← Chapters

အခန်း (၁၄၁-၁၄၄)

Vol. 8 Ch. 141-144

အခန်း (၁၄၁-၁၄၄)

Vol. 8 Ch. 141-144

141 01

အခန်း ၁၄၁: လင်ငယ်နေတာကို ဖမ်းဖို့အတွက်ကျောင်းအုပ်က ပြန်ချင်စိတ်စောနေတယ်

အတန်းစည်းမျဉ်းက ပျင်းဖို့ကောင်းနေတော့ သူမရဲ့အရင်ဘဝတုန်းက ဒရာမာအကြောင်းကို ဘာလို့ အတင်းမပြောကြမှာလဲ။

ထိုတုန်းက ဤသတင်းဆိုး ထွက်ပေါ်လာတော့ ရှီလီသည် အထက်တန်းနှစ်၏ စိတ်အဖိစီးရဆုံးနှစ်ကို ရောက်နေလေပြီ။ ဖုန်မှုန့်တောင် အနည်မထိုင်သေးခင်တွင် အရည်ရွှမ်းသော အတင်းအဖျင်းထဲ၌ သူမ အပြည့်အဝကို မွေ့လျော်ခဲ့၏။

ဇာတ်လမ်းတစ်ခုလုံးကိုတော့ သူမ မသိခဲ့ပေ။ ထိုလူကြီးဝဘ်ဆိုဒ်ပေါ်က ဆင်ဆာမဖြတ်ထားသည့် ဗီဒီယိုမှာ အဖျက်ခံလိုက်ရပြီး ရှင်းလင်းသော အကြောင်းအရာကို ဆင်ဆာဖြတ်ထားသော ဗီဒီယိုအပိုင်းတိုလေးတွေကတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့၏။

သတင်းအပြည့်အစုံကို မရလိုက်ရခြင်းက ရှီလီကို စိတ်ပျက်စေခဲ့သည်။

အခုတော့ ပျင်းစရာကောင်းသည့် အတန်းစည်းမျဉ်းက သူမအား ဤဖြစ်ရပ်ကို သတိရသွားစေပြီး ကျောင်းအုပ်၏ ကျေးဇူးကြောင့်စုံစမ်းရန် အချိန်ရောက်လာခဲ့လေပြီ။

[ဟုတ်သား၊ ငါအခု မှတ်မိပြီ]

ရှီလီက ခေါင်းငုံ့ကာ ဝဘ်ဆိုဒ်အမည်ကို ဖုန်းထဲ၌ ရိုက်ရှာလိုက်ပြီး [အာဟ၊ ငါဝင်သွားပြီ!]

လူတိုင်း: တစ်ယောက်တည်း မဝင်သွားနဲ့လေ။ ငါတို့ကိုလည်း ကြည့်ခိုင်းဦး။ အတင်းအဖျင်းအားလုံးကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်ထားတာက လူ့ကျင့်ဝတ်မရှိဘူးနော်။

ကျောင်းအုပ်မှာ… ရူးသွပ်နေတယ်ဆိုပြီး အထင်ခံရမှာကို ရှောင်ရှားရန်အလို့ငှာ သူ၏ရေခွက်ကို စားပွဲပေါ် တင်လိုက်သော်လည်း သူ့လက်တွေ တုန်ရီနေခြင်းကိုတော့ မရပ်တန့်နိုင်။

သူ တုန်ရီနေသည်မှာ ဒေါသကြောင့်လား၊ ရှက်ရွံ့မှုကြောင့်လား ဆိုတာကိုတော့ ပြောရခက်သည်။

သူမ၏ အရင်ဘဝတုန်းက ကျောင်းအုပ်၏ဇနီးနှင့် စွေ့ကျစ်၏ အကြောင်း ပေါ်ပေါက်သွားရခြင်းမှာ ယုတ်ညံ့သော စွေ့ကျစ်က သူတို့၏ ဆင်ဆာမဖြတ်ထားသော sex tapeကို လူကြီးဝဘ်ဆိုဒ်ပေါ် တင်လိုက်သည်အထ်ိ စက်ဆုပ်ဖွယ် ကောင်းခဲ့တာကြောင့်ပင်။

ကျောင်းရှိ ဟော်မုန်းဓာတ်များသော အချို့ကျောင်းသားများက တားမြစ်ဝဘ်ဆိုဒ်များကို ရှာကြရင်း ရင်းနှီးနေသော မျက်နှာတစ်ခုကိုမှတ်မိသွားခဲ့ကြသည်။

သူတို့က ဖန်သားပြင်ကနေ ဗီဒီယိုကို မှတ်တမ်း ယူထားလိုက်၍ အုပ်စုဖွဲ့ စကားပြောခန်းထဲ၌ ဝေမျှလာကာ အနှီသူတွေက သူတို့ထင်ထားသည့် လူတွေလားဟူပြီး မေးခဲ့ကြ၏။

သူတို့သည် ကျောင်း၌ ဝတ်စုံပြည့်ဝတ်ဆင်ထားသော စွေ့ကျစ်ကို အမြဲလိုလို မြင်တွေ့နေရ သော်လည်း လူတိုင်းမှာ သူ့အား မမှတ်မိကြပေ။

သူတို့၏ ဆရာတွေထဲက တစ်‌ဦးက လူကြီးရုပ်ရှင်တွေထဲ ပါဝင်နေတယ်ဆိုသည့်အချက်မှာ မေးရိုးပြုတ်သွားစေသည်အထိ ထိတ်လန့်စရာ ကောင်းပေသည်။

ဗီဒီယိုကို ကျောင်းသားတွေ မြင်ပြီဆိုတာနှင့်ကျောင်းရှိ ဆရာတွေလည်း မြင်တွေ့ကြမည်မှာသဘာဝပင်။

ကျောင်းအုပ်၏ဇနီးကို မြင်တွေ့ဖူးသောအချို့ဆရာတွေဆို ဗီဒီယိုထဲမှ အမျိုးသားဇာတ်လိုက်အား မှတ်မိရုံတင်မကဘဲအမျိုးသမီး ဇာတ်လိုက်ကိုပါ မှတ်မိကြသည်။

ဤအခြေအနေတွင် ၎င်းမှာ ဆရာတစ်ဦးက လူကြီးရုပ်ရှင်ထဲတွင် အလုပ်လုပ်နေသည့်ကိစ္စတစ်ရပ်တည်းတင် မဟုတ်တော့။

သူတို့ကျောင်းမှ မစ္စတာမို XX က တကယ် တော့ ကျောင်းအုပ်ရဲ့ ဇနီးနဲ့ ဖောက်ပြန်နေကာ သူတို့နှစ်ယောက်သားက လူကြီးရုပ်ရှင်တွေ အတူတူရိုက်ကူး၍ အပိုဝင်ငွေရှာနေတယ် ဆိုပြီး ဖြစ်လာတော့သည်။

ကျောင်းအုပ်၏ ရန်သူတော်ကြီးက ဤသတင်းကိုကြားတော့ အခွင့်ကောင်း ယူလိုက်တော့၏။ ထို့ကြောင့် အရာအားလုံး၏ နစ်နာသူဖြစ်သောကျောင်းအုပ်မှာ ဖောက်ပြန်နေသည့် ကိစ္စရပ်တစ်ခုလုံးကို သိရှိသွားတော့သည်။

141 02

ဤမကောင်းသတင်း၏ ထိတ်လန့်ဖွယ်ရာတန်ဖိုးမှာ ချန်ဖူအထက်တန်းကျောင်း၏သမိုင်းထဲတွင် ထိပ်ဆုံးအတင်းအဖျင်း ဇာတ်လမ်းတွေထဲသို့ အလွယ်တကူဘဲ ဝင်ရောက်သွားခဲ့၏။

နိုင်ငံခြား ဆာဗာတွေဖြစ်သော အနှီလူကြီးဝဘ် ဆိုဒ်တွေမှာ အတော်လေးကို နှေးပေသည်။

ဗီဒီယိုကို စတင်မပြသခင်တွင် နှစ်စက္ကန့်မျှသာပြသခဲ့၏။ ရှီလီ ရူးမတတ် ဖြစ်သွားရသည်။ ၎င်းမှာ အခုချိန်၌ ဗီဒီယိုကို သူမ မကြည့်သင့်သေးဘူး။ ဒီလိုအရာမျိုးကို လူရှေ့သူရှေ့မှာကြည့်တာ မသင့်လျော်ဘူး။ ဒါပေမဲ့ တစ်နေရာတည်းမှာပဲ ဗီဒီယိုရပ်‌တန့်နေတာက အတော်လေး စိတ်ရှုပ်ဖို့ ကောင်းတယ်လေ။ [ဘာလို့အရမ်းနှေးနေတာလဲ]

လူတိုင်း: နင် တကယ်ပဲ ဝဘ်ဆိုဒ်ကို ငါတို့နဲ့မဝေမျှဘူးလား။

ကျောင်းအုပ်၏လက်မှာ တုန်ရီနေသေးသော်လည်း သူသည်လည်း ဝဘ်ဆိုဒ်၏အမည်ကိုသိ ချင်နေသည်။

ထိုနေ့လယ်ခင်းတွင် သူ့ဇနီးအ‌ကြောင်းအား စုံစမ်းရန်အတွက် သီးသန့်စုံထောက်တစ်ဦးကို အလုပ်ခန့်ခဲ့သည်။ ထို့နောက် အတန်းထဲတွင် သူ့မိန်းမနှင့် စွေ့ကျစ်၏ sex tape က အွန်လိုင်း‌ပေါ် ရောက်နေပြီလို့ ပြောနေသည့် အရင်အပတ်တုန်းက အမျိုးသမီး၏ အသံကို သူနားစွန်နားဖျား ကြားလိုက်မိသည်။

ဤသည်မှာ စိတ်တိုစရာကောင်းသည့် အရှက်တကွဲ အကျိုးနည်းဖြစ်စရာ အခြေအနေ ဆိုသော်လည်း သူသည် သက်သေအဖြစ် ထိုဗီဒီယိုကို အသည်းအသန် လိုအပ်နေ၏။

အများပြောတဲ့အတိုင်း သူတို့ကို လက်ပူးလက်ကြပ်ဖမ်းရမယ်။

သီးသန့်စုံထောက်မှာ နာရီအနည်းငယ်မျှကြာ အလုပ်အား လက်ခံရသေးသော်လည်း အသာအယာပဲ အလုပ်ပြုတ်တော့မည့်ကိန်း ဆိုက်နေသည်။

ရှီလီ၏ ဘေးနှစ်ဖက်တွင် ထိုင်နေသော အတန်းဖော်တို့မှာ အရှေ့တူရူကို မျက်နှာမူထားကြသော်လည်း သူတို့၏ မျက်လုံးတွေကတော့ သူမ၏ ဖုန်းမျက်နှာပြင်ပေါ်တွင်သာ အာရုံစိုက်နေကြသည်။

ဤလိမ်ဖယ်နေသော အနေအထားက သူတို့ကိုအနည်းအကျဉ်းသာ မြင်ရစေသည်။

ပိုပြီး စိတ်တိုစရာကောင်းသည်မှာ ရှီလီ၏သက်ရောက်မှုအားကောင်းသော privacy screen protector ပင်။ သူတို့မှာ အမည်းရောင်ဖန်သားမျက်နှာပြင်မှလွဲ၍ အခြားဘာကိုမှ မမြင်နိုင်ချေ။

