အခန်း (၁၀၁-၁၀၄)
Vol. 6 Ch. 101-104
101 01
အခန်း ၁၀၁: ရှီလီရဲ့အသံကို သူမ ခုလေးတင်ကြားလိုက်ရတယ်
တရုတ်နှစ်ကူး အချိန်ကာလတွင် ဦးလေးရှီအငယ်ဆုံးနှင့် ဇနီးဖြစ်သူမှာ စံအိမ်ဟောင်းတွင် နေထိုင်၍ မိခင်ကြီးကို အဖော်ပြုပေးခဲ့ကြ၏။
ဦးလေးရှီအကြီးဆုံးနှင့်အဒေါ်အကြီးဆုံးက မိခင်ကြီးနှင့် နေထိုင်ကြတာကြောင့် ဤစုံတွဲကို မမြင်ချင်ရင်တောင် မိခင်ကြီး၏ ဆန္ဒကြောင့် လက်ခံပေးလိုက်ရ၏။
နှစ်သစ်အတွက် စံအိမ်ဟောင်းတွင် နေထိုင်နေတာကြောင့် ဦးလေးအငယ်ဆုံးက မယားပါသမီးကို ခေါ်လာဖို့ဆိုတာ မဖြစ်နိုင်။
နှစ်ကူးပြီးနောက် ဦးလေးအငယ်ဆုံးနှင့်ဟုန်ယန်က မထွက်သွားချင်ဘဲ အမြဲနေလိုသည့် ရည်ရွယ်ချက်ကို ပြသလာသည်။
သူတို့တွေ လက်ရှိနေထိုင်နေကြသည့် ဗီလာက မိခင်ကြီး၏ နာမည်အောက်တွင်ရှိတာကြောင့် အဒေါ်အကြီးဆုံးမှာ မတ်၏မိသားစုကို ထွက်သွားခိုင်း၍ မရပေ။
သူမသည် ဟုန်ယန်ကို မမြင်ချင်လွန်း၍ စံအိမ်ဟောင်းကနေ ခွဲထွက်ဖို့တောင် စဉ်းစားနေတာပင်။
ဤအခြေအနေမှာ ဒုတိယမောင်နှင့်သူ့ဇနီးက ဘယ်လောက်တောင် မြင်ပြင်းကပ်စရာကောင်းမှန်းကို သိလိုက်ရသဖြင့် ရှီလီ၏မိသားစုကို အဒေါ်အကြီးဆုံး မနာလိုဖြစ်မိသည်။
ကျောင်းတွေ မစခင်၌ ဦးလေးရှီအငယ်ဆုံးနှင့်ဟုန်ယန်က နောက်ဆုံးတော့ စုန့်ရင်းကို ခေါ်လာတော့သည်။
အဒေါ်အကြီးဆုံးက ဟုန်ယန်ကို သဘောမကျသော်လည်း ဟုန်ယန်၏ မျက်နှာသာပေးခြင်း မခံရသော ဤမိန်းကလေး အပေါ်တွင် သနားစိတ်ဖြစ်မိသည်။
ဟုန်ယန်က သူမသမီးကို လုံးဝလျစ်လျူရှုထားပြီး ဦးလေးရှီအငယ်ဆုံးက ပထွေးဖြစ်တာကြောင့် အရာအားလုံးကို ဂရုမစိုက်ပေးနိုင်ပေ။ သူသည် တစ်ခုခုကို တွေးမိရင်တောင် ထုတ်ပြောလို့မရ။
အဆုံးမှာတော့ အရွယ်ရောက်ပြီးသား မိန်းကလေးနှင့် ဖခင်ကြားတွင် အကွာအဝေးတစ်ခုရှိသင့်ပြီး သူကတော့ ပထွေးသာဖြစ်၏။
ဦးလေးရှီအငယ်ဆုံးက သူ့မရီးကို ကူညီပေးရန် တောင်းဆိုခဲ့သည်။ အဒေါ်အကြီးဆုံးမှာ မတ်နှင့် ဟုန်ယန်ကို သဘောမကျသော်ငြား ဤကလေးက အပြစ်ကင်းတယ် ဆိုတာတော့ သူမ သိသည်။
ထို့ကြောင့် အဝတ်အစားသစ်တွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ၊ ကျောင်းလွယ်အိတ်တွေ၊ စာရေးကိရိယာတွေနှင့် စုန့်ရင်းအတွက် လိုအပ်သော အခြားအသုံးအဆောင်တွေကို စီစဉ်ပေးရန် ကလေးထိန်းကို သူမ ညွှန်ကြားလိုက်သည်။
သူမ၏သမီးကြီးမှာ အရွယ်ရောက်ပြီးလို့ အိမ်ပြောင်းသွားတာ ကြာလှပြီဖြစ်တာကြောင့် စုန့်ရင်းအတွက် ဒါတွေကို စီစဉ်ပေးရသည့် အချိန်၌ အံ့အားသင့်စရာကောင်းစွာဖြင့် သူမသမီးကို ဂရုစိုက်ပေးခဲ့စဉ်က ခံစားချက်ကို ပြန်အမှတ်ရမိလာသည်။
ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် ရှီလီ၏မိသားစုဒရိုင်ဘာက စုန့်ရင်းကို သွားကြိုရန်အတွက် စံအိမ်ဟောင်းဆီ ကားမောင်းလာခဲ့၏။
လျန်ရုန်ရုန် ကျောင်းပြောင်းတုန်းကလိုမျိုး ကျောင်းအုပ်၊ ဒါရိုက်တာ၊ ဆရာတွေနှင့်တွေ့ရာတွင် သူမအား အဖော်ပြုပေးရန် မလိုအပ်ပေ။
အမည်စာရင်းသွင်းသည့် လုပ်ငန်းစဉ်တွေကို အပြီးအစီး လုပ်ပြီးပြီဖြစ်သဖြင့် ရှီလီက သူမကို စာရင်းသွင်းပေးရန်အတွက် ခေါ်သွားပေးဖို့ပဲ လိုသည်။
ဤသည်မှာ ရှီလီအနေနှင့် ကျောင်းအတွက် တစ်စုံတစ်ယောက်ကို စာရင်းသွင်းပေးဖို့ ခေါ်သွားပေးရသည့် ပထမဆုံးအကြိမ်ပင်။ သူမ၏ အရင်ဘဝတုန်းက ယခုလိုအခြေအနေမျိုး မဖြစ်ပျက်ခဲ့ဖူးပေ။
101 02
သူမ၏ အရင်ဘဝတုန်းက ရှီလီသည် သူမဦးလေး၏ မိသားစုအရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ဘဲ၊ စုန့်ရင်းက အလွန် နွမ်းပါးသော သက်မွေးသင်တန်းကျောင်းကိုသာ တက်ရောက်ခဲ့ရသည်။
သက်မွေးသင်တန်းကျောင်းမှ ကျောင်းသားများမှာ စာလုပ်ရတာကို မကြိုက်ဘဲ သူတို့၏အချိန်တွေကို စာနှင့် မပတ်သက်သော အရေးကိစ္စတွေနှင့် အတန်းဖော်တွေကို အနိုင်ကျင့်ရတာ၌သာ ကုန်ဆုံးရမှာကို နှစ်သက်ကြ၏။
စုန့်ရင်းက ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသည့် ပုံမပေါ်သော ကျောင်းပြောင်းကျောင်းသူပင်။ သူမကို အလွယ်တကူ အနိုင်ကျင့်၍ရပြီး ပြန်လည်းမတုံ့ပြန်တာကြောင့် အနိုင်ကျင့်သူတွေ၏ ပစ်မှတ် ဖြစ်လာခဲ့ရသည်။
ကျောင်းကနေ အိမ်ပြန်ရောက်ရင် စုန့်ရင်းက ကျောင်း၌ အနိုင်ကျင့်ခံရသည့်အကြောင်းကို ဟုန်ယန်အား ပြောပြလားတော့ ရှီလီ မသိသော်လည်း အကယ်၍ ဟုန်ယန်ကို ပြောပြရင်တောင် ဟုန်ယန် အလေးအနက်ထားမှာ မဟုတ်ဘူးလို့ သူမ ပြောနိုင်သည်။
မဟုတ်လည်း ဟုန်ယန်က စုန့်ရင်းကို“သူတို့က ဘာလို့သူများတွေကိုရော အနိုင် မကျင့်တာလဲ။ ဘာလို့နင့်ကိုဘဲ အနိုင်ကျင့်ရတာလဲ။ နင့်ကြောင့်ပဲ နေမှာပေါ့။ ကိုယ့်ဟာကိုယ် ဆင်ခြင်သင့်တယ်” ဟူ၍ ပြောလောက်သည်။
ကျောင်းတွင် အတန်းဖော်တွေဆီက အနိုင်ကျင့်ခံရပြီး အိမ်ကျတော့လည်း အမေဖြစ်သူထံမှ အကူအညီမရတာကြောင့် စုန့်ရင်းသည် စီနီယာနှစ်တွင် အထက်တန်းကျောင်း၌ ခုန်ချကာ အဆုံးစီရင်ခဲ့လေ၏။
ဦးလေးရှီအငယ်ဆုံးနှင့် ဟုန်ယန်တို့ စံအိမ်ဟောင်းဆီ ပြောင်းလာကတည်းက ရှီလီ ထိုနေရာသို့ သွားမလည်ဖြစ်တော့။
စံအိမ်ဟောင်းတွင် စုန့်ရင်းက ဖြစ်တည်မှုမရှိသလိုပင်။ သူမက မိသားစု၏ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူးဆိုတာကို သိသဖြင့် ရှီမိသားစု စုဝေးချိန်များတွင် ဘယ်တော့မှ ထွက်ပေါ်လာခြင်း မပြုခဲ့ပေ။
ရှီလီက သူမအပေါ်တွင် သိပ်ပြီးထင်မြင်ချက်မရှိပေ၊ သူမ၏ မှတ်ဉာဏ်ထဲမှာတော့ စုန့်ရင်းက ခါးကိုင်းကာ ပခုံးကိုကျုံ့၍ ခေါင်းငိုက်စိုက်ဖြင့် လမ်းလျှောက်ရတာကို ကြိုက်နှစ်သက်သော မိန်းကလေးတစ်ဦးသာ။ သူမ သေဆုံးပြီးနောက် အသုဘတွင် သူမ၏အဖြူအမည်း ဓာတ်ပုံကို ထောင်ထားသဖြင့် သူမ၏မျက်နှာကို ပထမဆုံးအကြိမ်အဖြစ် ရှီလီ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ သူမက မိုးမခရွက်လို မျက်ခုံးမွေးအောက်တွင် အကြောက်တရားဖြင့် ပြည့်နှက်နေပုံရသော မျက်ဝန်းကြီးများကို ပိုင်ဆိုင်ထားကာ အလွန်လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
ကားတံခါးကို ဖွင့်လိုက်တော့ သူမ၏ မှတ်ဉာဏ်တွေထဲက အဖြူအမည်း မျက်နှာမှာ ရှီလီ၏ အရှေ့တွင် အသက်ဝင်လာသည်။
ရှီလီ သူမကို ညင်သာစွာ ပြုံးပြလိုက်ပြီး“နင်က စုန့်ရင်း ဖြစ်ရမယ်”
“ဟယ်-ဟယ်လို၊ ငါက စုန့်ရင်းပါ”
စုန့်ရင်း၏ အဝတ်အစားနှင့် ဖိနပ်တွေမှာအဒေါ်အကြီးဆုံး၏ သတိပေးမှုကြောင့် ကလေးထိန်းက အသစ်ဝယ်ပေးထားတာပင်။
ရှီလီသည် လူတစ်ဝက်ခန့် နေရာယူလို့ရအောင် အနည်းငယ် တိုးပေးလိုက်ပြီး “ကားထဲ အရင်ဝင်လေ၊ ငါတို့ အထဲမှာ စကားပြောကြတာပေါ့”
