာ၊ Y နိုင်ငံ ရောက်မှ တွေ့မှာ မဟုတ်ဘူး။
ရှောင်လဲ့ထုန်က ပြောသည်။ "လျန်ဖျောင့်ရွှယ်ရဲ့ အင်အားစု အခြေစိုက်စခန်းက Y နိုင်ငံမှာ ရှိတယ် ဆိုတာ ကျွန်တော်တို့ သေချာနေပြီ။ မသိတာက သူမက Y နိုင်ငံက HSD အဖွဲ့အစည်းနဲ့ ဘာပတ်သက်မှု ရှိလဲ၊ ဘယ်လောက် ပတ်သက်မှု ရှိလဲ ဆိုတာပဲ။ ပါပါး... ဒါကတော့ ပါပါး လူလွှတ် စုံစမ်းခိုင်းရတော့မယ်"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "အင်း... သား၊ ပါပါး လူလွှတ် စုံစမ်းခိုင်းလိုက်မယ်။ ဒါပေမဲ့ သား... ပါပါး မခိုင်းမချင်း မင်း စိတ်လိုက်မာန်ပါ မလုပ်ရဘူးနော်၊ သိလား"
ရှောင်လဲ့ထုန် နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။ "အင်း... သိပါပြီ ပါပါး" မားမားနဲ့ ပါပါးက သူ တန်ခိုးစွမ်းအား သုံးမှာ စိုးရိမ်နေတာ မဟုတ်လား။ မဖြစ်မနေ အခြေအနေ မဟုတ်ရင် သူ တန်ခိုးစွမ်းအား သုံးမှာ မဟုတ်ပါဘူး။ သူက ဆွေမျိုးတွေ အားလုံးနဲ့အတူ အိုမင်းသွားတဲ့အထိ နေချင်သေးတာ။
ရှောင်လဲ့ထုန် ဖုန်းချပြီးနောက် ကုန်းထျန်းဟောက် မျက်မှောင် တင်းတင်းကြုတ်လိုက်တယ်။
သူ့ကုမ္ပဏီက ကမ္ဘာပေါ်မှာ နေရာတစ်နေရာ ရထားတယ်၊ လက်ထဲက အဆက်အသွယ်တွေက မရှိမဖြစ် လိုအပ်တယ်၊ အလားတူပဲ သူက အဖြူအမည်း နှစ်ဖက်လုံးမှာ ကျင်လည်ရတယ်။
သူ့ရဲ့ "နဂါး အဖွဲ့အစည်း" က ဒီလို အခြေအနေမျိုးမှာ တည်ထောင်ခဲ့တာ။
ကုန်းထျန်းဟောက် စဉ်းစားပြီး ကုန်းယင်ရှုန်းဆီ ဖုန်းဆက်လိုက်တယ်။
"ယင်ရှုန်း... ငါ မင်းကို ကိစ္စတစ်ခု သွားစုံစမ်းခိုင်းချင်လို့" ကုန်းထျန်းဟောက် မှာကြားလိုက်သည်။
ကုန်းယင်ရှုန်းက ရှောင်လင်းယွင်နဲ့ လက်ထပ်ပြီးပြီ၊ အိမ်ထောင်သည် ဘဝက ပျော်ရွှင်နေတယ်။
ရွေးချယ်စရာ ရှိရင် သူ ကုန်းယင်ရှုန်းကို လွှတ်ပြီး ဒီကိစ္စ စုံစမ်းခိုင်းချင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ကုန်းယင်ရှုန်းက နဂါး အဖွဲ့အစည်းရဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်နေတော့ ဒီကိစ္စကို သူ ကိုယ်တိုင် ထွက်ပြီး စုံစမ်းမှ ရမှာ။
...
"ယွင်အာ... ဒီရက်ပိုင်း ယင်ရှုန်း ဘယ်သွားနေတာလဲ" အဒေါ်ရှောင်က သံသယဖြင့် မေးလိုက်သည်။
ရှောင်လင်းယွင် ရယ်မောရင်း ပြောလိုက်သည်။ "အမေ... ယင်ရှုန်းလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှိတာပဲ။ အခု သူ ခရီးထွက်စရာ ရှိနေလို့ပါ"
ရှောင်လင်းယွင် ဒီလိုပြောလိုက်တော့ အဒေါ်ရှောင် ချက်ချင်း သဘောပေါက်သွားပြီး ရယ်မောကာ ပြောလိုက်သည်။ "ဟုတ်သားပဲ... ယင်ရှုန်းက ထျန်းဟောက်ရဲ့ လက်အောက်ငယ်သားလေ။ သူက ငါတို့ ထောင်ယွမ်ရွာမှာ နေ့တိုင်းနေလို့ ဘယ်ဖြစ်မလဲ"
ရှောင်လဲ့ထုန် ဘေးနားမှာ သူတို့ စကားပြောတာ နားထောင်ပြီး မျက်လုံးများ အရောင်တောက်လာတယ်။
သူ သိပါတယ်၊ ကုန်းယင်ရှုန်းက Y နိုင်ငံ သွားပြီး လျန်ဖျောင့်ရွှယ် အကြောင်း စုံစမ်းနေတာ ဆိုတာကို။
ထို့နောက် သူ မျက်မှောင် ပြန်ကြုတ်လိုက်ပြီး စိတ်ထဲမှာ ပြောလိုက်သည်။ "အဲဒီနေရာက နည်းနည်း အန္တရာယ်များတယ်။ ဦးလေးလေး ထွက်မသွားခင် သူ့ကို အန္တရာယ်ကင်း လက်ဖွဲ့တချို့ မပေးလိုက်မိဘူး"
ထို့နောက် သူ တစ်ခုခုကို သတိရသွားပြီး မျက်မှောင် ပြေလျော့သွားသည်။ "ဪ... ဦးလေး၄ဆီမှာလည်း ငါ့ရဲ့ ကာကွယ်ရေး အစီအမံ ရှိနေတာပဲ၊ ဒါဆို စိတ်ပူစရာ မလိုတော့ဘူး"
"ထုန်ထုန်... မင်း ဘာဖြစ်နေတာလဲ၊ ခဏ မျက်မှောင်ကြုတ်လိုက်၊ ခဏ ရယ်လိုက်နဲ့" အဒေါ်ရှောင်က ရှောင်လဲ့ထုန်ရဲ့ မျက်နှာထားကို သတိထားမိပြီး မေးလိုက်သည်။
ရှောင်လဲ့ထုန် ရယ်မောရင်း ပြောလိုက်သည်။ "ဘွားဘွားကြီး... ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော် ပုံပြင်တစ်ပုဒ် သတိရသွားလို့ပါ"
အဒေါ်ရှောင်က ဘာမှ သံသယမဖြစ်ဘဲ ခေါင်းညိတ် ပြောလိုက်သည်။ "ဪ... ဒီလိုကိုး"
...
တစ်လ ကြာတော့ ကုန်းထျန်းဟောက် ဖုန်းတစ်လုံး လက်ခံရရှိတယ်၊ ဖုန်းထဲကနေ အားနည်းတဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။
"ယင်ရှုန်း... မင်း အဆင်ပြေရဲ့လား" ကုန်းထျန်းဟောက် ချက်ချင်း စိတ်ပူစွာ မေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ် ဘော့စ်" ကုန်းယင်ရှုန်း အမောတကော ပြောလိုက်သည်။ "ကျွန်တော် အဆင်ပြေပါတယ်၊ သေနတ်တစ်ချက် မှန်သွားရုံပါ၊ ဒါပေမဲ့ အသက်အန္တရာယ် မရှိပါဘူး၊ မသေနိုင်ပါဘူး"
ကုန်းထျန်းဟောက် ကြားလိုက်ရတော့ သံသယဖြင့် မေးလိုက်သည်။ "မင်း ပြောတာ တကယ်လား၊ တကယ် အဆင်ပြေတာလား။ ဒါဆို မင်းအသံက ဘာလို့ ဒီလောက် အားနည်းနေရတာလဲ"
ကုန်းယင်ရှုန်း ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ သွေးနည်းနည်း ထွက်သွားလို့ပါ၊ ပြီးတော့ တစ်ရက်လောက် အစာမစားရသေးလို့ အားမရှိတာပါ"
ကုန်းထျန်းဟောက် သတိရသွားပြီး မေးလိုက်သည်။ "ငါ မင်းကို ပေးလိုက်တဲ့ ရေ၊ မင်း မသောက်ဘူးလား"
"မေ့ပြီး မယူသွားမိဘူး" ကုန်းယင်ရှုန်း ပြောလိုက်သည်။
"..." ကုန်းထျန်းဟောက် ချက်ချင်း လေးနက်စွာ ပြောလိုက်သည်။ "အဲဒီရေ ဘယ်မှာထားခဲ့တာလဲ၊ အခု ချက်ချင်း ပြန်သွားပြီး သောက်လိုက်။ ငါ့ကို ယုံပါ၊ အဲဒီရေ သောက်ပြီးရင် မယုံနိုင်လောက်တဲ့ အာနိသင် ရှိလိမ့်မယ်"
ကုန်းယင်ရှုန်း မထွက်ခွာခင် ကုန်းထျန်းဟောက်က ကုန်းယင်ရှုန်းကို သန့်ရှင်းသော ရေတစ်ပုလင်း ပေးလိုက်တယ်၊ ပြီးတော့ မှာကြားလိုက်တယ်၊ ဒီရေပုလင်းကို သေချာ ထိန်းသိမ်းထားပါ၊ အသက်အန္တရာယ်ကြုံလာမှ ဒီရေပုလင်းကို သောက်ပါလို့။
အဲဒီတုန်းက ကုန်းယင်ရှုန်း ကုန်းထျန်းဟောက် လက်ထဲက ရေပုလင်းကို ယူတုန်းက မျက်နှာထား ကြောင်တောင်တောင်ဖြစ်နေပြီး မတတ်သာသလို ပြောလိုက်သည်။ "ဘော့စ် ကျွန်တော့်ကို ကောင်းတာလေး မျှော်လင့်ပေးပါလား။ ကျွန်တော်က ကိစ္စတစ်ခု သွားစုံစမ်းရုံပါ၊ ဘယ်လိုလုပ် အသက်အန္တရာယ် ကြုံလာမှာလဲ"
ကုန်းထျန်းဟောက်က လေးနက်စွာ ပြောလိုက်သည်။ "ငါက အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားတာပါ။ ယင်ရှုန်း... ငါတို့က အခု ညီအစ်ကိုတွေတင် မကဘူး၊ ဆွေမျိုးတွေပါ ဖြစ်နေပြီ။ မင်း ကိုယ့်အသက်အန္တရာယ် လုံခြုံရေးကို သေချာဂရုစိုက်ရမယ်။ တကယ်လို့ မဖြစ်နိုင်ရင် တိုက်ရိုက် ဆုတ်ခွာခဲ့ပါ၊ မှတ်ထားနော်၊ လုံခြုံရေးက ပထမပဲ"
ကုန်းယင်ရှုန်းက သူ့ညီအစ်ကို ဖြစ်ရုံမက အခု သူ့မရီးရဲ့ယောက်ျား ဖြစ်နေပြီ၊ ယင်ရှုန်း တစ်ခုခု ဖြစ်သွားရင် ရှောင်လင်းယွင် ငိုရတော့မှာ။
ကုန်းယင်ရှုန်းလည်း လေးနက်စွာ ပြောလိုက်သည်။ "ထျန်းဟောက်... စိတ်ချပါ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သေချာပေါက် ကာကွယ်ပါ့မယ်။ ကျွန်တော် ယွင်အာကို ကတိပေးထားတယ်၊ တစ်သက်လုံး သူမဘေးနားမှာ နေပါ့မယ်လို့"
အရင်တုန်းက ဘာသံယောဇဉ်မှ မရှိတော့ ဘာမှ ထည့်မတွက်ခဲ့ဘူး။
အခုတော့ မိန်းမနဲ့ ကလေးတွေ ရှိနေပြီ ဆိုတော့ သူလည်း မသေချင်ဘူး။
ကုန်းထျန်းဟောက် ကုန်းယင်ရှုန်းကို တစ်ချက် ဖက်လိုက်ပြီး "ဂရုစိုက်နော်" လို့ ပြောလိုက်သည်။
အဲဒီနောက်ပိုင်း ဒီတစ်လလုံး ကုန်းထျန်းဟောက် ကုန်းယင်ရှုန်းဆီက ဘာသတင်းမှ မရခဲ့ဘူး၊ အခုမှ ဒီဖုန်းကို လက်ခံရရှိတာ။
ကုန်းယင်ရှုန်း ပြောလိုက်သည်။ "ထျန်းဟောက်... ကျွန်တော် စုံစမ်းသိရှိရတာ လျန်ဖျောင့်ရွှယ် လက်ထဲက အဲဒီ အင်အားစုက နိုင်ငံတကာမှာ နာမည်ကြီးတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း - အမှောင်ရိပ်ဂိုဏ်းပဲ"
"အမှောင်ရိပ်ဂိုဏ်းအဖွဲ့အစည်း ဖြစ်နေတာလား" ကုန်းထျန်းဟောက် ဒီသတင်းကို ကြားတော့ စိတ်ထဲမှာ အံ့သြသွားတယ်၊ ထို့နောက် သူ ပြောလိုက်သည်။ "ကောင်းပြီ... ငါ သိပြီ။ ယင်ရှုန်း... မင်း အခု ချက်ချင်း ပြန်သွားပြီး အဲဒီရေပုလင်း ရှာပြီး သောက်လိုက်၊ ကျန်တဲ့ ကိစ္စတွေကို ပြန်ရောက်မှ အစီရင်ခံတော့"
ကုန်းယင်ရှုန်း မတတ်သာသလို ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ"
…..
ကုန်းယင်ရှုန်း ဖုန်းချပြီးနောက် ကုန်းထျန်းဟောက် မျက်နှာထား ချက်ချင်း မည်းမှောင်သွားတယ်။
သူ လျန်ဖျောင့်ရွှယ်ကို တကယ် အထင်သေးမိသွားတာပဲ၊ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းက သူမရဲ့ အင်အားစု ဖြစ်နေတယ် ဆိုတော့ သူမ အသံတိတ် လျန်မိသားစုဝင်တွေကို လုပ်ကြံတာ သဲလွန်စ ရှာမတွေ့တာ မဆန်းပါဘူး။
ဒါပေမဲ့ သူမ လက်အောက်ငယ်သားတွေကို တာဝန်ထမ်းဆောင်ဖို့ စေခိုင်းတဲ့ အချိန်မှာ ထုန်ထုန် ဆိုတဲ့ BUG ပေါ်လာလို့သာ၊ မဟုတ်ရင် ဘယ်သူမှ၊ ဘယ်သူကမှ လျန်ဖျောင့်ရွှယ်က မောင်နှမတွေကို လက်ချက်ပြင်းပြင်း သုံးခဲ့တယ်ဆိုတာ စုံစမ်းနိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ အမှောင်ရိပ်ဂိုဏ်းထဲမှာ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေ ရှိနေသေးတယ်၊ မဟုတ်ရင် လျန်ဖျောင့်ရွှယ် တစ်ယောက်တည်းနဲ့ ဒီလောက် ကျွမ်းကျင်သူတွေ အများကြီး မွေးထုတ်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူး။
ကုန်းယင်ရှုန်း စုံစမ်းရမယ့် သတင်းတွေကို စုံစမ်းပြီးလောက်ပြီ၊ သူ ပြန်ရောက်လာရင် အကုန် ရှင်းလင်းသွားမှာပါ။
လျန်ဖျောင့်ရွှယ် နောက်ကွယ်က အင်အားစုက အမှောင်ရိပ်ဂိုဏ်းဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ ကုန်းထျန်းဟောက် ပိုပြီး သတိထားလာတယ်၊ ကာကွယ်မှုတွေ တိုးမြှင့်လိုက်တယ်၊ အခု ကမ္ဘာအနှံ့ ပျံသန်းနေတဲ့ ရှောင်လင်းယွီအတွက်လည်း စိုးရိမ်မိတယ်။
ရှောင်လင်းယွီမှာ ကျောက်စိမ်းဆွဲပြားနေရာလွတ်ဆိုတဲ့ အသက်ကယ်နည်းလမ်းရှိပေမဲ့ အဲဒါက မဖြစ်မနေ အခြေအနေရောက်မှ ထုတ်သုံးလို့ ရတာ၊ ပုံမှန်အချိန်မှာတော့ သူမက အန္တရာယ် အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ။
အမှောင်ရိပ်ဂိုဏ်းကို မဖြေရှင်းခင် ကုန်းထျန်းဟောက်က နဂါးအဖွဲ့အစည်း အဖွဲ့ဝင်တွေကို ရှောင်လင်းယွီ ဘေးနားမှာ ကာကွယ်ခိုင်းထားတယ်၊ သူကတောင် ကိုယ့်ကုမ္ပဏီ ကိစ္စတွေ၊ စီးပွားရေးတွေအကုန် ဘေးဖယ်ထားပြီး ရှောင်လင်းယွီ ဘေးနားမှာ အမြဲ လိုက်နေတယ်၊ တကယ်ပဲ သူ မလောင်းကစားရဲလို့ပါ။
…..
