အခန်း (၁၆၉-၁၇၂)
Vol. 9 Ch. 169-172
169 01
အခန်း ၁၆၉: ကွာရှင်းပြတ်စဲခြင်းကို အောင်ပွဲခံခြင်း
.
ရုံရုံသည် မေးခွန်းစာရွက်များကို ဖြည်းဖြည်းချင်း စီရီနေခိုက် နားဘေးကနေ ကြွပ်ဆတ်သော အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရ၏။
.
“အတန်းဖော်လေး ရုံရုံ၊ အဖွဲ့အစည်းကနင့်ကို နွေးထွေးမှုပေးဖို့ ရောက်ရှိလာပါပြီ!”
.
လောလောလတ်လတ် ခန့်အပ်ထားသော အုပ်စုခေါင်းဆောင်က အင်မတန် တက်ကြွနေကာ “ဒီပစ္စည်းတွေကို သယ်ဖို့လိုတယ်ဆိုလည်းငါတို့ကို ပြောနော်”
.
ရှီလီက ဖူဟွေ့ရှင်း၏ လက်မောင်းကို ပုတ်လိုက်ပြီး “အလုပ်လုပ်ဖို့အတွက် အခမဲ့ အလုပ်သမားတစ်ယောက်ကို ငါခေါ်လာတယ်”
.
၎င်းမှာ သာမန်ကာလျှံကာ ထိတွေ့မှုဖြစ်ကာ နှစ်ယောက်ကြားတွင် အဖြူရောင် တီရှပ်၏အထည်သား ခံနေသည်ဆိုသော်လည်း တစ်စုံတစ်ယောက်ကိုတော့ နေရာမှာတင် အေးခဲသွားအောင် လုပ်နိုင်စွမ်းရှိသည်။
.
ရုံရုံသည် တစ်စုံတစ်ယောက်၏ ညံ့ဖျင်းသော တုံ့ပြန်ပုံကို သဘာဝကျကျဘဲ မလွဲချော်သွားပေ။ ရှီလီ၏ စိတ်ထားကောင်းကို သူမ မငြင်းပယ်လိုက်ပေ။ “ဒါဆိုလည်း ကျေးဇူး၊စင်ပေါ်က ပစ္စည်းတွေအားလုံးကို အပေါ်ထပ်ရွှေ့လို့ရတယ်”
.
“ဟုတ်ပြီ!”
.
ရှီလီက ဖူဟွေ့ရှင်း၏ ပေါ့ပါးသည့် ပစ္စည်းတွေကိုပဲ ရွှေ့ခိုင်းသောအကြံကို လိုက်နာမည့် လူစားမျိုး မဟုတ်ချေ။ သူမက အချောင်ခိုရတာကို ကြိုက်သော လူစားမျိုးကိုလည်း မဟုတ်ပြန်။
.
စင်မြင့်ပေါ်က စာအုပ်ပုံတစ်ပုံကို သူမ သယ်လိုက်ပြီး သူမဘာသာ သယ်သွားဖို့ ရည်ရွယ်လိုက်၏။ သို့သော် သူမ၏ ရည်ရွယ်ချက်က သူ့ထံသို့ စာအုပ်များသယ် သွားပေးရမည့်အလား ဖူဟွေ့ရှင်းသည် သူမလက်ထဲက စာအုပ်တွေကို သဘာဝကျကျ ယူသွားသည်။
.
သူမသည် စင်မြင့်ပေါ်က စာအုပ်ပုံတစုံအတွက်သူနှင့် ရန်အတိအကျကြီး မဖြစ်နိုင်။
.
ထို့ကြောင့် ရှီလီသည့် ပေါ့ပ့းသော်လည်း နေရာယူသည့် ရေဘူးလွတ်နှင့် ခဲတံအိတ်များကို သူ့လက်မောင်းတွင်းက စာအုပ်များပေါ် တင်ပေးလိုက်၏။ သူ့လက်မောင်းထဲတွင် နေရာလွတ်မရှိတော့တာကို အခွင့်ကောင်းယူ၍ ရှီလီက စာအုပ်ပုံတစ်ပုံကို လက်မောင်းကြားထဲ ပိုက်လိုက်ကာ ဖူဟွေ့ရှင်းအား စာသင်ခန်း၏တံခါးဝဆီ တွန်းလိုက်တော့သည်။
.
သူ့နောက်ကျောတွင် မီးတစ်စ တောက်လောင်သွား၍ ဖူဟွေ့ရှင်း၏ ဦးနှောက်မှာ ဘယ်လိုတွေးရမယ်ဆိုတာကို မေ့လျော့သွားသည်။ သူသည် စာသင်ခန်းအသစ်သို့ မရောက်မချင်း ရှီလီ၏ လှုပ်ရှားမှုအတိုင်း လိုက်လုပ်နေခဲ့ပြီးမှ သူ့ဦးနှောက်သည် ငေးမောနေသော အခြေအနေကနေ နောက်ဆုံးတော့ ရုန်းထွက်သွားနိုင်ခဲ့၏။
.
ရှီလီနှင့် ဖူဟွေ့ရှင်းတို့၏ အကူအညီနှင့်အတူသုံးယောက်သား အတူသယ်ပိုးလိုက်ခြင်းက အလုပ်ကို အလျင်အမြန် ပြီးစီးသွားစေသည်။
.
ချောင်ကျွင်းကျွင်းသည် သူ၏ တစ်ကိုယ်ရေပစ္စည်းများနှင့် စာအုပ်အားလုံးကို ရွှေ့ပြောင်းပြီးသည့်နောက် ခဏတဖြုတ် အနားယူရန်ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့မှ တစ်အုပ်စုထဲရှိသူများတွေက အားလုံးကို အပြီးအစီး လုပ်လို့ပြီးသွားပြီဆိုတာကို သိလိုက်ရသည်။
.
ရှီလီ၏ လုပ်ငန်းစဉ်ကသာ ရုပ်ငယ်လေးများကိုစား ပွဲပေါ်တွင် သူမစိတ်တိုင်းကျ နေရာချနေတာကြောင့် အနည်းငယ် နှေးကွေးနေသည်။
.
ချောင်ကျားကျင်း၏ အကြည့်က ရုပ်တုငယ်များပေါ် ကျရောက်သွား၏။ သူ စူးစိုက်နေတာ ပြင်းထန်သွားသဖြင့် ရှီလီက နောက်လှည့်လာချိန်မှာ သူ့ကိုမြင်သွားတာကြောင့် ရုတ်ချည်းနားလည်သွားကာ [ဪ၊ မဟုတ်သေးပါဘူး၊ငါတို့အုပ်စုမှာ လူလေးယောက်ရှိတယ်ဆိုတာကို မေ့နေတယ်။ ငါတို့ သူ့ပစ္စည်းတွေကို ကူမသယ်ပေးလိုက်ရဘူး။ သူက ယောက်ျားလေးဆိုတော့၊ သဘောထားပိုကြီးပြီး ဒီလိုအသေးအမွှား ကိစ္စလေးတွေကို စိတ်ထဲမထားလောက်ဘူးမလား။]
.
ချောင်ကျားကျင်း မျက်ရည်များကို ထိန်းထားလိုက်ရင်း: … ဟုတ်ပါတယ်၊ ငါက သဘောထားကြီးပါတယ်။ စိတ်ထဲမထားပါဘူး။
.
တစ်ခန်းလုံး အနည်ထိုင်သွားအောင် ပြုလုပ်ပြီးသွားတော့ အတန်းပိုင်က နွေရာသီ ပိတ်ရက်မှာ ဘယ်လိုတွေ အာရုံစိုက်ရမည်ဆိုတာကို တသီတသန်းကြီး သတိပေးပြီးသည့်နောက်အဆုံးတွင် လက်ယမ်းနှုတ်တက်၍ ပြန်နိုင်ပြီဖြစ်ကြောင်းကို ကြေညာပေးလာသည်။
.
ရှီလီက သူမ၏ အုပ်စုဝင်များကို နောက်လှည့်ကြည့်လိုက်ပြီး “ငါတို့တွေ အုပ်စုအနေနဲ့ ထမင်းတစ်နပ် အတူသွားစားကြမလား”
.
တရုတ်လူမျိုးတွေက အစားအသောက်စားရင်းဆက်ဆံရေးများ လေးနက်အောင် ပြုလုပ်ရ တာကို ကြိုက်နှစ်သက်ကြပြီး ရှီလီလည်း ခြွင်းချက်မဟုတ်ချေ။
.
အခြားသူတွေလည်း မကန့်ကွက်ခဲ့ကြ။
.
ဒရိုင်ဘာက ရှီလီကို လာကြိုရန်အတွက် ကျောင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေလေပြီ။ ကားတစ်စီးထဲတွင် လူလေးယောက် ကွတ်တိဆန့်တာကြောင့် အခမဲ့ ကားစီးလို့ရနေချိန်မှာ တက္ကစီခေါ်ဖို့ မလိုအပ်ပေ။
169 02
စာသင်ခန်းထဲမှ ကျောင်းအပြင်သို့ထွက်သည့် လမ်းတလျှောက်တွင် သူတို့တွေ ဘာစားကြ မလဲဆိုတာကို ဆွေးနွေးခဲ့ပြီးသားပင်။
.
နွေရာသီက ဘာဘီကျူး ရာသီပင်ဖြစ်သည်။
.
လေးယောက်အုပ်စုတွင် သုံးယောက်ကအနေအေးသော လူစားတွေဖြစ်သည်။ ရှီလီက စိတ်ထဲမှာသာ အပြောကြွယ်ကာ စကားများသည့်သူ မဟုတ်သော်လည်း အခြားသုံးယောက်ကြောင့် လေထုအား ချိန်ညှိရန် စကားပြောဖို့ဖိအားကို ခံယူလိုက်ရသည်။
.
