အခန်း (၂၀၅-၂၀၈)
Vol. 11 Ch. 205-208
205 01
အခန်း ၂၀၅: တစ်ခါမှ မဖြစ်ဖူးတာဘဲရှိတာ၊မရှိဘူးလို့ ပြောလို့မရဘူး
ကျောင်းမှ ဦးစီးကျင်းပသော အားကစားတွေ့ဆုံပွဲ၌ အချစ်လေးများ၏ လုံခြုံရေးကို စိတ်ချစေရရန်အတွက် လုံခြုံရေးကို တင်းကြပ်ထားသဖြင့် တကယ့်အားကစား ပြိုင်ပွဲများ၏ လုပ်ငန်းစဉ်များနှင့် ယှဉ်၍မရပေ။
နေ့လယ်ခင်းတွင် ပထမဆုံးသော အစီအစဉ်မှာအမျိုးသမီး ဖရီးစတိုင် ရေကူးပြိုင်ပွဲဖြစ်ပြီး ရှီချွေ့ယွီ ပါဝင်မှာဖြစ်သည်။
ရှီချွေ့ယွီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အရမ်းမရှိသော်လည်း ယှဉ်ပြိုင်ချိန်မှာတော့ အားဖြည့်အချိုရည် ဆယ်ဘူးလောက်ကို သောက်ထားသလိုပင်။ တာတစ်ဝက်အထိ ရေကူးပြီးနောက် သူမသည် ဒုတိယနေရာရှိ ရေကူးသမားထက် ခန္ဓာကိုယ်တစ်ဝက်စာသာ ရှိနေလေပြီ။
ရွေးချယ်စရာဟူ၍ မရှိပေ၊ အုပ်စုအမှတ်နှစ်မှတ်က တွန်းအားဖြစ်နေပြီး ၎င်းနှစ်မှတ်ကို သူမ တကယ်လိုအပ်နေတာပင်။
ရှီချွေ့ယွီကို စိတ်ခွန်အားဖြစ်စေတာက အနှီရိုးရှင်းသော အမှတ်နှစ်မှတ်တင် မဟုတ်ဘဲ၊အတန်းဖော် တစ်ဝက်လောက်က သူမကို ကြည့်နေကြတာကြောင့် သူမကိုယ်သူမ အရှက်ရအောင် လုပ်မိနိုင်တယ်ဟူသော အတွေးကို သည်းမခံနိုင်တာကြောင့်လည်း ပါသည်။
ဤအတော်အတွင်း လေ့ကျင့်ခဲ့ခြင်းက တကယ့်ကို အကျိုးသက်ရောက်မှုရှိ၏။
မူလကတော့ ရှီလီသည် ရှီချွေ့ယွီ ပြိုင်ပွဲဝင်တာကို ဆင်ခြေတစ်ခုအနေနှင့် အဖော်ပြုပေးမည်ဟု တွေးခဲ့သော်လည်း ရှီချွေ့ယွီကို ဒီလောက်ထိ အရည်အချင်းရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ချေ။
ကနဦးတုန်းက ရှီချွေ့ယွီ ရွေးချယ်ခံရတော့ ရှီလီက ၎င်းကို အခြားစာရင်းပေးသူများက အလွန်ညံ့၍ ရှီချွေ့ယွီကို ဂျပုများကြားက အရှည်ဆုံးဟူ၍ ထင်ခဲ့သည်။
ပြိုင်ပွဲစကတည်းက ဦးဆောင်လာခဲ့သော ရှီချွေ့ယွီကို မြင်လိုက်ရတော့ ရှီလီမှာ အလွန်စိတ်လှုပ်ရှားသွားပြီး သံကုန်ဟစ်၍ အားပေးတော့သည်။
ရေကူးကန်ထဲ၌ ပြိုင်ပွဲတွင် အာရုံရောက်နေသည့် ရှီချွေ့ယွီသည် မည်သို့သော ပုံမှန် အခြေအနေမျိုးတွင်မဆို မကြားနိုင်ပေ။
သို့သော် ရှီလီ၏ အော်ဟစ်သံများက အလွန်ကျယ်လောင်လှသဖြင့် ရှီချွေ့ယွီ အနေနှင့်လျစ်လျူရှု၍ကို မရနိုင်တာပင်။
ဤအခိုက်အတန့်၌ ရှီချွေ့ယွီတွင် အခြား အတွေးတစ်ခု ရှိလာ၏: ဖုန်းယွင်ဟယ် အကြောင်းကို မပြောဘဲ၊ ရှီလီရဲ့ အခုလိုအားပေးသံကို ကြားနေရတာကမှ အခြားဟာတွေထက် ပိုကောင်းသေးတယ်။
ပြိုင်ပွဲဝင်နေသည့် အားကစားသမားများအတွက်ကတော့ ပြိုင်ပွဲချိန်က အရမ်းကြီးကြာရှည်တယ်လို့ မထင်ကြသော်လည်း ပွဲကြည့်သူများ အတွက်ကတော့ အလျင်အမြန် ပြီးဆုံးသွားတာဖြစ်သည်။
ပန်းတိုင်ကို အရင်ဆုံးရောက်သွားသည့်သူက ရှီချွေ့ယွီ ဆိုတာကို မြင်လိုက်ရတော့ ရှီလီမှာ အလွန်ယဉ်ကျေးမှုမရှိစွာဖြင့် မခုန်ပေါက်မိဘဲ မနေနိုင်တော့ပေ။
ရှီလီက အင်မတန် စိတ်လှုပ်ရှားနေတာကြောင့်စိ တ်လွတ်လက်လွတ် ပြုမူလာကာ သူမ၏ဘေးနားတွင် ထိုင်နေသော ဖူဟွေ့ရှင်း၏လက်မောင်းကိုဆွဲ၍ ထပ်ခါတလဲလဲ လှုပ်ယမ်းလိုက်သည်။ “နင်မြင်လား! ပထမနေရာ! အရမ်း မိုက်လိုက်တာ! ပထမနေရာဟ! မြင်ရဲ့လား”
ရှီချွေ့ယွီ၏ စိတ်ထဲတွင် အရင်ပေါ်လာသော အတွေးကလည်း “ပထမနေရာ၊ တော်တယ်၊နှစ်မှတ်” တို့ပဲ ဖြစ်သည်။
“အဲဒါ ငါ့သူငယ်ချင်း၊ အရမ်းတော်တာပဲ”
ရှီလီ၏ လက်မောင်းဆွဲထားခြင်းကို ခံနေရသော ဖူဟွေ့ရှင်းမှာ တောင့်တင်းနေပြီး သူမကို အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ပေ။
ဖူဟွေ့ရှင်းဆီက တုံ့ပြန်မှုကို မရလည်း ရှီလီက အားမလျော့သွားပေ။
သူမ နောင်တတစ်ချို့ဖြင့် ပြောလိုက်၏။ “ငါတို့တွေ ပန်းစည်း ယူလာလိုက်ရမှာ”
ယခုချိန်၌ ရှီလီသည် သူမ၏ မူမမှန်ခြင်းကို သတိမထားမိသေးဘဲ အရင်ဆုံး သတိထားမိသွားသော ပထမဆုရသူ ရှီချွေ့ယွီကို သွားမတွေ့ခင်အထိပင်။
ရှီချွေ့ယွီမှာ ခြေကုန်လက်ပန်းကျလုနီးပါး ဖြစ်နေသော်လည်း မတ်တပ်ရပ်၍ ဆုလက်ခံယူနိုင်သေးကာ မာနမကြီးသော်လည်း စင်မြင်ပေါ်တွင် ချုံးချုံးကျနေသည့် ပုံစံမျိုးပေါက်မနေချင်တာကြောင့် ဖြစ်သည်။
205 02
ရှီချွေ့ယွီက သဘက်အဖြူအကြီးကြီးကို ပတ်ထားပြီး လည်းပင်းထက်တွင် ရွှေတံဆိပ်ဆုကို ဆွဲထားသည်။
ရှီလီက သူမလည်ပင်းပေါ်ရှိ ရွှေတံဆိပ်ဆုကြီးကို ထိကြည့်ပြီး ချီးကျူးလိုက်သည်။ “နင် အရမ်းတော်လိုက်တာ”
ရွှေတံဆိပ်ဆုကို အနိုင်ရရှိသူ ရှီချွေ့ယွီ၏မျက်နှာထက်မှ အပြုံးမှာ အေးခဲသွားတော့၏။ “နင့်အသံ”
ရှီလီက ကိုယ့်လည်ချောင်းကိုထိပြီး သူမပြောလိုက်တာကို လိုက်ပြောလိုက်၏။ “ငါ့အသံ”
ထိုတော့မှသာ သူမ အချိန်နှောင်းမှ နားလည်သွားတော့သည်။ “ဘာလို့ ငါ့အသံက ဒေါ်နယ်ဒက်နဲ့ တူနေတာလဲ”
ရှီချွေ့ယွီက မျက်လုံးလှိမ့်လိုက်ပြီး “နင်ခုနတုန်းက အော်ပုံမျိုးနဲ့ဆို၊ သံနဲ့လုပ်ထားတဲ့ လည်ချောင်းတောင် ခံနိုင်မှာ မဟုတ်ဘူး”
ရှီလီ: “နင်ကြားလိုက်တယ်”
ရှီချွေ့ယွီ, “အင်း၊ ကြားရုံတင် မဟုတ်ဘူး၊နင့်အော်သံတွေက ငါ့ကို အားတွေပါ ပြည့်သွားစေတာ”
ရှီလီက ဗြောင်ကျကျပြောလိုက်၏။ “ဒီဟာရဲ့ဂုဏ်ယူစရာတစ်ဝက်က နင့်ဟာ၊ ကျန်တာကိုငါ ပိုင်တယ်”
သူမသည် အသံနာနေသော်လည်း အနားယူရမည့်အစား ယခုချိန်တွင် ရှီချွေ့ယွီနှင့် ပေါက်ပေါက်ဖောက်နေလေသည်။
ရှီလီ၏ လည်ချောင်းက အချိန်ကိုက် သတိပေးလာပြီး အောင်အောင်မြင်မြင် နှစ်ကြိမ်ခန့် ချောင်းဆိုးပြီးနောက် အသံဝင်သွားတာကို ဝမ်းနည်းဖွယ်ကောင်းစွာ သိရှိလိုက်ရတော့၏။
အခြေအနေပေးလာတော့ ရှီလီနှင့် ချန်ပီယံဆုကို အနိုင်ရသွားသည့် အချစ်ဆုံးသူငယ်ချင်းမှာ ခုံတန်းများ၏ အနားရှိ ဖြတ်သွားဖြတ်လာအတန်းဖော်များကို TV ဒရာမာထဲက ဂန္တဝင်ဇာတ်ဝင်ခန်းတစ်ခုဖြင့် ဖျော်ဖြေလိုက်ကြ၏။
