← Chapters

အခန်း (၁၅၇-၁၆၀)

Vol. 8 Ch. 157-160

အခန်း (၁၅၇-၁၆၀)

Vol. 8 Ch. 157-160

157 01

အခန်း ၁၅၇: အိမ်ကိုရော ကျီးကန်းကိုပါ မုန်းရမယ်

မဒမ်ရွှီမှာ စကား ပြောမထွက်နိုင်လောက်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေသည်။

“ဪ၊ အရမ်းကြီးလည်း မဆိုးသေးပါဘူး။ အနည်းဆုံးတော့ ဟုန်ယန်က စုန့်ရင်းကို ကျွေးမွေးပေးခဲ့တယ်လေ။ စားကြွင်းစားကျန်တွေကို ခွေးတွေနဲ့ ပြိုင်လုရအောင်လို့ စုန့်ရင်းရဲ့အစားအသောက်တွေကို မလွှင့်ပစ်ခဲ့ပါဘူး။ သူမရဲ့ အဝတ်တွေကိုဖြဲပြီး ဆောင်းတွင်းကြီးထဲမှာ ကိုယ်လုံးတီး မနေခိုင်းဘူးလေ။ အရမ်းကြီးလည်း မဆိုးရွားပါဘူး”

“သူမက စုန့်ရင်းကို အဝတ်ဟောင်းတွေ ဝတ်ခိုင်း၊ စားကြွင်းစားကျန်တွေကို စားခိုင်းခဲ့ပေမဲ့ အခုချိန်ထိ စုန့်ရင်း ရှင်သန်နေနိုင်ဆဲဘဲလေ၊ အဆုံးထိ သူမရဲ့ တကယ့်မိသားစု လာရှာမှာကို စောင့်နေတာ။ အရမ်းကြီး မဆိုးရွားပါဘူး”

ရှီလီ စကားဆက်ပြောလေ၊ မစ္စအိုကြီးရွှီနှင့်မဒမ်ရွှီတို့ဆီမှ မျက်ရည်တွေ ပိုထွက်လာလေပင်။

ဤနှစ်တွေတစ်လျှောက် သူမ တူမ၏ အလွန်အမင်း ဒုက္ခခံစားခဲ့ရတာတွေကို ကြားမိတော့ ဒေါ်လေးငယ်ရွှီသည် မှော်ဆေးလုံး စားလိုက်ရသကဲ့သို့ ရုတ်တရက် ခွန်အား ပြည့်ဝသွားသလို ခံစားလိုက်ရ၍ ဟုန်ယန်အား ဆယ်ဆပိုတိုးရိုက်ရန် အသင့်ဖြစ်သွားသည်!

ဟုန်ယန်မှာလည်း ရှင်းလင်းချက် ရှိနေသည်။ “နင်တို့ ရွှီမိသားစုက ကျေးဇူးကန်းတတ်တဲ့ အယုတ်ညံ့ တစ်သိုက်ဘဲ။ ငါက နင်တို့ကလေးကို ဒီအသက်ဒီအရွယ်အထိ ကျွေးမွေးလာခဲ့ရတာ၊ တကယ်လို့ ငါ နာမည်ကောင်း မခံသင့်ရင်တောင် အနည်းဆုံးတော့ ခက်ခံမှုတွေကို ဖြတ်ကျော်ခဲ့ရသေးတယ်”

သူမ ယခုလိုမျိုး ပြောမလာသင့်ပေ။ ၎င်းက ဒေါ်လေးငယ်ရွှီကို ဒေါသပိုထွက်သွားစေ၏။ “တကယ်လို့ နင်သာ ကြားဝင်မရှုပ်ခဲ့ရင် ဒီကလေးက သူမရဲ့ မိသားစုအရင်းမှာ ကြီးပြင်းလာရမှာလေ။ နင်က ငါတို့သမီးနဲ့နင်နဲ့ တစ်ထေရာတည်းတူတဲ့ ငါတို့ကို ပြဿနာရှာဖို့ မွေးလာတဲ့ နင့်သမီးကို လဲပစ်လိုက်တာလေ။ ငါတို့မိသားစုကို နင် ဘယ်လောက်တောင် ပြဿနာ ဖြစ်စေခဲ့တယ်ဆိုတာ သိရဲ့လား”

မည်သို့ပင်ဖြစ်စေ ဟုန်ယန်က ထိုကလေး၏အမေရင်း ဖြစ်နေဆဲပင်။ ဒေါ်လေးငယ်ရွှီ၏ သူမသမီးအပေါ် စော်ကားပြောဆိုလာခြင်းကို ကြားလိုက်ရတော့ ပိုပြီး ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်သည်။

မစ္စအိုကြီးရွှီနှင့် မဒမ်ရွှီတို့ နှစ်ဦးကတော့ မျက်လုံးပေါက်ထွက်မတတ် ငိုယိုနေကြပြီး အခြေအနေအတွက် မည်သည့်ဖြေရှင်းချက်မှ ထုတ်မလာပေ။

ရွှီရှင်းနှင့် မစ္စတာအိုကြီးရွှီတို့က ဝင်ပြောသင့်သော်လည်း ဟုန်ယန်အား ဒေါ်လေးငယ်ရွှီ ရိုက်နှက်နေတာကို တိတ်တဆိတ် အကဲခတ်ကြည့်နေပြီး မတားချင်ကြပေ။

ဦးလေးရွှီက သူ့မိန်းမကို ကာကွယ်ပေးနေပြီး အကယ်၍ သူမ ရှုံးတော့မည့်ပုံ ပေါ်ပါက ဝင်ကူညီပေးရန် အသင့်ဖြစ်နေသည်။ သူလည်း အတော်လေး အလုပ်ရှုပ်နေရတာပင်။

ဒါ့အပြင် သူက ရွှီမိသားစု၏ သားအရင်းမဟုတ်ဘဲ သားမက်ပဲ ဖြစ်၏။ သူ့အနေနှင့် အင်အားအနေဖြင့်သာ ဝင်ပါရန် အဆင်ပြေပြီး ရွှီမိသားစုမှ ကလေးတွေအပေါ် စိုးရိမ်ရသည့် အရေးကိစ္စတွေအပေါ်မှာတော့ ဝင်ရောက်ပြောဆိုလို့ မရချေ။

ရွှီမိသားစုဝင်အားလုံးဟာ အလုပ်များနေကြပြီး ဘယ်သူက‌မှ လက်ထဲက ကိစ္စကို ဖြေရှင်းဖို့ မတွေးကြပေ။

ရှီလီ၏ အဒေါ်ကြီးက စိတ်ထဲကနေသာ သက်ပြင်းချလိုက်တော့၏။ ဒီမိသားစုကတော့ သူမ မပါဘဲ အလုပ်မလုပ်နိုင်ကြဘူးဘဲ။ သူမ ညင်သာစွာဖြင့် စကားစပြောလိုက်သည်။ “ရှင်တို့ မိသားစုက ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ”

“ကျွန်မတို့က စုန့်ရင်းနဲ့ သွေးသားမတော်စပ်ပေမဲ့ ဒီကလေးက ချစ်ဖို့ကောင်းတယ်။ နှစ်တွေအကြာကြီး အတူတူဖြတ်သန်းလာရတော့ ကျွန်မတို့ အချစ်ကလည်း ရှင်တို့အောက် မလျှော့ကျပါဘူး။ မိသားစုနှစ်စုလုံး အတူတူထိုင်ပြီး အခြေအနေကို ဆွေးနွေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ရှင်”

အမေဟူပြီး အမည်ခံသာရှိသည့် ဟုန်ယန်၏အမြင်ကိုတော့ ဘယ်သူမှ မမေးကြပေ။ သူမက ကလေးသူခိုးဖြစ်ကာ သူမ ဘာတွေးလဲဆိုတာကို ဘယ်သူကမှ အရေးမလုပ်ကြ။

အဒေါ်အကြီးဆုံးက ရှီလီနှင့် စုန့်ရင်းကို သူမဘေးတွင် ဝင်ထိုင်ရန် အချက်ပြလိုက်၏။

157 02

မဒမ်ရွှီက အက်ကွဲနေသည့်အသံဖြင့် ပြောလာသည်။ “စုန့်ရင်းက ကျွန်မတို့ရဲ့ သမီးအရင်းပါ။ သေချာပေါက် သူမကို အိမ်ပြန်ခေါ်သွားမှာပါ”

ရွှီရှင်းက သူ့မိန်းမဘက်ကနေ ထောက်ခံလာ၍“သူမကို ဒီခြောက်လအတွင်း ဂရုစိုက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အနာဂါတ် မှာ ခင်ဗျားတို့ရဲ့ ကြင်နာမှုကို ကျွန်တော်တို့တွေ ကျိန်းသေပေါက် ပြန်ပေးဆပ်မှာပါ”

အဒေါ်အကြီးဆုံးက အနည်းငယ် ပြုံးလာပြီး“ကျေးဇူးတင်တာက နောက်မှပါ။ အဓိကပြဿနာက ကလေးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးမလား ဆိုတာပါပဲ။ လူကြီးတွေတောင် အခုလိုမျိုး ဘဝကိုအပြောင်းအလဲဖြစ်စေတဲ့ ကိစ္စမျိုးကို လက်မခံနိုင်လောက်ဘူးဆိုတာ သိကြမှာပါ၊ စုန့်ရင်းက အသက်မပြည့်‌သေးတဲ့ မိန်းကလေးတစ်ယောက်သာသာပဲ ရှိပါသေးတယ်”

သူမက ဘာကို ဆိုလိုချင်နေတာလဲ။

မဒမ်ရွှီက စိုးရိမ်လာပြီး သူမ၏ ကလေးကိုတစ်ယောက်ယောက်များ ခေါ်သွားမလားဆိုပြီး အံ့ဩလာသည်။

“ကျွန်မတို့က ကလေးရဲ့ မိဘရင်းတွေပါ။ သူမကို သေသေချာချာ ဂရုစိုက်ပေးမှာပါ”

အဒေါ်အကြီးဆုံးက တင်းမာမှုတွေ ပြေလျော့အောင် လုပ်နေသည့်အလား စုန့်ရင်း၏ လက်ခုံကို ဖွဖွလေး ပုတ်လိုက်သည်။ သူမသည် မျက်နှာချင်းဆိုင်မှ အခြားသူတွေကို ကြည့်လိုက်ရင်း “ရှင်တို့က သူမရဲ့ မိဘရင်းတွေပါ၊ ဒါပေမဲ့ သူမကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးခဲ့လို့လား။ သူမ မွေးကင်းစအရွယ် သူမကိုယ်သူမ ဂရုမစိုက်နိုင်သေးတဲ့အရွယ်မှာ သူမကို အခိုးခံလိုက်ရစေပြီးတော့ လူသားမဆန်တဲ့ ဘဝမှာ ရှင်သန်နေစေတယ်လေ။ ရှင်တို့က အရည်အချင်းပြည့်မီတဲ့ မိဘတွေရော ဟုတ်ရဲ့လား”