ကံကောင်းသည်က အုပ်စုထဲမှ ကျန်သုံးဦးမှာ စကားနည်းသော်လည်း သူမနှင့် အလိုက်အထိုက်နေနိုင်ကာ သူမကို တမင်တကာ လျစ်လျူရှုထားသည့် အခြေအနေမျိုး မရှိနေ။
.
ပန်းတိုင်က အရသာတော်တော်ကောင်းတယ်ဟု ဖူဟွေ့ရှင်း အကြံပေးထားသည့် ကျောင်းမှ သုံးကီလိုမီတာကွာဝေးသော လဟာပြင် စားသောက်ဆိုင်ကြီးဖြစ်သည်။
.
လဟာပြင် စားသောက်ဆိုင်၏ ထိုင်ခုံတစ်ဝက်မှာ လူပြည့်နေပြီဖြစ်သည်။ စက်မှုသုံးပန်ကားများက ဒုတ်ထိုးကင်များ၏ အနံ့များကိုအဝေးကြီးအထိ လွှင့်ထုတ်ပေးနေသည်။ သူတို့တွေ ကားထဲမှ ထွက်လိုက်တာနှင့် အနံ့ကိုအဝေးကနေတောင် ရနိုင်သည်။
.
ဟော့ပေါ့၊ milk tea နှင့် ခရင်မ်ကိတ် ပါဝင်သည့် နေ့လယ်စာကို သူတို့တွေ အတော်လေး စားခဲ့ကြတာပင်။
.
မူလအတိုင်းဆို ယခုချိန်တွင် သူတို့တွေ ဗိုက်မဆာသင့်သော်လည်း နေ့လယ်တုန်းကပစ္စည်းတွေကို ပြေးတက်ပြေးဆင်း ရွှေ့ပြောင်းခဲ့ရသည့်အပြင် လူငယ်တွေ၏ အစာချေဖျက်နိုင်စွမ်း မြန်ခြင်းနှင့်ပါ ပေါင်းဆုံသွားတော့ဒုတ်ထိုးကင်များ၏ အနံ့ကို ရလိုက်ရုံနှင့်ပင်နွားတစ်ကောင်လုံးအား စားပစ်နိုင်သလို ခံစားလိုက်ကြရ၏။
.
“ဒီစားသောက်ဆိုင်ကို နင် မကြာခဏ လာဖြစ်လား”
.
ဖူဟွေ့ရှင်း ခေါင်းညိတ်ပြလိုက်ပြီး ခဏအကြာမှာတင် မီနူးက သူ့လက်ထဲ ရောက်လာ၏။ “ဒီမှာ ဘာတွေကောင်းမယ်ဆိုတာကို နင်သိမှာပဲ၊ ဟင်းပွဲနည်းနည်းပါးပါးလောက် ဘာလို့အကြံမပေးလဲ”
.
သူ မငြင်းပေ။ စားပွဲက လူသုံးယောက်၏စားနေကျပုံစံနှင့် နှစ်သက်သည်များကို မေးမြန်းပြီးနောက် ခဲတံကိုကိုင်၍ မီနူးပေါ်ကဟင်းပွဲတွေကို သေချာလေး အမှတ်အသားလုပ်လိုက်သည်။
.
ဖူဟွေ့ရှင်း အကြံပေးခဲ့သည့် စားသောက်ဆိုင်နှင့် မှာယူပေးသော ဟင်းပွဲများက တကယ့်ကိုအတော်လေး အရသာရှိသည်။
.
ရှီလီနှင့် ချောင်ကျားကျင်းတို့ နှစ်ဦးစလုံးလက်မထောင်ပြလိုက်၏။ “အရသာရှိတယ်!”
.
နွေရာသီနေ့ရက်များတွင် အမှောင်ကျချိန် နောက်ကျတာကြောင့် သူတို့တွေ ဘာဘီကျူးစားပြီးတာတောင်မှ လင်းထင်းနေသေးသည်။
.
ရှီလီက ပိုက်ဆံချေရန်အတွက် မီနူးကို ယူလိုက်သော်လည်း ချောင်ကျားကျင်းက သူမလက်ထဲကနေ ဖြတ်လုသွားကာ “ငါရှင်းမယ်၊ငါရှင်းမယ်။ ငါ့အဖေက မိထွေးကို ကွာရှင်းတော့မှာ၊ အောင်ပွဲခံတဲ့အနေနဲ့ ဒီဝိုင်းကိုငါ ကျွေးတယ်လို့ဘဲ သဘောထားလိုက်ကြ”
.
ဤသည်မှာ ကွာရှင်းပြတ်စဲခြင်းကို အောင်ပွဲခံသည့် စားသောက်ပွဲဟူ၍ သူတို့တွေ ပထမဆုံးကြားဖူးကြတာပင်။
.
ရှီလီသည် ကွာရှင်းပြတ်စဲခြင်းအား အောင်ပွဲခံတာကြောင့် မဟုတ်ဘဲ တစ်စုံတစ်ရာကို မှတ်မိသွားသဖြင့် အေးခဲသွားသည်။
.
ချောင်ကျားကျင်းသည် အတိတ်ဘဝတုန်းကရှီလီနှင့် သုံးနှစ်ကြာ အတန်းဖော်တွေဖြစ်ခဲ့၏။ ကွာရှင်းပြတ်စဲမှုအကြောင်းကို သူ ထုတ်ပြောလာချိန်မှာတော့ တစ်စုံတစ်ရာကို ရှီလီ အမှတ်ရသွားသည်။
.
[ဒါပေမဲ့ ချောင်ကျားကျင်းရဲ့ အဖေက အကြွေးသမားတွေကို ရှောင်ရအောင်လို့ နောက်မိန်းမကို ကွာရှင်းလိုက်တာပါ။ သူတို့တွေ ကွာရှင်းတော့ သူ့ပိုင်ဆိုင်မှုတွေရဲ့တစ်ဝက်ကို နောက်မိန်းမဆီ ခွဲပေးခဲ့တာ]
.
ပိုက်ဆံချေရန်အတွက် ဖုန်းထုတ်လိုက်သောချောင်ကျားကျင်း: …သေစမ်း။
.
[ဖြစ်ပုံကတော့ ကွာရှင်းပြတ်စဲပြီးလို့မှ မကြာသေးဘူး၊ ချောင်ကျားကျင်းရဲ့ အဖေက ကားအက်ဆီးဒန့်ဖြစ်ပြီး ဆုံးသွားပါလေရော]
.
ချောင်ကျားကျင်း: ...အားလုံး ငရဲသာ သွားလိုက်ကြပါတော့ကွာ။
******
170 01
အခန်း ၁၇၀: လီရဲ့ပါးစပ်၊ လှည့်ဖျားတဲ့ သရဲ
.
ချန်ဖူအထက်တန်းကျောင်းက သူ၏ကောင်းမွန်သော ပညာရေးလုပ်ဆောင်ချက်အပေါ် အခြေပြု၍ ဝင်ခွင့်ပြုခဲ့တယ်ဆိုတာကို ချောင်ကျားကျင်း ဝန်ခံရမည်ဆိုသော်လည်း ၎င်းသည် သူ့မိသားစုနောက်ခံက ဆင်းရဲတယ်လို့ မဆိုလိုပေ။
.
သူ့အတန်းဖော် အများစုနှင့် ယှဉ်ကြည့်လိုက်လျှင်တော့ သူ့မိသားစု အခြေအနေကို အရမ်းကြီး ကောင်းမွန်နေတယ်လို့ ထည့်တွက်လို့မရ။ သူ့အဖေက ခြေထောက်အနှိပ်ခန်း (အထူးဝန်ဆောင်မှု မပါတာမျိုး) များစွာကို ပိုင်ဆိုင်ထားပြီး မိသားစုက ယွမ်သန်းရာချီအနည်းငယ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ဤသည်ကသူ့အတန်းဖော် မိသားစုတွေနှင့် မယှဉ်နိုင်သော်လည်း သာမန်လူတန်းစားကြားထဲမှာတော့ ချမ်းသာတယ်လို့ ပြောလို့ရသည်။
.
ချောင်ကျားကျင်း၏ မွေးမိဘတွေက သူငယ်ငယ်လေးကတည်းက ကွာရှင်းခဲ့ကြတာပင်။ အဖေချောင်က သူ့သားငယ်ကို အုပ်ထိန်းခွင့်ယူခဲ့ကာ ကလေးတစ်ယောက်ရှိသော တစ်ခုလပ်ကို လက်ထပ်ခဲ့သည်။
.
လက်ထပ်ပြီးနောက် ချောင်အဖေ၏ စီးပွားရေးမှာ ပိုပြီးအောင်မြင်လာ၍ အပြင်ဘက်တွင်အလုပ်ကို အသည်းအသန်လုပ်နေရင်း အလုပ်များလာကာ အိမ်ရှိ မိသားစုကို လျစ်လျူရှူခဲ့သည်။
.
ချောင်ကျားကျင်းက သူ့မိထွေး၏စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာရပြီး မကြာခဏနှိပ်စက်ခံခဲ့ရသည်။ သူ့မိထွေးက သူ့ကို မကြာခဏ ရိုက်နှက်၍ ဆဲဆိုလေ့ရှိသည်။
.
ချောင်အဖေက ဤကိစ္စများကို မသိကျေးကျွန်ပြုခဲ့၏။ ချောင်ကျားကျင်း၏ အဘိုးကသာသူ့ မြေး ရိုက်နှက်ခံနေရတာကို မကြည့်ရက်နိုင်တော့သဖြင့် သူ့ကို ခေါ်ယူစောင့်ရှောက်ခဲ့သည်။
.
ချောင်ကျားကျင်း၏ ဒေါ်လေး၊ ဦးလေးနှင့်အဒေါ်တို့က တူဖြစ်သူကို အိမ်မှာလာနေရန် မကြာခဏ ခေါ်ကြသည်ရှိသော်လည်း သူတို့၏ ကလေးမဟုတ်သဖြင့် သူ့အနေနှင့်အကြာကြီး နေထိုင်လို့မရနိုင်။
.
