← Chapters

အခန်း (၂၁၃-၂၁၆)

Vol. 11 Ch. 213-216

အခန်း (၂၁၃-၂၁၆)

Vol. 11 Ch. 213-216

213 01

အခန်း ၂၁၃: အတော်လေး စိတ်လှုပ်ရှားသွားရတယ်

သူမ၏ အစ်မက နှစ်ရက်ဆက်တိုက်လုံး အိမ်မှာပဲ ကောင်းကောင်းမွန်မွန်နေ၍ ရှီလီကို စိတ်ချလက်ချ ကျောင်းတက်စေသည်။

အမျိုးသားနေ့ပိတ်ရက် တစ်ပတ်အကြာတွင် ပြင်ဆင်‌ထားသော အလုပ်အချိန်ဇယား၏ကျေးဇူးကြောင့် ကျောင်းသားတွေရော၊ လုပ်သားတွေပါ နားရက်မရှိဘဲ ဆယ့်တစ်ရက်ကို တောင့်ခံရပေတော့မည်။ လူသားမျိုးနွယ် ကံဆိုးမိုးမှောင်ကျခြင်းပင်။

ကျောင်းနှင့် တစ်ပတ်ကြာဝေးကွာပြီးနောက် ရှီလီသည် စာသင်ခန်းတွင်းသို့ ဝင်လိုက်ပြီဆိုတာနှင့် သိမ်မွေ့သော ပြောင်းလဲမှုအချို့ကို သတိထားမိလိုက်သည်။

တံခါးနားက နံရံပေါ်တွင် ဝှိုက်ဘုတ်တစ်ခုကိုကပ်ထားပြီး အုပ်စုတစ်စုချင်းစီတိုင်း၏ လက်ရှိအမှတ်များကို ဖော်ပြထားသည်။

ဝှိုက်ဘုတ်၏ ဘယ်ဘက်ထောင့်နားတွင် ဓာတ်ပုံတစ်ပုံကို ချိတ်ထား၏။ ၎င်းမှာ အားကစားတွေ့ဆုံပွဲနေ့တုန်းက လူတိုင်းမှာ ရယ်စရာကောင်းသည့် မျက်နှာထားမျိုးစုံ လုပ်နေကြသော အုပ်စုလိုက် ရိုက်ထားသည့်ဓာတ်ပုံဖြစ်ပြီး အင်မတန်ပျော်ရွှင်နေသောဓာတ်ပုံတစ်ပုံဖြစ်ပေသည်။

ရှီလီသည် သူမ၏ထိုင်ခုံသို့ မသွားခင်၌ လူအုပ်၏ အပြင်ဘက်အစွန်းပိုင်းက အုပ်စုလိုက်ဓာတ်ပုံကို လှမ်းကြည့်လိုက်၏။

ရှီလီက ယနေ့တွင် အနည်းငယ်နောက်ကျပြီးမှ ရောက်လာတာကြောင့် သူမကလွဲ၍ သူမ၏အုပ်စုဝင်အားလုံး ရောက်နေကြလေပြီ။

ရှီလီကို ‌မြင်‌လိုက်ရတော့ ချောင်ကျင်းကျားက မစနောက်မိဘဲ မနေနိုင်တော့ပေ။ “ငါတို့အုပ်စုခေါင်းဆောင် ရောက်လာပြီဟေ့။ အခု နင့်လည်ချောင်း သက်သာသွားပြီလား။ ပုံမှန်အတိုင်း စကားပြောလို့ရပြီလား”

အားကစား တွေ့ဆုံပွဲပြီးနောက် ဆယ်ရက်ကြာပြီဖြစ်ကာ အကယ်၍ သူမသာ ပုံမှန်အတိုင်း စကားပြန်မပြောနိုင်သေးပါက လေးနက်သောပြဿနာပဲ ဖြစ်ပေလိမ့်မည်။

ရှီလီသည် ပိတ်ရက်၏ ဒုတိယမြောက်နေ့မှစ၍ ပုံမှန်အတိုင်း စကားပြောနိုင်ခဲ့သော်လည်း အနည်းငယ်‌တော့ အသံအက်နေသေး၏။

သူမ၏ အိတ်ထဲ၌ လည်ချောင်းငုံဆေးပြားဘူးကို သယ်ဆောင်ထားပြီး ရံဖန်ရံခါ တစ်လုံးတလေ ထုတ်စားတတ်သဖြင့် ပါးစပ်ထဲ၌ ဆေးအရသာက စွဲထင်ကျန်ရစ်နေသည်။

၎င်းတို့ကို ရက်အတော်ကြာစားပြီး စကားကိုလျှော့ပြောပြီးသည့်နောက် အဆုံးတွင် သူမ၏အသံက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။

ရှီလီက သူ့ကို စူးစိုက်ကြည့်လိုက်ပြီး “ငါအခုပုံမှန်အတိုင်း စကားပြန်ပြောနိုင်ပြီ”

အချင်းချင်း တစ်ပတ်လောက် မတွေ့ခဲ့ရတော့ လူတိုင်းတွေ ပြောစရာတွေ အများကြီးရှိနေသည်။ ခေါင်းလောင်းထိုးလာသည့်အခါမှသာ ဆူညံနေသည့် စာသင်ခန်းက တဖြည်းဖြည်း ငြိမ်ကျသွားခဲ့ပြီး ‌ကျောင်းသားတွေက ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြတော့၏။

လူတိုင်းက စည်းကမ်းတွေကို အလွန်နာခံမှုရှိစွာ လိုက်နာကြသဖြင့် ကြည့်နေရသည်မှာ နာကျင်လုနီးပါးပင်။ အမှတ်နုတ်သည့်စနစ်ကရှိနေတော့ ရွေးချယ်စရာဟူ၍ မရှိပေ။ ကိုယ်ပိုင်စာကြည့်ချိန်အတွင်း စကားပြောခြင်း၊ဖုန်းသုံးခြင်းတို့က အမှတ်နုတ်ခံရစေမှာပင်။ သူတို့၏ အပေါင်းဘက်ရောက်လာအောင် လုပ်ထားရသော အမှတ်တွေကို နောက်တစ်ကြိမ်ထပ်ပြီး အနုတ်ပြန်ဖြစ်မခံနိုင်ချေ။

အတန်းပိုင်သည် စာသင်ခန်းထဲ ဝင်လာပြီးသည့်နောက် ငြိမ်သက်စွာ စာဖတ်နေကြသည့် လူတိုင်းကို မြင်တွေ့လိုက်ရတာကြောင့် အင်မတန် စိတ်ကျေနပ်သွားတော့သည်။

ရှီလီ ဦးဆောင်သော အတန်းထဲက ကျောင်းသားသုံးဦးက နိုဝင်ဘာလတွင် ကျင်းကမည့် ပြိုင်ပွဲအတွက် ပြင်ဆင်ရန်ညအိပ်စခန်းချ လေကျင့်ရေးအတွက် အိမ်နီးချင်းအတန်းမှ ထိပ်တန်းကျောင်းသားအချို့နှင့်ပူးပေါင်းရမည်ဟု သူ ကြေညာလိုက်သည်။

ကျောင်းသားအများစုက ဤသတင်းအပေါ် တုံ့ပြန်မှုမပြကြဘဲ ခြုံငုံ့အဆင့်တွေအားလုံး ကောင်းသော်လည်း သင်္ချာအမှတ်တွေ သိပ်မကောင်းကြသည့် လူတွေကတော့ ချွင်းချက်ပင်။ သူတို့က အနည်းငယ် မမျှတသလို ခံစားလိုက်ကြရပြီး စခန်းချ လေ့ကျင့် ရေးပြိုင်ပွဲ၌ ပါဝင်နိုင်ဖို့ကို ဆုတောင်းနေကြသည်။

213 02

စခန်းချလေ့ကျင့်ရေး၌ ပါဝင်ခြင်းက ပြိုင်ပွဲအတွက် ရွေးချယ်ခံရမယ်လို့ မဆိုလိုပေ။ နောက်ဆုံးအဆင့် ရွေးချယ်မှုက စခန်းချသောအချိန်အတွင်း သူတို့၏ လုပ်ဆောင်ချက်များအပေါ် မူတည်ပေသည်။

ယခုလို သတိကြီးကြီးဖြင့် ချဉ်းကပ်ပုံမှာအရင်က ရူပဗေဒပြိုင်ပွဲ၏ လွှမ်းမိုးခြင်းကို ခံထားရတာဖြစ်ပြီး ကံမကောင်းသော 8 မှတ် ပေါ်ပေါက်ခဲ့တုန်းကပင်။ ထိုကဲ့သို့သော အမှားမျိုးကို နောက်တစ်ကြိမ် မဖြစ်စေရန်အတွက်ကျောင်းက ပြိုင်ပွဲဝင်များကို ရွေးချယ်ရာ၌ အင်မတန် သတိထားထားသည်။

ပြိုင်ပွဲလေ့ကျင့်ရေးကြောင့် ရှီလီသည် သူမ၏အတန်းဖော်တွေနှင့်အတူ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်ကို တက်လို့မရတော့သော်လည်း အထူးညွှန်ကြားချက်အတွက် စာသင်ခန်းငယ်လေးသို့သာ သွားရသည်။

တိုက်ဆိုင်စွာဖြင့် သူမ၏အတန်းထဲက ကျောင်းသားနှစ်ယောက်ဖြစ်သော အုပ်စုဝင်များဖြစ်ကြသည့် ရုံရုံနှင့် ဖူဟွေ့ရှင်းလည်း ဤသင်ခန်းစာများထဲ၌ ပူးပေါင်းလာကြ၏။

တစ်ခန်းတည်းမှ အတန်းဖော်တွေအနေနှင့် လေ့ကျင့်ချိန်အတွင်း အတူတူထိုင်ကြသည်မှာ သဘာဝပင်။

ဆရာ ရောက်မလာခင်၌ ရှီလီ၏အုပ်စုဝင်နှစ်ယောက်က ခပ်တိုးတိုး ပြောလာသည်။ “ပြိုင်ပွဲမှာနိုင်ရင် ငါတို့အုပ်စုအတွက် အမှတ်တွေရလာမှာနော်။ ဘာသာရပ်တိုင်းမှာ တစ်ကျောင်းလုံး ပထမရရမှာနဲ့ဆို ပိုတန်လောက်တယ်၊ အနည်းဆုံး သုံးမှတ်ကနေ ငါးမှတ်အထိတော့ ရနိုင်တယ်မလား”

ထိုသို့ပြောပြီးနောက် ရှီလီက စပ်ဖြီးဖြီးလုပ်လိုက်သဖြင့် သူမ၏အပြုံးမှာ အလွန်ကျယ်ပြန့်သွားတာကြောင့် ဖုံးဖိလို့မရနိုင်လောက်အောင်ပင်။

ငါးမှတ်က သူတို့တွေ ခွင့်ငါးရက်ယူလို့ရနိုင်သည့် အဓိပ္ပာယ်ဖြစ်သည်။

ပြိုင်ပွဲလေ့ကျင့်ရေး၌ ပါဝင်သော ကျောင်းသားများမှာ ဆယ်ဦးရှိပြီး စားပွဲခုံနှင့် ထိုင်ခုံဆယ်ခုံဖြင့် နေရာချဲထားသော စာသင်ခန်းမှာ သေးငယ်လှသည်။

စင်မြင့်၏ အရှေ့ဘက်နားလောက်တွင် ထိုင်ခုံမပါသော စားပွဲခုံကြီးတစ်လုံးရှိ၏။

ရှီလီက စားပွဲခုံကိုကြည့်ရင်း တွေးလိုက်၏။ [ဒီစားပွဲက အရမ်းကြီးတာပဲ၊ လူတွေစုပြီး ဟော့ပေါ့စားရင် ကွတ်တိပဲ]

သင်ထောက်ကူ ပစ္စည်းများကိုသယ်၍ အခန်းထဲသို့ အချိန်ကိုက် ဝင်ရောက်လာသော အတန်းပိုင်က ဤမှတ်ချက်ကို ကြားသွား၏။ သူ့ပါးစပ်ထောင့်မှာ တွန့်သွားပြီး အသံလားရာဘက်သို့ စိုက်မကြည့်မိဘဲ မနေနိုင်တော့ပေ။ သူတို့တွေ တွေးနေတာဆိုလို့ တစ်နေကုန်၊ တစ်နေခမ်း စားဖို့သောက်ဖို့ အကြောင်းတွေချည်းပါလားနော်။