ရှီလီ၏အသံက လေသံလောက်သာ ထုတ်နိုင်တော့၏။ “ပေါင်ကျွမ်း၊ ငါ့အသံ~”
ရှီပေါင်ကျွမ်း (ချွေ့ယွီ) က လောလောလတ်လတ် အသံဝင်နေသော ဧကရီရှီကို သူတို့၏ယခင်နေရာသို့ ပြန်ပို့ဆောင်ပေးလိုက်သည်။
ရှီချွေ့ယွီသည် သူမ၏ အတန်းဖော်တွေဆီ ပြန်ရောက်တော့ မကြုံစဖူး ဆက်ဆံမှုတစ်ခုကို လက်ခံရရှိလိုက်သည်။
လူတိုင်းင သူမကို အရမ်းတော်သည့်အတွက် ချီးကျူးနေကြပြီး အချို့အတန်းဖော်များက ရွှေတံဆိပ်ဆုကို ထိတွေ့ချင်နေကြသည်။ ရှီချွေ့ယွီက သူတို့တွေ ကိုင်လို့ရအောင်လို့ ရွှေတံဆိပ်ဆုကို ရက်ရက်ရောရော ကမ်းပေးလိုက်သည်။
၎င်းကို သူတို့တွေ လွတ်လွတ်လပ်လပ် ကိုင်တွယ်ကြည့်၍ရသော်ငြား အခြေအနေတစ်ခုတော့ရှိ၏။ သူမကို ပြန်ပေးရမှာပင်။
ဆုတံဆိပ်ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားလို့ ၎င်းကိုခွဲခွာရန် သူမ တွန့်ဆုတ်နေတာတော့ မဟုတ်ပေ။
ဤသည်မှာ သူမ ရွှေတံဆိပ်ဆုရဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ကာ ထူးခြားသောရည်ရွယ်ချက်ကို ဆောင်ကြဉ်းထားတာကြောင့်ဖြစ်သည်။ အနာဂါတ်မှာ ၎င်းကို မိသားစုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းပေး၍ရသည်။
ဤသည်မှာ အချိန်ကြာသွားပြီးသည့်နောက် အမျိုးသား ဖရီးစတိုင် ရေကူးပြိုင်ပွဲအတွက် အချိန်ကျရောက်လာခဲ့၏။
ရောထွေးနေသော “အဖြူရောင်ကြက်သားတုံး” များကို လျစ်လျူရှုလိုက်ပါက ရေကူးကန်ထဲ၌ မျက်စိပဒေသာဖြစ်စရာ ခြေတံရှည်များဖြင့်ပြည့်နှက်နေလေ၏။
ရှီလီသည် လက်ပေါ် မေးစေ့တင်ထား၍ မသိလိုက်ဘဲ သွားရည်ကျနေမိသည်။
ရေကူးပြိုင်ပွဲက မျက်စိအစာကျွေးစရာပွဲတော်ကြီးပင်ဖြစ်၏။
205 03
[တတိယမြောက် လမ်းကြောင်းက ကောင်လေးက အရမ်းချောလိုက်တာ]
[ဟယ်လို၊ မစ္စတာညိုချော]
ရှီလီမှာ စကားမပြောနိုင်တာကြောင့် သူမ၏စိတ်ထဲက အတွေးတွေမှာ ပိုပြီးတော့တောင် မကြာခဏ ထွက်ပေါ်လာတော့သည်။ ဒါပေါ့၊ ဤအတွေးတွေထဲတွင် သူများတွေကြားလို့ မရတာကို ဆင်ဆာဖြတ်ဖို့ လိုအပ်ပေသည်။
ရှီလီ၏ စိတ်ထဲကအသံမှာ သူမ အော်ဟစ်နေခဲ့တုန်းကထက် ထိုးဖောက်နိုင်စွမ်း ပိုကြီးသည်။
[ငါ အရင်တုန်းက သတိမထားမိခဲ့ဘူး။ ဖုန်းယွင်ဟယ်ရဲ့ ဖင်က တော်တော်ကောက်တာပဲဟ]
ဖုန်းယွင်ဟယ်သည် အပေါ်ယံသွင်ပြင်အပေါ် ဝေဖန်သူများ၏ သက်ရောက်ခြင်းကို အလွယ်တကူ မခံသော်ငြား ရှီလီက ပုံမှန်လူတစ်ယောက် မဟုတ်ပေ။
[သူ မထောင်နိုင်တာကတော့ အရမ်းဆိုးတာပဲ]
ဖုန်းယွင်ဟယ်: ဒါ အသရေဖျက်တာပဲ၊တရားရုံးရောက်ရင် မင်းရဲ့ ပါးစပ်ပုပ်ကြီးကိုပါ ယူလာဖို့ မမေ့နဲ့!
အခြားသူများ: !!! ပြင်းလိုက်တာ။
သတိမထားမိနိုင်သော ထောင့်တစ်နေရာတွင် ဖူဟွေ့ရှင်းက နှုတ်ခမ်းထောင့်ကို အထက်သို့ တိတ်တဆိတ် ပင့်လိုက်၏။
ရှီလီ၏ စိတ်ထဲကအသံတွင် အနာဂါတ်ကို ခန့်မှန်းနိုင်သည့် စွမ်းရည်ရှိနေတာကို ဖုန်းယွင်ဟယ် မှတ်မိသွားသည်။
ယခုချိန်တွင် သူ “ထောင်နိုင်တယ်” ဆိုတာကအင်မတန် ရှင်းလင်းနေသော်လည်း အနာဂါတ်တွင် မတော်တဆ တစ်ခုခုဖြစ်သွားလို့ မထောင်နိုင်တော့တာလား။
ဘယ်ယောက်ျားကမှ ကံခေမှုနှင့် ဆက်နွှယ်နေတာကို မလိုချင်ပေ၊ အထူးသဖြင့် ၎င်းက အနာဂါတ်တွင် ပန်းသေနိုင်သော ဖြစ်နိုင်ခြေဖြစ်နေကာ အတွင်းရေးကိစ္စကို အတန်းဖော်တွေ အများကြီး ကြားကုန်သည့် အခါမျိုးပင်။
ရှီချွေ့ယွီက သူမ၏ ဆံမြိတ်တွေကို လှန်လိုက်ရင်း တွေးလိုက်၏။ “ငါ့ထက် ရှက်စရာကောင်းတဲ့ ကိစ္စက ဒီနေ့ ဖြစ်သွားပြီပဲ၊ ဟားဟား ကျေးဇူးပဲ ဖုန်းယွင်ဟယ်ရေ၊ စိတ်မပူနဲ့၊ပန်းသေနေတဲ့ ယောက်ျားကို ငါ မကြိုက်ဘူး”
[သူက သားယောက်ျားလေးတွေပဲ ရနိုင်တာဆိုတော့ ချို့ယွင်းနေတာနဲ့ မတူဘူးလား။ ]
မူလဝတ္ထု၏အခန်းပိုတွင် ဖုန်းယွင်ဟယ်နှင့်လျန်ရုန်ရုန်တို့က သုံးနှစ်အတွင်း ကလေးနှစ်ယောက် မွေးခဲ့သော်လည်း နှစ်ယောက်စလုံးက ယောက်ျားလေးတွေချည်းပင်။ စုံတွဲကနူးညံ့ပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ကို အင်မတန် လိုချင်နေကြသော်လည်း သူတို့တွင် မိန်းကလေးရရန် ကံမပါလာခဲ့ကြပေ။ သူတို့၏ တတိယကလေးကိုတော့ သမီးဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသော်လည်း ယောက်ျားလေး ဖြစ်နေပြန်ခဲ့၏။ ဤအခြေအနေတွင် နှစ်ယောက်သားမှာ သူတို့၏ ကံကြမ္မာကို နောက်ဆုံးတော့ လက်ခံလိုက်ကြရပြီး မိန်းကလေး မွေးချင်သည့် ဆန္ဒကို လက်လွတ်ခဲ့ရသည်။
ဖုန်းယွင်ဟယ် စိတ်အေးစွာ သက်ပြင်းချလိုက်၏၊ အနည်းဆုံးတော့ အဲ့လိုချို့ယွင်းနေတာမျိုး မဟုတ်ဘူးဘဲ။
ဖူဟွေ့ရှင်း၏ နှုတ်ခမ်းများမှာ အပေါ်သို့ ကွေးတက်နေဆဲဖြစ်ပြီး မိန်းကလေး မရနိုင်သော ယောက်ျားတစ်ယောက်က အသုံးမကျသည့်လူနှင့် မခြားဘူးဟူ၍ တွေးနေ၏။
ပြိုင်ပွဲကွင်းပြင်ထဲတွင် စက္ကန့်တိုင်းက အကျုံးဝင်ပေသည်။ စက္ကန့်အနည်းငယ်မျှ နှောင့်ယှက်ခံလိုက်ရတာနှင့် ပြိုင်ပွဲရလဒ်များအပေါ် သက်ရောက်မှုရှိစေမှာဖြစ်ပြီး ဖုန်းယွင်ဟယ်လို ပွဲတလျှောက်လုံး နှောင့်ယှက်ခံနေရတာမျိုးကို ပြောစရာပင် မလိုတော့ချေ။
ရလဒ်က ရှီလီအတွက် အတော်လေး ထင်မှတ်မထားတာ ဖြစ်သွားခဲ့၏။ ဖုန်းယွင်ဟယ်က ပထမနေရာ မရခဲ့သလို၊ ထိပ်ဆုံးသုံးဦးထဲ မဝင်ခဲ့ကာ ပဉ္စမနေရာကိုတောင် ကပ်သီးလေး အနိုင်ရသွားတာပင်။
205 04
ပထမရသွားသူကတော့ အစောပိုင်းတုန်းက ရှီလီ ချီးကျူးခဲ့သော အခန်း 7 ၏ အတန်းခေါင်းဆောင်ဖြစ်ကာ ရယ်လိုက်လျှင် သွားစွယ်လေးများ ပေါ်လာသည့် ညိုချော ဖြစ်သည်။
