← Chapters

အခန်း (၂၂၉-၂၃၂)

Vol. 12 Ch. 229-232

အခန်း (၂၂၉-၂၃၂)

Vol. 12 Ch. 229-232

229 01

အပိုင်း 229.

ကျောက်ဟန်ယိခမျာ အလွန်တရာမှ ရှုပ်ထွေးနေပြီး အူတိအူကြောင်လေးဖြင့် မျက်တောင် တဖျပ်ဖျပ် ခတ်နေရှာပေသည်။ သူမက သူ၏ မေမေလေး ဖြစ်လာရုံသာမက အနာဂတ် မရီးလောင်းပါ ဖြစ်နေသေးသည်တဲ့လား။

ယင်းက မည်မျှပင် သဘာဝတရားနှင့် မကိုက်ညီလှသည့် Plot Twistကြီး ဖြစ်ပါသနည်း။

အမှန်တော့ ချောင်လွီက သူ၏ မေမေလေး ဖြစ်လာလိမ့်မည်ဟု သူ သိခဲ့ရစဥ်က ကျောက်ဟန်ယိ၏ တုံ့ပြန်မှုက အတော်လေးကို သာမန် ဆန်လှပေသည်။

ဘာနေနေ သူ၏ လူအိုကြီးက မည်သည့်အရာကိုမဆို ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိသူတည်း။ အမျိုးသမီးငယ်လေးကို လက်ထပ်နိုင်ခြင်းဟူသည် သူ့အတွက်တော့ တမူထူးခြားသော အခြေအနေမျိုး မဟုတ်ခဲ့ပေ။ သူက ထိုသို့ပြုလုပ်ခဲ့သည်မှာ ကြိမ်ဖန်များစွာ တိုင်ခဲ့လေပြီ။

ယင်းကို ကျောက်ဟန်ယိက ကြိုတင် မျှော်မှန်းထားခဲ့ပြီးသားပါပင်။ မျှော်မှန်းထားသည်နှင့် အနည်းငယ်မျှ ကွဲပြားသည်ကတော့ သူ၏ မေမေလေးအသစ်က သူ့သူငယ်ချင်း၏ ချစ်သူကောင်မလေး ဖြစ်နေခြင်းပါပင်။

ချောင်လွီက သူ၏ မရီးအသစ်လေးပါ ဖြစ်လာလိမ့်မည်ဟု သူ သိရချိန်တွင်တော့ သူက လိုက်မမီနိုင်အောင်ပင် မျက်စိလည်ရပေတော့သည်။

အခြားစကားဖြင့် ဆိုရသော် ချောင်လွီက သူ၏ ဖခင်ကို လက်ထပ်နိုင်ရုံသာမက သူ့အစ်ကိုကြီးကိုပါ လက်ထပ်ဦးမည်တဲ့လေ။

ယင်းက ကျင့်ဝတ်သိက္ခာဆိုင်ရာ ကံဆိုးမိုးမှောင်ကျမှုဟု သတ်မှတ်သင့်သည် မဟုတ်လား။

မည်သည့် မိသားစုမှာမဆို ထိုသို့သော ကိစ္စရပ်ကြီးဟူသည် သူတို့၏ နောက်ကွယ်တွင်တော့ ယင်တလောင်းလောင်းနှင့် အညှီအဟောက် အတင်းအဖျင်းကြီး ဖြစ်နိုင်ပေ၏။

သို့သော် သူ့မှာ အခြားသော မေးခွန်းတခု ရှိနေသေးသည်။ သူ့ဖခင်ကသာ ချောင်လွီကို အရင်လက်ထပ်သူ ဖြစ်သည်ကို ထို့နောက်မှာမှ သူ့အစ်ကိုကြီးက သူ့မေမေလေးနှင့် ရှုပ်ထွေးပွေလီခဲ့သည်လား။

သို့တည်းမဟုတ် သူ့အစ်ကိုကြီးက ချောင်လွီကို အရင်ဆုံး လက်ထပ်ခဲ့ပြီး ထို့နောက်တွင်မှ ဖခင်ဖြစ်သူက အတင်းအကြပ် ဖိအားပေးကာ ချွေးမဖြစ်သူကို အရယူခဲ့သည်လား??

