← Chapters

အခန်း (၁၀၅-၁၀၈)

Vol. 6 Ch. 105-108

အခန်း (၁၀၅-၁၀၈)

Vol. 6 Ch. 105-108

105 01

အခန်း ၁၀၅: နင့်ရဲ့ မိဘ‌ရင်းတွေက နွားအိုကြီးတွေ

အတန်းဖော်များ ဖုန်းတွေကို ပွတ်ဆွဲလိုက်‌တော့ စုန့်ရင်း၏ မက်ဆေ့ခ်ျကို သဘာဝကျကျဘဲ မြင်လိုက်ရတာကြောင့် လူတိုင်းသည် သူတို့၏ပြောင်ါးဖူးပေါက်ပေါက်များကို ကိုင်ထားကာ အရည်ရွှမ်းသော အတင်းအဖျင်းအတွက် အသင့်ဖြစ်လို့ နေကြသည်။

အချိတ်အဆက်ရှိဖို့က တကယ်ပေးဆပ်ရတာပဲ။ ရှီလီ၏ မိသားစုတွင် လျှို့ဝှက်သတင်းပေးနှင့်တူသော အတန်းဖော်တစ်ယောက် ရှိနေတာကြောင့် ရှီလီ အိမ်ပြန်သွားရင်တောင် သူမနှင့်ပတ်သက်သည့် သတင်းတွေကို သူတို့ လက်လွှတ်လိုက်ရတော့မှာ မဟုတ်ပေ။

[အဲ့လိုလား။ နင် ဘာသတင်းတွေ ကြားထားလို့လဲ။ ငါတို့ကို ဝေမျှဦး]

ဤစာကို ပို့လိုက်သူ အတော်လေး ညစ်တီးညစ်ပတ်ဆန်သော အီမိုဂျီကို သုံးလိုက်၏။

[အဲဒါက ငါနဲ့ ပတ်သက်နေတာ။ ငါ ဘာလုပ်ရမယ်မှန်း မသိတော့ဘူး၊ အဲဒါကြောင့်မို့လို့ လူတိုင်းဆီက အကြံဉာဏ် လာတောင်းတာ]

သူမ၏ အတန်းတွေက သူမကို စိတ်ပူစေသည့်အရာကို စပ်စုနေတာလားဆိုတာ စုန့်ရင်း မသိသော်လည်း အကယ်၍ သူမ ပြောပြီးမှထိုလျှို့ဝှက်ချက်မှာ စိတ်ဝင်စားစရာ မကောင်းဘူးလို့ သူတို့ထင်သွားခဲ့ပါက လူတိုင်း၏ အချိန်ကို အလကားမဖြစ်စေရန် သူမ ကြိုတင်ပြောပြထားရမှာပင်။

သူမ မသိတာကတော့ အတင်းအဖျင်းနှင့်ပတ်သက်လာလျှင် သုမ၏ အတန်းဖော်တွေက လုံးဝဆင်ခြင်ခြင်း မရှိကြဘူးဆိုတာပင်။ ဘယ်သူ့အကြောင်းပဲဖြစ်ဖြစ်၊ ဘာအကြောင်းပဲဖြစ်ဖြစ် သူတို့က အတင်းအဖျင်းအားလုံးကို ညီတူညီမျှ ဆက်ဆံကြတာချည်းသာ။

ဒါ့အပြင် ဤကိစ္စ၏ သက်ရောက်မှုကို သူမနားလည်မှုလွဲသွားခဲ့၏။

[ရှီလီရဲ့ လေသံအရကတော့၊ ငါ့ရဲ့ လက်ရှိအမေက အမေရင်း မဟုတ်ဘူးထင်တယ်]

လူတိုင်း: ...

လူတိုင်းမှာ ပြန်လည်အသိဝင်ပြီး နှစ်သိမ့်ပေးရမည့်မက်ဆေ့ခ်ျကို ဘယ်လိုရေးရမယ်မှန်း စဉ်းစားနေချိန်မှာပင် စုန့်ရင်း၏ ဒုတိယမက်ဆေ့ခ်ျက ထပ်မံရောက်ရှိလာသည်။

သူမ ပြောလိုက်သည်: [ငါက သုံးနှစ်အတွင်းသေသွားမှာတဲ့]

လူတိုင်း: …

ဒါ… ဒါမျိုးကို သူတို့ ဘယ်တုန်းကမှ မကြုံတွေ့ဖူးတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အရင်ကလည်း ရှီလီက တစ်ယောက်ယောက်သေဆုံးတာနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်ဖူးပြီး ဝေ့ယီ၏ အဖေလေ။ ဒါပေမဲ့ အဲ့လူအိုကြီးက အပြင်ဘက်မှာ မယားငယ်တွေ အများကြီးထားထားလို့ သူ တစ်ခုခု‌ဖြစ်တော့ လူတိုင်းက ဝမ်းသာအားရတောင် ဖြစ်ကြသေးတယ်။ ဘယ်သူကမှ အဲ့လိုဖြစ်လာမှာကို မတားဆီးသလို၊ သူ့အတွက် ဝမ်းမနည်းကြဘူး။

ပြီးတော့ အတန်းခေါင်းဆောင်ရဲ့ အဖေနဲ့ပတ်သက်ခဲ့တဲ့ အချိန်လည်း ရှိခဲ့ဖူးတယ်။ အဲဒီဟောကိန်းတွေက အတန်းဖော်တွေရဲ့ဆွေမျိုးတွေ ရင်ဆိုင်လာရမဲ့ မတော်တဆမှုတွေနဲ့ ပတ်သက်နေခဲ့တယ်ဆိုပေမဲ့ အ‌တန်းဖော်တွေ ပွဲချင်းပြီးသေဆုံးမှာကို မဆိုထားနဲ့ ‌မတော်တဆမှု ဖြစ်လာတာမျိုးကိုတောင် မကြုံတွေ့ခဲ့ဖူးဘူးလေ။

အတန်းထဲက နည်းဗျူဟာအရှိဆုံး အတန်းခေါင်းဆောင်တောင် ပြောစရာစကား မဲ့သွားရ၏။ သူမကို ဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းဆိုတာ မသိတော့ချေ။

လူတိုင်းမှာ ဘာလုပ်ရမယ်မှန်း မသိ‌ကြတော့။ အတန်းခေါင်းဆောင်က တစ်တန်းလုံး၏အမေတစ်‌ယောက်လို ဖြစ်နေတာကြောင့်'ပြဿနာတက်ရင်၊ အတန်းခေါင်းဆောင်ကိုရှာ’ဟူသော နိယာမအတိုင်း၊ လူတိုင်းသည် သူ့အား မက်ဆေ့ခ်ျပို့လိုက်ကြပြီး စုန့်ရင်းကို မြန်မြန်နှစ်သိမ့်ပေးဖို့ တိုက်တွန်းကုန်ကြသည်။

အတန်းခေါင်းဆောင်: ငါ့ကို ယုံကြည်ပေးတဲ့အတွက် တကယ်ကျေးဇူးတင်တယ်။

အတန်းခေါင်းဆောင်၏ အထက်တွင် အတန်းပိုင်ရှိသဖြင့် အတန်းဖော်တွေ၏ယုံကြည်မှုကို အတန်းပိုင်ဆီ လွှဲပြောင်းပေးဖို့ သူတွေးလိုက်သည်။

စုန့်ရင်းအား နှစ်သိမ့်ပေးပါရန် အတန်းပိုင်ကို တိုက်တွန်းတော့မည့် မက်ဆေ့ခ်ျကို ပို့တော့ မည့်အခါ၌ စကားပြောခန်းကို ဖွင့်ဖွင့်ချင်းမှာတင် သူ့အား စုန့်ရင်းကို နှစ်သိမ့်ပေးရန်အတွက် တိုက်တွန်းနေကြသည့် လူတွေထဲတွင် သူလေးစားရသော အတန်းပိုင်ပါ ပါဝင်နေတာကို မြင်လိုက်ရတော့သည်။

105 02

အတန်းခေါင်းဆောင်မှာ လုံးဝကို ပြောစရာ မဲ့သွားရတော့၏။ ဆရာက အတန်းပိုင်လေ၊ဒီလိုအရေးကြီးတဲ့ တာဝန်မျိုးကို ဘယ်လိုဖြစ်လို့ ကျောင်းသားတစ်ယောက်ဆီ လွှဲပြောင်းလိုက်ရတာလဲ။ တကယ်ရော အဆင်ပြေရဲ့လား။

အသုံးမကျသော အတန်းပိုင်ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ စုန့်ရင်းကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာအား သူ့ဘာသာသူပဲ အကြံထုတ်ရတော့၏။

အချိန်အတော်ကြာ ရေးလိုက်၊ ဖျက်လိုက် လုပ်ပြီးတော့မှ စာတစ်ကြောင်းကို ပေးပို့လိုက်သည်။

[အဲ့တုန်းက ရှီလီ ပြောခဲ့တာတွေကို အသေးစိတ် ပြန်ပြောပြလို့ရမလား]

၎င်းမှာ သူစပ်စုနေခြင်း မဟုတ်ပေ၊ ရှီလီဆီက အချက်အလက်တွေကိုသုံး၍ အတန်းကို ကူညီပေးရာတွင် ကံဆိုးမှုကို ရှောင်ကွင်း၍ ကံကောင်းခြင်းကို ဆုပ်ကိုင်နိုင်ရန် အတွက်သာ။

အတန်းခေါင်းဆောင်က စုန့်ရင်းကို အလွန်တရာ ယုံကြည်နိုင်လောက်‌သည့် အမြင်အား ပေးစွမ်းထားသဖြင့် သူ့စကားတွေက အနည်းငယ် စပ်စုသလိုဖြစ်လာချိန်မှာ သူမ အများကြီးမတွေးခဲ့ပေ။

ရှီလီ၏ မူလစကားတွေကို သူမ အကြမ်းဖျင်း ပြန်စဉ်းစားကြည့်လိုက်သည်။ [ငါ နောက်ထပ် နှစ်နှစ်ကျော်ကျော်လောက်ဘဲ နေရတော့မယ်လို့ ရှီလီပြောတယ်၊ ငါ့ရဲ့ မိဘရင်းတွေကလည်း ငါ့ကို လာရှာလိမ့်မယ်တဲ့]

စကားပြောခန်းထဲတွင် ပုန်းလျှိုးနေသောအခြားသူများ: ရှီလီကတော့ ထင်ထားတဲ့ အတိုင်းပဲ၊ အဲဒီစကားထဲက အချက်အလက်ပမာဏကို ကြည့်စမ်းပါဦး။ တစ်ခွန်းတည်းနဲ့ ဗုံးအခွံနှစ်ခုကို ပစ်ချပစ်လိုက်တာ။

['မွေးစားအမေရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်တဲ့နဂါးဘုရင်ရဲ့ ပြန်လာခြင်း ဇာတ်အ‌ပြောင်းအလဲအတွက် အသင့်ပြင်ထားရမယ်' လို့လည်း ပြောသေးတယ်]

[အဲဒါ ဘာပြောတာလဲတော့ ငါမသိဘူး]

စကားပြောခန်းထဲတွင် ပုန်းလျှိုးနေသောစွင်းယိလင်မှာ မနေနိုင်တော့ဘဲ စာပြန်လိုက်၏:[နင်ဘယ်လိုလုပ် အဲဒါကို နားမလည်ရတာလဲ။ နင်နားလည်သင့်တယ်လေ၊ ဟုတ်တယ်မလား။ ဂုဏ်ယူပါတယ်၊ ညီအစ်မရေ၊ နင့်ရဲ့မိဘရင်းတွေက တကယ့်ကို အင်အားကြီးလောက်တယ်!]

