အခန်း (၁၇၇-၁၈၀)
Vol. 9 Ch. 177-180
177 01
အခန်း ၁၇၇: ထပ်ခိုးအောက်က အရူးမ
အကယ်၍ မယားငယ်တစ်ယောက်ကို ရိုးရိုးရှင်းရှင်း တိတ်တိတ်ပုန်းထားတာက ကိစ္စဆိုလျှင် တစ်မျိုးပင်။ သို့သော် အနှီကျေးဇူးကန်းသည့် လူယုတ်မာက ယောက္ခမမိသားစုဘက်မှ ငွေကြေးအကူအညီဖြင့် တစ်ကြော့ပြန် ထူထောင်ကာ သူ့စီးပွားရေးကို ပိုပြီးကြီးမားလာအောင် ပြုလုပ်နိုင်ခဲ့သောစီးပွားရေး ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။
ပြီးနောက်မှာတော့ အမှိုက်ကောင်သည် သူ့ဇနီး၏ မိသားစုက အရမ်းဝင်စွက်ဖက်ပြီး ဇနီးလုပ်သူကလည်း တောင်းဆိုချက်တွေ အရမ်းများတယ်လို့ ခံစားလာရတော့သည်။
အရေးကြီးဆုံးကတော့ တစ်ခါတုန်းက သူချစ်ခဲ့ဖူးသော အမျိုးသမီးသည် လူရှေ့သူရှေ့၌ သူ့ဘေးနားတွင် ရှိမနေနိုင်တာကို သည်းမခံနိုင်ကာ မသတီစရာကောင်းသော ခေါင်းစီးတစ်ခုကို သည်းခံနေရတာပင်။
သူချစ်သော အမျိုးသမီးကို ကောင်းမွန်သောအဆင့်တစ်ခု ပေးချင်မိသည်။
သို့သော် သူတို့တွေ လက်ထပ်တုန်းက အကယ်၍ သူ့ဘက်ကနေ ကွာရှင်းဖို့အကြောင်း အရင်ထုတ်ပြောလာပါက အိမ်ထောင်ရေး၏ပိုင်ဆိုင်မှုအားလုံးက လုလန်ရှန်ဘက်သို့ ရောက်သွားမည်ဟု သဘောတူခဲ့ကြသည်။
ဤသည်မှာ ဟာသမဟုတ်ပေ - လက်မထပ်ခင်တုန်းက သူ့တွင် ပိုက်ဆိုင်မှုဟူ၍ မည်မည်ရရ မရှိခဲ့ချေ။
ချမ်းသာကြွယ်ဝမှုအားလုံးမှာ လက်ထပ်ပြီးနောက်ပိုင်းမှ ရောက်လာတာတွေဖြစ်သဖြင့် အကယ်၍ ပိုင်ဆိုင်မှုအားလုံးက လုလန်ရှန်ဆီ ရောက်သွားမည်ဆိုပါက သူ့အနေနှင့် လက်ဗလာဖြင့် ထွက်သွားရမည်ဟု ဆိုလိုနေတာပဲ မဟုတ်ပါလား။ ဤသည်ကို သူ လက်သင့်မခံနိုင်။
သူ့ဘဝသူ မထောက်ပံ့နိုင်ရုံတင်မကဘဲ ယောက်ျားကောင်း တစ်ယောက်အနေနှင့် သူချစ်မြတ်နိုးရသော အမျိုးသမီးကိုပါ ဒုက္ခခံစားခွင့် လုံးဝမပေးနိုင်ချေ။
ဤမင်္ဂလာအကြို သဘောတူညီချက်က အင်မတန် ရိုင်းပြပြီး သည်းမခံနိုင်တာထက် ကျော်လွန်နေသည်။
သူသည် ကွာရှင်းချင်နေသော်လည်း မလုပ်ဆောင်နိုင်ချေ။
ဒါ့အပြင် သူ့ဇနီးနှင့် ယောက္ခမမိသားစုသည်ကျိုးကြောင်းဆီလျော်မှု မရှိတာတွေ များပြားလာခဲ့သည်။ နစ်နာသူ ယောက်ျားသားကောင်းတစ်ယောက်အနေနှင့် ယောက္ခမဖြစ်သူကို ထောင်ချောက်ဆင်ရန်အတွက် လုမိသားစု၏ပြိုင်ဘက်တွေနှင့် ပူးပေါင်းခဲ့သည်။
သူများတွေနှင့် ယှဉ်ကြည့်လိုက်လျှင် ယောက္ခမက သားမက်အပေါ် သတိထားခြင်း သိပ်မရှိဘဲအထူးသဖြင့် သူ့သမီးက ယခုလို ကိုယ်ဝန်ရှိနေသည့် အခါမှာပင်။
အတွင်းလူက ဆန့်ကျင်နေပြီး အပြင်ဘက်တွင် ဆာလောင်နေသည့် ဝံပုလွေတွေ ရှိနေသည့်အခါမှာတော့ မကြာခင်မှာဘဲ လုမိသားစုက မွဲပြာကျလာရတော့သည်။
ထိုသို့ဆိုလျှင်ပင် ပေါ်ယိရန်က သူ့ဇနီးကို ကွာရှင်းချင်နေလျှင်တောင် လက်ဗလာဖြင့် ထွက်သွားရဦးမှာဖြစ်သည်။
သို့သော် တကယ်လို့များ သူ့ဇနီးက ကိုယ်ဝန် ပျက်ကျသွားတာကြောင့်ရော၊ မိဘတွေကို ဆုံးရှုံးလိုက်ရတာကြောင့်ပါ ထိုးနှက်ချက်နှစ်ခု အောက်တွင် စိတ်ရောဂါရသွားခဲ့ပါလျှင်။
တကယ်လို့ သူ့ဇနီးက စိတ်ကျန်းမာရေးသို့ အပို့ခံရပြီးနောက် ရုတ်တရက် ဆုံးပါးသွား ပါလျှင်။
သူမ၏ ခင်ပွန်းသည်သည် အခြေအနေကိုစီမံခန့်ခွဲမှု ညံ့ဖျင်းသော စိတ်ကျန်းမာရေးဆေးရုံကို အပြစ်မတင်သည့်အပြင် ထိုအစားသဘောထားကြီးစွာဖြင့် ခွင့်လွှတ်ပေးခဲ့၏။
177 02
သူက ခင်ပွန်းကောင်းတစ်ယောက်ပင်။ မုဆိုးဖို စိန်ရတုဘွဲ့ရတစ်ယောက်အနေနှင့် သူ့ဆီသို့ ပစ်ဝင်ချင်လာသော မိန်းမတွေ မရေမတွက်နိုင်အောင် ရှိနေသော်လည်း သူ၏ ဆုံးပါးသွားပြီဖြစ်သော စိတ်ရောဂါသည်ဇနီးကို မမေ့နိုင်ခဲ့ပေ။ ဇနီးသည်အတွက် တစ်နှစ်တိုင်တိုင် ဝမ်းနည်းပူဆွေးခြင်းကို ဆောင်ရွက်ပြီးနောက်မှာတော့ အကြီးအကဲများ၏ အမိအရတိုက်တွန်းချက်ကြောင့် သူ၏အတွင်းရေးမှူးမလေးကို “တွန့်ဆုတ်စွာဖြင့်”လက်ထပ်ယူခဲ့သည်။
သူ၏ နောက်မယားကို အတော်လေး ချစ်မြတ်နိုးတာပင်။
[ဘယ်လိုပဲဖြစ်ဖြစ် ဒီမျက်ရည်လည်ရွှဲ ရင်ကွဲစရာ အချစ်ဇာတ်လမ်းထဲမှာ အစ်မ လန်ရှန်က အလောင်းကောင် သာသာပဲ]
[ယောက်ျားကောင်းရဲ့ ဇနီးသစ်လေးက သုံးနှစ်အတွင်းမှာ ကလေးနှစ်ယောက် မွေးပြီးတော့ ငြီးငွေ့သွားတယ်လေ၊ ဒါပေမဲ့ သူတကယ် ချစ်မြတ်နိုးခဲ့တဲ့ လူကိုတော့ ထာဝရ ဆုံးရှုံးလိုက်ရတယ်]
[ဘယ်လောက်တောင် သာမန်ဆန်လိုက်လဲ]
ရှီလီသည် အများအားဖြင့် သူများတွေ၏ အရေးကိစ္စထဲတွင် ကြားဝင်စွက်ဖက်ခြင်း မပြုသော်လည်း လုလန်ရှန်၏ အခြေအနေမှာအင်မတန် ကြေကွဲစရာကောင်းလှသည်။ သူမက ခန္ဓာကိုယ်ရော၊ နှလုံးသားရော၊ ငွေကြေးနှင့် ဘဝအပေါ်မှာပါ လှည့်စားခံခဲ့ရတာပင်။
ဒါ့အပြင် သူမက ရှီလီ၏ အရင်ဒေါ်လေး၏တူမဖြစ်ပြီး ရှီမိသားစုကလည်း ဒေါ်လေး အပေါ် အနည်းငယ် အကြွေးတင်နေတာဖြစ်သည်။
ထို့ကြောင့် ရှီလီ ထုတ်ပြောလိုက်၏။ “အစ်မလန်ရှန်၊ အစ်မက ငယ်သေးပါတယ်။ အခုနေလက်ထပ်ရင် အရမ်းမစောလွန်းနေဘူးလား။အရင်ဆုံး နှစ်နည်းနည်းကြာအောင် တွဲကြည့်ပြီး တစ်ယောက်အကြောင်းတစ်ယောက် လေ့လာပြီးမှ အချိန်တန်ရင် လက်ထပ်လို့လည်း ရတာပဲလေ”
လုလန်ရှန်က ညီမလေးကို အလိုလိုက်စွာကြည့်လိုက်ပြီး “လက်ထပ်တယ်ဆိုတာက စီးပွားရေးလုပ်တာပဲ။ အခွင့်အရေးတွေက လာလိုက်၊ သွားလိုက်နဲ့။ ပေါ်ယိရန်က ရည်မွန်တဲ့ လူတစ်ယောက်ပါ၊ ပြီးတော့ အခုချိန်မှာ သူ့ကုမ္ပဏီက ငွေလိုနေတာလေ။ သူ့ကုမ္ပဏီမှာ အစ်မတို့မိသားစု ရင်းနှီးမြှုပ်နှံလိုက်တာက အခွင့်အရေးကောင်းတစ်ခုဘဲ”
သူတို့မိသားစု၏ အစီအစဉ်အတိုင်းဆိုလျှင်အရင်ဆုံး လက်ထပ်မှတ်ပုံတင်ပြီးမှ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်မှာဖြစ်သည်။
စီးပွားရေးတစ်ခုကို အရှုံးခံပြီးတော့ သူတို့တွေ မပြုလုပ်နိုင်ချေ။
အကယ်၍ လက်မထပ်ခင်မှာသာ ပိုက်ဆံပေး လိုက်မိပါက ကွာရှင်းပြီးနောက် ပိုင်ဆိုင်မှုရပိုင် ခွင့်မှာ အတော်လေး နည်းသွားမှာကြောင့်ပင်။
သူမလည်း လက်တွဲဖော်နှင့် အချိန်တွေအတူကုန်ဆုံးချင်ပြီး သာမန်ဆက်ဆံရေးတစ်ခုကို ထူထောင်ကာ ခံစားချက်တွေ သဘာဝအတိုင်း ပေါ်ပေါက်လာမှာသာ လက်ထပ်ချင်တာပင်။
သို့ပေတည့် ပေါ်ယိရန်၏ ကုမ္ပဏီသည် ထိုမျှအကြာကြီးအထိ မစောင့်နိုင်ပေ။