သူတို့၏ အတန်းပိုင်က ပြိုင်ပွဲဝင်အတန်းအားသင်ပေးမှာဖြစ်ကြောင်းကို သိလိုက်ရတော့ ရှီလီ အံ့ဩသွားတော့သည်။ တစ်ချိန်တည်းမှာပင် - သူမ ဘာမှတောင် မလုပ်ထားပါဘူး၊အတန်းပိုင်က ဘာလို့ သူမကို စိုက်ကြည့်နေရတာလဲ။

သူသည် သူတို့သုံးယောက်၏အချစ်ခံရသောအတန်းပိုင် ဖြစ်သော်လည်း သူတို့အပေါ် မျက်နှာသာပေးရန် ရည်ရွယ်ချက်မရှိနေ။

တင်းကြပ်သော ပရော်ဖက်ရှင်နယ်ဆန်သည့်အပြုအမူနှင့်အတူ သူသည် သင်ကြားရေးပုံစံ၊အတန်းချိန်၊ အကြိမ်ရေတို့နှင့်အပြင် တရားဝင်သင်ခန်းစာ မစတင်ခင်၌ ပြိုင်ပွဲဝင်များကို နောက်ဆုံးထား ရွေးချယ်မည့် လုပ်ငန်းစဉ်ကိုပါ မိတ်ဆက်ပေးလိုက်သည်။

အတန်းပိုင်က ပုံမှန်ဆိုလျှင် အတန်းအတွက် အပိုသင်ခန်းစာများ ပို့ချရာ၌ အသေးစိတ်ကအစ အာရုံစိုက်ပြီး ထိပ်တန်းကျောင်းသားတွေကို သင်ကြားပေးမည့် အခါမှာတော့ တမဟုတ်ချင်း ဂီယာပြောင်းသွားသည်။

အရှိန်နှင့် ခက်ခဲမှုအဆင့်က ရှီလီနှင့် ရုံရုံအတွက် မခက်သော်လည်း အခြားကျောင်းသားတွေကတော့ အမှီလိုက်နိုင်ရန် ရုန်းကန်နေရတာကို သိလိုက်ကြရသည်။ အတန်းချိန်တစ်ချိန်ပြီးနောက် ကလေးအုပ်စုက သင်ကြားချက်တွေကို နားလည်နိုင်ရန် အချိန်တစ်ချို့ယူဖို့ လိုအပ်နေသေးတယ်ဟု အတန်းပိုင်က တွက်ချက်လိုက်ပြီး သူ၏သင်ကြားရေးပစ္စည်းများကိုယူ၍ စာသင်ခန်းထဲမှ ထွက်လာခဲ့လိုက်၏။

213 03

အခြားကျောင်းသား‌တွေနှင့် ယှဉ်လိုက်လျှင် ဖူဟွေ့ရှင်းက ကံကောင်းသွားပြီး သူ့အရှေ့၌ ရုံရုံနှင့် ရှီလီတို့က ထိုင်နေကြတာကြောင့် သူ့မေးခွန်းတွေကို ဖြေပေးပြီး ပုစ္ဆာတွေကို ရှင်းပြပေးနိုင်သည်။

အတန်းချိန်တွေပြီးနောက် စခန်းကျ လေ့ကျင့်ရေး၏ ခက်ခဲသောအပိုင်းပြီးနောက် ကိုယ်ပိုင်စာကြည့်ချိန်နှင့် နှစ်ပါးသွားရပေဦးမည်။

ပိုပြီးပင်ပန်းရ‌တာကတော့ စနေ့နေ့နှင့် တနင်္ဂနွေနေ့တိုင်း သူတို့တွင် အတန်းချိန်နှစ်ချိန် ရှိနေတာပင်။

ဤအတိုင်း တစ်လနီးပါးကြာ ဆက်ဖြစ်နေခဲ့ပြီး နိုဝင်ဘာလထဲသို့ ဝင်လာခဲ့ကာ ပြိုင်ပွဲဝင်မည့်ရက်သို့ ချဉ်းကပ်လာချိန်မှာတော့၊ စခန်းချလေ့ကျင့်ရေးက ပြီးဆုံးတော့မည်ဖြစ်၍ မိုးသောက်ချိန်အသစ်က ကြိုဆိုနေပြီဟူသောအဓိပ္ပာယ်ပင်။

ပိတ်ရက်ပြီးသွားသည့်နောက် လေ့ကျင့်ရေးအချိန်၏ မနက်ခင်းတွင် ရှီလီက သူမ၏အုပ်စုဝင်နှစ်ယောက်ကို ပြောလိုက်သည်။ “ငါ ထိုင်းစာစားချင်နေလို့။ နင်တို့လည်း ငါနဲ့အတူ နေ့လယ်စာ လိုက်စားကြပါလား။ ငါဝယ်ကျွေးမယ်လေ”

အုပ်စုဝင်များမှာ မကြာခဏ အတူတူစားတတ်ကြသဖြင့် ရှီလီက ယနေ့ကို ပုံမှန်အတိုင်းစားသောက်ပြီး ပျော်ပါးကြမည်ဟု တွေးထားလေသည်။

မ‌ထင်မှတ်ထားသည်မှာ ပုံမှန်အားဖြင့် ငြင်းပယ်လေ့မရှိသော ရုံရုံက ပြောလာခဲ့၏။ “ဆောရီး၊ ငါ ဒီနေ့ လုပ်စရာရှိလို့ နင်တို့နဲ့အတူ နေ့လယ်စာ လိုက်မစားနိုင်တော့ဘူးဟာ။ နောက်တစ်ခေါက်မှ ငါ လိုက်ကျွေးမယ်”

ရှီလီက နေ့လယ်စာစားရာ၌ ရုံရုံကို အတင်းအကြပ် အဖော်မပြုခိုင်းသော်လည်း ရုံရုံမှာ ဘာလုပ်စရာရှိလဲဆိုတာကိုတော့ စိတ်ဝင်စားသွားသည်။

ရုံရုံ၏ အခြေအနေ အရပ်ရပ်ကို သူမ မသိထားပေ။

ရုံရုံက နယ်ကျောင်းကနေ ချန်ပုကျောင်းသို့ပြောင်းလာတယ်ဆိုတာကိုပဲ သူမ သိထားတာဖြစ်ပြီး ထို့ထက်ပိုပြီးတော့ ဘာမှမသိထားပေ။

သူမ၏ အုပ်စုဝင်ကို စိုးရိမ်သဖြင့် ရှီလီက မေးလိုက်သည်။ “နင့်မှာ ဘာလုပ်စရာရှိလို့လဲ”

သူမ၏ မေးခွန်းကို အရမ်းစပ်စုသွားတယ်လို့ ရုံရုံထင်သွားမှာကို စိုးရိမ်တာကြောင့် ရှီလီက အမြန်ထပ်ဖြည့်ပြောလိုက်သည်။ “ဒါပေါ့၊ နင် ပြောမထွက်ရင်လည်း ငါ မမေးလိုက်ဘူးလို့သာ သဘောထားလိုက်”

ရှီလီ၏ လေးနက်သောအမူအရာကို မြင်ရတော့ ရုံရုံက ပြုံးလိုက်ပြီး “ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဒီနေ့က အိမ်ပြောင်းဖို့အတွက် ငါ့မြေရှင်နဲ့ သဘောတူထားတဲ့နေ့‌လေ၊ အချိန် ကျနေပြီမို့လို့” ရှီလီ ခေါင်းညိတ်လိုက်၏၊ ဆိုတော့ ပစ္စည်းတွေရွှေ့ပြောင်းရမှာကိုး။

ဒါပေမဲ့ နေပါဦး၊ ရုံရုံက ရွှေ့ပြောင်းဖို့အတွက် ဘာလို့ မြေရှင်နဲ့ သဘောတူရတာလဲ။ သူမရဲ့ မိဘတွေနဲ့ မိသားစုတွေက ဘယ်ရောက်နေလို့လဲ။

သေချာသော ဖြစ်နိုင်ခြေများကို စဉ်းစားကြည့်ပြီးနောက် ရှီလီက ဂရုတစိုက်ဖြင့် မေးလိုက်၏။ “နင့်မိဘတွေ အလုပ်ရှုပ်နေလို့၊ ပြောင်းရွှေ့တာကို ကိုယ့်ဟာကိုယ် လုပ်နေတာလား”

ရုံရုံက ဂရုမစိုက်စွာ ပြောလာသည်။“ငါ့မိသားစုဝင်တွေက မရှိကြတော့ဘူး”

ရှီလီသည် အလိုအလျောက် ဖူဟွေ့ရှင်းနှင့်အကြည့်ချင်း ဖလှယ်လိုက်ပြီး မပြောခင်မှာ မျက်တောင်နှစ်ကြိမ်ခတ်လိုက်သေး၏။ “အဲဒါက၊ ငါတို့လည်း လုပ်စရာ ထွေထွေထူးထူးမှ မရှိတာ။ နင် အိမ်ပြောင်းမှာကို ငါတို့တွေကူရွှေ့ပေးလို့ ဘာလို့်မရရမှာလဲ။

ဖူဟွေ့ရှင်းက ခေါင်းညိတ်ကာ “ငါတို့နဲ့ ပူးပေါင်းဖို့ ချောင်ကျင်းကျားကိုပါ ခေါ်လိုက်ရအောင်။ လူပိုများတော့ အလုပ်မြန်မြန်ပြီးတာပေါ့”

အိမ်တွင်ရှိနေသော ချောင်ကျင်းကျားမှာ သူတို့၏ အုပ်စု‌ခေါင်းဆောင်က နေ့လယ်စာ လိုက်ကျွေးမယ်လို့ ပြောထားသော ဖူဟွေ့ရှင်း၏ မက်ဆေ့ခ်ျကို လက်ခံရရှိလိုက်သည်။ သူ့အတန်းဖော်တွေက စားကောင်းသောက်ဖွယ်များကို စားနေကြသည့်အခါမှာ သူ့အား မမေ့မလျော့ ရှိပေးကြသည့်အတွက် သူ့ရင်ထဲ အတော်ထိသွားသည်။

သူ အဝတ်အစားတွေကို အမြန်လဲလိုက်ပြီး သဘောတူထားသော နေရာသို့ တက္ကစီစီး၍ ထွက်လာခဲ့လိုက်သည်။

ထိုနေရာသို့ ရောက်သွားမှသာ ၎င်းက စားသောက်ဖို့အတွက် ဖိတ်ခေါ်ချက် မဟုတ်ဘဲ ကူရွှေ့ခိုင်းဖို့ ဖိတ်ခေါ်ချက်ဆိုတာကို နားလည် သွားတော့သည်။

ပြဇာတ်တို:

ချောင်ကျင်းကျား: မင်းသမီး ငါတို့ကို ဖိတ်ခေါ်လိုက်တာက ကူသယ်ခိုင်းဖို့လို့ မင်းပြောလိုက်တာလား။

******

214 01

အခန်း ၂၁၄: ငါ့မိသားစုကို ဘယ်သူနားလည်နိုင်မှာတဲ့လဲ

ရှီလီနှင့် မလှမ်းမကမ်းတွင် လမ်းလျှောက်နေသော ဖူဟွေ့ရှင်းကို ချောင်ကျင်းကျား မုန်းတီးစွာ ကြည့်လိုက်သည်။

“ငါ့ညီအစ်ကိုက ငါနဲ့ စိတ်ချင်းဆက်နေပေမဲ့၊သူကတော့ အသိစိတ်ဂိမ်းကို ကစားသွားတယ်” သူ တွေးလိုက်သည်။

ရုံရုံသည် ကနဦးတုန်းက ရှေးဟောင်းစတိုင်ရပ်ကွက်အဆောက်အဦး၌ နေထိုင်တာပင်။ အပြင်ပန်းက ကြည့်ရုံနှင့်တင် အဆောက်အဦး၌ ရှည်လျားသော သမိုင်းကြောင်းတစ်ခု ရှိခဲ့မယ်ဆိုတာကို ပြောနိုင်သည်။

