← Chapters

အခန်း (၂၀၁-၂၀၄)

Vol. 11 Ch. 201-204

အခန်း (၂၀၁-၂၀၄)

Vol. 11 Ch. 201-204

201 01

အခန်း ၂၀၁: အသိအကျွမ်း

ရှီလီက သူမ၏လုပ်ရပ်တွေကို ရပ်တန့်လိုက်ပြီး ထိုင်ချလိုက်၏။ အားကစားရုံထဲရှိ ဝိုင်းဝန်းကြည့်နေကြသူများမှာ ရှီလီ၏ အကြည့်ကို သတိထားမိကြသည်။ ဝေ့ယီက မတ်တပ်ထ ရပ်လိုက်ကာ “လေ့ကျင့်ခန်းလုပ်တယ်ဆိုတာအနားယူချိန်နဲ့ မျှတသင့်တယ်။ ငါတို့တွေ အနားယူပြီးပြီဆိုတော့ ပြန်လေ့ကျင့်ဖို့ အချိန်ကျပြီ”

ရေခဲချောင်းနှင့် milk tea အအေးများကို ကိုင်ထားသော လက်မှာ ပူလောင်လာသလို ခံစားရသည်။ နောက်ပြန်မကြည့်ဘဲနှင့်ပ င်ရှီလီ၏ အကြည့်စူးစူးကို ခံစားမိနိုင်သည်။

ထို့ကြောင့် လူအနည်းငယ်က သူတို့ကိုယ်သူတို့ စကားပြန်ပြောလိုက်ကြကာ “အသင့်စား အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုပေမဲ့၊ အစားအသောက်ပဲဆိုတော့ ငါတို့တွေ မဖြုန်းတီးသင့်ဘူး။ အရင်ကုန်အောင်စားရမယ်၊ အစားအသောက်ကို ဖြုန်းတီးလို့မရဘူး”

ရှီလီက အစားအသောက်တွေ ဖြုန်းတီးတာကို သဘောမကျသဖြင့် သူတို့တွေကို လွှင့်ပစ်ခိုင်း လိုက်ဖို့ မရည်ရွယ်ထားပေ။ အကယ်၍ ဤလူတွေအားလုံး ထွက်သွားပါက ကောင်းပေလိမ့်မည်။ အဆုံးမှာတော့ အရင်ဆုံး ရန်စသည်မှာ ကြိုးခုန်အဖွဲ့ဖြစ်သဖြင့် ပြန်ခံရသည်မှာပုံမှန်ပင်။

သူတို့၏ ထွက်ခွာသွားခြင်းက တော်သင့်သွားပြီဖြစ်တာကြောင့် ကျန်ခဲ့သော ကြိုးခုန်သူများ အပေါ် မသက်ရောက်စေပေ။

လူတိုင်းအား ပိုပြီးတော့ တက်တက်ကြွကြွ လေ့ကျင့်စေရန်အတွက် ရှီလီက အချိန်ကိုက်အချိုကြွေးလိုက်သည် “ငါတို့မှာ ဆယ်မိနစ်ကျန်သေးတယ်၊ လူတိုင်း နည်းနည်းတောင့်ခံထားကြဦးနော်။ Milk tea အအေးကို ဘယ်သူ သောက်ချင်ကြလဲ။ ပြီးသွားရင် လူတိုင်းကို ဘာဘီကျူးနဲ့ milk tea အအေး ဝယ်တိုက် မယ်ဆိုရင်ရော”

ဤအကြံကောင်းသည်မှာ သေချာလေသည်။ milk tea အအေးကို လာပို့လျှင် ဒလီကအဆင်ပြေသော်လည်း ဘာဘီကျူးကတော့အနည်းငယ် အလုပ်ရှုပ်သည်။ မီးသွေးဖြင့်ကင်ထားသော ဘာဘီကျူးတုတ်တံကို ထုပ်ပိုးပြီး ကျောင်းသို့ ယူလာ၍မရနိုင်။

လာပို့သည့် ဘာဘီကျူးကို အရသာက မကောင်းလှဘဲ၊ ဘာဘီကျူးလုပ်သည့် နေရာမှာတင် ထိုင်စားမှ အရသာရှိတာပင်။

တစ်စုံတစ်ယောက်က သံသယဝင်လာတာကိုကြားလိုက်ရတော့ ရှီလီက ပြုံးကာ ပြောလိုက်သည် “ငါတို့တွေ အပြင်ထွက်ပြီး ဘာလို့မစားရမှာလဲ”

စုန့်ရင်းက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဝင်ပြောလာသည် “ဒါပေမဲ့ ငါတို့ ထမင်းစားချိန်ကနာရီဝက်တည်းလေ၊ ကင်တန်းမှာ သွားစားဖို့လောက်ပဲ အချိန်လောက်တာ။ အပြင်ထွက်ပြီးဘာဘီကျူးစားရင် အနည်းဆုံး တစ်နာရီ လောက်ကြာတာကို၊ ငါတို့ အချိန် မလောက်ဘူးလေ”

ရုတ်တရက် သူမ အတွေးတစ်ခုဝင်လာကာ“နင် ငါတို့ကို အတန်းလစ်ခိုင်းနေတာလား ”

စုန့်ရင်းသည် တစ်ခန်းလုံး ကျောင်းပြေးသည့်ဖြစ်ရပ်တုန်းက မရှိခဲ့သော်လည်း နောက်ပိုင်း၌အခန်း 1 ၏ သူရဲကောင်းဆန်မှုအကြောင်းကိုကြားသိခဲ့ရသည်။

သို့သော် အတန်းလစ်လျှင် အမှတ်များစွာ အနုတ်ခံရမည့် အကြောင်းကို တွေးကြည့်လိုက်ရုံဖြင့် စုန့်ရင်းကို တုံ့ဆိုင်းသွားစေသည်“မကောင်းဘူးနော်၊ အမှတ်တွေ အများကြီးအနုတ်ခံရမှာ” အတန်းပြေးခြင်းအတွက် အနုတ်ခံရမည့် အမှတ်တွေကို ပြန်ဖောထေးနိုင်ရန်မှာ အများအားဖြင့် အချိန်အ‌တော်ကြာတာကြောင့် နည်းနည်းတော့ နှမြောဖို့ကောင်း၏။

ကြိုးခုန်သည့် အဖွဲ့ထဲမှ ကျောင်းသားများသည်အမှတ်များကို သိပ်ပြီးဂရုမစိုက်ကြသော်ငြား အကယ်၍သာ တစ်ခါတည်းနှင့် အမှတ်တွေအများကြီး လျော့သွားပါက အတော်လေး ရင်နာဖို့ကောင်းသည်။

ရှီလီက သူမကို အရူးတစ်ယောက်နှယ် ကြည့်လိုက်ပြီး [သူပဲ ရူးနေတာလား၊ ငါပဲ ရူးနေတာလား။ အတန်းပြေးရင် အမှတ်တွေအများကြီး အနုတ်ခံရမယ်ဆိုတာကို ငါသေချာပေါက်သိတာပေါ့၊ ငါ အတန်းမပြေးပါဘူး]

စုန့်ရင်း၏ ခေါင်းရှုပ်နေဆဲဖြစ်နေသေးသော ပုံစံကို မြင်လိုက်ရတော့ ရှီလီက သူမ၏ခေါင်းကိုပုတ်ကာ [အချစ်လေး၊ ပိတ်ရက်တွေနဲ့အိမ်စာတွေ ကင်းလွတ်ခွင့်ရနိုင်တဲ့ ငါတို့ရဲ့အမှတ်တွေကို ဘယ်အချိန်မှာ သုံးလို့ရလဲ”

စုန့်ရင်းက မျက်တောင် ခတ်လိုက်ပြီး “မမ၊နင်အရမ်း ဉာဏ်ကောင်းတာပဲ။ ပိတ်ရက်တစ်ရက်ကို တစ်မှတ်ဆိုပေမဲ့ အတန်းပြေးရင်ငါးမှတ်တောင်နော်”

201 02

ရှီလီက သူမကိုကြည့်၍ “ငါတို့က နှစ်နာရီပဲထွက်သွားမှာလေ၊ ဒီတော့ တစ်မှတ် အနုတ်ခံရစရာ မလိုဘူးပေါ့”

စုန့်ရင်း၏ ပါးစပ်သည် လက်သီးတစ်လုံးစာ ဝင်နိုင်သည်အထိ အကျယ်ကြီးဟသွားပြီး နောက် သူမ၏ကိုယ်ဟန်က မသင့်လျော်ဘူးဆိုတာကို နားလည်သွားပြီး မေးစေ့ကို အမြန်ပြန်ပိတ်လိုက်သည်။

“မမ၊ အရမ်းတော်တာပဲ၊ ဒါဆို ငါတို့တွေ0.23 ပဲ အလျှော့ခံရမှာပေါ့နော်!”

“ကောင်းတယ်၊ မြန်မြန်သွားရအောင်”

ရှီလီသည် တစ်ခါတစ်လေ၌ စုန့်ရင်းက ဉာဏ်ကောင်းသော်ငြား တစ်ခါတစ်ရံတွင်ပင်ကိုယ် ဗလာဦးနှောက်ဟု တွေးလိုက်၏။

ရှီလီသည် သူမ၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရတာကြောင့် လူတိုင်းကို နောက်ထပ်ဆယ်မိနစ်လောက် လေ့ကျင့်ခိုင်းချင်စိတ် မရှိတော့ပေ။ ကောင်းပြီ၊ “ပိတ်ရက်အတွက် အလဲအလှယ် လုပ်ဖို့” အတန်းပိုင်ရဲ့ ရုံးခန်းထဲကို သူတို့တွေ သွားကြတာပေါ့လေ။

ထိုနေရာတွင် လေ့ကျင့်ရေးလုပ်နေကြသော ကျောင်းသားများမှာ အနီးအနားရှိ စကားဝိုင်းကို ကြားမိသည်မှာ သဘာဝပင်ဖြစ်ပြီး သူတို့ထဲရှိ အနည်းငယ်သည် မနာလိုဖြစ်သွားကြပြီး ပါးစပ်ထောင့်ကနေ မနာလိုသည့် မျက်ရည်များ စီးကျလာတော့၏။

Milk tea အအေးကို မီးခိုးကြပ်တိုက်-အရသာဘာဘီကျူးနဲ့ ယှဉ်လို့ကို မရဘူး။

သူတို့လည်း ဘာဘီကျူးစားရန် အတူပါဝင်ကြသော်လည်း ပြဿနာက သူတို့၌ 0.2 မှတ် တင် မကလို့၊ အမှတ်လုံလုံလောက်လောက်မရှိဘဲ၊ အနုတ်လက္ခဏာ အနုတ်တွေပဲ ရှိနေကြတာပင်။