ဖုန်းယွင်ဟယ်၏ စိတ်အခြေအနေမှာ အင်မတန် ရှုပ်ထွေးနေတော့၏။ ၎င်းမှာ ပထမဆုံးအကြိမ်အနေနှင့် သူယုံကြည်ချက်ရှိနေသော အစီအစဉ်တစ်ခုတွင် ချန်ပီယံဆုကို မရရှိလိုက်ရလို့ မဟုတ်ဘဲ၊ ရှီလီ၏ သူ့အပေါ်အပြုအမူက သူမ သူ့အပေါ်တွေ တကယ်ရော ခံစားချက်တွေ ရှိနေတာလား ဆိုတာကို မသေချာတာကြောင့်ပင်။
အားကစားတွေ့ဆုံပွဲ မစခင်က စိတ်ဓာတ်ခွန်အားကို လှုံ့ဆော်ပေးသည့် ဟောခန်းထဲတွင် ခင်မင်မှုက ဦးစားပေးဖြစ်၍ ယှဉ်ပြိုင်မှုကဒုတိယဟူ၍ အတန်းပိုင်က အတန်းကို မှာကြားခဲ့၏။ အဆင့်တွေအပေါ် ပြိုင်ဆိုင်ရရေးအတွက် သူတို့ကိုယ်သူတို့ ကာကွယ်ကာ ထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းရမည်ဖြစ်ပြီး အားကစားစိတ်ဓာတ်ကို လိုက်နာရမည်ဖြစ်သည်။
အခန်း 1 မှ အဖွဲ့ဝင်တိုင်းဟာ သူတို့ဆရာ၏အကြံပေးချက်အတိုင်း လိုက်နာကျင့်သုံးခဲ့ကြတာကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေ။
အားကစားတွေ့ဆုံပွဲတွင် အလွန်အမင်း ကျယ်လောင်စွာ အားပေးမှုကြောင့် ယာယီအသံဝင်သွားသည့် အခန်း 1 မှ တစ်ဦးတည်း သော ကံဆိုးသူဖြစ်လာသည့် ရှီလီမှလွဲ၍ပင်။
အားကစားတွေ့ဆုံပွဲတွင် ချော်လဲခြင်း၊ ခြေကျင်းဝတ်လည်ခြင်း သို့မဟုတ် မတော်တဆ လက်မောင်း အဆစ်လွဲသွားခြင်းတို့ကြောင့် ဆေးခန်းရောက်သွားသော အချို့ကျောင်းသားတွေလည်း ရှိသေးသည်။
သို့ပေတည့် ရှီလီလိုမျိုး အင်တိုက်အားတိုက် အားပေးခြင်းကြောင့် အသံဝင်သွားကာ ဆေးခန်းသို့ရောက်သွားသည့် ကိစ္စမျိုးကိုမူ မရှိဘူးလို့တော့ ပြော၍မရဘဲ ထိုအစားကျောင်းကို စတင်တည်ထောင်ခဲ့ကတည်းက တစ်ခါမှ မဖြစ်ဖူးသေးတာပင်။
******
206 01
အခန်း ၂၀၆: ဘာအမှားအယွင်းမှဖြစ်မှာ မဟုတ်ဘူး
ချန်ဖူအထက်တန်းကျောင်း၌ တစ်ကျောင်းလုံးဆိုင်ရာ အားကစားတွေ့ဆုံပွဲကို နှစ်ရက်ကြာကျင်းပခဲ့ပြီး သောကြာနေ့ နေ့လယ်ခင်းတွင်ပြီးဆုံးခဲ့၏။
သူတို့အတန်းပိုင်၏ ထူးခြားကောင်းမွန်သော လမ်းညွှန်မှုကြောင့် အထက်တန်းကျောင်း ဒုတိယနှစ် အခန်း 1 သည် အားကစားတွေ့ဆုံပွဲ၌ သူတို့၏ အဆင့်တွေကို ထိပ်ဆွဲထားနိုင်ခဲ့လေသည်။
အတန်း၏ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုကို အတန်းပိုင်က စင်ပေါ်တက်၍ ဆုဖလားအား လက်ခံယူရသည့် အခွင့်အရေးကို ရရှိခဲ့၏။
ဤအားကစားတွေ့ဆုံပွဲကတော့ လူတိုင်းကိုအကျိုးရှိစေခဲ့တာပင်။
အတန်းပိုင်သည် သူ့ဆုဖလားကို ရုံးခန်းထဲကအမြင်သာဆုံးနေရာတွင် ထားထား၏။
သူသည် တစ်စုံတစ်ယောက်နှင့် စကားပြောဆိုတိုင်း မရှင်းပြမိလောက်အောင် ထိုအကြောင်းအား ပြောပေလိမ့်မည်။ “ဒီနှစ် အားကစားတွေ့ဆုံပွဲရဲ့ အဖွဲ့လိုက်ပြိုင်ပွဲမှာ ကျွန်တော်တို့အတန်းက ပထမရသွားတာကို ခင်ဗျားတို့ ဘယ်လိုလုပ်သိတုန်း”
သူသည် ခေါင်းယမ်း၍ ဆက်ပြောပေလိမ့်မည်။ “ဒီကလေးတွေကို စာအုပ်ထဲ နှာခေါင်းနှစ်နေဖို့လောက်ပဲ သိတယ်လို့ ထင်ထားတာဗျာ။ အားကစားမှာ အလွန်သွက်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အစက သူတို့ကို အနိုင်ရလိမ့်မယ်လို့ မထင်ထားဘူး။ ဘိတ်ချေးမရဖို့ဘဲ မျှော်လင့်ခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ သိကြတဲ့အတိုင်း ကျွန်တော်တို့ကလေးတွေက အဆင့်တွေကောင်းတော့ အားကစားမှာ ပါရမီသိပ်မရှိလောက်ဘူးလို့ ခင်ဗျားတို့ ထင်ထားရင် ပုံမှန်ပါပဲ”
ကျောင်းရှိ ဆရာအများအပြားမှာ သူ့ဆီက ရွှန်းရွှန်းဝေအောင် ပြောဆိုခြင်းကို ကြားသိပြီးကြပြီဖြစ်၍ လုပ်ဖော်ကိုင်ဖက်ကို လေးစားသောအားဖြင့် ယဉ်ကျေးသော အပြုံးကိုသာ ထိန်းသိမ်းထားကြသည်။
ဘေးခန်းမှ အခန်း 2 ၏ အတန်းပိုင်မှာဤအကြောင်းကိုကြားတော့ စိတ်မထိန်းနိုင်တော့ဘဲ တွေးလိုက်၏။ “ငါတို့ကလေးတွေကိုကျတော့ စာလုပ်ဖို့လောက်ပဲသိတဲ့ စာဂျပိုးတွေလို့ ပြောလိုက်တာ မဟုတ်လား”
အခန်း 2 က အဆင့်ကောင်းသော ကျောင်းသားများရှိသည့် တန်းမြင့်အတန်းဖြစ်သဖြင့် ဤအားကစားတွေ့ဆုံပွဲ၌ ဘိတ်ချေးရခဲ့တာပင်။
အခန်း 2 ၏ ဆရာမှာ သူ့လုပ်ဖော်ကိုင်ဖက်နှင့်တကယ့်ကို အချင်းပွားလိုက်ချင်သော်လည်း ၎င်းက စကားအနည်းငယ်သာဖြစ်တာကို နားလည်သွားပြီး အကယ်၍ ယခုလို အသေးအမွှားကိစ္စလေးကို စိတ်ဆိုးမိသွားပါက ကျောင်းအုပ်အရှေ့တွင် သူ့ပုံရိပ်အပေါ် သက်ရောက်မှုရှိသွားစေလိမ့်မည်။ အဆုံးတွင်မူ သူ့ဂုဏ်သိက္ခာကို မြိုချ၍ ဘာမှ မပြောတော့ချေ။
အတန်းထဲသို့ ပြန်ရောက်တော့ သူ့ကျောင်းသားတွေကို ဒီထက်မက ပိုကြိုးစားအောင်လို့ တွန်းအားပေးခဲ့ပြီး အတန်းထဲက ထိပ်တန်းကျောင်းသားတွေအပေါ်မှာ မျှော်လင့်ချက်တွေ ပိုထားခဲ့သည်။
သူသည် တန်းမြင့်အတန်းအတွက် အဆင့်နေရာတွင် ထိပ်ဆုံးနေရာများကို ရယူရန်သူတို့အား လေ့ကျင့်ခန်းမေးခွန်းတွေကိုပိုပြီးတော့ ဝင်ပြိုင်စေချင်သည်။
အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော အတန်းလဲ သည့် ရိုးရာစနစ်အရ၊ အတန်းထဲရှိ ထိပ်တန်းကျောင်းသား အယောက်သုံးဆယ်က တန်းမြင့်အတန်းထဲ ရွှေ့ပြောင်းရမှာ ဖြစ်သည်။ အနာဂါတ် စာမေးပွဲများ၌ သာမန်အတန်းတွေမှကျောင်းသားတွေလည်း အမှီလိုက်နိုင်လာပြီး တန်းမြင့်အတန်းထဲမှ ကျောင်းသားအချို့မှာ အရှိန်ကျလာနိုင်သော်လည်း အနည်းဆုံးတော့ အတန်းထဲရှိ ထိပ်တန်းကျောင်းသားနှစ်ဆယ်က တန်းမြင့်အတန်းမှ ဖြစ်နေပေဦးမှာပင်။
ယခုကတော့ အတန်းထဲရှိ ထိပ်တန်းကျောင်းသားက တန်းမြင့်အတန်းထဲမှာ ရှိမနေသည့်အပြင် ထိပ်တန်းဆယ်ယောက်ထဲတွင် လေးယောက်က သူတို့အတန်းမှ မဟုတ်ပေ။
အခန်း 2 မှ ဆရာအတွက်ကတော့ ဤကွာဟချက်က အတော်လေး ကြီးမားလှသည်။
ကောင်းစွာလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ခြင်းကို ခံထားရသော ကျောင်းသားများမှာ သူတို့အတွက် ဒေါ်လာရာချီပေးထားပြီး ပညာပေး ဟောပြောပေးရန်အတွက် နိုင်ငံ့ဘီလီယံနာ တစ်ဦးအား ဖိတ်ခေါ်ခိုင်း နေသလို ခံစားလိုက်ကြရ၏။ ဤသည်က ကျိုးကြောင်းဆီလျော်မှု ရှိရဲ့လားဆိုတာကို သူတို့တွေ သိချင်မိကြသည်။
