အခန်း (၂၂၁-၂၂၄)
Vol. 12 Ch. 221-224
221 01
အပိုင်း 221
ထိုကောင်လေးက ရေပက်မဝင်သည့် စကားများကို ရွှန်းရွှန်းဝေအောင် ပြောဆိုပေတော့သည်။
“မင်းက ဉာဏ်ကောင်းတယ်လို့ပဲ ပြောရမယ်။ မင်းရဲ့ ဦးနှောက် တစ်ခုတည်းနဲ့ဆို ငါတို့ကျောင်းမှာ မင်း ဘယ်တော့မှ ရှေ့ကို မရောက်နိုင်ဘူးဆိုတာ မင်း သိနေသားပဲ။ မင်း တခါလောက် ကလိန်ကျလိုက်တာနဲ့ နောက်တကြိမ် အဲဒါကို ထပ်လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မှ မဟုတ်တာကြီး။ ဒါကြောင့် မင်း ပန်းတိုင်ကို ရိုးရိုးရှင်းရှင်းလေး ပြောင်းလိုက်ပြီး အဲဒီအလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ ကောင်ဆိုးလေးတွေနဲ့ အတန်းဖော် ဖွဲ့လိုက်ရုံပဲလေ။ မင်းက ဒီနေရာမှာ ဘိတ်ချီးနား ဆိုပေမဲ့ သူတို့ ကျောင်းမှာတော့ ထိပ်တန်းအဆင့်နားလောက်တော့ ရှိမှာပဲ”
“ဒါကို ကြည့်လိုက်။ အဲဒါ အကုန်လုံးက မင်း ပိုပြီးတိုးတက်အောင် လုပ်ရမဲ့ အစီအစဥ်တွေချည်းပဲနော်။ ချန်ဖူအထက်တန်းကျောင်းမှာဆိုရင် ဖြစ်နိုင်တာက မင်း ပြိုင်ပွဲ ဝင်ခွင့် အရည်အချင်းအတွက် ကလိန်ကျဖို့ မလိုလောက်တော့ဘူးလေ”
သူက နီးသထက်နီးအောင် တိုးလာလိုက်ပြီး သူ့အသံကို နှိမ့်လိုက်ကာ
“အဲဒီ ရမှတ်တွေ အကုန်လုံးက တကယ်တမ်းကျ မင်း ကလိန်ကျ ခိုးချပြီး ရလာတာတွေတော့ မဟုတ်ဘူးမလား။ ဒီ ပညာသင်နှစ်ဝက် အစကတည်းက မင်းရဲ့ အဆင့်က ငါတို့အတန်းရဲ့ နောက်ဆုံးနဲ့ ဒီကျောင်းရဲ့ ဘိတ်ဆုံးငါးဆယ်ထဲမှာ ဥစ္စာ။ ဒီဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲမှာ မင်း ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး အမှတ်တွေ လန်ပျံလာတာလဲဆိုတာ ငါ နားတောင် မလည်ဘူး”
“တကယ်လို့ မင်း သွားပြီး ကလိန်ကျမယ် ဆိုရင်တောင်မှ အဲဒါနဲ့ ပတ်သက်လို့ ပိုပြီး ပါးနပ်နေမှ ဖြစ်မယ်။ သေရာကနေ ပထမနေရာကို ရောက်သွားတယ် ဆိုတာကြီးက အရမ်းကို လက်မခံနိုင်စရာ ကိစ္စကြီးပဲဟာ”
အတန်းနီးနားချင်းမှ သင်္ချာဘာသာရပ်ဆိုင်ရာ အတန်းကိုယ်စားလှယ် ခမျာမှာတော့ မျက်တောင် တဖျပ်ဖျပ်ခတ်ကာ မတိုင်မီက သူ ရှုပ်ထွေးခဲ့ရသည့် ဖြစ်အင်ကို ရှာဖွေကာ သူ့စိတ်အစဥ်သည်လည်း ထိုဖြစ်ကြောင်းကုန်စင်ကို လက်ခံနိုင်ရန် ရုန်းကန်နေရပေသည်။
မတိုင်ခင်တုန်းကရော ရုံရုံ၏ အဆင့်များက အမှန်ကြီး ညံ့ဖျင်းနေခဲ့လေသလား။ သို့သော် သူမ၏ ပညာသင်နှစ်အတွက် စွမ်းဆောင်ရည်က အမှန်ကြီး ဆိုးဝါးနေခဲ့သည် ဆိုပါလျှင် သူမအနေဖြင့် ဤချန်ဖူအထက်တန်းကျောင်းထံ မည်သို့သော အရည်အချင်းမျိုးဖြင့် ရွှေ့ပြောင်းလာခဲ့သနည်း။
အတန်းဖော် တစ်ဦးအနေဖြင့် ရုံရုံ၏ မိသားစု နောက်ခံအကြောင်းကိူ သူလည်း များများစားစား မသိပါပေ။ သို့သော် သူမက လူကုံထံ မိသားစုမှ ဆင်းသက်သူ မဟုတ်ကြောင်း နားလည် သဘောပေါက်ဖို့ရန်အတွက် သူသိထားသမျှက လုံလောက်ပါသည်။
ချန်ဖူအထက်တန်းကျောင်းထံ သူမ ပြောင်းရွှေ့လာခဲ့ရသည်က သင်္ချာပြိုင်ပွဲတွင် ပထမ ရခဲ့သောကြောင့်သာ ဖြစ်ပါ၏။ ကျောင်းဘက်ကမူ ထိပ်တန်းတက္ကသိုလ်များသို့ ဝင်ရောက်ခွင့်ရရန် ခိုင်မာသည့် စွမ်းပကားရှိသည့် အလားအလာကောင်းသော ကျောင်းသားမျိုးကို ပ,စား ပေးလေ့ရှိပေသည်။ တကယ်တမ်းမှာတော့ ဤ အထက်တန်းလွှာ ကျောင်းမျိုးအနေဖြင့် ယင်းကဲ့သို့သော ပညာရေးဆိုင်ရာ ဓလေ့ထုံးတမ်းများ၏ အခြေခံ သဘာဝမှ မလွတ်မြောက် နိုင်ပါသော်ငြား ယင်းအခြေခံ အုတ်မြစ် ဟူသမျှတို့သည် ကျောင်းသားများ၏ စာသင်နှစ်အလိုက် စွမ်းဆောင်ရည်များ အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေပေသည်။
ထို့ကြောင့်သာလျှင် ကျောင်းက စွမ်းဆောင်ရည်မြင့် ကျောင်းသားများကို စုဆောင်းရခြင်းအား နှစ်သက်ပြီး ၎င်းတို့ကို အထူးအခွင့်အရေးများ ပေးအပ် ကမ်းလှမ်းခြင်းပင်တည်း။
သို့သော် အချို့သော ကျောင်းသားများအတွက်မူ ယင်းတို့က အလယ်တန်း ကျောင်းသားဘဝတွင် ထူးချွန်ထက်မြက်သည့်တိုင် အထက်တန်းကျောင်းသား ဘဝတွင်ပါ တော်တတ်နေမည် ဟူသည့် အာမခံချက်မျိုး မရှိပါပေ။
ယင်းကပင်လျှင် ပညာသင်နှစ်အတွင်း ပွဲတွေ့ ထူးချွန်လှသည့် ရုံရုံကဲ့သို့သော ကျောင်းသူမျိုးကို ကျောင်းက အထူးတလှယ် မျက်နှာသာပေးခြင်း ဖြစ်ပေသည်။
ဤနှစ်များအတွင်းဝယ် ကျောင်းအနေဖြင့် ကျောင်းသားများကို အလစ်သုတ်ရန် ဘယ်တုန်းကမှ မတက်ကြွခဲ့ဖူးသလို ရုံရုံကဲ့သို့သော ကျောင်းပြောင်းရန် ဆန္ဒရှိသူမျိုးကလည်း မယုံဘူး ကြုံဖူးမှသိမည့် အဖြစ်မျိုးပါပင်။
“နင့်လို ကျောင်းသားမျိုးကိုသာ ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ သူတို့ ခွင့်ပြုပေးလိုက်ရင် အဲဒါ ချန်ဖူအထက်တန်းကျောင်းကတော့ တကယ်ကြီးကို ကြံမိကြံရာ ကြံပြီး အကြံကုန် ဂဠုန်ဆားချက်နေပြီလို့ ပြောလို့ရတယ်”
ရုံရုံကမူ အခြားသူများနှင့် ငြင်းခုန် ရန်ဖြစ်ရသည်ကို မနှစ်မြို့သူ ဖြစ်လေရာ ဤကဲ့သို့သော အခြေအနေမျိုးတွင် အလွန်အေးစက်သော အမူအရာမျိုးကိုသာ လှစ်ဟပြသကာ အဝေးသို့သာ လျှောက်ထွက်သွားပေတော့သည်။
သို့သော် ရှီလီကမူ ယင်းကို မနှစ်သက်လှပေ။ အကယ်၍များ တစ်ယောက်ယောက်ကသာ သူမကို စော်ကားပုတ်ခတ်လာခဲ့ပါလျှင် သူမကတော့ ချက်ချင်း လက်တုံ့ပြန်မည်က အသေအချာပါပင်။
ရုံရုံက သူမ အဖွဲ့ဝင်ဖြစ်ပြီး သူမ ကာကွယ်မှုအောက်မှာ ရှိနေသူဖြစ်လေရာ ရုံရုံကို စော်ကားပုတ်ခတ်ခြင်းက သူမကို ရန်စခြင်းပါပင်။
ရှီလီက အလွန်ကို ဇာတ်ဟန်ပါပါ အမူပိုပိုဖြင့် သူမ ခြေလှမ်းကို ပြန်ဆုတ်လိုက်ကာ
“အို ဘုရားရေ၊ ဘယ်လိုတောင် အနံ့အသက်ဆိုးတွေ နံဟောင်နေတာလဲဟယ်။ တစ်ယောက်ယောက်ရဲ့ မိလ္လာကန်ကြီးများ ပေါက်သွားသလား”
221 02
“အိုး စိတ်မကောင်းလိုက်တာ၊ ငါ့အမှားပါဟယ်။ အဲဒါ မိလ္လာတွင်း ပေါက်တာမဟုတ်ဘဲ နင့်ပါးစပ်ကြီး ဟ လိုက်လို့ကိုး။ နင့်ပါးစပ်က အဲ့လို ဆိုးဆိုးဝါးဝါးတွေနဲ့ ပုပ်ဟောင်နေရင် စကား မပြောသင့်ဘူး ဆိုတာ နင်သိပါတယ်နော်။ တစ်ယောက်ယောက်ရဲ့ မိလ္လာကန်ကြီးများ ပေါက်ထွက်လာသလား ငါတွေးမိအောင် နင် လုပ်လိုက်တာပဲ”
ထို ဝက်ခြံ ဗရပျစ်နှင့် ကောင်လေးခမျာ ယုံရခက်စွာ ကြည့်လာလေသည်။ ဤမျှ လှပချောမောသော မိန်းကလေးမျိုး ဟူသည် ဆန့်ကျင်ဘက်လိင်ထံမှ အာရုံစိုက်မှု များများစားစား ရရှိရန် ဆွဲဆောင်သင့်သည်လေ။
ဤမတိုင်မီကတည်းကပင် သူ ရှီလီကို သတိထားမိခဲ့ပါ၏။.သို့သော် သူမက ဒီဇိုင်နာချုပ် အဝတ်အစားများကို ဝတ်ဆင်ထားသည်ကို ကြည့်ကာ သူမက ချမ်းသာ ကြွယ်ဝသည့် မိသားစုမှ မိန်းကလေးဖြစ်ကြောင်း သူ သိရှိသွားခဲ့သည်။ ယင်းသို့သော မီးပွားအစအနက သူမကို သူရင်ဆိုင်ရစဥ်က သိမြင်ခဲ့သည့် ပလွှားမှုသာ ဖြစ်ပေသည်။ ထို့ကြောင့် သူမက လှပတော့ရော ဘာဖြစ်သနည်း။ ချမ်းသာတော့ရော အရေးလုပ်စရာလား။ သူမက အလှပြကြွေအိုးလေးမှတပါး အခြား ဘာမှ ဟုတ်မနေပါပေ။
ထို့အပြင် ဤကဲ့သို့သော အလှလေးအတွက်သာ ဆိုပါလျှင် လူအတော်များများက သူမအတွက် ပိုက်ဆံများ ဖောဖောသီသီ သုံးစွဲဖို့ ဆန္ဒရှိကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် သူမက အသက်သာငယ်ပါသော်ကြား ထိုပိုက်ဆံများ အားလုံးက အမှန်တကယ် မည်သည့်နေရာက ရောက်လာသည် ဆိုသည်ကိုဖြင့် အဘယ်သူက သိနိုင်ပါအံ့နည်း။
(ရှီလီ= လူချမ်းသာတွေမှာလည်း သားသမီးတွေ ရှိတယ်လေဟယ်)