ဖြစ်နိုင်ပါက အတန်းပိုင်ဆီကနေ အမှတ်တွေချေးငှားပြီး သူတို့တွေ အမှတ်တွေရလာမှ ပြန်ဆပ်လိုက်ချင်သည်။

သူတို့တွေမှာ အမှတ်တွေရှိစဉ်ကပင် အတန်းပိုင်က မချေးငှားသည့်သူဖြစ်ပြီး အထူးသဖြင့် အနုတ်လက္ခဏာရှိသူများအတွက်ဆို အမှတ်-ချေးငှားသည့် ဝန်ဆောင်မှု ဆိုတာ မရှိဘဲ အတိုးပါ ပေးရသေးသည်။

ထွက်ခွာသွားသူအချို့ကို မနာလိုဖြစ်စွာ ကြည့်နေကြပြီး သူတို့၏ ပါးစပ်ထောင့်တွေကို သုတ်လိုက်ကာ သူတို့လက်ထဲရှိ ရေခဲချောင်းမှာလည်း အရသာ မရှိတော့ချေ။

သူတို့က သူများတွေအပေါ် သက်ရောက်မှုမရှိစေခဲ့ဘဲ တန်ပြန် လှုံ့ဆော်ခံလိုက်ရသေး၏။

သို့သော် ဘယ်သူ့ကို အပြစ်တင်နိုင်မှာတဲ့လဲ။ သူတို့ရဲ့ အဆင့်တွေ မကောင်းလို့ အမှတ်တွေမလုံလောက်တာဖြစ်ပြီး မဟုတ်ပါက သူတို့လည်း ယခုချိန်တွင် လွတ်လွတ်လပ်လပ် သုံးစွဲပစ်လို့ရသည်။

အတန်းပိုင်သည် ပိတ်ရက်လဲလှယ်ခွင့်အတွက်အမှတ်စနစ်ကို ထူထောင်လိုက်ကတည်းကထွက်ခွာခွင့်အတွက် ကျောင်းသားတွေအမှတ်တွေ သုံးလာကြလိမ့်မည်ဟု ထင်မှတ်ထားပြီးသားပင်။

ရှီလီက သူမ၏ရည်ရွယ်ချက်ကို သူ့ထံ လာရှင်းပြတော့ အတန်းပိုင်က မတားမြစ်ဘဲသူမကို အားပေးခဲ့သည်။ သူတို့အားလုံးကအတန်းထဲရှိ ကျောင်းသားကောင်းတွေဖြစ်၍အဆင့်ကောင်းသည့် ကျောင်းသားတွေအနေနှင့် တစ်နာရီ၊ နှစ်နာရီလောက် အပြင်ထွက်တာက ဘာမှမဟုတ်ပေ။ အဆုံးမှာတော့ဤကလေးတွေ၏ အဆင့်တွေက ကောင်းမွန်နေပြီးသားပင်။

၎င်းက အတန်းထဲရှိ ကျောင်းသားတွေကို လည်း မှန်ကန်သော အမှတ်သုံးစွဲနည်းက်ု သိသွားစေလိမ့်မည်။ သူတို့ကို ဥပမာထားခြင်းက အခြားကျောင်းသားတွေကိုပါ စိတ်ဓာတ်တက်ကြွလာစေနိုင်သည်။

“ဟုတ်ပြီ၊ ဆရာ မင်းတို့ကို ထွက်ခွာခွင့်ပေးလိုက်မယ်၊ ပြီးရင် ဒါကိုယူပြီး သွားလို့ရပြီ”

အတန်းပိုင်မှာ ထောင့်နားက စာရင်းစာအုပ်ကိုထုတ်ယူ၍ ကျောင်းသားဆယ်ယောက်ဆီကတစ်မှတ်စီ နုတ်ယူရန် ပြင်လိုက်သည်။

ရှီလီက လက်ယမ်းပြ၍ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ သမီးတို့က နှစ်နာရီခွဲစာပဲ တောင်းဆိုနေတာ၊ တစ်ရက်လုံး မဟုတ်ဘူး၊ ဒီတော့တစ်မှတ်နုတ်လို့ မရဘူးလေ”

နှစ်နာရီ ထွက်ခွာခြင်းက လူတိုင်း၏ တူညီဆုံးဖြတ်ချက်ပင်။

201 03

ကျောင်းက 6 PM တွင် လွှတ်တာဖြစ်ပြီးညစာအတွက် နာရီဝက်ပေးကာ 6:30 PM တွင်အတန်းချိန်ကို ပြန်စ၍ 9 PM တွင် ပြီးဆုံး၏။

အပြင်ထွက်ပြီး ဘာဘီကျူးစားမည့် အချိန်ကိုထည့်ပေါင်းလိုက်ပါက စားသောက်သည်မှာအချိန်ကြာလျှင်ပင် နှစ်နာရီ မကျော်ပေ။ တစ်နာရီခွဲကြာ ထွက်ခွာခွင့်တောင်းခြင်းကအကျိုးအရှိဆုံးဖြစ်၍ အမှတ်ချွေတာနိုင်မည့်နည်းလမ်းပင်။

စားသောက်မည့်နေရာကနေ ကျောင်းသို့ပြန်လာရန်လိုသေးကာ ပြန်ရောက်ပြီး တစ်နာရီအကြာတွင် အိမ်ပြန်ရန် အသင့်ဖြစ်နေလေပြီ။

တိုတောင်းသည့် တစ်နာရီဆိုသော်လည်းကသီပေသည်။

လူတိုင်းရ ၎င်းကို အဆင်မပြေဘူးလို့ ခံစားရတာကြောင့် နှစ်နာရီယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး စားသောက်နေချိန်တွင် ပြန်ရမည့်အချိန်ကိုတွေးပူပြီး အလျင်စလို ပြန်ရမှာကို စိတ်ပူစရာမလိုတော့ဘဲ စိတ်အေးလက်အေး နေနိုင်အောင်ဖြစ်သည်။

ဤကလေးတွေကို အလွန်ပါးနပ်လိမ့်မည်ဟုအတန်းပိုင် ထင်မထားပေ။ သူ ကြောင်အနေတုန်းမှာပဲ သင်္ချာတော်သည့် ရုန်ရုန်ကသူတို့တွေ ထွက်ခွာခွင့်ယူလျှင် အမှတ်တွေဘယ်လောက် အနုတ်ခံရမယ်ဆိုတာကို ဒဿမသုံးနေရာအထိ တွက်ချက်ပြလာ၏။

“0.227 ဖြစ်လောက်တယ်၊ ရာပြည့်ကိန်းယူလိုက်ရင် 0.23 ပေါ့”

နှစ်တွေအကြာကြီး သင်္ချာကို သင်ပေးလာခဲ့သော အတန်းပိုင်သည် မူလတန်းကျောင်းပုစ္ဆာတစ်ပုဒ်ကို မတွက်နိုင်တာတော့ မဟုတ်ပေ။

သို့သော် ဤကလေးတွေကြောင့် သု ပျော်မြူးနေရဆဲပင် “ကောင်းပြီ၊ ဆရာ နားလည်ပြီ၊0.23 မှတ်၊ မင်းတို့ရဲ့ နားရက်ကို သွားပျော်ပါးလို့ရပြီ”

မင်းတို့ ဆယ်ယောက် စောမထွက်ရင်ကောင်းမယ်၊ မဟုတ်ရင်တော့ အတန်းလစ်တယ်ဆိုပြီးထည့်တွက်လိုက်မှာဟု ရက်စက်စွာ တွေးလိုက်တော့သည်။

အတန်းပိုင်က မော်နီတာရှေ့၌ ဆောင့်ကြောင့်ထိုင်၍ သူတို့ကိုဖမ်းရန်အတွက် စောင့်ကြည့်နေခဲ့သော်လည်း ဤကလေးတွေက တကယ်ကြီးခေါင်းလောင်းထိုးတဲ့အထိ နေပြီးမှ သူတို့၏အိတ်တွေကို သိမ်းဆည်းကြသည်။

ဟုတ်ပြီ၊ ဒီကလေးတွေ ကံကောင်းသွားတယ်။

အနှီကျောင်းသားဆယ်ယောက်၏ ထွက်ခွာခြင်းက အတန်းထဲရှိ အခြားကျောင်းသားတွေကို မနာလိုဖြစ်စေသည်။

ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်ကတောင်စိတ်ဝင်စားစရာ မကောင်းတော့ပေ။ ပြတင်းပေါက်မှတဆင့် ဤသည်ကိုမြင်မိသောအတန်းပိုင်က အခန်းထဲဝင်သွားပြီး မိန့်ခွန်းပြောတာမျိုးကို မပြုလုပ်ဘဲ စာသင်ခန်း၏အပြင်မှာရပ်ကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

တစ်ဖက်တွင် ရှီလီနှင့် အခြားလူတွေက ကြိုတင်မှာထားသော milk tea များကို သယ်လိုက်ပြီး နောက်ဆုံးတစ်ခေါက်တုန်းကသူတို့အုပ်စုသုံးယောက်ကို ဖူဟွေ့ရှင်း ခေါ်သွားပေးခဲ့သည့် လမ်းဘေးနားက ဘာဘီကျူးဆိုင်ဆီ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြ၏။

လူဆယ်ယောက်၊ စားပွဲကြီးတစ်လုံးပင်။

ဆိုင်ခန်းက သေးငယ်သော်လည်း အရသာကတော့ စင်းလုံးချော ဖြစ်သည်။

သူတို့တွေ အတန်းထဲက အတင်းအဖျင်းတွေအကြောင်းကို တိုးတိုးတိတ်တိတ် ပြောနေစဉ်မှာပဲ တောင့်တောင့်ဖြောင့်ဖြောင့် ယောက်ျားသား လေး၊ ငါးယောက်က ဘေးစားပွဲတွင် ဝင်ထိုင်လာသည်။

သူတို့၏ ဆံပင်ပုံများမှာ တိရစ္ဆာန်ဆေးရုံမှငှက်မွေးဖုန်တုတ်တံနှင့် မထူးခြားနားဆိုသော်လည်း သူတို့၏အရှိန်အဝါကို ကြည့်လိုက်တာနှင့် ရှိန်စေနိုင်လောက်သည်။

[အဒါ ဟွမ်ပေါင်း မလား။ ]

201 04

ဤနာမည်ကို ကြားလိုက်ရ‌တော့ လူတိုင်း၌မေးခွန်းတစ်ခု ဖြစ်တည်လာ၏: ဟွမ်ပေါင်းကဘယ်သူလဲ။ ဒီနာမည်ကို သူတို့တွေ တစ်ခါမှမကြားဖူးပါဘူး။

[မဒိန်းမှုနဲ့ လူသတ်မှုကို ကျူးလွန်ထားလို့သေဒဏ်ကျခံရပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက သေသွားသင့်တာကို၊သူ့မိဘတွေ အာမခံနဲ့ မထုတ်ပေးခင်အထိ ထောင်ထဲမှာ ရက်နည်းနည်းပဲ နေလိုက်ရတယ်]