ထို့ကြောင့် ယခုချိန်က လက်ထပ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။
လုလန်ရှန်က ဤအကြောင်းကို ရှီလီအားအသေးစိတ် ခွဲခြမ်းပြလိုက်ပြီး ရှီလီကိုအတော်လေး တွေဝေသွားစေတော့သည်။
ယခင်ရှင်းပြချက်မှာ ကျိုးကြောင်းဆီလျော်နေတာကြောင့် ရှီလီ မမေးကြည့်ဘဲ မနေနိုင်တော့ကာ “အစ်မ၊ လက်ထပ်ပွဲကို အခုလိုမျိုး အလောသုံးဆယ်လုပ်လိုက်ရင်၊ မတော်လို့သူ့ရဲ့ “ယောက်ျားကောင်း” ပုံရိပ်က အတုဖြစ်နေရင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားကြည့်ပြီးသွားပြီလား။ တကယ်လို့ သူ့ဘက်ကနေ ပွင့်ပွင့်လင်းလင်းကြီး ဖောက်ပြန်နေတာမျိုး မရှိပေမဲ့ တစ်ဖက်မှာ အချစ်စစ်ရှိနေရင်ရော။ အဲ့လိုဖြစ်လာခဲ့ရင် အစ်မ ဘာဆက်လုပ်မှာလဲ”
လုလန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး“တကယ်လို့ သူသာ ဖောက်ပြန်ရဲကြည့်ပါလား၊အစ်မ ကွာရှင်းပစ်မှာ။ ကွာရှင်းပြီးတယ်ဆို သူက လက်ဗလာနဲ့ ထွက်သွားရတော့မှာလေ။ ပိုက်ဆံကသာ အစ်မ့အပိုင်ဖြစ်နေသရွေ့၊ သူဘယ်သူနဲ့ ဖောက်ပြန်တယ်ဆိုတာကို အစ်မစိတ်မဝင်စားဘူး”
177 03
ရှီလီမှာ စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး လုမိသားစု၏ မိန်းကလေးတွေက ခင်ပွန်းရှာရာ၌ ကံသိပ်မကောင်းကြဘူးလို့ တွေးလိုက်တော့သည်။
ယခင်တစ်ယောက်ကဝောာ့ ဦးလေးရှီအငယ်ဆုံးကို လက်ထပ်ခဲ့သည့် လုယီယွဲ့ပင်။
အနှီသူသည် ရှီလီ၏ ဦးလေးအရင်း ဖြစ်နေသော်လည်း အသိစိတ်ရှိရှိဖြင့် သူ့ကို လူကောင်းတစ်ယောက်ပါလို့တော့ သူမ ပြောမထွက်နိုင်။
သူမ တူမ၏လက်တွဲဖော်နှင့် ယှဉ်လိုက်လျှင်တော့ ဦးလေးရှီအငယ်ဆုံးက ပိုသာနေသေးသည်။
သူသည် အနည်းငယ် အသုံးမကျဘဲ အနည်းငယ် စက်ဆုပ်ဖွယ် ကောင်းသော်လည်း အနည်းဆုံးတော့ သူသည် ပိုက်ဆံအတွက်နှင့် တစ်စုံတစ်ယောက်ကို အန္တရာယ်ပေးမှာ မဟုတ်ပေ။
ရှီလီက လုလန်ရှန်ကို မေးလိုက်သည်။ “ဒါပေမဲ့ တကယ်လို့ သူက အစ်မကို သတ်ပစ်ရင်ရော။ ဒါဆိုရင် အစ်မရဲ့ ပိုက်ဆံတွေရော၊ သူ့ပိုက်ဆံတွေရော၊ အကုန်လုံးက သူ့အပိုင်ချည်း ဖြစ်သွားမှာလေ။ သူ့အနေနဲ့နှစ်ယောက်စာပိုက်ဆံတွေကို သုံးပြီး အခြားမိန်းမတွေကို ထောက်ပံ့လို့ရတယ်”
ဤသည်မှာ အတော်လေး ဒေါသထွက်နေသောလေသံပင်။
လုလန်ရှန် မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်သည်။ “အဲ့လိုဖြစ်မှာ မဟုတ်ဘူး။ အစ်မရဲ့ မိဘတွေက သက်ရှိထင်ရှား ရှိနေသေးတယ်။ သူ အစ်မကို အန္တရာယ်ပေးရဲလိမ့်မယ်ဆိုတာ မယုံဘူး”
[အစ်မရဲ့မိဘတွေကိုလည်း သူက အန္တရာယ် ပေးနိုင်ပါတယ်၊ ပြီးရင် အစ်မတို့မိသားစုရဲ့ပိုက်ဆံတွေအားလုံးက သူ့ဟာတွေပဲ ဖြစ်သွားမှာ]
ညီမလေး၏ မယုံနိုင်ဖြစ်နေသော အမူအရာကို မြင်လိုက်ရတော့ လုလန်ရှန်သည် သူမ၏ ဆံပင်ကို ဖွလိုက်ပြီး “ညီမလေးက ကလေးပဲရှိပါသေးတယ်။ လူတွေကို ဒီလောက်ထိဆိုးရွားတယ်လို့ အတွေးဝင်နေရအောင် ဘာတွေများကြုံတွေ့ခဲ့လို့တုန်း”
ရှီလီ ဘာပြောနိုင်မှာတဲ့လဲ။ လူတွေ၏ နှလုံးသားက သူမ ထင်ထားတာထက် ပိုပြီးဆိုးရွားတယ်ဆိုတာကို သူမ အသေအချာမပြောတတ်ချေ။
လောကတွင် လူကောင်းများစွာရှိသော်လည်း အချို့လူဆိုးများကတော့ သင်ထင်ထားတာထက်ကို ဆိုးသွမ်းပေသည်။
အနှီနှစ်ယောက်၏ လူ့သဘောသဘာဝ အကြောင်း ဆွေးနွေးနေတာကို ကြားသွားသောလုမိသားစုမှ အကြီးအကဲများက ပြောလိုက်၏။ “အားလီပြောတာ အဓိပ္ပာယ်ရှိတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့ အပြည့်အဝမသိနိုင်တော့ လုံးလုံးလျားလျား ယုံကြည်လိုက်လို့ မဖြစ်ဘူး”
ဟွမ်ကျဲက ရယ်လိုက်ပြီး ရှီလီကို ဆူပူလိုက်ကာ“ဒီလူဆိုးမလေးက အမြဲတမ်း အတွေးလွန်နေတာ။ သူမကို စိတ်ထဲထားမနေနဲ့”
လုလန်ရှန်လည်း ပြုံးလိုက်ရင်း ပြောလိုက်၏။ “သမီး လှည့်စားခံရမှာကို စိုးရိမ်နေတယ်လို့ အားလီ ဆိုလိုတယ်ဆိုတာကို သိပါတယ်။ စိတ်မပူပါနဲ့၊ သမီး သတိထားပါ့မယ်”
သူမသည် သတိထားပါမည်လို့သာ ပြောခဲ့သော်လည်း စေ့စပ်ကြောင်းလမ်းမည့် ပါတီ၏ဖိတ်စာများကို ဝေပြီးသွားပြီဖြစ်ရာ လမ်းတစ်ဝက်ရောက်မှ ပယ်ဖျက်လိုက်လို့ မရတော့ပေ။
သုံးရက်အကြာတွင် ကော့တေးဂါဝန်ကို ဝတ်ဆင်ထားသော ရှီလီက လုမိသားစု၏မိတ်ကပ်ခန်းထဲတွင် ထွက်ပေါ်လာပြီး သူမ၏မျက်နှာထားမှာ အမူအရာကင်းမဲ့နေလျှက်။
မိတ်ကပ်ပညာရှင်က ယနေ့တွင် လုလန်ရှန်၏စေ့စပ်ပွဲအတွက် မိတ်ကပ်ပြင်ပေးနေတာပင်။ သူမ၏ မိတ်ကပ်မှာ ကျက်သရေရှိပြီး လည်ပင်းထက်တွင် ရိုးရှင်းသော လည်ဆွဲတစ်ခုကို ဆင်မြန်းထားသည်။
မိတ်ကပ်ခန်းထဲသို့ ရှီလီ ဝင်ရောက်လာပြီး မိတ်ကပ်ပညာရှင်အား ကူညီပေးနေတုန်းမှာ အမှိုက်ကောင်များကြားထဲမှ ချန်ပီယံဖြစ်သူ၊ပေါ်ယိရန်၏ မျက်နှာအစစ်အမှန်ကို သူမ မြင်တွေ့လိုက်ရတော့၏။
177 04
မျှမျှတတပြောရလျှင် အနှီလူက အတော်လေးကြည့်ပျော်ရှုပျော်ရှိကာ ချစ်ခြင်းမေတ္တာကြီးမားသော အမျိုးသားဇာတ်လိုက်နေရာတွင် သရုပ်ဆောင်ရန် အလားအလာရှိပေသည်။
လုလန်ရှန်က သူမနှင့် မိတ်ဆက်ပေးလာသည်။ “ဒါက ကျွန်မတို့မိသားစုရဲ့ ညီမလေး၊ ရှီလီ”
သူနှင့် နှုတ်ဆက်ဖို့ ရင်ဆိုင်လာရချိန်တွင်သရုပ်ဆောင်ရာ၌ ကျွမ်းကျင်သူဖြစ်သောရှီလီက ယဉ်ကျေးသောအပြုံးကို တပ်ဆင်၍ ပြောလိုက်သည်၊ “ဟယ်လို၊ မစ္စတာပေါ်”
“မင်းက လန်ရှန်ရဲ့ ညီမဆိုမှတော့ အစ်ကို့ကို ခဲအိုလို့ ခေါ်သင့်တယ်”
လုမိသားစု ဗီလာထဲတွင် ရှီလီ၏တည်နေရာနှင့်မနီးမဝေးတွင်ရှိနေသော အတန်းဖော်များက ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရသည်၊ “အစ်ကို့ကို~ခဲအိုလို့~ခေါ်သင့်တယ်~”
နားမဒိန်း ကျင့်ခံလိုက်ရသော လူတွေ၏ မျက်နှာများမှာ ကြောင်အမ်းကုန်ကြတော့၏။ ဘာဖြစ်သွားတာလဲ။ ဒီဘိုးဘေးလေးကိုဘယ်သူ ရန်သွားစပြန်ပြီလဲ။
******
178 01
အခန်း ၁၇၈: သူမ မရည်ရွယ်ပါဘူး
ဤသည်မှာ မဒမ်ရွှီနှင့်အတူ ပါတီပွဲသို့ တက်ရောက်ဖူးသော စုန့်ရင်း၏ ပထမဆုံးအကြိမ်ဖြစ်သည်။
မဒမ်ရွှီက သူမ၏ အဖိုးတန်သမီးကို ကြွားလုံးထုတ်ချင်ခဲ့သော်လည်း အခွင့်ကောင်းအခါကောင်းကို ရှာမရခဲ့ချေ။ အခါသမယ မသင့်လျော်တာနှင့် စုန့်ရင်းမှာ အတန်းတက်စရာတွေရှိနေလိုက် ဖြစ်လိုက်နှင့်ပင်။