"အမှောင်ရိပ်ဂိုဏ်း..." ရှောင်လင်းယွီ လျန်ဖျောင့်ရွှယ် နောက်ကွယ်က အင်အားစုက အမှောင်ရိပ်ဂိုဏ်း ဖြစ်နေတယ်ဆိုတာ ကြားတော့ သိသိသာသာ အံ့သြသွားတယ်။
အရင်တုန်းက ဆိုရင် သူမ အမှောင်ရိပ်ဂိုဏ်းဆိုတာ ဘာမှန်းတောင် သိမှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီနှစ်တွေအတွင်း စီးပွားရေး ကြီးထွားလာတယ်၊ အထူးသဖြင့် နိုင်ငံတကာ ဈေးကွက်ထဲ ဝင်ရောက်လာပြီးနောက် ဗဟုသုတတွေ ပိုကျယ်ပြန့်လာတယ်၊ အမှောင်ရိပ်ဂိုဏ်းဆိုတဲ့ အဖွဲ့အစည်းကို သေချာပေါက် သိတာပေါ့။
ကြားတာတော့ အမှောင်ရိပ်ဂိုဏ်းဆိုတဲ့ အဖွဲ့အစည်းက လွန်ခဲ့တဲ့ ၅ နှစ်က ရုတ်တရက် ပေါ်ထွက်လာတဲ့ နိုင်ငံတကာ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတဲ့။
အလုပ်လက်ခံလိုက်တာနဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ပေးတယ်တဲ့။
ဒါကြောင့် အမှောင်ရိပ် ဂိုဏ်းက နိုင်ငံတကာမှာ နာမည်ကောင်း ရထားတယ်။
ဒါပေမဲ့ ရှောင်လင်းယွီ လုံးဝ ထင်မှတ်မထားတာက အမှောင်ရိပ်ဂိုဏ်းက လျန်ဖျောင့်ရွှယ် တစ်ယောက်တည်း တည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်နေလိမ့်မယ် ဆိုတာကိုပေါ့။
ရှောင်လင်းယွီ မျက်နှာထား လေးနက်စွာ ပြောလိုက်သည်။ "ကြည့်ရတာ ငါတို့ လျန်ဖျောင့်ရွှယ်ကို တကယ် အထင်သေးလို့ မရတော့ဘူး"
ကုန်းထျန်းဟောက်က ပြောသည်။ "လွန်ခဲ့တဲ့ ၆ နှစ်က လျန်ဖျောင့်ရွှယ်က ကိုယ်ဖျောက်သိုင်းကို အသုံးပြုပြီး လူတစ်ယောက်ကို ကယ်တင်ခဲ့တယ်"
"ဘယ်သူလဲ" ရှောင်လင်းယွီ သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကုန်းထျန်းဟောက် ပြောသည်။ "နိုင်ငံတကာက..."
သူ နာမည်တစ်ခု ပြောလိုက်သည်။
ရှောင်လင်းယွီ အံ့သြစွာ ပြောလိုက်သည်။ "သူ ဖြစ်နေတာလား"
"အင်း..." ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "အဲဒီလူက ဉာဏ်ကောင်း အရည်အချင်းရှိပြီး နည်းလမ်းကြွယ်ဝတဲ့ သူတစ်ယောက်ပဲ။ လျန်ဖျောင့်ရွှယ် သူ့ကို ကယ်တင်ပြီးနောက် သူက လျန်ဖျောင့်ရွှယ် အတွက် အလုပ်အကျွေးပြုခဲ့တာ။ အမှောင်ရိပ်ဂိုဏ်းက ထူးချွန် လုပ်ကြံသတ်ဖြတ်သူတွေကို သူ မွေးထုတ်ပေးခဲ့တာ၊ အဲဒီ အလုပ်တွေကို သူ လက်ခံတာ၊ ဘယ်အလုပ် လက်ခံမလဲဆိုတာ အကဲဖြတ်ပြီး စဉ်းစားပြီးမှ ဆုံးဖြတ်တာ"
ဤနေရာသို့ ရောက်သောအခါ သူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "တကယ်လို့ ဒီလူက လမ်းမှန် လျှောက်ခဲ့ရင် လူတွေ လေးစားအားကျရတဲ့ နာမည်ကျော်တစ်ယောက် ဖြစ်လာလောက်တယ်၊ နှမြောစရာ ကောင်းတာက သူ ဒီလမ်းကို လျှောက်ခဲ့တာ..."
တကယ်လို့ သူ အမှောင်ရိပ်ဂိုဏ်းကို ဖြေရှင်းလိုက်ရင် အဲဒီလူကို အရင်ဆုံး ဖြေရှင်းရမယ်၊ မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိလာလိမ့်မယ်။
ရှောင်လင်းယွီလည်း ခေါင်းညိတ် ပြောလိုက်သည်။ "ဟုတ်တယ်... ဒီလိုလူမျိုး နှမြောစရာ ကောင်းလိုက်တာ"
ကုန်းထျန်းဟောက်က ပြောသည်။ "ယွီအာ... အဲဒီလူက အရမ်းအန္တရာယ်များတယ်၊ ကိုယ် အခု မင်းဘေးနားမှာ အမြဲလိုက်နေမှဖြစ်မယ်။ လျန်ဖျောင့်ရွှယ်က မင်းကို ရန်လိုမုန်းတီးမှု ပြင်းထန်တယ်၊ မင်းလက်ထဲက ပစ္စည်းကို သားရဲတစ်ကောင်လို စိုက်ကြည့်နေတယ်၊ မရရအောင် ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ မင်း အခု နိုင်ငံအသီးသီးကို နေ့တိုင်း ပျံသန်းနေတာ၊ မင်းကို လုပ်ကြံဖို့ လွယ်ကူတယ်"
ရှောင်လင်းယွီ စဉ်းစားပြီး ပြောလိုက်သည်။ "ကောင်းပြီလေ"
တကယ်တော့ ရှောင်လင်းယွီမှာ တခြားအတွေးတစ်ခု ရှိတယ်။
ထောင်ယွမ်ရွာမှာ သားဖြစ်သူ ကာကွယ်ပေးထားတယ်၊ သူမမှာ ရှောင်လင် ကာကွယ်ပေးထားတယ်၊ ကုန်းထျန်းဟောက် တစ်ယောက်တည်းက သာမန်လူ ဖြစ်နေတယ်၊ လုပ်ကြံဖို့ အကောင်းဆုံး ပစ်မှတ် မဟုတ်ပေမဲ့ ထိုးဖောက်ဖို့ အလွယ်ကူဆုံးပစ်မှတ်ဖြစ်နေတယ်။
အခု ကုန်းထျန်းဟောက်က သူမနဲ့ အတူရှိနေရင် သူမနဲ့ ရှောင်လင်က သူ့ကို ကာကွယ်ပေးလို့ ရတာပေါ့။
…..
နောက်ပိုင်း ရှောင်လင်းယွီကို ကာကွယ်ဖို့အတွက် ကုန်းထျန်းဟောက်က နဂါးအဖွဲ့အစည်း အဖွဲ့ဝင်တွေကို သက်တော်စောင့်အဖြစ် ခန့်ထားခဲ့သည်၊ ခရီးသွားတိုင်း နေရာတိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးပြီး အန္တရာယ်မရှိမှ ဘေးကင်းစွာ ခရီးသွားခွင့်ခဲ့သည်။
"ကုန်းထျန်းဟောက်က နဂါးအဖွဲ့အစည်း ခေါင်းဆောင် ဖြစ်နေမယ်လို့ မထင်မှတ်ထားဘူး" အမှောင်ရိပ်ဂိုဏ်းအတွင်းမှာ လျန်ဖျောင့်ရွှယ်ရဲ့ လက်ရုံးက ဒေါသတကြီး ပြောလိုက်သည်။ "အခု သူက ရှောင်လင်းယွီ ဘေးနားမှာ လူလွှတ်ကာကွယ်ခိုင်းထားတော့ ငါတို့ ရှောင်လင်းယွီကို လုပ်ကြံဖို့ ပိုခက်ခဲသွားပြီ"
လျန်ဖျောင့်ရွှယ် ကြားလိုက်ရတော့ မျက်နှာပေါ်မှာ မည်းမှောင်တဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး လေးနက်စွာ ပြောလိုက်သည်။ "ဟွန့်... သူတို့ကိုတိုက်ရိုက် လုပ်ကြံလို့မရရင် သူတို့ ဆွေမျိုးသားချင်းတွေဆီကနေ စပြီး လုပ်ကြံလိုက်မယ်။ သူ့မိဘတွေကို ဖမ်းပြီး ရှောင်လင်းယွီကိုယ်တိုင်နဲ့ မိဘတွေကို လာလဲခိုင်းမယ်"
လက်ရုံးက စဉ်းစားပြီး ပြောလိုက်သည်။ "သူတို့ ဘေးနားက လူတွေဆီကနေ လုပ်ကြံတာ ပိုလွယ်ကူမယ့်ပုံပဲ။ သခင်မ... ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"
ဒီလက်ရုံးက လျန်ဖျောင့်ရွှယ် ဘာလို့ ရှောင်လင်းယွီအပေါ် ဒီလောက် စွဲလမ်းနေရတာလဲ ဆိုတာ နားမလည်ဘူး။
ဒါပေမဲ့ သူ သိတာက သူ့သခင်မ ကြိုက်တဲ့ ယောက်ျားက ရင်ထဲမှာ ရှောင်လင်းယွီ တစ်ယောက်တည်း ရှိတယ် ဆိုတာကိုပါ၊ ဖြစ်နိုင်တာက ဒါကြောင့် သူမ ရှောင်လင်းယွီကို ဒီလောက် မုန်းတီးနေတာဖြစ်မယ်။
လက်ရုံးက လူတချို့ စီစဉ်ပြီး ထောင်ယွမ်ရွာကို တိုက်ရိုက်သွားပြီး လုပ်ကြံဖို့ ပြင်ဆင်လိုက်တယ်၊ ဒါပေမဲ့ သူနဲ့ လျန်ဖျောင့်ရွှယ် မထင်မှတ်ထားတာက လွှတ်လိုက်တဲ့ လူတွေက အချိန်အကြာကြီး ဘာသတင်းမှ မကြားရတာပါပဲ။
"နင် ပြောတာ လွှတ်လိုက်တဲ့ လူတွေက ဘာသတင်းမှ ပြန်မကြားရဘူး ဟုတ်လား" လျန်ဖျောင့်ရွှယ် မေးလိုက်သည်။
လက်ရုံးကလည်း သံသယဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်။ ပုံမှန်ဆို ကျွန်တော်တို့ လူတွေက လုပ်ငန်းမအောင်မြင်ရင်တောင် သတင်းအစအန မရှိဘဲနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ကျွန်တော် ဘယ်ဆက်သွယ်ရေး နည်းလမ်းနဲ့ ဆက်သွယ် ဆက်သွယ် သူတို့ကို ဆက်သွယ်လို့ မရဘူး။ ဒါ ကျွန်တော့်ကို စိတ်ပူစေတယ်"
သူတို့ အမှောင်ရိပ် ဂိုဏ်းက လူတွေက လုပ်ငန်းတွေ အများကြီး လုပ်ဖူးပြီ၊ လုပ်ငန်းတိုင်း အောင်မြင်စွာ ပြီးမြောက်ခဲ့တယ်။ ဒီတစ်ခေါက် ရှောင်လင်းယွီ ဇာတိကို လွှတ်လိုက်တဲ့ လူတွေကလည်း အဖွဲ့အစည်းရဲ့ ထိပ်တန်း လက်ရွေးစင်တွေပါပဲ၊ ပြီးတော့ နဂါးအဖွဲ့အစည်းနဲ့ တွေ့ရင်တောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်၊ လုံးဝ သတင်းအစအနမရှိဘဲ ပျောက်သွားစရာ အကြောင်းမရှိပါဘူး။
လျန်ဖျောင့်ရွှယ် စဉ်းစားပြီး ပြောလိုက်သည်။ "ကုန်းထျန်းဟောက်က သူတို့ကို ကာကွယ်ဖို့ လွှတ်ထားတဲ့ လူတွေက ငါတို့လူတွေကို ဖမ်းသွားတာများလား"
တကယ်တော့ စိတ်ထဲမှာ တခြား အတွေးတစ်ခု ရှိနေတယ်၊ ရှောင်လင်းယွီက အဲဒီ ကျောက်စိမ်းဆွဲပြား နတ်ဘုရားပစ္စည်း ပိုင်ဆိုင်ထားလို့ အဲဒီလူတွေကို ဖျောက်ဖျက်ပစ်လိုက်တာများလား၊ သူမ မိသားစုဝင်တွေကို ကာကွယ်ပေးလိုက်တာများလား ဆိုတာ။
အဲဒီ နတ်ဘုရားပစ္စည်းကို တွေးမိရင် လျန်ဖျောင့်ရွှယ် စိတ်ထဲမှာ မနေနိုင်မထိုင်နိုင် ဖြစ်လာပြန်တယ်။
သူမ အဲဒီ နတ်ဘုရားပစ္စည်းကို ပိုင်ဆိုင်လိုက်တာနဲ့ သူမက ဒီကမ္ဘာကြီးရဲ့ နတ်ဘုရား ဖြစ်လာမှာ၊ ကမ္ဘာ့ သေရေးရှင်ရေးကို ချုပ်ကိုင်ထားတဲ့ နတ်ဘုရားမ ဖြစ်လာမှာ။
"သခင်မ..." သခင်မ ငေးငိုင်နေတာ မြင်တော့ လက်ရုံးက ၂၊ ၃ ခါ ခေါ်လိုက်တယ်။
လျန်ဖျောင့်ရွှယ် သံသယဖြင့် သူ့ကို ကြည့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
လက်ရုံးက ပြောသည်။ "ကျွန်တော် ထောင်ယွမ်ရွာကို ကိုယ်တိုင် တစ်ခေါက် သွားချင်လို့ပါ"
ကုန်းထျန်းဟောက် ကာကွယ်မှု တင်းကျပ်ထားတဲ့ ရှောင်လင်းယွီကို သွားတိုက်ခိုက်တာထက် ရှောင်လင်းယွီရဲ့ ဆွေမျိုးသားချင်းတွေကို တိုက်ရိုက် သွားတိုက်ခိုက်တာက ပိုလွယ်ကူမယ် ထင်တယ်။
ဒါပေမဲ့ ထောင်ယွမ်ရွာကို လွှတ်လိုက်တဲ့ လူတွေက အခြေအနေ မသိရသေးတော့ သူ ကိုယ်တိုင် သွားပြီး လေ့လာကြည့်ချင်တာ။
လျန်ဖျောင့်ရွှယ် ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မသွားရဘူး"
"ဘာဖြစ်လို့လဲ" လက်ရုံးက သခင်မရဲ့ တုံ့ပြန်မှုကို သံသယ ဖြစ်နေသည်။
လျန်ဖျောင့်ရွှယ်က သူ့ကို မရှင်းပြဘဲ သဘောထား တင်းမာစွာ ပြောလိုက်သည်။ "ငါ မသွားရဘူး ပြောရင် မသွားရဘူး"
လက်ရုံးက စိတ်ထဲမှာ သံသယ ဖြစ်နေပေမဲ့ သခင်မက ရှားရှားပါးပါး တင်းမာနေတော့ သူလည်း လိုက်လျောလိုက်ရတယ်။
ထို့နောက် သူ စဉ်းစားပြီး ပြောလိုက်သည်။ "ကြည့်ရတာ ကျွန်တော်တို့ တခြားဘက်ကနေ လုပ်ကြံမှ ရတော့မယ်"
...