အလွန် ပြည့်စုံထက်မြက်သည့် မိန်းကလေးတစ်ဦး အပေါ်သို့ အညစ်အကြေးများ ပစ်တင် စွန်းထင်းစေခြင်းက ယင်းကို အလှပြစင်ပေါ်မှ ဆွဲချရန် အလျင်မြန်ဆုံး နည်းလမ်းပေတည်း။
ထို့ကြောင့် ရှီလီအပေါ်သို့ သူ၏ ခံစားချက်များက တအံ့တသြဖြစ်ခြင်းနှင့် အထင်အမြင် သေးခြင်းတို့ ရောထွေးကာ ရှုပ်ထွေးနေခဲ့ပေ၏။
သို့သော် ဤမိန်းကလေးကသာ သူနှင့် ချိန်းတွေ့ဖို့ ဆန္ဒရှိပါလျှင် သူက တက်ကြွစွာ သဘောတူမိမည်သာ။
သို့တိုင် ရှီလီ၏ ရိုင်းစိုင်း ကြမ်းတမ်းလှသည့် စကားများကို ကြားလိုက်ရသည့်အခါ သူက ထိတ်လန့် တုန်လှုပ်သွားပြီး ရှုပ်ထွေးကာ ယောက်ယက်ခတ်သွားလေတော့သည်။
ဒီလောက် လှတဲ့ မိန်းကလေးက ဘယ်လိုလုပ်ပြီး အဲ့လောက် ရိုင်းပျတဲ့ စကားတွေကို သုံးနိုင်ရတာလဲ။
ထို့ပြင် ထိုစကားလုံးများက သူ့ထံသို့ တိုက်ရိုက် ဦးတည်နေသည့်အခါ သူ၏ ထိတ်လန့် တုန်လှုပ်မှုက နှစ်ဆတိုးလေတော့သည်။
အမှန်တော့ ရှီလီ၏ အရောင်စုံ စကားများကို သူကြားခဲ့ရစဥ်က သင်္ကာရှင်းသည့် ခံစားချက်မျိုးကိုလည်း သူ ခံစားခဲ့ရပါ၏။ ထို့ကြောင့် ဤလှပသည့် လူချမ်းသာ မိန်းကလေးက ရည်မွန်ယဥ်ကျေးမှုကတော့ ချို့တဲ့ရှာကာ ယင်းကပင် ပိုလို့တောင် ဆင်ခြင်တုံတရား ပျက်သုဥ်းစေပေတော့သည်။
သူက အသက်ငယ်သော်ငြား မောက်မာစီးပိုးသည့် ကိုယ်ကျင့်ဖြင့် ပြည့်ပြည့်ဝဝ အသားသေခဲ့သူတည်း။
“မိန်းကလေးဖြစ်ပြီး မင်း ဘယ်လိုတောင် အဲ့လောက် အောက်တန်းကျတဲ့ စကားလုံးကို ပြောနိုင်ရတာလဲ။ တကယ်လို့ မင်းသာ ဒီပုံစံအတိုင်း ဆက်သွားနေရင်တော့ ဘယ်ဂုဏ်သရေရှိ မိသားစုကမှ မင်းကို လက်ဆက်ချင်မှာ မဟုတ်တော့ဘူး”
“ဘယ် ဂုဏ်သရေရှိ မိသားစုကမှ မင်းကို လက်ဆက်ချင်မှာ မဟုတ်ဘူး” ဆိုသည့် ထိုစကားစုက အတော်လေး ကို့ရို့ကားရားနိုင်ပြီး ရယ်ရွှင်ဖွယ်ရာ ကောင်းလှပေသည်။
သူမအနေဖြင့် ယင်းသို့သော စကားမျိုးကို အတော်ကြီး ရင်းနှီးလှချည့်ဟု ရှီလီက တွေးမိပြီး ထို့နောက်တွင်မှ ထိုသဘောထားမျိုးကို သူမ အမှန်ပင် ကြားဖူးနားဝ ရှိခဲ့ကြောင်း အလျင်အမြန် သဘောပေါက်သွားတော့၏။ အင်တာနက်ပေါ်တွင် ပျံ့နှံ့လာသည့် အချို့သော အမျိုးသမီး ဆယ်လီများ၏ “ငါတို့ ရွာမှာတော့ ခင်ပွန်းသည် ရှာလို့မရတော့ဘူး” ဟူသည် သော်လည်းကောင်း သို့မဟုတ် အမျိုးသမီး အားကစားသမားများအတွက် “သားအိမ် အေးလွန်းလို့ ကလေးမရနိုင်တော့ဘူး” ဟူသည့် Post မျိုးလိုပါပင်။ ထို အယူဝါဒက အတော်ကြီး အံ့သြဖွယ်ရာ ကောင်းစွာပင် ဆင်တူလှပေစွ။
သူက သူမကို ဟောပြောပို့ချရန် ကြိုးစားနေပါသော်လည်း ရှီလီကမူ ဘာကြောင့်မှန်းမသိ သူမကို ချီးကျူး မြှောက်ပင့်နေသည်ဟု အဘယ်ကြောင့်များ ခံစားနေရပါသနည်း။
221 03
ရုံရုံရက ရှေ့ကို လျှောက်သွားကာ ရှီလီ၏ ဒိုင်းကာဖြစ်ရန် ကြိုးပမ်းလိုက်၏။
“ကိုယ့်အလုပ်ပဲ ကိုယ်လုပ်စမ်းပါ၊ သုန်းဝမ်ဟောက်ရယ်။ ကိုယ့်ကိုယ်ကိုယ်သာ စိတ်ပူနေလိုက်နော်”
“မင်း ဒီလိုမျိုး ယောကျာ်းကောင်း စရိုက် ချို့တဲ့နေပုံနဲ့တော့ မင်းကိုယ်မင်း ဈေးဗန်းခင်းပြီး မိန်းကလေးတွေဆီ အရမ်းကြီး တက်တက်ကြွကြွနဲ့ ချဥ်းကပ်ရင်တောင် မင်းလို ကလပ်တက်တက် ယောက်ျားမျိုးကို ဘယ်မိန်းမကောင်းလေးကမှ လက်ထပ်ချင်မှာ မဟုတ်ဘူးရယ်။ ဒီမှာရှိနေတုန်း မင်းကိုယ်မင်း ပြောင်းလဲကြည့်ပြီး ငါ့ဆီကနေ အကြံကောင်း ဉာဏ်ကောင်းလေး ယူလိုက်လေ”
ရှီလီ၊ ရုံရုံနှင့် သင်္ချာကိုယ်စားလှယ်ခမျာ အလွန်ကို ယုံရခက်ခက်ကြီးဖြင့် ဖူဟွေ့ရှင်းထံ ပြိုင်တူညီညာ ကြည့်မိလေတော့သည်။
အကြောင်းပြချက်က ရိုးစင်းလှပါ၏။ ထိုစကားများက အမှန်တကယ်ကို ဖူဟွေ့ရှင်းထံမှ ထွက်လာသောကြောင့်ပင်တည်း။
ပုံမှန်ဆို တိတ်ဆိတ်ပြီး တည်တံ့ငြိမ်သက်သူ ဖူဟွေ့ရှင်း ဧကန်စင်စစ်ပါပင်။
ရှီလီမှာမူ ကူကယ်ရာမဲ့စွာဖြင့်ပင် စိတ်ထဲမှနေ၍ တိတ်တိတ်လေး ချီးမွမ်းမိတော့သည်။ (နင့်ကို မျှော်လင့်ထားတဲ့ အတိုင်းပါပဲဟယ်၊ ကြယ်လေးက အမျိုးကောင်းသား သုစရိုက်ကျောင်းကနေ ထူးထူးချွန်ချွန်နဲ့ကို ဘွဲ့ရဦးမှာ)
သုန်းဝမ်ဟောက်ခမျာ ထိုယောကျာ်းကောင်း ကိုယ်ကျင့်သိက္ခာဟူသည့် စကားကြောင့် လုံးလုံးလျားလျားကို ခေါင်းခြောက်သွားတော့ကာ သူ့ရှေ့မှ ဤလူက ဦးခေါင်းပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ရှိနေမလားဟု စဥ်းစားမိပေ၏။
သူ့အနေဖြင့် ထိုလူ(ဖူဟွေ့ရှင်း)ကို အရူးကောင်ဟုသာ ခေါ်ပစ်လိုက်ချင်လေသည်။ သို့သော် သူတို့နှစ်ယောက်၏ အရပ်ကွာဟချက်ကို နှိုင်းယှဥ်ကြည့်ပြီးသကာလ အခြားတဖက်မှလူကလည်း အရပ်ပိုရှည်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပိုမို ကောင်းမွန်လေရာ သူလည်းပဲ ပြန်လည် သုံးသပ်လိုက်ပါ၏။ ထိုလူ့ကို ကြည့်ရသည်မှာ ပုံမှန်လူဟု ထင်စရာ ရှိသော်ငြား သူ့စိတ်ကတော့ မူမမှန်နိုင်ပေရာ ပြစ်တင် စော်ကားခံရပြီးနောက် အကြမ်းဖက်ခံရလျှင်ရော မည်သို့ဖြစ်မည်နည်း။
အကယ်၍ သူ ရဲခေါ်လျှင်တောင်မှ အလွန်ဆုံးရှိလှ ထိုလူကို သတိပေးရုံသာ။
မလိုလားအပ်သည့် ဘေးဒုက္ခများကို ရှောင်ရှားရန်ဟူသည့် နည်းနိသယကို လိုက်နာကာ သုန်းဝမ်ဟောက်သည်လည်း ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ရှီလီတို့ လေးယောက်သားမှာမူ သူ၏ စိတ်ထဲ ဘာတွေ တွေးနေသည် ဆိုသည်ကို လုံးဝမှ နားမလည်လိုက်ပါပေ။ သို့သော် ထိုကောင်လေး မြန်မြန်ဆန်ဆန်ကြီး ထွက်ပြေးသွားသည်ကိုတော့ စောင့်ကြည့်နေခဲ့ပါ၏။
ရှီလီ∷ နားကို မလည်နိုင်ဘူးဟယ်။ ဒါပေမဲ့ ရွေးချယ်မှုကိုတော့ လေးစားတယ်နော်။
ထိုလူမှာ အတော်ကြီးကို ရယ်ရွှင်ဖွယ်ရာဖြစ်ကာ သူ့ကိုယ်ပိုင် ဂုဏ်သိက္ခာကိုပင် အလေးမထားကြောင်း ပြသသွားပေသည်။
သူတို့အားလုံး ဖူဟွေ့ရှင်း၏ အပြုအမူကြောင့် အံ့သြဆွံ့အနေကြစဥ် ဖူဟွေ့ရှင်းကတော့ သာမန်ကာလျှံကာ ဟန်ဖြင့် ပြောလာလေသည်။
“သွားကြစို့။ လမ်းမကြီးမှာ ကန်စွန်းဥကင်တွေ ရောင်းနေတာ ငါတွေ့ခဲ့တယ်။ နင်တို့ စားကြဦးမလား”
အမှန်တကယ်လည်း သူတို့ စားချင်ကြပါသည်။ ရှီလီက ထိုကန်စွန်းဥကင်များကို မျက်စိကျနေသည် မဟုတ်ပါလား။
“အင်း၊ ကျေးဇူးပဲ”
ရုံရုံနှင့် ဖူဟွေ့ရှင်းက မည်သည့် ကန်စွန်းဥကင်ကိုမှ ဝယ်မစားကြပေ။ သို့သော် ရှီလီနှင့် သင်္ချာ ကိုယ်စားလှယ်ကမူ တစ်ခုစီ ဝယ်ခဲ့ကြ၏။
ထိုသင်္ချာကိုယ်စားပြုမှာ ငိုင်တိငိုင်တိုင်ဖြင့် အိမ်ပြန်လာခဲ့ကာ သူ့အတန်းဖော်များက သူ စိတ်ကူးယဥ် တွေးထင်ထားသည်နှင့် အလွန်ကွာခြားလှသည်ဟု ပထမဆုံးအကြိမ်အဖြစ် ခံစားမိပေတော့သည်။
ရှီလီက အမှန်တကယ်ကို တစ်ခုခုတော့ တစ်ခုခုပါပင်။ လူတိုင်း၏ နှလုံးသားထဲမှ နတ်ဘုရားမက အတော်ကြီးကို ဣန္ဒြေမဲ့သွားကာ ရိုင်းစိုင်းစွာ ကျိန်ဆဲနေပေသည်။
အမှန်တယ်တော့ ယင်းက ဖူဟွေ့ရှင်း၏ ပုံရိပ် ပျက်စီးသွားတာလောက်တော့ ထိတ်လန့်စရာ မကောင်းသေးပါပေ။ “ယောကျာ်းကောင်း ကိုယ်ကျင့်သိက္ခာ” ဟူသည့် စကားကို ကြားရခြင်းက ပုံမှန်ဆို အတော်ကြီး ပြင်းထန်လှကာ ထိုလူအ,ကလေး ဖူဟွေ့ရှင်းကို ကြည့်ရသည်မှာလည်း ရှီလီ၏ ကျိန်စာကို ကြားရခြင်းထက် ပိုလို့တောင်မှ ပြင်းထန် ပေါက်ကွဲနေပေသေး၏။
သင်္ချာကိုယ်စားလှယ်∷ ဘယ်သူများ နားလည်နိုင်မလဲဟင်။ မင်းရဲ့ နတ်ဘုရားနဲ့ နတ်ဘုရားမက တကယ်တမ်းကျ ငကြောင်စုံတွဲ ဖြစ်နေလိမ့်မယ် ဆိုတာကိုလေ။
******
222 01
အပိုင်း 222.