ဒီသေချင်းဆိုး privacy screen protectorတွေ…အားလုံးကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်ဖို့ကောင်းတယ်။

ဗီဒီယို၏ ရွေ့လျားနေသော အမြန်နှုန်းမှာလှည်းစုတ်တစ်ခုကို ဆွဲနေသည့် နွားထီးအိုကြီးနှင့်ပင် ယှဉ်လို့ရ၏။ ရှီလီ၏ စိတ်ရှည်ခြင်းမှာ ပါးလွှာပေသည်။ [ဒီ ချာတူးလံ XX ဆိုဒ်က ကမ္ဘာ့အကျော်ကြားဆုံးတွေထဲက တစ်ခုဖြစ် ရမှာလေ။ နှစ်တိုင်း ပိုက်ဆံတွေ သန်းထောင်ချီ ရှာနိုင်နေပြီးတော့ သူတို့ရဲ့ဆိုဒ်က ဘာလို့အရမ်းနှေးနေတာလဲ။ သူတို့ရဲ့ ဆာဗာတွေကို ပြင်ဖို့ တစ်ယောက်ယောက်ကို မငှားနိုင်ကြ ဘူးလား]

လူသားတွေ၏ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းတို့က အမြဲတမ်း ထပ်တူမကျနိုင်ပေ။ ရှီလီမှာနှေးကွေးနေသော ဝဘ်ဆိုဒ်ကြောင့် ရူးမတတ်ဖြစ်နေချိန်၌၊ အနှီဝဘ်ဆိုဒ်၏ အမည်ကိုကြားလိုက်ရသူတွေကတော့ ပျော်သွားကြ၏။

အဆိုးထဲက အကောင်းပဲဟေ့…

ရှီလီက လူကောင်းတစ်ယောက်ပဲ…

နင်က အတန်းဖော်တွေကို ရင်ထဲထည့်ထား၊ အတန်းဖော်တွေက နင့်ကို ဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ထားလိမ့်မယ်။

နင် ဘယ်သူလဲဆိုတာ ငါတို့ မသိနိုင်ပေမဲ့ နင် ဘယ်သူ့အတွက် လုပ်ပေးနေတယ်ဆိုတာကို ငါတို့ သိတယ်။

အခြားနှစ်ခန်းမှ ကျောင်းသားတို့မှာ ၎င်းက ဘယ်သူ့အသံဆိုတာ မသိကြပေ။ ပြီးခဲ့သောအပတ်က ကျောင်းအုပ်၏ဇနီးကို တစ်စုံတစ်ယောက်က မြှူဆွယ်နေတယ်လို့ ပြောခဲ့သောအမျိုးသမီးအသံကိ ဘယ်သူမှ အလေးအနက် မထားခဲ့ကြတာပင်။

141 03

ဒီတစ်ပတ်တော့ တစ်ချိန်တည်း၊ တစ်နေရာတည်း၌ ခေါင်းစဉ်တစ်ခုတည်းကို ထိုအမျိုး သမီးအသံက ထပ်မံပြောပြလာခဲ့၏။

အကယ်၍ ဤတစ်ကြိမ်တွင် လျစ်လျူရှုလိုက်ပါက သူတို့က အရူးတွေ ဖြစ်သွားပေလိမ့်မည်။

ကျောင်းအုပ်၏ ဇနီးက မစ္စတာစွေ့ နှင့် လူကြီးဗီဒီယိုတွေ ရိုက်ကူးနေတာကို လူသိရှင်ကြား ဆွေးနွေးခြင်းမှာ အကယ်၍ မှန်ကန်နေရင်တောင် မသင့်လျော်လှပေ။ ကျောင်းအုပ်နှင့်မစ္စတာစွေ့တို့အရှေ့၌ ပြောခြင်းက ပိုပြီးတောင်ဆိုးရွားပေသည်။

ဤအပြုအမူက လူမှုရေးညံ့သည် ဆိုတာထက်ကို ကျော်လွန်သွား၍ - ၎င်းမှာ ဆိုးရွားလွန်းသော လူ့အသိဉာဏ်ပင်။

ဤကိစ္စကြောင့် ကျောင်းအုပ်နှင့် မစ္စတာစွေ့တို့ အချင်းချင်း တိုက်ခိုက်ကြတာကို လူတိုင်း မြင်ချင်နေကြပြီး အကယ်၍ လူတိုင်းရှေ့မှာ ရန်စဖြစ်မည်ဆိုပါက ပိုတောင်ကောင်းပေလိမ့်မည်။

ကျောင်းသားတွေ၏ အကြည့်များမှာ နှစ်ဦးနှစ်ဖက် ပါဝင်ပတ်သက်နေသူများ ဖြစ်ကြသောကျောင်းအုပ်နှင့် မစ္စတာစွေ့၏ကြားတွင် လူးလားဆန်ခတ်နေ၏။ ကျောင်းအုပ်၏လက်မှာ ပါကင်ဆန်ရောဂါ ရနေသလို တုန်ရီနေပြီး စိတ်တိုနေသည်မှာ အရှင်းကြီးပင်။

သူ့ကို ထိတ်လန့်မှုကြောင့် နှလုံး‌ဖောက်သွားမှာ၊သွေးတိုးသွားမှာကို ကျောင်းသားတွေ စိုးရိမ်လာကြသည်။

တစ်ဖက်မှာတော့ မစ္စတာစွေ့သည် ဘာဆိုဘာမှမမှားယွင်းသလို ပြုမူနေပြီး ဘောပင်နှင့်စာရွက်ကိုကိုင်၍ မှတ်စုမှတ်နေလေသည်။ သူ့ကိုမြင်သည့် ဘယ်သူမဆို တကယ့်ရိုကျိုးလွန်းတဲ့သူလို့ မတွေးမိဘဲ နေနိုင်မှာမဟုတ်ပေ။

ကျောင်းသားများမှာ သူ၏ သမာဓိကို လေးစားသွားကု၏။ လူတိုင်းမှာ သူ့အခြေအနေအား နားလည်ကြည့်ရလျှင် အကယ်၍ ဘော့စ်ရဲ့မိန်းမနဲ့ ဖောက်ပြန်နေတာကို တစ်စုံတစ်ဦးက သူတို့က သူ့ဇနီးနဲ့ လူကြီးဗီဒီယိုတွေရိုက်ပြီး အွန်လိုင်းပေါ် တင်နေပါတယ်လို့ ဘော့စ်ရဲ့အရှေ့မှာ ပြောလာရင်...

ဒီမြင်ကွင်းမှာ စိတ်ကူးကြည့်ဖို့အတွက်တောင် အရမ်းပြင်းထန်လွန်းနေပြီ။

သူများတွေ အဲ့လိုဖြစ်ရင် အဆင်ပြေပေမဲ့၊သူတို့ကို ဖြစ်လာရင်တော့… မဖြစ်နိုင်တာ။

ရှီလီ၏ အတွေးတွေကို စွေ့ကျစ် မကြားနိုင်မှန်းအခန်း 1 မှ ကျောင်းသားတွေ သိကြသည်။

အခြားအတန်းတွေမှ ပိုဉာဏ်ကောင်းသောကျောင်းသားအချို့မှာ သူ၏ တုံ့ပြန်ပုံနှင့်ထူးဆန်းသော ဝိညာဉ်အမျိုးသမီး၏ အသံကို အကဲဖြတ်ကြည့်၍ သဘာဝလွန်ကိစ္စရပ်တစ်ခု ဖြစ်ပွားနေပြီး ဤအသံကို စွေ့ကျစ် မကြားရလောက်ဘူးဟု သင်္ကာမကင်း ဖြစ်လာကြ၏။

ဝဘ်ဆိုဒ်၏ အမည်ကို ကြားသိပြီးနောက် ယခုလို အကြောင်းအရာတွေကို ရှာလာသည်မှာ နှစ်ချို့နေပြီဖြစ်သော ကျောင်းသားများမှာ ချန်နယ်တွေထဲမှတဆင့် အနှီဆိုဒ်ထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားကြသည်။ သူတို့သည် ရင်းနှီးသော မျက်နှာကို ရှာဖွေနိုင်ရန်အတွက် Asian section မှ စာမျက်နှာဒါဇင်ကျော်တွင် လှန်လှောရှာကြည့်ရပေဦးမည်။

နှေးကွေးသော ပြသမှုကြောင့် ရှီလီသည် ဗီဒီယိုကိုကြည့်ရန် လက်လျှော့လိုက်ပြီ ဖြစ်သော်လည်း အခြားသူတွေကတော့ ဗီဒီယိုကိုဖွင့်ကာ မှတ်တမ်းယူနေကြလေပြီ။

ဗီဒီယိုက အရမ်းကြီး မရှည်ဘဲ ခုနစ်မိနစ်မျှသာ ရှိသည်။ အခြားအတန်းတွေမှ အတွေ့အကြုံပိုများသော ကြည့်ရှူသူများမှာ အဆင်မပြေဖြစ်မှုကို သည်းခံ၍ တစ်လျှောက်လုံး ကြည့်နေကာ ဗီဒီယိုတစ်ပုဒ်လုံးကို မှတ်တမ်းယူထားကြသည်။

အတန်းဆင်း ခေါင်းလောင်းမြည်လာတော့ ကျောင်းအုပ်သည် သူ၏ မှတ်စုတွေနှင့် ရေခွက်ကို အလျင်စလို သိမ်းဆည်းပြီးနောက် စင်မြင့်ထက်ကနေ အမြန်အဆန် ဆင်းသွား၍ တံခါးဝဆီ ဦးတည်လိုက်သည်။

ကျောင်းအုပ်၏ ကျိုးတိုးကျဲတဲ ဆံပင်များမှာလှုပ်ရှားမှုနှင့်အတူ ယိမ်းနွဲ့နေ‌လေသည်။ သူသည် သူ့ပုံရိပ်အား အမြဲဂရုစိုက်သူဖြစ်ကာ လူရှေ့သူရှေ့၌ ဘယ်တုန်းကမှ အလျင်စလို လမ်းမလျှောက်ဖူးပေ။

ကျောင်းအုပ်၏ လုပ်ရပ်တွေက သူ့အတွင်းရေးမှူး၊ စွေ့ကျစ်နှင့် ရှီလီကို ကြောင်အမ်းသွားစေသည်။

141 04

အတွင်းရေးမှူးက USB drive ကိုယူပြီး ကွန်ပျူတာကို ပိတ်ရန်အတွက် စင်မြင့်ပေါ်တက်သွား၏။

ကျောင်းအုပ် ထွက်သွားတော့ စွေ့ကျစ်သည် နာခံသလို ပြုမူနေစရာ မလိုတော့ချေ။ အတွင်းရေးမှူး၏ လုပ်ရပ်တွေကို ကြည့်ဘဲကြည့်နေပြီး မကူညီပေးပေ။

ကျောင်းအုပ် အနားမှာရှိရင်တော့ စွေ့ကျစ်က သေချာပေါက် ယခုလိုပြုမူမှာ မဟုတ်ချေ။

အတွင်းရေးမှူးမှာ ဤသည်ကို နေသားကျနေပြီဖြစ်ပြီး သူ့တာဝန်ကို တိတ်တိတ်လေးပဲ ဆောင်ရွက်လိုက်၏။

ရှိလီ: [ကျောင်းအုပ်မှာ အစည်းအဝေးတက်စရာ မရှိဘူးမလား။ ဘာလို့ အလျင်အမြန်ကြီး ထွက်သွားတာတုန်း?]