ရှောင်လဲ့ထုန်သည် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ထောင်ယွမ်ရွာထဲ ဝင်ရောက်လာတဲ့ အနက်ရောင် ဝတ်စုံဝတ် လူတွေကို ကြည့်ပြီး သူ အကုန်လုံးကို ရိုက်နှက် မေ့လဲစေကာ ကိုယ်ဖျောက်ပြီး စွန့်ပစ် ဂိုဒေါင်ဟောင်း တစ်ခုထဲ ခေါ်သွားလိုက်တယ်။
သူ မေးစေ့လေးကို ထောက်ပြီး မျက်နှာလေး တွန့်ကာ မျက်လုံးမှေးလိုက်တယ်၊ ပြီးတော့ လက်တစ်ဖက် ဆန့်တန်းပြီး အနက်ရောင် ဝတ်စုံဝတ် တစ်ယောက်ကို လက်ညှိုးနဲ့ ထိုးလိုက်တော့ မကြာခင် အဲဒီလူ နိုးလာတယ်။
အဲဒီ အနက်ရောင် ဝတ်စုံဝတ် လူက မျက်လုံးဖွင့်လိုက်တာနဲ့ ခေါင်းတွေ ရှုပ်ထွေးနေတယ်။
ဒါပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေ့ကျင့်မှုတွေ ခံယူထားသူပီပီ သူ ချက်ချင်း သတိပြန်ဝင်လာတယ်၊ ပြီးတော့ မျက်လုံးတွေက သတိထားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကြမ်းပြင်ပေါ် လဲနေတဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တယ်၊ ကြမ်းပြင်ပေါ်မှာ အတူတူလဲနေတဲ့ အဖော်တွေကိုလည်း တွေ့လိုက်ရတော့ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။
ဒါ ဘယ်လို ဖြစ်တာလဲ။
သူတို့က တာဝန်လက်ခံပြီး ဒီဟွာရှ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို ရောက်လာတာ၊ ဒါပေမဲ့ ထောင်ယွမ်ရွာထဲ ဝင်ပြီး လမ်းလျှောက်ရင်း ရုတ်တရက် မေ့လဲသွားတာ၊ ပြန်နိုးလာတော့ ဒီမသိတဲ့ နေရာ ရောက်နေတာ။
ဒီအနက်ရောင် ဝတ်စုံဝတ် လူ စဉ်းစားနေတုန်း နားထဲမှာ ကလေးအသံ တစ်သံ ထွက်ပေါ်လာတယ်။
"အင်း... နိုးလာပြီ ဆိုတော့ ငါ့မေးခွန်းကို ကောင်းကောင်း ဖြေ" ရှောင်လဲ့ထုန် မေးစေ့လေး ထောက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကလေးအသံ ကြားလိုက်ရတော့ နိုးလာတဲ့ အနက်ရောင် ဝတ်စုံဝတ် လူက ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး သတိထားကာ အသင့်ပြင်လိုက်တယ်၊ ချက်ချင်း လက်က ကိုယ့်လက်နက်ဆီ ရောက်သွားတယ်၊ ရှိနေသေးတယ်။
သူ ချက်ချင်း လက်နက် ဆွဲထုတ်ပြီး အသံလာရာဘက် ချိန်ရွယ်လိုက်တော့ သူ့ရှေ့မှာ ရပ်နေတာက ၇ နှစ်၊ ၈ နှစ် အရွယ် ကလေးတစ်ယောက် ဖြစ်နေတာ တွေ့လိုက်ရပြီး မျက်နှာထား အံ့သြသွားတယ်၊ ဒါပေမဲ့ ပေါ့ပေါ့ဆဆ မနေရဲဘဲ သတိထားပြီး မေးလိုက်သည်။ "မင်း ဘယ်သူလဲ"
ရှောင်လဲ့ထုန် နားရွက်လေး ကလော်ပြီး မျက်ဖြူလှန်ပြကာ အေးဆေးစွာ ပြန်မေးလိုက်သည်။ "ဒီမေးခွန်းက ငါ မေးရမှာ၊ မင်းတို့က ဘယ်သူတွေလဲ။ ငါတို့ ထောင်ယွမ်ရွာကို ဘာလာလုပ်တာလဲ"
အမည်းရောင် အရာဝတ္ထုကြီးကို မြင်လိုက်ရတော့ ရှောင်လဲ့ထုန် မျက်မှောင် ထပ်ကြုတ်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ "ငါ အကြံပေးချင်တာက အဲဒီ ပစ္စည်းကို သိမ်းထားလိုက်ပါ၊ ငါ မကြိုက်ဘူး" သူ အဲဒီ ပစ္စည်းကို မကြိုက်ဘူး၊ အဲဒီ ပစ္စည်းက သူ့ကို တည့်တည့် ချိန်ရွယ်ထားတာ ပိုမကြိုက်ဘူး။
ရှောင်လဲ့ထုန် ဒီလိုပြောပေမဲ့ အနက်ရောင် ဝတ်စုံဝတ် လူက သတိမလျှော့ပါဘူး။
သူတို့အတွက်တော့ ဒါက အရမ်း ထူးဆန်းပြီး ကြောက်စရာ ကောင်းနေတယ်။
သူတို့ အပန်းဖြေစခန်းထဲ ဝင်တာနဲ့ မေ့လဲသွားတယ်၊ မေ့လဲပြီး ပြန်နိုးလာတော့ ဒီကလေးနဲ့ တွေ့တယ်၊ ထူးဆန်းပြီး မတူညီတဲ့ ကလေးတစ်ယောက်။
သူတို့ ထောင်ယွမ်ရွာ မလာခင်က ရှောင်လင်းယွီရဲ့ မိသားစု အခြေအနေကို စုံစမ်းထားပါတယ်၊ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်မှာ သားတစ်ယောက် ရှိတယ်၊ ၄ နှစ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ ပါရမီရှင် ကလေးလေး ဆိုတာ သိထားတယ်။
သူ အခု တွေးမိတာက အဲဒီ ပါရမီရှင် ကလေးလေးနဲ့ ဒီကလေးက ရုပ်ရည် တော်တော်တူတယ်၊ သေချာပေါက် လူတစ်ယောက်တည်း ဖြစ်မယ်။
ဒါပေမဲ့ အသက်အရွယ်က မကိုက်ညီဘူး၊ အချက်အလက်တွေမှာ ပြောထားတာ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် သားက ၄ နှစ်ပဲ ရှိသေးတယ်၊ ဒီကလေးက ကြည့်ရတာ ၇ နှစ်၊ ၈ နှစ် လောက် ရှိနေပြီ၊ ဖွံ့ဖြိုးမှု အရမ်းကောင်းတယ် ဆိုရင်တောင် ကွာခြားချက်က နည်းနည်း များနေတယ်။
ဒါပေမဲ့ သူ့ကို ပိုကြက်သီးထစေတာက ဒီကလေးက အရမ်း ထူးဆန်းနေတာ၊ ထူးဆန်းလွန်းလို့ သူ့ကို ကြောက်ရွံ့ထိတ်လန့်စေတယ်၊ ဒါကြောင့် သူ လက်နက်ကို ပိုမသိမ်းရဲဘူး။
ရှောင်လဲ့ထုန် ဒီလူ့ပုံစံကို ကြည့်ပြီး မျက်မှောင် ထပ်ကြုတ်လိုက်တယ်၊ ပြီးတော့ ပုံရိပ်က ရိပ်ခနဲ ဖြစ်သွားပြီး မူလနေရာ ပြန်ရောက်လာတဲ့ အချိန်မှာ သူ့လက်ထဲမှာ ပစ္စည်းတစ်ခု ပါလာတယ်၊ စောစောက အနက်ရောင် ဝတ်စုံဝတ် လူ လက်ထဲက လက်နက်ပဲ၊ မျက်လုံးတွေက လေ့လာနေသလိုပါပဲ။
အနက်ရောင် ဝတ်စုံဝတ် လူက အစတုန်းက လုံးဝ မတုံ့ပြန်နိုင်ဘူး၊ သူ အရင်ဆုံး သူ့ရဲ့ ဗလာဖြစ်နေတဲ့ လက်ကို ကြည့်လိုက်တယ်၊ ပြီးတော့ ကလေးလက်ထဲက ကစားနေတဲ့ ပစ္စည်းကို ကြည့်လိုက်တယ်၊ ပြီးတော့ မျက်နှာထား မယုံကြည်နိုင် ဖြစ်သွားတယ်၊ မျက်လုံးတွေ ပြူးကျယ်သွားတယ်၊ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်၊ ဒါပေမဲ့ ချက်ချင်း သူ့မျက်လုံးထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပေါ်လာတယ်။
ဒီကလေး... ဒီကလေးက လူလား၊ သရဲလား။
သူ စိတ်ထဲမှာ ဒီလို မေးခွန်းထုတ်နေတယ်၊ သူ မေးလည်း မေးလိုက်တယ်။
ရှောင်လဲ့ထုန် မကျေမနပ် ပြောလိုက်သည်။ "မင်းကမှ သရဲ၊ မင်းတစ်မိသားစုလုံး သရဲ"
ပြီးတော့ သူ လေးနက်စွာ မေးလိုက်သည်။ "ပြော... မင်းတို့က ဘယ်သူတွေလဲ၊ ထောင်ယွမ်ရွာကို ဘာလာလုပ်တာလဲ။ မင်းတို့ကိုယ်ပေါ်မှာ သွေးညှီနံ့တွေ ရနေတာ ကြည့်ရတာ လူအများကြီး သတ်ခဲ့ဖူးပုံ ရတယ်"
အနက်ရောင် ဝတ်စုံဝတ် လူက ဘာမှ မတုံ့ပြန်နိုင်ဘူး၊ သူ ရှောင်လဲ့ထုန်ကို ဘယ်လို ဖြေရမှန်း မသိဘူး၊ နောက်တော့ ပါးစပ်ပိတ်ပြီး ဘာမှ မပြောတော့ဘူး၊ ဒါပေမဲ့ ရင်တဒိန်းဒိန်း ခုန်နေပြီး ကြောက်လန့်နေတယ်။
သူ လုံးဝ ထင်မှတ်မထားခဲ့ဘူး၊ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်ရဲ့ သားက ဒီလောက် မရိုးရှင်းဘူး ဆိုတာကို။
သူတို့ အပန်းဖြေစခန်း ဝင်တာနဲ့ အတွေ့ခံရတယ်၊ ပြီးတော့ မြေကြီးပေါ် မေ့လဲအောင် လုပ်ခံလိုက်ရတယ်၊ မျက်တောင်တစ်ခတ် အတွင်းမှာပဲ သူ့လက်ထဲက လက်နက်ကို လုယူသွားနိုင်တယ်။
ဒါ... ဒါ လုံးဝ လူတစ်ယောက် လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ ကလေးတစ်ယောက် ဆိုရင် ပိုဆိုးသေးတယ်။
ရှောင်လဲ့ထုန် ဒီလူ ပါးစပ်ပိတ်ထားတာ မြင်တော့ မကျေမနပ် ဖြစ်သွားတယ်၊ သူ အေးစက်စွာ ပြောလိုက်သည်။ "မပြောရင် ဘာမှ မဖြစ်ဘူး မထင်နဲ့၊ ငါ အကြံပေးချင်တာက မင်း ကိုယ်တိုင် ပြောပြတာ ပိုကောင်းမယ်၊ မဟုတ်ရင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်"
ဒီအနက်ရောင် ဝတ်စုံဝတ် လူတွေက ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ခံယူထားတဲ့ သူတွေလေ၊ သေချာပေါက် အရေပြား နာကျင်မှုလောက်ကို မကြောက်ပါဘူး။
ရှောင်လဲ့ထုန် စိတ်မရှည်တော့ဘူး၊ သူ ရှေ့တိုးသွားပြီး သူ့ကိုယ်ပေါ် နေရာတချို့ကို လက်နဲ့ ထောက်လိုက်တယ်၊ ပြီးတော့ အနက်ရောင် ဝတ်စုံဝတ် လူ မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်၊ နဖူးက ချွေးစေးတွေ ကျလာတယ်၊ ခဏမကြာခင် သူ့ရဲ့ ညည်းညူသံတွေ ကြားလိုက်ရတယ်၊ လက်နှစ်ဖက်က ဘိလပ်မြေ ကြမ်းပြင်ပေါ်မှာတောင် တွင်းငယ်လေးတွေ ဖြစ်အောင် ကုတ်ခြစ်နေတယ်။
နာတယ်၊ နာတယ်၊ အရမ်း နာတယ်။
ဒါက အနက်ရောင် ဝတ်စုံဝတ် လူရဲ့ လက်ရှိ ခံစားချက်ပဲ၊ ပုရွက်ဆိတ် သောင်းချီက သူ့အရိုးတွေကို ကိုက်စားနေသလို၊ သူ့ကလီစာတွေကို ကိုက်စားနေသလို ခံစားရတယ်၊ ဒီနာကျင်မှုက အရေပြား နာကျင်မှုထက် အဆတစ်ထောင်၊ အဆတစ်သောင်း ပိုနာကျင်တယ်။
ဒီကလေးက သူ့ကို ဘာလုပ်လိုက်တာလဲ၊ တကယ့် နတ်ဆိုးပဲ။
ရှောင်လဲ့ထုန် သူ့ရဲ့ နာကျင်စွာ အော်ဟစ်သံကို ခဏ နားထောင်ပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။ "ကဲ... မင်း အခု ပြောမလား မပြောဘူးလား။ အင်း... မပြောဘူး ဆိုရင် ငါ မင်းကို ဓားတစ်ထောင် အခုတ်ခံရတဲ့ အရသာ မြည်းစမ်းခိုင်းလိုက်မယ်"
အနက်ရောင် ဝတ်စုံဝတ် လူ ကြားလိုက်ရတော့ မျက်လုံးထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပေါ်လာတယ်၊ ဒီတစ်ခေါက် သူ အလျှော့ပေးလိုက်တယ်၊ ရိုးရိုးသားသား ဝန်ခံလိုက်သည်။ "ကျွန်တော်တို့က Y နိုင်ငံ အမှောင်ရိပ် ဂိုဏ်းက လူသတ်သမားတွေပါ၊ ကျွန်တော်တို့ အမိန့်ရထားလို့ ဟွာရှ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို လာပြီး ရှောင်လင်းယွီရဲ့ ဆွေမျိုးသားချင်း တချို့ကို ဖမ်းမလို့ပါ"
ရှောင်လဲ့ထုန် မျက်လုံးများ စူးရှသွားပြီး မျက်နှာလေး လေးနက်ကာ ဒေါသထွက်နေပုံဖြင့် မေးလိုက်သည်။ "အမှောင်ရိပ်ဂိုဏ်း... မင်းတို့ သခင်က လျန်ဖျောင့်ရွှယ်လား"
ဘယ်သူ ထင်ထားမလဲ၊ ဒီအနက်ရောင် ဝတ်စုံဝတ် လူက ခေါင်းခါလိုက်သည်။ "ကျွန်တော်တို့ သခင်က လျန်ဖျောင့်ရွှယ် ဟုတ်မဟုတ် ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ အမျိုးသမီး တစ်ယောက်ပါ၊ ကျွန်တော်တို့ လက်အောက်ငယ်သားတွေက သူမကို Q လို့ ခေါ်ပါတယ်"
"Q... Queen ဘုရင်မ..." ရှောင်လဲ့ထုန် မျက်မှောင်လေး ကြုတ်လိုက်သည်။ "ရည်မှန်းချက်က တော်တော် ကြီးတာပဲ"
အနက်ရောင် ဝတ်စုံဝတ် လူက ပြောသင့်တာတွေ အကုန် ပြောပြီးနောက် နာကျင်မှုကို အောင့်အီးပြီး တောင်းပန်လိုက်သည်။ "ကလေးလေး... မင်း ပြောခိုင်းတာတွေ အကုန် ပြောပြီးပြီ၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ၊ ဒါ အရမ်း နာလွန်းတယ်၊ ငါ သည်းမခံနိုင်တော့ဘူး"
ရှောင်လဲ့ထုန် သူ့ကို စောင်းကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "စိတ်ချပါ... ၂ နာရီလောက်ပဲ နာကျင်မှာပါ"
ထို့နောက် သူ အကြည့်က ကြမ်းပြင်ပေါ် လဲနေတဲ့ ၇၊ ၈ ယောက်ကို ဝေ့ကြည့်လိုက်တယ်၊ မျက်မှောင်လေး ထပ်ကြုတ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဟွန့်... ဒီရက်ပိုင်း မင်းတို့ ဒီမှာပဲ ကောင်းကောင်း နေလိုက်ကြတော့။ ငါ့ပါပါး လာမှ မင်းတို့ကို ဘယ်လို စီရင်မလဲ ကြည့်ရသေးတာပေါ့"
တကယ်လို့ သူ အခု လက်ပေါ်မှာ လူ့အသက် မစွန်းထင်းရဘူး ဆိုရင် သူ သေချာပေါက် သူတို့ကို ရှင်းပစ်လိုက်မှာ။
အခု ဒီလူတွေကို ပါပါး စီရင်ဖို့ ချန်ထားလိုက်တာ ပိုကောင်းမယ် ထင်တယ်။
သူ တံခါးပေါက်က ထွက်သွားတဲ့ အချိန်မှာ ဒီအနက်ရောင် ဝတ်စုံဝတ် လူက အဲဒီကလေး လက်ကလေး ဝှေ့လိုက်တာနဲ့ ဂိုဒေါင်တံခါး ပိတ်သွားတာကို မျက်စိနဲ့တပ်ပ် တွေ့လိုက်ရတယ်။
အနက်ရောင် ဝတ်စုံဝတ် လူ "..."