နေ့လည်ပိုင်းတွင် ကျောင်းက အပြင်ထွက်ခွင့် ပေးလေရာ မည်သူမှ အတန်းထဲကို ပြန်ဖို့ အစီအစဥ် မရှိကြတော့ပေ။
လူတိုင်းသည်လည်း အသီးသီး လမ်းခွဲလိုက်ကြကာ ကိုယ်စီကိုယ်စီ အိမ်ပြန်သွားခဲ့ကြ၏။
နောက်တစ်နေ့ ရောက်သည့်အခါ သူတို့က သက်ဆိုင်ရာ Assign လုပ်ရမည့် စာမေးပွဲခန်းထဲသို့ အသီးသီး မဝင်ရောက်မီ စာမေးပွဲခန်း ဝင်ပေါက်တွင် ခဏတဖြုတ် တွေ့ဆုံခဲ့ကြ၏။
စာမေးပွဲဟူသည် ရှီလီအတွက် စိန်ခေါ်မှု တစ်ရပ်တော့ မဟုတ်ပါပေ။ စာမေးပွဲ ပြီးသည့်နောက် သူတို့နှစ်ဦးက ဝင်ပေါက်မှာ စုဝေးကြ၏။
သင်္ချာကိုယ်စားလှယ်ကတော့ ရုံရုံကို ဘေးဘက်သို့ ဆွဲခေါ်သွားကာ မေးခွန်းနှင့် အဖြေများကို နှိုင်းယှဥ်မေးမြန်းနေ၏။
ရုံရုံက ပုံမှန်ဆို စကား နည်းနည်းလေးသာ ပြောတတ်သူဖြစ်သည်။ သို့သော် သင်္ချာ ပုစ္တာများကို ရှင်းပြချိန်တွင်တော့ သူမက မယုံနိုင်စရာ ကောင်းစွပင် စိတ်ရှည် သည်းခံလှပေသည်။
စိတ်ရှည်လှသူ ရုံရုံနှင့်စာသော် ရှီလီကမူ စာရှင်းပြရာတွင် အတော်ကြီး စိတ်မရှည်တတ်သူ ဖြစ်လေရာ အဓိက အချက်များကိုသာ ခြုံငုံမိအောင် ရှင်းပြတတ်ပေသည်။
ခြွင်းချက်ဖြစ်သည့် ဖူဟွေ့ရှင်းမှလွဲ၍ ကျောင်းသား ကျောင်းသူ အနည်းငယ်ကသာ ရှီလီ၏ အကူအညီ ရယူရန် ဒုတိယအကြိမ် ရောက်လာလေ့ရှိပေသည်။
သူ အဘယ်ကြောင့်များ သူမ အကူအညီအတွက် နေ့စဥ်လိုလို ဇွဲနပဲကြီးစွာ လာနေသည်ကို ရှီလီတောင်မှ နားမလည်နိုင်ပေ။ ထိုကောင်လေးက လုံ့လဝီရိယရှိသည့် ကျောင်းသားဖြစ်သောကြောင့်သာ ဟုသာ သူမလည်း နားလည်ထားလိုက်ပါ၏။
ထို့ပြင် သူက ဉာဏ်ရည်ထက်မြက်ပြီး နားလည် သဘောပေါက်လွယ်သူ ဖြစ်ကာ သူမ အချိန်များထဲမှ သုံးမိနစ်နှင့် ငါးမိနစ်ခန့်သာ ယူတတ်ပေရာ သူမလည်း စိတ်ထဲ မထားတော့ပေ။
ထို့ကြောင့် ပြိုင်ပွဲစာတမ်းများတွင် ပြီးပြည့်စုံသူများကြောင့် သူ့နှေးကွေးမှုကို ရှီလီ တွေ့ရှိသွားမည်ကို ကြောက်ရွံ့လေရာ သင်္ချာကိုယ်စားလှယ်သည်လည်း သူ့အဖြေများကို တိုက်ဆိုင်စစ်ဆေးရန် ရုံရုံကိုသာ ရွေးချယ်ရပေတော့သည်။
ရှီလီနှင့် ဖူဟွေ့ရှင်းသည်လည်း သူတို့ နှစ်ဦးဘေးကနေ တိတ်တဆိတ်သာ လိုက်ပါလာခဲ့၏။ ရုံရုံ၏ အဖြေများက သူမနှင့် ကိုက်ညီကြောင်း ရှီလီက ကြားနေနိုင်ပေရာ သူတို့၏ အမှတ်များက အတူတူပင် ဖြစ်လိမ့်မည်ဟု ရှီလီက မှတ်ယူထားလိုက်၏။
ဖူဟွေ့ရှင်းကလည်း သူမ၏ အဖွဲ့ဝင် ဖြစ်ပေရာ အဖွဲ့ခေါင်းဆောင် တစ်ဦးအနေဖြင့် သူ့ကို စောင်မ,စစ်ဆေးရန် တာဝန်ရှိသည်ဟု သူမ ခံစားရလေသည်။
“နင်ရော ဘယ်လိုတွေ ဖြေလာတယ်လို့ ထင်လဲ”
သူမက မေးလိုက်၏။
“မဆိုးပါဘူး”
အလွန်တရာကိုမှ ထူးခြားပြည့်စုံလှပါသည့် ထိုသူ၏ လိုရင်းတိုရှင်း တုံ့ပြန်ချက်ကို ကြားလိုက်ရသည့်အခါ ရှီလီခမျာ ကူကယ်ရာမဲ့စွာပင် မကြာသေးမီက ဆွေးနွေးခဲ့သည့် ထိုလူ၏ ယောကျာ်းကောင်း သိက္ခာဟူသည်ကို ပြန်လည် အမှတ်ရမိပေတော့သည်။
သူ့ကို ကျီစားချင်စိတ်များကို ရှီလီ ထိန်းမထားနိုင်တော့ပေ။
“မိသားစုကောင်းလေးက မိန်းကလေးကို လက်မထပ်နိုင်မှာ ကြောက်ပြီး နင့်ရဲ့ ယောကျာ်းကောင်း သိက္ခာကို ထိန်းသိမ်းထားဖို့အတွက် ငါ့ကို စကားမပြောတာ မဟုတ်လား”
“ငါ…..အဲ့လို မဟုတ်ဘူး”
သူ့လေသံတွင် စိတ်ထိခိုက်ခြင်း၏ အငွေ့အသက်များ ပါဝင်နေသည့်တိုင် ရှီလီကတော့ ယင်းကို သတိမပြုမိခဲ့ပေ။ ထို့ကြောင့် စာမေးပွဲစာရွက်များကို ဆွေးနွေးနေကြသည့် သူတို့ ဘေးနားမှ နှစ်ယောက်က အာရုံစိုက်မိဖို့ဆိုတာ ပိုလို့တောင် နည်းပါးလှသေး၏။
ရှီလီက ဘာအလုပ်မှ လုပ်စရာ မရှိသောကြောင့်သာ သူများကို လိုက်လံ ကျီစားနေခြင်းပင်။
အခြားသူများက အဖြေကို တိုက်စစ်နေကြစဥ် ရှီလီကတော့ မသက်မသာ ခံစားရကာ ဆိတ်ဆိတ်ပဲ နေမိပေတော့သည်။
ထို့ကြောင့် သူမက ရွှတ်နောက်နောက်ဟန်ဖြင့် ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့။ နင့်လိုမျိုး ရုပ်ချောပြီး ယောကျာ်းကောင်း သိက္ခာကို ထိန်းသိမ်းထားတဲ့ ကောင်လေးမျိုးအတွက်ဆို ငါတို့ရွာမှာ အမြော်အမြင်ကြီး ရှိပါတယ်ဟ။ နင့်ကို လက်ထပ်ဖို့အတွက် တင်တောင်းကြေး ထိုက်ထိုက်တန်တန် ပေးဖို့ သူတို့လည်း ဆန္ဒရှိကြမှာပဲ”
222 02
ထိုအချိန်တွင် ကံကောင်းစွာဖြင့်ပင် အကြိတ်အနယ် ဆွေးနွေးနေသည့် ထိုနှစ်ယောက်၏ ဆွေးနွေးပွဲ ပြီးဆုံးသွားကာ အလွန်တရာမှ ပြင်းထန်လှသည့် ရှီလီ၏ မှတ်ချက်စကားကို ကြားသိသွားတော့၏။
သူတို့က ရှုပ်ထွေးနောက်ကျိစွာဖြင့် အကြည့်များကို ဖလှယ်လိုက်ကာ တုန်လှုပ်ဆွံ့အနေခြင်းများကို တစ်ယောက် မျက်လုံးထဲတွင် တစ်ယောက် တွေ့မိကြ၏။
သူတို့ အဖြေအကြောင်း ဆွေးနွေးနေကြစဥ်အတွင်း အကြောင်းအရာက မည်သို့မည်ပုံ ဖြစ်ပျက်ကာ သတို့သမီး တင်တောင်းကြေးထံ ရောက်ရှိသွားရပါသနည်း။
ဖူဟွေ့ရှင်းကမူ ရှီလီ၏ အတွေးများက အမျှင်တန်းသွားကာ ထိုကဲ့သို့သော စကားမျိုး ပြောလာမည်ဟု မမျှော်လင့်ထားခဲ့ပါပေ။
ယင်းက ပြက်လုံးတခုသာ ဖြစ်ပါသည်။ ထို့ကြောင့် တကယ်တမ်းမှာတော့ ထိုကောက်ချက်ချမှုဟူသည် နားထောင်သူ၏ စိတ်အတွေးပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေပေ၏။
ကံမကောင်းစွာပင် နားထောင်သူက ဖြူစင်ရိုးသား ဖိုးသခွားလေး ဟုတ်မနေခြင်းပါပင်။