အခြားသူများ‌မှာ သူမဆီ အပြေးသွားပြီး စကားမပြောခင် စဉ်းစားကြည့်ဟူ၍ ပြောနိုင်ဖို့ ဆုတောင်းနေကြ၏။ စုန့်ရင်းရဲ့အမေက မွေးစားအမေ ဖြစ်နေတယ်၊ သူမကလည်း နှစ်နှစ်အတွင်း သေတော့မှာ။ ဘယ်လိုလုပ်ပြီး ဂုဏ်ယူစရာဖြစ်နေတာတုန်း။

စွင်းယိလင်မှာ ပိုပြီးစဉ်းစားတွေးခေါ်တတ်ဖို့ နောက်ကွယ်တွင် အတန်းဖော်တွေဆီက အဆူခံလိုက်ရတော့သည်။ သူမမှာ မှားယွင်းသလို ခံစားလိုက်ရပြီး စုန့်ရင်းရဲ့ မိဘရင်းတွေက မွေးစားအမေရဲ့မျက်နှာကို ဖြတ်ရိုက်ပစ်မယ်ဟူသော စကားကို ပြန်စဉ်းစားကြည့်လိုက်၏။ တကယ်လို့ မွေးစားအမေကသာ သူမကို ကောင်းကောင်းဆက်ဆံရင် ဘာလို့ ရှီလီက“မျက်နှာကို ဖြတ်ရိုက်တယ်” ဆိုတဲ့ စကားကိုပြောခဲ့တာလဲ။ သူမအမေက သူမကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့ဘဲ ဖြစ်ရမယ်။

နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံတဲ့အမေက မွေးစားအမေဖြစ်လာတယ်၊ မွေးစားတဲ့ အကြောင်းရင်းကလည်း မရှင်းလင်းဘူး၊ပြီးတော့ မိဘရင်းတွေကလည်း အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်နေသေးတယ်။ ဒီဟာနဲ့တင်ကိုဂုဏ်ယူဖို့ မထိုက်တန်ဘူးလား။

သူမရဲ့အတန်းဖော် ပြောလိုက်တဲ့ စုန့်ရင်းက နှစ်နှစ်အတွင်း သေနိုင်ခြေရှိတယ်လို့ ပြောတာကိုတော့ လုံးဝစိုးရိမ်စရာ မလိုဘူး။ ဘေးနားမှာ ရှီလီရှိနေရင် ဘယ်လိုမဆော်တဆမှုမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။

အတန်းခေါင်းဆောင်ရဲ့အဖေ ဖြစ်သွားသလိုပေါ့။ သာမန်ဆို မတော်တဆ ဖြစ်သွားနိုင်တယ်ဆိုပေမဲ့၊ အဆုံးကျတော့ ရွှီရွှယ်ကျားရဲ့အမှိုက်ထုပ် အဖေပဲ မတော်တဆ ဖြစ်သွားရတာ။

ဒီလိုကိစ္စလေး‌ကို အလေးအနက်ထားစရာ မလိုဘူး။

စွင်းယိလင်၏ ဂရုမဲ့သော စကားတွေကို ကြားလိုက်ရတော့၊ သူမရဲ့ အတန်းဖော်မှာ ဘယ်လိုတုံ့ပြန်ရမယ်မှန်း မသိတော့ဘဲ[နင်ပြောတာလည်း ဟုတ်တယ်] ဟူ၍သာ ပြောလိုက်နိုင်သည်။

105 03

စွင်းယိလင်လည်း အတော်လေး အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိတာကြောင့် ဤတိကျသောရှင်းလင်းချက်ကို ကော်ပီယူကာ စုန့်ရင်းကို သီးသန့်နှစ်သိမ့်ပေးလိုက်ပြီး စိတ်မပူရန် ပြောလိုက်သည်။

စုန့်ရင်းက တကယ်တော့ သူမ၏သေဆုံးခြင်းကို စိတ်မပူနေပေ၊ သူမက အချက်အလက်တွေနှင့် ရုတ်တရက် ပြည့်လျှံသွားဝာာကြောင့် အနာဂါတ်အတွက် လမ်းစပျောက်သွားသလို ခံစားနေရတာပင်။ သူမ ဘာလုပ်ရမယ်ဆိုတာမသိတော့။

အုပ်စုဖွဲ့ စကားပြောခန်းထဲက လူတွေလည်း သူမကို နှစ်သိမ့်ပေးနေကြပြီး စိတ်အားအထက်သန်ဆုံးကတော့ စွင်းယိလင်ပင်။

စွင်းယိလင်၏ မက်ဆေ့ခ်ျကို သူမ မြင်လိုက်ရတော့ သူမ၏ စိတ်ရှုပ်ထွေးနေခြင်းနှင့်လွင့်မြောနေသော နှလုံးသားမှာ ထူးထူးဆန်း ဆန်း ရုတ်ချည်းပင် ငြိမ်ကျသွား၏။

မှန်တယ်၊ သူမ ဘဝက အတော်လေး ဆိုးရွားနေပြီးသား။

ရှီလီ ဟောကိန်းထုတ်တာက သူမအတွက် ကောင်းတဲ့အရာ ဖြစ်လောက်တယ်။

ဟုန်ယန်က သူမရဲ့ မွေးစားအမေဆိုတော့၊သူမရဲ့ မိဘရင်းတွေက အတော်လေးတော့ ရှိန်စရာကောင်းလောက်တယ်။

နှစ်နှစ်အတွင်း သူမ ရင်ဆိုင်လာရမဲ့သေရေး၊ ရှင်ရေး အရေးအခင်းကတော့အခုဆို သူမ ကြိုသိနေပြီလေ၊ အဲဒါကို ဖြေရှင်းနိုင်ခြေ ရှိတယ်။

တကယ်လို့ မဖြေရှင်းနိုင်ရင်တောင် သူမရဲ့အချိန်တွေကို မဖြုန်းတီးပစ်ဘဲ နေ့ရက်တိုင်းကို အပြည့်အဝ ရှင်သန်သွားလို့ရတယ်။ တကယ်လို့များ တစ်ရက်ရက်မှာ ရုတ်တရက် မျက်စိမှိတ်သွားရင်တောင် သူမ နောင်တရမှာမဟုတ်ဘူး။

လူအများကြီးနဲ့ နှိုင်းယှဉ်ကြည့်ရင် သူမ အရမ်းကံကောင်းတယ်။ သူမ ကြောက်မနေသင့်ဘူး။

နောက်ဆုံးတော့ အတန်းပိုင်မှာ ခေါင်းဆောင်နေရာကို တစ်ခါလောက် ဝင်ယူလာတော့၏။

သူပြောလိုက်၏: [ဒီလိုဆို ငါတို့မှာ ပြဿနာနှစ်ခုကို ဖြေရှင်းဖို့ရှိနေပြီ၊ ငါတို့အတန်းဖော်ဖြစ်တဲ့ စုန့်ရင်းရဲ့ မိဘရင်းတွေကို ကူရှာပေးရမှာနဲ့ သူမရဲ့ သေရေး၊ ရှင်ရေး အခြေအနေကို‌ဖြေရှင်းပေးဖို့ပဲ]

[သေရေး၊ ရှင်ရေးကိစ္စဆိုတော့ ဒုတိယပြဿနာက ပိုအရေးကြီးသွားပြီ]

[ဒီလိုနေရာမှာ နောက်ခံသီချင်းတချို့ကို ငါတို့တွေ လိုအပ်နေပြီ]

[နောက်ခံသီချင်းက ရုတ်တရက်ကြီး ပြင်းထန်သွားတယ်လို့ ခံစားမိနေသလိုပဲ]

စကားလမ်းကြောင်း ပြောင်းသွားတာက ပထမနှစ်ကျောင်းသားတွေ၏ အစဉ်အလာမပြတ်သော အရည်အချင်းပင်။ စုန့်ရင်းမှာ

စကားဝိုင်း ဝေးသထက် ဝေးသွားတာကို ကြည့်နေပြီး ရှက်ရွံ့စွာ ဝင်မေးလိုက်သည်:[တစ်ဆိတ်လောက်၊ ဒါပေမဲ့ ငါ့ရဲ့ သေရေးရှင်ရေးကို ဘယ်လိုဖြေရှင်းကြမှာလဲ]

ပြီးနောက်မှာတော့ သူမ၏ ဖန်သားပြင်တွင် [ရှီလီကိုမေး] ဟူသော စာဖြင့်သာ ပြည့်နှက်သွားတော့သည်။

စုန့်ရင်း: ဟမ်… ငါတို့ကို ဒီလျှို့ဝှက်ချက်ကို ရှီလီဆီကနေ လျှို့ဝှက်ထားရမှာ မဟုတ်ဘူးလား။

******

106 01

အခန်း ၁၀၆: ကျောင်းသားတွေကို အတန်းပိုင်ဘာလုပ်လိုက်တာလဲ

၎င်းကို ရှီလီဆီက လျှို့ဝှက်ထားဖို့ဆိုတာ တကယ့်ကို လိုအပ်ပေသည်။

အခြားကျောင်းသားများဖြစ်သော အထူးသဖြင့် အတန်းဖော်တွေမှာ ရှီလီဆီကနေဘယ်လို သတင်းညှစ်ထုတ်ရမယ်ဆိုတာအား စုန့်ရင်းနှင့် ဝေမျှရတာကို နှစ်သက်နေကြ၏။

အတန်းဖော်တွေ စကားပိုပြောလာတာနှင့်ဖန်သားပြင်ရှေ့တွင် ပျော်ရွှင်စွာ ပြုံးနေမိသောအတန်းပိုင်မှာ ရုတ်တရက် တစ်ခုခုလွဲချော်နေတာကို ရုတ်ချည်း နားလည်လာတော့သည်။ သူက ဆရာတစ်ယောက်လေ၊ ဒီလူရှုပ်လေးတွေနဲ့ ဘယ်လိုဖြစ်ပြီး ကမြင်းကြော ထမိသွားတာလဲ။

