အခန်း (၁၄၉-၁၅၂)
Vol. 8 Ch. 149-152
149 01
အခန်း ၁၄၉: အန်တီ့ယောက်ျားရဲ့ ကလေးက လရောင်ဖြူလေး
လျန်ရုန်ရုန်သည် ဖုန်းအမေကိုတင် တောင်းပန်ရုံမကဘဲ ဘေးနားက လူတွေကိုပါ နှုတ်ဆက်သွားသေးသည်။
တကယ်တော့ သူမက အစီအစဉ်မှူး မဟုတ်တာကြောင့် တိတ်တိတ်လေး ထွက်ခွာသွားလို့ ရသည်။ ယခုလို တခမ်းတနား ထွက်ခွာသွားဖို့ မလိုအပ်ပေ။
ဖုန်းအမေ၏ မွေးနေ့ပွဲတွင် သူမ၏ ကျန်းမာရေး အခြေအနေကို ထည့်သွင်းစဉ်းစား၍ သူမနှင့် ရင်းနှီးသော လူအနည်းအကျဉ်းကိုသာ ဖိတ်ကြားထားတာပင်။
မွေးနေ့ပွဲတွင် အပေါ်ယံ သူငယ်ချင်းတွေ မရှိသဖြင့် သဘာဝကျကျဘဲ ဘယ်သူကမှ ဤအခွင့်အရေးကိုသုံး၍ ဖုန်းအမေကို စိတ်ဆိုးအောင် မလုပ်ကြချေ။
လျန်ရုန်ရုန်၏ ကိန်းကြီးခမ်းကြီးနိုင်သောထွက်ခွာခြင်းကို မြင်နေရတော့ ဖုန်းအမေ၏ဘေးပတ်လည်မှ အမျိုးသမီးများမှာ မမြင်ချင်ယောင် ဆောင်ထားကြ၏။ “နင့်သမီးလေးက လှလိုက်တာ၊ အခုဆို TV ဒရာမာတွေထဲမှာတောင် သရုပ်ဆောင်နေပြီ” လို့ ဘယ်သူမှ မချီးမွမ်းကြပေ။
တရားမဝင် သမီးကို ချီးကျူးတာက ဖုန်းအမေ၏ မျက်နှာကို ဖြတ်ရိုက်လိုက်တာနှင့် အတူတူပင်။
လျန်ရုန်ရုန် ထွက်သွားတော့၊ ဖုန်းအမေ၏စိတ်အခြေအနေမှာ သိသိသာသာကို မြင့်တက်လာတော့သည်။
ဖုန်းအမေ၏ ဘေးနားမှ သူငယ်ချင်းများမှာသူမ၏ လှပသော အဝတ်အစား၊ တလက် လက် တောက်ပနေသော လက်ဝတ်ရတနာများအပေါ် ချီးကျူးနေကြပြီး ဖုန်းယွင်ဟယ်ကို သိတတ်သည့်အတွက်လည်း အမျိုးသမီးအချို့က ချီးမွမ်းနေသေး၏။ ဘယ်သူတစ်ဦးတစ်ယောက်မှ လျန်ရုန်ရုန် အကြောင်းကို ယောင်လို့တောင် ထုတ်မပြောကြ။
ဖုန်းအမေက ရှီလီအပေါ် ကောင်းသောအမြင်ရှိ၏။ သူမ ပြုံးပြရင်း ရှီလီ၏ ကျောင်းမှအဆင့်တွေအကြောင်း မေးမြန်းလိုက်သည်။
ရှီလီ အဆင့်ကောင်းတာကို သူမ ကြိုသိထားတာကြောင့် လူကြားထဲတွင် ဤအကြောင်းကို ထုတ်ပြောလိုက်တာပင်။ မဟုတ်ပါက တီကောင်တွေ ပြည့်နေသော သံဗူးကို ဖွင်လိုက်သကဲ့သို့ မကျေမချမ်းမှုတွေကိုသာ ဖြစ်စေမည်သာ။
ဖုန်းအမေက ငယ်ရွယ်သော မျိုးဆက်နှင့်စကားပြောရာတွက် လက်ကိုင်ထားရတာကို ကြိုက်တာလား၊ ဒါမှမဟုတ် သူမ မို့လို့ပဲလားဆိုတာတော့ ရှီလီ မသိတော့ချေ။
နောက်ဆုံးတစ်ခေါက်က ကျန်းမာရေးဌာနတွင်ဖုန်းအမေဆီ သွားလည်တုန်းကလည်း စကားပြောနေရင်း သူမ၏လက်ကို ကိုင်သေးသည်ပင်။
နွေရာသီ ရောက်နေပြီဖြစ်သဖြင့် အခန်းတွင်းအပူချိန်မှာ မနိမ့်ပါးနေချေ။ ဖုန်းအမေ၏ကျန်းမာရေးကြောင့် လေအေးပေးစက်ကို26 ဒဂရီ ဆဲလ်စီးယပ်၌သာ ထားထားသည်။
ဤအပူချိန်က သိပ်ပြီးမနိမ့်ပါးသော်လည်း ဖုန်းအမေ၏ ကျန်းမာရေး အလွန်ဆိုးရွားနေတာကို ရှီလီ ခံစားမိသည်။ နွေရာသီတွင် သူမ၏ လက်တွေက ရေခဲကွန်ဖူး လေ့ကျင့်ထားသလို အေးစက်နေလေသည်။
ရှီလီက ဆရာဝန် မဟုတ်သဖြင့် အကြောင်းရင်းကို မသိသော်ငြား သူမ၏ သာမန်အမြင်အရဆိုလျှင် ဖုန်းအမေက ကျိန်းသေပေါက် ကျန်းမာရေးကောင်းသည့်သူ မဟုတ်ပေ။
ရှီလီက အဆင့်တွေကောင်းပါတယ်ဟု တော်ရုံသင့်ရုံသာ ပြန်ဖြေလိုက်၏။
149 02
ဖုန်းအမေက ပြုံးကာ ပြောလာသည်။ “သမီးအဆင့်တွေ တော်တော်လေး ကောင်းတယ်လို့အန်တီ ကြားထားတယ်”
ပြီးနောက် သူမက ဖုန်းယွင်ဟယ်ကို လှည့်ကြည့်၍ “ဒီက အန်တီတို့ရဲ့ ကောင်လေးကတော့ အဆင့်တွေက သာမန်ဘဲရှိတယ်၊ဘာမှ မထူးချွန်နေဘူး။ သမီး အချိန်အားလို့ရှိရင် သူ့အဆင့်တွေ တက်လာအောင်လို့ ကူညီပြီး စာပြပေးပါဦး”
ဖုန်းအမေ၏ မျက်နှာချင်းဆိုင်မှ အမျိုးသမီးက ပြောလာသည်။ “ဟောတော်၊ ကလေးတွေကို အရမ်းအမြင့်ကြီးတွေ မမျှော်လင့်နဲ့လေ။ ငါတို့ ယွင်ဟယ်ရဲ့ အဆင့်တွေကလည်း မဆိုးပါဘူး၊ တက္ကသိုလ် ကောင်းကောင်းကိုတော့ သေချာပေါက် တက်လို့ရတယ်။ ယွင်ဟယ်က ဉာဏ်ကောင်းပါတယ်၊ အခုနေ သူ့အဆင့်တွေ မကောင်းဘူးဆိုတာက သူ့စွမ်းအင်တစ်ဝက်ကို ကုမ္ပဏီကိစ္စတွေထဲ ကုန်ဆုံးနေရလို့ပါဟယ်။ ငါ့ယောက်ျားဆီကနေ ကြားတာကတော့ ယွင်ဟယ်က ကုမ္ပဏီကို သူ့တစ်ဦးတည်း ဦးစီးနိုင်နေပြီတဲ့၊ အဲဒီ လစာပေးထားရတဲ့လက်ထောက် ဥက္ကဌတွေလောက် မဆိုးဘူးတဲ့လေ”
ဖုန်းအမေက သိမ်မွေ့စွာ မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်၏။ “ဒါပေမဲ့ အခုချိန်မှာသူက ကျောင်းသားပဲ ရှိသေးတာလေ။ သူ့အဓိကတာဝန်က စာလုပ်ရမှာ၊ ကုမ္ပဏီမှာ အလုပ်လုပ်ရမှာမှ မဟုတ်တာ”
အမျိုးသမီးက ဆက်ပြောလာသည်၊ “ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဖို့ အနားနီးမှ စာလုပ်တာမှာ ပြန်အာရုံစိုက်လို့ ရတာပဲ။ သူသေချာပေါက်တက္ကသိုလ်ကောင်းကောင်းကို တက်နိုင်မှာပါ”
ဖုန်းအမေသည် ဤပညာရေးပိုင်ဆိုင်ရာ ဒဿနပညာရှင် ပြောတာကို သိပ်ပြီးသဘော မတူပေ။ အခြားအမျိုးသမီးနှင့် စကားပြိုင်လုနေတုန်းမှာဘဲ ရှီလီက ခေါင်းငုံ့၍ သူမ၏ လက်ညှိုးထက်က ပန်းရောင်စိန်လက်စွပ်ကို စိုက်ကြည့်နေသည်။
ဤလက်စွပ်ကို ဈေးကြီးသော စတိုးဆိုင်ကနေဝယ်ယူခဲ့တာ မဟုတ်ဘဲ ရှီအဖေက လေလံပွဲတွင် အနိုင်ရရှိခဲ့တာပင်။ ပန်းရောင်စိန်တစ်စုံကို ကျွမ်းကျင်သူက ဝယ်သူစိတ်တိုင်းကျ ဒီဇိုင်းဆွဲပေးခဲ့၏။ မစ္စဟွမ်ကျဲကတော့ ခြင်္သေ့ဝေစုဖြစ်သော ဝေဆာနေသည့် လည်ဆွဲတစ်ကုံးကိုရရှိခဲ့၍ ရှီလီကတော့ လက်စွပ်သေးသေးလေးသာ ရရှိခဲ့သည်။