ဖူဟွေ့ရှင်း၏ နှလုံးသားက တဒုန်းဒုန်း ခုန်လှုပ်ကာ စိတ်ကသိကအောက် ဖြစ်ခြင်းကို ရှောင်ရှားရန်အလို့ငှာ သူ့အမူအရာကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းသိမ်းထားပါ၏။
သို့သော် ထိုသို့ တည်ငြိမ်အောင် ထိန်းသိမ်းခြင်းက သူ့စွမ်းအင်များ အားလုံးကို ဝါးမြိုသွားကာ ရှီလီကို မည်သို့မည်ပုံ တုံ့ပြန်ရမည်ကို မတွေးတောနိုင်ခြင်းသာ ကျန်ရှိပေတော့သည်။
သူမ၏ မေးခွန်းကို မည်သို့ ပြန်ဖြေရမည် ဟူသည်ကို ဖူဟွေ့ရှင်း တွေးတောရုန်းကန်နေစဥ် ရှီလီကမူ အခြားခေါင်းစဥ် တစ်ခုထံသို့ ကူးပြောင်းသွားလေပြီ။
“ငါတို့တွေ ဘာစားကြရင် ကောင်းမလဲ”
ယင်းက စာမေးပွဲအတွင်း သူမ စေ့စေ့စပ်စပ် စဥ်းစားတွေးတောသည့် ကိစ္စ တစ်စုံတစ်ရာဖြစ်ကာ ယခုတွင်လည်း အခြားနှစ်ယောက်က တိုင်ပင်ဆွေးနွေးခြင်း ပြီးဆုံးသွားပြီ ဖြစ်ပေရာ အစားအသောက်အကြောင်း ဆွေးနွေးရန် အချိန်အခါကောင်းကြီးပါပင်။
သူ၏ စိတ်တွင်း ဗလာသက်သက် ဖြစ်ကျန်ခဲ့ပါသော်ငြား ရှီလီ၏ ခေါင်းစဥ် ပြောင်းသွားခြင်းက ယခုနက မေးခွန်းနှင့် ရင်ဆိုင်ကာ ခက်ခဲနေရသည့် ဖူဟွေ့ရှင်းကို စိတ်သက်သာရာ ရသွားစေခဲ့ပါ၏။
သင်္ချာကိုယ်စားပြုက ဤအနီးအနားမှာ ရှိနေသည့် စားသောက်ဆိုင်ကောင်း တစ်ဆိုင်ကို Social Media ပေါ်မှတဆင့် တွေ့ရှိထားသည်ဟု ဆိုလာပေရာ သူတို့အားလုံး ထိုညစာ တစ်နပ်ကို ထိုနေရာမှာပင် စားရန် ဆုံးဖြတ်လိုက်လေသည်။
ညစာစားပွဲ ဟူသည် လူတို့အကြား ဆက်ဆံရေးကို အလွယ်တကူ ခိုင်မာမြဲမြံစေသည်ပင်။ စားသောက်ပြီးနောက် သူတိူ့က စကားစမြည်ပြောကာ ဆရာ ဆရာမများအကြောင်း စောဒက တက်ကြရာ တစ်ဦးနှင့်တစ်ဦး ပိုလို့တောင် ရင်းနှီးသွားကြတော့သည်။
သင်္ချာကိုယ်စားပြုကတော့ သူ့အနေဖြင့် သူနှင့် ထိုသုံးယောက်ကြားဝယ် အလွှာပါးပါးလေးတခု ခြားနားထားသည်ဟု အမြဲလိုလို ခံစားခဲ့ရပြီး ယခုမူ ယင်းကို ဤညစာတစ်နပ်က ချိုးဖျက်လိုက်ပြီဟု ထင်မြင်မိလေသည်။
ထို့ကြောင့် စားသောက်နေစဥ်အတွင်း သူက သူ၏ ဘီယာခွက်ကို မြှောက်ကာ ရုံရုံ၏ လိမ္မော်ရည်ခွက်နှင့် ခွက်ချင်းတိုက်ကာ တောင်းဆုပြုလိုက်၏။
သူတို့ထဲတွင် သူတစ်ဦးတည်းကသာ ဘီယာမှာသူ ဖြစ်ပြီး ကျန်သုံးယောက်ကမူ လိမ္မော်ရည်ကိုသာ မှာကြတာဖြစ်၏။
သူ့ကိုကြည့်ရသည်မှာ အယ်လ်ကိုဟော ခံနိုင်ရည်စွမ်း အတော်လေး နိမ့်ပါးပုံပေါ်ကာ ဖန်ခွက် တဝက်မျှ သောက်ရုံရှိသေး သူ့မျက်နှာက နီမြန်းရဲတွတ်လာပေတော့သည်။
“အစ်မရုံရုံ၊ ကျေးဇူးပါ။ သင်္ချာပုစ္ဆာတွေ စိတ်ရှည်လက်ရှည် ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်။ ငါတို့ အတန်းက ဒီတလော အစ်မကို ဒုက္ခပေးတာ များနေပါပြီ”
“ကိစ္စ မရှိပါဘူး”
လိမ္မော်ရည် တစ်ငုံမျှ သောက်လိုက်သည့် သူမကိုကြည့်ကာ သူက ဆက်ပြော၏။
“အဲဒါ ငါ တခြားအဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ငါ မင်းရဲ့ စာလေ့လာမှု နည်းလမ်းလေးတွေကိုပဲ မေးချင်တာရယ်။ အထူးသဖြင့် သင်္ချာကို မင်းဘယ်လိုလုပ်ပြီး ရုတ်တရက် တိုးတက်လာတာလဲဟင်။ မင်းရဲ့ အတွေ့အကြုံလေးကို မျှပေးနိုင်မလား။ ငါ တကယ် တိုးတက်ချင်လို့ပါ”
သူက သူမ၏ အဆင့်များကို မေးခွန်းထုတ်နေသလားဟု ရုံရုံ တွေးထင်သွားမည်ကို စိုးရိမ်လေရာ သူက ကမန်းကတန်းပင် ထပ်ပေါင်း ပြောလိုက်၏။
“ငါ မင်းရဲ့ စာမေးပွဲ ရလဒ်တွေကို သံသယဝင်လို့ မဟုတ်ပါဘူး။ ငါတို့ကျောင်းရဲ့ စာမေးပွဲ ကြီးကြပ်မှုက ဘယ်လောက်တောင်မှ တင်းကြပ်လိုက်လဲဆိုတာ ငါလည်း သိပါတယ်။ ငါက မင်းရဲ့ စာလေ့လာတဲ့ အတွေ့အကြုံလေးကို သင်ယူချင်ရုံပါပဲ”
လွန်ခဲ့သည့် ပညာသင်နှစ်ဝက်မှ စတင်၍ ကျောင်းက ယင်းတို့၏ စာမေးပွဲ ကြီးကြပ်မှု စနစ်ကို အဆင့်မြှင့်တင်ခဲ့၏။ စာခိုးချခြင်း ဟူသည့် ကိစ္စမျိုးကလည်း အပ်ချမတ်ချကြီး ကြိုတင် ကာကွယ်နိုင်သည်မျိုး မဟုတ်လေရာ ရုံရုံက စစ်မှန် ရိုးသားတာ ဟုတ်သလား မဟုတ်သလား သူ သိရှိသည်ပင်။
အကယ်၍များ ရုံရုံ၏ အဆင့်များက ပြဿနာတစ်စုံတစ်ရာ ရှိနေသည် ဆိုပါလျှင် သူ ရုန်းကန်ကြိုးစားနေရသည့် ပုစ္တာများကို ရုံရုံတစ်ယောက် အဘယ်ကြောင့် လွယ်လင့်တကူ ဖြေရှင်းနိုင်ရသနည်း။
222 03
အိုး ဟုတ်သား၊ သူ၏ သတိပေးချက်ကြောင့် ရုံရုံ၏ အဆင့်များက ရုတ်တရက် တိုးတက်ကာ အရည်အချင်းကလည်း ခုန်လွှားမြင့်တက်သွားကြောင်း သူမ၏ မူလ အတန်းဖော်များ ပြောခဲ့ဖူးသည်ကို ရှီလီနှင့် ဖူဟွေ့ရှင်း အမှတ်ရသွားလေသည်။
ထိုစကားကို ကြားခဲ့စဥ်က ရှီလီက ကနဦးတုန်းကတော့ ဒေါသထွက်သွာစခဲ့ကာ ထို စိတ်သဘောထား သေးသိမ်သူများနှင့် အချင်းများဖို့ရန်သာ အာရုံဖိစီးနေခဲ့ပါ၏။ ရုတ်တရက် တိုးတက်မြင့်မားလာမှုကို သူမ ကြားသိခဲ့သော်လည်း ယင်းနှင့် ပတ်သက်၍ သိပ်အများကြီး အာရုံမစိုက်ခဲ့မိပေ။
အိမ်ကို ပြန်ရောက်ပြီးသည့်နောက် ထိုကိစ္စကို သူမ မေ့လျော့သွားခဲ့တာဖြစ်၏။ သို့သော် ယခုမူ ထိုမေးခွန်းက နောက်တဖန် ပြန်လည် ပေါ်ပေါက်လာပြန်လေပြီ။
ရှီလီက သူမခေါင်းလေးကို ငဲ့စောင်းကာ ရုံရုံထံ ကြည့်လိုက်၏။ ( အိုး ဟုတ်သား။ သူမရဲ့ အဆင့်တွေက ဘယ်လိုလုပ်ပြီး ရုတ်တရက် တိုးတက်လာတာလဲနော်။)
******
223 01
အပိုင်း 223.
