← Chapters

အခန်း (၁၆၅-၁၆၈)

Vol. 9 Ch. 165-168

အခန်း (၁၆၅-၁၆၈)

Vol. 9 Ch. 165-168

165 01

အခန်း ၁၆၅: ရဲဘော်ရဲဘက်တွေကို သစ္စာမဖောက်ပေမဲ့ အပြစ်မဲ့သူကိုတော့ မှားယွင်းပြီး စွပ်စွဲမယ်

စုန့်ရင်းနှင့် အတန်းဖော်တို့ ကိတ်မုန့်ယူရန် အပြင်ထွက်သွားသည့် လွန်ခဲ့သော ဆယ်မိနစ်ကို ပြန်ရစ်ကြည့်လိုက်ကြပါစို့။

အခန်း 1 ၏ အတန်းမခွဲရေးနှင့် ပတ်သက်၍ ဒါရိုက်တာသည် အတန်းပိုင်နှင့် စကားပြောချင်နေကာ အတန်းပိုင်တစ်ယောက် ဆိုတာက ရေသာခိုနေလို့ မရပေ။

သူမက အလုပ်သရဲတစ်ယောက်ပင်။ အလုပ်နှင့် ပတ်သက်တာကို တစ်ကြိမ်လောက် တွေးတောလိုက်တာနှင့် နောက်တစ်နေ့ ရောက်မှာကို လုံးဝဥဿုံ မစောင့်နိုင်ချေ။

နေ့လယ်စာစားချိန် ရောက်တော့မှာဖြစ်သဖြင့် သူမက ဤကိစ္စကို အတန်းပိုင်နှင့် ဆွေးနွေးချင်ခဲ့တာဖြစ်သည်။

ထို့ကြောင့် သူမ အတန်းပိုင်၏ဖုန်းကို ခေါ်ဆိုခဲ့သည်။ ဖုန်းမြည်သံမှာ သူ့ရုံးခန်းထဲက စားပွဲပေါ်တွင် ပဲ့တင်သံ ထွက်နေသော်လည်း အခန်း 1၏ အတန်းပိုင်ကတော့ စာသင်ခန်းထဲတွင် ကလေးတွေနှင့် အစားအသောက်ကို ပြိုင်လုနေရသဖြင့် သဘာဝကျစွာဘဲ ဖုန်းမြည်သံကို မကြားနိုင်ခဲ့ချေ။

ဘယ်သူမှ ဖုန်းမခေါ်တော့ ဒါရိုက်တာလည်း သူ့ကို သွားရှာရန် သူ့ရုံးခန်းဆီ ထွက်လာခဲ့၏။

ရုံးခန်းက လူရှင်းနေသော်လည်း စားပွဲပေါ်တွင်တင်ထားသည့် ဖုန်းမျက်နှာပြင်မှာ နေရောင်ကြောင့် ရောင်ပြန်ဟပ်နေပြီး မျက်စိစူးစေသည်။

ဒါရိုက်တာသည် အတန်းပိုင်ကို သန့်စင်ခန်း သို့မဟုတ် နေ့လယ်စာအတွက် စားသောက်ခန်းသို့ သွားနေလိမ့်မည်ဟု မစဉ်းစားချေ။

အတန်းပိုင်ကို အလုပ်ထဲ အင်မတန် စိတ်နှစ်ထားသည့် ဆရာဖြစ်ကာ အခြားအတန်းတွေ အတန်းခွဲနေသည်ကို အခွင့်ကောင်းယူ၍ သူ့ကျောင်းသားတွေအား အပိုသင်ခန်းစာများ သင်ကြားပေးနေခြင်း သို့မဟုတ် နောက်နှစ်အတွက် စာကြိုးစားကြဖို့ တွန်အားပေးနေလိမ့်မည်ဟူ၍သာ ထင်နေဆဲပင်။

ဤနှစ်အတွင်း အခန်း 1၏ တိုးတက်မှုကို စဉ်းစားကြည့်ပြီး အတန်းဒါရိုက်တာမှာ သူမကိုယ်သူ သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

အတန်းပိုင်က တကယ်လည်း ဂုဏ်သတင်းအတိုင်း နေထိုင်သူဖြစ်သည်။ အခန်း 1 ကိုတာဝန်ယူပြီးသည့် နှစ်ဝက်အတွင်းမှာတင်အတန်းကို အောက်ဆုံးကနေ ပျမ်းမျှအဆင့်ရ ထိပ်တန်းအတန်းအဖြစ် ဦးဆောင်လမ်းပြလုပ်ပေးခဲ့သည်။

ကျောင်း၏ အလယ်အဆင့် ခေါင်းဆောင်ပိုင်းအစည်းအဝေးပွဲတုန်းက ကျောင်းအုပ်၏မိန့်ခွန်းဖြစ်သော အခန်း 1 က ရှေ့ရေးစမ်းသပ်မှုအတွက် သင်ကြားသော အတန်းဖြစ်လာမှာဖြစ်၍ နှစ်နှစ်အတွင်းတွင် ရလဒ်တစ်ခုခုကို ဆွတ်ခူးနိုင်ခဲ့ပါက အတန်းပိုင်၏ သင်ကြားရေးနည်းလမ်းများမှာ တစ်ကျောင်းကျောင်းကို အဆင့်တက်လာစေလိမ့်မည် ဆိုတာကို သူမပြန်တွေးမိသွားသည်။

အတန်းဒါရိုက်တာသည် အခန်း 1 ဆီသို့လျှောက်လှမ်း‌သွားချိန်၌ နောက်ပိုင်းကျအတန်းပိုင်နှင့် စကားပြောရလျှင် သူ့ဆီကသင်ကြားရေး နည်းလမ်းအချို့ကို မေးစမ်းကြည့်မည်ဟူ၍ တွေး‌ထားလိုက်၏။ အကယ်၍ယခုချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် အထမမြောက်သေးသော်လည်း အခြားအတန်းတွေအတွက်အထောက်အကူဖြစ်စေရန် အခြားဆရာတွေနှင့်ပါ မိတ်ဆက်ထားလိုက်ခြင်းကလည်းကောင်းမွန်ပေလိမ့်မည်!

ကျောင်းသားအားလုံးမှာ တက်လိုက်ဆင်းလိုက် အလုပ်နေသဖြင့် အခန်းတိုင်းက အတော်လေး ဆူညံနေသည်။

ထို့ကြောင့် သူမ အနီစရောက်ချိန်မှာ အခန်း 1 မှ ဆူညံသံများကို ကြားလိုက်ရသည့်အခါမှာတော့ အလျင်စလို စွက်ဖက်ခြင်း မပြုခဲ့ပေ။

သို့သော် သူမ အနည်းငယ်တော့ ပဟေဠိဖြစ်သွားရဆဲပင်။ သူမ၏ စိတ်ကူးထဲတွင် ယခုချိန်မှာ အခန်း 1 က စာသင်နေမည် သို့မဟုတ်ဆရာ စကားပြောတာကို နားထောင်နေတာဘဲ ဖြစ်သင့်ပေသည်။ ဘာလို့ ဗရုတ်သုတ်ခ အရမ်းဆန်နေရတာလဲ။

165 02

အခန်း 1 ၏ စာသင်ခန်း‌ဆီသို့ သူမ နီးကပ်လာတာနှင့်အမျှ လျှောက်လမ်းဘက်သို့ မျက်နှာမူထားသော တံခါးနှင့် ပြတင်းပေါက်များတွင် ကပ်ထားသော စာရွက်ဖြူများကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်ခုံးများမှာ ပိုပြီးကြုတ်လာသည်။

ရင်းမပြတတ်သော ပူပန်မှုတစ်ခုက သူမ၏ရင်ထဲတွင် မြင့်တက်လာတော့သည်။

ဒါ… စာကို အလေးအနက်ထားပြီး လုပ်နေတာနဲ့လည်း မတူဘူး။

ဆရာတိုင်းမှာ ဘယ်ကျောင်းသားက စာမလုပ်ဘဲ သင်ရိုးပြင်ပက စာအုပ်တွေ ဖတ်နေတယ်၊သို့မဟုတ် ဘယ်ကျောင်းသားက ဖုန်းသုံးနေတယ်ကို ကြည့်နိုင်ရန်အတွက် ပြတင်းပေါက်မှ ချောင်းကြည့်ခြင်း အတတ်ပညာကို ကျွမ်းကျင်ကြသည်။

သို့ပေတည့် ဒါရိုက်တာမှာ ပြတင်းပေါက်အနား တိုးကပ်သွားလိုက်သည့် အခါမှာတော့ ပြတင်းပေါက်ပေါ် ကပ်ထားသည်မှာ စာရွက်ဖြူများတင် မဟုတ်ဘဲ အိမ်သာသုံး စက္ကူတွေပါ ဖြစ်နေတာကို မြင်တွေ့လိုက်ရတော့၏!

သူမ အတန်ကြာအောင် မူးမေ့သွားသလိုမျိုး ခံစားလိုက်ရသော်လည်း သတ္တိရှိရှိဖြင့် အခန်း 1 ၏တံခါးကို ဆွဲဖွင့်လိုက်သည်။

သူတို့တွေ ကမြင်းကြောထနေချိန်၌ လုံခြုံရေးအရ အသိစိတ်လည်း ရှိသေးသဖြင့် အရှေ့တံခါးကိုရော၊ အနောက်တံခါးကိုပါ လော့ချထားကြသည်။

သို့ပေတည့် စုန့်ရင်းက milk tea နှင့် ကိတ်မုန့်ယူရန်အတွက် အပြင်သို့ နှစ်ခေါက်ထွက်သွားချိန်မှာ တံခါးကို လော့ပြန်မချခဲ့ချေ။

ထို့ကြောင့် ဒါရိုက်တာက တံခါးကို အလွယ်တကူ ဖွင့်လိုက်နိုင်တာပင်။

တံခါးကို တွန်းဖွင့်လိုက်ပြီးသည့်နောက်မှာတော့ ဒါရိုက်တာသည် အနံ့စူးစူးအစပ်အနံ့ကို ဦးစွာ အနံ့ရလိုက်သည်။

ထို့နောက် စာသင်ခန်း၏အလယ်တွင် စုဝေးနေကြသော ကျောင်းသားအုပ်ကို မြင်တွေ့ လိုက်ရ၏။ ကျောင်းယူနီဖောင်းအား ဝတ်ဆင်ထားကြသေယ ကျောင်းသားများကြားတွင် ထသွားထလာ အဝတ်များကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက အင်မတန်ထင်းထွက်နေလျှက်ရှိသည်။

သူ၏ ညာဘက်လက်ထဲတွင် တစ်ခါသုံးတူကိုကိုင်ထားပြီး ဘယ်ဘက်လက်ထဲတွင် တစ်ခါသုံး ပန်းကန်တစ်လုံးရှိကာ အိုးထဲကအစားအသောက်များကို နှိုက်ယူရန်အတွက် ကိုယ်ကို အရှေ့သို့ ကိုင်းထားသည်။

ပထမဆုံးအနေဖြင့် ဒါရိုက်တာမှာ အစိမ်းရောင်တောက်တောက် အရွက်ကို ညှပ်ယူနေသော အတန်းပိုင်၏တူကို မြင်လိုက်ရသည့်အခါ၌သူမ၏ ကောင်းမွန်သော အမြင်အာရုံကို ဆဲရေးမိချင်သွားသည်။

အတန်းပိုင်သည် ဤကလေးတွေဆီက အစားအသောက်များကို နောက်ဆုံးတော့ လုယူလိုက်နိုင်သဖြင့် အတော်လေး ဂုဏ်ယူမိသွားသည်။ ပြီးနောက် သူ ခေါင်းလိုက်သည့်အခါတွင်မူ မျက်မှန်တပ်ထားသော ဒါရိုက်တာနှင့် အကြည့်ချင်း ဆုံသွားတော့၏။

