အခန်း (၁၈၅-၁၈၈)
Vol. 10 Ch. 185-188
185 01
အခန်း ၁၈၅: အခုလေးတင် ခေါ်သွားခံရတဲ့ တစ်ယောက်က ကျွန်တော့် သူဌေးပါ
ဝမ်ကျင်းရွှမ်နှင့် ပေါ်ယိရန်တို့က အပန်းဖြေရန်အတွက် သူတို့၏ နားချိန်တွင် ရုံးတွင်းဇာတ်လမ်းလေးထဲ၌ ပါဝင်နေကြသည်။ ပြီးဆုံးသွားတော့ သူမက သန့်ရှင်းရေးလုပ်ရန်အတွက်နားနေခန်းထဲသို့ အလျင်စလို ထွက်သွားလိုက်သည်။
ပေါ်ယိရန်နှင့် အတူနေပြီးသည့်နောက်ပိုင်းတွင်CEO ၏ ရုံးခန်းထဲက နားနေခန်းထဲ၌ သူမ၏ အဝတ်အစားများစွာကို သိမ်းဆည်းထားကာ အတိအကျဆိုလျှင် ယနေ့လို သန့်ရှင်းသည့် အဝတ်အစားများကို လိုအပ်သော အခြေအနေ မျိုးအတွက်ပင်။
နားနေခန်းအပြင်ဘက်က ပေါ်ယိရန်၏အသံကို ကြားလိုက်မိသဖြင့် ရုံးခန်းထဲသို့ တစ်ယောက်ယောက် ဝင်လာတာနှင့်တူသည်။ အနှီလူသာအထဲသို့ ဇွတ်ဝင်လာပါက သူမ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေကို မြင်တွေ့သွားမှာစိုးတာကြောင့် သန့်ရှင်းရေးကို အပြည့်အဝ မလုပ်နိုင်တော့ဘဲ အဝတ်အစားများကိုအမြန်အဆန် ဝတ်လိုက်တော့၏။
သူမ၏ တည်ရှိမှုက မလျော်ကန်ဘူးဆိုတာကို သတိပြုမိတာကြောင့် တံခါးဖွင့်ပြီး အပြင်သို့မထွက်သွားရဲဘဲ ဧည့်သည်ပြန်သွားသည်အထိ စောင့်နေလိုက်သည်။
သို့သော် ဧည့်သည် ထွက်မသွားခင်မှာတင် အပြင်ဘက်မှ အသံတွေမှာ အထိတ်တလန့် ဖြစ်လာတော့၏။
ပေါ်ယိရန်က တစ်ဖက်လူကို တားဖို့ကြိုးစားနေရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်း ဘာလုပ်နေတာလဲ”
ရဲရဲနီနေသော မျက်လုံးများရှိနေသည့် ကျိုးထျန်းဟောက်သည် သစ်သီးလှီးဓားကို ထုတ်ယူလိုက်ရင်း ပေါ်ယိရန်၏ ဝမ်းဗိုက်နှင့်ကျောက်ကပ်တွေကို သွေးရူးသွေးတန်း ဓားဖြင့်ထိုးတော့သည်။
နားနေခန်းထဲမှဆိုလျှင် ပေါ်ယိရန်၏ ဒေါသတကြီး အော်ဟစ်သံများနှင့် အရာဝတ္ထုများ ကြမ်းပြင်ပေါ် ထိရိုက်သံကနေ အခြေအနေ၏ပုံမှန်မဟုတ်သော သဘောသဘာဝကို သိရှိနိုင်သည်။
ကျိုးထျန်းဟောက်က ဓားကိုင်ဆောင်ထားပြီး လက်နက်ပါသော်လည်း ပေါ်ယိရန်က သူနှင့်ခဏကြာ လုံးထွေးပုတ်သတ်နိုင်ခဲ့ပြီး မှင်တုံးဖြင့် ကျိုးထျန်းဟောက်၏ခေါင်းကို ရိုက်ချလိုက်သည်။
ခေါင်းပေါ်က နာကျင်မှုသည် ကျိုးထျန်းဟောက်၏ သတ်ဖြတ်ချင်စိတ်အပေါ် လောင်စာဆီ ထည့်ထပ်လိုက်သလိုသာ။
ပေါ်ယိရန် မချိတင်ကဲဖြစ်စွာ မေးလိုက်၏။“ဘာလို့လဲ”
ကျိုးထျန်းဟောက်က သူ့ကို ပြန်မဖြေပေ။ လီယွီဝေလည်း အခန်းထဲမှာ ရှိနေမှာဘဲ။ ထက်မြက်တဲ့ ယောက်ျားတွေက ယောက်ျားချင်း ရင်ဆိုင်တယ် ဆိုတာထက်တောင် ပိုလွန်းတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တဲ့သူတို့နှစ်ယောက်ကို သတ်ပစ်ချင်တယ်။ သူတို့အားလုံး သေရမယ်။
ဝမ်ကျင်းရွှမ်က နားနေခန်းထဲရှိ စားပွဲပေါ်တွင် သစ်သီးလှီးဓားတစ်ချောင်းကို ရှာတွေ့သွားပြီး သူမကိုယ်သူမ ကာကွယ်ရန်အတွက် ၎င်းကိုတုန်ရီစွာဖြင့် ဆုပ်ကိုင်ထားသည်။
ကျိုးထျန်းဟောက်က နားနေခန်း၏တံခါးကို အကြမ်ပတမ်း ကန်ဖွင့်လိုက်၏။ အမျိုးသမီး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရချိန်မှာတော့ သူ ခေတ္တခဏမျှ တုံ့ဆိုင်းသွားတော့သည်။ တုံ့ဆိုင်းနေသည့် စက္ကန့်အပိုင်းအခြားအတွင်းမှာတင် ဝမ်ကျင်းရွှမ်က သူ့ဗိုက်ထဲသို့ ဓားကို ထိုးစိုက်လာသည်။
ယောက်ျားသား တစ်ယောက်ဖြစ်သော ကျိုးထျန်းဟောက်က အလွန်သန်မာပြီး ဝမ်ကျင်းရွှမ်ကို ပစ်ထုတ်ဖို့ ကြိုးစားလိုက်၏။
သို့သော် ဝမ်ကျင်းရွှမ်က ရူးသွပ်သွားသလိုမျိုး အားကုန်သုံး၍ ကျိုးထျန်းဟောက်ကို အကြိမ်ပေါင်းများစွာ ဓားဖြင့် ထိုးတော့သည်။
သူမလက်ထဲမှ ဓားတွင် သွေးများ ဖုံးလွှမ်းနေလျှက်ပင်။ အပြင်ဘက်တွင် ပေါ်ယိရန်ရှိနေတာကြောင့် ဘယ်သူ့သွေးတွေလဲဆိုတာ ရှင်းလင်းပေသည်။
အနှီလူကို သူမ အင်မတန် မုန်းတီးသဖြင့်သူမ အားကုန်သုံးပြီး ဓားဖြင့်ထိုးလိုက်တာပင်။
ကျိုးထျန်းဟောက်မှာ ဘယ်လောက်ဘဲ သန်မာနေပါစေ၊ အချက်အချာကျသော ကိုယ်တွင်းအင်္ဂါတွေအပေါ် အကြိမ်ပေါင်းများစွာ ဓားထိုးခံထားနေရတော့ သူ ဆက်ပြီးတောင့်မခံနိုင်တော့ပေ။
185 02
ကျိုးထျန်းဟောက် ပြန်မချနိုင်တော့ဘူးဆိုတာ သေချာအောင်လုပ်ပြီးမှ ဝမ်ကျင်းရွှမ်သည်နားနေခန်းထဲမှ အမြန်ပြေးထွက်သွားချိန်မှာတော့ နေရာအနှံ့တွင် ပျံ့နှံ့နေသည့် စားပွဲတင်ပစ္စည်းတွေနှင့် သွေးအိုင်ထဲတွင် လဲလျောင်းနေသော ပေါ်ယိရန်ကို မြင်တွေ့လိုက်တော့သည်။
ဤအချိန်တွင် ပေါ်ယိရန်က အသက်မျှင်းမျှင်းသာ ရှိတော့သည်။ သူမ တုန်ရီသောလက်တွေဖြင့် အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုကိုဖုန်းခေါ်လိုက်၏။
ဝမ်ကျင်းရွှမ်က ပေါ်ယိရန်ကို ဖက်ထားပြီးသူ့နာမည်ကို ထပ်ခါတလဲလဲ ခေါ်နေခဲ့သည်။
သို့သော် ပေါ်ယိရန်မှာ သွေးထွက်လွန်ထားတာကြောင့် သတိလစ်နေခဲ့လေပြီ။
အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှု ရောက်လာတော့ ပြစ်မှုဆိုင်ရာမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
ပေါ်ယိရန်ကို အရေးပေါ် ကုသရန်အတွက် လူနာတင်ယာဉ်ပေါ်သို့ သူတို့တွေ အမြန်အဆန်တင်လိုက်ကြသည်။ ပေါ်ယိရန် အပေါ်မှာဘဲ လုံးဝဥဿုံ အာရုံစိုက်ထားသော ဝမ်ကျင်းရွှမ်မှာ နားနေခန်းထဲ၌ ကယ်တင်ဖို့ လိုအပ်နေသည့် နောက်ထပ်လူတစ်ယောက် ရှိနေသေးတယ်ဆိုတာကို ဆေးဝန်ထမ်းအား အသိပေးဖို့ မေ့လျော့သွားတော့သည်။
ကျိုးထျန်းဟောက်မှာ လုံးလုံးလျားလျားကြီး မေ့လျော့ခံထားရသည်။
ဆေးဝန်ထမ်းက ဝမ်ကျင်းရွှမ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သူ၊ ပေါ်ယိရန်ကို နစ်နာသူဟူ၍ ယူဆလိုက်သည်။
နှစ်ဦးစလုံးက ရုပ်ရည်ကြည့်ကောင်းသဖြင့်အချစ်ရေးရာ ငြင်းခုံမှုကြောင့်ဟူ၍ သူတို့တွေ ကောက်ချက်ချခဲ့ကြသည်။
ဆေးရုံသို့ရောက်တော့ လူနာတင်ယာဉ်၏ဘေးတွင်ရှိသော ဝမ်ကျင်းရွှမ်ကို ရဲတွေက စောင့်ဆိုင်းနေကြသည်။
ပေါ်ယိရန်ကို ဆေးဝန်ထမ်းက အရေးပေါ်ခန်းထဲသို့ အလျင်စလို သယ်သွားပြီဆိုတာနှင့် ဝမ်ကျင်းရွှမ်သည် သူ့အခြေအနေကို သိနိုင်ရန်အတွက် လိုက်သွားချင်မိသော်လည်း ရဲတွေကသူမကို ခွင့်မပြုကာ ထွက်ဆိုချက်ယူရန်သူမကို အတင်းအကျပ် ခေါ်သွားကြသည်။
ဝမ်ကျင်းရွှမ်သည် တွန့်ဆုတ်နေသော်ငြား မေးခွန်းများ စစ်ဆေးရန်အတွက် အနီးနားရှိရဲစခန်းသို့ ခေါ်ဆောင်ခံလိုက်ရသည်။