အတန်းဖော်များ: ဘာလို့ ကျောင်းအုပ်က အလျင်စလို ပြေးသွားတာလဲ…နင်အသိသင့်ဆုံးလေ။

နင့်ကျေး‌ဇူးကြောင့် အခုဆို ကျောင်းအုပ်က သူ့မယား လင်ငယ်နေတာကို သိသွားပြီ၊ပြီးတော့ သူ့ဇနီးနဲ့ သူမရဲ့ချစ်သူရဲ့ sex tapeကလည်း နိုင်ငံတကာထိ ပျံ့သွားပြီ။

ဘာလို့ ကျောင်းအုပ်က အလျင်စလို ထွက်သွားတာလဲ။ သေချာပေါက် အဲဒီဗီဒီယိုကို အိမ်ပြန် ပြေးရှာပြီး သူ့မိန်းမကို လက်ပူးလက်ကြပ်ဖမ်းမလို့ပဲ ဖြစ်မှာပေါ့။

******

142 01

အခန်း ၁၄၂: အသက် သုံးဆယ့်ငါးနှစ်ကွာပေမဲ့ သူလည်း အကွက်ရွှေ့နိုင်ပါတယ်

ဤအချိန်အတွင်း စွေ့ကျစ်မှာ အတော်လေးကို စိတ်ရှုပ်သွားခဲ့သည်။ သူ ဘာအမှားမှ မလုပ်ရသေးပေမဲ့၊ ကျောင်းအုပ်က သူနဲ့ ခပ်ကင်းကင်း နေနေသလိုပဲ။

သူ့အပေါ် ကျောင်းအုပ်ရဲ့ အပြုအမူက အရင်ကလို ညင်သာတယ်ဆိုပေမဲ့ ကျောင်းအုပ်နဲ့ နီးစပ်နိုင်မဲ့ အ‌ခွင့်အရေးကို သူ ထပ်ပြီး မရတော့‌ဘူး။

ကျောင်းအုပ်ကိုရှာဖို့ ရုံးခန်းဆီ သူသွားလိုက်တိုင်း အလုပ်များနေတယ်၊ ဧည့်လက်မခံသေး ဘူး ဆိုတာချည်းပင်။

မည်သို့ပင်ဆိုပေ ပြီးခဲ့သော တနင်္လာနေ့ ကတည်းက ကျောင်းအုပ်ကို စွေ့ကျစ် မတွေ့ရတာပင်။

သူသည် ကျောင်း၏ ပုံမှန်အစည်းအဝေးပွဲတွေကို တက်ရောက်ရန်အတွက်ပင် အရည်အချင်း မပြည့်မီတော့ပေ။

သူ ဘာလို့ ပါဝင်ခွင့်မရလဲဆိုသည့် အကြောင်းအား အုပ်ချုပ်ရေးပိုင်းကို တစ်ခါထက်မနည်း မေးကြည့်ခဲ့ဖူးသော်လည်း သူနှင့် အနီးစပ်ဆုံးအထက်လူကြီး ပြန်ပေးလာသော ဖြေရှင်းချက်မှာ ဟာကွက်မရှိပေ။

သို့ပေတည့် သူ့အား ပထုတ်ထားသည်မှာသိသာလှသည်။

‌သူသည် ကျောင်းအုပ်၏ ရုံးခန်းဆီသွား၍ပြဿနာကို တိုင်တန်းချင်နေသော်လည်း ကျောင်းအုပ်၏ ရုံးခန်းက ကန့်သတ်ချက်များရှိသည်ဟူသော အချက်အချာကျသည့် အတွေးအခေါ်နှင့်အတူ အတွင်းရေးမှူး၏ ထပ်တလဲလဲ တားမြစ်ခြင်းကိုခံခဲ့ရသည်။

လုပ်ငန်းခွင်တွင် ရေလိုက်ငါးလိုက်နေသော လူများစွာရှိလေသည်။ “မျက်နှာသာ အပေးမခံရသော” သူ့ကို မြင်နေကြသော လူများစွာမှာ သူ့အား ပါးနပ်စွာ ပစ်မှတ်ထားလာကြ၏။

သူတို့က ပေါ်တင်ကြီး ပြဿနာတက်အောင် လုပ်နေကြတာ မဟုတ်သော်ငြား အရင်ကလို တန်ဖိုးထားမခံရတော့ သူ့အား အ‌တော်လေး အဆင်မပြေဖြစ်စေသည်။

ကျောင်းထဲတွင် ‌ရေပန်းစားသော ပုံရိပ်ကနေဘေးနားက အရေးမပါသော ပုံရိပ်အဖြစ်သို့ ကျဆင်းသွားရခြင်းမှာ ဘယ်သူမဆို ကွာဟချက်ကို မြင်ယောင်ကြည့်နိုင်လေသည်။

အခုက အနည်းငယ်သာ သက်ရောက်မှု ရှိတယ်ဆို‌သော်လည်း သူ သည်းမခံနိုင်။ ကျရောက် လာတော့မည့် ဆိုးရွားမှုဆို ပိုပြီးတောင်တွေးမကြည့်‌နိုင်ပေ။

သူ့အတွက်ကတော့ ပြဿနာအရပ်ရပ်ကို တိုင်ကြားရန်အတွက် ကျောင်းအုပ်ကို မတွေ့ရလည်း အရေးမဟုတ်ချေ။ ကျောင်းအုပ်ရဲ့အနားမှာ သူတို့လူတွေ မရှိနေလို့လား။

ထို့ကြောင့် ခါတိုင်းလိုဘဲ သူ့အတွက် ကျောင်းအုပ်ကို စကားကောင်းတွေ ပြောပေးသော ကျောင်းအုပ်၏ ဇနီးကို ဆက်သွယ်လိုက်သည်။

သို့သော် ကျောင်းအုပ်၏ ဇနီးနှင့် ဆက်သွယ်၍မရချေ။

အဆုံးတွင် သောကြာနေ့ နေ့လယ်ခင်း၌သူမကို ဆက်သွယ်နိုင်ခဲ့လေသည်။ သူမက စကားတစ်ခွန်းသာ ပြောလာသည်။ “တို့ မင်းရဲ့ကျောင်းအုပ်နဲ့ ကွာရှင်းလိုက်ပြီ”

စွေ့ကျစ်၏ စိတ်ထဲသို့ မိုးကြိုးပစ်ချလိုက်လေပြီ။

ဘာကြောင့်လဲလို့ သူ မမေးနိုင်သေးခင်မှာပဲ ကျောင်းအုပ်၏ ဇနီးက ဆက်ပြောပြလာ၏။ “သူ့ကြည့်ရတာ တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို သိသွားတဲ့ပုံပဲ။ တို့နှစ်ယောက်ရဲ့ နှစ်တွေကြာနေပြီဖြစ်တဲ့ ဆက်သွယ်ရေးကြောင့် မင်းကို သတိပေးလိုက်မယ်။ သတိထားနော်၊ တို့ကို ကွာရှင်းပြီးရင်၊ သူ့နောက်ခြေလှမ်းက ‌မင်းကို ပစ်မှတ်ထားလာနိုင်တယ်”

ဤစကားကိုပြောပြီးနောက် ကျောင်းအုပ်၏ဇနီးက သူမဘာသာသူမ ဖုန်းချသွား၏။

စွေ့ကျစ်မှာ ထိုနေရာမှာတင် ဖုန်းကိုင်ထားရင်းကျန်ရစ်ခဲ့သည်။

ဒါဆိုရင် ဒီကာလအတွင်း ပစ်မှတ်ထားခံနေရတာ အားလုံးက သူနဲ့ ကျောင်းအုပ်ရဲ့ ဇနီးရဲ့ဖောက်ပြန်နေတဲ့ကိစ္စကို ကျောင်းအုပ် သိသွားလို့ပေါ့လေ။

142 02

စွေ့ကျစ်မှာ တစ်ကိုယ်လုံး အေးခဲသွားပြီးမယုံကြည်နိုင် ဖြစ်သွားသည်။

ကျောင်းအုပ်၏ ဇနီးနှင့် ပရောပရည်လုပ်နေတုန်းက သူတို့‌ကိစ္စ ပေါ်ပေါက်သွားရင် ဘာဖြစ်လာမယ်ဆိုတာကို သူ ဘယ်တုန်းကမှ မစဉ်းစားကြည့်ဖူးခဲ့ချေ။

အဆုံးမှာတော့ ဘယ်သူခိုးပဲဖြစ်ဖြစ် ခိုးမှုကိုအောင်မြင်ပြီး အဖမ်းခံရလျှင် ဘာဆက်ဖြစ်မယ်ဆိုတာကို မတွေးကြပေ။

စွေ့ကျစ်မှာ သတိရှိခဲ့ခြင်းကြောင့် သူနှင့် ကျောင်းအုပ်၏ဇနီးကြားက ဖောက်ပြန်မှုကို ဘယ်သူမှ မသိသွားနိုင်ဘူးဟုတွေး၍ အမြဲတမ်း အလွန်ဂုဏ်ယူနေခဲ့သူပင်။

တစ်ခါတစ်လေမှာ အလွန်အကျူး မာန်တက်နေခြင်းက ပျက်သုဉ်းခြင်းကို ဦးတည်စေနိုင်သည်။

အခုကျမှ အနာဂါတ်အကြောင်းကို စွေ့ကျစ်စဉ်းစားတော့သည်။

ကျောင်းအုပ်က သူ၏ အထက်လူကြီးဖြစ်ပြီးသူ့ဇနီးနှင့် ဖောက်ပြန်နေတာကို သိသွားခြင်း၏အကျိုးဆက်မှာ မှန်းဆ၍ပင်ရသည်။

သို့သော် ကျောင်းအုပ်က ပညာတတ်တစ်ဦးဖြစ်သဖြင့် ပညာတတ်တွေက ဂုဏ်သိက္ခာကို ဂရုစိုက်ကြသည်လို့လည်း စွေ့ကျစ် တွေးမိပြန်သည်။ ယခုလို ရှက်ရွံ့ဖွယ်ရာကိစ္စကို လူတိုင်းအား သိသွားစေ၍ သတင်းထူးအဖြစ် ဆွေးနွေးစေတာမျိုး မလုပ်လောက်ပေ။

အဲဒါကြောင့် ကိစ္စတွေက အဲ့လောက်ကြီး မဆိုးရွားနိုင်ဘူး။

အခုလို အေးစက်စက် ဆက်ဆံခံနေရတာက တကယ်တော့ လက်ခံလို့ရတယ်။

စွေ့ကျစ်သည် စိတ်ထဲက သဘောထားကွဲလွဲမှုများကို ဘယ်တော့မှာ ကြာကြာမထားဘဲ သူ့ကိုယ်သူ အလျင်အမြန် စိတ်အေးအောင် လုပ်နိုင်သွားသည်။