လှေကားက ကျဉ်းမြောင်းကာ မှောင်မည်းနေ၍လူနှစ်ဦး ဘေးချင်းယှဉ်လျှောက်လို့ အဆင်မပြေပေ။

ရုံရုံက လမ်းကိုဦးဆောင်ပြီး ရှီလီက သူမ၏အနောက်ကနေ လိုက်သွားသည်။ ဖူဟွေ့ရှင်းနှင့်ချောင်ကျင်းကျားကတော့ အမျိုးသမီးအတန်းဖော်နှစ်ယောက်နှင့် အကွာအဝေးခြား၍ လိုက်လာကြသည်။

လူနေအိမ် အဆောက်အဦးမှာ အိုဟောင်းနေပြီ ဆိုသော်လည်း သူ့ခေတ်သူ့အခါတုန်းကတော့ အကောင်းဆုံးများထဲမှ တစ်ခုဖြစ်ခဲ့ကာ -၎င်းကို အမြင့်ကြီး ဆောက်ထားရုံတင်မကဘဲ အချိန်အကြာကြီး ကြံ့ကြံ့ခံလာနိုင်ခဲ့သည်။

ရုံရုံ၏ မိသားစုက ဓာတ်လှေကားမရှိသော ခြောက်လွှာတွင် နေထိုင်ကြရာ ရှီလီမှာ ခြောက်လွှာအထိ တက်သွားပြီးသည့်နောက် အမောတကော အသက်လုရှူနေရလေပြီ။

ဓာတ်လှေကားမရှိသော လူနေအိမ် အဆောက်အဦးသို့ သူမ တစ်ခါမှ မရောက်ဖူးခဲ့ချေ။ သွမ့်ယောင်ကျင်း၏ မိသားစုက တက္ကသိုလ်နှင့်တွဲလျှက် ရပ်ကွက်ထဲ၌ နေထိုင်ကြတာဖြစ်ပြီး သူတို့တွင် ဓာတ်လှေကားမရှိသော်လည်း ဒုတိယအလွှာတွင် နေထိုင်ကြတာကြောင့် လှေကားပေါ်တက်ရသည့် နာကျင်မှုကို သူတို့တွေ မခံစားခဲ့ရပေ။

ရုံရုံက သော့ဖြင့် တံခါးဖွင့်လိုက်သည်။ ဧည့်ခန်းထဲတွင် အရွယ်အစားစုံလင်သော ကတ္ထူပုံးများဖြင့် ပြည့်နှက်နေကာ ရုံရုံ၏ကိုယ်ရေးကိုယ်တာ ပစ္စည်းများကို ထည့်ထားတာပင်။

သူမသည် မနေ့တုန်းက ကျောင်းမှပြန်ရောက်ပြီဆိုတာနှင့် အရာအားလုံးကို ထုပ်ပိုးခဲ့တာဖြစ်၍ ယနေ့ ကျောင်းဆင်းပြီးလျှင် ပိတ်ရက်တစ်ဝက်ပိတ်တာကို အခွင့်ကောင်းယူ၍ ပစ္စည်းတွေရွှေ့ဖို့ကို စောင့်ဆိုင်းနေတာဖြစ်သည်။

ရုံရုံ၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းများမှာများများစားစား မရှိပေ။ ဧည့်ခန်းထဲတွင် ပြည့်နှက်နေသော ကတ္ထူပုံးတွေမှလွဲ၍ သန့်စင်ခန်းထဲ၌ အိမ်သာသုံးပစ္စည်းအချို့သာ ရှိသည်။

ဧည့်ခန်းထဲသို့ လူတိုင်း ဝင်ရောက်လာပြီးသည့်နောက် ရုံရုံက အခန်းအပူချိန်အတိုင်းရှိသော ရေသန့်ဘူးများအား သူတို့ကို ပေးလာခဲ့ပြီး ပြောလာသည်။ “ရေပူမရှိတော့ဘူးဆိုတော့၊လောလောဆယ် ဒါပဲသောက်ထားလိုက်ကြ”

တစ်ခါတည်းနှင့် ခြောက်လွှာကို တက်လာပြီးနောက် ရှီလီမှာ ရေငတ်ပြေရန်အတွက် ရေသန့်ဘူးကို အသည်းအသန် လိုအပ်နေတာပင်။

“တကယ်တော့ ကူညီပေးစရာဆိုလို့ ဘာမှများများစားစား မရှိဘူးရယ်။ ရွှေ့ပြောင်းလုပ်သားကို ပိုက်ဆံပိုပေးပြီး ငါ့ပစ္စည်းတွေကို အောက်ထပ်ထိသယ်ပေးဖို့ ဖုန်းဆက်ထားပြီးသား” ရုံရုံက ရှင်းပြလာ၏။

အနည်းငယ် မလိုအပ်သလို ခံစားမိလိုက်ရတာကြောင့် ရှီလီက ကသိကအောက်ဖြစ်စွာဖြင့် ခေါင်းကုတ်လိုက်သည်။

214 02

ရုံရုံက လူတိုင်းအား ဧည့်ခန်းထဲတွင် အနားယူဖို့ပြောပြီးနောက် သူမကတော့အချို့ပစ္စည်းတွေကို အပြီးသတ် ထုတ်ပိုးနေခဲ့သည်။

ဖူဟွေ့ရှင်းသည် ချောင်ကျင်းကျားက ယောက်ျားလေးဖြစ်တာကြောင့် အကယ်၍ အမျိုးသမီးသုံး ပစ္စည်းတွေရှိနေပါက သွားပြီးကူညီပေးဖို့ မသင့်တော်ဘူးလို့ ခံစားမိလိုက်သည်။ နှစ်ယောက်၏ အကြံပေးနေသော အကြည့်တွေအောက်မှာ ရှီလီက ကူညီပေးရန်အတွက် ရုံရုံ၏အနောက်သို့ တွန့်ဆုတ်စွာ လိုက်သွား‌လိုက်ရသည်။

မကြာခင်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး တစ်စုံတစ်ယောက်က အလျင်အမြန် သွားဖွင့်ပေးလိုက်သည်။

ရွှေ့ပြောင်းလုပ်သားသည် မနေ့ညတုန်းက ဖုန်းခေါ်ဆိုမှု၌ ဖောက်သည်က မိန်းကလေးဆို တာကို ကြားသိပြီးပြီဖြစ်တာကြောင့် အထပ် မြင့်ကို အကြောင်းပြ၍ ဈေးပိုတောင်းကာ ဈေးမြှင့်ချင်နေတာပင်။

သို့သော် တံခါးလာဖွင့်ပေးသူက အသိုင်းအဝိုင်းထဲတွင် အတော်လေး ကျင်လည်ခဲ့ပြီး သွားရှုပ်လို့ရသည့်ပုံမပေါ်သော တောင့်တောင့်ဖြောင့်ဖြောင့် လူငယ်တစ်ဦးဖြစ်နေသည်။

ချောင်ကျင်းကျား အတွေးဝင်မိသွားသည်။ “ရုပ်ရင့်နေတာ ငါ့အမှားလား”

လူတွေက အားနည်းသူကို အနိုင်ကျင့်ပြီးအားကြီးသူကိုတော့ ကြောက်ရွံ့ကြသည်။ အရွယ်ရောက်ပြီးသား ယောကျ်ားတစ်ဦးနှင့်မျက်နှာချင်းဆိုင်လိုက်ရတော့ ရွှေ့ပြောင်းလုပ်သားမှာ မိန်းမငယ်လေးတွေနှင့် ရင်ဆိုင်ခဲ့တုန်းကလို ဖြောင့်မတ်မှုတွေ ပျောက်ဆုံးသွားရသော်ငြား ပြောဖြစ်အောင် ပြောလိုက်သေး၏။ “မင်းရဲ့ တိုက်ခန်းက အထပ်မြင့်မှာနော်၊ ဓာတ်လှေကားလည်း မရှိဘူး။ ‌ပစ္စည်းတွေကို အောက်ထပ်‌ထိ သယ်မယ်ဆို ပိုက်ဆံပိုပေးရမယ်”

သန့်စင်ခန်းထဲတွင် ပစ္စည်းများကို ထုပ်ပိုးနေ‌သော ရုံရုံမှာ ဤစကားကိုကြားတော့ ထွက်လာပြီး “ဘာလို့ ကျွန်မတို့က ပိုပေးရမှာလဲ။ မနေ့ကတည်းက ဈေးကို ညှိထားပြီးသားမဟုတ်လား။ ကျွန်မတို့က ဓာတ်လှေကားမရှိတဲ့ ခြောက်လွှာမှာ နေတယ်လို့ ရှင့်ကို ပြောထားပြီးသားလေ။ ဒီနှစ်ချက်အပေါ် စဉ်းစားပြီး ဈေးကိုညှိလိုက်ကြတာပါ။ အခုကျမှ ဒါကိုအကြောင်းပြချက်ပေးပြီး ဈေးမြှင့်ချင်နေတာမလား”

ရွှေ့ပြောင်းလုပ်သားက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ငြင်းခုံနေဆဲပင်။ “မင်း မနေ့တုန်းကမှ သေချာမရှင်းပြခဲ့တာ။ မင်းရဲ့နေရာက ခြောက်လွှာမှာဆိုတာကိုသာ ငါသိရင် ဒီအလုပ်ကို လက်ခံခဲ့မှာ မဟုတ်ဘူး။ ငါ အခုလိုမျိုး လုပ်ပေးနေတယ်ဆိုတာ မင်းတို့လို မိန်းမငယ်လေးတွေကို သနားလို့ကွ။ ကျေးဇူးလာမကန်းနဲ့။ နည်းနည်းလောက် ပိုပေး၊ မင်းပစ္စည်းတွေကို သယ်ပေးမယ်။ ဒီလို‌ကောင်းမွန်တဲ့ အပေးအယူအမျိုးကို အခြားဘယ်နေရာမှာများ မင်း ရှာနိုင်မှာမို့်လို့လဲ”

ယခုလို အနားနီးမှ ပြောင်းလဲသွားပြီး ဈေးမြှင့်နေခြင်းက တကယ့်ကို စိတ်တိုဖို့ကောင်းလှ၏။

ရုံရုံက မျက်မှောင်ကြုတ်ကာ “မနေ့ညကကျွန်မတို့ ဖုန်းပြောခဲ့တာကို မှတ်တမ်းယူထားတာ ရှိတယ်နော်။ ရှင့်ကို ပြန်ဖွင့်ပြစေချင်လား ဒါမှမဟုတ် ကျွန်မတို့ အငြင်းပွားနေတာကို ပလက်ဖောင်းပေါ် တင်လိုက်ရမလား။ ပလက်ဖောင်းက ဘာပြောလာမယ်လို့ ရှင်ထင်လဲ”

ဘယ်ပလက်ဖောင်းပဲဖြစ်ပါစေ၊ သူတို့က‌ ဝယ်သူတွေဘက်ကသာ ဖြစ်တာကြောင့် ၎င်းကို ငြင်းလို့မရနိုင်။

ရွှေ့ပြောင်းလုပ်သား၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး နောက်ဆုံးတော့ ငြီးတွားလာကာ “ပြီးရော၊ ပြီးရော၊ ငါက စကားပြောမတတ်တော့ မင်းတို့လို လူငယ်တွေနဲ့ မငြင်းခုံနိုင်ဘူး။ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ အဆင်ပြေပြီမလား”

သူပြောနေပုံမှာ ရုံရုံကပဲ တလျှောက်လုံး ကျိုးကြောင်းဆီလျော်မနေသလိုပင်။

ရွှေ့ပြောင်းလုပ်သားက အလုပ်စမလုပ်ရသေးခင်မှာပဲ ရှီလီက လက်ဖြင့်တားလာ၏။ “ခဏ”

ဤဦးလေးက လူကောင်းမဟုတ်ဘဲ သူတို့ကွယ်ရာတွင် ပြဿနာရှာလိမ့်မယ်လို့ သူမ ခံစား‌မိနေသည်။

ရှီလီက ဖုန်းထဲက ဗီဒီယိုဖန်ရှင်ကို ဖွင့်၍ ဧည့်ခန်းထဲက ‌ကတ္ထူပုံးများကို သက်သေအနေဖြင့် စေ့စေ့စပ်စပ် မှတ်တမ်းယူထားလိုက်သည်။

