အခန်း (၁၃၇-၁၄၀)
Vol. 7 Ch. 137-140
137 01
အပိုင်း 137.
ရှီလီ၏ ပရမ်းပတာ စိတ်ကူးယဥ် တွေးတောမှုများ ဖရိုဖရဲ ပြေးလွှားနေသည့်နောက် လိုက်ပါကာ စုန့်ရင်းသည်လည်း မှင်တက်နေမိ၏။
ယခုမူ သူမမှာ မေးခွန်း တစ်ခုတည်းသာ ရှိပေသည်။ အနာဂတ်ကျ ဖြည်ချလာတဲ့ ဇာတ်ထုပ်ကြီးက ရှီလီ စိတ်ကူးယဥ်တဲ့အတိုင်း ဖြစ်လာမှာလား။
ရှီလီ၏ စိတ်ကူးစိတ်သန်းများက ပိုလို့တောင် အထိန်းအကွပ် မဲ့လာခဲ့ကာ မူလ ဇာတ်ကြောင်းအတွင်းသို့ အသေးစိတ် အချက်အလက်များ ထပ်ပေါင်းထည့်လိုက်၏။ (မိဘနဲ့ ဆွေမျိုးတွေက နှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ မိန်းကလေးကို လျစ်လျူရှုထားပြီး သူတို့ရဲ့ သွေးရင်းကလေးကိုပဲ မျက်နှာသာ ပေးခဲ့ကြတယ်။ အဲဒီ သမီးရင်းကလည်း အပေါ်ယံမှာတော့ နုနယ်လွန်းပေမဲ့ တကယ်တမ်းကျ လက်ဖက်စိမ်းမ ဖြစ်နေပြီး အဲဒီ အတုအယောင် ညီမကို တိတ်တိတ်ကလေး ကဖျက်ယဖျက် လိုက်လုပ်နေတော့တာ။ ဒီသမီးအရင်းဆိုတဲ့ လက်ဖက်စိမ်းမရဲ့ ကျေးဇူးကြောင့် နှစ်ယောက်သားကြားက ခလုတ်ကန်သင်းတွေက သူတို့ရဲ့ အချစ်အတွက် အထောက်အကူ ဖြစ်လာမှာက အသေအချာပဲ)
စုန့်ရင်း… လုံလောက်ပါပြီဟယ်။ ငါ့ နားတွေက ဒီညစ်ညမ်းတဲ့ အရာတွေကို ဆက်ပြီး လက်မခံနိုင်တော့ဘူးနော်။
သို့သော် ရှီလီကမူ မလုံလောက်သေး ဟုသာ ခံစားမေရပေသည်။ စုန့်ရင်းကမူ သူမအနေဖြင့် အရိုးတု မောင်နှမကြားမှ ရိုမန့်စ် Novel ကို မတုန်မလှုပ် နားထောင်နေမိကြောင်း တွေ့ရှိရလေသည်။ ဟမ့် သူမကတော့ ဤ Novel မှာ ဧရာမ ဗီလိန်သာ ဖြစ်ကာ အကြံသမား လက်ဖက်စိမ်းမ ဖြစ်နေပေ၏။ သူမက အမွေဆက်ခံသူ အတုအယောင်မကို မုန်းတီးကာ ရန်ငြိုးသိုခဲ့ပါသော်လည်း နက်ရှိုင်းသော ရင်းနှီးတွယ်တာမှု သံယောဇဥ်တို့ ရှိနေသယောင် ဟန်ဆောင်ခဲ့ရပေသည်။
စုန့်ရင်း ကိုယ်တိုင်သည်လည်း သူမ နေရာကို လုသွားခဲ့သူ ထိုအမွေဆက်ခံသူ အတုအယောင်မကို အမှန်တကယ် မုန်းတီးလှသည်ပင်။ ယင်းကလည်း သူမ ကျွေးမိခင်က သူမကို မိဘများနှင့် ဝေးရာဆီ ခေါ်ဆောင်သွားခဲ့ကာ မိမိကို ရန်သူသဖွယ် ဆက်ဆံခဲ့သောကြောင့်တည်း။
အကယ်၍များ သူမက နောင်တချိန်ကျ အသိအမှတ် အပြုခံရပြီး အိမ်သိူ့ ပြန်ခေါ်ခံရသော် သူမ နှလုံးသားထဲမှ ထိုအတုအယောင်မကို မုန်းတီးလှသည့်တိုင် အပေါ်ယံ မျက်နှာပြင်မှာတော့ အေးဆေးငြိမ်သက်သည့် သွင်ပြင်မျိုးကို ထိန်းသိမ်းနိုင်ပါ့မလား ဟူသည်ကို သူမ အမှန်တကယ် တွေးတောမိပေသည်။ တကယ်တမ်းကျ အကျင့်စရိုက် ကောင်းမွန်သည့် ကလေးများက ပိုမို ချစ်နှစ်သက်ဖွယ် ကောင်းသည်ပင်။
သို့သော် ရှီလီ ဖော်ပြလိုက်သည့် နည်းလမ်းများကြောင့် ယင်းက တကယ်ကြီးကို လက်ဖက်စိမ်းမနှင့် တူလှသည်ဆိုခြင်းက ပိုပြီး ယုတ္ထိတန်ပေ၏။
သို့ဆိုလျှင် သူမ ဘာလုပ်သင့်သနည်း။
ယင်းက အမှန်တကယ်ကို ကိုင်တွယ်ဖို့ ခက်ခဲပေစွ။
(ပြီးတော့ အတုအယောင် မမလေးကလည်း လူကောင်းသူကောင်းတော့ ဟုတ်မနေသေးဘူး။ အဲဒီကောင်မလေးက ပြည်ပ အထက်တန်းကျောင်းကနေ တစ်ခုခု ရှူရှိုက်တာ…သိကြမှာပါ၊ ပြီးတော့ အုပ်စုလိုက်ကြီး အပျော်အပါးကျူးပြီး သောက်စားကာမလို အကျင့်ဆိုး တချို့ကိုတောင် ယူလာခဲ့သေးတာ ငါ မှတ်မိပါသေးတယ်)
(မိသားစုရဲ့ သမီးက ဒါမျိုးကိစ္စတွေ လုပ်ထွက်လာတာလည်း ပေါ်လာရော ရွှီမိသားစုရဲ့ နာမည် ဂုဏ်သတင်းကို ဧရာမ ရိုက်ခတ်မှုကြီး ဖြစ်စေပြီး သူတို့ရဲ့ ရှယ်ယာဈေးတွေလည်း ဦးစိုက်ဂျွမ်းပြန် ပြုတ်ကျတော့တာပဲ)
(ရွှီသခင်မရဲ့ ယောင်းမကလည်း အဲဒီ ကောင်မလေးနဲ့ ပတ်သက်လို့ ပြသနာတစ်ခုခု ရှိနေတယ်လို့ အမြဲထင်နေခဲ့တာ။ သူတို့မိသားစုက ဒီလို အရှက်မရှိတဲ့ ကလေးမျိုးကို သူတို့မျိုးဆက်အတွက် မွေးထုတ်မလာဖူးတာမို့လို့ ဒီကလေးက သူတို့ မိသားစုဝင် မဖြစ်နိုင်ဘူးဆိုပြီး သူက အလုပ်မရှိ ကြောင်ရေချိုးတဲ့ အလုပ်ကို စ လုပ်တော့တာပဲ။ ဒါကြောင့် သူက သူ့တူမရဲ့ ဆံပင်ခြည်ကို စစ်ဆေးဖို့ ယူသွားပြီး ရလဒ်က သူ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေပေမဲ့ ကျန်တဲ့ မိသားစုတစုလုံး အတွက်ကတော့ ထိတ်လန့် ချောက်ခြားစရာကြီး ဖြစ်နေတော့တာပေါ့)
137 02
ထိုကလေးက အငယ်ဆုံး ဒေါ်လေးရွှီနှင့် သွေးသားတော်စပ်မှု ရှိမနေခဲ့ပေ။
DNA စစ်ဆေးမှု ရလဒ် ထွက်ရှိလာသည့်အခါ ရွှီသခင်မလည်း ကြက်သေ သေသွားခဲ့လေသည်။
သူမ မည်သူနှင့် ရှိခဲ့သည် မရှိခဲ့သည်ကို သူမ အသိဆုံးပါပင်။
သူမက လှည့်လည် အရူးထ ဖောက်ပြားခြင်းမျိုး မရှိခဲ့ဖူးပေရာ ဤကလေးက ဘယ်လိုလုပ်ပြီး သူမ ခင်ပွန်း၏ ကလေးမဟုတ်ရသနည်း။
ထို့နောက် ရွှီသခင်ကြီး၊ ရွှီသခင်မကြီးနှင့် ရွှီရှင်းတို့အပါ ရွှီမိသားစု တစုလုံးက DNA စစ်ခဲ့ကြပြီး ရွှီသခင်မနှင့် ဆက်ခံသူ အတုတို့ကိုပါ DNA စစ်ခဲ့ကြ၏။
ရွှီသခင်ကြီး၊ ရွှီရှင်းနှင့် အခြားသူများက သွေးသား တော်စပ်မှု ရှိကြ၏။ လူတိုင်းကလည်း ရွှီကတော်က ဖောက်ပြန်ခဲ့လားဟု သံသယ ရှိခဲ့ကြပြီး ရွှီကတော်နှင့် ဆက်ခံသူ အတုတို့ကြား ရလဒ်ကသာ ရွှီကတော်၏ ဂုဏ်သိက္ခာကို ကယ်တင်ပေးခဲ့ခြင်းပင်။
ထိုကလေးက ရွှီကတော်နှင့်လည်း သွေးသား မတော်စပ်ပေ။ သူမက ရွှီရှင်းနှင့် သူ့ဇနီးတို့၏ ကလေး ဟုတ်မနေခဲ့။ ထို့နောက် ရွီမိသားစုက ကလေးမှာ ဘာကိစ္စ ဖြစ်ပျက်ခဲ့သနည်း ဟူသည်ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကာ မွေးဖွားလာစဥ်ကများ လဲလှယ်ခံရသလားဟု တွေးတောမိပေသည်။
ယင်းက ဆယ်နှစ်နှင့်အထက် ကြာမြင့်ခဲ့ပြီဖြစ်ရာ စုံစမ်း စစ်ဆေးဖို့ ခက်ခဲနေခဲ့ပြီ ဖြစ်လေသည်။ သို့သော် ရွှီမိသားစု၏ သြဇာလွှမ်းမိုးမှုကြောင့် ကလေးမွေးဖွားပြီးနောက် ဟုန်ယန်က ကလေးများကို လဲလှယ်သွားခဲ့ခြင်း ဖြစ်သည် ဟူသည့် အမှန်တရားကို အလျင်အမြန် ဖော်ထုတ်နိုင်ခဲ့လေသည်။
ရွှီမိသားစုက ယင်းတို့၏ သွေးသားရင်းချာ သမီးကို အပူတပြင်း ရှာဖွေခဲ့ကြ၏။ သို့သော် လူကတော့ ကျန်ခဲ့သည့် တလခွဲကပင် ပြာမှုန် ဖြစ်သွားခဲ့ပြီးနောက် ဘာတစ်ခုမှ မကျန်ရှိပါလေတော့။
ထို ဆက်ခံသူ အတုနှင့် အစစ်ဟူသည့် အမှန်တရား ထွက်ပေါ်လာပြီးနောက် ယခင်က ပျက်စီး ထိခိုက်ခဲ့ရသည့် မိသားစု၏ ဂုဏ်သတင်းများလည်း အလျက်အမြန် အဖတ် ဆယ်နိုင်ခဲ့လေသည်။ လူထုသည်လည်း ရွှီမိသားစုအပေါ် ကောင်ကာငင်ကာ ထပ်တူ ကြေကွဲ ဝမ်းနည်းပေးတော့သည်။ သူတို့၏ သွေးသားရင်းချာ ကလေးက လဲလှယ်ခံခဲ့ရပြီး စရိုက်ဗီဇ နိမ့်ကျသည့် ကလေးကို သမီးအဖြစ် ပြုစု ပျိုးထောင်ခဲ့မိရာ တစ်မိသားစုလုံးကို အရှက်ရစေခဲ့၏။ သို့သော် ယင်းက အဆိုးဝါးဆုံး အစိတ်အပိုင်းတောင်မှ မဟုတ်သေးပေ။ ကြေကွဲဝမ်းနည်းဖွယ်ရာ အကောင်းဆုံးကတော့ သူတို့၏ သွေးသားရင်းချာ သမီးက မကြာသေးမီကမှ ကွယ်လွန်သွားခြင်းပေတည်း။
ယင်းထက် ပိုပြီး ရင်ကွဲနာ ကျဖွယ်ရာမျိုး မရှိတော့ပေ။
ဆက်ခံသူ အတုက ထိုသို့သော လူစားမျိုးဟု ရှီလီက ဖော်ပြလာသည့်အခါ စုန့်ရင်းသည်လည်း နောင်အနာဂတ်ကျ သူမ မိဘများကို အနိုင်ယူရန် လက်ဖက်စိမ်း နည်းလမ်းများကို အသုံးပြုစရာ မလိုအပ်တော့ဟု ခံစားရလေသည်။ သူမက သာမန်သမီးတစ်ယောက် လုပ်ရုံမျှဖြင့်ပင် သူမက အနိုင်ရပေလိမ့်မည်။
အနာဂတ်ဖြစ်ရပ်များကို ရှီလီထံမှ ကြားသိရပြီးနောက် ဆက်ခံသူ အတုအယောင်၏ ဂုဏ်သတင်း ပျက်စီးခြင်းက သူမကို ရှာတွေ့စေခဲ့ပြီး အိမ်သို့ ပြန်ခေါ်သွားနိုင်ခြင်း ဖြစ်ကြောင်း စုန့်ရင်း သဘောပေါက်သွားလေတော့သည်။
တကယ်တမ်းကျ သူမ အသိအမှတ် အပြုခံရဖို့ရန် အလျင်စလို ပြေးဝင်သွားစရာ မလိုကြောင်း ခံစားလိုက်ရ၏။ ကိစ္စရပ်များကို သဘာဝတကျ ဖြစ်ခွင့်ပေးလိုက်ပြီး ထိုလူကို သူ့ဘာသာ ထုတ်ဖော်ခိုင်းလိုက်ပြီး မိသားစုထံမှ စွန့်ပစ်ခံလိုက်ရစေကာ ထို့နောက်မှာမှ သူမဘာသာ ပေါ်ထွက်ရပေမည်။ ထိုဝိသေသက ပြီးပြည့်စုံစွာ ကွဲပြားသွားလိမ့်မည်ပင်။