စုန့်ရင်းက နာခံမှုရှိစွာဖြင့် ကားထဲဝင်ထိုင်လိုက်ကာ သူမလက်များကို အနားမရစွာဖြင့် ဒူးပေါ်တင်ထားသည်။ သူမ၏ လက်ခုံကဖြူသော်လည်း လက်ဝါးတွေကတော့ အသားမာ တက်နေကာ လယ်အလုပ်နှင့်အိမ်အလုပ်တွေကို အများကြီး လုပ်ခဲ့ရသောလက်မျိုးပင်။
“ငါနင့်ကို ခဏနေရင် စာရင်းသွင်းဖို့ ခေါ်သွားပေးမယ်။ နင်က ငါနဲ့ တစ်ခန်းတည်း နေရမှာ။ မေးစရာတစ်ခုခုရှိရင် ငါ့ကို မေးလို့ရတယ်။ ငါတို့ အတန်းဖော်တွေနဲ့ ဆရာတွေကလည်း အရမ်းသဘောကောင်းတာ၊ အဲတော့ နင် ကြောက်နေစရာ မလိုဘူး။ တကယ်လို့ နင့်ကို ကျောင်းကပဲဖြစ်ဖြစ်၊ အပြင်ကပဲဖြစ်ဖြစ် တစ်ယောက်ယောက်က အနိုင်ကျင့်လာရင် ငါ့ကိုပြော၊ ငါ တစ်ယောက်ယောက်ကိုရှာပြီး သူတို့ကို ရိုက်ခိုင်းလိုက်မယ်”
စုန့်ရင်း ရှီလီကို စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်၏ “ကျေးဇူးတင်ပါတယ်၊ ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”
“ဘာဒုက္ခမှမဖြစ်ဘူး”
သင်ကြားရေး ဒါရိုက်တာက ယနေ့တွင်ကျောင်းပြောင်း ကျောင်းသူတစ်ယောက် ရောက်လာမှာကို သိထားသဖြင့် ပြင်ဆင်မှုများကို ပြုလုပ်ထားသည်။
101 03
ရှီလီက စုန့်ရင်းကို သင်ကြားရေး ဒါရိုက်တာ၏ ရုံးခန်းထဲ ခေါ်သွားပေးပြီး အချက်အလက် တချို့ကို လက်မှတ်ထိုးပြီးနောက်မှာတော့ အတန်းပိုင်၏လက်ထဲ လွှဲပြောင်းခံလိုက်ရ၏။
အနှီသူက ရှီလီ၏မိသားစုမှ အမျိုးဆိုတာကို အတန်းပိုင် သိသွား၏။
စာသင်ခန်းသို့ ပြန်သည့်လမ်းတွင် ရှီလီအတန်းပိုင်ကို ပြောလိုက်၏။ “စုန့်ရင်းက ကျောင်းသူသစ်ဆိုတော့၊ စင်မြင့်နားမှာပဲ ထိုင်ခိုင်းလိုက်ပါ။ အဲ့လိုဆို ဆရာတွေနဲ့ကျောင်းသားတွေကို သူမ ရင်းနှီးဖို့ အဆင်ပြေလောက်မှာပါ”
စင်မြင့်ဘေးနားက ထိုင်ခုံမှာ လက်ရှိတွင် ပိုင်ရှင်မရှိသေးဘဲ၊ အခြားသူ၏ နေရာကိုယူမှာလည်း မဟုတ်သဖြင့် အတန်းပိုင်တွင် သဘာဝကျကျဘဲ မည်သည့်ကန့်ကွက်မှုမှ မရှိပေ။
“ကောင်းပြီ၊ ဆရာ ကျောင်းသားတွေကို ထိုင်ခုံနဲ့စားပွဲ ရွှေ့ခိုင်းလိုက်မယ်။ တကယ်လို့ စုန့်ရင်း အဆင်ပြေရင်၊ စင်မြင့်နားမှာ ထိုင်လို့ရတယ်”
အတန်းပိုင်က ကျောင်းသားတွေ၏ လုပ်ပိုင်ခွင့်အပေါ် အမြဲအလေးပေးသူ ဖြစ်သည်။ ဤအကြံပြုချက်က သူ၏ အဖိုးတန်သောထိပ်တန်းကျောင်းသူဆီမှ လာသော်လည်း စုန့်ရင်း၏ အမြင်ကို အရင်မေးကြည့်ချင်ဆဲပင်။
စုန့်ရင်းက နှစ်ယောက်လုံးကို ညင်သာစွာ ပြုံးပြလာပြီး “အဆင်ပြေပါတယ်၊ သမီး စိတ်ထဲမထားပါဘူး”
【စူပါ သာလွန်-ပရီမီယမ် VIP ထိုင်ခုံမှာ ထိုင်လို့ရအောင်၊ ငါ လုပ်ပေးထားတာနော်။ စာ သေချာကြိုးစားပေါ့၊ ဟုတ်ပြီလား】
စုန့်ရင်းမှာ ရှီလီ၏ အသံကို ကြားလိုက်ရသော်လည်း ၎င်းက သူမ စကားပြောသောပုံမှန်လေသံနှင့် မကွာပေ။ သူမရ နာခံမှုရှိစွာ ပြန်ဖြေလိုက်၏။ “ကျေးဇူးပါ၊ မမ။ ငါအတန်းထဲမှာ သေချာလိုက်နားထောင်မှာပါ”
သူ၏ ကျောင်းသူသစ်လည်း ရှီလီ၏ အတွေးတွေကို ကြားရတယ်ဆိုတာ သိလိုက်ရတော့ အတန်းပိုင်မှာ စိတ်ထဲကနေ အံ့အားသင့်သွားရတော့သည်။
အချိန်တွေ ကြာလာတော့ ဘယ်ဟာက ရှီလီ၏စကားပြောတာ၊ ဘယ်ဟာကတော့ သူမ၏အတွေးဖြစ်တာကို သူ ခွဲခြားနိုင်လာလေပြီ။
အခုလေးတင် ရှီလီ စိတ်ထဲက တွေးလိုက်သောစကားတွေမှာ မိန်းကလေး၏ တုံ့ပြန်ပုံနှင့်အံ့ဩဖို့ကောင်းလောက်အောင် ကိုက်ညီမှုရှိနေသည်။
ဘာကြောင့် စုန့်ရင်းက အတန်းထဲမှာ စာသေချာလိုက်နားထောင်မယ်လို့ ပြောလဲဆိုတာကို ရှီလီ အနည်းငယ်တော့ ပဟေဠိ ဖြစ်သွားရသည်။
ထူးဆန်းသော်လည်း ကျောင်းစမတက်ခင်မှာ မိသားစုဝင်တွေကို အတန်းထဲ၌ အာရုံစိုက်ပါမည်ဟု ကတိပေးခြင်းက ယုတ္တိရှိလေသည်။
“စာလုပ်တာက အရေးကြီးဆုံး မဟုတ်ဘူး။ အရေးကြီးဆုံးက ကျောင်းသွားရတာကို ပျော်နေဖို့ဘဲ။ နင်သာ ပျော်နေသရွေ့၊ အရာထင်လာမှာပဲ”
စာသင်ခန်းထဲသို့ ပြန်သည့်လမ်းတွင် အပ်ပေါ် ဖင်ထိုင်မိသလို ဖြစ်နေသော အတန်းပိုင်မှာ အရှိန်နှစ်ဆဖြင့်တောင် လမ်းလျှောက်မိသည်။
ရှီလီ စိတ်ထဲတွင် တမျိုးတွေးမိသွားမှာ၊စုန့်ရင်းက ရှီလီ စကားပြောနေတယ်လို့ယူဆပြီး ရှီလီနှင့် စကားပြောနေတုန်း ကိစ္စအချို့ကို ပေါ်ပေါက်စေမိမှာကို သူ စိုးရိမ်နေတာပင်။
စာသင်ခန်းထဲ ပြန်ရောက်တော့၊ အတန်းပိုင်က ကျောင်းသူသစ်ကို အတန်းနှင့် မိတ်ဆက်ပေးလာသည်။
အနည်းငယ်ခန့် မိတ်ဆက်ပေးပြီးနောက် အမည်စာရင်းသွင်းမည့် ကိစ္စအကြောင်းပြောမယ်ဟူ၍ အကြောင်းပြပြီး စုန့်ရင်းကို အပြင်ခေါ်ထုတ်လိုက်သည်။
လက်တွေ့တွင်မူ သူမအား သူ့ရုံးခန်းထဲ ခေါ်သွားပြီး ရှီလီ၏ အတွေးတွေကို ကြားနိုင်သည့် ပုံမှန်မဟုတ်သော စွမ်းရည်တစ်ခုသူမတွင် ရှိနေတယ်ဟူ၍ ပြောပြလိုက်၏။ အစောပိုင်းတုန်းက သူမ ကြားခဲ့ရသောစကားတွေက ရှီလီ ထုတ်ပြောလာတာ မဟုတ်ဘဲ၊ ရှီလီ တွေးနေတာတွေဖြစ်တယ်ဟူ၍ပင်။
စုန့်ရင်း၏ ပုံမှန်ဆို ရှက်ကြောက်တတ်သော မျက်နှာမှာ ယခုဆိုလျှင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပြသလာ၏။
101 04
အတန်းပိုင်မှာ သူ့အား မယုံကြည်မှာစိုးသဖြင့် ကျမ်းကျိန်ပြောလုနီးပါးပင် “အမှန်ပြောနေတာ၊ ဆရာ သမီးကို မလိမ်ဘူး”
ပြဇာတ်တို:
စုန့်ရင်း: ငါ့လူတို့၊ ဘယ်သူနားလည်ကြလဲ။ ငါ့ရဲ့ အတန်းပိုင်အသစ်က တကယ့်ကို ထိန်းမရအောင် ရူးနေတယ်။
******
102 01
အခန်း ၁၀၂: လူတိုင်းရူးနေကြပြီ (စုန့်ရင်း၏ ကယောင်ချောင်ချားဖြစ်နေသော ဗားရှင်း)
အကယ်၍ တစ်ယောက်ယောက်က သူတို့မှာသဘာဝလွန် စွမ်းရည်တွေရှိပြီး လူတစ်ဦး၏စိတ်ထဲက အတွေးတွေကို ကြားနိုင်တယ်ဟုပြောလာပါက စိတ်မှန်သော ဘယ်သူမဆို ယုံနိုင်မှာ မဟုတ်ပေ။
အကယ်၍ ထိုသို့ပြောလာသူက သူတို့၏အတန်းပိုင်အသစ် ဆိုရင်တောင်မှပေါ့။
အတန်းပိုင်လည်း စုန့်ရင်းလို ဖြတ်သန်းလာခဲ့ရတာကြောင့် သူမ၏ ခံစားချက်တွေကို ကောင်းကောင်းကြီး နားလည်ပေသည်။
သူပြောလိုက်၏ “သမီးကို ဆရာ သတိပေးရုံသက်သက်ပါ။ တကယ်လို့ ရုတ်တရက်ကြီး ရှီလီ စကားပြောတာကို ကြားလိုက်ရရင် လန့်မသွားနဲ့၊ ပြီးတော့ ဒီအကြောင်းကို ရှီလီကို မသိစေနဲ့ဦး။ ဆရာတို့အတန်းက ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားကြတာ၊ သူများတွေကို မပြောရဲဘူး၊ ရှီလီကိုတောင် ဆရာတို့ မပြောပြထားဘူး”
တစ်စုံတစ်ယောက်၏ စိတ်ထဲကို ချောင်းကြည့်ရတာက အနည်းငယ် မသင့်လျော်ဘူးဟု စုန့်ရင်း ခံစားမိသည်။
ရှီလီသာ သူမ၏အတွေးတွေကို သူများတွေ ကြားနိုင်တယ်ဆိုတာသာ သိသွားရင် ဘယ်လောက်တောင် အဆင်မပြေဖြစ်မယ်မှန်း သူမ မတွေးရဲပေ။
ဤအခြေအနေတွင် ဤကိစ္စအပေါ်ရှိ သူမ၏မယုံကြည်သော သဘောထားကိုတောင် မေ့လုနီးပါး ဖြစ်သွားရသည်။
သူမ ရိုးရှင်းစွာ မေးလိုက်၏။ “ဘာလို့ ဒါကိုလျှို့ဝှက်ထားတာလဲ။ ဘာလို့ အပြင်လူတွေနဲ့ ရှီလီကို အသိမပေးရတာလဲ?”