မဒမ်ရွှီက ငြင်းခုံလိုက်ချင်သော်လည်း ရွှီရှင်းက သူမ၏လက်ကို အရင်ဖိလာပြီး သူ့ကို စကားပြောခွင့်ပေးဖို့ အချက်ပြလိုက်၏။ “ခင်ဗျားတို့လည်း ကလေးကို ဂရုစိုက်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ အရင်ကမိဘတွေအနေနဲ့ ကျွန်တော်တို့တွေ ပေါ့ဆခဲ့မိပါတယ်။ ပြဿနာရှိနေမှတော့ ထွက်ပြေးတာက အဖြေမဟုတ်ဘူးလေ။ ကျွန်တော်တို့တွေအတူတူ ဖြေရှင်းသင့်တာပေါ့။ ကံကောင်းတာက အရမ်းမနောက်ကျသေးတာဘဲ။ ကျွန်တော်တို့တွေ သူမကို သေချာစောင့်ရှောက်ပေးပြီး မမျှမတဆက်ဆံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အရင်ကအမှားတွေကို ပြင်ဆင်တဲ့အနေနဲ့ နှစ်ဆတိုးပြီး ချစ်ပေးသွားမှာပါ”

ရှီလီက ခေါင်းစောင်း၍ သူမရှေ့က စုံတွဲကိုကြည့်ပြီး “အန်ကယ်ရွှီ၊ အန်တီရွှီ၊ စုန့်ရင်းကို အိမ်ပြန်ခေါ်သွားကြမှာလား”

မဒမ်ရွှီက တုံ့ဆိုင်းခြင်းမရှိ ပွင့်လင်းစွာ ပြောလိုက်သည်။ “ဒါပေါ့”

တကယ်လို့ သူတို့၏သမီးကို အိမ်ပြန်ခေါ်ဖို့ကြောင့်သာ မဟုတ်ဘူးဆိုလျှင် ဒီနေရာအထိ ဘာလာလုပ်ကြမှာလဲ။

“ဒါဆို အန်တီတို့ရဲ့ မူလသမီးကရော”

ရှီလီက သူမသမီးအကြောင်း ပြောလာချိန်တွင် ဟုန်ယန်၏ မျက်လုံးတွေထဲ၌ အမုန်း‌တရားတွေဖြင့် ပြည့်နှက်သွားတော့၏။ ဘာလို့ဒီအချိန်ကျမှ သူမအကြောင်းကို ထုတ်ပြောလာရတာလဲ။

ဟုန်ယန်က ပြင်းထန်စွာ ရုန်းကန်နေလေ၏။ ဒေါ်လေးငယ်ရွှီက သူမ အောက်ကလူကို အားဖြင့် တက်ဖိထား၍ “ငြိမ်ငြိမ်နေစမ်း”

ဒေါ်လေးငယ်ရွှီက နှာခေါင်းရှုံ့ကာ “ဒါပေါ့ သူတို့ ကိုယ်ပိုင်မိသားစုဆီ ပြန်သွားပြီး သူတို့ရဲ့အမေတွေကို ရှာရမှာပေါ့။ သူမက ကျွန်မတို့မိသားစုရဲ့ ကလေးမှမဟုတ်တာ၊ ကျွန်မတို့ကဘာလို့ သူမကို ပျိုးထောင်ပေးရဦးမှာလဲ”

မဒမ်ရွှီက တုံ့ဆိုင်းစွာဖြင့် ပြောလာသည်။ “ကျွန်မတို့က ရှင်းရှင်းကို ဒီလောက်တောင် နှစ်တွေအကြာကြီး ပျိုးထောင်လာခဲ့ရတာ။ သူမအပေါ် မေတ္တာရှိနေပြီ။ ကျွန်မတို့ မိသားစုအခြေအနေက မိန်းကလေးနှစ်ယောက်ကို ပျိုးထောင်ဖို့အထိတော့ လုံလောက်ပါတယ်…”

စကားလုံးတွေက သူမ၏ ရပ်တည်ချက်ကို ဖော်ပြနေသည်။

သို့သော် ဒေါ်လေးငယ်ရွှီက သူမ ယောက်မ၏စကားကို လျစ်လျူရှု၍ ဆက်ပြောသည်။ “ကျွန်မတို့တွေ အဲ့ကောင်မလေးအပေါ် ဖြုန်းခဲ့တဲ့ ပိုက်ဆံ‌တွေအားလုံးကို အတိုးနဲ့ပြန်ရသင့်တယ်။ ဒီဆိုးသွမ်းတဲ့ အမေနဲ့သမီးကို အကျိုးရသွားစေလို့ မဖြစ်ဘူး”

157 03

ရှီလီက မျက်လုံးကို အောက်စိုက်လိုက်ပြီး ပြုံးလိုက်သည်။ “အဲ့ကောင်မလေးကို ခေါ်ထားဝာာက ပိုက်ဆံတွေ အများကြီး မကုန်လောက်ပေမဲ့၊ အနာဂါတ်ဒုက္ခအတွက် မျိုးစေ့ကိုစိုက်ပျိုးနေတယ်လို့ မစဉ်စားမိဘူးလား?”

“မဒမ်ရွှီက သူမကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ကျွေးမွေးခဲ့တယ်ဆိုပေမဲ့ သူမကတော့ ကျေးဇူးတင်မယ် ထင်နေလား။ တကယ်လို့ အန်တီသာ ဒီကိစ္စကို ဖုံးကွယ်ထားရင် မင်းသမီးလေးအနေနဲ့ ဆက်နေလို့ရတယ်လို့ တွေးပြီး ဝင်ရောက်စွက်ဖက်တဲ့ အန်တီ့ကို မုန်းတောင်မုန်းသွားနိုင်တယ်။ စကားမစပ် အဲ့ကောင်မလေးရဲ့ စရိုက်အကြောင်းကို သမီး မပြောရသေးဘူးနော်။ သူမက ကြင်နာမှုကို ပြန်ပေးဆပ်တတ်တဲ့ စိတ်ထားကောင်းတဲ့မိန်းကလေးရော ဟုတ်ရဲ့လား”

ဒါပေါ့ သူမက အဲ့လိုလူစားမျိုး မဟုတ်ပေ။ ကလေးတစ်ယောက်၏ စရိုက်လက္ခဏာကို အသက်သုံးနှစ်အရွယ်တွင် ပြောနိုင်သည်ဟူ၍ ပြောကြ၏။ ရွှီရှင်းရှင်းက တစ်ကိုယ်ကောင်းဆန်၍ အေးစက်ကာ ကျေးဇူးမသိတတ်သူ ဖြစ်သည်။

သူမကို ကျေးဇူးကန်းသည့်လူဟု ခေါ်ဆိုခြင်းက ချဲ့ကားထားခြင်း မဟုတ်။

မဒမ်ရွှီသည် ယခင်ကတော့ ရှင်းရှင်း၏ စရိုက်က ဘယ်သူနဲ့တူတယ်ဆိုတာကို မသိခဲ့သော်လည်း ဟုန်ယန်က သူမ၏ မိခင်ရင်းဆိုတာကို အခုချိန်မှာ သိလိုက်ရတော့ အဓိပ္ပာယ်ရှိသွားသလို သူမ ခံစားမိသွားသည်။

တကယ်တော့ အမေနှင့် သမီးက အတော့်ကို ဆင်တူပေသည်။

ရှင်းရှင်းက စုန့်ရင်းကို အနိုင်ကျင့်လိမ့်မည်ဟူသော ရှီလီ၏ ပြောဆိုပုံအရဆိုလျှင် မဖြစ်နိုင်တာတော့ မဟုတ်ချေ။

ရှင်းရှင်းက ကျောင်းတုန်းကလည်း အတန်းဖော်တွေကို အနိုင်ကျင့်ခဲ့ဖူးသည်။ စုန့်ရင်းက အလွန်သိမ်မွေ့ပြီး နာခံမှုရှိတာကြောင့် မိသားစုဝင်တွေ မမြင်နိုင်သည့် ထောင့်တစ်နေရာမှာ သူမအား ရှင်းရှင်း အနိုင်မကျင့်ဘူးလို့ ဘယ်သူသိမှာလဲ။

******

158 01

အခန်း ၁၅၈: မစ္စဟုန်အား ရှေ့နေ့ကောင်း ကူရှာပေးခြင်း

ဤအခိုက်အတန့်တွင် အဒေါ်အကြီးဆုံးရှီလည်း စကားဝင်ပြောလာကာ “မစ္စတာရွှီနဲ့မဒမ်ရွှီတို့အနေနဲ့ အိမ်ကကိစ္စကို အရင်ဖြေရှင်းသင့်ပါတယ်။ အားလုံး အနည်ထိုင်သွားအောင် ဖြေရှင်းပြီးတော့မှ စုန့်ရင်းကို ပြန်ခေါ်မဲ့ကိစ္စကို ဆွေးနွေးကြရင် မကောင်းဘူးလား။ မဟုတ်ရင် ကျွန်မတို့အနေနဲ့ စိတ်အေးရမှာ မဟုတ်ဘူး။ ကျွန်မတို့ မိသားစုက ဆင်းရဲနေရင်တောင် ကလေးတစ်ယောက်ရဲ့ အစားအသောက်၊ အဝတ်နဲ့ အမိုးအကာတို့ကိုတော့ ထောက်ပံ့နိုင်ပါသေးတယ်”

စုန့်ရင်းမှာ ရင်ထဲ နွေးထွေးသွားရသည်။ ဂရုစိုက်ပေးခံရသော ခံစားချက်နှင့် တိုက်ခိုက်နေကြသည်က သူမသည်လည်း အချစ်ခံရသော ကလေးဆိုတာကို သက်သေပြလိုက်သလိုပင်။

ရှီမိသားစု၏ သခင်မက သူမ၏ ရည်ရွယ်ချက်တွေကို ပိုပြီးတောင် ရှင်းလင်းသွားစေသည်။ အတုအယောင် သမီးကို မမောင်းထုတ်သရွေ့ စုန့်ရင်းကို အိမ်ပြန်ခေါ်သွားလို့ မရဘူး။

မဒမ်ရွှီက နှလုံးသား ပျော့ပျောင်းသူဖြစ်ပြီး ချက်ချင်းလက်ငင်း ဆုံးဖြတ်ချက် မချနိုင်ပေ။ ဘယ်လိုလုပ်ပြီး အဲ့ကလေးကို သူမ အဝေးပို့ပစ်ရက်မှာလဲ။ သူမက သမီးရင်း မဟုတ်ဘူးဆိုပေမဲ့ အချိန်တွေအကြာကြီး အတူတူနေလာခဲ့ကြတာလေ။

ရွှီရှင်းက သူတို့ကို အမြန်ဘဲ စိတ်အေးစေလိုက်သည်။ “စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မိသားစုက ချမ်းသာတယ်ဆိုပေမဲ့ လူတိုင်းကို မစောင့်ရှောက်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ သမီးရှိနေပြီဆိုတော့ ကိုယ့်ကလေးကိုတောင် အနိုင်နိုင်ထိန်းသိမ်းရမှာ၊ မွေးစားသမီးတစ်ယောက်ကို ဂရုစိုက်ဖို့အထိ စွမ်းအင်အပိုတွေ မရှိပါဘူးဗျာ။ မစ္စဟုန်နဲ့ ရှင်းရှင်းက သားအမိတွေဆိုတော့ ကောင်မလေးကို အခြားသူတွေ ဂရုစိုက်ပေးတာမျိုးဆို သူတို့တွေ အဆင်ပြေကြမှာ မဟုတ်ဘူးလေ။ ဒီတော့ ကျွန်တော်တို့တွေ ကိစ္စတွေကို သူ့နေရာသူ ပြန်ထားသင့်ပြီ”