အားလုံးက ကျောင်းအုပ်လုရဲ့ အပြစ်တွေချည်းပဲ။ ‌ကျောင်းသားတွေနဲ့ အတင်းအဖျင်း ပြောနေရတော့ သူ့ကိုယ်ပိုင် အထောက်အထားကို လွှဲမှားစွာ ခံယူမိပြီး ကျင့်သားရသွားတာ။

စိတ်ဝင်စားစရာကောင်းသော အတင်းအဖျင်းက အရေးကြီးနေချိန်မှာ သူ့ကျောင်းသားတွေ ရဲ့အနာဂါတ်ကို သူ ပိုပြီး စိုးရိမ်သင့်တယ်။

နေ့တိုင်း ဒီကလေးတွေနဲ့‌ အတင်းပြောနေရတော့ သူတို့က ကျောင်းသားတွေ၊ သူက ဆရာဆိုတာကိုပါ မေ့လုနီးပါးဖြစ်နေပြီ။ သူ့တာဝန်က ကျောင်းသားတွေ စာလုပ်တဲ့နေရာမှာ ကြီးကြပ်ပေးပြီး ပိုကောင်းတဲ့တက္ကသိုလ်တွေဆီ ဝင်ခွင့်ရအောင် ကူညီပေးရမှာ။

ဒီကလေးတွေကို ဆောင်းရာသီပိတ်ရက် မတိုင်ခင်တုန်းက ဆေးခါးကြီး ပေးထားတော့၊ကျောင်းစစဖွင့်ချင်းမှာ ကိစ္စတွေကို အရင်လိုပြန်ဖြစ်စေလို့ မရတော့‌ဘူး။

ထို့ကြောင့် အုပ်ချုပ်သူအနေနှင့် လူတိုင်းအတွက် mute modeကို ဖွင့်လိုက်ကာ ပြောလိုက်သည်:

[မင်းတို့က ကျောင်းသားတွေလေ၊ မင်းတို့ရဲ့လက်ရှိတာဝန်က စာလုပ်ဖို့ဘဲ။ စာကလွဲပြီး ပြင်ပကိစ္စတွေဆို ဆရာတွေပဲ ဖြေရှင်းပေးမယ်၊ ဒီ‌တော့ ဒီလိုကိစ္စမျိုး‌တွေကို မင်းတို့တွေ စိတ်ပူစရာ မလိုဘူး]

“ဆရာ အခုမှပဲ ဒီစကားပြောတော့တယ်။ ဆရာ့ သဘောထားက ပြောင်းလဲတာ မြန်လှချည်လား” ဟု အတန်းခေါင်းဆောင် အတွေးဝင်မိသည်။

အဖွဲ့ပိုင်ရှင်အနေနှင့် ဆရာ၏ ရာထူးကို လေးစားသော‌ကြောင့် အဖွဲ့ထဲကနေ ဆရာကို ထုတ်ပယ်လိုက်တာမျိုး၊ mute လိုက်တာမျိုးကို မလုပ်တော့ပေ။

ဆရာက ကျောင်းသားတွေ၏ အဆင့်တွေကို စဉ်းစားပေးနေတာဟု သူ တွေးလိုက်သဖြင့်ထိုမက်ဆေ့ခ်ျကို မမြင်သလို ဟန်ဆောင်ကာ ၎င်းက အတန်းခေါင်းဆောင် ဆရာကို ပြသနိုင်သော အလေးစားဆုံးအရာပင်။

ဆရာ မက်ဆေ့ခ်ျပို့ပြီးနောက် အုပ်စုထဲရှိမည်သူကမျှ ထပ်မံစကားမပြောလာတော့။ ဤသည်မှာ ဆရာ၏ စကားတွေကို ကျောင်းသားတွေ စိတ်ထဲထည့်လား၊ မထည့်လား ဆိုတာကတော့ မသေချာပေ။

ကျောင်းသားတွေ နားထောင်သည်ဖြစ်စေ၊နားမထောင်သည်ဖြစ်စေ၊ အတန်း၏ လုပ်ဆောင်ချက်တွေကို မြှင့်တင်ချင်‌သော ဆရာ၏ဆန္ဒမှာ အပြောသက်သက်တော့ မဟုတ်။

နောက်တစ်နေ့ ကျောင်းပြန်စတော့ အခုကစ၍ သူတို့အတန်းက တတိယနှစ် ကျောင်းသားတွေ၏ အချိန်ဇယားအတိုင်း လိုက်နာရမှာဖြစ်ပြီး ကျောင်းဆင်းလျှင် ကိုယ်ပိုင်စာကြည့်ချိန်နှစ်ချိန်ကို ပေါင်းထည့်မည်ဟု စင်မြင့်ထက်မှဆရာက ကြေညာလာခဲ့သည်။

ကျောင်းဆင်းလျှင် အခြားသော စာလုပ်ရန် အစီအစဉ်များရှိသည့် ကျောင်းသား‌တွေမှာ မိဘတွေထံမှ လက်ရေးမူကို တင်ပြရန် လိုအပ်ပေသည်။

ဆရာသည် အဆင့်မကောင်းသော ကျောင်းသားတွေကို ဘယ်တုန်းကမျှ မသင်ပြခဲ့ဖူးပေ။ သူက ဤမဖြစ်မြောက်ကို သည်းမခံနိုင်ကာ ယခုနှစ်အတွက် အတန်း၏ ပျမ်းမျှရမှတ်ကို မြှင့်တင်ပေးမည်ဟူ၍ ဆုံးဖြတ်ထားသည်။

ဤစကားတွေကို ကျောင်းစစတက်ချင်း မနက်ခင်းပိုင်း က်ိုယ်ပိုင်စာကြည့်ချိန်တွင် ကြေညာသင့်တာ ဖြစ်သော်ငြား ကျောင်းသူ သစ်တစ်ယောက် ရောက်ရှိလာတာကြောင့် ကြိုဆိုရတာ၊ အတန်းနှင့် မိတ်ဆက်ပေးရတာနှင့် အထူးသဖြင့် ရှီလီကို မိတ်ဆက်ရာတွင် အာရုံစိုက်ခဲ့ရသဖြင့် အလုပ်များနေခဲ့တာပင်။

ကြိုတင်ပြင်ဆင်ထားသော မိန့်ခွန်းကို ကျောင်းစဖွင့်ပြီး ဒုတိယမြောက်နေ့၌သာ ပြောနိုင်တော့၏။

စာသင်ချိန်တွေကို တိုးချဲ့မည်ဟု ဆရာ ကြေညာလိုက်တော့ ကျောင်းသားအများစုမှာ မပျော်ရွှင်ကြ။

106 02

ရှီလီကတော့ စိတ်ထဲမထားချေ။ သူမက ဘယ်လိုပဲဖြစ်ဖြစ် အိမ်စာလုပ်မှာပဲဆိုတော့ ကျောင်းမှာလုပ်တာနှင့် အိမ်မှာလုပ်တာက ကွာခြားမှုမရှိပေ။

သူမဆိုလျှင်ပင် အိမ်မှာထက် ကျောင်းတွင်စာလုပ်ရတာက ပိုပြီးသက်ရောက်မှုရှိသည်။ ကျောင်းတွင် စာလုပ်ရတော့ အိမ်စာတွေ၏စောစောစီးစီး အပြီးသတ်နိုင်လေသည်။

အိမ်ပြန်ရောက်ပါက သူမတွင် ဒရာမာပိုကြည့်ချိန်နှင့် ဝတ္ထုဖတ်ချိန်တွေ ပိုတိုးလာမှာပင်ဖြစ်သည်။

အခြားသော ကျောင်းသားတွေကြား၌ ကောယွမ်ကသာ မူဝါဒအသစ်ကြောင့် သက်ရောက်မခံရသူဖြစ်၏။ ဤစာသင်နှစ်၌ ညနေခင်းတိုင်းတွင် သူမအတွက် အချိန်ပိုအတန်းတွေ ရှိနေဆဲပင်။ သူမအတွက် ပိုမိုလွယ်ကူလာအောင် ပြုလုပ်ပေးနိုင်သော ကိုယ်ပိုင်စာကြည့်ချိန်အတန်းအတွက် မဖြစ်မရေ တက်ရောက်ရေးဝါဒကို ဆရာလုပ်ပေးမှာအား သူမ ပိုပြီးတောင် မျှော်လင့်သေးသည်။

သို့သော် ဤသည်က ဖြတ်ခနဲပေါ်လာ‌သောအတွေးပင်။ ပြီးခဲ့သော စာသင်နှစ်တွင် သူမ၏အဆင့်တွေမှာ ဆယ်နေရာအထိ တိုးတက်လာပြီး ကျောင်းအဆင့်သတ်မှတ်ချက်ကို သိသိသာသာ တိုးတက်လာစေသည်။

အဆင့်တက်လာသည်က အားစိုက်မှု၏အရာထင်လာကာ အရာအားလုံးက ထိုက်တန်တယ်လို့ သက်သေပြလိုက်တာပင်။

ယခင်စာသင်နှစ်တွင် အဆင့်တက်လာခြင်း၏ချိုမြိန်မှုကို မြည်းစမ်းခဲ့ရတော့ သူမ၏အဆင့်တွေကို ပုံမှန်အတိုင်း ဆက်လက် တိုးတက်လာစေချင်သည်။ ထိုအရာကို ရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းမှာ ပြင်းပြင်းထန်ထန် ဆက်တိုက်ကြိုးစားခြင်းပင်ဖြစ်၏။

ကျောင်းအုပ်လု၏ သူ့နေရာကို စိတ်ဝင်စားမှုကြောင့် ဆရာဖြစ်သူမှာ ကျောင်းသားတွေကြား၌ လုပ်ပိုင်ခွင့်ဟူ၍ များများစားစား မရှိသော်လည်း ဤတစ်ကြိမ်တွင် ဘယ်သူကမှ သူ့ကို ပွင့်ပွင့်လင်းလင်း မေးခွန်းမထုတ်လာကြပေ။

အဆင့်ကောင်းလာချင်သည့် ကျောင်းသားတွေကတော့ လူသိရှင်ကြား မဆန့်ကျင်ကြဘဲ တစ်ခန်းလုံးတွင် သူတို့၏ လုပ်ဆောင်ချက်တွေကို မတိုးတက်လာစေချင်သည့်သူဆိုတာ မရှိပေ။

အဆုံးမှာတော့ အတန်းပြန်ခွဲလျှင် ရှီလီနှင့်တစ်ခန်းတည်း ပြန်ကျမည်ဆိုသော ငါးစာမှာ ဘယ်သူ့ကိုမဆို မငြင်းဆန်နိုင်ရန် အလွန်သွေးဆောင်လွန်းနေသည်။