အတန်းပိုင်မှာ စုန့်ရင်းကို အရူးတစ်ယောက် အလား ကြည့်လိုက်ပြီး “စဉ်းစားကြည့်လေ။ တကယ်လို့များ ဆရာတို့ တစ်တန်းလုံးက ရှီလီရဲ့ အတွေးတွေကို ကြားနိုင်တယ်ဆိုရင် ဘယ်နေရာမှာ ပြဿနာရှိမလဲ။ ဆရာတို့လား၊ ရှီလီလား”
ဆရာတို့အားလုံးမှာ ပြဿနာရှိတယ်၊ အခုတော့ ငါလည်း အဲ့အဖွဲ့ထဲ ပါသွားပြီလို့ စုန့်ရင်း တွေးလိုက်မိသည်။
“သေချာတာကတော့ ရှီလီမှာ ပြဿနာရှိနေတာပဲ။ သူမရဲ့ အတွေးတွေကို ဆရာတို့ ကြားနိုင်တယ်၊ ရှီလီရဲ့ အတန်းဖော်တွေ၊ ဆရာတွေအနေနဲ့က အဲ့စကားတွေကိုကြားဖို့ အခွင့်အရေးရှိတဲ့ သူတွေလေ။ တကယ်လို့ စိတ်ထားယုတ်ညံ့တဲ့ အပြင်သူတွေများ ဒီအကြောင်းကို သိသွားကြည့်ပါလား၊ မတော်လို့ ရှီလီကို ပြန်ပေးဆွဲသွားပြီး မြေအောက်အဖွဲ့အစည်းတွေမှာ ခွဲစိတ်မယ်၊ သုတေသနလုပ်ဖို့ ခေါ်သွား မယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမတုန်း”
အတန်းပိုင်၏ ခြိမ်းခြောက်ခြင်းကြောင့် စုန့်ရင်း ကြောက်ရွံ့သွား၏။ သူမစိတ်ထဲ၌ရှီလီကို သုတေသနလုပ်ရန်အတွက် အမည်းရောင်ဝတ်လူတွေ ခေါ်သွားတာကို မြင်ယောင်လာတော့သည်။ ကြောက်ရွံ့မှုကြောင့် သူမ၏ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်ထားလိုက်၏။
“အဲဒီလို ဖြစ်လို့မရဘူး” သူတို့တွေ အတူတူအချိန်ဖြုန်းခဲ့သည်မှာ တစ်မနက်ခင်းတောင် မရှိသေးသော်လည်း ရှီလီကို လူကောင်းတစ်ယောက်ဟု စုန့်ရင်း ခံစားမိသည်။ ရှီလီကို ခွဲစိတ်ပြီး သုတေသနလုပ်ရန်အတွက် ခေါ်ဆောင်သွားတာမျိုးကို သူမ မဖြစ်စေချင်။
“သမီး ဒီလျှို့ဝှက်ချက်ကို ကျိန်းသေပေါက်ထိန်းသိမ်းထားပါ့မယ်၊ အပြင်လူတွေ မသိစေရပါဘူး” မူကြိုကျောင်းသူတွေကို သွေးဆောင်ရန် ကြိုးစားနေသည့် ကျောချမ်းစရာကောင်းသောဦးလေးကြီးနှင့်တူသည့် အတန်းပိုင်မှာ ကျေနပ်စွာ ပြောလိုက်သည်။ “ကောင်းပြီ”
102 02
စုန့်ရင်းက အလွန်စိတ်ထွေပြားနေဆဲပင်။ “အပြင်လူတွေ မသိတာက အဆင်ပြေတယ်ဆိုရင်၊ ရှီလီကို ဘာလို့မပြောတာလဲ။ သူမရဲ့လျှို့ဝှက်ချက်အကြောင်း သမီးတို့ သိနေတာကို၊ သူမ မသိရင် သိပ်ပြီး မဟုတ်သလိုဘဲ”
“လူတိုင်းမှာ ထုတ်မပြောနိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ သူများတွေကို သိခိုင်းလို့မရတဲ့ အမှောင်ဘက်ခြမ်းတွေဆိုတာ ရှိတယ်။ သူမရဲ့ အတွေးတွေကို ဆရာတို့ ကြားနိုင်တယ်ဆိုတာ ရှီလီ မသိသေးဘူး၊ ပြီးတော့ သူမက မရွယ်ရွယ်ထားဘဲနဲ့ သူမနဲ့ အမှောင်ဘက်ခြမ်းကို ထုတ်ဖော်မိနေတာလေ။ အဲဒါ မဆိုးရွားနေဘူးလား”
သူမမှာ သေသေချာချာ အသေးစိတ် တွေးကြည့်ထားသော်လည်း အတန်းပိုင်က သူမအား စာနာစွာ ပြောလာ၏။ “ရှီလီက သူများတွေနဲ့ မတူဘူး။ ဆရာတို့က သူမရဲ့ အတွေးတွေကနေ အမှောင်ဘက်ခြမ်းကို မမြင်နိုင်ဘူး၊ သူမရဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေတဲ့ အကျင့်စရိုက်ကိုဘဲ မြင်ရတာပါ။ ဘာကြောင့် ရှီလီကို မပြောရလဲဆိုတော့၊အခြားသူတွေ မမြင်အပ်တဲ့ အတွေးတွေကို သူမဘာသာ ကာကွယ်ထားနိုင်လို့ပဲ”
“ဒါကတော့ သမီးကို ဆရာပြောချင်တဲ့ တတိယအချက်ပါ။ ရှီလီရဲ့ အချို့အတွေးတွေက အနာဂါတ်ကို ဟောကိန်းထုတ်နိုင်တယ်၊ ပြီးတော့ 100% ကို တိကျတာနော်။ ရှီလီသာသိသွားရင် သူမရဲ့အတွေးတွေက နိမိတ်ဖတ်စွမ်းရည်ကို ဆုံးရှုံးသွားမှာတို့၊ သူမရဲ့ အတွေးတွေကို ထပ်ပြီးမကြားရတော့မှာတို့ကို ဆရာတို့ စိုးရိမ်နေကြတာ”
စုန့်ရင်း ခေါင်းညိတ်လိုက်ကာ “သမီး နားလည်ပါပြီ” သူမက သူ့တုန်းကထက် မြန်မြန်ကြီး လက်ခံလိုက်တာဘဲလို့ အတန်းပိုင် ချဉ်းတူးစွာ တွေးလိုက်သည်။ လူငယ်လေးတွေကတော့ သူ့လို လူအိုကြီးတွေထက် အသစ်အဆန်းတွေကို မြန်မြန်လက်ခံတဲ့နေရာမှာ တယ်တော်တာပဲ။
စုန့်ရင်း၏ အမူအရာမှာ ထူးဆန်းနေသေး၏။ “ဒါဆိုရင် တကယ့်လက်တွေ့ဘဝမှာ လူတွေက သူများတွေရဲ့ အတွေးတွေကို ကြားနိုင်တာပေါ့နော်။ သမီးက မြို့လေးကနေ တက်လာရတာဆိုတော့ လောကကြီးကို သိပ်ပြီးမမြင်ဖူးသေးဘူး။ ဒီလိုဟာမျိုးကို TV ဒရာမာတွေထဲမှာပဲ မြင်ဖူးခဲ့တာ”
အင်း၊ ခုနတုန်းက သူပြောခဲ့သမျှ အားလုံးကတော့ သဲထဲရေသွန်ဖြစ်ပြီ။ သူမ မယုံကြည်နေတုန်းပါပဲလား။
အတန်းပိုင်၏အမူအရာမှာ ခေတ္တခဏမျှ စိတ်ဓာတ်ကျသွားသော်လည်း စုန့်ရင်း၏အနေအထားကို သူနားလည်သည်။ အဆုံးမှာတော့ သူလည်းပဲ ပထမဆုံး ရင်ဆိုင်ခဲ့ရစဉ်က ဤအချက်ကို လက်ခံနိုင်ရန်အတွက် အချိန်အကြာကြီး ယူခဲ့ရတာပင်။
ထို့ကြောင့် အတန်းပိုင် ပြောလိုက်သည်။ “သမီး မယုံကြည်တာကို ချက်ချင်းကြီး လက်ခံလိုက်ဖို့ ဆရာ ပြောနေတာ မဟုတ်ဘူး။ ဆရာပြောခဲ့တာကို အာရုံစိုက်ပြီး မမေ့ပစ်လိုက်ဖို့ဘဲ လိုတာ”