သူ့မိန်းမကဲ့သို့ သူ့တွင်လည်း မွေးစားသမီးအပေါ် သံယောဇဉ်ရှိပေမဲ့ ဟုန်ယန်၏စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်တွေကို မြင်လိုက်ရတော့ ထိုရွံရှာခြင်းမှာ ရွှီရှင်းရှင်း အပေါ်ပါ ကူးစက်သွားလေသည်။

ရွှီရှင်းက ယဉ်ကျေးသော အပြုံးတစ်ပွင့်ဖြင့်“ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ အနာဂါတ်မှာ ကျွန်တော်တို့ တစ်မိသားစုလုံး ရှင်းရှင်းနဲ့ ဆက်ပြီးမပတ်သက်တော့ပါဘူး။ ပြီးဆုံးသွားပြီဖြစ်တဲ့ ဆယ်စုနှစ်ကျော်ကို အိပ်မက်လိုဘဲ သဘောထားလိုက်ပါ့မယ်၊အခု ကျွန်တော်တို့တွေ နိုးထလာပြီဆိုတော့ လက်ရှိမှာ ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ကိုဘဲ အာရုံစိုက်သင့်ပါပြီ”

ဟုန်ယန်က ဒေါ်လေးငယ်ရွှီ၏အောက်တွင် အဖိခံထားရဆဲပင်။ မထိရောက်သော ဒေါသကနေ စိတ်ခံစားချက်တွေ ‌ထွက်ပေါ်လာသည်အထိ တဖြည်းဖြည်း ကူးပြောင်းသွားသည်။

သူမ၏ အကြီးမားဆုံးသော မျှော်လင့်ချက်က ရွှီမိသားစုက ရှင်းရှင်းကို ဆက်ပြီးပျိုးထောင်ပေးရန် ဖြစ်သည်။ ချမ်းသာကြွယ်ဝသောရွှီမိသားစုက ကလေးတစ်‌ယောက်ကို ထောက်ပံ့နိုင်သည်မှာ သူမလို သာမန်မိန်းမတစ်ယောက် ပေးကမ်းနိုင်တာနှင့် မယှဉ်နိုင်ဘူးဆိုတာကို သူမ ရှင်းလင်းစွာ သိထားသည်။

ဤအကြောင်းရင်းကြောင့်ပဲ အစကတည်းက ကလေးနှစ်ယောက်ကိုလဲရန် ယခုလိုမျိုး စွန့်စားခဲ့ရတာပင်။

သို့သော် လက်ရှိစုဝေးနေကြသော လူတွေထဲတွင် နှလုံးသား နူးညံ့သော မဒမ်ရွှီမှလွဲ၍ အခြားသူများက ဤသည်ကို သာမန်စိတ်ရှုပ်စရာကောင်းသည့် နောက်ခံဂီတအဖြစ်သာ ဆက်ဆံနေကြသည်။

ဤကိစ္စတွေကို ဆွေးနွေးပြီးချိန်မှာတော့ ကျန်ရှ်ိခဲ့သည်မှာ ဒေါ်လေးငယ်ရွှီ၏အောက်၌ အဖိခံထားရဆဲဖြစ်သော ဟုန်ယန်သာ။

158 02

ဟွမ်ကျဲက ဟုန်ယန်၏ဘက်သို့ မေးဆတ်ပြကာ “မစ္စဟုန်ယန်၊ ရှင်ရော ဒီကိစ္စကို ဘယ်လိုဖြေရှင်းမယ်လို့ စီစဉ်ထားလဲ”

ဒီတစ်ကြိမ်တော့ မဒမ်ရွှီက စိတ်ထားမကောင်းနိုင်တော့ချေ။ “ကျွန်မ သူမကို ကလေးပြန်ပေးဆွဲမှုနဲ့ ရဲလက်အပ်ချင်တယ်။ သူမကို ထောင်ထဲမှာ ဆွေးမြေ့သွားစေချင်တယ်”

ဦးလေးရှီအငယ်ဆုံးက ဟုန်ယန်အား ဒေါ်လေးငယ်ရွှီ ရိုက်နှက်နေစဉ်က သူမနှင့်ထိုက်တန်သည်ဟုတွေး၍ ရှေ့ထွက်ပြီး ‌ဝင်မကူညီပေးခဲ့သော်လည်း သူမအား ထောင်ထဲပို့မည့်ဟု ကြားလိုက်ရချိန်မှာတော့ စာနာစိတ်အချို့ ဖြစ်တည်လာကာ“သူမ အမှားကို သူမ သိနေပါပြီ၊ လွှတ်ပေးလိုက်လို့ မရဘူးလား”

ရှီလီက ဖြောင့်မတ်စွာ ဝင်ပြောလာသည်။ “ဦးလေး၊ ဦးလေး စကားတွေက လွဲနေပြီ။ သမီးတို့က သူမကို ခွင့်မလွှတ်ပေးတာ မဟုတ်ဘူး၊ တရားဥပဒေက လူဆိုးတွေကို အလွတ်မပေးတာ။ တကယ့်လို့ တရားဥပဒေက သာမစ္စဟုန်ကို အပြစ်ကင်းတယ်လို့ ပြောလာရင် သမီးတို့လို သာမန်ပြည်သူတွေက တရားရုံးနဲ့ချမှတ်လိုက်တဲ့ တရားမျှတမှုကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ ဒါပေမဲ့ တရားဥပဒေက မစ္စဟုန်မှာ အပြစ်ရှိတယ်လို့ ပြောလာရင်တော့ သမီးတို့လို သာမန်ပြည်သူတွေကဥပဒေကို ကျိန်းသေပေါက် လိုက်နာကြရမှာပါ”

ဦးလေးရှီအငယ်ဆုံး၏ အတွေးတွေက ရှီလီ၏စကာတွေကြောင့် ယိမ်းယိုင်သွားရသည်။ ဟုန်ယန်၏ တောင်းပန်တိုးလျှိုးလာသော“ယောက်ျား၊ ကျွန်မကို ကယ်ပါဦး” က သူ့အပေါ် သိပ်ပြီး သက်ရောက်မှုမရှိတော့။

ဒါပေါ့၊ ဦးလေးရှီအငယ်ဆုံး၏ အတွေးတွေက ရွှီမိသားစု၏ ဆုံးဖြတ်ချက်ကြောင့် ယိမ်းယိုင်သွားမှာ မဟုတ်ပေ။ ဟုန်ယန်ကို ဘယ်လောက်ဘဲ မခံစားစေချင်ပါစေ၊ ရွှီမိသားစုက သူ့လိုအရေးမပါသည့် လူတစ်ယောက်အတွက်နှင့်ရဲလက်အပ်ဖို့ကို လက်လျှော့လိုက်မှာတော့ မဟုတ်ချေ။

ဦးလေးရှီအငယ်ဆုံးတွင် ရွှီမိသားစုကို ရင်ဆိုင်ပြီး သူ့အကျိုးအတွက် သူတို့၏စိတ်တွေကို ပြောင်းလဲနိုင်ရန်အတွက်လည်း သတ္တိမကောင်းလှပေ။

အတိုချုံးရလျှင် သူ့စကားတွေက အရေးမပါတာကြောင့် ဦးလေးရှီအငယ်ဆုံး၏ အတွေးတွေကို ဘယ်သူကမှ အဖက်မလုပ်ကြတာပင်။

သူ့မိသားစုကတောင် ဂရုမစိုက်တာ၊ အပြင်လူတွေက ဘာလို့ ဂရုစိုက်နေမှာလဲ။

ဗီလာစီရင်စုကို ရဲခေါ်ရသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ချေ။ တစ်ခါတလေတွင် ချမ်းသာသည့်လူတွေက ပိုပြီးကြမ်းကြမ်းတမ်းတမ်း ကစားကြသဖြင့် ရဲတွေ စုံစမ်းစစ်ဆေးရသည့် ထိခိုက်ရှနာမှုတို့က‌ တွေ့ရမများသော်လည်း မကြာခဏတော့ ဖြစ်ပွားလေ့ရှိသည်။

အခြားသော ဖြစ်ရပ်တွေအတွက်ဆို ပိုဆိုးလေသည်။

သွေးထွက်သံယို ကိစ္စတွေ ပါဝင်သော ကိစ္စတွေနှင့် နှိုင်းယှဉ်ကြည့်ပါက ဟုန်ယန်၏ အခြေအနေမှာ မျက်နှာပေါ်တွင် ပါးရိုက်ရာများဖြင့် ပြည့်နှက်နေပြီး ဖရိုဖရဲဖြစ်နေသော သွင်‌ပြင်ကြောင့် အလွန်ထိတ်လန့်စရာ မကောင်းဘဲ အပျော့စားဖြစ်သည်ဟု သတ်မှတ်၍ရသည်။

ဟုန်ယန်၏ နစ်နာသူလိုသွင်ပြင်ကြောင့် ရဲများမှာ တိုင်ကြားသည့်သူက သူမဟူ၍အစကတော့ ထင်မိသွားကြ၏။

သို့သော် တစ်စုံတစ်ယောက်က သူတို့ကလေးကို ခိုးယူခဲ့ပါတယ်ဆိုပြီး နောက်ထပ် ဖုန်းခေါ်ဆိုမှုလည်း ရှိသေးသည်။

သူတို့က အခြေအနေ၏ သက်ရောက်မှုနှင့်ဖြစ်ပုံကို တတွတ်တွတ် ပြောသွားခဲ့တာပင်။

ကိစ္စက ရှုပ်ထွေးသော်လည်း ဇာတ်ကြောင်းပြန်သူ၏ ရှင်းလင်းသော နိယာမ ကျေးဇူးကြောင့် ဤဇာတ်လမ်းက သူငယ်ချင်း၏ မနာလိုဖြစ်မှုကြောင့် ကလေးချင်းလဲ၍ သမီးရင်းနှင့်အတုအယောင်သမီးဆိုပြီး ဖြစ်လာတာကို ရဲအရာရှိ အလွယ်တကူဘဲ နားလည်သွား၏။

ရဲအရာရှိ ကြောင်အမ်းသွားတော့သည်။ ချမ်းသာတဲ့လူတွေက ဒရာမာကို ဘယ်လိုဖန်တီးယူရမယ်ဆိုတာ သိကြတာပဲ။

ဆင်းရဲခြင်းက ငါ့ရဲ့ အတွေးအခေါ်တွေကို ကန့်သတ်ထားပေမဲ့ ငါ့မိသားစုရဲ့ ကလေးတွေကိုတော့ ကာကွယ်နိုင်သား။

158 03

ငါတို့လို သာမန်လူတန်းစားတွေမှာ ဘာမှ မရှိတော့ ဘယ်သူကမှ ပိုကောင်းတဲ့ဘဝ အတွက် ကလေးချင်း မလဲချင်ကြဘူး။