အမှန်တကယ်တွင် မေးခွန်းမေးမြန်းခြင်းက မလိုအပ်ပေ၊ အမျိုးသမီးက သွေးတွေဖြင့်ပေကျံပြီး စေးကပ်နေတာကြောင့်ပင်။
သို့သော် လုပ်ထုံးလုပ်နည်းအတိုင်း မေးခွန်းမေးရပေဦးမည်။
ဤသည်မှာ ဓားကိုသုံးပြီး သွေးထွက်လာ အောင်လုပ်သော ဝမ်ကျင်းရွှမ်၏ ပထမဦးဆုံးအကြိမ်ဖြစ်သဖြင့် သူမသည် တုန်လှုပ်ခြောက်ခြားနေတော့သည်။
ကနဦးတုန်းက ပေါ်ယိရန်၏ ဘေးကင်းရေးကိုစိုးရိမ်နေခဲ့လို့ဖြစ်ပြီး ယခုတွင်မူ စစ်ကြောရေးခန်းထဲ ရောက်နေပြီဖြစ်တာကြောင့် သူမတွင် အကြောက်တရားသာ ကျန်ရစ်ခဲ့တော့၏။
အဲ့လူ သေသွားမှာလား။ သူမ လူသတ်မှု ကျူးလွန်မိပြီလား။ ထောင်ထဲ သွားရတော့မှာလား။ သူမ သေဒဏ်ကျခံရမှာလား။
ဝမ်ကျင်းရွှမ်သည် ဥပဒေကို မလေ့လာဖူးသော်လည်း ရံဖန်ရံခါ သတင်းထဲတွင် ဖော်ပြသောဆင်တူယိုးမှား သတင်းတွေမှတဆင့် ဤသည်ကို ကိုယ့်ကိုယ်ကိုယ်-ခုခံကာကွယ်မှုအဖြစ် ထည့်တွက်လို့ရသည်ဟု သူမ တွေးလိုက်၏။ အဲ့လူက သူမကိုသတ်ချင်လို့ ဓားနဲ့ရောက်ချလာတာလေ - တကယ်လို့ သူမသာ ဘာမှမလုပ်လိုက်ရင် သေသွားမဲ့လူက သူမဖြစ်သွားမှာ။
၎င်းကို ကိုယ့်ကိုယ်ကိုယ်-ခုခံကာကွယ်မှုဟုယုံကြည်၍ ဖြစ်ကြောင်းဖြစ်စဉ် အသေးစိတ်ကို ရဲအား ပြောပြလိုက်သည်။
ဤသည်ကို ကိုယ့်ကိုယ်ကိုယ်-ခုခံကာကွယ်မှုအဖြစ် ထည့်တွက်လို့ရလားနှင့် သူမ၏ ပြစ်ဒဏ်ကျခံချိန်က ဘယ်လောက်ကြာမလဲဆိုတာပါ ရဲကို မေးမြန်းခဲ့သည်။
185 03
သူမ၏ မေးခွန်းတွေက ထိတ်လန့်စရာကောင်းသော ပေါ်ပေါက်လာတော့မည်ဆိုတာ သူမ တဖြည်းဖြည်း သိလာတော့သည်။
ရုံးခန်းထဲတွင် လဲလျောင်းနေသည့် နောက်ထပ်လူတစ်ယောက် ရှိနေသေးတယ်ဆိုတာပင်။
ရဲတွေက အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုကို အမြန်ဖုန်းခေါ်ပြီး သူတို့၏ အရင်နေရာသို့ ပြန်သွား၍ နောက်ထပ်လူနာတစ်ယောက်ရှိသေးတယ်ဆိုသည့်အကြောင်း ပြောလိုက်ကြသည်။
အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုမှာဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်ရချိန်၌ သူတို့မှာ ဖင်ပူအောင်ပင် မထိုင်ရသေးချေ။
ထူးဆန်းသော အရာတွေက နှစ်တိုင်းဖြစ်ပွားလေ့ရှိသော်ငြား ဤနှစ်ကတော့ အတော်လေးထူးဆန်းပေသည်။ နောက်ထပ်လူတစ်ဦးကို သွားခေါ်ရန်အတွက် သူတို့တွေ ပြန်သွားရပေဦးမည်။
အဆောက်အအုံ၏ လုံခြုံရေးအစောင့်မှာ သူဌေးဖြစ်သူကို လူနာယာဉ်ကားဖြင့် ခေါ်သွားကြတော့ အဆင်မပြေမှုများ ဆက်တိုက်မြင့်တက်လာတာကို ခံစားနေရသည်။ သူ့ဖုန်းကိုချထားလိုက်ပြီး အခြေအနေကိုကြည့်ရန် အပေါ်ထပ်သို့ တက်သွားလိုက်သည်။
CEO ၏ ရုံးခန်းထဲတွင် သွေးတွေအများကြီး ရှိနေတာကို မြင်လိုက်ရပြီးနောက် နားနေခန်း၏တံခါး ပွင့်နေတာကိုပါ သတိထားမိသွားသည်။ သူ အထဲသို့ ဝင်ကြည့်လိုက်တော့ ထိုနေရာတွင်လူတစ်ယောက် လဲလျောင်းနေတာကို မြင်တွေ့လိုက်ရတော့သည်။
အသက်ကြီးရင့်နေပြီဖြစ်သော လုံခြုံရေး အစောင့်မှာ သူ့အသက်အရွယ်၌ ယခုလို ထိတ်လန့်မှုမျိုးကို လက်မခံနိုင်တာကြောင့် အိတ်ကပ်ထဲက နှလုံးဆေးကို အရင်သောက်ပြီးမှ ပြန်လည်မသက်သာခင်မှာဘဲ လျှာပေါ်တွင် ပျော်ဝင်သွားစေလိုက်သည်။
ဖုန်းဆက်ရန်အတွက် သူ့ဖုန်းကို အလျင်အမြန်ထုတ်ယူလိုက်၏။ ဖုန်းဝင်သွားတာ နှစ်မိနစ်ကြာပြီးနောက် အရေးပေါ်ဝန်ထမ်းက သူ့ရှေ့ရောက်ချလာသည်။
လုံခြုံရေးအစောင့်မှာ အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုက ဒီလောက်တောင် ကျွမ်းကျင်လှလားဟု တွေးရင်း ကြောင်အမ်းသွားတော့သည်။
အရေးပေါ်ဝန်ထမ်းသည် အစောပိုင်းတုန်းကပေါ်ယိရန်ကို ခေါ်ထုတ်သွားပေးသည့်လူနှင့် တစ်ယောက်တည်းပင်။ ကျိုးထျန်းဟောက်၏အခြေအနေကို စစ်ဆေးကြည့်ပြီးနော က်ခေါင်းယမ်းကု ပြောလိုက်သည်။ “အသက်ရှင်တဲ့လက္ခဏာ မတွေ့ရဘူး”
အရေးပေါ်ဝန်ထမ်းက သယ်ဆောင်ရလွယ်ကူသော ECG စက်ကိုထုတ်၍ သူ့ကိုယ်ပေါ် တပ်ဆင်လိုက်တော့ စခရင်တွင် မျဉ်းဖြောင့်တစ်ကြောင်းသာ ပြသနေသည်။
လုံခြုံရေးအစောင့်မှာ ကြောင်အသွားရ၏။
လုံခြုံရေးအစောင့် ကြက်သေ သေသွားရတော့သည်။ ဒီလူ အဲ့လိုဘဲ သေသွားပြီလား။
သွေးအိုင်ထဲတွင် လဲလျောင်းနေသည့်လူကို မြင်လိုက်ရတော့ သူသည် အခြေအနေကို သူ့ဘာသာ မစစ်ဆေးရဲသဖြင့် အရေးပေါ်အကူအညီအတွက် ချက်ချင်းဖုန်းခေါ်ခဲ့သည်။
အရေးပေါ်ဝန်ထမ်းက လုံခြုံရေးအစောင့်သည် သာမန်အလုပ်သမားဘဲ ဆိုတာကို သိနေတာကြောင့် သူ့ကို ပြောလိုက်သည်။ “ခင်ဗျားရဲ့သူဌေးကို အကြောင်းကြားသင့်တယ်”
လုံခြုံရေးအစောင့်က သူဌေး၏စားပွဲဘက်သို့ လက်ညှိုးထိုးပြ၍ “ခင်ဗျားတို့ အခုလေးတင် ခေါ်သွားတဲ့ တစ်ယောက်က ကျွန်တော့် သူဌေး”
အရေးပေါ်ဝန်ထမ်းမှာ တိတ်ဆိတ်သွားတော့သည်။ ဒီဟာက ဘယ်လို အချစ်၊ အမုန်းဇာတ်လမ်းတစ်ပုဒ်ပါလိမ့်။
******
186 01
အခန်း ၁၈၆: 06 တစ်လုံးတည်း
“ဒါဆိုလည်း သေဆုံးသူရဲ့ မိသားစုကိုအကြောင်းကြားဖို့ တာဝန်ရှိတဲ့လူတစ်ယောက်ယောက်ကို ရှာကြတာပေါ့” လုံခြုံရေးအစောင့်ပြောလိုက်၏။ လူသေဆုံးမှုကို သူတစ်ခါမှ မမြင်ဖူးခဲ့သော်လည်း ကုမ္ပဏီတွင်း ဖြစ်ပျက်သွားတာဖြစ်လို့ ပြဿနာကို ဖြေရှင်းရန် ခေါင်းဆောင်တစ်ယောက်ကို ရှာဖွေဖို့ သေချာပေါက် လိုအပ်နေလေသည်။
ဆေးဝန်ထမ်းက ရဲဆီသို့ ဖုန်းအမြန်ပြန်ခေါ်လိုက်ပြီး လူတစ်ယောက် သေသွားလို့ သူတို့တွေ ရောက်လာသင့်တယ်ဟု ပြောလိုက်သည်။
လီယွီဝေသည် မနက်အစောပိုင်းကြီး ရဲဆီကဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ကာ သူမ၏ကောင်လေး တစ်ခုခုဖြစ်သွားတာကြောင့် သူမကို တစ်ချက်လောက်လာကြည့်ရန် ပြောလာခဲ့သည်။
သူမ ကြောက်လန့်တကြားဖြစ်သွားပြီး သူမ၏သူမနှင့်အတူ ရဲစခန်းသို့ အဖော်လိုက်ပေးဖို့ မိသားစုကိုနှိုးလိုက်သည်။
ကျိုးထျန်းဟောက်၏ မိဘတွေက ဤမြို့မှမဟုတ်ကြဘဲ သူ၏ ဇနီးလောင်းဖြစ်သောလီယွီဝေက အရင်ဆုံး ရောက်ရှိလာခဲ့သည်။
လီမိဘတွေသည် သမီးဖြစ်သူက “ကလေကချေ” တစ်ယောက်နှင့် တွဲနေသည့်အပေါ် ဒေါသထွက်မိကြသော်လည်း သူမသည် သူတို့၏ သွေးသားဖြစ်နေသဖြင့် မိဘတွေအနေနှင့် တစ်စုံတစ်ခု ဖြစ်ပျက်လာပါကသူတို့တွေ ရှေ့ထွက် ရပ်တည်ပေးရမည်ပင်။
ကျိုးထျန်းဟောက်ကို အလျင်အမြန် ပြုမူလာလိမ့်မည်ဟု လီယွီချင်း မမျှော်လင့်ထားခဲ့ပေ။ ၎င်းမှာ သူမ တွေးထားသော မတော်ဆမှုလားဆိုတာ မသေချာတာကြောင့် သူမပါ လိုက်သွားပြီး ကြည့်ချင်နေမိသည်။