တနင်္လာနေ့ နေ့လယ်ခင်း၏ လူကျင့်ဝတ်နှင့်ဥပဒေအတန်းမှာ ယခုဆိုလျှင် ကျောင်းအုပ်၏အိပ်မက်ဆိုးအတန်း ဖြစ်လာခဲ့ချေပြီ။ ပထမအတန်းချိန်တုန်းက စွေ့ကျစ်နှင့် သူ့ဇနီး၏ဖောက်ပြန်မှုကို သိရှိခဲ့ရ၍ ဒုတိယအတန်းချိန်တွင် စွေ့ကျစ်နှင့် သူ့ဇနီး၏ ထိုအရာကို လုပ်နေသော ဗီဒီယိုကို နိုင်ငံခြားဝဘ်ဆိုဒ်ပေါ်သို့ တင်လိုက်သည့်အကြောင်းအား သိရှိခဲ့ရ၏။

နှစ်ပတ်ဆက်တိုက် ရှိပြီဖြစ်သည့် လူကျင့်ဝတ် နှင့် ဥပဒေအတန်းမှာ ကျောင်းအုပ်ကို စိတ်ဒဏ်ရာ ရသွားစေသည်။

အခုတော့ တနင်္လာနေ့ နေ့လယ်ခင်းတိုင်းတွင် သူ့ခမျာ စိုးရိမ်ကြောင့်ကြမှုကို အတော်လေး စတင်ခံစားလာရတော့သည်။

သူ ကျောင်းသားဘဝတုန်းက စာကြိုးစားသောကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်။ ယခုလူတွေကို ပညာသင်ကြားပေးရန်အတွက် ဆရာတစ်ယောက်အနေနှင့် တာဝန်ယူလာရတော့ စာသင်ပေးရမှာကို ကြောက်လာချေပြီ။

စစ်မှန်သည့် စစ်သည်တော်တစ်ဦးက သွေးအိုင်ကို ရင်ဆိုင်ရဲရပေသည်။

၎င်းကို ထိပ်တိုက်တွေ့သည်ဖြစ်စေ၊ အမြီးကုပ်၍ ရင်ဆိုင်သည်ဖြစ်စေ ထိုးနှက်ချက်ကတော့ ရောက်လာမှာပင်။

ဒီနေ့အတန်းမှာ စွေ့ကျစ်နဲ့ သူ့မိန်းမကြားက အခြားညစ်ညမ်းတဲ့ ကိစ္စတွေကိုပါ ကြည့်ရ သေးတာပေါ့လေ။

မဟုတ်သေးဘူး၊ ပြည်သူ့ရေးရာဗျူရိုရဲ့ကျေးဇူးကြောင့် အခုဆို သူ့မှာ ဇနီး မရှိတော့ဘူး၊ ဇနီးဟောင်းဘဲ ရှိတော့တယ်။

ထိုလူနှစ်ဦးတွင် ပါဝင်ပတ်သက်နေသူက သူ့ဇနီးမဟုတ်ဘဲ ဇနီးဟောင်းဟု တွေးလိုက်ခြင်းက ကျောင်းအုပ်ကို ပိုပြီးစိတ်သက်သာရာ ရသွားစေသည်။

[စွေ့ကျစ်က အတော့်ကို တစ်ခုခုပဲလို့ ပြောရမယ်၊ သူ့ဆရာတွေရဲ့ ဇနီးမယားတွေနဲ့မှ ပတ်သက်ရတာကို သဘောတွေ့နေတာ။ သူ့ရဲ့အထက်တန်းကျောင်းတုန်းက အတန်းပိုင်ရဲ့ဇနီးက သာဓကပဲ]

လူတိုင်း: ဝေါင်း၊ သူ့ကြည့်တော့ ဘာမှမဟုတ်သလိုလိုနဲ့၊ ဝိုင်းဝိုင်းလည်နေတာဘဲ။

ကျောင်းအုပ်: ခဏနေပါဦး၊ စွေ့ကျစ်ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းပိုင်က သူ့အသိမိတ်ဆွေ လူအိုကြီးပဲ။

142 03

ကျောင်းအုပ်မှာ စွေ့ကျစ်၏ အထက်တန်းကျောင်းတုန်းက နိုင်ငံရေးဆရာဖြစ်၍ အတန်းကြီးကြပ်ရေးမှူး ဖြစ်ခဲ့သည်။

စွေ့ကျစ်၏ အထက်တန်းကျောင်းတုန်းက အတန်းပိုင်က ပညာသင်ကြားရာမှာ ဝါရင့်နေပြီဖြစ်သောသူဖြစ်၍ စွေ့ကျစ်ကို သင်ကြားပေးခဲ့တုန်းက အသက်ငါးဆယ်ဝန်းကျင် ရှိပြီဖြစ်ကာ ယခုဆိုလျှင် အိမ်မှာပဲ အ‌နားယူနေတာပင်။

ထိုအချိန်တုန်းက စွေ့ကျစ်က အသက်ဆယ့်ငါး၊ဆယ့်ခြောက်မျှသာ ရှိသေးပြီး သူ၏ အထက်တန်းကျောင်းတုန်းက အတန်းပိုင်မှာ အသက်ငါးဆယ် ရှိနေလေပြီ။ အတန်းပိုင်၏ မိန်းမကလည်း ကျောင်းတွင် ဓာတုဗေဒဘာသာကို သင်ကြားပေးတာဖြစ်ပြီး သူမလည်း အသက်ငါးဆယ်ဝန်းကျင် ရှိ၏။

သုံးဆယ့်ငါးနှစ်ကျော် အသက်အရွယ် ကွာဟမှု ရှိ၍ ဓာတုဗေဒဆရာမ၏ သားကတောင် စွေ့ကျစ်ထက် အသက်ဆယ်နှ စ်ကြီးလေသည်။

ကျောင်အုပ်မှာ သူ့ဇနီးနှင့် စွေ့ကျစ်၏ ဖောက်ပြန်မှုကို ပထမဆုံးအကြိမ် ကြားသိခဲ့ရတုန်းက အိမ်ထောင်ရေး ဖောက်ပြန်ခံရ‌သော ခံစားချက်နှင့်အတူ ဒေါသစိတ်ကြောင့် အတော်လေး ထိတ်လန့်ခဲ့ရသေးသည်။ သူ့မိန်းမက စွေ့ကျစ်ထက် အသက်နှစ်ဆယ်လောက် ကြီးတာလေ၊ အဲဒါကို သူ ဘယ်လိုတောင် အကွက်ရွှေ့နိုင်ခဲ့တာလဲ။

ယောက်ျားသားတွေက ယေဘုယျအားဖြင့် သူတို့၏ ကိုယ်ပိုင်အခြေအနေတွေကို နားလည်နိုင်ကြသည်။ ‌ဘယ်ယောက်ျားကများ ပိုငယ်ရွယ်ပြီး ပိုလှတဲ့ မိန်းမတွေကို မကြိုက်လို့လဲ။

စွေ့ကျစ်ကတော့ ကွဲပြား၏၊ ပုံမှန်မဟုတ်ချေ။

သို့သော် ယခုချိန်တွင် သူ့မိန်းမနှင့် စွေ့ကျစ်တို့ကြားက အသက်ကွာဟချက်မှာ အဲ့လောက်ထိ မပြင်းထန်ဘူးဆိုတာကို နားလည်သွားပြီး အသက် သုံးဆယ့်ငါးနှစ် ကွာဟချက်၏ တည်ရှိမှုကြောင့်ပင်။

ယှဉ်ကြည့်လိုက်လျှင် အသက်နှစ်ဆယ်ကျော် ကွာဟချက်က မှေးမှိန်သွား၍ ရုတ်ချည်းပင် ဘာမှမဟုတ်တော့ပေ။

ခဏကြာသည်အထိ စွေ့ကျစ်က မဆင်မခြင်ဘဲ သတ္တိကောင်းတာလား၊ ဒါမှမဟုတ် အသက်ကြီးကြီး မိန်းမတွေကိုကြိုက်တဲ့ သူ့အကြိုက်က ထူးဆန်းတယ်လို့ပဲ ပြောရမလားဆိုတာ သူ မသိတော့ဘူး။

ချန်ဖူအထက်တန်းကျောင်းတွင် အလုပ်သက်တမ်း ကြာနေပြီဖြစ်ပြီး လွန်ခဲ့သော နှစ်များစွာကတည်းက ကျောင်း၏ အခြေအနေကို ရင်းနှီးနေပြီဖြစ်သည့် ကျောင်းအုပ်နှင့် ရှီလီတို့သာ စွေ့ကျစ်နှင့် အနှီဓာတု‌ဗေဒဆရာမ၏ အသက်ကွာဟချက်ကို သိထားကြတာပင်။ အခြားကျောင်းသားတွေကတော့ အတင်းအဖျင်းကို နားထောင်ရုံသာဖြစ်၍ စိတ်ထဲကနေစွေ့ကျစ်က ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလဲဆိုတာကို အံ့ဩနေကြသည်။

ကျောင်းအုပ်သည် နာရေးကို တက်ရောက်ရခြင်း၏ အတွေးအမြင်အကြောင်းအား ကျောင်းသားတွေကို လာသင်ကြားပေးတာဆိုသော်လည်း ဤအတင်းအဖျင်းကြီးကြောင့် တုန်လှုပ်သွားရမည်ဟု မမျှော်လင့်ထားခဲ့ချေ။

နောက်ထပ် နစ်နာသူတစ်ဦး ရှိလာခြင်းက သူ့ကို အတော်လေး ပျော်မြူးလာစေသည်။

အခုဆိုလျှင် ကျောင်းအုပ်က ဤသတင်းကို စွေ့ကျစ်၏ အရင်အတန်းပိုင်နှင့် တကယ့်ကို ဝေမျှချင်နေသော်လည်း ထိုလူအိုကြီးက အခုဆို အသက်ခုနစ်ဆယ်နား ကပ်နေပြီဖြစ်သဖြင့် ထိတ်လန့်မှုကို မတောင့်ခံနိုင်လောက်ဘူးဟု တွေးမိပြန်သည်။

ယခုလိုအရာမျိုးကို ကြားလိုက်ရတာက သူ့ကိုတစ်ခါတည်း သင်္ချိုင်းထဲ ပို့လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ကျောင်းအုပ်မှာ အခုတော့ သူ့တွင် အရည်ရွှမ်းသော အတင်းအဖျင်းတစ်ခု ရှိနေပါရက်နဲ့ဝေမျှစရာ လူမရှိဘူးလို့ ခံစားနေရသည်။

[စွေ့ကျစ်ရဲ့ ဘွဲ့လွန်ကျောင်းတုန်းက အကြံပေးရဲ့မိန်းမလည်း သူနဲ့ ဖောက်ပြန်ခဲ့သေးတယ်]

ကျောင်းအုပ်: ခုချိန်လောက်ဆို အဲဒီလူအိုကြီး အသက်ဘယ်လောက်ရှိနေပါလိမ့်၊ ဒီလို ထိတ်လန့်မှုမျိုးကို သူ တောင့်ခံနိုင်ပါ့မလား။