[နည်းလမ်းကျကျပြောရရင် အခုချိန် သူထောင်ထဲမှာ ရှိနေသင့်တာ]

ချောင်ကျင်းကျားက ဖုန်းကိုထုတ်ယူ၍ စားပွဲပေါ်က အသားကင်သီတံများကို ဓာတ်ပုံရိုက်သလို ဟန်ဆောင်လိုက်သည်။

ဟွမ်ပေါင်း၏ အနီးနားတွင် ထိုင်နေသောစုန့်ရင်းက လက်နှစ်‌ချောင်းထောင်လိုက်ကာဓာတ်ပုံထဲ၌ ချောင်ကျင်းကျားနှင့် သူမ အပြင်နောက်ခံ၌ တောင့်တောင့်ဖြောင့်ဖြောင့် ယောက်ျားတွေပါ ပါဝင်ပေသည်။

ဤအပိုင်းလေးတွင် 0.23 မှတ် ကျန်ကျသည့်အစားအသောက်က သိပ်ပြီး စားမကောင်းခဲ့ပေ။

ဖူဟွေ့ရှင်း အိမ်ပြန်ရောက်တော့ ချောင်ကျင်းကျားထံမှ မက်ဆေ့ခ်ျကို ရရှိခဲ့၏။

၎င်းမှာ သူစားသောက်နေခဲ့တုန်းက ဓာတ်ပုံဖြစ်ပြီး အောက်ဘက်တွင် မက်ဆေ့ခ်ျတစ်ခုရေးသားထားသေးသည်။

[ငါတို့မိသားစုရဲ့ ကိစ္စကို ကူညီပေးလို့ ကျေးဇူးပဲကွာ။ မင်းကို ကျေးဇူးတင်ဖို့ ငါ့မှာကောင်းကောင်းကန်းကန်းတော့ မရှိဘူး။ မင်းအမေ သက်ဆိုင်ရာဌာနမှာ အလုပ်လုပ်တယ်လို့ ငါကြားထားတယ်၊ ဒါ သူမအတွက်ငါ့ လက်ဆောင်]

++++++

202 01

အခန်း ၂၀၂: ယို့ ယို့ ယို့

ဖူဟွေ့ရှင်းသည် မိနစ်အနည်းငယ်ကြာ တုံ့ဆိုင်းနေပြီးမှ မက်ဆေ့ခ်ျအသစ်တစ်စောင် ပို့လိုက်၏။ ရှီလီထံမှ သူ ကြားခဲ့သော ဤလူ၏ နာမည်၊ သက်ဆိုင်သော မေးခွန်းတွေနှင့် ဓာတ်ပုံကို မဆက်သွယ်ခဲ့တာ ကြာပြီဖြစ်သောဖုန်းနံပါတ်တစ်ခုအား ပို့လိုက်သည်။

မက်ဆေ့ခ်ျ ရောက်သွားတာ အောင်မြင်သည်ဟူသော အတည်ပြုချက်ကို မြင်ပြီးနောက် ဖူဟွေ့ရှင်းသည် ဖုန်းကိုဘေးချ၍ ခေါင်းငုံ့ကာ စာဖတ်သည့်အပေါ်မှာပဲ အာရုံစိုက်ထားလိုက်၏။ သူသည် ယနေ့ည၌ အတော်လေး အချိန်ဖြုန်းခဲ့မိတာကြောင့် အမှီပြန်လိုက်ဖို့ လိုနေလေသည်။

တစ်စုံတစ်ရာကို ရှောင်ဖယ်ရန် စိတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖူဟွေ့ရှင်းက အိပ်ရာဝင်သည်အထိ ဖုန်းမကြည့်တော့ချေ။ နောက်နေ့မနက် သူနိုးလာတော့ ပုံမှန်လို ဖုန်းကို စစ်ကြည့်လိုက်သည့်အခါမှာ မနေ့ညတုန်းကရီပလိုင်းကို မြင်လိုက်ရသည်။

ရိုးရှင်းသော စကားသုံးလုံးပါ မက်ဆေ့ခ်ျတစ်ခုပင်: [သိပြီ]

ဤမက်ဆေ့ခ်ျက ကျောင်းမသွားခင်အထိ တစ်မနက်ခင်းလုံး သူ့ကို စိတ်မကြည်စေတော့ပေ။

ဖူဟွေ့ရှင်းက တစ်ယောက်တည်းနေတာ ဖြစ်တာကြောင့် သူ စိတ်အခြေအနေ မကောင်းလျှင်ပင် ဘယ်သူမှ သတိမထားမိချေ။

၎င်းမှာ ကျောင်းကိုရောက်တော့ စုန့်ရင်းက ရှီလီ၏ စားပွဲအနားကိုမှီ၍ ပါးကို တို့ထိရင်းမပြောလာခင် အထိပင် “ဘာဘီကျူးစားရင် အသားအရေကို အလွယ်လေး ရောင်ရမ်းတတ်တယ်၊ မမရဲ့။ ခုတော့ဖြစ်ပြီ၊ နောက်တစ်ခါကျ‌ ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့ ဟော့ပေါ့တွေ၊အသားကင်တွေကို ရှောင်သင့်တယ်”

မနေ့တုန်းက ရှီလီနှင့်အတူ ဘာဘီကျူးသွားစားခဲ့သော လူကိုးယောက်တွင် နှုတ်ခမ်းပေါ် ဝက်ခြံပေါက်သူမှာ သူမ တစ်ဦးတည်း ပင်။

ရှီလီမှာ အတော်လေး စိတ်ဆိုးနေပြီး “အပူငြိမ်းအောင်လို့ ငါ milk tea အအေးတောင် သောက်လိုက်သေးတယ်‌လေ” အဲဒါက သက်ရောက်မှုမရှိဘူးဆိုတာကို ဘယ်သူသိမှာလဲ။

စုန့်ရင်းက နဖူးကိုရိုက်ရင်း “အတန်းပိုင်ရဲ့ရုံးခန်းထဲမှာ ဂန္ဓာပန်းတို့၊ ဂျိုဂျီဘယ်ရီတို့ရှိတာကို ငါ မှတ်မိတယ်။ အရောင်ကျအောင်လို့ ဆရာ့ဆီကနေ ဂန္ဓာပန်းနည်းနည်းပါးပါး သွားတောင်းပေးမယ်နော်”

ရှီလီက ၎င်းကို အလွန်အလုပ်ရှုပ်၍ မလိုအပ်ဘူးဟု မပြောနိုင်ခင်မှာတင် စုန့်ရင်းသည် ပြတင်းပေါက်ဘောင်ပေါ်ရှိ ရှီလီ၏ ရေဘူးကိုယူပြီး ထွက်သွားလေပြီ။

ရှီလီသည် မှန်အသေးတစ်ချပ်ကိုယူ၍ သူမ၏နှုတ်ခမ်းပေါ်က ဝက်ခြံကို ကြည့်လိုက်ရင်း မျက်နှာရှုံ့မဲ့သွားတော့၏။ သူမ မှန်ကိုအောက်ချလိုက်တော့ ဖူဟွေ့ရှင်း၏ အူမြူးနေသော အကြည့်ကို မြင်လိုက်ရသည်။

ရှီလီက မသိစိတ်ကနေပြီး နှုတ်ခမ်းကိုအုပ်၍ ဒေါကန်စွာဖြင့် သူ့ကို ပြန်စိုက်ကြည့်လိုက်၏။ ရောင်ရမ်းတာဖြစ်နေတဲ့ လူတစ်ယောက်ကို နင်တစ်ခါမှ မမြင်ဖူးဘူးလား။

ဖူဟွေ့ရှင်းက ထပ်မကြည့်တော့ဘဲ ပါးနပ်စွာ ဖြင့် ခေါင်းငုံ့လိုက်သည်။

မကြာခင်မှာပဲ စုန့်ရင်းက ဂန္ဓာမာပန်းလက်ဖက်ရည်ခွက်နှင့် ပြန်ရောက်လာသည် “မမ၊ ရေက ပူနေသေးတယ်၊ မသောက်နဲ့ဦး။ နွေးသွားတော့မှ သောက်နော်။ ဒါကို ရက်နည်းနည်းလောက် သောက်လိုက်ရင် သက်သာသွားလိမ့်မယ်”

သူမနှုတ်ခမ်းပေါ်က ရည်ကြည်ဖုအကြောင်းကို‌ စုန့်ရင်း ပြောလာတာအား ကြားလိုက်ရတော့ ရှီလီမှာ ၎င်းကို မနေနိုင်ဘဲ ထိကြည့်လိုက်သော်လည်း သူမ၏လက်မှာ စုန့်ရင်း၏ ဖြတ်ရိုက်ခြင်းကို ခံလိုက်ရတော့၏။

စုန့်ရင်းက ပြောလာ၏။ “မမ၊ မမရဲ့လက်မှာဘက်တီးရီးယားတွေ ပြည့်နေတာလေ။ အဲဒါကို ခဏခဏထိနေရင် ပျောက်ကင်းတဲ့အပေါ် သက်ရောက်မှုဖြစ်လိမ့်မယ်။ မထိရဘူး”

202 02

စုန့်ရင်း၏ လေးနက်သော အကြည့်အောက်၌ရှီလီက နာခံစွာ ပြောလိုက်၏။ “အင်း”

ရှီလီက ပုံမှန်အားဖြင့် သူမ၏ပုံရိပ်နှင့် အသွင်အပြင်ကို အတော်လေး ဂရုစိုက်သူဖြစ်သည်။

နှုတ်ခမ်းပေါ်တွင် ရုတ်တရက်ကြီး ဝက်ခြံ ပေါက်လာခြင်းက သူမ၏ အလုံးစုံပုံပန်းသွင်ပြင်အပေါ်၌ အတော်လေး သက်ရောက်မှု ရှိသွားတာဖြစ်သည်။

သို့သော် ရှီလီသည် မစားမသောက်သရွေ့၊နှုတ်ခမ်းပေါ်က ဝက်ခြံအကြောင်းကိုမေ့လုနီးပါးပင်။

အတန်းပိုင်က စင်္ကြံကနေ စာသင်ခန်းထဲသို့ ဝင်လာသည်။ သူသည် အစကတော့ ယခုအပတ် အားကစားအကြောင်းနှင့် ပတ်သက်၍ သူတို့ကို သတိပေးချင်သော်ငြား အခန်းထဲသို့ ဝင်လိုက်တာနှင့် ရှီလီ၏ နှုတ်ခမ်းပေါ်က ဝက်ခြံကို သတိထားမိသွား၏။

ဒါကြောင့်မို့ မနက်တုန်းက စုန့်ရင်း သူ့ဆီကနေ ဂန္ဓမာပန်းခြောက်တွေ လာတောင်းသွားတာကိုး။ ရှီလီအတွက် ဖြစ်နေတာပဲ။