“နင့်အဆင့်တွေ ဘာလို့ ရုတ်တရက်ကြီး တိုးတက်လာရတာလဲဟင်”
ရုံရုံက လိမ္မော်ရည်ကို သူမ နှုတ်ခမ်းဖျားနားသို့ ယူဆောင်လိုက်ကာ သူ၏ မျက်လုံးများထံ စူးစိုက်ကြည့်ရင်းက စိတ်အေးလက်အေး ပြန်ဖြေလိုက်လေသည်။
“ငါကတော့ အဲဒါက အခက်အခဲတွေကို ချိုးဖျက်နိုင်တဲ့ စိတ်မျိုးလို့ ထင်တာပဲ။ ငါက အခြေခံ ကောင်းကောင်း ရှိခဲ့တော့ အရေအတွက် အများကြီး စေ့စေ့စပ်စပ် စုဆောင်းတာက အရည်အချင်း တိုးသွားစေတာနေမှာ။ ပြီးတာနဲ့ အရာရာတိုင်းက ရုတ်တရက်ကြီး ဉာဏ်အလင်း ပွင့်သွားရောလေ”
အတန်းနီးချင်း သင်္ချာကိုယ်စားပြုမှာတော့ တစ်ဝက်တပျက်သာ နားလည်လိုက်ကာ ခေါင်းကို တဆတ်ဆတ် ညိတ်နေပေသည်။ ရုံရုံ၏ ရှင်းလင်းချက်က အတော်ကြီးကို တရားနည်းလမ်း မကျပါသော်လည်း ရွှယ်ပါ့တို့၏ ကမ္ဘာကြီးကို သာမန်လူတို့ နားမလည်နိုင်ခြင်းကတော့ သာမန်ပါပင်။
ရုံရုံအနေဖြင့် စီရင်စု ဗဟိုကျောင်းကို ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းကြောင့် သူမက တုံးအ မိုက်မဲသူ မဟုတ်ကြောင်း သက်သေခံလျက် ရှိပေသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ဉာဏ်ကောင်း ထက်မြက်ပြီး လုံလောက်သော အခြေခံ ဗဟုသုတများကိုသာ စုဆောင်းလိုက်ပါလျှင် တစ်နေ့မှာတော့ အခက်အခဲ အတားအဆီးများကို ရုတ်တရက်ကြီး ချိုးဖျက်နိုင်လိမ့်မည်သာ။
ထို့ကြောင့် သင်္ချာကိုယ်စားပြုသည်လည်း သူမ၏ ရှင်းပြချက်ကို ယုံကြည်ပါ၏။ သူက ဘီယာခွက်ကို မြှောက်ကာ ရုံရုံထံ နောက်တကြိမ် မြှောက်ကာ ဂုဏ်ပြုလိုက်ပြန်သည်။
“နင်က တကယ် အရမ်းကို ထူးချွန်တာပဲ။ အဲဒါကိုတောင် မမြင်နိုင်ဘူးဆိုတော့ နင့် အတန်းဖော်တွေက ကန်းနေလို့ပဲ နေမှာ။ အဲ့လိုလူတွေရဲ့ ထင်မြင်ချက်တွေကို နင် ဂရုစိုက်မနေနဲ့။ အထူးသဖြင့် မနေ့ကလို လူမျိုးတွေပေါ့။ သူတို့က မနာလိုစိတ် ကြီးနေတာ သက်သက်ပဲ။ နင် ပိုပြီး ထူးချွန် ထက်မြက်လာလေလေ သူတို့ ပိုပြီး မနာလိုဖြစ်လေလေပဲ နေမှာ။ သူတို့တွေ မရောက်နိုင်တဲ့ နေရာမှာ နင်ရှိနေသ၍ အဲဒါက ဘာမှ အရေးမကြီးတော့ဘူးလေ”
ရုံရုံအနေဖြင့် ထိုလူကို စိတ်ထဲတောင် မထည့်သော်ငြား သူ၏ စေတနာ အကြင်နာတရားကိုဖြင့် အသိအမှတ် ပြုပေးနိုင်ပါသည်။
“ ကျေးဇူးတင်ပါတယ်။ နင် ပြောတဲ့ စကားတွေက ငါ့ကို အသိဉာဏ်ပညာတွေ အများကြီး ရသွားစေတယ်”
သင်္ချာကိုယ်စားပြုက ရုံရုံ၏ ရှင်းလင်းချက်ကို ယုံကြည်သွားချိန်တွင် ရုံရုံကမူ သူ့ကို အာရုံထဲ မရှိတော့ပါပေ။ သူမအနေဖြင့် ရှီလီ ဘာတွေ တွေးနေလဲ သိရဖို့သာ စိတ်ဝင်စားနေပါ၏။
သို့သော် ရှီလီ၏ အတွင်းစိတ် အတွေးတို့ကို ကြားလိုက်ရသည်က လွန်ခဲ့သည့် နှစ်မိနစ်က တစ်ကြိမ်သာဖြစ်ကာ ထို့နောက်မှာတော့ လုံးဝ တိတ်ဆိတ်သွားခဲ့ပါ၏။
ဤစားပွဲဝိုင်းတွင်တော့ ဆက်လက် နှစ်သိမ့်အားပေးနေပြီး သန်မာစွာ နေထိုင်ရန်နှင့် တိုးတက် အောင်မြင်ပါစေကြောင်း ပြောနေသည့် သင်္ချာကိုယ်စားပြု၏ အသံသာ ရှိပေတော့၏။
ရှီလီနှင့် ဖူဟွေ့ရှင်းကမူ တိတ်ဆိတ်စွာဖြင့်ပင် သူတို့၏ အစားအသောက်များကို စားသောက်နေပေသည်။ ရုံရုံမှာ ရှီလီကို စောင်းပါးရိပ်ခြည် ခိုးကြည့်ချင်လှ၏။ သို့သော် သူမအမူအရာက အရမ်းကြီး သိသာနေပြီး လိပ်ပြာ မလုံစိတ်များကို လှစ်ဟပြမိမည်ကိုလည်း ကြောက်ရွံ့နေပေသည်။
စားသောက် ပြီးစီးကြသည့် အချိန်ထိတိုင် ရုံရုံအနေဖြင့် ရှီလီ ဘာတွေးနေလဲ ဆိုသည်ကို နားမလည်နိုင်ခဲ့ပါပေ။
အိမ်ကို ပြန်လာခဲ့ပြီးသည့် နောက်တွင်လည်း သူမက နေမထိ ထိုင်မသာ စိတ်များကို ခံစားနေရဆဲပါပင်။
အချိန်ဟူသည် အရာရာတိုင်းကို သောက ကင်းဝေးစေခြင်းငှာ မစွမ်းသာပါပေ။ ထိုအစား ယင်းက မသိုးမသန့် စိတ်များကိုသာ တိုးပွားလာစေ၏။
လဝက်မျှ ကြာပြီးနောက် ပြိုင်ပွဲ ရလဒ်များကို ကြေငြာလေသည်။
သတင်းကောင်းကို မျှဝေပေးရန် အတန်းပိုင်ဆရာ လာရောက်ချိန်တွင် အတန်းသားများကား မကြာမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဖုံးကွယ်ထားသည့် အကြောင်းအရာများကို ဆွေးနွေးနေသည့် အတန်းခေါင်းဆောင်၏ ဆွေးနွေးခန်းကို တိတ်တဆိတ် နားထောင်နေခဲ့ကြပေသည်။
ယင်းက အဓိက အကြောင်းအရာကြီးတော့ မဟုတ်ပါပဲ နှစ်သစ်ကူး အနုပညာပြပွဲအတွက် Performance အကြောင်း သက်သက်မျှသာ။ အတန်းတိုင်း အတန်းတိုင်းက Performance တခု အနည်းဆုံး ဆောင်ရွက်ရမည် ဟူသတတ်။ ( Senior တန်း 3တန်း အနေဖြင့် မဖြစ်မနေ ပါဝင်ဖို့ မလိုအပ်ကြောင်း Note ပါ တွဲပါပြီး)
223 02
ထို Performance အတွက် စေတနာ့ဝန်ထမ်း လုပ်လိုသူ ရှိနိုင်မလားဟု အတန်းခေါင်းဆောင်က မေးမြန်းနေတာဖြစ်၏။ ယင်းက သူ၏ မျှော်လင့်ချက် သက်သက်သာဖြစ်ကာ မည်သူ တစ်ဦးတစ်ယောက်ကမှ ရှေ့ထွက်မလာသည့်အခါ သူက မက်လုံး ထပ်ပေးပြန်သည်။ ပါဝင်ဆောင်ရွက်သူက အတန်း Creditအတွက် နှစ်မှတ် ရရှိမည်ဖြစ်ပြီး အနိုင်ရရှိပါက ပိုလို့တောင် အကျိုးအမြတ် များပြားမည်ဟူ၏။
လျာထားခံရမှုအတွက် ဆုကြေးက အမှတ်မည်မျှပင် ဖြစ်စေကာမူ ကိစ္စ တခုချင်းစီ အဖြစ်သာ ခွဲခြမ်း စိတ်ဖြာရမည်သာ။ သို့သော် ယင်းက နှစ်မှတ် အတိအကျသာ ဖြစ်ကာ လျော့နည်းလိမ့်မည်တော့ မဟုတ်ပါချေ။
အားကစားဆိုင်ရာ တွေ့ဆုံမှု ပြီးဆုံးကတည်းက အချိန် နှစ်လထက်မနည်း ကုန်ဆုံးသွားခဲ့ပြီး ဖြစ်ကာ ထိုအချိန် အတောအတွင်း ကိစ္စများလည်း မနည်းမနော ဖြစ်ပွားခဲ့ပါ၏။ သူတို့က နှစ်လယ် စာမေးပွဲ ဖြေဆိုပြီး ဖြစ်သလို အချို့ ကျောင်းသားများသည်လည်း သူတို့ အမှတ်များ အတော် များများစားစား ရရှိခဲ့ပြီး သူတို့ ကိုယ်တိုင် အတွက်ရော သူတို့၏ အဖွဲ့များထံသို့ပါ အမှတ်များ ပေါင်းထည့်ခဲ့ပြီးသားပင်။
အချို့သူများကမူ ကံနည်းရှာကြပေသည်။ သူတို့က သူတို့၏ အနှုတ်အမှတ်များကို အားကစား တွေ့ဆုံမှုမှတဆင့် အလှည့်အပြောင်း လုပ်ခဲ့ပြီးသည့်နောက် သူတို့က သူတို့ စတင်ခဲ့သည့် နေရာသို့သာ ပြန်လည်ရောက်ရှိကြကာ ထို အနှုတ်အမှတ်များကိုသာ ဂုဏ်ယူဝံ့ကြွားစွာ ဆက်လက် ဆုပ်ကိုင်ရပေတော့သည်။
ဆောင်းရာသီ အားလပ်ရက် ရောက်ရှိရန် တလခွဲမျှသာ ကျန်ရှိတော့သည့် အချိန်ထိတိုင် နှစ်သစ်ကူး ပွဲတော်အတွက် အတန်းများအားလုံး ဖက်ထုပ် အတူတကွ ချက်ပြုတ်ကြခြင်း မပြုလုပ်နိုင်သေးရာ ထို အနှုတ်အမှတ်ကြီးလည်း ဆက်လက် မဖြစ်ပွားတော့ပါပေ။
ယင်းက ပြီးပြည့်စုံလှသည့် ချိန်ကိုက်မှုပါပင်။
အတန်းခေါင်းဆောင်သည်ကား ရေငတ်တုန်း ရေတွင်းထဲကျသည့် ဆုလာဘ်ကြီးကို သယ်ဆောင်လာသည့် နဂါးဘုရင်ကြီးနှယ်ပါပင်။
မတိုင်မီက တိတ်ဆိတ် ငြိမ်သက်နေခဲ့သည့် အတန်းကား ရုတ်တရက်ကြီး လှုပ်လှုပ်ရွရွဖြစ်ကာ တက်ကြွလှုပ်ရှား သက်ဝင်လာပေတော့သည်။
လူတိုင်း လူတိုင်း သူတို့၏ လက်များကို မြှောက်ပြလာကြ၏။ ပုံမှန် အဆိုပြုချက် အနည်းငယ်မှ လွဲ၍ ကျန်တာတွေကတော့ အတော်လေးကိုမှ မျက်စိနောက်ဖွယ်ရာ ကောင်းပေစွ။
အတန်းခေါင်းဆောင်က ပြော၏။
“အစောပိုင်းတုန်းက Fencing အတွက် လက်မှတ်ထိုးထားတဲ့ သူတွေကို ငါ နားလည်ပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ဖျော်ဖြေရေး တန်ဖိုး ပါနေတယ်လေ။ ဒါပေမဲ့ ပန်းချီဆွဲဖို့အတွက် လက်မှတ်ထိုးတာကရော ဘာကြီးလဲ။ မင်း စင်ပေါ်မှာ ပန်းချီဆွဲတာကို စောင့်ကြည့်နေဖို့ကကျ အဓိပ္ပါယ်မှ မရှိတာကြီး။ လက်တဖက်က ပန်းချီဆွဲနေတုန်း နောက်လက်တစ်ဖက်က တယောထိုးဖို့ ဖြစ်နိုင်လို့လား”
ရွှီဝေဝေက မဝံ့မရဲဟန်ဖြင့် အကြံပြုလာ၏။
“ငါ ခြေထောက်နဲ့ ပန်းချီဆွဲတာကို ပြပေးလိုက်ရင်ရော ဘယ်လိုလဲ”
အတန်းခေါင်းဆောင်က သူ့မျက်လုံးများကို ခေတ္တမျှ မှိတ်ထားလိုက်ပါ၏။
“ထွက်သွား”
ရွှီဝေဝေ∷ “အေးဟယ်”
သို့သော် ဤအတန်းထဲမှာ ရှိနေသည့် နှစ်ဆယ်ကျော်မျှသော ကျောင်းသားများကား ရွှီဂေဝေကဲ့သို့ပင် ဂလယ်အူကြောင် ကိုးရိုးကားရားကောင်များသာတည်း။
ရွှီဝေဝေက အတော့်ကို ကောင်းမွန်လှသည့် ကိုးကားချက်ကို ထုတ်ဖော် ညွှန်ပြပေးလိုက်ရာ ထပ်မံ အဆိုပြုလာသည့် Performance များက အဓိပ္ပါယ် မရှိသည့် ကို့ရို့ကားရားများသာ တိုးပွားလာပေတော့သည်။
တရုတ်ရသစာပေ ကိုယ်စားပြုက ပြောလာ၏။
“ငါ လူတိုင်းအတွက် “လီဆောင်”* ကို အာဂုံဆောင်ပြနိုင်တယ်။ တကယ်လို့ အဲဒါက အရမ်းကို ငြီးငွေ့ဖို့ ကောင်းတယ် ဆိုရင်တောင်မှ…..”