ဒါ့အပြင် ကိုယ်ပိုင်စာကြည့်ချိန်ကို နှစ်ချိန်တိုးလိုက်တာက ရှီလီနှင့် အတူကုန်ဆုံးရမည့်အချိန်ကို တိုးမြှင့်ပေးလိုက်တာကြောင့် သူမ၏ စိတ်ထဲက အတွေးတွေကို ကြားရနိုင်ခြေမှာ ပိုပြီးများလာမည်ဆိုသည့် အဓိပ္ပာယ်ပဲဖြစ်သည်။

အကယ်၍ ရှီလီက အတင်းမပြောရင်တောင် သူမ၏ စိတ်ထဲက အထွန့်တက်တာတွေကို နားထောင်ရတာနှင့်တင် စိတ်ဝင်စားဖို့ ကောင်းလှသည်။ (သူမ အစ်ကိုယွင်ဟယ်အကြောင်း မပြောသရွေ့ပေါ့)

အတန်းပိုင်ပြောသော ကိုယ်ပိုင်စာကြည့်ချိန်တွေက ကျောင်းသားတွေကို စာအုပ်ဖတ်ခိုင်းထားပြီး အိမ်စာလုပ်ခိုင်းရုံသက်သက်တော့ မဟုတ်ပေ။

နှစ်ချိန်စာ အပြည့်ရှိနေမှာပင်။ ပထမအချိန်၌ကျောင်းသားတွေကို အပိုသင်္ချာသင်ခန်းစာတွေပေးပြီး ဒုတိယအချိန်မှာတော့ ကျောင်းသားတွေအား ယခင်သင်ခန်းစာတွေကို ပြန်လည်ကျေညက်စေရန်အတွက် မရှင်းလင်းသည့်နေရာတွေကို သူနှင့်အတူ ပြန်ဆွေးနွေးစေသည်။

ဆရာ‌ သင်ပေးလိုက်သည့် သင်္ချာအကြောင်းအရာက အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။

တတိယနှစ် ကျောင်းသားတွေ၏ အချိန်ဇယားအတိုင်း ပထမဆုံးညတွင် အတန်း၏ တစ်ဝက်လောက်သာ တက်ရောက်ကြပြီး ကျန်သူတွေကတော့ တစ်ဦးချင်း ကျူရှင်ချိန်တွေ ရှိကြ၏။

အတန်းပိုင်က ပထမချိန်တွင် သင်္ချာသင်ပေးမည်ဟူသော စကားတွေ ပျံ့နှံ့သွားချိန်မှာတော့ နောက်တစ်နေ့တွင် ကျောင်းသားသုံးယောက်ကျော်က ရောက်ချလာကြပြီး သူတို့၏ မူလကတစ်ဦးချင်းသင်သော သင်တန်းချိန်တွေကို တစ်နာရီခွဲခန့် နောက်ဆုတ်လိုက်ကြသည်။

ရလဒ်ကတော့ လူတိုင်း မောပန်းကုန်ကြ၏။

106 03

အပိုအခကြေးငွေ မယူသော ဆရာသည် ကျောင်းသားတွေကို စေတနာအလျောက် ညတိုင်း သင်ကြားပေးခဲ့သည်။

ကျောင်းသာတွေ၏ သက်ယူချိန်မှာ တိုးမြှင့်လာကာ သူတို့၏ အိမ်စာလုပ်ချိန်ကလည်း အမှတ်တမဲ့ ကြာရှည်လာတော့သည်။

ရှီလီက အိမ်စာနှင့် ပတ်သက်လာလျှင် ပိုမြန်သော ကျောင်းသားတွေထဲက တစ်ဦးဖြစ်သော်လည်း သူမတောင်မှ အိပ်ရာဝင်ချိန်နာရီဝက် နောက်ကျလာခဲ့သည်။ ၎င်းမှာ သူများတွေ‌ဆို ပိုတောင်ဆိုးလှ၏။

ယခင်က သူမ စိတ်ကူးယဉ်ခဲ့ရသော ဒရာမာတွေ ကြည့်ချိန်နှင့် ဝတ္ထုဖတ်ချိန်ဆိုသည်မှာယခုဆိုလျှင် ပျောက်ကွယ်သွားလေပြီ။

အကယ်၍ နောက်ဘဝသာရှိပါက အထက်အတန်းကျောင်းချိန် အားလုံးကို ကျော်ချပစ် နိုင်ဖို့ သူမ မျှော်လင့်နေမိသည်။

ဤကြမ်းတမ်းသော အထက်တန်းကျောင်းသူဘဝကို သူမက တစ်ဘဝစာထက်ပင် ကုန်ဆုံးခဲ့ရတာပင်။

သူမ၏ အတိတ်ဘဝတုန်းက ဝက်တွေကို သတ်ခဲ့ပြီး ဒီဘဝမှာတော့ သူမ ပြန်လည်မွေးဖွားလာခဲ့သည်။ နောက်ဘဝတွင် သူမကလူတွေကို သတ်ခဲ့ပြီး ဒီဘဝတွင်မူ အထက်တန်းကျောင်းမှာ ပြန်လည်မွေးဖွားခဲ့ရသည်။

ရှီလီ တစ်ဦးတည်း ခံစားနေရတာတော့ မဟုတ်ချေ။ အတန်းထဲက ကျောင်းသားများစွာမှာပထမဆုံး ကိုယ်ပိုင်စာကြည့်ချိန်ပြီးနောက် သီးသန့်ကျူရှင်ဆီ သွားကြရသေးသည်။

ပြီးခဲ့သော စာသင်နှစ်တုန်းက သူတို့သည် အတန်းထဲ၌ အလေလိုက်ခဲ့ပြီး အုပ်စုလိုက် အတင်းတုပ်ရန်အတွက် အ‌တန်းတွေ လစ်ခဲ့ကြသည်။

ဤစာသင်နှစ်မှာတော့ ပြင်းပြင်းထန်ထန် ကြိုးစားသော အဆင့်ကို ကျော်ချ၍ စားဖို့သောက်ဖို့ကို မေ့လျော့သည့်အဆင့်အထိ တန်းတန်းမတ်မတ် ရောက်သွားကြ၏။

အရာအားလုံးက သူမကြောင့်ဆိုတာကိုတော့ ရှီလီ မသိပေ။ အတန်း၏ လုံးဝပြောင်းလဲသွားသော လေထုအခြေအနေကို မြင်လိုက်ရတော့ သူမ လုံးဝကို ထိတ်လန့်သွားရသည်။

“ဝေါင်း၊ ငါတို့အတန်းဖော်တွေကို ဒီလောက် လေးနက်လိမ့်မယ်လို့ ငါမသိခဲ့ဘူး” ရှီလီ တွေးလိုက်၏။

တစ်တန်းလုံးကို ဆရာ ဘာလုပ်လိုက်လဲဆိုတာအား သူမ မတွေးဘဲ မနေနိုင်တော့ပေ။

******

107 01

အခန်း ၁၀၇: ငါ့ရဲ့ကျောင်း၊ နင့်ရဲ့အုတ်ဂူ

ဘာဖြစ်နေတယ်ဆိုတာကို သေချာနားမလည်သေးသော နောက်ထပ်လူတစ်ယောက်မှာ -ကျောင်းပြောင်းလာသော စုန့်ရင်းပင်။ အခန်းတစ်ထဲက စာလေ့လာနေသော လေထုကြောင့်သူမ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။ လူတိုင်းက ဇွဲ့လုံ့လရှိစွာဖြင့် စာလုပ်နေကြပြီး စာလေ့လာမှုအပေါ်ရှိ သူတို့၏ သဘောထားမှာလည်း အတော်လေး ပြင်းထန်နေလျှက် ရှိသည်။

သူမ၏ ယခင်အတန်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤသည်မှာ လုံးဝခြားနားနေသောအဆင့်တစ်ခုကို ရောက်ရှိနေတာဖြစ်သည်။

ဒါပေါ့၊ နှစ်ခုက တကယ်လည်း နှိုင်းယှဉ်လို့မရပေ။

စုန့်ရင်း၏ အဆင့်တွေက ကောင်းမွန်လှပြီး သူမ၏ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲတွင် နိုင်ငံတွင်း၌ အဆင့်တစ် ရရှိခဲ့သူဖြစ်၏။

သူမသည် နိုင်ငံတွင်းက အကောင်းဆုံး အထက်တန်းကျောင်းကို တက်ရောက်နိုင်သော်လည်း စာသိပ်မတော်သော ကျောင်းသားအရင်းအမြစ်တွေရှိသည့် ကိုယ်ပိုင်အထက်တန်းကျောင်းမှာမူ သူမသာ ထိုနေရာတွင် စာသင်ယူဖို့ ရွေးချယ်ခဲ့ပါက သူမ၏ ဝင်ကြေးတွေကို လျှော့ပေါ့ပေးမှာဖြစ်ပြီး နှစ်တိုင်းပညာသင်ကြေး ယွမ် 100,000 ပေးဦးမှာပင်။

မြို့ငယ်လေးတစ်မြို့တွင် ယွမ် 100,000 ဆိုတာ နည်းပါးသော ပမာဏမဟုတ်ပေ။

ပိုက်ဆံအတွက်ကြောင့် ထိုသာမညာင်ညကိုယ်ပိုင်အထက်တန်းကျောင်းသို့ စုန့်ရင်း သွားချင်ခဲ့သည်။

သူမသည် ထိုအတွက်ကြောင့် သူမ၏အမေကိုအမြဲတမ်း နာကျည်းခဲ့ရပြီး နိုင်ငံတွင်းက အကောင်းဆုံး အထက်တန်းကျောင်းကို တက်ရောက်နိုင်သော်ငြား သာမန်လူတစ်ဦးအတွက်ကတော့ ‌ပိုက်ဆံအတွက်ကြောင့် လက်ခံမှဖြစ်မည်ဆိုတာကို သိနေသဖြင့် ဒီတစ်ကြိမ်တွင် တူညီသော အကြောင်းရင်းကြောင့် ဟုန်ယန်၏ ရွေးချယ်မှုကို သူမအပြည့်အဝ ထောက်ခံခဲ့သည်။

သူမမိသားစုက ထိုငွေကို အသည်းအသန် လိုအပ်နေတာဖြစ်ပြီး စာလေ့လာရတာက ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တာကြောင့် မည်သူတစ်ဦးတစ်ယောက်၏ ပတ်ဝန်းကျင်နှင့်မျှ မဆက်နွှယ်ဘူးဟု စုန့်ရင်း ယုံကြည်၏။

ကျောင်းအသစ်၊ အတန်းသစ်ဆီ ရောက်လာတော့မှသာ ဘယ်လောက်တောင် မှားယွင်းနေ လဲဆိုတာ သူမ နားလည်လာတော့သည်။

ကလေးတစ်ယောက်အနေဖြင့် မန်စီယပ်၏အမေက သားဖြစ်သူ၏ ပညာရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကိုရှာရန် အိမ်သုံးခါ ပြောင်းခဲ့ရသည့် ပုံပြင်ကို သူမသိသည်။ အခုတော့ ဒဿနာပညာရှင် အမေတစ်ဦး၏ အသိပညာကို သူမ အစစ်အမှန် နားလည်လာခဲ့ပေပြီ။