သို့သော် သူမက ရဲစခန်းသွားရန် အသက်အလွန်ငယ်သေးသည်ဟု သူမ မိဘတွေက ပြောလာခဲ့ပြီး မည်သို့ပင်ဖြစ်စေ သူမကိုပါခေါ်သွားရန် ငြင်းဆန်နေတော့၏။
သူအ၏ မိဘတွေက မပြောင်းလဲတော့ လီယွီချင်းသည် အိမ်မှထွက်တာနှင့် လုံခြုံရေးဝန်ထမ်းများစွာကို ခေါ်သွားမည်ဟု အမိအရပြောလိုက်သည်။
လီမိဘတွေက သူတို့၏အသက်တွေကို တန်ဖိုးထားပြီး သမီးငယ်၏ အကြံပေးချက်အား မငြင်းပယ်လိုက်ပေ။
ရဲစခန်းရှိ ရဲများမှာ ဇိမ်ခံကားများစွာနှင့်အတူ အမည်းရောင်ဝတ်စုံနှင့် အမျိုးသားများကို မြင်တွေ့လိုက်ရတော့ တစ်ယောက်ယောက်ကလက်စားချေရန် ရောက်လာကြသည်ဟူ၍ထင်သွားကြသည်။
လီယွီချင်းသည် ဖြစ်ရပ်နေရာ၌ မရှိသော်ငြား သူမအမေကို မကြာခဏ စာတွေပို့၍ အခြေအနေကို မေးမြန်းပေသည်။
လီမိဘတွေက သမီးကြီး၏ ကောင်လေးဒုက္ခရောက်နေတယ်လို့သာ သိထားကြပြီး ယခုလို ပြဿနာကြီး တက်နေလိမ့်မယ်လို့ မထင်မှတ်ထားကြပေ။
ထိခိုက်နာကျင်အောင်လုပ်ရန် တစ်စုံတစ်ယောက်၏ ရုံးခန်းသို့ ဓားတစ်ချောင်းနှင့်ဝင်သွားခဲ့၍ ပေါ်ယိရန်မှာ ယခုလို အရေးပေါ်ခန်းထဲ၌ အသက်အတွက် တိုက်ပွဲဝင်နေရပြီး အခြေအနေကို မသိရသေးချေ။
ပိုပြီး အဓိပ္ပာယ်မရှိသည့် အရာကတော့ တိုက်ခိုက်သူဖြစ်သည့် အနှီသားမက်က ကိုယ့်ကိုယ်ကိုယ်-ခုခံကာကွယ်သော မိန်းမတစ်ဦး၏ သတ်ခြင်းကို ခံလိုက်ရတာပင်။ သူက တကယ့်ကို အသုံးမကျတာဖြစ်သည်။
ဤသည်မှာ ပြင်းထန်သည့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်သည်။ ကျိုးထျန်း ဟောက်နှင့် နောက်ဆုံးဖုန်းပြောခဲ့သည့် လူဖြစ်သော လီယွီဝေကို ရဲတွေက ခေါ်ယူစစ်ဆေး၍ ဖုန်းခေါ်မှုအကြောင်း၊ သေဆုံးသူနှင့် ပေါ်ယိရန်ကြားက ဆက်ဆံရေးနှင့် သေဆုံးသူ၏ ပုံမှန်စိတ်ပိုင်းဆိုင်ရာ အခြေအနေတို့ကို မေးမြန်းခဲ့ ကြသည်။
လီယွီဝေ ဖြောင့်ချက်ပေးနေစဉ် လီအမေ၌သမီးငယ်၏ စာတွေကိုပြန်ပို့ရန် အခွင့်အရေးရသွားသည်။
ကျိုးထျန်းဟောက်က ဓားတစ်ချောင်းနှင့်ပေါ်ယိရန်ကို သတ်ဖို့ ထွက်သွားခဲ့တာဖြစ်ပြီး ယခုဆိုလျှင် ပေါ်ယိရန်က ခွဲစိတ်ကုသမှုကိုခံယူနေရကာ ကျိုးထျန်းဟောက်ကတော့ ကိုယ့်ကိုယ်ကိုယ်-ခံခံကာကွယ်မှုထဲတွင် အသတ်ခံခဲ့ရ၏။
ဤသည်မှာ လီယွီချင်း ဘယ်တုန်းကမှ မထင်မှတ်ထားသည့် အရာတစ်ခုပင်။
အခြေအနေက မထင်မှတ်ထားစွာဖြင့် အလျင်အမြန် ဖြစ်ပျက်သွားခဲ့သည်။
186 02
၎င်းမှာ သူမ ထင်ထားသည့်လမ်းအတိုင်း ဖြစ်ပျက်သွားခဲ့သော်ငြား အလွန်ထူးကဲသွားခဲ့သည်။
သမီးဖြစ်သူ ပေးပို့လာသော ထိတ်လန့်နေသည့်အီမိုဂျီကို မြင်တွေ့လိုက်ရတော့ လီအမေမှာ ရဲစခန်း၌ ကျိုးထျန်းဟောက် အကြောင်းကိုမဝေဖန်နိုင်ခဲ့ပေ။
ထို့ကြောင့် သူတို့၏ စကားပြောခန်းထဲတွင် မဆဲရေးဘဲ မနေနိုင်တော့ [ကျိုးထျန်းဟောက်က ဘယ်တုန်းကမှ လူကောင်းနဲ့ကို မတူဘူး၊သူ့မျက်လုံးတွေဆို အမြဲတမ်း အုပ်မှိုင်းနေတာ။ နင့်အစ်မကသာ အမေနဲ့ အဖေတို့ သူ့ကို သဘောမကျတာက သူ့ရဲ့ဆင်းရဲတဲ့ မိသားစုနောက်ခံကြောင့်လို့ ထင်နေတာလေ၊ ဒါပေမဲ့ တကယ်တော့ အမေတို့က သူ့ကို စရိုက်ဆိုး လိမ့်မယ်လို့ ခံစားမိခဲ့လို့]
လီယွီချင်းသည် သူမအမေနှင့် အကြိမ်အနည်းငယ်ခန့် ပြီးစလွယ် သဘောတူလိုက်ပြီးနောက် သူမ၏ အတင်းအဖျင်းချစ်သူ သူငယ်ချင်းတွေထံမှ ကြားခဲ့ရတာများဆီသို့ ရှေ့ဆက်သွားလိုက်သည်။
မနက် နှစ်နာရီ၊ သုံးနာရီဘဲ ရှိသေးတာကြောင့် သူမ၏ အတင်းအဖျင်း ရောင်းရင်းအများစုက မနိုးကြသေးပေ။ လူတစ်ရာကျော်လောက်ရှိသည့် အုပ်စုဖွဲ့ စကားပြောခန်းထဲတွင် ညဇီးကွက် သုံးယောက်ကနေ ငါးယောက်သာရှိကြသည်။
သို့ပေတည့် လီယွီချင်း၏ မက်ဆေ့ခ်ျက သူတို့ကို ထိတ်လန့်သွားစေရန် လုံလောက်၏။
အချို့ကမူ အိပ်ရာထဲ ရောက်နေကြပြီဖြစ်ကာ အိပ်ပျော်ရန် ကြိုးစားနေကြဆဲဖြစ်ပြီး အနှီမက်ဆေ့ခ်ျကို မြင်တွေ့လိုက်ရသည့် အခိုက်၌အိပ်ချင်စိတ်များ ပျောက်ပျက်သွားတော့၏။
ယနေ့သည် အချို့သော လူများအတွက် အိပ်ရေးပျက်ရသော ညတစ်ညဖြစ်ရန် ကံပါလာခဲ့သည်။
ဒရာမာ အထုပ်ပြေတာကို မျက်မြင်တွေ့ရန် ဖုန်းကိုင်ထားကြသော အတင်းအဖျင်း စိတ်အားထက်သန်သူများမှ လွဲ၍ပင်။
ပေါ်ယိရန်၏ မိဘတွေလည်း ရှိသေး၏။
မိဘတွေက ဘယ်လောက်ပဲ အားကိုးလို့မရပါစေ၊ သူတို့၏သားကို မချစ်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။
တစ်ညလုံးနီးပါး အရေးပေါ်ခန်း၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီးနောက် ဆရာဝန်က နောင်တရစွာဖြင့် အပြင်ထွက်လာကာ:“ကျွန်တော်တို့ တကယ်စိတ်မကောင်းပါဘူး”
အဆုံးမှာတော့ မိဘတွေက ကလေးတွေထက် အသက်ရှည်နေသည်မှာ ကြေကွဲဝမ်းနည်းဖို့ကောင်းပြီး မိဘတွေအပေါ်၌ သက်ရောက်မှုကြီးလေသည်။
တစ်နေ့ကတင် အိမ်ကနေ အသက်ရှင်လျှက်ထွက်သွားတဲ့ သူတို့သား အခုတော့ အဝတ်ဖြူဖြင့် အုပ်ထားခံနေရသည်။
အနှီလူက ဘယ်သူပင်ဖြစ်ပါစေ၊ သူတို့၏လုပ်ရပ်အတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမှာပင်။
နောက်တစ်နေ့တွင် လုလန်ရှန်လည်း သတင်းတွေကို ကြားသိလိုက်ရ၍ သူမ၏မိဘတွေနှင့်အပြေးအလွှား သွားရောက်ခဲ့သည်။
မူလကတော့ သူမသည် ပေါ်ယိရန်ကို လက်ထပ်ရန် စီစဉ်ထားခြင်းမရှိဘဲ မင်္ဂလာပွဲကိုအချိန်ဆွဲ၍ ပေါ်ကုမ္ပဏီကို တိုက်ရိုက်ရယူနိုင်မည့် နည်းလမ်းတစ်ခုအား သူမ မိသားစုရှာတွေ့သွားမှာကို မျှော်လင့်နေခြင်းပင်။
ဘဝ၏ ကြိုတင်ခန့်မှန်းလို့မရမှုအပေါ် လုလန်ရှန် သက်ပြင်းချလိုက်ပြီး ရှီလီဆီ စာပို့လိုက်သည်: [ညီမလေးကို ထောက်ပံ့ဖို့ အစ်မ ပေါ်ယိရန်ဆီကနေ ပိုက်ဆံခိုးလို့ရတော့မှာ မဟုတ်ဘူး]
၎င်းမှာ စောသေးသဖြင့် ရှီလီသည် အိပ်ရာထဲ၌ လဲလျောင်းနေတုန်းပင်။ သူမ၏ ဖုန်းကို silentလုပ်ထားတာကြောင့် ဤမက်ဆေ့ခ်ျကိုချက်ချင်းမရသည်မှာ သဘာဝကျသည်။
လုလန်ရှန်က ပေါ်ယိရန်၏ မိဘတွေကို အနည်းငယ်မျှ နှစ်သိမ့်ပေးလိုက်ပြီးနောက် ဖြစ်ကြောင်းကုန်စဉ်ကို မေးမြန်းလိုက်သည်။
186 03
ထို့နောက်တွင်မူ ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြီးနောက် နေရာမှာပင် အသတ်ခံ လိုက်ရပြီး ဆေးရုံပေါ်တောင် မရောက်လိုက်သည့် တိုက်ခိုက်သူက လီယွီဝေ၏ ကောင်လေးဆိုတာကို သူမ သိရှိလိုက်ရသည်။