(*လီဆောင်= BC 3ရာစုတွင် ပေါ်ထွန်းခဲ့သည့် ရှေးဟောင်း တရုတ်ကဗျာ)
အင်္ဂလိပ်စာ ကိုယ်စားပြုကလည်း ပြောပြန်သည်။
“အဲဒီ အာဂုံဆောင်မှုအတွက် ငါက အင်္ဂလိပ်လို နာမည်ပေးပေးလို့ရတယ်”
“ငါ လုပ်နိုင်တာက…..”
ကျောက်တုံးများဖြင့် ရင်ဘတ်ကိုဖိသည့်နှယ် အရှိန်မြင့်လာသည့် ထွင်လုံးများကို မြင်သည့်အခါ ထိုပရိသတ်များ ပေးအပ်လာသည့် ကျောက်တုံးနှင့် တူများက အတန်းခေါင်းဆောင်ကို နှလုံးရောဂါ ရသွားစေမည်ကိုပင် စိုးရိမ်လှရပါပေ၏။
အတန်းခေါင်းဆောင်ခမျာ တိုးပွားလာနေသည့် မထော်မနန်း ပေါက်ပန်းဆေးများကို အလျင်အမြန် တားဆီးရပါတော့၏။
ထို့နောက် အတန်းပိုင်ဆရာမ ဝင်လာသည်နှင့် အတန်းခေါင်းဆောင်က သူ၏ ထိုင်ခုံမှာ ပြန်မထိုင်မီ အလျင်အမြန် ပြောလိုက်လေသည်။
“ကျနော်တို့ ကျောင်းဆင်းပြီးတော့မှ Group Cahtထဲကနေ အဲဒါကို ညဆွေးနွေးလိုက်ပါ့မယ် ဆရာမ”
223 03
သူ့ကျောင်းသားများက ဆုရလာသည့်အပြင် ယင်းကလည်း အတော်လေး ဂုဏ်သိက္ခာ ကြီးမားလှပေရာ အတမ်းပိုင်ဆရာက သူမ၏ ပျော်ရွှင်မှုများကို ဖုံးကွယ်မထားတော့ပေ။
“ငါ.သတင်းကောင်းတချို့ မျှပေးချင်တယ်။ ရှီလီ၊ ရုံရုံနဲ့ ဖူဟွေ့ရှင်းတို့က သိပ်မကြာသေးခင်က ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ကြပြီး အရမ်းကို ပြီးပြည့်စုံတဲ့ ရလဒ်တွေ ရလာခဲ့ကြတယ်လေ။ အဲဒီ ကျောင်းသား သုံးယောက်ကို ဂုဏ်ပြုပေးလိုက်ကြရအောင်”
တခန်းလုံးတွင် လက်ခုပ် သြဘာသံများ သောသောညံသွားလေသည်။
ရှီလီကမူ သူမကိုယ်သူမှင့် ရုံရုံကို ယုံကြည်မှု အပြည့်အဝ ရှိခဲ့သော်လည်း ဖူဟွေ့ရှင်းကိုတော့ အနည်းငယ်မျှ စိုးရိမ်ခဲ့တာဖြစ်၏။
ဖူဟွေ့ရှင်းက မေးခွန်းစာရွက်များနှင့်အတူ သူမထံ မကြာခဏ ရောက်လာတတ်ပြီး သူ၏ စစ်ဆေးမှု ရမှတ်များနှင့် အစမ်းစာမေးပွဲ ရလဒ်များက ကောင်းမွန်ခဲ့ပါသော်ငြား ထိုအချိန်တွင်တော့ ကောင်းကောင်း မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်ခဲ့ပေသည်။
သို့သော် အတန်းပိုင်ဆရာ၏ လေသံကို အကဲဖြတ်မှုအရ သူတို့ သုံးယောက်စလုံး ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ပုံပါပင်။
ရှီလီမှာ အံ့အားသင့်ကာ ဝမ်းမြောက် ပျော်ရွှင်သွားလေသည်။
(ဖူဟွေ့ရှင်းလည်းပဲ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ)
စင်မြင့်ထက်တွင် စကားပြောနေစဥ်အတွင်း ရှီလီ၏ အတွင်းစိတ်ထဲမှ အတွေးများကို နားသောတ ဆင်ရခြင်းဖြင့် ကျင့်သားရနေပြီဖြစ်သည့် အတန်းပိုင်ဆရာခမျာ ပုံမှန်ဆိုလျှင် သူမကို ကြည့်မိခြင်းမှ ပုံမှန်အတိုင်း ထိန်းချုပ်နိုင်လေသည်။
သို့သော် ယနေ့မှာတော့ ထိုစကားကို ကြားသည်နှင့် သူ့ ညာဘက် ရှေ့နားမှာ ရှိနေသည့် မိန်းကလေးကို မနေနိုင် မထိုင်နိုင် ဝေ့ကြည့်မိလေသည်။
သူ၏ ထိုထိပ်တန်း ကျောင်းသူလေးက အတန်းနီးချင်းမှ ဖုန့်ယွင်ဟယ်ကို စိတ်ဝင်စားနေတာ မဟုတ်ဘူးလား။ ဆရာဖြစ်သည့် သူတောင်မှ ထိုကိစ္စကို ကြားဖူးနားဝ ရှိကာ ဆရာများ၏ Group Chatထဲမှာတောင် ရံဖန်ရံခါ ပြောဆိုလေ့ ရှိပေသည်။
သူက သူ၏ ကျောင်းသားများကို ဂရုစိုက်သလို အထူးသဖြင့် ထိပ်တန်း ကျောင်းသားများကို ဆိုပါလျှင် ပိုလို့တောင် ဂရုစိုက်သေး၏။
အခြားကျောင်းသားများသည်လည်း အံ့အားသင့်မှုများကို ပြသလာကြလေသည်။ ရှီလီရဲ့ အကြိုက်များ ပြောင်းသွားတာလား။
ထိုညိုဖျော့ဖျော့ အသားအရေကပင်လျှင် ရဲတွတ်နေသည့် သူ၏ နားရွက်ဖျားလေးများကို ဖုံးကွယ်မထားနိုင်ကြောင်း ရုံရုံကတော့ သတိပြုမိခဲ့ပါ၏။
သူမက ချောင်ကျင်းကျား၏ အာရုံစိုက်မှုကို အမိအရ ဖမ်းဆုပ်လိုက်ကာ ရှေ့တူရူသို့ လက်ဟန်ခြေဟန် ပြလိုက်ပြီး သိပါ့ဟယ် ဟူသည့် အကြည့်မျိုးကို ဖလှယ်လိုက်ကြလေသည်။
အတန်းပိုင်ဆရာက သူ့အကြည့်များကို ထိန်းချုပ်လိုက်ပြီး နှစ်တန်းမြောက်မှ ကျောင်းသားများကိုကြည့်ကာ ရှီလီ၏ မေးခွန်းကို ဖြေဆိုလိုက်လေသည်။
“ရှီလီနဲ့ရုံရုံက စီရင်စုအဆင့်မှာ ပထမဆုရတယ်။ ပြီးတော့ ဖူဟွေ့ရှင်းက အတော်ကြီးကို လုပ်ဆောင်မှု ကောင်းခဲ့တော့ စီရင်စုဗဟိုမှာ ဒုတိယဆု ရတယ်လေ။ ငါတို့ အတန်းထဲက ကျောင်းသား သုံးယောက်စလုံးက စီရင်စုအဖွဲ့ရဲ့ ရည်ညွှန်းချက်အတွက် အရည်အချင်း ပြည့်မီသွားပြီမို့လို့ ဆောင်းရာသီ အားလပ်ရက်အတွင်း နောက်ဆုံး Camp သွင်းတာကို ပါဝင်ခွင့် ရသွားပြီ”
ဖူဟွေ့ရှင်း၏ အဆင့်များက ရှီလီအတွက်တော့ အမှန်တကယ် မမျှော်လင့်ထားသည်များပါပင်။ ရှီလီက “အထင်ကြီးလောက်စရာ” ဟူသည့် ဟန်ပန်မျိုးဖြင့် သူ့ထံ မျက်ခုံး ပင့်ပြလေသည်။
သူတို့ နောက်မှာ ထိုင်နေရသည့် ကျောင်းသားများကလည်း အကြည့်များ ဖလှယ်နေကြရာ သူတို့တွေ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ဖြစ်သွားအောင် ဖန်တီးလိုက်ပေသည်။ သေချာပါသည်။ သူတို့တွေ မျက်လုံးချင်း ဆုံနေကြစဥ် ထိုနီမြန်း ရှက်သွေးဖြာနေမှုကြီးက သူ့မျက်နှာထက်မှ ပြည့်ပြည့်ဝဝ မဝေးလွင့် မပျောက်ကွယ်သွားသေးပါပေ။
အတန်း ဆင်းသွားသည့်နောက် ရှီလီက ရုံရုံထံ လှည့်ကြည့်လာကာ
“ရုံရုံ၊ နင် နောက်ဆုံး တစ်ခေါက်တုန်းက စာမေးပွဲSiteထဲမှာ တွေ့ခဲ့တယ်ဆိူတဲ့ ကျောင်းသားရဲ့ နာမည်က ဘယ်သူတဲ့လဲ”
သူမ၏ ရည်ရွယ်ချက်ကို ရုံရုံက နားမလည်သော်ငြား နာမည်ကိုတော့ ပြောပြပေးလိုက်ပါ၏။
အုံလိုက်ကျင်းလိုက်သော သူမ၏ အတန်းဖော်များက အူတိအူကြောင် ပုံလေးများဖြင့် စောင့်ကြည့်နေကြစဥ် ရှီလီကတော့ အတန်းထဲမှ ထွက်သွားပြီဖြစ်ကာ နောက် ငါးမိနစ်ခန့်မျှ ကြာပြီးသည့်နောက်တွက်တော့ အလွန်ကို စိတ်လှုပ်ရှားစွာ ပြန်ရောက်လာလေသည်။
“နင့်ရဲ့ အဲဒီအတန်းဖော်က လှလှပပ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့လို့များ စီရင်စုအဆင့်မှာ တတိယဆု ရခဲ့တာပါလို့ အတန်းပိုင်ဆရာကို ငါပြောလိုက်တယ်လေ”
ရုံရုံက ခေါင်းညိတ်လိုက်၏။
“သူ့အဆင့်တွေက နဂိုတည်းက အသင့်အတင့် ကောင်းနေသားပဲဟာ။ အံသြစရာတော့ သိပ်မရှိပါဘူး”
ရှီလီကမူ တခစ်ခစ် ရယ်မောလေသည်။
“စာမေးပွဲ မဖြေခင်တုန်းက သူက အရမ်းတွေ စိတ်အားထက်သန်နေခဲ့တာ ငါတို့ကို အခုလို ရလဒ်ကောင်းတွေ ရအောင် ကူညီပေးခဲ့တာမို့ ငါတို့ရဲ့ စိတ်စေတနာကောင်းကို ပြရအောင်ဆိုပြီး ငါ သူ့အတွက် ကျေးဇူးတင် သဝဏ်လွှာလေး ပို့ပေးမလို့လေ”
223 04
စာမေးပွဲ မဖြေဆိုမီတုန်းက ထိုငတုံးက ရုံရုံကို လှောင်ပြောင်သရော်ပြီး သူမက စာခိုးချသည်ဟု စွပ်စွဲကာ သူတို့ကျောင်း၏ ေကျာင်းသားများက ရုံရုံကို အသုံးမကျသူဟု ခေါ်ခိုင်းခဲ့ခြင်းကို ရှီလီ မမေ့သေးပေ။
ရုံရုံမှာ တိတ်တဆိတ်သာ ကျန်ခဲ့လေသည်:: ဖြစ်နိုင်တာက နင့်ရဲ့ ကျေးဇူးတင် စာလွှာဆိုတာကြီးက အဲ့တစ်ယောက်ကို သွေးတက်သေအောင် လုပ်နိုင်တာမျိုးပဲ ဖြစ်နေမှာပါဟယ်။
******
224 01
အပိုင်း 224.