ဒီကလေးပေးတဲ့ခံစားချက်က တကယ် ထူးဆန်းလွန်းတယ်။
ရှောင်လဲ့ထုန် ထွက်သွားပြီးနောက် ဖုံးကွယ်ရေးစည်းတစ်ခု လုပ်လိုက်တယ်၊ ဒါမှ အပြင်လူတွေ ဒီဂိုဒေါင်ကို ရှာမတွေ့မှာ။
ထို့နောက် ရှောင်လဲ့ထုန် ဖုန်းတစ်လုံး ထုတ်လိုက်ပြီး ကုန်းထျန်းဟောက်ဆီ ဖုန်းဆက်လိုက်လေသည်။
...
"ဘာ... အမှောင်ရိပ်ဂိုဏ်းက လူတွေ ထောင်ယွမ်ရွာကို တကယ် လာရှာတာလား" ရှောင်လင်းယွီ အံ့သြသလို စိုးရိမ်သလို မေးလိုက်သည်။ "ထျန်းဟောက်... သူတို့ ဘာမှ မဖြစ်ဘူးမလား"
ကုန်းထျန်းဟောက် နှစ်သိမ့်လိုက်သည်။ "ယွီအာ... မပူပါနဲ့၊ အိမ်မှာ ထုန်ထုန် ရှိတယ်လေ။ အဲဒီလူတွေက လူ့အသက်တွေ စွန်းထင်းနေတာ၊ ထုန်ထုန် တစ်ချက်ကြည့်တာနဲ့ သိတယ်၊ ဒါကြောင့် သူတို့ကို ဖမ်းပြီး ဖွက်ထားလိုက်တာ။ ယွီအာ... မင်း ထုန်ထုန်ကို ယုံကြည်သင့်တယ်"
ဘာပဲပြောပြော ထုန်ထုန်က သာမန်လူ မဟုတ်ဘူးလေ။
ရှောင်လင်းယွီက ပြောသည်။ "ထုန်ထုန်က ဘယ်သူပဲ ဖြစ်ဖြစ်၊ သူက အရင်ဆုံး ကျွန်မသားဖြစ်တာ။ အမေတစ်ယောက် အနေနဲ့ သေချာပေါက် သားအတွက် စိတ်ပူမိမှာပေါ့"
ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး ပြောလိုက်သည်။ "ထျန်းဟောက်... ကျွန်မတို့ အခု ချက်ချင်း အိမ်ပြန်ကြရအောင်"
အိမ်ပြန်မကြည့်ရရင် စိတ်မချနိုင်ဘူး။
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ကိုယ်တို့ အခုပဲ အိမ်ပြန်ကြမယ်"
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ ထောင်ယွမ်ရွာ ပြန်ရောက်ပြီး ရှောင်လဲ့ထုန် ဂိုဒေါင်ထဲ ပိတ်လှောင်ထားတဲ့၊ သေလုမျောပါး ဖြစ်နေတဲ့ အနက်ရောင် ဝတ်စုံဝတ် ၇ ယောက်ကို တွေ့လိုက်ရတော့ မျက်လုံးတွေ နက်ရှိုင်းသွားကြတယ်။
ရှောင်လဲ့ထုန် စစ်မေးထားတဲ့ အနက်ရောင် ဝတ်စုံဝတ် လူကလွဲရင် တခြား အနက်ရောင် ဝတ်စုံဝတ် လူတွေက ရှောင်လဲ့ထုန် ထွက်သွားပြီး မကြာခင်မှာပဲ နိုးလာကြတယ်။
သူတို့ အစတုန်းက ဘာမှ မတုံ့ပြန်နိုင်ကြဘူး၊ ဒါပေမဲ့ မကြာခင် နိုးလာတဲ့ အနက်ရောင် ဝတ်စုံဝတ် လူဆီကနေ သိလိုက်ရတယ်၊ သူတို့ ဝင်လာကတည်းက အဖမ်းခံလိုက်ရတာ၊ ပြီးတော့ ဖမ်းတဲ့သူက ကလေးတစ်ယောက် ဖြစ်နေတာ၊ ဒါက သူတို့ကို အံ့သြတုန်လှုပ်စေတယ်၊ အဖော်ရဲ့ စကားကို လုံးဝ မယုံကြည်နိုင်ကြဘူး။
ဒါပေမဲ့ အခု သူတို့ အရင် ထွက်သွားတာ ပိုကောင်းမယ်။
ဒီဂိုဒေါင်က တံခါးရှိ၊ ပြတင်းပေါက်ရှိပြီး ပိတ်လှောင်ထားတာ မဟုတ်ပေမဲ့ သူတို့ ဘယ်လို နည်းလမ်း သုံးသုံး ဒီတံခါးနဲ့ ပြတင်းပေါက်တွေကို ဖွင့်လို့ မရဘူး၊ ထွက်သွားဖို့ မပြောနဲ့။
နှစ်ရက်ဆက်တိုက် နည်းလမ်းပေါင်းစုံ သုံးပေမဲ့ လွတ်မြောက်နိုင်ခြင်း မရှိဘူး၊ ပြီးတော့ နှစ်ရက်လုံးလုံး ဘာမှ မစားရ၊ ရေတစ်ခွက်မှ မသောက်ရတော့ သူတို့ စောစောစီးစီး အားကုန်နေကြပြီ။
သူတို့ကိုယ်တိုင်တောင် သံသယ ဖြစ်နေတယ်၊ ဒီအတိုင်း ဆက်သွားရင် သူတို့ အဖော်တွေကို သတ်ပြီးမှ အသက်ရှင်နိုင်တော့မလားလို့။
သူတို့ အဖော်တွေကို သတ်ပြီး အသက်ရှင်ဖို့ စဉ်းစားနေတုန်း ဂိုဒေါင်တံခါး ပွင့်သွားတယ်၊ သူတို့ လက်နဲ့ အလင်းရောင်ကို ကာလိုက်တယ်၊ မျက်လုံးမှေးကြည့်လိုက်တော့ အလင်းရောင်ထဲမှာ လျှောက်လာတဲ့ လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်၊ မိသားစု ၃ ယောက်လို ပုံစံကို တွေ့လိုက်ရတယ်။
ကုန်းထျန်းဟောက် မိသားစု ၃ ယောက် ဂိုဒေါင်ထဲ ဝင်လာတော့ ဒီအနက်ရောင် ဝတ်စုံဝတ် လူတွေက မှတ်မိလိုက်တယ်၊ ဒီလူကြီးနှစ်ယောက်က သူတို့ရဲ့ မကြာသေးမီက တာဝန်ယူထားတဲ့ ပစ်မှတ်တွေပဲ၊ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး မျက်လုံးထဲမှာ တင်းမာမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်လာတယ်။
နောက်ထပ် အနက်ရောင် ဝတ်စုံဝတ် တစ်ယောက်က ရှောင်လဲ့ထုန်ကို မြင်တာနဲ့ ရှောင်လဲ့ထုန်ကို လက်ညှိုးထိုးပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "နတ်ဆိုး... နတ်ဆိုး"
ရှောင်လဲ့ထုန် သူ လက်ညှိုးထိုးပြတာ မြင်တော့ မကျေမနပ် ပြောလိုက်သည်။ "ငါ... ငါက အပြစ်ကင်းစင်ပြီး ရိုးသားတဲ့၊ ချစ်စရာကောင်းပြီး ချောမောတဲ့ ကလေးလေး တစ်ယောက်ပါ၊ ဘာလို့ မင်း ပါးစပ်ထဲမှာ နတ်ဆိုး ဖြစ်သွားရတာလဲ"
အဲဒီ အနက်ရောင် ဝတ်စုံဝတ် လူက ရှောင်လဲ့ထုန် ပြောတာကြားတော့ သရဲမြင်သလို ကြည့်နေတယ်။
သူက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား။ သူက နတ်ဆိုးပဲ။
ရှောင်လဲ့ထုန်လည်း သူ့ကို စကားမပြောချင်တော့ဘူး၊ သူ ကုန်းထျန်းဟောက် ဇနီးမောင်နှံကို တိုက်ရိုက် ပြောလိုက်သည်။ "မားမား... ပါပါး၊ ဒီလူတွေကို ပါပါးတို့ စီရင်ဖို့ ထားခဲ့လိုက်တော့မယ်"
ရှောင်လင်းယွီ သူ့ခေါင်းလေးကို ပုတ်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ကောင်းပြီ... မားမားနဲ့ပါပါး စီရင်ဖို့ ထားခဲ့လိုက်၊ သား ဂရုစိုက်စရာ မလိုတော့ဘူး"
ရှောင်လဲ့ထုန် မေးစရာ ရှိတာ မေးပြီးပြီ၊ ကုန်းထျန်းဟောက်လည်း မေးစရာ မလိုတော့ဘူး၊ သူ စကားတစ်ခွန်းမှ မပြောဘဲ နဂါး အဖွဲ့အစည်း အဖွဲ့ဝင်တွေကို ခေါ်ပြီး ဒီလူတွေကို ကြိုးတုပ်ခိုင်းလိုက်တယ်၊ ပြီးတော့ နဂါး အဖွဲ့အစည်း ရုံးချုပ်ကို ပို့လိုက်တယ်။
ထောင်ယွမ်ရွာ ဒီနေရာက ဒီလူတွေကို စီရင်ဖို့ မသင့်တော်ပါဘူး။
သေချာပေါက် ကုန်းထျန်းဟောက် ဒီလူတွေကို ခေါ်ထုတ်သွားတာလည်း တိတ်တိတ်လေးပါ၊ ထောင်ယွမ်ရွာက ဘယ်သူ့ကိုမှ မသိစေခဲ့ပါဘူး။
…..
ဒီအနက်ရောင် ဝတ်စုံဝတ် လူတွေ ထွက်သွားပြီးနောက် ရှောင်လင်းယွီ အေးစက်စွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ် ဒီမိန်းမက ကျွန်မတို့ မိသားစုကို တကယ် ဒုက္ခပေးချင်နေတာပဲ"
ကုန်းထျန်းဟောက် ပြောသည်။ "သူက အစကတည်းက ရက်စက်တဲ့သူပဲ၊ မောင်နှမတွေကိုတောင် မညှာတာဘဲ ဒုက္ခပေးရက်တာ၊ အေးစက်ပြီး ရက်စက်တယ်"
"ကြည့်ရတာ ကိုယ်တို့ အမှောင်ရိပ်ဂိုဏ်း ရုံးချုပ်ကို တစ်ခေါက် ဝင်စီးမှ ရတော့မယ်" ကုန်းထျန်းဟောက် မျက်လုံးမှေးပြီး အဝေးကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "သူတို့ မကြာခဏ လာဒုက္ခပေးနေတာကို ခံနေမယ့်အစား ကိုယ်တို့ ဦးအောင်တိုက်ခိုက်တာ ပိုကောင်းမယ်"
အရင်တုန်းက လျန်ဖျောင့်ရွှယ် တည်ထောင်ထားတာ ဘာအင်အားစုလဲ မသိခဲ့ဘူး၊ အခု ရှင်းရှင်းလင်းလင်း သိသွားပြီ ဆိုတော့ သဘာဝကျကျပဲ အံတုဘက်ကနေ ဦးဆောင်မှုဘက်ကို ပြောင်းလဲလို့ ရပြီ။
ရှောင်လဲ့ထုန် ချက်ချင်း ပြောလိုက်သည်။ "သားလည်း ပါပါးတို့နဲ့ အတူတူ လိုက်ခဲ့မယ်"
ရှောင်လင်းယွီ ချက်ချင်း ငြင်းပယ်လိုက်သည်။ "မဖြစ်ဘူး... ထုန်ထုန်၊ သား လိုက်လို့ မရဘူး"
ရှောင်လဲ့ထုန် နားမလည်နိုင်စွာ မေးလိုက်သည်။ "ဘာလို့ လိုက်လို့ မရတာလဲ။ အတူတူသွားရင် သားက မာမားတို့ကို ကူညီပေးနိုင်သေးတယ်လေ"
ရှောင်လင်းယွီ ချက်ချင်း ပြောလိုက်သည်။ "ထုန်ထုန်... သား မေ့နေပြီလား။ အဘိုး၊ အဘွား၊ ထောင်ယွမ်ရွာတစ်ခုလုံးက သားရဲ့ ကာကွယ်မှု လိုအပ်တယ်လေ။ တကယ်လို့ သား ထွက်သွားရင် လျန်ဖျောင့်ရွှယ်က အခွင့်ကောင်းယူပြီး ဝင်လာနိုင်တယ်၊ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ဟုတ်တယ်မလား"
ရှောင်လဲ့ထုန် စဉ်းစားပြီး ပြောလိုက်သည်။ "ကောင်းပါပြီ... ဒါဆို သား ကျန်နေခဲ့လိုက်မယ်"
ကုန်းထျန်းဟောက်က လှည့်ပြီး ရှောင်လင်းယွီကို ပြောလိုက်သည်။ "ယွီအာ... မင်းလည်း နေခဲ့လိုက်ပါ။ အမှောင်ရိပ်ဂိုဏ်းလေး တစ်ခုအတွက် မင်း အတူတူ လိုက်စရာ မလိုပါဘူး"
ရှောင်လင်းယွီက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ "မဖြစ်ဘူး... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ ရှင့်နောက် သေချာပေါက် လိုက်ခဲ့မယ်"
သူမ စဉ်းစားပြီး ကုန်းထျန်းဟောက် လက်ကို ဆွဲကာ ပြောလိုက်သည်။ "ထျန်းဟောက်... ရှင် ကျွန်မ လိုက်ခဲ့ရင် အန္တရာယ် ရှိမှာ စိုးရိမ်နေမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ယောက်ျား... ကျွန်မကို သာမန် အားနွဲ့တဲ့ မိန်းမတစ်ယောက်အနေနဲ့ မသဘောထားပါနဲ့။ ကျွန်မ ဒီနှစ်တွေအတွင်း ရှောင်လင်ရဲ့ အကူအညီကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု အများကြီး တိုးတက်လာရုံမက ကျွန်မရဲ့ အထူးစွမ်းရည်တွေလည်း တိုးတက်လာတယ်။ ကျွန်မရဲ့ ကိုယ်ခံပညာ လျင်မြန်မှုက ရှင့်ထက် မလျော့ပါဘူး၊ ကျွန်မရဲ့ အကြားအာရုံက ၅ မိုင် အကွာအဝေးအထိ ရောက်နိုင်တယ်၊ မျက်လုံးတွေကလည်း မျက်စိတစ်ထောင် ဖြစ်နေပြီ၊ ပြီးတော့ ကျွန်မမှာ အသက်ကယ် နေရာလွတ်ရှိနေသေးတယ်၊ ရှင် ဘာကို စိုးရိမ်နေတာလဲ"
ရှောင်လဲ့ထုန်က ဘေးနားကနေ စဉ်းစားပြီး ပြောလိုက်သည်။ "ပါပါး... မားမားကို ပါပါး ဘေးနားမှာ လိုက်ခိုင်းလိုက်ပါ။ မတော်တဆ အရေးကြီးတဲ့ အချိန်ကျရင် ပါပါးက မားမားရဲ့ ကာကွယ်မှုကို အားကိုးရဦးမှာ"
ကုန်းထျန်းဟောက် "..." ပြောရင်း ပြောရင်းနဲ့ သူက အားအနည်းဆုံး ဖြစ်သွားတာပေါ့။
သူ သက်ပြင်းချလိုက်ပြီး မတတ်သာသလို ချစ်ခင်စွာ ပြောလိုက်သည်။ "ကောင်းပါပြီ... ကိုယ် မင်းတို့ သားအမိကို မနိုင်တော့ပါဘူး၊ ရပြီလား"
ဦးအောင် တိုက်ခိုက်မှာ ဆိုတော့ ကုန်းထျန်းဟောက်လည်း ချက်ချင်း စီစဉ်လိုက်တယ်။
…..