မစ္စဟွမ်ကျဲ လည်ဆွဲကိုရတုန်းကဆို သူမ၏အပြုံးမှာ နားရွက်တက်ချိတ်မိမတတ်ပင်။ လည်ဆွဲဘေးနားတွင် စိန်လက်စွပ်ကိုထား၍ ကြည့်ကြည့်လိုက်လျှင် လက်စွပ်တစ်ကွင်းထဲဆို လက်စွပ်အပေါ်ရှိ စိန်က ကြီးသယောင်ပေါ်သော်လည်း လည်ဆွဲထဲမှာ စီခြယ်ထားသောစိန်တွေနှင့် ယှဉ်ကြည့်မည်ဆိုပါက အတော်လေး သနားစရာကောင်းသွားသည်။
ဆန့်ကျင်ဘက်ကတော့ ပြတ်သားလှ၏။
မစ္စဟွမ်ကျဲလည်း သဘာဝအားဖြင့် ကွာခြားချက်ကို သတိထားမိသည်။ သူမက သမီးဖြစ်သူ၏ ပခုံးပေါ်ပုတ်၍ ပြောလိုက်သည်။ “သမီးက ငယ်ပါသေးတယ်၊ ဒီလို စိန်အကြီးကြီးတွေကို ပုံမှန်ဝတ်စားလို့ မရသေးဘူးလေ။ အမေ သမီးအတွက် နှစ်နည်းနည်းလောက် သိမ်းပေးထားမယ်၊ ပြီးမှ သမီးကို ပြန်ပေးမယ်နော်”
ထိုစကားကို သူမပြောနေချိန်မှာ နှစ်ကူးပိုက်ဆံအတွက် ကလေးကို မိဘတွေက ညှပ်ချနေတာနှင့်ပင် တူသွားသည်။
လက်စွပ်ပေါ်က ပန်းရောင်စိန်ကို ရှီလီအတော်လေး ကြိုက်နှစ်သက်၏။ ၎င်းက လည်ဆွဲပေါ်က စိန်တွေထက် သေးငယ်သော်လည်း စိန်က ပန်းရောင်ပင်။
ရှီလီ၏ လက်ချောင်းတွေက ဖွေးဥနေနေတာကြောင့် ပန်းရောင်စိန်က သူမ လက်ပေါ်တွင် အထူးတလည် လှပနေသည်။
ထို့ကြောင့် ရှီလီသည် အရောင်နုသော အဝတ်များကို ဝတ်ဆင်၍ အပြင်ထွက်တိုင်း ဤလက်စွပ်အား ဝတ်ရတာကို နှစ်သက်လေသည်။
ဖုန်းအမေနှင့် မျက်နှာချင်းဆိုငိမှ အမျိုးသမီး၏ စကားပြိုင်လုခြင်းက မပြီးသေးသော်ငြား အဒေါ်အကြီးဆုံးက ကြားဝင်လာ၍ အခြေအနေကို ဖြေဖျောက်ပစ်လိုက်သည်။
“တော်ကြပါတော့၊ ဒီနေ့က နေ့ကောင်းရက်မြတ်လေးပါဟယ်။ ဒီလို အသေးအမွှားကိစ္စလေးကို မျက်နှာနီတယ်၊ လည်ပင်းကြီးတယ်နဲ့ လူငယ်မျိုးဆက်ရှေ့မှာ ငြင်းခုံနေကြတာ၊ဒါနဲ့တင် ငါတို့တွေ သူတို့က အရယ်ခံရဖို့ မလုံလောက်သေးဘူးလား”
149 03
မျိုးရိုးအမည် ကော်ဖြစ်သော ခင်ပွန်းသည်၏ အမျိုးသမီးက မိတ်ကပ်ဖို့ရန် မှန်တစ်ချပ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။ “ငါကတော့ ဘာမှမလုပ်ဘူး၊ နင်ကသာ ဖြစ်နေတာ”
အခန်းအပူချိန်က သာမန်လူ့ခန္ဓာကိုယ်အတွက်ဆိုလျှင် အသင့်လျော်ဆုံးသော 26 ဒီဂရီဖြစ်နေသော်လည်း ဖုန်းအမေကတော့ လေအေးပေးစက်က အနည်းငယ် အေးနေသလို ခံစားမိတာကြောင့် သူမ၏ ချုံထည်ကို ဆွဲတင်လိုက်သည်။
ဤလုပ်ရပ်ကို ရှီလီ သတိထားမိသည်မှာ သဘာဝပင်။ မူလဝတ္ထုထဲတွင် လျန်ရုန်ရုန်ကောလိပ်တက်နေသည့် စီနီယာနှစ်တွင်ဖုန်းအမေ ကွယ်လွန်သွားခဲ့တာကို သူမ မှတ်မိလေသည်။
ဖုန်းအမေ ဆုံးပါးသွားပြီးနောက် ဖုန်းယွင်ဟယ်နှင့် ဖုန်းအဖေသည် နေ့ရှိသရွေ့ ကြောင်နှင့်ကြွက်လို ရန်ဖြစ်ခဲ့ကြသည်။
သူမက လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် နေထိုင်သွားခဲ့၏။ ဖုန်းယွင်ဟယ်က သူ့အမေ၏ဆုံးပါးသွားခြင်းကို ဖုန်းအဖေနှင့် လျန်ရုန်ရုန်အပေါ် အပြစ်ပုံချ၍ ဖုန်းအမေ ဆုံးပါးသွားရခြင်းမှာ လျန်ရုန်ရုန်ကြောင့်ဟု ယုံကြည်၍ လျန်းရုန်ရုန်ကို မနှစ်မြို့ခဲ့ပေ။
အမျိုးသမီး ဇာတ်လိုက်ကို မုန်းတီး၍မရတော့ နားလည်မှုလွဲနေတာ တစ်ခုခုတော့ ရှိပေလိမ့်မည်။
နောက်ပိုင်း၌ တကယ်လည်း ဖုန်းယွင်ဟယ်က လျန်ရုန်ရုန်ကို နားလည်မှု လွဲနေတယ်ဆိုတာအား သက်သေပြနိုင်ခဲ့သည်။ တကယ်တော့ဖုန်းအမေ၏ သေဆုံးခြင်းမှာ သူမနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဖုန်းအမေ၏ ကျန်းမာရေးတွင် ပြဿနာရှိနေသည်မှာ အချိန်အတော် ကြာမြင့်ခဲ့တာကြောင့်ပင်။ ဖုန်းအမေက သူမ၏ အခြေအနေကို သိနေသော်လည်း နောက်ဆုံးအခိုက်အတန့်အထိ သူမ၏သားကို သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေသောလျန်ရုန်ရုန်အား တမင်သက်သက် အထင်လွှဲစေခဲ့သည်။ ၎င်းကို လက်ဖက်စိမ်းကောင်မတွေကြားမှ ထိပ်တန်းကြိုးကိုင်ခြယ်လှယ်ခြင်းဟု သတ်မှတ်၍ပင် ရ၏။
နားလည်မှုလွဲခြင်းကို ဖြေရှင်းပြီးသွားတော့ ဖုန်းယွင်ဟယ်သည် သူ့အမေအပေါ် မုန်းတီးမှုအချို့ ပေါ်ပေါက်ခဲ့သည်။ ဒါပေါ့၊ ဖုန်းအမေကို အမုန်းဆုံးကတော့ အမျိုးသမီး ဇာတ်လိုက်၏ဖန်တွေဖြစ်ကာ ကောမန့်နေရာတွင် ဖုန်းအမေအား ဆဲဆိုခဲ့ကြသည်။
[ဖုန်းယွင်ဟယ်ရဲ့ အမေမှာ ကျန်းမာရေးပြဿနာ ထူးထူးခြားခြား မရှိပါဘဲနဲ့၊ ဘာက သူမရဲ့ သေဆုံးခြင်းကို ဖြစ်သွားစေတာလဲ]
မလှမ်းမကမ်းတွင် မက်ဆေ့ခ်ျရိုက်နေသည့် ဖုန်းယွင်ဟယ်မှာ ရပ်တန့်သွား၏။ အခြားတစ်ဖက်မှာ တစ်ဖက်လူ၏ စာရိုက်နေတာကို မြင်နေရသော်လည်း ဖုန်းယွင်ဟယ်၏ ပြန်စာကို လက်မခံလိုက်ရပေ။
[စိတ်အခြေအနေ ဆိုးရွားတာက သူမရဲ့ကျန်းမာရေးကို ပိုဆိုးသွားစေတာတော့ မဖြစ်နိုင်ဘူးမလား]
[အင်းလေ၊ ငါလည်း လျန်ရုန်ရုန်ကို နေ့တိုင်းမြင်နေရရင် ငါ့စိတ်အခြေအနေလည်း ကောင်းမှာမဟုတ်ဘူး]
[ဒါဆိုရင် သူမရဲ့ စိတ်အခြေအနေကို တိုးတက်စေဖို့ ငါတို့တွေ ဘယ်လိုပြောရပါ့။ စိတ်မပူပါနဲ့ လျန်ရုန်ရုန်က အန်တီ့ယောက်ျားရဲ့ တရားမဝင် သမီးမဟုတ်ဘူး၊ သူမက အန်တီ့ယောက်ျားနဲ့ မသက်ဆိုင်သလို၊ အန်တီ့သားနဲ့လည်း အမွေပြိုင်လုမှာ မဟုတ်ဘူး]
[ဒါပေမဲ့ သူမက အန်တီ့ယောက်ျားရဲ့ကလေးမဟုတ်ပေမဲ့၊ အန်တီ့ယောက်ျားရဲ့အချစ်ဦးရဲ့ ကလေးပါ]
ဖုန်းတစ်ဖက်ခြမ်းက ဖုန်းယွင်ဟယ်၏ ပြန်စာကို စောင့်ဆိုင်းနေသူမှာ သူ့ကို သတိပေးရန်အတွက် နောက်ထပ် မက်ဆေ့ခ်ျပို့လိုက်၏။ [မစ္စတာ ရှောင်ဖုန်း၊ ဒီကိစ္စက အဆင်ပြေရဲ့ လား?]