တစ်ခုတည်းသော ပြသနာကတော့ ဟုန်ယန်က သူမကို သူမ မောင်ငယ်နှင့် တွဲဖက်ပေးဖို့ တစ်ခုတည်းကိုသာ စိတ်နှစ်ထားပြီး ယင်းက တကယ့်ကို ဂြိုဟ်ဆိုးကြီးပါပင်။
ရွှီသခင်မ ထွက်ခွာသွားခဲ့ပြီးနောက် စုန့်ရင်းက အားလပ်ချိန် ရသွားခဲ့ပြီဖြစ်ကာ ရှီလီကလည်း အိမ်သို့ ပြန်သွားခဲ့ပြီဖြစ်လေသည်။
သူမ အတန်းဖော် သူငယ်ချင်းများက ဤ Conversation ကို လုံခြုံအောင် ထိန်းထားနိုင်မည် ဖြစ်သည့်အတွက် သူမက ဖြစ်ကြောင်းကုန်စင်ကို လူတိုင်သထံ အသေးစိတ် ပြန်လည် ပြောပြလိုက်၏။
137 03
စုန့်ရင်းကို ရွှီမိသားစု၏ အငယ်ဆုံးသားနှင့် ဆုံဖက်နိုင်စေဖို့ ဟုန်ယန် ကြိုးစားနေကြောင်း အတန်းဖော်များ ကြားသိလိုက်ရသည့်အခါ လူတိုင်း လူတိုင်း ပေါက်ကွဲလေတော့သည်။ အရင့်ကျက်ဆုံး ဖြစ်သည့် အတန်းခေါင်းဆောင်တောင်မှ သူ၏ အေးဆေး ငြိမ်သက်မှုများကို ပျောက်ဆုံးသွားပေ၏။
(ဒီမိန်းမက တကယ့်ကို မကောင်းဆိုးဝါးပဲနော်၊ ဟုတ်တယ်မလား။)
ဂုဏ်သိက္ခာမြင့်မားသည့် လူများအတွက် သူတို့ တွေးနိုင်သမျှ အကြမ်းတမ်းဆုံး စကားလုံးက “အယုတ်တမာမ” နှင့် “မြေခွေးစဥ်းလဲမ” ဟူ၍သာ ဖြစ်ပါ၏။
ထို့နောက် ထိုအတုအယောင်မက ထိုအရာများ ထိုးသွင်း ရှူရှိုက်သည်ဟု ပြောလာချိန်မှာတော့ ယင်းက အမှန်ကို မကောင်းဆိုးဝါးက မကောင်းဆိုးဝါးဖြင့် ပြန်လည် ပေးဆပ်ရကာ သူမနှင့် ထိုက်တန်သည်ဟု အားလုံးက တခဲနက် ထောက်ခံလာကြတော့သည်။
ထို့နောက် လူတိုင်းက စုန့်ရင်း နောက်ထပ် ဘာလုပ်သင့်သည်ကို အပူတပြင်း ဆွေးနွေးခြင်းထဲသို့ သက်ဆင်းလေတော့သတည်း။
ရုံရုံခမျာမှာတော့ မနေ့တည်းက ဤ Group Chatထဲသို့ စုန့်ရင်း ဆွဲခေါ်ထားခြင်း ခံထားရပါ၏။ သူမက ထို Group Chatမှ Message Notiကို Mute လုပ်ထားပြီး တနေ့တွင် ထို Group Chatထဲမှ သောင်းချီသော Message များကို ဖတ်မိပေရာ သူမ အတန်းဖော်များထံမှ အံ့သြတုန်လှုပ်မှု အသေးစားကို ရရှိလိုက်တော့သတည်း။
Cafeteria မှာ နေ့လည်ခင်း ထမင်းစားနေကြစဥ် ဘေးစားပွဲမှ တစ်ယောက်က သူ၏ Learning Talent ကို ကြွားလုံးထုတ်နေသည့် လူတစ်ယောက်၏ စကားကို နားစွန်နားဖျား ကြားလိုက်ရပေသည်။
“အမှန်တကယ်တော့ ငါ စာလုပ်တဲ့ အချိန်တုန်းက ဘယ်လို အထူးလှည့်ကွက်မှ မလုပ်မိပါဘူး။ အဲဒါ ပင်ကိုယ် အရည်အချင်းပဲ ဖြစ်မှာ။ နင်တို့တွေ လက်တွေ့ မေးခွန်းတွေ လုပ်ရင်းနဲ့ နောက်ကျတဲ့အထိ မနေသင့်ဘူး။ ငါဆို ဆယ်နာရီ ထိုးရင် အမြဲတမ်း အိပ်ရာဝင်တယ်။ ပြီးရင် အပို လေ့ကျင့်ခန်းတွေ အမြဲလုပ်တော့ ငါ့အဆင့်တွေက ခုထိ ကောင်းကောင်းမွန်မွန် ဖြစ်နေတာပေါ့။ စာလေ့လာတဲ့ အချိန်ကျမှ ငါသိတာက အဲဒါက ပင်ကိုယ် အရည်အချင်းပဲ ဖြစ်မယ်လို့လေ”
စကား တစ်ကြောင်းချင်းစီက ပင်ကိုယ် အရည်အချင်းနှင့် အဆင့်ကောင်းတွေချည်း ဖြစ်နေပေရာ ရှီလီ၏ ကျွဲမြီးတိုမှု များသည်လည်း တရိပ်ရိပ် တိုးလာပေတော့သည်။ သူမက လင်ဗန်းထက်မှ ခေါင်းကို လှည့်ကာ ထိုပါရမီရှင် ပညာသင်က မည်သူဖြစ်သနည်းဟု ကြည့်ရှုလိုက်ပေရာ ထိုလူက သူမ ရင်းနှီးကျွမ်းဝင်သူ တစ်ယောက်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုလူက အမြဲလိုလိုပင် စာမေးပွဲမှာ ကောင်းစွာ ပြုမူနိုင်သူဖြစ်ပြီး ရှီလီအနေဖြင့် သူ့ကို စာမေးပွဲခန်း တစ်ခုတည်းမှာ ရံဖန်ရံခါ တွေ့ဖူးပါ၏။ သူတို့က ဘယ်တုန်းကမှ စကား မပြောခဲ့ဖူးသော်လည်း ထိုသူ၏ တည်ရှိမှုကိုတော့ သူမ သတိပြုမိပါ၏။
မျက်စောင်းထိုး နေရာမှာ ထိုင်နေသည့် ကောင်မလေး၏ ဒေါသထွက်နေသည့် အမူအရာကို သူမက ဖျတ်ခနဲ ဖမ်းဆုပ်မိပေရာ သူမလည်း သူမ မျက်လုံးလေးကို ဟန်ပါပါ လှိမ့်လိုက်တော့သည်။
( ဟေး ၊ ကလိန်ကကျစ်ကောင်၊ နင် ဘာလို့ ဒီနေရာလာပြီး ကြွားလုံး ထုတ်နေရတာလဲ)
(အဲဒီ အဆင့်တွေက ဘာဖြစ်ဖြစ် နင်နဲ့ ဘာဆိုင်လို့လဲ)
(ပြီးတော့ အဲဒါက လစဥ် စာမေးပွဲလေးပဲဟာ။ ဘယ်နေရာမှာများ လှည့်စားဖို့ ထိုက်တန်နေလို့တုန်း။ အဲဒါက ဘဝကို ပြောင်းလဲပေးမဲ့ စာမေးပွဲမှ ဟုတ်မနေတာကြီး။ တကယ်လို့ နင်သာ သတ္တိရှိရင် ဘာလို့ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ကလိန်ကကျစ် နည်းလမ်းကို မသုံးတာလဲ)
အမှန်တကယ်တော့ သူ့မှာ သတ္တိ မရှိပါပေ။ (ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ သူ့ စွမ်းဆောင်ရည်တွေက အရမ်းကို သာမန်ပါပဲ။ အဲဒီ ပုံမှန်ရမှတ်တွေနဲ့ဆို သူက ဗဟိုတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီး နောက်ဆုံးကျတော့ ဘွဲ့မရတဲ့ တက္ကသိုလ်ကျောင်းသား အဖြစ်ပဲ အဆုံးသတ်သွားတာကြီး။ အဲ့တော့ သူသာ စွမ်းဆောင်ရည် မပြည့်ဝဘူးလို့ ပြောနေရင် ငါ ထင်တာ သက်မွေးမှု ကောလိပ်အဆင့်ထိ ပြုတ်ကျပြီး အဆုံးသတ်သွားမှာပဲ”
ဤလူ၏ ညံ့ဖျင်းမှုကက ယခင်နှင့် ထို့နောက်ဟူသည့် အကြားမှာ ဆန့်ကျင်စွာပင် ကွာခြားသွားပေရာ ရှီလီလည်း ထိုလူကို အတော်ကြီး စိတ်ဝင်တစား ရှိမိပေ၏။
137 04
သူက ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် မစွမ်းဆောင်နိုင်သည်ကို သိရှိထားပေရာ သူ၏ ယခင်က စာမေးပွဲတွင် လိမ်ညာ လှည့်ဖြားမှုများ ပြုလုပ်ထားခဲ့သလား စဥ်းစားမိပေ၏။
သို့သော် သူမ၏ မျက်လုံးများဖြင့် ခိုင်မာသော အထောက်အထားကို မမြင်ရသေးသ၍ ယင်းက ထင်ကြေးသက်သက်သာ ဖြစ်ပေသည်။
စာမေးပွဲ ဖြေဆိုနေစဥ်အတွင်း ခိုးချသည့် စာရွက်များ သုံးနေသည့် သူ့ကို မြင်ခဲ့ရသည်ဟု နောက်ပိုင်းမှာ အတန်းသားများ ပြောဆိုသည်ကို သူမ ကြားခဲ့ရပါ၏။ ထို့ကြောင့်သာလျှင် ပြီးခဲ့သည့် အကြိမ်မှ သူ့ အဆင့်များက လေထိုးသည့်နှယ် တိုးတက်လာခြင်း ဖြစ်ပေ၏။
ရှီလီ၏ စိတ်တွင်းမှ အသံက မိုးချုန်းသံနှယ် ထွက်ပေါ်လာခဲ့ကာ ကန်တင်း၏ အခြားနေရာများမှာ စားသောက်နေကြသည့် အတန်းဖော်များ အားလုံးလည်း ကြားနေရပါ၏။
စာမေးပွဲမှာ ကလိန်ကကျစ် ကျခြင်း ဟူသည် အမွေဆက်ခံသူ အတုနှင့် အစစ်ဟူသည့် အခြေအနေနှင့် စာသော် လုံးဝကို သူလိုငါလို သာမန်ကိစ္စ ဖြစ်ပုံသာ ပေါ်ပါ၏။
သို့သော် အနိမ့်အမြင့် အတက်အကျ များလွန်းသည့် ဘဝမှာတော့ မျှခြေဖြစ်ဖို့ရန် တည်ငြိမ်အေးဆေးမှု တချို့တလေတော့ လိုသည် မဟုတ်ပါလား။
ထို့ပြင် ကျောင်းသားများအတွက်က စာခိုးချခြင်းဟူသည် မည်သို့သော မုန်းတီးစရာ ကိစ္စရပ်မှ မဟုတ်ပါလေ။
သင်၏ ညံ့ဖျင်းသော အဆင့်များက နာကျင်ရဖို့ လုံလောက်သည် ဆိုပါလျှင် အခြားသူများ၏ တော်တတ် ထူးချွန်လှသည့် အဆင့်များက ပိုလို့တောင် ရင်ကွဲနာကျစရာ ပေတည်း။
ထူးချွန်ပြောင်မြောက်သယောင် အယောင်ဆောင်ထားသည့် ကျောင်းသားတုကြီးကို သူ့ ထိုင်ခုံပေါ်မှ ကန်ချပစ်ရန်က လူတိုင်း ဝမ်းပမ်းတသာ မြင်တွေ့လိုကြသည့် အနာဂတ် စိတ်ကူယဥ် ဇာတ်ညွှန်းကြီးပါပင်။
ထိုအရာ အားလုံးကလည်း သူ လုံလုံလောက်လောက် ကျွမ်းကျင်မှု ရှိမရှိ အပေါ်တွင်သာ မူတည်နေပေသည်။ စာမေးပွဲတိုင်း စာမေးပွဲတိုင်းတွင် လူတိုင်း စောင့်ကြည့်နေပါလျက်က သူသာ ကလိန်ကျနိုင်မည် ဆိုပါလျှင် ယင်းက သူ၏ စွမ်းရည် ဖြစ်ပြီး ၎င်းနှင့်ပတ်သက်သမျှတွင် သူတို့တွေ ချို့ငဲ့နေပါကြောင်း သက်သေပြနေသည်ပင်။
ထိုအခြေအနေကို သတိမမူမိသည့် အတန်းပိုင်ဆရာကမူ အစည်းအဝေးမှ ပြန်လာပြီးနောက် ကြေညာလိုက်၏။
“ လူတိုင်းပဲ နောက်စာမေးပွဲကျရင် ဂရုစိုက်ရမယ်နော်။ ငါတို့ကျောင်းရဲ့ စာမေးပွဲစောင့် ကိရိယာတွေ အကုန်လုံးကို ကောလိပ်ဝင်ခွင့် စာမေးပွဲရဲ့ အဆင့်နဲ့ ကိုက်ညီအောင် အဆင့် မြှင့်တင်လိုက်ပြီ။ အဲဒီ HD စက်တွေ အကုန်လုံးက နင်တို့ အားလုံးရဲ့ လှုပ်ရှားမှု သေးသေးလေးတွေကိုတောင် ရှင်းရှင်းလင်းလင်း ဖမ်းမိနိုင်တယ်နော်။ ဘယ်လို မျှော်လင့်ချက် အမှားမျိုးကိုမှ သိမ်းမထားကြနဲ့”
လူတိုင်းကမူ တစ်ယောက်နှင့်တစ်ယောက် အူကြောင်ကြောင်ဖြင့် ကြည့်မိကြလေသည်။ နင် မဟုတ်ဘူးမလား။ ငါတော့မဟုတ်ဘူးနော်။
ဘယ်သူက အဲ့လောက်မြန်မြန်ကြီး လှုပ်ရှားနိုင်မှာ မို့လို့လဲ။
******
138 01
အပိုင်း 138.