142 04

ဒါပေမဲ့ သိပ္ပံဆိုင်ရာ သုတေသနက လူတွေက အများအားဖြင့် စိတ်မာကြတော့ ဒီလိုအရာမျိုးကို သူ လက်ခံနိုင်လောက်မှာပါလေ။

ဘွဲ့လွန်ကျောင်းတုန်းက အကြံပေး၏ မိန်းမနဲ့ဆက်ဆံရေးကို စွေ့ကျစ် သက်သေတွေ ချန်ရစ်ထားခဲ့လားဆိုတာ မရှင်းလင်းဘူး။ အခုဆို ငါတို့က ဥပဒေစိုးမိုးတဲ့ လူ့ပတ်ဝန်းကျင်မှာ နေထိုင်နေတော့၊ ဘာဘဲလုပ်လုပ် သက်သေက လိုလာပြီ။

အဓိကက သက်သေမရှိဘဲနဲ့ စွေ့ကျစ်ရဲ့ဘွဲ့လွန်ကျောင်းတုန်းက အကြံပေးက ယုံကြည်မှာ မဟုတ်ဘူး။

[ဘယ်သူက တက္ကသိုလ်ဆရာ လောင်အိုက်လို မဖြစ်ချင်လို့လဲ။ စွေ့ကျစ်က သူ့ကျွမ်းကျင်မှုတွေကို သုံးပြီး အကြံပေးရဲ့မိန်းမကို သွားမြှူ ဆွယ်ထားတော့၊ အကြံပေးက သူ ဘွဲ့ယူတာကို နောက်ကျစေချင်ပြီး အလုပ်တွေ ပိုလုပ်ခိုင်းချင်တဲ့ လူကောင်း မဟုတ်ပေမဲ့ သူရဲ့မိန်းမက တီးတိုးပြောပေးရော စွေ့ကျစ်က ချောချောမွေ့မွေ့ ဘွဲ့ရသွားရုံတင် မဟုတ်ဘူး။ သူ့အကြံပေးရဲ့ လက်ထဲကနေ ထိပ်တန်း ဂျာနယ်နှစ်‌စောင်ကိုတောင် ရအောင်ယူနိုင်ခဲ့ပြီး အောင်အောင်မြင်မြင်နဲ့ ဘွဲ့ရသွားသေးတာ]

အတန်းဖော်များ: အထင်ကြီးစရာပဲ။ အကြံပေးက ခင်ဗျားကို ဒူပေဒါပေခံတဲ့လုပ်သားလို ဆက်ဆံခဲ့ပေမဲ့၊ ခင်ဗျားကတော့ သူ့ကို ဖောက်ပြန်ခံလိုက်ရစေတာပဲ။

သူတို့ထဲက တစ်ယောက်ကမှ လူကောင်းတွေ မဟုတ်ကြသော်လည်း ၎င်းမှာ တစ်နည်းတစ်ဖုံတော့ စိတ်ကျေနပ်စေသည်။

******

143 01

အခန်း ၁၄၃: မောင်နှမအရင်းတွေ မဟုတ်ဘူး

ကျောင်းအုပ်မှာ အနည်းငယ် ဝမ်းနည်းသွား၍“ဒီနေရာမှာ ငါက အဖြူစင်ဆုံးသူဘဲ” လို့ တွေးလိုက်သည်။ “ဘယ်သူ့ကိုမှ စာလုပ်တာကြာအောင်တို့၊ အလုပ်မှာလည်း စွေ့ကျစ်ကို အနိုင်မကျင့်ခဲ့ဖူးဘူး။ ငါ့မှာတော့ သူ့ကို တပည့်ရင်းချာဖြစ်လို့ ရာထူးတိုးပေးလိုက်ရတာ၊ သူကတော့ ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံခဲ့တယ်”

ရှီလီသည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှ ရေပန်းစားနေသော သတင်းခေါင်းစဉ်ကိုကြည့်၍ သက်ပြင်းမချဘဲ မနေနိုင်တော့ပြန်ကာ“အပြစ်အကင်းဆုံး သူတွေကတော့ စွေ့ကျစ်နဲ့တစ်နှစ်တည်း ကျောင်းသားတွေပဲ။ သူတို့ခမျာ ပရောဂျက်တွေလုပ်ဖို့၊ စာတမ်းတွေရေးဖို့ အကြံပေးဆီက ခေါင်းပုံဖြတ်ခံနေရတာနဲ့တင် ဆိုးရွားနေပြီကို၊ အခုတော့ အကြံပေးမိန်းမရဲ့ ချစ်သူလေးအတွက်ပါ ထိပ်တန်းဂျာနယ်တွေထဲ ပွဲဦးထွက်နိုင်အောင်လို့ ကူညီပေးရပြီး စာတမ်းတွေ ရေးပေးလိုက်ရသေးတယ်။ အရင်ဘဝတုန်းက ကမ္ဘာမြေနှစ်ခြမ်းကွဲစေတဲ့ ဘယ်လိုအပြစ်တွေကြောင့် သူ့အတန်းဖော်တွေကို ဒီလိုဖြစ်စေတယ်ဆိုတာ ဘယ်သူသိမှာလဲ”

အတွေးတစ်ခုက ကျောင်းအုပ်ထံ ရုတ်တရက် ဆိုက်ရောက်လာ၏။ စွေ့ကျစ်ကို ပညာရေးအရ ဥပဒေချိုးဖောက်မှုနဲ့ သူ တိုင်ကြားလိုက်လို့ မရဘူးလား။ သူ့ရဲ့ ဘွဲ့ရစာတမ်းကိုလည်း တိုင်ကြားလို့ရသေးတယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက်က ပြဿနာရှိနေမှာပဲ။

စွေ့ကျစ်ရဲ့ ဘွဲ့လွန်ကျောင်းတန်းက အတန်းဖော်တွေကိုလည်း သူ ဆက်သွယ်နိုင်သေးတယ်။ အခြေအနေကို သူတို့တွေ ပိုသိ‌နိုင်လောက်တယ်။

လူ့ကျင့်ဝတ်အတန်းချိန်တွင် ကျောင်းအုပ်နှင့်ကျောင်းသားတွေမှာ ဤအရည်ရွှမ်းသော အတင်းအဖျင်းတွေကြား၌ နစ်မွန်းရင်းဖြင့်သာ ကုန်ဆုံးသွားတော့သည်။

ဘာအသိပညာများ ရသွားသလဲဆိုရင်တော့…တောင်းပန်ပါတယ်၊ ဘယ်သူမှ မမှတ်မိလိုက်ဘူး။

ကထိက ကိုယ်တိုင်တောင်မှ ဘယ်အကြောင်းအရာကို ပြောလိုက်တယ်ဆိုတာ မမှတ်မိချေ။

ကျေးဇူးတင်စရာကောင်းသည်မှာ သူသည် လုပ်ငန်းတာဝန်များစွာကို လုပ်နိုင်စွမ်းရှိသူဖြစ်၍ အတင်းအဖျင်းထဲတွင် မွေ့လျော်နေသည့်တစ်ချိန်တည်းမှာဘဲ PowerPoint slide တွေထဲမှ ဖတ်ပြနိုင်သေးသည်။

တစ်ခါတစ်ရံတွင် သူ့အသံ အရမ်းကျယ်သွားပါက ဒရာမာကို နားမထောင်နိုင်တော့ဘဲ သူကိုယ်တိုင်အပါအဝင် ကျောင်းသားတွေကိုပါ အနှောင့်အယှက် ဖြစ်သွားစေသည်။

သို့သော် သူတွင် ရွေးချယ်စရာဟူ၍ မရှိပေ။ အကယ်၍ သူသာ ဟောပြောနေတာတွေကို ရပ်တန့်လိုက်လျှင် အတင်းအဖျင်း၏အသံလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

အခြေအနေကို ဆွဲဆန့်ထားနိုင်ရန်အတွက် ကျောင်းအုပ်မှာ သူ့အသံကို တက်နိုင်သမျှ တိုးထားလိုက်ပြီး သူကိုယ်တိုင် အပါအဝင် လူတိုင်းကိုပါ အတင်းပြောစေသည်။

တနင်္လာနေ့ နေ့လယ်ခင်း လူ့ကျင့်ဝတ်အတန်းချိန်မှာ ယခုဆိုလျှင် ကျောင်းသားတိုင်း၏အမျှော်လင့်ဆုံး သင်ခန်းစာချိန် ဖြစ်လာတော့၏။

ဘာကြောင့် အနှီထူးဆန်းသော အသံတွေကို ကြားနေရလဲဆိုတာ သူတို့မသိသော်လည်း အရည်ရွှမ်းသော အတင်းအဖျင်းတွေကို ကြားနိုင်နေသရွေ့၊ ဘယ်သူက အခြားဟာတွေကို ဂရုစိုက်နိုင်မှာတုန်း၏,

အတန်းချိန်ပြီးနောက် လူတိုင်းသည် သူတို့၏စာအုပ်တွေကိုကိုင်၍ စာသင်ခန်းတွေဆီ ပြန်သွားခဲ့ကြသည်။

ရှီလီက လူအုပ်၏နောက်ကနေ တဖြည်းဖြည်းချင်း လိုက်နေသည်။ စုန့်ရင်းမှာ ထိုင်ခုံဖော်အသစ် ရသွားပြီးကတည်းက ရှီလီအနား ကပ်ရတာကို ကြိုက်နေသေးသော်ငြား ယခု တွင်မူ ရုံရုံကိုပါ ဆွဲခေါ်လာသည်။

ရှီလီသည် သူမနား တွယ်ကပ်နေသော လူအရေအတွက်တွင် တစ်ယောက် ပိုလာတာကို စိတ်ထဲမထားချေ။

သူတို့ထဲက ဘယ်သူကမှ အတန်းထဲပြန်ရန် စိတ်မလျောကြပေ၊ အထူးသဖြင့် အခန်း 1 ၏ထိုင်ခုံတွေက အရှေ့၌ စီတန်းထားချိန်တွင်ပင်။ အခြားအတန်းနှစ်တန်း ထွက်ခွာသွားပြီးနောက် ထွက်ခွာရတာက ပိုအဆင်ပြေသည်။

143 02

စုန့်ရင်းသည် အတင်းအဖျင်း၏ တစ်ဝက်ကိုပဲ သိရသေးသလို ခံစားမိ၍ ကျန်တစ်ဝက်ကို အသည်းအသန် သိ‌ချင်နေတာကြောင့် သူမ၌ ရှီလီကို မေးစရာ မေးခွန်းတွေကျန်သေးသည်။

သို့သော် သူမကိုယ်သူ မထုတ်ဖော်နိုင်သဖြင့် စုန့်ရင်းသည် သူမ၏ စပ်စုချင်စိတ်ကို ထပ်ခါတလဲလဲ ဖိနှိပ်လိုက်ပြီး မေးကြည့်လိုက်သည်။ “မမ၊ ငါနင့်ကို မေးချင်တဲ့ ရူပဗေဒ ပုစ္ဆာတွေရှိတယ်”