ဤတစ်ကြိမ်မှာတော့ လုလန်ရှန်၏ စေ့စပ်ပါတီပွဲက စုန့်ရင်း၏ နွေရာသီအားလပ်ရက်၌ အိမ်တွင်ရှိနေသည့်အခါနှင့် ကြုံကြိုက်သွားပြီး အချိန်သင့်သွားသည်။ မဒမ်ရွှီမှာ စုန့်ရင်းကိုပွဲထုတ်၍ ကြွားလုံးထုတ်နိုင်လိုက်ခြင်းကြောင့် ဝမ်းသာအားရ ဖြစ်နေလေသည်။
ဖြစ်ချင်တော့ သူတို့ဘေးပတ်ဝန်းကျင်မှ လူတွေကလည်း ရွှီမိသား၏ သမီးရင်းအကြောင်းကို အလွန်စပ်စုနေကြကာ အနှီထူးခြားသောလူက ဘယ်သူဘယ်ဝါဆိုတာကို သိချင်နေကြသည်။
မဒမ်ရွှီနှင့် စုန့်ရင်းတို့မှာ စပ်စုချင်နေကြသောလူ့အသိုင်းအဝိုင်းထဲမှ အမျိုးသမီးများ၏ဝန်းရံခြင်းကို ခံထားရသည်။ မဒမ်ရွှီနှင့် မတည့်သော (ကာကွယ်ပေးတတ်သည့် မဒမ်ရွှီကို မဆိုင်းမတွ ငြင်းဆန်နေကြသည့်)လူအနည်းအကျဉ်းမှာ ချဉ်တူးသော မှတ်ချက်အချို့ကို ပေးလာကြသော်လည်း အများစု ကမဒမ်ရွှီကို မြှောက်ပင့်ကာ အသေးစိတ်ကျကျ ချီးကျူးမှုများဖြင့် စုန့်ရင်းကို ချီးကျူးနေကြသည်။
နောက်ဆုံးတစ်ခေါက်က စုန့်ရင်း အလှူပွဲတစ်ပွဲသို့ တက်ရောက်တော့၊ ရှီမိသားစု၏ မွေးစားသမီးအနေနှင့် ဟွမ်ကျဲ၏ ခေါ်ဆောင်ခြင်းကိုခံခဲ့ရကာ အရေးမပါသော ပါဝင်မှုဖြစ်ခဲ့၏။ ထိုတုန်းကတော့ သူမဘေးနားရှိ လူတွေကလျစ်လျူရှုခဲ့ကြသည်။
လအနည်းငယ် ကုန်လွန်ပြီးနောက် သူမ၏အဆင့်အတန်း အနည်းငယ် ပြောင်းလဲသွားတာနှင့် ဤလူတွေ၏ သဘောထားမှာ လုံးလုံးပြောင်းလဲလာခဲ့သည်။ ၎င်းက အင်မတန်စိတ်ဝင်စားဖို့ကောင်းပေသည်။
ရွှီမိသားစုက မိသားစုလေးယောက် လာခဲ့၏။ မဒမ်ရွှီ၏ အနောက်တွင် အလယ်တန်းတက်နေပြီဖြစ်သော ရွှီမိသားစု၏ သားငယ်လေးရွှီယိရမ်လည်း ပါဝင်သည်။ သူသည် တခမ်းတနားဆန်သော ဝတ်စုံကို ဝတ်ဆင်ထားကာစိတ်ဆင်းရဲနေသော မျက်နှာထားဖြင့် အမေနှင့်အစ်မနောက်ကနေ လိုက်နေရသည်။
ကြည့်ရသည်မှာ ဤအသက်အရွယ် ကောင်လေးတွေက အမေခေါ်ဆောင်ရာ နောက်လိုက်ရတာကို မကြိုက်သည့်ပုံရပြီး အထူးသဖြင့် အမေဖြစ်သူက တတွတ်တွတ်ပြောနေသော အမျိုးသမီးအုပ်စု၏ ဝန်းရံခြင်းကို ခံနေရချိန်မှာပင်။ သူ့မျက်နှာထက်တွင် စိတ်မရှည်မှုကို ပြသထား၏။
ရွှီရှင်းသည် ဝင်ပေါက်နား၌ စီးပွားရေး ပါတနာအချို့နှင့် ကြုံကြိုက်၍ စကားစမြည်ပြောဆိုနေရင်း နောက်တွင်ကျန်ရစ်ခဲ့ကာ သူ့ဇနီးနှင့်ကလေးတွေကို အရင်သွားခိုင်းလိုက်သည်။
ရွှီယိရမ်မှာ ရွေးချယ်စရာမရှိတော့ဘဲ မဒမ်ရွှီနှင့် အစ်မနောက်သို့သာ လိုက်ရတော့သည်။
ချီးမွမ်းမြှောက်ပင့်သံများကြားထဲတွင် ရင်းနှီးနေသော ထေ့ငေါ့ပြောသံကို စုန့်ရင်း ကြားလိုက်မိသည်။ သေချာသည်မှာ ရှီလီလည်း ရောက်ရှိနေပြီဆိုတာပင်။
စုန့်ရင်းသည် ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်သော်လည်း ရှီလီကို မတွေ့မိပေ။ သို့သော် သူမနည်းတူ အခြားလူတစ်ယောက်ကလည်း ရှီလီအား ရှာနေတယ်ဆိုတာကို သတိပြုမိသည်။ “အမေ၊ သမီး မမကို တွေ့လိုက်တယ်ထင်တယ်။ သူမကို သွားရှာလိုက်ဦးမယ်” စုန့်ရင်း ပြောလိုက်သည်။
မဒမ်ရွှီက သူမကို လှမ်းတားလိုက်သည်။ သူမသည် စုန့်ရင်း အမြင်မှားတာလို့ ပြောချင်နေမိသည်။ ရှီမိသားစုနဲ့ လုမိသားစုက ဟိုးတုန်းကတည်းက တကွဲတပြား ဖြစ်သွားတာလေ၊ ရှီလီက ဘယ်လိုလုပ် ဒီရောက်နေမှာလဲ။
သို့သော် သူမ၏ဘေးပတ်လည်တွင် အသိုင်းအဝိုင်းထဲမှ အမျိုးသမီးများစွာ ရှိနေကြသဖြင့်ဤစကားကို သူမ ထုတ်မပြောလိုက်နိုင်ပေ။ အဆုံးမှာတော့ “အိုက်” ဟူသော အသံသာလှစ်ခနဲထွက်လိုက်နိုင်သည်။
သူမ၏သမီးကို မတားလိုက်နိုင်ခင်မှာဘဲ စုန့်ရင်းက ထွက်သွားလေပြီ။
စုန့်ရင်းနောက်သို့ လိုက်သွားရန်အလို့ငှာ သူမဘေးနားက အမျိုးသမီးများကို ချန်ရစ်ထားခဲ့လို့ မရတာကြောင့် မဒမ်ရွှီက သူမ၏သားငယ်ကိုလွှတ်ပြီး မျက်စိဒေါက်ထောက် ကြည့်ခိုင်းလိုက်ရတော့၏။ “ယိရမ်၊ မမနောက် လိုက်သွား လိုက်ဦး”
178 02
မဒမ်ရွှီက စုန့်ရင်း အနိုင်ကျင့်မခံရစေရန် မျက်စိဒေါက်ထောက်ကြည့်နေဟု ပြောနေသည့် အဓိပ္ပာယ်ပြည့်ဝသော အကြည့်တစ် ချက်ဖြင့် သူ့ကို ကြည့်လိုက်သည်။
သားဖြစ်သူက အစ်မနောက် အရှိန်တင်၍လိုက်သွားတာကို မြင်လိုက်ရတော့ မဒမ်ရွှီကဘေးနားရှိ အမျိုးသမီးဘက်သို့လှည့်ကာ ရှင်းပြလိုက်သည်။ “ဒီကောင်မလေးကို ရှီမိသားစုက နှစ်ဝက်လောက် ပျိုးထောင်ပေးခဲ့တာလေ၊ ရှင်သိလည်း သိကြမှာပါ။ သူမနဲ့ရှီမိသားစုရဲ့ မိန်းကလေးက အသက်အရွယ်အတူတူဘဲ။ အိမ်မှာဆို ဝမ်းကွဲတွေ၊ ကျောင်းမှာဆို အတန်းဖော်တွေ ဖြစ်နေကြတာပေါ့။ နှစ်ယောက်သားက အရမ်းရင်းနှီးတယ်”
သူမက အပြုံးတစ်ပွင့်ဖြင့် ခေါင်းယမ်းကာ“သူမက ရှီမိန်းကလေးအပေါ် အတော်လေးတွယ်တာတာ။ သူမအဖေနဲ့ ကျွန်မဆို ဒါကိုမြင်ရတိုင်း နည်းနည်းတောင် သဝန်တိုမိတယ်”
တစ်ဦးက မှတ်ချက်ပေးလာ၏။ “တကယ်တော့၊အဲဒါလည်း ကောင်းပါတယ်လေ”
ပြီးနောက်မှာတော့ အုပ်စုသည် ဤကိစ္စနှင့်ပတ်သက်ပြီး မြှောက်ပင့်စကားတွေကို များစွာပြောခဲ့ကြသည်။
စုန့်ရင်းသည် ရှီလီ၏အသံကို ကြားလိုက်မိ၍ ခန်းမတစ်ခုလုံးနှံ့နေအောင် ရှာနေသော်ငြား သူမကို မမြင်မိပေ။
ခြေလှမ်းပိုကျယ်သော ယောင်္ကျားလေးဖြစ်သည့် ရွှီယိရမ်က တခမ်းတနားဆန်သောဂါဝန်လေးကြောင့် လှုပ်ရှားရခက်နေသည့်စုန့်ရင်းကို အလျင်အမြန် အမှီလိုက်နိုင်လာ၏။
ခေါင်းမပါသည့် ယင်ကောင်တစ်ကောင်လို ယောင်တိယောင်ချာလုပ်နေသည့် စုန့်ရင်းကိုကြည့်လိုက်ပြီး ရွှီယိရမ်မှာ မျက်မှောင်ကြုတ်လိုက်မိရာ စုန့်ရင်းနှင့် ခုနစ်ပုံလောက် ရုပ်ချင်းတူသွားသည်။ “မမ ဘာတွေရှာနေတာလဲ”
စုန့်ရင်းကမှာ ရှီလီကို သူမ၏အသံနောက်လိုက်ရင်း ရှာဖွေဖို့ကြိုးစားနေတယ်လို့တော့ မပြောနိုင်ပေ။
သူမ၏ အမှတ်သညာဖြစ်သော အပြုံးကိုတပ်ဆင်၍ ပြောလိုက်သည်။ “စောနက အစ်မသိတဲ့လူတစ်ယောက်ကို မြင်မိလိုက်သလားလို့၊ ဒါပေမဲ့ ဒီလည်းရောက်ရော မရှိတော့ဘူး”
ထိုအချိန်မှာပင် စုန့်ရင်း၏အကြည့်က ရှီလီကိုရှာနေသော အတန်းဖော်တစ်ဦးနှင့် အကြည့်ချင်းဆုံသွားသည်။ သူတို့တွေ အချင်းချင်း အသိအမှတ်ပြုသော အပြုံးများကို ဖလှယ်လိုက်ကြ၏။
ဆိုတော့ကား အခု ရှီလီ ဘာလုပ်နေတာလဲ။
အဝတ်လဲခန်းထဲသို့ ပေါ်ယိရန် ဝင်လာပြီးသည့်နောက် သူမက နောက်သို့ အနည်းငယ်ဆုတ်၍ တရားဝင် ချစ်သူကောင်လေးအတွင် နေရာဖယ်ပေးလိုက်သည်။
လုလန်ရှန်သည် မိတ်ကပ်ခြယ်သပြီးပြီဖြစ်ရာပေါ်ယိရန်၏လက်ကို လှလှပပချိတ်၍ ဧည့်သည်များကို မနှုတ်ဆက်ခင်မှာ သူမ၏ပွဲတက်ဂါဝန်ကို လဲလှယ်ရန်သာ လိုတော့သည်။