လုလန်ရှန် စိတ်ထဲကနေ ကျစ်စုတ်လိုက်ပြီး ပေါ်ယိရန်က တန်ပြန်သတ်နိုင်လိုက်သည့်အတွက် အတော်လေး အထင်ကြီးစရာကောင်းသည်ဟု တွေးလိုက်မိသည်။
ပြီးကျမှ ကျိုးထျန်းဟောက်ကို သတ်ခဲ့သည့်သူက ပေါ်ယိရန် မဟုတ်ဘဲ၊ ပေါ်ယိရန်၏အတွင်းရေးမှူးဆိုတာကို သူမ သိလိုက်ရတော့သည်။
လုလန်ရှန် သိထားသော ပေါ်ယိရန်၏အတွင်းရေးမှူးဆိုတာ ဝမ်ကျင်းရွှမ် တစ်ဦးတည်းရှိသည်။ လူကောင်သေးပြီး ပိန်ပါးကာလက်ဖက်စိမ်းမဖြစ်သည့် ဝမ်ကျင်းရွှမ်ကို ယခုလို အခြေအနေမျိုးတွင် ထွက်ပြေးလိမ့်မည်ဟု သူမ ထင်ထားခဲ့တာပင်။ သူမ မဖြစ်နိုင်ပေ။
သို့သော် လက်တွေ့က လူဖြစ်နည်းအား သူမကိုသင်ပေးသွားသည်။
ပိန်ပိန်ပါးပါးနှင့် လူကောင်သေးပုံပေါ်သောဝမ်ကျင်းရွှမ် ဖျော်ရည်ခွက်သယ်ရင်း မြေကြီးပေါ်မှာ မတော်တဆ ခြေချော်လဲကျခဲ့သည့် တူညီသော ဝမ်ကျင်းရွှမ်က – ဓားကိုင်ထားသည့် အရွယ်ရောက်ပြီးသား ယောက်ျား တစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ်-ခုခံကာကွယ် ရင်း သတ်ပစ်ခဲ့သည်။
ဤအကြောင်းကို သိလိုက်ရတော့ သူမ၏ခံစားချက်များမှာ အင်မတန် ရှုပ်ထွေးကုန်တော့သည်။
ရှီလီဆီမှ ရီပလိုင်းမရခြင်းက သူမ၏မက်ဆေ့ခ်ျထပ်ပို့ခြင်းများအပေါ် တားဆီးနိုင်ခြင်း မရှိပေ။
[ညီမလေးကို ထောက်ပံ့ပေးဖို့အတွက် သူ့ဆီက ပိုက်ဆံတွေကို ဘာလို့ခိုးလို့မရတော့တာလဲလို့ ညီမလေး မေးတော့မယ်မလား။]
[ကောင်းပြီ၊ ညီမလေးကို မခန့်မှန်းခိုင်းတော့ဘူး။ သူအခု ဒုက္ခရောက်နေတယ်၊ ကမ္ဘာကြီးရဲ့အသိတရားတိုင်းထဲမှာ အေးခဲနေပြီလေ။ ရက်ပိုင်းလောက်နေရင် သူ့မိသားစုရဲ့ နာရေးကို ညီမလေး သွားလို့ရတယ်]
[ပေါ်ယိရန်ကို ဘယ်သူသတ်လိုက်တယ်ဆိုတာညီမလေး သိလား။]
[အဲဒါ လီယွီဝေရဲ့ ကောင်လေးလေ။ အချို့သော အကြောင်းရင်းတွေကြောင့် သူက ပေါ်ယိရန်ရဲ့ ရုံးခန်းထဲ ပြေးဝင်သွားပြီး ဓားနဲ့ထိုးသတ်လိုက်တာတဲ့]
[မယုံနိုင်စရာ အကောင်းဆုံး အပိုင်းကလေ လီယွီဝေရဲ့ ကောင်လေးက ပေါ်ယိရန်ကို ဓားနဲ့ထိုးပြီးပြီးချင်း ပေါ်ယိရန်ရဲ့ အတွင်းရေးမှူးဝမ်ကျင်းရွှမ်ဆီက အသတ်ခံလိုက်ရတာပဲ]
[ဝမ်ကျင်းရွှမ် ဘယ်သူဆိုတာ ညီမလေး မသိလောက်ဘူး။ အစ်မတို့ရဲ့ စေ့စပ်ပါတီတုန်းက ဂါဝန်ပေါ် လိမ္မော်ရည် မှောက်ကျသွားခဲ့တဲ့မိန်းကလေးလေ]
လုလန်ရှန်သည် ရှီလီထံသို့ မက်ဆေ့ခ်ျများစွာ ပို့ခဲ့သော်လည်း သူမကတော့ ချက်ချင်းလက်ငင်း ရီပလိုင်းမရနေပေ။
ရှီလီ နိုးလာတော့ သူမတွင် အိပ်ရာထဲ လဲလျောင်းပြီး ဖုန်းသုံးတတ်သည့် အကျင့်မျိုးမရှိပေ။
ဆေးကြောပြီးနောက် အောက်ထပ်ဆင်း၍ မနက်စာပြင်ပေးမည့် အိမ်ဖော်ကို စောင့်နေချိန်မှာ ဖုန်းဖွင့်လိုက်တော့ လုလန်ရှန်ဆီက မက်ဆေ့ခ်ျ ဒါဇင်ချီကို တွေ့လိုက်ရသည်။
မက်ဆေ့ခ်ျများ၏ အကြောင်းအရာမှာတစ်ခါတည်းနှင့် မက်ဆေ့ခ်ျဒါဇင်ချီပို့ထားသော အချက်ထက်ပင် ပိုပြီး အံ့အားသင့်စရာကောင်းနေ၏။
အိမ်ဖော်က စားပွဲဆီသို့ မနက်စာ သယ်လာပေးပြီးနောက် ရှီလီက သူမကို ခေါ်လိုက်ပြီး“သမီးကို ဆွဲဆိတ်ပေးပါလား။ အိပ်မက်မက်နေသလို ခံစားနေရလို့”
ရှီလီ၏ တောင်းဆိုချက်ကြောင့် အိမ်ဖော်လန့်သွားသည်။ ဒီကလေး တစ်ခုခုကြောင့် အထိတ်တလန့်များ ဖြစ်သွားတာလား။ ဘယ်လိုဖြစ်ပြီး ဒီလိုလက်ခံနိုင်စရာမရှိတဲ့ တောင်းဆိုချက်မျိုးကို တောင်းဆိုလာရတာလဲ။
ရှီလီမှာ အမှန်တကယ်ကို ထိတ်လန့်သွားခဲ့တာပင်။ အိပ်ရာနိုးပြီးပြီးချင်း မနက်ခင်းမှာ ဒရာမာအများကြီးကို အရင်ဦးဆုံး မြင်တွေ့လိုက်ရရင် ဘယ်သူကများ ပုံမှန်အတိုင်း ရှိနေတော့မှာလဲ။
အိမ်ဖော်က ရှီလီကို သေချာပေါက် မဆွဲဆိတ်ပေ။ ထိုအစား သူမက ရှီလီ၏ဆံပင်ကိုဖွ၍“ခုနောက်ပိုင်း စာတွေလုပ်ရလွန်းလို့ အရမ်းပင်ပန်းနေတာလား။ အန်တီ ကော်ဖီတစ်ခွက်ဖျော် ပေးမယ်”
ကော်ဖီက မေးခွန်းနှင့် မသက်ဆိုင်ချေ။
သူမသည် နွားနို့သောက်ထား၍ ဗိုက်ပြည့်နေပြီဖြစ်ရာ ကော်ဖီသောက်ရန် ဗိုက်မဆန့်တော့ပေ။
ရှီလီသည် ပေါင်မုန့်မီးကင်တစ်ပိုင်းကိုယူ၍ အပေါ်ထပ်သို့ တက်သွားလိုက်ပြီး လုလန်ရှန်ပို့ထားသော မက်ဆေ့ခ်ျဒါဇင်ချီကို စိုက်ကြည့်နေလိုက်သည်။ စာပြန်မပို့လျှင် ရိုင်းရာကျမည်ဆိုသော်ငြား ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ သူမမသိပေ။
အဆုံးမှာတော့ သူမ မက်ဆေ့ခ်ျတစ်စောင်သာပြန်ပို့လိုက်သည်: [6](Note: 6 က တရုတ်လိုဆို မိုက်တယ်၊ ကံကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ)
******
187 01
အခန်း ၁၈၇: ဒီမက်ဆေ့ခ်ျကို ငါ ဘယ်လိုဖြစ် လို့ မမြင်မိတာပါလိမ့်
နောက်နေ့ နေ့လယ်ခင်း၌ ကျိုးထျန်းဟောက်၏ မိဘများသည် ဇာတိမြေကနေ အပြေးအလွှား ရောက်ချလာကြ၏။ သူတို့သား၏ ကြေကွဲဝမ်း နည်းစရာကောင်းသော သေဆုံးခြင်းကြောင့်လူအိုစုံတွဲတွင် တောင်းဆိုချက်တစ်ခုသာရှိပြီးလူသတ်သမားကို ထိထိရောက်ရောက် အပြစ်ပေးရန်ဖြစ်သည်။
သို့သော် သူတို့၏သားက အရင်ဦးဆုံး ဓားဆွဲထုတ်၍ ပေါ်ယိရန်ကို အကြိမ်ပေါင်းများစွာ ဓားဖြင့်ထိုးခဲ့သူဖြစ်ပြီး ဝမ်ကျင်းရွှမ်၏လုပ်ရပ်တွေကိုတော့ ကိုယ့်ကိုယ်ကိုယ်-ခုခံကာကွယ်မှုအဖြစ် စဉ်းစားလို့ရသည်။
ကျိုးထျန်းဟောက်က တက္ကသိုလ်နယ်မြေထဲ၌ကောင်းမွန်သော ဂုဏ်သတင်းရှိသည့် တက္ကသိုလ် ပရော်ဖက်ဆာတစ်ဦးဖြစ်သည်။ အသနားခံလွှာတစ်ချို့က အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး ပရော်ဖက်ဆာကျိုးကလူကောင်းတစ်ယောက်ဟု ပြောလာကြ၏။ တစ်ဖက်လူက ကုမ္ပဏီကြီးတစ်ခု၏ သူဌေးတစ်ယောက်ဖြစ်ကာ သူဌေးကြီး၏ အနိုင်ကျင့်ခြင်းကို ခံရတာကြောင့် ပုန်ကန်ခဲ့တာဟူ၍အခိုင်အမာ ပြောဆိုခဲ့ကြသည်။
ပေါ်မိသားစုမှာ သားဖြစ်သူအား ကဲ့ရဲ့နေကြသော အနှီပို့စ်များကို မြင်တွေ့လိုက်ရချိန်၌ဒေါသထွက်သွားကြသည်။ သူတို့ တွေးလိုက်၏ “လူထု့အမြင်ရဲ့ အင်အားကို သုံးနိုင်တဲ့သူတွေက နင်တို့ချည်းဘဲ မဟုတ်ဘူး။ ငါတို့လည်းသုံးနိုင်တယ်။ နောက်ဆုံး အကြွေးစေ့ကို သုံးရမယ်ဆိုရင်တောင် ငါတို့က အဆုံးထိ တိုက်ပွဲဝင်သွားမှာ”
အင်တာနက်မှာ နှုတ်ရေး၏ တိုက်ခိုက်မှုဖြင့် တစ်ချိန်တည်းတွင် လူအမြောက်အများကို သတ်ဖြတ်ခဲ့သော်လည်း လူတွေက ဖိနှ်ိပ်ခံတွေအပေါ် သနားစိတ် ပိုရှိကြသဖြင့် အများစုကကျိုးထျန်းဟောက်၏ ဘက်မှာပင်။