သူ မရယ်ဘဲ မနေနိုင်တော့ပေ။ “ကြည့်ရတာ မနေ့တုန်းက မင်းတို့အားလုံး အာဟာရပြည့်တဲ့ အစားအသောက်တွေ အများကြီး သွားစားလာတဲ့ပုံပဲ။ အရမ်းကောင်းတာတွေ အများကြီးစားတိုင်း မကောင်းဘူးဆိုတာကို အဲဒါက သက်သေပြလိုက်တာပဲ။ ရောင်ရမ်းမှုတွေကိုလွယ်လွယ်လေး ဖြစ်စေနိုင်တယ်”

ခဏတွင်းချင်း တစ်ခန်းလုံးက ရှီလီကို လှည့်ကြည့်လာကြသည်။ နှုတ်ခမ်းပေါ်တွင် ဝက်ခြံပေါက်တာက ကိစ္စကြီးမဟုတ်သော်လည်း အတန်းပိုင်၏ စနောက်သောလေသံဖြင့် ယှဉ်တွဲလိုက်ပါက နည်းနည်းတော့ ရယ်စရာကောင်းသွားသည်။

ရှီလီ အရမ်းရှက်သွား၏။

နည်းနည်းလောက် ပျော်ပါးရန်အတွက် သူမ၏ အားလပ်ချိန်တွေနှင့် လဲလှယ်ခဲ့ရသော်လည်းသူမ၏ခန္ဓာကိုယ်က သူမကို စိတ်ဓာတ်ကျစေသည်။

ရှီလီသည် မျက်နှာအောက်ပိုင်းကို လက်ဖြင့်တိတ်တဆိတ် ကာလိုက်ရင်း အတန်းပိုင်ကို စိတ်ထဲကနေ ကျိန်လိုက်၏။ [ရန်ဖြစ်ရန် မျက်နှာကို မရိုက်ရဘူး၊ ဆူငေါက်ရင် အားနည်းချက်ကို မဖော်ရဘူးတဲ့။ မနက်ဖြန်ကျရင် အတန်းပိုင်ရဲ့ နှုတ်ခမ်းမှာ ရည်ကြည်ဖုသုံးဖု ပေါက်အောင်လို့ ကျိန်စာတိုက်ပစ်လိုက်ဦးမယ်]

ကျိန်စာတိုက်ခံလိုက်ရသော အတန်းပိုင်၏ပါးစပ်မှာ တွန့်သွားတော့သည်။ ရက်စက်လိုက်တာ။ သူ့နှုတ်ခမ်းမှာ ရည်ကြည်ဖုသုံးဖု‌သာပေါက်လို့ကတော့ သူပုံမှန်အတိုင်း ထမင်းစားနိုင်ပါဦးမလား။ နေ့တိုင်း အရည်နဲ့ပဲ အသက်ရှင်ရတော့မှာပေါ့။

အတန်းပိုင်သည် အနာဂါတ်အား ခန့်မှန်းရင်း ရှီလီတွင် ထူးခြားသော စွမ်းရည်တစ်ခုခု နိုးထလာမှာကိုလည်း ကြောက်နေရသည်။ နှုတ်ခမ်းပေါ်တွင် ရည်ကြည်ဖုသုံးဖု တစ်ခါတည်း ပေါက်မည်ဆိုပါက အင်မတန်ဆိုးရွာမှာဖြစ်ပြီး သူ မစွန့်စားရဲပေ။

ရှီလီကိုဆက်လက်စနောက်မည့် သူ၏အကြံဉာဏ်တွေကိုသာ လက်လျှော့လိုက်ရတော့၏။

ရှီလီက တစ်မနက်ခင်းလုံးနီးပါး ဂန္ဓမာပန်းလက်ဖက်ရည်ကို ခွက်ပေါင်းများစွာ သောက်နေခဲ့သော်ငြား သက်ရောက်မှုမရှိသလိုခံ စားနေရသည်။ စာသင်ချိန်တစ်ချိန်ပြီးတိုင်း သူမ၏မှန်လေးကိုထုတ်၍ ကြည့်သော်လည်း ပြောင်းလဲမှု မရှိနေ‌ဆဲ။

ဂန္ဓမာပန်းက အပူငြိမ်း၍ အဆိပ်ပြေသော အကျိုးအာနိသင်ရှိတာကို သူမ ပြန်စဉ်းစား၍ လမ်းမှန်မဖြစ်လောက်ဘူးဟု သူမ ထင်မိ၏။

ဂန္ဓမာပန်း လက်ဖက်ရည်က ဗိုင်းရပ်စ်ကို တိုက်ထုတ်ပေးတာထက် ကာကွယ်ပေးတာလားဟူ၍ ရှီလီ သံသယစဝင်လာ၏။

ရှီလီက ဤအခြေအနေအတိုင်း မကြာခဏ မှန်ကြည့်နေကာ သူမနှုတ်ခမ်းပေါ်က ဤအသေးအမွှားလေးကို အလွန်အမင်း ဂရုစိုက်နေသည်မှာ ရှင်းလင်းပေသည်။

နေ့လယ်နားချိန်အပြီး စာသင်ခန်းထဲသို့ သူမပြန်လာတော့ ဖူဟွေ့ရှင်းက သူမကို အိတ်လေး တစ်အိတ် ကမ်းပေးလာသည်။ ရှီလီက သိလိုစိတ်ဖြင့် ဖွင့်ကြည့်လိုက်တော့ ဆေးဘူးအသစ်တစ်ဘူးနှင့် အသုံးမပြုရသေးသော ဂွမ်းစများကို တွေ့လိုက်ရသည်။

ရှီလီ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

ဖူဟွေ့ရှင်းက နှုတ်ခမ်းကိုဖိ၍ အနည်းငယ်ဩရှသော လေသံဖြင့် ပြောလိုက်သည်။ “လိမ်းဆေး။ ကောင်းကောင်းအသုံးဝင်တယ်”

202 03

သူ့ဆိုလိုရင်းကို ရှီလီ ချက်ချင်းနားလည်သွားသည်။ ဒီဟာကို နေ့လယ်နားချိန်တုန်းက သူ သွားဝယ်ခဲ့တာပဲဖြစ်ရမယ်။ သူ့ကို ဒီလောက်ထိ တွေးပေးတတ်လိမ့်မယ်လို့ သူမ မထင်ထားဘူး။

သူမ တောက်ပသောအပြုံးတစ်ပွင့်နှင့်သူ့ဘက်လှည့်လိုက်ကာ “အိုး၊ ကျေးဇူးပါ!”

ဖူဟွေ့ရှင်းက များများစားစား ထပ်မပြောဘဲလိမ်းဆေးကို သူမလက်‌ချောင်းနှင့် လိမ်းတော့မည့်အချိန်၌ “ဂွမ်းစ” ဟူ၍သာ သူမအား သတိပေးလာသည်။

သူသည် စကားသိပ်မပြောသော်လည်း ရှီလီကတော့ သူ့ကို ရင်ဆိုင်ရတာက စုန့်ရင်းထက် ခက်ခဲတယ်ဟု မရှင်းပြတတ်လောက်အောင် ခံစားမိနေပြီး ဤခံစားချက်က ဘယ်ကနေ ရောက်လာတယ်ဆိုတာကိုတော့ မသိပေ။

သူ အလျှော့မပေးမှာကို ရှီလီ စိုးရိမ်သဖြင့် ဇွတ်မလုပ်တော့ပေ။ “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ငါ နင့်စကား နားထောင်ပါ့မယ်။ ဂွမ်းစတွေကို သုံးပါမယ်။ ဂွမ်းစတွေက ပိုသန့်တာပေါ့”

ရှီလီတစ်‌‌ယောက် မှန်ကြည့်ရင်း လိမ်းဆေး လိမ်းလိုက်တာကို မြင်တော့မှ ဖူဟွေ့ရှင်း အကြည့်လွှဲလိုက်သည်။

နေ့လယ်ခင်း အတန်းနှစ်ချိန်ပြီးသွားပြီးနောက်နားချိန်တွင် ဖူဟွေ့ရှင်းက သူမကို လှည့်ကြည့်လာ၏။ သူ နားမလည်သည့် ပုစ္ဆာတွေကို မေးချင်နေတာဖြစ်မယ်ဟု ရှီလီ ထင်လိုက်၏။

ယခင်ကလည်း ဖူဟွေ့ရှင်းက ယခုလိုမျိုး တစ်နေ့တွင် မေးခွန်းတွေကို တစ်ခုဖြစ်စေ၊နှစ်ခုဖြစ်စေ၊ သူမအား မေ့လေ့ရှိသော်လည်းယနေ့တွင်မူ သူ ဘာကိုမှ မမေးရသေးသည့်ပုံပေါ်သည်။

ကြည့်ရသည်မှာ မေးခွန်းမေးရန် သူ့အတွက် အချိန်ကျလာသည့်ပုံပင်။ ရှီလီက ခေါင်းမော့၍ သူ့ကိုကြည့်ပြီး စကားပြောလာမှာကို စောင့်နေ လိုက်သည်။

ဖူဟွေ့ရှင်းက သူ့နှုတ်ခမ်းသူ လက်ညှိုးထိုး၍“လိမ်းဆေးကို ခဏခဏလိမ်းပေး။ မြန်မြန်သက်သာတယ်”

ဆို‌တော့ ဒါကြောင့်ကိုး။ ရှီလီသည် သူမ၏နှုတ်ခမ်းပေါ်က ရည်ကြည်ဖုကို ထိမလို့ပြ င်လိုက်ချိန်မှာပဲ ဖူဟွေ့ရှင်း၏သဘောမတူသော အကြည့်အောက်၌ သူမ၏လက်မှာ လေထဲတွင်အေးခဲသွားရသည်။

ရှီလီက ၎င်းကိုထိရန် ကြိုးစားခဲ့တာကို ဖုံးကွယ်ရန်အတွက် ခြောက်ကပ်ကပ်နိုင်စွာ ရယ်လိုက်ရင်း ပြောလိုက်၏။ “နင်ပြောတာ ဟုတ်သားပဲ၊ငါ ချက်ချင်း လိမ်းလိုက်မယ်။ ငါက ခဏခဏ လိမ်းမှာဆိုတော့ မနက်ဖြန်မနက် မျက်လုံးဖွင့်လိုက်တာနဲ့ ဗိုင်းရပ်စ်‌တွေ လုံးဝပျောက်သွားမယ်ထင်တယ်”

သူမ၏ ဒီလိုပြောလာသံကို ကြားလိုက်ရတော့ဖူဟွေ့ရှင်းက လေးလေးနက်နက် ပြောလာကာ“မလောနဲ့။ အဲ့လောက်ကြီး မြန်မြန်ပျောက်မှာ မဟုတ်ဘူး။ နင် အိမ်ပြန်ရောက်ရင် ဗီတာမင်စီ များများစား၊ အစပ်နဲ့ ဆီများတဲ့ အစားအသောက်တွေကို ရှောင်ဦး၊ ကယ်လိုရီနည်းတဲ့ အသီးတွေ များများစားပေး”