206 02
သူတို့နှင့် ရှီလီကြားတွင် အမှတ်သုံးဆယ်နီးပါး ကွာဟနေလေ၏။ အနှီ အမှတ်သုံးဆယ်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ နီးကပ်အောင် လုပ်နိုင်မှာတဲ့လဲ။
လက်တွေ့တွင် အခန်း 1 နှင့် အခန်း 2 မှကျောင်းသားများကြား ဆက်ဆံရေးမှာ သီးသန့်၌ အတော်လေး ကောင်းမွန်တာပင်။ နွေရာသီ အားလပ်ရက်တုန်းက အခန်း 1 မှကျောင်းသားများမှာ အတန်းချိန်တွေအတွက် ကျောင်းသို့ ပြန်လာခဲ့ကြစဉ်က တစ်ထပ်လုံးတွင် အခန်း 1 နှင့် အခန်း 2 သာ ရှိခဲ့ကြတာဖြစ်သည်။
တန်းမြင့်စာပေအတန်းကလည်း အတန်းချိန်တွေ ရှိခဲ့သော်လည်း သူတို့က အပေါ်ထပ်မှာ ဖြစ်သည်။
အဆုံးမှာတော့ အခန်း 1 နှင့် အခန်း 2 မှကျောင်းသားများသာ အတူကစားခဲ့ကြ၏။
နွေရာသီ ပိတ်ရက်တုန်းက အခန်း 2 တွင်လူဦးရေ ပိုများခဲ့ကာ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ကြသော်လည်း ပြဿနာတက်တိုင်း ရှီလီဆီကိုတော့ သွားပြီးမမေးဘဲ မနေနိုင်ကြချေ။
ကြောင်တွေကို အတူတူမွေးစားခဲ့ကြသည့်သံယောဇဉ်လည်း ရှိနေခဲ့တာကြောင့် အတန်းနှစ်တန်း၏ ဆက်ဆံရေးမှာ အခန်း 2 ၏ဆရာထင်ထားတာထက် ပိုကောင်းမွန်လေသည်။
အခန်း 2 ၏ဆရာက အနည်းငယ် မရင့်ကျက်ကာ သူ့ကျောင်းသားတွေက ကွယ်ရာတွင် အိမ်နီးချင်း အခန်း 1 ကို မျက်မုန်းကျိုးနေလိမ့်မည်ဟု တွေးထားလေ၏။
လက်တွေ့မှာတော့ မျက်မုန်းကျိုးခြင်းမရှိဘဲ နှစ်တန်းစလုံးက ကျောင်းသားများမှာ အတော်လေး သင့်မြတ်နေကြတာပင်။
နှစ်တန်းလုံးတွင် သီးသန့် အုပ်စုဖွဲ့ စကားပြောခန်းတောင်ရှိကြပြီး အခန်း 2 ဆရာက သူ့ကျောင်းသားတွေကို လမ်းညွှန်ပေးအပြီးမှာ အခြားအတန်းမှ ကျောင်းသားတွေလည်း ထိုအကြောင်းကို သိခဲ့ကြသည်။
ရှီလီလည်း သူမ၏ပထမနေရာကို အိမ်နီးချင်းအတန်းမှ ကျောင်းသားများစွာက မျက်စိကျနေတယ်ဆိုတာကို သိရှိလိုက်ရပြီး လွှမ်းမိုးခံ လိုက်ရသလို အလျင်အမြန် ခံစားလိုက်ရ၏။
သို့သော် ဤအရာအားလုံးက အတန်းပိုင်၏ကြွားလုံးထုတ်နေသော ချစ်ခြင်းကနေ မြစ်ဖျားခံလာတာဖြစ်သည်။
ဤအားကစားတွေ့ဆုံပွဲက အတန်းပိုင်ကိုဆုဖလားတစ်ခု ရသွားစေခဲ့သည်။
အတန်းထဲရှိ အချို့ကျောင်းသားများမှာအားကစားတွေ့ဆုံပွဲ၏ အစီအစဉ်များတွင် နေရာရခဲ့ကြသဖြင့် အကြွေးတင်နေသော အမှတ်များကို ဆပ်နိုင်ခဲ့သည့်အပြင် ပိုလျှံခဲ့လေသည်။
အားကစားတွေ့ဆုံပွဲ ပြီးဆုံးသွားနောက်အတန်းပိုင် စိတ်ကောင်းဝင်နေတာကို မြင်တွေ့နေရသဖြင့် အချို့ကျောင်းသားတွေက ၎င်းကို အခွင့်ကောင်းယူကာ တစ်တန်းလုံးကို အစားအသောက်တွေ လိုက်ကျွေးဖို့ တိုက်တွန်းခဲ့ကြသည်။
အတန်းပိုင်၏ လစာကမနည်းသလို လစာ အပြင် ဘောနပ်စ်ကြေးပါ ထပ်ရလေသည်။ ဤတစ်နပ်စာက သူ့အတွက် မပြောပလောက်သော်လည်း ပိုက်ဆံရှင်းရမည့်အချိန် ရောက်လာတော့ သူ့အသည်းနှလုံးတွေ လှီးဖြတ်ခံနေရသလို နာကျင်နေသကဲ့သို့ ဟန်ဆောင်နေဆဲပင်။
သူ၏ စေ့စပ်သော ဤအမူအရာက တစ်တန်းလုံးကို အူမြူးသွားစေသည်။
စားသောက်ပြီးနောက် အမျိုးသားနေ့ ပိတ်ရက်တိုက ရောက်ရှိလာခဲ့တော့သည်။
သူတို့သည် အားကစားတွေ့ဆုံပွဲ ကျင်းပသည့်နှစ်ရက်၌ အတန်းတွေတက်စရာ မလိုသော်ငြားအပြင်ဘက်၌ တစ်ချိန်လုံး ပြေးလွှားနေခဲ့ကြ၏။ အိမ်သို့ပြန်ပြေးလာပြီး သူတို့၏ အက်ပ်များက ခြေလှမ်းရေတွက်တာကို ကြည့်လိုက်တော့ ခြေလှမ်းပေါင်း 20,000ကျော်နေလေ၏။
သူတို့အားလုံး အိမ်ပြန်ရောက်တော့ နှစ်ရက်လောက် ကောင်းကောင်းကြီး အနားယူချင်မိကြသည်။
သို့ပေတည့် ပိတ်ရက်၏ ပထမဆုံးရက်တွင် ရှီလှ၏ အိပ်မည့်အကြံက ပျက်သွားသည်။
206 03
မနက်စောစောစီးစီး၌ ဟွမ်ကျဲက အိပ်ရာဘေးတွင် မတ်တပ်ရပ်၍ သူမကို မေးလာသည် “ကျီမိသားစုရဲ့ အကြီးဆုံးသားက ဒီနေ့လက်ထပ်မှာတဲ့။ သမီး သွားမှာလား”
အစကတော့ သူမသည် ဤအကြောင်းကို သမီးဖြစ်သူအား မနေ့ညကတည်းကပြောရန် စီစဉ်ထားခဲ့သော်ငြား ရှီလီတွင် အတန်းချိန်ရှိနေ၍ အလွန်နောက်ကျမှ ပြန်ရောက်လာတာကြောင့် ထိုအချိန်ကျတော့ ဟွမ်ကျဲက မေ့လျော့သွားချေပြီ။
ယခုမနက် မနက်စာစားတော့မှ ရှီအဖေသည်သူတို့သမီးက ခုနောက်ပိုင်း စာအရမ်းကြိုးစားနေတာကြောင့် ဒီနေ့ သူမကို ခေါ်မသွားတော့ဘဲအိမ်မှာ အနားယူခိုင်းသင့်တယ်ဟု ပြောလာမှ သတိရသွားခဲ့သည်။
ဟွမ်ကျဲသည် သူမသမီးကို အခုနောက်ပိုင်း ပိုပြီးတက်ကြွလာသလို ခံစားမိနေပြီး သူမလှုပ်ရှားချင်သလား သို့မဟုတ် ခရီးအပိုထွက် ဖို့ဆန္ဒရှိမလားဆိုတာကို မသေချာတာကြောင့် သွားမေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ရှီလီက အိပ်ချင်မူးတူးဖြင့် မျက်စိကိုပွတ်လိုက်ပြီး လုံးလုံးလျားလျားကြီးကို ခေါင်းရှုပ်နေသည့်ပုံပေါ်ကာ ဟွမ်ကျဲကို မေးလိုက်သည်။ “အမေ၊ ခုနက ဘာပြောလိုက်တာလဲ”
သူမသမီး၏ ပုံစံမှာ အိပ်ရာကနိုးလာတိုင်း မိသားစုထဲက အငယ်ဆုံးကြောင်လေးနှင့် တထေရာတည်းတူပြီး ဟွမ်ကျဲ၏ နှလုံးသားကို အရည်ပျော်ကျသွားစေသည်။ သူမ လေသံကိုညင်သာလိုက်ပြီး မေးလိုက်သည်။ “ခဏနေရင် အဖေနဲ့အမေ မင်္ဂလာပွဲ သွားမလို့။ ကျီမိသားစုရဲ့ အကြီးဆုံးသားလေ။ ဒီရက်တွေမှာ သမီး အရမ်းပင်ပန်းနေရင် မသွားချင်လည်း ရတယ်နော်။ အိမ်မှာပဲ နားနားနေနေ နေလို့ရတယ်” ဟွမ်ကျဲက သမီးဖြစ်သူအတွက် ဆင်ခြေတစ်ခု ရှာပေးလိုက်သော်လည်း ရှီလီက မတ်မတ်ထိုင်ပြီး ပြောလာ၏။ “အမေ၊ သမီး သွားချင်တယ်” ဟွမ်ကျဲသည် သူမသမီး၏ ရုတ်တရက်ဆန်သော တုံ့ပြန်ပုံကြောင့် ပဟေဠိဖြစ်သွားကာ“အင်း၊ အဲ့တာဆိုလည်း အချိန်ယူပြီး အဆင်သင့်ပြင်ထား။ လောစရာမလိုဘူး။ သမီး အဖေနဲ့အမေ အောက်ထပ်မှာ စောင့်နေမယ်”