စုန့်ရင်းက ဘဝနှင့် ပညာရေးအပေါ်တွင် အမြဲတမ်းလေးနက်သော လူတစ်ယောက်ပင် ဖြစ်သည်။ အခန်းတစ် ၏ စာလုပ်နေသောလေထုဖြင့် လွှမ်းမိုးခံလိုက်ရတော့ သူမပိုပြီးတောင် စိတ်ခွန်အား တက်ကြွလာတော့သည်။

ယခုလို ပတ်ဝန်းကျင်မျိုး၌ အများအားဖြင့် အေးအေးလူလူရှိသော ရှီလီတောင် စတင်လုပ်ကိုင်ရန် ဖိအားပေးခံလာရ၏။ သူမ၏ ပထမနေရာကို ဆုံးရှုံးရမည်အား အနည်းငယ် စိုးရိမ်လာခဲ့သည်။

ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်တွေ တစ်ကြိမ်ထက် ကျော်လာတော့ ရှီလီ ကိုယ်တိုင်လည်း အလုပ်လုပ်လေ၊ မချင့်မရဲဖြစ်မှု တိုးပွားလာလေဆိုတာကို သိလာသည်။ သွေးထိုးပေးသူကို သူမ စိတ်ထဲကနေ မဆဲရေးဘဲ မနေနိုင်တော့။

[ငါတို့က အထက်တန်းရဲ့ ပထမနှစ်တွေပဲ ရှိနေတာပါ၊ ငါတို့ကို နောက်ဆုံးနှစ်တွေလိုမျိုး ဆက်ဆံနေရတဲ့အထိ အတန်းပိုင်က အရမ်းကြီး ပြင်းထန်ဖို့လိုလို့လား?]

[သူ့ကောင်မလေးနဲ့ ပြတ်သွားလို့လား၊ ဘာလားပဲ သူ့မကျေနပ်ချက်ကို စိတ်ခွန်အားအဖြစ်ပြောင်းပြီး ငါတို့ ကျောင်းသားတွေကို နှိပ်စက်ရာကနေ သာယာမှု ယူနေတာလား မသိဘူး]

[ကျေးဇူးပြုပြီး၊ ဘုရားသခင်၊ သူ့ကို မြန်မြန်ကောင်မလေး ရှာပေးလိုက်ပါ၊ အဲ့လိုမှကျောင်းဆင်းရင် သူနေကျန်ရစ်ပြီး ကျွန်တော်မျိုးမတို့ရဲ့ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်တွေကို စောင့်မကြည့်တော့မှာ]

107 02

[သူ့ခဗျာ အသက်သုံးဆယ်တောင် ရှိတော့မယ်၊အခုထက်ထိ ကောင်မလေး မရှိသေးဘူး။ ငါတို့ အတန်းပိုင်က သူ့ကိုယ်သူ စိုးရိမ်နေတာမဟုတ်ဘူးလား]

အခြားသူများ: အို့စ်၊ တော်တော်လေးတော့ အထိနာတယ်ဟ။

အတန်းပိုင်: ???

အတန်းပိုင်မှာ သူ့စားပွဲ၌ ထိုင်နေတာဖြစ်ပြီး ချွန်ထက်သော စကားလုံးပေါင်းများစွာက သူ့နှလုံးသားကို တိုက်ရိုက်ထိုးဆွနေသလို ခံစားနေရသည်။

လက်ထပ်ရန်အတွက် သူ့အတွက် ပထမဆုံးထိုးနှက်ချက်က မိဘတွေ၊ သူငယ်ချင်းတွေဆီမှ မလာဘဲ၊ သူ့ကျောင်းသားတွေကနေ ကောင်မလေးရှာရန် တိုက်တွန်းလာလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။

အတန်းထဲရှိ အခြားကျောင်းသားများမှာ တင်းကြပ်သော စာလေ့လာရမည့် အချိန်ဇယားကြောင့် စိုးရိမ်နေခဲ့ရတာ ကြာလှပြီဖြစ်ပြီး အတန်းပိုင်ကို ရက်အတည်းငယ်ကြာ တိတ်တိတ်လေး ကျိန်ဆဲနေကြတာပင်။

ရှီလီ၏ အတွေးတွေကို ကြားလိုက်ရတော့ သူတို့တွေ ရုတ်တရက်ကြီး အတော်လေး နေလို့ထိုင်လို့ကောင်းသွားသည်။

မတတ်နိုင်ဘူးလေ၊ စိတ်ထဲကနေ အတန်းပိုင်ကို ကျိန်ဆဲနေတာက တစ်ခုဆိုပေမဲ့ ရှီလီရဲ့ဝေဖန်ချက်တွေက ရိုက်ချက်မတူး။

ဘာကွာလဲဆိုတော့၊ ရှီလီရဲ့ စကားတွေကပိုပြီး ထေ့ငေါ့တတ်လို့ဖြစ်မယ်။

ဒါပေါ့၊ ပိုအရေးကြီးတာက ရှီလီရဲ့ ဝေဖန်သံတွေကို အတန်းပိုင် ကြားနိုင်တာဘဲ။

တစ်‌ယောက်ယောက်က အတန်းပိုင်ရဲ့ မျက်နှာရှေ့တည့်တည့်မှာ ဆဲရေးနေတာနဲ့အတိုင်းပဲ။

အဲဒါက အခြားကျောင်းသားတွေကိုဘယ်လောက်တောင် စိတ်ကျေနပ်မိစေတယ်ဆိုတာ မင်း ပုံဖော်ကြည့်လို့ ရတယ်။

ဤသည်မှာ ယခုလိုဖြစ်ရပ်မျိုးကို မြင်တွေ့ဖူးသော စုန့်ရင်း၏ ပထမဆုံးအကြိမ်ပင်။ အတန်းပိုင်ဆရာက ရှီလီရဲ့အတွေးတွေကို ကြားနိုင်တယ်ဆိုတာ သူမ သိနေသဖြင့် ရှီလီအပေါ် အညှိုးအတေးထားမှာကို သူမ စိတ်ပူမိသည်။

သူမက ဆရာ၏ စားပွဲခုံရှေ့တည့်တည့်တွင် ထိုင်နေတာကြောင့် တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် အတန်းပိုင်၏ မျက်နှာကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။

အတန်းပိုင်၏ မျက်နှာပေါ်က အမူအရာကိုစုန့်ရင်း သေချာအကဲခတ်ကြည့်သော်လည်း မည်သည့် မကျေမချမ်းဖြစ်မှု လက္ခာကိုမှ ထောက်လှမ်း၍ မရတာကြောင့် သူမ စိတ်မအေးနိုင်ဆဲပင်။

ညနေခင်းတစ်ခုလုံးတွင် စုန့်ရင်းမှာ စာအပေါ် အာရုံမစိုက်နိုင်ခဲ့။ အတန်းဖော်လို ယောက်ျားရင့်မာကြီးတစ်ယောက်က သူမရဲ့ဝမ်းကွဲအစ်မလို အမြင်မကျဉ်းလောက်ဘူးမလားဟူ၍ သူမ မတွေးဘဲ မနေနိုင်တော့ပေ။ ရှီလီက မိန်းကလေးလည်း ဖြစ်တယ်၊ သူ့ကျောင်းသူလည်း ဖြစ်တယ်ဆိုတော့ သူပိုပြီး သဘောထား ကြီးပေးလောက်တယ်မလား?

ပြီးတော့ ယောက်ျားတွေ အမြင်ကျဉ်းရင် မိန်းမတွေထက် ပိုပြီးဆိုးရွားနိုင်တယ်လို့လည်း စုန့်ရင်း တွေးမိပြန်သည်။ အပ်ပေါက်ထက်ကိုနှလုံးသား ပိုကျဉ်းမြောင်းကြသည့် ယောက်ျားများစွာအား သူမ မြင်တွေ့ခဲ့ဖူး၏။

အတန်းပိုင်က ဂုဏ်သိက္ခာရှိတဲ့ပုံပေါ်ပေမဲ့ ဘယ်သူသိမှာလဲ၊ ပိတ်ထားတဲ့ တံခါးတွေ နောက်မှာ မယုံနိုင်လောက်အောင် အမြင်ကျဉ်းရင် ကျဉ်းမှာပေါ့။

စုန့်ရင်း၏ အတွေးယာဉ်ကြောကြီးမှာ ရန်ငြှိုးမထားစေရန်အတွက် ကျောင်းဆင်းသည်နှင့် ရှီလီ၏ကိုယ်စား အတန်းပိုင်ကို တောင်းပန်ရသည်အထိ စိတ်ကူးယဉ်မိသွားသည်။

နင့်ရဲ့အတွေးတွေကို သူများတွေကြားရတာက ကောင်းတဲ့အရာ မဟုတ်ဘူးလို့ သူမ တွေးလိုက်သည်။ စိတ်ထဲမှာ သူများတွေအကြောင်းကိုပြောရတာက ကိစ္စကြီးမဟုတ်သလို၊ တစ်စုံတစ်ယောက်ကို အတွေးထဲကနေ ဆဲရေးတာကိုလည်း ဘယ်သူက မလုပ်ဖူးလို့တုန်း။

ဒါပေမဲ့ တစ်စုံတစ်ယောက်အကြောင်းကို မကောင်းပြောထားတဲ့ အဲ့ဒီအတွေးတွေကို အထူးသဖြင့် အဲ့‌အတွေးတွေရဲ့ အဓိကပုဂ္ဂိုလ်သာ ကြားသွားပြီဆိုရင်တော့ ပိုတောင် ဆိုးရွားသွားမှာပင်။

107 03

ထို့ကြောင့် ကျောင်းဆင်းချိန်တွင် စုန့်ရင်းကအတန်းပိုင်ကို သင်္ချာပုစ္ဆာအကြောင်း မေးမည်ဟူသော အကြောင်းပြချက်ကို သုံးလိုက်၏။ သူမ အတန်းဖော်တွေ ထွက်သွားသည်အထိစောင့်ဆိုင်းပြီးမှ ဆရာဖြစ်သူကို တွန့်ဆုတ်စွာ တောင်းပန်လိုက်သည်။

“ဆရာ၊ ရှီလီက သူမတွေးတာတွေကို မရည်ရွယ်ပါဘူး။ ကျေးဇူးပြုပြီး သူမ ပြောတာကို အငြှိုးအတေး မထားပါနဲ့နော်”

အတန်းပိုင်မှာ သူ့အား တစ်ညနေခင်းလုံး စုန့်ရင်း စောင့်ကြည့်နေသည်ကို သတိထားမိသော်လည်း ဘာကြောင့်လဲဆိုတာကို မသိနေပေ။