ရှီလီသည် ဆရာဝန်တစ်ယောက်နှင့် မျက်နှာချင်းဆိုင်နေရသလို ခံစားမိသွားပြီး နာခံမှုရှိစွာ ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့ပါ၊ ဒေါက်တာဖူ။ ရှင့်ရဲ့ တင်းကြပ်တဲ့ အမိန့်တွေကို ကျွန်မ လိုက်နာပါ့မယ်”

ဖူဟွေ့ရှင်းသည် ခဏကြာ တုံ့ဆိုင်းသွားပြီးနောက် သူ့အံဆွဲထဲမှ ပုလင်းသေးတစ်ခုကို ထုတ်ယူလိုက်ကာ “ငါ လိမ်းဆေးဝယ်တုန်းက ဗီတာမင်စီပါ တွဲလျှက်ပါလာတာ။ ငါ မဖောက်ရသေးဘူး။ နင် စိတ်ထဲမထားရင် ယူလို့ရတယ်”

ရှီလီ၏ ကြည်လင်သော အဖြူ၊ အမည်းမျက်ဝန်းများနှင့် မျက်နှာချင်း ဆိုင်နေရတော့ဖူဟွေ့ရှင်းသည် သူတောင် သတိမထားမိလိုက်ဘဲ စကားလုံးအချို့ကို အလျင်အမြန် ပြောမိသွားတော့သည်။ “ဒီဗီတာမင်စီက ငါ့အတွက် သိပ်အသုံးမလိုဘူး၊ သိမ်းထားရင် အလကားဖြစ်သွားမှာ။ နင်ပဲ အရင်ယူလိုက်၊ ဒီဟာကို မနက်စောစောစီးစီး စားပေးရင် မြန်မြန်သက်သာစေလိမ့်မယ်”

“ဟုတ်ပြီ" ရှီလီက သူမ၏ဖုန်းကို ဝှေ့ယမ်းပြလိုက်ရင်း “ငါ နင့်ကို ဘယ်လောက် လွှဲပေးရမှာလဲ”

သူ့ကြင်နာမှုကို ရှီလီက လက်ခံလိုက်သဖြင့် ချိုမြိန်မှုကို ခံစားနေရသော ဖူဟွေ့ရှင်းမှာ အနှီသူစိမ်းဆန်သော ပိုက်ဆံပေးမယ်ဆိုသည့်စကားကြောင့် သူ့နှလုံးသားထဲတွင် ခါးသီးမှုအရိပ်အမြွတ်များအဖြစ် စွဲကျန်ရစ်သွားတော့သည်။

ဖူဟွေ့ရှင်းက အရေးမကြီးသလို ပြောလိုက်၏။ “အဆင်ပြေတယ်၊ နင် ငါ့ကို ‌မနေ့တုန်းက ညစာဝယ်ကျွေးခဲ့တယ်မလား”

ရှီလီက မတူဘူးဟု ပြောလိုက်ချင်သည်။ အုပ်စုခေါင်းဆောင်အနေနှင့် သူမ၏အုပ်စုအဖွဲ့ဝင်များကို ညစာလိုက်ဝယ်ကျွေးတာက သာမန်ပဲဖြစ်ကာ သူ့ကိုပဲ လိုက်ကျွေးခဲ့တာ မဟုတ်ပေ။

သို့ပေတည့် ၎င်းကို အထူးတလည် ရှင်းပြလိုက်လျှင်လည်း သူစိမ်းဆန်သွားလိမ့်မည်ဟု သူမခံစားမိလိုက်သည်။

အဆုံးမှာတော့ ဖူဟွေ့ရှင်းက အနှီယွမ်ဒါဇင်အနည်းငယ်နှင့် မလွဲချော်သွားပေ။ “ကျေးဇူးပဲ၊‌ငါ နောက်တစ်ခေါက်ကျ milk tea ဝယ်တိုက်မယ်”

“အင်း"

******

203 01

အခန်း ၂၀၃: ဟေး‌ ဟေး ဟေး

ရှီလီသည် လက်ရှိပုံပန်းသွင်ပြင်ကြောင့် အပြင်မထွက်ချင်သော်လည်း နောက်ဆုံးသော အတန်းချိန်အတွင်း သူမ၏အတန်းဖော်တွေ လေ့ကျင့်ရန်အတွက် ခေါ်သွားပေးရဆဲပင်။

အားကစားတွေ့ဆုံပွဲက တစ်ပတ်တောင် မလိုတော့သဖြင့် ရွေးချယ်စရာ မရှိပေ။ လူတိုင်းက အမှတ်တွေကို စိတ်မဝင်စားကြသော်လည်းပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာကြောင့် အကယ်၍ အမှတ်ပိုတွေအတွက် မဟုတ်လျှင်တောင် စုပေါင်းလုပ်ဆောင်မှုကို ဂုဏ်ယူသောအားဖြင့် ပထမနေရာကို အနိုင်ရလိမ့်မည်ဟု မျှော်မှန်းထားကြသည်မှာ သဘာဝပင်။

သူမက ကြိုးခုန်ခြင်းဆီသို့ ပြန်မလာခင်သေနတ်ပစ်နှင့် ဓားရေးယှဉ်ခြင်းတို့မှ ယောက်ျားလေး၊မိန်းကလေး အားကစားသမားများ၏ လေ့ကျင့်ရေးရလဒ်များကို ပုံမှန်စစ်ကြည့်ခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကို ထိန်းထိန်း သိမ်းသိမ်း လုပ်မည်ဆိုပါက လူတစ်ယောက်ကို ပျော်ရွှင်စေသည်ဆိုတာ အမှန်ပင်။

လေ့ကျင့်ပြီးနောက်မှာတောင် ပုစ္ဆာများတွက်ဖို့ စာသင်ခန်းသို့ ပြန်လာချိန်၌ သူမ၏စိတ်မှာပုံမှန်ထက် ပိုမိုပြတ်သားနေသည်။

လွန်ခဲ့သော နှစ်ရက်က မလိုတမာ ယှဉ်ပြိုင်မှုကြောင့် နှစ်ဖက်စလုံး အနိုင်မရခဲ့ပေ။

ဤတစ်ကြိမ်မှာတော့ သူတို့တွေ ကြိုးခုန်နေချိန်၌ ဘေးနားတွင် ရေခဲချောင်းစားပြီး ကြည့်နေသူတွေ မရှိတော့ချေ။

အဆုံးမှာတော့ လိုက်လျောညီထွေဖြစ်သည့် ပူးတွဲနေထိုင်သော အခြေအနေသို့ သူတို့တွေ ပြန်ရောက်သွားကြသည်။

ပြင်းပြင်းထန်ထန် တစ်ပတ်လောက် လေ့ကျင့်အပြီးမှာတော့ အတန်းချိန်တွေ မရှိတော့သည့်အားကစားတွေ့ဆုံပွဲကို သူတို့တွေ ကြိုဆိုခဲ့ရသည်။ အားကစားတွေ့ဆုံပွဲ၌ စားသောက်၊ပျော်ပါးလို့ ပျော်ရတာအပြင် အားကစားတွေ့ဆုံပွဲပြီးလျှင် လူတိုင်း စောင့်မျှော်နေခဲ့ရသော အမျိုးသားနေ့ရောက်မှာ ဖြစ်တာကြောင့်ပိုပြီးတောင် စိတ်လှုပ်ရှားနေကြ၏။

ကျောင်းက ဖွင့်ပွဲအခမ်းအနားအတွက်ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ကာ လတ်တလော လူငယ်တွေကြားတွင် အလွန်ရေပန်းစားနေသော ဖျော်ဖြေရေးနယ်ပယ်မှ အိုင်ဒေါများမှာ ဖွင့်ပွဲအခမ်းအနား၌နာရီဝက်ကြာ ပါဝင်သွားမှာပင်။

အချို့ကျောင်းသားတွေက ဖန်တွေဖြစ်ကြတာကြောင့် သူတို့၏ အိုင်ဒေါလေးတွေအား တွေ့ရသည့်အတွက် အလွန်ပျော်မြူးနေကြ၏။

သို့သော် ဒုတိယနှစ် ကျောင်းသားများကြား၌ ရှီလီ စကားပြောပြီဆိုတာနှင့် သေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာတွေ ဖြစ်သည်ဟု ကောလာဟလတွေ ပျံ့နှံ့နေသည်။

အသက်တွေအကြောင်း ပြောတာအပြင်ကို သူမက ဖျော်ဖြေရေးနယ်ပယ်ကိုပါ အကျိုးယုတ်သွားအောင် ပြုလုပ်နိုင်သည်။

အခန်း 1မှ ကျောင်းသားများသည် ရှီလီ၏နာမည်ကြီးတွေအပေါ် ဝေဖန်မှုကို မျက်မြင်တွေ့ခဲ့ရသော်လည်း အခြားသူတွေကတော့မကြားဖူးသေးချေ။

သူမ ပါးစပ်ဖွင့်လိုက်၊ ပိတ်လိုက်ပြီဆိုတာနှင့် ဖျော်ဖြေရေးနယ်ပယ်ထဲက ဖြူစင်ရိုးသားပြီး‌ ဖြောင့်မတ်သော အခြားပန်းပွင့်ဖြူလေးက ပျောက်ကွယ်သွားရပြီး ကောက်ကျစ်ကာ ရက်စက်သည့် အမျိုးသားတစ်ယောက်က အစားထိုး ဝင်ရောက်လာသည်။

သူမ၏ပါးစပ်ကို ဖွင့်စရာပင် မလိုတော့ဘဲ မကြာခင်တွင် သန်းရာပေါင်းများစွာဖိုးရှိသော အခွန်ရှောင်သည့် အခြားဥပဒေရေးရာအမှုတစ်ခုက ပေါ်ထွက်လာခဲ့သည်။

မူလကတော့ ပရိတ်သတ်ကြားထဲတွင်glow sticks အများအပြား ရှိနေသော်ငြား ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားတာနှင့် သနားစရာကောင်းသော glow sticks များမှာ ခြေထောက်ပေါက်ပြီး အမှိုက်ပုံးထဲသို့ လမ်းလျှောက်ဝင်သွားသည့်ပုံပင်။

ကြယ်ပွင့်လေးများမှာ ဖျော်ဖြေမှုပြီး‌နောက် သူတို့၏ glow sticks များ အမှိုက်ပုံးထဲတွင် စီစီရီရီရှိနေတာကို မြင်လိုက်ကြရပြီး ၎င်းက သူတို့တွေအား စိတ်တိုအောင်လုပ်ဖို့ black ဖန်‌တွေ ပြုလုပ်တာလို့ပဲ တွေးလိုက်ကြသည်။