ကျေးဇူးတင်ပါတယ်၊ ဆင်းရဲနွမ်းပါးမှုခြင်းကို ကျေးဇူးတင်ပါတယ်။ အာမင်။

အဆုံးသတ်တွင် ရွှီမိသားစု အပါအဝင်တစ်မိသားစုလုံး စုံစမ်းစစ်ဆေးခြင်းအတွက် ရဲစခန်းသို့ ရောက်သွားကြသည်။

ရဲစခန်းကနေ ရှီလီတို့ မိသားစုသုံးယောက် အိမ်ပြန်လာတော့ အချိန်သိပ်မနောက်ကျသေးပေ။

တစ်နေကုန်တစ်နေခမ်း ပင်ပန်းနွမ်းနယ် နေကြသော်လည်း မိသားစုသုံးယောက်မှာ အိမ်ပြန်ရောက်တော့ အားအင်အပြည့်နှင့် တက်ကြွနေ ကြသေးသည်။

ဤနေ့လယ်ခင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အပေါ် ရှီလီနှင့် သူမ မိဘတွေက ပြန်လည်သုံးသပ်ခဲ့ကြပြီး ဖြစ်စဉ်တစ်ခုကနေ အခြားတစ်ခုဆီသို့ ကောက်ချက်တွေဆွဲကာ အတွေ့အကြုံကို လုံးလုံးလျားလျား အရသာခံနေကြတော့၏။

ရဲစခန်းမှ ထွက်လာပြီးနောက် ရွှီမိသားစုက စုန့်ရင်းကို ပြန်မခေါ်သွားကြပေ။ သူမအား အချိန်ပေးရန် မိသားစုနှစ်စုလုံး သဘောတူထားကြသည်။

ဤအတောအတွင်းတွင် စုန့်ရင်းက ရှီမိသားစုမှာဘဲ ဆက်လက်နေထိုင်ခဲ့ပြီး သူမအား အပြည့်အဝ ပြင်ဆင်ထားစေသည်။ ထိုအချိန်တွင် ရွှီမိသားစုမှာ အိမ်က ရွှီရှင်းရှင်း၏ အရေးလိုမျိုး ရှုပ်ထွေးပွေလီသည့် အချို့ကိစ္စတွေကို ဖြေရှင်းရဦးမှာပင်။

သူတို့တွေ ရွှီရှင်းရှင်းအား မခေါ်ထားတော့ဘူးဆိုတာကို အဒေါ်အကြီးဆုံးရှီအား ကတိပေးလိုက်ကတည်းက သေချာပေါက် တည်အောင် လုပ်ရတော့မှာဖြစ်သည်။

ဤသည်က နောက်စရာကိစ္စမဟုတ်ဘဲ မဟုတ်လျှင် ကလေးအား ထိန်းသိမ်းစောင့်ရှောက်ခွင့်မရ ဖြစ်သွားမှာဖြစ်သည်။

ဟုန်ယန်ကတော့ ယခုချိန်မှာ ထောင်ထဲ၌ အဝတ်ချုပ်လို့နေလေ၏။

ဦးလေးရွှီအငယ်ဆုံးက ဟုန်ယန်ကို မကွာရှင်းသေးပေ။ သူက တာဝန်ယူချင်ပြီး ဟုန်ယန်၏စီရင်ချက်ကို ဖြစ်နိုင်သမျှ လျှော့အောင်လို့ ရှေ့နေကောင်းတစ်ယောက်ကိုရှာရန် ကြိုးစားနေသည်။

သို့သော် ရှီမိသားစုက ဦးလေးရွှီအငယ်ဆုံးကို ကူညီပေးရန် ဆန္ဒမရှိတာကြောင့် သူ၏ လစာယွမ် 6,000 ကိုသုံး၍ ဟုန်ယန်အတွက် ရှေ့နေ ရှာပေးရမှာပင်။

လစာ ယွမ် 6,000 နှင့် ရှေ့နေရှာမရတာတော့ မဟုတ်ပေမဲ့ ကိုယ်ပေးတာနဲ့ တန်တာပဲရမှာပဲလေ။ ငွေကြေး အကန့်အသတ်ရှိနေတာကြောင့် ဦးလေးရွှီအငယ်ဆုံး ရှာနိုင်သောရှေ့နေ့မှာ တက္ကသိုလ်ကနေ ဘွဲ့ရပြီးစဖြစ်၍ရှေ့နေ့လိုင်စင်ကို ရထားပြီးသော ငယ်ရွယ်သည့် ရှေ့နေ့တစ်ဦးပင်။

တစ်ဖက်တွင် ရွှီမိသားစု၏ ဥပဒေဆိုင်ရာအဖွဲ့ကတော့ ယွမ်သန်းတစ်ရာ ပျှမ်းမျှလစာရှိပြီး လုပ်သက် နှစ်ဆယ်ကျော်နေပြီဖြစ်သည်။

၎င်းမှာ လူသစ်ရွာလေးမှ ထွက်ခွာလာပြီးလယ်ဗယ်အပြည့် ဘော့စ်နှင့် ကြုံတွေ့ရသလိုပင်။ TV တွေထဲကလိုမျိုး လူသစ်အနေနှင့်ပုဂ္ဂိုလ်ကြီးကို အလဲထိုးချနိုင်ဖို့ဆိုရာ အလွန်ရှားပါးလှသည်။

ဤသို့သော အခြေအနေအရပ်ရပ်အောက်၌ ဟုန်ယန်က ထောင်ဆယ်နှစ် ကျသွားတော့၏။

ရှီအဘွားက အနာဂါတ်တွင် တစ်ကိုယ်တည်းနေတာထက် ‌ဟုန်ယန်နှင့် နေရတာထက် ပိုကောင်းတယ်ဟု ပြောဆိုကာ ဟုန်ယန်ကို မြန်မြန်ကွာရှင်းလိုက်ရန် ဦးလေးရွှီအငယ်ဆုံးကို လောဆော်တော့သည်။

သို့သော် ဦးလေးရွှီအငယ်ဆုံးက ဤအခြေ အနေတွင် မယိမ်းယိုင်သော ဆန္ဒကိုပြသနေပြီး ဟုန်ယန်အား ကွာရှင်းဖို့ကို ပြတ်ပြတ်သားသား ငြင်းဆန်နေသဖြင့် ရှီအဘွားကို ဒေါသထွက်သွားစေသည်။

ဒါပေါ့ ဦးလေးရွှီအငယ်ဆုံးကို ကွာရှင်းစေရန် ရှီအဘွားဘဲ တိုက်တွန်းနေတာဖြစ်သည်။ ကျန်သောသူတွေမှာ သူစိတ်ချမ်းသာသလို လုပ်ခွင့်ပေးထားပြီး သူ့အပေါ် လက်လျှော့လိုက်သည်မှာ ကြာလှချေပြီ။

158 04

ဟုန်ယန် ထောင်ကျသွားတော့ စုန့်ရင်းသည် ရှီမိသားစုထဲမှ ထွက်ခွာ၍ ရွှီမိသားစု၏ ဗီလာဆီ ပြောင်းရွှေ့သွားသည်။

စုန့်ရင်း၏ မိသားစုတွေလိုဖြစ်နေသော ရှီလီနှင့်သူမ၏ မိသားစုဝင်တွေမှာ သူမ ရွှီမိသားစု၏ဗီလာဆီ ပြောင်းသွားလျှင် အဆင်ပြေပါ့မလားဟူပြီး အတော်လေး စိတ်ပူခဲ့ကြသည်။

သူမ၏ အတန်းဖော်တွေကလည်း စုန့်ရင်းကို စိတ်ပူပေးကြသည်။ သူမမှာ အရင်တုန်းက ဒုက္ခခံစားခဲ့ရတာကြောင့် လူတိုင်းအား သူမကို အခုကနေစပြီး အဆင်ပြေ ချောမွေ့သည့် ဘဝမျိုးအား ရစေချင်နေကြသည်။

ရှီလီက စုန့်ရင်းအား ရွှီမိသားစု၏ နေထိုင်မှုပုံစံနှင့် လိုက်လျောညီထွေမဖြစ်မှာ၊ မောင်လေးဖြစ်သူ၏ လက်ခံခြင်းကို မခံရမှာ၊ မဒမ်ရွှီက စဉ်းစဉ်းစားစားမရှိဘဲ ရွှီရှင်းရှင်းအား အိမ်ပြန်ခေါ်ထားမှာတွေကို အလွန်စိတ်ပူနေသည်။

သူမသည် စုန့်ရင်းအား ရွှီမိသားစုတွင် ဘယ်‌လိုအခြေအနေရှိလဲဆိုပြီး မကြာခဏ မေးလေ့ရှိသည်။ အကယ်၍ စုန့်ရင်းသာ သူတို့အိမ်တွင် မပျော်ဘူးဆိုပါက အရင်ဆုံးရှီလီက သူမကို ပြန်ခေါ်မှာဖြစ်ပြီး နောက်မှရွှီမိသားစု၏ အမွေကို ဘယ်လိုခွဲယူရမည်ဆိုတာအား စီစဉ်ထားသည်!

သို့ပေတည့် လူတိုင်း၏ စိုးရိမ်ပူပန်ခြင်များမှာ ဖြစ်မလာခဲ့ပေ။

စုန့်ရင်းသည် ငယ်ငယ်လေးကတည်းက အမြဲတမ်း လိုက်လျောညီထွေ လုပ်နိုင်စွမ်းအား ကောင်းသည်။ ရွှီမိသားစုဆီ သွားနေရတာက ဖွဲနုတွေစား၊ အညစ်အကြေးတွေကို‌မြိုချပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းနေရတာမှ မဟုတ်တာ၊ သူမ ဘယ်လိုလုပ်ပြီး လိုက်လျောညီထွေ မဖြစ်ရမှာလဲ။ ရွှီမိသားစုထံသို့ ပြန်ရောက်လာပြီးနောက် စုန့်ရင်း၏ ဆံပင်ပုံစံမှာ အရင်ကလို မြင်းမြီးပုံစံ ဆံပင်တစ်မျိုးတည်း မဟုတ်တော့ချေ။ ကျစ်ဆံမြီး သေးသေးလေးတွေကို ကျစ်ထားလေ့ရှိပြီး တစ်ခါတစ်လေတွင် မျက်စိပဒေသာ ဖြစ်သော်လည်း တစ်ခါတလေတွင် လိုက်ဖက်မှုမရှိကာ စုန့်ရင်း၏ လက်ချက်ဆိုတာတော့ သေချာပေါက် မဖြစ်နိုင်ပေ။

သေချာသည်မှာ မေးကြည့်လိုက်တော့ မဒမ်ရွှီက သူမ၏ ဆံပင်ကို မနက်တိုင်း ကျစ်ပေးနေတာ ဖြစ်နေပြီး စုန့်ရင်းနှင့် အတူတူ အချိန်ကုန်ဆုံးချင်တာကြောင့် ဖြစ်မည်။

အခုချိန်တွင် စုန့်ရင်း၏ မျက်နှာထက်မှ အပြုံးကို ကြည့်လိုက်ရုံနှင့် ခုနောက်ပိုင်းတွင်သူမ အတော်လေး အဆင်ပြေနေတယ်ဆိုတာကို လူတိုင်း မြင်နိုင်ပေသည်။