အတန်းပိုင် မေးစမ်းကြည့်လိုက်၏။ “အဲ့လိုဆို အရမ်းမခက်ခဲသွားဘူးမလား”
စုန့်ရင်းက အသက်မပါစွာ ခေါင်းညိတ်ပြလာပြီး “သမီး အကောင်းဆုံး ကြိုးစားပါ့မယ်”
စွဲလမ်းမှု၏ ခေါင်းဆောင်ဖြစ်သူ၊ အတန်းပိုင်ပြောလိုက်၏။ “ကြိုးစားမယ်လို့ မပြောနဲ့၊ကျိန်းသေပေါက်ကို လုပ်ရမှာဟ” လုပ်မလား၊သေမလား။
မကြာသေးခင်က ကားထဲတွင် ရှီလီ ပြောခဲ့သည်အား စုန့်ရင်း ပြန်စဉ်းစားလိုက်သည်။ အတန်းထဲက အတန်းဖော်တွေနှင့် ဆရာတွေက အလွန်သဘောကောင်းသဖြင့် သူမကို စိတ်မပူနဲ့လို့ ပြောခဲ့တာပင်။
အတန်ပိုင်က ဒီလိုဖြစ်နေတော့ သူမ ဘယ်လိုလုပ်ပြီး စိတ်မပူဘဲနေနိုင်မှာလဲ။
အကယ်၍ တစ်ယောက်ယောက်က သူမကို အနိုင်ကျင့်လျှင်ဖြစ်စေ၊ ကျောင်းတွင် အခက်အခဲ ကြံလာလျှင်ဖြစ်စေ သူတို့က မိသားစုတွေဖြစ်တာကြောင့် လွတ်လွတ်လပ်လပ် အကူအညီတောင်း၍ ရတယ်ဟုလည်း ရှီလီပြောခဲ့သည်။
စုန့်ရင်းက တစ်ပါးသူတွေကို ဒုက္ခပေးတတ်သည့် လူစားမျိုး မဟုတ်ပေ။ ပြဿနာတက်ရင် အကူအညီလာတောင်းဟု ပြောခဲ့သော ရှီလီ၏စကားတွေကို သူမရင်ထဲ ထည့်ထားသော်ငြား ရှီလီကို တကယ်ကြီး အကူအညီ သွားတောင်းမယ်လို့တော့ မတွေးထားတာပင်။ သူမက ဤနှစ်တွေအတွင်း မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမပါဘဲ လုပ်ကိုင်ခဲ့တာဖြစ်၏။
အခုတော့ အတန်းပိုင်၏ ဗုံးအခွံတွေဖြင့် ဆက်တိုက် ပစ်ပေါက်ခံနေရတာကြောင့် သူမ၏ နိယာမတွေကို ဆန့်ကျင်၍ ရှီလီကို အကူအညီ တောင်းချင်လာလေပြီ။
အခုပြဿနာက ဤအကြောင်းကို ရှီလီသိလို့ မဖြစ်တာပင်။
102 03
ရှီလီထံမှ အကူအညီ တောင်းရမလား၊ မတောင်းရဘူးလား ဆိုတာကမှ မေးခွန်း ဖြစ်နေသည်။
“ဒီယုတ္တိမရှိတဲ့ ကိစ္စတွေကို သမီးအနေနဲ့ချက်ချင်းကြီး လက်ခံနိုင်ဖို့က ခဲယဉ်းတယ်ဆိုတာ ဆရာသိတယ်။ သမီး ပြန်သွားရင် ဖြည်းဖြည်းချင်း လေ့လာလို့ရတယ်၊ အလျင်လိုစရာ မလိုဘူး။ အခက်အခဲကြုံရင်လည်း ဆရာတွေ၊ အတန်းဖော်တွေနဲ့ ဆွေးနွေးတိုင်ပင်လို့ ရတယ်။ ဆရာတို့အားလုံးက သမီးရဲ့ထောက်ခံသူတွေ”
ရုံးခန်းထဲမှ စုန့်ရင်း မထွက်သွားခင် အတန်းပိုင်က အနည်းငယ် ထူးဆန်းသော လေသံဖြင့် ပြောလာကာ “စကားမစပ်၊ သမီးနဲ့ ရှီလီက အမျိုးတွေဆိုတာ ဆရာ မှတ်မိတယ်။ သမီးက ရှီလီရဲ့ ဝမ်းကွဲလား”
စုန့်ရင်းတွင် အင်တာနက်ကိုသုံး၍ Blue City မှ ရှီမိသားစု၏အကြောင်းကို မတော်တဆ သိရှိခဲ့သော်လည်း သူမ၏ပထွေးက ရှီမိသားစု၏တိုက်ရိုက်ကလေး ဖြစ်တာကိုတော့ မသိခဲ့ပေ။
Blue Cityသို့ ခေါ်ဆောင်ခံရပြီး ရဲတိုက်လိုစံအိမ်မျိုးတွင် နေထိုင်ရတာက အိပ်မက်အလားပင်။
စုန့်ရင်းမှာ လူတွေ၏ စကားတွေနှင့် အမူအရာတွေကို အကဲခတ်ရတာ ကျင့်သား ရနေလေပြီ။ စံအိမ်ဟောင်းဆီ မပြောင်းလာခင်တုန်းကတောင် သူမ၏ မွေးအမေသည် ရှီမိသားစုဆီမှ နှစ်သက်မခံရတာကို သူမ သတိထားမိသည်။
အတန်းပိုင်၏ နောက်ဆုံးစကားက စုန့်ရင်းအတွက်မူ ကျောင်းသူတစ်ဦး၏ နောက်ခံ မိသားစုအကြောင်းကို စူးစမ်းနေတာနှင့်တူ၏။
သူမ၏ အရင်ကျောင်းတွေတုန်းက ဆရာတွေလည်း ဤသို့လုပ်ဖူးပြီး မိသားစုအခြေအနေ အပေါ်မူတည်ကာ ကျောင်းသားတွေကို ခွဲခြားဆက်ဆံလေသည်။
သူမသည် ရှီမိသားစုမှ ဦးလေး၏ သမီး၊ရှီမိသားစုမှ မြေးဟူ၍ အမည်ခံရှိသော်လည်း စုန့်ရင်း၏ ရင်ထဲမှာတော့ သူမက မြေးအရင်းမဟုတ်သဖြင့် ရှီလီ၏ ဝမ်းကွဲဟူပြီး နေသာသလို အမည်တပ်၍ မရမှန်း သိလေသည်။
“ဟင့်အင်း၊ အဲ့လိုမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် သမီးရဲ့ပထွေးက ရှီလီရဲ့ဦးလေးပါ”
အတန်းပိုင်က “ဪ” ဟူသော အသံကိုလုပ်လိုက်ပြီး၊ ဆိုတော့ကား ဒီလိုဆက်ဆံရေးမျိုးကိုး။
အတန်းပိုင်က နောက်ထပ်စူးစမ်းလာကာ“ဒီတော့ သမီးတို့က အတူတူနေကြတာလား?”
“ဟင့်အင်း၊ သမီးတို့ အတူတူမနေပါဘူး။ ဒီမနက် ကျောင်းကို အတူတူလာတယ်ဆိုတာ ရှီလီရဲ့ ဒရိုက်ဘာ လာကြိုပေးလို့ပါ”
အတန်းပိုင် ခေါင်းညိတ်လိုက်၏၊ သူ့လေသံထဲ၌ စုန့်ရင်းတွင်မရှိသော စိတ်လှုပ်ရှားမှုတို့ ကင်းမဲ့နေကာ “သမီးတို့က အမျိုးတွေဆိုမှတော့၊ ကျောင်းကပြန်ရင် ရှီလီကို မကြာမကြာ တွေ့နိုင်တာပဲ”
စုန့်ရင်းမှာ အတန်းပိုင်က သူမ ပြောနေတာကိုဘာလို့ နားမလည်တဲ့ပုံ ပေါ်နေတာလဲဟုတွေးပြီးအနည်းငယ် စိတ်ပူလာတော့၏။ သူမက ရှီလီရဲ့ အမျိုးမဟုတ်သလို၊ အတူလည်း မနေဘူးဆိုပြီး အခုလေးတင် ရှင်းပြလိုက်တာလေ။ “ရှီလီနဲ့ မကြာခဏ တွေ့ရရင်လည်း၊ အိမ်မှာ ရှီလီဆီကကြားရတဲ့ အတင်းအဖျင်းတွေကို ကျေးဇူးပြုပြီး ဆရာတို့ကို ပြန်ဝေမျှပေးဦးနော်”
စုန့်ရင်း: ???