“အေးလေ” ရှီလီ ပြန်ဖြေလိုက်၏။

စုန့်ရင်းသည် သူမ မှတ်မိသော ပုစ္ဆာ၏ စာကြောင်းကို ရွတ်ပြလိုက်သည်။

ရှီလီက မေးခွန်းကို ကြားလိုက်ရုံနှင့် အဖြေကို ချက်ချင်း ပြန်ဖြေပေးလိုက်သည်။

စုန့်ရင်းမှာ ရှီလီ ရှင်းပြနေသည့် အဖြေကိုစိတ်ပါစွာ နားထောင်လိုက်ပြီး ကျန်တစ်ဝက်ကတော့ လမ်းလျှောက်ရာတွင် အာရုံစိုက်ထားလေသည်။

ရလဒ်ကတော့ တစ်ယောက်ယောက်က သူမကိုဝင်တိုက်လာချိန်မှာ မရှောင်နိုင်တော့ဘဲ ယိမ်းထိုးသွားတော့၏။ သူမကို အမြန်ထိန်း ပေးလာသူမှာ ရှီလီပင်။

စုန့်ရင်းကို ဝင်တိုက်မိသောသူမှာ သူမက စိုးရိမ်စရာမလိုသည့် လူဆိုတာကို မြင်သွားတော့ မျက်ခုံးတစ်ဖက်ကိုပင့်၍ ရိုင်းပြလာ၏“မင်းသွားနေတဲ့နေရာကို မကြည့်နေဘူးလား”

စုန့်ရင်းက စကားငြင်းခုံရမှာတွေကို ရှောင်ရှားတာ အကျင့်ဖြစ်နေပြီ ဆိုသော်လည်း ရှီလီကမတူပေ။ သူမ ပြန်ပက်လိုက်သည်။ “ငါတို့ လမ်းလျှောက်နေတာ အဆင်ပြေတယ်၊နင်ကသာ ရုတ်တရက် ထွက်လာပြီး ငါတို့ကို ဝင်တိုက်တာလေ။ တောင်းပန်ရမှာ နင်မဟုတ်ဘူးလား”

ထာဝရ ကြက်အမေကြီးဖြစ်သော ဝေ့ရှင်က သူမမောင်၏ လုပ်ရပ်တွေကို ဆက်တိုက်စောင့်ကြည့်နေတာပင်။ သူ ငြင်းခုံနေရတာကို မြင်လိုက်ရတော့ သူမ၏ အပေါင်းအဖော်တွေမှ ထွက်လာပြီး ထိုအုပ်စုထံ အပြေးရောက်လာတော့သည်။

သူမမောင်၏ အရှုပ်တော်ပုံတွေကို ရှင်းပေးရတာက အစ်မဖြစ်သော သူမ၏ တာဝန်လို ဖြစ်လာ‌ခဲ့သည်။ သူမက နှိမ့်ချ၍ ထိုအုပ်စုကို တောင်းပန်လိုက်၏။ “ငါ တောင်းပန်ပါတယ်၊ငါ တကယ်တောင်းပန်ပါတယ်၊ သူ နင့်ကို နာကျင်အောင် လုပ်မိသွားသေးလား”

ဤမောင်နှမနှစ်ဦးမှာ ရှီလီ၏ အိမ်နီးချင်းတွေဖြစ်၍ သူတို့၏ ဗီလာတွေကလည်း အချင်းချင်း အတော်လေး နီးကပ်လှသည်။

ထို့ကြောင့် စုန့်ရင်းက ရှီလီ ဦးလေး၏မွေးစားသမီးဆိုတာကို သူသိနေတာပင်။

အခန်း 1 အပြင်မှ ကျောင်းသားများမှာရှီလီနှင့် စုန့်ရင်းတို့ တွဲသွားတွဲသွားလုပ်နေတာကို မကြာခဏ မြင်တွေ့ဖူးပြီး ရံဖန်ရံခါ ဖြတ်သွားရင်း စုန့်ရင်းက ရှီလီကို “မမ ဟူ၍ခေါ်သည်အား နားစွန်နားဖျား ကြားဖူးကြ၏။

ရှိလီက စုန့်ရင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသဖြင့် လူအများစုက သူတို့ကို သွေးသားတော်စပ်တယ်လို့ ထင်နေကြတာပင်။ လူအနည်းစုကသာ စုန့်ရင်းက တန်ဖိုးထားမခံရသည့် မွေးစားသမီးဖြစ်မှန်း သိကြသည်။

ရှီလီ၏ အိမ်နီးချင်းတွေဖြစ်သော ဝေ့ရှင်နှင့် ဝေ့ရှင်းတို့က အသေးစိတ်ကို သိထားကြသည်။

သူမအစ်မက ‌စုန့်ရင်းကို တကယ်ကြီး တောင်းပန်နေတာကို မြင်လိုက်ရတော့ ဝေ့ရှင်းမှာ အတော်လေး အဓိပ္ပာယ်မဲ့တယ်လို့ ထင်မြင်မိသည်။

“ပျင်းဖို့ကောင်းလိုက်တာ” သူ နောက်လှည့်ထွက်သွားတာနှင့် ရေရွတ်သွားသေး၏ “အရူးမ‌တွေ”

သူ၏ တိတ်တဆိတ် ရေရွတ်ခြင်းကို ရှီလီ ကြားလိုက်သည်။ ဝေ့ရှင်က အားနာစွာပြုံးပြ၍ ပြောလိုက်သည်။ “ငါတောင်းပန်ပါတယ်၊ အရမ်းတောင်းပန်ပါတယ်။ သူ့ကိုယ်စား ငါကပဲ တောင်းပန်ပါတယ်။ အဲ့ကလေးက မရည်ရွယ်ပါဘူး”

ဝေ့ရှင် ထားခဲ့သော အတန်းဖော်များက နောက်ကနေ အမှီလိုက်လာ၏။ တစ်ဦးက မျက်မှောင်ကြုတ်၍ ဝေဖန်လိုက်သည်။ “နင်ကတော့လေ အမြဲဒီလိုဘဲ။ သူ အပြင်မှာပြဿနာရှာတိုင်း နင်ပဲ သူ့အစား တောင်းပန်ပေးနေရတာ။ နင်က သူ့ကလေးထိန်းမှ မဟုတ်တာ၊ ဘာလို့ လုပ်ပေးနေမှာလဲ ”

143 03

‌အားတုံ့အားနာဖြစ်နေသော ဝေ့ရှင်နှင့် ရင်ဆိုင် နေရတော့ ရှိလီလည်း ပြင်းပြင်းထန်ထန် မ‌ပြောတော့ဘဲ ထိုအဖွဲ့ကို ထွက်သွားခိုင်းလိုက်သည်။

ဝေ့ရှင်နှင့် သူမအဖော်၏ စကားဝိုင်းမှာလည်း ရှီလီနှင့် သူမသူငယ်ချင်းတွေ၏ နားဝဆီရောက်ရှိလာသည်။

ဝေ့ရှင်က ခွင့်လွှတ်စွာ ပြန်ပြောလာသည်။ “သူက ဘာပဲဖြစ်ဖြစ် ငါ့မောင်လေးလေဟာ။ သူ့အ‌စ်မအနေနဲ့ ငါလုပ်ပေးသင့်တာပေါ့” သူမ၏ အ‌ဖော်က ကျိန်ဆဲလာကာ “နင်က သူ့ထက် မိနစ်အနည်းငယ်ဘဲ စောမွေးလာတာပါဟယ်။ ဘာလို့ နင်က တစ်သက်လုံး သူ့ရဲ့ကလေးထိန်း လုပ်ရမှာလဲ”

ဝေ့ရှင်နှင့် ဝေ့ရှင်း မောင်နှမအတွဲမှာကျောင်း၌ အတော်လေး လူသိများသည်။

ဤသည်မှာ ဝေ့ရှင်းက အမြဲတမ်း ပြဿနာရှာသူဖြစ်၍ သူပြဿနာရှာပြီးရင်း သူ့အစ်မ ‌ဝေ့ရှင်က သူ့အတွက် လျှောက်ပတ်ပြီး တောင်းပန်နေရလို့ပင်။

သနားကြင်နာစိတ် အလျှံပယ်ရှိသော စုန့်ရင်းက သက်ပြင်းချလာကာ “ဝေ့ရှင်က တကယ်ကို သနားဖို့ကောင်းလိုက်တာ၊ ဘာမှမကောင်းတဲ့ဝေ့ရှင်းလို မောင်မျိုးနဲ့မှ ပိတ်မိနေတယ်”

ဝေ့ရှင်းမှာ ထွက်သွားပြီးဖြစ်တာကြောင့် သူမက အသံကိုတိုး၍ ဤစကားကို ပြောရဲတာပင်။

ရှီလီက သူမစကားကို သဘောမတူသလိုဝေ့ရှင်းအား ခွေးကောင်လို့လည်း မဆဲရေးပေ။

သူမ၏ စိတ်ထဲ၌ တွေးလိုက်သည်။ “သူမက တကယ်ကို ကံမကောင်းတာပါလား၊ သူမရဲ့ပြဿနာကောင်မောင် ဝေ့ရှင်းကြောင့်တော့ မဟုတ်ဘူး။ တကယ့်တကယ် ကံဆိုးတာက ဝေ့ရှင်းက ဝေ့ရှင်ရဲ့ မောင်အရင်း မဟုတ်နေတာဘဲ”

စုန့်ရင်း တွေးလိုက်၏။ ဘာ… ဒီချမ်းသာတဲ့မိသားစုတွေကတော့ တကယ့်ကို တစ်ခုခုဘဲ၊နေရာတိုင်းမှာ ဆက်ဆံသူအတုတွေနဲ့ သခင်ငယ်လေး‌တွေ ဆိုတာချည်းဘဲ။

အဝေးကြီးထိ မလျှောက်ရသေးသော ဝေ့ရှင်က သူမ ခြေလှမ်းတွေကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူမ၏ အပေါင်းအသင်းတွေလည်း သူမနှင့်အတူ ရပ်တန့်လိုက်ကြ၏။

ဝေ့ရှင်၏ သူငယ်ချင်းတွေမှာ အချင်းချင်းကြည့်လိုက်ကြပြီး ပြောစရာစကား မဲ့ကုန်ကြသည်။

“ဝေ့ရှင်ရဲ့ မွေးမိခင်က ဝေ့ရှင် တစ်ယောက် တည်းကိုဘဲ မွေးခဲ့တာ။ ဝေ့ရှင်ရဲ့အဖေ လူယုတ်မာအိုကြီးကတော့ ဝေ့ရှင်ရဲ့ အမေနဲ့မွေးရက်တူတဲ့ မယားငယ်တစ်ယောက် အပြင်မှာ ရှိတယ်လေ။ ဝေ့ရှင်ရဲ့အမေမွေးခန်းထဲဝင်တော့ မယားငယ်ကလည်းC-section အတွက် ခွဲခန်းထဲ ရောက်နေတာ”

“ဝေ့ရှင်ရဲ့ အဖေ၊ လူယုတ်မာအိုကြီးကတော့ ဆေးရုံက သူနာပြုတွေကို လာဘ်ထိုးလိုက်တယ်။ သူ့မိန်းမနိုးလာရော သူမကို သားလေးနဲ့ သမီးလေး၊ အမွှာလေးမွေးတယ်ဆိုပြီး ပြောလိုက်တာပဲ”