ဖုန်းယွင်ဟယ်၏ ပြန်ဖြေပုံက အမြဲတမ်းအကျဉ်းချုံးသာ: [ကောင်းတယ်] သူတို့သည် ဖုန်းယွင်ဟယ်ထံမှ ပြန်စာကို ရရှိလိုက်သော်လည်း ဟုတ်တယ် နှင့် မဟုတ်ဘူးကြားက “သို့မဟုတ်” ကို ရွေးချယ်လိုက်တယ်လို့သာ ခံစားမိကြသည်။
ဖုန်းယွင်ဟယ်နှင့် စာပို့နေသူက ထိုစာကို နှစ်ကြိမ်မျှ ထပ်မံဖတ်လိုက်ပြီးနောက် စီစစ်ရန်အတွက် အနီးနားက ကွန်ပျူတာခန်းထဲတွင်ထိုင်နေသော လုပ်ဖော်ကိုင်ဖက်ကို လှမ်းမေးလိုက်သည်။ “မစ္စတာ ရှောင်ဖုန်း သဘောတူမယ်လို့ မင်းထင်လား”
လုပ်ဖော်ကိုင်ဖက်က မရေရာစွာ ပြန်ဖြေလာ၏။ “သဘောတူလောက်တယ် ထင်တာပဲ”
149 04
အနှီနှစ်ဦးမှာ ဖုန်းယွင်ဟယ် သဘောတူသလား မတူဘူးလား ဆိုသာ့်အကြောင်းအား ဦးနှောက်ကို ဖျစ်ညှစ်၍ စဉ်းစားနေခိုက်မှာပဲ ရှီလီ၏ စိတ်ထဲက အတွေးတွေက ဆက်လက်ပျံ့လွင့်လာသည်။
[အန်တီ့ယောက်ျားက လျန်ရုန်ရုန်နဲ့ သွေးသား တော်စပ်ပါစေလို့ ဆုတောင်းပေမဲ့ ကံမကောင်းတာက သူ့ရဲ့ အချစ်ဦးက သူ့ကို စိတ်ထဲတောင် မထည့်တာဘဲ]
[တကယ်လို့ ငါသာ သူမကို ဒီလိုပြောပြလိုက်ရင် သူမရဲ့ စိတ်အခြေအနေ တိုးတက်လာနိုင်လောက်လား]
[သူမကို ပိုပြီးတောင် စိတ်ဓာတ်မကျသွားစေဘူးလား]
[မေ့လိုက်တော့၊ ငါ့ပါးစပ်ပေါက်ကို ပိတ်ထားတာပဲ ကောင်းတယ်။ အချို့အရာတွေကို ထုတ်မပြောတာက ပိုကောင်းတယ်]
******
150 01
အခန်း ၁၅၀: မာစတာဘွဲ့နဲ့ Ph.D ဘွဲ့က ငါးနှစ်ကြာတယ်ဆိုပေမဲ့ ဘွဲ့ကြိုအနေနဲ့ ပြန်ရောက်လာတယ်
ရှီလီနှင့် ဟွမ်ကျဲတို့သည် မွေးနေ့ပွဲ၌ ပျော်ပါးကြပြီးနောက် အိမ်သို့ နောက်ကျမှ ပြန်ရောက်ခဲ့ကြသည်။ ကလေးထိန်းက ညစာပြင်ထားပြီးသားဖြစ်၍ ရှီအမေက သူ့ဇနီးနှင့် သမီးကိုမစောင့်တော့ဘဲ အရင်စားနှင့်လိုက်သည်။
ရှီအဖေ ညစာစားလို့ ပြီးခါနီး၌ အမေနှင့်သမီးအတွဲမှာ နောက်ဆုံးတော့ ပြန်ရောက်လာကြသည်။
“စားစရာတွေ အေးကုန်တော့မှဘဲ ပြန်လာကြတော့တယ်။ အန်တီ၊ ဟင်းပွဲတွေကို ပြန်နွှေးပေးပါဦး” သူ ပြောလိုက်၏။
ရှီလီက ဟင်းတွေကို အပူနွှေးတော့မည့်ကလေးထိန်းကို တားလိုက်သည်။ “မလိုတော့ဘူး၊ ဒီနေ့ သမီးတို့ အပြင်မှာ စားလာပြီးသွားပြီ။ ကိတ်မုန့်တွေ အများကြီး စားလာကြတာ၊ တစ်နေ့တာ ကယ်လိုရီတွေ ကျော်သွားပြီဆိုတော့ ညစာ မစားတော့ဘူး”
ကလေးထိန်းက ရှီလီအတွက် စွပ်ပြုတ်ချိုချိုလေးတစ်ခွက် ထည့်ပေးလာကာ “အာခေါင် ရှင်းသွားအောင်လို့ ဒါကိုနည်းနည်းသောက်လိုက်ဦး”
ကလေးထိန်း၏ စွပ်ပြုတ်ချက်သော ကျွမ်းကျင်မှုက ပြိုင်စံရှားပင်။ ရှီလီသည် သူမအဖေ ညစာစားပြီးတာနှင့် သူမလည်း စွပ်ပြုတ်တစ်ပန်းကန်ကို သောက်လို့ကုန်သွားသည်။
ဟွမ်ကျဲကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရာ၌ တင်းကြပ်သော လူစားမျိုးဖြစ်သဖြင့် ညနေဘက်များတွင် စားသောက်ခဲလှ၏။
အဖေနှင့် သမီးမှာ ထမင်းစား စားပွဲတွင် ရှိနေချိန်၌ ဟွမ်ကျဲမှာ ဆိုဖာပေါ်လဲလျောင်း၍ ဗီဒီယိုအချို့ကို လှန်လှောကြည့်ရှုနေသည်။
ညစာစားပြီးနောက် ရှီအဖေက သူ၏ဇနီးထံသို့ ခြေမကြွတကြွဖြင့် လျှောက်လှမ်းလာသည်။ သူ အနားမကပ်နိုင်ခင်မှာတင် ဟွမ်ကျဲက သူ့ကိုယ်ပေါ်မှ အရက်နံ့ကို ရသွားတာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ “ရှင် သောက်ခဲ့တာလား။ ဘယ်သူနဲ့လဲ”
ရှီအဖေက သူ့မိန်းမ၏ မျက်နှာထက်သို့ အနမ်းတစ်ပွင့် ခြွေလိုက်၏။ ထိုတော့မှ ရှီလီမှာသူမအဖေ တကယ် အရက်သောက်ထားပြီး မူမမှန်ဖြစ်နေတာကို သတိထားမိတော့သည်။
ရှီအဖေ၏ မျက်လုံးများမှာ လင်းလက်နေပြီး ပြောလိုက်၏။ “ကိုယ်နည်းနည်းဘဲ သောက်ထားတာပါကွာ၊ သိပ်မများပါဘူး။ ကုမ္ပဏီမှာ သောက်လာတာ၊ ဘယ်သူစိမ်းမှ မရှိဘူး”
ဟွမ်ကျဲက အနံ့ကြောင့် အနည်းငယ် ရွံသွားသည်။ အနံ့တွေကို လွင့်ပြယ်စေရန်အတွက် လက်နှင့် ယပ်ခတ်လိုက်ကာ “ဝေးဝေးနေစမ်းပါ၊ အန်ချင်စရာ အနံ့ကြီး”
သူ့မိန်းမ၏ ရွံရှာနေခြင်းကို လုံးဝဥဿုံ အရေးမစိုက်ဘဲ ရှီအဖေက ပိုတောင်အနားကပ်လာသေးသည်။ “ကိုယ်ဒီနေ့ စိတ်ကောင်းဝင်နေလို့ သောက်လာတာ”
“ဘာဖြစ်ခဲ့လို့ အရမ်းပျော်နေတာလဲ”
ရှီအဖေက လျှို့ဝှက်ဆန်းကြယ်စွာ ရယ်လိုက်ရင်း “လျူယန်ဝမ်ရဲ့ မိန်းမက ဘုန်းကြီးနဲ့ဖောက်ပြန်နေတယ်လို့ ကိုယ် ဒီနေ့ ကြားခဲ့တာ။ ဟား ဟား ဟား !”
ရှီလီ အဖေ၏ လည်ချောင်းထဲမှ ဆက်တိုက်ထွက်ပေါ်နေသော ရယ်သံမှာ ဤသတင်းကြောင့် သူဘယ်လောက်တောင် ပျော်နေလဲဆိုတာကို ရှင်းလင်းစွာ ဖော်ပြလိုက်သလိုပင်။
ဒါပေါ့၊ သူပျော်တယ်လေ - အောင်ပွဲခံ ထိုအရက်တောင် သောက်လာတာဆိုတော့ သူ၏အပျော်က ဟန်လုပ်နေခြင်း မဟုတ်ပေ။
လျူယန်ဝမ်၏ မိန်းမနှင့် ဖောက်ပြန်နေသောဘုန်းကြီးက ဖက်တီးလေး၏ ဦးလေး အနှီစုံတွဲအား မိတ်ဆက်ပေးခဲ့သော ဆရာသခင် ယွမ်ကျင်းဆိုတာကို ရှီလီ မှန်းဆနိုင်သည်။
ဆရာသခင် ယွမ်ကျင်းကို ဒီလောက် အကွက်ရွှေ့မြန်မယ်လို့ သူမ မထင်ထားခဲ့တာပင်။
ဖက်တီးလေး၏ ဦးလေးနှင့် ဆရာသခင် ယွမ်ကျင်းတို့အကြောင်းကို တွေးမိခြင်းက ရှီလီအား သူမ၏ အရင်ဘဝကို ပြန်သတိရလာစေသည်။ အရင်ဘဝတုန်းက ဖက်တီးလေးရဲ့အဒေါ်က ဘုန်းကြီးနဲ့ လိုက်ပြေးသွားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီတစ်ခေါက်ကျ လျူယန်ဝမ် ဖြစ်နေရတာလဲ။
150 02
ရှီအဖေက သူ၏ အပျော်ကို ဖော်ပြရန်အလို့ငှာ လက်ဟန်ခြေဟန်ဖြင့် လုပ်ပြနေဆဲပင်။ ကြည့်ရသည်မှာ အပြင်မှာတုန်းက ရင့်ကျက်ပြီး တည်ငြိမ်သည့် ပုံရိပ်ကို ထိန်းသိမ်းရန် ရုန်းကန်ခဲ့ရပုံပင်။
ဟွမ်ကျဲက စိတ်ကုန်သလိုမျိုး သူမ၏ယောက်ျားကို တစ်ချက်ကြည့်လိုက်ကာ“ရှင့်ကိုယ်ရှင် ကြည့်စမ်းပါဦး၊ အရမ်း သိမ်ဖျင်းတာပဲ။ ရန်ငြှိုးတွေကို နှစ်တစ်သောင်းကြာတဲ့အထိ တေးမှတ်ထားတဲ့ ခွေးနဲ့တောင် တူနေပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းက ကိစ္စကိုအခုထိ မှတ်ထားရတယ်လို့”
ရှီအဖေက သူ့ကိုယ်သူ ဖြေရှင်းချက် ထုတ်လာသည်။ “ဒါပေါ့ မှတ်ထားတာပေါ့ကွ။ သူ ငါ့ကိုတစ်ကြိမ်လောက် လှည့်စားလိုက်တာနဲ့ ငါတစ်သက်လုံး မှတ်ထားမှာ”
ထိုတော့မှ ရှီလီမှာ သူမ၏အဖေသည် အတိတ်တုန်းက လျူယန်ဝမ်၏ လှည့်စားခြင်းကို ခံခဲ့ရမှန်း သိလိုက်ရတော့သည်။
လျူယန်ဝမ်က လူတော်တော်များများကိုစော်ကားခဲ့တယ်လို့တော့ သူမ ဝန်ခံရပေမည်။
စဉ်းစားကြည့်တော့မှ ဖက်တီးလေးရဲ့ ဦးလေးလည်း အရင်တုန်းက လျူယန်ဝမ်ရဲ့ လှည့်စားခြင်းကို ခံခဲ့ရဖူးတယ်။ မဟုတ်မှလွဲရောလွန်ခဲ့တဲ့နှစ်တွေတုန်းက လှည့်စားခံရတာကို ကလဲ့စားချေဖို့ လျူယန်ဝမ်ကို ဆရာသခင်ယွမ်ကျင်းနဲ့ မိတ်ဆက်ပေးပြီး လျူယန်ဝမ်ကိုဦးထုပ်စိမ်း ဆောင်းခိုင်းလိုက်တာများလား။
ဟမ်း၊ ပြီးတော့ သူမရဲ့ အဖေကိုလည်း အမှတ်တမဲ့နဲ့ ကူညီပေးလိုက်သေးတယ်။
ရှီလီက လေးနက်စွာ ဝင်ပြောလိုက်သည်။ “ဒါဆိုရင်တော့ ဒီကိစ္စအတွက် အဖေ တစ်ယောက်ယောက်ကို ကျေးဇူးတင်သင့်ပြီ”
ရှီအဖေက ရှုပ်ထွေးစွာ မော့ကြည့်လာ၍“ဘယ်သူ့ကို ကျေးဇူးတင်ရမှာလဲ?”