ပလွတ်၊ သူ အခုလေးတင် ညှပ်ယူထားတာက အိုးထဲသို့ ပြန်ပြုတ်ကျသွားလေသည်။

အေးအတူ၊ ပူအမျှ ဖြတ်သန်းလာခဲ့ကြသဖြင့် ကျောင်းသားတွေက ၎င်းကို စိတ်ထဲမထားကြချေ။ အရွက်မှာ သူ့ဘေးနားတွင် ထိုင်နေသောဖက်တီးလေး၏ ညှပ်ယူခြင်းကို အလျင်အမြန် ခံယူလိုက်ရ၍ လေမှုတ်ကာ ပါးစပ်ထဲ သွပ်သွင်းခြင်းကို ခံလိုက်ရသည်။

အခန်းထဲရှိ အခြားကျောင်းသားများမှာ ကျရောက်လာသည့် အန္တရာယ်ကို ယခုထိ သတိမထားမိကြသေးပေ။ စားသောက်လို့ ပြီးစီးသွားပြီဖြစ်သည့် သူတွေကတော့ ဘေးနားတွင် ဖုန်းကိုပွတ်ပြီး အနားယူနေကြလျှက်။

တံခါးဖွင့်သံကို ကြားလိုက်ရချိန်၌ ၎င်းကိုစုန့်ရင်း ပြန်လာတယ်မှတ်ပြီး ဘယ်သူကမှ အာရုံမစိုက်ကြချေ။

ဖက်တီးလေးမှာ အတန်းပိုင်ကို ကြွားလုံးထုတ်ချင်နေသော်လည်း အတန်းပိုင်၏ တစ်နည်းတစ်ဖုံ ငေးမောနေသော အကြည့်ကို မြင်တွေ့လိုက်ရသည်။ အတန်းပိုင်၏ အကြည့်အတိုင်းသူ လိုက်ကြည့်လိုက်၏။

ပြီးနောက်မှာ‌တော့ ဟော့ပေါ့အိုးကို ဖြတ်သန်းပြီး အတန်းပိုင်ကို စူးစိုက်ကြည့်နေသော ဒါရိုက်တာအား မြင်သွားတော့သည်။

165 03

အိုးနားကနေ ထွက်မသွားကြသော အခြားကျောင်းသားတွေလည်း သူတို့၏ အကြည့်ကို သတိပြုမိသွားကာ စာသင်ခန်းတစ်ခုလုံး အလျင်အမြန်ဘဲ သေလောက်အောင် ငြိမ်ကျသွားတော့၏။

အစောပိုင်းတုန်း ဆူညံနေသော စာသဂ်ခန်းမှာရုတ်ချည်း တိတ်ဆိတ်သွားပြီး စားပွဲတွေနားမှခွာ၍ ဖုန်းသုံးနေကြသည့် ကျောင်းသားတွေလည်း ယခုလို ရင်တထိတ်ထိတ် ဖြစ်စေသည့်လေထုအား သတိထားမိလာကြ၏။

သူတို့တွေ မော့ကြည့်လိုက်သည့် အခါမှာတော့အတန်းဒါရိုက်တာကို နောက်ဆုံးတော့ မြင်လိုက်ကြရသည်။

အုပ်စုသည် အရမ်းကြီးတော့ အထိတ်တလန့်မဖြစ်သွားကြ၊ အဆုံးမှာတော့ မိုးပြိုလျှင်အရပ်ရှည်သည့်သူသာ ‌ခံရစမြဲသာ။

ဒီကိစ္စမှာ အတန်းပိုင် ပါဝင်နေတာဆိုတော့သူဘဲ ခေါင်းပုံခံသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့က ကလေးတွေလေ!

ဤကဲ့သို့ တွေးကြည့်လိုက်မှ ဟော့ပေါ့စားရန် အတန်းပိုင်ကို ဖိတ်ခဲ့ခြင်းက ဉာဏ်ကောင်းသော ဆုံးဖြတ်ချက်ပင်။

အတန်းပိုင်မှာ ခဏတာ အထိတ်တလန့် ဖြစ်သွားမိသော်လည်း သိပ်မကြာလိုက်။ သူ့ကျောင်းသားတွေ၏ အပြုအမူက သိပ်ပြီးမသင့်လျော်သော်လည်း ကျောင်းတွင် ၎င်းကို တားမြစ်ထားသည့် စည်းကမ်းတွေဟူ၍မရှိပေ။

သူ အတော်လေး တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါရိုက်တာ၊ စားပါဦးလား။ အစားအသောက်တွေ အများကြီး ရှိသေးတယ်!” အရွက်တွေသာ ကျန်တော့သာဖြစ်ပြီး အသားတွေကိုတော့ ဤကလေးတွေ စားပြီးကုန်ကြလေပြီ။

ဒါရိုက်တာသည် မျက်လုံးများကို ခဏကြာမှိတ်ထားလိုက်ပြီးမှ သူမ၏ ဒေါသတွေကို အတန်းပိုင်ပေါ် ဦးတည်လိုက်တော့သည်။ လူတိုင်း ထင်ကြသလိုဘဲ၊ သူတို့က ကလေးတွေဘဲ ရှိသေးသဖြင့် တာဝန်အားလုံးက ကျောင်းသားတွေကို သေချာ မကွပ်ကဲနိုင်သော အတန်းပိုင်ပေါ်သို့ ကျရောက်လာတော့၏။

“ရှင်က ကလေးတွေရဲ့ ဆရာပါ၊ ဘယ်လိုဖြစ်လို့ကလေးတွေ လမ်းမှားရောင်အောင် ဦးဆောင် နေတာလဲ။ စာသင်ခန်းဆိုတာ သင်ယူလေ့လာ နိုင်ဖို့အတွက်။ ရှင်တို့ တစ်တန်းလုံး စားသောက်ထားတာကို ကြည့်လိုက်စမ်းပါဦး၊ နေရာတိုင်း အနံ့တွေစွဲနေတာချည်းဘဲ။ ဒီဟာက ဘယ်လိုနမူနာမျိုးတုန်း”

“မတော်တို့ အန္တရာယ်တစ်ခုခုများ ဖြစ်လာရင်ဘယ်နှယ့်လုပ်ကြမလဲ”

ဒါရိုက်တာက “တရားခံ” ကို စိုက်ကြည့်ကာ“ရှင် ကျွန်မနဲ့ ရုံးခန်းထဲလိုက်ခဲ့!”

လူတိုင်း: ဟူးရေး!

ဒါရိုက်တာ၏ အကြည့်က အခန်းပတ်လည်ကို ခြုံငုံကြည့်လိုက်၏။ ဤကျောင်းသားအုပ်လည်း အင်မတန် ရိုးသားတာတော့ မဟုတ်နေချေ။

ထို့ကြောင့် သူမ ထပ်ပေါင်းပြောလိုက်သည်။ “နင်တို့အားလုံးပါ ငါနဲ့ လိုက်ခဲ့ရမယ်!”

အမ်း၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီဒုက္ခကနေ သူတို့လည်း မလွတ်ပါလားနော်။

ထို့ကြောင့် စာသင်ခန်းထဲသို့ စုန့်ရင်း ပြန်ရောက်တော့ အခန်းလွတ်ကြီးကို မြင်တွေ့လိုက်ရတာပင်။

ကံကောင်းစွာဖြင့် ဒါရိုက်တာ၏ ရုံးခန်းမှာ လူသုံးဆယ်ကျော်နီးပါး ဆန့်သည်အထိ ကျယ်ဝန်းနေတာပင်။

သူတို့ကြားထဲတွင် အတန်းပိုင်ဖြစ်သလို၊အသက်အကြီးဆုံးဖြစ်သည့် အတန်းပိုင်မှာအဆိုး၏ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ထွင်းဖောက်မြင်နေရ၏။ “ငါ့ကိုပြော၊ စာသင်ခန်းထဲမှာ ဟော့ပေါ့စားဖို့ကဘယ်သူ့အကြံလဲ”

အခန်း 1 က မိသားစုတွေလေ၊ သူတို့ရဲ့ရဲဘော်ရဲဘက်တွေကို ဘယ်လိုလုပ်ပြီး သစ္စာဖောက် နိုင်မှာလဲ။

ထို့ကြောင့် အားလုံး၏ အကြည့်မှာ အတန်းပိုင်ဆီသို့ တူညီရောက်ရှိသွားကြတော့သည်။ ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြအနေနဲ့၊ဆရာမှ ငရဲမသွားရင် ဘယ်သူသွားမှာလဲ။

ပြီး‌တော့ အတန်းပိုင်လည်း အပြစ်မကင်းဘူးလေ။ သူလည်း ဟော့ပေါ့စားတယ်၊ အမှန်ဆို အသားတွေ အများကြီး စားခဲ့တာ။

အတန်းပိုင်: ဟုတ်ပါတယ်၊ ရဲဘော်ရဲဘက်တွေကို မင်းတို့ သစ္စာမဖောက်ပါဘူး၊ ငါ့ကိုပဲ ချောက်တွန်းကြတာ။

******

166 01

အခန်း ၁၆၆: ဟော့ပေါ့ မစားချင်ဘူး၊ မင်းကိုဘဲ ရိုက်နှက်ချင်တာ

အတန်းပိုင်က ရိုးသားစွာ ဝင်ပြောလိုက်သည်။ “ဒါရိုက်တာ၊ စာသင်ခန်းထဲမှာ ဟော့ပေါ့စား လို့စားလို့ မရဘူးဆိုပြီး ကျောင်းကမှ မပြောထားတာ၊ မှန်တယ်မလား”

.

ဒါရိုက်တာ တွေးလိုက်၏။ “ဟော့ပေါ့။ ကျွန်မကတော့ ရှင့်ကို ခုချက်ချင်း ထိုးကျိတ်ပစ်လိုက်ချင်တယ်”

.

ဒါရိုက်တာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမသည် ကျောင်းစည်းမျဥ်းစမ်းကမ်းများကို ပြန်တွေးကြည့်ချိန်၌ စာသင်ခန်းအတွင်း ဟော့ပေါ့စားခြင်းကို တားမြစ်ထားခြင်းမှာ တကယ်လည်း မရှိနေချေ။ အကျိုးဆက်အားဖြင့် စာသင်ခန်းအတွင်း ချက်ပြုတ်ခြင်း သို့မဟုတ် စွမ်းအားမြင့် လျှပ်စီးပစ္စည်းတွေကို အသုံးမပြုရဘူးဟူ၍ စည်းကမ်းတွေလည်း မရှိပေ။

ဤတစ်ကြိမ်တွင် အတန်းပိုင်ကို အလွတ်ပေးလိုက်ဖို့ကိုလည်း သူမအနေနှင့် လက်ပိုက်ကြည့်မနေနိုင်။

ဤအခိုက်အတန့်တွင် ရှီလီက စကားဝင်ပြောလာ၏။ “ဒါရိုက်တာ၊ ကျောင်းစည်းမျဉ်းစည်းကမ်းထဲမှာ ဒီလိုစည်းကမ်းမျိုး မရှိဘူးဆိုတာအမှန်ပါ။ ကျွန်မတို့အတန်းရဲ့ နောက်ဆုံးစာမေးပွဲ ရလဒ်တွေကို ဂုဏ်ပြုပေးတဲ့အနေနဲ့စားသောက်ဖို့ အတန်းပိုင်က စုဝေးခဲ့တာပါ။ အခု စာသင်ခန်းထဲမှာ ဟော့ပေါ့စားတာကို ခွင့်မပြုဘူးဆိုတာ သိသွားပြီဆိုတော့ သူ့အမှားကို နားလည်ပြီး သေချာပေါက် ပြောင်းလဲသွားပါလိမ့်မယ်။ ဆရာ့ကို ပြင်ဆင်ခွင့်ပေးတဲ့ အနေနဲ့ အခွင့်အရေးတစ်ကြိမ်လောက် ပေးလို့မရဘူးလား”

.