ထို့နောက်မှာတော့ တိရစ္ဆာန်များကို ညှင်းပန်းနှိပ်စက်နေသည့် ဗီဒီယိုတစ်ပုဒ်က အွန်းလိုင်း ပေါ် ထွက်ပေါ်လာခဲ့၏။ နှိပ်စက်သူကတော့ မကြာသေးခင်ကမှ လူတိုင်း သနားနေကြသောကျိုးထျန်းဟောက်အပြင် အခြားလူမရှိပေ။
ကြောင်သူတော်၏သရုပ်မှန် ပေါ်ထွက်လာတာနှင့် သူသည် ပိုမိုပြင်းထန်သော ဝေဖန်များကိုခဏတွင်းချင်း လက်ခံလိုက်ရတော့သည်။
ဤရလဒ်ကြောင့် ပေါ်မိဘတွေ စိတ်ချမ်းသာသွားကြသည်။ စုံတွဲမှာ ယခင်တုန်းကတော့ ဘယ်တော့မှ အရမ်းစည်းလုံးခဲ့ခြင်း မရှိပေ။ သူတို့သည် ဗီဒီယိုအား အွန်လိုင်းပလက်ဖောင်းအမျိုးမျိုးပေါ်သို့တင်ရန် ပိုက်ဆံပမာဏ အများအပြားကို သုံးစွဲခဲ့ပြီး ဤဗီဒီယိုအတွက် ရေတပ်ငှားရာတွင် အတော်လေး ရင်းနှီးမြှုပ်နှံခဲ့တာပင်။
ပိုက်ဆံ၏ အင်အားအောက်တွင် ဤတိုက်ပွဲကိုစိတ်မဝင်စားခဲ့ကြသော ဘေးမှရပ်ကြည့်သူ များစွာလည်း ဗီဒီယိုကို မြင်လာကြသည်။
ဗီဒီယိုထဲရှိ သွေးထွက်သံယို မြင်ကွင်းများကိုမှုန်ဝါးထားသော်ငြား အနှီလူ၏ ကြောင်လေးအပေါ် ရက်ရက်စက်စက် ဘယ်လိုညှင်းပန်းနှိပ်စက်လဲဆိုတာကို မြင်နိုင်ပြီး ဆက်တိုက်အားဖျော့စွာ ငိုကြွေးနေသော ကြောင်လေး၏အသံကို ကြားနိုင်ပေသည်။
အသည်းအမာကြောဆုံး လူတောင်မှ ယခုလိုမြင်ကွင်းကို လျစ်လျူမရှုနိုင်ချေ။
တစ်စက္ကန့်တွင် လူတိုင်းက ဝမ်းနည်းပက်လက်ဖြင့် ကျိုးထျန်းဟောက်အား အသုဘလိုက်ပို့နေကြပြီး နောက်တစ်စက္ကန့်မှာတော့ သူ့ကို အထင်အမြင်သေးနေကြကာ - အင်တာနက် ၌ယခုလိုစွမ်းရည်မျိုးရှိသည်။
ကျိုးမိဘတွေ သားဖြစ်သူ၏ ဂုဏ်သတင်းကဒရာမာတစ်ဆစ်ချိုး ပြောင်းလဲသွားပြီး ပိုမိုဆိုးရွားလာတာကို မြင်တွေ့လိုက်ရသည်။ မိဘတွေအနေနှင့် ရတက်မအေး စိုးရိမ်ပူပန်သွားကြ၏။
သေသေချာချာ စဉ်းစားပြီးနောက် သားဖြစ်သူ၏ ဂုဏ်သတင်းကို အဖတ်ဆယ်နိုင်မည့်နည်းလမ်းတစ်ခုကို သူတို့တွေ ထုတ်သုံးလာကြသည်။
“ကျွန်မတို့သားက နာမကျန်းဖြစ်နေတာပါ။ ဓားတစ်ချောင်းနဲ့ လူတစ်ယောက်ကိုဘဲ သတ်သတ်၊ ကြောင်တွေ ခွေးတွေကို ညှင်းပန်းနှိပ်စက်ပါစေ၊ အကြောင်းရင်းရှိပါတယ်။ အားလုံးက သူ နာမကျန်းဖြစ်နေတာကြောင့်ပါ။ နေမကောင်းတဲ့ လူတစ်ယောက်ကို ရှင်တို့တွေဆူရက်ကြတယ်ပေါ့။” ဟုဆိုကာ ကျိုးထျန်း ဟောက်၏ ဆေးဝါးအစီရင်ခံစာကို အွန်လိုင်းပေါ် တင်ခဲ့သည်။
အင်တာနက် အသုံးပြုသူတွေက အားနည်းသူကို သနားလျှင် နေမကောင်းသည့် လူကိုလည်းသနားပေလိမ့်မည်။
သို့သော် ဤသည်မှာ လူတွေကိုသတ်ပြီး နာမကျန်းမှုကို ဒိုင်းကာအနေဖြင့်သုံးသော အနှီလူတွေတော့ လုံးဝမပါဝင်ချေ။ ကျိုးမိဘတွေက အင်တာနက် အသုံးပြုသူများ၏သတ္တိကို တကယ်ကြီး သွားစမ်းခဲ့တာပင်။
187 02
ဤမတော်တဆမှု ဘယ်လိုဖြစ်ပျက်သွားလဲဆိုတာကို လူတိုင်းက အသေအချာ နားလည်ထားကြ၏။ လူသတ်သမား ဝမ်ကျင်းရွှမ်ကို ထိထိရောက်ရောက် အပြစ်ပေးဖို့ အသနားခံစာတင်ခဲ့ကြသော အင်တာနက် အသုံးပြုသူအချို့မှာ ရုတ်ချည်းပင် သူမ၌ အပြစ်ကင်းသည်ဟု ပြောလာကြတော့သည်။
ကျိုးထျန်းဟောက်ကို မသေမချင်း ဓားနှင့်ထိုးသတ်ခဲ့သော ဝမ်ကျင်းရွှမ်က မှန်ကန်သော လုပ်ရပ်ကို လုပ်ခဲ့သည်လို့တောင် အများစုက ခံစားမိကြပြီး ၎င်းကို အလွန်ဉာဏ်ရှိသော ဆုံးဖြတ်ချက်ဟု ခေါ်လာကြသည်။
မဟုတ်ပါက ကျိုးထျန်းဟောက်သည် တစ်စုံတစ်ယောက်ကို သတ်ခဲ့သော်လည်း သူ၏နာမကျန်းမှုကို ဒိုင်းကာယူကာ လူသတ်ပြီးထောင်ထဲဝင်ရတော့မှာ မဟုတ်ချေ။ ထိုသို့ဆိုမတရားရာကျလွန်းပေသည်။
ဤသည်မှာ အင်တာနက် အသုံးပြုသူများ၏ခန့်မှန်းချက်သက်သက် ဆိုသော်ငြား ရှီလီကမူသူမ၏ အတိတ်ဘဝ၌ လက်တွေ့ ကြုံတွေ့ခဲ့ပြီးလေပြီ။ အတိတ်ဘဝတုန်းက ကျိုးထျန်းဟောက်သည် ဆိုးယုတ်ပြီး လူသားမဆန်သောလူသတ်မှုကို ကျူးလွန်ခဲ့ကာ အချိန်ခဏတာမျှပုန်းအောင်းနိုင်ခဲ့သော်လည်း အမြန်အဆန်ပဲ ဖမ်းဆီးခံခဲ့ရတာကို သူမ သိခဲ့သည်။
သို့သော် ဖမ်းဆီးခံလိုက်ရတာက သူ့အပေါ်မှာသက်ရောက်မှု သိပ်မကြီးချေ။ သူ၏ လွတ်လပ်ခွင့်ကို ယာယီမျှသာ ချုပ်ချယ်ခံ လိုက်ရတာဖြစ်ပြီး သူ၏ စိတ်ကျန်းမာရေးကို အကာအကွယ်ယူထားတာကြောင့် မည်သူကမှ သူ့ကို ဘာမှမလုပ်နိုင်ခဲ့ကြပေ။
ဥပဒေကို နားလည်သော စိတ်ရောဂါသည်တစ်ယောက်အား အမှန်တကယ်ကို ကျော်လွှား၍မရနိုင်။ လီမိသားစု၌ လူနေမှုအဆင့်အတန်းတစ်ခုရှိပြီး အမှုက လူမှုရေးသက်ရောက်မှုကို ကြီးကြီးမားမား ဖြစ်သွားစေခဲ့သော်လည်း ကျိုးထျန်းဟောက်သည် မိသားစုလေးဦး၏ရက်ရက်စက်စက် သေဆုံးခြင်းအတွက် သူ့အသက်ဖြင့် ပြန်မပေးဆပ်ခဲ့ရပေ။ သူ့ကိုစိတ်ကျန်းမာရေး ဆေးရုံသို့သာ ပို့လိုက်ကြ၏။
သူတို့ကတော့ အသက်လေးချောင်းကို ဆုံးရှုံးခဲ့ရသော်လည်း သူကတော့ လွတ်လပ်ခွင့်သာ ဆုံးရှုံးလိုက်ရတာပင်။
လီယွီဝေသည် သူမကောင်လေး၏ သေဆုံးဆဲကာလအတွင်း၌ မျက်လုံးပေါက်ထွက်မတတ် ငိုယိုခဲ့ပြီး အရွယ်အစား အလျင်အမြန် ကျုံ့သွားသည်မှာ မက်မွန်စေ့လောက်သာ ရှိသည်။
လီမိဘများမှာ နေ့စဉ်ရက်ဆက် ငိုယိုနေသောသမီးဖြစ်သူအတွက် စိတ်မကောင်း ဖြစ်မိကြသော်လည်း သမီးဖြစ်သူ၏ “ကလေကချေ”ကောင်လေး မရှိတော့သည့်အကြောင်းကို တွေးမိတာနှင့် စိတ်ထဲတွင် မပျော်ရွှင်မိဘဲ မနေနိုင်ကြတော့ချေ။ သူတော်ကောင်းယောင်ဆောင်ပြီး သမီးဖြစ်သူ အငိုရပ်သွားအောင် နှစ်သိမ့်ပေးရန် သူတို့ကိုယ်သူတို့ မစွမ်းဆောင်နိုင်ကြတော့။
အဆုံးမှာတော့ သူတို့၏ သမီးဖြစ်သူက လူသတ်သမား၏ လက်ထဲကနေ လွတ်မြောက်သွားပြီး အသက်ဆက်နိုင်ခဲ့တာပင်။ သူမ၏ မျက်လုံးပေါက်ထွက်မတတ် ငိုယိုနေတာ လောက်ကတော့ အရေးမပါပေ။
မိဘများတွင် ထိုအကြံရှိသော်ငြား အွန်လိုင်းပေါ်က ကျိုးထျန်းဟောက်၏ ကြောင်တွေကိုရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်နေသည့်ဗီဒီယိုကို လီယွီဝေ မြင်သွားချိန်မှာတော့ သူမ၏ကောင်လေးထံမှ လှည့်စားခံလိုက်ရတယ်လို့ ခံစားမိသွားသည်။
ကနဦးတုန်းက ကျိုးထျန်းဟောက်ကို သူမသဘောကျခဲ့ခြင်းမှာ တက္ကသိုလ်နယ်မြေ၏ဖိုရမ်ထဲတွင် လေလွင့်ကြောင်တွေအတွက် နေစရာအိမ်တွေ ပြင်ဆင်ပေးနေသော သူ့ကို မြင်လိုက်ရတာကြောင့်ပင်။ ဖြစ်ချင်တော့ ထိုအရာအားလုံးက အတုအယောင်ဖြစ်နေလေသည်။
သူမ၏ ကောင်လေးက စိတ်ထားကောင်းသူမဟုတ်ဘဲ သိုးရေခြုံထားသော ဝံပုလွေကောင်ဖြစ်နေသည်။
တက္ကသိုလ်နယ်မြေ၏ ထောင့်တစ်နေရာတွင် လေလွင့်ကြောင်တစ်ကောင်၏ အလောင်းအား တွေ့ဖူးခဲ့တာကို လီယွီဝေ မှတ်မိသွားသည်။ လေလွင့်ကြောင်က ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာပင်။ နောက်ပိုင်း သူမ၏ကောင်လေးကို ထိုအကြောင်းအား ပြောပြလိုက်တော့ သူသည် အလွန်ဝမ်းနည်းသွားသလို ပြုမူခဲ့ပေသည်။