လုလန်ရှန်၏ ပွဲတက်ဂါဝန်မှာ အရည်အသွေးမြင့် နိုင်ငံခြားဒီဇိုင်းဖြစ်ကာ ဒီဇိုင်နာကိုယ်တိုင်စိန်များကို လက်ဖြင့်သီထားသော ပိုးဇာလွှာ ဖြစ်ပြီး အလွန်တောက်ပ၍ မျက်စိဖမ်းစားစရာဖြစ်နေတော့သည်။
အထူးသဖြင့် အဝတ်လဲခန်းထဲမှ မီးရောင်များအောက်တွင် ဂါဝန်တစ်ထည်လုံးက အလင်းရောင်များ ပြိုးပြိုးပြက်ပြက်နှင့် တလက်လက်ဖြစ်နေတော့သည်။
တစ်ချက်လေး ကြည့်လိုက်ရုံဖြင့် အနှီဂါဝန်က ဈေးမပေါဘူးဆိုတာကို သိနိုင်ပေသည်။
ဤအချိန်၌ ရိုးရိုးရှင်းရှင်း ဝတ်စားထားသောအမျိုးသမီးငယ်တစ်ဦးက အဝတ်လဲခန်းထဲ ဝင်ရောက်လာပြီး ပေါ်ယိရန်ကို အရင်ဦးဆုံးနှုတ်ဆက်လာ၏။ “ဟယ်လို၊ မစ္စတာပေါ်”
အမျိုးသမီးငယ်က လိမ္မော်ရည်ခွက်တစ်ခွက် တင်ထားသော လင်ဗန်းတစ်ချပ်ကို သယ်လာသည်။
သူမက မိတ်ကပ်မှန်ရှေ့တွင် ရှိနေသောသူကိုခေါ်လာ၏။ “အစ်မလန်ရှန်၊ မနက်အစောကြီးကတည်းက မိတ်ကပ်လိမ်းနေရတော့ ဗိုက်ဆာနေမှာပဲ။ ကျွန်မ အစ်မအတွက် အဆာပြေ လိမ္မော်ရည်တစ်ခွက် ယူလာတယ်”
178 03
ရှီလီသည် ဤမိန်းကလေး၏ နောက်ခံကိုမသိသော်လည်း သူမစိတ်ထဲ၌ မေးခွန်းတစ်ခု ဖြစ်တည်လာ၏။ သူမ မစားရသေးလို့ဆိုရင်လည်း ကိတ်မုန့်တစ်ပိုင်းဖြစ်ဖြစ်၊ ပေါင်မုန့်ဖြစ်ဖြစ် ယူလာရမှာ မဟုတ်ဘူးလား။ ဘာလို့လိမ္မော်ရည်အေးတစ်ခွက်ကို ယူလာရတာလဲ။
ရှီလီ၏ ပဟေဠိဖြစ်နေသော အကြည့်အာက်မှာတင် မိန်းကလေးက တစ်စုံတစ်ခုအပေါ် ခြေချော်သွားပုံရပြီး သူမလက်ထဲက လင်ဗန်းမှာ ချိတ်ထားသော ပွဲတက်ဂါဝန်ပေါ်မှောက်ကျသွားတော့သည်။
စတိုင်လစ်၏ ပါးစပ်မှာ 'O’ အကြီးကြီး ဖြစ်သွားသော်လည်း အရှေ့ကိုပြေးထွက်လာ၍ လွင့်စင်လာသည့် လိမ္မော်ရည်များကို ကာပေး လိုက်သူမှာ အလုပ်ပြီးပြီဖြစ်၍ အနီးနားတွင် အနားယူနေသော မိတ်ကပ်ပညာရှင်ဖြစ်သည်။
မိတ်ကပ်ပညာရှင်မှာ အတတ်နိုင်ဆုံးလုပ်ခဲ့ရာမှ လိမ္မော်ရည်အများစုက သူမကိုယ်ပေါ်ကိုသာ ဖိတ်စင်သွားသော်ငြား အနည်းအကျဉ်းမှာမူ ပွဲတက်ပါဝန်ပေါ်သို့ ဖိတ်စင်သွားလေ၏။
မိန်းကလေးသည် ယခုလို အလှည့်အပြောင်းဖြစ်ရပ်များကြောင့် လန့်ဖြန့်သွားပြီး အမြန်တောင်းပန်လာကာ “ကျွန်မ တောင်းပန်ပါတယ်၊မရည်ရွယ်ပါဘူး”
ရှီလီနှင့် မိတ်ကပ်ပညာရှင်မှာ ပွဲတက်ဂါဝန်ပေါ်က ဖျော်ရည်အစွန်းအထင်းများကို အတူတူ စစ်ဆေးလိုက်သည်။ လုလန်ရှန်၏မျက်နှာထားမှာ ထိတ်လန့်သွားရာကနေ အထူးသဖြင့် မိတ်ကပ်ပညာရှင်၏ နောင်တတကြီးပြောလာသော “ဂါဝန်က စွန်းသွားပြီ”ဟု ပြောလာသံကို ကြားလိုက်ရချိန်မှာတော့ ရုတ်ချည်းပင် ဒေါသအဖြစ် ပြောင်းလဲသွားတော့သည်။
မိန်းကလေး၏ မျက်ဝန်းထဲမှ မျက်ရည်များကျဆင်းလာပြီး သူမက ကူကယ်ရာမဲ့စွာဖြင့် ပေါ်ယိရန်ကို လှမ်းကြည့်လာသည်။
ခန့်ညားသော အမျိုးသားမှာ သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး ဘယ်သူ့ကို နှစ်သိမ့်ပေးရမယ်ဆိုတာ မသိဖြစ်သွားရတော့သည်။ “အဆင်ပြေပါတယ်၊ ကိုယ်တို့တွေ ဒါကိုပင်မင်းဆီပို့လိုက်ရင် အဆင်ပြေသွားမှာပါ”
သူသည် ရှေ့သို့ အနည်းငယ်လှမ်းလိုက်ပြီး မျက်နှာမှောင်မည်းနေသော လုလန်ရှန်ကိုနှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ “ကျင်းရွှမ်က မရည်ရွယ်ပါဘူး။ သူမက မင်းဗိုက်ဆာနေမှာစိုးလို့၊ တွေးပေးတဲ့အနေနဲ့ လိမ္မော်ရည် ယူလာတာပါကွာ။ ဒီလိုဖြစ်လာလိမ့်မယ်လို့ သူမ မထင်ထားပါဘူး”
******
179 01
အခန်း ၁၇၉: သားမက်တစ်ဦးတည်းသာ
နာမည်က ရင်းနှီးနေသလိုပင်။ ရှီလီသည် အတန်ကြာအောင် စဉ်းစားပြီးနောက် မဆဲရေးဘဲ မနေနိုင်တော့ပေ။ “အဲဒါ အမှိုက်ကောင်ရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ၊ မယားငယ်ဆိုတဲ့ဝမ်ကျင်းရွှမ် မလား”
“ဗိုက်ဖြည့်ဖို့အတွက် လိမ္မော်ရည်တစ်ခွက်ကို သယ်လာတယ် ဆိုကတည်းက အကြောင်းရင်းတစ်ခု ရှိနေလိမ့်မယ်လို့ ထင်ခဲ့မိသားဘဲ။ ကိတ်မုန့်တစ်ပိုင်းလောက် ယူလာလို့ မရဘူးလား”
“ပြီးတော့ ကိတ်မုန့်ဆိုရင် ပွဲတက်ဂါဝန်ကိုဖျက်ဆီးတဲဲ့နေရာမှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလေ”
“ဒီမိန်းမက ဖြူဖြူစင်စင် ပန်းတစ်ပွင့်နဲ့တော့ တူပေမဲ့ လျှော့တွက်လို့တော့ မရဘူး”
စေ့စပ်ပါတီပွဲအတွက် ပွဲတက်ဂါဝန်မှာ လိမ္မော်ရည်တစ်ခွက်ကြောင့် ပျက်စီးသွားရချေပြီ။ ဤဂါဝန်မှာ စေ့စပ်ပွဲအတွက် နိုင်ငံခြားဒီဇိုင်နာနှင့် အထူးတလည် ချုပ်လုပ်ထားခြင်းဖြစ်ကာ ယွမ်သန်းများစွာ ကုန်ကျလေသည်။
ဒါပေါ့၊ ငွေကြေးက အရေးကြီးဆုံး မဟုတ်ပေ။
အရေးကြီးဆုံးမှာ လုလန်ရှန်က ဤပွဲတက်ဂါဝန်ကို စေ့စပ်ပါတီပွဲတွင် ဝတ်နိုင်ရန်အတွက်အချိန်အကြာကြီး မျှော်လင့်စောင့်စားနေခဲ့ရတာပင်။
သုမ၏ အဝတ်ဗီရိုထဲတွင် အဆင့်မြင့် ပွဲတက်ဂါဝန်တွေ အပြည့်ရှိပြီး အများစုမှာ သူမဝတ်ဖူးပြီးသားတွေ ဖြစ်သည်။ မဝတ်ရသေးသော ဂါဝန်များကလည်း အထူးတလည် ချုပ်လုပ်ထားသော ဤပွဲတက်ဂါဝန်၏ လက်မှုပညာရပ်ကို မယှဉ်နိုင်ပေ။
သို့သော် အကယ်၍ လိမ္မော်ရည်တွေ စွန်းထင်းနေသည့် ဂါဝန်ကိုဝတ်ပြီး အပြင်ထွက် ဧည့်ခံလျှင်ပင် ဘယ်သူမှ သတိမထားမိနိုင်တောင်၎င်းက သူမကို စိတ်ခုစေနိုင်သေးသည်။
၎င်းကို တွေးကြည့်လိုက်ရုံနှင့်တင် သူမအား အဆင်မပြေဖြစ်လာစေသည်။
သ်ူ ပိုစိတ်တိုလာလေ၊ ဝမ်ကျင်းရွှမ်၏ တောင်းပန်သံကို နောက်ခံသီချင်းအဖြစ် ပိုကြားလာရလေ ဖြစ်လာသည်။
လုလန်ရှန်သည် သူမအား ပါးစပ်ပိတ်နေရန် အပြစ်တင်မလို့ ကြံရွယ်လိုက်စဉ်မှာဘဲ ရှီလီက သူမ၏လက်ကို အုပ်ကိုင်လာသည်။
သူမ ဝမ်ကျင်းရွှမ်ကို ညင်သာစွာ ပြောလိုက်၏။ “အဆင်ပြေပါတယ်၊ ရှင် တမင်တကာမလုပ် ဘူးဆိုတာကို ကျွန်မ ယုံပါတယ်။ ဒီအမျိုးသမီးကို ကြည့်ရတာ ယဉ်ကျေးသိမ်မွေ့မဲ့ပုံပါဘဲ။ လူတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာကို ထိခိုက်အောင်လုပ်မိရင် တာဝန်ယူရတယ်ဆိုတာကို ငယ်ငယ်ကတည်းက ရှင့်ရဲ့မိဘတွေ သင်ပေးထားလောက်မှာပါ၊ ဟုတ်တယ်မလား”
မျက်ရည်စက်လက် ဖြစ်နေသေးသော ဝမ်ကျင်းရွှမ်သည် မစဉ်းစားနိုင်တော့ဘဲ ခေါင်းညိတ်လိုက်၏။ ဤအခိုက်အတန့်၌ သူမကို ကြည့်ရသည်မှာ စုန့်ရင်းနှင့် တူသလိုရှိနေသည်။