ဖျော်ဖြေသူများဖြစ်ကြသည့် ကြယ်ပွင့်လေးများမှာ သူတို့၏ ဖျော်ဖြေမှုပြီးဆုံး‌သွားတော့ ကျောင်းလုံခြုံရေးတွေ၏ ပို့ဆောင်မှုအောက်ကနေ ကျောင်းမှ ပြန်သွားကြသည်။

ရှီလီက လူတိုင်းအတွက် ဓာတ်ပုံရိုက်ပေးရန်Polaroid ကင်မရာကို ယူလာခဲ့သည်။ ဖလင် ကုန်သွားမှာစိုးသဖြင့် သူမကျောပိုးအိတ်၏တစ်ဝက်လောက်မှာ ဖလင်တွေဖြင့် ပြည့်နှက်နေလေသည်။

203 02

အတန်းထဲတွင် အဆင့်မြင့် မှန်ဘီလူး အတို၊ အရှည်တွေဖြင့် တပ်ဆင်ထားသော ကင်မရာများကို ယူလာကြသည့် အခြားကျောင်းသားတွေလည်း ရှိပေသည်။

ကြည်လင်ပြတ်သားမှုတွင် Polaroid ကင်မရာက ကင်မရာတွေနှင့် မယှဉ်နိုင်သော်လည်းPolaroid တွင် ၎င်း၏ကိုယ်ပိုင်ကောင်းကျိုးများလည်း ရှိပေသည်။

သူမ ယှဉ်ပြိုင်ရမည့် အလှည့်မဟုတ်သဖြင့် ရှီလီသည် အနီးအနားက အသုံးအဆောင်များ ကို အသုံးပြုပြီး အတန်းဖော်တွေအား ကင်မရာဖြင့် တစ်ယောက်ချင်းစီ ဓာတ်ပုံရိုက်ပေးခဲ့သည်။

အတန်း‌ဖော်တိုင်းသည် ရှီလီဆီကနေ တစ်ကိုယ်တည်း ဓာတ်ပုံတစ်ပုံကျစီ လက်ခံရရှိပြီးနောက် သူမနှင့် ရင်းနှီးသော မိန်းကလေးများကိုတောင် အုပ်စုလိုက်ဓာတ်ပုံတွေ ရိုက်ပေးခဲ့သည်။

ဓာတ်ပုံ‌တွေ ရိုက်‌နေတာနှင့်ပင် ရှီလီအတွက် မနက်ခင်းတစ်ပိုင်းလုံး ကုန်သွား၏။

သူမ မောပန်းနေကာ ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း လက်ဖြင့် ယပ်ခပ်နေလိုက်သည်။

စက်တင်ဘာလကုန်ပိုင်းဖြစ်ပြီး ဆောင်းရာသီနှင့် နီးကပ်နေပြီဆိုသော်ငြား ကောင်းကင်ယံထက်မှ နေလုံးကတော့ အားကောင်းနေဆဲပင်။

ရှီလီသည်‌ နေကာဦးထုပ် ဆောင်းထားသော်လည်း ပူလောင်နေသလို ဖံစားနေရသေး၏။

ဗီတာမင်စီကို ရက်ပေါင်းများစွာသောက်ပြီးအချိန်မှန် ဆေးလိမ်းလိုက်သဖြင့် ရှီလီ၏ပါးစပ်ထောင့်နားမှ ဝက်ခြံမှာ ပျောက်ကင်းသွားပြီဖြစ်၍ ပန်းရောင် အမာရွတ်ဖျော့ဖျော့သာ ကျန်ရစ်ခဲ့တော့သည်။

ထိုင်ခုံတွင် ခဏကြာအောင် အနားယူလို့ပြီးသည့်နောက် ရှီလီ အားပြန်ပြည့်လာခဲ့သည်။

ရှီလီသည် သူမ၏အုပ်စုထဲက အုပ်စုဝင်သုံးယောက်ကိုကြည့်ရင်း Polaroid ကင်မရာကို မြှောက်ကာ အကြံပြုလိုက်သည်။ “အုပ်စုလိုက်ဓာတ်ပုံ အတူတူရိုက်ရအောင်”

ဘယ်သူမှ မငြင်းဆိုလာသည့်အတွက် သဘောတူသည့် အဓိပ္ပာယ်ပင်။

ရှီလီသည် အနှီသုံးဦး၏ စရိုက်လက္ခာကို လေ့လာထားပြီးသားဖြစ်၍ သူတို့အကုန်လုံးက introverted ဖြစ်ပြီး တသီးတသန့်ဆန်သောလူစားမျိုးတွေဖြစ်ကြသည်။

ဤသည်မှာ ရှီလီက သူတို့ကို ဘယ်လိုမျိုးပို့စ်ပေးဟု ညွှန်ကြားချိန်၌ သုံးယောက်စလုံးက နာခံမှုရှိစွာဖြင့် သူမ၏ ညွှန်ကြားချက်များအတိုင်း လိုက်လုပ်ခဲ့ကြကာ ဆန္ဒရှိကြောင်းကို ဖော်ပြလာသည်က သက်သေဖြစ်သည်။

ရှီလီသည် ဘေးဘီလှည့်ကြည့်လိုက်တော့ သူတို့အုပ်စုထဲတွင် စွန်းရီလင်းက ဓာတ်ပုံရိုက်အတော်ဆုံးဆိုတာကို သိလိုက်ရသည်။

စွန်းရီလင်း၏ ဆိုရှယ်မီဒီယာပေါ်၌ တင်ထားသော ပို့စ်များတွင် ဆယ်လ်ဖီပဲဖြစ်ဖြစ်၊ ပုံတူပဲဖြစ်ဖြစ် ဓာတ်ပုံတွေက အတော်လေးကို ကောင်းမွန်တာပင်။

ရှီလီက သူမကို လှမ်းခေါ်ပြီး အကူအညီတောင်းလိုက်တော့ စွန်းရီလင်းက အဆင်သင့် သဘောတူလာကာ “အေး၊ အေး၊ ငါ့ကိုစိတ်ချ။ နင်တို့အားလုံးကို လှလှပပနဲ့ လိုက်ဖက်ညီအောင် ရိုက်ပေးမယ်”

ရှီလီက ပုံစံချထားပြီးသားဆိုသော်လည်းဓာတ်ပုံဆရာဖြစ်သူ စွန်းရီလင်းတွင် အခြားအကြံတွေရှိနေကာ ဓာတ်ပုံရိုက်ရန်အတွက် ဘေးနှင့်ညာသို့ ရွှေ့ခိုင်းလိုက်သည်။

သူမ၏ ဆိုရှယ်မီဒီယာပို့စ်ပေါ်မှ လှပသောဓာတ်ပုံတွေအကြောင်းကို တွေးကြည့်လိုက်ပြီး ရှီလီ သည်းညီးခံလိုက်၏။

စွန်းရီလင်းက ဘယ်လိုဓာတ်ပုံရိုက်ရမယ်ဆိုတာကို တကယ်သိသည်။ ဓာတ်ပုံရိုက်ပြီးသွားတော့ သူမက ချက်ချင်းမထွက်သွားသေးဘဲ ဖလင်ပေါ်တွင် တဖြည်းဖြည်းပေါ်လာသောပုံရိပ်ကို စောင့်ပြီး‌မှ ရလဒ်ကို စိတ်တိုင်းကျသွားတော့သည်။

သူမက ဓာတ်ပုံကို ရတနာတစ်ပါးအလား ရှီလီထံ ပေးလိုက်ပြီး “ကြည့်၊ မလှဘူးလား”

ဓာတ်ပုံထဲတွင် ယောက်ျားလေးနှစ်ယောက်နှင့်မိန်းကလေးနှစ်ယောက်ကို ရိုက်ကူးထား၏။ ရှီလီနှင့် ရုံရုံက အလယ်တွင် မတ်တပ်ရပ်နေပြီး ဖူဟွေ့ရှင်းနှင့် ချောင်ကျင်းကျားတို့ကတော့ တစ်ဖက်တစ်ချက်စီတွင် ရှိနေတာဖြစ်သည်။

203 03

လေးယောက်ထဲတွင် ရှီလီ တစ်ယောက်တည်းသာ ပြုံးနေပြီး ချောင်ကျင်းကျား တစ်ဦးတည်း၏ အမူအရာသာ ပြေလျော့နေသည်။ ရုံရုံနှင့် ဖူဟွေ့ရှင်းတို့၏ အမူအရာတွေကမူ တစ်ဦးထက် ကျန်တစ်ဦးက ပိုလေးနက်နေ၏။

ရှီလီ၏အကြည့်က သူမကိုယ်သူမအပေါ်သို့ ကျရောက်သွားချိန်တွင် သူမနောက်တွင် ရပ်နေသည့် ဖူဟွေ့ရှင်းကို မလွဲဧကန် သတိထားမိသွားသည်။

သူက သူမနှင့် အရမ်းကြီး နီးကပ်နေလေ၏။

သင့်တော်သော အကွာအဝေးဖြင့် ဘေးချင်းယှဉ်ရပ်နေကြသော ရုံရုံ၊ ချောင်ကျင်းကျား တို့နှင့် မတူဘဲ သူမထက် ‌ခေါင်းတစ်ဝက်စာ အရပ်ပိုရှည်သော ဖူဟွေ့ရှင်းက သူမ၏အနောက်ဘက်၌ မတ်တပ်‌ရပ်နေတာပင်။

ဘာက ထူးဆန်းတယ်ဆိုတာကို သူမ မပြောတတ်သော်လည်း တစ်ခုခု ထူးဆန်းနေတာကိုတော့ သူမ ခံစားမိနေသည်။

စွန်းရီလင်းက အနည်းငယ် အပြစ်ရှိသလို ခံစားရသော်ငြား စိတ်ကျေနပ်မှုက ပိုများနေသည်။

သူမ၏ကျေးဇူးကြောင့် ဓာတ်ပုံက အတော်လေး ရုပ်ထွက်ကောင်းသည်။

စွန်းရီလင်း၏ ချီးမွမ်းမှုအောက်၌ ရှီလီမှာ တဖြည်းဖြည်း ‌မြောက်တက်လာရတော့၏။

ဘယ်လောက်ပဲ ထူးဆန်းနေပါစေ၊ ဓာတ်ပုံကတော့ တကယ့်ကို လှတာပင်။

ရှီလီက ချီးကျူးပေးဖို့ကို တုံ့ဆိုင်းမနေပေ“နင်ရိုက်တာ တော်လိုက်တာ။ နောက်နောင် ဓာတ်ပုံကိစ္စဆို နင့်ဆီပဲလာခဲ့မယ်”

စွန်းရီလင်းက အလွန်ဂုဏ်ယူသွားသည်။ သူမရဲ့ အနာဂါတ် cp-shipping အတွက်ပစ္စည်းတွေ မရှိတာကတော့ နှမြောစရာကြီး။ သူမဘာသာ ဖန်တီးယူလို့ ရတာပဲလေ။ စွန်းရီလင်း ပြောလိုက်၏။ “နောက်ဆို ငါ့ပစ္စည်းကိုသုံး။ ပိုအကျွမ်းတဝင်ဖြစ်တဲ့ ပစ္စည်းနဲ့ဆိုဓာတ်ပုံတွေက ပုံထွက်ပိုကောင်းတယ်” ရည်ရွယ်ချက်အမှန်ကတော့ ဖလင်ရဲ့ကော်ပီကို သူမ သိမ်းထားချင်တာလေ၊ ဟီးဟီးဟီး။ ဤဓာတ်ပုံကို သူမ တကယ်ကြိုက်သည်။

စွန်းရီလင်းက အုပ်စုကိုကြည့်ပြီး ကြင်နာစွာ အကြံပေးလိုက်သည်။ “ဓာတ်ပုံတစ်ပုံတည်းကို လူလေးယောက် ခွဲယူလို့မှ မရတာ။ ဘာလို့ငါ့ကို မပေးလိုက်လဲ၊ ငါ ကူသိမ်းပေးထားမယ်”

ရှီလီ: ???