သို့သော် ချောင်အဖေမှာ ချောင်ကျားကျင်းက အဘွားနှင့်နေတာကို မသင့်လျော်ဘူးလို့ထင်မိသည်။ သူ တွေးလိုက်၏။ “သူ့အဖေ၊ ငါက အသက်ရှင်လျှက်ကြီး ရှိသေးတာကို၊ သူကသူများတွေနဲ့ သွားနေတယ်။ လူတွေတော့ အတင်းပြောကုန်ကြတော့မှာပဲ”
.
လူအိုကြီးသည် မြေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ကလေး၏တရားဝင် အုပ်ထိန်းသူက ချောင်အဖေပင်။ ထို့ကြောင့် ချောင်ကျားကျင်းကို သူ့အဖေ၊မိထွေးတို့နှင့် နေထိုင်ရန် ပြန်ခေါ်သွားကြတော့သည်။
.
ချောင်ကျားကျင်း အရွယ်ရောက်လာတော့ ကလေးတုန်းကလို သူ့မိထွေး၏ ရိုက်နှက်ခြင်းများကို ငြိမ်ခံမနေတော့ချေ။
.
သူအရွယ်ရောက်လာသည်နှင့်အမျှ သူ့ဘဝမှာအနည်းငယ် ပိုအဆင်ပြေလာပြီး အနည်းဆုံးတော့ ရိုက်နှက်ခံရတာ ရှားလာသည်။
.
သူ့မိထွေးက သူ့ကို မရိုက်တော့သော်လည်း အခြားကွဲပြားသော ချဉ်းကပ်မှုတစ်မျိုးကို ကျင့်သုံးလာသည်။ သူမသည် သူ့အဖေ၏အရှေ့မှာတော့ ကြင်နာသော အမေတစ် ယောက်လို ပြုမူကာ တစ်ချိန်တည်းမှာဘဲ ချောင်ကျားကျင်းကိုတော့ ကျေးဇူးမသိတတ် သည့် သားအဖြစ် ဖော်ပြ၍ သူ့အဖေကို လှည့်စားတော့သည်။
.
သူ့အဖေကတော့ မိထွေးအပေါ် သူ၏လေးစားမှုမရှိခြင်းနှင့် ပတ်သက်၍ အလွန်စိတ်တိုင်းမကျခဲ့ပေ။
.
ကံကောင်းသည်မှာ သူ၏ ကောင်းမွန်သော ပညာရေးလုပ်ဆောင်ချက်များက ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် သူ့အဖေကိုမျက်နှာပွင့်စေသည်။
.
သူ၏ ထူးချွန်သော အဆင့်များကြောင့် ပြဿနာအိုးမိထွေးက ဒုက္ခပေးလာလျှင်ပင် သူ့ဘဝက အရမ်းကြီးတော့ မဆိုးရွားနေချေ။
.
သူ့အဖေက သူ့အတွက် လစဉ်မုန့်ဖိုးများကို ဖောဖောသီသီပေး၍ သူ၏ ပညာရေးလုပ်ဆောင်ချက်များကြောင့် ချန်ဖူအထက်တန်းကျောင်းသို့ ဝင်လာကတည်းကကျောင်းကလည်း နှစ်စဉ်နှစ်တိုင်း သူ့ကို ပညာသင်ကြေး ပေးလေသည်။
.
သူ့တွင် ကုန်ကျစရာ များများစားစား မရှိတာကြောင့် သူ၏ ပညာသင်ကြေးနှင့် မုန့်ဖိုးများကို စုဆောင်းထားသည်။ အထက်တန်းနှစ်၏တစ်နှစ်ကျော်လောက်မှာတော့ စုမိဆောင်းမိထားသည်မှာ အတော်လေး ရှိနေလေပြီ။
.
ချောင်ကျားကျင်းသည် ပိုက်ဆံမမက်သလို၊ချမ်းသာရန်အတွက် မိသားစုအမွေကို ဆက်ခံရမည်ဟူ၍ ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။
.
အကယ်၍ သူ့အဖေ ရှာဖွေထားသည့် ပိုက်ဆံအားလုံးကို လှူဒါန်းပစ်လိုက်လျှင်ပင် ဂရုမစိုက်သော်လည်း သူ့မိထွေးထံကိုတော့ လုံးဝရောက်သွား၍ မဖြစ်ပေ။ သူ လုံးဝ ခွင့်ပြုမှာမဟုတ်ချေ။
.
ပိုက်ဆံတွေအကုန်းလုံး သူ့မိထွေးလက်ထဲ ရောက်သွားလျှင်ဆိုသည့် အတွေးက သေခြင်းတရားထက်ပင် ပိုပြီးနာကျင်ရသည်။
170 02
ငွေကိုင်က သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ကာ သူ့မရှေ့က လူငယ်လေးသည် ဖုန်းကို ထုတ်လိုက်တာ ခဏမျှကြာလှပြီဆိုသော်လည်း ဘာမှဆက်မလုပ် သေးတာကို သတိထားလိုက်မိသည်။
.
ပိုက်ဆံရှင်းရမည့် တကယ့်အခိုက်အတန့်ကျမှဖြစ်သွားရတာပင်။
.
သူမ တွေးလိုက်၏။ “ဒီကောင်လေး စားသောက်ပြီး ထွက်ပြေးသွားမှာတော့ မဟုတ်ဘူးမလား။ငါ သူ့ကို မျက်စီဒေါက်ထောက် ကြည့်နေမှပါ”
.
အမျိုးသမီးက လက်ကိုဝှေ့ယမ်း၍ “ကောင်လေး၊ အဆင်ပြေရဲ့လား။ မင်းရဲ့ပိုက်ဆံချေမဲ့ QR ကုဒ်မှာ ပြဿနာတက်နေလို့လား”
.
ဒါပေါ့၊ ကုဒ်မှာ ပြဿနာမရှိဘူးဆိုတာကို သူမသိလေသည်။ ပိုက်ဆံချေရန်အတွက် သူ့ကို သတိပေးချင်ရုံသာဖြစ်၏။ တကယ်လို့ သူ့မှာပိုက်ဆံမရှိရင်လည်း ဘောစိလိုမျိုး ဟန်ဆောင်နေမဲ့အစား စားပွဲပေါ်က သူများတွေကိုပဲ ရှင်းခိုင်းလိုက်ပါလား။
.
ချောင်ကျားကျင်း အနောက်က ကျွမ်းကျင်သည့် ကျန်လူများကို ကြည့်လိုက်ပြီးနောက် အမျိုးသမီးသည် သူမ၏ ယခင်အတွေးများကို ရုတ်သိမ်းလိုက်၏။
.
လူငယ်လေးနှင့်အတူ စားသောက်နေကြသည့်ကျန်သုံးဦးကလည်း ကလေးတွေဖြစ်သဖြင့် ပိုက်ဆံမရှင်းနိုင်သည်မှာ သေချာသည်။
.
အမျိုးသမီး၏ စကားများကြောင့် ချောင်ကျားကျင်း အသိပြန်ဝင်သွား၏။ သူ“အိုး” ဟု ပြောလိုက်ပြီး အစောပိုင်းတုန်းက ငေးမှိုင်းနေခဲ့သည့်အတွက် အကြောင်းပြချက်ပေးလိုက်သည်။ “နက်ဝေ့ါဒ်က လိုင်းမကောင်းလို့”
.
သူဘာကြောင့် ပိုက်ဆံ ချက်ချင်းမရှင်းလဲဆိုတာကို အမျိုးသမီး ဂရုမစိုက်ပေ။ ပိုက်ဆံ လက်ခံရလိုက်ရကြောင်းကို အသိပေးသော စက်ပိုင်းဆိုင်ရာ အသံကိုကြားမှသာ ကျေနပ်သွားသည်။
.
ဒရိုင်ဘာက အနားတွင် ရှိနေတာကြောင့်ရှီလီက ကျန်သုံးယောက်ကို အိမ်ပြန်လိုက်ပို့ ပေးမည်ဟု အကြံပြုလိုက်၏။
.
ရုံရုံနှင့် ချောင်ကျားကျင်းက ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ရှီလီက သူတို့သုံးဦးကိုကားပါကင် ထိုးထားသည့်ဘက်သို့ တွန်းသွားလိုက်သည်။
.
“လမ်းကြုံနေတာဘဲ၊ ပြဿနာမရှိပါဘူး”
.
ရုံရုံက မြို့ဟောင်းဧရိယာမှာ နေထိုင်တာဖြစ်ပြီး အနီးဝန်းကျင်မှာဘဲဖြစ်သည်။
.
ရုံရုံကို သူမ လမ်းညွှန်ပေးလိုက်သည့် ရပ်ကွက်အဆောက်အအုံ၏ ဝင်ပေါက်တွင် ပို့ပေးပြီးနောက် ဤအဆောက်အအုံကို အပြင်ဘက်ကနေ ကြည့်လိုက်တာနှင့် သမိုင်းကြောင်းရှည်ကြီး ရှိခဲ့လိမ့်မယ်ဆိုတာကို သူတို့ မြင်နိုင်သည်။
.
ရုံရုံသည် ကားပေါ်မှဆင်းပြီးနောက် လမ်းဘေးတွင်ရပ်ကာ သူတို့၏ကားဘက်သို့ တာ့တာပြလာသည်။
.
ရှီလီလည်း ပြန်ပြုံးပြလိုက်ပြီး “တာ့-တာ~"
.
ချောင်ကျားကျင်း၏ အိမ်လိပ်စာက ပိုဝေးပြီး အသစ်ဆောက်လုပ်ထားသော ရပ်ကွက်ဧရိယာတွင်ဖြစ်သည်။ ရှီလီသာ မှတ်မိမည်ဆိုပါက ဤဆောက်လုပ်ရေးကို ဝေ့ယီ၏မိသားစု တည်ဆောက်ခဲ့တာပင်။
.