စိတ်ထဲသို့ ဤအတွေး ဖြတ်ဝင်လာတာနှင့် ရှီလီ အလျင်အမြန်ဘဲ ပယ်ချပစ်လိုက်သည်။ သူမ ဘယ်လိုလုပ် ဒီလိုတွေးမိသွားရတာလဲ။ အဲဒါက စုန့်ရင်းအပေါ် အကြီးမားဆုံး စော်ကားမှုကြီးဖြစ်သွားမှာ။ လက်ဖက်စိမ်းမလေးက နည်းနည်းပိုကောက်ကျစ်တဲ့ပုံ ပေါ်ပေမဲ့၊ အရမ်းစက်ဆုပ်ဖို့ကောင်းတာမျိုးကို သူမ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။
ရှီလီသည် ပိုက်ဆံတောင်းသော လက်ဟန်ကိုပြုလုပ်လိုက်ကာ “ဒီပွဲတက်ဂါဝန်က အဆင့်မြင့်ဝတ်စုံနော်။ ဒီဇိုင်းနဲ့ ချုပ်လုပ်တဲ့ ကုန်ကျငွေစုစုပေါင်းက ဝမ်ရှစ်သန်းရှိတယ်။ ရှင့်ရဲ့ ဂရုမစိုက်မှုကြောင့် ဒီပွဲတက်ဂါဝန် ပျက်စီးသွားရပြီ၊ ပြီးတော့ အစ်မလန်ရှန်လည်း ဒီဂါဝန်ကိုစေ့စပ်ပါတီပွဲမှာ ဝတ်လို့မရတော့ဘူး။ ဒါကနှစ်ဖက်မိသားစုရဲ့ သေချာစီစဉ်ထားတဲ့ စေ့စပ်ပါတီကို ပျက်စီးသွားစေနိုင်တဲ့ အလားအလာရှိတယ်။ ပွဲတက်ဂါဝန်ကြေးအတွက် အလျော်တောင်းတာကတော့ အရမ်းမများသွားဘူးမလား”
ရှီလီ၏အမူအရာမှာ အပေးအယူကြီးတစ်ခုကို ကမ်းလှမ်းနေသည့် livestreamer တစ်ဦးကဲ့သို့ဖြူစင်ကာ ကြင်နာနေသည်။ ဒီလို အပေးအယူမျိုးနဲ့ဆို အခွင့်အရေးထဲ ခုန်ဝင်နိုင်တယ်လို့ မထင်ဘူးလား။
ဝမ်ကျင်းရွှမ်က နှုတ်ခမ်းကိုကိုက်၍ သနားစဖွယ် ပြောလာ၏။ “ကျွန်မ တောင်းပန်ပါတယ်၊မရည်ရွယ်ပါဘူး”
ရှီလီက နားလည်မှုရှိစွာဖြင့် ခေါင်းညိတ်၍“ရှင် မရည်ရွယ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ အဲဒါကြောင့် ရှင့်ကို လျှော့ဈေးပေးတဲ့အနေနဲ့ ပွဲတက်ဂါဝန်ကြေးဘဲ တောင်းနေတာလေ”
သူမက လျှို့ဝှက်နက်နဲသော လေသံဖြင့် ပြောလိုက်ကာ “ပြီးတော့ ရှင်သာ ပိုက်ဆံပေးပြီး ထွက်သွားမယ်ဆိုရင် ဒီပွဲတက်ဂါဝန်ကိုပါ ယူသွားလို့ရတယ်။ ကျွန်မတို့က ရှင့်ကို ခေါင်းပုံမဖြတ်ပါဘူး။ အချို့နေရာတွေမှာဆို သူများပစ္စည်းကို ပျက်စီးအောင်လုပ်မိရင် သူတို့က ပိုက်ဆံတောင်းကြပြီး၊ ပစ္စည်းကိုယူသွားခွင့်တောင် ရမှာမဟုတ်ဘူးနော်။ အဲ့လူတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ကျွန်မတို့က ဘယ်လောက်တောင် သဘောကောင်းတယ်ဆိုတာကို ရှင် မမြင်နိုင်ဘူးလား”
179 02
“ဒါကလေ နာမည်ကြီး နိုင်ငံခြားဒီဇိုင်နာတစ်ယောက်ရဲ့ လက်ရာဆိုတာ ရှင် သိသင့်တယ်။ ပင်စင်ယူသွားတဲ့ ဒီဇိုင်နာကို အပြင်ထွက်လာအောင် အယုံသွင်းပြီး ကျွန်မ အစ်မလန်ရှန်အတွက် ဂါဝန်ဒီဇိုင်းဆွဲပေးဖို့ ကျွန်မတို့ မိသားစုက အတော်လေး မျက်နှာလိုမျက်နှာရ လုပ်ထားခဲ့ရတာ။ မျက်နှာသာပေးဝာာက အဖိုးမဖြတ်နိုင်ပေမဲ့ ကျွန်မတို့တွေ အခုမှ တွေ့ကြတာကို ထောက်ထားကြည့်ရင် ဒီမျက်နှာသာပေးတာတွေကို ပိုက်ဆံအဖြစ် ပြောင်းလို့ရမှာ မဟုတ်ဘူး။ ဒီဟာကို ကျွန်မတို့ဆီက အလကားလက်ဆောင်အနေနဲ့ စဉ်းစားလို့ရတယ်နော်”
ဝမ်ကျင်းရွှမ် မပြုံးနိုင်ပေ။ ဤအပေးအယူက သူမအား ဈေးလျှော့ပေးနေတာလားဆိုတာကို မသိသလို၊ သိလည်းမသိချင်ချေ။ လက်ရှိပြဿနာက သူမတွင် ဝမ်ရှစ်သန်း မရှိနေတာပင်။
ဝမ်ကျင်းရွှမ်က တောင်းပန်တိုးလျှိုးသောအကြည့်ဖြင့် ပေါ်ယိရန်ကို ကြည့်လိုက်သည်။ အမျိုးသားက ရုတ်ချည်း စကားဝင်ပြောလာ၏။ “သူမက တကယ်မရည်ရွယ်ပါဘူး။ ဘာလို့ဒါကို ဒီအတိုင်းမထားလိုက်မှာလဲ”
ဝမ်ကျင်းရွှမ်ကို ရှီလီ အခက်တွေ့အောင် လုပ်နေချိန်၌ လုလန်ရှန်၏ ဒေါသမှာ ပြေလျော့လုနီးပါး ဖြစ်လာခဲ့သည်။
အားနည်းသူတစ်ယောက် အနိုင်ကျင့်ခံရတာကို ကြည့်နေရတာအား သူမ အကြိုက်မတွေ့သော်လည်း ယခုမြင်ကွင်းကို မြင်နေရတာက သူမကို စိတ်သက်သာရာ ရစေသည်။
အကယ်၍ သူမက ပိုက်ဆံလည်းဆုံး၊ စိတ်အခြေအနေလည်း မကောင်းဖြစ်သွားတာကို တရားခံက တောင်းပန်ပါတယ်ဟု နှစ်ကြိမ်မျှပြောရုံလောက်နှင့် လွတ်သွားပါက မဟုတ်သေးချေ။
ထိုသို့ဆိုလျှင် အင်မတန် မတရားရာကျပေ၏။
သူမ၏ မိသားစုသည် ပိုက်ဆံပြတ်လပ်နေတာ မဟုတ်သော်လည်း မည်သူတစ်ဦးတစ်ယောက်၏ ဘယ်ပိုက်ဆံကမှ သစ်ပင်ကနေ မသီးပေ။
သူမရဲ့မိသားစုက ချမ်းသာတာနဲ့ဘဲ သက်ဆိုင်မှုမရှိတဲ့ လူတစ်ယောက်အပေါ်မှာ ဘာလို့ပိုက်ဆံတွေ ဖြုန်းတီးရမှာလဲ။
သူမတောင်မှ ဤတန်ဖိုးကြီး ပွဲတက်ဂါဝန်ကိုအတော်လေး ဂရုတစိုက်ထားထားတာပင်။
အပြင်လူတစ်ယောက်က အဲ့အပေါ်ကို လိမ္မော်ရည်တွေ ဖိတ်ကျအောင်လုပ်ပြီး တောင်းပန် ပါတယ်လို့ နှစ်ကြိမ်ဘဲပြောတယ်။ ဘာအကြောင်းရင်းကြောင့်လဲ။
ပေါ်ယိရန်၏ စကားများကို လုလန်ရှန် ကြားလိုက်ရချိန်မှာတော့ သူမ၏ ဒေါသမှာ တစ်ဖန်မြင့်တက်လာရပြန်သည်။
ရှီလီက သူမကို အလျင်စလိုမလုပ်ဖို့ အချက်ပြလိုက်ပြီး သူမ၏လက်အား ပုတ်ပေးကာ နှစ်သိမ့်လာသည်။
ရှီလီက စကားထပြောလိုက်၏။ “ခဲအို၊ ရှင်က ဘယ်သူ့ဘက်ကလဲ။ အပြင်လူတစ်ယောက်ဘက်ကနေ ဘယ်လိုတောင် ပါနိုင်ရတာလဲ။ ကျွန်မတို့က မိသားစုတွေလေ”
ပေါ်ယိရန်မှာ ခေတ္တခဏမျှ ပြောစရာစကား မဲ့သွားရတော့၏။ သူသည် ခြောက်ကပ်ကပ်နိုင်စွာ ရယ်လိုက်ပြီး “ဒါပေါ့ အစ်ကိုတို့က မိသားစုတွေပါ။ သူမက အတွင်းရေးမှူးသာသာပဲ ရှိတာလေ၊ သူမက ဝမ်ရှစ်သန်းကို ဘယ်လို လုပ်ပြီး တတ်နိုင်မှာလဲ။ အစ်ကိုတို့တွေ ဘာလို့ ဒီအတိုင်း မလျှော်လိုက်ရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကြီး နစ်နာသွားတာမှ မဟုတ်တာ”
ရှီလီက အနားတွင် ချိတ်ထားသော ဂါဝန်ကိုလက်ညှိုးထိုး၍ “ဘာလို့ မနစ်နာရမှာလဲ။ ဒီဟာက သန်းပေါင်းများစွာ ကုန်ကျတာလေ။ ခဲအို၊ ခဲအိုက အရမ်းရက်ရောတာပဲနော်။ ဒီလောက်တောင် ရက်ရောနေရင် ဘာလို့များကျွန်မ သုံးစွဲရအောင်လို့ ဝမ်ဆယ်သန်း မပေးလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က မိသားစုတွေပါ။ တကယ်လို့ ခဲအိုက လူတစ်ယောက်ကြောင့် ဝမ်ရှစ်သန်းကို လက်လွှတ်နိုင်တယ်ဆိုရင်၊ ကျွန်မကို နောက်ထပ်နှစ်သန်း ပိုပေးလိုက်တာက ခဲအိုရဲ့ မျက်လုံးထဲမှာသိပ်မများလောက်ပါဘူး၊ မှန်တယ်မလား”
179 03
ပေါ်ယိရန်၏ တွေးခေါ်မှုအတိုင်းဆို ၎င်းကမများသော်လည်း သူ၏ လက်ရှိအကောင့်ကို စဉ်းစားကြည့်လိုက်တော့ ဤပမာဏလောက် မရှိပေ။
လက်ရှိတွင် ကုမ္ပဏီက ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရကာ သူ့ငွေပိုငွေလျှံ အားလုံးနီးပါးကိုလည်း ကုမ္ပဏိီနှင့် ပရောဂျက်များထဲတွင် ရင်းနှီးမြှုပ်နှံထားတာပင်။