ဟိုဘက်မှာ အမှောင်ရိပ်ဂိုဏ်းအတွင်းမှာ လက်ရုံးက မျက်နှာထား လေးနက်စွာ လျန်ဖျောင့်ရွှယ်ကို ပြောလိုက်သည်။ "သခင်မ... ခုနလေးတင် သတင်းရတယ်၊ ကျွန်တော်တို့ လွှတ်လိုက်တဲ့ လူ ၇ ယောက်လုံး အဖမ်းခံလိုက်ရပြီ၊ အခု လူတွေက နဂါးအဖွဲ့အစည်း ထောင်ထဲမှာ ရောက်နေတယ်"
သူ့မျက်နှာထား လေးနက်ရုံတင် မကဘူး၊ မသိမသာ ဒေါသထွက်နေတယ်။
သူ မွေးထုတ်ပေးထားတဲ့ လူတွေက တစ်ခါမှ လက်မလွတ်ဖူးဘူး၊ ဒါပေမဲ့ နဂါး အဖွဲ့အစည်းနဲ့ တွေ့တော့ အကုန်လုံး ရှုံးနိမ့်သွားတယ်။ သူ စိတ်ထဲမှာ မကျေနပ်ဘူး၊ တစ်ချိန်တည်းမှာပဲ ပြိုင်ဆိုင်လိုစိတ်တွေ ထွက်ပေါ်လာတယ်။
သူ ကြည့်ချင်တယ်၊ သူ မွေးထုတ်ပေးထားတဲ့ လူတွေ တော်လား၊ ဒါမှမဟုတ် ကုန်းထျန်းဟောက် မွေးထုတ်ပေးထားတဲ့ လူတွေ တော်လား ဆိုတာကို။
လျန်ဖျောင့်ရွှယ် လက်ရုံးရဲ့ စကားကို ကြားတော့ မျက်နှာ ချက်ချင်း မည်းမှောင်သွားကာ အေးစက်စွာ ဆဲဆိုလိုက်သည်။ "အသုံးမကျတဲ့ ကောင်တွေ၊ အကုန်လုံး အသုံးမကျတဲ့ ကောင်တွေ"
ဘာလို့ ရှောင်လင်းယွီ ဇနီးမောင်နှံနဲ့ ရင်ဆိုင်ရကတည်းက လုပ်သမျှ ကိစ္စတွေ အဆင်မပြေဖြစ်နေရတာလဲ၊ သူမ မကျေနပ်ဘူး။
သူမ လျန်ဖျောင့်ရွှယ်က ဘယ်နေရာ ညံ့လို့လဲ။ ဟွန့်... ရှောင်လင်းယွီက နတ်ဘုရားပစ္စည်း ရှိနေလို့ ဘာလုပ်လုပ် အောင်မြင်နေတာ မဟုတ်ဘူးလား။
ဟဟ... သူမ လျန်ဖျောင့်ရွှယ် ရှောင်လင်းယွီ လက်ထဲက ပစ္စည်းကို လုယူနိုင်လိုက်တာနဲ့ သူမ ရှောင်လင်းယွီကို ကျွန်တစ်ယောက်လို သူမရှေ့မှာ ဒူးထောက်ခိုင်းမယ်။
"ရှောင်လင်းယွီ... နင် မောက်မာမနေနဲ့" လျန်ဖျောင့်ရွှယ် အံကြိတ်ပြီး ပြောလိုက်သည်။
"သခင်မ... တကယ်တော့ ဒီလောက် ဒေါသထွက်စရာ မလိုပါဘူး" ဒီအချိန်မှာ လက်ရုံးက ပြောလိုက်သည်။ "ကျွန်တော်တို့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေဆီကနေ လုပ်ကြံလို့ မရရင် ကျွန်တော်တို့ သူ့ရဲ့ သူငယ်ချင်းတွေဆီကနေ လုပ်ကြံလို့ ရတာပဲ။ သူ့ရဲ့ မိသားစုကို သူတို့ တင်းကျပ်စွာ ကာကွယ်ထားပေမဲ့ သူတို့မှာ သူငယ်ချင်းတွေ ရှိသေးတယ်လေ။ ဒီသူငယ်ချင်းတွေက သူတို့ ပေါ့ဆမယ့် နေရာ ဖြစ်နိုင်တယ်"
လျန်ဖျောင့်ရွှယ် ကြားလိုက်ရတော့ မျက်လုံးတွေ အရောင်တောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဟုတ်တယ်... သူတို့ မိသားစုကို သူတို့ တင်းတင်းကျပ်ကျပ် ကာကွယ်ထားပေမဲ့ သူတို့မှာ သူငယ်ချင်းတွေ ရှိသေးတယ်လေ။ ဒီသူငယ်ချင်းတွေက သူတို့ ဟာကွက် ဖြစ်နိုင်တယ်"
ဤနေရာသို့ ရောက်သောအခါ လျန်ဖျောင့်ရွှယ်က မစောင့်နိုင်တော့ဘဲ အမိန့်ပေးလိုက်သည်။ "နင် ချက်ချင်း သွားပြီး ဒီကိစ္စကို လုပ်လိုက်။ မှတ်ထားနော်... ဒီတစ်ခေါက် အောင်မြင်မှ ဖြစ်မယ်၊ ရှုံးနိမ့်လို့ မဖြစ်တော့ဘူး။ ငါတို့ အမှောင်ရိပ် ဂိုဏ်းက အဖွဲ့ဝင် ၇ ယောက် ဆုံးရှုံးလိုက်ရပြီ၊ ဆုံးရှုံးမှု ကြီးမားနေပြီ"
လက်ရုံးက ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့... သခင်မ၊ ကျွန်တော် ချက်ချင်း သွားလုပ်လိုက်ပါ့မယ်"
...
ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် Y နိုင်ငံ သွားဖို့ ပြင်ဆင်နေတုန်း သတင်းရလိုက်တယ်၊ လျန်ဖျောင့်ရွှယ် နိုင်ငံထဲပြန်ရောက်နေပြီတဲ့။
ကုန်းထျန်းဟောက် လက်အောက်ငယ်သားရဲ့ အစီရင်ခံစာကို ကြားတော့ မျက်မှောင်ကြုတ်ပြီး အလွန် လေးနက်စွာ မေးလိုက်သည်။ "သတင်း မှန်ရဲ့လား။ လျန်ဖျောင့်ရွှယ် ပြန်ရောက်ပြီလား"
"အင်း... သတင်း မှန်ပါတယ်။ လျန်ဖျောင့်ရွှယ်က HSD အင်အားစုကနေတစ်ဆင့် ရုပ်ဖျက်ပြီး ပြန်လာတာပါ" လက်အောက်ငယ်သားက အစီရင်ခံသည်။ "သူနဲ့အတူ ပြန်လာတာ အမှောင်ရိပ် ဂိုဏ်းရဲ့ ဒုတိယ ခေါင်းဆောင်လည်း ပါပါတယ်"
ကုန်းထျန်းဟောက် ကြားလိုက်ရတော့ တွေးတောနေမိသည်။
သူ အခု သံသယ ဖြစ်နေတာက လျန်ဖျောင့်ရွှယ်နဲ့ အဲဒီလူက သူ့လှုပ်ရှားမှုကို သိလို့ လူနှစ်ယောက်ကို သူတို့အဖြစ် ဟန်ဆောင်ပြီး ဟွာရှ လွှတ်လိုက်တာ၊ သူ့အမြင်ကို လှည့်စားချင်လို့များလား။
ဒါပေမဲ့ တကယ်လို့ ဒီနှစ်ယောက်က အစစ် ဖြစ်နေရင်ရော။ ဒါဆို သူတို့ ဟွာရှကိုလာတာ သေချာပေါက် မကောင်းတဲ့ ကြံစည်မှုတွေ ရှိနေမှာ။
ကုန်းထျန်းဟောက် ခဏလောက် တွေးတောပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။
လူတချို့ လွှတ်ပြီး အမှောင်ရိပ် ဂိုဏ်းကို စုံစမ်းခိုင်းလိုက်တယ်၊ သူနဲ့ ရှောင်လင်းယွီက ယာယီ Y နိုင်ငံ မသွားတော့ဘူး။
ဘာပဲပြောပြော ဟွာရှက ဆွေမျိုးမိတ်ဆွေတွေက ပိုအရေးကြီးတယ်လေ။
...
ရှောင်လင်းယွီ ဖိတ်စာ တစ်စောင် လက်ခံရရှိသည်။
ဒီဖိတ်စာကို မြင်တော့ သူမ ကုန်းထျန်းဟောက်ကို ဝမ်းသာအားရ ပြောလိုက်သည်။ "ဟားဟား... ယန်စစ်မင်နဲ့ ကျိုးရှောင်ရူ တို့ရဲ့ နှစ်နှစ်ကြာ အချစ်ခရီးလမ်းက နောက်ဆုံးတော့ ပြီးဆုံးသွားပြီ။ ကြည့်ပါဦး... သူတို့ ဒီလ ၁၆ ရက်နေ့ လက်ထပ်တော့မယ်တဲ့"
ယန်စစ်မင် ဆိုတဲ့ အရင်တုန်းက အချစ်ပြိုင်ဘက်က အိမ်ထောင်ပြုတော့မယ်ဆိုတာ မြင်တော့ သူ သေချာပေါက် ဝမ်းသာတာပေါ့၊ သူ့မိန်းမကို အမြဲ သတိရမနေတော့အောင်လေ။
အဲ... သူက စိတ်ပြောင်းသွားပြီ၊ ရှောင်လင်းယွီကို လက်လွှတ်လိုက်ပြီ ဆိုပေမဲ့။ ဒါပေမဲ့ သူက ရှောင်လင်းယွီကို လိုက်ပိုးခဲ့တာ အမှန်ပဲ၊ သူက ဒီကိစ္စကို အမြဲ ရင်ထဲမှာ မှတ်ထားတာ။
အခုတော့ ကောင်းပါပြီ၊ သူလည်း လက်ထပ်တော့မယ်၊ ဒီလိုဆို သူက မိန်းမရှိတဲ့သူ ဖြစ်သွားပြီ၊ သူများမိန်းမကို သတိရနေလို့ မဖြစ်တော့ဘူး။
စဉ်းစားမိတာနဲ့ ကုန်းထျန်းဟောက်လည်း ပျော်ရွှင်စွာ ပြောလိုက်သည်။ "အင်း... အဲဒီကျရင် ကိုယ်တို့ အတူတူ သွားပြီး သူ နောက်တစ်ဝက်ကို ရှာတွေ့သွားတာ ဂုဏ်ပြုပေးကြတာပေါ့"
"အင်း... အဲဒါ သေချာပေါက် ကောင်းတာပေါ့" ရှောင်လင်းယွီကတော့ ဘာမှ သိပ်မတွေးမိပါဘူး။
ယန်စစ်မင်က ရှောင်လင်းယွီ အတွက် ကျေးဇူးရှင်ဖြစ်သလို သူငယ်ချင်းလည်း ဖြစ်တယ်။
ယန်စစ်မင်က သူမကို လိုက်ပိုးခဲ့ဖူးပေမဲ့ သူမ လက်ထပ်ပြီးနောက် သူငယ်ချင်း အကွာအဝေးကို ထိန်းသိမ်းထားတယ်၊ ခြေတစ်လှမ်းမှ ကျော်မလာခဲ့ဘူး၊ ကြည့်ရတာ ပေါ့ပျက်ပျက် နိုင်ပေမဲ့ လူကြီးလူကောင်း တစ်ယောက်ပါ။
"အခု ယန်စစ်မင် မင်္ဂလာပွဲ ကျင်းပဖို့ ၁၀ ရက်ပဲ လိုတော့တယ်၊ ကျွန်မတို့ ဘာလက်ဆောင် ပြင်ဆင်ရမလဲ ကြည့်ရအောင်" ရှောင်လင်းယွီ မေးလိုက်သည်။
ကုန်းထျန်းဟောက် နှုတ်ခမ်းထောင့် စွန်းတက်ကာ ပြောလိုက်သည်။ "ယန်စစ်မင်က အခု ဘာမှ မလိုတော့ဘူး၊ ဘာလက်ဆောင်ပေးရမလဲဆိုတာ တကယ် ခေါင်းကိုက်စရာ ပြဿနာပဲ"
ရှောင်လင်းယွီ ခေါင်းညိတ် ထောက်ခံလိုက်သည်။ "အင်း... အဲဒါ အမှန်ပဲ"
ယန်စစ်မင်က ပိုက်ဆံရှိတယ်၊ ဘာမဆို ရှိတယ်၊ လက်ဆောင်ဝယ်ဖို့က ခေါင်းကိုက်စရာ ပြဿနာ ဖြစ်လာတယ်။
ကုန်းထျန်းဟောက်က ဆက်ပြောသည်။ "ဒါပေမဲ့ ယန်စစ်မင် ဘာလိုလဲ ပြောရရင် ငါတို့ ထောင်ယွမ်ရွာက ပစ္စည်းတွေ၊ ဪ... အမေ ကိုယ်တိုင် ချက်လုပ်ထားတဲ့ စိတ်ငြိမ်စေတဲ့ သစ်သီးဝိုင်တွေ၊ အထူးသဖြင့် မက်မွန်ပွင့်ဝိုင် ဖြစ်လောက်တယ်"
ရှောင်လင်းယွီ ကြားလိုက်ရတော့ သူ့ကို သံသယဖြင့် ကြည့်ကာ "ထျန်းဟောက်... ရှင် တကယ် ပြောတာလား" အရင်တုန်းက ကုန်းထျန်းဟောက်က ယန်စစ်မင်ကို မယဉ်ကျေးခဲ့ဘူး၊ ဒီလောက် မကောင်းခဲ့ဖူးဘူး။
အခု ရုတ်တရက် ဒီပစ္စည်းတွေ ပေးခိုင်းတော့ သူမ ပြဿနာ ရှိတယ်လို့ ထင်တယ်။
ကုန်းထျန်းဟောက် မျက်နှာ မည်းမှောင်သွားပြီး ပြောစရာ မရှိသလို ပြောလိုက်သည်။ "ကိုယ် ဘာလို့ တကယ် မပြောရမှာလဲ ယွီအာ။ ယန်စစ်မင် လက်ထပ်တာ ကိုယ် တကယ် ဂုဏ်ပြုတာပါ။ ဒါကြောင့် ဒီအရင်တုန်းက အချစ်ပြိုင်ဘက်ကို ကိုယ် လက်ဆောင်ကြီးကြီး ပေးချင်တာ၊ ဘာပြဿနာ ရှိလို့လဲ"
အမေရှောင် ကိုယ်တိုင် ချက်လုပ်ထားတဲ့ မက်မွန်ပွင့်ဝိုင်က ဈေးကွက်မှာ တန်ဖိုးဖြတ်မရဘူး။ မှောင်ခိုဈေးကွက်မှာ အိုးတစ်လုံးကို ယွမ် သန်း ၂၀ အထိ ရောက်နေတယ်၊ ဒါပေမဲ့ အများစုက အတုတွေပါ၊ အစစ်ကို ဘယ်သူမှ မရောင်းရက်ကြဘူး။
ပြီးတော့ အမေရှောင် ကိုယ်တိုင် ချက်လုပ်ထားတဲ့ မက်မွန်ပွင့်ဝိုင်ကို ရနိုင်တာက ရှောင်မိသားစုနဲ့ ဆက်ဆံရေး သာမန် မဟုတ်တဲ့ သူတွေမှ ရတာ။
ရှောင်လင်းယွီ ကြားလိုက်ရတော့ ရယ်မောပြီး ပြောလိုက်သည်။ "ကောင်းပါပြီ... ရှင် ပြောသလိုပဲ၊ သူ့ကို ဒီလို လက်ဆောင်မျိုး ပေးလိုက်မယ်။ ပြီးတော့ သူ့မင်္ဂလာပွဲ ဧည့်ခံပွဲက အစားအသောက်တွေကို ကျွန်မတို့ တာဝန်ယူလိုက်မယ်"
မင်္ဂလာပွဲ ဧည့်ခံပွဲက အစားအသောက်တွေ အကုန် တာဝန်ယူမယ် ကြားတော့ ကုန်းထျန်းဟောက် နည်းနည်း မနာလို ဖြစ်သွားပြန်တယ်။ "ယွီအာ... မင်း ဒီသူငယ်ချင်းအပေါ် အရမ်း ရက်ရောလွန်းမနေဘူးလား"
ရှောင်လင်းယွီ ပါးစပ်အုပ် ရယ်မောပြီး ပြောလိုက်သည်။ "ယန်စစ်မင်က ကျွန်မသူငယ်ချင်း၊ ကျိုးရှောင်ရူက ငါ့ကုမ္ပဏီ ဝန်ထမ်း၊ သူငယ်ချင်းအနေနဲ့၊ သူဌေးအနေနဲ့ ဒီလို လက်ဆောင်မျိုးပေးတာ သင့်တော်ပါတယ်"
ကုန်းထျန်းဟောက် ဆက်မမနာလိုတော့ဘဲ ခေါင်းညိတ် ပြောလိုက်သည်။ "ကောင်းပြီလေ"
လျန်ဖျောင့်ရွှယ်နဲ့ အမှောင်ရိပ်ဂိုဏ်း ဒုတိယ ခေါင်းဆောင် အတူတူ ဟွာရှကို ပြန်လာတယ်ဆိုတဲ့ သတင်းရထားလို့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် နှစ်ယောက်သား အပြင်မထွက်တော့ဘဲ ကုမ္ပဏီနဲ့ အိမ်ကနေပဲ အဝေးထိန်း စီမံခန့်ခွဲနေကြတယ်။
တခြားတစ်ဖက်မှာ ကုန်းထျန်းဟောက်က လူအများအပြား လွှတ်ပြီး လျန်ဖျောင့်ရွှယ် ဘယ်သွားလဲ လျှို့ဝှက် စုံစမ်းခိုင်းတယ်၊ အထူးသဖြင့် လျန်မိသားစုနဲ့ လျန်ဖျောင့်ရွှယ် အရင်တုန်းက နေခဲ့တဲ့ နေရာတွေကို စောင့်ကြည့်ခိုင်းထားတယ်။
ဒါပေမဲ့ ထူးဆန်းတာက လျန်ဖျောင့်ရွှယ်နဲ့ သူမရဲ့ လက်အောက်ငယ်သားတွေက လူ့လောကထဲကနေ အငွေ့ပျံသွားသလို ပျောက်ချင်းမလှ ပျောက်သွားကြတယ်။
ဒီလိုဆိုတော့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် ပိုပြီး သတိထား၊ ကာကွယ်လာရတယ်။
သူတို့ ခံစားနေရတာက မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းလိုမျိုးပါ။
…..