ချောင်ကျားကျင်းကို လိုက်ပို့ပေးသည့် ဖြစ်စဉ်က ရုံရုံနှင့် အတူတူပဲဖြစ်သည်။ ချောင်ကျားကျင်းသည် တံခါးကိုဖွင့်၍ကားထဲမှထွက်ကာ တံခါးကို ပြန်ပိတ်လိုက်၏။ ရှီလီက ကားမှန်ကို အောက်ချ၍ ကားအပြင်ဘက်က ချောင်ကျားကျင်းကို လက်ပြနှုတ်ဆက်လိုက်သည်။
.
ကွာခြားချက်မှာမူ ဤတစ်ကြိမ်မှာတော့ မထင်မှတ်ထားသော အခြေအနေတစ်ချို့နှင့် ကြုံတွေ့လိုက်ရသည်။
.
ကောင်လေးတစ်ယောက်နှင့် လမ်းလျှောက်လာသော သက်လတ်ပိုင်း အမျိုးသမီးကြီးမှာလမ်းဘေးက ချောင်ကျားကျင်းကို သတိထားမိသွားပြီး သူမ၏အကြည့်က အနက်မှောင်ကားအရှေ့ရှိ ရွှေရောင် အဆင်တန်ဆာအပေါ် ကျရောက်သွားသည်။ နှံ့စပ်သော အိမ်ရှင်မတစ်ယောက်အနေနှင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤကားက ဈေးမပေါဘူးဆိုတာကို သူမနားလည်ပေသည်။
.
"ကျားကျင်း—”
170 03
ရှီလီမှာ milk tea သောက်နေတာဖြစ်ပြီးထွေးထုတ်လုမတတ် ဖြစ်သွားရတော့သည်[ချောင်ကျားကျင်းရဲ့ မိဘတွေက နာမည်ပေးတော်လိုက်တာ။ သူ့မိဘတွေက သမိုင်းကို စိတ်မဝင်စားကြလို့ထင်တယ်၊ ဒီနာမည်က မင်္ဂလာသိပ်မရှိဘူး]
.
[ခဏ၊ နေစမ်းပါဦး။ ဧကရာဇ်ဖြစ်လာတဲ့မင်းသားတစ်ပါးအနေနဲ့ဆို ဒီနာမည်က အတော်လေး မင်္ဂလာရှိတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးဘဲ]
.
ဤသည်မှာ ကံကြမ္မာ၏ ဆန်းကြယ်မှုတစ်မျိုးပင်။ ချောင်ကျားကျင်းက ဤနာမည်ကြောင့်သူငယ်ချင်းများနှင့် အတန်းဖော်များထံမှနာမည်ပြောင်အမျိုးမျိုး ပေးခြင်းကို ခံခဲ့ရဖူး သော်လည်း တစ်စုံတစ်ယောက်က ယခုလိုရှုထောင့်ကနေ ကြည့်ခြင်းကတော့ ပထမဆုံးအကြိမ်ဖြစ်သည်။
.
ခဏလောက်ကြာသည်အထိ ဒီနာမည်ကအတော်လေး ကောင်းမွန်တယ်လို့ သူ ခံစားမိသွားသည်။
.
သမိုင်းကြောင်းထဲမှာ ကျားကျင်း၏ ဂုဏ်သတင်းက သိပ်အရေးမပါသော်လည်း သူ့ကံကြမ္မာကတော့ ကောင်းမွန်သည်။
.
သုံးယောက်သား အတွေးထဲ ကိုယ်စီနစ်မြောနေခိုက် ချောင်ကျားကျင်း၏ မိထွေးဖြစ်သူ ကလေးတစ်ယောက်နှင့် အမျိုးသမီးကချဉ်းကပ်လာလေပြီ။
.
သူမမျက်နှာတွင် အပြုံးပန်းများ ဝေဆာနေ၍“မင်းတို့က ကျားကျင်းရဲ့ အတန်းဖော်တွေ ထင်တယ်။ သူ့ကို အိမ်ပြန်လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပါကွယ်။ ရောက်လက်စနဲ့အိမ်မှာ ခဏလောက် ဝင်ထိုင်ကြပါလား”
.
သူ့မိထွေး၏ မျက်နှာပြောင်းခြင်းအပေါ် ချောင်ကျားကျင်း ကျင့်သားရနေပြီမှာ ကြာလှပြီဆိုသော်လည်း ရွံရှာမှုကို ခံစားနေရစမြဲပင်။
.
သူသည် ငယ်ရွယ်သေး၍ စိတ်ထိန်းထားရာ၌အပြည့်အဝကြီး မကျွမ်းကျင်သေးချေ။ သူ့မိထွေး စကားပြောလိုက်ပြီဆိုတာနှင့် ပုပ်သိုးနေသည့် တစ်ခုခုကို စားလိုက်ရသလိုမျိုးအမူအရာ ပြောင်းသွားတော့သည်။
.
ရှီလီ အိမ်ပေါ်တက်ခဲ့သလား။ သူမ တကယ် ကြီး အိမ်ပေါ်တက်သွားတာပင်။
.
ဖူဟွေ့ရှင်း၏ အဝတ်ထောင့်မှာ အဆွဲခံလိုက်ရ၍ အနည်းငယ် လှုပ်ရှားသွားသည်။
.
တစ်ချိန်တည်းမှာဘဲ ရှီလီက သူ့အမြင်ကိုမေးလာသည်။ “ငါတို့တွေ အိမ်ပေါ်တက်ပြီး ခဏလောက်ဖြစ်ဖြစ် ဝင်ထိုင်ကြမလား။ အတန်းဖော်တစ်ယောက်ရဲ့အိမ်ကို ငါ တစ်ခါမှမရောက်ဖူးဘူး”
.
လွန်ခဲ့သော နှစ်ဝက်ခန့်ကပင် ကျေးဇူးတင်နဖူးစည်းစာတန်းကို လာပို့ရန်အတွက် သူ့အိမ်သို့ ရောက်ခဲ့တာဖြစ်ပြီး ယခုတွင်မူ အတန်းဖော်တစ်ဦး၏အိမ်သို့ တစ်ခါမှ မရောက်ဖူးဘူးဟု ပြောလာသည်။
.
ရှီလီက လူလိမ်ပင်။
.
ဖူဟွေ့ရှင်းကတော့ ကျင့်သားရနေလေပြီ။
******
171 01
အခန်း ၁၇၁: အဖြူရောင်ကြွယ်ဝသည့် လှပသော အမျိုးအစား
“ဒါဆိုလည်း ကျွန်မတို့တွေ အနှောင့်အယှက်ဖြစ်စေမိပါပြီ” ကားနောက်ခန်းထဲရှိ ချမ်းသာသော မိသားစုများမှ ကလေးတွေနှင့်တူသည့်လူငယ်စုံတွဲက ပြောလာသည်။
ချောင်မိထွေးက ပြုံးလိုက်ရာ သူမ၏မျက်လုံးက အရေးကြောင်းတွေ ပေါ်ထွက်လာသည်။ “မဟုတ်တာကွယ်၊ ဘာမှမဖြစ်ဘူး။ အန်တီက တက်ကြွတဲ့လေထုဆို သဘောကျပါတယ်”
ရှီလီ၏ ရည်ရွယ်ချက်ကို နားမလည်သော ချောင်ကျင်းကျားက ကြောင်အအ အမူအရာဖြင့် ရှီလီနှင့် ဖူဟွေ့ရှင်းတို့နောက်မှ လိုက်သွားလိုက်သည်။
ချောင်မိထွေးက ရှေ့ကနေ လမ်းကိုဦးဆောင်၍ သူမ၏ သားငယ်ကိုတော့ ချောင်ကျင်းကျားထံ အပ်နှံထားသည်။
သို့သော် ဤအဖေတူအမေကွဲ ညီအစ်ကိုကြားမှ ဆက်ဆံရေးမှာ အတော်လေး တင်းမာနေလျှက်ပင်။ ချောင်ကျင်းကျားသည် သူ့ညီအပေါ်ရှ်ိ မနှစ်မြို့မှုကို ခက်ခက်ခဲခဲ ဖုံးဖိထားနေရသလို၊ ကလေးတစ်ယောက်ဖြစ်သည့် ချောင်ညီလေးကလည်း သူ့ခံစားချက်များကို မဖုံးကွယ်ထားနိုင်ပေ။
ချောင်ကျင်းကျားကို သူ၏ အယ်ထရာမန်း အရုပ်ဖြင့် ရံဖန်ရံခါ ရိုက်နှက်နေပြီး ကလေးဆိုး တစ်ယောက်လို ပြုမူနေခြင်းမှာ ရှင်းလင်းနေသည်။
ရှီလီက မထီမဲ့မြင်ပြုံးလိုက်ရင်း ပြောလိုက်၏။ “နင်တို့ ညီအစ်ကိုတွေကို ကြည့်ရတာ အတော်လေး တည့်ကြပုံပဲနော်။ ငါ့ရဲ့အငယ်တွေသာ ငါ့ကို အဲ့လိုမျိုး လာရိုက်လို့ကတော့ ကျိန်းသေပေါက် ပါးပြန်ရိုက်ပစ်မှာ”
ရှီလီ၏ မိသားစု အခြေအနေကို ဖူဟွေ့ရှင်း အပြည့်အဝ သိထားသည်။ ရှီလီက မိသားစုထဲတွင် အငယ်ဆုံးကလေးဖြစ်ကာ မောင်နှမမရှိပေ။ သို့သော် ဤသည်က သူမ၏ ထွင်လုံးများထဲက နောက်ထပ်တစ်ခုသာ။
ထိုတော့မှ ချောင်မိထွေးသည် သူမသားငယ်၏လုပ်ရပ်များကို သတိထားမိသွားတော့သည်။ ၎င်းသည် အရင်ကလည်း ဖြစ်ပျက်ခဲ့ဖူးသော်လည်း သူမ အရေးမစိုက်ခဲ့တာပင်။