ရှီလီသည် အိပ်ရာပေါ်မှ ခုန်ထွက်၍ ဟွမ်ကျဲကိုအခန်းပြင် တွန်းထုတ်လိုက်၏။ သူမသည် အချိန်ဆွဲမနေဘဲ ကျွမ်းကျင်မှုရှိစွာဖြင့် အဝတ်တွေလဲလိုက်တော့သည်။
သူမသည် အလွန်ပင်ပန်းပြီး အိပ်ချင်နေကာ အိပ်ရာထဲတွင် “နှစ်ရာချီ ချစ်ကျွမ်းဝင်နေသည်” ဟူသော ဇာတ်ဝင်ခန်းကို ဖျော်ဖြေနိုင်သော်လည်း ယနေ့တွင် ဤမင်္ဂလာပွဲကို သူမကျိန်းသေပေါက် တက်ရောက်ရန် လိုအပ်နေသည်။
ရှီလီသည် မင်္ဂလာပွဲကျင်းပရာ ဟိုတယ်သို့မိဘတွေနှင့်အတူ ရောက်သွားတော့ အတော်လေး စောနေသေး၏။
ကျီမိသားစု၏ မိဘများက ရင်ဘတ်ပေါ်တွင် အနီရောင်ပန်းများကို ထိုးထားပြီး ဧည့်သည်များကို နှုတ်ဆက်ရန်အတွက် ဟိုတယ်၏ဝင်ပေါက်တွင် မတ်တပ်ရပ်နေကြသည်။ အနှောင့်အယှ က်ရှ်ိလာမှာကို ရှောင်ရှားရန် ကျီမိသားစုက ဟိုတယ်တစ်ခုလုံးကို ဘိုကင်လုပ်ထားလေသည်။
ကျီမိသားစု၏ အငယ်ဆုံးသမီးဖြစ်သူ ကျီဖေးယွီက သူမမိဘတွေ၏ အနောက်တွင် ရည်မွန်စွာ မတ်တပ်ရပ်နေ၏။ သူမသည် မိဘတွေနောက်မှ လိုက်လာသော ရှီလီကို မြင်လိုက်ရတော့၊ ကျီဖေးယွီက ခံစားချက်မကောင်းသော အတွေးတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူမအစ်ကိုရဲ့ မင်္ဂလာပွဲမှာ ထင်မှတ်မထားတဲ့ မတော်တဆမှုတွေ ဖြစ်လာဦးမှာလား မသိဘူး။
******
207 01
အခန်း ၂၀၇: လောလောဆယ်တော့ ပြဿနာမရှိသေးဘူး
ဤတစ်ကြိမ်၌ ရှီအဖေနှင့် ဟွမ်ကျဲတို့က ကျီမိသားစု စုံတွဲနှင့် ဆက်ဆံရေးကောင်းကြသည်။ သက်လယ်ပိုင်း စုံတွဲနှစ်တွဲမှာ ဟိုတယ်ဝင်ပေါက်၏ အရှေ့ဘက်တွင် အလာပသလ္လာပပြောဆိုနေကြ၏။
ကျီဖေးယွီက ဤအခွင့်အရေးကို အမိအရယူ၍ ဟိုတယ်၏ ဧည့်ခံပွဲနေရာ အနောက်ဘက်ရှိ စင်နောက်ဘက်က ထိန်းချုပ်ရေးဧရိယာဘက်သို့ ခိုးထွက်ခဲ့သည်။ စုံစမ်းမေးမြန်းပြီးသည့်နောက်မှာတောင် သူမ စိတ်မအေးနိုင်သေးပေ။ မင်္ဂလာဆောင်တွင် ဖွင့်ပြမည့် ဗီဒီယိုများနှင့်သီချင်းများအပါအဝင် အရာအားလုံးကို ကျီဖေးယွီ နှစ်ကျော့ပြန် စစ်ဆေးကြည့်ခဲ့၏။ လောလောဆယ်တွင် ပြဿနာမရှိသေးဘူးဆိုသော်လည်း နောက်ပိုင်း၌ ပြဿနာမပေါ်လာနိုင်ဘူးဟု ပြော၍မရနိုင်။
စင်နောက်ဘက်က ဝန်ထမ်းတွေကို အထူးဂရုစိုက်ရန်နှင့် ပစ္စည်းတွေနားသို့ ဘယ်သူ့ကိုမှ အကပ်မခံဖို့ သူမ အသေအချာ ညွှန်ကြားခဲ့ သည်။
ကျီဖေးယွီသည် အစကတော့ ယနေ့ မင်္ဂလာပွဲပြီးဆုံးသည်အထိ စင်နောက်ဘက်တွင်နေရန် စီစဉ်ထားတာပင်။
သို့သော် သူမ အမေက ဖုန်းဆက်လာ၍ သူမဘယ်ရောက်နေလဲနှင့် မင်္ဂလာဆောင်တွင် ကူညီပေးဖို့ လိုအပ်နေလားဟူ မေးမြန်းလာခဲ့သည်။
ကျီဖေးယွီသည် ထိန်းချုပ်ရေးစင်တာ၌ အမှားအယွင်းဖြစ်သွားပြီး လန်မိသားစု သမီး၏မင်္ဂလာဆောင်တုန်းကလို မြင်ကွင်းလို ဖြစ်လာမှာကို အမှန်တကယ် ကြောက်နေမိတာပင်။
ဖန်သားပြင်ကြီးပေါ်က အဓိက ဇာတ်လိုက် များမှာ သူမ ယောက်မဖြစ်စေ၊ သူမ၏ အစ်ကိုဖြစ်စေ၊ ၎င်းက သူမ လက်မခံနိုင်သော အရာဖြစ်သည်။
ကျီဖေးယွီက သူမအမေနောက်လိုက်၍ ဧည့်သည်တွေအား နေရာစီစဉ်ပေးဖို့ ဆက်လက် ကူညီပေးခဲ့သည်။
သူမသည် စိတ်ထဲ၌ အင်မတန် ပူပန်သောကရောက်နေရပြီး တစ်စုံတစ်ခု မှားယွင်းသွားကာ တစ်မိသားစုလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ရမှာကို ကြောက်နေမိသည်။
ကျီဖေးယွီသည် ဘေးဘီကိုဝေ့ဝဲကြည့်၍ ရှီလီ၏အရိပ်အယောင်ကို ရှာကြည့်ကာ အနှီပြဿနာတွေ မဖြစ်လာခင် ခန့်မှန်းနိုင်မလားဟု မျှော်လင့်နေမိ၏။
သို့သော် ရှီလီကို ဘယ်သူမှ မမြင်မိသလို၊ရှီလီ၏ အတွေးတွေကိုလည်း မကြားမိပေ။
ကျီဖေးယွီသည် အုပ်စုဖွဲ့စကားပြောခန်းထဲ၌ရှီလီကို ကူရှာပေးဖို့ လူတိုင်းကို ခေါ်လိုက်၏။
သို့သော် အုပ်စုဖွဲ့စကားပြောခန်းထဲရှိ အတန်းဖော်များက အမျိုးမျိုး စိုးရိမ်သွားကုန်ကြသည်။
အချို့က ပြောလာ၏: [ငါတို့က နေရာမှာမရှိတော့၊ ဘာဖြစ်နေလဲဆိုတာ မသိဘူး]
[ငါတို့တွေ အခုမှလာရင် နောက်ကျသွားပြီလား။ ]
[ဖိတ်စာမပါဘဲနဲ့ရော ငါတို့တွေ လာလို့ရလား။ ]
[ငါ လူတစ်ယောက်ပါ ထပ်ခေါ်လာလို့ရလား။ ]
[ငါရော လာလျှောက်လို့ရလားဟင်။ တစ်ခုခုဖြစ်ရင် အခြေအနေကို ကူထိန်းပေးလို့ရတယ်]
သူတို့က ဒရာမာပေါ်ပေါက်လာမှာကို စောင့်ကြည့်ဖို့ မျှော်လင့်နေကြသူတွေပင်။
အခြားသူများက ပြောလာ၏: [ရှီလီ ပေါ်လာတာနဲ့ ပြဿနာတက်မယ်ဆိုတာ မသေချာပါဘူးဟယ်]
207 02
[ရှီလီက မင်္ဂလာဆောင်ကို ရိုးရိုးရှင်းရှင်း တက်လာခွင့် မရှိလို့လား။ ]
[ဟုတ်သားပဲ၊ အတွေးလွန်မနေနဲ့။ တိုက်ဆိုင်တာပဲဟာ]
ပွဲလမ်းအနားတွင် ရှိနေကြသော အချို့အတန်းဖော်များကမူ အလွန်တက်ကြွနေပြီး အလေးအနက်ထား၍ ရှီလီကို ကူရှာပေးနေကြသည်။
[ငါ B1 မှာ၊ ရှီလီကို မတွေ့မိဘူး]
[ငါက E5 မှာ၊ ငါလည်း ရှီလီ့ကို မတွေ့ဘူး]
[A1 မှာလည်း ရှီလီ မရှိဘူး]
ဤလူတွေက တကယ်ကူညီပြီး ရှီလီကို ရှာဖွေပေးနေကြစဉ် အခြားအတန်းဖော်အုပ်စုကတော့ စကားပြောခန်းထဲတွင် အချင်းချင်း မှတ်မိအောင် လုပ်နေကြ၏။
[နင် B1 မှာလား။ နင့်ဘေးက B2 မှာ ငါရှိတယ်၊နင် မော့ကြည့်ရင် ငါ့ကိုမြင်ရလား။ ]
ကျီဖေးယွီသည် ကောမန့်တွေကို ဖတ်နေရင်း ဤလူတွေကို ရိုက်နှက်ချင်စိတ် ပေါက်လာတော့သည်။
သူမ၏အမြင်မှာတော့ သူတို့တွေကို B2 မှာ ထက် 2B မှာ ထိုင်လိုက်လျှင် ပိုသင့်တော်ပေသည်။
ဒါပေါ့၊ ဖြစ်ရပ်တွင် ရောက်ရှိနေကြသော အတန်းဖော်အများစုက ရှီလီကို ရှာဖွေဖို့ အစစ်အမှန် ရှာဖွေနေကြတာပင်။
[ငါ ရှီလီရဲ့အမေကို တွေ့လိုက်တယ်၊ ဒါပေမဲ့ ရှီလီက သူမနဲ့ အတူရှိနေတာ မဟုတ်ဘူးရော်။ နင် အမှားမလုပ်မိတာ သေချာရဲ့လား။ ရှီလီ ဒီနေ့ မလာဘူးထင်တယ်]
[သူမက အိမ် မင်တယ်၊ အပြင်ထွက်ရတာ မကြိုက်ဘူး။ ပထမဆုံး ပိတ်ရက်နေ့ပဲဟာ၊သူမ အိမ်မှာပဲနေမယ်ဆိုတာ ပုံမှန်ပါပဲ]