ကံတရားက သူမ၏ ပထမ ဆယ့်ငါးနှစ်မှာကံခေခဲ့သော်ငြား အနာဂါတွင် နှစ်ဆ ပိုကောင်းပေလိမ့်မည်။

ရွှီမိသားစုသို့ စုန့်ရင်း ပြန်သွားတော့ ရှီမိသားစုမှာ သူမမပါဘဲ နေထိုင်နိုင်ဖို့ကို ကျင့်သားရဖို့ အတော်လေး အချိန်ယူခဲ့ရသည်။

အိမ်တွင် စုန့်ရင်း ရှိခဲ့စဉ်က သူမ၏ တည်ရှိမှုမှာ မသိသာသော်လည်း သူမက ရှီအဘွား သတင်းစာဖတ်ရာတွင် ကူညီပေးနိုင်ပြီး အဒေါ်အကြီးဆုံးနှင့်အတူ TV ဒရာမာဇာတ်လမ်းတွေကို ဆွေးနွေးနိုင်ကာ အိမ်ဖော်ကိုလည်း ကူညီပေးနိုင်သည်။

စုန့်ရင်းက သတိရှိသူဖြစ်ပြီး မိသားစုနှင့် ဘယ်လိုမြန်မြန် ပေါင်းစည်းရမလဲဆိုတာကို သိနေသဖြင့် သူမတွင် မနှစ်မြို့စရာကောင်းသော အမေဖြစ်သည့် ဟုန်ယန်ရှိနေလျှင်တောင် ရှီမိသားစုက သူမကို အတော်လေး သဘောကျကြသည်။

စုန့်ရင်း ထွက်သွားပြီးနောက် ရှီလီ၏ ဝမ်းကွဲတွေ ဒုက္ခခံရတော့သည်။

ရှီအဘွားက ဦးလေးရှီအငယ်ဆုံး၏ သတင်းစာဖတ်သော လေသံက စုန့်ရင်း၏ မန်ဒရင်းလေသံလောက်တောင် မကောင်းဘူးဟုဝေဖန်၍ အဒေါ်အကြီးဆုံးမှာ TV ဒရာမာဇာတ်လမ်းတွေကို သူမသမီးနှင့် ဆွေးနွေးလိုက်တိုင်း စကားများရသည်။

ရှီလီမှာ အိမ်ဟောင်းသို့ ပြန်ပါက ကံဆိုးပြီး အ‌ဆူခံရမှာဆိုးသဖြင့် မပြန်ရဲဘဲ အလွန် ကြောက်လန့်နေရတော့သည်။

******

159 01

အခန်း ၁၅၉: ဆီခိုးတာ မဟုတ်ဘူး၊ လူတွေကို ခိုးနေတာ

ရှီလီ အိမ်မှာဘဲ ငြိမ်ငြိမ်လေး နေခဲ့သည်။

ထိုနေ့တွင် ရှီအဖေ အိမ်ပြန်ရောက်လာတော့ သက်ပြင်းချနေသဖြင့် တစ်ခုခုဖြစ်ခဲ့သည်မှာ သေချာလေသည်။

သူမအဖေကို စိုးရိမ်သဖြင့် ရှီလီက ဘာဖြစ်ခဲ့လဲဆိုတာကို မေးကြည့်လိုက်သည်။

ရှီအဖေက သက်ပြင်းချကာ “အဖေနဲ့ အသက်တူတဲ့ ကောလိပ်တုန်းက အတန်းဖော်ပေါ့၊ဒီနေ့နေ့ခင်းတုန်းက ရုတ်တရက် နှလုံးဖောက်ပြီး ဆုံးပါးသွားတယ်”

ရှီလီက ပင့်သက်ရှိုက်လိုက်မိ၏။ သူမအဖေက အသက်ငါးဆယ်တောင် မပြည့်သေးသလို သူ့အတန်းဖော်ကလည်း ဒေါင်ဒေါင်မြည် ရှိနေသေးသည်။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဆုံးပါးသွားတာလဲ။

ရှီအဖေက ဆက်လက် သက်ပြင်းချပြန်ကာ“သူရဲ့ သားကြီးဆို ဆယ်နှစ်၊ အငယ်လေးဆို နှစ်နှစ်လားဘဲ ရှိသေးတယ်။ သူ့မှာ ထောက်ပံ့ပေးရမဲ့ မိဘတွေကလည်း ရှိသေးတယ်၊မိန်းမကလည်း အချိန်ပြည့် အိမ်ရှင်မ။ တစ်မိသားစုလုံးက သူ့ကိုပဲ မှီခိုနေရတာ”

ဟွမ်ကျဲလည်း အသက်တစ်ချောင်း၏ တန်ဖိုးရှိမှုအပေါ် ဝမ်းနည်းကြေကွဲမိနေပြီး ကျန်းမာရေးနှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရေး၏အရေးပါမှုအပေါ် အလေးထား၍ အလုပ်ကြောင့်နှင့် အသက်မစွန့်ရန် သတိပေးလိုက်၏။

“ဒါပေမဲ့လည်း အနည်းဆုံးတော့ အဖေတို့လို အသက်အရွယ်ရှိတဲ့တွေက သမီးတို့လို တစ်ဦးတည်းသော ကလေးမျိုးဆက်နဲ့ မတူဘူး၊ဒီလူ့မှာ ကိစ္စတွေကို ကူညီ‌ကိုင်တွယ်ပေးမဲ့ ညီတစ်ယောက် ရှိသေးတယ်”

ဟွမ်ကျဲလည်း သက်ပြင်းချလာကာ “တကယ်လို့ အမေတို့သာ မိန်းကလေးဖြစ်ဖြစ်၊ ယောင်္ကျားလေးဖြစ်ဖြစ် နောက်ထပ်ကလေးတစ်ယောက်လောက် ထပ်ရခဲ့ရင် မတော်လို့ သမီးအဖေနဲ့ အမေတို့ တစ်ခုခုဖြစ်သွားရင် သမီးတို့တွေ အချင်းချင်း ဖေးမလို့ ရသေးတာ ပေါ့”

ရှီလီက ဟွမ်ကျဲ ဤသို့ပြောဆိုလာပုံကို မကြိုက်ပေ။ “တော်ပါ၊ တကယ်လို့ အမေတို့တွေ ဘာမှအဖြစ်မရှိတဲ့သူကို မွေးကြရင်လည်း သမီးကတော့ သူတို့ကို မမှီခိုပေါင်။ သူတို့က သမီးကိုပဲ ဆွဲချကြမှာ”

ရှီလီက သူမအဖေ၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး အမြန်ထပ်ဖြည့်ပြောလိုက်၏။ “ဦးလေးလိုပေါ့”

ဟွမ်ကျဲက သူမကို စူးစိုက်ကြည့်လာကာ“ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့။ နင့်ဦးလေးမှာ အားနည်းချက်ဆိုလို့ နည်းနည်း တုံးအတာပဲရှိတာ၊ သူက ချို့ယွင်းနေတာ မဟုတ်ဘူး”

ရှီလီက ပခုံးတွန့်ပြကာ “တုံးအတာကလည်း အကြီးမားဆုံး ချို့ယွင်းချက်ပါပဲ”

ဟွမ်ကျဲက သူမကို ထပ်မံ၍ စိန်းစိန်းဝါးဝါးကြည့်ကာ စကားထပ်မပြောရန် အချက်ပြ လိုက်သည်။ အဖေလုပ်သူ စိတ်အခြေအနေ မကောင်းတာကို မမြင်ဘူးလား။

ကောင်းပြီ၊ ရှီလီက မဒမ်ဟွမ်ကျဲကို အမြဲတမ်းနာခံသည်။ သူမ ပြောသည့်အတိုင်း ရှီလီလုပ်မှာပင်။

ဟွမ်ကျဲက သူမကို ပါးစပ်ပိတ်ဖို့ ပြောလာတော့ရှီလီ စကားဆက်မပြောတော့ချေ။

ရှီလီ ပါးစပ်ပိတ်နေလိုက်ပြီး သူမ အဖေပြောလာသော အတန်းဖော်၏ ကလေးနှစ်ယောက်ကို ချန်ရစ်ထားခဲ့ပြီး ညီတစ်ယောက်ရှိနေသည့် အကြောင်းကို စဉ်းစားနေလိုက်သည်။

ရုတ်တရက် သူမ၏ အရင်ဘဝတုန်းက တစ်ခုခုကို ရှီလီ မှတ်မိသွားသည်။

သူမ အဖေဘက် လှည့်လိုက်ကာ “အဖေ၊ဘယ်တော့ အဖေ့ အတန်းဖော်ရဲ့ နာရေးကို သွားမှာလဲ။ သမီးလည်း လိုက်မယ်”

ရှီအဖေမှာ သူ့သမီးက သူ့အတွက် စဉ်းစားပေးတယ်လို့ တွေးပြီး သူ့နှလုံးသားကို နွေးထွေးသွားစေ၍ ခံစားချက် ကောင်းသွားစေသည်။

ရှီအဖေ၏ အတန်းဖော်၏ မျိုးရိုးအမည်မှာလင်းဖြစ်ပြီး သူ့နာရေးကို အိမ်မှာဘဲ ကျင်းပသွားမှာပင်။

159 02

အနှီ မစ္စတာလင်းက စာရင်းဝင် ကုမ္ပဏီတစ်ခု၏ အမှုဆောင်ဖြစ်သဖြင့် သူ၏ဗီလာမှာ အကောင်းဆုံးနေရာတွင် မတည်ရှိလျှင်တောင် အတော်အတန် ကျယ်ဝန်းလှသည်။

ဦးလေးလင်း၏ ဗီလာဝင်ပေါက်တွင် ဖူဟွေ့ရှင်း၊ မစ္စတာဖူတို့နှင့် ကြုံဆုံမိကြ၏။ ထိုတော့မှ ဦးလေးလင်းသည် ဖူအုပ်စု၏အမှုဆောင်ဖြစ်တာကို ရှီလီ မှတ်မိသွားသည်။

ယခုဆိုလျှင် ရှီအဖေနှင့် မစ္စတာဖူတို့က ဆက်ဆံရေး ကောင်းမွန်နေကြပြီး သူတို့တွင် ဆွေးနွေးစရာ တစ်ခုခုရှိ၍ထင်သည်။ ကလေးတွေကို သူတို့ဘာသာပဲ ချန်ထားခဲ့ကြ၏။

မစ္စတာဖူက ဖူဟွေ့ရှင်းကို အထူးတလည် ညွှန်ကြားခဲ့၏။ “ဟွေ့ရှင်း၊ ကျန်းရန်ကို မျက်စိဒေါက်ထောက် ကြည့်ထားဦး။ သူ့ကိုနေရာတကာ လျှောက်ပြေးမနေစေနဲ့”

ဖူဟွေ့ရှင်းက ခေါင်းအသာညိတ်ကာ“ဟုတ်ကဲ့”

ဖူမိသားစု၏ ဒုတိယသခင်လေးကို ရှီလီမြင်မိသည်မှာ အတော်ကြာလှပြီဖြစ်ပြီး သူအတော်လေး မျက်တွင်းချောင်သွားသည့်ပုံ ပေါ်သည်။