သူမ၏ စိတ်ထဲမှာတော့ လင်ပါသား အယောက်တစ်ရာက ကလေးရင်းလောက် အရေးမကြီးချေ။ သူမသား ပျော်နေသရွေ့၊စိတ်ကြိုက်လုပ်ခွင့် ပေးထားသည်။
ဤသည်က သူမ၏ ခံစားချက်အစစ်အမှန်ဆိုသော်လည်း အပြင်လူတွေကိုတော့ ပေးမသိနိုင်ပေ။ သူတို့က လင်ပါသား၏ အတန်းဖော်တွေဖြစ်သဖြင့် သူ့ဘက်ကနေ ပါကြမည်မှာ သဘာဝကျသည်။ ဒါ့အပြင် သူတို့က အတန်းဖော်သက်သက်မဟုတ်ဘဲ ချမ်းသာကြွယ်ဝသော မိသားစုများမှ ကလေးတွေပင်။
ချောင်မိထွေး ရှင်းပြလိုက်၏။ “ဪ၊ ညီအစ်ကိုတွေက အရမ်းတည့်ကြပါတယ်။ ကျင်းကျားက သဘောကောင်းတော့ သူ့ညီလေးကို အရမ်းအလိုလိုက်ထားတာ။ ဒီဟာက သူတို့တွေ ဆက်သွယ်တဲ့ နည်းလမ်းတစ်မျိုးလေ”
သူမက စကားကုန် ပြောလိုက်သော်လည်း ရှီလီကို သူတို့ကိစ္စထဲ ဝင်ပါတယ်ဟူ၍ တိုက်ရိုက် စွပ်စွဲလိုက်တာပင်။
“အဲ့လိုလား။ ကြည့်ရတာတော့ ကျွန်မတို့မှာမိဘအုပ်ထိန်းမှု အယူအဆတွေ မတူကြဘူးနဲ့တူပါတယ်။ ကျွန်မကတော့ ကလေးတွေကို အလိုမလိုက်သင့်ဘူးလို့ ထင်တယ်၊ ဆုံးမသင့်ရင်တော့ ဆုံးမရမှာလဲလေ”
ဓာတ်လှေကားက ဦးတည်ရာသို့ ရောက်သွားပြီဆိုတာနှင့် ချောင်မိထွေးသည် ဤခေါင်းစဉ်အကြောင်းကို အလျင်းသင့်သလို “မေ့ပစ်”လိုက်တော့သည်။
“မြန်မြန်ဝင်လာကြ။ အန်တီအိမ်က တော်ရုံသင့်ရုံဘဲဆိုတော့ စိတ်ထဲမထားကြနဲ့ဦး”
ရှီလီက အလွန်စဉ်းစားပေးတတ်စွာဖြင့် ပြန်ဖြေလိုက်သည်။ “ပြဿနာမရှိပါဘူး”
[စိတ်ထဲရှိရင်တောင် တွေးပဲတွေးမှာပါ၊ထုတ်မပြောပါဘူး]
အနှီ ချောင်မိထွေးကို စိတ်ခံစားချက်အရာတွင် ဉာဏ်မကောင်းဘူးဟု ဆိုရမည်ဖြစ်သော်ငြား ချောင်ကျင်းကျား၏အဖေကို ကြိုးကိုင်နိုင်ကာ ကွာရှင်းပြီးတာတောင် သူ၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးနိုင်အောင် သိမ်းသွင်းနိုင်ခဲ့လေသည်။
171 02
ထိုကဲ့သို့သော လူတစ်ယောက်ကိုတော့ သူမ၏ စိတ်ခံစားချက် အသိဉာဏ်မြင့်မားမှုအပေါ် ချီးကျူးရမည်ဆိုမှ မှန်ပေမည်။
သို့ပေတည့် ဧည့်ခံနေစဉ်မှာဘဲ ရှီလီနှင့် ဖူဟွေ့ရှင်းတို့၏ နောက်ခံမိသားစုအကြောင်းကို အရှက်မရှိ မေးမြန်းလာသည်။
ရှီလီသည် အသက်သုံးနှစ်ကတည်းက သူမ၏ချမ်းသာကြွယ်ဝမှုကို ထုတ်မပြောရဘူးဆိုတာအား သိရှိနားလည်ခဲ့ပြီး သူမကိုယ်သူမ သာမန်ကျောင်းသူ တစ်ယောက်နှင့်တူအောင် အမြဲပြုမူဖို့ ကြိုးစားခဲ့သည်။
တစ်စုံတစ်ယောက်က သူမ မိသားစု၏အခြေအနေကို မေးမြန်းလာတိုင်း ရှီလီက“အဖေက ပုဂ္ဂိလကုမ္ပဏီတစ်ခုရဲ့ စာရေးတစ်ယောက်ပါ၊ အမေကတော့ အိမ်ရှင်မ” ဟူ၍အမြဲတမ်း ပြောပေလိမ့်မည်။
ဟွမ်ကျဲ: ......
ဖူဟွေ့ရှင်းကလည်း ရှီလီအတိုင်း ပြောဆိုလိုက်သည်။ “ကျွန်တော့် မိဘနှစ်ယောက်လုံးက ဆုံးပါးသွားကြပါပြီ။ အမျိုးတွေနဲ့ နေတာပါ”
အနှီနှစ်ယောက်၏ အနေအထိုင်ကို ကြည့်နေရရုံဖြင့် မိသားစုနောက်ခံက သာမန်လို့ သူတို့တွေ ပြောလာတာကို ချောင်မိထွေး မယုံပေ။
လူတွေကို အကဲဖြတ်ရာ၌ သူမနည်းသူမဟန် ရှိပေသည်။ ဖူဟွေ့ရှင်းက အမျိုးတွေနှင့် နေထိုင်တယ်လို့ ပြောလာတာကို ကြားလိုက်ရတော့ ရှီလီ၏အမိုးအောက်မှာ နေထိုင်နေတယ်လို့ပဲ သူမ ကောက်ချက်ချလိုက်သည်။
သူသည် သူများတွေနှင့် နေထိုင်နေရသည့် မိဘမဲ့တစ်ယောက်ဖြစ်သဖြင့် သူနှင့် ဆက်ဆံရေး ပျိုးထောင်ရန် မလိုအပ်ပေ။
သူမ၏အာရုံကို ရှီလီဘက်သို့သာ ပြောင်းလိုက်ပြီး လိမ္မော်ရည် သောက်မလား၊ ကိုလာသောက်မလား သို့မဟုတ် လိမ္မော်သီးစားမလား ငှက်ပျောသီးစားမလားဟူ၍ မေးလိုက်သည်။
ရှီလီက ပြုံးကာပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ်ဒုက္ခခံဖို့ မလိုပါဘူး။ ကျွန်မတို့က ညစာစားပြီးသွားကြပြီဆိုတော့ ထပ်မဆာတော့ပါဘူး။ ဒီကို အဓိက လာလည်တယ်ဆိုတာကလည်း ချောင်ကျင်းကျားရဲ့ အိမ်ကို လိုက်ကြည့်တာနဲ့ဦးလေးတို့ အန်တီတို့နဲ့ တွေ့ဖို့ပါ”
ချောင်မိထွေးက ရယ်လိုက်ရင်း “သမီးကတော့အပြောချိုတဲ့ မိန်းကလေးပဲ။ သမီး ဦးလေးနဲ့အန်တီက အသက်လေးဆယ်ထဲ ဝင်နေပါပြီ၊ဘာမှ ကြည့်စရာမရှိပါဘူးကွယ်”
“ရှိတာပေါ့”
[ကြည့်စရာတွေမှ အများကြီ။ သူမက ဘယ်လိုစဉ်းလဲတဲ့ မိထွေးဆိုတာရယ်၊ ဘယ်လိုအရူးက ပိုင်ဆိုင်မှုတွေနဲ့ ကျော်ကြားမှုတွေကို အခြားလူတစ်ယောက်ဆီ ပေးခဲ့ပြီး ပိုက်ဆံရော၊ အသက်ကိုပါ ဆုံးရှုံးလိုက်ရလဲ ဆိုတာမျိုးပေါ့]
တစ်ခန်းလုံးမှာ ရယ်ချင်စိတ်ကို အောင့်ထားရသည့် အနုပညာ၌ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ထားပြီးသားဖြစ်သည်။ ရှီလီ၏ စကားများက ဘယ်လောက်ဘဲ ရယ်နေရပါစေ၊ သို့မဟုတ် သူတို့စိတ်ထဲတွင် ဘယ်လောက်ပင် ရယ်ချင်နေပါစေ၊ သူများတွေဆီကနေ အရူးတွေလို့ အမြင်မခံရစေရန်နှင့် ရှီလီ သတိထားမိသွားမှာကို ကာကွယ်ရန်အတွက် အောင့်အီး ထားကြရမှာပင်။
ချောင်မိထွေးသည် တစ်ပါးသူ၏ အတွင်းရေးကိစ္စနှင့် ပတ်သက်လာလျှင် အင်မတန် စပ်စုပေသည်။ အစောပိုင်းတုန်းက ရှီလီ၏ မိသားစု နောက်ခံအကြောင်းအား ဖော်ထုတ်တာ ကျရှုံးသွားတော့ နောက်တစ်ကြိမ် သွယ်ဝှိုက်ပြီးစုံ စမ်းလာပြန်သည်။
သူမအဖေ ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်လဲ၊သူမ၏ အိမ်ရှင်မအမေက တစ်နေကုန် ဘာလုပ်လဲ၊ အိမ်ဖော်တွေ ဘယ်နှစ်ယောက်ရှိလဲနှင့် သူတို့အိမ် ဘယ်လောက်ကြီးလဲဆိုသည့် မေးခွန်းမျိုးတွေ မေးလာတော့၏။