214 03

သူမက မှတ်တမ်းထဲရှိ အသေးစိတ်များကိုပင် ရိုက်ကူးလိုက်တာပင်။ ရှီလီက သွားခြောက်ချောင်းလုံး ပေါ်သည်အထိ သိမ်မွေ့စွာရယ်၍“ဟုတ်ပြီ၊ ရှင်အခု စသယ်လို့ရပြီ။ ဒုက္ခခံပေးတဲ့အတွက် ‌ကျေးဇူးပါ”

ရွှေ့ပြောင်းလုပ်သားမှာ အဓိပ္ပာယ်မဲ့သောနစ်နာမှုကို ခံစားနေရသော်လည်း မကျေနပ်ချက်ကို ဖွင့်ထုတ်နိုင်မည့်နေရာဟူ၍ မရှိပေ။

သူတို့က အားလုံးကို မှတ်တမ်းယူထားတာဖြစ်၍ ဖောက်သည်၏ပိုင်ဆိုင်မှုတွေကို ရောင်းစားပစ်၍လည်း မရပေ။ အနှီကောင်မလေးနှစ်ယောက်က ပလက်ဖောင်းပေါ်တွင် အလျင်အမြန် ဝေဖန်လိုက်မှာဖြစ်တာကြောင့် သူ့အနေနှင့် သူတို့ကို ရန်စ၍မဖြစ်ချေ။

ရွှေ့ပြောင်းလုပ်သားက ဒေါသကို မြိုသိပ်ကာ ကတ္ထူပုံးကြီးနှစ်ပုံးကိုသယ်၍ အလုပ်စလုပ်တော့သည်။

ရှီလီက ဖူဟွေ့ရှင်းကို ပေါ့ပါးသည့် ခပ်သေးသေး သေတ္တာတစ်လုံးပေး၍ အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်လိုက်ကာ ရွှေ့ပြောင်း လုပ်သား၏ အနောက်မှ လိုက်သွားစေသည်။

ဖူဟွေ့ရှင်းက ရှီလီ၏ ရည်ရွယ်ချက်ကိုချက်ချင်း နားလည်သွား၏။ ရွှေ့ပြောင်းလုပ်သား၏နောက်သို့ လှေကားမှဆင်း၍ လိုက်သွားလိုက်သည်။

ရုန်ရုန်တွင် ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုများဟူ၍ မရှိပေ။ နာရီဝက်တောင် မကြာခင်မှာပဲ ကတ္ထူပုံးတွေဖြင့် ပြည့်နှက်နေခဲ့သောဧည့်ခန်းမှာ ပြောင်ရှင်းသွားတော့သည်။

သူမသည် အပေါ်ထပ်တွင်နေသော မြေပိုင်ရှင်အား အောက်ထပ်ဆင်းလာပြီး တိုက်ခန်းကို စစ်ဆေးကြည့်လို့ရအောင် ခေါ်လိုက်သည်။

မြေပိုင်ရှင်က သတ်လယ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး အသင့်စား ခေါက်ဆွဲလိုမျိုး ဆံပင်တွေရှိ၍ အသီးရွက်ဖတ်တွေ ကပ်နေသော ဧပရွန်ကို ဝတ်ဆင်ထားသည်။

ရုံရုံက သူမကို တစ်ခန်းချင်းဆီ ခေါ်သွားပြလိုက်သည်။ ပရိဘောဂနှင့် အသုံးအဆောင်တွေ နေရာတကျရှိနေတာကို အတည်ပြုပြီးတော့မှ သူမက ဖုန်းကိုထုတ်ကာ ရုံရုံအား စရန်ငွေပြန်အမ်းလိုက်သည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ အန်တီ တကယ်အားနာမိပါတယ်ကွယ်။ အန်တီ့သားက လက်ထပ်တော့မှာဆိုတော့ ငွေအလောတကြီး လိုနေတာ၊သမီးကို အဆင်မပြေဖြစ်စေမိပြီ” မြေရှင်က ရှင်းပြလာသည်။

ရုံရုံက အဆင်ပြေပါတယ်ဟု မပြောခဲ့ပေ။ သူမကို အချိန်တိုလေးအတွင်း အိမ်ပြောင်း ခိုင်းပြီး ရွှေ့ပြောင်းကုမ္ပဏီကိုငှား၍ ပစ္စည်းများကို ပြောင်းရွှေ့ကာ နေရာအသစ်ရှာဖို့ တွန်းအား ပေးလာခဲ့သော မြေရှင်၏ရုတ်တရက်ဆန်‌သော တောင်းဆိုချက်က သူမအတွက် အတော်လေးကို အဆင်မပြေဖြစ်စေခဲ့တာပင်။

မြေရှင်ထံ သော့တွေ ပြန်အပ်ပြီးနောက်သူမတွင် ဤတိုက်ခန်းနှင့် ပတ်သက်မှုဟူ၍မရှိတော့ပေ။

အောက်ထပ်သို့ရောက်တော့ ရုံရုံက တက္ကစီတစ်စီးကိုငှား၍ ဒရိုင်ဘာကို တည်နေရာပြောကာ ကားခအကြောင်း မေးမြန်းပြီး ပိုက်ဆံရှင်းတော့မည့် အခါကျမှ သူမ၏ အတန်းဖော်သုံးယောက်ဘက်သို့ လှည့်လာကာ ပြော၏။ “အရှေ့က ရွှေ့ပြောင်းထရပ်ကားက လူလေးယောက် မဆန့်ဘူး။ နင်တို့သုံးယောက်နောက်ကနေ လိုက်ခဲ့ကြ၊ ပြီးရင် ငါတို့တွေ သွားကြမယ်”

ဖူဟွေ့ရှင်း ပြောလိုက်။၏ “ရွှေ့ပြောင်းထရပ်ကားရဲ့ ခရီးသည်ထိုင်ခုံက လူနှစ်ယောက် ဆန့်တယ်။ ချောင်ကျင်းကျားနဲ့ ငါနဲ့က ထရပ်ကားနဲ့ လိုက်သွားလိုက်မယ်။ နင်တို့မိန်းကလေးနှစ်ယောက်ပဲ တက္ကစီစီးလိုက်ကြ”ယခုလိုဆို ပိုပြီးဘေးကင်းလေသည်။

ချောင်ကျင်းကျားက အချိန်နှောင်းမှ ခေါင်းညိတ်ပြလာကာ “အိုး၊ ဪ၊ ဟုတ်တယ်။ ဟုတ်တယ်”

ရုန်ရုန်က တုံ့ဆိုင်းနေတုန်းမှာပဲ ရှီလီက တက္ကစီ၏ နောက်တံခါးကိုဖွင့်၍ သူမအား နောက်ထိုင်ခုံထဲ တွန်းထိုးထည့်လာသည်။

“ငါတို့ အတူတူသွားကြမယ်၊ မတော်လို့ ဒရိုင်ဘာက နင်ပြောတဲ့လိပ်စာကို မသိဘဲ ငါတို့ကို နေရာအမှား‌ဆီ ခေါ်သွားမိဦးမယ်”ရှီလီက ရှင်းပြလိုက်သည်။

ဤစကားကိုကြားတော့ တက္ကစီဒရိုင်ဘာက မ‌ကျေနပ်ပေ။ “ညီမလေး၊ ကျုပ် တက္ကစီမောင်း စားလာတာ ဆယ်နှစ်ကျော်နေပြီ။ Blue City မှာဆို ကျုပ်က GPS အသေးစားလိုပဲ။ ကျုပ် မရှာနိုင်တဲ့ နေရာဆိုတာ မရှိဘူး၊ မရှာချင်တာပဲရှိတာ”

214 04

သူသည် GPS မပါဘဲ တက္ကစီမောင်းရန် ပြင်နေတာကြောင့် ရှီလီကို လုံလောက်သည်အထိ ကြောက်ရွံ့မိသွားစေသည်။ သူမက သူ့အပေါ်အပြည့်အဝ ယုံကြည်ပြီး GPS မသုံးတာက အဆင်မပြေဘူး ဆိုသည့်အကြောင်းကို ထပ်တလဲလဲပြောလိုက်ရသည်။

ယာဉ်နှစ်စီးက ရုံရုံ၏ အိမ်သစ်ဆီသို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာခဲ့သည်။ ယခင်က အိုဟောင်းနေသော လူနေရပ်ကွက်နှင့်ယှဉ်လိုက်ပါက ယခုရပ်ကွက်မှာ ပစ္စည်းပစ္စယအပြည့်အစုံရှိပြီး ပိုသစ်လွင်ပေသည်။

တိုက်ခန်းသစ်တွင် ဓာတ်လှေကားရှိသော်ငြား ရွှေ့ပြောင်းလုပ်သားက ရွှေ့ပြောင်းလုပ်သားက ရပ်ကွက်ထဲသို့ မဝင်နိုင်ဘူးဆိုသော ဆင်ခြေကိုပေးလာ၍ ကတ္ထူပုံးတွေနှင့် လူတွေကို လမ်းဘေး၌ စွန့်ပစ်ခဲ့ပြီး မောင်းထွက်သွားတော့သည်။

ရှီလီနှင့်ရုံရုံတို့ တက္ကစီထဲမှ ထွက်လာကြတော့ လမ်းဘေးတွင် ကတ္ထူပုံးကြီးငယ်များကို ခြေထောက်နားပုံထားသော ကောင်လေးနှစ်ယောက်ကို တွေ့လိုက်ရသည်။

ရှီလီနှင့် ရုံရုံတို့ ကြောင်အမ်းသွား၏။

ရှီလီက လှည့်လာပြီး မေးလိုက်သည်။ “ဘာဖြစ်တာလဲ”

ရုံရုံက ရှီလီကိုဆွဲ၍ “ငါတို့ကို ဒါတွေကူသယ်ပေးဦး။ ရွှေ့ပြောင်းလုပ်သားကို ဒီလောက်ထိ စည်းကမ်းမဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး”

ဤအခြေအနေတွင် ဒရိုင်ဘာကို မတားလိုက်နိုင်သော အနှီနှစ်ဦးကို အပြစ်တင်၍ မရသလို၊ဤကိစ္စ၌ သူတို့ကို ရန်စဖြစ်ပေးဖို့ မျှော်လင့်၍လည်း မရပေ။

ကံကောင်းသည်မှာ သူတို့တွေ ထိုနေရာနှင့် နီးနီးလေးသာ ရှိတော့တာပင်။

သို့သော် သူတို့တွေက ဒီအတိုင်းကြီးတော့ မလွှတ်ပေးနိုင်ချေ။ ရုံရုံက ကတ္ထူပုံးတွေကို ဓာတ်ပုံရိုက်၍ ပလက်ဖောင်းပေါ်တွင် ဝေဖန်လိုက်သည်။

ဤတစ်ခေါက်တွင် ဖူဟွေ့ရှင်း ဘာမှမပြောနိုင်ခင်မှာဘဒ ချောင်ကျင်းကျားက အရင်ဦးဆုံးစကားစလာ၏။ ဒီကောင့်ကိုပဲ အမြဲလူကောင်း ဖြစ်ခိုင်းထားလို့ မရဘူးလေ။

“နင်တို့နှစ်‌‌ယောက် ဒီမှာနေပြီး ပစ္စည်းတွေကို ကြည့်ထားကြ။ ရွှေ့ပြောင်းရမှာကို ငါတို့ ယောကျ်ားသားတွေဆီ လွှဲလိုက်” သူ၏မတည်ရှိနေသော ကြွက်သားတွေကို ညှစ်၍ပြောလိုက်သည်။

ရုံရုံက အရင်ဆုံး ကန့်ကွက်လာသည်။ “နင်တို့တွေက နေရာမှမသိကြတာ၊ ငါလည်း လိုက်ဖို့လိုတယ်လေ”