ဒါတွေအားလုံးက ဟန်ဆောင်မှုတွေလား။
အဲ့ကြောင်လေးလည်း သူ့သားကောင်တွေထဲက တစ်ကောင်ဖြစ်ခဲ့မှာပဲ။
အိမ်ထဲက ကြောင်လေးသည် လီယွီဝေ၏ပေါင်ပေါ်သို့ ခုန်တက်လာပြီး ပွတ်သီးပွတ်သပ် လုပ်လာသည်။ သူမ၏ လက်ဝါးပေါ်ကအမွေးပွပွ အထိအတွေ့ကို ခံစားလိုက်မိ၏။
187 03
တလျှောက်လုံးတွင် စက်ဆုပ်ဖွယ်ကောင်းသူတစ်ဦးနှင့် သူမ တစ်အိပ်ရာထဲ အိပ်ခဲ့မိသည်။
ထိုအကြောင်းကို တွေးမိရုံဖြင့် သူမကို အန်ချင်လာစေသည်။ လီယွီဝေသည် မနေနိုင်တော့ဘဲသန့်စင်ခန်းထဲသို့ ပြေးဝင်ကာ အိမ်သာရှေ့၌လေတွေကို အဆုံးမရှိ ပျို့အန်လိုက်ရသည်။
မနက်ခင်း ပျို့အန်ချင်စိတ်ကို သူမ ခံစားနေရလေပြီ။ ဤသည်မှာ ကိုယ်ဝန်စရှိကတည်းက သူမ၏ မနက်ခင်း ပျို့အန်ချင်စိတ် ဖြစ်သော်လည်း ကလေးအဖေ၏ သရုပ်မှန်ကို သိလိုက်ရချိန်မှာမှ ချက်ချင်းလက်ငင်း ဖြစ်လာတာပင်။
ရဲများမှာ မှုခင်းကို စုံစမ်းစစ်ဆေးခဲ့ကြပြီးသက်သေထွက်ဆိုချက်များနှင့် ရုပ်ပိုင်းဆိုင်ရာသက်သေများအေပါ် အခြေခံ၍ ဆုံးဖြတ်ကြတာဖြစ်သဖြင့် လူထုအမြင်၏ သက်ရောက်မှုကို ခံရနိုင်ခြေရှိသည်။
အင်တာနက် အသုံးပြုသူများ၏ ဆန္ဒအတိုင်းသူတို့၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲပေ။
လုလန်ရှန်က ပေါ်ယိရန်နှင့် စေ့စပ်ထားသောဆက်ဆံရေးရှိသဖြင့် သတင်းအချက်အလက်ကို ဦးစွာသိရသည်။
လုလန်ရှန်သည် သတင်းအချက်အလက်ကိုရပြီဆိုတာနှင့် ရှီလီနှင့် ဝေမျှပေလိမ့်မည်။
သူမကနေတစ်ဆင့် အင်တာနက် အသုံးပြုသူတွေ မသိလိုက်ရသည့် ကိစ္စများစွာကို ရှီလီသိလိုက်ရသည်။
ဥပမာအားဖြင့် ဝမ်ကျင်းရွှမ်မှာ ကိုယ်ဝန်ရှိနေပြီး ပေါ်မိဘတွေက သူမအတွက် အာမခံငွေ ပေးထားကြသည်။
ရှီလီသည် အတိတ်ဘဝတုန်းက ဝမ်ကျင်းရွှမ်နှင့်ပေါ်ယိရန်တို့၏ ကလေးတွေ၏အသက်ကို ပြန်စဉ်းစားကြည့်လိုက်သော်လည်း ကိုက်ညီမှုရှိမနေပေ။
သူတို့၏ ကလေးတွေအကုန်လုံးသည် လက်ထပ်ပြီးနောက်ပိုင်းမှ မွေးကြတာဖြစ်ပြီး လက်မထပ်ခင်မွေးသည့် ကလေးဟူ၍ တစ်ယောက်ပင် မရှိချေ။
ရှီလီ မမေးဘဲ မနေနိုင်တော့ပေ “သူမ တကယ်ကြီး။ ကိုယ်ဝန်ရှိနေတာလား”
လုလန်ရှန်သည် သူမညီမလေး၏ ဦးနှောက်ထဲတွင် ပြဿနာအချို့ရှိနေသည်ဟု တွေးလိုက်တော့သည်။ စောင့်ကြည့်နေကြသည့် အေဂျင်စီတွေတွင် အများစုက တစ်စုံတစ်ယောက်မှာ ကိုယ်ဝန်ရှိလား၊ မရှိဘူးလားဆိုသော အကြောင်းတွေဘဲ ပြောနေကြတာပင်။ ရှေးခေတ်က မောင်းမတွေ ရုန်းကန်နေရသလို ကိုယ်ဝန်ကို အတုလုပ်လို့ရတယ်လို့များ သူမထင်နေသလား။ အယ်ထရာဆောင်းနှင့်ဆို အရာအားလုံး ပေါ်ထွက်လာနိုင်ပေသည်။
ဤမင်ဆေ့ခ်ျကို ပို့ပြီးနောက် ရှီလီလည်း သူမ၏မေးခွန်းက အနည်းငယ် တုံးအတယ်လို့ ခံစားမိသွားသည်။
ထို့ကြောင့် ၎င်းကို ဖာထေးရန်အတွက် နောက်ထပ်မက်ဆေ့ခ်ျတစ်ခုကို ထပ်ပို့လိုက်၏။“ညီမက နောက်နေတာပါ၊ အတည်မယူပါနဲ့”
လုလန်ရှန်က ပေါ်ယိရန်နှင့် စေ့စပ်ထားခြင်းကို ရုတ်သိမ်းချင်ပြီး သူ့အပေါ် ဘာခံစားချက်မှမရှိဘူးဆိုတာကို စဉ်းစားကြည့်လိုက်တော့ အကယ်၍ မေးခွန်းတွေက တရားလွန်ဖြစ်သွားလျှင်ပင် သူမကို နာကျင်စေမှာ မဟုတ်ချေ။
ရှီလီ၏ သိလိုစိတ်က ပြင်းထန်လွန်းလှပေ၏။ သူမ ထပ်မေးလိုက်ပြန်သည်။ “အဲဒါပေါ်ယိရန်ရဲ့ ကလေးလား”
လုလန်ရှန်က ပြုံးနေသော အီမိုဂျီတစ်ခုကိုပို့လိုက်ပြီး “ပေါ်ယိရန်ရဲ့ ကလေးမဟုတ်ရင် ပေါ်ယိရန်ရဲ့ မိဘတွေက သူမကို သူတို့ရဲ့ဗီလာမှာ နေခွင့်ပေးပါ့မလားလို့”
“အစ်မအထင်ကတော့ ခဏလောက်ကြာရင် သူမကို ရေမြွာစစ်ဖို့ သူတို့တွေ ခေါ်သွား လောက်တယ်။ ပေါ်ယိရန်ရဲ့ မိဘတွေက ဝမ်ကျင်းရွှမ်ကို ဗီလာထဲကနေ ကန်ချမလားဆိုတာ စောင့်ကြည့်ကြတာပေါ့၊ နောက်ကျဘယ်သူ့ကလေးလဲဆိုတာ ညီမလေး သိလာရလိမ့်မယ်”
ကလေးက ပေါ်ယိရန်၏ ကလေးဖြစ်ဖို့များ၏။ ဤကလေးမှာ ယခင်ဘဝကလည်း တည်ရှိခဲ့လောက်သည်။ အဆုံးသတ်တွင် ဘာလို့ ပေါ်မလာလဲဆိုတာကတော့၊ လုမိသားနှင့်ပူးပေါင်းရေး လက်ထပ်ပွဲအပေါ် အနှောင့်အယှက်ဖြစ်သွားမှာ စိုးသဖြင့် ကိုယ်ဝန်ဖျက်ချခဲ့တာ ဖြစ်နိုင်သည်ဟု ရှီလီ တွေးလိုက်သည်။ ကလေးတွင် ဤလောကကြီးကိုကြည့်ရန် အခွင့်အရေး မရရှိခဲ့ချေ။
အပြစ်ကင်းသော ကလေးတစ်ယောက်နှင့် အမှိုက်ကောင်တစ်ယောက်ကို လဲလိုက်ရတာကတော့ တန်သည်။
187 04
ဝမ်ကျင်းရွှမ်က ကလေးကို ဒိုင်းကာအနေနှင့် သုံးနေသော်လည်း ဆန့်ကျင်ဘက်မှာတော့ လီယွီဝေက မတူညီသည့် ဆုံးဖြတ်ချက်တစ်ခုကို အပြည့်အဝ ချလိုက်သည်။ သူမ ကလေးဖျက်ချချင်သည်။
သူမ၏ ကလေးတွင် တိရစ္ဆာန် ညှင်းပန်းနှိပ်စက်သူ၊ မကောင်းသော လူတစ်ယောက်၏သွေးတွေကို သွေးကြောထဲ၌ စီးဆင်းထားခွင့် မပြုနိုင်။
လီမိဘတွေကတော့ ဂရုမစိုက်ကြပေ။ သူတို့၏သမီးက ကလေးကို ဖျက်ချချင်သည်ဖြစ်စေ၊မွေးချင်သည်ဖြစ်သေ၊ အဆုံးမှာတော့ ၎င်းမှာ သူတို့၏ မြေးအရင်းပင်။
အကယ်၍ သမီးဖြစ်သူက ကလေးဖျက်ချချင်သည် ဆိုပါက မိဘတွေအနေနှင့် သမီး၏ဆုံးဖြတ်ချက်ကို လေးစားပေးကြမှာဖြစ်သည်။
နွေရာသီ အားလပ်ရက်တွေ စတင်ခဲ့သည်မှာခဏပိုင်းမျှသာ ရှိသေးသော်လည်း အဆုံးသတ်ချိန် နီးလာလေပြီ။
ဤကိစ္စမှာ နောက်ဆုံးကောက်နုတ်ချက်အထိ မရောက်ရှိသေးပေ။ ချန်ဖူအထက်တန်းကျောင်း၏ ဓလေ့အတိုင်း စမ်းသပ်ကာလအတန်းမှ ကျောင်းသားများသည် နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီနှင့် နွေရာသီ အားလပ်ရက်များတွင် ပြင်းထန်သော လေ့ကျင့်ရေးတွေ၌ ပါဝင်ဆင်နွှဲကြရပြီး နွေရာသီ အားလပ်ရက်၏ပထမအပတ်ကိုသာ သူတို့တွေ၏ နွေရာသီအားလပ်ရက်အဖြစ် သတ်မှတ်လို့ရ၏။ အခန်း 1 မှာ ထိပ်တန်းကျောင်းသား အနည်းစုသည် နွေရာသီ အထူးလေ့ကျင့်ရေးအတွက်အထူးတန်းကို တက်ရောက်ရပေသည်။
ဤသည်ကိုလည်း အတန်းများအလိုက် အတန်းတွေ ခွဲထားသည်။
ကျောင်းပြန်တက်ရသည့် ပထမဆုံးနေ့တွင်စာသင်ခန်းထဲ၌ ကြောက်လှောင်အိမ်များ၊ တိရစ္ဆာန် လှောင်အိမ်များဖြင့် ပြည့်နှက်နေတာကို ရှီလီ မြင်လိုက်ရတော့သည်။
အချိန်နှင့်အမျှ အနီးဝန်းကျင်ရှိ စာသင်ခန်းများမှ ကျောင်းသားများသည် ကြောင်တွေနှင့် ခွေးတွေကို လာရောက်ယူကြတော့သည်။
“နံပါတ် 32 က ငါ့ဟာနော်။ မေမေ ရောက်လာပြီနော်”
“ငါက နံပါတ် 8”
...