မဟုတ်ပါက သူ့အိမ်ထောင်ရေးအား ရောင်းချပစ်ဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ပေ။ လုစံအိမ်တွင်ကျင်းပသော စေ့စပ်ပွဲကို ကြည့်ခြင်းအားဖြင့်သူ၏ လက်ရှိငွေရေးကြေးရေး အခြေအနေနှင့်ဤအိမ်ထောင်ရေးတွင် အတူနေထိုင်သည့်သားမက်ဖြစ်တယ်ဆိုတာကို ပြသနေသည်။
ယခုလို ခဲယဥ်းသည့် ညီမတစ်ယောက်အား လုလန်ရှန် ဘယ်ကနေ ရှာတွေ့ခဲ့လဲဆိုတာကို ပေါ်ယိရန် နားမလည်နိုင်တော့ပေ။
အနှီလုက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ချမ်းသာကြွယ်ဝသော မိသားစုမှ သခင်မလေးဆိုတာ ရှင်းလင်းနေတာတောင်မှ သူမ ပြောလိုက်သည့် စကားတိုင်းမှာ ပိုက်ဆံအကြောင်းသာဖြစ်ပြီး ကြေးနီအနံ့တွေဖြင့် နံစော်နေလေသည်။
ရှီလီက လုလန်ရှန်ကို ငွေပေးချေသော ကုဒ်ကိုထုတ်ရန် သတိပေးလိုက်ပြီး “ဒီတော့Taobaoနဲ့ လွှဲပေးချင်လား၊ ဘဏ်ကနေ လွှဲပေးချင်လား။ စိတ်မပူပါနဲ့၊ ဒီဂါဝန်က လျှော်ဖွပ်ပြီးရင် ပြန်ဝတ်လို့ရသေးတယ်။ အစ်မဘက်က သေချာပေါက် အရှုံးမရှိဘူး” ရှီလီ၏ကြမ်းတမ်းသော အမူအရာက ဝမ်ကျင်းရွှမ်ကို အလွန်အမင်း သနားစရာကောင်းသွားစေသည်။
သူ့ချစ်သူထံမှ အသနားခံနေသောအကြည့်ကို လက်ခံလိုက်ရသော ပေါ်ယိရန်က ကြံ့ကြံ့ခံပြီးပြောလိုက်၏။ “သူမက အစ်ကို့ကုမ္ပဏီရဲ့ဝန်ထမ်း၊ ဒီမတော်တဆမှုကလည်း အစ်ကို့ကို ကူညီဖို့ကြိုးစားရင်း ဖြစ်သွားတာ။ အစ်ကိုလျော်ပေးမယ်။ ရှစ်သန်းပဲမလား”
ရှီလီက လက်မထောင်ပြလိုက်ကာ “ခဲအို၊ခဲအိုက အရမ်းရက်ရောတာဘဲ။ ကျွန်မကိုပိုက်ဆံ အရင်ဆုံးလွှဲပေးပါ”
ဘယ်လိုပဲဖြစ်ဖြစ် ပေါ်ယိရန်က ချမ်းသာသောမိသားစု၏ ဒုတိယမျိုးဆက်ပင်။ အကယ်၍သူသာ ပေးချင်ပါက ဤပမာဏကို တတ်နိုင်သည်။ ၎င်းမှာ သူ့လက်ထဲတွင် ပိုက်ဆံသိပ်မရှိတာကြောင့် ဤဝမ်ရှစ်သန်းကို ပေးလိုက်ပါက သူ့တွင် သိပ်ကျန်တော့မှာ မဟုတ်ချေ။
သူသည် သနားစရာကောင်းစွာဖြင့် လုလန်ရှန်ကို ကြည့်လိုက်ပြီး “လန်ရှန်၊ ကိုယ်တို့က စုံတွဲတွေလေကွာ။ ဒီအတိုင်း လျှော်ပေးလိုက်လို့မရဘူးလား။
ရှီလီက ဗီလိန်နေရာကနေ နောက်တစ်ကြိမ် သရုပ်ဆောင်လိုက်၏။ သူမက ခပ်ပါးပါးရယ်လိုက်ရင်း “ခဲအိုရယ်၊ ခဲအိုပြောသလိုခဲအိုနဲ့ အစ်မက စုံတွဲတွေပါ။ ကျွန်မ အစ်မရဲ့ပိုက်ဆံက ခဲအိုရဲ့ ပိုက်ဆံပဲလေ။ ခဲအိုက အပြင်လူကို ပေးလိုက်တာမှ မဟုတ်တာ၊အစ်မဆီ လွှဲပေးတာပဲကို။ ခဲအိုတို့ လက်ထပ်ပြီးသွားရင် အားလုံးက ခဲအိုအပိုင်တွေပဲ ဖြစ်လာမှာ မဟုတ်ဘူးလား”
ပေါ်ယိရန်သည် သူ့ရင်ထဲမှာတော့ လုလန်ရှန်ကိုဇနီးလောင်းအဖြစ် ဘယ်တုန်းကမှ စဉ်းစားခဲ့ခြင်း မရှိဘူးဆိုတာကို သိနေသော်လည်း ရှီလီက သူ့ကို ဤလမ်းထဲ တွန်းပို့လိုက်လေပြီ။ ပိုက်ဆံ မလွှဲပေးလိုက်ပါက လုလန်ရှန်ကို သူ့ဇနီးလောင်းအဖြစ် မမြင်ဘူးဟူသော အဓိပ္ပာယ်အဖြစ် သက်ရောက်သွားပေလိမ့်မည်။
ပေါ်ယိရန်က ဝမ်ကျင်းရွှမ်ကို ဘဏ်စာအုပ်ထုတ်ယူခိုင်းလိုက်၏။ ရှစ်သန်းအတွက် ချက်လက်မှတ်ရေးနေချိန်မှာ တည်ငြိမ်ဟန် ဆောင်နေရသော်ငြား သူ့နှလုံးသားကတော့ သွေးထွက်နေလေပြီ။
ရှီလီက လက်ထောက်တစ်ယောက်လိုပြုမူ၍ ပမာဏအား သေချာရေးထားလားဆိုတာကို အတည်မပြုခင်မှာ ၎င်းကိုယူ၍ အသေအချာ စစ်ဆေးကြည့်လိုက်၏။
သူမ၏ ချက်လက်မှတ်အား အသေအချာစစ်ဆေးနေပုံမှ ပေါ်ယိရန်အား ဒေါသထွက်သွားစေသည်။ သူ့ကို ဘယ်လိုလူလို့များ သူမထင်နေတာလဲ။ သူ့မှာ ပိုက်ဆံပြတ်လပ်နေရင် တောင် ဘယ်သူ့ကိုမှ လိမ်လည်မှာ မဟုတ်ဘူး။
သူသည် နောက်လှည့်ထွက်မသွားခင်၌ စကား တစ်ခွန်းကို ပစ်သွင်းလိုက်၏။ “မင်း မိတ်ကပ် ဆက်ပြင်နေလိုက်။ ကိုယ် အပြင်ထွက်ပြီး ကိစ္စတွေကို ဖြေရှင်းလိုက်ဦးမယ်”
မိတ်ကပ်ပညာရှင်နှင့် စတိုင်လစ်မှာ အခန်းထဲက အုတ်အော်သောင်းနင်း ဖြစ်နေခြင်းကြောင့် ကြောက်လန့်နေကြပြီး အခန်းထောင့်နားတွင် ကျုံ့ကျုံ့လေး နေနေကြသည်။
179 04
အပြောင်းအလဲမြန်သည့် နှစ်ယောက်လုံးမိတ်ကပ်ခန်းထဲကနေ ထွက်သွားတော့မှသာ အစားထိုးစရာ ပွဲတက်ဂါဝန်တစ်ထည်ရှာရန် အဝတ်ဗီရိုသို့ သွားမည်ဟု အလျင်အမြန်ပြောလာကြသည်။
မိတ်ကပ်ပညာရှင်လည်း ထွက်သွားပြီးနောက်အခန်းထဲတွင် ရှီလီနှင့် လုလန်ရှန်သာ ကျန်ရှိတော့သည်။
“ညီမလေးပြောတာ မှန်တယ်။ အစ်မလေ ဒီမင်္ဂလာပွဲကို ရှေ့မဆက်ချင်တော့ဘူး”
******
180 01
အခန်း ၁၈၀: ဘယ်သူ့ရဲ့အချစ်ကို ငြင်းဆန်လိုက်တယ်ဆိုတာ ရှင်သိရဲ့လား
ဘယ်အချိန်ကစပြီး ဒီအတွေး ပေါ်ပေါက်လာခဲ့တာလဲ။ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ စေ့စပ်ဂါဝန်ကို လိမ္မော်ရည်တွေ စင်သွားတုန်းကလား။ ဒါမှမဟုတ် သူမရဲ့ ခင်ပွန်းလောင်းက အခြားမိန်းမတစ်ယောက်ကို ကာကွယ်ပေးနေတုန်းကလား။ ဒါမှမဟုတ်ဝမ်ရှစ်သန်းကို မပေးချင်လို့ တွန့်ဆုတ်နေတဲ့သူ့ကို သူမ မြင်လိုက်ရတုန်းကလား။
ရှီလီသည် အံ့ဩတကြီး မော့ကြည့်လိုက်တော့သူမ၏အပြုံးကို တွေ့မြင်လိုက်ရသည်။ “ဒါပေမဲ့ အစ်မတို့တွေက ဒီအထိတောင် ရောက်လာပြီးသွားပြီ၊ စေ့စပ်ပါတီကို အရင်ဆက်လုပ်ကြတာပေါ့။ လက်ထပ်ဖို့အထိ အလျင်စလိုစရာ မလိုဘူး” ပေါ်မိသားစုရဲ့ကုမ္ပဏီအခွံတွေက ဘယ်လောက်မှ တန်ကြေးရှိတာလည်း မဟုတ်ဘူးလေ။
လုလန်ရှန်က ချက်လက်မှတ်ကို ရှီလီထံ ပေးလိုက်ပြီး “ဒီချက်လက်မှတ်ကို လုံခြုံအောင်သိမ်းထား။ မနက်ဖြန်ကျ ညီမလေးနဲ့အတူတူ ပိုက်ဆံသွားထုတ်ရင် ညီမလေးကို တစ်ဝက် ပေးမယ်”
ရှီလီ၏ မျက်လုံးများ အရောင်လက်သွားသော်လည်း တုံ့ဆိုင်းနေကာ “အစ်မ၊ တကယ်ရော အဆင်ပြေပါ့မလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ပိုက်ဆံက အစ်မကို မစ္စတာပေါ် ပေးခဲ့တာတွေလေ”
လုလန်ရှန်မှာ ရှီလီ၏ပါးကို ဆွဲဆိတ်ဖို့အား အောင့်အီးမနေနိုင်တော့ပေ။ “အချောင်သမားလေး၊ လေသံပြောင်းတာ မြန်လှချည်လား။ သူ့ဆီက ပိုက်ဆံညစ်တုန်းကတော့ သူ့ကိုခဲအိုလို့ခေါ်ပြီး အခု ပိုက်ဆံရသွားတော့'မစ္စတာပေါ်’ ဖြစ်သွားပြီ”
ရှီလီ မလုံမလဲဖြစ်သွားပြီး တခစ်ခစ်ရယ်ကာ“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အစ်မက ညီမလေးရဲ့တစ်ဦးတည်းသော အစ်မပဲ”
လုလန်ရှန်က ရယ်လိုက်ရင်း “ဒီပိုက်ဆံကညီမလေးရဲ့ ကိုယ်ပိုင်စွမ်းရည်ကြောင့် ရလာတာလေ။ သိမ်းထားလိုက်။ ဒီဂါဝန်က သုံးသန်းတောင် မရှိဘူး၊ ညီမလေးက အစ်မကို နောက်ထပ်သိန်းဂဏန်းလောက်အထိ ကူပြီးရှာပေးခဲ့တာ”