ယခင်က သူ့မျက်လုံးထဲတွင် တက်ကြွမှုတွေ ရှိခဲ့သော်လည်း ယခုတော့ လမ်းလျှောက်နေသော လူသေကောင်ပမာ။

ကလေးထိန်းရမည့် ဖူဟွေ့ရှင်းကို စာနာသလိုမျိုး ရှီလီ ကြည့်လိုက်သည်။

“နင် ဒီနေ့ ဘယ်လိုလုပ်ပြီး အပြင်ထွက်ဖို့ အချိန်ရှိတာလဲ။ အိမ်မှာ စာမလုပ်ဘူးလား”

ဤသည်မှာ ရှီလီက ဖူဟွေ့ရှင်းကို မေးလိုက်ခြင်းပင်။ ယခုနောက်ပိုင်း၌ ဖူဟွေ့ရှင်းက မှော်ဆေးလုံးစားထားသလိုမျိုး သူ့အဆင့်တွေ လျင်မြန်စွာ တိုးတက်လာခဲ့၏။ သူသည် နှစ်ဝက်စာမေးပွဲရော လစဉ်စာမေးပွဲများ၌ပါ သူတို့အတန်းထဲက ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ခဲ့သည်။

သူ့ကို မှော်ဆေးလုံး စားထားတယ်လို့ ပြောတာကတော့ ဟာသတစ်ခုသာ။ ရှီလီသည် ဖူဟွေ့ရှင်းထံမှ မေးခွန်းပုစ္ဆာတွေကို မေးသောမက်ဆေ့ခ်ျတွေကို မကြာခဏ လက်ခံရရှိခဲ့သည်။

ဤမေးခွန်းတွေကနေ ဤစာသင်နှစ်အတွင်း ဖူဟွေ့ရှင်းတစ်ယောက် ကြိုးကြိုးစားစား စာလေ့လာနေတယ်လို့ သူမ ပြောနိုင်သည်။

သူ၏ တိုးတက်လာသော အဆင့်တွေက ဤအခြေအနေကြောင့်ဆိုတာ အဓိပ္ပာယ်ရှိလေသည်။

သူသည် ဤစာသင်နှစ်အတွင်း၌ မည်သည့်အတန်းလှုပ်ရှားမှုတွေမှာမှ ပါဝင်ခဲ့ခြင်းမရှိဘဲ သီးသန့်ကျူရှင်ချိန်တွေကြောင့် အချိန်ဇယားတွေ ပြည့်ကျပ်နေခဲ့ရတာပင်။

သူ့အကြောင်းပြချက်တွေကို ရှီလီ သိနေရခြင်းမှာ သူမလည်း သုံးခဲ့ဖူးတာကြောင့် ဖြစ်သည်။ ရှီလီသည် သူမကိုယ်သူမ အားစိုက်ရတာကို မကြိုက်နှစ်သက်ဘဲ “နွေဦးခရီးထွက်ခြင်း” နှင့်တင် သူမ၏ စွမ်းအင်တွေကို အလွန်အမင်း ကုန်ခမ်းစေတာကြောင့် နှစ်ဝက်လောက် လဲလျောင်း၍ ပြန်အားဖြည့်ဖို့လိုလေသည်။

ပျက်ကွက်ခွင့်အတွက် အွန်လိုင်း စာရွက်စာတမ်းတွေ ပိတ်သွား‌တော့ ရှီလီသည် ပျက်ကွက်ခွင့်တောင်းတာ သူမ တစ်ဦးတည်းလားဆိုပြီး စစ်ကြည့်ခဲ့သေး၏။ စာရွက်စာတမ်းထဲတွင် ဖူဟွေ့ရှင်းလည်း သူ့အကြောင်းနှင့်သူ ပျက်ကွက်ခွင့် တောင်းထားတာကို တွေ့လိုက်ရသည်။

#ထိတ်လန့်စရာဟေ့! ချန်ဖူကျောင်းရဲ့လူဆိုးက စံပြကကျောင်းသား ဖြစ်သွားပြီ၊သူဘာလို့ နေ့တိုင်း ‌အိမ်မှာဘဲနေပြီး ခြေကုပ်နေတာလဲ#

တစ်ယောက်ယောက်က သူမလိုမျိုး ပျက်ကွက်ခွင့်တောင်းလာချိန်မှာ ရှီလီသည် ချွင်းချက်မဟုတ်သလိုမျိုး ခံစားမိလိုက်သည်။

ဒါ့အပြင် ဖူဟွေ့ရှင်းလို တူညီသည့် အကြောင်းပြချက်တွေရှိသော အတန်းထဲက အချို့လည်းရှိသေးသည်။

ယနေ့က ပိတ်ရက်ဖြစ်ပြီး ဖူဟွေ့ရှင်းကို အိမ်မှာဘဲ စာလုပ်နေမယ်လို့ ရှီလီ ထင်ထားခဲ့တာပင်။

ဖူဟွေ့ရှင်း၏ နှုတ်ခမ်းပါးပါးမှာ အပေါ်သို့အနည်းငယ် ကွေးတက်သွားပြီး “ဖြစ်ချင်တော့ဒီနေ့ ငါ့ဝမ်းကွဲ အပြင်ထွက်တာကို အဖော်ပြုပေးဖို့ အချိန်ရှိနေတယ်လေ”

တကယ်တော့ ကုမ္ပဏီ၏ ဒုဥက္ကဌက ရှီလီအဖေ၏ အတန်းဖော်ဆိုတာကို သူသိထားသဖြင့် ရှီလီ လာမယ်လို့ထင်လို့ သူလည်း လာဖြစ်သွားတာပင်။

159 03

ရှီလီ၏ အကြည့်တွေမှာ အသက်မဲ့နေသော ဒုတိယသခင်လေးအပေါ် ကျရောက်သွားပြီးသူမ လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ “နင့်မှာ တာဝန်ယူစရာတွေ အများကြီးပဲနော်”

ဖူမိသားစု၏ ဒုတိယသခင်လေးသည် ယခုချိန်ထိ အသက်ပြန်ဝင်လာသော အရိပ်အယောင်ပြမလာဘဲ ဖူဟွေ့ရှင်း၏ သူ့အား အဖော်ပြုပေးဖို့ ရောက်နေတာဟူသော စကားတွေကို ကြားလိုက်ရချိန်မှာ သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။ မင်းရင်ဘတ်ပေါ် လက်တင်ပြီး ဝမ်းကွဲကို အဖော်ပြုပေးဖို့ ရောက်လာတာပါဆိုပြီး အကြိမ်တစ်ရာ ပြောစမ်းကွာ။

ဘယ်လိုဖြစ်လို့ မင်းရဲ့ ဝမ်းကွဲက ဒီအကြောင်းကို မသိရတာလဲ။

လမ်းခွဲထားသော တစ်စုံတစ်ယောက်အနေနှင့် သူ့အရှေ့တွင် ချစ်ကြည်နူး တစ်တူးနေသည့် သူများတွေကို မြင်နေရတာက အင်မတန် စိတ်တိုကောင်းလှသည်။

သူ့ကိုယ်သူ ထိုနှစ်ယောက်ကြားထဲ အတင်းဝင်ပြီး တတိယလှည်းဘီးဖြစ်ကာ အနှီနှစ်ဦးကို အင်မတန် နှောင့်ယှက်ချင်မိသွားသည်။

“ဦးလေးရှီနဲ့ ငါ့ဦးလေးက ဆွေးနွေးစရာ ကိစ္စတွေရှိနေတော့ တော်တော်နဲ့ ပြန်လာဦးမှာမဟုတ်သေးဘူး။ ငါ နင့်ကို အထဲအရင်ခေါ်သွားပေးမယ်”

ဗီလာ၏ ဝင်ပေါက်တွင် အဖြူရောင်ရှိသော ဝမ်းနည်းခြင်း နှစ်ကြောင်းစပ်ကဗျာတွေကို ချိတ်ဆွဲထားပြီး လူတွေကလည်း ဝင်လိုက်ထွက်လိုက်နှင့်ပင်။

သူဌေးလင်းသည် အသက်ရှိစဉ်အခါတုန်းက သူငယ်ချင်းမိတ်ဆွေတွေ ပေါများတာကြောင့် ဧည့်သည်များစွာ ရှိနေလေသည်။

ဝန်ထမ်းသည် ဖူဟွေ့ရှင်း၏ အုပ်စုက မစ္စတာဖူ၏ ကလေးတွေဆိုတာကို သိနေတာကြောင့် သူတို့ကို ဗီလာထဲ လမ်းပြပေး၍ ထိုင်စရာနေရာ ရှာပေးလိုက်သည်။

ရှီလီသည် စောင့်ကြည့်ရေးကင်မရာတွေ ချထားသော အထိမ်းအမှတ် ကမ္ပည်းတိုင်၏နောက်က ထောင့်တစ်နေရာကို ညွှန်ပြလိုက်ကာ“ရှင့်ကိစ္စရှင် သွားလုပ်လို့ရပါပြီ။ ကျွန်မတို့ ဟိုနားမှာပဲ ရှိနေမယ်”

ဝန်ထမ်းသည် ချောင်ကျသော ထောင့်နေရာကိုကြည့်လိုက်ပြီး တုံ့ဆိုင်းသွားရ၏။ မဟုတ်သေးဘူး၊ ကုမ္ပဏီ အထက်လူကြီးရဲ့ ဆွေမျိုးတွေထိုင်ဖို့ကို ထောင့်နေရာမှာ စီစဉ်ပေးထားရင် အလွယ်တကူ အဆူခံရမှာပေါ့။

ဖူဟွေ့ရှင်းသည် ရှီလီ၏ မျက်လုံးထဲက တလက်လက်တောက်ပနေသော ထူးဆန်းသည့် အလင်းရောင်ကို မြင်တွေ့လိုက်ရသဖြင့် ဝန်ထမ်းကို ခေါင်းခါပြလိုက်သည်။ “ခင်ဗျားကို ကျွန်တော်တို့ ပြဿနာမတက်စေရပါဘူး။ ‌ထောင့်နားက အဆင်ပြေပါတယ်”

ဖူမိသားစု၏ ဒုတိယသခင်လေးက ဤသုံးဦးထဲတွင် အသက်အကြီးဆုံး ဖြစ်သော်လည်း ဖူဟွေ့ရှင်းက ပိုတည်ငြိမ်ပြီး အားထားစရာ ကောင်းနေသဖြင့် ဝန်ထမ်းလည်း သဘာဝအလျောက် သူ့အမြင်ကို သဘောတူလိုက် ရ၏။

သဘာဝအားဖြင့် ပိုပြီးယုံကြည်ချင်စရာ ကောင်းသော လူအချို့ဆိုတာ တည်ရှိသည်။

ဖူဟွေ့ရှင်း၏ သဘောတူညီချက်ကို လက်ခံရရှိပြီးနောက် သူ ထွက်သွားလိုက်သည်။

ရှီလီနှင့် အခြားသူတွေ ထိုင်ချလိုက်တော့ သူတို့ဘေးနားရှိ ဝန်ထမ်းသည် အလုပ်ရှုပ်ကာ ယောက်ယက်ခတ် သွားလာနေသည်။

မန်နေဂျာဖြစ်ပုံရသော ဝန်ထမ်းတစ်ဦးက လျှောက်လှမ်းလာပြီး စောင့်ကြည့်ရေးကင်မရာကို ကြည့်ရှုရာ၌ တာဝန်ရှိသောလူအား ညွှန်ကြားလိုက်၏။ “မနေ့ညတုန်းက တစ်ယောက်ယောက်က သတိမထားမိဘဲနဲ့ ကမ္ပည်းကျောက်စာတိုင်ရဲ့ ဘေးနှစ်ဖက်က ထာဝရမီးအိမ်တွေကို ခလုတ်တိုက်သွားတယ်။ မနေ့ညက စောင့်ကြည့်ရေးမှတ်တမ်းကို စစ်ကြည့်ပြီး ဘယ်သူလဲဆိုတာ ကြည့်ကြည့်လိုက်။ ငါတို့ ပြန်သွားတာနဲ့ သူတို့ကို လစာဖြတ်ရမယ်!”