ယန်စစ်မင် လက်ထပ်မယ့် မတိုင်မီ တစ်ရက်အထိ ရှောင်လင်းယွီ သူ့ဆီက ဖုန်းလက်ခံရရှိတယ်။
ယန်စစ်မင် ဖုန်းကို မြင်တာနဲ့ ရှောင်လင်းယွီ စကားစပြောလိုက်သည်။ "ဂုဏ်ပြုပါတယ်... သတို့သားလောင်းရေ။ ဒီအချိန်မှာ ဘယ်လိုလုပ် ကျွန်မဆီ ဖုန်းဆက်ဖို့ အချိန်ရတာလဲ၊ ရှင် အလုပ်ရှုပ်နေရမှာ မဟုတ်ဘူးလား"
ယန်စစ်မင်က ရယ်မောရင်း ပြောလိုက်သည်။ "အလုပ်ရှုပ်တာတော့ ရှုပ်တာပေါ့၊ ဒါပေမဲ့ ကိစ္စတော်တော်များများကို တခြားလူတွေ လုပ်ပေးလို့ရတယ်၊ ငါက စိတ်ချလက်ချ သတို့သားလောင်း လုပ်နေရုံပါပဲ"
ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ဪ... ကြည့်ရတာ ရှင် သတို့သားလောင်း လုပ်ရတာ တော်တော် သက်တောင့်သက်သာ ရှိပုံရတယ်"
"မင်းကျေးဇူးကြောင့်ပါ" ယန်စစ်မင် ရယ်မောလိုက်သည်။
ထို့နောက် ယန်စစ်မင် အနည်းငယ် တွန့်ဆုတ်စွာ ပြောလိုက်သည်။ "ရှောင်လင်းယွီ... ငါ အိမ်ထောင်သည် မဖြစ်ခင်မှာ ငါ မင်းနဲ့ နှစ်ယောက်တည်း တွေ့လို့ ရမလား"
ယန်စစ်မင် ဒီစကားပြောနေတုန်း လက်တစ်ဖက်က စားပွဲကို ခေါက်နေတယ်၊ ဒီအသံက ရှောင်လင်းယွီ နားထဲ ရောက်လာတယ်။
ရှောင်လင်းယွီ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး အခက်တွေ့သလို ပြောလိုက်သည်။ "နှစ်ယောက်တည်း တွေ့မယ် ဟုတ်လား"
ယန်စစ်မင် စိတ်လောကြီးစွာ ပြောလိုက်သည်။ "ဟုတ်တယ်... ငါ မင်းနဲ့ နှစ်ယောက်တည်း တွေ့ချင်တယ်။ ငါ မင်းကို တကယ် ကြိုက်တာပါ၊ တခြားမိန်းမနဲ့ မလက်ထပ်ခင် ငါ မင်းနဲ့ နှုတ်ဆက်ချင်လို့ပါ"
ရှောင်လင်းယွီက တွန့်ဆုတ်စွာ ပြောလိုက်သည်။ "ယန်ကော... ဒါ... ဒါ သိပ်မကောင်းဘူး ထင်တယ်။ သတို့သမီး သိသွားရင် စိတ်ဆိုးနေမလား"
"ငါတို့ သူ့ကို ဖုံးကွယ်ထားလိုက်ရင် ရပြီလေ" ယန်စစ်မင်က လေသံအေးစက်စွာ ပြောလိုက်သည်။ "သိသွားရင်ရော ဘာဖြစ်လဲ၊ သူက ငါ့ကို ကြိုက်လို့ ငါ့ကို ယူချင်နေတာလေ။ ငါ အခု ကြိုက်တဲ့သူနဲ့ နှုတ်ဆက်တာတောင် မရဘူးလား"
ရှောင်လင်းယွီ ကြားလိုက်ရတော့ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီးနောက် သဘောတူလိုက်သည်။ "ကောင်းပါပြီ။ ဒါပေမဲ့ ယန်ကော... ကျွန်မတို့ နှစ်ယောက်တည်း တွေ့ပြီးရင် နောက်ကျ ရှောင်ရူကို ကောင်းကောင်း ဆက်ဆံပေးရမယ်နော်"
"ကောင်းပြီ... ငါ ကတိပေးပါတယ်" ယန်စစ်မင် သက်ပြင်းချလိုက်သည်။
နှစ်ယောက်သား ဖုန်းချလိုက်ပြီးနောက် ကုန်းထျန်းဟောက် ချက်ချင်း မနာလို ဖြစ်လာသည်။ "ဒီယန်စစ်မင် ဘာဖြစ်နေတာလဲ။ မနက်ဖြန် သတို့သား ဖြစ်တော့မှာကို သူများမိန်းမကို မျှော်မှန်းနေတုန်းလား"
ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံး မျက်တောင်ခတ်ကာ ရယ်မောရင်း ပြောလိုက်သည်။ "လောင်ကုန်း... စိတ်ချပါ၊ ကျွန်မရင်ထဲမှာ ရှင်တစ်ယောက်တည်း ရှိတာပါ။ ကျွန်မက သူနဲ့ နှစ်ယောက်တည်း သွားတွေ့ရုံပါပဲ"
"မဖြစ်ဘူး... သွားမယ် ဆိုရင် ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်" ကုန်းထျန်းဟောက် ခေါင်းမာမာနဲ့ ပြောလိုက်သည်။
"သူက ကျွန်မကို နှစ်ယောက်တည်း ချိန်းတာ၊ ရှင် လိုက်စရာ မလိုဘူး" ရှောင်လင်းယွီ ပထမဆုံးအကြိမ် ပြတ်ပြတ်သားသား ပြောလိုက်သည်။
ပြောပြီးတာနဲ့ အလောတကြီး ထွက်ခွာသွားသည်။
ပြီးတော့ ကိုယ်တိုင် ကားဂိုဒေါင်သွားပြီး ကားမောင်းထွက်သွားသည်။
ရှောင်လင်းယွီ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကနေ ထွက်သွားတာနဲ့ အမှောင်ထောင့်မှာ ပုန်းနေတဲ့ လူက ချက်ချင်း အစီရင်ခံလိုက်သည်။ "ပစ်မှတ်က တစ်ယောက်တည်း ထွက်ခွာသွားပါတယ်... ဟုတ်ကဲ့... သိပါပြီ"
ဘာအမိန့် ရလိုက်လဲ မသိဘူး၊ ဆက်ပြီး ဒီမှာ စောင့်ကြည့်နေလိုက်တယ်။
…..
တစ်နာရီကျော် ကြာတော့ ရှောင်လင်းယွီ ယန်စစ်မင်နဲ့ ချိန်းဆိုထားတဲ့ အဆင့်မြင့် စားသောက်ဆိုင်ကို ရောက်လာတယ်။
ရှောင်လင်းယွီ စားသောက်ဆိုင်ထဲ ဝင်လိုက်တာနဲ့ စားသောက်ဆိုင် တံခါး ပိတ်သွားတယ်၊ ပြီးတော့ ယာယီ ပိတ်သည်ဆိုတဲ့ ဆိုင်းဘုတ် ချိတ်လိုက်တယ်၊ စားသောက်ဆိုင်ထဲ ဝင်သွားတဲ့ ရှောင်လင်းယွီကတော့ သတိမထားမိသလိုပါပဲ။
ရှောင်လင်းယွီ ယန်စစ်မင်နဲ့ ချိန်းဆိုထားတဲ့ သီးသန့်ခန်းကို ရောက်လာတယ်။
သီးသန့်ခန်းထဲမှာ ထိုင်နေတဲ့ ယန်စစ်မင်က ရှောင်လင်းယွီ တကယ် တစ်ယောက်တည်း ရောက်လာတာ မြင်တော့ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး မျက်နှာပေါ်မှာ အပြစ်ရှိစိတ်တွေပေါ်လာကာ ချက်ချင်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "မလာနဲ့... မြန်မြန် ပြေး"
ဒါပေမဲ့ သူ စကားဆုံးတာနဲ့ အနက်ရောင် ဝတ်စုံဝတ် လူတစ်စု ဝင်လာကြတယ်၊ အနက်ရောင် ဝတ်စုံဝတ် နှစ်ယောက်က မနက်ဖြန် လက်ထပ်မယ့် သတို့သမီးလောင်း ကျိုးရှောင်ရူကို ဖမ်းချုပ်ထားတယ်။
ရှောင်လင်းယွီ ကြောင်သွားသလိုပါပဲ။
"ဖြောင်း... ဖြောင်း..."
တံခါးဝကနေ လက်ခုပ်သံများ ထွက်ပေါ်လာပြီး အမျိုးသမီး တစ်ယောက် ဝင်လာတယ်၊ ဒီအမျိုးသမီးက လျန်ဖျောင့်ရွှယ်ပါပဲ။
သူမ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ကျွတ် ကျွတ်... တကယ် သံယောဇဉ်ကြီးတာပဲ"
ထို့နောက် သူမ ကျိုးရှောင်ရူကို ပြောလိုက်သည်။ "ကြည့်လိုက်... ဒါက နင် ရွေးချယ်ထားတဲ့ ယောကျ်ားကောင်းပဲ၊ တခြားမိန်းမ တစ်ယောက်အပေါ် ဒီလောက် သံယောဇဉ်ကြီးနေတာ။ အခု တခြားမိန်းမတစ်ယောက်အတွက် နင့်အသက်အန္တရာယ်ကို လစ်လျူရှုထားတာ"
ကျိုးရှောင်ရူက သူမ သွေးထိုးမှုကို လုံးဝ လက်မခံဘဲ သူမကို တံတွေးထွေးပြီး ပြောလိုက်သည်။ "သောက်ကျိုးနည်း... ငါ နင့်သွေးထိုးမှုကို လက်မခံဘူး"
တကယ်လို့ ယန်စစ်မင်က သူမ အသက်အန္တရာယ်ကို လစ်လျူရှုမယ်ဆိုရင် ရှောင်လင်းယွီကို ခေါ်လာမှာ မဟုတ်ဘူး။
ဒါက သက်သေပြနေတာပဲ၊ ယန်စစ်မင် ရင်ထဲမှာ သူမက ရှောင်လင်းယွီထက် ပိုအရေးကြီးတယ် ဆိုတာကို။
ဒါပေမဲ့ ယန်စစ်မင်က ရှောင်လင်းယွီ တကယ်တစ်ယောက်တည်းလာတာ မြင်တော့ သူ ချက်ချင်း အပြစ်ရှိသလို ခံစားရပြီး ရှောင်လင်းယွီကို မြန်မြန် ပြေးခိုင်းတာ။
လျန်ဖျောင့်ရွှယ် မျက်နှာ မည်းမှောင်သွားပြီး လက်မြှောက်ကာ ကျိုးရှောင်ရူ မျက်နှာကို ရိုက်ဖို့ ပြင်လိုက်သည်။
ယန်စစ်မင် ချက်ချင်း အော်ဟစ်လိုက်သည်။ "သူ့ကို မရိုက်နဲ့"
လျန်ဖျောင့်ရွှယ် သူ့ကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဟွန့်... သူ့ကို မရိုက်ရင် ငါ နင့်ကို တိုက်ရိုက် ရိုက်မယ်။ လာကြ... သူ့ကို ပါး ၁၀ ချက် ရိုက်လိုက်"
လက်အောက်ငယ်သား တစ်ယောက် ကြားလိုက်ရတော့ ယန်စစ်မင် ရှေ့ လျှောက်သွားပြီး လက်မြှောက်ကာ ရိုက်ဖို့ ပြင်လိုက်စဉ် ရှောင်လင်းယွီ အသံ ထွက်ပေါ်လာသည်။ "လျန်ဖျောင့်ရွှယ်... နင် မလွန်နဲ့။ နင် ရှာနေတဲ့သူက ငါ မဟုတ်ဘူးလား။ သူတို့ကို လွှတ်ပေးလိုက်"
"ဥက္ကဌရှောင်..."