“သမီး အတန်းထဲက ဖက်တီးလေးရဲ့ ဦးလေး”ရှီလီသည် အနှီလူ၏ နာမည်ကိုပါ ဖော်ပြ၍ ရှင်းပြပေးလိုက်၏။ “သူက ဆရာသခင် ယွမ်ကျင်းကို လျူယန်ဝမ်နဲ့ မိတ်ဆက်ပေးခဲ့တာ”
ရှီအဖေက ပျော်မြူးစွာဖြင့် လက်ခုပ်ထတီး၍“လူကောင်းပဲဟ”
“လင်ငယ်နေအောင် လုပ်လိုက်တဲ့သူကို အဖေ ကျေးဇူးသွားတင်ရမယ်”
သူမ၏ မူးရူးနေသော ယောက်ျားက အလျင်စလို လုပ်မိမှာကို စိတ်ပူသဖြင့် ဟွမ်ကျဲ အမြန်ဝင်တားလိုက်၏။ “ဟုတ်ပြီ၊ ဟုတ်ပြီ၊သူ လူကောင်းဆိုတာ ကျွန်မတို့သိပြီ။ ရှင်အပေါ်ထပ် တက်ပြီး သွားအနားယူတော့။ မနက် ရှင်နိုးတော့မှ သေချာ ကျေးဇူးသွားတင်လို့ရတယ်” တကယ်လို့ သူ အမူးပြေတော့မှ ကျေးဇူးတင်ဖို့ သတ္တိရှိဦးမလားဆိုတာကို သူမ သိချင်မိသေးသည်။
ရှီအဖေသည် သူ့မိန်းမ၏ အကြံပေးချက်က အဓိပ္ပာယ်ရှိတယ်လို့ တွေးလိုက်၏။ မနက်ကျမှ အဲ့လူကို ကျေးဇူးသွားတင်တော့ ပိုနည်းလမ်းတကျဖြစ်ပြီး သင့်တော်တာပေါ့။
ထို့ကြောင့် နာခံမှုရှိစွာဖြင့် အပေါ်ထပ်သို့ တက်သွားတော့သည်။
ဟွမ်ကျဲက ဆိုဖာပေါ်ထိုင်နေသော သူမ၏သမီးကို တစ်ချက်ကြည့်လာ၍ “ကောင်းပြီ၊သမီး ဒီမှာနေပြီး TV ကြည့်တော့။ အမေအပေါ်ထပ်တက်ပြီး အမူးသမားကို သွားကြည့်လိုက်ဦးမယ်၊ တော်ကြာ အန်ထွက်ပြီး သူ့ကိုယ်သူနာအောင် လုပ်နေမှာ စိုးရသေးတယ်”
ရှီလီ: ...... သူမ၏ အမေနှင့် အချိန်ပိုကုန်ဆုံးရအောင်လို့ TV ဖွင့်လိုက်တာ ဖြစ်သော်လည်း အခုတော့ သူမ အမေက အပေါ်ထပ်တက်ပြီး ယောက်ျားဖြစ်သူကို သွားဂရုစိုက်တော့မှာပင်။ ဒါမှ သူမ မွေးအမေရင်း ပီသပါတယ်။
အံ့ဩဖွယ်ကောင်းသော ပိတ်ရက်တွေ ကုန်ဆုံးပြီးနောက် ကြောက်စရာကောင်းသည့် တနင်္လာနေ့သို့ တစ်ဖန် ပြန်ရောက်ရှိလာလေပြီ။
ရက်သတ္တပတ်ပေါင်းများစွာ ရှိနေပြီဖြစ်သည့် ငြီးငွေ့ဖွယ်ကောင်းသော လူ့ကျင့်ဝတ် အတန်းချိန်တွေကြောင့် ရှီလီသည် မေးခွန်းအစုံတွေကို ကြိုတင်ပြင်ဆင်ထား၍ ကျောင်းအုပ်ကသူ ၏ PowerPoint တင်ပြခြင်းကို ရှင်းပြနေခိုက် သူမကတော့ ၎င်းတို့ကို ဖြေဆိုဖို့ စီစဉ်ထားလေသည်။
ကျောင်းအုပ်က အခုနောက်ပိုင်းတွင် အတင်းအဖျင်းအတွက် အခွင့်လမ်းကောင်းတွေကို ထောက်ပံ့ပေးနေသော လူ့ကျင့်ဝတ်အတန်းချိန်တွေကို အတော်လေး သဘောတွေ့လာလေပြီ။
150 03
သူ့တွင် အားနည်းချက်ဟူ၍ မရှိတော့ပေ။ သူ၏ ဖောက်ပြန်သော မိန်းမအား ကွာရှင်းခဲ့ပြီဖြစ်ပြီး သူ့အား အိမ်ထောင်ရေး ဖောက်ပြန်ခံရစေသော စွေ့ကျစ်ကို မကြာသေးခင်ကပင် ကျောင်းမှ အလုပ်ထုတ်ပစ်ခဲ့သည်။
စွေ့ကျစ်၏ ဘွဲ့ရပြီးသော ကျောင်းသားတွေကသူတို့၏ အကြံပေးကို ပညာရပ်ဆိုင်ရာ လိမ်လည်မှုအတွက် တိုင်ကြားခဲ့ကြသည်။ “မုန်လာဥကို ဆွဲထုတ်လိုက်တာနှင့် ရွံ့တွေပါ ကပ်ပါလာသည်” ဟူသော စကားအတိုင်း - သူ၏ မာစတာဘွဲ့နှင့် ပါရဂူဘွဲ့စာတမ်းတွေကလည်း ကူးချထားတာဖြစ် ကြောင်း ဖော်ထုတ်ခဲ့ကြသည်။
ဤဖြစ်ရပ်က အတော်လေးကို ဟိုးလေးတစ်ကျော် ဖြစ်သွားစေခဲ့ပြီး စွေ့ကျစ်၏ တက္ကသိုလ်မှာ သူ၏ ဘွဲ့တွေကို ချက်ချင်းပင် ပြန်လည်ရုတ်သိမ်းခဲ့သည်။
ထို့ကြောင့် ယခုတွင်မူ ဘွဲ့လွန်ကျောင်းကို ငါးနှစ်ကြာ တက်ပြီးသည့်နောက် ဘွဲ့ကြိုအနေနှင့် ပြန်ရောက်လာခဲ့ရသည်။
လွန်ခဲ့သော နှစ်တွေတုန်းက အချက်အလက်တွေအား အလွယ်တကူ မရနိုင်ခင်တုန်းကဆို လူတွေက ကောလိမ်ဝင်ခွင့် စာမေးပွဲအတွက် လူစားထိုးသော သာဓကများလည်း ရှိခဲ့သည်။ ယခုလို ကိစ္စတွေ ပေါ်ပေါက်ကုန်တော့ အကျိုးခံစားခွင့် ရှိခဲ့သူများမှာ သူတို့၏ဘွဲ့လက်မှတ်တွေအား ပြန်ပြီးရုတ်သိမ်းခံခဲ့ရနိုင်သည်။
သို့သော် ဤတစ်ဦးချင်းစီတိုင်းက သူတို့၏လုပ်ငန်းခွင်တွေတွင် အခြေချထားပြီးသား ဖြစ်သဖြင့် သူတို့၏ ပညာရပ်ဆိုင်ရာ အထောက်အထားတွေကို ဆုံးရှုံးလိုက်ရခြင်းက သူတို့အပေါ် ကြီးကြီးမားမား သက်ရောက်ခြင်း မရှိခဲ့ပေ။ သူတို့၏ ရာထူးများတွင်မကြာခဏ အလုပ်ဆက်လုပ်နိုင်သည်။
အလားတူပင် အလုပ်တစ်ခုက အစပိုင်းတွင်ပါရဂူဘွဲ့တစ်ခုခုကို လိုအပ်သော်လည်း အလုပ်သမားက နောက်ပိုင်းတွင် မထင်မှတ်ထားသော အခြေအနေအရပ်ရပ်ကြောင့် သူတို့၏ ဘွဲ့ကို ဆုံးရှုံးလိုက်ရပါက ယခုလိုအခြေအနေမျိုးကို အလုပ်သမား၏ အပြုအမူပေါ် မူတည်၍ ဘယ်လိုဖြေရှင်းမည်နည်း။
အကယ်၍ အလုပ်ရှင် ဂရုမစိုက်လျှင်တော့၎င်းက အသေးစား ပြဿနာပင်။
သို့သော် အလုပ်ရှင် ဂရုစိုက်လျှင်တော့ ပြဿနာကြီးလာမှာပင်။
စွေ့ကျစ်၏ ကိစ္စကတော့ ကွဲပြားပေသည်။ ကျောင်းအုပ် အိမ်ထောင်ရေး ဖောက်ပြန်ခံရတာက သူ့ကြောင့်ပင်။
ထို့ကြောင့် သူ၏ဘွဲ့ကို ဆုံးရှုံးလိုက်ရတာကစွေ့ကျစ်အတွက် ကိစ္စကြီးဖြစ်သွားသည်။
ကျောင်းများသည် ပညာရေးနှင့် အရည်အချင်းကို မြေတောင်မြှောက်ပေးသည့် နေရာတွေပင်။ ကျောင်းသားတွေအား လမ်းမှားမလိုက်မိစေ ရန်အတွက် ပညာရပ်ဆိုင်ရာ လိမ်လည်ထားသော ဆရာတွေကို သေချာပေါက် လက်ခံလို့မရပေ။ ကျောင်း၏ အုပ်ချုပ်ရေးပိုင်းက ယခုလို ကောက်ကျစ်သော ဖြစ်ရပ်တွေကို သက်ညှာမှုပြကြမှာ မဟုတ်ပေ!
ထိုအတိုင်းဘဲ စွေ့ကျစ်ကို ကျောင်းကနေ အလုပ်ဖြုတ်ပစ်ခဲ့သည်။
စွေ့ကျစ်၏မိန်းမမှာ သူမယောက်ျားက ဘယ်လိုလူစားမျိုးလဲ ဆိုတာကို သိနေသဖြင့် ယခုဆိုလျှင် အိမ်၌ ကွာရှင်းခွင့်တောင်းရန် စောင့်ဆိုင်းနေလေပြီ။
သူ၏ အလုပ်အကိုင်ရော၊ မိသားစုပါ ပျက်စီးသွားတော့ ယခုဆို စွေ့ကျစ်၌ ပြဿနာများနှင့် လုံးထွေးနေတော့သည်။
အရာအားလုံး၏ နောက်ကွယ်က ကြိုးကိုင်သူကျောင်းအုပ်ကတော့ ယခုဆိုလျှင် အမြင့်ကို တက်လှမ်းနေချေပြီ။
ကိစ္စတွေ အဆိုးဆုံးထိရောက်သွားရင် ပြန်ကောင်းနိုင်တယ်လို့ လူတွေ မကြာခဏ ပြောလေ့ရှိကြ၏။
အခုချိန်မှာ ၎င်းက သူဖြစ်နေတာပင်။ သူ၏ ကိုယ်ရေးကိုယ်တာဘဝတွင် ဒိထက်ပိုပြီး ရှက်ရွံ့စရာကိစ္စတွေ မရှိတော့တာကြောင့် သူကြားနေရသော အတင်းအဖျင်းတွေက သူနှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။ မည်သည့်ကိုယ်ရေးကိုယ်တာ လောင်းကြေးစားကြေးတွေ မပါဝင်ဘဲ ဒရာမာကို အပြည့်အဝ ခံစားလို့ရလာလေပြီ။
လူ့ကျင့်ဝတ် အတန်းချိန် ပြီးဆုံးတာနှင့်ရှီလီက သူမ၏ မေးခွန်းစာရွက်တွေကို ချိုင်းကြားညှပ်၍ လူအုပါ၏နောက်သို့ လိုက်သွားတော့၏။
သူမ ခန်းမထဲကနေ ထွက်လိုက်ပြီဆိုတာနှင့် အပြင်တွင် စောင့်ဆိုင်းနေသော ဖုန်းယွင်ဟယ်က သူမကို လှမ်းခေါ်လာသည်။ "ရှီလီ၊ ဒီကိုခဏလောက် လာလို့ရမလား? ငါ မင်းကို ပြောစရာရှိလို့”
အခန်း 1 မှ ကျောင်းသားများ: အန္တရာယ်!အန္တရာယ်! အန္တရာယ်။
ကောက်ကျစ်သော အခန်း 3 သည် သူတို့၏လျှို့ဝှက်လက်နက်ကို ထုတ်သုံးလာကြလေပြီ -ကောင်ချောလေး ဗျူဟာ!