ရှီလီက စကားကို ဆက်ပြောနေဆဲဖြစ်ကာ ယင်း ကျေးဇူးတင် စာလွှာကို ထိုနေ့မှာပင် ပို့ပေးရန် ကြိုးစားပမ်းစား ရေးနေပေသည်။
သူ၏ အိမ်လိပ်စာကို မည်သူကမှ မသိသလို နာမည်နှင့် ကျောင်းကိုပင် ရုံရုံထံမှ စုံစမ်းထားရခြင်း ဖြစ်ပေ၏။ ထို့ကြောင့် ရှီလီလည်း သူ့အိမ်လိပ်စာအစား သူ၏ ကျောင်းနှင့် သက်ဆိုင်ရာ အတန်းတို့၏ သတင်း အချက်အလက်များကိုသာ ရေးချပေးလိုက်၏။
ထို ကျေးဇူးတင် စာလွှာကို သူတို့ လေးယောက်အဖွဲ့က စုပေါင်းစပ်ပေါင်း ဖန်တီးထားခြင်းဖြစ်ကာ နောက်ဆုံး ပြုပြင်မွမ်းမံမှုကို ရှီလီက လုပ်ဆောင်ခြင်း ဖြစ်ပါ၏။
နေ့လည်ပိုင်း ဆွေးနွေးမှု အားလပ်ချိန်တွင် သူတို့လေးယောက်သားမှာ တိုးတိုး တိုးတိုး ပြောဆိုနေကြပြီး ထိုကျေးဇူးတင် စာလွှာကြီးက စာလုံးရေ ငါးရာခန့်မျှနှင့် အပြီးသတ် မသွားမီ သူတို့ဆွေးနွေးနေကြသည်မှာ အတန်းချိန် တချိန်လုံး ကုန်ဆုံးသွားပေတော့သည်။
ထို စာလုံးရေငါးရာ ကျေးဇူးတင်စာလွှာက အလွန်ကို စိတ်လှုပ်ရှား ထိရှလွယ်ဖွယ်ရာ ဖြစ်ပြီး ရှင်းလင်း ထိမိလှသော အာဘော်နှင့်အတူ ကျေးဇူးတင် စာလွှာများအကြားတွင်တော့ အမှတ်တကယ်ကို ဂန္တဝင် မြောက်လှပေသတည်း။
ပြီးစီးသွားသည့်နောက် သူတို့လေးယောက်သားမှာ ထိုစာကို အပြည့်အစုံ ဖတ်ပြီးနောက် ရှီလီက မှတ်ချက် ပြုလာလေသည်။
“ရေးထားတာလေးက လှလိုက်တာဟယ်။ စာလွှာ အပ်နှင်းခံရသူကတော့ ငါတို့ရဲ့ စစ်မှန်ရိုးသားတဲ့ ကျေးဇူးတင်မှု ကို ခံစားမိမှာ အသေအချာပဲ”
ကျေးဇူးဥပကာရ အကြောင်း ပြောကြစဥ် ချောင်ကျင်းကျားက တခွိခွိ ရယ်မောလာလေသည်။
“ငါတို့တွေက အရမ်းတွေ ကျေးဇူးတင်နေမှတော့ ဂုဏ်ပြုအထိမ်းအမှတ် အောင်လံတော်ကြီးကို အဲ့စာနဲ့အတူ ဘာလို့ ထည့်မပေးလိုက်ရမှာလဲ”
အထိမ်းအမှတ် ဂုဏ်ပြု အောင်လံတော်ဟူသည် ရှီလီအတွက် အလွန် ရင်းနှီးကျွမ်းဝင်လှသည့် လက်မှုပညာပါပင်။ ထို့ကြောင့် သူမက စေတနာ့ဝန်ကို ထမ်းပေးလာ၏။
“အောင်လံတော်အတွက်က ငါပဲ ဆက်သွယ်လိုက်မယ်။ အဲဒါတွေနဲ့ ငါ အတော် ရင်းနှီးတယ်လေ”
သူတို့က အတန်းထဲမှာ ရှိနေဆဲမို့ အမှတ်များ ဆုံးရှုံးခြင်းမှ ရှောင်ရှားရန် အလို့ငှာ သူတို့၏ ဖုန်းများကို ထုတ်မလာဝံ့ကြပါပေ။ အတန်းဆင်းပြီး ငါးမိနစ် ကြာပြီးနောက် ရှီလီသည်လည်း သူမ၏ ကျေးဇူးတင် အသိအမှတ်ပြုမှုကို ပြသရန်အတွက် အထင်ကြီးလောက်ဖွယ် ေအာင်လံတော် မှာယူဖို့ စီစဥ်လေတော့သည်။
ထိုဝန်ထမ်းသည်လည်း အံ့ချီးလောက်ဖွယ် အောင်လံတော်တခုကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိရှိသမျှ ထုတ်သုံးကာ ပြုလုပ်ပေးပါ့မည်အကြောင်း မဆိုင်းမတွ အာမခံလာပေသည်။
အောင်လံတော် အဆင်သင့်ဖြစ်သည့်အခါ ယင်းကို ကျေးဇူးတင် စာလွှာနှင့်အတူ ထုပ်ပိုးကာ လက်ဆောင်ဘူးထဲသို့ ထည့်၍ ပေးပို့လိုက်တော့၏။
သုန်းဝမ်ဟောက်ခမျာမှာတော့ သူ့အတွက် ဘူးတဘူး ရောက်ရှိနေကြောင်း ကျောင်းလုံခြုံရေးက အကြောင်းကြားလာသည့်အခါ ပဟေဠိဖြစ်သွားခဲ့ရ၏။
သူက သူ၏ Online Shop ပစ္စည်းများအတွက် အိမ်လိပ်စာကိုသာ အမြဲပေးလေ့ရှိကာ ကျောင်းလိပ်စာကို ဘယ်တုန်းကမှ မပေးဖူးပေ။
ဘာပစ္စည်းကိုမှလည်း သူ Oreder မတင်ထားမိကြောင်း သူ့ဘာသာ သေချာပါသည်။
သူ အတန်းတက်နေစဥ်အတွင်း စားသောက်လို့ရရန် အလို့ငှာ သူ့မိဘတွေကများ တစ်စုံတစ်ရာ ပို့ပေးလာလေသလား။
အားလပ်ချိန်ရောက်သည့်အခါ ထိုပါဆယ်ဘူးကို သူ သွားယူခဲ့လေသည်။ ထိုဘူးက ပန်းနုရောင် နုနုဖျော့ဖျော့လေးဖြစ်ကာ ပို့ဆောင်သူ အညွှန်းကို ဖတ်ကြည့်လိုက်သည့်အခါ “မြင့်မြတ်သူတို့ နှလုံးသားဖြင့် သင့်ကို ကျေးဇူးတင်ပါသည်” ဟူသည့် ဆန်းဆန်းပြားပြားစာကို ဖတ်မိလေသည်။
ယင်းက သူ့မိခင်ထံမှ မဟုတ်သည်ကတော့ သေချာပါသည်။
ထိုနုနယ်ပြေပြစ်လှသည့် ပန်းနုရောင် ဘူးက ကြည့်ရသည်မှာ မိန်းကလေးသုံးနှင့်သာ ဆင်တူလှကာ သုန့်ဝမ်ဟောက်သည်လည်း ယင်းက သူ့ကို တိတ်တဆိတ် ပိုးပန်းသူများ ဖြစ်နေမလား တွေးမိပေသည်။
ယင်းက မည်သည့် မိန်းကလေးဖြစ်မည်မှန်း သူ မသိရှိပါလေ။
ထိုအတွေးကြောင့် မြောက်မြားစွာသော မိန်းကလေးတို့၏ ပုံရိပ်များက သူ့စိတ်တွင်းဝယ် ရောင်ပြန် ဟပ်လာပေတော့သည်။
ကြည့်ရသည်မှာ ယင်းတို့ထဲမှ မည်သူမဆို ပေးပို့သူ ဖြစ်နိုင်ကာ သုန်းဝမ်ဟောက်သည်လည်း အလွန်တရာကိုမှ ဘဝင်မြောက် ပျော်မြူးနေပေသည်။
224 02
ဘူးထဲမှာ ရှိနေသည့်အရာကို သူ သိလိုစိတ် ပြင်းပြလှပြီ ဖြစ်ပါသော်လည်း အတန်းပြန်သည့် လမ်းတလျှောက်လုံး ဖွင့်မကြည့်ဖြစ်ခဲ့ပေ။
ထိုအစား သူက အလွန် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ယင်းကို အတန်းထဲသို့ ပြန်သယ်သွားခဲ့ကာ ဖြတ်လာခဲ့သည့် အတန်းဖော်များထံမှ အာရုံစူးစိုက်မှုကို ရရှိ ပျော်ရွှင်နေပြီး သကာလ သူက ပိုလို့တောင် အထင်ကြီး အားကျလောက်ဖွယ် ဖြစ်လာပြီဟု ခံစားရလေသည်။
ထိုလက်ဆောင်ဘူးကြီးနှင့်အတူ အတန်းထဲသို့ ဝင်ရောက်လာစဥ် အတန်းဖော်များ၏ အာရုံစူးစိုက်မှုက သူ့ထံ ချက်ချင်းလက်ငင်း ကျရောက်လာပေတော့သည်။
ကျောင်းသား အတော်များများက သူ့ဘေးနားမှာ စုဝေး ဝန်းရံလာကာ မေးမြန်းကြလေ၏။
“အဲဒါ မင်းကောင်မလေးဆီက လက်ဆောင်လား”
“ထုပ်ပိုးထားတာလေးက ဒီလောက်လှတာ မိန်းကလေးဆီက လက်ဆောင်ပဲဖြစ်မယ်”
“ဝမ်ဟောက်၊ မင်း ညီအစ်ကိုတွေကို မပြောဘဲနဲ့ ဘယ်အချိန်ကများ ကောင်မလေး ရသွားတာလဲ။ သိပ် မမိုက်ဘူးနော်”
“မင်း သူမကို ငါတို့နဲ့ ဘယ်အချိန် မိတ်ဆက်ပေးမှာလဲ။ ငါတို့ကို မိတ်ဆက်ပေးလေ”
ရုတ်တရက်ဆိုသလိုပင် သူက အမျိုးမျိုးသော မြှောက်လုံးပင့်လုံးများဖြင့် ဝန်းရံထားကာ သုန်းဝမ်ဟောက်၏ ဝင့်ဝါစီးပိုးခြင်းများသည်လည်း မဟာ့မဟာ စိတ်ကျေနပ်နေပေတော့သည်။