“ဒီလိုနည်းနဲ့ နောက်ပိုင်းကျ အမွေဆက်ခံတဲ့ ပြဿနာတွေကို စိတ်မပူရတော့အောင်လို့ သူ့မယားငယ်ရဲ့ သားအတွက် အနာဂါတ်ကို သေချာအောင် စီမံပေးခဲ့တာပေါ့”

“အဲဒီသားက မောင်လေးအဖြစ် မွေးလာပြီး သူ့ကို စောင့်ဆိုင်းနေတဲ့ သဘာဝအစေခံဖြစ်တဲ့ အစ်မတစ်ယောက်ကိုပါ ရလိုက်သေးတယ်”

“အဲဒါက ခဲတစ်လုံးတည်းနဲ့ ငှက်တွေအများကြီးကို သတ်ပစ်နိုင်တာဘဲ”

ဝေ့ရှင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အဖြူရောင်သန်းလာတော့ သူမ၏ အပေါင်းအသင်းတွေလည်း အလွန်အမင်း စိုးရိမ်လာကြသည်။

သူတို့မှာ သူမကို နှစ်သိမ့်ပေးချင်သော်လည်း ဘယ်လိုအစပြုရမယ်မှန်း မသိကြတော့။

ဝေ့ရှင်မှာ ဖျော့တော့စွာသာ ပြောလိုက်၏။ “သွားရအောင်ပါ။ အခုနေမသွားရင် နောက်ကျနေဦးမယ်”

******

144 01

အခန်း ၁၄၄: ထွက်သွားပြီးနောက် မိသားစု၏အမွေဆက်ခံခြင်းကို လုပ်ဆောင်ခြင်း

စုန့်ရင်း၏ အမူအရာမှာ တစ်နည်းတစ်ဖုံ ဆန်းကြယ်သွားပြီး ဒီဇာတ်လမ်းက သူမ ထင်ထားသလို မဟုတ်နေဘူး။

သူမ ထင်ထားတာက တကယ့်သခင်လေးကို အတုနဲ့ လူစားလဲထားတာလို့ ထင်ပေမဲ့ ဖြစ်ချင်တော့ မယားငယ်ရဲ့သားကို တရားဝင်မိန်းမရဲ့ ကလေးအဖြစ် ပျိုးထောင်နေတာတဲ့လား။

ဟုန်ယန်၏ ကလေးအစားထိုးသော ဖြစ်ရပ်ကို ကြုံတွေ့ထားတော့ စုန့်ရင်းမှာ သူမ၏ ကိုယ်ကျင့်တရားမှာ သိသိသာသာ လျှော့ကျသွားသလို ခံစားနေမိသည်။ ဟုန်ယန်နှင့်နှိုင်းယှဉ်ကြည့်လျှင် အနည်းဆုံးတော့ ဝေ့ရှင်က မယားငယ်၏ ကလေးနှင့် အစာထိုးခံတာ လုံးဝမဟုတ်နေပေ။

စုန့်ရင်း ခေါင်းခါလိုက်၏။ ဒီလိုဆို မကောင်းဘူး၊ ပြောင်းလဲဖို့ လိုတယ်။

ထိုဖြစ်ရပ်ကနေ မထွက်သွားရသေးသော အတန်းဖော် အနည်းငယ်လည်း ရှိနေသေးပြီး သူတို့မှာ နောက်ကျမှ ထွက်ခွာတာကြောင့် ဝေ့မိသား၏ ကလေးအစားထိုး‌သော ဖြစ်ရပ်အားလုံးကို ကြားသိလိုက်ရသည်။

အခြားသူများမှာ စိတ်ထဲကနေ ဝမ်းမြောက်နေကြပြီး သူတို့က မိသားစု၏ တစ်ဦးတည်းသောကလေးတွေ ဖြစ်ကြကာ၊ သူတို့ မောင်နှမတွေ၏ မောင်နှမအစစ်တွေ မဟုတ်နိုင်ခြေ မရှိသည့်အတွက်လည်း ကျေးဇူးတင်နေကြသည်။

ရှီလီ၏ အတွေးတွေကို ကြားနိုင်သော လူများမှာ စုဝေးလာကြပြီး ဤလူစုတွင် သူတို့နှင့်ပတ်သက်၍ အ‌တင်းအဖျင်း အတော်များများရှိကြသဖြင့် ရှီလီ၏ စိတ်ထဲက အတွေးတွေ ပေါ်ပေါက်သွားနိုင်သည့် အန္တရာယ်လည်း ရှိပေသည်။ သူတို့ တစ်ခုခုလုပ်မှ ရပေတော့မည်။

ထို့ကြောင့် အတန်းခေါင်းဆောင်မှာ မတတ်သာသည့်အဆုံး အတန်းသုံးတန်းလုံးမှ ကျောင်းသားတွေ ပါဝင်သည့် အုပ်စုဖွဲ့ စကားပြောခန်းကို ဖွဲ့စည်းလိုက်တော့သည်။

အတန်းခေါင်းဆောင်သည် အတန်းပိုင်ဆီမှလူ့ကျင့်ဝတ်အတန်း၏ ကျောင်းသားများစာရင်းကို ရရှိခဲ့ပြီး လူအယောက် ရှစ်ဆယ်ခန့်ရှိသော ကြီးမားသည့် အဖွဲ့ကို ဖွဲ့စည်းလိုက်၏။

သူတို့၏ ဖုန်း‌တွေထဲတွင် အုပ်စုဖွဲ့ စကားပြောခန်း အသစ်တစ်ခုက ရုတ်ချည်း ထွက်ပေါ်လာတော့ အခန်း 2 နှင့် အခန်း 3 မှ ‌ကျောင်းသားများမှာ အမေးသင်္ကေတများဖြင့် တုံ့ပြန်လာကြသည်။

ဤအရာတွင် ကောင်းကောင်းကြီး ကျွမ်းကျွင်သော အတန်းခေါင်းဆောင်က စိတ်ထဲကအတွေးနှင့် ၎င်း၏ မူလဇာတ်မြစ်ကို လူတိုင်းအား စတင်ရှင်းပြပေးလိုက်သည်။

ဒါ့အပြင် အနာဂါတ်၌ ထိန်းသိမ်းထားနိုင်သော တိုးတက်မှုနှင့် လူတိုင်းအား အရည်ရွှမ်းသည့်အတင်းအဖျင်းတွေ ဆက်လက်ရရှိနိုင်ရန် လူတိုင်းကို ပါးစပ်ပေါက်ပိတ်၍ ဤကိစ္စအား လျှို့ဝှက်ထားကြဖို့ မျှော်လင့်နေသည်။

ဤသည်မှာ အလွယ်တကူ လက်ခံနိုင်သည့်ကိစ္စ မဟုတ်တာကို အတန်းခေါင်းဆောင် နားလည်ပေးနိုင်သည်။

အဆုံးမှာတော့ ဤကိစ္စက အလွန်စိတ်ကူးယဉ်ဆန်လှ၍ သူတို့၏ အတန်းသားတွေတောင် ၎င်းကို အပြည့်အဝ လက်ခံနိုင်ရန်အတွက်အချိန်တချို့ လိုအပ်ခဲ့တာပင်။

သို့‌ပေတည့် အခြားအတန်းတွေမှ ကျောင်းသားတွေကတော့ အလျင်အမြန်ဘဲ လက်ခံခဲ့ကြသည်။

[သေစမ်း၊ မိုက်တယ်ကွာ]

[ဒါဆို နင်တို့အတန်းက အတင်းအဖျင်းတွေကို နေ့တိုင်းရနေတာပေါ့]

[အရမ်းကံကောင်းတာပဲနော်]

[နင်တို့အတန်းမှာ ကျောင်းသားသစ်တွေကို လက်ခံသေးလား။ အတန်းပြောင်းဖို့ အရမ်းနောက်ကျသွားပြီလား]

[နင်တို့အတန်းက ငါတို့တွေမပါဘဲ ဘယ်လောက်တောင် ကောင်းတဲ့ အရာတွေကို တိတ်တိတ်လေး ခံစားနေတယ်ဆိုတာ တွေးတောင် မတွေးတတ်တော့ဘူး]

[ဘာလို့ ငါတို့အတန်းကျ ဒီလို မှော်ဆန်တဲ့ရတနာမျိုး မရှိရတာလဲ?]

အတန်းခေါင်းဆောင်: *poker face*

144 02

အခြားသူတွေဆီကနေ ပါးနပ်သော အကြံပေးချက်များစွာလည်း ရှိသေး၏။

[ငါ့အထင် ရှီလီ အတန်း‌လှည့်သင့်တယ်။ MWF နေ့တွေဆို ငါတို့အတန်း၊ TT ဆို အခန်း1]

အခန်း 2 မှ ကျောင်းသားတစ်ဦး၏ အနှီပါးနပ်သောအကြံ‌မှာ အခန်း 2 မှ ကျောင်းသားတွေ၏တညီတည်း ထောက်ခံခြင်းကို ရရှိသွားသည်။

အခန်း 2 မှ ကျောင်းသားများ: တကယ်တော့ ရှီလီကို ငါတို့အတန်းမှာ ခုနစ်ရက်၊တစ်ပတ်လုံးထားရင် ပိုတောင်ကောင်းသေးတယ်၊ ဒါပေမဲ့ သူမ အတန်းက ကျောင်းသားတွေက သဘောတူမှာ မဟုတ်တော့၊ ငါတို့ပဲ အနစ်နာခံလိုက်ပြီး မင်းတို့နဲ့ ဝေမျှပါ့မယ်”

လုံးဝလျစ်လျူရှုခံထားရသော အခန်း 3:?? ဒီအုပ်စုထဲမှာ ငါတို့လည်း ရှိသေးတယ်ဟ။

သူတို့ဆီကနေ ရှီလီကို အခိုးခံလိုက်ရသောအခန်း 1 : ?? စဉ်းတောင်မစဉ်းစားနဲ့။

အုပ်စုဖွဲ့ စကားပြောခန်းမှာ ရှီလီ၏ ပိုင်ဆိုင်ခွင့်အကြောင်းကို ဆွေးနွေးရင်း အရှိန်မြင့်တက်လာတော့သည်။

အုပ်စုဖွဲ့ စကားပြောခန်း၏ ၈၀ ရာခိုင်နှုန်းမှာအခန်း 1 ၏ မူလစကားပြောခန်းထက် ပိုပြီးအသက်ဝင်နေလျှက်ရှိ၏။

အခုဆိုလျှင် အခန်း 1 မှ ကျောင်းသားတွေ၌ တာဝန်အသစ် ရှိသွားလေပြီ: ရှီလီကို ထိန်းသိမ်းထားဖို့အတွက် အခြားအတန်းတွေနဲ့ တိုက်ခိုက်ရမယ်။

စကားလမ်းကြောင်းက တဖြည်းဖြည်းနှင့် တိမ်းစောင်းလာတာကို မြင်နေရတော့ အတန်းခေါင်းဆောင်သည် သူ၏အက်မင်ပါဝါကိုသုံး၍ လူတိုင်းကို mute လိုက်သည်။

ဤကိစ္စကို ကျိန်းသေပေါက် လျှို့ဝှက်ထားရမှာဖြစ်ပြီး သူများတွေကို လျှောက်မပြောဖို့ သူထပ်ပြီး အလေးပေး ပြောလိုက်၏။

မက်ဆေ့ခ်ျကို ပို့ပြီးနောက် အတန်းခေါင်းဆောင်က လူတိုင်းအား mute ထားတာကို ပြန်ဖြုတ်ပေးလိုက်သည်။

အတန်းခေါင်းသည် အဖွဲ့၏ လှုပ်ရှားပုံကိုအနီးကပ် စောင့်ကြည့်လိုက်တော့ အနှီအိမ်နီးချင်း အတန်းမှ ကျောင်းသားများမှာ လျှို့ဝှက်ချက်အား သေချာပေါက် ထိန်းသိမ်းထား၍ လျှောက်မဖွဘူးလို့ ဖော်ပြလာကြတာကို မြင်တွေ့လိုက်ရသည်။

[အတင်းအဖျင်းတွေအတွက်!]