အခုတော့ ဒီအကြောင်းကြောင့်ဆိုတာကိုသူနောက်ဆုံးတော့ နားလည်သွားလေပြီ။

သူတ သဘောကျစွာရယ်ရင်း ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ ဆရာ ကျင့်သားရနေပြီရယ်။ သူမကို အငြှိုးအတေး မထားပါဘူး”ဘယ်လိုပဲဖြစ်ဖြစ် ရှီလီရဲ့ကျေးဇူးကြောင့် သူ့အလုပ်ကို ထိန်းသိမ်းထားနိုင်တာလေ။

စုန့်ရင်း တွေးလိုက်၏: နေသားကျနေပြီ။ဆရာတို့ မြို့သားတွေကတော့ ဘယ်လိုကစားရမယ်ဆိုတာ သိကြတာပဲ။

ရှီလီက သူ ငတ်ပြတ်သွားမှာကို ကယ်တင်ပေးထားတဲ့သူလေဟု အတန်းပိုင် တွေးလိုက်၏။ ဘယ်လိုလုပ် သူမအပေါ်မှာ အငြှိုးအတေးထားနိုင်မှာတုန်း။

ပြီးတော့ ရှီလီဆိုတာက သူ တန်ဖိုးထားရတဲ့ထိပ်တန်းကျောင်းသူ။ သူမသာ သူ့ခေါင်းပေါ် အီးတက်မပါသရွေ့ကတော့၊ စိတ်ထဲမှာ နည်းနည်းပါးပါး ဆဲရေးတာလောက်ကို စိတ်မဆိုးဘူး။

အတန်းပိုင်၏ အဖိုးတန် ထိပ်တန်းကျောင်းသူဖြစ်သော ရှီလီမှာ အပိုစာကြည့်ချိန်တွေပြီးနောက် သူတို့၏ PE အတန်းတွေအား မယူတာကြောင့် အံ့အားသင့်မိ၏။

မင်း ဘယ်‌ကျောင်းကိုသွားသွား၊ PE ကကျောင်းသားတိုင်းရဲ့ အကြိုက်ဆုံး အတန်းဖြစ်နေမှာပဲလေ။

သူတို့ ပထမနှစ်၏ ဒုတိယစာသင်နှစ်တွင်PE သင်ရိုးညွှန်းတန်းက တန်းနစ်အပေါ်မှာ အဓိကထားထားသည်။

ချန်ဖူကျောင်း၏ ပထမဆုံးကျောင်းအုပ်က ရှေ့ရေးကို ထူးကဲစွာ မြင်နိုင်ခဲ့တာကြောင့် ဈေးပေါချိန်၌ မြေဧကများစွာကို ဝယ်ယူစုဆောင်းခဲ့သည်။

ချန်ဖူအထက်တန်းကျောင်း၏ စာသင်ကြားဆောင်နှင့် အုပ်ချုပ်ရေးဆောင်တို့မှာ သာမန်အထက်တန်းကျောင်းတွေထက် နေရာပိုကျယ်ဝန်းပြီး ကျောင်း၏စုစုပေါင်းဧရိယာကို သိပ်ပြီး နေရာမယူထားပေ။

ဤသည်မှာ ချန်ဖူအထက်တန်းကျောင်း၏အားကစားရုံက အနောက်ဘက်ရှိ တောင်တန်းနှင့် ဆက်စပ်နေတာကြောင့်ဖြစ်ပြီး တောင်တန်း၏ အနောက်ဘက်မှာတော့ မဖွံ့ဖြိုးသေးသောအစိမ်းရောင်ကွင်းပြင်ကျယ်ကြီး ရှိသည်။

တောင်တန်းနောက်က အစိမ်းရောင်ကွင်းပြင်အား အသုံးပြုမည့်အကြောင်းကို ကျောင်း၏ ဘုတ်အဖွဲ့ ဆွေးနွေးဖူးသည်အား မိသားစုထံမှ ရှီလီ သိရှိခဲ့၏။ အချို့ကတော့ ကျောင်းသားတွေ၏ သင်ရိုးပြင်ပလှုပ်ရှားမှုတွေကို တိုးမြှင့်ပေးရန်အတွက် ဂေါက်ကွင်းဆောက်လုပ်ရန် အကြံပြုခဲ့သည်။

အချို့မှာမူ ကျောင်းသားတွေ၏ လက်တွေ့စမ်းသပ်မှု စွမ်းရည်တွေ တိုးတက်မှုအပေါ်မှာ အာရုံစိုက်ရန်အတွက် နောက်ထပ် စမ်းသပ်မှုဆိုင်ရာ အဆောက်အဦးနှစ်ခုကို တည်ဆောက်သင့်သည်ဟု တင်ပြလာကြ၏။ ဤသည်က နိုင်ငံတကာနှင့် ပြည်တွင်း တီထွင်ဆန်းသစ်မှုပြိုင်ပွဲတွေတွင် သူတို့တွေ ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး ကျောင်း၏ လူစုဆောင်းရေး အားထုတ်မှုအပေါ်ကို အကျိုးဖြစ်စေနိုင်သည့် ထိပ်သီးတက္ကိသိုလ်တွေဆီ တိုက်ရိုက်ဝင်ခွင့်ရနိုင်သော နေရာတွေအတွက် အလားအလာ ရှိလာစေမှာဖြစ်သည်။

အကြံဉာဏ်မျိုးစုံရှိခဲ့သော်ငြား အခြားသူတွေကို မည်သူမှ မစည်းရုံးနိုင်ခဲ့ကြပေ။ ဤအစိမ်းရောင်ကွင်းပြင်ကို ဘယ်လိုစံမံရမည်ဟူသည့် အကြောင်းအရာကို ကျောင်းဘုတ်အဖွဲ့ ဆွေးနွေးတိုင်း အငြင်းပွားမှုများ ဖြစ်ပွားရတာကြောင့် ဧရိယာအတွက် အစီအစဉ်တွေမှာ မသေချာတော့ဘဲ ရွှေ့ဆိုင်းခဲ့ရသည်။

107 04

ဤအခိုက်အတန့်တွင် တောင်တန်း၏နောက်ဘက်ရှိ အစိမ်းရောင်ကွင်းပြင်အကြောင်း ရှီလီ တွေးမိသည်မှာ ခပ်လှမ်းလှမ်းတွင် တန်းနစ်အား ကိုးယိုးကားယား ကစားနေသောစုန့်ရင်းကို မြင်မိတာကြောင့်ပင်။

စဉ်းစားကြည့်တော့မှ စုန့်ရင်းရဲ့ မိဘရင်းတွေနဲ့တစ်ခုခု ပတ်သက်နေသလိုပဲ။

ဒီဟာက ရှီလီ အထက်တန်းအောင်တော့ ဖြစ်ခဲ့တာပင်။

[ရှီထိုက် ရင်းနှီးမြှုပ်နှံရေးက ကျောင်းကနေ တောင်တန်းအနောက်ဘက်က မဖွံ့ဖြိုးသေးတဲ့မြေနေရာအားလုံးကို ဝယ်ခဲ့တယ်]

ရှီလီ၏ အတွေးတွေကို ကြားလိုက်ရတော့ လူတိုင်းမှာ လုပ်လက်စတွေကို ရပ်တန့်လိုက်ကြပြီး ပင်ပန်းဟန်ဆောင်ကာ ချွေးသုတ်သည် သို့မဟုတ် ရေသောက်ဖို့ လုပ်ကြ၍ ရှီလီ၏အနားကို တိုးသွားကြသည်။

ရှီလီက သူမ၏ အစ်ကိုယွင်ဟယ်အကြောင်းကို မတွေးသရွေ့ကတော့၊ လူတိုင်းမှာ သူမ စိတ်ထဲဖြစ်နေတာမှန်သမျှကို နားထောင်ရန် ဆန္ဒရှိသည်။

ရှီလီက အခုလေးတင် ရှီထိုက်ရင်းနှီးမြှုပ်နှံရေးအကြောင်းကို ပြောလိုက်တာ။ ဒီအထဲမှာ စီးပွားရေး အခွင့်အရေးတွေ ပါနိုင်မှာဆိုတော့ သူတို့တွေ နားထောင်ထားရမယ်။

[ကျောင်းဘုတ်အဖွဲ့က ဒီမြေနေရာကို ဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ထားတော့၊ ရှီထိုက်ရင်းနှီးမြှုပ်နှံရေးက ငွေတွေအများကြီးပေးပြီး ကမ်းလှမ်းရော၊ ဒီမြေ‌နေရာကြီးကို ရောင်းချပစ်လိုက်တော့တာပဲ]

[ဒီဆုံးဖြတ်ချက်က ကျောင်းကို တည်ထောင်သူ‌တွေရဲ့ဆန္ဒနဲ့တော့ ဆန့်ကျင်နေတယ်။ ချန်ဖူရဲ့သမိုင်းတလျှောက်မှာ ဒီဆုံးဖြတ်ချက်ကြောင့်ပျက်စီးလုနီးပါး ဖြစ်သွားရတာ]

စုန့်ရင်း၏နည်းလမ်းတွေကို PE ဆရာက အမှန်ပြန်တည့်ပေးနေချိန်မှာ ရှီလီ၏ အတွေးတွေကို သူမ ဝိုးတိုးဝါးတား ကြားလိုက်ရသည်။ သူမ အတန်းဖော်တွေ၏ လှုပ်ရှားမှုတွေကို မြင်လိုက်ရတော့၊ သူတို့ ဘာကြောင့် စုဝေးနေမှန်း သူမ မှန်းဆနိုင်သည်။

အများကြီး တွန့်ဆုတ်နေပြီးနောက် စုန့်ရင်းက ရေသောက်ရန်အတွက် PE ဆရာကို ခွင့်ပြုချက် တောင်းလိုက်သည်။ ဆရာ၏ အတည်ပြုချက်ကို ရပြီဆိုတာနှင့် ရှီလီ၏ နေရာဆီ အမြန်ပြေးသွားလိုက်သည်။

[ရွှီဗိုလ်ချုပ်က စုန့်ရင်းရဲ့ ပြာတွေကို ချန်ဖူနောက်က တောင်ပေါ်မှာ မြှုပ်နှံပေးခဲ့တယ်]

အခုလေးတင် ပြေးလာသော စုန့်ရင်း: !?