အရိုးသားဆုံးပြောရလျှင် အခြားသူများ၏အတွင်းရေးကိစ္စများကို ထောက်လှမ်းသော သူမ၏ နည်းလမ်းများမှာ ရိုင်းပြလှသည်။
171 03
ဤစကားဝိုင်းပြီးနောက် ရှီလီ နားမလည်နိုင်တော့ချေ [ဒီတော့ ချောင်ကျင်းကျားရဲ့ အဖေကို သူမ ဘယ်လိုလုပ်ပြီး ပြုစားလိုက်တာပါလိမ့်။ သူမ သင်တန်းတွေများ တက်ထားသလားပဲ။ သင်ဖို့ကို စိတ်ဝင်စားတဲ့လူတွေမှ အများကြီးရှိကြမှာ]
ဤစကားကိုကြားတော့ ဖူဟွေ့ရှင်းသည် ရှီလီအား အမြန်လှမ်းမကြည့်မိဘဲ မနေနိုင်တော့ချေ။ ယခုလို သင်တန်းမျိုးကို သူမလည်း တက်ချင်နေတာလားဟု မေးလိုက်ချင်နေ၏။
သို့သော် သူ ထိန်းချုပ်ထားလိုက်ပြီး ဘာကိုမှမမေးလိုက်ပေ။
ရုတ်တရက် အပြင်ဘက်ကနေ လုံခြုံရေးချ ထားသော တံခါးအားဖွင့်နေသည့် သော့၏ အသံက သူတို့ကို နှောင့်ယှက်လာသည်။ “အမေ၊ သမီး အိမ်ပြန်ရောက်ပြီ”
မလုံ့တလုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ဝင်ပေါက်ရှိ တံခါးကိုဖွင့်ကာ အထဲဝင်လာခဲ့သည်။ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် သူစိမ်းများ ထိုင်နေတာကို မြင်လိုက်ရတော့ သူမ အံ့ဩသွားသော်ငြား အမူအရာကိုချက်ချင်း ပြန်ထိန်းလိုက်ကာ “ဧည့်သည်တွေ ရောက်နေတာပဲ”
ချောင်မိထွေးက သူမကို အထဲဝင်လာရန် လက်ယပ်ခေါ်လိုက်ပြီး “ဟုတ်တယ်၊ သူတို့က သမီး အစ်ကိုရဲ့ အတန်းဖော်တွေ”
အစ်ကို…
ဖန်းမင်သည် ခဏကြာ စဉ်စားလိုက်ပြီးမှ ချောင်ကျင်းကျားကို ဆိုလိုတယ်ဆိုတာ နားလည်သွားသည်။
ချောင်မိထွေးက သူမနှင့် ဆိုဖာပေါ်က နှစ်ယောက်ကို မိတ်ဆက်ပေးလာသည်။ “ဒါက အန်တီ့ရဲ့သမီးကြီး။ သူမကအထက်တန်းဝင်ခွင့် စာမေးပွဲဖြေပြီးလို့ အခုနွေရာသီမှာ အနားယူနေတာ။ ခုလေးတင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတာလေ။ ဖန်းမင်၊ သမီး အစ်ကိုနဲ့ မမကို မြန်မြန်နှုတ်ဆက်လိုက်ဦး။ မမက တစ်ခါတလေ အပြင်ထွက်ကစားဖို့ သမီးကို ခေါ်ချင်ခေါ်မှာ”
ဖန်းမင်သည် ချောင်မိထွေး၏ အရင်အိမ်ထောင်မှ သမီးဖြစ်သည်။ ခင်ပွန်းဟောင်းနှင့် ကွာရှင်းပြီးသည့်နောက် ချောင်မိထွေး၏မျိုးရိုးနာမည်ကို သူမ ယူခဲ့သည်။
သူတို့က ချောင်ကျင်းကျား၏ အတန်းဖော်တွေဆိုတာကိုလည်း ကြားလိုက်ရရော ဖန်းမင် သူတို့နှင့် စကားပြောချင်စိတ် မရှိတော့ပေ။
အဲဒီ ချောင်ကျင်းကျားက အထင်ကြီးစရာကောင်းတဲ့ သူငယ်ချင်းတွေကို မသိလောက်ဘူးဆိုတော့ သူတို့နဲ့ ရင်းနှီးအောင်လုပ်ဖို့ လိုမနေဘူး။
ဖန်းမင်သည် တွန့်ဆုတ်နေသော်လည်းချောင်မိထွေး၏ အနီးတွင် ဝင်ထိုင်လိုက်သည်။
“သမီးရဲ့ကျောင်းက အရမ်းကောင်းတာကို အန်တီ သိတယ်။ ဒီကောင်မလေးကိုလည်း သမီးတို့ ကျောင်းကိုပို့ပြီး သမီးနဲ့ အတန်းဖော်တွေ ဖြစ်လာစေချင်လို့လေ။ သမီး ကျောင်းကို ဘယ်လိုလျှောက်ခဲ့လဲဆိုတာ မေးချင်လို့ကွယ်”
“အဲဒါ ချောင်ကျင်းကျားကို မေးလို့ရတယ်လေ။ အန်တီတို့က မိသားစုတွေပဲကို။ ကိုယ့်လူအချင်းချင်း မဆွေးနွေးနိုင်ဘူးဆိုတာရှိပါ့မလား”
ချောင်ကျင်းကျား အတင်းလုပ်ပြုံးလိုက်ရ၏။ “တကယ်တော့ အဲ့လောက်ကြီး မခက်ပါဘူး။ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲရလဒ်တွေ ထွက်လာတာနဲ့ ကျောင်းတွေက သူမကို လာဆက်သွယ်ကြမှာ။ တက်တက်ကြွကြွကြီး လျှောက်စရာမလိုဘူး” မိသားစုဟူသော မျက်နှာကို ထိန်းသိမ်းသည့်အနေဖြင့် ဖန်းမင်၏ အဆင့်တွေကို သူမသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထူးချွန်တယ်လို့တောင် ပြောလို့မရတဲ့ အမှတ်တွေနဲ့များ၊ ကျောင်းက သူမကို အထူးစွမ်းရည်ရှိတဲ့ ကျောင်းသူအနေနဲ့ ဝင်ခွင့်ပေးရအောင် ရူးနေလို့လား။
သူမရဲ့ အထူးစွမ်းရည်က သူမတူအောင် အရေထူတာဘဲလား။
ချောင်မိထွေး၏ မျက်နှာတွင် ရှက်ရွံ့သောအပြုံးတစ်ခု ပေါ်လာ၏။ “အဲ့လို မဟုတ်ဘူးလေကွယ်။ သူမရဲ့ အဆင့်တွေနဲ့ဆို ကျောင်းကိုဝ င်လို့မရဘူး။ သမီးတို့ကျောင်းကို ဝင်နိုင်အောင်လို့ ကျူရှင်ကြေးပေးဖို့ စဉ်းစားနေတာ”
ကျူရှင်။ ချန်ဖူ အထက်တန်းကျောင်းရဲ့ကျူရှင်ကြေးက ဂဏန်း ခုနစ်လုံး ရှိတာလေ။ သူတို့မိသားစု တတ်နိုင်မဲ့ အရာမျိုးမှ မဟုတ်တာ။
171 04
သုံးနှစ်စာ ကျူရှင်ကြေးမှာ ရှီမိသားစု အတွက်တော့ ရေပုံးထဲက ရေတစ်စက်ပဲ ရှိတာကြောင့်သူတို့၏ သမီးကို ကျူရှင်ပို့နိုင်လေသည်။
ရှီလီက ရိုးသားသောအပြုံးကို တပ်ဆင်၍ပြောလိုက်သည်။ “အဲ့လောက် အများကြီးတော့ ကျွန်မ မသိဘူးရယ်။ ချောင်ကျင်းကျားလိုပဲ၊ကျွန်မလည်း အဆင့်တွေကောင်းလို့ ကျောင်းက အထူးတလည် ဝင်ခွင့်ပေးခဲ့တာလေ”
ချောင်ကျင်းကျားက ရှီလီ၏ စကားများကို ဝင်ထောက်ခံလိုက်၏ “ဟုတ်တယ်။ သူမရဲ့အဆင့်တွေက အရမ်းကောင်းတာ။ စာမေးပွဲတိုင်းမှာ အမြဲတမ်း အဆင့်တစ်ပဲ” ချောင်မိထွေးက ခြောက်ကပ်ကပ်နိုင်စွာ ရယ်လိုက်ရင်း “အဲ့လိုလား။ သမီးကို လှရုံတင်မကဘဲ၊ စာမှာလည်း ထူးချွန်နေလိမ့်မယ်လို့ မထင်ထားဘူး။ အဆင့်မကောင်းတဲ့ ကျောင်းသားတွေ ချန်ဖူအထက်တန်းကျောင်းထဲ ဘယ်လိုဝင်လို့ရလဲဆိုတာ အန်တီ့ကို ကူညီပြီးရှာပေးပါလား”
ရှီလီက မထုံတတ်တေး အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ “အဆင့်မကောင်းတော့လည်း ပိုက်ဆံသုံးရုံပဲပေါ့၊ မှန်တယ်မလား”