[မဟာမိတ်အတွက်!]

[မဟာမိတ်အတွက်!]

[မဟာမိတ်အတွက်!]

အတန်းခေါင်းဆောင်: ??? ဒီမဟာမိတ်က ဘယ်ကဘယ်လို ရောက်လာတာတုန်း။

အဖွဲ့၏နာမည်ကို သူ လှမ်းကြည့်လိုက်တော့ တစ်စုံတစ်ယောက်က သာမန်နာမည်ကို –အတင်းအဖျင်း မဟာမိတ် ဟူ၍ ပြောင်းလဲထားမှန်း သိလိုက်ရသည်။

ကောင်းပြီ၊ မဟာမိတ် အကျိုးအတွက် လူတိုင်း နှုတ်ပိတ်နေမယ်လို့ သူ မျှော်လင့်ရတာဘဲ။

ဝေ့ရှင်မှာ အပြောင်းအလဲကြီး တစ်ခု၏ရုတ်တရက် သက်ရောက်ခြင်းကို ခံလိုက်ရတာကြောင့် သူမ၏ ကမ္ဘာထဲမှာဘဲ ပျောက်ဆုံးနေပြီး ဗလာဖြစ်စွာ စိုက်ကြည့်နေလေသည်။ အုပ်စုဖွဲ့ စကားပြောခန်းသို့ဝင်ရန် သူမအား လာခေါ်‌ချင်ကြသော အတန်းဖော်တို့မှာ သူမ၏သွေးရောင်ကင်းမဲ့နေသော နှုတ်ခမ်းတွေကို မြင်တွေ့လိုက်ရတာကြောင့် တုံ့ဆိုင်းသွားကြ၍ သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲမှာ နစ်မြှုပ်နေသည့် ဝေ့ရှင်ကို မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

၎င်းမှာ ကျောင်းဆင်းပြီးနောက် သူမ၏ဖုန်းဖန်သားပြင်တွင် မက်ဆေ့ခ်ျ နိုတီပေါင်း999+ ကို မတွေ့လိုက်ရခင် အထိပင်။

သူမသည် အမေးသင်္ကေတတွေ ပြည့်နှက်နေသော ခေါင်းဖြင့် တစ်နာရီကျော်ကြာ ဖုန်းပွတ်ကြည့်ပြီးနောက် မက်ဆေ့ခ်ျအချို့ကို ကျော်ချလိုက်ရင်တောင် စကားပြောခန်း၏ အစပိုင်းဆီ မရောက်နိုင်ချေ။

144 03

မက်ဆေ့ခ်ျတွေ အရမ်းများပြားလွန်းနေတာကြောင့် အသုံးမဝင်တော့သဖြင့် သူမတွင် အလဟဿ စကားပြောရန် စိတ်မပါပေ။

ဘယ်လိုပဲဖြစ်ဖြစ် ဤအဖွဲ့၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ထိုအချက်ကို လူတိုင်းအား လျှို့ဝှက်ထား၍ လျှောက်မဖွရဘူးဆိုတာကို သူမ နားလည်သွားသည်။

သို့သော် အဖွဲ့ဝင်တွေ အရေအတွက်ကို သူမကြည့်လိုက်ပြီး သူမ၏ လက်ချောင်းမှာ ရပ်တန့်သွားပြီးနောက် နှိပ်လိုက်တော့သည်။ အဖွဲ့ဝင်စာရင်းကို ထိပ်ဆုံးကနေ အောက်ဆုံးအထိ ဆွဲကြည့်လိုက်သော်လည်း ရင်းနှီးနေသော ရုပ်ပုံတစ်ခုကိုတောင် သူမ မမြင်တွေ့ခဲ့ရပေ။

ဝေ့ရှင် နှုတ်ခမ်းဆူလိုက်ပြီး အဖွဲ့အက်မင်နှင့်သီးသန့်စကားပြောခန်းကို ဖွင့်လိုက်သည်။

[တစ်ဆိတ်လောက် အတန်းဖော်၊ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဝေ့ရှင်းကို ဒီအဖွဲ့ထဲ ထည့်ပေးဖို့ မေ့သွားတယ်ထင်တယ်]

အခုလေးတင်မှ ညစာစားပြီးသွားတာဖြစ်သော အတန်းခေါင်းဆောင်သည် နာမည်ပြောင်နှင့်ရုပ်ပုံတစ်ခုဆီမှ မရင်းနှီးသော မက်ဆေ့ခ်ျကိုမြင်လိုက်ရချိန်မှာ မမှတ်မိပေ။

အတန်းခေါင်းဆောင်က ဖြည်းဖြည်းချင်း စာရိုက်လိုက်၏: [မင်းက ဘယ်သူလဲ?]

[ငါက ဝေ့ရှင်ပါ]

ဒီဟာက တစ်ယောက်ယောက် ရန်လာရှာတာတော့ မဟုတ်ဘူးမလားဟု အတန်းခေါင်းဆောင် တွေးမိသည်။

*ဆရာ၊ ကျွန်တော်တို့မှာလည်း ဘာလို့ ကိုယ်ပိုင် ကျစ်ဟန် မရှိရတာလဲ*

ဤနေ့လယ်ခင်းတုန်းက ဝေ့ရှင်းသည် မယားငယ်၏ ကလေးဖြစ်တယ်ဆိုပြီး ရှီလီပြောခဲ့စဉ်က အခန်း 1 မှ ကျောင်းသားအားလုံး လူစုံတက်စုံ ရှိနေကြသည်။ ဤစကားကိုကြားမိသော အတန်းခေါင်းဆောင်က သူ့မိသားစုအရေးကို လူတိုင်းအတင်းတုပ်နေသည်အား မမြင်စေရန်နှင့် သူ၏လူယုတ်မာအဖေကို ကြိုပြီးမသိသွားစေရန် ဝေ့ရှင်းအား အဖွဲ့ထဲသို့ မထည့်ခဲ့ပေ။

အတန်းခေါင်းဆောင်က အမှားလုပ်ခဲ့တယ်လို့ မခံစားမိသော်လည်း ဤအခိုက်အတန့်တွင် ဝေ့ရှင်၏ သဘောထားနှင့် ပတ်သက်၍ သိပ်ပြီး မသေချာပေ။ တကယ်လို့ အချို့လူတွေရဲ့ တွေးပုံတွေးနည်းက မတူရင် ဘယ့်နှယ်လုပ်မလဲ။

သူက မောင်အရင်း မဟုတ်ဘူးဆိုပေမဲ့ သူ့ကို အနိုင်ကျင့်လို့တော့ မရဘူးလေ။

ဤမောင်နှမ အတွဲမှာ သူမ၏ မောင်ဖြစ်သူအပေါ် အလွန်အမင်း ကာကွယ်ပေးမှုကြောင့် ကျောင်းတွင် လူသိများ ကျော်ကြားလေသည်။

သူ စဉ်းစားထားတဲ့ လုပ်ရပ်ကို တစ်ဖက်လူက မလိုအပ်ဘူးလို့ မြင်နေတာလား။

ဘယ်သူ့ကိုမှ တတ်နိုင်သမျှ မစော်ကားမိစေရန် စဉ်းစားလိုက်ပြီး နောက်ဆုံးတော့ အတန်း ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။ [တကယ်လို့ အဲဒါကို မသင့်လျော်ဘူးလို့ နင်ထင်ရင်လည်း ငါ သူ့ကို ချက်ချင်းဘဲ အဖွဲ့ထဲ ထည့်ပေးလိုက်မယ်]

ရှုပ်ထွေးနေတဲ့ ကူညီပေးတဲ့သူကို လက်လွှတ်ပြီး တစ်ဖက်လူရဲ့ ကံကြမ္မာကို လေးစားပေးရမယ်မလား။

ဘယ်လိုဘဲဖြစ်ဖြစ် သူနဲ့ဆိုင်တာမှ မဟုတ်တာ။

အကယ်၍ ဝေ့ရှင်းကိုသာ အဖွဲ့ထဲ ထည့်လိုက်ပါက ဒရာမာကို ပိုတောင်မြင်ရဦးမှာပင်။

ဝေ့ရှင်က အမြန်ပြန်ဖြေ၏: [မလုပ်နဲ့၊ ငါဆိုလိုတာ အဲ့လိုမဟုတ်ဘူး။ ကျေးဇူးပြုပြီး သူ့ကို မထည့်လိုက်ပါနဲ့]

[ဪ၊ အင်းပါ။ အနာဂါတ်မှာလည်း စိတ်ထဲက အတွေးတွေကို သူ မကြားနိုင်လောက်ဘူးလို့ ငါထင်ပြီးသားမလို့ သူ့ကို မထည့်ထားဘူး]

ဝေ့မိသားစု၏ ဒရာမာ ထွက်ပေါ်လာပြီးနောက် ဝေ့ရှင်းက ကျောင်းမှာ စာဆက်သင်ပါ့မလားဆိုတာ မသေချာဘူးလို့ အတန်းခေါင်းဆောင် တွေးမိပြီး သူ၏ တုံ့ပြန်မှုမှာ မမှားဘူးလို့ ခံစားရသည်။ [ကျေးဇူးပါ၊ ငါနားလည်ပါတယ်]

အတန်းခေါင်းဆောင်: ??? ဆိုတော့ သူမက ဘာကို နားလည်သွားတာလဲ။

တစ်ပတ်အကြာတွင် ဝေ့ရှင် ဘာကိုနားလည်သွားလဲဆိုတာကို အတန်းခေါင်းဆောင် နောက်ဆုံးတော့ သိလိုက်ရလေပြီ။

ကြီးမားသည့် အတင်းအဖျင်း အဖွဲ့ထဲတွင် မစ္စဝေ့က ဝေ့ရှင်း၏ ကျောင်းထွက်ရန်အတွက် စာရွက်စာတမ်းတွေကို ရှင်းလင်းဖို့ ကျောင်းသို့ ရောက်လာသည်ဆိုသည့် အကြောင်းကို အခန်း 2 ကျောင်းသား‌များထံမှ သူကြားသိလိုက်ရ၏။ ကြည့်ရသည်မှာ အိမ်ပြန်ပြီး မိသားစုအမွေကို ဆက်ခံတော့မည့်ပုံဘဲ။

All Chapters