ကျန်သုံးယောက်: ???

******

204 01

အခန်း ၂၀၄: မပြုံးဘဲ မွေးလာခြင်း

စွန်းရီလင်းသည် ဓာတ်ပုံကို ပိုင်ဆိုင်ခွင့်ကို မရရှိလိုက်တာကြောင့် စိတ်ဓာတ်ကျသွားသလို အနည်းငယ်တော့ ခံစားလိုက်ရသည်။

စွန်းရီလင်းက မသွားခင်တွင် တစ်ခုခုကို တွန့်ဆုတ်စွာဖြင့် ပြောခဲ့လိုက်သေးသည်။ “နောက်တစ်ခါ ဓာတ်ပုံရိုက်မယ်ဆို ငါ့ကို ခေါ်ဖို့သတိရကြနော်။ ဓာတ်ပုံကောင်းကောင်းတွေကို အလကားရိုက်ပေးမယ်၊ နင်တို့ရဲ့ ကင်မရာသာ ယူခဲ့ကြ၊ လှလှလေးဖြစ်အောင် ရိုက်ပေးမယ်။ ခုနောက်ပိုင်း ဒီလိုဈေးနှုန်းမျိုးကို ဈေးကွက်ထဲမှာ ရှာလို့မရတော့ဘူးနော်”

သူမ၏ ရှင်းမပြတတ်လောက်သော စိတ်အားထက်သန်မှုကို ရှီလီ နားမလည်သော်လည်း စွန်းရီလင်းက သူများတွေဘေးရောက်လျှင် စိတ်လှုပ်ရှားတတ်သော လူစားမျိုး အမြဲတမ်းဖြစ်ခဲ့တာပင်။ ရှီလီက နားမလည်သော်လည်း ၎င်းကို လေးစားပေသည်။

သူမ စွန်းရီလင်းကို ရက်ရက်ရောရော ကျေးဇူးတင်လိုက်ပြီး သရေစာမုန့်အချို့လည်း ပေးလိုက်သည်။

အားကစား တွေ့ဆုံပွဲတွေကတော့ ယခုလိုမျိုး -တပျော်တပါး စားလိုက်သောက်လိုက်ဖြစ်ကာ တကယ့် အားကစားတွေကမူ အသေးအဖွဲ့သာဖြစ်၍ လျစ်လျူရှုခံထားရလုနီးပါးဖြစ်သော အစိတ်အပိုင်းပင်။

ဪ ဟုတ်သား၊ နောက်ထပ် အရေးကြီးသောအရာတစ်ခု ရှိသေး၏။ ရှီလီသည် အိတ်ထဲက ပြိုင်ပွဲအချိန်ဇယားကို ထုတ်ယူလိုက်ပြီး ဘယ်အချိန်တွင် ဘယ်အစီအစဉ်တွေ ပြုလုပ်နေတယ်ဆိုတာကို အဓိကထား ကြည့်လိုက်၏။ အကယ်၍ သူမ စိတ်ဝင်စားသည့် အားကစားရှိပါက၊ ထိုနေရာဆီသို့ စောစီးစွာ ထွက်ခွာမှာပဲဖြစ်သည်။

ရှီလီက ရေကူးခြင်းကို စိတ်ဝင်အစားဆုံးဖြစ်ကာ အချိန်ဇယားက ဤနေ့လယ်ခင်းမှာပင်။

နေ့လယ်ရောက်နေပြီလည်း ဖြစ်တာကြောင့် အလျင်လိုစရာ မလိုအပ်ပေ။

သို့သော် ရှီလီသည် အချိန်ဇယားကို ကြည့်နေစဉ်မှာပဲ သူမအတန်းမှ အားကစားသမား‌များစာရင်းကို လှမ်းကြည့်မိသွားသည်။ အခန်း 2 နှင့် အခန်း 1 တို့က ရှေ့ဆင့်နောက်ဆင့်ဖြစ်ပြီးရှီလီသည် သူမ၏အတန်းထဲက အားကစားသမားများကို ကြည့်နေခိုက် အိမ်နီးနားချင်းအတန်းမှ အမျိုးသား ရေကူးသမားမှာ ဖုန်းယွင်ဟယ်လွဲ၍ အခြားသူ ရှိမနေတာကိုရုတ်တရက် သတိထားမိသွားသည်။

၎င်းက အဓိပ္ပာယ်တော့ရှိ၏။ ကျောင်းတွင်းထဲက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်အနေနှင့်သူ့ကို ချစ်ကြိုက်နေကြသော အတန်းပေါင်းစုံက အမျိုးသမီးဖန်တပ်ကို ထိန်းသိမ်းထားဖို့ လှုံ့ဆော်ပေးနိုင်သည့် အစီအစဉ်အချို့ကို သူ ဘာလို့ မဖန်တီးရမှာလဲ။

ဖုန်းယွင်ဟယ်က ရေကူးပြိုင်ပွဲတွင် သူ့ကြွက်သားတွေကို ကြွားဖို့လိုအပ်သည်သာမက၊ လူတိုင်းအား ပြောစရာများသွားစေရန်အတွက် ချန်ပီယံဆုကိုပါ အနိုင်ရရှိဖို့လိုသည်။

ရှီလီမှာ မျက်ခုံးတစ်ဖက်ကို မပင့်မိဘဲ မနေနိုင်တော့ချေ။ ဝတ္ထုများထဲတွင် ကျောင်းတွင်းနာမည်ကြီးတွေ၏ ဂယက်ထအောင် လှုံ့ဆော်မှုက သူမကို မကြာခဏ ရှက်ရွံ့စေသော်လည်း ဤသည်မှာ သူမ၏မျက်လုံးကို အစာကျွေးရန် အခွင့်အရေးတစ်ခုလည်း ဖြစ်နေသည်။

ရှီလီသည် ခုံတန်းများကို ငုံ့ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးသွားရ၏။ [ငါ ပြီးကျမှ ရေကူးကန်ထဲကို ခိုးဝင်လိုက်ရမလား၊ ဒါမှမဟုတ် ရေကူးကန်ထဲကို ခိုးဝင်သင့်ရဲ့လား။ ]

သူမကို အဖော်ပြုပေးဖို့ သူများတွေကို တောင်းဆိုခြင်းက အနည်းငယ်တော့ ကိုးရိုးကားရားဆန်သည်။

ပြီးနောက် ခိုးဝင်ဖို့မလိုဘူးဆိုတာကို ရှီလီ နားလည်သွား၏။ - သူမ၏ အတန်းဖော်တွေကို အားပေးသည်ဟူသော တည်ရှိမှုအောက်ကနေ ဝင်သွားလို့ရပေသည်။

သူမသည် ရေကူးပြိုင်ပွဲ၌ ဝင်ပြိုင်မည့် အမျိုးသား အတန်းဖော်များနှင့် မရင်းနှီးသော်လည်း အမျိုးသမီး ဝင်ပြိုင်သူကတော့ သူမ၏သူငယ်ချင်းဟောင်းကြီး ရှီချွေ့ယွီ ဖြစ်နေ၏။

မျက်လုံးကို နေကာရင်း မုန့်စားနေသောရှီချွေ့ယွီမှာ ရှီလီ၏စိတ်ထဲကအသံကို ကြားလိုက်ရပြီးပြီးချင်း ကျောရိုးတလျှောက် စိမ့်တက်လာသလို ရုတ်တရက် ခံစားမိလိုက်ရသည်။ [အောင်မလေးလေး၊ ငါ့သူငယ်ချင်းကောင်းကြီး၊ ပြိုင်ပွဲမှာ သူမကို ငါ သွားအား မပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ ]

ဤအချိန်တွင် “သူငယ်ချင်းကောင်းကြီး” က သူမကိုပြောနေတယ် ဆိုတာကို ရှီချွေ့ယွီ မသိသေးပေ။

204 02

သို့သော် မကြာခင်မှာပဲ ရှီချွေ့ယွီ သိရှိလိုက်ရသည်။

အဘယ်ကြောင့်ဆို ရှီလီက ခဏတွင်းချင်း စကားဆက်လာတာကြောင့်ပင် [ချွေ့ယွီအတွက် ရေကူးတာက အရမ်းပင်ပန်းနေမှာ၊ ငါ ခုံတန်းတွေဘက်ကနေ သူမကို အားပေးသင့်တယ်၊ ပြိုင်ပွဲပြီးသွားရင် သူမ အားပြန်ပြည့်သွားအောင်လို့ အားဖြည့်အချိုရည် ပေးဦးမှပါ]

ရှီချွေ့ယွီသည် သူမ၏နာမည်ကို ကြားလိုက်ရတာကြောင့် လန့်ဖြန့်သွားကာ ငရုတ်သီးအချို့ကို မတော်တဆ ရှုသွင်းလိုက်မိသဖြင့် ချောင်းဆိုးလုနီးပါး ဖြစ်သွားရသည့်အထိပင်။ သူမနားတွင် ထိုင်နေကြသည့် အတန်းဖော်များက ရေတစ်ခွက် ငှဲ့ပေးလာပြီး ရှီချွေ့ယွီသည် အစပ်‌ကို ဖိနှိပ်ရန်အတွက် ရေအလုတ်များစွာ သောက်လိုက်ရ၏။

ရှီလီက တစ်စုံတစ်စုံကို ရယူချင်လျှင် သူမအကြောင်းအား တွေးလာလိမ့်မယ်ဆိုတာကို သူမ သိနေခဲ့သည်။

သူမ၏ အမြင်တွင် ရှီလီက ဖုန်းယွင်ဟယ် ပြိုင်ပွဲဝင်တာကို ကြည့်ရန်အတွက် ရေကူးကန်သို့ သွားချင်တယ်ဆိုတာ ရှင်းလင်းနေပြီး အနှီကိုယ်ကျင့်တရား ကောင်းပုံပေါ်သော ဆင်ခြေများဖြင့် ဖုံးကွယ်ထားနေရုံသာ။ သူမကို လာအားပေးမယ်။ ဘယ်သူ့ကိုမှ အရူးလုပ်လို့ရမှာ မဟုတ်ဘူး။