အဆုံးမှာတော့ နောက်တွင် ကျန်ရစ်နေခဲ့ရမည့်တာဝန်မှာ ရှီလီဆီသို့ ကျရောက်လာတော့၏။ သုံးယောက်သားက ကတ္ထူပုံးတွေကိုသယ်ပြီးထွက်မသွားခင်တွင် ရှီလီအား သတိပေးခဲ့သေး၏: သူစိမ်းတွေနဲ့ စကားမပြောနဲ့၊ သူစိမ်းတွေဆီက မုန့်တွေကို လက်မခံနဲ့၊ လူဆိုးတွေနဲ့ တွေ့ရင် သူတို့ကို လှမ်းခေါ်ဖို့ သတိရဦးနော်။

ရှီလီမှာ ဗလာကျင်းနေသော အမူအရာဖြင့် နားထောင်လိုက်ရ၏။ သူမက အခုဆို ဆယ့်ခြောက်နှစ် ပြည့်နေပါပြီနော်၊ ခြောက်နှစ်မဟုတ်ဘူး။

လမ်းပေါ်က နေရာတိုင်းတွင် စောင့်ကြည့်ရေးကင်မရာတွေရှိပြီး လုံခြုံရေးရုံးလည်း အနားတွင်ရှိနေကာ အလွန် လုံခြုံပေသည်။

သူတို့သည် စုစုပေါင်း နှစ်ခေါက်သည်လိုက်ရပြီး ပစ္စည်းတွေကို အပေါ်ထပ်ဆီ သယ်သည့်နောက်ဆုံးအသုတ်တွင် ရှီလီလည်း ပါဝင်ခဲ့၏။

ရုံရုံက တိုက်ခန်းကို ကြည့်ပြီးသားဖြစ်ကာ၎င်းကို ကျေနပ်ပြီး အဆောက်အဦးပိုင်ရှင်ထံမှ သော့တွေလည်း ရထားပြီးသားပင်။

နေရာသစ်ကလည်း တစ်ယောက်ခန်း တိုက်ခန်း ဖြစ်ပြီး ရုံရုံလို မိန်းကလေးတစ်ယောက်အတွက် အဆင်ပြေသည်။

“ထိုင်ပြီး ခဏနားကြဦး။ နေရာသစ်က ရိုးတယ်၊ ဘာမှသိပ်မရှိသေးဘူး။ ပြီးကျရင် ငါ့ကိုကူပြီး ပစ္စည်းတွေသယ်ပေးတဲ့ နင်တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ လိုက်ကျွေးမယ်”သူမ ပြောလိုက်သည်။

ရှီလီက ဖုန်းကိုထုတ်လိုက်ပြီး မြေပုံအက်ပ်ကို ဖွင့်လိုက်ကာ “ငါ ဝယ်ကျွေးမယ်လို့ ပြောခဲ့တာဆိုတော့ ငါပဲ ပိုက်ဆံရှင်းမယ်”

214 05

ချောင်ကျင်းကျားက စိတ်ထဲ မထားပေ၊ဘယ်လိုပဲဖြစ်ဖြစ် သူက တစ်နပ်စာ အလကား စားရရေးအတွက် ထွက်လာခဲ့တာဖြစ်သည်။

သူသည် ရွှေ့ပြောင်းရာ၌ ပါဝင်ရပြီဆိုကတည်းက အလကားစားသောက်ရမည့်အထဲ ပါဝင်မည်ဆိုတာကို သိနေပြီးသားဖြစ်သည်။

ရှီလီ၏ ရင်ထဲရှိနေသော ထိုင်းစားသောက်ဆိုင်မှာ ရုံရုံ၏ နေရာသစ်နှင့်ဆို ကီလိုမီတာ 20ကျော်လောက်ထိ ‌အတော်လေးဝေးသော်ငြား ရှီလီကတော့ အနှီစားသောက်ဆိုင်က ထိုင်းအစားအစာတွေကိုသာ နှစ်သက်တာပင်။

သူမမျက်နှာ ညှိုးနေတာကို မြင်လိုက်ရတော့ ရုံရုံက ပြောလိုက်၏။ “ထိုင်းအစားအစာအခြေခံ နည်းနည်းပါးပါးလောက်ကို ငါ ချက်တတ်တယ်။ ငါပဲ ချက်လိုက်မယ်လေ။ အိမ်ပြောင်းတဲ့ ပထမဆုံးရက်မှာ မီးဖိုကိုသုံး တာက ရိုးရာပဲ။ နင်တို့တွေ ငါ့ရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ကြပါလား”

“ကောင်းသားပဲ!” အခြားသူတွေလည်း ကန့်ကွက်မှု မရှိကြပေ။

“နေရာအသစ်မှာက ဟင်းချက်စရာပစ္စည်းတွေရော၊ ပါဝင်ပစ္စည်းတွေရော ရှိသေးတာမဟုတ်ဘူး။ ငါ စူပါမားကတ်ကို သွားပြီးဈေးနည်းနည်းပါးပါး ဝယ်နေတုန်း နင်တို့တွေ ခဏတဖြုတ် အနားယူကြလေ”

ရှီလီက ကန့်ကွက်လိုက်၏။ “ဒုက္ခများလွန်းပါတယ်ဟာ။ အနားက တစ်ဆိုင်ဆိုင်ကို ရှာပြီးစားကြတာပေါ့”

“ဒုက္ခမဖြစ်ပါဘူး။ ပုံမှန်ဆို ငါ့ဟာငါ ချက်စားနေကြ။ တကယ်လို့ ဒုက္ခများတာကို နင် စိတ်ထဲမထားရင် ငါနဲ့အတူ စူပါမားကတ်ကို လိုက်ခဲ့၊ငါနည်းနည်းပါးပါး ပိုဝယ်လို့ရတယ်”

၎င်းမှာ သူတို့တွေအတွက် ပြဿနာမဟုတ်ပေ။

ရုံရုံ့အိမ်သစ်၏ ဘေးနားတွင် လူနေအိမ်အဆောက်အဦးများ၊ ကောင်းမွန်စွာ တည်ဆောက်ထားသော မူလတန်းကျောင်းနှင့်အလယ်တန်းကျောင်းများလည်း ရှိပေသည်။ တိုက်ခန်းနှင့် မီတာငါးဆယ်အကွာတွင် စူပါမားကတ်တစ်ခု ရှိလေသည်။

ရုံရုံက အိမ်သစ်အတွက် ပစွည်းတွေဝယ်ဖို့ လိုအပ်နေရုံတင်မကဘဲ၊ သူမ ချက်ပြုတ်နေစဉ်အတွင်း သူငယ်ချင်းတွေ ဗိုက်မဆာရအောင်လို့ ဈေးဝယ်တွန်းလှည်းထဲသို့ မုန့်တွေ အများကြီးထည့်နေလေသည်။

ရုံရုံတွင် ဝယ်စရာတွေ များလွန်းတာကြောင့် ဈေးဝယ်တွန်းလှည်းမှာ ပြည့်လျှံလုနီးပါးပင်။ ရှီလီက လုပ်အားပေးလာ၏။ “ငါ နောက်လှည်းတစ်ခု သွားယူလိုက်မယ်”

ရှီလီ နောက်လှည့်လိုက်တာနှင့် ယုံကြည်နိုင်စရာ မကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့၏။

သူမကို လေးလေးနက်နက် ကတိပေးခဲ့သည့်ရှီရွှမ်းက ချူးချွမ်ရှန်း၏ အင်္ကျီလက်စကိုဆွဲ၍ ဘေးချင်းယှဉ်ရပ်ကာ အေးအောင်လုပ်ထားသော စင်ရှေ့တွင် ပစ္စည်းများကို ရွေးချယ်နေလေသည်။

“အစ်မ "

သုံးဦးသားမှာ ရှီလီ၏အနောက်မှ လိုက်နေကြပြီး သူမမျက်လုံးထဲက ထိတ်လန့်မှုကို မြင်တွေ့လိုက်ရသည်။

ရုံရုံရော ချောင်ကျင်းကျားရောက ကျီဖေးယွီ၏အစ်ကို မင်္ဂလာပွဲကို မတက်ရောက်ခဲ့ကြတာကြောင့် ရှုပ်ထွေးနေသောအခြေအနေကို သတိမထားမိခဲ့ကြပေ။

သူတို့၏ အမူအရာများမှာ အနည်းငယ် ရှုပ်ထွေးနေလေ၏။ ဘာဖြစ်ထားကြတာလဲ။ ရှီလီက ဘာလို့ အဲ့လိုတုံ့ပြန်နေရတာလဲ။

ဖူဟွေ့ရှင်းက တိတ်တဆိတ် ပါးစပ်ပိတ်ထားသည်။ သူမဝမ်းကွဲရဲ့ ဘေးနားက ယောက်ျားက ကျီဖေးယွီ ယောက်မရဲ့ အသစ်စက်စက် ယောကျ်ားလေ။

သူတို့၏အုပ်စုဖွဲ့ စကားပြောခန်းလေးထဲတွင်အတင်းအဖျင်းများကို ကြားသိလိုက်ရပြီဖြစ်သော နှစ်ယောက်: ငါ့ကောင်ရေ!

******

215 01

အခန်း ၂၁၅: စမ်းတဝါးဝါးလုပ်ခြင်း

ရှီရွှမ်းက အမွေးပွပွကွင်းထိုးကိုစီး၍ လျော့ရဲပြီး ‌ပေါ့ပါးသော ဂျက်ကတ်ကို ဝတ်ဆင်ထားသည်။ သူမနှင့် မလှမ်းမကမ်းတွင် ဈေးဝယ်တွန်းလှည်းတစ်ခုရှိကာ ပစ္စည်းမျိုးစုံဖြင့်ပြည့်နှက်နေလေသည်။

ရင်းနှီးသောအသံကို ကြားလိုက်မိတာကြောင့် ရှီရွှမ်းက ထိုဦးတည်ရာအတိုင်း လှမ်းကြည့်လိုက်သည့်အခါမှာ ထိတ်လန့်မှုတွေဖြင့် ပြည့်နှက်နေသော သူမဝမ်းကွဲလေး၏ မျက်နှာကို မြင်တွေ့လိုက်ရ၏။ ရှီရွှမ်းလည်း အံ့အားသင့်သွားရပြီး သူမ၏ အိမ်အနားဝန်းကျင်တွင် သူမ၏ဝမ်းကွဲလေး ဘာလို့ပေါ်လာလဲဆိုတာကို နားမလည်နိုင် ဖြစ်သွားရသည်။

ရှီရွှမ်း၏ မျက်နှာထက်တွင် ထိတ်လန့်မှုက ယာယီဖြတ်သန်းသွားသော်လည်း သူမကိုယ်သူမ အမြန်ထိန်းလိုက်နိုင်ပြီး မေးလိုက်၏။ “နင် ဒီကို ဘာလာလုပ်တာလဲ? နင့်မှာ ပိတ်ရက်တိုင်း ပြိုင်ပွဲဝင်လေ့ကျင့်ရေးရှိတယ်လို့ အန်တီ့ဆီကနေ ငါကြားထားပါတယ်?”

ဆရာမအသစ်ဖြစ်နေရခြင်း၏ ဖိအားက သူမဆီကနေ ရုတ်တရက် ထွက်ပေါ်လာ၏။ “နင် ကျောင်းပြေးလာတာလား?”

“နင်က လိမ္မာတဲ့ကျောင်းသူဆိုတာကို ငါသိပေမဲ့ ကျောင်းပြေးတာကတော့ မကောင်းဘူးနော်”

ရှီရွှမ်းက ငယ်ငယ်တုန်းကလိုပဲ စကားလမ်းကြောင်း ပြောင်းနိုင်သည့် စွမ်းရည်က လုံးဝမဆိုးရွားသွားဘူးလို့ ရှီလီ တွေးလိုက်သည်။

စိတ်တိုတိုနှင့် ရယ်မိလုနီးပါးဖြစ်သွားရကာ ပြန်ဖြေလိုက်သည်။ “လေ့ကျင့်ရေးက နှစ်ချိန်ပဲရှိတာ၊ ဆယ့်တစ်နာရီဆို ပြီးပြီ”

“အစ်မကရော၊ ညီမ မှတ်မ်ိတာသာမှန်ရင်ဒီအချိန် အိမ်မှာနေပြီး သင်ခန်းစာအစီအစဉ်တွေနဲ့ ပါဝါပွိုင့်တွေကို လုပ်နေသင့်တာ မဟုတ်ဘူးလား?”