ကျောင်းသားတွေနှင့် အောင်ပွဲခံသည်ဟု မှတ်ယူထားသည့် အတန်းပိုင်မှာ မျက်နှာထား တည်ထားသည်။ အင်း၊ အားလုံးက သူ့အကြံတွေပါပဲ၊ ကလေးတွေနဲ့ အောင်ပွဲခံချင်မိလို့ အရာအားလုံးက သူ့အပြစ်တွေချည်းပါပဲ။ သူ့ခဗျာ အသားဖတ်နည်းနည်းပဲ စားလိုက်ရပေမဲ့၊ အပြစ်အကုန်လုံးကိုတော့ ခေါင်းခံနေရတယ်။

အကယ်၍ အခြားတစ်ယောက်သာ စကားဝင်ပြောလာပါက ဒါရိုက်တာသည် ဂရုစိုက်ဖြစ်မှာ မဟုတ်သော်လည်း ပြောလာသောသူက လူတိုင်း၏ အဖိုးတန် ထိပ်တန်းကျောင်းသူရှီလီ ဖြစ်နေလေသည်။

သူမ၏ စကားတွေဆို အနည်းငယ် စဉ်းစားပေးထိုက်သည်။

ဒါရိုက်တာက အတန်းပိုင်ကို စိတ်ပျက်မှုများစွာဖြင့် ကြည့်လိုက်ပြီး “ကလေးကတောင် ရှင့်ထက် အသိတရား ရှိသေးတယ်”

အတန်းပိုင်: သူမသာ ဟော့ပေါ့အကြောင်း မပြောခဲ့ဘူးဆိုရင်၊ အစပ်ဟင်းရည်ကို ဟင်းချိုလို သဘောထားပြီး သောက်မိမှာ”

.

“ရှီလီက ရှင့်ဘက်ကနေ ကာပြောပေးနေတော့ ရှင့်ကို ဆက်ပြီးအပြစ်မတင်တော့ပါဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာ မရှိပါစေနဲ့”

.

“နင်တို့အားလုံး ပြန်သွားလို့ရပြီ။ မှတ်ထားကြ၊နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ မမောက်မာနဲ့၊ မကြောက်သွားနဲ့။ အဆင့်တွေကို ထိန်းထားကြ၊ ရေစုန်မြောမသွားစေနဲ့!”

.

အတန်းပိုင်လည်း ကျောင်းသားသုံးဆယ်ကျော်နှင့်အတူ တစ်ပါတည်း ခေါင်းညိတ်လိုက်၏။ သူ့ကိုယ်သူ အပြစ်ဒဏ်မှ လွတ်ပြီဟု တွေးလိုက်မိချိန်မှာတင် ဒါရိုက်တာက ထပ်ပေါင်းပြောလာသည်။ “ဘယ်လိုပဲဖြစ်ဖြစ် အမှားလုပ်ရင်တော့ အပြစ်ပေးရမယ်။ နောက်တစ်ပတ် တနင်္လာနေ့ကျရင် စာလုံးရေ4000 ရှိတဲ့ ကိုယ့်ကိုယ်ကိုယ်- သုံးသပ်စာကို ရေးပြီး လာတင်ပြပါ”

အတန်းပိုင်: ရှီလီ ကာပြောပေးလိုက်ရင် ငါ့ကို ချမ်းသာပေးရမှာ မဟုတ်ဘူးလား။ သူမရဲ့လွှမ်းမိုးနိုင်မှုက ဒီလောက်တောင်ပဲ နည်းရသလား။

.

ငါ့လူတို့ရေ၊ ဘယ်သူ နားလည်နိုင်မှာလဲ။နှစ်တွေအကြာကြီး ဆရာလုပ်လာပြီး ကျောင်းသားတွေကို ကိုယ့်ကိုယ်ကိုယ် သုံးသပ်စာ ရေးခိုင်းခဲ့ဖူးပေမဲ့ အခုကျ သူ ပြန်ရေးရမဲ့အလှည့် ရောက်လာပြီ။ ဒီလောကကြီးထဲက တရားမျှတမှုဆိုတာ ဘယ်နားမှာတဲ့လဲ။

.

အသားနှစ်ဖတ်ဘဲ သူ စားခဲ့ရတာလေ၊ သူ ဘာများမှားသွားလို့လဲ။

.

[မင်း အကူအညီ ကမ်းပေးလိုက်တာနဲ့ -ကမ်းပေးလိုက်တာနဲ့ အဖမ်းခံရမှာပဲ]

.

လူတိုင်း: ဘယ်လိုတောင် သွေးအေးတဲ့ ဟာသလဲ။

.

ထိုနေ့မှစ၍ ချန်ဖူ အထက်တန်းကျောင်း၏စည်းမျဉ်းစည်းကမ်းများထဲတွင် ထူးခြားသည့်စည်းကမ်းအသစ်တစ်ခု ပေါ်ထွက်လာခဲ့၏။ စာသင်ခန်းတွင်း ချက်ပြုတ်ခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်!!!။

စည်းကမ်းအနောက်ရှိ အနှီ အာမေဍိတ်သုံးခုသည် ထိုအချိန်တုန်းက ကျောင်းအုပ်ချုပ်ရေး ပိုင်း၏ ဒေါသကို ရှင်းလင်းစွာ ဖော်ပြထားခဲ့တာဖြစ်၏။

.

စိတ်ညစ်နေသော အတန်းပိုင်မှာ စိတ်ရွှင်လန်းနေသော ကျောင်းသားများ နောက်ကနေ လျှောက်လှမ်းထွက်လာခဲ့၏။

.

ဤအခြေအနေတွင် အနည်းငယ် သနားစရာကောင်းသော အတန်းပိုင်၏အနောက်ကနေ ရှီလီ လျှောက်လှမ်းနေသည်။ အဆုံးမှာတော့ သူသည် သူမ၏ နှစ်ဘဝလုံး၌ အတန်းပိုင်ဖြစ်ခဲ့ကာ ဤတစ်ကြိမ်တွင် သူမကိုယ်စား ခေါင်းခံပေးခဲ့တာပင်။

.

ထို့ကြောင့် ရှီလီက အတန်းပိုင် အနောက်သို့အမှီလိုက်၍ နှစ်သိမ့်ပေးလိုက်သည်။ “ဆရာ၊ အရမ်းလည်း စိတ်မကောင်းဖြစ်‌မနေပါနဲ့။ ဆရာ့ကို ဒါရိုက်တာက တင်းကြပ်တယ်ဆိုတာကလည်း ဆရာ့ကို တန်ဖိုးထားလို့ပါ။ ဆရာက ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာဘဲ ရေးလိုက်ရပေမဲ့ ဒါရိုက်တာအတွက် ဆရာက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို သိလိုက်ရတာပဲလေ။ မတန်ဘူးလား”

.

အတန်းပိုင် သူမကို လှည့်ကြည့်လိုက်ပြီး“ဒါဆို ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာရေးဖို့ ငါ့ကို ကူပေးမှာလား”

166 02

သူမ ခြောက်ကပ်ကပ် ရယ်လိုက်ရင်း“ဟားဟား၊ ဆရာက ဆရာတစ်ယောက်လေ၊ စံပြဖြစ်သင့်တာပေါ့။ ဒါရိုက်တာက ဆရာ့ကို အပြစ်ပေးလိုက်မှတော့ ဘယ်လိုလုပ်ပြီး ကျောင်းသူတစ်ယောက်ကို အငှားရေးခိုင်းရတာလဲ။ မလှည့်စားရဘူး၊ ရိုးသားရမယ်ဆိုပြီး ဆရာပဲ သမီးတို့ကို အမြဲတမ်း သင်ပေးခဲ့တာကို မမှတ်မိဘူးလား…”

.

ဘယ်လိုတောင် စိတ်တိုဖို့ကောင်းတဲ့ ကလေးလဲဟု အတန်းပိုင် တွေးလိုက်၏။ သူမကို မေးလိုက်သည်။ “ဟော့ပေါ့စားဖို့ အကြံကို မင်းတို့ပဲ အရင်စတာ မဟုတ်လား”

.

ဤသို့ ကြားရခြင်းက်ို ရှီလီ မကြိုက်ပေ။

.

မသိရင် သူကတော့ ဟော့ပေါ့မစားတာ ကျနေတာဘဲ။ အတန်းပိုင်လည်း အိုးဘေးမှာ တိတ်တိတ်လေးနဲ့ အတော့်ကို ပျော်ပျော်ကြီး စားနေခဲ့တာပါနော်။

.

“လာပါ၊ သမီးတို့က ဆရာနဲ့ ကျောင်းသားတွေကို ဘာတွေခွဲခြားနေမှာလဲ။ သမီးတို့အတန်းက စည်းလုံးပါတယ်။ ဆရာ့ကို ဒါရိုက်တာအပြစ်ပေးတော့ သမီးတို့လည်း ရင်နာရပါတယ်။ သမီးတို့ ရင်နာနေတာကို ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာတော့ ဆရာ မရေးခိုင်းစေချင်ဘူးမလား”

.

အတန်းပိုင် စိတ်တိုတိုနှင့် ပြောလိုက်၏။ “ထွက်သွား၊ သစ္စာမရှိတဲ့ အဆိုးအပေတွေ”

.

ကျောင်းသားများမှာ မှားယွင်းသလို ခံစားလိုက်ကြရပြီး “ဆရာ၊ ကျွန်တော်တို့တွေ အစားကောင်းတွေစားရင် ဆရာ့ကိုခေါ်ဖို့ မမေ့ပါဘူးဗျာ။ ကျွန်တော်တို့ကို သစ္စာမရှိဘူး လို့ ဘယ်လိုတောင် ပြောရက်ရတာလဲ!”

.

ဤအကြောင်းကို သတိရသွားတော့ အတန်းပိုင်အတော်လေး စိတ်ကျေနပ်သွားရသည်။ ဒီအဆိုး‌အပေလေးတွေက အစားကောင်းအသောက်ကောင်း စားနေရချိန်မှာ သူ့ကို ခေါ်ဖို့တော့ မမေ့ကြဘူးဘဲ။ အနည်းဆုံးတော့ သူတို့မှာ အသိတရားရှိပြီး သူ မပါဘဲ မစားကြဘူးလေ။

.

သူသည် အပြစ်ကို ခေါင်းခံလိုက်ရသော်ငြား သူ့အတန်းက ကလေးတွေအ‌တွက် အပြင်လူမဟုတ်ဘူးလို့ ခံစားမိလိုက်ရတာကြောင့် စိတ်ထဲမှာတော့ အတော်လေး နွေးထွေးမိသွားသည်။

.

သူသည် ကျောင်းသားများ၏ သစ္စာမရှိခြင်း အပေါ် ပြစ်တင်ပြောဆိုနေသော်လည်း ၎င်းက အပြောသက်သက်သာ။ အဆုံးတွင်မူ သူက‌ ဆရာတစ်ယောက်ဖြစ်ကာ သူ့ကျောင်းသားတွေကိုယ်စား ခေါင်းခံပေးခြင်းက အပြင်လူတွေအတွက် လုပ်ပေးတာနှင့် မတူညီနိုင်။

.