အခြားသော အတန်းဖော်များ: အောင်မလေး၊ ဘုရားသခင်၊ နင့်ရဲ့အုတ်ဂူက ငါတို့ကျောင်းမှာ ဖြစ်နေပါ့လား။

******

108 01

အခန်း ၁၀၈: “မဟူရာတောင် မြေမြှုပ်မှု”

သင်စဉ်းစားကြည့်သည့်အခါမှာ ဤဖြစ်ရပ်ကအတော်လေး ပြင်းထန်လေသည်။ ကျောင်းသားများစွာ၏ မိ‌ဘတွေက ‌ကျောင်း၏ သုသာန်အပေါ် အပြင်းအထန် ကန့်ကွက်ကြသည်။

စီးပွားရေးသမားတွေကလည်း အထူးသဖြင့် အယူသီးကြပြီး ကံညံ့သော ကလေးတွေက ကျောင်း၏ ဘေးကပ်ရပ်တွင်ရှိသော သုသာန်မြေမှ “ညစ်ပတ်သောအရာများ” ကို ထိတွေ့မိကာ ဖျားနာစေလိမ့်မည်ဟု ယုံကြည်ထားကြသည်။

မိဘများမှာ သူတို့၏ကလေးတွေကို ချန်ဖူကျောင်းသို့ပို့ရန် စီစဉ်ထားကြသော အကြံတွေကို လက်လွှတ်လိုက်ကြပြီး ချန်ဖူအထက်ကျောင်းတွင် တက်ရောက်နေဆဲဖြစ်သော ကျောင်းသားတွေ၏ မိဘအများစုမှာလည်း ကျောင်းပြောင်းခြင်း လုပ်ငန်းစဉ်များကို ပြုလုပ်လာကြ၏။

ရလဒ်ကတော့ ချန်ဖူကျောင်း၏ ကျောင်းသားဦးရေမှာ လျှော့ကျသွားပြီး ကျဆင်းသွားသောလက္ခဏာတွေ ပြလာခဲ့သည်။

ကျောင်းသည် မြေနေရာကို မြေနေရာကို ငွေပမာဏများစွာဖြင့် ပြန်ဝယ်ရန် ဆန္ဒရှိပြီး အုတ်ဂူကို နေရာရွှေ့ပြောင်းပေးပါရန် ရှီထိုက်ရင်းနှီးမြှုပ်နှံရေးမှ မစ္စတာရွှီနှင့် ညှိုနှိုင်းကြည့်ဖို့ စဉ်းစားခဲ့ကြသည်။

ရှီထိုက် ရင်းနှီးမြှုပ်နှံရေး၏ မစ္စတာရွှီက သဘောမတူပေ။ သူသည် ချန်ဖူကျောင်းနှင့်ပြိုင်ဘက်မဟုတ်ဘဲ ချန်ဖူကျောင်း၏မဟူရာတောင်တန်းတွင် ကောင်းမွန်သော ဖုန်းရွှေရှိသည်လို့သာ ရိုးရိုးရှင်းရှင်း ယုံကြည်ထားတာပင်။ စုန့်ရင်း သက်ရှိထင်ရှား ရှိခဲ့စဉ်တုန်းက စာလုပ်ရတာကို ကြိုက်နှစ်သက်သော်လည်း ‌ချန်ဖူကျောင်းတွင် မတက်ရောက်နိုင်ခဲ့သည့်အတွက် သူမ သေဆုံးပြီးသည့်နောက် သူမ၏ဝိညာဉ်ကို စိတ်ကျေနပ်စေရန်အတွက် ချန်ဖူ၏ အနီးအနားတွင် အနားယူစေချင်ခဲ့တာဖြစ်သည်။

ကျောင်း၏ကိုယ်စားလှယ်များက ကျောင်း၏ရင်ဆိုင်နေရသော အခက်အခဲများကို မစ္စတာရွှီ နားလည်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း ရှင်းပြခဲ့ကြသည်။

ချန်ဖူကျောင်းက ကျောင်းတစ်ကျောင်းသာဖြစ်သော်ငြား ၎င်း၏ လူမှုရေးလွှမ်းမိုးမှုမှာ မတိုင်းတာနိုင်လောက်အောင်ပင်။

ချန်ဖူ၏ ကျောင်းသားများမှာ ချမ်းသာကြွယ်ဝသော မိသားစုများမှဖြစ်၍ ချန်ဖူကျောင်းမှ ထွက်လာတာနှင့် ကျောင်းသားဟောင်းများစွာမှာ အသိုင်းအဝိုင်းထဲတွင် အောင်မြင်မှု ကြီးကြီးမားမား ရရှိကြ၏။

ကျောင်းအရာရှိများ စွန့်စားကြသောအခါတွင် လူမှုအသိုင်းအဝိုင်းထဲက လူအများအပြားမှာ ချန်ဖူကို လေးစားသမှု ပြသကြသည်။

အကယ်၍ သင်ဟာ ချန်ဖူကျောင်းထွက် မဟုတ်ရင်တောင်၊ သင်၏ဘော့စ် သို့မဟုတ် သင့်ဘော့စ်၏ ကလေးတွေကတော့ ဖြစ်ပေလိမ့်မည်။

အဆက်အသွယ်များ၏ ဤကွန်ရက်တွင် ကျောင်းက ယုံကြည်ရှိရှိ ညှိနှိုင်းဆွေးနွေးရန်‌ ချဉ်းကပ်ခဲ့သော်လည်း မထင်မှတ်ထားစွာဖြင့် ရှီထိုက်၏ ကိုယ်စားလှယ်ဆီကနေ ငြင်းပယ်ခံလိုက်ရသည်။

သူတို့၏ အကြောင်းရင်းကလည်း အတော်ကိုယုတ္တိတန်၏: မိန်းမငယ်လေး တစ်ယောက်ရဲ့အုတ်ဂူဘဲလေ၊ ဘာကို “ညစ်ပတ်တဲ့အရာတွေ”ဖြစ်ရမှာလဲ။ ကျွန်တော်တို့က အခုဆိုရင်လူ့အဖွဲ့အစည်းအသစ်ထဲ ရောက်နေပြီ၊ မြေရှင်ပဒေသရာဇ်ခေတ်က အယူသီးတဲ့အကြောင်းတွေကို မပြောကြရအောင်လားဗျာ။ ပြီးတော့ သင်္ချိုင်းတွေပေါ်မှာ တည်ဆောက်ထာတဲ့ကျောင်းတွေဆိုတာ ဘယ်လောက်တောင် ရှိနေပြီတုန်း။ အခြားကျောင်းသားတွေကျတော့ အဆင်ပြေပြီး ဘာလို့ ခင်ဗျားတို့ရဲ့ကျောင်းကျမှ သည်းမခံနိုင်ရတာလဲ။

ဤသည်မှာ ပူးပေါင်းပေးရန် ဆန္ဒမရှိတာရှင်းနေလေပြီ။

ညှိနှိုင်းရေး ကျရှုံးသွားပြီး ချန်ဖူကျောင်းမှာ မလုံမလဲနှင့် နေရာပြောင်းခြင်းဖြင့်သာ အဆုံးသတ်လိုက်ရသည်။

ကျောင်းတစ်ကျောင်းကို နေရာပြန်ချတာက ကိစ္စကြီးဖြစ်ပြီး ကျောင်း၏ တည်နေရာကို ပြောင်းလိုက်ရင်တောင်မှ ဆုံးရှုံးလိုက်ရသည့်ကျောင်းသားတွေက ပြန်မလာကြတော့။ ချန်ဖူကျောင်းသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရကာ ၎င်း၏ ယခင်ကပုံစံထက် အရိပ်သာသာမျှသာ ကျန်ရှိတော့သည်။

108 02

အပြင်လူတစ်ဦးအနေဖြင့် ရှီလီမှာ မစ္စတာရွှီ၏ အတွေးတွေကို အနည်းအကျဉ်းတော့ နားလည်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တွင် ပိုက်ဆံရှိပေသည်။ ၎င်းက သူဝယ်ယူထား‌သော မြေနေရာပင်။ ဖုန်းရွှေ ကောင်းတယ်လို့ သူယုံကြည်တဲ့နေရာမှာ သူ့သမီးကို မြေမြှုပ်တာ ဘာဖြစ်လဲ။

စုန့်ရင်းနှင့် သူမ၏ အ‌တန်းဖော်များမှာ မဟူရာတောင်ဘက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြ၏။

စုန့်ရင်း တွေးလိုက်သည်။ “ဆိုတော့ အနာဂါတ် ကျရင် ငါ့ကို အဲ့နေရာမှာ မြှုပ်ထားမှာပေါ့”

အခြားကျောင်းသားများလည်း မတွေးဘဲ မနေနိုင်တော့ပေ။ “ဒီလို မြေနေရာအကျယ်ကြီးမှာ စုန့်ရင်း တစ်ယောက်တည်းကို မြေမြှုပ်တာက အရမ်းကြီး ချဲ့ကားလွန်းမနေဘူးလား”

အုပ်စုနှစ်စု၏ ကွဲလွဲနေသော အတွေးတို့မှာ မေးခွန်းတစ်ခုတည်းအဖြစ် ပေါင်းစုံလာပြီး တစ်ပြိုင်တည်းဆိုသလို: ဒါဆိုရင် ဘာလို့ စုန့်ရင်း/ငါ့ကို ကျောင်းရဲ့မဟူရာတောင်မှာ မြေမြှုပ်ရတာလဲ။ ဒီဟာက စုန့်ရင်း/ငါ့ရဲ့ သေဆုံးခြင်းနဲ့ ပတ်သက်မှု ရှိနေတာလား။

သတင်းပေါင်းများစွာကို မြင်တွေ့ဖူးသည့်လူတွေမှာ ကျောင်း၏ ကစားကွင်းထဲတွင် မြှုပ်နှံထားသော အလောင်းကို တွေးမိသွားကြ၍ စုန့်ရင်း သေဆုံးရခြင်း၏ 90% မှာ ရှီထိုက် ရင်းနှီးမြှုပ်နှံရေးမှ မစ္စတာရွှီနှင့် ဆက်နွှယ်မှုရှိနေလိမ့်မည်ဟု ကောက်ချက်ချလိုက်ကြ၏။

မဟုတ်မှ စုန့်ရင်း ကျောင်းမှာ ရှိနေတုန်း ရှီထိုက်ရဲ့ မဟူရာတောင်ပေါ်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိသွားလို့ ဒီဗီလိန်တွေက အားနည်း၊ သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေတဲ့ စုန့်ရင်းလေးကို မဟူရာတောင်ပေါ်မှာ သတ်ပစ်လိုက်ကြတာများလား။