အတန်းဖော်များက ရှီလီ၏ အလေ့အထနှင့် ကျွမ်းဝင်ထားကြသည်။
ထို့ကြောင့် အုပ်စုထဲရှိ အချို့လူတွေက ကျီဖေးယွီကို အမှားလုပ်မိသလား သို့မဟုတ် စိတ်လှုပ်ရှားခြင်းကြောင့် ထင်ယောင်ထင်မှားဖြစ်နေလားဟူ၍ မေးခွန်းစထုတ်လာကြ၏။
အမှန်ကတော့ ဤအခိုက်အတန့်၌ ရှီလီသည် မထွက်သွားရုံတင်မက အိမ်မှာပင် မရှိနေပေ။
ကျီဖေးယွီမှာ စိတ်ထဲကနေ ငိုကြွေးလိုက်၏၊ဟုတ်ပါတယ်၊ ရှီလီမှာ အပြင်ထွက်ရတာ မကြိုက်တဲ့ အကျင့်ရှိရင်တောင် ရုတ်တရက် ထွက်ပေါ်လာတယ်လို့ တွေးဖို့တန်တယ် မဟုတ်လား။
ဒါပေါ့၊ ဒီမေးခွန်းက အဲဒီဝက်ဦးနှောက်တွေအတွက် အရမ်း အဆင့်မြင့်နေနိုင်တယ်။
ဤအခြေအနေတွင် ကျီဖေးယွီက အုပ်စုဖွဲ့စကားပြောခန်းထဲတွင် သူမအတန်းဖော်တွေနှင့်အငြင်းမပွားချင်တော့ပေ။
အုပ်စုဖွဲ့ စကားပြောခန်းထဲတွင် အခန်း 1 မှ ရွှီဝေ့ဝေ့ထံ၏ မက်ဆေ့ခ်ျမှာ ကျီဖေးယွီ၏အာရုံကို ဖမ်းစားသွားတော့၏။
ရွှီဝေ့ဝေ့က ပြောလာ၏ [ငါအခုလေးတင် ရှီလီနဲ့ တွေ့လိုက်တယ်၊ သူမက ငါ့ကို နှုတ်တောင်ဆက်လိုက်သေးတယ်။ ကျီဖေးယွီ အမှားမလုပ်မိဘူး]
ဤမက်ဆေ့ခ်ျက ရေထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုပင်။ ကျီဖေးယွီက ရွှီဝေ့ဝေ့အား ရှီလီအား ဘယ်မှာမြင်မိလဲ၊ရှီလီ ဖြတ်သွားရင်းနဲ့ တစ်ခုခုများ ပြောခဲ့သေးလားဟု မမေးနိုင်ခင်မှာတင် အုပ်စုဖွဲ့ စကား ပြောခန်းထဲ၌ မက်ဆေ့ခ်ျများ အများအပြားရှိနေလေချေပြီ။
ဤမက်ဆေ့ခ်ျက အတန်ငယ် ရှည်လျားပြီး ကျီဖေးယွီသည် သူမ၏ တုံ့ပြန်ချက်ကို ပြင်ဆင်နေချိန်တွင် အုပ်စုဖွဲ့ စကားပြောခန်းထဲ သို့ မက်ဆေ့ခ်ျများ ထပ်ပို့လာကြပြန်သည်။
ယခုအချိန်တွင် ပေးပို့လာသော မက်ဆေ့ခ်ျများ၌ ဆိုလိုရင်းတစ်ခုသာ ရှိပေသည်:အခုနေသွားရင် ဖြစ်နိုင်ပါဦးမလား။
207 03
လူအများစုက ထိုနေရာတွင် အတင်းအဖျင်း ရှိနေတယ်ဆိုတာကို ကြားလိုက်ရချိန်မှာတော့ သူတို့၏ အိပ်ရာထဲကနေ ဟိုတယ်ဆီသို့တိုက်ရိုက် ရွှေ့ပြောင်းသွားနိုင်ရန် ဆုတောင်းမိကြသည်။
သဘာဝလွန်စွမ်းအင်တွေဆိုတာ မတည်ရှိဘဲ တစ်ချိန်တည်းမှာပင် မတူညီသော ဗီလာများ၌ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေ၏။ အိပ်ရာထဲတွင် ပျင်းရိစွာဖြင့် ဖုန်းသုံးနေကြသော သခင်လေးများနှင့် မင်းသမီးလေးများသည် ဖုန်းတွေကို ဘေးဘက်လွှင့်ပစ်ပြီး အိပ်ရာပေါ်မှ ခုန်ဆင်းကာ အဝတ်အစား လဲကုန်ကြတော့သည်။
သူတို့၏မိသားစုဒရိုင်ဘာများကို တစ်ချိန်တည်း ခေါ်လိုက်ကြပြီး ချက်ချင်းထွက်ခွာမှာ ဖြစ်သဖြင့် အဆင်သင့်ကြိုပြင်ထားဖို့ ပြောလိုက်ကြသည်။
ကျီဖေးယွီက ဖုန်းကို ဒေါသတကြီး ပိတ်ပစ်လိုက်၏။ ဒီလူတွေကတော့ အတင်းအဖျင်းနဲ့ ပတ်သက်လာရင် အောက်ခြေစည်း လုံးဝမရှိကြဘူးပဲ။
ဒါပေါ့၊ အကယ်၍ ဤအတင်းအဖျင်းကသူမနှင့် မသက်ဆိုင်နေပါက ကျီဖေးယွီ၏စိတ်အားထက်သန်မှုမှာ အတန်းဖော်များထက် သေချာပေါက် သာပေလိမ့်မည်။
ကျီဖေးယွီက ရှီလီကိုရှာရန် ရွှီဝေ့ဝေ့ ပေးပို့လာသော တည်နေရာသို့ ဦးတည်လိုက်သည်။
အခု ရှီလီ ဘယ်ရောက်နေတာလဲ။
သူမက ရွှီဝေ့ဝေ့နဲ့ တွေ့ခဲ့တယ်လေ၊ အတန်းဖော်တွေအနေနဲ့ အတန်းဖော်တစ်ယောက်နဲ့တွေ့ရင် ဘာလို့ မနှုတ်ဆက်နိုင်ရမှာလဲ။
သူမသည် သူမ၏အတန်းဖော်ကို နှုတ်ဆက်ပြီးပြီဖြစ်တာကြောင့် သဘာဝအားဖြင့် အတန်းဖော်၏ဘေးတွင် မတ်တပ်ရပ်နေသည့်လူကြီးသူမတွေကိုလည်း နှုတ်ဆက်သင့်ပေသည်။
ရွှီဝေ့ဝေ့၏ အစ်ကိုကို နှုတ်ဆက်ပြီးနောက် နှုတ်ဆက်စရာလူ မကျန်တော့ပေ။
သို့သော် ဤသည်က ကောက်ကာငင်ကာ ပြုလုပ်ခြင်းကို မတားဆီးနိုင်ပေ။ ရှီလီက ရွှီဝေ့ဝေ့၏ အစ်ကိုဘေးတွင် ထိုင်နေသောလုရှောင်ကိုပါ စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်ခဲ့သည်။
“ဟယ်လို၊ အတန်းဖော်။ နင်က ဝေ့ဝေ့ရဲ့မောင်လေး ဟုတ်တယ်မလား။ ငါမှတ်မိတာသာမှန်ရင် စာသင်နှစ်စတုန်းက ငါတို့အတန်းထဲလာပြီး ဝေ့ဝေ့အတွက် နေ့လယ်စာ ယူလာပေးခဲ့တယ်လေ”
လုရှောင်က အနည်းငယ် တောင့်တင်းစွာဖြင့် ခေါင်းညိတ်ပြလာ၏။
ရှီလီကို ကြည့်ရသည်မှာ အနေခက်နေခြင်းကို သတိထားမိသည့်ပုံမပေါ်ဘဲ ဆက်ပြောလာ၏။ “ငါနင့်ကို မတွေ့ရတာ တော်တော်ကြာပြီနော်။ ဘာလို့ ငါတို့အတန်းထဲလာပြီး ဝေ့ဝေ့ကို မရှာတော့တာလဲ”
ရှီလီက တုံးအသော အစ်မကြီးနှင့်တူကာ မိသားစု၏ ဆတ်ဆတ်ထိမခံနိုင်သော နေရာကို မသိလိုက်မသိဘာသာဘဲ သွားထိလေသည်။
သေချာသည်မှာ ဤသည်ကို ရှီလီအား အပြစ်တင်၍ မရနိုင်။ ရွှီမိသားစုက အနှီအိပ်ရေးပျက်ခဲ့သော ညအား တွေ့ကြုံပြီးပြီဆိုတာကို သူမ မသိထားပေ။
ရှီလီက ဤသည်ကို သူမ တစ်ဦးတည်းသာသိသည့် လျှို့ဝှက်ချက်ဟု ထင်နေသော်ငြား ယခုတွင်မူ လျှို့ဝှက်ချက်မှာ ရှီလီမှလွဲ၍ လူတိုင်း သိထားကြလေသည်။
လုရှောင်က ဖြူစင်သောအပြုံးကို တပ်ဆင်၍“ကျောင်းစာတွေ အရမ်းများတော့ နေ့လယ်စာလာပို့ဖို့ အချိန်မရဘူး။ ဒီတော့ ကျွန်တော့်အစ်မကို ကန်တင်းက အစားအသောက်တွေပဲ သည်းခံစားခိုင်းရတော့တယ်”
[မဟုတ်သေးပါဘူး၊ ဟိုးတုန်းကတည်းက ဒီကောင်လေး ဝေ့ဝေ့ကို ချစ်နေသင့်တာလေ]
[ငါမှတ်မိတာသာ မှန်လို့ကတော့၊ ရွှီအဖေ လုရှောင်ကို ဗီလာဆီခေါ်လာတုန်းက ဝေ့ဝေ့ရဲ့မျက်နှာမှာ ရန်လိုမှုတွေ ပြည့်နှက်နေခဲ့ပေမဲ့ သူကတော့ မြင်မြင်ချင်း ချစ်မိသွားရှာတာ။ အဲ့တုန်းကဆို မျှော်လင့်ချက်မရှိလောက်အောင် ချစ်မိနေတာ]
ရွှီဝေ့ဝေ့၏ မျက်ဆန်များမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့၏။ အကယ်၍ တစ်ယောက်ယောက်ကသာ ယခုလိုပြောလာပါက သူမ သေချာပေါက် ယုံကြည်မှာမဟုတ်ပေ။
207 04
ဒါပေမဲ့ ရှီလီက ပြောလာတာဆိုတော့ အမှန်ဖြစ်မှာပေါ့၊ ဒါဆို...