ရှီရွှမ်းက နားထင်ပေါ် လက်ညှိုးဖြင့်ဖိ၍“ငါဒီနေ့ အဖျားနည်းနည်းရှိနေတော့၊ နေလို့ထိုင်လို့ သိပ်မကောင်းဘူး”

ရှီလီ တွေးလိုက်၏: စောနတုန်းက သူ့အင်္ကျီစကို ကိုင်ထားတုန်းက အစ်မ ခေါင်းကိုက်မနေပါဘူး၊ ရေခဲသေတ္တာထဲက အစားအသောက်တွေကို ကြည့်နေတုန်းက အစ်မ ခေါင်းကိုက်မနေပါဘူး၊ ညီမ ပေါ်လာမှ ဘာလို့ရုတ်တရက်ကြီး ခေါင်းကိုက်သွားရတာလဲ? မသိရင် ညီမကအစ်မရဲ့ ဓာတုဓာတ်ငွေ့ကျနေတာပဲ။

ရှီလီက လက်ကိုဆန့်ထုတ်၍ သူမနဖူးကိုထိပြီးအဖျားစမ်းမလို့ လုပ်လိုက်သော်လည်း ရှီရွှမ်းက တိမ်းရှောင်၍ ချူးချွမ်ရှန်း၏အနောက်တွင် ဝင်ပုန်းလိုက်သည်။

အရပ်ရှည်သော ယောက်ျားက သူ့နောက်ရှိလူကောင်သေးသော ရှီရွှမ်းကို ကာကွယ်ပေးထားသည်။

ချူးချွမ်ရှန်းက ပြောလိုက်၏။ “မင်းအစ်မ ဖျားနေတယ်၊ သူမ အခု နေလို့မကောင်းဘူး”

ရှီလီက အေးစက်သော မျက်နှာထားနှင့်အတူ ငြိမ်ကျသွားသည်။ ရှီရွှမ်းက ဝမ်းကွဲ၏ဒေါသကို အမြဲတမ်း ကြောက်နေရသူပင်။ သူမ၏ဝမ်းကွဲက ပုံမှန်ဆို စိတ်အခြေအနေ ကောင်းမွန်ကာ လူတိုင်းအပေါ်တွင် အမြဲတမ်း နွေးထွေးကြင်နာတတ်သော်ငြား သူမ ဒေါသထွက်ချိန်မှာတော့ အကုန်လုံးကို ပိုပြီးတော့ ကြောက်စရာကောင်းသွားစေသည်။

ရှီလီက စိတ်ထဲကနေ ဆဲဆိုနေတာကြောင့်စကားမပြောတော့တာပင်။

ဆဲဆိုသည်များမှာ အတော်လေး ရုန့်ရင်းကြမ်း တမ်းတာကြောင့် အကယ်၍ ထုတ်လွှင့်ပြသမည်ဆိုပါက တစ်ခုလုံးကို ဆင်ဆာဖြတ်၍ ပိတ်ပင်ပစ်ဖို့ လိုအပ်ပေလိမ့်မည်။

အနားရှိ လူသုံးယောက်မှာ ရှီလီ၏ စကားလုံးကြွယ်သော ဆဲဆိုခြင်းများနှင့် သူမ၏ ယခုလိုစိတ်ဆိုးနေသော အခြေအနေကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးတာကြောင့် ကြက်သေ သေကုန်ကြသည်။

ချောင်ကျင်းကျားနှင့် ရုန်ရုန်က ဤလူ၏အထောက်အထားကို လွန်ခဲ့သော မိနစ်အနည်းငယ်လောက်ကမှ သိလိုက်ရတာဖြစ်သော်ငြား သူမ၏ လက်ရှိပေါက်ကွဲနေသော အခြေအနေကို နားလည်နိုင်ကြသည်။

၎င်းမှာ အိမ်မီးလောင်နေသကဲ့သို့ လူတစ်ဦး၏အိမ် မီးလောင်နေခြင်းက မတော်တဆကိုယ့်အိမ်ပါ မီးကူးလာသလိုမျိုးပင်။

215 02

သေချာသည်မှာ ရှီလီ၏ ပေါက်ကွဲနေခြင်းက သူတို့သုံးယောက် ထင်ထားတာထက် အတော်လေး သာလွန်နေသည်။ ရှီလီသည် သူမ၏အိမ်ကို မီးလောင်နေသောအိမ်နှင့် ဝေးဝေးမှာထားရန် သူမကိုယ်သူမ ပြောနေခဲ့သော်ငြား အနှီအိမ်က စကားနားမထောင်ဘဲ မီးစွဲခံ‌ချင်နေသည့်အလား အနားသို့သာ ကပ်ချင်နေသည်။

ချူးချွမ်ရှန်းသည် မလှမ်းမကမ်းမှ သူ့အား စူးစိုက်ကြည့်နေသော လူငယ်သုံးယောက်ကို သတိထားမိသည်။ သူတို့ကို ရှီရွှမ်းဝမ်းကွဲ၏သူငယ်ချင်းတွေဖြစ်ရမည်ဟု မှန်းဆလိုက်ပြီး မိန်းမငယ်လေးတစ်ယောက်ထဲ စူပါမားကတ်မှာ ဈေးဝယ်ထွက်တာက ဖြစ်နိုင်ခြေ သိပ်မရှိတာကြောင့်ပင်။

သူ သိမ်မွေ့စွာပြောလိုက်၏။ “ဝမ်းကွဲမှာ ညစာစားမဲ့ အစီအစဉ်ရှိတာလား။ မင်းအစ်မနဲ့ ကျွန်တော်လည်း ညစာအတူတူစားကြမလို့၊ကျွန်တော်တို့နဲ့ အတူတူ လိုက်စားချင်လား?”

ရှီရွှမ်းနှင့် ချူးချွမ်ရှန်းတို့သည် အစောပိုင်းတုန်းကမှ နေ့လယ်စာအတူ စားခဲ့ကြတာပင်။ရှီရွှမ်းကို သူ အိမ်ပြန်လိုက်ပို့ပေးတော့ သူမက ဟင်းချက်လက်ရာကိုသာ စားချင်၍ အော်ဒါ မှာမစားချင်သော်ငြား ဟင်းမချက်တတ်ကြောင်း ပြောလာခဲ့သည်။ သူကလည်း ဟင်းဘယ်လို ချက်ရတယ်ဆိုတာကို သိနေတော့ ဟင်းချက်ပစ္စည်းတွေဝယ်ရန် စူပါမားကတ်သို့ သွားကြမည်ဟု အကြံပြုခဲ့လေသည်။

ရှီလီက ပြုံးပြလာပြီး သွားခြောက်ချောင်းကို ဖော်ပြလာကာ “အဲ့လိုဆိုမှ ညီမမှာ အခြားအစီအစဉ်တွေ မရှိဘူး” တတိယလှည်းဘီး ဖြစ်ရတာက လူတိုင်းရဲ့ တာဝန်တစ်မျိုးပဲ။

ချူးချွမ်ရှန်း၏ အနောက်တွင် ပုန်းအောင်းနေခဲ့သော ရှီရွှမ်းက ရှီလီ၏ အစီအစဉ်မရှိဘူးဟု ပြောလာသံကို ကြားလိုက်ရတော့ ခေါင်းတစ်ဝက်ကို ထုတ်လာပြီး လည်ပင်းလှီးသော လက်ဟန်ကို လုပ်ပြလိုက်သည်။

သို့သော် ရှီလီက လှပသော မျက်ကန်းတစ်ဦးနှယ်ပင်။ သူမဝမ်းကွဲ၏ သဘောမတူခြင်းကို မမြင်ဘဲ ထိုအစား‌ ပြောလိုက်သည်။“အစ်ကိုကြီးက ကြင်နာတတ်သားပဲ။ ဖြစ်ချင်တော့ ညီမတို့လေးယောက်လုံးမှာ ညစာစားဖို့ သွားစရာနေရာမရှိဘူး၊ အစ်ကိုကြီးတို့ကိုပဲ ဒုက္ခခံခိုင်းရတော့မယ်။ အစ်ကိုကြီးရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ဖို့ အခွင့်ကောင်းဖြစ်သွားတာပေါ့”

ရှီရွှမ်း တွေးလိုက်၏: ကောင်းရော၊ အစကတတိယလှည်းဘီး တစ်ယောက်ပဲရှိတာ၊ အခုတော့ လေးယောက်တောင် ဖြစ်သွားပြီ။

မည်သို့ပင်ဖြစ်စေ ရှီလီက သူမ၏ဝမ်းကွဲ ဖြစ်နေသေးသည်။ သူစိမ်းသုံးယောက်ပါ ထပ်တိုးလာတော့ သူမ၏အရေပြားမှာ ဘယ်လောက်ပဲ ထူထည်းနေပါစေ၊ ကလေးတစ်သိုက်၏အရှေ့တွင် ယောက်ျားတစ်ဦးနှင့်အီစီကလီ မလုပ်နိုင်ပေ။

ပထမဆုံးအနေဖြင့် သူမ၏ ဝမ်းကွဲလေးကဘာမှ ကူဖော်လောင်ဖက်မဖြစ်ဘူးဆိုတာကို ရှီရွှမ်း နားလည်လာခဲ့သည်။

သူမ မေးလိုက်၏။ “နင်ကဘာလို့ ဒီရောက်နေတာတုန်း?”

သူမက ရှီလီတွင် လုပ်ကိုင်စရာ ကိစ္စ‌တွေရှိသေး၍ သူမနှင့် လာမပတ်သက်ဖို့ကို သတိပေးချင်နေသည်။

ရှီလီက တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်၏။ “ညီမရဲ့ အတန်းဖော် အိမ်ပြောင်းလို့၊ သူမရဲ့ အိမ်သစ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ရအောင် စူပါမားကတ်ကို ရောက်လာကြတာ။ အစ်မနဲ့ ဟော့ဒီက လူကြီးလူကောင်းနဲ့ ဝင်တိုးမိတာလေ၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ”

ရှီရွှမ်းက ခြောက်ကပ်ကပ်ရယ်လိုက်ရင်း“တော်တော် တိုက်ဆိုင်တာပဲ။ နင့်အတန်းဖော်နဲ့ ဈေးဝယ်ထွက်ရဦးမှာပေါ့၊ ငါတို့တွေ နင့်ကိုမဆွဲထားတော့ဘူးနော်”

ရုန်ရုန်က လက်ခါပြလာ၍ “အဆင်ပြေပါတယ်၊ညီမတို့တွေ အလျင်မလိုပါဘူး။ လိုအပ်တာအကုန် ဝယ်ပြီးသွားပြီ”

ဟုတ်သားပဲ၊ ပစ္စည်းတွေဝယ်တာက အရေးမကြီးဘူး၊ အချိန်မရွေး ဝယ်လို့ရတယ်။ယခုခေတ်ကြီးမှာ အိမ်တိုင်ရာရောက် ဒလီဝန်ဆောင်မှုရှိနေတော့ အရမ်းကို အဆင်ပြေနေရော။

ဒါပေမဲ့ အတင်းအဖျင်းကတော့ မတူဘူး။အချို့ အရည်ရွှမ်းတဲ့ ဇာတ်လမ်းတွေဆို တစ်ခါလေး လွဲချော်သွားတာနဲ့ ဘယ်တော့မှပြန်မရနိုင်တော့ဘူးလေ။

“ကျွန်မတို့ ပစ္စည်းတွေလည်း သယ်လာမှာပါ၊ ကပ်ပါးရပ်ပါးလုပ်မှာ မဟုတ်ပါဘူး။ကျွန်မတို့ကို အနှောင့်အယှက်တစ်ခုလိုမျိုးမတွေးလိုက်ပါနဲ့”

215 03

ထိုစကားနှင့်အတူ ရုံရုံက ရှီရွှမ်း ပြောချင်နေသော စကားလုံးများစွာကို ပိတ်ဆို့ထားလိုက်နိုင်သည်။

အသက်ပိုကြီးသော ဝမ်းကွဲအနေနှင့် သူမ၏ဝမ်းကွဲနှင့် ဝမ်းကွဲ၏ သူငယ်ချင်းတွေကို အနှောင့်အယှက်တစ်ခုလို့ သူမ ဘယ်လိုလုပ် တွေးနိုင်မှာလဲ?