ရှီလီက ပြောင်စပ်စပ်ဖြင့် အလေးပြုလိုက်ကာ“ဟုတ်ကဲ့ပါ၊ မဒမ် ညီမလေးကို အတင်းပေးနေမှတော့ ကျိုးနွံစွာနဲ့ လိုက်ခံလိုက်ပါ့မယ်။ အနာဂါတ်မှာ အခုလိုအခွင့်အရေးမျိုးတွေ နောက်ထပ်ရှိလာရင် ညီမကို သေချာပေါက်လှမ်းခေါ်လိုက်ပါ”
ပိုက်ဆံရှာရတာ လွယ်လိုက်တာ - တစ်နာရီအတွင်း လေးသန်းရသွားပြီ။
ဤသည်မှာ သူမ၏ ယခုဘဝတွင် ပထမဆုံးရွှေအိုးပင်။
ကောင်းတယ်၊ အရမ်းကောင်းတယ်။
သူမရဲ့ လက်ရှိပိုက်ဆံရှာနိုင်စွမ်းနဲ့ဆိုရင် အဖေနဲ့ ဦးလေးကို ကျော်တက်နိုင်နေပြီ။
မစ္စဝမ်ကို ရူးကြောင်ကြောင်တွေ ဆက်လုပ်ပါစေလို့ သူမ မျှော်လင့်တယ်၊ အဲဒါမှ မစ္စတာပေါ်ရဲ့ ရက်ရောတဲ့စိတ်ထားကြောင့် လျှို့ဝှက်စုဆောင်းထားတာတွေ အကုန်ပြောင် သွားမှာ။
ရှီလီသည် ချက်လက်မှတ်ကို ခေါက်ရိုးရာ မထင်အောင်လို့ သူမ၏အိတ်ထဲ ဂရုတစိုက် ထည့်လိုက်သည်။
သူမက ပေါ်ယိရန်ကို လက်မထပ်ချင်တော့ဘူးဆိုမှတော့ ဘယ်လိုဂါဝန်အမျိုးအစားကိုပဲ ဝတ်ဝတ်အရေးမကြီးတော့ချေ။
လုလန်ရှန်သည် စတိုင်လစ် ရွေးပေးထားသောဂါဝန်များထဲမှ မစမ်းဝတ်ကြည့်ရသေးသော တစ်ထည်ကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်၏။ ဤကြယ်ပြာရောင် ပွဲတက်ဂါဝန်က အတော့်ကိုခမ်းနားလှပြီး နာမည်ကြီးဘရန်းတစ်ခု၏လျှောက်လမ်းပေါ်က လက်ရာပင်။
လုလန်ရှန်က ၎င်းကို သဘောကျသွားပြီး ၎င်းကိုပဲဝတ်ဖို့ အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။
လျှောက်လမ်းထက်တွင် အလွန်စွဲမက်ဖွယ်ကောင်းသည့်ပုံပေါ်သော ဤဂါဝန်က လိမ္မောရည်များ စွန်းထင်းသွားသော ပွဲတက်ဂါဝန်နှင့် ယှဉ်လိုက်လျှင်တော့ အရောင်မှိန်သွားသည်။
စတိုင်လစ်မှ ကြေကွဲသွားရပြီး “အဲဂါဝန်က နှမြောစရာကြီး။ ဒီတစ်ထည်လည်း လှပေမဲ့ အဲ့တစ်ခုနှင့် ယှဉ်လိုက်ရင်တော့ ယှဉ်လို့ကို မရတာ”
ရှီလီက ပခုံးတွန့်၍ “ပိုက်ဆံက မလိမ်ဘူးလေ”
ဂါဝန်လဲဝတ်နေသော လုလန်ရှန်မှာ ရှီလီ၏စကားတွေကို ကြားသွားပြီး ရယ်လိုက်သည်။ “စကားမစပ်၊ ပေါ်ယိရန်က ဝတ်စုံဖိုးပေးပြီးပြီ၊အစ်မတို့လည်း ချက်လက်မှတ် ရသွားပြီဆိုတော့၊ ဒီဝတ်စုံကို သူ့ကို ပေးလိုက်ကြရအောင်။ အစ်မတို့တွေ သူ့အပေါ် အခွင့်ကောင်း မယူသင့်ဘူးလေ။ သူက ဂါဝန်ကို လျှော်ပြီးရင်ဝတ်လို့ရသေးတယ်လို့ ပြောလာမှတော့၊ သူ့ကိုပဲ လျှော်ခိုင်းပြီး သူ့ဘာသာဝတ်ပါစေ”
180 02
ရှီလီ တွေးလိုက်၏။ [အစ်မက လူတွေရဲ့အရေပြားအောက်ထဲ ဘယ်လိုဝင်ရမယ်ဆိုတာ သိနေတာဘဲ]
လုလန်ရှန်ကို ဂါဝန်လဲဝတ်ရန် ကူညီပေးပြီးနောက် ရှီလီ၏ အလုပ်မှာ ပြီးသွားလေပြီ။
မကြာခင် အိမ်ထောင်ဖက်တွေ ဖြစ်ကြတော့မည့် ပေါ်ယိရန်နှင့် လုလန်ရှန်တို့သည် လုလန်ရှန် မိဘများ၏ လမ်းညွှန်မှုအောက်၌ လက်ချင်းတွဲ၍ ဧည့်သည်များကို နှုတ်ဆက်ခဲ့ကြသည်။
ပိုက်ဆံပမာဏအများကြီး ရထားသောရှီလီကတော့ စိတ်ကောင်းဝင်နေသည်။ မိတ်ကပ်ခန်းထဲကနေ သူမ ထွက်လိုက်တာနှင့် တံခါးနားတွင် မတ်တပ်ရပ်နေကြသည့် သူမ၏အတန်းဖော်များစွာကို မြင်တွေ့လိုက်ရ၏။
“နင်တို့အားလုံး ဒီရောက်နေကြတာပဲ။ ဘာလို့ဒီမှာ မတ်တပ်ရပ်နေကြတာလဲ”
သူမ၏ အတန်းဖော်များကြားတွင် အထူးချွန်ဆုံးသူတွေရှိကာ အောင်နိုင်သူအချို့က ရှီလီ၏ စိတ်ထဲကအသံနောက်လိုက်ပြီး ဤနေရာသို့ ရောက်လာခဲ့ကြတာပင်။
ဖူဟွေ့ရှင်းက အမူအရာကင်းမဲ့စွာဖြင့် ပြောလာသည်။ “ဒီနေရာက ရှုခင်းကောင်းတယ်” ရှီလီက ဘေးပတ်လည်ကိုကြည့်ကာ “ဟုတ်လား”
သူမ၏ အတန်းဖော်တွေကလည်း ပြိုင်တူခေါင်းညိတ်လာကြ၏။ အင်း၊ မှန်တယ်။ ဖူဟွေ့ရှင်းရဲ့ စကားတွေကို ကျေးဇူးပြုပြီး သံသယမဝင်လိုက်ပါနဲ့။
[သူတို့ရဲ့ ရသခံစားနိုင်စွမ်းက အတော့်ကိုထူးဆန်းလိုက်တာ]
ထူးဆန်းသော ရသခံစားနိုင်စွမ်းရှိတယ်လို့ စွပ်စွဲခံလိုက်ရသော အုပ်စုမှာ ရှင်းမပြနိုင်ကြဘဲ စိတ်ထဲကနေသာ ငိုကြွေးလိုက်ကြတော့၏။
ရှီလီက သင်္ကာမကင်းဖြစ်စွာ ခေါင်းညိတ်၍“ငါအခု အောက်ထပ်ကိုသွားတော့မှာ။ နင်တို့ ဒီနေရာမှာ ရှုခင်းဆက်ကြည့်လို့ရတယ်”
ဖူဟွေ့ရှင်းက ချောချောမွေ့မွေ့ဘဲ ပြန်ဖြေလာကာ “ငါတို့လည်း ရှုခင်းကြည့်နေတာ ဝနေပြီ။ ငါတို့ပါ အောက်ဆင်းတော့မယ်”
အခြားသူများက ဆက်လက်ခေါင်းညိတ်လာကြ၏။ ဟုတ်တယ်၊ ဖူဟွေ့ရှင်း မှန်တယ်။
ဤလူတွေကို ထူးဆန်းတယ်လို့ ရှီလီ တွေးလိုက်သော်လည်း သူမ အောက်ဆင်းရန် လိုအပ်နေလေပြီ။
ရှီလီက အရှေ့က၊ သူမ၏အတန်းဖော်တွေက အနောက်ကနှင့် အဆုံးမှာတော့ လုမိသားစုဗီလာ၏ ကြီးကျယ်ခမ်းနားသော ဧည့်ခန်းမထဲသို့ ရောက်သွားကြတော့သည်။
လွန်ခဲ့သော ရက်ပိုင်းကနှင့် ယှဉ်ကြည့်လျှင် လုမိသားစုဗီလာတွင် ယနေ့ထက်ပိုများသော အပြင်အဆင်ရှိကာ ပိုပြီးခမ်းနားထည်ပါပေသည်။
မဒမ်ဟွမ်ကျဲနှင့် မဒမ်ရွှီတို့က တစ်နေရာတွင်စကားကောင်းနေကြ၏။ လှေကားပေါ်က ဆင်းလာသော ရှီလီကို တွေ့သွားတော့ သူမက လက်ယမ်းပါကာ “ဘယ်တွေရောက်နေတာလဲ။သမီးကို မက်ဆေ့ခ်ျပို့ထားတာ၊ ပြန်လည်းမပို့ဘူး။ ဒီကိုသာ သမီး မကြာမကြာ မလာဖြစ်ရင် သမီးကို ပြန်ပေးဆွဲခံရပြီလို့ တောင် မှတ်နေတာ”
ပြန်ပေးသမားအကြောင်းကို ပြောလာတော့ ရှီလီက မစနောက်ဘဲ မနေနိုင်တော့ပေ။ “အမေရယ်၊ စိတ်မပူပါနဲ့။ မစ္စဟုန်ယန်နဲ့ ဖူဒုတိယသားရဲ့ ရည်းစားဟောင်းက အခုဆိုသံတိုင်တွေနောက် ရောက်နေပါပြီ။ အနားဝန်းကျင်မှာ ပြန်ပေးဆွဲသမားတွေ မရှိနိုင်လောက်တော့ပါဘူး၊ အံ့ဩစရာတွေ ဖြစ်လာတော့မှာမဟုတ်ဘူး”
ဟွမ်ကျဲသည် ဤကလေးဆိုးကြောင့် မျက်လုံးလှိမ့်လိုက်တော့၏။ အခြေအနေကို မစဉ်းစားဘဲ လျှောက်နောက်မနေနဲ့၊ စုန့်ရင်းရဲ့ အမေရင်းက ဒီမှာရှိနေတယ်လေ။
သို့သော် မဒမ်ရွှီက စိတ်ထဲမထားဘဲ “အဆင်ပြေပါတယ်။ ကလေးက ရည်ရွယ်ပြီးပြောနေတာမှ မဟုတ်တာ။ ပြန်ပေးသမားနှစ်ယောက် ထောင်ထဲမှာ ရှိနေတယ်ဆိုတဲ့ အချက်နဲ့တင် ဝမ်းသာစရာ ဖြစ်နေပါပြီ”
မဒမ်ရွှီက ရှီလီဘက်သို့လှည့်ပြီး မေးလိုက်၏။ “ရင်းနဲ့ ယိရမ်ကို သမီး မြင်မိသေးလား”
ရှီလီကိုကြည့်ရတာ ခေါင်းရှုပ်သွားသည့်ပုံပေါ်သဖြင့် သူမ ရှင်းပြလိုက်၏။ “သမီးကို ဧည့်ခန်းထဲမှာ တွေ့မိတယ်လို့ ရင်း ပြောတယ်။ ပြီးတော့ သူမမောင်ကိုခေါ်ပြီး သမီးကိုရှာဖို့ ထွက်သွားတာပဲ”