ပွဲကြည့် ပရိသတ်များခမျာ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေမိကြပြီး အထူးသဖြင့် သူတို့ထဲမှာ ကျောင်း၏ ဘုတ်အဖွဲ့ဝင် နောက်ခံ ရှိကြသည့် ကျောင်းသားများမှာ ကြောင်တက်တက်လေးတွေ ဖြစ်နေကြပါ၏။
သို့သော် ယခုချိန်မှာ သူတို့၏ အမူအရာများက စိတ်ရှုပ်ထွေးနေသလိုသာ ဖြစ်နေကာ ဤကိစ္စကဖြင့် သူတို့နှင့် ဘာမှမသက်ဆိုင်ပါဟု ညွှန်ပြနေသလိုပါပင်။
အကယ်၍များ ယင်းက ကျောင်းသားများထံမှ အကြံပေးချက်သာ မဟုတ်ပါလျှင် အတန်းပိုင်ဆရာသည်လည်း ထိုကိစ္စကို ကျောင်းသားခေါင်းဆောင်များထံ တင်ပြနိုင်ပါအံ့နည်း။
သူတို့၏ အသုံးမကျသော အတန်းပိုင်ဆရာက ယခုလို လုပ်နိုင်စွမ်းမျိုး ရှိလိမ့်မည်ဟုတော့ မည်သူကမှ မယုံကြည်ပါပေ။ အကယ်၍ ကျောင်းသားများကသာ အမှန်တကယ် ကလိန်ကျခဲ့ပြီး ကျောင်း၏ စာမေးပွဲစောင့်ကြပ် ကိရိယာများကသာ ရလဒ်အတိုင်း အဆင့်မြှင့်နိုင်ခဲ့လျှင် သူက ပထမနေရာကို ကြားဝင်နှောင့်ယှက် ပစ်မှတ်ထားခဲ့မည် မဟုတ်ပေ။
ထို့အပြင် ကျောင်းသားများ၏ Cafeteiria နှင့် ဆရာ ဆရာမများ၏ Cafeteria က သီးခြားစီ ခွဲခြားထားပေရာ နေ့လည်စာ စားနေကြစဥ်အတွင်း အတန်းပိုင်ဆရာက ရှီလီ၏ အတွေးတို့ကို ကြားနိုင်သည်ကလည်း မဖြစ်နိုင်ပေ။
ဤစာခိုးချခြင်းကဲ့သို့သော အသေးအဖွဲ ကိစ္စမျိုးကလည်း နေ့လည်စာ စားပြီးနောက် အတန်းထဲမှာ ဆွေးနွေးရလောက်အောင်လည်း ထိုက်တန်မနေပေ။
ထို့ကြောင့် မည်သည့် ရှုထောင့်ကနေပဲ ကြည့်ကြည့် ဤကိစ္စကို အထက်လူကြီးများက သိပုံမပေါ်ပေ။
အတန်းပိုင်ဆရာကမူ ကျောင်းသားများထံမှ အမျိုးမျိုး အဖုံဖုံသော အကြည့်များကို လက်ခံ ရရှိလိုက်ပေရာ သူ့ခမျာ ပဟေဠိ ဖြစ်သွားရပြီး ဤကျောင်းသားအားလုံးကများ ကလိန်ကျချင်နေသလား တွေးမိပေ၏။ သို့မဟုတ်လျှင် ကျောင်း၏ စာမေးပွဲ စောင့်ကြည့် ကိရိယာများက အဆင့်မြှင့်တင်လိုက်ပြီဟု ကြားရပြီးသည့်နောက် အလွန် ရှုပ်ထွေးသော အကြည့်များဖြင့် အဘယ်ကြောင့် သူ့ကို ကြည့်လာကြပါမည်နည်း။
အတန်းပိုင်ဆရာက ကိုယ်ကျင့်သိက္ခာ အဆုံးစွန်ထိတိုင် မြင့်မားသူမျိုးတည်း။ သူ့အတန်းသားများက အဆင့်တွေ ညံ့သည်ကို လက်ခံပေးနိုင်သည်။ သို့သော် သူ့ကျောင်းသားများ ဖြတ်လမ်းနည်း သုံးလိမ့်မည်ကိုတော့ လုံးဝ လက်မခံနိုင်ပေ။
သူ့ကလေးက လမ်းမှားကြီးသို့ လျှောက်နေသည်ကို သိလိုက်ရသည့် အဖေအိုကြီး တစ်ဦးနှယ် အတန်းပိုင်ဆရာမှာ မျက်ရည်များ ရစ်ဝိုင်းလာပေတော့သည်။
သူက အခုမှ အသက်သုံးဆယ်တောင် မဟုတ်သေးသည့် နှစ်ဆယ့်ကိုးနှစ်သာ ရှိသေးကာ ယခုမှသူ၏ ဘဝအစသာ ရှိသေးကြီး ငယ်ရွယ်လွန်းပါသေးသည်။
မူလတုန်းကတော့ သူက အတန်းသို့လာကာ ကြေငြာချက် ပြုလုပ်လိုရုံသာ ဖြစ်ပြီး ယခုမူသူ့ကျောင်းသားများက ကလိန်ကျကာ စာခိုးချမည်ကို သူ ကြောက်ရွံ့လှပြီး အမိခံလိုက်ရမည်ကို ပိုလို့တောင် စိုးရိမ်လာပေပြီ။ ထို့ကြောင့် သူက ထိုသို့ ကြေညာရမည့်အစား ကျောင်းသားများကို လမ်းလွဲလိုက်ခွင့် မပြုကြောင်းကို ရှည်လျားစွာ ပို့ချလေတော့သည်။
တချို့သော ကိစ္စများက တကြိမ် ပြုလုပ်လိုက်တာနှင့် တစ်ဘဝလုံး ဝမ်းနည်း နောင်တ ရ,ရပေလိမ့်မည်။
မူလတုန်းကတော့ ထိုကျောင်းသားများမှာ ကျောင်းအုပ်ကြီးထံ မည်သူကများ သတင်းပေးလိုက်သလဲ ဟူသည်နှင့် သူတို့က ဤကိစ္စ တစ်ခုတည်းကိုသာ ပြောမိတာလား သို့မဟုတ် အခြားသော ကိစ္စအမြောက်အမြားကိုပါ ပြောမိသေးသလားဟု ဆန်းစစ် ရှာဖွေနေမိကြေပသည်။
အတန်းပိုင်ဆရာက တရားဟောနေသည်ကို စတင် နာကြားရသည့်အခါ သူတို့ခမျာ အလွန်အမင်းကို ပျင်းရိလာကြပြီး အိပ်ပျော်ကြတော့မတတ်ပင်။
138 02
ထိုတရားနာ ပရိသတ်အပေါင်း ကျောင်းသားတို့မှာ တစ်ယောက်ပြီးတစ်ယောက် သမ်းဝေလာကြပေတော့သည်။
ထိုအကြောင်းများကို နားထောင်ပြီးနောက် ရှီလီသည်လည်း ပျင်းရိငြီးငွေ့ လာပေတော့သည်။ ( ဒီဆရာအိုကြီးကတော့ အကျဥ်းသား ပြုပြင်ရေးမှာ အလုပ်သမား သွားမလုပ်တာ တကယ့်ကို ဖြုန်းတီးရာ ကျတာပဲနော်)
အတန်းပိုင်ဆရာ: : သည်းခံထားစမ်း၊ ဒါက ထိပ်တန်းကျောင်းသူနော်။ သူ ချုပ်တည်းထားရမယ်။
ရှီလီ၏ ကြားဝင်နှောင့်ယှက်မှုကြောင့် သူ့စကားများ ဘယ်ဆီဘယ်ဝယ် ရောက်ပေါက်ကုန်ပြီကို သူ့ခမျာ ယာယီ မေ့လျော့သွားလေသည်။ ဟုတ်ပါပြီ၊ ဤကျောင်းသားများက နားမထောင်ချင်ဘူး ဆိုကတည်းက သူလည်းပဲ ကောင်းကောင်းမွန်မွန် ရပ်တန့်ရမှာပင်။
ရှီလီ တစ်ယောက်တည်း ကသာလျှင် အတန်းပိုင်ဆရာ၏ စိတ်တိုဖွယ် ဂါထာမန္တရားများကို အမြစ်ဖြုတ်နိုင်ကြောင်း ကျောင်းသားများက သဘောပေါက်သွားလေသည်။
အတန်းပိုင်ဆရာ၏ တရားေဒသနာများကို မည်သူကမှ မနာကြားလိုသလို ရှီလီ၏ စကားများကသာ ထိရောက်ပေသည်။ တကယ်တမ်းမှာတော့ အတန်းပိုင်ဆရာက ရှီလီ၏ အတွေးများကို ကြားနိုင်ပြီး သူမက ဆရာ၏ ထိပ်တန်း ကျောင်းသူ ရတနာတုံးလေးပါပင်။
ထိုအခြေအနေ နှစ်ခုစလုံးက မရှိမဖြစ် လိုအပ်လှသည်ပင်။
အတန်းဆင်းပြီးနောက် သူ့ကို Group Chatထဲမှာ Mention ခေါ်ထားသည့် Message ကို မြင်ပါမှ နေ့လည်စာ စားချိန်တုန်းက ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို အတန်းပိုင်ဆရာခမျာ သဘောပေါက်ရပေတော့သည်။
လူတိုင်းသည်လည်း သူတို့တွေ အပြင်လူကို မပြောပြမိပါဟု မရမက ရှင်းပြကြကာ အတန်းပိုင်ဆရာ တစ်ဦးတည်းသာ လတ်တလောလေးကမှ သိရှိထားသူပင်။
အတန်းပြီးသည့်နောက် စုန့်ရင်းတောင်မှ သူမ ထိုင်ခုံဖော်ကောင်းလေးထံ အပြေးအလွှား လာရောက် မေးမြန်းခဲ့သေး၏။ စုဆောင်း ရရှိထားသမျှ သတင်းအချက်အလက်များအရ သူတို့ အတန်းထဲက တစ်ယောက်ကမှ ထိုသတင်းကို မပေါက်ကြားစေခဲ့ပါပေ။
ထိုအချက်ကြောင့် အတန်းသားများအနေဖြင့် သူတို့အတန်းထဲမှ လူများအပြင် အခြား တစ်စုံတစ်ဦးကများ ရှီလီ၏ အတွေးများကို ကြားနေနိုင်သလား ဟူသည့် မှန်းဆချက်တမျိုး ထွက်ပေါ်လာခဲ့လေသည်။
လူတိုင်းအတွက်တော့ ယင်းက သတင်းကောင်း မဟုတ်ပေ။
အထူးသဖြင့် ရှီလီ၏ အတွေးများကို ကြားနိုင်သည့် အခြားတစ်ယောက်က မည်သူ ဖြစ်သနည်း သူတို့ မသိနိုင်ခြင်းပင်။
ထိုသူကို ဆက်သွယ်ကာ ဆက်ပြီး တိတ်တိတ်ကလေး နေခိုင်းရန်လည်း ဘာနည်းလမ်းမှ ရှိမနေပေ။
အတန်းပိုင်ဆရာခမျာ ခိုကိုးရာမဲ့စွာ ပြောလိုက်၏။ ( ငါ နောက်ပြီးကျရင် အဲဒီအကြံကို ကျောင်းအုပ်ကြီးဆီ ဘယ်သူက ပေးလိုက်တာလဲဆိုတာ ဒါရိုက်တာကို သွားမေးလိုက်ရတော့မလား)