ရှီရွှမ်းက ပြုံးလိုက်ပြီး ပြဿနာမရှိဘူးလို့ ပြောလိုက်သည်။ သို့သော် သူတို့က ပစ္စည်းတွေထည့်ထားသော ဈေးဝယ်အိတ်ကြီးများစွာကို ဝယ်ယူခဲ့သော်လည်း လက်ဗလာဖြင့် လာရသလိုပင်။

အဆုံးမှာတော့ ရုံရုံ၏ ဝယ်ယူမှုများကို ချူးချွမ်ရှန်းက ငွေပေးချေခဲ့သည်။

ရှီလီက အရှေ့ကနေ လမ်းလျှောက်နေပြီး ကျောဘက်ကနေ အောင်ပွဲခံသော သင်္ကေတကို ခိုးလုပ်ပြလုပ်ပြီး အနောက်သုံးယောက် သတိမထားမိမှာစိုး၍ အနည်းငယ်တောင် လက်ယမ်းပြလိုက်သေးသည်။

မကြာခင်မှာပဲ လေးယောက်အုပ်စုမှာ အုပ်စုဖွဲ့စကားပြောခန်းထဲမှတဆင့် ရှီလီ၏မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့ကြသည်:[ကပ်ပါးရပ်ပါးလုပ်တာ အောင်မြင်သွားပြီ]

ရှီလီသည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူရတာကို မကြိုက်သော်လည်း သူမ သဘောမကျသည့် တစ်စုံတစ်ယောက်အပေါ် အခွင့်ကောင်းယူရလျှင်တော့ သူမအား စိတ်ကျေနပ်စေသည်။

ဤတိုက်ခန်းက ရှီရွှမ်း အလုပ်လုပ်သောကျောင်းကနေဆို ငါးမိနစ်‌တောင်မကြာဘဲ လမ်းလျှောက်သွားလို့ရသည်။ နှစ်အစပိုင်း၌ရှီရွှမ်း၏ အလုပ်နေရာ အတည်တကျ ဖြစ်သွားတော့ အဒေါ်က ရှီရွှမ်း အဆင်ပြေစေရန် ကျောင်းနှင့်နီးသော ဤတိုက်ခန်းကို ဝယ်ပေးခဲ့တာပင်။

၎င်းကို အစောပိုင်းကတည်းက ပြုပြင်ထားပြီးသား ဖြစ်သော်လည်း ဖော်မလင်ဓာတ်ငွေ့ အဆင့်တွေ များပြားမှုကြောင့် ရှီရွှမ်း၏ပြောင်းရွှေ့ခြင်းကို အတားအဆီးဖြစ်စေခဲ့၏။

ယခုနှစ် စာသင်နှစ်မှစ၍ ရှီရွှမ်းက ဤတိုက်ခန်း၌ ရံဖန်ရံခါ နေထိုင်ခဲ့သည်။ သူမတွင် အချိန်ရှိပါက အိမ်ဟောင်းသို့ပြန်ရန်သာရွေးချယ်ပေလိမ့်မည်။

ယခုလတ်တလောတွင် ဤတိုက်ခန်း၌ ရှီရွှမ်းစတင်နေထိုင်လာသည်မှာ ပုံမှန်လိုဖြစ်လာခဲ့သည်။

ရုံရုံ၏အိမ်သစ်က ရှီရွှမ်း၏တိုက်ခန်းနှင့်တစ်ရပ်ကွက်တည်းမဟုတ်ဘဲ၊ ဤနေရာကိုရှီလီ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးတာဖြစ်သည်။

ချူးချွမ်ရှန်းက သူတို့လေးယောက်အတွက် ဖိနပ်စင်ကနေ သန့်ရှင်းသော ‌ကွင်းထိုးဖိနပ်များကို ကျွမ်းကျင်စွာ ထုတ်လာပေးတာအား မြင်လိုက်ရတော့ ရှီလီ၏ မျက်ခုံးက များစွာဆိုးဆိုးရွားရွား ကြုတ်သွားတော့၏။

ချောင်ကျင်းကျားက ယဉ်ကျေးသလိုဟန်ဆောင်၍ ပြောလိုက်၏။ “အစ်ကိုတို့ကိုဒုက္ခများစေမိတဲ့အတွက် အားနာလိုက်တာဗျာ”

ချူးချွမ်ရှန်းက ပြဿနာမရှိဘူးဆိုသည့်အကြောင်းကို ထပ်တလဲလဲ ပြောပြီးနောက် သူတို့အား ဆိုဖာပေါ်ထိုင်၍ ခဏတဖြုတ်အနားယူစေသည်။

ချူးချွမ်ရှန်းက မီးဖိုချောင်ထဲတွင် ပါဝင်ပစ္စည်းများကို နေရာချနေခိုက်၊ ရှီလီက ရှီရွှမ်းကို တိုးတိုးတိတ်တိတ် မေးခွန်းထုတ်လိုက်သည်။ “ညီမက အစ်မရဲ့အိမ်ကို လာလည်တာလေ၊ဘာလို့ သူက ဧည့်ခံနေရတာလဲ”

******

216 01

အခန်း ၂၁၆: အံ့ဩစရာကြီး

ရှီရွှမ်းက သူမ၏လက်များကို တောင်းပန်သော လက်ဟန်အဖြစ် ပူးကပ်လိုက်ကာ အရိုအသေ ပေးလိုက်သည်။

“အစ်မ၊ ညီမ ဗိုက်ဆာနေပြီ” သူမ ပြောလိုက်သည်။

သို့သော် အ‌စောနကမှ စားသောက်ထားတာကြောင့် သူမ ဘယ်လိုလုပ် ဗိုက်ဆာမှာတဲ့လဲ။

ချူးချွမ်ရှန်း၏ အသံက မီးဖိုချောင်ထဲကနေထွက်လာ၏။ “ကျွန်တော် အသီးလှီးထားတယ်။ အရင်ဆုံး မုန့်စားထားလိုက်ကြဦး”

ရှီရွှမ်း အခုတော့ သေချာသွားလေပြီ။- ရှီလီက ချူးချွမ်ရှန်းကို ဒုက္ခပေးချင်နေတာပင်။

ရှီရွှမ်းက သစ်သီးပန်းကန်ကို ရှီလီအား ကမ်းပေးလိုက်ပြီး “နင်အရင်စားနှင့်။ ထပ်လိုချင်သေးရင် ငါ့ကိုပြော”

ရှီလီက မေးလိုက်၏။ “အစ်မ၊ အစ်မရဲ့ခေါင်းကိုက်နေတုန်းလား”

ရှီရွှမ်း၏ လေသံမှာ အားနည်းသော လေသံအဖြစ် ပြောင်းလဲသွား၍ “ခေါင်းကိုက်နေသေးတယ်”

ချူးချွမ်ရှန်းက ရေနွေးတစ်ခွက် ယူလာပေးပြီး“မင်း နေမကောင်းရင်လည်း၊ ခဏလောက် လှဲနေပါလား”

ရှီရွှမ်းက ရှီလီကို ခိုးကြည့်လိုက်ပြီးမှ ချူးချွမ်ရှန်းကို တောင်းဆိုလိုက်သည်။ “ရှင်သူတို့လေးယောက်ကို ဧည့်ခံထားလို့ရမလား။ ကျွန်မ ခေါင်းနည်းနည်း ကိုက်နေသေးလို့”

သိမ်းသွင်းနေသော ရှီရွှမ်းက ဟန်လုပ်နေတာ ဖြစ်သော်လည်း ရှီလီက စိုးရိမ်စွာမေးလာ၏။ “ဘာလို့ ခေါင်းကိုက်နေတာလဲ။ ဆေးရုံသွားပြီပြီးလား”

ရှီရွှမ်းက ရဲဝံ့စွာ ပြန်ဖြေလာ၏။ “ဘာမှမဟုတ်ပါဘူး။ မတော်တဆ ခေါင်းဆောင့်မိထားတာ။ အဆင်ပြေတယ်။ ‌ဆေးရုံကိုသွားတော့ ဆရာဝန်က ဘာမှမဖြစ်ဘူးလို့ ပြောပေမဲ့မူးပြီး အန်ချင်သလို ခံစားနေရလို့။ နည်းနည်းပါးပါး အနားယူဖို့ လိုအပ်နေရုံတင်ပါ”

ဘယ်လိုပဲဖြစ်ဖြစ် သူမ၏အစ်မဖြစ်နေသဖြင့် ရှီလီက အပြစ်မတင်မိဘဲ မနေနိုင်တော့ပေ။“ဘယ်လိုလုပ်ပြီး ခေါင်းဆောင့်မိသွားတာလဲ။ အစ်မက အရွယ်ရောက်နေပြီ၊ 7 နှစ် - 8 နှစ်ကလေးလည်း မဟုတ်တော့ဘူး။ နည်းနည်းလောက် ဂရုစိုက်လို့ မရဘူးလား။ အဒေါ်ရော ဒီအကြောင်းကို သိပြီးပြီလား”

ရှီရွှမ်းက ခေါင်းခါလိုက်ပြီး “အမေ့ကို သွားမပြောနဲ့။ ‌အရေးကြီးတာလည်း မဟုတ်ဘူး။ သူမ သိသွားရင် တဗျစ်တောက်တောက် ပြောနေဦးမယ်”

ချူးချွမ်ရှန်းက အားတုံ့အားနာစွာ ပြောလာ၏။ “အဲဒါ ကျွန်တော့်အမှားပါ။ မင်းအစ်မက ကျွန်တော့်ကိုကယ်ဖို့ ကြိုးစားရင်း ထိခိုက်သွားရတာ။ စိတ်မပူပါနဲ့၊ ဒီအတောအတွင်းမှာ သူမကို ကျွန်တော် ဂရုစိုက်ပေးမှာပါ”

ဒါနဲ့ဆို လုံလောက်သွားလေပြီ။ ဤစကားကို ကြားလိုက်ရတော့ ရှီရွှမ်း၏ အကြံအစည်လေးကို ရှီလီ နားလည်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ [ရှီရွှမ်း၊ ရှီရွှမ်း၊ သူရဲကောင်းနေရာကရော၊ နစ်နာသူအဖြစ်ပါ တစ်ချိန်တည်း သရုပ်ဆောင်နေပါ့လားနော်။ နည်းပရိယာယ်36 မျိုးကို တကယ်လည်း တတ်ကျွမ်းထားပါပေတယ်]

၎င်းက ရှီလီကို ဒေါသထွက်ထွက်ဖြင့် ရယ်မိသွားစေသည်။ [ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ငါ့မှာသာ အစ်မရဲ့ကောက်ကျစ်မှုမျိုးရှိရင် ဖုန်းယွင်ဟယ်ကို အနိုင်ရယူမဲ့ အရေးမှာ ဘယ်လိုလုပ် ကျရှုံးသွားနိုင်မှာလဲ။ ]

216 02

ရှီရွှမ်းက ကြံစည်ရာတွင် ယခုလို ပါရမီရှိလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိပေ။

ရှီလီ၏ အတွေးထဲတွင် ဖုန်းယွင်ဟယ် အကြောင်း ပြောလာတာကို ကြားလိုက်ရသော ရုံရုံနှင့် ချောင်ကျင်းကျားတို့မှာ သိနေသောအကြည့်ဖြင့် ဖူဟွေ့ရှင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

အတန်းထဲမှာ နေ့တိုင်းအတူတူ ကုန်ဆုံးနေရတော့ ဖူဟွေ့ရှင်းရဲ့ ကြိတ်ချစ်ရသူလေးက ဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူက မသိနေလို့လဲ။

ဖူဟွေရှင်းကတော့ ဘာမှမကြားလိုက်သလိုမျိုး တည်ငြိမ်နေသည့် အမူအရာကို ထိန်းသိမ်းထားသည်။