မန်နေဂျာ၏ လေသံထဲတွင် ဒေါသတွေနှင့် ပြည့်နှက်နေလျှက်။

[ဟီးဟီးဟီးဟီးဟီးဟီးဟီး]

159 04

မော်နီတာရှေ့တွင် ထိုင်နေသော ဝန်ထမ်းသည် စောင့်ကြည့်ရေးမှတ်တမ်းကို ဖြစ်ချင်ရာဖြစ်ဟူ၍ ပြန်လည်ကြည့်ရှုလိုက်ရင်း “ကြွက်တွေ ဆီခိုးနေတုန်း ထာဝရမီးအိမ်တွေကို တိုက်မိသွားတာ ဖြစ်မှာပေါ့”

မီးအိမ်တွေကို ဟင်းချက်ဆီသုံး၍ မီးထွန်းတာကြောင့် အကယ်၍ ကြွက်တွေက အပူကို ကြောက်တယ်ဟူသော အချက်ကို လျစ်လျူရှုလိုက်လျှင် ကြွက်တွေကြောင့်ဆိုတာ ဖြစ်နိုင်သည်။

မန်နေဂျာက နောက်ဆုံးစကားတစ်ခွန်းနှင့်အတူ ထွက်သွားတော့သည်။ “မှတ်တမ်းတွေထဲကနေ အရင်ကြည့်ထား၊ တရားခံကို တွေ့ရင်screenshot ရိုက်ပြီး ငါ့ကို ပို့လိုက်!”

ရှီလီသည် ဆီခိုးနေသော ကြွက်လေးတစ်ကောင်လို ပြုံးဖြဲဖြဲလုပ်လိုက်ပြီး: [ဟီးဟီး၊ဆီ ခိုးနေတာ မဟုတ်ဘူး၊ လူတွေကို ခိုးနေတာ!]

******

160 01

အခန်း ၁၆၀: အဝါရောင်မျက်နှာနဲ့ လူငယ်

ဗီလာ၏ ဝင်ပေါက်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ ရင်ဘတ်တွင် အဖြူရောင်ပန်းတစ်ပွင့်ကို ထိုးထားသော အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးက ဧည့်သည်တွေကို နှုတ်ဆက်နေလေသည်။

အထိမ်းအမှတ် ကမ္ပည်းတိုင်၏ဘေး၌ အနက်ရောင် ဒူးလယ်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်ခါးအထိရှည်သော သိမ်မွေ့သည့်ပုံပေါ် သည့် အမျိုးသမီးတစ်ဦးက ဆံပင်တိုတိုလူငယ်လေး၏ဘေးတွင် မတ်တပ်ရပ်နေ၏။

ဧည့်သည်တွေက အထိမ်းအမှတ် ကမ္ပည်းတိုင်နှင့် အဖြူအမည်း ဓာတ်ပုံကို ဦးညွတ်ဂါဝရပြု၍ အမျိုးသမီးနှင့် ကောင်လေးကလည်း ပြန်လည်ဦးညွတ်ဂါဝရ ပြုကြသည်။

ဦးညွတ်ဂါဝရပြုချိန်၌ ကောင်လေးက တိတ်တိတ်လေး မျက်ရည်ခိုးသုတ်နေသည်။

သူ့အမေလောက်တောင် အရပ်မရှည်သေးသော ကောင်လေးကို မြင်လိုက်ရတော့ ဧည့်သည်များမှာ နှစ်သိမ့်စကား ဆိုချင်ကြသော်လည်း ထိုသို့လုပ်ရန်အလို့ငှာ အလွန်ရင်နာနေကြရသည်။

သူတို့မှာ ဦးညွတ်ဂါဝရပြု၍ အလျင်အမြန်ထွက်သွားကာ သူတို့သူငယ်ချင်း၏ မတရားသော ဝမ်းနည်းအောက်မြေဖွယ်ရာ ဧည့်ခန်းကို ချန်ရစ်ထားခဲ့ကြသည်။

ဧည့်ခန်း၏ ထောင့်နားက အထိမ်းအမှတ် ကမ္ပည်းတိုင်၏ အနောက်တွင် ဝန်ထမ်းတစ်ဦးမှာ အထက်လူကြီး ပေးထားသော တာဝန်ကြောင့် သနားစ‌ရာကောင်းသော စောင့်ကြည့် ရေးမှတ်တမ်းကို အရှိန်မြှင့်ပြီး ကြည့်နေသည်။

ဒုတိယဖူသခင်လေးက ပဟေဠိဖြစ်စွာဖြင့်ဘာကြောင့် ဒီနေရာတွင် ထိုင်နေရတာလဲဟုမေးရန် ပြင်လိုက်သည်။

ထိုအချိန်မှာဘဲ အနီးနား၏ ဝန်ထမ်း၏ အာမေဍိတ်ပြုသံကို သူတို့တွေ ကြားလိုက်ရသည် “ဒီမှာလာပြီ!”

ရှီလီမှာ အနီးဝန်းကျင်ရှိ LCD ဖန်သားပြင်ဘက်သို့ အမြန်ခေါင်းလှည့်လိုက်သည်။

ဖူဟွေ့ရှင်းလည်း ရှီလီလို ခေါင်းလှည့်လိုက်သဖြင့် သူတို့၏ လှုပ်ရှားမှုတွေက အလွန်ထပ်တူညီနေသည်။

ဒုတိယဖူသခင်လေးသည် သူ့ဘေးနားက အနှီနှစ်ဦး၏ လှုပ်ရှားမှုတွေကို သတိထားမိသွားပြီး လူသားတို့၏ စိတ်ဆန္ဒအတိုင်း သူပါ ခေါင်းလှည့်လိုက်သည်။

စောင့်ကြည့်ရေးမှတ်တမ်း၏ ညာဘက်ထောင့်အောက်ဘက်ရှိ အချိန်နေရာတွင် 2 AM ကိုပြသနေလျှက်။ ဖန်သားပြင်က တောက်ပနေပြီး မစ္စလင်းက အထိမ်းအမှတ် ကမ္ပည်းတိုင်၏ဘေးတွင် မအိပ်ဘဲ နိုးကြားနေပြီး အခြားလူတွေကတော့ ကိုယ်စီအခန်းထဲ ဝင်ရောက်၍အနားယူကုန်ကြလေပြီ။

မစ္စလင်းမှာမူ အထိမ်းအမှတ် ကမ္ပည်းတိုင်၏ဘေးနားတွင် အတွေးထဲ လွင့်မြောနေပြီး ထိုင်နေလျှက်ရှိ၏။

ဝန်ထမ်းက တတွတ်တွတ် ဆိုလာကာ“မဟုတ်သေးပါဘူး၊ မစ္စလင်း စောင့်ကြည့်နေတာဆိုတော့ ကြွက်တွေရော၊ သူခိုးတွေပါ ပေါ်မလာသင့်ဘူး”

ထောင့်နားရှိ အချိန်နေရာကို အရှိန်တင်လိုက်တော့ စောင့်ကြည့်ရေးမှတ်တမ်းထဲတွင်15 ခန့် ကုန်ဆုံးသွားတာကို ပြသနေသည်။ ရုတ်တရက် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၍ ကိုယ်နေဟန်ထား ပြီးပြည့်စုံသောအမျိုးသားတစ်ယောက်က ဖန်သားပြင်ထက်တွင် ထွက်ပေါ်လာကာ ကင်မရာဘက်ကိုကျောပေးထားသဖြင့် သူ့မျက်နှာကို မမြင်ရပေ။

သူဝင်လာသည့် နေရာကဆိုလျှင် အနှီသူက လင်းမိသားစုဝင်ဆိုတာ ရှင်းလင်းပေသည်။

ဝန်ထမ်းက ဝတ်စုံဝတ်ထားသည့် အမျိုးသားပေါ်ထွက်လာချိန်၌ အာမေဍိတ်သံသာ ထွက်နိုင်သည်။ ရှီလီနှင့် အခြားသူတွေလှည့်ကြည့်လိုက်တော့ မစ္စလင်းနှင့် ဝတ်စုံဝတ်ထားသော ထိုလူက အချင်းများနေသည့် ပုံပေါ်နေသည်။ ဗီဒီယိုထဲက သူတို့၏ ခန္ဓာကိုယ်အနေအထားအရ အင်မတန် ဆိုးရွားစွာ အငြင်းပွားနေကြတာပင်။

ပြီးနောက် တဖြည်းဖြည်းနှင့် ဖန်သားပြင်ထက်က အငြင်းပွားနေမှုမှာ တစ်မျိုးပြောင်းသွားသည်။

160 02

ဖန်သားပြင်ပေါ်က အနှီအမျိုးသားနှင့် အမျိုးသမီးက အချင်းချင်း ဖက်တွယ်ပြီး ပြင်းပြစွာ နမ်းရှုံ့နေကြသည်။

ယခုလို လှုံ့ဆော်အားကောင်းသော မြင်ကွင်းကိုမြင်တွေ့နေရတော့ ဒုတိယဖူသခင်လေးသည် သူ့ထိုင်ခုံမှထ၍ စောင့်ကြည့်ရေး ဖန်သားပြင်ဘက်သို့ တစ်ဟုန်ထိုး ပြေးထွက်သွား၏။

သူ၏ ယခုလို အရှိန်နှင့်ဆိုလျှင် လွန်ခဲ့သောမိနစ်ပိုင်းတုန်းကပင် အသည်းကွဲနေခြင်း ကြောင့် ဆန္ဒတွေကင်းမဲ့နေသည့် လူတစ်ယောက်ဟု သူ့ကို ဘယ်သူမှ ထင်မိကြမှာ မဟုတ်ပေ။

ဝန်ထမ်းက အတော်လေး ကျွင်းကျင်မှုရှိသောလူ့ကျင့်ဝတ်တွေကို ပြသလာ၏။ လူတွေ ဝိုင်းအုံကြည့်နေလျှင်တောင် ထာဝရမီးအိမ်တွေအား ဘယ်သူ ငြှိမ်းသတ်လိုက်တယ်ဆိုတာကိုသူတို့တွေ မသိရသေးသရွေ့၊ စောင့်ကြည့်ရေးမှတ်တမ်းကို သူသေချာပေါက် ရပ်လိုက်မှာ မဟုတ်ချေ။