******
103 01
အခန်း ၁၀၃: နင်သာ နောက်ထပ်သုံးနှစ် လောက် အသက်ရှင်နိုင်သရွေ့၊ မိဘရင်းတွေက မှတ်မိသွားတော့မှာ
အတန်းပိုင်၏ အကြည့်မှာ ထူးထူးခြားခြားလေးနက်နေပြီး အလံနီအောက်မှာ ကျမ်းကျိန်နေသည့်အလားပင်။
အတန်းပိုင်က ခေါင်းညိတ်အတည်ပြုကာ “အဟုတ်ဘဲ။ ပြီးရင် သမီးကို ဆရာတို့ရဲ့အုပ်စုဖွဲ့စကားပြောခန်းလေးထဲ ထည့်ပေးမယ်။ မှတ်ထားနော်၊ ဝေမျှတယ်ဆိုတာ တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့တစ်ခုဘဲ။ ဘယ်လိုအတင်းအဖျင်းပဲဖြစ်ဖြစ် အတန်းဖော်တွေနဲ့ သေချာပေါက် ဝေမျှပေးရမယ်”
ချမ်းသာကြွယ်ဝသာ ဒုတိယမျိုးဆက် ကျောင်းသားတွေ ဝန်းရံထားသည့် ကျောင်းအသစ်၊ စာသင်ခန်းသစ်ထဲ ဝင်လာရတော့ စုန့်ရင်းမှာ အတန်းဖော်တွေနှင့် ရင်းနှီးရန် မလွယ်ကူမှာကို ကြောက်သဖြင့် စိတ်ထဲတွင် အတော်လေးကို စိုးရိမ်နေလေသည်။ အင်တာနက်ပေါ်တွင် ချမ်းသာသော ကလေးတွေ၏အပြုအမူနှင့် ပတ်သက်၍ သတင်းဆိုးများဖြင့် မကြာခဏ ပြည့်နှက်တတ်သေးသည်။
သို့သော် အတန်းပိုင်၏ ထိတ်လန့်ဖွယ်ကောင်းသော ဖွင့်ဟပြောဆိုခဲ့ခြင်းက သူမ၏ရှုပ်ထွေးနေသော ခံစားချက်တွေကို အလျင်အမြန်ပဲ လွှမ်းမိုးသွားလေသည်။ ရုတ်ချည်းပင် သူမမှာ မတူညီသော ပရမ်းပတာထဲသို့ တွန်းပို့ခံလိုက်ရမှန်း သိလိုက်ရသည်။
အတန်းပိုင်နှင့် စာသင်ခန်းထဲ ပြန်လာပြီးနောက်စုန့်ရင်းမှာ အုပ်စုဖွဲ့စကားပြောခန်းထဲ ထည့်သွင်းခြင်းကို ခံလိုက်ရ၏။ အဖွဲ့ဝင် အသစ်ဝင်လာသဖြင့် မက်ဆေ့ခ်ျတွင် အသိပေးချက် တက်လာသည်။
စုန့်ရင်း၏ ဝင်ရောက်လာခြင်း အပေါ်တွင်နွေးထွေးသည့် ကြိုဆိုမှုကို လက်ခံရရှိခဲ့ပြီး သူမလည်း ရှီလီ၏စိတ်ထဲက အတွေးတွေကိုကြားရသည့်အတွက် ဂုဏ်ပြုပေးလာကြ၏။
စုန့်ရင်း အတွေးဝင်မိ၏။ သူတို့က ဒီကိစ္စအပေါ်မှာ တကယ်ကြီး ပြတ်သားနေကြတာပဲ။
အုပ်စုအဖွဲ့ဝင် စာရင်းကို သူမကြည့်ကြည့်လိုက်တော့ စကားပြောခန်းထဲတွင် ရှီလီရှိမနေ။
အတန်းထဲတွင် လျှို့ဝှက်ချက်ဆိုတာ မရှိဘဲ၊စုန့်ရင်းက ရှီလီ ဦးလေး၏ မယားပါသမီးဆိုတာကို လူတိုင်းသိကြသည်။
ယခုလိုရှုပ်ထွေးသော ဆက်ဆံရေးကြောင့် အတန်းဖော်တွေ လှောင်ပြောင်လာလိမ့်မယ်လို့ စုန့်ရင်း ထင်ထားခဲ့သော်လည်း အားလုံးက ရှီလီနှင့် ပတ်သက်မှုရှိနေသည့်အပေါ်မှာပဲ မနာလိုဖြစ်နေသဖြင့် သူမ အံ့ဩသွားရသည်။
လူတိုင်း၏အာရုံစိုက်မှုက ကလေးတစ်ယောက်နှင့် ချမ်းသာသော မိသားစုထဲသို့ လက်ထပ်ဝင်လာသော စုန့်ရင်း၏ အမေအပေါ်တွင် မရှိဘဲ၊စုန့်ရင်းက ရှီလီနှင့် မကြာခဏ ဆက်သွယ်နိုင်သည့် အချက်အပေါ်မှာဘဲ ရှိနေတာပင်။ သူတို့သည် အကယ်၍ ရှီလီသာ အတွေးထဲကနေ အတင်းအဖျင်းတွေ ပြောနေတာကိုများ သူမ ကြားမိပါက၊ အုပ်စုထဲက လူတိုင်းကို သေချာပေါက် ဝေမျှပေးဖို့ သူမကို တိုက်တွန်းလိုက်ကြ၏။
ထို့နောက် အုပ်စုဖွဲ့စကားပြောခန်းထဲတွင် “ဗိုက်ဆာ” သော အီမိုဂျီဖြင့် ပြည့်လျှံသွားတော့သည်။
ဤလူတွေသည် အလွန်ယုံကြည်မှုရှိစွာ ပြုမူနေကြသဖြင့် စုန့်ရင်းမှာ သူတို့ကို ယုံကြည်သွားလုနီးပါးပင်။
အုပ်စုထဲတွင် အတန်းပိုင်၏ တည်ရှိမှုမှလွဲ၍ သူတို့အားလုံးထဲတွင် အတန်းခေါင်းဆောင်က စိတ်ပိုင်းဆိုင်ရာတွင် အတည်ငြိမ်ဆုံးသူ ဖြစ်သည်။
103 02
သူပြောလိုက်၏။ “အတန်းပိုင် ပြောတာကို နင်ယုံလောက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ အရာအားလုံးကိုအချိန်က သက်သေပြသွားလိမ့်မယ်။ နင် တိတ်တဆိတ် စောင့်ကြည့်ပေးဖို့ပဲ လိုတာ။ တစ်ခါတလေ အတန်းထဲမှာ ရှီလီ စိတ်ပျံ့လွင့်နေရင် ထူးထူးဆန်းဆန်းတွေ ပြောတတ်တယ်။ နင် စောင့်ကြည့်ဖို့ပဲ လိုတာပါ”
တကယ်လို့ ဒီနေ့ ရှီလီရဲ့ အတွေးတွေကို ကြားရမယ်ဆိုရင် ဘယ်တော့မှ ထပ်ပြီး သံသယမဝင်တော့ဘူးလို့ စုန့်ရင်း တွေးလိုက်သည်။
ထို့ကြောင့် ထိုနေ့တွင် ရှီလီ၏ အပြုအမူတွေကိုသူမ အထူးတလည် အာရုံစိုက်ခဲ့ပြီး ရှီလီ၏စိတ်ထဲက အတွေးတွေကို ကြားရတာ အမှန်လားဆိုတာကို အတည်ပြုရန် သူမ စောင့်ဆိုင်းနေတော့သည်။
စုန့်ရင်း၏ ပါဝင်လာမှုကြောင့် အတန်းထဲတွင်ရှီလီက အတော်လေး အာရုံစိုက်ထားသည်။ စာသင်ချိန်အတွင်း သူမ၏ “အစ်ကိုယွင်ဟယ်”အကြောင်းကို မတွေးသလို၊ ဆရာတွေ၏မှတ်ချက်တွေအပေါ် တုံ့ပြန်တာလည်း မလုပ်ပေ။
အတန်းခေါင်းဆောင်: အမ်း၊ မှန်းချက်နဲ့ နှမ်းထွက်ကတော့ မကိုက်ဘူး။
သက်သေပြခြင်းက မှားယွင်းသော်လည်း အတန်းခေါင်းဆောင်မှာ ဝန်ခံရန် ငြင်းဆန်လေသည်။ စုန့်ရင်းကို စိတ်ရှည်ရှည်နှင့်စောင့်ဖို့လိုပြီး ရှီလီ၏ စိတ်ထဲက အတွေးတွေ ထွက်ပေါ်လာတာကလည်း ကံကောင်းမှုအချို့ လိုအပ်သည်ဟုသာ ပြောနိုင်သည်။
မနက်အစောပိုင်းတုန်းက အတန်းပိုင်၏ ဗုံးကျဲတိုက်ခိုက်ခြင်းမှလွဲ၍ စုန့်ရင်း၏ ပထမဆုံး ကျောင်းစတက်ရသည့်နေ့မှာ သူမ ထင်ထားတာထက်တောင် ပိုကောင်းမွန်ပေသည်။
ဆရာတွေနှင့် အတန်းဖော်တွေကလည်း ဖော်ရွှေကြသည်။ စာသင်ကြားသည့် ပုံစံကသူမ၏ အရင်ကျောင်းတုန်းကနှင့် ကွဲပြားသော်လည်း စုန့်ရင်းသည် ၎င်းကို လက်ခံနိုင်ကာ အမှီလိုက်နိုင်၏။
ကျောင်းဆင်းတော့ စုန့်ရင်းကို အိမ်ပြန်လိုက်ရန် ရှီလီတွင် တာဝန်ရှိပေသည်။
ကားထဲတွင် ထိုင်နေသည့် စုန့်ရင်းမှာ ရှက်ရွံ့နေသည့်ပုံပင်။
“မမ၊ ပထမဆုံးနေ့မှာ ကျောင်းလိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုကစပြီး ငါ့ဘာသာ ကျောင်းသွားလို့ရပြီ။ ငါ့ကို လာကြိုပေးဖို့နဲ့ အခုလိုမျိုး ဒရိုက်ဘာကို လမ်းကြောကွေ့ပတ်ပြီး မောင်းခိုင်းစရာ မလိုပါဘူး”
ဒါပေါ့၊ ရှီလီကလည်း သူမကို အပို့၊ အကြိုလုပ်ပေးဖို့ လမ်းမှာအနည်းဆုံး အပိုတစ်နာရီကို ကုန်ဆုံးဖို့ဆိုတာ မဖြစ်နိုင်။
သူအ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်း။ အခုကစပြီး ဦးလေးပိုင်က နင့်ကိုကျောင်းပို့၊ ကျောင်းကြို လုပ်ပေးလိမ့်မယ်။ ဦးလေးပိုင်က အတွေ့အကြုံရှိတဲ့ ဒရိုက်ဘာဆိုတော့၊ ကားမောင်းအရမ်းကျွမ်းတယ်”