ယင်းက သူတို့ လုပ်နိုင်သမျှ အရာအားလုံးပါပင်။
သို့သော် အတန်းပိုင်ဆရာခမျာ စုံစမ်း စစ်ဆေးသမှုပင် မပြုရသေးမီး နောက်ထပ် အစည်းအဝေး တစ်ခု ထပ်တက်ရန် အကြောင်းဖန်လာပေတော့သည်။
သူက ကျောင်းသားများထံ “အိုကေ” ဟူသည့် အမူအရာမျိုး လုပ်ပြလိုက်ကာ သူ့အနေဖြင့် ခေတ္တနားနေချိန်အတွင်း မေးမြန်းဖို့ ကြိုးစားမည်ဟု ရည်ညွန်းသွားခြင်းပင်။
အကယ်၍များ ယင်းက အလုပ်မဖြစ်သော် သူ့အနေဖြင့် အစည်းအဝေး.ပြီးသည့်နောက်မှာ မေးမြန်းဖို့ အခွင့်အရေး ရှာလို့ ရသည်ပဲ။
အတန်းပိုင်ဆရာက အစညး်အဝေးမှ ပြန်မလာသေးမီ Group Chat အတွင်းသို့ သတင်းတစ်ခု ပေးလာလေသည်။
(ကလေးတို့၊ ကျောင်းသားတွေရဲ့ ကျင့်ဝတ် ဂုဏ်သိက္ခါအတွက် ဆိုပြီး အခုလာမဲ့ တနင်္လာနေ့ရဲ့ Self-study တန်းကျရင် ကျောင်းရဲ့ ကျောင်းခေါင်းဆောင်တွေက ကျင့်ဝတ်ဆိုင်ရာ ဟောပြောပွဲ ကျင်းပလိမ့်မယ်။ အတန်းသုံးတန်းက အတူတူ တက်ရမှာ။ ငါတို့ အတန်းနဲ့အတူ Class 2ရော Class 3ပါ အတူတူ တက်ရမှာဆိုတော့ ငါတို့ကို သင်ပေးရမဲ့ ကျောင်းအုပ်ကြီးကတော့ အတော် ကံကောင်းသွားတာပေါ့)
138 03
အတန်းပိုင်ဆရာ၏ Message အောက်တွင် ကျောင်းသားများ၏ မေးခွန်းများနှင့် Question Mark များ စဥ်ဆက်မပြတ် ေပါ်ပေါက်လာလေတော့သည်။
(ဆရာ၊ ကျောင်းအုပ်ကြီးကို အဲဒီအကြောင်း ဘယ်သူ ပြောပြလိုက်လဲဆိုတာ ဆရာ သိခဲ့ရပြီလား)
အတန်းပိုင်ဆရာ∷ (ငါ အခုအဲဒါကို မေးဖို့ အခွင့်အရေး မရသေးဘူး။ သူတို့က အခု ဟောပြောပွဲ အကြောင်းကိုပဲ ဆွေးနွေးနေကြတာ)
နာရီဝက်မျှ ကြာပြီးနောက် အတန်းပိုင်ဆရာ၏ အစည်းအဝေးက ပြီးဆုံးသွားလေသည်။ သို့သော် အစည်းအဝေးခန်း အတွင်းမှာတော့ သူက မည်သည့် အခွင့်အရေးမှ ရှာမတွေ့ခဲ့ပါပေ။
ထို့ကြောင့် သူက ဒါရိုက်တာနောက်သို့ သုတ်သီးသုတ်ပျာဖြင့် လိုက်သွားလေတော့သည်။
“ဒါရိုက်တာ ၊ ကျနော် ခင်ဗျားကို မေးချင်တာလေး ရှိလို့”
မူလဒါရိုက်တာကျူးက သူ့ယောက်ဖနှင့်အတူ ဂုဏ်သိက္ခာများ ကျဆင်းခဲ့ရပြီး ထိုယောက်ဖကို အာဏာ အလွဲသုံးစား လုပ်မှုဖြင့် ကျောင်းက သူ့ကို ထောင်ထဲသို့ ထည့်လိုက်တာ ဖြစ်လေသည်။
ဒါရိုက်တာကျူးက အရည်အချင်း မပြည့်ရုံမျှသာဖြစ်ကာ မည်သည့် တရားဥပဒေ ချိုးဖောက်သည့် ပြစ်မှုတွင်မှ မပါဝင်ခဲ့ရာ ကျောင်းက သူ့ကိုတော့ အလုပ်မှ ထုတ်ပယ်ရုံသာ ဒဏ်ပေးခဲ့ပေ၏။
ဒါရိုက်တာအသစ်၏ မျိုးရိုးအမည်က ချန်ဖြစ်ပြီး အသက် 50 ဝန်းကျင် ခန့်မျှသာ ရှိသေးကာ စွမ်းဆောင်ရည် ပြည့်ဝလှသူပင်။
ယခင် အမှုဆောင်ကျူးနှင့်စာသော် သူမက မည်သည့် ရှုထောင့်မှကြည့်ကြည့် ပိုမိုသာလွန် ကောင်းမွန်ပေ၏။
ယခင်က အမှုဆောင်ကျူး၏ ရုံးခန်းက ယခုမူ အမှုဆောင် ချန်၏ အလုပ်နေရာ ဖြစ်သွားပေပြီ။ အမှုဆောင်ကျူးက မလျော်ကန်သည့် အပြုအမူဖြင့် ထွက်သွားရတာ ဖြစ်သည့်အတွက် အမှုဆောင်ချန်း ပြောင်းမလာမီ ကျောင်း၏ Logistics Department က ရုံးခန်း၏ ဖွဲ့စည်းပုံနှင့် ပရိဘောဂ အသုံးအဆောင်များကို လုံးလုံးလျားလျား ပြန်လည် ပြင်ဆင်ခဲ့ရပေ၏။
အမှုဆောင်ကျူးက ဆေးလိပ် သောက်ရတာကို မနှစ်သက်သလို အပင်ငယ်လေးများ စိုက်ပျိုးခြင်းကို နှစ်သက်သူပင်။ သူမ၏ ရုံးခန်းက အစဥ်သဖြင့် သန့်ရှင်းသပ်ရပ်နေကာ လူတစ်ယောက် ဝင်သွားပြီ ဆိုသည်နှင့် ရုံးခန်းတွင်းမှ မွှေးပျံ့သော သင်းရနံ့ကိုသာ ရပေလိမ့်မည်။
အတန်းပိုင်ဆရာက အလွန်ကို နှိမ့်ချတတ်သော အပြုံးမျိုး ပြုံးလိုက်ကာ
“ ကျောင်းရဲ့ စာမေးပွဲ စောင့်ကြပ်ကိရိယာတွေကို ဘာဖြစ်လို့ ရုတ်တရက်ကြီး အဆင့် မြှင့်တင်လိုက်တာလဲဆိုတာ ကျနော် ခင်ဗျားကို မေးချင်လို့။ ပြီးခဲ့တဲ့ လပတ် စာမေးပွဲတုန်းကများ ကျောင်းသားတွေက စာခိုးချဖို့ ကြိုးစားခဲ့လို့လား”.
သူ၏ ရုတ်တရက် မေးခွန်းကြောင့် ပဟေဠိဖြစ်သွားသည့် အမှုဆောင်ချန်ကလည်း ပြန်ဖြေလိုက်ပါ၏။
“အဲဒါကြောင့် မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာကို အာရုံစိုက်ပေးဖို့နဲ့ ကျောင်းအဆောက်အဦးတွေက ကလေးတွေ စာကောင်းကောင်း လေ့လာလို့ရတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်အောင် အာရုံစိုက်ကြဖို့ အထက်လူကြီးတွေဆီကနေ မျှောစာတွဲ ရခဲ့တယ်လေ။ အထူးသဖြင့် ကလိန်ကကျစ် အပြုအမူမျိုးကို ကြိုတင် ကာကွယ်ရမယ်တဲ့”
အမှုဆောင်ချန်က အခြားကျောင်းမှ လူများကိုလည်း သိရှိပြီး အထက်မှ ပေးပို့လာသည့် ဤမျှောစာတွဲ၏ နောက်ကွယ်မှ အကြောင်းပြချက်ကိုလည်း သိရှိပါ၏။
“လတ်တလောက လုပ်ခဲ့တဲ့ အလယ်တန်းကျောင်း ပေါင်းစုံ ပူးတွဲ စာမေးပွဲမှာ အထက်လူကြီးတွေက အမှတ် 1 အထက်တန်းကျောင်းကို သွားပြီး စစ်ဆေးခဲ့တယ်လေ။ အဲဒီမှာတင် စာခိုးချတဲ့ ကျောင်းသားတစ်ယောက်ကို မိသွားတယ်။ ခေါင်းဆောင်တွေက ရှာတွေ့သွားတဲ့ အချိန်ကျ အဲ့ကျောင်းသားက ဝန်ခံဖို့ကို လုံးဝ ငြင်းနေတော့ သူတို့ ဒေါသူပုန် ထသွားတာပေါ့ဟယ်”
138 04
“စာခိုးချတာကဖြင့် အတော်ကြီး ဆိုးဝါးနေမှကို ဒင်းက မကောင်းမှု ကျူးလွန်ထားမှန်း ဒီလောက် သိသာသာနေတာကို ဝန်ခံဖို့ ငြင်းတယ်ဆိုတာ ပိုတောင်မှ ဆိုးဝါးသေးတာပေါ့။ အမှတ် 1 အထက်တန်းကျောင်းရဲ့ သင်ကြားရေး ထောက်ကူပစ္စည်းတွေ အကြောင်း မင်းလည်း သိတာပဲ။ အဲဒီ စောင့်ကြည့်ကင်မရာတွေကလည်း အပြသက်သက်ပဲလေ။ ခေါင်းဆောင်တွေကလည်း အတော်ကြီး စိတ်ဆိုးပြီး စောင့်ကြည့်ကင်မရာက မှတ်တမ်းကို စစ်ဆေးပေးဖို့ ကျောင်းကိုလည်း ပြောလိုက်ရော သူတို့မှာ စောင့်ကြည့်မှတ်တမ်း မရှိပါဘူးလို့ ကျောင်းက ပြောလိုက်ပါလေရော”
အတန်းပိုင်ဆရာ∷ အဲဒီ ခေါင်းဆောင်တွေ ဘယ်လောက်တောင် ဒေါသတွေ ပေါက်ကွဲနေမလဲဆိုတာ ဘယ်သူမဆို တွေးကြည့်နိုင်တာကြီး။
ဤရှင်းပြချက်က ဤနေ့လည်ပိုင်းတွင် သူတို့ ဘာကြောင့် အစည်းအဝေး နှစ်ကြိမ်တက်ရသလဲ ဟူသည့် ရှင်းချက်ဖြစ်ပြီး အားလုံးက ထိုငနဲသား၏ ထောက်ပံ့ကူညီ ကျေးဇူးပြုမှုများကြောင့်ပါပင်။
ဤလူက တစ်ခုခုတော့ တစ်ခုခုသာ အမှန်ဖြစ်ကာ သူက ခေါင်းဆောင်များနှင့် ရင်ဆိုင်ရမှာ သိသိရက်နှင့်ပင် ဒင်းက ဝန်ခံဖို့ ခေါင်းမာနေချေသေး၏။
အမှတ်1 အထက်တန်းကျောင်းမှ ကျောင်းခေါင်းဆောင်များနှင့် ဆရာ ဆရာမများသည်ကား ထိုပြသနာကောင်ကို သေလုမတတ် မုန်းတီးကြပေတော့သည်။