ချောင်မိထွေးမှာ နင်သွားလုနီးပါး ဖြစ်သွားရသည်။ အဆင့်မကောင်းတဲ့ ကျောင်းသားတွေက ပိုက်ဆံပိုပေးရတယ်ဆိုတာ သူမ မသိဘူးလား။ အဓိကက ဖော်ထုတ်ဖို့လိုသေးသော ရှုပ်ထွေးပွေလီနေသည့် အချက်အလက်တွေအများကြီး ရှိနေတာပင်။
နဖူးပေါ် ပိုက်ဆံကပ်ပြီး ချန်ဖူကျောင်းသား ဖြစ်လာတာလောက်နှင့် မရိုးရှင်းချေ။
ဖန်းမင်ဆိုသည့်နာမည်ကို ရှီလီ ကြားဖူးသည်မှာ ပထမဆုံးဖြစ်သော်လည်းရင်းနှီးနေသလို ခံစားမိနေသည်။
ချောင်မိသားစု၏ တံခါးနားတွင် ဓာတ်လှေကားစောင့်နေတုန်း သူမ ရုတ်တရက် သတိရသွား၏ [နောက်ပိုင်း စွမ်းရည်ပြိုင်ပွဲတစ်ပွဲမှာ ဖန်းမင် ဝင်ပြိုင်တော့၊ ချမ်းသာပြီး လှပတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူဆိုပြီး လုပ်ဇာတ် ခင်းခဲ့တာပဲ]
[ဆိုတော့ကား ချမ်းသာတဲ့ အလှလေးက ချောင်ကျင်းကျားရဲ့ အဖေဆီက ညာယူထားတဲ့ပိုက်ဆံတွေကြောင့်ပေါ့]
[ဒီချမ်းသာတဲ့ အလှလေးရဲ့ အလိမ်အညာကတော့ အတော့်ကို ချဲ့ကားထားတာဘဲ]
******
172 01
အခန်း ၁၇၂: ဖရဲသီးတစ်လုံးက နောက်တစ်လုံး ထက် ပိုသာတယ်
ရှီလီနှင့် ဖူဟွေ့ရှင်းတို့ ကားထဲပြန်ရောက်တော့ သူတို့ဖုန်းထဲက missed call တစ်ခုကို သတိထားမိသွားကြသည်။
၎င်းက စုန့်ရင်း ထံကပင်။
ရှီလီသည် ဘေးနား၌ ဖူဟွေ့ရှင်း ရှိနေသဖြင့် အလျင်အမြန် ပြန်မခေါ်လိုက်ဘဲ ဒရိုင်ဘာက ဖူဟွေ့ရှင်းကို လိုက်ပို့ပေးပြီးသည်အထိ စောင့်နေလိုက်သည်။
ထိုတော့မှ ရှီလီ ဖုန်းပြန်ခေါ်လိုက်သည်။ “ဘာအရေးကြီးတာရှိလို့လဲ”
စုန့်ရင်း၏ နူးညံ့သောအသံက ဖြေဆိုသူဘက်ကနေ ထွက်ပေါ်လာကာ “မမ၊ မနက်ဖြန်ကျရင် အားလားဟင်”
“အင်း၊ အားတယ်။ တစ်ခုခု လိုအပ်လို့လား”
စုန့်ရင်းက တခစ်ခစ်ရယ်ကာ “ထောင်ထဲက မစ္စဟုန်ယန်ဆီ သွားလည်ချင်လို့။ သူမနဲ့ မတွေ့ရတာ ရက်တော်တော်ကြာပြီဆိုတော့ လွမ်းလို့ပါ။ တစ်ယောက်တည်း သွားရမှာလည်းကြောက်တော့၊ ငါ့ကို မမ အဖော်ပြုပေးနိုင်မလားလို့လေ”
ရှီလီ တိတ်ဆိတ်သွား၏။ ဤကောင်မလေးကအင်္ကျီလက်ထဲတွင် လှည့်ကွက်များစွာရှိသည့် သိုးရေခြုံ ဝံပုလွေတစ်ကောင်ဆိုတာကို သူမအမြဲတမ်း သိထားခဲ့သည်။
အခု သူမရဲ့ စရိုက်အမှန်ကို ဆက်ပြီးမဖုံးကွယ် တော့ဘူးလား။
စုန့်ရင်း တောင်းပန်လိုက်၏။ “လုပ်ပါ၊ ငါတို့တွေ သွားလို့ရမလားဟင်”
“ကောင်းပြီလေ၊ နင် ဘယ်အချိန် သွားတွေ့မှာလဲ။ ငါ့အချိန်ဇယားကို ကြိုရှင်းထားလိုက်မယ်”
စုန့်ရင်းက ကြိုတင်စီစဉ်ထားပြီးသားပင်။ “နေ့လယ်ကျ သွားကြမယ်။ မနက်ပိုင်းကို မမအိပ်လို့ရတယ်”
“ဟုတ်ပြီ၊ မနက်ဖြန်ကျရင် ဒရိုင်ဘာနဲ့ ငါ့ကိုလာကြိုဦး”
နောက်တစ်နေ့ မနက်စာစားပြီးနောက် ရွှီမိသားစု၏ ဒရိုင်ဘာက ရှီလီကိုကြိုရန် စုန့်ရင်းနှင့်အတူ အချိန်မှန် ရောက်ချလာ၏။
စုန့်ရင်းသည် ဗီလာထဲသို့ ဝင်သွားပြီး ဟွမ်ကျဲကို ယဉ်ကျေးစွာနှုတ်ဆက်၍ လက်ဆောင်တစ်ခု ပေးလိုက်သည်။
ဟွမ်ကျဲက သူမ၏ ရွှီမိသားစုအပေါ် အလိုက်သင့်နေထိုင်ပုံများနှင့် မိဘရင်းတွေနှင့် ဆက်ဆံရေးများအပေါ် မေးမြန်းလာသည်။
မေးခွန်းတစ်ခုချင်းစီတိုင်းကို စုန့်ရင်း ပြန်ဖြေပေးခဲ့သည်။
ဟွမ်ကျဲက ရိုးရှင်းသည့် မေးခွန်းအချို့ကိုသာ မေးမြန်းခဲ့ပြိးနောက် သူတို့နှစ်ယောက် လုပ်စရာလုပ်ဖို့ သွားခွင့်ပြုလိုက်သည်။
စုန့်ရင်း၏ လူထုအမြင်ပုံရိပ်အတွက် သူတို့တွေ ဟုန်ယန်ဆီ ထောင်ဝင်စာ သွားတွေ့မယ်ဟု ဟွမ်ကျဲကို ရှီလီ မပြောပြခဲ့ချေ။
သူမ ခါးပတ်ပတ်ပြီးနောက် စုန့်ရင်းက ထောင်ဝင်စာတွေ့ရန်အတွက် ပြင်ဆင်လာခဲ့သော ပစ္စည်းများအား ဂုဏ်ယူစွာဖြင့် ရှီလီကိုပြသလာသည်။ “ထောင်ထဲမှာ အဝတ်အထည်နဲ့ အစားအသောက်တွေ ဆင်းရဲတယ်လို့ ငါ ကြားဖူးတယ်။ ငါ့အမေက ဒီလိုချွေတာရေးကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ ဒီတော့ သူမအတွက်မုန့်နည်းနည်းနဲ့ အတွင်းခံအချို့ကို ဝယ်ထားတယ်”
ဤစကားကိုကြားတော့ ရှီလီမှာ စုန့်ရင်းကို အကဲဖြတ်မှားသွားပြီလားဟု တွေးမိသွားသေးသည်။ သူမ ဟုန်ယန်ကို တကယ်ကြီး ဂရုစိုက်နေတာလား။
နောက်တစ်ခဏမှာတော့ ရှီလီသည် သူမ၏အကဲဖြတ်ခြင်းက မမှားဘူးဆိုတာကို သေချာသွားတော့၏။ စုန့်ရင်းက တကယ့်ကို သိုးရေခြုံထားတဲ့ ဝံပုလွေဘဲ။
“ဒါပေမဲ့ ထောင်ဝင်စာ လာတွေ့တဲ့သူတွေက ထောင်ထဲကို ပစ္စည်းပေးလို့ မရဘူးတဲ့လေ”
စုန့်ရင်းက မထီမဲ့မြင်ပြုံးလိုက်ပြီး သူမ၏သွားစွယ်လေးကို ပြသလိုက်သည်။ “အရေးမကြီးပါဘူး။ တကယ်လို့ ဒါတွေကို ထောင်ဝင်စာပေးလို့ မရရင်တောင် ကျွန်မသူမ ကြည့်ဖို့အတွက် သိမ်းထားပေးလို့ရပါတယ်” [ဒီပစ္စည်းတွေကိုသာ ဟုန်ယန် မြင်လို့ကတော့ အပြင်ကိုပြေးထွက်ပြီး နင့်ကို လက်ဝါးစောင်းနဲ့ခုတ်ချင်မိမှာဘဲ၊ ဒါပေမဲ့ မဖြစ်နိုင်တော့ပါဘူးလေ၊ ဟုတ်တယ်မလား။]
172 02
ဤသည်မှာ စုန့်ရင်း တွေးနေတာပင်ဖြစ်၏။ မဟုတ်ပါက ခြစ်ခြစ်တောင် ပူလောင်နေသည့်နွေရာသီမှာ သူမက ဘာလို့ ထောင်ဝင်စာလာတွေ့မှာလဲ။ လေအေးပေးစက် တပ်ထားတဲ့ အခန်းထဲမှာနေပြီး လေ့ကျင့်ခန်းအချို့ကို တွက်နေတာက ပိုမကောင်းပေဘူးလား။
ဒါပေါ့၊ သူမက ဟုန်ယန်၏ လက်ရှိသနားစရာကောင်းသော အခြေအနေနှင့် ပြိုလဲနေသောအမူအရာများကို မြင်တွေ့ချင်နေတာကြောင့်ပင်။ သူမက ရန်သူကို ခွင့်လွှတ်ပေးနိုင်သောသူတော်စင် မဟုတ်ချေ။
ရှီလီ ခေါင်းညိတ်ကာ “ဟုတ်ပြီ၊ မစ္စဟုန်က နင်ယူလာတဲ့ ပစ္စည်းတွေကို မှန်ထဲကနေကြည့်ပြီး မိသားစုရဲ့ ချစ်ခြင်းတွေကို ခံစားလို့ရတယ် ဆိုလည်း ကောင်းတာပဲလေ”