“ငါက ကျောင်းသားဘဝတုန်းကတောင် ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာ မရေးခဲ့ရဖူးဘူး၊အခု ဆရာဖြစ်တော့မှ ရေးနေရပြီ!”

.

အသိစိတ်ပိုရှိသော ကျောင်းသားအချို့ကမူအနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသော်လည်း ရှီလီလို အခြားသူတွေကတော့ အပြစ်ရှိစိတ်ကို လုံးဝ မခံစားနေရပေ။ “ဆရာ၊ ဒီဟာက ဆရာ့ရဲ့ ဘဝအတွေ့အကြုံအတွက် အသိပညာ တိုးပွားစေမှာပါ။ ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာ မရေးရတဲ့ ဘဝဆိုတာ မပြီးပြည့်စုံပါဘူး”

.

“ဒါဆိုလည်း မင်းဘဝ ပြီးပြည့်စုံသွားအောင်လို့ ငါ အခွင့်အရေး ပေးလိုက်မယ်”

.

“မလိုပါဘူး! ကျွန်တော်တို့က နှစ်တွေအကြာကြီး ကျောင်းသားဖြစ်ရဦးမှာ၊ ဘယ်အချိန်မှာ ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာ ရေးရမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ကျွန်တော်တို့က ငယ်ပါသေးတယ်၊ တောက်ပတဲ့ အနာဂါတ်နဲ့အခွင့်အလမ်းတွေ အများကြီး စောင့်မျှော်နေတာ။ ကျွန်တော်တို့အတွက် ဆရာ့ရဲ့ အခွင့်အရေးကို လက်လွှတ်ဖို့ မလိုပါဘူးဗျာ”

.

အတန်းပိုင်: ငါက မင်းတို့ရဲ့ ဆရာပါ၊ ငါ့ရှေ့မှာအနာဂါတ်ကျ အမှားတွေ လုပ်မိနိုင်တယ်လို့ပြောဖို့ တကယ်ကြီး အဆင်ပြေရဲ့လား။

.

သူတို့တွေ စကားများရင်း စာသက်ခန်းထဲ ပြန်ရောက်လာတော့ စုန့်ရင်း၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာကို မြင်လိုက်ကြရ၏။

.

“နင်တို့အားလုံး ဘယ်တွေသွားနေကြတာလဲ”တစ်ခုခု ဖြစ်သွားတာများလားဟု သူမ အတွေးဝင်မိလာသည်!

.

၎င်းမှာ ဇာတ်လမ်းရှည်ကြီးဆိုသော်လည်းရှီလီက အကျဉ်းချုံး၍ “ဘာမှတော့ မဟုတ်ပါဘူး၊ ငါတို့ စာသင်ခန်းထဲ ဟော့ပေါ့စားနေကြတာကို ဒါရိုက်တာ မိသွားလို့၊ ရုံးခန်းထဲအခေါ်ခံရပြီး ဆူခံလိုက်ရတာ”

.

“သေပါပြီ! အားလုံး အဆင်ပြေရဲ့လား”

.

ရှီလီသည် သူမ ကြောက်ရွံ့တတ်တာကို သိထားသဖြင့် ဖျောင်းဖျပေးလိုက်သည်။ “အဆင်ပြေတယ်၊ ငါတို့ပုံက တစ်ခုခုဖြစ်နေတဲ့ပုံ ပေါက်နေလို့လား”

.

အတန်းပိုင်: …ဆိုတော့ကား ငါ့ရဲ့ စာလုံးရေ4000 ရှိတဲ့ ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာအကြောင်းကိုတော့ မပြောဘူးပေါ့၊ ဟမ်။

******

167 01

အခန်း ၁၆၇: အစီအစဉ်များ သတ်မှတ်ခြင်း

.

စုန့်ရင်း ညင်သာစွာ မေးလိုက်သည်။ “အားလုံး ဗိုက်ပြည့်နေကြပြီလား။ ငါ နင်တို့အတွက် ကိတ်မုန့် ဝယ်ထားတယ်။ ဗိုက်မပြည့်သေးတဲ့သူတွေ နည်းနည်းဗိုက်ဝသွားအောင် စားလို့ရတယ်”

.

အတန်းပိုင်က ဟော့ပေါ့အိုးကို အပူပေးစက်ကို ခလုတ်ဖွင့်၍ “ငါကတော့ ဟော့ပေါ့ဘဲ ဆက်စားမယ်”

.

စုန့်ရင်း ခေါင်းရှုပ်သွားကာ “သမီးတို့တွေဒါရိုက်တာဆီက အခုလေးတင် အဆူခံလာခဲ့ရတာ မဟုတ်ဘူးလား။ ဆရာ ဆက်စားချင်သေးတယ်ပေါ့”

.

အတန်းပိုင်က ခါးသီးစွာ ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ကိုယ့်ကိုယ်ကိုယ်-သုံးသပ်စာ ရေးရမှာဘဲမလား။ ဗိုက်ပြည့်တဲ့အထိစားပြီး သေချာပျော်ပါးရမှာပေါ့”

.

စုန့်ရင်းက သူ့စကားများကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိတာကြောင့် ခေါင်းညိတ်လိုက်ပြီး‘“ကိတ်မုန့်စားချင်တဲ့သူတွေ ငါ့ဆီ လာခဲ့ကြ။ ငါ ကိတ်မုန့် ဝေပေးမယ်”

.

အမှန်တကယ်ဆို လူတိုင်းသည် ဟော့ပေါ့စားပြီး ဗိုက်တင်းနေကြပြီဖြစ်သော်လည်း ဒါရိုက်တာ၏ရုံးခန်းသို့ ဆွဲခေါ်သွားခံရကာ မတ်တပ်ရပ်လျှက် အဆူခံခဲ့ရသည့်အပြင် လမ်းအနည်းငယ်လည်း လျှောက်ခဲ့ရတာမို့ သူတို့ဗိုက်ထဲရှိ ဟော့ပေါ့မှာ အနည်းအကျဉ်းတော့ အစာကျေသွားလေပြီ။ ကျောင်းသားများမှာ ဗိုက်ပြန်ဆာလာပြီဖြစ်တာကြောင့် နည်းနည်းပါးပါး ထပ်စားနိုင်ကြသည်။ မိန်းကလေးများ၌ အစာအိမ်နှစ်ခုရှိပြီး အစားအသောက်ကြောင့် ဗိုက်ပြည့်နေချိန်မှာ သရေစာအချို့ကို ထပ်စားနိုင်ကြသေးသည်။

.

ထို့အပြင် ခရင်မ်ကိတ်မုန့်ကို မည်သူကမှမငြင်းဆန်နိုင်ကြချေ။

.

ထို့ကြောင့် လူတိုင်း လက်များကို မြှောက်ကာပြောလိုက်ကြ၏။ “ငါ နည်းနည်းစားမယ်၊ငါလည်း နည်းနည်းလောက် စားမယ်”

.

သူမ ဝယ်လာသောကိတ်က အလွန်နာမည်ကြီးနေတာကို မြင်လိုက်ရတော့ စုန့်ရင်း အတော့်ကို စိတ်ကျေနပ်သွားကာ “ဟုတ်ပြီ၊ ငါ နင်တို့အားလုံးကို ကိတ်မုန့်ဝေပေးမယ်”

.

စုန့်ရင်းနှင့် ကိတ်မုန့်သွားခဲ့သော အတန်းဖော်က ဆိုင်မှပေးလိုက်သော ဖယောင်းတိုင်များကို ကိုင်ဆောင်၍ ဝင်ပြောလိုက်သည်။ “ငါတို့တွေ ကိတ်မုန့်စားရင်း အခမ်းအနား လုပ်သင့်တယ်။ ဖယောင်းတိုင်တွေ ထွန်းကြရအောင်!”

.

“ဟုတ်တယ်၊ ဟုတ်တယ်!”

.

“မြန်မြန်၊ လိုက်ကာတွေဆွဲချပြီး မီးတွေ ပိတ်လိုက်ကြဦး”

.

“ငါ ဖယောင်းတိုင်တွေ တင်လိုက်မယ်”

.

“ဆိုင်က ဘာလို့မီးခြစ်ကျတော့ မပေးလိုက်တာလဲ”

.

အတန်းထဲတွင် ဆေးလိပ်ခိုးမသောက်သည့် လိမ္မာရေးခြားရှိသော ကလေးများဖြင့်သာ ပြည့်နှက်နေတာကြောင့် ဖယောင်းတိုင် မီးထွန်းစရာ မီးခြစ်မရှိကြပေ။

.

‌ဟော့ပေါ့ နောက်ထပ်ရေဆူလာမှာကို စောင့်နေရင်း အတန်းပိုင်မှာ သူ့အသေးလေးတွေထံမှ အကြည့်ကို ရုတ်တရက် ခံစားမိလိုက်ရ၏။

.

သူ့ကို သူတို့တွေ ဒီလိုတွေ ကြည့်လာပြီဆို ဘယ်တော့မှ မကောင်းဘူး။

.

သူ့အိတ်ကပ်တွေကို လက်ဖြင့် ပုတ်ပြလိုက်ပြီး“မင်းတို့က ဘာကိုကြည့်နေကြတာတုန်း။ ငါ ဆေးလိပ်မသောက်ဘူး၊ ငါ့မှာ ဘယ်မှာလုပ် မီးခြစ်ရှိမှာလဲ”

.

ကျောင်းသားများ ဆက်တိုက်စိုက်ကြည့်နေကြတာကြောင့် အတန်းပိုင်လည်း လက်လျှော့ကာ မျက်လုံးများကို မှိတ်လိုက်ရင်း “ပြီးရော၊ ပြီးရော၊ ငါ တစ်ခုလောက် သွားငှားပေးမယ်”အတိတ်ဘဝတုန်းက သူတို့အပေါ် အကြွေးတင်ခဲ့တဲ့ပုံပါပဲ။

.

သူ၏တူကို အောက်ချပြီးနောက် အနည်းငယ်စိတ်မအေးသလို ခံစားလိုက်မိကာ “ဟော့ပေါ့ထဲက အစားအသောက်တွေကို အကုန်မစားပစ်နဲ့နော်၊ ငါ့အတွက် ချန်ထားကြဦး”

.

အတန်းပိုင်သည် မီးခြစ်ငှားရန်အတွက် ခပ်ဖြည်းဖြည်း ပြေးသွားခဲ့ပြီးနောက် ကိတ်မုန့်နားက ကျောင်းသားတွေကို ပေးလိုက်သည်။

.

မူလနေရာကို ပြန်ရောက်သည့်အခါမှာတော့သူ၏ တစ်ခါသုံး ပန်းကန်ပြားထဲတွင် အစားအသောက်တွေ တောင်လိုပုံနေတာကို မြင်တွေ့လိုက်ရ၏။ ဟမ့်၊ အနည်းဆုံးတော့ ဒီကလေးတွေမှာ အသိတရားရှိသေးသားပဲ။

.

အမှောင်ထုထဲတွင် ဖယောင်းတိုင်များ မီးလင်းလာ၍ ဘေးပတ်လည်ကို မီးရောင်များ ဖြာထွက်လာစေသည်။

.

တစ်ယောက်က စုန့်ရင်းက ရှေ့တွန်းလိုက်ပြီး“ကိတ်မုန့်ဝယ်လာတာ နင်ဆိုတော့၊ နင်ပဲ ဆုတောင်းပြီး ‌ဖယောင်းတိုင်မီးမှုတ်လိုက်”

.

စုန့်ရင်း၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ရှက်သွေးဖြန်းသွားရင်း “အဆင်ပြေပါ့မလား”

.