ရွှီဝေ့ဝေ့သည် အနှီကောင်လေး၏ မျက်နှာ ထက်က ဖြူစင်သောအပြုံးကိုကြည့်ရန် ခေါင်းလှည့်လိုက်သော်ငြား သူမအပေါ်ရှိ ချစ်ခြင်းတွေကို မမြင်ရဘဲ၊ အနှီကောင်လေး၌ အကြံအစည်တွေ ပြည့်နှက်နေတာကိုသာ မြင်တွေ့လိုက်ရသည်။
အကယ်၍ ဖြစ်နိုင်ပါက ရွှီဝေ့ဝေ့သည် အချိန်ခရီးသွားစက်ကိုစီး၍ ရွှီအဖေ လုရှောင်ကို အိမ်ခေါ်လာခဲ့သည့် စက္ကန့်အပိုင်းအခြားဆီသို့ တကယ် ပြန်သွားမိချင်သည်။ လုရှောင်အပေါ် ထားရှိခဲ့သော သူမ၏ ဆိုးရွားသောပုံမှန်သဘောထားကို ပြောင်းလဲ၍ အမေတစ်ယောက်၏ နွေဦးလေပြည်လို နွေးထွေးမှုအား ခံစားခိုင်းမှာပင်။
ထို့ကြောင့် လုရှောင် သူမနှင့် ထပ်တွေ့သည့်အခါမှာ အခြားအတွေးတွေ ရှိတော့မှာမဟုတ်ဘဲ ကွယ်လွန်သူဖြစ်သော သူ့အမေကိုပဲတွေးမိမှာ ဖြစ်သည်။
******
208 01
အခန်း ၂၀၈: မအံ့ဩတော့ပါဘူး
ရွှီဝေ့ဝေ့၏ မျက်နှာမှာ ရယ်ချင်စိတ်ဖြစ်နေပြီး လေလည်ချင်တာကို အောင့်အီးထားရသလို ဖြစ်နေသည်။
ရွှီယို့လင်က လုရှောင်နှင့် ရွှီဝေ့ဝေ့ကြားတွင် ထိုင်နေတာဖြစ်သော်ငြား လုရှောင်က သူ့ကိုကျော်၍ ရွှီဝေ့ဝေ့ကို လှမ်းတို့ကာ မျက်နှာအမူအရာထိန်းရန် သတိပေးလိုက်သည်။
အမှန်တကယ်တွင် ရွှီအဖေက လုရှောင်၏“တရားမဝင်သား” ဟူသော အဆင့်အတန်းကို ဖုံးကွယ်ရန် ခင်ပွန်းလောင်းဟူ၍ သုံးခဲ့ပြီး -အားလုံးကို ရွှီအဖေ တစ်ယောက်တည်း ဇာတ်တိုက်ထားတယ်ဆိုတာကို သိလိုက်ရကတည်းက လုရှောင်လည်း ဤအခြေအနေတွင် နစ်နာသူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာအား ရွှီဝေ့ဝေ့ နားလည်သွားခဲ့သည်။
ရွှီအမေက လုရှောင်နှင့် ရွှီအဖေ၏ ဆံပင်ကိုသုံး၍ DNA စစ်ခဲ့ပြီးနောက် သူတို့က သွေးသားတော်စပ်မှု မရှိဘူးဆိုတာကို သက်သေပြနိုင်ခဲ့သည်။
ရွှီအမေသည် ရွှီအဖေ၏ မျက်နှာကို စစ်ဆေးချက်ရလဒ်တွေဖြင့် နောက်ဆုံးတော့ ပစ်ပေါက်နိုင်ခဲ့ပြီဖြစ်တာကြောင့် အတော်လေး စိတ်အေးသွားခဲ့သည်။
ရလဒ်တွေက ရွှီအဖေ၏သစ္စာမဲ့ခြင်းအပေါ် ရှင်းလင်းပေးလိုက်ကာ ရွှီအမေသည် သူမ၏ခင်ပွန်း မဖောက်ပြန်ခဲ့သည့်အတွက် ဝမ်းသာခဲ့ရသည်။
ရွှီအမေကို ပိုပြီးပျော်သွားစေတာကတော့ ရွှီအဖေ၏ စိတ်ကူးယဉ်ပူဖောင်းကို ဖောက်ပစ်လိုက်နိုင်တာပင်။ ရွှီအဖေကတော့ လုရှောင်က သူနှင့် သွေးသမတော်စပ်ဘူးဆိုတာကို သိလိုက်ရပြီးသည့်နောက် သွေးကြောပိတ်သွား၍ ခွဲစိတ်ခန်းထဲ ဝင်လိုက်ရသည်။
ဤပေါ်ပေါက်လာမှုက သူ့အနေနှင့် ရင်ဆိုင်နိုင်ရန် အတော်ကြီးမားပေသည်။
ရွှီအဖေ ခွဲစိတ်ခန်းထဲမှ ထွက်လာပြီး သတိပြန်ရလာတာနှင့် ပထမဆုံးလုပ်သည့်အရာကတော့ ရွှီအမေအား လုရှောင်ကို ကန်ချခိုင်းခဲ့တာပင်။
ယောင်္ကျားတွေက ရန်ငြှိုးမထားတတ်ဘဲ မိန်းမတွေကသာ အမြင်ကျဉ်းကြသည့်လူတွေဟု အများက ပြောကြသည်။
ဤသည်ကို ယောင်္ကျားတွေ ပြောတာပဲဖြစ်ပေလိမ့်မည်၊ အကယ်၍ ရွှီအဖေသာ ရန်ငြှိုးမထားဘူးဆိုရင် လုရှောင်ကို ဘာလို့ကန်ချချင်မှာလဲ။
အတိတ်တုန်းကတော့ ရွှီအမေသည် သူမခင်ပွန်း၏ ဦးဆောင်မှုနောက်သို့ အမြဲလိုက်ခဲ့တာဖြစ်သော်လည်း သူ၏ရွံရှာဖွယ်ကောင်းသော အကြံအစည်ကို သိရှိလိုက်ရပြီးနောက် သူ့ကို သွေဖယ်လာတော့သည်။
သူ့က်ု ဒေါသအထွက်လွန်ပြီး သေသွားပါစေဟု သူမ ဆုတောင်းမိကာ ဒီတော့မှ သူ၏တောင်းဆိုချက်တွေကို သူမ လိုက်လျောပေးစရာ မလိုတော့မှာပင်။
ဆရာဝန်များနှင့် သူနာပြုတွေက မစ္စတာရွှီကို ခွဲစိတ်ပြီးသည့်နောက် သေချာအနားယူရန်နှင့်အလွန်အကြူး စိတ်မလှုပ်ရှားစေဖို့ကို အလေးပေး ပြောကြားခဲ့ကြသည်။
ရွှီအမေသည် ဆေးဘက်ဆိုင်ရာဝန်ထမ်း၏အရှေ့မှာတော့ ညွှန်ကြားချက်တွေကို လိုက်နာပါ့မည်ဟူ၍ ကတိပေးခဲ့သည်။
သို့သော်လည်း လုရှောင်ကို အိမ်မှ ကန်ထုတ် ခိုင်းသည့် ရွှီအဖေ၏အမိန့်ကို သဘောတူရန်သေချာပေါက် ငြင်းဆန်ခဲ့သည်။
သူမ၏ အကြောင်းပြချက်က အပြစ်ဆိုစရာမရှိပေ။ ရွှီအမေ ပြောလိုက်၏။ “လုရှောင်က သူ့မိဘတွေရဲ့ အမွေဥစ္စာကို မသမာတဲ့နည်းနဲ့ခိုးယူထားတဲ့ အမျိုးတွေပဲရှိတော့တဲ့ မိဘမဲ့တစ်ယောက်လေ။ ဘယ်လိုလုပ် သူ့ဘာသာသူ ရှင်သန်နိုင်မှာလဲ။ တကယ်လို့ သူ့အခြေအနေ ကို ကျွန်မ မသိထားရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အခု သိထားတော့၊ ဒီကလေးကိုလမ်းပေါ်ရောက်သွားခွင့် လုံးဝမပေးနိုင်ဘူး။ ကျွန်မတို့မိသားစုက ကြီးကြီးတက် ချမ်းသာပါတယ်၊ ပါးစပ်တစ်ပေါက်ကို အပိုကျွေးလိုက်လို့ ဘာမှဖြစ်မသွားဘူး။ ဒါကို အလှူလုပ်တယ်လို့ သဘောထားပြီး ကလေးတွေအတွက် ကုသိုလ်အချို့ လုပ်ပေးတယ်လို့ပဲ စဉ်းစားလိုက်ပေါ့”
ရွှီအမေက ပုံမှန်ဆိုလျှင် အပြောကောင်းတဲ့သူမဟုတ်ဘဲ လျှာစေးမိနေတယ်လို့တောင် မကြာခဏ အပြောခံရသည်။ ဆေးရုံအိပ်ရာပေါ်တွင် လဲလျောင်းနေရသည့် ရွှီအဖေမှာ သူ့မိန်းမ ဘယ်အချိန်ကစပြီး စကားသွက်လာလဲဆိုပြီး အံ့ဩနေမိတော့၏။ ရုတ်တရက် ဤစကားတွေမှာ လွန်ခဲ့သောတစ်လက လုရှောင်ကို အိမ်ခေါ်လာခဲ့စဉ်က သူ့မိန်းမကို သူပြောခဲ့သည့် စကားတွေနှင့် တထေရာတည်းတူနေတယ်ဆိုတာကို မှတ်မိသွားသည်။
သူမသည် ထိုအချိန်တုန်းက သူ့စကားတွေကို အကုန်မှတ်မိနေပြီး ယခုတော့ သူ့ကို ပြန်ပက်လာချေပြီ။
ရွှီအဖေမှာ ကိုယ့်ခြေထောက်ကိုယ် သေနတ်နှင့်ပြန်ပစ်မိသလို ခံစားလိုက်ရ၏။ သူသည် ခွဲစိတ်ခန်းထဲကနေ ဘီးလှည်းဖြင့် သယ်ထုတ်ခံလာရပြီး မျက်လုံးဖွင့်ခါစပင်ရှိသေး၏။
208 02
ရွှီအမေ၏တမင်သက်သက် ရန်စမှုကြောင့် ရွှီအဖေသည် နောက်ထပ်ခွဲစိတ်ရန်အတွက် ခွဲစိတ်ခန်းထဲသို့ ပြန်ဝင်ရလုနီးပါး ဖြစ်သွားရသည်။
ကံကောင်းသည်မှာ သူတို့က ဆေးရုံတွင် ရှိနေသေးဆဲဖြစ်ပြီး သူ့အား အချိန်မီကယ်တင် ပေးရန်အတွက် ဆရာဝန်တွေနှင့် သူနာပြုတွေက အဆင်သင့် ရှိနေလေသည်။
ရွှီအမေသည် အေးစက်မှုကို ခံစားလိုက်ရပြီး ပိုးသတ်ထားသော ဆေးရုံပတ်ဝန်းကျင်က သူမခင်ပွန်း၏ နာလန်ထူထောင်ခြင်းအပေါ် အကျိုးမဖြစ်စေတာကြောင့် မကြာခင်မှာပဲ သူ့ကို အိမ်ပြန်ခေါ်လာခဲ့လိုက်သည်။
သူမခင်ပွန်းကို အိမ်ပြန်ခေါ်လာပြီးသည့်နောက် ရွှီအမေသည် လုရှောင်ကို သူ့အား လက်ဖက်ရည်၊ ရေနှင့် ဆေးတွေ မကြာမခဏ ပို့ခိုင်းခဲ့ကာ လုရှောင်ကို ရွှီအဖေရှေ့တွင် တစ်နေ့တွင်အနည်းဆုံး နှစ်ခါလောက် ရှိနေစေသည်။
ရွှီအဖေသည် ကနဦးတုန်းက လုရှောင်ကို မွေးစားခဲ့တုန်းက စာရွက်စာတမ်းတွေဖြင့် အသေအချာ မွေးစားခဲ့တာပင်။
ယခုတော့ သူ့အနေနှင့် လုရှောင်ကို အိမ်မှကန်ထုတ်ဖို့ရာ မလွယ်ကူတော့ချေ။
ရွှီအမေ သဘောမတူသရွေ့၊ လုရှောင်နှင့်မွေးစားထားသော ဆက်ဆံရေးကို ပယ်ဖျက်ပစ်လို့ မရနိုင်တော့။
ရွှီအမေက သူမခင်ပွန်းကို သေသွားသည်အထိ နှိပ်စက်ရန်အလို့ငှာ လုရှောင်ကို သုံးချင်နေသေးတာကြောင့် မွေးစားခြင်းကို အဆုံးသတ်ဖို့ သဘောမတူသည်မှာ သဘာဝကျသည်။