ချူးချွမ်ရှန်းနှင့် မျက်လုံးချင်း ဆက်သွယ်ရ င်းအလုပ်များသော ရှီရွှမ်းမှာ ကျန်သုံးဦးကြားက ဖလှယ်‌မှုလေးကို မသိမထားမိလိုက်ပေ။

ရှီရွှမ်းက အန်ချင်စရာကောင်းလောက်အောင် ချိုအီနေသော လေသံဖြင့် စကားပြောလာ၏။ “ရပါတယ်၊ ကျွန်မ အဆင်ပြေတယ်။ ရှင်အပြစ်ရှိနေသလို ခံစားနေဖို့ မလိုဘူး။ ရှင်အဆင်ပြေတာနဲ့တင် ကျွန်မ ဝမ်းသာလှပါပြီ”

ရှီလီက စိတ်ထဲကနေပြီး ထပ်မံဆဲဆိုလိုက်ကာ“ဘာလိုလိုနဲ့ ငါ့ခဗျာ သူမရဲ့ ကာကွယ်ပေးသူ ဖြစ်လာရပြီ]

ပရိယာယ်ကြွယ်သော ညီမလေးက စုံတွဲ၏မရေမရာဖြစ်နေသော လေထုကို နှောင့်ယှက်လိုက်၏။ “အစ်မ၊ နေမကောင်းဘူးဆိုလည်း အိပ်ရာထဲသွားတော့လေ”

ရှီရွှမ်းက ဝမ်းကွဲလေးကို တိတ်တိတ်လေး စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး ကလေးရှိလာလျှင် စုံတွဲ‌၏ သီးသန့်ဘဝအပေါ် သက်ရောက်စေနိုင်တယ်လို့ လူတွေ ဘာကြောင့် ပြောကြလဲဆိုတာကို သူမ ရုတ်ချည်းပင် နားလည်လာခဲ့သည်။ စုံတွဲက မပြောအပ်သောအရာကို လုပ်ချင်နေသော်လည်း ကလေးက သန့်စင်ခန်းသွားချင်တယ်ဟု ပြောလာလေသည်။

ချူးချွမ်ရှန်းကလည်း သူမကို တိုက်တွန်းလာကာ “မင်း အနားယူသင့်တယ်”

ရှီရွှမ်းက ကိုယ့်နဖူးကိုယ် ရုတ်တရက်ကြီး ရိုက်လိုက်၍ “အခုမှ မှတ်မိတယ်၊ တနင်္လာနေ့ကျရင် သင်ခန်းစာ စာတမ်းတွေကို တင်ပြရဦးမှာ။ အနားမယူခင် ကျွန်မရဲ့ သင်ခန်းစာစာတမ်းတွေကို ရေးရဦးမယ်”

ရှီရွှမ်းက ဝမ်းကွဲလေးအား သနားကမား အကြည့်ဖြင့် မကြည့်နိုင်ခင်မှာဘဲ ချူးချွမ်ရှန်းက ပြောလာသည်။ “မင်း သွားအိပ်တော့လေ။ ကျွန်တော် မင်းကိုယ်စား ရေးပေးထားမယ်”

ကလေးဘဝတုန်းက ဝမ်းကွဲဖြစ်သူအတွက် အိမ်စာလုပ်ပေးရန် လှည့်စားခံလာရတော့ ရင်းနှီးနေသော အဖွင့်၏အောက်ခြေက ကွယ်ဝှက်ထားသော ဓားမြှောင်ကို ရှီလီ မှန်းဆနိုင်သည်။

“ဟမ်” ဤသည်မှာ မထင်မှတ်ထားသောပွပေါက်ပင်။

ရှီရွှမ်းသည် သူမ၏ဝမ်းကွဲမှာ ကလေးဘဝကတည်းက အိမ်စာတွေကို ရေးပေးခဲ့သဖြင့် ရှီလီ၏ လုပ်နိုင်ရည်အပေါ် အပြည့်အဝ ယုံကြည်ချက်ရှိသည်။

သို့သော် ချူးချွမ်ရှန်းကတော့ ကွဲပြားသည်။ သူမ မရေရာစွာဖြင့် မေးကြည့်လိုက်၏။ “ဘယ်လိုရေးရလဲဆိုတာကို ရှင်သိလို့လား”

“မင်းရဲ့သင်ခန်းစာ စာတမ်းတွေက ကူးရေးရုံပဲမလား။ အရမ်းမခက်လောက်ဘူးလေ၊ဟုတ်တယ်မလား”

ရှီရွှမ်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး“ဒါဆို ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်”

ကျောင်း၏ လိုအပ်ချက်များအရ သူတို့အနေနှင့် တစ်ပတ်တွင် စာတမ်းငါးခုလိုအပ်သည်။ စာသင်နှစ်ထဲ ဝင်လာသည်မှာ နှစ်လရှိပြီဖြစ်၍ ရှီရွှမ်းက တစ်ဝက်သာ ရေးရသေးသည်။

အကယ်၍ ကျောင်းကသာ စာသက်နှစ်တစ်ဝက်၌ စစ်ဆေးတာမျိုး မလုပ်လာပါက စာသင်နှစ်အဆုံးတွင် စာတမ်း၏တစ်ဝက်ကိုပဲ ပြီးအောင်လုပ်ထားပေလိမ့်မည်။

ရှီရွှမ်း၌ သင်ခန်းစာ စာတမ်းများ စုစုပေါင်း39ခုခွဲ အကြွေးတင်နေသည်။ သူမသည် သင်ခန်းစာ စာတမ်းနှစ်အုပ်ကို ချူးချွမ်ရှန်းထံ အပ်လိုက်ရချိန်၌ အပြစ်မကင်းသလို ခံစားလိုက်ရသော်လည်း နည်းလွန်းတော့လျစ်လျူရှုထားလို့ရသည်။

ဘက်စကတ်ဘောနဲ့ အရိုက်ခံရတာက ဘာမဟုတ်တာလေးတော့ မဟုတ်ဘူးလို့ ရှီရွှမ်း တွေးလိုက်မိသည်။

မူလကတော့ ရှီရွှမ်း၏အကြံမှာ ချူးချွမ်ရှန်းကို ကာကွယ်ပေးရင်း ဒဏ်ရာရသွားဖို့ဖြစ်သည်။ သူမသည် သူ၏ မျက်နှာပေးခြင်းကို ခံရမည်သာမက၊ ဆေးရုံမှတ်တမ်းကိုသုံး၍ မနက်ဖြန်၏ “အိမ်စာစုဆောင်းခြင်း” ကို ရှောင်ဖယ်ရန်ခွင့်တိုင်လို့လည်း ရနိုင်မှာပင်။

စာအုပ်နှစ်အုပ်ကို ပေးလိုက်ပြီးသည့်နောက် ရှီရွှမ်းမှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုအား ပခုံးပေါ်ကနေ မလိုက်သလို ခံစားလိုက်ရသည်။

အကယ်၍ ချူးချွမ်ရှန်းသာ သူမ၏ 30-နီးပါးရှိသော သင်ခန်းစာ စာတမ်းတွေကို အပြီးအစီး ရေးပေးမည်ဆိုပါက သူ့ကို မရယူနိုင်ခဲ့လျှင်ပင် သူမအတွက် အကျိုးရှိခဲ့သည်ဟု တွေးလိုက်သည်။

ရှီရွှမ်းမှာ အိပ်ရာပေါ်တွင် လဲလျောင်းနေရင်းစာသင်နှစ်အဆုံးတွင် သူမ၏ သင်ခန်းစာစာတမ်းတွေကို ရေးပေးမည့် ကောင်လေးတစ်ယောက်ကို ရှာလို့ရသည်ဟု ပျော်ပျော်ကြီး တွက်ချက်နေတော့၏။ (^-^)V

(ချစ်ရပါသော ကလေးတို့၊ မှန်ကန်တဲ့ တန်ဖိုးတွေကိုပဲ ငါတို့တွေ ပျိုးထောင်ကြရမယ်နော်။ မစိုက်ပျိုးဘဲနဲ့ ရိုတ်သိမ်းတာက မှားတယ်။ ဒီကနေ မသင်ယူကြပါနဲ့၊ ဇာတ်ကောင်တွေရဲ့အမြင်က စာရေးသူရဲ့ အမြင်ကို ကိုယ်စားမပြုဘူးဆိုတာ မမေ့ကြနဲ့‌နော်။ မွမွမွ!)

216 03

အနာဂါတ်အတွက် လှပသော မျှော်လင့်ချက်များနှင့်အတူ ရှီရွှမ်းမှာ တဖြည်းဖြည်းချင်း အိပ်မောကျသွားတော့သည်။

သူမ၏ အိပ်မက်ထဲ၌ သင်ခန်းစာ စာတမ်းတွေကို ရေးပေးဖို့အတွက် နေ့တိုင်းရန်ဖြစ်နေကြသော ချစ်သူကောင်လေး ငါးယောက်ရှိ၏။ ထိုအချိန်မှာပဲ သူမက မူလယောက်ျားကို မျက်နှာသာပေးလိုက်၏: “ယောက်ျား၊ကျွန်မရဲ့ သင်ခန်းစာ စာတမ်းတွေကို ရှင့်ကိုပဲစိတ်ချလက်ချ အပ်လိုက်တော့မယ်နော်။ ဒီဟာက ရှင့်အပေါ်မှာထားတဲ့ ကျွန်မရဲ့ အထူးမျက်နှာသာပေးခြင်းပဲ”

ချူးချွမ်ရှန်းက သစ်သီးပန်းကန်များနှင့်မုန့်များကို ဆိုဖာပေါ်က အုပ်စုထံသို့ ယူပေးလာသည်။ “မုန့်တွေအရင် စားထားကြဦး။ တကယ်လို့ တစ်ခုခုထပ်လိုအပ်ရင် ကျွန်တော် ဒလီနဲ့ မှာပေးမယ်”

ရုံရုံနှင့် ကျန်နှစ်‌ယောက်မှာ ဘာမှမလိုအပ်ဘူးလို့ မပြောရဲပေ။ သုံးယောက်စလုံး ရှီလီကို ကြည့်လိုက်ကြသည်။

ရှီလီက ဆက်လက်ပြုံးပြ၍ “မလိုတော့ပါဘူး။ ဒါနဲ့တင် လုံလောက်နေပါပြီ”

“မင်းတို့လူငယ်တွေ အပျော်အနေနဲ့ ဘာလုပ်ရတာ ကြိုက်တယ်ဆိုတာကို ကျွန်တော် သိပ်မသေချာဘူး”

ယခုချိန်၌ ဝမ်းကွဲဖြစ်သူအတွက် ဘာက အရေးကြီးဆုံးလဲဆိုတာကို ရှီလီ သိနေသဖြင့်သူ့ကို သတိပေးလိုက်၏။ “သင်ခန်းစာ စာတမ်းတွေကို အစ်ကိုကြီး ရေးမလို့ ပြင်နေတာ မဟုတ်ဘူးလား”

ချူးချွမ်ရှန်းက ခေါင်းညိတ်လာကာ“ဟုတ်သားပဲ။ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားကြ။ ရှီလီက ကလေးတွေကို ဧည့်ခံထားလိုက်။ ကျွန်‌တော် သင်ခန်းစာ စာတမ်းတွေကိုသွားပြီး ကူးရေးလိုက်ဦးမယ်”

မသွားခင်၌ သူ ထပ်ပေါင်းပြောလိုက်၏။“ဪ၊ မင်းအစ်မ အိပ်နေပြီ။ တကယ်လို့TV ကြည့်ချင်တယ်ဆိုရင် ပထမထပ်ရဲ့ဘယ်ဘက်ခြမ်းက အိမ်ရုပ်ရှင်ခန်းထဲ သွားလို့ရတယ်နော်။ အဲ့အခန်းက အသံလုံတယ်”

သုံးယောက်သားမှာ ရှီလီ၏ ထေ့ငေါ့သံကို ထပ်မံကြားလိုက်ရသဖြင့် မအံ့ဩတော့ပေ။[ဒီနေရာမှာ အိမ်ရုပ်ရှင်ခန်း ရှိနေတာ‌ကိုတောင်သူ သိနေပါ့လား။ အထင်ကြီးစရာပဲ]

All Chapters