“အဆင်ပြေတာပေါ့။ ဒီနေ့ နင် ‌ဖယောင်းတိုင်မီးမှုတ်လိုက်၊ နောက်တစ်ခါကျ ငါတို့တွေ အလှည့်ကျ မီးမှုတ်မယ်။ ဖယောင်းတိုင်တွေကို ပြိုင်တူမီးမှုတ်လို့လည်း ရသေးတယ်!”

.

တစ်ယောက်က “ဟက်ပီဘတ်ဒေး” ဟူ၍ စတင်သီဆိုလာသည်။

167 02

“ဟက်ပီဘတ်ဒေး တူးယူ၊ ဟက်ပီဘတ်ဒေး တူးယူ၊ ဟက်ပီဘတ်ဒေး..."

.

သို့သော် မည်သူတစ်ဦးတစ်ယောက်၏ မွေးနေ့မှ ဟုတ်မနေချေ။

.

မွေ့နေ့ရှင်ကို လူတွေ ဆုတောင်းပေးကြတာကိုရုပ်ရှင်များနှင့် TV ရှိုးတွေထဲ၌ သူမ မြင်တွေ့ဖူးသည်။ “တစ်နှစ်ပြီးတစ်နှစ် ဒီလိုအချိန်ကောင်းလေးတွေကို ပိုင်ဆိုင်နိုင်ပါစေ”

.

ထိုအချိန်တုန်းက ဤစကားများ၏ ဆိုလိုရင်းကို သူမ နားလည်ခဲ့သော်ငြား ဘာကြောင့်လူတွေက မွေးနေ့ရှင်ကို ထိုသို့ပြောကြလဲ ဆိုတာကိုတော့ နားမလည်နိုင်ခဲ့ချေ။ ၎င်းကိုသာမန်စကားဟုသာ သူမ ထင်ခဲ့သည်။

.

ယခုတော့ ၎င်းက တကယ့်ကို လှပတဲ့ ကောင်းချီးဆိုတာကို သူမ ခံစားမိလာသည်။ သူမ ယခုလိုမျိုး တစ်ခါမှ မပျော်ရွှင်ဖူးခဲ့ပေ။ နေ့ရက်တိုင်းသာ ယနေ့လိုမျိုးဆိုလျှင် ပျော်နေရမှာပင်။

.

ထို့ကြောင့် သူမ၏ဆုတောင်းက စာကြောင်းတစ်ကြောင်းတည်းသာ: တစ်နှစ်ပြီးတစ်နှစ် ဒီနေ့လိုမျိုး အခိုက်အတန့်လေး ရပါစေလို့မျှော်လင့်ပါတယ်။

.

စုန့်ရင်း မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်မှာတော့ ဖယောင်းတိုင်မီးမှုတ်နေရင်းတောင် ပြုံးရွှင်နေလျှက်ရှိသည်။

.

ဖယောင်းတိုင်တွေ မီးငြိမ်းသွားပြီဆိုတာနှင့်ပြတင်းပေါက်နားရှိ အတန်းဖော်က လိုက်ကာများကို အမြန်ဆွဲဖွင့်လိုက်သည်။

.

စာသင်ခန်းထဲသို့ အလင်းရောင်များ ပြန်လည်ဝင်ရောက်လာချိန်မှာ စုန့်ရင်းက ကိတ်မုန့်လှီးသည့်ဓားကို ကိုင်လိုက်ရင်း “ကိတ်မုန့်ခွဲကြမယ်!”

.

“ငါ ဒီအပိုင်း လိုချင်တယ်”

.

“စတော်ဘယ်ရီပါတဲ့အပိုင်းကို ငါ ယူမှာနော်”

.

...

.

စုန့်ရင်းသည် အရွယ်အစား အ‌တော်ကြီးသည့်ကိတ်မုန့်ကို ရွေးချယ်ခဲ့တာကြောင့် စာသင်ခန်းထဲက ဆာလောင်နေသည့် ဝံပုလွေများအား ကျွေးမွေးရန် လုံလောက်ပေသည်။

.

ဤနေ့လယ်ချိန်က 10 AM ကနေ 2 PM အထိကြာမြင့်ခဲ့သည်။ စားသောက်လို့ပြီးတော့ လူတိုင်းသည် အိုးခွက်များနှင့် ပန်းကန်များကို ရှင်းလင်းပြီးနောက် စားပွဲများခုံနှင့် ထိုင်ခုံများကို နေရာတကျ ပြန်ထားလိုက်ကြ၏။

.

အတန်းလဲခြင်းများ ပြီးဆုံးသွားသည့်နောက်၌နွေရာသီ အားလပ်ရက် စတင်လာတော့သည်။

.

အခန်း 1 က စာသင်ခန်းကို ရှင်းလင်းနေချိန်၌တစ်ထပ်လုံး ပုံမှန်အတိုင်း တိတ်ဆိတ်သွားလေပြီ။ အခြားအတန်းများ ကြီးကြီးမားမား ရွှေ့ပြောင်းကာ ဒုတိယနှစ် စာသင်ခန်းများတွင်အသုံးပြုခဲ့သည့် အရာများအား ပြန်လည် နေရာချခြင်းတို့ ပြီးစီးသွားကြသည်။

.

မူလ ဘွဲ့ရသွားသော အတန်းများမှာ ကောလိပ်ဝင်စာမေးပွဲ ဖြေဆိုပြီးနောက် သူတို့၏ အတန်းများကို ရှင်းလင်းခဲ့ကြ၏။ ဒုတိယနှစ်ကျောင်းသားများက သူတို့၏ သက်ဆိုင်ရာတတိယနှစ် စာသင်ခန်းများဆီသို့ ရွှေ့ပြောင်းသွားကြလေပြီ။

ဒုတိယနှစ်တွေ ဖြစ်လာတော့မည့် ပထမနှစ်များမှာ အဆင့်အပေါ် မူတည်ပြီး အတန်းနေရာ ပြောင်းရန်အတွက် နောက်ဆုံးစာမေးပွဲကြီး၏ ရလဒ်များကို စောင့်ဆိုင်းနေကြသည်။

အတန်းပြောင်းခြင်း ရလဒ်တွေ ထွက်လာပြီဆိုတာနှင့် လူတိုင်းသည် ဒုတိယနှစ် စာသင်ခန်းတွေဆီသို့ ရွှေ့ပြောင်း၍ စာသင်ခန်းတွေ ပြောင်းလဲကြရမှာပင်။

.

ယခုတော့ အခြားစာသင်ခန်းများ ဗလာဖြစ်နေပြီး နောက်တက်လာမည့် ပထမနှစ်များကို စောင့်မျှော်နေလျှက်ရှိသည်။ ပထမနှစ်၏အခန်း 1 ကသာ နဂိုစာသင်ခန်းမှာဘဲ ရှိနေတာဖြစ်သည်။

.

အတန်းပိုင်ကတော့ ခေါင်းကိုက်ရတော့မယ်ဟု ခံစားနေရ၏။ အခြားအတန်းတွေက ပြောင်းရွှေ့ပြီးပြီဆိုပေမဲ့ သူတို့အတန်းက တော့ ယခုမှ စားသောက်လို့ ပြီးသွားတာပင်။

.

သူ့နာရီကို ငုံ့ကြည့်လိုက်တော့ - အချိန်ကျန်‌သေးသည်။

167 03

သို့သော် မပြောင်းရွေ့ခင်တွင် စာမေးပွဲ ရလဒ်များပေါ်အခြေခံ၍ ထိုင်ခုံရွေးဖို့ ကျန်သေး၏။

.

အခု အခန်းပြောင်းမဲ့ ခြိမ်းခြောက်မှုကြီးမရှိတော့ဘူးဆိုတော့ သူတို့ကို အကြပ်ကိုင်ဖို့သူ့မှာ ဘာမှမရှိတော့ဘူးလား။ အဲဒါက ကိစ္စကြီး မဖြစ်နိုင်ဘူးဟူ၍ အတန်းပိုင် တွေးလိုက်သည်။

.

အတန်းပိုင်သည် စင်မြင့်ထက်တွင်ရပ်၍ လည်ချောင်းရှင်းကာ ပြောလိုက်သည်။ “ကျောင်းသားတွေ၊ ဆရာ့မှာ ကြေညာစရာတစ်ခုရှိတယ်။ မင်းတို့ သိကြတဲ့အတိုင်း၊ လက်ရှိထိုင်ခုံတွေကို အရင်စာရင်းသွင်းတဲ့အပေါ်မှာ ကျပန်းရွေးခဲ့ကြတာ။ ထိုင်ခုံတွေကိုစီစဉ်တဲ့နေရာမှာ ကျိုးကြောင်းမဆီလျော်တဲ့ ရှုထောင့်တွေရှိတယ်၊ စုန့်ရင်းနဲ့ ရုံရုံတို့လိုပေါ့။ အတန်းဖော်တွေနဲ့ အတူထိုင်ဖို့ လိုအပ်ပေမဲ့ စင်မြင့်နားမှာဘဲ အမြဲထိုင်နေရတာ၊ အဲဒါမကောင်းဘူး”

စုန့်ရင်းက အပြင်းအထန် သဘောတူလာပြီး ခပ်မြန်မြန် ခေါင်းညိတ်လာသည်။ စင်မြင့်၏အနားတွင်ထိုင်ပြီး ဆရာ၏ ထိုင်ခုံဖော်အဖြစ် ခံစားနေရခြင်းက အလွန်ထူးဆန်းပေသည်။

.

“ဆိုတော့ကား၊ ထိုင်ခုံတွေကို ဘယ်လိုစီစဉ်ကြမလဲလို့ မင်း‌တို့တွေ မေးလာကောင်း မေးလာနိုင်တယ်။ သေချာ စဉ်းစားကြည့်လိုက်တော့ မင်းတို့ရဲ့ အဆင့်တွေကောင်းပြီး စာကြိုးစားလာအောင် တွန်းအားပေးဖို့အတွက် စာမေးပွဲရလ်တွေအပေါ်မှာ ထိုင်ခုံတွေကို နေရာချမယ်။ ဒီအဓိပ္ပာယ်ကတော့ ကျောင်းသားတွေကစာမေးပွဲအမှတ်အတိုင်း စာသင်ခန်းထဲဝင်ပြီး ထိုင်ခုံရွေးရမှာ။ ပထမရတဲ့သူက အရင်ဆုံး ရွေးမယ်၊ ပြီးရင် ဒုတိယနဲ့ တတိယ… အဲ့လိုဆက်သွားမယ်”

.

သူတို့ဆရာ၏ ပါးနပ်သော အစီအစဉ်ကို ကျောင်းသားတွေ ချက်ချင်း နားလည်သွားကြသည်။ ရှီလီက ပထမနေရာကို ရထားသဖြင့် သူမ၏ ထိုင်ခုံကို အရင်ဆုံးရွေးချယ်နိုင်မှာပင်။ အဲ့လိုဆို ဒုတိယနဲ့ တတိယက ရှီလီရဲ့ထိုင်ခုံဖော် ဖြစ်လာနိုင်တဲ့ အလားအလာ မရှိနိုင်ဘူးလား။

.

သူတို့ရဲ့ ဒီကောက်ကျစ်တဲ့ ဆရာကတော့ ဒီမူဝါဒကို ဘာလို့စောစောစီးစီး မကြေညာခဲ့ရတာလဲလို့။

.

သေချာသည်မှာ သူ ကြေညာခဲ့လျှင်တောင်အားလုံး၏ နောက်ဆုံးစာမေးပွဲ ရလဒ်များကိုတဆစ်ချိုး ကွဲပြားသွားစေမှာ မဟုတ်ချေ။

.