အတန်းခေါင်းဆောင်က တိရစ္ဆာန်လှောင်အိမ်များ၏ အရှေ့တွင် မတ်တပ်ရပ်နေကာ အော်ဒါတွေကို စီစဉ်နေရင်း ကြောင်တွေကို ဖြန့်ဖြူးပေးရာ၌ တာဝန်ယူထားလေသည်။
ရှီလီက ခေါင်းကုတ်ရင်း “နင်တို့ ဘာတွေလုပ်နေကြတာလဲ။”
“လေလွင့်ကြောင်တွေ၊ ခွေးတွေကို မွေးစားမလို့လေ၊ ဝယ်ရမဲ့အစား မွေးစားနေတာ၊လေလွင့် ကြောင်တွေ၊ ခွေးတွေအတွက် အိမ်ပေးမလို့!”
အတန်းဖော်တွေ၏ ကြောင်တွေကို တန်းစီရင်းယူနေကြတာကို မြင်လိုက်ရတော့ ရှီလီက ပဟေဠိဖြစ်စွာ မေးလိုက်၏။ “ကြောင်တွေကိုမွေးစားတဲ့ သတင်းအကြောင်းကို နင်တို့တွေ ဘယ်ကကြားလာကြတာလဲ။ ဘာလို့ ငါကျမမြင်မိရတာတုန်း”
သူမက ပြောရင်းဆိုရင်း ဖုန်းကိုထုတ်ကာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများစွာတွင် ရှာကြည့်လိုက်ပြီး ဤသတင်းကို သူမ လွတ်သွားတာလားဆိုပြီး စူးစမ်းနေမိတော့၏။
မူလက ဆူညံပွတ်လောရိုက်နေသော စာသင်ခန်းမှာ ငြိမ်ကျသွားတော့သည်။
******
188 01
အခန်း ၁၈၈: အဲ့လိုမေးခွန်းတွေ မေးနေတာ၊နင် ရူးသွားပြီလား
အခြားကျောင်းသားများမှာ မကြားချင်ယောင်ဆောင်လိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်တာဝန်များကိုသာ ဆက်လုပ်နေကြသည်။
ဖူဟွေ့ရှင်းက အသာအယာ လှည့်လာပြီးရှီလီ၏ မျက်လုံးထဲကို တိုက်ရိုက်ကြည့်ကာ“နင့်မှာ ကြောင်သုံးကောင်ရှိတယ်မလား။ နောက်တစ်ကောင် ထပ်မွေးဖို့ စဉ်းစားနေတာလား”
“ဪ ဟုတ်ပါဘူး၊ ငါက ဒီအတိုင်းသိချင်ရုံ ပါ။ ဒီသတင်းကို နင်တို့အားလုံး ဘယ်ကနေသိလာကြတာလဲ။ ငါတော့ ဘယ်မှာမှ မမြင်မိပါဘူး”
ဖူဟွေ့ရှင်းသည် ကျောပိုးအိတ်ထဲက ဖုန်းကိုဆွဲထုတ်လိုက်ပြီး “နင့်မှာ ကြောင်တွေရှိပြီးသားဆိုတော့ ဒီသတင်းကို နင်မလိုတော့ဘူးလို့ ငါထင်ထားတာ။ နင်ကြည့်ချင်ရင် ငါအခု နင့်ဆီ အခုပို့ပေးလို့ရတယ်”
“ဪ၊ ငါသိပြီ”
ရှီလီက သူမ၏လက်ကို ခါယမ်းလိုက်ကာ“မလိုတော့ဘူး။ အိမ်က ငါ့ကြောင်သခင်ကြီးသုံးကောင်ကို ထိန်းရတာတင် လုံလောက်နေပြီ။ အိမ်ထဲကို နောက်ထပ်သခင်ကြီးတွေ မခေါ်နိုင်တော့ဘူး”
ရှီလီနှင့် ဖူဟွေ့ရှင်းတို့ အတူကယ်တင်ခဲ့သည့်ကြောင်အမေနှင့် ကြောင်လေးတွေအား ကြောင်အမေကို ကာကွယ်ဆေးထိုးပေးပြီးတာနှင့် ရှီလီက အိမ်ခေါ်သွားခဲ့သည်။
ဤကြောင်လေးသုံးကောင်က အတော်လေးကို ဆိုးသွမ်းတာဖြစ်ပြီး သူ့တို့ကို ဂရုစိုက်ပေးရသည့် ကလေးထိန်းကိုပင် ခေါင်းကိုက်စေ၏။
သူတို့က ဆိုးသွမ်းသော်လည်း ရှီလီ၏အိမ်ကိုပျော်ရွှင်မှုတွေ အများကြီးလည်း သယ်ဆောင်လာပေးသည်။
စာသင်ခန်းထဲရှိ အခြားကျောင်းသားများမှာ အနှီနှစ်ယောက်ကြားက စကားဝိုင်းကို နားစွန်နားဖျား ကြားလိုက်ကြပြီး အဆုံးမှာတော့ စိတ်သက်သာရာရစွာဖြင့် အသက်ရှူနိုင်ကြတော့သည်။
သတင်းအချက်အလက် အချို့အား အုပ်စုဖွဲ့စကားပြောခန်းလေးတွေထဲသာမက အုပ်စုဖွဲ့စကားပြောခန်းကြီးထဲတွင်လည်း ဝေမျှသင့်သည်ဟူသော အချက်ကို ရှီလီ၏ မှတ်ချက်က ကျောင်းသားတွေအား သတိပေးလိုက်သည်။
ရှီလီ နောက်တစ်ကြိမ် သံသယဝင်လာတာမျိုးကို သူတို့တွေ ထပ်ပြီး ခွင့်ပြုလို့ မဖြစ်တော့ပေ။ အတန်းခေါင်းဆောင်မှာ အခြားအတန်းတွေမှကျောင်းသားတွေကို ကြောင်တွေ ဝေပေးနေခိုင် ကျောင်းသားတစ်ယောက်က မေးလာ၏။“လင်း၊ တို့တွေ နင့်ကို ကြောင်လှောင်အိမ်တွေပြန်ပေးဖို့လိုလား။ ငါတို့တွေ ဘယ်လိုလုပ်ရမှာလဲ။”
အတန်းခေါင်းဆောင်က ဖူဟွေ့ရှင်း၏ ဦးတည်ရာဘက်သို့ အလိုလို လှမ်းကြည့်မိလိုက်သော်လည်း သူသည် စကားဝိုင်းကို ကြားလိုက်သည့်ပုံမပေါ်ဘဲ၊ လေ့ကျင့်ခန်းစာအုပ်ဖြင့် စာတွေတွက်နေကာ တုံ့ပြန်မှု ပေးမလာတာကို မြင်လိုက်ရသည်။
သူ့ကိုယ်တိုင်ဘဲ ဆုံးဖြတ်ချရတော့မည်ဖြစ်တာကြောင့် ဖူဟွေ့ရှင်းအနေနှင့် အနှီတိရစ္ဆာန်သုံးထုတ်ကုန်အချို့ ပါဝင်သော တိရစ္ဆာန်လှောင်အိမ်များကို ပြန်မလိုလောက်တော့ဘူးဟု အတန်းခေါင်းဆောင် တွေးလိုက်သည်။ ထို့ကြောင့် သူသည် ခံ့ညားသော လက်ဟန်ကိုပြုလုပ်လိုက်ရင်း ပြောလိုက်၏။ “မလိုဘူး၊နင်တို့တွေ ယူလိုက်လို့ရတယ်။ ဒီကံဆိုးသူလေးတွေကိုသာ ကောင်းပေးကြ၊ သူတို့ကို ထပ်ပြီးမစွန့်ပစ်ကြနဲ့။ တကယ်လို့ သူတို့ကို မကျွေးမွေးနိုင်တော့ဘူးဆိုရင် ငါ့တို့ဆီ ပြန်ပို့ပေး”
ကျောင်းသားအားလုံးက အိမ်မွေးတိလေးတွေကို ဂရုစိုက်မည်ဖြစ်ကြောင်း၊ ပြန်ပေးမှာ မဟုတ်ဘူးဆိုသည့် အကြောင်းနှင့် သူ့ကိုစိတ်မပူဖို့ ပြောလာကြသည်။
ရှီလီသည် ပြတင်းပေါက်ဘောင်ကို မှီနေကာတံခါးဝတွင် အိမ်မွေးတိလေးတွေကို မွေးစားနေကြသည့် ပျားပန်းခတ် လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်နေရင်း အတော်လေး စိတ်ချမ်းသာနေလျှက်ရှိ၏။
သို့သော် နောက်မေးခွန်းတစ်ခုက သူမထံတွင် ထွက်ပေါ်လာသည်။ “အတန်းခေါင်းဆောင်က ဒီလောက် ကြောင်တွေအများကြီး ဘယ်ကနေ ရလာတာလဲ”
လူတိုင်း: ! သူမ ဘယ်လိုဖြစ်ပြီး ဒီလိုအန္တရာယ်များတဲ့ မေးခွန်းတွေဘဲ ဆက်တိုက်မေးနေရတာလဲ။ သူမ သေချင်နေတာလား။
ကျောင်းသားအားလုံးမှာ နောက်တစ်ကြိမ်ထပ်ပြီး ချွေးအေးတွေ ထွက်လာရတော့၏။ သူ့မမှာ ဘာလို့ဒီလောက်တောင် မေးခွန်းတွေ များနေရတာလဲ။
188 02
နွေရာသီအတန်းတက်ရန်အတွက် ကျောင်းသို့ ရောက်လာကြသော အတန်းထဲရှိ ထိပ်တန်း ကျောင်းသားများမှာ ရှီလီ၏ ဘေးနားတွင် ထိုင်ရန် ရွေးချယ်ခဲ့ကြတာကြောင့် ပြတင်း ပေါက်နားက အတန်းနှစ်တန်းနားတွင်သာ စုပြုံနေသည်။
အတန်းထဲက စာအတော်ဆုံး ကျောင်းသားဆယ်ယောက်ကို အခန်း 1၊ 10 တန်း၏ အကောင်းဆုံး ဦးနှောက်တွေဟု သတ်မှတ်လို့ရပြီး အနှီမေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲဆိုတာအား အလျင်အမြန် စဉ်းစားနေကြ၏။
စာသင်ခန်းမှာ အလွန်အမင်း တိတ်ဆိတ်သွား၍ လေအေးပေးစက်၏ အသံနှင့် စင်္ကြံထက်ကဆူညံသံများသာ ထွက်ပေါ်နေလျှက်ရှိသည်။