၎င်းက အထိမ်းအမှတ် ကမ္ပည်းတိုင်၏ဘေးမှာဖြစ်ပြီး - အတော်လေး မသင့်လျော်သော်ငြား -ဖန်သားပြင်ထက်က အမျိုးသားနှင့် အမျိုးသမီး၏ ရှေ့ဆက် လုပ်ရပ်တွေကိုတော့ မတားဆီးနိုင်ပေ။

နောက်တစ်ဆင့်က “ဟိုဟာ” ဆိုတာ ရှင်းလင်းနေသည်။ ဖန်သားပြင်ထက်တွင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်သော အမျိုးသမီးကိုအထိမ်းအမှတ် ကမ္ပည်းတိုင်အား တင်ထားရာစားပွဲပေါ်သို့ တင်လိုက်သည်။ အရိုးပြုအိုးနှင့်အဖြူအမည်းဓာတ်ပုံကို မျက်နှာချင်းဆိုင်နေရင်း အနှီနှစ်ဦးမှာ စတင်နှီးနှောကြတော့သည်။

ဤမြင်ကွင်းမှာ မျက်စိရှက်စရာကောင်းလှ၍ အထူးသဖြင့် ညလေပြည်တွင် အထိမ်းအမှတ် ကမ္ပည်းတိုင်ဘေးကနေ အဖြူရောင် အသုဘ စာတန်းများ တဖျပ်ဖျပ် လွင့်လူးနေတာကြောင့် ကြည့်နေရသည်မှာ တနည်းတဖုံ ခြောက်ခြားဖွယ် ကောင်းနေသည်။

၎င်းမှာ သရဲဇာတ်လမ်းထဲက မြင်ကွင်းတစ်ခုနှင့်ပင် အတော်လေး သွားတူနေသည်။

အမျိုးသမီးက လက်ကိုဆန့်လိုက်ရာ ပူဇော်ဖွယ်ရာ သစ်သီးတွေနှင့် မီးအိမ်ကို မတော်တဆ တိုက်ချမိသွားသည်။

ဝန်ထမ်းက အံ့အားသင့်စွာ ပြောလာသည်“ဪ၊ ဒါဆို ထာဝရမီးအိမ်တွေကို တိုက်ချလိုက်တာ မစ္စလင်းပေါ့။ ငါတို့နဲ့ ဘာမှမဆိုင်ဘူးဘဲ”

သူ၏ တာဝန်အကြောင်းကို အစီရင်ခံရန်အတွက် အထက်လူကြီးကို သွားခေါ်လေ၏။

ဝန်ထမ်းက အထက်လူကြီးကို သွားခေါ်နေ တုန်း ဒုတိယဖူသခင်လေးက ရှီလီနှင့် ဖူဟွေ့ရှင်းဘက် ကပ်ကာ “ဒီမစ္စလင်းက တကယ့်ကို တစ်ခုခုဘဲ၊ ဆုံးပါးသွားတဲ့ ယောက်ျားရဲ့ အထိမ်းအမှတ် ကမ္ပည်းတိုင်ရဲ့ရှေ့မှာ အခြားတစ်ယောက်နဲ့ လုပ်နေတယ်။ လင်ငယ် ဘယ်သူဖြစ်မယ်လို့ မင်းတို့ထင်လဲ”

ဖူဟွေ့ရှင်းက သူ၏ ဝမ်းကွဲကို လှမ်းကြည့်ကာဗြောင်ကျကျ ပြောလိုက်သည်။ “ဒုတိယလင်း”

“ဘာ မဖြစ်နိုင်တာ!” ဒုတိယဖူသခင်လေး၏အသံမှာ ဟိန်းထွက်သွား၍ အနီးနားက လူတွေကိုပါ လှည့်ကြည့်လာစေသည်။

သူ့အမြန် ခေါင်းငုံ့လိုက်ပြီး တီးတိုးပြောလိုက်၏ “သူတို့က ဦးလေးနဲ့ မရီးလေ! ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ကြတာလဲ”

ဒုတိယဖူသခင်လေး၏ လေသံက သံသယဝင်နေကာ “မင်း ငါ့ကို နောက်နေတာမလား။ ဝတ်စုံဝတ်ထားတဲ့လူက သူ့မျက်နှာကို ဗီဒီယိုထဲမှာ တစ်ခါမှတောင် မပြရသေးဘူး။ဒုတိယလင်းဆိုပြီး မင်းဘယ်လိုသိလဲ”

“ဒီအတိုင်းမှန်းလိုက်တာ။ ငါ မှားနိုင်ခြေလည်း ရှိတယ်”

အမှန်တကယ်တွင် အနှီလူ၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံက တံခါးဝတွင် ဧည့်သည်တွေကို နှုတ်ဆက်နေသည့် ဝတ်စုံဝတ်ထားသော အမျိုးသားနှင့် အင်မတန် ဆင်တူနေသည်။ ဗီဒီယိုထဲက ဝတ်စုံဝတ်ထားသော အမျိုးသား၏ မျက်နှာမှာ မရှင်းလင်းသော်လည်း သူသည် လှေကားဘက်ကနေ လျှောက်လှမ်းလာခဲ့တာပင်။ ဤသည်မှာဗီလာတွင် ညအိပ်ည‌နေ,နေသော လင်းမိသားစုဝင်ပင် ဖြစ်၏။

သူ့ဝတ်စုံ၏ အပြင်အဆင်အရဆိုလည်း ဤအမျိုးသားက လင်းမိသား၏ အစေခံမဟုတ်ဘူးဆိုတာ ရှင်းလင်းနေသည်။

160 03

ညအိပ်ည‌နေ နေနိုင်တာဆိုလို့ မစ္စတာလင်းနှင့်ညီနှင့် မိဘတွေသာ ဖြစ်နိုင်သည်။ ဗီဒီယိုထဲရှိ ဝတ်စုံဝတ်ထားသည့် ဤလူမှာ လူလတ်ပိုင်းဖြစ်နေသဖြင့် အိုမင်းနေပြီဖြစ်သော ဖခင်ဖြစ်သူကို ဖယ်ထုတ်လိုက်လို့ရ၏။ ဆိုတော့ဒုတိယလင်းဘဲ ကျန်ရှိတော့သည်။

ဒါပေါ့၊ မှန်းဆချက်၏ တစ်စိတ်တစ်ပိုင်းကရှီလီ၏ တုံ့ပြန်ပုံကနေ ဆင်းသက်လာတာပင်။သူမ၏ ခံစားချက်တွေက အလွန်ပြင်းထန်နေတာကြောင့် ၎င်းမှာ အထိမ်းအမှတ် ကမ္ပည်းတိုင်ရှေ့က နှီးနှောနေတာ သက်သက်ကြောင့် မဖြစ်နိုင်။ အခြားပြဿနာတွေ ရှိနေနိုင်ခြေရှိသည်။

ဒုတိယဖူသခင်လေးက လှောင်ပြောင်လာ၏။ “ဒီက ငါကတော့ မင်းကို အတွင်းသတင်းတွေများ ရထားတာများလို့။ မင်းက မှန်းနေတာဖြစ်နေတာကိုး။ ပျင်းဖို့ကောင်းလိုက်တာ”

သို့ပေတည့် အထိမ်းအမှတ် ကမ္ပည်းတိုင်ရှေ့၌နှီးနှောနေခြင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေလေသည်။

လင်ငယ်က ဘယ်သူဘဲဖြစ်ဖြစ်၊ အင်မတန်စိတ်ဝင်စားဖို့ ကောင်းလာလေပြီ။

ထိုအချိန်တွင် ရှီလီ၏ စိတ်ထဲက‌ အတွေးတွေက ဖူဟွေ့ရှင်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးလာသည်: [ဖူဟွေ့ရှင်း မှန်းတာ တော်တော်တိကျတာပဲ]

သုံးယောက်သား တိတ်တိတ်လေး တွတ်ထိုးနေကြတုန်းမှာဘဲ ဝန်ထမ်းက အထက်လူကြီးကို ခေါ်လာခဲ့လေပြီ။ သူသည် ဗီဒီယိုအားဆယ်စက္ကန့်အလိုအထိ ပြန်ရစ်လိုက်ပြီးထာဝရမီးအိမ်တွေအား မစ္စလင်း တိုက်ချလိုက်သည့် ဖြစ်ရပ်ကို ပြန်ပြသလိုက်၏။

အထက်လူကြီး၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ဗီဒီယို၏ အဝါရောင်ဆန်မှုကြောင့်ဆိုတာ သေချာပေါက် မဟုတ်‌ချေ။

ဤဝန်ထမ်းအား အလုပ်အပေါ် အမှန်တကယ်စိတ်နှစ်သည့်လူဟု ပြောရမှာပင်။ ယခုလိုမသင့်လျော်သည့် အညှီအဟောက် ဗီဒီယိုကိုမြင်နေရတာတောင်မှ အမျိုးသားဇာတ်လိုက်၏အထောက်အထားကို မစပ်စုသလို၊ သူ၏အထက်လူကြီးအား ခေါ်မလာခင်အထိဗီဒီယိုတစ်ပုဒ်လုံးကို မကြည့်ခဲ့ချေ။

“ဘော့စ်၊ ထာဝရမီးအိမ်ကို တိုက်ချလိုက်တာကျွန်တော်တို့ ဝန်ထမ်း မဟုတ်ဘူး။ အဲဒါ လင်းမိသားစု လုပ်လိုက်တာ”

အထက်လူကြီး: ငါ့မှာ မျက်စိပါပါတယ်၊ ငါ့ကိုပြောပြနေစရာ မလိုဘူးရယ်။

ဝန်ထမ်းတွင် စပ်စုချင်စိတ် ကင်းမဲ့နေသော်လည်း အထက်လူကြီးကတော့ ထိုသို့မဟုတ်။ ဤလင်ငယ်က ဘယ်သူဘယ်ဝါဆိုတာကိုသူ အင်မတန် သိချင်သွားသည်။

သို့သော် ပရော်ဖက်ရှင်နယ်ဆန်သော လူ့ကျင့်ဝတ်နှင့် မအက်စပ်သလို၊ ဘေးတွင်လည်း အပြင်လူတွေ (ရှီလီနှင့် အခြားနှစ်ယောက်)ဝိုင်းကြည့်နေတာကြောင့် အထက်လူကြီးမှာသူ့လက်အောက်ငယ်သားအား ဗီဒီယိုကိုဆက်လက်ပြသဖို့ တောင်းဆိုခြင်းမှာ မမှန်ကန်ဘူးဟု ခံစားလိုက်ရသည်။

ဒုတိယဖူသခင်လေးက သူမတူစွာ အရေထူပေသည်။ သူပြောလိုက်၏။ “လုပ်လေ၊ ဗီဒီယိုကို ဆက်ဖွင့်လိုက်။ မစ္စတာလင်းရဲ့ခန္ဓာကိုယ်က သိပ်တောင် မအေးသေးဘူး၊ သူရဲ့ လူရင်းတွေက ဒီလိုလုပ်ရပ်မျိုးကို လုပ်နေကြပြီ။ အဲ့လူ ဘယ်သူလဲဆိုတာ မသိချင်ဘူးလား?”

ဒါပေါ့ သူတို့ သိချင်ကြတာပေါ့။ စပ်စုတယ်ဆိုတာ လူ့သဘာဝပဲလေ။

All Chapters