ဦးလေးပိုင်က ရှီအဘွား၏ ဒရိုင်ဘာပင်။ ရှီအဘွားက အပြင်ထွက်ခဲပြီး သွားဖြစ်ရင်တောင် လမ်းကြပ်သော မနက်ပိုင်းနှင့် ညနေပိုင်းတွင် မသွားပေ။ ဤအချိန်ဇယားကစုန့်ရင်း၏ ကျောင်းအချိန်နှင့် ကွက်တိကျပြီး သူမကို ကားမောင်းပြီး လိုက်ပို့ပေးရန်အတွက် ဦးလေးပိုင်က အသင့်တော်ဆုံးသူ ဖြစ်လာတော့သည်။
စံအိမ်၏ ဒရိုင်ဘာက လိုက်ပို့မယ်ဆိုသည့် ရှီလီ၏ အကြံပြုချက်ကို ကြားလိုက်ရတော့စုန့်ရင်းက လက်ကို အမြန်ခါယမ်းလိုက်ကာ “မလိုပါဘူး၊ ငါ့ဟာငါ ကျောင်းကို ဘတ်စ်ကားစီးပြီး သွားလို့ရတယ်ရယ်”
နောက်ဘက်ခုံက စုန့်ရင်း၏ စကားကိုကြားမိတော့ ဒရိုင်ဘာမှာ မရယ်ဘဲ မနေနိုင်တော့။
[ဟာသဘဲ၊ တောင်စောင်းက ဗီလာတွေဆီ တိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားဆိုတာမှ မရှိတာ]
ဤအချိန်တွင် စုန့်ရင်းမှာ ရှီလီ၏ စိတ်ထဲကအတွေးတွေကို ကြားရတယ်ဆိုသည့် ကိစ္စကို လုံဝမေ့လျော့သွားလေသည်။ ရှီလီ ထုတ်ပြောလာတယ်လို့ဘဲ သူမ ယူဆလိုက်မိ၏။
“တကယ်လို့ ဘတ်စ်ကား မရှိရင်လည်း၊ကျောင်းကို စက်ဘီးစီးပြီး သွားလို့ရပါတယ်။ ငါက စက်ဘီးစီးတာ အရမ်းမြန်တာ”
ရှီလီက သူမဘက်ကို ခေါင်းလှည့်ကြည့်ကာ“ကျောင်းကို ကောင်းမောင်းပြီး သွားတာက မိနစ်နှစ်ဆယ်ကြာတယ်။ စက်ဘီးစီးသွားရင် ဘယ်လောက်တောင် ကြာမယ်ဆိုတာ စဉ်းစားကြည့်လေ”
103 03
စုန့်ရင်း၏ မျက်ဝန်းကြီးများမှာ စိတ်အနှောင့် အယှက်ဖြစ်သွားသော အရိပ်အယောင်နှင့်အတူ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး“ဒါဆိုလည်း ဖြေရှင်းရတာ လွယ်ပါတယ်။ ကျောင်းကို လျှပ်စစ်စကူတာစီးပြီး သွားမှာပေါ့။ ကားတွေကို ကားကြော ပိတ်နိုင်ပေမဲ့၊လျှပ်စစ်စကူတာဆို ကားလမ်းကြော မပိတ်ဘူးလေ”
ရှီလီ ငြိမ်ကျသွား၏။ တစ်စုံတစ်ယောက်ကသူမကို ပြောစရာမဲ့အောင် လုပ်တယ်ဆိုတာ ရှားသည်။ ခဏကြာတော့ စကားတစ်ခွန်းကို ဖျစ်ညှစ်ပြောလိုက်၏။ “နင့်စိတ် အလုပ်လုပ်တာ တကယ်မြန်တာပဲ”
စုန့်ရင်းမှာ ရှီလီက သူမကို ချီးကျူးနေတယ်လို့ ထင်သွားလေ၏။ သူမက ရှက်ရွံ့စွာဖြင့် ရင်ဘက်ကို ကော့ကာ “ချီးကျူးတဲ့အတွက် ကျေးဇူးပါ”
ဤသည်က ရှီလီကို ဟန်ချက်လွဲစေ၏။
သူမ ခြောက်ကပ်ကပ်သာ ပြန်ပြောနိုင်သည်။ “ရပါတယ်”
သူမ၏ အရင်ဘဝတုန်းက စုန့်ရင်းနှင့် တစ်ခါမှ မထိတွေ့ဖူးသဖြင့် ပထမဆုံးအကြိမ်အနေဖြင့် စုန့်ရင်းက အတော်လေး ချစ်စရာကောင်းသည့် မိန်းကလေးဆိုတာကို ရှီလီ သိလိုက်ရသည်။
စံအိမ်ဟောင်းဆီ သူတို့ ပြန်ရောက်တော့ ရှီလီက ရှီအဘွားဆီကိုပါ အလည်သွားရန် ရည်ရွယ်ရင်း စုန့်ရင်းနှင့်အတူ ကားထဲမှ ထွက်လိုက်သည်။
နေဝင်ချိန်က အထူးတလည် လှပနေလျှက်။ ရှီအဘွားက ကြမ်းပြင်ကနေ မျက်နှာကျက်ထိမြင့်သော ပြတင်းပေါက်ဘေးတွင် လှုပ်ကုလားထိုင်ပေါ်ထိုင်၍ ငိုက်မြည်းနေပြီး သူမ၏ရှေ့၌ tablet ထဲမှ ဗီဒီယိုတွေမှာ တိတ်တဆိတ် ပြသနေ၏။
အိမ်ရှေ့တံခါး၏ အသံက အမေအိုကြီးကို အသိပြန်ဝင်လာစေသည်။ ရှီအဘွားမှာ သူမအိပ်ပျော်သွားမှန်း သတိထားမိသွားပြီး ဗီဒီယိုကလည်း နောက်တစ်ပုဒ်ဆီ ပြောင်းသွားလေပြီ။ သူမ ၎င်းကို ရပ်လိုက်သည်။
TV ဒရာမာ၏အသံ ရပ်တန့်သွားတာနှင့်သူမမြေး၏ စူးရှသော အသံက ထွက်ပေါ်လာသည်။ “ဘွားဘွား၊ သမီး ကျောင်းကနေ ပြန်ရောက်လာပြီ!”
ရှီအဘွား ခေါင်းလှည့်ကာ ငယ်ရွယ်ပြီး လှပသော မျက်နှာလေးကို ကြည့်လိုက်ရင်း“အားလီက ဘွားဘွားကို လာတွေ့တာပဲ”
ရှီအဘွားသည် လှုပ်ကုလားထိုင်မှ မတ်တပ်ထလိုက်ပြီး ရှီလီစားရန်အတွက် အစ်မကွေ့ကို သစ်သီးတွေ ဆေးခိုင်းလိုက်ကာ “ဗိုက်ဆာနေပြီလား။ အစ်မကွေ့က ဒီနေ့ စတော်ဘယ်ရီချိုချိုလေးတွေ ယူလာတယ်။ အိမ်စာ မလုပ်ခင် စားလိုက်ကြဦး”
ရှီလီသည် အစကတော့ စုန့်ရင်းကို လိုက်ပို့ပေးပြီး ထွက်သွားရန် စီစဉ်ထားသော်လည်း အခုတော့ စံအ်မ်ဟောင်းမှာ ညစာစားပြီးသည်အထိ နေသွားရမည့်ပုံပင်။
သို့သော် အမျိုးသမီးအိုကြီးက ရှီလီကို နေစေချင်မှတော့ ရှီလီလည်း မငြင်းဆန်နိုင်ပေ။“သမီး တကယ်လည်း နည်းနည်းဗိုက်ဆာနေတာ။ သူမပြောတဲ့အတိုင်း အစ်မကွေ့ရဲ့ စတော်ဘယ်ရီတွေ ချိုမချို မြည်းကြည့်ရတာပေါ့”
အစ်မကွေ့က ပြုံးကာ လတ်လတ်ဆတ်ဆတ် ရေဆေးထားသော စတော်ဘယ်ရီတွေကို ရှီလီနှင့် စုန့်ရင်း၏အရှေ့တွင် လာချပေး၏။ မိသားစုဝင်ဖြစ်သော ရှီလီကတော့ ဟန်ကြီးပန်ကြီး လုပ်မနေပေ။ အစ်မကွေ့က စုန့်ရင်းကို တိုက်တွန်းလိုက်၏ “ရင်းလေး၊ နင်လည်း မြည်းကြည့်လေ။ ငါအသီးတွေကို သေချာရွေးထားတာနော်”
ကြီးမားပြီး နီရဲနေသော စတော်ဘယ်ရီတွေမှာ ဈေးကြီးပုံပေါ်ပြီး စုန့်ရင်းမှာ လှမ်းယူရန် အလွန်ရှက်နေမိသည်။ ထို့ကြောင့် သူမ ပြောလိုက်၏။ “သမီး ဗိုက်မဆာတော့၊ မစားတော့ပါဘူး”
ဤသည်က ဟုန်ယန်၏ သမီးဖြစ်နေသော်ငြား လိမ္မာယဉ်ကျေးသော မိန်းကလေးကို ရှီအဘွား သဘောမကျတာတော့ မဟုတ်။ သူမ ပြောလိုက်သည်။ “ ဗိုက်မဆာရင်တောင်၊နည်းနည်းမြည်းကြည့်လေ။ သမီးတို့လို မိန်းမငယ်လေးတွေက သစ်သီးတွေ ကြိုက်ကြတာချည်းဘဲ။ အလှအပနဲ့ ကျန်းမာရေးအတွက် ကောင်းတယ်၊ သမီးလည်း များများစားသင့်တယ်”
ရှီလီက သူမလက်ထဲက အသီးကို စုန့်ရင်း၏ပါးစပ်ထဲ ထည့်ပေးလိုက်၏။ “စား၊ စား။ မဟုတ်ရင်၊ ဘွားဘွားနဲ့ အစ်မကွေ့က စိတ်ဆိုးနေဦးမယ်”
103 04
မူလက သင့်မြတ်နေသော လေထုမှာ အမျိုးသမီးတစ်ဦး၏ အသံကြောင့် နှောင့်ယှက်ခံလိုက်ရ၏။ “အားလီ၊ သူမကိုအလိုလိုက်မနေပါနဲ့။ ဒီကောင်မလေးက ကံမကောင်းဘူး၊ အစားကောင်းတွေကို သူမစားဖို့ မတန်ဘူး”
ဝမ်းနည်းရိပ်က စုန့်ရင်း၏ မျက်နှာထက်တွင် ဖြတ်ပြေးသွား၏။ သူမ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး “ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီး အခု အိမ်စာသွားလုပ်တော့မယ်”
ဟုန်ယန်၏ ထွက်ပေါ်လာမှုက လေထုကို ချဉ်တူးသွားစေ၏။ ရှီအဘွား၏ မျက်နှာထားမှာ မည်းမှောင်သွားပြီး သူမ၏ ဟုန်ယန်အပေါ်မနှစ်သက်မှုက ဖုံးကွယ်ထားလို့ မရပေ။
[စုန့်ရင်းသာ နောက်ထပ်သုံးနှစ်လောက် အသက်ရှင်နိုင်သရွေ့၊ သူမရဲ့ မိဘရင်းတွေက မှတ်မိတော့မှာ]
['မွေးစားအမေရဲ့ မျက်နှာကို ဖြတ်ရိုက်တဲ့နဂါးဘုရင်ရဲ့ ပြန်လာခြင်း' ဇာတ်လမ်းအတွက် ငါကြိုပြီး စာရင်းသွင်းထားချင်တယ်]
******
104 01