တစ်ထောင်မျှသော ကောင်းမှုမျိုးစေ့က ဤပြသနာကောင်၏ အကုသိုလ် ရေတပေါက်ကို မဖုံးလွှမ်းနိုင်ချေတကား။
အမှုဆောင်ချန်သည်လညိး အတင်းအုပ်ရန် စိတ်အား ထက်သန်လှသူပင်။ ရုံးခန်းမှ ထွက်လာပြီးနောက် အတန်းပိုင်ဆရာသည်လည်း အတင်းအဖျင်းများကို ပါးစပ်နှင့်အပြည့်မျှ သွတ်သွင်း ကျွေးမွေးခံလိုက်ရပေသည်။
ထို့နောက် သူက Group Chatအတွင်းမှ သူ့ကလေးများထံ ယင်းသတင်းများကို မျှဝေလိုက်ပေတော့သည်။
အတင်းအုပ်နေကြစဥ်တွင် ရှီလီ၏ အတွေးများကို ကြားနိုင်သူ အခြား မည်သူမျှ ထပ်မရှိသေးကြောင်းကို ကျောင်းသားများက သဘောပေါက်လိုက်ပေသည်။
ယင်းက တိုက်ဆိုင်မှု သက်သက် ဖြစ်ရပ်သာတည်း။
ကိစ္စက ထိုသို့ဆိုမှတော့ လူတိုင်းလည်း စိတ်သက်သာရာ ရသွားလေသည်။
နောက်တစ်နေ့ ရောက်သည့်အခါ စာရိတ္တတန်းကို တက်ရောက်ရမည့် အတန်းစာရင်းနှင့် အချိန်ဇယားများကို ကျောင်းခေါင်းဆောင်များက စီစဥ်ပေးခဲ့ပါ၏။
ကျောင်းခေါင်းဆောင်များ အနေဖြင့် ယင်းသို့သော ကိစ္စက အလွန် လေးနက်လှချည့်ဟု ခံယူထားပေ၏။ အတန်းတက်တာ ရှားပါးလှသည့် လျန်ရုန်ရုန်ကဲ့သို့သော ကျောင်းသူအတွက်မူ သူမက လက်ရှိမှာ စာရိတ္တအတန်း မတက်ရောက်နိုင်ပေရာ Class 3မှ အတန်းပိုင်သည်လည်း နာမည်စာရင်းတွင် သူမ အမည်ကို မထည့်သွင်းမိပေ။
အတန်းတိုင်းမှာက ကျောင်းသား အနည်းငယ်သာ ရှိပါ၏။ ယင်းက မဖြစ်မနေ တက်ရောက်ရမည်ဟု မဆိုလိုသော်လည်း အတန်းထဲရှိ Roll Callမှာ အမည်ရှိနေသူက ပျက်ကွက်ခြင်းကမူ သိပ်ပြီး ကြည့်ကောင်းလိမ့်မည် မဟုတ်ပါချေ။
ထို့ကြောင့် အတန်းမတက်သည့် ကျောင်းသားများအတွက် အတန်းပိုင်ဆရာက ၎င်းတို့၏ အမည်ကို Register ပြုလုပ်မထားပေ။
အကယ်၍များ ကျောင်းသားအချို့တလေကသာ ကျောင်းသို့ လာရောက်ပြီး အတန်းတက်နေစဥ် ယင်းဟောပြောပွဲသို့ တက်ရောက်ချင်ပါကလည်း အဆင်ပြေသည်သာ ဖြစ်ပြီး သူတို့ကို မည်သူကမှ ဟန့်တားလိမ့်မည်မဟုတ်။
တနင်္လာနေ့ ရောက်ရှိလာသည့်အခါ စာရိတ္တ အတန်း၏ Class 1ကို ကျောင်းသားများက ကြိုဆိုခဲ့ပြီး စင်မြင့်၏ ပရိသတ် ထိုင်ရာနေရာတွင် ရှိနေခဲ့သူ ကျောင်းအုပ်ကြီးက အဓိကဟောပြောသူ အဖြစ် ပါဝင်ခဲ့ပေ၏။
ယင်းက တပတ်မှာ တတန်းသာဖြစ်ပြီး တချိန်မှာလည်း သင်ခန်းစာ တမျိုးသာ ပို့ချကာ သူတို့ကို စိတ်အပန်းဖြေခွင့်နှင့် စာမလုပ်ခွင့် ပေးထားပေရာ ကျောင်းသားများက အတော်ကြီး စိတ်ဝင်စားလာပေသည်။
ကောင်းပါလေ့၊ ယင်းက အတန်း မတင်မီ အားလုံး၏ အတွေးမျှသာတည်း။
ဤအတန်းများက စိတ်ဝင်စားစရာ ကောင်းသလား မကောင်းသလား ဆိုသည်ကတော့ သူတို့ အားလုံး ဤအတန်းကို တက်ရောက်ပြီးသည်အထိ စောင့်ကြည့်ရပေမည်။
138 05
အတန်းနံပတ်စဥ်အရ Class1မှ ကျောင်းသားများက ရှေ့ဆုံးမှ ထိုင်ရ၏။
ကျောင်းခေါင်းဆောင်များ အနေဖြင့် ယင်းက ဦးစားပေး ဆက်ဆံမှုဟု စဥ်းစားခဲ့ကြပြီး အခြားအတန်းမှ ကျောင်းသားများကမူ ယခုလို ထိုင်ရသည်က ကောင်းလှချည့်ဟု တွေးမိလေသည်။ သူတို့ကို နောက်မှာ ထိုင်ခွင့်ပြုခြင်းဖြင့် သူတို့က သူတို့ဖုန်းများကို တိတ်တိတ်လေး ခိုးဆော့နိုင်သလို အိပ်ငိုက်လို့လည်း ရပေမည်။
ကျောင်းအုပ်ကြီးက စင်မြင့်ထက်မှာ ရပ်နေခဲ့ကာ သူ့နောက်မှာလည်း သိသာထင်ရှားလှသည့် “ ကိုယ်ကျင့်တရားနှင့် ဥပဒေ” ဟူသည့် အနီရောင်စာလုံးကြီးများကလည်း ပြူးပြဲ တောက်ပနေပေ၏။
ကျောင်းအုပ်ကြီးက အတန်းမစမီမှာပင် ပျာယာခတ်နေသည့် လုပ်ဖော်ကိုင်ဖက် လူငယ်လေးနှင့် အတူရှိနေခဲ့ပြီး သူက ရေပူယူလာလိုက်၊ Power Point Presentation ကို ချိန်ညှိလိုက်၊ အတန်းတက်ရောက်သူများ စာရင်းကို ကူညီပြုစုပေးလိုက်နှင့် ယောက်ယတ်ခတ်နေကာ တကယ့်ကို နှာခေါင်းညိုကြီး* ဖြစ်ပေတော့သည်။
(* Brown-noser- နှာခေါင်းညိုကြီး- ရာထူးအာဏာ ရှိတဲ့လူကို ဖော်လံဖားနေပြီး အခြားသူများ အမြင်ကတ်လောက်အောင် ယောက်ယတ်ခတ်နေသူ)
သူက ကျောင်းအုပ်ကြီး၏ အတွင်းရေးမှူး မဟုတ်ဘဲ ကျောင်းအုပ်ကြီး၏ ကျောင်းသားဟောင်းသာ ဖြစ်ပေသည်။
သူ၏ ယခင်အထက်တန်းကျောင်းမှ ဆရာက ချန်ဖုအထက်တန်းကျောင်းမှာ ကျောင်းအုပ်ဖြစ်လာပေရာ ကျောင်းသို့ ဝင်ရောက်လာပြီးနောက် ထူးထူးခြားခြားကို အလျင်အမြန်ကြီး ရာထူး တိုးလာခဲ့ပြီး သုံးနှစ်အတွင်းမှာပင် Logistics Department ၏ လက်ထောက် အမှုဆောင် ဖြစ်လာခဲ့ပေသည်။
လူတို့ ပြောကြသလို ဖော်လံဖားများက မိုးကျရွှေကိုယ် ဖြစ်တတ်သည်ပဲ။
ကျောင်းအုပ်ကြီး၏ တရားဝင် အတွင်းရေးမှူးခမျာတော့ သူ့ကြောင့် ချောင်ထိုးခံရပေတော့သည်။
ကံမကောင်းစွာဖြင့်ပင် Class 1 မှ ကျောင်းသားများကမူ သူ့ကို အတော်ကြီး မုန်းတီးကာ ဆန့်ကျင်နေပေ၏။
ဤလူက ယခုနှစ်၏ နွေရာသီ ခရီးတိုထွက်ခြင်း အတွက် တာဝန်ခံ ဖြစ်ခဲ့ကာ သူတို့ အတန်းပိုင်ဆရာ၏ အဆိုအရ အဓိပ္ပါယ်မရှိသည့် ပြန်ပေးဆွဲ ဂိမ်းကို အကြံပေးခဲ့သူမှာ ဤအယုတ်တမာ ဖြစ်သော ဟူ၏။
ကျောင်းအုပ်ကြီး၏ ဘေးမှာ ယောက်ယတ်ခတ် ပြေးလွှားကာ ဝတ်ကြီးဝတ်ငယ် ပြုစုနေသူ အနှီသူအား မြင်ပြီး ရှီလီက အတိတ်မှ ဖြစ်ရပ် အချို့ကို ပြန်မှတ်မိခဲ့လေသည်။
သူမက စိတ်ထဲမှနေ၍ တက်တချက် ခေါက်လိုက်ကာ ( သူ့ရဲ့ ဒီကြယ်စင်လို တပည့်လေးက သူ့နောက်ကွယ်မှာ သူ့ဇနီးနဲ့ ချစ်ဇာတ်ခင်းနေတာကို ကျောင်းအုပ်ကြီး မသိတာ ဖြစ်နိုင်ပါတယ်)
Class 1,Grade 10မှ ကျောင်းသားများ၏ အတွေး ∷ woww ဒီနေ့ ကိစ္စတွေကတော့ ရှုပ်ထွေး ဆန်းပြားလာတာပဲနော်။
ပိုမို ရှုပ်ထွေးဆန်းပြားသော အတွင်းရေး ဖွင့်ဟချက်များတောင်မှ ရောက်ရှိလာပေပြီ။ Clas 2 ကျောင်းသားများ အနီးမှာ ထိုင်နေသည့် အတန်းခေါင်းဆောင်က တစ်စုံတစ်ယောက်၏ စကားပြောသံကို နားစွန်နားဖျား ကြားလိုက်ရပေသည်။
“ပေါက်တတ်ကရလား။ တကယ်ကြီးလား။ ဘယ်လိုလုပ်ပြီး အဲ့ကိစ္စကို သိတဲ့လူတောင် ရှိနေတာလဲ”
“ ကျောင်းအုပ်ကြီး ဇနီးရဲ့ ချစ်ဇာတ်ခင်းတာကိုတောင် သာမန်ကာ လျှံကာလို ပြောနေသေးတာနော်…. ဒီကိစ္စသာ ပေါက်ကြားသွားရင် ပါဝင် ပတ်သက်ခဲ့တဲ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လို မျက်နှာချင်းဆိုင်ကြမှာပါလိမ့်”
ရှုပ်ထွေး ပရမ်းပတာ ဖြစ်သွားရသည့် အတန်းခေါင်းဆောင်∷??????
******
139 01
အပိုင်း 139.