"ရှောင်လင်းယွီ..."
ကျိုးရှောင်ရူနဲ့ ယန်စစ်မင် နှစ်ယောက်သား ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
ထို့နောက် ယန်စစ်မင် အလွန် နာကျင်စွာ၊ အပြစ်ရှိစွာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် လင်းယွီ... ငါ အန္တရာယ်ရှိမှန်းသိရက်နဲ့ မင်းကို ခေါ်လိုက်မိတယ်။ တကယ်လို့ မင်း တစ်ခုခု ဖြစ်သွားရင် ငါ အသေခံပြီး ပြန်ပေးဆပ်ပါ့မယ်"
ကျိုးရှောင်ရူက ယန်စစ်မင်ကို ကြည့်ပြီး ငိုယိုကာ အော်ဟစ်လိုက်သည်။ "ယန်စစ်မင်... ရှင် ဘာလို့ ဥက္ကဌရှောင်ကို ခေါ်လိုက်ရတာလဲ။ ဒီမိန်းမယုတ်ရဲ့ ပစ်မှတ်က ဥက္ကဌရှောင်ဆိုတာ ရှင် သိရက်နဲ့ ဘာလို့ ဥက္ကဌရှောင်ကို ခေါ်လိုက်ရတာလဲ"
ထို့နောက် သူမ ရှောင်လင်းယွီကို ပြောလိုက်သည်။ "ဥက္ကဌရှောင်... တောင်းပန်ပါတယ်၊ ကျွန်မတို့ အစ်မကို ဒုက္ခပေးမိပြီ။ ကျွန်မတို့ အစ်မကို တောင်းပန်ပါတယ်"
ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူး ရှောင်ရူ... နင် မပြောပါနဲ့။ တောင်းပန်ရမှာ ငါပါ၊ ငါ နင်တို့ကို ဒုက္ခပေးမိတာ။ သူ ရှာချင်တဲ့သူက ငါပဲလေ"
ထို့နောက် သူမ လျန်ဖျောင့်ရွှယ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... ငါ ရောက်လာပြီ ဆိုတော့ သူတို့ကို လွှတ်ပေးလိုက်တော့"
လျန်ဖျောင့်ရွှယ် သရော်လိုက်သည်။ "လွှတ်ပေးရမယ် ဟုတ်လား။ ငါ နင့်ထိန်းချုပ်မှုအောက်ကနေ ခက်ခက်ခဲခဲ ရုန်းထွက်ပြီး နင့်ကို တစ်ယောက်တည်း မျှားခေါ်လာနိုင်ခဲ့တာ၊ သူတို့ကို ဒီလောက် လွယ်လွယ်ကူကူ ဘယ်လွှတ်ပေးမလဲ"
ရှောင်လင်းယွီ မျက်မှောင် တစ်ချက် ကြုတ်လိုက်ပြီး မေးလိုက်သည်။ "ဒါဆို နင် ဘာလုပ်ချင်လို့လဲ"
လျန်ဖျောင့်ရွှယ် ရှောင်လင်းယွီရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်ကို ကြည့်ပြီး မျက်လုံးထဲမှာ မနာလိုဝန်တိုမှုနဲ့ ဒေါသတွေ ထွက်ပေါ်လာတယ်။
သူမ အေးစက်စွာ ပြောလိုက်သည်။ "ဟွန့်... ဘာလုပ်ချင်လဲ ဟုတ်လား"
သူမ ရှောင်လင်းယွီကို ထပ်ကြည့်လိုက်တော့ ရှောင်လင်းယွီ လည်ပင်းက အနီရောင် ကြိုးစလေးနဲ့ ကျောက်စိမ်းဆွဲပြားကို သတိထားမိလိုက်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွားကာ ရှောင်လင်းယွီ လည်ပင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ငါ နင့်လည်ပင်းက ကျောက်စိမ်းဆွဲပြားကို လိုချင်တယ်"
ရှောင်လင်းယွီ လည်ပင်းက ကျောက်စိမ်းဆွဲပြားကို စမ်းလိုက်ပြီး အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။ "ရတယ်။ ဒါပေမဲ့ နင် သူတို့ကို အရင် လွှတ်ပေးရမယ်"
"နင် ကျောက်စိမ်းဆွဲပြား အရင်ပေး" လျန်ဖျောင့်ရွှယ်လည်း ခေါင်းမာမာနဲ့ ပြောလိုက်သည်။
ဒီပစ္စည်းကို ရတော့မယ်၊ ပြီးတော့ ဓားစာခံ သုံးပြီး ရယူမှာ ဆိုတော့ သူမ ဒီဓားစာခံတွေကို ဘယ်လွယ်လွယ်ကူကူ လွှတ်ပေးမလဲ။
ရှောင်လင်းယွီက သံသယဖြင့် မေးလိုက်သည်။ "တကယ်လို့ ငါ ကျောက်စိမ်းဆွဲပြား ပေးလိုက်ရင် နင် တကယ် လူလွှတ်ပေးမှာလား။ တကယ်လို့ နင် လူမလွှတ်ပေးရင် ဘယ်လိုလုပ်မလဲ"
လျန်ဖျောင့်ရွှယ် ဆိုတဲ့ လူက ယုံကြည်မှု လုံးဝ မရှိတဲ့သူလေ။
လျန်ဖျောင့်ရွှယ်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ရှောင်လင်းယွီ... နင် အခု ငါနဲ့ ဈေးဆစ်ဖို့ အရည်အချင်း မရှိဘူး။ မဟုတ်ရင် ငါ သူတို့နှစ်ယောက်ကို သတ်ပစ်လိုက်မယ်၊ သူတို့နှစ်ယောက်က နင့်အတွက် သေသွားတာဆိုတာ သိထားပါ၊ နင် တစ်သက်လုံး နောင်တရပြီး အပြစ်ရှိစိတ်နဲ့ နေသွားရမှာ"
ရှောင်လင်းယွီ စဉ်းစားပြီး ထပ်မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ်... ငါ နင့်ကို ထပ်မေးမယ်၊ ငါ ကျောက်စိမ်းဆွဲပြား ပေးရင် နင် တကယ် လူလွှတ်ပေးမှာလား"
"သေချာတာပေါ့" လျန်ဖျောင့်ရွှယ် ဒီတစ်ခေါက်တော့ ပြတ်ပြတ်သားသား ဖြေလိုက်တယ်။
ရှောင်လင်းယွီ ဘာမှ ထပ်မစဉ်းစားတော့ဘဲ ကျောက်စိမ်းဆွဲပြားကို လျန်ဖျောင့်ရွှယ်ဆီ တိုက်ရိုက် ပေးလိုက်တယ်။
လျန်ဖျောင့်ရွှယ် ကျောက်စိမ်းဆွဲပြား ရလိုက်တာနဲ့ မစောင့်နိုင်တော့ဘဲ ကိုယ့်လက်ချောင်းကို ကိုက်ဖောက်ပြီး သွေးကို ကျောက်စိမ်းဆွဲပြားပေါ် တိုက်ရိုက် ကျစေလိုက်တယ်။
တခြားလူတွေ သူမကို ထူးဆန်းသလို ကြည့်နေကြတယ်၊ သူမ ကောင်းကောင်းမွန်မွန် နေရင်းနဲ့ ဘာလို့ ကိုယ့်လက်ကို ကိုက်ဖောက်ပြီး ကျောက်စိမ်းဆွဲပြားပေါ် သွေးကျစေရတာလဲ ဆိုတာ နားမလည်ကြဘူး၊ ဒီကျောက်စိမ်းဆွဲပြားက ထူးခြားမှု တစ်ခုခု ရှိနေလို့လား။
"မဟုတ်သေးဘူး... ဒီကျောက်စိမ်းဆွဲပြားက ဘာလို့ တုံ့ပြန်မှု မရှိရတာလဲ" လျန်ဖျောင့်ရွှယ် စိတ်လောကြီးစွာ မေးလိုက်သည်။
ရှောင်လင်းယွီက သံသယဖြင့် မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ်... ဒါ ထူးဆန်းတာပဲ။ ဒါ ကျောက်စိမ်းဆွဲပြား တစ်ခုပဲလေ၊ ဘာတုံ့ပြန်မှု လိုသေးလို့လဲ"
လျန်ဖျောင့်ရွှယ် ကြားလိုက်ရတော့ သေနတ်နဲ့ ရှောင်လင်းယွီ ခေါင်းကို ချိန်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ရှောင်လင်းယွီ... နင် ငါ့ကို အရူးကွက်လာနင်းမနေနဲ့။ ငါ ဘာကို ဆိုလိုတာလဲ နင် သိပါတယ်။ နင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စိုက်ပျိုးတဲ့ လျှို့ဝှက်ချက်ကို ငါ မသိဘူး မထင်နဲ့။ ငါ နင့်ကို ပြောလိုက်မယ်၊ နင် ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့၊ မဟုတ်ရင် ငါ ပစ်သတ်လိုက်မယ်"
ရှောင်လင်းယွီကလွဲရင် ကျန်တဲ့လူတွေက လျန်ဖျောင့်ရွှယ် ကျောက်စိမ်းဆွဲပြား တစ်ခုအတွက်နဲ့ ဒေါသထွက်နေတာကို ထူးဆန်းသလို ကြည့်နေကြတယ်။
ရှောင်လင်းယွီက အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... နင် ကျောက်စိမ်းဆွဲပြား လိုချင်တယ် ဆိုလို့ ငါ ပေးလိုက်ပြီလေ။ ငါ အခု ဘာလုပ်ပေးရဦးမှာလဲ"
"ရှောင်လင်းယွီ..." လျန်ဖျောင့်ရွှယ် ဒေါသတကြီး ပြောလိုက်သည်။ "ငါ လိုချင်တာက နတ်ဘုရားပစ္စည်း ကျောက်စိမ်းဆွဲပြား၊ ဒီသာမန် ကျောက်စိမ်းဆွဲပြား မဟုတ်ဘူး။ နင် ငါ့ကို အရူးလုပ်ပြီး အတုလာပေးနေတာလား"
ရှောင်လင်းယွီက အေးစက်စွာ ရယ်မောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... ငါ ထင်တာ နင် တီဗီကြည့်တာ များသွားပြီ ထင်တယ်။ ဘာနတ်ဘုရားပစ္စည်း၊ ရှေးဟောင်းပစ္စည်း၊ ငါ လုံးဝ မသိဘူး"
"ငါ့ကို ဟန်ဆောင်နေသေးတယ်" လျန်ဖျောင့်ရွှယ် ဒေါသတကြီး ပြောလိုက်သည်။ "နင် ငါ့ကို ဒီလို ဟန်ဆောင်နေမှတော့ ငါ အားမနာတော့ဘူး"
လျန်ဖျောင့်ရွှယ် ကျိုးရှောင်ရူကို လက်ညှိုးထိုးပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သူ့ကို သတ်ပစ်လိုက်"
ယန်စစ်မင် ကြားလိုက်ရတော့ မျက်လုံးပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။ "မလုပ်နဲ့"
"အပြစ်တင်ချင်ရင် သူကိုပဲ အပြစ်တင်" လျန်ဖျောင့်ရွှယ် ရှောင်လင်းယွီကို လက်ညှိုးထိုးပြလိုက်သည်။ "ရှောင်လင်းယွီ... ငါ တစ်၊ နှစ်၊ သုံး ရေတွက်မယ်၊ ပစ္စည်း ထုတ်မပေးရင် သူ ဒီမှာတင် အသက်ဆုံးရှုံးရလိမ့်မယ်"
"တစ်... နှစ်... သုံး..." လျန်ဖျောင့်ရွှယ် နံပါတ် ရေတွက်ပြီးပြီ၊ ဒါပေမဲ့ သေနတ်သံ ထွက်မလာဘူး၊ လျန်ဖျောင့်ရွှယ် လှည့်ကြည့်လိုက်တော့ မလှုပ်ရှားတဲ့ လူကို တွေ့လိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "နင် ဘာဖြစ်တာလဲ၊ ဘာလို့ မပစ်သေးတာလဲ"
အဲဒီ အနက်ရောင် ဝတ်စုံဝတ် လူ မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပြီး ပြောလိုက်သည်။ "သခင်... သခင်မ၊ ကျွန်တော် မလှုပ်ရှားတာ မဟုတ်ပါဘူး၊ ကျွန်တော်... ကျွန်တော် လှုပ်လို့ မရတော့တာပါ"
"လှုပ်လို့ မရဘူး ဟုတ်လား" လျန်ဖျောင့်ရွှယ် အစတုန်းက သံသယ ဖြစ်သွားပြီးနောက် မျက်လုံးတွေ အရောင်တောက်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "နတ်ဘုရား... နတ်ဘုရား... နင်လား၊ နင်လား။ ငါ သိတယ် နင် သေချာပေါက် ဖြစ်ရမယ်၊ နင်ပဲ ကိုယ်ဖျောက်သိုင်း တတ်တာ"
အားလုံးက လျန်ဖျောင့်ရွှယ် နားမလည်နိုင်တဲ့ စကားတွေ ပြောနေတာကို ကြည့်နေကြတယ်။
လျန်ဖျောင့်ရွှယ် အဲဒီစကား အော်ဟစ်ပြီးတဲ့ အချိန်မှာပဲ ရုတ်တရက် နောက်ထပ် အနက်ရောင် ဝတ်စုံဝတ် လူတစ်စု ဝင်ရောက်လာကြတယ်၊ အနက်ရောင် ဝတ်စုံဝတ် လူတွေ ကြားကနေ လျှောက်လာတဲ့သူက သေချာပေါက် ကုန်းထျန်းဟောက်ပါပဲ။
ကုန်းထျန်းဟောက် ရှောင်လင်းယွီကို မြင်တာနဲ့ ချက်ချင်း စိုးရိမ်တကြီး မေးလိုက်သည်။ "ယွီအာ... မင်း အဆင်ပြေရဲ့လား"
ပြောပြောဆိုဆိုနှင့် ရှောင်လင်းယွီကို အထက်အောက် ကြည့်လိုက်ပြီး သူမ တကယ် အဆင်ပြေမှန်း သိလိုက်ရမှ စိတ်အေးသွားကာ ရှောင်လင်းယွီကို ဖက်ပြီး ပြောလိုက်သည်။ "တကယ် လန့်သေတော့မှာပဲ"
လျန်ဖျောင့်ရွှယ် ကုန်းထျန်းဟောက် ရုတ်တရက် ဝင်လာတာ မြင်တော့ မျက်နှာထား ကြောင်အသွားပြီး အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ "နင် ဘယ်လိုလုပ် ရောက်လာတာလဲ။ ငါ လူလွှတ်ခေါ်တာ ရှောင်လင်းယွီ တစ်ယောက်တည်းလေ"
ကုန်းထျန်းဟောက် ရှောင်လင်းယွီ ပခုံးကို ဖက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... မင်း အဲဒီလူက ဘယ်သူလဲ ကြည့်လိုက်"
လျန်ဖျောင့်ရွှယ် တံခါးဝဘက် လှမ်းကြည့်လိုက်တော့ သူမရဲ့ လက်ရုံး ဖမ်းဆီးခံထားရတာ တွေ့လိုက်ရတယ်၊ သူမ မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကုန်းထျန်းဟောက် အေးစက်စွာ ပြောလိုက်သည်။ "ဒါ မဖြစ်နိုင်စရာ ဘာရှိလဲ။ မင်းရဲ့ ဒုတိယ ခေါင်းဆောင် အဖမ်းခံရပြီ၊ မင်းတို့ လူတွေ အကုန်လုံး ဝိုင်းရံခံထားရပြီ။ ဆိုလိုတာက မင်းရဲ့ စီမံကိန်း လုံးဝ ကျရှုံးသွားပြီ"