သရဲတောင် ယုံမှာမဟုတ်ဘူး။

ဒါပေမဲ့ ဒီလိုမရိုးဖြောင့်တဲ့ သူငယ်ချင်းကောင်းကြီးကို ရထားတာက သူမရဲ့ ဆိုးရွားတဲ့ကံပါပဲ။

ရှီလီက ခေါင်းညိတ်ကာ တွေးလိုက်သည်။[ဒါပေါ့၊ ရှီချွေ့ယွီ ပြိုင်ပွဲဝင်တာကို အဖော်ပြုပေးတာက သူမ ကောင်းဖို့အတွက်ပဲ၊ အဲဒါမှ သူမ ဖုန်းယွင်ဟယ်ရဲ့ ရုပ်ရည်ကြောင့် လှည့်စားမခံရမှာ]

လူတိုင်း သိကြသည့်အတိုင်း ရှီလီ၏ စိတ်ထဲကအတွေးတွေမှာ အနာဂါတ်၌ အမှန်တကယ်ဖြစ်လာဖို့ အလားအလာရှိပေသည်။

ထို့ကြောင့် အမှန်တရား တစ်ခုတည်းသာရှိ၏:ရှီချွေ့ယွီက ဖုန်းယွင်ဟယ်ကို ချစ်သွားပေလိမ့်မည်။

ရှီချွေ့ယွီ: တော်ကြပါတော့!

သူမ အတန်းဖော်တွေဆီမှ မယုံနိုင်ဖြစ်နေသော အကြည့်တွေကို လက်ခံရရှိလိုက်ရတော့ ရှီချွေ့ယွီမှာ ပြင်းထန်စွာ ရိုက်ပုတ်ကန်ကျောက်ပစ်လိုက်ချင်နေ၏။

ဒီအခြေအမြစ်မရှိတဲ့ ထင်ကြေးတွေက -ဘယ်လိုဖြစ်ပြီး ပြန်ပေါ်လာရပြန်တာတုန်း။

ရှီလီ ဤအကြောင်းက်ို ပြောခဲ့သည့် နောက်ဆုံး တစ်ခေါက်တုန်းက သူမ၏ အတွေးတွေကို ကြားနိုင်သည့်စွမ်းရည်အား တစ်တန်းလုံးရရှိသွားပြီး မရှေးမနှောင်းမှာဖြစ်သည်။

ထိုအချိန်တုန်းက ရှီချွေ့ယွီသည် အတင်းပြောရန်အတွက် ရှီလီ၏အိမ်သို့ သွားခဲ့တာဖြစ်ပြီးအနာဂါတ်တွင် သူမက ဖုန်းယွင်ဟယ်အပေါ် ကြိုက်လာလိမ့်မည် ဆိုတာကိုပဲ သိရှိခဲ့ရ၏။

ရှီချွေ့ယွီသည် ဤသတင်းကြောင့် ထိတ်လန့်သွားခဲ့ရပြီး ထိုညတုန်းက အိပ်မပျော်နိုင် ဖြစ်ခဲ့ရသည်။ ၎င်းမှာ မဖြစ်လာသေးတာတောင် သူမ၏ သမိုင်းကြောင်းဆိုးကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။

ဤအပြုအမူဖြင့် ယခုလိုပတ်ဝန်းကျင်တွင် ရုတ်တရက်ကြီး ပြောလာကတော့။

ရှီလီ၏အတွေးတွေကို ကြားနိုင်သည့်သူများမှာသူတို့၏ အတန်းဖော်တွေတင် မကဘဲ -အိမ်နီးချင်း အတန်းမှ ကျောင်းသားတွေလည်းသေချာပေါက် ကြားနိုင်မှာပင်။

ကယ်ကြပါဦး၊ ဒါ ရှက်ဖို့အရမ်းကောင်းတယ်။

ကသိကအောက်အဖြစ်ရဆုံးကတော့ ဖုန်းယွင်ဟယ်က မလှမ်းမကမ်းတွင် ထိုင်နေတာပင်။

ရှီလီလေး၊ နင် ဒိအကြောင်းကို ထပ်ပြောလာရင် “အားကစားတွေ့ဆုံပွဲ ရေကူးကန်မှ လူသတ်မှု” ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုငါ နင့်ကို ပြလိုက်မယ်။

ရှီချွေ့ယွီက လမ်းကြောင်းကိုကြည့်ကာ ‌ပြုံးနေပြီး စိတ်ကူးများကို ရုပ်လုံးဖော်ကာ ပြောလိုက်သည်: အချို့လူတွေက သေဆုံးနေပေမဲ့၊အသက်ရှင်ကြတယ်၊ အချို့ကတော့ အသက်ရှင်နေပေမဲ့ သေဆုံးနေကြပြီ။

204 03

ရှီချွေ့ယွီသည် စိတ်ထဲကနေပြီး ရှီလီကို မရေမတွက်နိုင်အောင် ကြိမ်ဒဏ်ပေးနေသော်လည်း ရှီလီက သူမ ပြိုင်ပွဲဝင်တာကို အဖော်ပြုပေးမည်ဟု ပြောလာချိန်မှာတော့ အပြင်ပန်း၌အံ့ဩမှုနှင့် ကျေးဇူးတင်ခြင်းကို ပြသလိုက်၏။

သေချာသည်မှာ တစ်မိနစ် ကြာသွားပြီးနောက် တစ်တန်းလုံးက သူမ၏ပြိုင်ပွဲကို လာကြည့်ရန် ဆုံးဖြတ်လိုက်ကြ‌တာနှင့် ရှီချွေ့ယွီ ဆက်မပြုံး နိုင်တော့ပေ။

ရှီချွေ့ယွီက ထုံထိုင်းနေသော အမူအရာဖြင့် ပြောလိုက်၏။ “အရမ်းဒုက္ခများမှာပဲ၊ ငါ လက်မခံနိုင်ဘူးနော်”

“နင်က ငါတို့အတန်းအတွက် ဂုဏ်ဆောင်လာပေးမှာလေ၊ ဘာလက်မခံနိုင်စရာရှိတာလဲ”

ရှီချွေ့ယွီ: ဟုတ်သား၊ ငါ့ကိုယ်သူ လူတိုင်းရှေ့မှာ အရှက်ရအောင် လုပ်မဲ့အစား အတန်းအတွက် ဂုဏ်ဆောင်ပေးလို့ ရတာပဲ။

ရှီချွေ့ယွီသည် သူမ၏ ရေကူးနှုန်းမှာ အတန်းဖော်များနှင့် ယှဉ်လျှင်တော့ သာတယ်လို့ ခံစားမိသော်လည်း အခြားအတန်းမှ ကျောင်းသားတွေ၏အဆင့်ကိုတော့ သူမ မသိထားပေ။ နောက်ဆုံးနေရာကို အပြီးသတ်တော့မည့်သူမအတွက် တစ်တန်းလုံးက လမ်းကြောင်းကနေ ရေကူးကန်အထိ လျှောက်လှမ်းလာကြမှာကို သူမ စိတ်ကူးယဉ်လိုက်သည်။

သူမ မှာလည်း မာနရှိပါတယ်နော်။

ရှီချွေ့ယွီ: "အဆင်ပြေတယ်၊ ငါ့ကို ရှီလီ အဖော်ပြုပေးနေရင် လုံလောက်ပြီ”

အဆုံးမှာတော့ ရှီလီက သူမကို အဖော်ပြုပေးမယ်လို့သာ ပြောခဲ့သော်လည်း တကယ်တမ်း ဘယ်သူ့ကို ကြည့်ချင်နေတာလဲဆိုတာကို ရှီချွေ့ယွီ သိနေသည်။ ရှီလီ၏ အကြည့်က သူမကိုယ်ပေါ်တွင် သုံးစက္ကန့်တောင် မကြာဘူးလို့ ခန့်မှန်းလိုက်သည်။

“ဒီနေ့လယ်ကျရင် မီတာ 3000 ပြိုင်ပွဲနဲ့ မီတာ 1500 ပြိုင်ပွဲရှိသေးတယ်။ ငါတို့အတန်းရဲ့ ထိုင်ခုံတွေကို အလွတ်ဖြစ်ခိုင်းထားလို့ မရဘူး”

တာဝေးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်အတန်းဖော်များကို ခုံတန်းတွေကနေပြီး အားပေးခြင်းကလည်း အလွန်အရေးကြီးသည့်တာဝန်တစ်ခုပင်။

အဆုံးတွင်မူ ရှီချွေ့ယွီ၏ ပြိုင်ပွဲကို လာကြည့်ကြမည့် လူအရေအတွက်မှာ အင်မတန် လျှော့ကျသွားပြီး မူလအရေအတွက်၏ တစ်ဝက်သာ ကျန်ရှိတော့သည်။

သို့ပေတည့် ရှီချွေ့ယွီကတော့ ဤသည်ကို အားပေးနေတယ်လို့ သိပ်ပြီးမခံစားမိပေ။ သူမ၏ စံနမူနာမြင်ကွင်းက ထိုနေရာတွင်ရှီလီ တစ်ဦးတည်းသာ ရှိနေဖို့ဖြစ်သည်။

လူတွေအများကြီးထဲမှာမှ ဘာလို့ ရှီလီကို ရွေးရတာလဲ။ သူမအတွက် ရှီလီက ထူးခြားတဲ့အဓိပ္ပာယ်ကို ကိုင်ဆောင်ထားလို့လား ဒါမှမဟုတ် ရှီလီကို သူမဘေးနားမှာထားရင် ခွန်အားတွေ ပြန်ပြည့်စေနိုင်လို့လား။

တစ်ခုမှ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုရှီလီက သူမ ယှဉ်ပြိုင်နေတာကို အလေးအနက်ထားပြီး မကြည့်နေဘူးဟု ခံစားနေရလို့သာ။

သေချာသည်မှာ ယခုလိုလှပသည့် စိတ်ကူး၏တိကျနေခြင်းသည် ဘယ်တော့မှ ဖြစ်မလာမှာဖြစ်တာကြောင့်ပင်။

လက်တွေ့မှာတော့ ရှီချွေ့ယွီသည် အေးစက်သော မျက်နှာထားဖြင့် ရေကူးကန်အစွန်းတွင် မတ်တပ်ရပ်နေသည်။ ရှီလီနှင့် အခြားအတန်းဖော်တွေက ရှေ့ဆုံးခုံတန်းတွင် ထိုင်နေကြ၏။

ရှီချွေ့ယွီ: ငါ ဘာလို့ မပြုံးနေရတာလဲ။ ငါ့ပင်ကိုယ်ကိုက မပြုံးတာလား။

All Chapters