အတန်းခေါင်းဆောင်မှာ သူများ နားကြားလွဲသလား သို့တည်းမဟုတ် ထိုကျောင်းသားကများ အခြား အကြောင်းအရာကိုများ ဆွေးနွေးနေခြင်းလားဟု သံသယ ပွားနေမိ၏။
သို့သော် “ဆရာ့ ဇနီးနဲ့ ချစ်ဇာတ်ခင်းနေတယ်” ဟူသည့် စကားစုကို သူ ကြားလိုက်သည်မှာတော့ အသေအချာပင် ဖြစ်ကာ ထိုသူက ရှီလီ၏ အတွေးများကို တနည်းနည်းဖြင့်များ ကြားနိုင်သလားဟု တွေးမိလေသည်။
သူက အခြားအတန်းမှ လူများကို လှည့်ပတ် ကြည့်မိတော့ကာ သူ့ မျက်နှာပေါ်မှ ထိတ်လန့် တုန်လှုပ်ခြင်းများကိုတော့ ဖုံးကွယ်ထားခြင်းငှာ မစွမ်းသာပါလေ။
အကယ်၍များ လူတဦးတည်းကသာ ဤနည်းလမ်းဖြင့် တုံ့ပြန်လျှင် ယင်းက တိုက်ဆိုင်မှု သက်သက်သာ ဖြစ်ကြောင်း ဆိုလို့ရပါ၏။
သို့သော် မတူညီသော အတန်းနှစ်တန်းမှ ကျောင်းသားများက တပုံစံတည်း တုံ့ပြန်လာသည့်အခါ ယင်းက အကြောင်းအားလျော်စွာ တိုက်ဆိုင်မှုသာ ဖြစ်သည်ဟု ဆိုဖို့ရန် ခက်ခဲသွားပေပြီ။
ကျောင်းအုပ်ကြီးကမူ ဤ စာရိတ္တအတန်းက မည်သို့မည်ပုံ အရေးကြီးလှကြောင်း ဟောပြော ပို့ချနေကာ ထိုခေါင်းစဥ်ကြောင့် ထိတ်လန့်တုန်လှုပ်ရမည့် မည်သည့် အကြောင်းပြချက်မှလည်း ရှိမနေပေ။
ထို့ကြောင်း ယင်းအတွက် ဖြေရှင်းချက်က တစ်ခုတည်းသာ ရှိပေတော့၏။
ထို့ကြောင့် သူက သူ့ထင်မြက်ချက်ကို Group Chat အတွင်းသို့ အလျင်အမြန် မျှဝေလိုက်ကာ သူ့ဘေးနားမှ ကျောင်းသားကို မသိမသာ စူးစမ်းလိုက်၏။
“ဟေး၊ ဆရာ့ရဲ့ ဇနီးနဲ့ ချစ်ဇာတ်လမ်း ခင်းနေတယ်လို့ ပြောလိုက်တဲ့ ကောင်မလေး တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရလား”
ထိုကျောင်းသားကမူ “မင်း ရူးနေလား” ဟူသည့် အကြည့်မျိုး ပေးလိုက်ကာ ပြန်ဖြေလိုက်၏။
“ငါက နား ပင်းနေတာမှ မဟုတ်တာ။ ကြားတာပေါ့ကွ”
အတန်းခေါင်းဆောင်∷ ခါးခါးသီးသီး ပြုံးနေသည့် အီမိုဂျီလေးဖြင့်…
ထိုအချိန်မှာတော့ သူက “ဆရာ့ရဲ့ ဇနီးနဲ့ ချစ်ဇာတ်ခင်းတယ်” ဟူသည့် အတင်းအဖျင်းကြီး အပေါ်မှာတောင် ထိတ်လန့် တုန်လှုပ်မနေနိုင်တော့ဘဲ အဓိက အရေးကြီးသည့် သတင်းကိုသာ သူ့ အတန်းဖော်များထံမှ ကသောကမျော မျှဝေလိုက်ပေတော့သည်။
ထို့နောက် Group Chat အတွင်းမှ Message များက နားကွဲလုမျှ သောသောညံနေလေပြီ။
တစ်စုံတစ်ယောက်က ပြောလိုက်၏။ ( ကျောင်းအုပ်ကြီးရဲ့ မျက်နှာကို ကြည့်လိုက်စမ်း၊ အစိမ်းရောင်ကြီး ပြောင်းနေတာ မဟုတ်ဘူးလား)
အတန်းခေါင်းဆောင်∷ ?????:
ကျောင်းအုပ်ကြီး၏ “ ကျောင်းသားများက စာရိတ္တအတန်း လေ့လာရန် အဘယ့်ကြောင့် လိုအပ်သနည်း” ဟူသည့် အဖွင့်မှတ်ချက်ကို ရပ်တန့်လိုက်ပြီး မကြာမီပင် ရှီလီ၏ အသံလေးကလည်း လွင့်ပါး ပျောက်ကွယ်သွားခဲ့၏။
သူ၏ မျက်လုံးများကလည်း အောက်ဘက်ရှိ ပွဲကြည့်စင်မှာ ထိုက်နေသည့် ရွှေ့ကျစ်ထံသို့ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကာ ထိုမျက်လုံးများထဲမှ မီးစများ ပစ်လွှတ်နေသလား ထင်မှတ်မှားရပေ၏။
အတန်းခေါင်းဆောင်၏ နှလုံးသားထဲမှာလည်း မကောင်းသော နိမိတ်တို့ကို အာရုံရနေခြင်းက တရိပ်ရိပ် တိုးမြင့်လာခဲ့ပြီး ကျောင်းအုပ်ကြီး၏ မျက်နှာသည်လည်း စိမ်းမှောင်နေသလား ထင်ရပေသည်။
ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် ရွှေ့ကျစ်သည်လည်း သူ့ဆရာ၏ စူးစူးစိုက်စိုက် အကြည့်များ သူ့ထံ ကျရောက်နေကြောင်း ခံစားမိပါ၏။ ကျောင်းအုပ်ကြီးက စကားပြောခြင်းကို အဘယ်ကြောင့် ရပ်တန့်ပစ်လိုက်သနည်း သူ မသိသော်ငြား သူကမူ ပြုံးမြဲ ပြုံးဆဲဖြစ်ကာ အလွန်ကို ဂါရဝတရား ပြည့်ဝဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေဆဲပင်။
ကျောင်းအုပ်ကြီးသည်ကား ခက်ခဲသော အခြေအနေများကိုပင် မျှဝေတွေးတော ခံစားဖူးခဲ့သည့် အမျိုးသား တစ်ယောက်ဖြစ်ကာ ယခုမူ မျောက်မ ထားသည့် သူ့ဇနီးသည် အကြောင်းကမူ တိုင်းသိ ရပ်ကျော် ကိစ္စကြီး ဖြစ်သွားပြီဟူသည်ကို သိရှိခဲ့လေပြီ။ ယင်းက ဘာကိစ္စကြီးပဲ ဖြစ်နေဖြစ်နေ အခြားသူများ၏ ရှေ့မှောက်မှာတော့ သူ့ဂုဏ်သိက္ခာများကို ထိန်းသိမ်းထားရမည်ပင်။
139 02
သူက သူ၏ စိတ်အေး တည်ငြိမ်မှုများကိုတော့ လုံးဝဥသုံ မဆုံးရှုံးသေးပေရာ ချက်ချင်းကို အိန္ဒြေဆည်လိုက်နိုင်ပါ၏။
သို့သော် ယင်းသို့သော ကိစ္စမျိုးက သည်းခံနိုင်ရန် ခက်ခဲပေစွ။
အတန်း ပြီးသွားချိန်မှာတော့ သူက အစိမ်းရောင်များ တဖန် မှောက်ကျပြန်တော့သည်။
ထိုအချိန်တွင် အစိမ်းရောင် အလင်းတန်းကြီးက မျက်စိ ကျိန်းလောက်ဖွယ် တောက်ပနေပေသည်။ ဤမျှ တောက်ပနေသည့် ရောင်စဥ်တန်း စိမ်းစိမ်းများက ဘယ်အရာနည်း။
သေချာပေါက်ကို ကျောင်းအုပ်ကြီး ဖြစ်ပေတော့သည်။
ကျောင်းအုပ်ကြီးနှင့် အခြားကျောင်းသားများသည်လည်း ရှီလီ၏ အတွင်စိတ် အတွေးများကို ကြားရကြောင်း သိရှိသွားပြီး လူတချို့ကမူ ပရမ်းပတာ ကောလာဟလများ ပြန့်နှံ့ကုန်မည်ကို စိုးရိမ်နေကြပါလျက် ကျောင်းအုပ်ကြီး၏ အမူအရာကိုသာ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပြီး ဖြည်ချလာမည့် ဇာတ်ထုပ်ကိုသာ စောင့်ဆိုင်းနေပေ၏။
အတင်းအဖျင်း နှစ်သက်လှသူ ပွဲကြည့်ပရိသတ်များကမူ ယခုထက်ပိုပြီး စောင့်ဆိုင်းရလျှင်တောင် ပင်ပန်းနိုင်မည် မဟုတ်ပါလေ။
သူကတော့ ဦးထုပ်စိမ်း ဆောင်းရပြီဆိုတာ သိသည်နှင့် ကျောင်းအုပ်ကြီးကား Power Pointမှ Slides များကို ဖတ်ရှုနေရင်းက သူ ပြောဆိုရမည့် စကားများကို မကြာခဏဆိုသလို ရောထွေးကုန်ပေတော့သည်။
အတန်းပြီးသည့်နောက် အတွင်းရေးမှူးက ဘာမှ မလုပ်ရသေးမီ ထိုကြယ်စင်တပည့်ငယ်လေး ရွှေ့ကျစ်က Stage စင်ရှိရာထံ ကသောကမျော ပြေးသွားကာ ပုံမှန်လိုပင် စိတ်လိုလက်ရ ရှိလှစွာ ကမ်းလှမ်းလာပေ၏။
“ဆရာ၊ ဒါတွေကို ဆရာ့အတွက် ကျနော်ပဲ ဂရုစိုက်ပေးပါရစေ”
ပွဲကြည့်စင်မှ ကျောင်းသားများကလည်း တွေးကြ၏။ အမှန်တော့လေ နောက်တချိန်က Self-study တန်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါတို့ကတော့ ပြန်ဖို့ အလျင်မလိုပါဘူးနော်။
စာရိတ္တ အတန်းက အလွန်ကို အဓိပ္ပါယ် ပြည့်ဝလှပြီး လူတိုင်း ကျင့်ဝတ် လိုက်နာကြရန် သင်ကြားပေးသည့် နေရာပါပင်။
မတိုင်မီကတော့ ဤစာရိတ္တ အတန်းက အရေးပါလှချည့်ဟု သူတို့ မခံစားရပေ။ ကိုယ်ကျင့်တရား ဟူသည် အရေးကြီးသည့် အရည်အသွေး ဖြစ်လေရာ အလယ်တန်းကျောင်းသားများအတွက် နက်နက်နဲနဲ လေ့လာသင်ယူဖို့ အမှန် လိုအပ်လှပါ၏။
ထို့ကြောင့် အတန်းပြီးသွားသည့်တိုင် ထိုကျောင်းသားများက ကောင်ကာငင်ကာဖြင့် စာရိတ္တ အတန်းအပေါ် စိတ်ဝင်တစားရှိသွားကြကာ ဤနေရာမှာ ဆက်နေနေလေသည်။
ရွှေ့ကျစ်၏ သဘောထားကို ရင်ဆိုင် တွေ့ရသည့် ကျောင်းအုပ်ကြီးသည်လည်း အတော်ကြီးကို ရှုပ်ထွေးသွားရလေသည်။
ဤကောလာဟလက မှန်သလား မှားသလား ဂရုမစိုက်လျှင်တောင်မှ ရွှေ့ကျစ် အနေဖြင့် ဤကိစ္စနှင့် ပတ်သက်သည့် ဖြေရှင်းချက် တစ်စုံတစ်ရာကိုတော့ သူထံ ပေးသင့်ကာ လိပ်ပြာမလုံစိတ် ပြသတာမျိုး သို့မဟုတ် သူ၏ ဖြူစင် ရိုးသားမှုအတွက် တရားနည်းလမ်းတကျ မရမက ရှင်းပြတာမျိုး လုပ်သင့်ပါ၏။
သို့သော် ရွှေ့ကျစ်ကမူ ထိုအရာမျိုးကို တစ်ခုတလေမှ မလုပ်ခဲ့ပါပေ။
ပွဲခန်းမအတွင်းမှ ထွက်လာသည့်အခါ ဘေးပတ်လည်မှာလည်း ကျောင်းသားတွေ ရှိနေပြီး သူတို့အနေဖြင့် ပုဂ္ဂလိက ကိစ္စများ ဆွေးနွေးရန် အချိန် နည်းပါးလှလေသည်။
ထို့ကြောင့် ရုံးခန်းသို့ ပြန်မရောက်ခင်မှာပင် သူတို့နောက်မှ လိုက်လာသည့် အတွင်းရေးမှူးကို ဖယ်ထုတ်ခဲ့လိုက်၏။
ရွှေ့ကျစ်ကမူ တိတ်တိတ်ကလေး ပျော်ရွှင် ကြည်နူးနေပေ၏။ ကျောင်းအုပ်ကြီး၏ နှလုံးသားထဲမှ သူ့ အဆင့်အတန်းက အတွင်းရေးမှူး၏ အထက်မှာ ရှိနေကြောင်း သူ့ဆရာ၏ အပြုအမူများမှတဆင့် သူ မြင်နိုင်လေသည်။
139 03
သူ၏ Permanent Postlition အတွက် ရာထူးတက်ရေးကတော့ ဤနားလေးမှာတင် ဖြစ်ပုံရပါ၏။
“ ရှောင်ကျစ်၊ ဟောပြောပွဲ လုပ်နေတုန်းက ပရိသတ်ထဲက တစ်ယောက်ယောက် စကားပြောလိုက်တာများ မင်း ကြားမိသေးလား”
ကျောင်းအုပ်ကြီးက မေးလိုက်၏။
အမှန်တော့ ရွှေ့ကျစ်အနေဖြင့် ဘာကိုမှ မကြားလိုက်ပေ။ သူ၏ နားနှစ်ဖက်စလုံးက ေကျာင်းအုပ်ကြီး၏ ေဟာပြောချက်များဖြင့်သာ ပြည့်နှက်နေတာ ဖြစ်လေသည်။
ကျောင်းအုပ်ကြီးက ကျောင်းသားများကြားမှ သူ၏ ဂုဏ်သတင်းကို ကြားသိလိုခြင်း ဖြစ်လိမ့်မည်ဟု သူက ေတွးလိုက်မိ၏။
ထိူ့ကြောင့် သူက ကျောင်းအုပ်ကြီးကို မြှောက်ပင့်ကာ ပြောဆိုလိုက်၏။
“မကြားမိပါဘူးခင်ဗျ။ ဆရာက ကျနော်တို့ ေကျာင်းရဲ့ ဂုဏ်သရေရှိ လူကြီးမင်းကြီးဟာကို၊ ဆရာ ေဟာပြော ပို့ချနေတုန်း ဘယ်ကျောင်းသားက စကား ပြောဝံ့မှာ မို့လို့လဲ”
သူ အဲဒါကို မကြားဘူးပေါ့လေ။
ယုတ္ထိ ကျကျသာ ဆိုပါလျှင် ပရိသတ်များထဲမှာ ထိုင်နေသည့် လူငယ်တစ်ဦးအနေဖြင့် ကျောင်းအုပ်ကြီးဖြစ်သည့် သူကိုယ်တိုင်ထက်တောင်မှ သူက ရှင်းရှင်းလင်းလင်း ကြားသင့်သည်လေ။
ယခုမူ သူက သူဘာမှ မကြားရပါဟု ပြောနေပေသည်။
သူက အမှန်တကယ် မကြားသည်လား သို့မဟုတ် မကြားချင်ယောင် ဆောင်နေသည်လား မသိပါလေတော့။
ရွှေ့ကျစ်က အမှန်တကယ်ကို တွက်ချက်နိုင်စွမ်း ရှိလှချည့်ဟု ကျောင်းအုပ်ကြီးက အမှန်တကယ်ကို နားလည် သဘောပေါက်သွားပေတော့သည်။
အကယ်၍ ယင်းက အမှန်တရားသာဆိုပါလျှင် ဤလူက သူ၏ လိပ်ပြာမလုံစိတ်များကို သက်သေပြပြီးသား ဖြစ်သွားလေပြီ။
ထိုသို့ လိုရာဆွဲ ပြောနိုင်သည့် အခြေအနေမျိုးတွင် သူလည်း ငြင်းပယ်နိုင်သည်ပင်။
သို့သော် သူက ယင်းကို မငြင်းပယ်ဘဲ ထိုအစား ဆွံ့အသလို နေဖို့သာ ရွေးချယ်ခဲ့၏။
ရွှေ့ကျစ်က ဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း သူသိပါ၏။ သို့သော် သူက ဘယ်လိုတောင်မှ ဉာဏ်ပြေး လျင်မြန်ရသနည်း ဟူကိုမူ သဘောမပေါက်နိုင်ပေ။
ဤမျှ တိုတောင်းလှသော အချိန်တွင် ဤအခြေအနေကို ကိုင်တွယ်ရန် မဟာဗျူဟာကို အလျင်အမြန် ထုတ်သုံးလိုက်နိူင်၏။
မတိုင်မီတုန်းက သူက ရွှေ့ကျစ်ကို လျှော့တွက်ခဲ့မိသည်ထင့်။
သူ့နှာခေါင်း အောက်မှာပင် သူ့ဇနီးနှင့် ဖောက်ပြားနိုင်သည် ဆိုမှတော့ ဤလူက ဘယ်လို လုပ်ပြီး သာမန်လူ ဖြစ်နိုင်ပါအံ့နည်း။
******
140 01
အပိုင်း 140.