******
151 01
အခန်း ၁၅၁: တံခါးဝဆီ ရန်သူ ရောက်လာပြီ
စုန့်ရင်းက ရှီလီ၏လက်ကို ကိုင်ထားဆဲပင်။ သူမသည် ဖုန်းယွင်ဟယ်က သူ့အစ်မအပေါ်မကောင်းဘူးဟု တွေးကာ သူ့ကို သဘောမကျသဖြင့် ရှီလီ၏လက်ကို ချက်ချင်း မလွှတ်ပေးလိုက်ပေ။
စုန့်ရင်းက ရပ်မြဲအတိုင်း ရပ်နေပြီး ရှီလီမှာသူမလက်ပေါ်က ဆွဲငင်နေသည့်အားကို ခံစားမိနေသည်။
“မမ၊ ငါကြောက်တယ်” စုန့်ရင်း ပြောလိုက်၏။
စုန့်ရင်းက အနည်းငယ် စိတ်ထိခိုက်နေသော အမူအရာကို ပြုလုပ်ထားဆဲပင်။ သူမသည် ဖုန်းယွင်ဟယ်၏ အကြည့်စူးစူးကို လက်ခံရရှိလိုက်သော်လည်း ရှီလီကို သနားစရာကောင်းစဖွယ် ကြည့်နေသေးသဖြင့် ရှီလီမှာ ပြန်လမ်းမဲ့လမ်းသို့ ဦးတည်နေရတော့သည်။
စုန့်ရင်း၏ အမူအရာလေးကို မြင်လိုက်ရတော့ ရှီလီ၏ နှလုံးသားမှာ ချက်ချင်းပင် နူးညံ့သွားရတော့သည်။
အခွင့်အရေးကို ဆုပ်ကိုင်၍ စုန့်ရင်းက ရှီလီ၏လက်ကို ထပ်မံလှုပ်ရမ်းလိုက်ကာ “မမ၊ဘာလို့ ဖုန်းယွင်ဟယ်က မမကို ရုတ်တရက်ကြီး လာရှာရတာလဲ။ အရင်တုန်းကတော့ လာမရှာဖူးဘဲနဲ့ ဒီနေ့ကျမှ မမနဲ့ သီးသန့်စကား ပြောချင်နေတယ်။ သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ပုံပဲ”
စုန့်ရင်းက “ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ”ဟူသော စကားကို အလွန်တိုးဖွစွာ ပြောလိုက်တာကြောင့် အနီးဝန်းကျင်မှ လူတွေပဲ ကြားလိုက်ကြသည်။
ဒါပေါ့ ဖုန်းယွင်ဟယ်လည်း ၎င်းကို မလွဲချော်သွားချေ။ သူ့အကြည့်များမှာ ဓားသွားလိုမျိုး စုန့်ရင်းဆီ ရောက်လာတာကြောင့် စုန့်ရင်းက ကြောက်ကြောက်နှင့် ရှီလီ၏ နောက်ကျောတွင် ဝင်ပုန်းလိုက်သည်။
စဉ်းစားကြည့်တော့မှ အရင်တုန်းက ရှီလီ သတိမထားမိခဲ့သော်လည်း ဤကောင်မလေးတွင် လက်ဖက်စိမ်းမ ဖြစ်ရန် အလားအလာရှိလေသည်။
[တကယ်လို့ ဒီအဆိုးလေးသာ အစောကြီးကတည်းက ဒီလိုမျိုး ပါးနပ်ခဲ့ရင် မွေးစားအမေရဲ့ဂရုစိုက်မှုအောကမမှာ ဆိုဆိုးရွားရွားကြီး ကြောက်လန့်နေရမှာ မဟုတ်ဘူး]
စုန့်ရင်း: ဒီနေ့ စင်မြင့်ထက်မှာ တက်ရောက်ပြီးဒီဆုကို လက်ခံရတဲ့အတွက် အတန်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့နဲ့ အတူရှိနေရတာက ငါ့ရဲ့ ပါးနပ်မှုကို သွေးပေးလိုက်သလိုပဲ။ သူတို့သာ မရှိခဲ့ဘူးဆိုရင် ဒီနေ့ ငါဆိုတာ မရှိလာနိုင်ဘူးလို့ ပြောချင်ပါတယ်။
[အခုလို လှည့်ဖျားတတ်ပုံမျိုးနဲ့ဆိုရင် သူမကို ရှာတွေ့သွားလို့ ရွှီမိသားစုဆီ ပြန်သွားတဲ့အခါကျ အဲဒီ အတုအယောင် ကောင်မလေးလေး ရွှီရှင်းရှင်းနဲ့ ရင်ဆိုင်ရရင် ကြောက်လောက်မှာ မဟုတ်တော့ဘူး]
သို့ပေတည့် ရှီလီက စုန့်ရင်းအပေါ်တွင် အလွန်အလိုလိုက်သည်။ အနှီကောင်မလေး လှည့်ကွက်အချို့ ထုတ်သုံးနေတာကို သိနေတာတောင်မှ သူမ၏ ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။ “အဆင်ပြေတယ်၊ မမက အဲ့လောက်လည်း မအပါဘူး။ ငါ ဘာလုပ်နိုင် တယ်၊ မလုပ်နိုင်ဘူးဆိုတာကို သိတယ်၊ စိတ်မပူနဲ့။ ပြီးကျရင် ပြန်လာခဲ့မယ်
စုန့်ရင်းအပေါ် ချစ်ခင်မှုတွေ ပြသနေသောရှီလီကို စောင့်ကြည့်နေကြသည့် လူအချို့မှာ အတွေးလေးနက်သွားတော့သည်။
ရှီလီက ဒီလိုမျိုးပြောလာတော့ စဉ်းစားပေးတတ်သော ညီမအနေနှင့် စုန့်ရင်းမှာ ဆက်ပြီးဇာချဲ့နေလို့ မရတော့ပေ။ သူမ ရုံရုံ၏ ဘေးနားဆီ ပြန်သွားလိုက်တော့ မျက်နှာထား သိပ်မကောင်းတာကို တွေ့လိုက်ရသည်။
အတန်းထဲသို့ ရုံရုံ ရောက်စတုန်းက သူမ ၌အမြဲတမ်း သုန်မှုန်သော အမူအရာ ရှိခဲ့၏။ သို့သော် အတန်းထဲမှာ နေတာကြာလာတော့ ပိုပြီး သက်တောင့်သက်သာ ရှိလာကာ သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးများလည်း မကြာခဏ ထွက်ပေါ်လာတတ်သည်။ (ကြာပန်းဖြူဇာတ်လိုက်မင်းသမီးက လျန်ရုန်ရုန်ပါ။ သူက ရုံရုံပါ။)
အရင်ကနှင့် နှိုင်းစာကြည့်ပါက ယခုဆိုလျှင် ပိုပြီးချဉ်းကပ်လွယ်လာလေပြီ။
151 02
သို့သော် ယခုတွင်မူ ရုံရုံ၏ အမူအရာမှာ ကျောင်းစပြောင်းလာတုန်းက သုန်မှုန်နေခြင်းနှင့် မတူတော့ပေ။
သူမ၏ ထိုင်ခုံဖော်ဖြစ်သော စုန့်ရင်းက သူမနှင့်ပတ်သက်၍ အတော်စိတ်ပူရသည်။
ရုံရုံ၏ လက်ရှိအခြေအနေအား သူများတွေသိသွားမှာကို မလိုလားသဖြင့် စုန့်ရင်းက သူမ၏ မျက်လုံးကိုသုံးကာ အဆင်ပြေလားဟု မေးလိုက်သည်။
ရုံရုံက ခေါင်းခါ၍ သူမ အဆင်ပြေကြောင်း ပြန်ပြောလာသည်။ သူမက လုပ်ပြုံး ပြုံးလာသော်လည်း အတော်လေး အားစိုက်နေရသည့်ပုံ ပေါ်နေသည်။ ဘယ်သူမဆို ၎င်းကိုကြည့် လိုက်ရုံနှင့် ထိုအပြုံးထဲက ဝန်လေးနေခြင်းကို ခံစားမိနိုင်သည်။
ရှီလီက သွားကိုက်လောက်အောင် ချိုအီနေငော လေသံဖြင့် မေးလိုက်၏။ “အစ်ကိုယွင်ဟယ်၊ တစ်ခုခုပြောစရာရှိလို့လား။ငါ့ကို ဝန်ခံချင်လို့များလားဟင်။ မရှက်နဲ့နော်။ နင်သာ ပြောလိုက်တာနဲ့ ငါက ချက်ချင်းလက်ခံလိုက်မှာ”
သူမ၏ အချစ်ရူးရူးနေသော ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ရှီလီက အသံမတိုးချေ။ မလှမ်းမကမ်းမှ ကျောင်းသားတွမှာ သူမ၏ဟန်လုပ်နေသော လေသံနှင့် ပြင်းထန်သောအကြောင်းအရာကို ကြားနိုင်ပေသည်။
အခန်း 1 မှ ကျောင်းသားတို့မှာ ရုတ်ချည်းပင် သတိအနေအထား ဖြစ်သွားကြသည်။ မတော်လို့ ဖုန်းယွင်ဟယ်က ရှီလီရဲ့ ကောင်းကွက်တွေကို သိသွားလို့ သူမကို အရင်စပြီး ဖွင့်ပြောလာရင် သူတို့တွေ ဘာလုပ်ကြရမှာလဲ။
ရှီလီ၊ နင်မရှိဘဲနဲ့ ငါတို့တွေက ဘယ်လိုလုပ်နေနိုင်မှာလဲ။
တကယ်လို့ အဲ့လိုသာ ဖြစ်လာပြီဆိုလို့ကတော့ တစ်ခုတည်းသော ရွေးချယ်မှုက ရှီလီကို အလစ်သုတ်ဖို့အတွက် ဓားဆွဲပြီး သတ်ကွင်းမှာ သောင်းကျန်းပစ်ရမှာပဲ။
အတန်းခေါင်းဆောင်က အဆိုးဆုံးအတွက်တောင် ပြင်ဆင်ထားပြီးလေပြီ။
ရှီလီမှာ သူမ အတန်းဖော်တွေ၏ အတွေးဖြစ်စဉ်တွေက သူမထက်ပင် ပိုရှုပ်ထွေးပြီး ရူးသွပ်နေတယ်ဆိုတာကို သတိမထားမိချေ။ သူမက အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုခုကို ပြောပြီးနောက် ဖုန်းယွင်ဟယ်၏မျက်နှာထက်တွင် သည်းညီးမခံနိုင်သည့် ရွံ့ရှာခြင်းတို့ကို ပြသလာတာကြောင့် ရှီလီကျေနပ်သွားသည်။
ဖုန်းယွင်ဟယ် မပျော်သရွေ့၊ သူမ ပျော်သည်။