အဆုံးမှာ‌တော့ ရှီလီနှင့် တစ်ခန်းတည်းကျဖို့နှင့်ပင် လူတိုင်းက အားစိုက်ထုတ်မှုကို 120% ထည့်ထားရတာကြောင့်ပင်။

.

မဟုတ်ပါက အတန်း၏ ပျမ်းမျှရမှတ်မှာ အမှတ်တွေအများကြီးနှင့် ခုန်တက်လာနိုင်မှာ မဟုတ်ပေ။ ယခုလို ကြီးမားသော တိုးတက်မှုကပင် လူတိုင်း အပတ်တကုတ် ကြိုးစားထားတယ်ဆိုတာကို ပြသ‌နေလေပြီ။

.

အတန်း၏ တိုးတက်မှုမှာ အလွန်ကြီးမားသဖြင့်ရှီလီတောင်မှ ခြိမ်းခြောက်ခံရသလို ခံစားသွားရပြီး နေ့တိုင်း အိမ်တွင်းအောင်း၍ စာလုပ်နေရသည်အထိ ဖြစ်စေခဲ့သည်။

.

အမှတ်နိမ့်သည့် ကျောင်းသားများကတော့ ရှီလီ၏ ထိုင်ခုံဖော် မဖြစ်နိုင်ဘူးဆိုတာကို ရှင်းလင်းသွားပြီဖြစ်သဖြင့် ဒရာမာ အထုပ်ပြေလာတာကိုသာ စောင့်ဆိုင်းနေကြ၍ ဤဆုအား ဘယ်သူသိမ်းပိုက်မယ်ဆိုတာကို ကြည့်နေကြသည်။

.

ထိပ်တန်းကျောင်းသားများဖြစ်ကြသည့် အထူးသဖြင့် ထိပ်ဆုံးငါးယောက်ကတော့ မျက်လုံးတွေထဲတွင် မီးပွားများဖြင့် ဝင်းလက်နေလျှက်။

.

အတန်းပိုင်သည် စင်မြင့်အောက်က ဆူပူထကြွနေသော စိတ်ခံစားချက်များကို မမြင်ချင်ယောင်ဆောင်ထား၏။ သူ လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ၊ ငါတို့ရဲ့ဒုတိယထပ် စာသင်ခန်းက ထိုင်ခုံတွေကို သွားရွေးကြရအောင်။ ထိုင်ခုံတွေ ရွေးပြီးရင် စာအုပ်တွေနဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို ရွှေ့မယ်”

.

ကုယွီချင်သည် သူမ၏အဆင့်နှင့် သူမအထက်ကလူတွေ၏ စိတ်နေစိတ်အားများကို ထည့်သွင်းစဉ်းစား၍ လက်ချောင်းများဖြင့် ရေတွက်နေသည်။ သူမ ရှီလီရဲ့ ထိုင်ခုံဖော် ဖြစ်လာနိုင်ပါ့မလား။ ရှီလီရဲ့ အရှေ့နဲ့အနောက်နေရာကိုတော့ ကျိန်းသေပေါက် စိတ်ချထားလို့ရပေမဲ့ သူမပန်းတိုင်က ရှီလီရဲ့ဘယ်နဲ့ညာမှာထိုင်ဖို့လေ။ တကယ့် ထိုင်ခုံဖော်ဖြစ်ရတာကအကောင်းဆုံးဘဲ။

.

တစ်တန်းလုံး အပေါ်တက်သို့ တက်သွားချိန်မှာကုယွီချင်က တွက်ချက်နေ၏: ဒုတိယနေရာကသူတို့အတန်းထဲကို ပြောင်းလာတာ မကြာသေးတဲ့ ရုံရုံ။ သူမက စုန့်ရင်းနဲ့ ရင်းနှီးပုံပေါ်ပေမဲ့ အခြားအတန်းဖော်တွေနဲ့ကျတော့ သာမန်အတိုင်းဘဲ။ သူမက ရှီလီရဲ့ထိုင်ခုံဖော် ဖြစ်ချင်တဲ့ပုံ မပေါ်ဘူးဆိုတော့ ခြိမ်းခြောက်မှုကြီး ဟုတ်မနေဘူး။

167 04

တတိယက ဖူဟွေ့ရှင်း။ ခုနောက်ပိုင်း သူဘာတွေကို ဘယ်လိုလုပ်နေလဲဆိုတာ မသိပေမဲ့၊ သူ့အဆင့်တွေက အရမ်းမြန်မြန်ကြီး တိုးတက်လာပြီး ထိပ်ဆုံးဆယ်ယောက်ကနေ ထိပ်ဆုံးသုံးယောက်အထိ ခုန်တက်သွားတာ။ ဒါပေမဲ့ သူ့ကိုကြည့်ရတာကတော့ ထိုင်ခုံဖော် နေရာအတွက် ပြိုင်လုမဲ့ပုံ မပေါ်ဘူး။

.

အဲ့ဒီ ကျန်တဲ့စတုတ္ထနေရာက သွမ့်ယောင်ကျင်း ကတော့ ထိုင်ခုံဖော်နေရာအတွက် ပြိုင်ဘက် ဖြစ်လာနိုင်ခြေရှိတယ်။

.

ဒါပေမဲ့ အရေးမကြီးပေါင်။ ရှီလီနဲ့မီတာဝက်လောက်ကွာတဲ့ ဘေးခုံမှာ ထိုင်ရရင်တောင် အဆင်ပြေတယ်

.

အတန်းပိုင်က မူလစာသင်ခန်းနှင့် ကွဲပြားသည့်ဒုတိယနှစ် အခန်း 1 ကို ပြင်ဆင်ထားပြီးသားပင်။

.

ဒေါင်လိုက် ခြောက်တန်းနှင့် အလျားလိုက်ငါးတန်းပါသော တစ်ယောက်စား‌ပွဲခုံများတွင် ထိုင်ခုံဖော် မပါပေ။ လူတိုင်း၏ ထိုင်ခုံဖော်က သူတို့ကိုယ်တိုင်ပင်။

.

ယခုလိုဆို ရှီလီ၏ ဘယ်နှင့်ညာနေရာက ကောင်းမွန်ပေသည်။

.

ဤကဲ့သို့ စီစဉ်ပုံကြောင့် သွမ့်ယောင်ကျင်းအင်မတန် စိတ်ကျေနပ်သွားသည်။

.

သို့ပေတည့် ကုယွီချင်၏ မျှော်လင့်စောင့်စားနေသော အကြည့်အောက်မှာတင် ရှီလီက နောက်တန်းရှိ ဒုတိယမြောက် ပြတင်းပေါက်ဘေးက ထိုင်ခုံကို ရွေးချယ်လိုက်သည်။

.

ကုယွီချင်၏ နှလုံးသား တစစီကွဲကြေသွား၏။ ရှီလီက ပြတင်းပေါက်နားမှာ ထိုင်လိုက်တော့သူမရဲ့ ထိုင်ခုံဖော် မ‌ဖြစ်နိုင်တော့ချေ။

.

ရှီလီတွင် ထိုင်ခုံဖော်ပျောက်နေတော့ ယခုဆို သွမ့်ယောင်ကျင်းက ရှီလီ၏ အရှေ့နှင့်အနောက်တွင်သာ ထိုင်လို့ရတော့မည်။

.

စာသင်ခန်းထဲသို့ ဒုတိယမြောက် ဝင်လာသူကရုံရုံပင်။ သူမက ဝင်ပြီးပြီးချင်းမှာတင် ကွေ့ပတ်မနေဘဲ ပြတင်းပေါက်နားက ထောင့်နေရာသို့ တန်းတန်းမတ်မတ် သွားလိုက်ကာ ထိုနေရာကို အထူတလည် မျက်စိကျနေသည့်ပုံ ပေါ်သည်။

.

ကုယွီချင် ရင်မအေးနိုင်ဘဲ လက်သီး ဆုပ်ထားလိုက်သည်။ ပြတင်းပေါက်နားက ထိုင်ခုံကို ရှီလီ ရွေးလိမ့်မယ်လို့ မထင်ထားခဲ့သဖြင့် သူမအတွက် မှားသွား၏။ သို့သော် အခွင့်အရေးရှိသေး‌တာကြောင့် အရေးမကြီးချေ။

.

သူမ၏ ဘေးခုံနှင့် အရှေ့ဘက်ခုံတို့ နေရာလွတ်နေသေးသည်။

.

ဖူဟွေ့ရှင်း၏ အရပ်နှင့်ဆို နောက်တန်းမှာ ထိုင်နိုင်ခြေများသည်။

.

သူမ၏ပြိုင်ဘက်က သူ မဟုတ်တာကြောင့် ဖူဟွေ့ရှင်း၏ ရွေးချယ်မှုကို ဂရုမစိုက်တော့ဘဲ သွမ့်ယောင်ကျင်း ဘာကိုရွေးမယ်ဆိုတာကိုသာ စောင့်ဆိုင်းနေလိုက်သည်။

.

-------- အခန်းတို

.

သုံးဆယ်စက္ကန့်ကြာပြီးနောက်

.

ကုယွီချင်: ငါ ဖူဟွေ့ရှင်းကို သတ်ချင်တယ်!

******

168 01

အခန်း ၁၆၈: မြေခွေးထီးဝိညာဉ်

.

စာသင်ခန်းထဲသို့ ဖူဟွေ့ရှင်း ဝင်ရောက်လာပြီးနောက် သူ့ခြေလှမ်းများမှာ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသော်လည်း အခန်း၏ ဘယ်ဘက်ထောင့်နားသို့ ပြတ်ပြတ်သားသား လျှောက်လှမ်းသွားလိုက်သည်။

.

သူသည် ရှီလီ၏ ဘေးနားကခုံ၌ ရပ်တန့်သွားပြီးနောက် သူ ထိုင်နိုင်ခြေအနည်းဆုံးနေရာဟု ကုယွီချင် ထင်ထားသည့် နေရာတွင် ထိုင်ချလိုက်သည်။

.

ဖူဟွေ့ရှင်းသည် သူ၏ နှုတ်ခမ်းပါးများကို အနည်းငယ်ဟ၍ ရှီလီဘက်လှည့်ကာ ပြောလိုက်သည်။ “နောက်ကျရင် ငါ့ကို ပုစ္ဆာတွေရှင်းပြပေးဖို့ နင့်ကိုပဲ ဒုက္ခပေးရတော့မယ်”

.

ရှီလီ စနောက်လိုက်၏။ “နင် တိုးတက်လာတာ အရမ်းမြန်တဲ့ဟာကို။ မကြာခင် ငါကမှ နင့်ဆီကနေ စာမေးရမဲ့သူ ဖြစ်လာရင်ဖြစ်လာဦးမှာ”

.

သူ၏ အပြုံးကို သူမ တုံ့ပြန်လိုက်သည်။

.

ကုယွီချင်၏စိတ်မှာ ဗလာကျင်းသွားတော့၏။ နောက်ဆုံးစာမေးပွဲကြီး မတိုင်ခင်တုန်းက စာအတူတူလုပ်ဖို့ ရှီလီကို ခေါ်ခဲ့သော်လည်း ကြားထဲကနေ ဖူဟွေ့ရှင်း ဖြတ်ခုတ်သွားသည့်အချိန်ကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။

.

ထိုအချိန်တုန်းက သူမသည် စိတ်ထဲကနေပြီးဖူဟွေ့ရှင်းကို မရေမတွက်နိုင်အောင် ကျိန်ဆဲနေခဲ့သော်လည်း ၎င်းကို တိုက်ဆိုင်မှု တစ်ခုလို့သာ မှတ်ယူခဲ့ပြီး ပုံကြီးချဲ့မနေတော့ချေ။

.

ဒီလူ့မှာ ဖုံးကွယ်ထားတဲ့ အကွက်တွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

.