သူက ရိုးရိုးကုပ်ကုပ်လေးပင် ပြောလိုက်၏။
“ကောင်မလေး အကြောင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရယ်စရာတွေ မပြောပါနဲ့တော့။ ငါ့မှာလည်း အခု ဘာကောင်မလေးမှ မရှိသေးဘူး”
သုန်းဝမ်ဟောက်က ထိုလက်ဆောင်ဘူးကို သူ့စားပွဲပေါ်တင်လိုက်ကာ ဖြည်းဖြည်းချင်း ဖွင့်ကာ ပြောလိုက်လေသည်။
“ဒါကို ဘယ်သူ ပို့လာမှန်း ငါ မသိဘူး။ ဒီပေါ်မှာ နာမည်တောင် ရေးမထားဘူးရယ်”
သူ့ဘေးနား ပတ်ပတ်လည်မှာ ရှိနေသည့် ကျီစားသံများက ပိုမို ဆူညံလာပေသည်။
“အဲဒါ မင်းကို ကြိတ်ပြီး Crush နေတဲ့ တစ်ယောက်ယောက် ဖြစ်မှာပေါ့ကွ”
ယင်းက သုန်းဝမ်ဟောက် တွေးနေသည့် အတွေး အတိအကျဖြစ်ပါ၏။ သို့သော် သူ ယင်းကို ထုတ်ပြောလိမ့်မည် မဟုတ်ပါပေ။ ထိုအစား သူက ပါဆယ်ဘူးကို ကစားနေကာ
“တစ်ယောက်ယောက်က ငါ့ကို ကြိတ် Crush နေဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲကွာ။ ငါ့ကို မကျီစားနဲ့တော့”
သူက သူ့ဘေးနားတွင် အုတ်အုတ်ကျက်ကျက် အသံများ ဖြစ်အောင် မည်သို့ ဖန်တီးရမည်ကို တိတိကျကျ သိရှိသူတည်း။ ပါဆယ်ထုပ်လေး တစ်ထုပ်ကို ရိုးရိုးစင်းစင်းပင် လက်ခံရရှိလိုက်ခြင်းက Celeတို့၏ စာနယ်ဇင်း ရှင်းလင်းပွဲနှယ် မြိုင်ဆိုင်သွားခဲ့ကာ အတန်းထဲရှိ လူအားလုံးနီးပါး သူ့ဘေးနားသို့ ဝိုင်းရံလာလေ၏။
သူနှင့် အနီးကပ်ဆုံးမှာ ရှိနေသည့် ကျောင်းသားများကတော့ တိတ်တဆိတ် ပိုးပန်းသူအကြောင်း ငြင်းဆိုသည့် သူ၏ ရိုးရိုးကုပ်ကုပ် ငြင်းဆိုချက်ကို ကြားလိုက်ရပါ၏။ ထို့ကြောင့် သူတို့က သူ၏ မိသားစု နောက်ခံမှသည် သူ့အသွင်အပြင်နှင့် ပညာအရည်အချင်း၊ အခြားအရာများကိုပါ ချက်ချင်းလက်ငင်း ချီးမွမ်း ထောမနာပြုကြကာ သူက ပြည့်စုံသည်ထက်ပင် ဟိုမှာဘက်ကို ကျော်လွန်၍ သူ့ ပုံရိပ်သွင်ပြင်က အမှတ် 100တွင် 150 ရသောဟူ၏။
ယင်းကို နားစွန်နားဖျား ကြားလိုက်သည့် အတန်းဖော် မိန်းကလေးများကမူ တီးတိုးပြောရင်းက တိတ်တဆိတ်ပင် လှောင်ပြောင် သရော်လေသည်။
“ဟမ့်၊ အကြွားထူလိုက်တာဟယ်”
လူတိုင်း လူတိုင်း စောင့်ကြည့်နေကြသည့် မျက်လုံးများအောက်ဝယ် သုန်းဝမ်ဟောက်က ဘူးကို ခပ်ဖြည်းဖြည်း ဖွင့်ပြီး စာကို အရင်ဆုံး ဆွဲထုတ်လိုက်လေသည်။
အတန်းတစ်တန်းလုံး ပေါက်ကွဲထွက်သွား၏။
“ရည်းစားစာဟေ့။ အဲဒါ တကယ်ကြီး ချစ်သဝဏ်လွှာဟ”
သူ ယင်းစာကို ဖွင့်မဖတ်ရသေးမီပင် သူ၏ သူငယ်ချင်းကောင်းကြီးက ထိုစာကို ဆတ်ခနဲ ဆွဲလုသွားသည့်အတွက် သုန်းဝမ်ဟောက်မှာ အတော်လေး ကျေနပ် ပီတိဖြာသွားခဲ့၏။
ယင်းက သူ့ထံသို့ ဝန်ခံလာသည့် အချစ်သဝဏ်လွှာဟု သူ မှတ်ယူထားကတည်းက ထိုစာကို သူ့ သူငယ်ချင်းက အကျယ်ကြီး အော်ဖတ်လိုက်မည် ဆိုလျှင်တောင် သူ စ်ိတ်ထဲထားမည် မဟုတ်ပါပေ။
တကယ်တော့ သုန်းဝမ်ဟောက် ကိုယ်တိုင်ကိုက သူ့သူငယ်ချင်း ယင်းစာကို အကျယ်ကြီး အော်ဖတ်ဖို့ မျှော်လင့်နေခဲ့တာ ဖြစ်ပါ၏။ ထို့ကြောင့် သူက တားဆီးရန် ဟန်အမူအရာ လုပ်လိုက်ပါသော်လည်း ခက်ခက်ခဲခဲ မကြိုးစားလိုက်ပဲ သဘာဝကျကျပင် လက်လျှော့လိုက်လေတော့သည်။
ထို ချစ်သဝဏ်လွှာကို ဒရောသောပါး ဆွဲထုတ်လိုက်ချိန်ဝယ် သူ၏ အတန်းဖော်မှာ အေးခဲသွားပြီးနောက် အချိန် အကြာကြီး တိတ်ဆိတ်သွားလေတော့သည်။ အခြားသူများက သူ့ကို လောဆော်လိုက်၏။
“ဖတ်တော့လေ။ မင်း မလုပ်ရင် ငါ လုပ်မယ်”
ထိုကောင်လေး ရှေ့ကို ညွတ်ကိုင်းလာစဥ်ဝယ် စာမျက်နှာ၏ အလယ်တွင် ရေးထားသည့် “ ကျေးဇူးတင်စာ” ဟူသည့် စကားလုံးကို တွေ့လိုက်ရပေတော့သည်။
224 03
ယင်းက ချစ်သဝဏ်လွှာ မဟုတ်ပေ။ ယင်းက ဖြစ်နိုင်သည်မှာ သုန်းဝမ်ဟောက်တစ်ယောက် ကျောင်းနှင့် ဆရာ ဆရာမများထံမှပင် အသိအမှတ် ပြုခံရကြောင်း လူသိရှင်ကြား ဖွင့်ဟခံရခြင်းကဲ့သို့သော ကောင်းသည့် အရာ တခုခုသာ ဖြစ်ပေမည်။
သူက စာကို ဇာတ်ဟန်ပါပါဖြင့် စတင် ဖတ်လိုက်၏။ သို့သော် သူ စာကို ဆက်လက် ဖတ်လိုက်သည်နှင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ နောက်ဆုံး စာပိုဒ်ကို လျင်လျင်မြန်မြန် နှံ့နှံ့စပ်စပ် ဖတ်ရှုလိုက်ပြီး နောက်တွင်တော့ သူ ဆွံ့အ တိတ်ဆိတ်ခြင်းထဲသို့ ပြုတ်ကျသွားလေတော့၏။
ထို နောက်ဆုံး စာပိုဒ်တွင်တော့ သူ၏ “စိတ်အားမြှင့်တင်ပေးမှု” ကျေးဇူးကြောင့် ရှီလီနှင့် သူမ၏ အဖွဲ့မှာ ရလဒ်ကောင်းများ ဆွတ်ခူး ရရှိခဲ့သည်ဟု ဖော်ပြထားပြီး ထို အကူအညီကို အမှန်ပင် ကျေးဇူးဥပကာရ တင်ရှိကြောင်းဖြင့် အဆုံးသတ်ထားပေ၏။
ထိုစာဖတ်သူခမျာ တိတ်ဆိတ်နေပြီး ထိုစာကို ကဲကြည့်ကြသည့် အခြားကျောင်းသားများပါ တိတ်ဆိတ်သွားလေတော့သည်။
သုန်းဝမ်ဟောက်မှာတော့ မည်သည့် နောက်ဆက်တွဲမှ ဆက်မကြားရတော့ရာ သိလိုစိတ်ပြင်းပြစွာ ကြည့်မိချိန်တွင် သူ့ဘေးနား ပတ်လည်မှာ ရှိနေသူများ၏ ထူးထူးဆန်းဆန်း အကြည့်ကြီးများနှင့်သာ တွေ့ဆုံလိုက်လေသည်။
သူ၏ သာပေါင်းညာစား သူငယ်ချင်း တစ်ဦးက ဘူးထဲမှာ ကျန်ရှိနေသည့် ပစ္စည်းကို ဆွဲထုတ်လိုက်၏။ ယင်းက ကြေငြာချက်စာရင်းကို Print ထုတ်ထားသည့် စာရွက်ကြီးနှင့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသော အောင်လံတော်ကြီးပေတည်း။
ထို Print စာရွက်ကြီးတွင်တော့ ပထမဆု နှစ်ဆုနှင့် ဒုတိယဆု တစ်ဆုကို အလွန်ကို လေးနက်စွာပင် မင်ပြာကြီးဖြင့် ဝိုင်းထားပေ၏။
ရှီလီ၏ ထောက်ထားမှုက ထိုနေရာမှာတင် ရပ်တန့်မသွားသေးပေ။ သူမက ကြေငြာချက် စာရင်းကြီး တစ်ခုလုံးကို Print ထုတ်ကာ နောက်ဆုံး စာမျက်နှာမှ သုန်းဝမ်ဟောက်၏ အမည်ကိုပါ ဝိုင်းထားပေးလိုက်သေး၏။
လူတိုင်း၏ လက်ရှိအတွေး: : အမှန်တကယ် ထိခိုက်ပျက်စီးမှုက အနည်းဆုံးဆိုရင် စော်ကားမှုကမှ အမြင့်ဆုံးပဲကိုး။