သို့သော် ရှီလီအား အံ့ဩစေတာကတော့ သူမ ဒီလိုမျိုး ပြောဆိုနေတာတောင် ဖုန်းယွင်ဟယ်က ဒေါသထွက်ထွက်ဖြင့် ချက်ချင်းမထွက်သွားသေးတာပင်။ ထိုအစား သူသည် သည်းခံပြီးရင် သည်းခံနေလေ၏။ စုန့်ရင်း ပြောတာမှန်တယ်၊ သူ့မှာ အကြံအစည် ကြီးကြီးမားမားရှိနေတဲ့ပုံပဲ။
ဖုန်းယွင်ဟယ် ချောင်းအသာ ဟန့်လိုက်၍“နောက်မနေနဲ့တော့။ ငါ မင်းနဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့”
ရှီလီက ဆူပုပ်လိုက်ပြီး “အစ်ကိုယွင်ဟယ်၊ငါ နောက်နေတာ မဟုတ်ဘူးနော်။ ငါတကယ် နင်နဲ့ တွဲချင်တာ”
ရှီလီက အမြဲတစေ သူမ၏အသံကို မတိုးဘဲ ပြောဆိုတာကြောင့် ထွက်မသွားသေးသောလူတွေက သူမ ပြောလိုက်တာအား ကြားနေရသည်မှာ သဘာဝပင်။
ဖုန်းယွင်ဟယ် စကားပြောတော့ သူများတွေကို မကြားစေချင်သဖြင့် အသံကို တိုးပြောသော်လည်း ရှီလီ၏ စကားတစ်ခွန်းက သူ၏ အရင်စကားတွေကို ပေါ်ပေါက်သွားစေသည်။
ဖုန်းယွင်ဟယ်က ခက်ခဲသော လူတွေနှင့် ပြောဆိုဆက်ဆံရတာကို မရင်းနှီးချေ။ ကုမ္ပဏီတွင် ကျိုးကြောင်းဆီလျော်မှု မရှိသောဝန်ထမ်းများစွာရှိပြီး လျန်ရုန်ရုန်ကတော့ လူစကား နားမလည်သော စံပြနမူနာပင်။
ရှီလီက သာမန်လူတစ်ယောက် ဆိုသော်ငြား သူမနှင့် စကားပြောရတာက အတော်လေး မောပန်းရသည်။ စကားခေါင်းစဉ်က ဘာပဲဖြစ်ပါစေ၊ သူမက တွဲသည့်ဘက်သို့ အမြဲတမ်း ဦးတည်နိုင်လေသည်။
ဒီထက်ပိုတာက သူမ၏ အသံမှာ လေးနက်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း မျက်ဝန်းတွေကတော့ လှောင်ပြောင်မှုတွေဖြင့်သာ ပြည့်နှက်နေသဖြင့် နောက်ပြောင်နေတယ်ဆိုတာ အရှင်းကြီးပင်။
151 03
ဖုန်းယွင်ဟယ် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ရှီလီ၏ တွဲကြမယ်ဆိုသော မှတ်ချက်တွေကို လျစ်လျူရှုလိုက်၏။ သူ ပြောလိုက်သည်။ “ငါ မင်းကို တောင်းဆိုစရာရှိလို့။ ငါ့အမေရဲ့ကျန်းမာရေး မကောင်းဘူးဆိုတာ မင်းသိပါတယ်။ ငါ အဲဒါကို ဆရာဝန်နဲ့ ဆွေးနွေးကြည့်လိုက်တော့ သူမကို ပျော်အောင်ထားရင် ကျန်းမာရေး ပြန်ကောင်းလာမှာကို အထောက်အကူ ဖြစ်စေတယ်တဲ့။ သူမ မင်းကို အရမ်းသဘောကျတယ်ဆိုတာ ငါသိထားတယ်။ တကယ်လို့ မင်း အလုပ်မရှုပ်ရင် သူမဆီ မကြာခဏ လာလည်ပေးလို့ ရမလား”
အချစ်ရူးရူးနေသော လူတစ်ယောက်အနေနှင့်ယခုလို တောင်းဆိုချက်မျိုးကို တုံ့ဆိုင်းခြင်းမရှိ သဘောတူရမှာပင်။ ဘယ်လိုပဲဖြစ်ဖြစ်၎င်းက သူမ၏ချစ်ရသူထံမှ အနာဂါတ်ယောက္ခမထံ သွားလည်ပေးဖို့ တောင်းဆိုချက်ဖြစ်နေလေသည်။
ရှီလီက လက်ခုပ်တီးလိုက်၍ “သေချာပေါက် လုပ်နိုင်တာပေါ့! အန်တီ့ကို အဖော်ပြုပေးဖို့က ငါ့အတွက် ကောင်းချီးလိုပါဘဲ။ ပြီးတော့ ဒီလိုလုပ်ဖို့ တောင်းဆိုလာတာက အစ်ကို ဖြစ်နေတော့၊ အပြင်ဘက်မှာ ဓားမိုးတွေ ရွာနေရင်တောင် သွားဦးမှာ”
သူ့ပန်းတိုင်ကို ဆွတ်ခူးနိုင်သွားတော့ ဖုန်းယွင်ဟယ်၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ပေါ်ထွက်လာ၏။ “စိတ်မပူပါနဲ့၊ ဓားမိုးတွေရွာနေတဲ့ အခြေအနေမျိုးဆိုရင်အိမ်မှာဘဲ နားနားနေနေ နေလို့ရပါတယ်”
“အစ်ကိုယွင်ဟယ်၊ ငါ့ကို စိတ်ပူပေးနေတာလား။ တစ်ဖက်သတ်အချစ် မဟုတ်ဘူးဆိုတာကို ငါ သိသားပဲ။ အစ်ကိုလည်း ငါ့အပေါ်မှာ ခံစားချက်ရှိနေတယ်မလား” ရှီလီ ပြောလိုက်၏။
ဖုန်းယွင်ဟယ်၏ မျက်ဝန်းထဲမှ အပြုံးမှာ ရုတ်ချည်းပျောက်ကွယ်သွားသည်။ ရှီလီက ခြေလှမ်းတစ်ဝက်စာမျှ ရှေ့တိုးလိုက်ကာ“ဒါဆို ငါတို့ တွဲမဲ့ကိစ္စကိုရော၊ ပြန်စဉ်းစား ချင်လား”
သူသည် နောက်သို့ ခြေလှမ်းကြီးကြီးတစ်လှမ်း ဆုတ်လိုက်၍ “အတန်းစတော့မှာ။ ငါ စာသင်ခန်းထဲ ပြန်သွားဖို့လိုနေပြီ”
ရှီလီသည် နောက်ဆုတ်သွားသော ပုံရိပ်ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး “အစ်ကိုယွင်ဟယ်၊ နင်က တကယ့်ကို နှလုံးသားမဲ့တာဘဲ။ တစ်ယောက်ယောက်ကို အလိုရှိရင်တော့ အချစ်ကလေးလို့ ခေါ်ပြီး၊ မလိုတော့ရင် အတန်းစတော့မယ်လို့ ပြောတယ်”
အနေခြားသွားသော ပုံရိပ်က အနည်းငယ် တုန်လှုပ်သွားတာကို မြင်လိုက်ရတော့ ရှီလီ ကျေနပ်သွားသည်။
သူမ နောက်လှည့်ကာ ဘေးနားက အတန်းဖော်တွေကို ပြောလိုက်၏။ “ပြန်သွားရအောင်။ အတန်းစတော့မယ်”
စုန့်ရင်းက စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်ကာ ရှေ့သို့ ခြေနှစ်လှမ်းတိုး၍ ရှီလီ၏လက်မောင်းကို ဖက်လိုက်သည်။ “သွားရအောင်လေ၊ မမ” ရှီလီနှင့် ဖုန်းယွင်ဟယ်ကြားက ပွတ်လောရိုက်ခြင်းကြောင့် အခန်း 1 မှ ကျောင်းသားများမှာ ထွက်မသွားသေးကြဘဲ မလှမ်းမကမ်းတွင်ရပ်၍ အနှစ်ဦး၏ တုံ့ပြန်ပုံကို အကဲခတ်နေကြတာပင်။
အလျင်စလို ထွက်သွားသော ဖုန်းယွင်ဟယ်ကို တွေ့လိုက်ရတော့ လူအုပ်သည်လည်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့် စာသင်ဆောင်ဘက်သို့ ဦးတည်လိုက်ကြ၏။
စွန်းရီလင်းက အရှိန်တင်လိုက်ပြီး မနီးမဝေး ကဖူဟွေ့ရှင်းကို ဖြတ်လျှောက်သွားလိုက်၏။
သူမ ဖြတ်သွားတာနှင့် စွန်းရီလင်းက ဖူဟွေ့ရှင်းကို စိတ်ပျက်လက်ပျက်ဖြစ်စွာဖြင့် စူးစိုက်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ “အသုံးကိုမကျဘူး” ငါ ရွက်လွှင့်နေတဲ့ သင်္ဘောကြီးက ဒီလိုမျိုး နစ်မြုပ်သွားတော့မှာ လား။ ဝူးဝူးဝူးဝူးဝူးးးးးး
ဖူဟွေ့ရှင်းမျာ အတွေးထဲ နစ်မွန်းနေသဖြင့် သူ့အား တစ်စုံတစ်ယောက်က စိုက်ကြည့်နေတာကို သတိမထားမိသည်မှာ သဘာဝကျသည်။
******
152 01
အခန်း ၁၅၂: သူမက ငါတို့ ရွှီမိသားစုရဲ့ကလေး မဟုတ်ဘူး
ရှီလီသည် လူ့ကျင့်ဝတ် အတန်းချိန်တုန်းက ဖုန်းယွင်ဟယ်၏ တားဆီးခြင်းကို ခံခဲ့ရ၏။ ထိုအချိန်တုန်းက ခန်းမထဲတွင် အခန်း 1 မှ ကျောင်းသားတွေအားလုံး ရှိနေသည်သာမက အခန်း 2 မှ လူအများစုနှင့် အခန်း 3 မှ လူအနည်းအကျဉ်းတို့ ရှိနေကြသေးသည်။
ထွက်မသွားသေးသော လူများမှာ စုန့်ရင်းက ဟန်များတယ်ဟူသော သူမ၏ စိတ်ထဲက ညည်းတွားနေခြင်းကို သဘာဝကျစွာဖြင့် နားစွန်နားဖျား ကြားလိုက်ကြသည်။
သူမ၏ စိတ်ထဲက အတွေးထဲတွင် ရှီလီက တွက်ချက်တတ်သော စုန့်ရင်းနှင့် ပတ်သက်၍ ညီးတွားပြခဲ့ရုံသာမက အမှန်တကယ်တွင် စုန့်ရင်းက ရွှီရှင်း၏ သမီးရင်းဖြစ်၍ ရွှီရှင်း၏လက်ရှိသမီးမှာ အမွေဆက်ခံသူအတု ဖြစ်သည်ဆိုသည့် အကြောင်းကိုလည်း ထုတ်ဖော်ခဲ့သည်။