“ညီမလည်း အဲ့လိုပဲ တွေးထားတာ”
အကျဉ်းထောင်သို့ ရောက်သွားသည့်အခါ ဤပစ္စည်းတွေအား အထဲသို့ ယူသွားခွင့်မရှိဘူးဆိုတာကို သိလိုက်ကြရ၏။
၎င်းတို့ကို မှန်ကနေတဆင့် ပြ၍တောင် မရပေ။ စုန့်ရင်းမှာ အလွန်စိတ်ပျက်သွားရတော့သည်။
ရှီလီသည် ချိန်းဆိုထားသော အချက်အလက်ကိုထုတ်၍ ဝန်ထမ်းအား ပြလိုက်ချိန်မှာတော့ အနှီလူ၏ ခပ်တိုးတိုးပြောသံကို သူမ ရှင်းလင်းစွာ ကြားလိုက်ရ၏။ “ဒီနေ့ကျမှ 5938 ဆီကို ထောင်ဝင်စာလာတွေ့တဲ့လူတွေ ဘာလို့အရမ်း များနေရတာလဲ”
အကျဉ်းထောင်ထဲတွင် လူတွေက သူတို့၏နာမည်များကို ဆုံးရှုံးလိုက်ရကာ ထိုအစားနံပါတ်အတန်းလိုက်ဖြင့် ရည်ညွှန်းခြင်းကိုသာခံကြရသည်။
ရှီလီသည် အပြုံးတစ်ပွင့်ဖြင့် ထိုလူ့ထံမှသတင်းအချက်အလက်များ ပိုရရန် ကြိုးစားလိုက်သည်။ “အစ်ကိုကြီး၊ ဒီနေ့ 5938 ဆီကိုအခြား ထောင်ဝင်စာလာတွေ့တဲ့သူတွေ ရှိသေးတာလား”
ဤသည်မှာ လျှို့ဝှက်ချက် မဟုတ်သော်လည်း ထောင်ဝင်စာတွေ့သူ အချက်အလက်များကို ပြင်ပလူများနှင့် ဝေမျှခွင့်မရှိချေ။ ဒါ့အပြင် အနှီအမျိုးသမီးက ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြင့် ဝင်ရောက်လာခဲ့ခြင်း မဟုတ်ပေ။
ဝန်ထမ်းမှာ မသိစိတ်ကနေပြီး သတင်းအချက် အလက်ကို ဖုံးကွယ်ချင်သော်လည်း ရှီလီက ပြောလာသည်။ “ကျွန်မတို့က ဘယ်သူဘယ်ဝါဆိုပြီး မမေးပါဘူး၊ 5938 ဆီကို လူတွေမကြာခဏ လာတွေ့လားဆိုတာပဲ သိချင်တာပါ”
လှပသော အမျိုးသမီးနှစ်ယောက်၏ ရိုးသားသော အကြည့်အောက်တွင်၊ ဒီကိစ္စက အလုပ်လျှို့ဝှက်ချက် မဟုတ်တော့ ပြဿနာမရှိဘူးဟုဝန်ထမ်း တွေးလိုက်သည်။
သူ ဖြေလိုက်၏။ “မကြာခဏတော့ မဟုတ်ဘူး၊ဒါပေမဲ့ အခြားထောင်သားတွေနဲ့ ယှဉ်လိုက်ရင် 5938 မှာ ထောင်ဝင်စာ လာတွေ့တဲ့သူတွေ ပိုများတယ်။ ဒီနေ့ဆို သူမဆီ ထောင်ဝင်စာ လာတွေ့တဲ့ နောက်ထပ်လူတစ်ယောက်လည်း ရှိသေးတယ်”
“ဟုတ်၊ ဟုတ်၊ ကျေးဇူးပါ”
ရှီလီသည် သူ့အား အစေားအသောက်အချို့ ပေးချင်သော်လည်း လာဘ်ထိုးတယ်ဟု အထင်ခံရမှာကို ကြောက်နေမိသည်။ သူများတွေကို ဒုက္ခမရောက်စေချင်သည့်အတွက် သူမ ဤဆန္ဒကို မြိုသိပ်ထားလိုက်ရ၏။
“သူမဆီ တစ်ယောက်ယောက် ထောင်ဝင်စာ လာတွေ့တယ်တဲ့။ ဦးလေးရှီပဲ ဖြစ်ရမယ်”
ရှီအဘွားက ဟုန်ယန်အား ကွာရှင်းလိုက်ရန်အတွက် သူမ၏သားကို တစ်ကြိမ်ထက်ပိုပြီး တိုက်တွန်းကာ သဘောတူ ကွာရှင်းဖို့ ရှေ့နေ့တစ်ယောက်ကိုပါ ဆွဲခေါ်လာခဲ့သော်လည်း ဦးလေးရွှီအငယ်ဆုံးကတော့ အေးအတူပူအမျှနေထိုင်ဖို့ ကတိပြုထားခဲ့ပြီး ကွာရှင်းဖို့ကို ငြင်းဆန်ခဲ့သည်။
ဦးလေးရွှီအငယ်ဆုံးကြောင့် ရှီမိသားစုမှာ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို မကြာခဏ ခံစားခဲ့ကြရသည်။
လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ဦးလေးရှီအငယ်ဆုံးသည် အချစ်အတွက် ကွာရှင်းပြီး ထွက်သွားခဲ့၏။ ယခုမူ ဦးလေးရှီအငယ်ဆုံး၏အချစ်ဆိုသည့် အရာက ပြစ်မှုကျူးလွန်သူ ဖြစ်နေလေသည်။ သူမက ကလေးတစ်ယောက်ကို ခိုးယူခဲ့ပြီး ထိုကလေးက ရွှီမိသားစု၏သမီးဖြစ်နေလေသည်။
172 03
၎င်းမှာ အတော်လေး ဒရာမာဆန်သော ဇာတ်လမ်းဖြစ်ပြီး လူတိုင်းကို အကြိမ်ရေများစွာ တုန်လှုပ်သွားစေသည်အထိ လုံလောက်၏။
သေချာသည်မှာ ပေါက်ကွဲထွက်လာသော အတင်းအဖျင်းတစ်ခုကို ဖုံးအုပ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ပေါက်ကွဲထွက်စေမည့် နောက်ထပ်အတင်းအဖျင်းတစ်ခုကို ဖော်ထုတ်ခြင်းပင်။
လင်းမိသားစု၏ အမျိုးသမီး အိမ်ထောင်ဦးစီးက ဝမ်းနည်းခြင်း အထိမ်းအမှတ်ခန်းမထဲတွင် အမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံနေခဲ့ပြီး ပါဝင်ပတ်သက်နေသည့် ထိုအမျိုးသား၏ အထောက်အထားကို ကြားသိလိုက်ရပြီးချိန်မှာ တော့ ပိုပြီးတောင် ထိတ်လန့်စရာ ကောင်းသွားခဲ့သည်။
ယခုလို သတင်းထူး၏ အရှေ့တွင် ကလေးခိုးသောဖြစ်ရပ်က ရုတ်ချည်းပင် မှေးမှိန်သွားတော့၏။
လင်းမိသားစု၏ အတင်းအဖျင်းကို ကြားသိပြီးနောက် ရှီလီ၏ဦးလေးမှအစ အဒေါ်အကြီးဆုံးနှင့်ရှီလီ၏ဝမ်းကွဲအဆုံး သူတို့မိသားစုကို ကယ်တင်ခဲ့သည့် လင်းမိသားစုမှ မဒမ်အကြီးဆုံးနှင့် ဒုတိယသားတို့၏ ကိုယ်ကျိုးစွန့်ပေးမှုကြောင့် အလွန်ကျေးဇူးတင်ကြောင်းကို ဖော်ပြခဲ့ကြသည်။ အကယ်၍ ဖြစ်နိုင်လျှင် ဂုဏ်ပြုနဖူးစည်းစာတန်းအား အနှီနှစ်ယောက်ထံသို့ သူတို့တွေ ပို့ပေးလိုက်ချင်သေးသည်။
၎င်းမှာ: “ခမ်းနားလှသော လင်ငယ်နေမှု၊လူသားမျိုးနွယ်၏ ကြီးမြတ်သောအလှ” ဟူ၍ပင်။
ဟုန်ယန်ဆီသို့ ထောင်ဝင်စာလာတွေ့ရာတွင် ဦးလေးရှီအငယ်ဆုံးကတော့ သေချာပေါက် ရှိနေမည်ဆိုသော်လည်း ရှီလီမှာ အခြားသူတွေလည်း ရှိနေနိုင်သေးသည်ဟု ထင်နေသေး၏။
“မစ္စဟုန်က အတိတ်မှာတုန်းက လူတော်တော်များများကို စော်ကားခဲ့ဖူးတယ်။ သူမရဲ့ လက်ရှိအခြေအနေကို မြင်တွေ့ချင်နေကြတဲ့လူတွေ အများကြီး ရှိလိမ့်မယ်”
စုန့်ရင်းက ရှီလီ ပြောသမျှကို အမြဲတမ်း ထောက်ခံသည်။ သူမ ပူးပေါင်းစွာဖြင့် ခေါင်းညိတ်၍ “မမ ပြောတာမှန်တယ်” ရှီလီက နေကာထီးကို ဆောင်းထားစဉ်မှာပဲ မလှမ်းမကမ်းရှိ ပန်းပွင့်နေကာ ထီးအောက်ကအမျိုးသမီးတစ်ဦးနှင့် မျက်နှာချင်း ဆိုင်လိုက်မိသည်။
အနှီလူက မယုံကြည်နိုင်မှုများဖြင့် မေးလာ၏။ “အားလီ”