180 03
မဒမ်ရွှီမှာ လုမိသားစုဗီလာတွင် ရှီလီ မရှိနိုင်ဘူးဟူသော သူမ၏ သံသယကို ပယ်ဖျက်လိုက်ရတော့၏။
ရှီလီက ဖုန်းထုတ်ကာ လုလန်ရှန်နှင့် စကားပြောခဲ့တာကို စစ်ကြည့်ပြီးနောက် မဒမ်ရွှီပြောတာ နှင့် အချိန်တိုက်ကြည့်လိုက်သည်။ “မဟုတ်သေးပါဘူး၊ အဲ့အချိန်တုန်းက အစ်မလန်က သမီးကို မိတ်ကပ်နဲ့ပတ်သက်ပြီး ကူညီခိုင်းဖို့ ခေါ်သွားတာ၊ အဲ့တုန်းက သမီးအပေါ်ထပ်မှာ ရှိနေတာပါ”
မဒမ်ရွှီ မျက်မှောင်ကြုတ်လိုက်၏။ ထူးဆန်းနေပြီ။ ဒီဗီလာထဲမှာ ကလေးတွေ ပြန်ပေးဆွဲခံလိုက်ရပြီလား။
ဤအတွေးကြောင့် သူမ၏မျက်နှာရှိ အရောင်အသွေးများ ဆုတ်ယုတ်သွားသည်။
သူမ၏ ပြောင်းလဲမှုကို ဟွမ်ကျဲနှင့် ရှီလီတို့သတိထားမိသွားကြပြီး ဟွမ်ကျဲက အလျင်အမြန် ကူညီ၍ သူမကို နှစ်သိမ့်ပေးလိုက်သည်။ “စိတ်မပူနဲ့၊ လုအိမ်ထဲမှာ လုံခြုံရေးကင်မရာတွေ ရှိတယ်။ ကလေးတွေ ပျောက်မသွားဘူး”
ရှီလီလည်း ပြောလိုက်၏ “စိတ်မပူပါနဲ့၊ သမီးဖုန်းခေါ်ကြည့်လိုက်မယ်”
မိနစ်အနည်းငယ်ကြာပြီးနောက် ဖုန်းဝင်သွားသည်။ ရှီလီက ဖုန်းစခရင်အား မဒမ်ရွှီကို ပြလိုက်ပြီး စုန့်ရင်း၏အသံကို ကြားရစေရန် စပီကာအား သူမနားအနား ကပ်ပေးလိုက်၏။
“ဘာဖြစ်လို့လဲ၊ မမ”
“နင် ဘယ်မှာလဲ။ အန်တီပြောတော့ ငါ့ကို ရှာဖို့ထွက်သွားတာဆို၊ ငါ နင့်ကို မတွေ့ပါဘူး။ ငါအခု အန်တီနဲ့အတူ ရှိနေတယ်၊ နင် ငါ့ကို လာရှာချင်လား”
စုန့်ရင်းသည် တစ်စုံတစ်ရာကို ရှက်ရွံ့စွာပြောရန် နှစ်စက္ကန့်လောက် တွန့်ဆုတ်သွားသည်“ဟုတ်ပြီ၊ မမ ငါ့ကို ခဏတော့စောင့်ပေးဦး။ ငါ လမ်းနည်းနည်းပျောက်နေလို့၊ ဧည့်ခန်းထဲ ပြန်ရောက်ဖို့ဆို ဝန်ထမ်းကို လမ်းမေးရဦးမယ်”
သူမ လမ်းမရှာနိုင်ဘူးဆိုတာကို မောင်လေးကို မသိစေချင်ပေ၊ ၎င်းက သူမ၏ အစ်မကြီးဟူသော ဂုဏ်သိက္ခာကို ထိခိုက်သွားမည့်အလားပင်။
သူတို့တွေ လမ်းလျှောက်လေ၊ လမ်းပိုပျောက်လာလေ ဖြစ်သွားကြသည်။
တစ်ခုခုမှားနေပြီမှန်း ရွှီယိရမ် သတိထားမိတော့ အခြေအနေက အတော်လေး ပြင်းထန်နေလေပြီ။
ဒါပေါ့၊ အဲဒါထက် ပိုပြင်းထန်တာက ဘာလဲဆိုတော့ မောင်နှမတွေအနေနဲ့ တူညီသောအမူအကျင့်အချို့ကို ပိုင်ဆိုင်ထားကြတာပင်။
ရုတ်ချည်းပင် နှစ်ယောက်စလုံး တိုက်ရိုက်စိန်ခေါ်လိုက်ကြပြီးတော့ မိသားစုဝင်တွေရှေ့၌ သူတို့၏မျက်နှာကို အဖတ်ဆယ်ရန်အတွက် ဂရုစိုက်လိုက်ကြသည်။
အစ်မဖြစ်သူက မောင်ဖြစ်သူ အရှေ့တွင် မျက်နှာမပျက်ချင်သလို၊ မောင်ဖြစ်သူက လည်း ထိုနည်း၎င်းပင်။ ထို့ကြောင့် နှစ်ဦးသားခေါင်းမာမာဖြင့် ကြိုးစားခဲ့ကြရာ ဝန်ထမ်းကို အရင်ဆုံး လမ်းမေးသည့်သူ မဖြစ်ချင်ကြပေ။
ရှီလီ၏ဖုန်းခေါ်ဆိုမှုက သူတို့၏ ခေါင်းမာသောတိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့သည်။
ဖုန်းတစ်ဖက်မှ လူတွေမှာ တိတ်ဆိတ်သွားကြပြီး အထူးသဖြင့် မဒမ်ရွှီက သူမကလေးတွေ ပြန်ပေးဆွဲခံရမှာကို စိတ်ပူနေသည်။
ရှီလီ၏ လေသံကတော့ တည်ငြိမ်နေဆဲဖြစ်ကာ“ကောင်းပြီ၊ ငါ နင့်ကို ဧည့်ခန်းထဲမှာ စောင့်နေမယ်”
ဆယ်မိနစ်ကြာပြီးနောက် မောင်နှမနှစ်ဦး၏အရိပ်မည်းကို သူတိူ့တွေ နောက်ဆုံးတော့ မြင်လိုက်ရတော့သည်။
သူတို၏ ဂုဏ်သိက္ခာအတွက် သုံးယောက်စလုံး ဗီလာထဲတွင် လမ်းပျောက်ခဲ့သည့် မောင်နှမအကြောင်းကို ယာယီမေ့ပစ်လိုက်သည်။
စုန့်ရင်းက ရှီလီ၏ လက်တစ်ဖက်ကိုဆွဲပြီး သူမ ဘယ်ရောက်နေလဲဆိုတာကို မေးမြန်ခဲ့၏။
ရှီလီက သတို့သမီးလောင်းကို မိတ်ကပ်ကူပြင်ပေးနေတာလို့သာ ပြောခဲ့ပြီး မိတ်ကပ်ခန်းထဲ ဖြစ်ပျက်ခဲ့တာများကို မပြောလိုက်ချေ။
180 04
ရှီလီ၏ စိတ်ထဲက အတွေးများအချို့ကို စုန့်ရင်း ဝိုးတိုးဝါးတား ကြားခဲ့လေသည်။ မိတ်ကပ်ခန်းထဲ ရောက်နေတာလို့ သူမ ပြောတယ်ဆိုတော့၊ အမှိုက်ကောင်က သတို့သားလောင်းကို ဆိုလိုတာ မဟုတ်ဘူးလား”
ဤအကြောင်းကို သူမ တွေးနေစဉ်မှာပဲ ခေါင်းလှည့်လိုက်တော့ လီယွီချင်း၏ အစ်မကိုမြင်တွေ့လိုက်ရသည်။ လီယွီဝေ့က သူမ၏လက်ကို အလေးထားပြီး ဂရုတစိုက် ကိုင်ထားသော အမျိုးသားတစ်ယောက်နှင့်အတူ ပွဲတက်လာတာပင်။
လီယွီဝေ့၏ ပြုံးရွှင်နေသော အမူအရာကို ကြည့်လိုက်ရုံနှင့် အနှီအမျိုးသားက သူမကလေး၏အဖေဆိုတာ ရှင်းလင်းနေလေပြီ။
“မမ၊ ငါ လီယွီချင်းကို တွေ့တယ်။ သူမကို သွားနှုတ်ဆက်လိုက်ဦးမယ်”
စုန့်ရင်းက လေတစ်ပွေလို ပြေးထွက်သွား၏။ သူမ လီယွီချင်းကို ထောင့်နားမှ ဆွဲခေါ်သွားလိုက်သည်။
“နင့် ခဲအိုမှာ စိတ်ရောဂါရှိတာကို သိထားတယ်မလား၊ ဒီလိုအခမ်းအနားမျိုးဆီ ဘာလို့သူ့ကိုလာခိုင်းရတာတုန်း။ သူနဲ့ နင့်အစ်မက ဖြည်းဖြည်းချင်း အဆက်ဖြတ်နေရမှာ မဟုတ်ဘူးလား”
လီယွီချင်းက စုန့်ရင်းနှင့် အသေးအမွှားကိစ္စတွေကို ဆွေးနွေးနေသည့်အလား လူအုပ်ဘက်ကို ပြုံးပြနေရင်း “ဖြည်းဖြည်းချင်း အဆက်ဖြတ်တယ်ဆိုတာလည်း အဆင့်တစ်ခု လိုသေးတယ်။ အစ်မကို အန္တရာယ်မပေးအောင်လို့ လောလောဆယ်မှာ ငါတို့မိသားစုက သူ့ကို စိတ်ငြိမ်အောင်ထားဖို့ လိုတယ်လေ”
အခြားသော အသေးစိတ်များကတော့ အပြင်လူတွေသိရန် မသင့်လျော်ပေ။
စုန့်ရင်းက ခေါင်းညိတ်လိုက်ကာ နားလည်သလိုလို၊ နားမလည်သလိုလို ဖြစ်သွား၏။
စုန့်ရင်း ထွက်သွားတာနှင့် ရင်းနှီးသော ယောက်ျားတစ်ယောက်ကို ရှီလီ အလျင်အမြန် သတိထားမိသွားသည်။
အနှီလူက လီယွီချင်းတို့ မိသားစုလေးယောက်ကို သတ်ဖြတ်ကာ လွတ်မြောက်သွားပြီးနောက် တစ်မြို့လုံးတွင် အလိုရှိရာဇဝတ်သားအဖြစ် ဖမ်းဝရမ်းထုတ်ထားခြင်းကို ခံခဲ့ရသည့်သူပင်။ ဖမ်းဆီးရန်အတွက် သူ့ဓာတ်ပုံကို သတင်းစာများနှင့် အွန်လိုင်းပေါ်တွင် တင်ခဲ့ကြပြီး ပြည်သူလူထုများကို သတိထားဖို့ သတိပေးခဲ့သည်။
ထို့ကြောင့် ဤမျက်နှာကို ရှီလီ အင်မတန် ရင်းနှီးနေခြင်းဖြစ်သည်။
အပြုံးတွေက မျက်နှာပေါ်က အရိပ်များကို မဖုံးကွယ်နိုင်သော အနှီလူကိုကြည့်နေရင်း ဦးလေးလီ၏ သားမက်လောင်းကို သူငယ်ချင်းတွေနှင့် မိတ်ဆက်ပေးနေတာအား ကြားလိုက်ရတော့ သူမစိတ်ထဲတွင် အကြံတစ်ခု ရသွားတော့သည်။
[မစ္စတာပေါ်က လူတွေကို စိတ်ကျန်းမာရေးဆေးရုံပို့ရတာ သဘောကျနေမှတော့၊ ဘာလို့ သူ့ကို စိတ်ရောဂါသည်တစ်ယောက်ရဲ့ အချစ်ကို မခံစားခိုင်းလဲ]
အတန်းဖော်များ: (O_o)(o_O)