ဤအတွင်းရေးကိစ္စတွေကို ကြားသွားကြသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ရွှီမိသားစု၏ အမွေဆက်ခံသူ အတု၊ အစစ် ကိစ္စကို စတင် တွေးတောလာကြသည်။
ရှီလီ၏ အတွေးတွေကို ကြားနိုင်သော အနှီလူတွေကြားတွင် ဤသတင်းအချက်အလက်မှာ တစ်စတစ်စနှင့် စတင်ပျံ့နှံ့လာတော့၏။
လူအုပ်ကြားထဲရှိ မိန်းကလေးတွေထဲက တစ်ဦးမှာ ရွှီမိသားစုမှ အဒေါ်ငယ်၏ ဆွေမျိုးဖြစ်နေလေသည်။ သူမက ဦးလေးရွှီ၏ တူမပင်ဖြစ်၏။ ရွှီမိသားစုက သမီးတွေအတွက် ခင်ပွန်းတွေ ရွေးချယ်ပေးခဲ့စဉ်က လူမှုရေး အဆင့်အတန်း မြင့်မားမှုအပေါ် မဦးတည်ဘဲ စရိုက်လက္ခဏာများကိုသာ ဦးစားပေး ရွေးချယ်ခဲ့သည်။
ဦးလေးရွှီက ကောင်းမွန်သည့် အမျိုးသားတစ်ယောက်ပင်ဖြစ်၏။ သာမန်လူတွေနှင့် နှိုင်းယှဉ်ကြည့်ပါက သူ့မိသားစု အခြေအနေမှာ အတော်လေး ကောင်းမွန်သော်လည်း ရွှီမိသားစုနှင့်တော့ မယှဉ်နိုင်ပေ။ (T\N: မိန်းမမျိုးရိုးနာမည်ကို ယူလိုက်တာပါ)
သူမ၏ မိသားစုအမည်၊ ရင်းနှီးသော သူငယ်ချင်းတွေနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် အဒေါ်ငယ်ရွှီမှာ အတော်လေး မကျေမနပ်ဖြစ်ခဲ့ရသည်။
သူမသည် မကြာခဏ မိဘအိမ်သို့ စားသောက်ရန်၊ ပစ္စည်းတွေယူရန် သွားလေ့ရှိပြီး ထိုနေရာတွင် သူမ၏ လုပ်ပိုင်ခွင့်အတွက် ရဲရဲတင်းတင်း ပြောဆိုလေ့ရှိသည်။
မစ္စတာနှင့် မစ္စရွှီက သူတို့၏ သမီးကို ချစ်ခင်သော်ငြား လက်ထပ်ထားသော သမီးကို အိမ်ထောင်စုအား စီမံခန့်ခွဲခွင့်ပေးလို့ မဖြစ်ဘူးဆိုတာကို ကောင်းစွာ နားလည်ကြသည်။ မိသားစုက သူတို့ချွေးမ၏ စီမံပေးမှုကို လိုအပ်နေဆဲပင်။
သူမ၏ ယောက်မက အိမ်ထောင်စု လုပ်ပိုင်ခွင့် အတွက် တိုက်ပွဲတွင် အရေးသာသွားတော့ အဒေါ်ငယ်မှာ သူမ၏ ယောက်မ၊ တူမနှင့်တူအပေါ်ကို အပြင်လူတွေဟုမြင်ကာ နှစ်ရှည်လများ မကျေနပ်မှုများ ထားခဲ့သည်။
ဤ “အပြင်လူများ” ထဲတွင် အဒေါ်ငယ်မှာ တူမကြီးဖြစ်သော ရွှီရှင်းရှင်းက သူမကို အကြီးအကဲအဖြစ် ဘယ်တုန်းကမှ မဆက်ဆံပေးခြင်း၊ သူမအား မကြာခဏ လှောင်ပြောင်၍ ပြက်ရယ်ပြုခြင်းကြောင့် ထိုကောင်မလေးကို အတော်လေး စက်ဆုပ်လေသည်။
သူမ၏ တူမ “အရင်း” နှင့် ဆက်ဆံရေး သိပ်မကောင်းသော်လည်း အဒေါ်ငယ်သည်သူမ ယောက်ျား၏ တူမနှင့် သင့်မြတ်မှုဝောာ့ ရှိပေသည်။
ဦးလေးရွှီ၏ တူမက အခန်း 3 မှ အတန်းဖော်ဖြစ်သော ချောင်ကျွင်းကျွင်းပင်။ သူမသည် ခန်းမဝန်းကျင်ကနေ စောစောစီးစီး ထွက်သွားတာကြောင့် ရှီလီ၏ အတွေးတွေကို မကြားလိုက်ရပေ။ သူမက အတန်း၏ အုပ်စုဖွဲ့ စကားပြောခန်းလေးထဲမှတစ်ဆင့် ထိုအကြောင်းကို သိရှိခဲ့ရသည်။
ချောင်ကျွင်းကျွင်းက သူမ၏အဒေါ်နှင့် ဆက်ဆံရေးကောင်းသည်။ သူမ အဒေါ်က ရွှီရှင်းရှင်းအား မကြိုက်ဘူးဆိုတာကို သိနေတော့ အိမ်အမြန်ပြန်ပြီး ရွှီရှင်းရှင်း၏ ရုပ်ရည်နှင့် အပြုအမူက ရွှီမိသားစုနှင့် လုံးဝကိုက်ညီမှုမရှိဘဲ မသင်္ကာစရာ တစ်ခုခုရှိ နေနိုင်တယ်ဟုဆိုပြီး အဒေါ်ငယ်ကို အရိပ်အမြွတ် သွားပေးလိုက်သည်။
ချောင်ကျွင်းကျွင်း၏ အမေက ဤစကားကို နားစွန်နားဖျား ကြားသွားတော့ သူမ၏ သမီးက စိတ်ဝမ်းကွဲအောင် မျိုးစေ့ချနေတယ်လို့ထင်ပြီး အမြန်ဟန့်တားလိုက်သည်။
သို့သော် အဒေါ်ငယ်ရွှီ၏ စိတ်ထဲမှာတော့ ဤစကားတွေက ဖျောက်ဖျက်လို့မရသည့် အမြင်တစ်ခုအဖြစ် စွဲကျန်ရစ်ခဲ့သည်။
ထို့ကြောင့် သူမ အိမ်ပြန်ရောက်တော့ ရွှီရှင်းရှင်း၏ အခန်းထဲသို့ ခိုးဝင်၍ နမူနာအချို့ကို စုဆောင်းကာ DNA စစ်ရန်အတွက် ပေးပို့လိုက်သည်။
စစ်ဆေးမှုရလဒ်တွေက သူမကို အလွန်စိတ်ကျေနပ်စေသည်။ အဒေါ်ငယ်က လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားသည့်လူမျိုး မဟုတ်သလို၊ ဤလျှို့ဝှက်ချက်ကို အသုံးချ၍ ဂယက်ကြီးကြီး ထအောင်လည်း လုပ်နိုင်စွမ်း မရှိချေ။
152 02
အတိုချုံးရလျှင် သူမက အရူးတစ်ယောက် သာ။
သို့သော် အရူးတွေတောင်မှ အသုံးဝင်သည့်နေရာဆိုတာ ရှိပေသည်။ သူမက DNA စစ်ဆေးချက်ကိုယူ၍ သူမ၏ မိဘတွေ၊အစ်ကိုနှင့် ယောက်မရှေ့တွင် ချပြခဲ့ကာ သူတို့အားလုံး လှည့်စားခံလိုက်ရပြီဖြစ်ပြီး ယောက်မက ဖောက်ပြန်နေ၍ အစ်ကိုက ဖောက်ပြန်ခံနေရကာ သူတို့မိသားစုက အခြားတစ်ယောက်၏ ကလေးကို ပျိုးထောင်နေခဲ့ရပါတယ်ဟုဆိုပြီး ကြေညာလိုက်တော့သည်!
အဒေါ်ငယ်က ဆူပူသောင်းကျန်းရန်အတွက် မကြာခဏ မိဘအိမ်သို့ ပြန်လာတတ်သဖြင့် 'အငိုသန်ဝံပုလွေ' ဟူသော ပုံရိပ်က စွဲထင်ကျန်ရစ်နေသည်။ ဤတစ်ကြိမ်တွင် ဝံပုလွေကအတော်လေး အခိုင်အမာ ရှိနေသော်လည်းသူမ၏ မိဘတွေနှင့် အစ်ကိုကတော့ သူမ စကားတွေကို အလွယ်တကူ မယုံကြည်ကြပေ။
ရွှီရှင်းကတော့ သူ့မိန်းမကို ချွင်းချက်မရှိ ယုံကြည်ပေသည်။ သူ့ညီမကို ပြင်းထန်စွာ အပြစ်တင်လိုက်၏၊ “ဘာပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာလဲ။ ဒီဆေးစစ်ချက်ကို နင် ဘယ်ကရလာတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ၊ ပြီးတော့ အခုလည်း ရှင်းရှင်းက ငါတို့ သမီးမဟုတ်ဘူးလို့ ပြောနေသေးတယ်”
အဒေါ်ငယ်ရွှီက သူမ အစ်ကို၏ရှေ့သို့ ဆေးစစ်ပေးသည့် အေဂျင်စီ၏ အမှတ်တံဆိပ်ဖြင့် ပစ်ပေါက်လိုက်ကာ “ဒီမှာ ကျွမ်းကျင်တဲ့အဖွဲ့အစည်း။ ငါ အတုလုပ်လာတာ မဟုတ်ဘူး ၊ငါ့မှာ သူတို့ကို လာဘ်ထိုးဖို့အထိလည်း အရည်အချင်း မရှိဘူး”
ရွှီရှင်းမှာ သူ့ညီမ၏ လုပ်နိုင်စွမ်းတွေနှင့်သူမတွင် စစ်ဆေးရေး အေဂျင်စီကို လာဘ်ထိုးဖို့အထိလုပ်ဖို့ ဘာအကြောင်းရင်းမှမရှိဘူးဆိုတာကို သေချာပေါက် သိထား၏။
အဘွားရွှီက ပြဿနာရှာနေသော သူမသမီးကို ပြောလိုက်၏။ “ပေါက်ကရတွေ မပြောနဲ့တော့။ အခုချိန်မှာ ရှင်းရှင်း အိမ်မှာမရှိဘူး၊ နိုင်ငံခြား ရောက်နေတာ။ စမ်းသပ်မဲ့ နမူနာတွေကို ဘယ်ကရလာတာလဲ”
အဒေါ်ငယ်ရွှီက ဖြောင့်မတ်စွာ ပြန်ပြောလိုက်သည်။ “ဒါပေါ့၊ ရှင်းရှင်း အခန်းထဲက ဘီးကနေ ဆံပင်ယူလိုက်တာလေ”
မဒမ်ရွှီက မျက်မှောင်ကြုတ်ကာ “ညီမလေး၊ရှင်းရှင်းရဲ့ အခန်းထဲကို ခိုးဝင်ခဲ့တာလား”
သူမတူမ၏ အခန်းထဲကို ခိုးဝင်တာကဂုဏ်ယူစရာကိစ္စ မဟုတ်သော်လည်း အဒေါ်ငယ်ရွှီက သူမ မှန်တယ်လို့ ယုံကြည်နေတာကြောင့် ပြောပြလိုက်သည်။ “ဒါက ကျွန်မတို့မိသားစု အကျိုးအတွက်ပဲ မဟုတ်ဘူးလား။ ကျွန်မတို့က သူများကလေးကို ဆယ်နှစ်ကျော်လောက် ပျိုးထောင်ပေးခဲ့ရတာ။ ကျွန်မ အစ်ကိုကို ဆက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခံခိုင်းထားမလို့လား”