ရွှေ့ကျစ်၏ တုံ့ပြန်မှုများက သူ တစ်စုံတရာကို ကွယ်ဝှက်ထားကြောင်း သိသာထင်ရှားစွာ ပြသနေပါ၏။
ကျောင်းအုပ်ကြီးကမူ သတင်းများကို အစ်အောက် မေးကြည့်လိုသော်လည်း ယခုမူ ယင်းက မလိုအပ်တော့ပါပေ။
ထို့နောက် ကျောင်းအုပ်ကြီးက သူ့လက်များကို ရွှေ့ကျစ်ထံသို့ စိတ်ရှုပ်ထွေးစွာ ဝှေ့ယမ်းပြလိုက်ကာ
“ကောင်းပြီ၊ မင်း အခု သွားလို့ရပြီ။ ငါ့ အသက်အရွယ်နဲ့ဆို အကြား အာရုံတွေကလည်း အရင်လို မဟုတ်တော့ပါဘူးကွာ။ ကယောင်ချောက်ချားနဲ့ သူများမကြားတာတွေလည်း ခဏခဏ ကြုံနေရတဲ့အပြင် တခါတလေကျ ဘာ အသံတွေမှ မကြားရတာမျိုးလည်း ဖြစ်ပြန်ရော။ ငါ စာသင်နေတုန်း တစ်ယောက်ယောက် စကားပြောလိုက်တယ်ပဲ ထင်နေတာ။ ဒါပေမဲ့ သူတို့ ဘာပြောနေကြလဲ။ ငါ သေချာ မကြားရဘူး။ နားအူနေပြီ ထင်ပါရဲ့ကွာ”
အသက်ကြီးသူတို့အတွက် အကြားအာရုံ လျော့ကျလာခြင်းက သာမန် ဖြစ်စဥ်ပါပင်။
ထို့ကြောင့် သူ ဟောပြော ပို့ချနေစဥ်အတွင်း ကျောင်းသားများ ဘာပြောသည်ကို မကြားရခြင်း ဖြစ်ပေမည်။
ရွှေ့ကျစ်က သူ့ကို ယုံရဲ့လားဆိုတာ သူလည်း မသေချာပေ။
ကျောင်း၏ ကျောင်းအုပ်အနေဖြင့် သူ့ရာထူးကိုတော့ ယခုထက်ပိုပြီး နှစ်နည်းနည်းလောက် ခိုင်မြဲလိုစေသေးရာ သူ၏ အားနည်း ပျော့ညံ့မှုများကိုတော့ ထုတ်ဖော်ပြလို့ မဖြစ်ပေ။
အကယ်၍များ သူ့ခန္ဓာကိုယ်က သူ့ကို ကျရှုံးစေခဲ့လျှင်တောင် သူကတော့ အားမာန်ပြည့်သလို အစဥ် ဟန်ဆောင်နေမည် ဖြစ်ကာ နောက်မျိုးဆက်သစ်များထံမှာ သိမ်ငယ်ခွင့် ပြုမည်မဟုတ်။
ရွှေ့ကျစ်ကမူ ဘာတစ်ခုမှ မကြားလိုက်သလို ကျောင်းအုပ်ကြီး၏ ရည်ရွယ်ချက်ကိုလည်း မသိရှိပေ။
သူ၏ ဖြေရှင်းချက်ကို ကြားပါမှ အစောနတုန်းက ကျောင်းအုပ်ကြီး၏ မေးခွန်းက ဘယ်နေရာက လာသလဲ ဟူသည်ကို နားလည် သဘောပေါက်တော့သည်။
ဤနှစ်များအတွင်း ကျောင်းအုပ်ကြီးက အမှန်တကယ်ကို အောင်မြင်လာပေသည်ဟု သူ့ဘာသာ တွေးမိသည်။
သူ၏ အသက်အရွယ်မှာဆို ကယောင်ချောက်ချား ကြားရခြင်းက ပြသနာ ဖြစ်လာပေလိမ့်မည်။
အမှန်တော့ ရွှေ့ကျစ်က ကျောင်းအုပ်ကြီး၏ စိတ်တွင်းမှ အပြစ်ရှာ ဝေဖန်နေသည့် စကားများကို မကြားနိုင်ပါပေ။
ဆရာတဦး၏ စံပြကျောင်းသား အနေဖြင့် သူ့ဆရာ၏ ကျန်းမာရေးကို စိတ်ပူကြောင်း ပြသသည်က သဘာဝကျ လျော်ကန်လှပေ၏။
“ဆရာ၊ အခု အဆင်ပြေရဲ့လား။ ကျနော့် အသံကိုရော ရှင်းရှင်းလင်းလင်း ကြားရရဲ့လား”
အကယ်၍များ သူက နေမကောင်းဖြစ်ဟန်သာ အယောင်ဆောင်လိုက်လျှင် တစ်စုံတစ်ယောက်ကိုတော့ ဘဝင်ကျသွားစေပေမည်။
ကျောင်းအုပ်ကြီးက သက်တောင့်သက်သာ မရှိစွာဖြင့် သူ့နားရွက်များကို ပွတ်သပ်လိုက်ကာ
“ငါ ကြားရတယ်။ ဒါပေမဲ့ အသံတွေက မြူနှင်းလွှာတွေကို ဖြတ်ပြီးမှ လာသလို ဝေဝါးနေတယ်”
140 02
ယင်းက အသေးအဖွဲ့ ပြဿနာ မဟုတ်တော့ပေ။ ရွှေ့ကျစ်အတွက်တော့ ကျောင်းအုပ်ကြီးက သူ့ကို အကြီးမားဆုံး ထောက်ပံ့ပေးသူဖြစ်ကာ ဤလူအိုကြီးက သူ၏ ကျောင်းအုပ်ရာထူးကို နောက်ထပ် နှစ်အနည်းငယ် ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး သူ၏ လက်ရှိရာထူးမှ ပိုမိုမြင့်မားသည့် နေရာသို့ ဆက်လက် တွယ်တက်ခွင့် ပြုပေးနိုင်ရန် သူ မျှော်လင့်မိပေသည်။
ဘာကိစ္စပဲ ဖြစ်နေဖြစ်နေ ယခု လတ်တလောမှာတော့ သူက ကျောင်းအုပ်ကြီးကို ဘာပြသနာမှ ဖြစ်ခွင့် မပေးနိုင်သေး။
ထိုစိတ်ထားလေးကြောင့် ရွှေ့ကျစ်၏ လေသံက ပိုလို့တောင် အရေးတယူ ရှိလာလေသည်။
“ဆရာ ၊ ဘာဖြစ်လို့ ဆေးရုံ မသွားရတာလဲ။ ကျန်းမာရေးဆိုတာ အရာရာတိုင်းရဲ့ အုတ်မြစ်ပဲနော်။ အလုပ်က ဆရာ့ကို ဆွဲချသွားမှာမျိုး မဖြစ်စေနဲ့”
ရွှေ့ကျစ်က ကျောင်းအုပ်ကြီး၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ကျောင်းအုပ်ကြီးကမူ ရွှေ့ကျစ်၏ လက်ကို ခပ်ဖွဖွ ပြန်ပုတ်ပေးလိုက်ပြီး
“စိတ်မပူပါနဲ့။ ငါ့ ကျန်းမာရေးက ညံ့ဖျင်းလာပြီ ဆိုရင်တောင်မှ ငါ ရာထူးက မဆင်းခင် မင်းကို ကောင်းကောင်းလေး ဂရုစိုက်ပေးခဲ့မှာပါ”
ထိုစကားများက ရွှေ့ကျစ်၏ နှလုံးသားကို သိသိသာသာ နွေးထွေးစေပေတော့သည်။
ကျောင်းအုပ်ကြီးသည်ကား သူ၏ စက်ဆုပ် ရွံရှာမှုများကို မြိုသိပ် ချုပ်တည်းထားရကာ ရွှေ့ကျစ်နှင့် ဆရာတပည့် သံယောဇဥ် ဆက်နွယ်မှုကို ထိန်းသိမ်းထားရပေ၏။
ကျောင်းအုပ်ရုံးခန်းထဲမှ ရွှေ့ကျစ် ထွက်ခွာသွားပြီးေနာက် ကျောင်းအုပ်ကြီးက သူ့စားပွဲမှာ ထိုင်လိုက်ကာ ခေတ္တမျှ စိတ်တွေ ပျံ့လွင့်နေခဲ့ပြီး သူ့ဖုန်းကို ထုတ်ကာ အတွင်းရေးမှူးကို အထဲဝင်လာဖို့ ခေါ်လိုက်၏။
“ညွှန်ကြားချက် တစ်စုံတရာများ ရှိပါသလား ကျောင်းအုပ်ကြီးခင်ဗျာ”
“ငါ စာသင်နေတဲ့ အချိန်တုန်းက ကျောင်းသားတစ်ယောက်ယောက်များ ငါ့ဇနီးအကြောင်း ဆွေးနွေးနေတဲ့ အသံ ကြားမိသေးလား”
အတွင်းရေးမှူးခမျာ လုံးလုံးလျားလျားကို ရှုပ်ထွေးသွားရလေသည်။ ကျောင်းသားတွေက ကျောင်းအုပ်ကြီး၏ ဇနီးအကြောင်းကို ဘာကြောင့် ပြောရမည်နည်း။
အတွင်းရေးမှူးက ကြက်သေသေကာ ရပ်နေသည်ကို ကြည့်ပြီး သူ့က အမှုမထားသလို ဟန်ဖြင့် သူ့လက်များကို ေဝှ့ယမ်းလိုက်ကာ
“မင်း ငါ့အတွင်းရေးမှူး ဖြစ်လာတာ အခုထိဆို သုံးနှစ်ကျော်လောက် ရှိနေပြီပဲ။ ငါ့ အကျင့်စရိုက်ကို မင်း ကောင်းကောင်း သိတယ်။ ငါက အမြဲတမ်း ဒဲ့ပဲ ပြောတတ်တယ်။ ငါ့ဒေါသတွေကိုလည်း သူများအပေါ် လွှဲမချတတ်ဘူး။ တကယ်လို့ မင်းကြားတာ ဘာပဲဖြစ်ဖြစ် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ငါ အဆင်ပြေတယ်”
အတွင်းရေးမှူးကမူ သူ့ခေါင်းဆောင်၏ စေတနာရှိလှသော မျက်နှာကို ကြည့်ကာ
“ဆရာ၊ ဘာ အကြောင်းကို ပြောနေတာလဲဆိုတာ……”
ကျောင်းအုပ်ကြီးက သူ့မျက်လုံးထောင့်မှာ အရေးအကြောင်းများ ထင်လာသည်အထိ ပြုံးလိုက်ပြီး
“အမှန်တော့ ငါ စတိတ်စင်ပေါ်မှာ ရှိနေတုန်းက ကျောင်းသား တစ်ယောက်ယောက် စကား ပြောလိုက်တယ်လို့ ငါ ထင်လို့လေ။ ငါ့ အကြားအာရုံတွေများ ကယောင်ချောက်ချား ဖြစ်နေသလား စိတ်ပူလို့ မင်းကို ေခါ်မေးတာ”
ယထာဘူတ ကျကျ ဆိုရသော် စတိတ်စင်ပေါ်မှာ ရှိနေသည့် ကျောင်းအုပ်ကြီး ကြားရသည်ဆိုလျှင် အောက်မှာ ထိုင်နေသည့် အတွင်းရေးမှူးလည်း မကြားစရာ အကြောင်း မရှိပေ။ အတွင်းရေးမှူးကမူ ရိုးသားစွာဖြင့်ပင် သူ့ခေါင်းကို ခါယမ်းလိုက်ကာ
“အားနာပါတယ် ဆရာ၊ ကျနော် ဘာမှ မကြားမိပါဘူး”