အိပ်ရာပေါ်တွင် လဲလျောင်းရင်း ဆိုရှယ်မီဒီယာကို တစ်နေကုန် သုံးစွဲနေရသော ရွှီအဖေမှာ“မျက်ခုံးကြား ကျည်ဆံမှန်တယ်” ဟူသည့်အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်လာတော့သည်။
သို့သော် သူ့အခြေအနေက သူများတွေနှင့်မတူပေ။ လူအများစုအတွက်ကတော့ ၎င်းမှာလွန်ခဲ့သော နှစ်နှစ်ဆယ်က ကျည်ဆံဖြစ်ပြီး သူ့အတွက်ကမူ တစ်လပဲရှိသေးသည်။
ယခုတွင်လည်း ရွှီအမေက သားနှစ်ယောက်နှင့်သမီးကိုခေါ်ပြီး မင်္ဂလာဆောင်သို့ သွားတက်ရောက်နေကာ အိပ်ရာပေါ်တွင် လှုပ်ရှားမှုမရှိ လဲလျောင်းနေရသော ရွှီအဖေကတော့ မိသားစုလေးယောက် ထွက်ခွာသွားတာကို ကြည့်နေခဲ့ရသည်။
ယခုလို စိတ်ခံစားမှု အတက်အကျတွေက သူ့ပြန်လည်ကျန်းမာရေးအတွက် ဘေးဖြစ်စေသည်။
ရွှီအမေကတော့ အိမ်က ကြောင်သူတော်လူအိုကြီးကို မမြင်ရသရွေ့၊ စိတ်အခြေအနေ ကောင်းမွန်နေပေလိမ့်မည်။
မိုင်းကွင်းများစွာ ပါနိုင်ခြေရှိသည့် ရှီလီ၏စကားတွေကတောင် သူမ၏ စိတ်အခြေအနေအပေါ် သက်ရောက်မှုမရှိပေ။ သူမသည် ထိုင်ခုံ၌ထိုင်နေပြီး ကလေးတွေ ရယ်မောရင်း ကစားနေတာကို ကြည့်နေသည်။
သူတို့၏အသိုင်းအဝိုင်းလေးထဲ၌ အိမ်တွင်ရွှီအဖေတစ်ယောက် သွေးကြောပိတ်ခြင်းမှ နာလန်ပြန်ထူအောင် လုပ်နေရတယ်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။
ရှီလီက ရွှီအဖေ၏ အခြေအနေနှင့်ပတ်သက်၍ စိတ်ပူစွာဖြင့် မေးခွန်းအချို့ကို မေးမြန်းခဲ့သော်လည်း ထူးဆန်းနေသည့် တစ်စုံတစ်ရာကိုတော့ ရှင်းလင်းစွာ ခံစားမိလိုက်သည်။ သူမ တွေးလိုက်၏။ ဝေ့ဝေ့ရဲ့အမေကို ကြည့်ရတာ သူမယောက်ျား နေမကောင်းတာကို မစိုးရိမ်တဲ့ပုံ ဘာလို့ပေါက်နေတာပါလိမ့်၊ အဲ့အစား သူမကိုကြည့်ရတာ တော်တော်ပျော်နေတဲ့ပုံပဲ။ ငါပဲ အမြင်မှားတာလား။
ရွှီဝေ့ဝေ့ တွေးလိုက်၏: သူမမှာ ဒီလိုကိစ္စတွေအတွက် နှာခေါင်းနဲ့ မယုံနိုင်စရာကောင်းတဲ့ စူးရှတဲ့အမြင်တစ်ခု ရှိနေတာပဲ။
ရှေ့နောက်မညီတာတွေကို ရှီလီ ပိုသိသွားမှာစိုးသဖြင့် ရွှီဝေ့ဝေ့က အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ “မင်္ဂလာပွဲ စတော့မယ်။ နင် မပြန်ရင်၊ နင့်ကို ဟိုတယ်မှာ ပြန်ပေးဆွဲခံရပြီဆိုပြီး နင့်ဦးလေးနဲ့အဒေါ် စိတ်ပူနေဦးမယ်”
ပြန်ပေးဆွဲခံရသော ဟာသက စုန့်ရင်းအတွက် အထူးတလည် ဖြစ်မနေတော့ပေ။ ဖူမိသားစုမှဒုတိယသခင်လေး၏ ကောင်မလေးနှင့် ပတ်သက်၍ ပရော်ဖက်ရှင်နယ်ကျသော အတွေ့အကြုံကို ကြသိလိုက်ရပြီးသည့်နောက် ပြန်ပေးဆွဲခံရသော ဟာသမှာ အတော်လေး ရေပန်းစားလာခဲ့သည်။
208 03
ရှီလီ ထွက်သွားပြီးနောက် ရွှီဝေ့ဝေ့က သူမအမေကို တိုးတိုးပြောလိုက်၏။ “အမေ၊နောက်ဆို ပိုဂရုစိုက်သင့်ပြီနော်။ သူများတွေရှေ့မှာ အရမ်းပျော်နေတဲ့ပုံ မပေါ်စေနဲ့ဦး။ ဘယ်လိုပဲဖြစ်ဖြစ် အမေနဲ့ အဖေက လင်မယားတွေလေ။ နည်းနည်း ဝမ်းနည်းပြီး စိုးရိမ်နေတဲ့ပုံပေါ်အောင် နေပါဦးလား”
ရွှီအမေက ကလေးဆန်စွာ ပြန်ဖြေလာကာ“အမေ သိပါတယ်၊ နောက်ဆို ပိုသတိထားပါ့မယ်”
အမေနှင့် သမီးကြားက ဤစကားဝိုင်းကို ကြားနေရသည့် လုရှောင်က ပြုံးလိုက်မိ၏။
ရှီလီက သူမမိဘတွေဆီ ပြန်ရောက်လာတော့ ဟွမ်ကျဲက မေးလာ၏။ “ဒီလောက်အကြာကြီး ဘယ်တွေရောက်နေတာတုန်း”
“သန့်စင်ခန်းကအပြန် အတန်းဖော်တစ်ယောက်နဲ့တွေ့လို့၊ စကားနည်းနည်းပြောခဲ့တာ”
ဟွမ်ကျဲက သူသမီး၏ အမူအရာကို သေချာအကဲခတ်ကြည့်လိုက်သည်။ သူမသည် ဘယ်လိုမူမမှန်ဖြစ်နေတာမျိုးကိုမှ သတိမထားမိသော်လည်း သူမ၏သမီးက တစ်ယောက်ယောက်နှင့် တိတ်တိတ်လေး တွဲနေလားဆိုပြီး သံသယဝင်လာမိသည်။
အပြင်ထွက်ရတာကို မကြိုက်သည့် သမီးကအမျိုးမျိုးသော တွေ့ဆုံပွဲနှငိ့ ပါတီများအား တက်ရောက်ရတာကို ရုတ်တရက်ကြီး သဘောကျလာတာ အနှီအစီအစဉ်များအတွင်း မကြာခဏဆိုသလို ခဏတာ ပျောက်သွားတတ်သေးသည်။
ထို့ကြောင့် ဖြေရှင်းချက်တစ်ခုသာ ရှိနိုင်တော့၏: သူမ တစ်ယောက်ယောက်နှင့် တွဲနေတာပင်။
ရှီလီ တွေးလိုက်သည်: ဟုတ်တယ်၊ သမီးအတင်းအဖျင်းတွေနဲ့ ချစ်ကျွမ်းဝင်နေတာ။
ဟွမ်ကျဲမှာ သမီးဖြစ်သူ ဘယ်သူနဲ့ တွဲနေလဲဆိုသည့်အပေါ် အတွေးဝင်နေမိတော့၏။
သူမသမီးက ဖုန်းယွင်ဟယ်ကို အမြဲကြိုက်ခဲ့တာဆိုတော့ အခြားကောင်းလေး မရှိလောက်ဘူး။ ပြီးတော့ တလောတုန်းက ဖုန်းအဖေ ကားအက်စီးဒန့်ဖြစ်သွားတော့ သားဖြစ်တဲ့ဖုန်းယွင်ဟယ်က သူတို့အိမ်ကိုလာပြီး တစ်ခုခုလာပို့သေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို အိမ်ဖော်တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်လို့ ရတာပဲလေ။ ဘာလို့ ဖုန်းယွင်ဟယ် ကိုယ်တိုင်ကိုယ်ကျ ရောက်လာဖို့ လိုရမှာလဲ။
ဟွမ်ကျဲသည် ဘယ်သူက သမီးဖြစ်သူ၏ကောင်လေးလဲဆိုတာကို ဖော်ထုတ်နေစဉ် ကျီမိသားစု၏ မင်္ဂလာဆောင်က စတင်လာချေပြီ။ ကျီဖေးယွီမှာ အင်မတန် စိတ်ရှုပ်ထွေးနေပြီး ထိန်းချုပ်စက်ဘေးတွင် မတ်တပ်ရပ်နေ၍ တစ်ခုခု လွဲချော်သွားပါက ပါဝါကိုပိတ်ချလိုက်ဖို့ အသင့်ရှိနေလေသည်။
ကျီဖေးယွီ တွေးလိုက်၏: ပါဝါကို ပိတ်ချလိုက်တာက အကောင်းဆုံး ဖြေရှင်းချက်ပဲ!
စင်မြင့်ထက်ရှိ မင်္ဂလာပွဲအခမ်းအနားမှာ အင်မတန် စိတ်ကူးယဉ်ဆန်လှ၏။ သတို့သမီးတွင် လူတွေကို ပြစ်မှုကျုးလွန်စေနိုင်လောက်သော ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာရှိ၍ သူမ၏ အထူးချုပ်လုပ်ထားသော မင်္ဂလာဝတ်စုံကလည်း သူမအား ပိုပြီးတောင်ညို့ဓာတ်ရှိသွားစေသည်။
သတို့သမီးတွင် မိဘတွေ မရှိတော့တာကြောင့်မိ ဘတွေအား သတို့သမီးကို သတို့သားထံသို့ အပ်နှင်းရမည့်အပိုင်းကို ချန်ရစ်ထား၏။
ပန်းကျဲသည့် မိန်းကလေးတွေ ဝန်းရံထားသောသတို့သမီးသည် သတို့သားဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
သတို့သားအရံများက သတို့သား၏ ဘေးတစ်ဖက်တစ်ချက်တွင် စီတန်းရပ်နေကြပြီး တစ်ဦးချင်းစီက ခန့်ညားကာ တက်ကြွနေ၍သတို့သား၏ သူငယ်ချင်းကောင်းတွေပင်။
ရှီလီ၏ အကြည့်သည် သတို့သား၏ ညာဘက်ခြမ်းမှ အပြာရောင်ဝတ်စုံနှင့် သတို့သားအရံဆီ ကျရောက်သွား၏။ သူမ တွေးလိုက်သည်။ “ချူးချွမ်ရှန်းက သတို့သားထက် အတော့်ကို ပိုချောတာပဲ။ သတို့သား မသေခင်မှာ သူ့သူငယ်ချင်းကောင်းကို သူ့မုဆိုးမနဲ့ မိသားစုကို စောင့်ရှောက်ပေးဖို့အပြင် အိပ်ခန်း တိုးချဲ့ပေးဖို့အထိပါ တောင်းဆိုခဲ့တာ မအံ့ဩတော့ပါဘူး” ခဏတွင်းချင်းပင် ကျီဖေးယွီ၏ နှလုံးသားမှာ နစ်မြုပ်သွားရ၏။
အနည်းဆုံးတော့ မင်္ဂလာပွဲမှာ ဘာမှမဖြစ်သွားတော့၊ သူမ ထပ်ပြီးစိုးရိမ်စရာ မလိုတော့ဘူးပေါ့။
နေစမ်းပါဦး၊ အဲဒါ ဘာအဓိပ္ပာယ်လဲဟ။ အခု သူမအစ်ကိုရဲ့ အသက်က အချိန်တွေကို နောက်ပြန်ရေတွက်နေရပြီလား။