ယခုနှစ်တွင် အလယ်တန်းတက်နေပြီဖြစ်သော ရွှီမိသားစု၏ ဒုတိယသားမှာ သူ့အမေအား စော်ကားပြောဆိုနေခြင်းကို သည်းမခံနိုင်တော့ပေ။ “ကျွန်တော်တို့ မိသားစုရဲ့ ကလေးမဟုတ်တာက အန်တီ၊ ခင်ဗျားလည်း ဖြစ်နိုင်တာပဲ”
ရွှီရှင်း သူ့သား၏ခေါင်းကို ရိုက်လိုက်သည်။ ဒီကောင်စုတ်လေး ဘာတွေပြောနေတာလဲ၊သူ့အဘွားကိုတောင် သံသယဝင်ရဲတယ်။
သူ့အဘိုးနှင့် အဖေ၏ အကြည့်တွေတွင်အန္တရာယ်တွေ တိုးပွားလာတော့ ကျီစယ်တတ်သော ရွှီယိရမ်က ထပ်ပေါင်းပြောလိုက်ရ၏။ “ကျွန်တော် ဆိုလိုတာက၊ အဘွားက အန်တီ့ကို မွေးခဲ့ပေမဲ့ ဆေးရုံက ကလေးမှားတာလည်း ဖြစ်နိုင်တာပဲလေ”
အဘိုးနှင့် အဘွားရွှီမှာ သူတို့ချွေးမ သစ္စာရှိဝာာကို ယုံကြည်လေသည်။ သူတို့၏ သမီးငယ်ကို ဆူငေါက်လိုက်ပြီး သူတို့၏ ချွေးမကို မစော်ကားဖို့ ပြောလိုက်သည်။
သို့သော် ဒေါ်လေးငယ်ရွှီသည် ပြုစားခံနေရသလိုမျိုး ရွှီရှင်းရှင်းက ရွှီသွေးစက် မဟုတ်ဘူဆိုတာ ဇွတ်အတင်းပြောနေသည်။
ရွှီမိသားစု၏ ဗီလာက အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ ရွှီရှင်းက သူ့ယောက်ဖကို ဖုန်းဆက်ခေါ်လိုက်ပြီး သူ့မိန်းမကို ပြန်လာခေါ်ပေးရန်နှင့် သူမကို သူတို့တွေ ဆက်ပြီး မထိန်းနိုင်တော့ဘူးဟု ပြောလိုက်သည်။
“ကောင်းပြီလေ၊ ရှင်းရှင်းရဲ့ ကျောင်းက ပိတ်ရက်ရတော့မဲ့ ကျွန်မလည်း သူမကို လွမ်းနေတာ။ သူမကို ရက်နည်းနည်းလောက်လာနေခိုင်းရအောင် ခေါ်လိုက်ကြတာပေါ့”
မဒမ်ရွှီက သူမသမီးကို DNA စစ်ဖို့ လှမ်းခေါ်တယ်လို့ မပြောဘဲ လွမ်းလို့ဟုသာ ပြောလာခဲ့သည်။ အကယ်၍ သူမသမီးသာ DNA စစ်ဖို့ပြန်လာရမယ်လို့ သိထားရင် အိမ်ပြန်လာဖို့ကို ခေါင်းမာမာနှင့် ငြင်းဆန်လိုက်မှာကို စိုးရိမ်တာကြောင့်ပင်။
152 03
ဒါပေါ့ သူမ သမီးကို သေချာပေါက် လွမ်းပေသည်။
ရွှီရှင်းရှင်းမှာ စက်တင်ဘာလကတည်းက ကျောင်းတက်ဖို့ ထွက်သွားတာဖြစ်ပြီး အိမ်ပြန်မလာသေးပေ။ နှစ်သစ်ကူးတုန်းကလည်း ကျောင်းတွင် ကိစ္စလေးတွေရှိသေး၍ ပြန်မလာဖြစ်ဘူးလို့ ပြောခဲ့သည်။
မိဘတွေအနေနှင့် သူတို့ သမီးကို စိတ်ပူ၍ လေယာဉ်စီးပြီး သူမကို သွားတွေ့ချင်နေသော်လည်း ရွှီရှင်းရှင်းက သူတို့ကို ပြောထားတာကြောင့် သူမဆီ အလည်သွားရန် နိုင်ငံခြားသို့ မသွားခဲ့ကြပေ။
ရွှီရှင်းရှင်းမှာ နိုင်ငံခြားတွင် အချိန်ကောင်းရနေချိန်ခိုက် သူမအမေဆီကနေ သူမကိုလွမ်း၍ ရက်နည်းနည်းလောက် အိမ်ပြန်လာစေချင်တယ်ဟူသော စာကို လက်ခံရရှိခဲ့သည်။
ဒါပေါ့ သူမကတော့ အိမ်ကိုရော၊ မိသားစုကိုပါ မလွမ်းပေ။ ယခုဆိုလျှင် သူမ၌ ပိုက်ဆံရော၊လွတ်လပ်မှုပါ ရှိနေပြီဖြစ်တာကြောင့် အိမ်ပြန်ပြီး မိဘတွေဆီက နားပူနာဆာလုပ်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘဲ သူမ စိတ်တိုင်းကျကစားချင်တိုင်း ကစားလို့ ရနေလေပြီ။
ရွှီရှင်းနှင့် သူ့မိန်းမမှာ မိန်းမငယ်လေးတစ်ယောက်တည်း နိုင်ငံခြားတွင် အနိုင်ကျင့်ခံနေရမှာကို စိတ်ပူသဖြင့် တတ်နိုင်သမျှ သူမ၏ငွေရေးကြေးရေးကို ကျေနပ်သည်အထိ ဖြည့်ဆည်းပေးကြသည်။
ရွှီရှင်းရှင်းမှာ အိမ်ပြန်မလာချင်တာကြောင့် သူမအမေကို ဖျောင်းဖျရန်အတွက် နှစ်သစ်ကူး တုန်းကလိုဘဲ စာတွေနှင့် အလုပ်ရှုပ်နေလို့ဟူသော အကြောင်းပြချက်ကို ထပ်ပြီးသုံးရန် တွေးတောလိုက်သည်။
သို့ပေတည့် ဤတစ်ခေါက်တွင်မူ မဒမ်ရွှီက သူမကို ပြန်လာရမည်ဟု ယတိပြတ် ပြောလာခဲ့၏။
သူမ မိဘတွေဆီက ငွေကြေးထောက်ပံ့မှုကို လိုအပ်နေဆဲဖြစ်ကြောင်းကို စဉ်းစားလိုက်၍ နောက်ဆုံးတော့ ရွှီရှင်းရှင်း သဘောတူလိုက်သည်။
မဒမ်ရွှီ သူမသမီးကို သွားကြိုတော့ ထိတ်လန့်သွားရ၏။ “ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ပိန်ကျသွားတာတုန်း။ နိုင်ငံခြားမှာ အဆင်မပြေဘူးလား။ သမီးအဖေနဲ့ အမေ ပေးလိုက်တဲ့ ပိုက်ဆံတွေကို နှမြောမနေနဲ့နော်။ ဘယ်လောက်တောင် ပိန်ကျသွားတယ်ဆိုတာကြည့်စမ်းပါဦး”
“ဘာလို့ တရုတ်ပြည်ဘဲ ပြန်လာပြီး စာမလုပ် တာလဲ။ အမေတို့ဘေးနားမှာ သမီး ရှိနေတော့ သမီးကို ပိုစိတ်အေးရတာပေါ့”
တရုတ်ပြည် ပြန်လာရတာက မဖြစ်နိုင်ချေ။ ရွှီရှင်းရှင်း ချက်ချင်းဘဲ ငြင်းဆန်လိုက်သည်“လုံးဝပဲ”
“ဒါဆို သမီး စာလုပ်နေတုန်း အမေပါ နိုင်ငံခြားထွက်ပြီး သမီးကို အဖော်ပြုပေးရင်ရော”
၎င်းမှာ ပို၍ပင် လက်သင့်ခံနိုင်စရာပင်။ မိဘတွေ ဘေးနားမှာရှိနေရင် သူမရဲ့ လွတ်လပ်မှုက ဘယ်ရောက်သွားပြီလဲ။
ရွှီရှင်းရှင်းမှာ မျက်ကွင်းညိုနေသည်။ သူမသန်းလိုက်ပြီး “သမီး ကောင်းကောင်း မအိပ်ရသေးလို့ပါ။ တရုတ်ပြည်ပြန်ပြီး စာမလုပ်ချင်ပါဘူး၊ အမေလည်း အဖော်ပြုပေးစရာ မလိုဘူး။ စိတ်မပူနေစပါနဲ့၊ သမီး ကိုယ့်ဟာကိုယ် ဂရုစိုက်နိုင်ပါတယ်!”
မဒမ်ရွှီက ကသိကအောက်ဖြစ်စွာ ပြံးလိုက်၍“ကောင်းပြီ၊ ကောင်းပြီ၊ အမေ စကားမှားပြောတာ”
မဒမ်ရွှီ နမူနာတွေယူတော့ သိုသိုသိပ်သိပ်လုပ်မနေချေ။ သူမသမီး၏ လက်သည်းတွေကို ညှပ်ပေးနေတုန်းမှာဘဲ အကြောင်းရှာ၍ လက်သည်းစတွေကို ပေါ်တင်ဘဲ ယူခဲ့သည်။
သူမသည် စစ်ဆေးရန်အတွက် သူမ သမီးနှင့်ယောက်ျား၏ နမူနာတွေကို ပို့လိုက်လို့ရသော်လည်း ယောက်မက ရလဒ်တွေကို သူမခြယ်လှယ်ထားတယ်ဆိုပြီး စွပ်စွဲလာမှာကို စိုးရိမ်ရသည်။
မဒမ်ရွှီ ကိုယ်တိုင်ကိုယ်ကျ သူမ သမီး၏လက်သည်းစကို ယောက်မထံ ကမ်းပေးလိုက် ပြီး “ဒီမှာ၊ ရှင်းရှင်းရဲ့ လက်သည်းစတွေ။ သွားစစ်လိုက်ပါ”
ရွှံ့ဖြင့်လုပ်ထားသော လူမှာတောင် သည်းခံမှုအတိုင်းအတာဆိုတာ ရှိပေသည်။ သူမယောက်ျား၏ ကလေးမဟုတ်ဘူးလို့ သံသယအဝင်ခံလာရတော့ မဒမ်ရွှီကို စိတ်တိုလာစေသည်မှာ သဘာဝကျသည်။
သူမ သစ္စာရှိခဲ့လား၊ မရှိခဲ့ဘူးလားဆိုတာကိုသိသည်။ အခုတော့ ၎င်းက ယောက်မကသူမ ယောက်ျား၏ ညီမရင်းမဟုတ်တာကို သက်သေပြလိုက်သလို ဖြစ်သွားမှာစိုးသဖြင့် ကလေးက သူမ ယောက်မနှင့် သွေးသား မတော်စပ်ပါစေနှင့်ဟူ၍ မျှော်လင့်လုနီးပါးပင်။ (ရှီလီ: ဟင်း... အဲဒါက ဘယ်လိုဖြစ်ပြီး ကိစ္စကြီး မဖြစ်ရမှာလဲ။)