ရုတ်တရက် ခဲသားဘောပင်တစ်ချောင်၏ကြွပ်ဆပ်သော ခဲသားကျိုးသွားသံက ဧရိယာငယ်လေးထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းသွား၏။ ဖူဟွေ့ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “အားလုံးက တိရစ္ဆာန်ဆေးရုံကခေါ်လာတဲ့ လေလွင့်ကြောင်တွေ။ သူတို့မှာ အကောင်ရေအရမ်းများနေပြီး အကုန်လုံးကို မကျွေးမွေးနိုင်တော့ဘူးလို့ ပြောလာလို့၊ မွေးစားမဲ့ လူတွေ ရှာပေးဖို့ အကူအညီ တောင်းထားတာ”
အိုး၊ ဒီလိုဆိုတော့လည်း အတော်လေး ကျိုးကြောင်းဆီလျော်တာပဲ။
ကျောင်းအနားက တိရစ္ဆာန်ဆေးရုံနှင့် ဖူဟွေ့ရှင်းတွင် ဆက်ဆံရေးကောင်းရှိတာကို ရှီလီ သိထားသည်။ အကယ်၍ ဆက်ဆံရေးမကောင်းမွန်ပါက သူမကို ထိုနေရာသို့ ဘယ်လိုခေါ်သွားပေးရမလဲဆိုတာ သိခဲ့မှာတောင် မဟုတ်ပေ။ တိရစ္ဆာန်ဆေးရုံက ချောင်ကျ သောနေရာတွင် တည်ရှိနေတာကြောင့် သူက ပုံမှန်ဖောက်သည်ဆိုတာကို ညွှန်ပြနေသည်မှာအရှင်းကြီးပင်။
သို့သော် ရှီလီသည် ရင်ထဲ၌ ဘက်လိုက်ခံလိုက်ရသလိုမျိုး အနည်းငယ် ခံစားလိုက်ရသည်။ သူမမှာတော့ ဆိုရှယ်မီဒီယာပေါ်တွင် တိရစ္ဆာန်ဆေးရုံ၏ ကာစတန်မာဆားဗစ်နှင့် အဆင်ပြေပြေ စကားပြောနေခဲ့တာကြောင့် သူမကိုလည်း တိရစ္ဆာန်ဆေးရုံ၏ လူရင်းတစ်ယောက်လိုစဉ်းစားလို့ရသည်ဟု တွေးထားတာပင်။ သို့သော် သူတို့တွေက အကူအညီ လိုအပ်လာချိန်မှာတော့ ဖူဟွေ့ရှင်းကိုသာ ဆက်သွယ်ပြီး သူမဆီတော့ ရောက်မလာကြပေ။
ဟမ့်။
ဖူဟွေ့ရှင်းသည် သူ့အဖြေက ပြီးပြည့်စုံသည်ဟု တွေးလိုက်သော်ငြား ရှီလီ၏ ဆူပုပ်နေသောမျက်နှာကို မြင်လိုက်ရပြီး သူမ စိတ်ဆိုးသွားပြီဆိုတာ ရှင်းလင်းနေသည်။
ရှီလီ၏ စိတ်ထဲက အတွေးတွေလည်း ပေါ်ထွက်မလာသဖြင့် ဘာကြောင့် သူမ စိတ်ဆိုးသွားတယ်ဆိုတာကို မသိရတာကြောင့် ဖူဟွေ့ရှင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ပုစ္ဆာကို စိုက်ကြည့်ကာ ဘာကြောင့်မို့ ရှီလီ စိတ်ဆိုးသွားလဲဆိုတာကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေတော့သည်။
ရှီလီ ရုတ်တရက်ဆန်စွာ မေးလာတော့မည့်နောက်ထပ်မေးခွန်းတွေကို အတန်းဖော်တွေ လက်မခံနိုင်တော့ချေ။ သူတို့က အုပ်စုဖွဲ့ စကားပြောခန်းလေးထဲကနေ အတန်းပိုင်ကို သင်္ချာပုစ္ဆာအချို့ ရှင်းပြပေးဖို့ တောင်းဆိုရင်း မြန်မြန်လာခိုင်းလိုက်သည်။ ဤသည်က ကိုယ်ပိုင်စာကြည့်ချိန်အတွင်းမှာ တွေးတောနေပြီး တစ်စုံတစ်ရာကို သိရှိသွားနိုင်မည့် အလားအလာရှိသော သူမကို တားဆီးနိုင်မှာပင်။
ကြောင်တွေကို မရသေးသည့် ကျောင်းသားများအတွက်ကမူ အတန်းခေါင်းဆောင်သည် သူတို့အား ထွက်သွားရန် ဖျောင်းဖျလိုက်ပြီး ကျောင်းဆင်းမှသာ ပြန်လာကြဖို့ မျက်လုံးဖြင့် အရိပ်အမြွတ်ပေးလိုက်သည်။
အတန်းပိုင်သည် ကျောင်းသားတွေဆီမှ ဆင့်ခေါ်ချက်များကို ရရှိလိုက်တာကြောင့် မေးခွန်းစာရွက် တစ်ပုံကြီးကိုသယ်၍ စာသင်ခန်းထဲသို့ အလျင်အမြန် ရောက်ချလာခဲ့သည်။
စာသင်ခန်းထဲ၌ ပိုင်ရှင်တွေ မယူရသေးသည့် ကြောင်ပေါက်အနည်းငယ် ရှိနေသေးသဖြင့် သင်္ချာပုစ္ဆာများကို အတန်းပိုင် ရှင်းပြနေချိန်၌ ကြောင်အော်သံများကို ရံဖန်ရံခါ ကြားနေရ၏။
မြင်ကွင်းက အတော်လေး ရယ်စရာကောင်းလှပေသည်။
အကယ်၍ အခြားဆရာတွေသာဆိုပါက သူတို့၏ စာသင်ခန်းထဲတွင် ယခုလိုအခြေအနေမျိုးကို သည်းခံနိုင်ကြမှာ မဟုတ်ပေ။
သို့သော် အတန်းပိုင်က သာမန်လူစားမျိုး မဟုတ်နေချေ။ သူ့တွင် ကြင်နာတတ်သောနှလုံးသားရှိ၍ ကြောင်တွေကို စင်္ကြံဆီ မပို့ရက်ဘဲ အပြင်မှာဆို သူတို့တွေ အရမ်းပူလောင်နေမှာကို စိတ်ပူနေသည်။
188 03
ပြီးနောက် စင်္ကြံတွင်လည်း လေအေးပေးစက်ရှိတာကို သတိရသွားကာ ထိုသို့ဆိုလျှင်ကြောင်တွေ မပူတော့ပေ။ သို့သော် အကယ်၍ကျောင်းမှာ ကြောင်ညှင်းပန်းနှိပ်စက်သူတွေရှိနေရင် ဘယ့်နှယ်လုပ်မလဲဟု တွေးမိပြန်၏။ အန္တရာယ် ကြုံတွေ့နိုင်သည့် ပတ်ဝန်းကျင်၌ကြောင်လေးတွေကို သူ မထားရက်ချေ။
ဒါ့အပြင် ကြောင်တွေက အော်ဟစ်လိုက်၊ ညည်းသံထုတ်လိုက် လုပ်နေခြင်းမှာ သူ စာသင်နေတာကို အားပေးနေတာနှင့်ပင် တူနေသည်။
နေ့လယ်အနားယူချိန်ပြီးနောက် အတန်းထဲရှိ နောက်ဆုံးသော တိရစ္ဆာန်လှောင်အိမ်နှစ်ခုမှာ ယူဆောင်ခံလိုက်ရပြီး စာသင်ခန်းထဲ၌ ကြောင်အော်သံများ မရှိတော့ချေ။
ကိုယ်ပိုင်စာကြည့်ချိန်များမှလွဲ၍ အခန်း 1 ကအခြားသော စမ်းသပ်အခန်းများနှင့် သင်ခန်းစာချိန်များတွင် အတူပူးပေါင်းခဲ့သည်။
လက်ရှိအချိန်မှာ သာမန်အချိန်ထက်ပင် ပြည့်ကျပ်နေကာ စာသင်ချိန်တစ်ချိန်ချင်းစီက ပိုမိုကြာရှည်ပေသည်။ နေ့တစ်နေ့တာ၏ အဆုံးသတ်မှာတော့ လူတိုင်းဟာ အနည်းငယ်တော့ မောပန်းနေကြလေပြီ။
ယနေ့အိမ်စာကို ရေးရန်အတွက် အိမ်အမြန်ပြန်ချင်နေကြပြီး ဘယ်သူကမှ ညစာ အတူတူထွက်စားမည့်အကြောင်း ပြောဆိုလာခြင်းမပြုပေ။
ယခုချိန်မှာ ကျောင်းဆင်းလျှင် အိမ်စာတွေ အတော်လေးများတာကြောင့် ၎င်းကို အလျင်အမြန်ရေးဖို့ သူတို့ လိုအပ်နေကြတာပင်။
အတန်းပိုင်တစ်ယောက် ကျောင်းသားတွေ အကုန်ပြန်သွားသည်အထိ တမင်စောင့်ဆိုင်းနေပြီး ရုံးခန်းထဲသို့ လစ်ထွက်သွားတာကို ဘယ်သူမှ သတိမထားမိလိုက်ကြပေ။ ပုံမှန်ဆိုသူ့ခန္ဓာကိုယ်နှင့် ချပ်ချပ်ကပ်ကပ်ရှိနေသော ဂျက်ကတ်မှာ ယခုဆိုလျှင် လေးထောင့်ပုံစံအရာဝတ္ထုတစ်ခုကို အုပ်ကာထားသည်။
တစ်ကိုယ်လုံး လျှို့ဝှက်ဆန်းကြည်သည့်ပုံပေါ်နေကာ ဂျက်ကတ်၏ အရွယ်အစားကိုကြည့်ရုံဖြင့် အထဲတွင် ဘာရှိမလဲဆိုတာကိုမမှန်းဆနိုင်သော်လည်း ရံဖန်ရံခါတွင် အထဲမှညည်းသံများကို ကြားနိုင်ပေသည်။
ကျောင်းသားတွေဆီက အမိမခံရဘဲ ကားထဲသို့ အောင်အောင်မြင်မြင် ရောက်သွားပြီးသည့်နောက် အတန်းပိုင်သည် ထိုအရာဝတ္ထုအား ခရီးသည်ထိုင်ခုံပေါ် တင်လိုက်ပြီး ဂျက်ကတ်ကို မလိုက်ချိန်မှာတော့ လိမ္မော်ရောင် ပြောက်ကြားကြောင်ကြီးတစ်ကောင်က ထွက်ပေါ်လာတော့သည်။
သူသည် စိတ်တိုင်းကျသော အပြုံးတစ်ပွင့်ဖြင့်လိမ္မော်ရောင်ကြောင်ကြီးကို ကြည့်လိုက်၏။
မြောင်တွေ အသက်ရှည်ပါစေ။