ကုယွီချင်သည် တံခါးဝနားတွင် ရပ်နေကာသူတို့နှစ်ဦး ဘာတွေဆွေးနွေးနေလဲဆိုတာကို မကြားရသော်လည်း ဖူဟွေ့ရှင်းကို ရှီလီ ပြံးပြလိုက်တာကိုတော့ သတိထားမိသွား၏။

.

ဟမ့်၊ ဖူဟွေ့ရှင်းက တကယ့်ကို အေးစက်ပြီးသူ့ရဲ့ ဖုံးကွယ်ချက်တွေကို ခံစားမိဖို့ကမဖြစ်နိုင်ဘူးဘဲဟု သူမ တွေးလိုက်သည်။

.

ဒီကောက်ကျစ်တဲ့ ကောင်လေးကတော့၊ကုယွီချင်သည် စိတ်ထဲကနေပြီး ဖူဟွေ့ရှင်းကို ဆူပူနေချိန်မှာဘဲ ရှီလီ၏ စိတ်ထဲက အတွေး‌တွေးကို ကြားလိုက်ရသည်။

.

အမှန်တကယ်တွင် ဖူဟွေ့ရှင်း၌ ဖီးနစ် မျက်ဝန်းများရှိကာ မျက်ဆန်များက အလွန်နက်မှောင်နေသဖြင့် သူပြုံးလိုက်တိုင်းမှာ ကြယ်ပွင့်လေးတွေ လင်းလက်နေသလို ဖြစ်နေတာကို ရှီလီ သတိထားမိသွားသည်။ [သူ့ကို “စတား” လို့ ခေါ်ကြတာကို မအံ့ဩတော့ပါဘူး]

.

လူတိုင်း: !!

.

ကုယွီချင်: ဖူဟွေ့ရှင်း၊ အဲ့ဒီ မြေခွေးထီးကြောင့်ရှီလီ လှည့်စားခံလိုက်ရပြီ။

.

ဖူဟွေ့ရှင်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ပေါင်ပေါ်တင်ထားသော လက်ချောင်းများလည်း သတိလက်လွတ် လှုပ်သွား‌တော့၏။

.

ထိုနှစ်ယောက်၏ အနီးဆုံးတွင် ထိုင်နေသောရုံရုံမှာ ဖူဟွေ့ရှင်း၏ လည်ပင်းနှင့် နားရွက်ဖျားလေးများ ရဲတွတ်သွားတာကို အနောက်မှ သေချာလေ့လာနေလေသည်။ သူမ စိတ်ထဲကနေ ကျစ်သတ်လိုက်ပြီး အဆုံးမှာတော့ ဤထိုင်ခုံကိုရွေးခဲ့တာ မမှားဘဲ၊ အပိုဖျော်ဖြေမှုရှိနေသားဟု တွေးလိုက်သည်။

.

စာသင်ခန်းသို့ နောက်ထပ်ဝင်လာသူကတော့ ရှီလီ၏ အရှေ့ဘက်ခုံကို ရွေးချယ်လိုက်သော သွမ့်ယောင်ကျင်း ဖြစ်သည်။

.

ကုယွီချင်၏ အလှည့်မှာတော့ ရှီလီနှင့် နီးသည့်နေရာကို ရွေးချယ်စရာဟူ၍ အရှေ့နှင့် အနောက်က ထောင့်ဖြတ်နေများပင်။

.

သို့သော် ဤနေရာတွေထဲမှာ တစ်နေရာက ဖူဟွေ့ရှင်း၏ အရှေ့တွင် ထိုင်ရမှာဖြစ်ပြီးကျန်တစ်နေရာကတော့ သူ့နောက်ဘက်တွင် ထိုင်ရမှာဖြစ်သည်။

168 02

ကုယွီချင်မှာ စိတ်ထဲကနေ မချင့်မရဲဖြစ်ခြင်းကြောင့် သေလုမြောပါး ဖြစ်သွားရသည်။ သူမက ရှီလီရဲ့ အရှေ့ဖြစ်ဖြစ်၊ အနောက်မှာဖြစ်ဖြစ် ထိုင်ချင်တာလေ၊ ဖူဟွေ့ရှင်းရဲ့ အရှေ့နဲ့အနောက်မှာ မဟုတ်ဘူး!”

.

တကယ်လို့ ရှီလီရဲ့ ဘေးနားမှာ မထိုင်ရရင်တောင်မှ အနည်းဆုံးတော့ သူမ သဘောကျတဲ့သူ တစ်ယောက်ယောက်ရဲ့ အနားမှာ‌ဖြစ်ဖြစ် ထိုင်ခိုင်းပါလား။

.

ဖူဟွေ့ရှင်းက သူမ၏နေရာကိုဦးသွားသဖြင့်သူနှင့် ‌အဝေးမှာထိုင်နိုင်ဖို့ ဆုတောင်းမိ၏။

.

သို့သော် ရွေးချယ်စရာဟူ၍ မရှိချေ။ ရှီလီနှင့်နီးစပ်ချင်လျှင် ဤအရာအားလုံးကို တောင့်ခံရမှာပင်။

.

အရှေ့နှင့်အနောက် ထိုင်ဖို့အရေးတွင် ဖူဟွေ့ရှင်း၏ အရှေ့မှာထိုင်ဖို့ကို ရွေးလိုက်၏။

.

ပထမက သူမသည် ဖူဟွေ့ရှင်းလောက် အရပ်မရှည်သဖြင့် သူ့အနောက်မှာ ထိုင်လိုက်လျှင် ဘာဆိုဘာမှ မြင်ရတော့မှာ မဟုတ်ချေ။

.

ဒုတိယက မမြင်ရလေ၊ အေးလေပင် - သူမသာ အနောက်ကို လှည့်မကြည့်သရွေ့၊ မနှစ်မြို့စရာကောင်းသည့်မြင်ကွင်းကို မြင်ရမှာ မဟုတ်ပေ။

.

လှပသည့်အရာကို ကြည့်ရရေးအတွက် မနှစ်မြို့စရာကောင်းသော အရာကိုပါ မြင်ရသည်က တစ်ခါတည်းနှင့် နတ်ပြည်နှင့်ငရဲကို ရောက်သွားရသလိုပင်။

.

ဆဌမနေရာကတော့ ကိုယ်လုံးကိုယ်ပေါက်သေးသွယ်သော ကောင်မလေးဖြစ်သည့် ပျန့်ချင်းစွေ့ ဖြစ်သည်။ ရှီလီနှင့်နီးသည့်ထောင့်ဖြတ်နေရာ ကျန်နေသေးသော်လည်းသူမ၏ ကိုယ်ပိုင်အကြောင်းရင်းများကြောင့် သွမ့်ယောင်ကျင်း၏ အရှေ့တွင်ထိုင်ရန် ရွေးချယ်ခဲ့သည်။

ထိပ်တန်းကျောင်းသားတွေ နေရာယူပြီးနောက် ရှီလီ၏ ဘေးပတ်လည်မှ ထိုင်ခုံတွေမှာ လူပြည့်သွားတော့သည်။

ကျန်အတန်းဖော်များကတော့ သူတို့၏အရပ်အမောင်းနှင့် နှစ်သက်ရာအပေါ် အခြေခံ၍ ထိုင်ခုံများ ရွေးချယ်ခဲ့ကြသည်။

.

သာဓကအားဖြင့် ဝဝကစ်ကစ် အတန်းဖော်မှာအမြဲတမ်း အန္တရာယ်များသော နေရာဖြစ်သည့် နောက်တံခါး၏ အနားက ထိုင်ခုံကို ရွေးချယ်ခဲ့လေသည်။

.

သို့သော် သူ့ခန္ဓာကိုယ်က ကြီးမားတာကြောင့်ထိုင်ခုံကို အနောက်သို့ အသာယိမ်းလိုက်တာနှင့်မှန်၏နေရာအများစုကို ကွယ်ထားနိုင်သည်။

.

အတန်းထဲကလူတွေ ထိုင်ခုံများရွေးပြီးနောက်အခြားသော အတန်းမှလူများမှာ ပိတ်ရက်အားလပ်ချိန်အတွက် အသင့်ပြင်ရန် အိတ်တွေထုပ်ပိုးပြီးသွားကြလေပြီ။

.

ထိုင်ခုံနေရာများကို နေရာစီမံချထားခြင်းက ယနေ့အတွက် အတန်းပိုင်၏ အစီအစဉ်ထဲမှ ပထမဆုံးတစ်ခုဘဲ ရှိသေးသည်။

.

ထို့ကြောင့် တစ်နေ့တာ၏ ဒုတိယမြောက်တာဝန်ဖြစ်သည့် ထိုင်ခုံနေရာများအပေါ် မူတည်ပြီး အုပ်စုဖွဲ့ခြင်းကို အမြန်လုပ်လိုက်ကြသည်။

.

အတန်းထဲတွင် ကျောင်းသား သုံးဆယ့်နှစ်ဦးရှိကာ လေးယောက်အုပ်စု ရှစ်ဖွဲ့ဖြင့် အတန်းကိုကွတ်တိ ပိုင်းခြားလိုက်သည်။

.

အုပ်စုဖွဲ့မည့်အကြောင်းကို ကုယွီချင်ကြားတော့ သူမ၏ မျက်လုံးများမှာ အလျင်အမြန် တောက်ပလာတော့၏။

.

သူမသည် လေးယောက်အုပ်စုထဲ၌ ရှီလီနှင့် တစ်ဖွဲ့တည်း ပါဝင်လို့ရနိုင်သည်။

.

သို့သော် အတန်းပိုင်၏ အုပ်စုခွဲခြမ်းရေး နည်းလမ်းက သူမ ထင်ထားတာနှင့် ကွဲပြားနေလိမ့်မယ်လို့တော့ မျှော်လင့်မထားမိခဲ့ချေ။

.

ရှေ့တန်း၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည့်ကျောင်းသားသုံးယောက်က စင်မြင့်၏ ဘယ်ဘက်ခြမ်းတွင်ထိုင်သော အုပ်စုခေါင်းဆောင်ရာထူး ရထားရှိသည့်သူနှင့် အုပ်စုဖွဲ့ရမှာ ဖြစ်ပြီး ညာဘက်ခြမ်းအတွက်လည်း ထိုနည်း၎င်းပင်။

.

ကုယွီချင်နှင့် သွမ့်ယောင်ကျင်းတို့က အရှေ့၌ထိုင်နေသော စုန့်ရင်း၊ ပျန့်ချင်းစွေ့တို့နှင့် အုပ်စုဖွဲ့လိုက်ရသည်။

168 03

ရှီလီနှင့် ဖူဟွေ့ရှင်းတို့ကတော့ ရုံရုံ၊ ဖူဟွေ့ရှင်း၏ အနောက်ဘက်တွင်ထိုင်သော ချောင်ကျွင်းကျွင်းနှင့် အုပ်စုဖွဲ့လိုက်ရ၏။

.

ဖူဟွေ့ရှင်း၏ အနောက်တွင်ထိုင်သည့်ချောင်ကျွင်းကျွင်း ဆိုသူမှာ မွေးရင်းအသက်မှာ ဆယ့်ခြောက်နှစ်ဆိုသော်ငြား အသက်သုံးဆယ့်ခြောက်နှစ်အရွယ် ရုပ်ရည်ရှိသည့်သူပင်။

.

အုပ်စုဖွဲ့ခြင်းအပေါ် အင်မတန် အလေးထားနေသည့် ကုယွီချင်မှလွဲ၍ ကျန်လူများကတော့ ဂရုမစိုက်ကြချေ။

.