အခန်း ၁၀၄: ဟုန်ယန်က သူမရဲ့ အမေရင်း မဟုတ်ဘူးလား
စုန့်ရင်းက နောက်လှည့်ရုံသာရှိသေးပြီး မထွက်သွားရသေးသဖြင့် သဘာဝကျစွာဘဲ ရှီလီ၏အသံကို ကြားလိုက်ရသည်။
ရှီလီ၏ စကားတွေမှာ မနက်ခင်းတုန်းက အတန်းပိုင် ပြောခဲ့သော ထူးခြားသည့်စွမ်းရည်နှင့် ပတ်သက်သော သီအိုရီနှင့် နှိုင်းယှဉ်ကြည့်ပါက သက်ရောက်မှု များလွန်းပေသည်။
နောက်ထပ်သုံးနှစ် ထပ်နေတယ်ဆိုတာ ဘာကို ပြောတာလဲ၊ သူမကို မိဘရင်းတွေ ရှာတွေ့မယ်ဆိုတာကရော ဘာပြောတာလဲ။
ဒီလိုဆို ဟုန်ယန်က သူမရဲ့ အမေရင်း မဟုတ်ဘူးလား။
သူမက ဘာလို့ သုံးနှစ်အတွင်းမှာ သေသွားရမှာတဲ့။
ဒါပေါ့၊ ဒီစကားနှစ်ခွန်းကို ကြားလည်းပြီးရောစုန့်ရင်း၏ ပထမဆုံးတုံ့ပြန်မှုက မယုံကြည်နိုင်စွာဖြင့် နောက်ပြန်လှည့်လာတာပင်။
ရှီလီ၊ ဟုန်ယန်နှင့် အခြားသူများတွင် တည်ငြိမ်သော အမူအရာတွေ ရှိနေတာကို မြင်လိုက်ရပြီးအတန်းပိုင်နှင့် အတန်းခေါင်းဆောင်ဆီက သတိပေးချက်တွေကို မှတ်မိသွားတော့၏။
ဒါ လူတိုင်းပြောနေတဲ့ ရှီလီရဲ့ စိတ်ထဲက အတွေးတွေဆိုတာလား၊ ပြီးတော့ သူမက ဟောကိန်းထုတ်နိုင်သေးတယ်။
ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ သူမပဲ ကြားရတာ၊ သူမအမေရော အဘွားပါ မကြားရဘူးဘဲ။ သူတို့တွေ ရှီလီရဲ့ စိတ်ထဲကအတွေးတွေကို သိနိုင်တာဆိုတာကို ပေါ်ပေါက်သွားပြီး လူတိုင်းရဲ့ ယုံကြည်ချက်တွေကို သူမ လုံးဝသစ္စာမဖောက်ဘူး။
စုန့်ရင်းသည် မျက်နှာအမူအရာကို ပြင်လိုက်သဖြင့် အစောပိုင်းတုန်းကလောက် ထိတ်လန့်သည့်ပုံ မပေါ်တော့။
ဟုန်ယန်က သူမကို စူးစိုက်ကြည့်လာပြီး“အပေါ်ထပ်တက်ပြီး အိမ်စာလုပ်တော့မှာ မဟုတ်ဘူးလား။ နင်အခု ဘာလုပ်နေတာလဲ”
ရှီအဘွားသည် သူမ၏ မြေးအရင်းမဟုတ်သော်လည်း ကလေးကို ဆူငေါက်နေသောဟုန်ယန်ကို သည်းမခံနိုင်တော့ပေ။ သူမ ဝင်မပြောဘဲ မနေနိုင်တော့ “ဘာလို့ ကလေးကိုဆူနေတာလဲ။ ဘယ်လိုအမေလဲ မသိဘူး”
ဘယ်လိုအမေလဲ မသိဘူး။
စုန့်ရင်း၏ မျက်လုံးရှေ့တွင် ထိုဝေဝါးသောစကားတစ်ခွန်းကို မြင်ယောင်လာသည့်ပုံပင်။ ဟုန်ယန်က သူမ၏ အမေရင်းဆိုသည့်အပေါ်တွင် ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးပေ။
သူမအမေ၏ အပြုအမူက သာမန်အမေနှင့်သမီးကြားက ဆက်ဆံရေးနှင့် အမြဲတမ်း ကွဲပြားခဲ့ပြီး ချစ်ခင်တယ်ဆိုတာထက် ရုတ်ရင်းကြမ်းတမ်းသော စကားတွေဖြင့်သာ မကြာခဏ ပြည့်နှက်နေတတ်တာပင်။
ဘယ်သူကမှ သူတို့၏ မိဘတွေကို မရွေးချယ်နိုင်ကြပေ။
အချို့မိဘတွေက သူများတွေကို ဆိုးဆိုးရွားရွား ဆက်ဆံသော်လည်း သူတို့ကလေးတွေကိုတော့ ချစ်ခင်ကြပြီး သူတို့၏ ကလေးတွေကိုနှိပ်စက်ကြသည့် မိဘတွေက ပိုပြီးတောင်များပြားသေးသည်။
သူတို့၏ ကလေးတွေကို မကြာခဏ ရိုက်နှက်အော်ဟစ်သော အနှီမိဘတွေနှင့် ယှဉ်ကြည့်ပါက သူမ၏အမေသည် သူမအား နှုတ်ရေးဖြင့်သာ စော်ကားတာကြောင့် ဟုန်ယန်ကို အမေကောင်းတစ်ယောက်ဟု ယူဆနိုင်သည်။
မွေးကင်းစ ကလေးတွေအတွက် သူတို့နှင့် အရင်းနှီးဆုံးသူမှာ မိဘတွေဖြစ်ပြီး စုန့်ရင်းမှာသူ့အမေဆီက မိခင်မေတ္တာကို မရရှိခဲ့သည့်အတွက် မကြာမကြာ နောင်တရမိသည်။
၎င်းက ကိစ္စကြီးမဟုတ်ဘဲ၊ မိဘတိုင်းက သူတို့ကလေးတွေကို မချစ်ဘူးဟု သူမကိုယ်သူမ မကြာခဏ နှစ်သိမ့်ခဲ့ရသည်။
သို့သော်လည်း သူမ နှလုံးသားထဲကို ဆက်တိုက်စူးစေသော ဆူးတစ်ချောင်းကတော့ ရှိစမြဲပင်။
ဒါပေမဲ့ ဟုန်ယန်က သူမရဲ့ အမေရင်း မဟုတ်ဘူးလား။
104 02
တကယ်တော့ ဟုန်ယန်က သူမရဲ့ အမေရင်းမဟုတ်ဘူးလို့ ရှီလီပြောလိုက်တာကို ကြားရချိန်မှာ အမှန်တကယ်တော့ စုန့်ရင်း စိတ်သက်သာရာ ရသွားသည်။
သူမမိဘတွေက ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ သူမ ငယ်ငယ်လေးတုန်းက ဘေးအိမ်တွင်နေသော မိသားစုသုံးယောက်လိုမျိုး သူမအား အနည်းငယ် ပိုကောင်းအောင် ဆက်ဆံပေးမှာကိုဘဲ စုန့်ရင်း မျှော်လင့်သည်။
ဟုန်ယန်က စံအိမ်ဟောင်းမှ လူတိုင်းနှင့် အိမ်ဖော်ဖြစ်သည့် အစ်မကွေ့ကိုတောင်မှ အလွန်လေးစားမှုရှိသည်။
စံအိမ်ဟောင်းတွင် ဘယ်သူ့ကိုမှ ပြန်မပြောရဲသော်လည်း သူမ၏သမီးကိုတော့ လွတ်လွတ်လပ်လပ် စော်ကားလို့ရလေသည်။
ဟုန်ယန်၏ မျက်နှာမှာ အနည်းငယ် ကသိကအောက်ဖြစ်သွားပြီး ပူပန်မှုက သူမမျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။ “အမေရယ် ဘယ်လိုပြောလိုက်တာတုန်း။ ကျွန်မက ဒီကလေးမရဲ့အမေရင်းပါ၊ သံသယဖြစ်စရာ မလိုပါဘူး။ သူမကို နည်းနည်းပါးပါး ဆူငေါက်တယ်ဆိုတာကလည်း သူမ ကောင်းဖို့ချည်းပါ၊ သူမ တိုးတက်လာဖို့ကို မျှော်လင့်လို့ပါပဲ”
ရှီအဘွားက နှာခေါင်းရှုံ့ကာ “မလိမ္မာလို့ ကလေးကို ဆုံးမတာလား။ အဲဒါအားလုံးက ခေတ်နောက်ကျတဲ့ အတွေးအခေါ်တွေ။ ကလေးတစ်ယောက်ကို ဆက်တိုက်ဆူနေရင်သူတို့ရဲ့ ယုံကြည်ချက်တွေ နည်းပါးကုန်လိမ့်မယ်။ စုန့်ရင်းက တတိယရဲ့သမီးဆိုမှတော့၊ငါက သူမရဲ့ အဘွားဘဲ၊ ငါ့မှာ သူမကို သွန်သင်နိုင်ခွင့် ရှိတယ်။ နင်နဲ့ တတိယနဲ့ စံအိမ်ဟောင်းမှာ နေသရွေ့ကတော့၊ ဒီကလေးကို ထပ်ပြီးဆူပိုင်ခွင့် မရှိတော့ဘူး။ မဟုတ်ရင် နင်နဲ့တတိယ အထုပ်အပိုးတွေ သိမ်းပြီး ထွက်သွားကြ”
ရှီလီက တခစ်ခစ်ရယ်ကာ “ဘွားဘွား၊ မှားနေပြီ။ ဦးလေးနဲ့ မစ္စဟုန်တို့ ဒီမှာလာနေတုန်းက ဘာမွေ့ရာမှ မယူလာကြဘူးလေ။ သမီးတို့မိသားစုရဲ့ ပစ္စည်းတွေကိုပဲ သုံးနေကြတာ။ သူတို့ထွက်သွားရင် သမီးတို့ ပစ္စည်းတွေကိုယူသွားခိုင်းလို့ မဖြစ်ပါဘူးနော်”
ရှီအဘွားက ရယ်ချင်စိတ်တွေ ပြည့်နေသောမျက်လုံးတို့ဖြင့် ရှီလီကို ကြည့်လိုက်သည်။ ဒီပြဿနာမလေးကတော့လေ။
“သမီးမှန်တယ်။ ဘွားဘွား အမှားလုပ်မိသွားတာပါ။ သမီးရဲ့ တတိယဦးလေးနဲ့ မစ္စဟုန်က အထုပ်အပိုးတွေ ပြင်စရာမလိုဘဲ ချက်ချင်းတန်းပြီးထွက်သွားလို့ရတယ်”
ဟုန်ယန်၏ ဖြူဖျော့နေသော မျက်နှာမှာ ရှက်သွေးဖြန်းသွား၏။ ထိုအခိုက်အတန့်တွင် ဦးလေးရှီအငယ်ဆုံးက အလုပ်ကနေ အိမ်ပြန်ရောက်လာတော့သည်။