ဒါပေမဲ့ မကောင်းမှုဆိုတာ အမြဲတမ်း ဒဏ်ခတ်ခံရမှာဘဲ၊ မစ္စတာရွှီရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်ကို ရဲအရာရှိဦးလေးကြီး ရှာတွေ့ခဲ့တယ်။ နေရောင်ခြည်ကို ကိုယ်စားပြုတဲ့ ကျောင်းတော်က ကျောင်းသားတွေအတွက် မြေမြှုပ်စရာ မြေပြင်ဖြစ်လာပြီး ကျောင်းသူတစ်ယောက်က သနားစရာကောင်းတဲ့ အခြေ အနေနဲ့ ဆုံးပါးသွားခဲ့တယ်။ အွန်လိုင်းပေါ်က အချို့လူတွေက ကျောင်းနဲ့မစ္စတာရွှီကြားက ပူးပေါင်းမှုအပေါ် သံသယဝင်လာကြတယ်။ ကျောင်းရဲ့ ဂုဏ်သိက္ခာက အွန်လိုင်းပေါ်မှာ အပြင်းအထန် ထိခိုက်သွားပြီးတော့၊ သာမန် မိသားစု‌တွေက အရည်အချင်းရှိတဲ့ ကျောင်း သားတွေကလည်း ကျောင်းအပ်ရမှာကို ကြောက်လာကြတယ်။ ချမ်းသာကြွယ်ဝပြီး အင်အားကြီးတဲ့ သူတွေကတော့ သူတို့ရဲ့ ကလေးတွေကို သေချာပေါက် စာရင်းသွင်းမှာ မဟုတ်ဘူး။ စုန့်ရင်းက သနားစရာကောင်း လောက်အောင် သေသွားရတာဆိုတော့ အရမ်းကြီးမားတဲ့ နာကြည်းချက်တွေကို ချန်ရစ်ခဲ့မှာဘဲလေ။ စာရင်းသွင်းတဲ့သူတွေ သိသိသာသာ လျော့ကျလာလို့၊ ကျောင်းရဲ့ ဆယ်စုနှစ်သက်တမ်းရှိတဲ့ အုတ်မြစ်က ယိမ်းယိုင်လာတယ်လို့ ရှီလီ ပြောလာတာပဲ။

ဤလူမှာ သူတို့၏ အကြောင်းပြချက်က အတော်လေး ဆီလျော်မှုရှိတယ်ဟု ခံစားမိသွားသည်။

ထို့ကြောင့် ရှီလီ၏ စိတ်ထဲက အတွေးထဲတွင် စုန့်ရင်းနှင့်အတူ ထွက်ပေါ်လာသော မစ္စတာရွှီမှာ စုန့်ရင်း၏ ဖြစ်ရပ်တွင် သံသယရှိသူ ဖြစ်လာတော့သည်။

စိတ်ကူးယဉ်လွန်းသော အတန်းဖော်များမှာစုန့်ရင်းအား အန္တရာယ်ကို ရှောင်ရှားရအောင်လို့ မဟူရာတောင်နှင့် မစ္စတာရွှီတို့ထံမှ ခပ်ကင်းကင်းနေဟူ၍ အကြံပေးလာကြကုန်၏။

စုန့်ရင်းလည်း သူမအတန်းဖော်တွေ မှန်တယ်လို့ ခံစားမိကာ အုပ်စုဖွဲ့ စကားပြောခန်းထဲ၌ ကတိပေးလိုက်သည်: [စိတ်မပူကြပါနဲ့၊ ငါ့ရဲ့အသက်ကို အများကြီး တန်ဖိုးထားပါတယ်၊မစ္စတာရွှီနဲ့ ဝေးဝေးနေပါ့မယ်] မစ္စတာရွှီ၏ ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာပြီး လူကြီးလူကောင်းတစ်ဦးဖြစ်သည်ဟူသော လူထုပုံရိပ်ကြောင့် လူအများအပြားမှာ ‌စိတ်ပျက်မှုကို ခံစားလိုက်ရသည်။ ဒီလိုဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ အဲ့လူက သွေးအေးတဲ့ လူသတ်သမားဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

[ဘာတွေ စိတ်ပျက်စရာရှိလို့လဲ။ ဝေ့ယီရဲ့အဖေက အပေါ်ယံမှာတော့ သူ့မိန်းမကို အရမ်းချစ်တဲ့ပုံပေမဲ့၊ ‌သူမရဲ့ နောက်ကွယ်မှာ မယားသုံးယောက်၊ ကိုယ်လုပ်တော် လေးယောက်နဲ့ တရားမဝင် ကလေးခုနစ်ယောက် ထားထားတာကိုတော့ မတားနိုင်ဘူးလေ]

ဤသည်ကို ပထမဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရသော စုန့်ရင်းမှာ အံ့ဩမှုကြောင့် မျက်လုံးပြူးသွားရသည်။ တကယ်ကြီးလား။ ဝေ့ယီက အုပ်စုဖွဲ့ စကားပြောခန်းထဲမှာ ရှိနေတယ်လေ။ သူမရှေ့မှာ ဒီလိုစကားတွေ ပြောနေတာ တကယ်ရော အဆင်ပြေရဲ့လား။

လူတိုင်းသည် အခွင့်အခါကြုံတာနှင့် ဝေ့ယီ၏အဖေကို ရှုံ့ချရတာအား ကျင့်သားရနေလေပြီ။ မီးသင်္ဂြိုလ် ခံလိုက်ရပြီးဖြစ်သော လူတစ်ဦးမှာကဲ့ရဲ့စွာပြောကြတိုင်း မကြာခဏ အပြောခံနေရတုန်းပင်။

108 03

ဝေ့ယီကတော့ အခြားသူတွေ သူမ အဖေ အကြောင်း မကောင်းပြောနေတာကို စိတ်ထဲ မထားဘဲ တစ်ခါတစ်လေ သူမပါဝင်ပြီး စကားလုံးကြမ်းကြမ်းများ ပြောတတ်သေး၏။

PE အတန်းချိန်ပြီးနောက် လူတိုင်း အခန်းတစ် ‌ဆီ အတူတူ ပြန်သွားကြ၏

စုန့်ရင်းသည် စင်မြင့်ဘေးနားက သူမ၏ပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်၍ ရှာဖွေရေးအင်ဂျင်တွင် ဤမစ္စတာရွှီ၏ အကြောင်းအား မရှာဖွေဘဲ မနေနိုင်တော့ပေ။

ရှီလီက သူမကို အနာဂါတ်ကျရင် ဘယ်နေရာမှာ မြေမြှုပ်ခံရမယ်ဆိုတဲ့အကြောင်း ပြောပြပြီပြီးဆိုပေမဲ့ သူမကို ဘယ်သူသတ်ခဲ့လဲဆိုတာကိုတော့ သေချာရှာဖွေကြည့်ရန် လိုအပ်နေဆဲပင်။

ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတွေက လူထုအမြင်တွင် ထွက်ပေါ်လာခဲ့သဖြင့် စုန့်ရင်းသည် ရှီထိုက် ရင်းနှီးမြှုပ်နှံရေးရော၊ ရှီထိုက် ရင်းနှီးမြှုပ်နှံရေး၏ မစ္စတာရွှီကိုပါ အရင်က မကြားဖူးခဲ့ပေ။

စွယ်စုံကျမ်းကို နှိပ်ကာ ဝင်ရောက်လိုက်ပြီး အထင်ကြီးစရာကောင်းသော အရည်အချင်းတွေ တစ်သီတစ်‌တန်းကြီးကို သူမ ရှာတွေ့သွားသည်။

ရိုးရိုးပြောရလျှင်တော့ သူသည် လုပ်ရည်ကိုင်ရည်ရှိ၍ ကောင်းမွန်စွာ ကြီးပြင်းလာသည့် လူတစ်ယောက်ပင်။

ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်နေသည့် နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနှင့် ရင်ဆိုင်လာရချိန်မှာတော့၊ ဤသည်ကိုပထမဆုံး ကြုံတွေ့ဖူးသည့် စုန့်ရင်းမှာ အနည်းငယ် လွှမ်းမိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ့ဘဝအကြောင်းကို အနည်းငယ် မွှေနှောက်ကြည့်ပြီးနောက် ထွက်ပေါ်လာသော အကြံပြုခေါင်းစီးတစ်ခုကို စုန့်ရင်း ဖွင့်လိုက်ကြည့်၏။

၎င်းမှာ မစ္စတာရွှီ၏ အချစ်ဇာတ်လမ်းပင်။

မစ္စတာရွှီအကြောင်းကို လူတွေတွေးမိချိန်၌ စင်ဒရဲလားလို နောက်ခံရှိသော သူ၏ဇနီးကိုပါ မကြာခဏ တွေးမိတတ်ကြသည်။

ဤခေါင်းစီးမှာ စာရေးသူက မစ္စတာရွှီ၏အိပ်ရာအောက်တွင် နေခဲ့သလိုမျိုး သူ၏သူ့ဇနီးအား ပိုးပန်းပုံများကို အတော်‌ကလေးအတွင်းကျကျ ဖော်ပြထားတာဖြစ်သည်။

ဤဇာတ်လမ်း၏ အမှန်တရားမှာ မရေရာသော်လည်း အတော်လေး စိတ်ဝင်စားစွာ ဖိတ်နေမိသည့် စုန့်ရင်းကိုတော့ မတားဆီးနိုင်ပေ။

သေချာသည်မှာ မစ္စတာရွှီ၏ အတတ်ပညာဆိုင်ရာ မြင့်မားသော ဘဝဇာတ်ကြောင်းနှင့် နှိုင်းယှဉ်ကြည့်ပါက နာမည်ကြီးတွေ၏အချစ်ဇာတ်လမ်းတွေအား ဖတ်ရတာကို သူမနှစ်သက်နေဆဲပင်။

လက်စသတ်ပြီးနောက် နောက်ထပ်ခေါင်းစီးတစ်ခုစီ သူမ အားရုံပြောင်းလိုက်သည်။

မစ္စတာရွှီ၏ ဇနီးနှင့် ပတ်သက်၍ သူမ၏အသက်၊ မွေးနေ့၊ နေရပ်လိပ်စာနှင့် အချိန်ကြာမြင့်မှုကြောင့် အတော်လေး မှုန်ဝါးနေသောဓာတ်ပုံကိုတောင် တင်ထားကြသည့် တာဝန်မဲ့မာကတ်တင်း account တွေလည်း ရှိသည်။

ဓာတ်ပုံထဲက မိန်းကလေးမှာ ငယ်ရွယ်ပျိုမြစ်၍ ပရိုတိန်းဓာတ်တွေ ကြွယ်ဝနေသော မျက်နှာကို ဖော်ပြထားသော အပြုံးတစ်ပွင့်နှင့်ပင်။

သူမက ထူးထူးခြားခြား လှပနေသောမိန်းကလေးမှာ မဟုတ်ဘဲ၊ ရှီလီက ပိုပြီးလှတယ်ဆိုသော်ငြား သူမ၏ အပြုံးကတော့ နှစ်လိုဖွယ်ကောင်းမှုကို ကူးစက်စေနိုင်ပြီး အတော်လေး သိမ်မွေ့သည်။

ဓာတ်ပုံထဲက အမျိုးသမီး၏ မျက်လုံးတွေကိုကြည့်နေရင်း အလွန်အမင်း ရင်းနှီးနေသလိုစုန့်ရင်း ခံစားမိလာသည်။ အနှီ မစ္စရွှီကတကယ့်ကို နွေးထွေးမှုရှိသားလို့ သူမ တွေးလိုက်သည်။

All Chapters