ရှီလီ၏အုပ်စုက ရှီလီ ပါနေလို့ အင်အားကြီး‌နေ‌သော်လည်း အခြားအုပ်စုတွေနှင့် နှိုင်းယှဉ်လိုက်လျှင် နည်းနည်းတော့ မျှခြေမညီပေ။

.

ရှီလီနှင့် တစ်ခန်းတည်းကျသည့် အခြားသောအတန်းဖော်များကတော့ ‌ဒရာမာ ကြည့်ရတာနှင့်တင် လုံလောက်လေပြီ။ အခုလို အုပ်စုဖွဲ့တဲ့ အသေးအမွှား ကိစ္စမျိုးကို သူတို့က ဘာလို့ဂရုစိုက်ရမှာလဲ။

.

အုပ်စုဝင်တွေကြားထဲ အချင်းချင်း လုံလောက်သည်အထိ ဆက်သွယ်ပြောဆိုနေကြတာကို မြင်လိုက်ရတော့ အတန်းပိုင်သည် ဤတွေ့ဆုံမှု၏ နောက်ဆုံးအဆင့်ဖြစ်သော ပြောင်းရွှေ့ခြင်းကို စတင်တော့သည်!

.

လူတိုင်းသည် အုပ်စုလိုက် ဆွေးနွေးနေသောအနေအထားကို ထိန်းသိမ်းထားကြလျှက်။

.

ဖူဟွေ့ရှင်းက စကားဝင်ပြောလိုက်သည်။ “လေးတဲ့ပစ္စည်းတွေဆို ငါ သယ်နိုင်တယ်”

.

ရှီလီက သူများတွေအား ဒုက္ခပေးတတ်သည့် သူမျိုး မဟုတ်ဘူးဆိုတာကို ထည့်သွင်းစဉ်းစားပြီး လေးလံသည့် ပစ္စည်းတွေကို ကူညီပြီးသယ်ပေးဖို့ကိုသာ သူ ကမ်းလှမ်းလိုက်၏။

.

ရုံရုံက ပေါ့ပေါ့ပါးပါး ရယ်လိုက်ရင်း“ငါကတော့ အတန်းထဲပြောင်းလာတာ မကြာသေးတော့၊ သယ်စရာ များများစားစား မရှိသေးဘူး။ နင် အတန်းဖော် ရှီလီကိုပဲ ကူညီပေးလိုက်”

.

ပစ္စည်းတွေကို ပြောင်းရွှေ့ခြင်းက လုံးဝကိုအသေးအမွှားဖြစ်သဖြင့် သူများတွေထံမှ အကူအညီတောင်းဖို့ မလိုအပ်ချေ။ ရှီလီကငြင်းသည့်အနေဖြင့် လက်ယမ်းပြလိုက်၏။

.

“ငါတို့က တစ်အုပ်စုထဲက အတန်းဖော်တွေဘဲလေ၊ အချင်းချင်း ကူညီပေးလို့ ဖြစ်ပါတယ်”

.

သတိမထားဘဲ နားစွင့်နေသည့် ကုယွီချင်မှာ ဤစကားကိုကြားရော သူမ၏ မနှစ်မြို့မှုကိုဖော်ပြရန် ပြင်းပြင်းထန်ထန် နှာခေါင်းရှုံ့လိုက်တော့သည်။

.

သူမသာ ရှီလီနဲ့ အုပ်စုချင်းတူလို့ကတော့၊အခုလို မျက်နှာလိုမျက်နှာရလုပ်တဲ့ အခွင့်အရေးမျိုးကို ဖူဟွေ့ရှင်း ဘယ်ရနိုင်ပါ့မလဲ။

.

ဖူဟွေ့ရှင်း၏ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုများကိုအနည်းဆုံး၏ စံပြဥပမာအဖြစ် ထည့်တွက်လို့ရသည်။ သူ၏ အတန်းထဲတွင် လတ်တလော အာရုံစိုက်ခြင်း၏ ကျေးဇူးကြောင့် ကျောင်းသို့ ဖတ်စာအုပ်များတောင် ယူလာခဲ့တာပင်။

.

ရှီလီ၏အရှေ့တွင် သူ မတ်တပ်ရပ်လိုက်တော့ သူမက တစ်ကိုယ်ရေ ပစ္စည်းများ၏ စီရီလို့ပြီးသွားရုံသာရှိသေးပြီး အမျိုးအစားအလိုက် နည်းနည်းချင်းစီသယ်ဖို့ ပြင်ဆင်နေသည်။

.

စားပွဲပေါ်က အလေးဆုံး စာအုပ်ပုံနှစ်ပုံကို ဖူဟွေ့ရှင်း ယူလိုက်တာလည်း မြင်လိုက်ရရော ရှီလီက သူ့ဆီကနေ ပြန်လုရန်ပြင်လိုက်သည်။ “ဪ၊ မလိုပါဘူး၊ ငါ့ဟာငါ သယ်နိုင်ပါတယ်။ နင့်ပစ္စည်းတွေကိုသာ အရင်သယ်သင့်တယ်”

.

သို့သော် ဖူဟွေ့ရှင်းက ထွက်သွားပြီဖြစ်ကာ သူ၏သဘောထားက အက်မတန် ရှင်းလင်းပေသည်။

.

အောင်မလေးလေး၊ ဒီလူ ဘာလို့ဒီလောက်တောင် ခေါင်းမာနေရတာလဲ။

.

အထူးသဖြင့် စာအုပ်အလေးကြီးများဖြစ်သော ပစ္စည်းတွေအား ဖူဟွေ့ရှင်း တစ်ယောက်တည်းကို သယ်ခိုင်းခြင်းက အဆင်မပြေသဖြင့် ရှီလီလည်း စာအုပ်ပုံတစ်ပုံကို ကောက်မ၍ သူ့နောက်သို့ အပြေးလေး လိုက်သွားလိုက်၏။

.

သူ၏ အကူအညီကို ငြင်းဆန်လို့မရမှတော့ သူမ သယ်နိုင်သမျှ သယ်သွားဖို့သာ တတ်နိုင်တော့သည်။

.

သူမ၏လုပ်ရပ်ကို ဖူဟွေ့ရှင်း သတိထားမိသွားပြီး နှုတ်ခမ်းကို မဆိုစလောက် တင်းတင်းစေ့လိုက်ကာ အရှိန်တင်လိုက်၏။

168 03

ဖူဟွေ့ရှင်း၏ “မရည်ရွယ်သော” တွန်းအားနှင့်အတူ အချိန်ဆွဲတတ်သည့် ဆယ်စုနှစ်တစ်ခု ကြာပြီဖြစ်သော အလေ့အကျင့်မှာ ကုသပြီးသား ဖြစ်သွားတော့၏။

.

ရှီလီသည် သူမ ခြေ‌ထောက်များကိုဆွဲပြီး မသွားနိုင်တော့သဖြင့် ပစ္စည်းများသယ်ရန် ဖူဟွေ့ရှင်းနှင့် ပြိုင်ရတော့သည်။ နှစ်ဦးသား၏ စုပေါင်းလုပ်ဆောင်မှု မြင့်မားမှုကြောင့် ရှီလီတွင် တစ်ကိုယ်ရေပစ္စည်းတွေ အများဆုံးရှိသော်ငြား သူတို့၏ ပြောင်းရွှေ့ သောနှုန်းမှာ အခြားအတန်းဖော်များကို ကျော်လွန်သွားသည်။

.

ဤအခြေအနေတွင် ပစ္စည်းတွေကို ရွှေ့ပြီးရုံဘဲရှိသေးကာ တစ်ကိုယ်ရေ ပစ္စည်းများအား အံဆွဲများထဲတွင် နေရာမချထားရသေးသဖြင့် အလုံးစုံ အနည်ထိုင်သွားပြီလို့တော့ စဉ်းစား၍ မရနိုင်။

.

သို့သော် ရှီလီသည် သူမနောက်ဘက်က ရုံရုံ၏ စားပွဲပေါ်၌ စာအုပ်ပုံတစ်ပုံထဲ ရှိနေတာကို တွေ့လိုက်ရ၏။ ရုံရုံက အတန်းထဲကို ဟိုတလောတုန်းကမှ ပြောင်းလာတာဆိုတော့ အခြားအတန်းဖော်တွေနဲ့ မရင်းနှီးသေးလို့ သူမကို ဘယ်သူမှ မကူကြတာလား။

.

ထိုသို့စဉ်းစားပြီးနောက် အောက်ထပ်ကိုဆင်း၍သူမကို သွားကူညီပေးရန် ရှီလီ ဆုံးဖြတ်လိုက်သည်။

.

ထိုမတိုင်ခင်တွင် ရှီလီသည် သူမ၏ စာအုပ်တွေအား ကူသယ်ပေးခဲ့သော ဖူဟွေ့ရှင်းကို အရင်ဦးဆုံး မေးလိုက်သည်။

.

“နင့်ပစ္စည်းတွေရော သယ်ပြီးပြီလား”

.

ဖူဟွေ့ရှင်း ခေါင်းညိတ်ပြလိုက်၏။

.

“နင့်ပစ္စည်းတွေက နည်းသားပဲ”

.

အထူးသဖြင့် သူမနှင့် နှိုင်းယှဉ်ကြည့်ပါက အတန်ကြာသည်အထိ သူမကို အနည်းငယ် ရှက်ရွံ့မိသွားစေသည်။

.

“ငါ အောက်ဆင်းပြီး ရုံရုံ စာအုပ်သယ်တာကို ကူပေးလိုက်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ငါတို့က တစ်အုပ်စုတည်းဆိုတော့ အနာဂါတ်မှာလည်း အတူတူ စာကြိုးစားပြီး တိုးတက်အောင် လုပ်ကြရမှာ” ရှီလီ မရဲတရဲဖြင့် မေးလိုက်၏။ “ငါတို့ အတူတူသွားကြမလား”

.

အရေးကြီးဆုံးက အုပ်စုခေါင်းဆောင်တစ်ဦးအနေနှင့် အုပ်စုဝင်များကို စုပေါင်းလုပ်ငန်း၏ နွေးထွေးမှုအား ခံစားမိစေဖို့ ဂရုစိုက်ပေးရန် လိုအပ်လေသည်။

.

ဖူဟွေ့ရှင်းက ဘောပင်ကို အဖုံးဖုံး၍“နင် ဒီမှာပဲနေပြီး ပစ္စည်းတွေကို နေရာချထားလိုက်၊ သူမကို ငါ သွားကူလိုက်မယ်”

.

ဤသည်မှာ ရှီလီ၏ အကြံဖြစ်တာကြောင့် သူမအနေနှင့် ဘယ်လိုလုပ် မသွားလို့ရမလဲ။ပြီးတော့ သူမက အုပ်စုခေါင်းဆောင်လေ။

.

ဖူဟွေ့ရှင်းလည်း ဒါကိုတွေးမိတာကြောင့် ညင်သာစွာ ပြောလိုက်၏။ “ဒါဆိုလည်း နောက်ကျ ကူရှင်တို့ ရေဘူးတို့လိုမျိုးပေါ့တဲ့အရာတွေကို နင် သယ်လို့ရတယ်”

.

ရှီလီမှာ မရယ်မိဘဲ မနေနိုင်တော့ပေ။ “နင်ကလေ အရမ်းပါးနပ်တာပဲ”

.

ရှီလီ၏ ပြုံးရွှင်နေသော မျက်လုံးများနှင့်မထင်မှတ်ထားဘဲ တွေ့ဆုံလိုက်ရတော့ ဖူဟွေ့ရှင်းမှာ နှလုံးသားထဲက ရှက်ကြောက်မှုအရိပ်အယောင်ကို ခံစားမိလိုက်သည်။

All Chapters