သူသည် နေ့တိုင်းလိုလို အလွန်အမင်း အလုပ်ချိန်တင်းကြပ်နေသည့် အပျင်းကြီးသူတစ်ဦးပင်။ အဆက်အသွယ်တွေကြောင့်သာ အလုပ်ရခဲ့သော်လည်း သူ့လစာကတော့ ထိုအပေါ်မှာ မူမတည်နေပေ။ ကုပ္ပဏီမှ ပုံမှန်အလုပ်သမားများ၏ တစ်ဝက်သာရှိပြီးအခွန်နှုတ်ပြီးလျှင် ယွမ် 5,000 သာရှိသည်။
ဒါပေါ့၊ သူ့လုပ်အားနှင့် လစာက အချိုးတူသဖြင့် လက်တွေ့ကျကျပြောရရင် မဖြစ်စလောက်ပင်။
ကုမ္ပဏီတွင် ဦးလေးရှီအငယ်ဆုံး၏ ရာထူးမှာအခြေခံအားဖြင့် အသုံးမဝင်သော အားယားနေသည့်လူနှင့် အတူတူပင်ဖြစ်၏။
ဤသည်မှာ ဦးလေးရှီအကြီးဆုံး၏ သူ့အမေအပေါ် လိုက်လျောပေးထားခြင်းပင်။
သို့ပေတည့် ဟုန်ယန်ကတော့ မကျေနပ်ပေ။ သူမက အထက်တန်းကျောင်းအောင်ကာ အလုပ်အကိုင် အတွေ့အကြုံမရှိဘဲ အခုဆိုရင်သက်လတ်ပိုင်းအရွယ်တောင် ရောက်နေလေ ပြီ။ အကယ်၍ သူမ အပြင်ထွက် အလုပ်လုပ်မည်ဆိုရင်တောင် ပင်ပန်းပြီး လစာနည်းသည့်သန့်ရှင်းရေး သို့မဟုတ် ငွေကိုင်ကဲ့သို့သောအလုပ်မျိုးကိုသာ ရှာဖွေနိုင်လေသည်။
ဟုန်ယန်က ယခုလိုအလုပ်မျိုးကို လုံးဝလုပ်မှာ မဟုတ်သော်လည်း ဦးလေးရှီအငယ်ဆုံး၏လစာက အလွန်နည်းပါးလွန်းသည်။
အစကတော့ သူမသည် ၎င်းက သူတို့မိသားစုပိုင်ကုမ္ပဏီ ဖြစ်တာကြောင့် ညီငယ်ဖြစ်သူအတွက် အေးဆေးပြီး လစာကောင်းသော ရာထူးကို စီစဉ်ပေးလိမ့်မည်ဟု တွေးကာ ဦးလေးရှီအငယ်ဆုံးကို အိမ်ပြန်ရန် ဖျောင်းဖျခဲ့လေသည်။
ခယ်မဖြစ်သော သူမကိုလည်း အလုပ်ကောင်းတစ်ခု ပေးသင့်လေသည်။ အကယ်၍သာ လင်မယားနှစ်ယောက်၏ လစဉ်လစာကိုပေါင်းကြည့်ပါက ယွမ် 100,000 ပြည့်လျှင်စံအိမ်ဟောင်းတွင် နေရသလို ကျဉ်းကျပ်မှုကို သည်းခံစရာ မလိုတော့ဘဲ သူတို့ဘာသာ အိမ်ခွဲပြီး နေထိုင်လို့ရသည်။ လုံးဝဆန်းပြားသော အရာတွေကိုလည်း သူမ ကြိုက်သလောက် ဝယ်ယူလို့ရလေပြီ။
104 03
ဖြစ်ချင်တော့ သူမယောက်ျား၏ လစာကယွမ် 5,000 သာရှိပြီး သူ၏ တစ်နှစ်စာလစာငွေမှာ သူမဖို့ လက်ကိုင်အိတ်တစ်လုံး ဝယ်ပေးဖို့တောင် မလုံလောက်ပေ။
ဦးလေးရှီအငယ်ဆုံး၏ လစာက နည်းသော်လည်း အလုပ်စောစောတော့ ဆင်းရသည်။
ဦးလေးရှီအကြီးဆုံးက ကုမ္ပဏီတွင် အချိန်ပိုဆင်း၍ အစည်းအဝေးတွေ တက်နေချိန်မှာ ဦးလေးရှီအငယ်ဆုံးကတော့ အိမ်ကိုတောင် ရောက်နှင့်နေလေပြီ။
သူဝင်လာတော့ အခန်းထဲက ထူးဆန်းသောလေထုကို အာရုံခံမိသဖြင့် မေးမြန်းကြည့်လိုက်သည်။ “အခု ဘာဖြစ်နေကြတာလဲ”
ရှီလီက ပြုံးကာပြောလိုက်၏။ “ဘာမှတော့မဟုတ်ပါဘူး။ မစ္စဟုန်က ကလေးကို သွန်သင်နေတာ အရမ်းတင်းကြပ်နေတော့၊ အဘွားကကလေးရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပေါ် ထိခိုက်သွားမှာစိုးလို့ မစ္စဟုန်ကို ကလေးကို သင်ကြားပေးရင် ညင်သာပေးဖို့ အကြံပေးနေတာပါ”
ဒီကောင်မလေးက အဖြစ်မှန်ကို ဘယ်လိုလိမ်ပြောရမယ်ဆိုတာ သိသားပဲ။ အဲစကားက အမျိုးသမီးကြီးပြောတာ ဟုတ်လို့လား။ အင်းပါလေ၊ အမျိုးသမီးကြီးရဲ့ စကားတွေက အဲဒီသက်ရောက်မှုနဲ့ နည်းနည်းဆင်တာတော့သူမ ဝန်ခံရမှာပဲ။
ဒါပေမဲ့ လေသံကတော့ လုံးဝမတူဘူး။ အမျိုးသမီးကြီးက သူမကို အထုပ်သိမ်းပြီး ထွက်သွားဖို့ ပြောလိုက်တယ်လေ။ ဘာလို့များ ဒီကောင်မလေးက အဲ့အပိုင်းကို မြိုချထားရတာတုန်း။
“ဘယ်လိုပဲဖြစ်ဖြစ် စုန့်ရင်းဆိုတာ သူမရဲ့ သမီးရင်းလေ၊ သူမရဲ့ အသွေးအသား၊ ရန်သူမှ မဟုတ်တာ။ ဦးလေး သဘောမတူဘူးလား”
ရှီလီ၏ “သမီးရင်း” “ရန်သူမှ မဟုတ်တာ” ဟူ၍ထပ်တလဲလဲ ပြောဆိုနေခြင်းက ဟုန်ယန်၏မျက်ခမ်းစပ်များကို လှုပ်သွားစေသည်။
အပြစ်ရှိစိတ်ရှိသော လူတွေက ယခုလိုစကားတွေကို မကြားချင်ကြပေ။
ဟုန်ယန်က သူမလုပ်ခဲ့သမျှဟာ ဟာကွက်မရှိ၍ ဘယ်သူမှ ရှာတွေ့မသွားသည့်အပေါ်မှာ တစ်ရာရာခိုင်နှုန်း သေချာလေသည်။
အကယ်၍ တစ်ယောက်ယောက်က ရှာတွေ့သွားရင်တောင် အဲ့လူက သူမနဲ့ အဆက်အဆံ မရှိတဲ့ ရှီလီဆိုတာ မဖြစ်နိုင်ဘူး။
သူမ အဲဒီကိစ္စတွေကို လုပ်ခဲ့တုန်းက ရှီလီက မွေးကင်းစပဲ ရှိသေးတယ်၊ သူမကလည်း ရှီမိသားစုရဲ့ တတိယနှင့်တောင် မဆုံသေးဘူး။
အဲဒါကြောင့် ရှီလီ လုံးဝသိမှာမဟုတ်ဘူး။ တကယ်လို့ ဒီကောင်မလေး သိသွားတယ်ဆိုရင်တောင် အခုဆိုရင် ဒီကိစ္စက ဟိုးလေးတကျော်ကျော် ဖြသ်နေလောက်ပြီ၊ ဒါပေမဲ့ အဲ့လိုမှ မဖြစ်လာတာ။
ဒီကောင်မလေးရဲ့ စကားတွေက တိုက်ဆိုင်ရုံသက်သက်ပါလို့ ဟုန်ယန် တွေးလိုက်၏။
သူ့မိန်းမ၏ မယားပါသမီးအပေါ် သဘောထားက မလျော်ကန်ဘူးလို့ ဦးလေးရှီအငယ်ဆုံး ခံစားမိနေခဲ့တာ ကြာလှလေပြီ။ သူသည် ဤအခွင့်အရေးကို အသုံးချကာ ပြောလိုက်၏။ “ကိုယ့်အမေပြောတာ မှန်တယ်။ အမေရင်းနဲ့သမီးကြားမှာတောင် အပျက်သဘောတွေ ဆက်တိုက်ဖြစ်နေရင် ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်တယ်။ မင်း ရင်းကို တကယ်ပိုပြီးညင်သာပေးသင့်တယ်”
ဟုန်ယန် ဆက်ပြီးသည်းမခံနိုင်တော့ပေ။ ဒီနေ့ကျမှ ဒီမိသားစုက ဘာဖြစ်နေတာလဲ။ ဘာလို့ အမေရင်းနဲ့ သမီးခေါင်းစဉ်ကိုပဲ ပြောနေကြတာတုန်းလို့။ ဟုန်ယန်မှာ အပြစ်ရှိသလို ခံစားလိုက်မိပြီး သူမ၏ ခင်ပွန်းနှင့် အမျိုးတွေကို နှစ်သိမ့်လိုက်သည်။ “ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျွန်မ သိပါပြီ။ ကျွန်မ နောက်ကျရင် ပြောင်းလဲပါ့မယ်”
ညစာစားပြီးနောက် စုန့်ရင်း သူမ၏အခန်းထဲ ပြန်သွားလိုက်သည်။
ဗလာဖြစ်နေသော လေ့ကျင့်ခန်းစာအုပ်ကို ကြည့်နေရင်း အချိန်အတော်ကြာသည်အထိ သူမ စာမရေးနိုင်သေးပေ။
104 04
ယနေ့ညတွင် ရှီလီ၏ စကားနှစ်ခွန်းက သူမအပေါ်ကို သက်ရောက်မှု ကြီးစေခဲ့သည်။ ဒီသတင်းကို သူမ ဘယ်လိုဆောင်ရွယ်မယ်။ သူမ ဘာလုပ်သင့်တယ်ဆိုတာကို မသိချေ။
ဤအခိုက်၌ ယနေ့တွင် အတန်းပိုင်နှင့် အတန်းခေါင်းဆောင်တို့ ပြောခဲ့တာကို သူမ မှတ်မိသွား၏။ နင်ဖြေရှင်းလို့မရတဲ့ အခက်အခဲတွေနဲ့ကြုံလာရင်၊ အတန်းဖော်တွေကို အကူအညီ တောင်းလို့ရတယ်။
ဖန်သားပြင်ပေါ်တွင် သူမ တုံ့ဆိုင်းစွာဖြင့်စာတစ်ကြောင်းကို ရိုက်လိုက်တော့သည်:[ငါ့မှာ မေးစရာရှိလို့၊ ဒါပေမဲ့ မေးသင့်လားတော့ မသိဘူး]
တစ်စုံတစ်ယောက်က ရုတ်ချည်းပင် ပြန်ဖြေလာသည်။ [တုံ့ဆိုင်းမနေနဲ၊့ မေးလေ]
စုန့်ရင်း ပြောလိုက်၏: [ငါဒီနေ့ အိမ်ပြန်ရောက်တော့၊ နင်တို့ပြောတဲ့ ရှီလီရဲ့ စိတ်ထဲက အတွေးဆိုတာကို ကြားလိုက်မိတယ်ထင်တယ်]