လျန်ဖျောင့်ရွှယ် ခေါင်းကို ကိုင်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ ဒီလောက် စေ့စပ်တဲ့ စီမံကိန်းက မအောင်မြင်နိုင်စရာ အကြောင်း မရှိဘူး။ ဘယ်နေရာမှာ မှားသွားတာလဲ"
ထို့နောက် လူတွေ ဘာမှ မတုံ့ပြန်နိုင်သေးခင် သေနတ်ကို ကောက်ယူပြီး ရှောင်လင်းယွီကို ချိန်ကာ ရက်စက်ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။ "ရှောင်လင်းယွီ... နင် သေလိုက်တော့"
ဘယ်သူ ထင်ထားမလဲ၊ ဒီအချိန်မှာ အဖြူရောင် လူရိပ်တစ်ခု ရှောင်လင်းယွီ ရှေ့ကို တိုက်ရိုက် ခုန်အုပ်လိုက်တယ်။
အားလုံး ဒီမြင်ကွင်းကြောင့် တုန်လှုပ်သွားကြတယ်။
"ထောင်ကော..." ရှောင်လင်းယွီ မယုံကြည်နိုင်စွာ ခေါ်လိုက်သည်။
"ကျန်းထောင်..." ကုန်းထျန်းဟောက် သူ့ရင်ဘတ်က ဒဏ်ရာကို ကြည့်ပြီး စိုးရိမ်တကြီး ခေါ်လိုက်သည်။
လျန်ဖျောင့်ရွှယ် သေနတ်မှန်တဲ့သူက ကျန်းထောင် ဖြစ်နေတာ မြင်တော့ တုန်လှုပ်သွားပြီး လက်ထဲက သေနတ် ပြုတ်ကျသွားတယ်။
"ထောင်ကော... ထောင်ကော... ဘယ်လိုလုပ် အစ်ကို ဖြစ်နေရတာလဲ" လျန်ဖျောင့်ရွှယ် မယုံကြည်နိုင်စွာ မေးလိုက်ပြီး ဒူးထောက်ချလိုက်သည်။ "မဟုတ်ဘူး... အစ်ကို ဘာမှ မဖြစ်ရဘူး၊ ထောင်ကော... ကျွန်မ တမင်လုပ်တာ မဟုတ်ဘူး၊ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"
ထို့နောက် သူမ ယိုင်တိယိုင်တိုင်နဲ့ ဒူးထောက်လျှောက်လာပြီး ကျန်းထောင် ဒဏ်ရာကို အုပ်ထားချင်နေတယ်။
ရှောင်လင်းယွီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မလာနဲ့... နင့်မှာ သူ့ကို ထိဖို့ အရည်အချင်း မရှိဘူး။ လျန်ဖျောင့်ရွှယ်... အခု နင် ကျေနပ်ပြီလား"
"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး" လျန်ဖျောင့်ရွှယ် ငိုယိုပြီး ခေါင်းခါလိုက်သည်။ "ကျွန်မက ရှောင်လင်းယွီကိုပဲ သတ်ချင်တာ၊ အစ်ကို့ကို သတ်ချင်တာ မဟုတ်ပါဘူး"
ဒီအချိန်မှာ ကျန်းထောင် အသက်ရှူသံတွေ အားနည်းနေပြီ၊ သူ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... ရှောင်လင်းယွီက ငါ အမြဲ ချစ်တဲ့ မိန်းမ၊ မင်း သူ့ကို သတ်တာက ငါ့ကို သတ်တာနဲ့ အတူတူပဲ"
လျန်ဖျောင့်ရွှယ် ဒီစကား ကြားတော့ တိုက်ရိုက် ပြိုလဲသွားတယ်၊ သူမ အော်ဟစ်ငိုယိုလိုက်သည်။ "မဟုတ်ဘူး... အစ်ကို ဘာလို့ ဒီလောက် မိုက်မဲရတာလဲ။ သူက အစ်ကို့ကို မကြိုက်ဘူးလေ၊ သူက လက်ထပ်ပြီးပြီလေ၊ အစ်ကိုက ဘာလို့ သူ့ကို ကြိုက်နေရတာလဲ။ အစ်ကို ဘာလို့ ကျွန်မကို မကြိုက်နိုင်ရတာလဲ။ ဘာဖြစ်လို့လဲ" တကယ်လို့ ကျန်းထောင် သူမကို ကြိုက်ရင် သူမ ရှောင်လင်းယွီကို ပစ်မှတ်ထားတဲ့ ကိစ္စတွေ အများကြီး လုပ်မိမှာ မဟုတ်ဘူး။
ဒါပေမဲ့ သူမကို ပြန်ဖြေတာက ကျန်းထောင်ရဲ့ တွဲကျသွားတဲ့ လက်ပါပဲ။
"မဟုတ်ဘူး... ထောင်ကော၊ အစ်ကို မသေရဘူး၊ အစ်ကို မသေရဘူး" လျန်ဖျောင့်ရွှယ် ပြိုလဲစွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူမ ကြမ်းပြင်ပေါ်က သေနတ်ကို ကောက်ယူလိုက်တယ်၊ ကုန်းထျန်းဟောက် လူတွေ ချက်ချင်း သတိထားလိုက်ကြတယ်၊ ဘယ်သူ ထင်ထားမလဲ၊ သူမ ကိုယ့်ခေါင်းကို တေ့လိုက်ပြီး မျက်လုံးမှိတ်ကာ အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။ "ထောင်ကော... ကျွန်မ အစ်ကိုနဲ့အတူ လိုက်သေပေးပါ့မယ်"
ဒိုင်း...
"မလုပ်ပါနဲ့ သခင်မ..." အဖမ်းခံထားရတဲ့ လက်ရုံးက စိတ်ခံစားမှု ရုတ်တရက် ပြင်းထန်လာပြီး လျန်ဖျောင့်ရွှယ် ရှေ့ကို ပြေးသွားတယ်၊ သူ လျန်ဖျောင့်ရွှယ် အလောင်းကို ပွေ့ဖက်ပြီး ဝမ်းနည်းပက်လက် ပြောလိုက်သည်။ "သခင်မ... ကျွန်တော်လည်း သခင်မနဲ့အတူ လိုက်သေပေးပါ့မယ်"
ပြောပြီးတာနဲ့ လျန်ဖျောင့်ရွှယ် သတ်သေတဲ့ သေနတ်ကို ကောက်ယူပြီး ကိုယ့်နဖူးကို ပစ်လိုက်တယ်။
သခင်နှစ်ယောက်လုံး သေဆုံးသွားပြီ၊ အမှောင်ရိပ်ဂိုဏ်း တခြားလူတွေလည်း ဝိုင်းရံခံထားရပြီ ဆိုတော့ ဒီလူတွေ မကြာခင် လက်နက်ချလိုက်ကြတယ်။
ဒီလို ဇာတ်သိမ်းမျိုးက လူတိုင်း ထင်မှတ်မထားခဲ့ဘူး။
…..
သုံးရက်ကြာပြီးနောက်၊ အဆင့်မြင့်ကော်ဖီဆိုင်တစ်ခုတွင်၊ ရှောင်လင်းယွီ သက်ပြင်းချလိုက်သည်။ “လျန်ဖျောင့်ရွှယ် ဒီလိုပုံစံမျိုးနဲ့သေသွားတယ်ပေါ့။ သူ ထောင်ကောအပေါ် ဒီလောက်ခံစားချက် နက်ရှိုင်းလိမ့်မယ်လို့ ထင်တောင်မထားဘူး။”
ကုန်းထျန်းဟောက်က သူမပုခုံးကို အသာဖက်ထားရင်း သက်ပြင်းချလိုက်သည်။ “လျန်ဖျောင့်ရွှယ် ဒီလိုလမ်းမှားရွေးသွားတာလဲ သနားစရာပါပဲ။ ကိုယ်သာ သူဆိုရင် ကိုယ့်အချစ်ပြိုင်ဘက်ကို လိုက်သတ်နေမယ့်အစား ကိုယ့်အချစ်ကို ပွင့်ပွင့်လင်းလင်းထုတ်ပြပြီး လိုက်ပိုးပန်းမိမှာ။”
ယန်စစ်မင်နှင့် ကျိုးရှောင်ရူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်နေကြခြင်းဖြစ်ကာ အသစ်စက်စက် ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် ယန်စစ်မင်က၊ “ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက် မင်းတို့ ငါအချက်ပေးတာကို ဘယ်လို သိလိုက်ကြတာလဲ။”
ကုန်းထျန်းဟောက်က မျက်လုံးအသာလှန်လိုက်ပြီး၊ “မင်း ကိုယ့်အဖြေကို သိသင့်တယ်မဟုတ်ဘူးလား။”
“…..” ယန်စစ်မင် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။ ”ဒါပေ့ါ၊ ငါ့အချက်ပြတဲ့ဟာကိုတော့ ငါ့ဘာသာ ဖော်နိုင်တာပေ့ါ။ မေးချင်တာက မင်းတို့ ဘယ်လိုဖော်နိုင်လဲဆိုတာလေ။”
ကုန်းထျန်းဟောက်၊ ”မင်း စားပွဲကို သုံးကြိမ်ခေါက်လိုက်တာက သဲလွန်စပဲလေ။ ပြီးတော့ ငါတို့ သတို့သမီးလောင်းအကြောင်း ပြောတဲ့အချိန် မင်းက မင်းရဲ့ပုံမှန်အကျင့်နဲ့ ဆန့်ကျင်နေတယ်။ မင်းက နှစ်နှစ်လောက် ကျိုးရှောင်ရူကို လိုက်ခဲ့တဲ့လူလေ၊ ဘယ်လိုလုပ် လက်ထပ်ခါနီးအချိန်ရောက်မှ သူ့ကိုမချစ်ပါဘူးလို့ ပြောမှာလဲ။ မင်းအချက်ပြတဲ့အသံကိုပါ ပေါင်းလိုက်တော့ မင်းသတို့သမီး ပြန်ပေးဆွဲခံထားရတာဖြစ်မယ်လို့ ငါတို့ကောက်ချက်ချလိုက်တာ။ တစ်ယောက်ယောက်က မင်းရဲ့သတို့သမီးကို ပြန်ပေးဆွဲပြီး ငါတို့ကိုဆက်သွယ်ဖို့ ပြောတာဖြစ်မယ်ပေ့ါ။ ဒါနဲ့ပဲ ငါတို့လည်း ချက်ချင်းပဲ လျန်ဖျောင့်ရွှယ်ဖြစ်မယ်လို့ ခန့်မှန်းမိလိုက်တာ။”
”ပြီးတော့ရော” ယန်စစ်မင် တော်တော်လေး သိချင်နေလေသည်။
”နောက်တော့ဘာဖြစ်ရမှာလဲ။” ကုန်းထျန်းဟောက် ရှင်းပြရင်း စိတ်အခြေအနေမကောင်းတော့ပေ။ ”ပြီးတော့ ငါယွီအာကို တစ်ယောက်တည်းလွှတ်လိုက်တယ်လေ။ ငါ့လူတွေ သူ့ကိုစောင့်ကြည့်နေတဲ့လူကို တွေ့တာနဲ့ ချက်ချင်းလိုက်လာလိုက်တော့တာပဲ။”
ယန်စစ်မင်တစ်ယောက် နားထောင်ရင်း နဖူးမှ ချွေးစများကို သုတ်လိုက်ကာ၊ “ကုန်းထျန်းဟောက်၊ မင်း ယွီအာ အန္တရာယ်ရှိမှာ မကြောက်ဘူးလား။ မင်း ဘယ်လိုလုပ် သူ့ကိုတစ်ယောက်တည်း လွှတ်နိုင်ရတာလဲ။”
ကုန်းထျန်းဟောက် သူ့ကို အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။ ”မင်း ဘာသိလို့လဲ။”
ရှောင်လင်းယွီဘေးမှာ ထုန်ထုန်ရှိနေတာပဲ သူမ အန္တရာယ်ရှိမှာမဟုတ်ဘူး။
ဒါပေါ့ ဒီလျှို့ဝှက်ချက်ကိုတော့ သူ ယန်စစ်မင်ကို ပြောမပြနိုင်ပါဘူး။
ယန်စစ်မင် ” …..”
သူမခင်ပွန်းကို ကုန်းထျန်းဟောက် ငေါက်လိုက်တာကြောင့် မျက်နှာကြီးပင် နီရဲလာသည်ကို မြင်ရသော်လည်း ကျိုးရှောင်ရူ ဘာမှမတတ်နိုင်ဘဲ ပါးစပ်ကိုအုပ်၍သာ ကြိတ်ရယ်မိလေသည်။
သူမ၏အသံကြောင့် ယန်စစ်မင်က ချက်ချင်းပင် ဖက်လိုက်ကာ ”အချစ်လေး၊ မင်းကိုယ့်ကို မချစ်တော့ဘူးလား။ ကိုယ့်ယောက်ကျားကို အပြင်လူတွေ ဝိုင်းပြီးအနိုင်ကျင့်နေတာကို ဘယ်လိုလုပ် ရယ်နေနိုင်ရတာလဲ။”
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက် ” …..”
သူတို့ ဒီမြင်ကွင်းမျိုးနဲ့ သိပ်မရင်းနှီးသလိုပဲ။ တစ်ကိုယ်လုံး ကြက်သီးတွေ တောင်ထလာပြီ။
ကျိုးရှောင်ရူက ရှက်ရွံ့စွာဖြင့် ပြန်နှစ်သိမ့်ပေးလေသည်။ ”ဟုတ်ပါပြီ၊ ကျွန်မနောက်ဆို ရှင့်ကို ကူညီပေးပါ့မယ်။”
…..
သုံးလကြာပြီးနောက်။
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ အမျိုးသားနေ့အခမ်းအနားကြည့်ရန် ထိုင်နေကြပြီး ကုန်းထျန်းဟောက်ဘေးတွင်တော့ ထိုင်ခုံတစ်ခုံလွတ်နေလေသည်။
တခြားပရိသတ်တွေကတော့ လှုပ်လှုပ်ရှားရှား စကားပြောဆိုနေကြသည်။
”ငါကြားတာတော့ ဒီတစ်ခေါက် အမျိုးသားနေ့က အရင်နဲ့ တော်တော်လေး ကွာခြားမယ်တဲ့။”
”ဟုတ်တယ်။ ငါလည်းကြားတယ်။ ဒီနှစ်ကလေ…..”
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ကတော့ တစ်ယောက်လက်တစ်ယောက်ကိုင်ထားရင်း တခြားလူများ ပြောဆိုဆွေးနွေးနေသည်ကို နားထောင်နေကြသည်။
ဝိညာဉ်စမ်းရေမရှိဘဲနဲ့တောင်မှ နိုင်ငံတော်က တစ်စထက်တစ်စ ပိုပြီး သန်မာလာလိမ့်မည်ဟု ယုံကြည်လေသည်။
”ဆောရီး၊ ငါနောက်ကျသွားတယ်။”
ရုတ်တရက် ဩရှရှအသံတစ်သံက သူတို့နားထဲဝင်လာခဲ့သည်။
ထိုလူရောက်လာသည်ကို ရှောင်လင်းယွီမြင်သည်နှင့် ပြုံးလျက် ခေါ်လိုက်လေသည်။ ”ထောင်ကော၊ ရောက်ပြီလား။”
…..
တစ်နှစ်ကြာပြီးနောက် GreenFresh ၏ လုပ်ငန်းခွဲများသည် တစ်ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်ဈေးကွက်နှင့် အလယ်အလတ်ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ခဲ့သည်။
ဟွမ်လင်းအုပ်စုသည်တော့ ထိုးကျသွားပြီး တတိယတန်းအဆင့်အမှတ်တံဆိပ်တစ်ခုဖြစ်သွားခဲ့သည်။
Green Fresh အုပ်စုသည် နိုင်ငံတကာဈေးကွက်တွင် နံပါတ်တစ်ဖြစ်လာခဲ့ပြီး စုစုပေါင်းတန်ဖိုး ၂၀၀ ဘီလီယံအထိ ရောက်သွားကာ ကမ္ဘာအဆင့် ထိပ်တန်းကုမ္ပဏီ ၁၀၀ ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
ရှောင်လင်းယွီသည်လည်း သူမဆန္ဒအတိုင်း သူမစိုက်ပျိုးသည့် ပစ္စည်းများကို တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ချီရောင်းချပေးနိုင်ခဲ့လေပြီ။
ဖြောင်း ဖြောင်း ဖြောင်း
***
ပြီးပါပြီ။