ဤအတွင်းရေးမှူး၏ ကိုယ်ကျင့်ဗီဇကို ကျောင်းအုပ်ကြီးက ေကာင်းစွာ သိရှိပါ၏။ ဤလူငယ်လေးကို သူရွေးချယ်ထားရသည်က ဤကလေးက ငယ်ရွယ်ပြီး စွမ်းဆောင်ရည် ရှိသည်သာမက သူက ရိုးသားပြီး စိတ်ကောင်း နှလုံးကောင်း ရှိသောကြောင့်တည်း။
140 03
သူက ရွှေ့ကျစ်၏ စကားများကို မယုံတာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ငါ့အတွင်းရေးမှူး၏ စကားကိုတော့ မယုံပဲ မနေနိုင်ပေ။
ကျောင်းအုပ်ကြီးက ခေါင်းညိတ်လိုက်သည်။
“ငါ အခုတလော ကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ အကြားအာရုံတွေ ကယောင်ချောက်ချား ဖြစ်နေတာ နေမှာပါ”
“မင်း အခု သွားလို့ရပါပြီ”
အတွင်းရေးမှူးက တံခါးဆီ ရောက်ပါမှ သူက ပြန်ခေါ်လိုက်၏။
“ခဏနေဦး။ စာရိတ္တ အတန်းတုန်းက ဟောထဲက ေစာင့်ကြည့်ကင်မရာ ဗီဒီယိုတွေ Copy ကူးပြီး ငါ့ Computerထဲ ပို့ပေးပါဦး”
ယင်းက ထူးခြားသည့် တောင်းဆိုချက်ဖြစ်သော်လည်း အတွင်းရေးမှူးက လိုက်နာပါ၏။
“ဟုတ်ကဲ့။ ကျနော် အခုပဲ သွားလူပ်လိုက်ပါ့မယ်”
ကျောင်းအုပ်ကြီးက သူ့ဘာသာ ရေရွတ်၏။
“ငါ အတန်းထဲမှာ စာသင်ခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပြီ။ ဒီဟောပြောပွဲကလည်း ဘယ်လိုနေမယ် မသိဘူး။ ငါ ဟောပြောနေတုန်းက ဘယ်အပိုင်းမှာများ ကောင်းကောင်း မရှင်းပြနိုင်ခဲ့လဲ ပြန်ပြီး ကြည့် ကြည့်ရမယ်”
အတွင်းရေးမှူးက အတော်လေးကို ကျင်လည် ကျွမ်းကျင်သူ ဖြစ်ပေရာ ကျောင်းအုပ်ကြီးလည်း များမကြာမီမှာပင် ဗီဒီယိုဖိုင်ကို လက်ခံ ရရှိလိုက်လေသည်။
သူကြားရသည့် အသံအကြောင်း ေတွးမိသည့်အခါ ကျောင်းအုပ်ကြီး၏ အတွေးများက ကြမ်းတမ်းလာလေသည်။
သူက Progress Barကို အချိန် မတိုင်မီ နေရာအထိ ဆွဲယူလိုက်ကာ ထိုအပိုင်းကို ငါးကြိမ်တိုင်မျှ ကြည့်ရှု၏။ သို့သော် ထိုမိန်းကလေး အသံကိုမူ လုံးဝ မကြားရပေ။
ရွှေ့ကျစ်ရော သူ့အတွင်းရေးမှူးပါ ထိုအသံကို မကြားခဲ့ကြ။
သူတကယ်ကြီး အကြားအာရုံ ကယောင်ချောက်ချား ဖြစ်နေတာများ ဖြစ်နိုင်မလား။
ကျောင်းအုပ်ကြီးက သူ တကယ် အကြားအာရုံ ကယောင်ချောက်ချား ဖြစ်နေနိုင်သည်ဟု တွေးလိုက်၏။ သို့သော် သူ ကြားလိုက်ရသည့် အရာက အမှန်တရားများ ဖြစ်နေမလား ဟူသည်ကိုတော့ သံသယ မဝင်ပါလေ။
ယင်းက သူ့ဇနီးကို သူ သံသဝင်လို့ မဟုတ်ပေ။ သို့သော် ပြန်စဥ်းစားကြည့်သော် သူမအနေဖြင့် လူငယ်လေး ရွှေ့ကျစ်က သူ့တပည့်ရင်း ဖြစ်ပြီး ကလေးကောင်း ဖြစ်ကြောင်း သူ့ဇနီးက တစ်ကြိမ်ထက်မက ပြောခဲ့ဖူးသည်ပင်။ အကယ်၍ သူက တစ်စုံတစ်ယောက်ကို ရာထူး တိုးပေးနိုင်လျှင် အဘယ့်ကြောင့် သူ့တပည့်ရင်းကို ရာထူး တိုးမပေးနိုင်ရမည်နည်း။
သူ့ဇနီး၏ အကြောင်းပြချက်ကဖြင့် အဓိပ္ပါယ် ရှိလှသည်ဟု သူက တွေးမိပြီး ရွှေ့ကျစ်ကို သူ့ လူယုံနှယ် အကာအကွယ်ပေး ရာထူးတိုးပေးပြီး လက်သပ် မွေးခဲ့သည့်အတွက် သူ၏ သက်မွေးမှု တက်လမ်းများက ဟယ်လီကော်ပတာ စီးနင်းသည့်နှယ် လျင်မြန် မြင့်မားလာရခြင်းပင်။
အကယ်၍များ နှစ်ယောက်သားက သူ့နောက်ကွယ်မှာ ပတ်သက် ဆက်နွယ်မှု မရှိကြဘူး ဆိုပါလျှင် သူ့ဇနီးက အဘယ်ကြောင့် ထိုသို့သော အကြံဉာဏ်မျိုးကို သူ့ထံ အထပ်ထပ် အခါခါ ပေးရမည်နည်း။
မီးခိုးရှိသည့် နေရာမှာ မီး ရှိရမည်သာ။
သူက အပြစ်ကင်း ရိုးသားသူကို မှားယွင်း စွပ်စွဲသမှု မပြုနိုင်သော်လည်း အယုတ်တမာ အပြစ်သားကိုမူ လွတ်မြောက်ခွင့် မပြုလိုက်နိုင်ပါပေ။
မည်သည့် ကောက်ချက်ကိုမှ မဆွဲနိုင်သေးမီ ကျောင်းအုပ်ကြီးက စုံစမ်း စစ်ဆေးသမှု ပြုလုပ်ရန် လိုအပ်သည်ဟုသာ ဆုံးဖြတ်လိုက်၏။
အိမ်သို့ ပြန်ရောက်ပြီးနောက် ကျောင်းအုပ်ကြီးက ဘာမှ မဖြစ်သည့်နှယ် ဟန်ဆောင်နေကာ သူ၏ စုံစမ်း စစ်ဆေးမှုကို သူ့ဇနီးဖြင့် စတင်ရန် ရည်ရွယ်လိုက်၏။
140 04
သို့သော် သူ့ခမျာ နေ့စဥ်တိုင်း လိုလိုပင် အလုပ်များနေရကာ အလုပ် လုပ်ရလျှင် လုပ်ရ မဟုတ်လျှင် အချိန်ပို ဆင်းနေရပေသည်။
ရှားရှားပါးပါး ရက်သတ္တပတ် ပိတ်ရက်မှာတောင်မှ သူက အစည်းအဝေး တက်ရန် ခရီးသွားရပေသည်။
စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် သူ့ဘာသာ မေးမြန်းခြင်းကပင် အတော်ကြီး များလှပေပြီ။
သူ့ခမျာ ထိုစုံစမ်းမှုကို ပြုလုပ်ရန်အတွက် မည်သည့် အသိအကျွမ်းကိုမှလည်း မမေးမြန်းဝံ့ပေ။ သူ့ဇနီးက သူ့ကျောင်းသားနှင့် ချစ်ဇာတ်ခင်းသည် ဟူသည်က ဂုဏ်ယူဖွယ်ရာ ကိစ္စရပ်မှ ဟုတ်မနေသည်ပဲကို။
ထို့ကြောင့် တနင်္လာနေ့ အလုပ်ထဲမှာ ရှိနေစဥ် Online ပေါ်မှ အလွတ်စုံထောက် ရှာဖွေရန် ကျောင်းအုပ်ကြီးက ဂျူတီမှ ခေတ္တ ခွင့်ယူလိုက်လေသည်။
သူက ထိုစုံထောက်ကို သူ့ဇနီးက ရွှေ့ကျစ်နှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးမျိူး ရှိနေသလား စုံစမ်း စစ်ဆေးပေးရန် ပြောလိုက်ပါ၏။
ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် သူက တနင်္လာနေ့ နေ့လည်ပိုင်း၏ စာရိတ္တအတန်းအတွက် ပြင်ဆင်နေခဲ့၏။
အတန်းမစမီ သူ၏ ရေဘူးနှင့် USB Drive ကို ကူညီ သယ်ဆောင်ပေးရန်အတွက် ရွှေ့ကျစ်က ကျောင်းအုပ်ရုံးခန်းထဲသို့ အလျင်စလို ပြေးဝင်လာလေသည်။
သူ့ဇနီးကို သွေးဆောင် ဖြားယောင်းထားသည့် ယောကျာ်းတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် ကျောင်းအုပ်ကြီးက အေးစက်ပြီး စည်းခြားသည့် အမူအရာမျိုး ပြသမလာပေ။ ထိုအစား သူ၏ သဘောထားများက ပိုလို့တောင် ရင်းနှီး ကျွမ်းဝင်လာပါသေး၏။
စာရိတ္တတန်း၏ အကြောင်းအရာများက မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှကာ ထူထပ် သိပ်သည်းသော စာလုံးငယ်များကလည်း စာမျက်နှာ အပြည့်ပါပင်။
ပညာသင်နှစ်၏ အပြင်းထန်ဆုံး ဖိအားများအောက်မှ အထက်တန်း ကျောင်းသားများပင်လျှင် ယင်းကို ကြည့်လိုက်ရုံမျှဖြင့်ပင် မူးဝေခြင်းများ ခံစားရပေ၏။ ရှီလီက သူမ၏ အကြည့်များကို ကျောင်းအုပ်ကြီး၏ မျက်နှာထက်သို့ ရွှေ့လိုက်၏။
ထိုအခိုက်တွင် သူမက တစ်စုံတရာကို အမှတ်ရမိလေသည်။ ( ကျောင်းအုပ်ကြီးနဲ့ ရွှေ့ကျစ်တို့ လုပ်နေကြတဲ့ ဗီဒီယို တင်ထားထားတဲ့ Website နာမည်က ဘာပါလိမ့်……..)
လူတိုင်း∷ ဘယ်လို ဗီဒီယိုလဲဆိုတာ ပြောပြဦးမှပေါ့။ ငါတို့က အောက်တန်းစား စိတ်တွေပဲ ရှိနေတော့လေ၊ ညစ်ညမ်း အတွေးတွေပဲ တွေးမိတာကို ငါတို့ ဝန်ခံပါတယ်။
သူ၏ ရေခွက်ကို မယူလိုက်သည့် ကျောင်းအုပ်ကြီး၏ လက်များက တုန်ယင်သွားတော့သတည်း။