ဖြစ်ကြောင်းကုန်စင် အရပ်ရပ်ကဖြင့် ဤဇာတ်ထုပ်ကြီးကို မည်သို့ အမျိုးအစား ခွဲရမည်ဟု သတ်မှတ်ပေးနိုင်မည်ဖြစ်ပြီး ယင်းကလည်း သူ့အတွက် အလွန် အရေးကြီးလှပါ၏။

မသိလိုက်ဘာသာဖြင့်ပင် ကျောက်ဟန်ယိလည်း သူ့ဘေးနားမှာ ရှိနေသည့် လက်မောင်းတဖက်ကို ဆွဲယူ ဆုပ်ကိုင်မိလေရာ ယင်းက ဖူဟွေ့ရှင်း၏ လက်မောင်းဖြစ်နေလေသည်။

ဖူဟွေ့ရှင်းသည်လည်း ထိုသို့သော တုန်လှုပ်ဖွယ် အရာမျိုးကို လက်ခံပြီးနောက် သူ့အတွက် စာနာသနားမိလေရာ ချက်ချင်းကြီး တွန်းထုတ်မပစ်မိပေ။

ကျောက်ဟန်ယိ၏ အမူအရာကို နီးနီးကပ်ကပ် စောင့်ကြည့်နေသည့် ချောင်လွီမှာမူ ထိုသူက သူ့ဘေးနားမှာ ရှိနေသည့် ကောင်လေး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး လွှတ်မပေးသည်ကို သတိပြုမိကာ ထိုကောင်လေးကလည်း ငြင်းဆန်ရုန်းဖယ်သည်ကို သူမ မမြင်မိပေ။

ကျောက်ဟန်ယိ၏ ဘေးနားမှာ ရှိနေသည့် ကောင်လေးက သူမတို့ အတန်းနီးချင်းမှ အတန်းသားဖြစ်ကာ သေလောက်အောင် ပြေပြစ်ချောမောပြီး အတန်း၏ Assignment မစတင်မီ သူမတို့ အတန်းမှ ကောင်မလေးများက သူ၏ ဆွဲဆောင်မှု ညှို့ဓာတ်ကို ချီးမွမ်းခဲ့ကြောင်း မှတ်မိသွားပါ၏။

ဖူဟွေ့ရှင်းမှာ ကောင်မလေး ရှိသည်ဟု သူမ မကြားဖူးခဲ့လို ကျောက်ဟန်ယိမှာလည်း ရှိသည်ဟု သူမ ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။

အဲ့လိုများ ဖြစ်နေမလား??

ချောင်လွီ၏ အတွေးများက မျှော်မှန်းမထားသည့် အရပ်မျက်နှာများဆီသို့ လှည့်လည်သွားလေတော့သည်။

ထိုနှစ်ယောက်ကို တဖန် ပြန်ကြည့်လိုက်ချိန်တွင်လည်း သူတို့၏ စူးစူးစိုက်စိုက် အကြည့်များက အတော်လေးကို မသင်္ကာဖွယ်ရာ ကောင်းလှပေစွ။

သို့သော် အလွန်ထူးဆန်းလှသည့် ချောင်လွီ၏ အမူအရာများကို မည်သူကမှ သတိမမူမိခဲ့ပါပေ။

229 02

သူမ ဘေးနားမှာ ထိုင်နေသည့် လူသုံးယောက်က ရုတ်တရက် ထွက်ပေါ်လှစ်ဟလာမည့် ရှီလီ၏ အတွင်းစိတ် အတွေးများထံတွင်သာ အလေးအနက် နားစိုက်ထောင်နေခဲ့ပါ၏။

ရှီလီက ပြောသည်။ ( ချောင်လွီက အတော့်ကို တခုခုပဲ။ သူက လက်စားပြန်ခြေမဲ့ အမျိုးသမီး ဇာတ်ရုပ်ကြီးကို ကိုင်ထားတာကြီးဟာ။ ပထမတုန်းကတော့ သူမက ကျောက်ဟန်ယိနဲ့ နီးစပ်ချင်တာလေ။ ဒါပေမဲ့ ဟိုတစ်ယောက်က စိတ်ကူးယဥ်မဆန်တဲ့အပြင် ဒုံးကဝေးသေး၊ အဲ့တော့ နောက်ပိုင်းလည်းကျရော သူ့အစား သူ့အဖေ တဏှာရူးကြီးဆီ ဦးတည်ချက် ပြောင်းသွားတာ။)

လျှို့ဝှက်ဆန်းကြယ်စွာဖြင့် သေကံမရောက် သက်မပျောက်ခဲ့သူ ကျောက်ဟန်ယိ∷ ??????

(ဒါပေမဲ့ သူမလည်း အတော်လေးကို ကရုဏာ သက်ချင်စရာ ကောင်းပါတယ်။ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းခွင်က လုံခြုံမှု စံညွှန်းတွေနဲ့ လုံးဝမှ ကိုက်ညီမနေမှတော့ ချောင်လွီရဲ့ အဖေကို မတော်တဆမှု ဖြစ်စေခဲ့တာပဲ။ အဲဒါကို လျော်ကြေးပေးရမဲ့အစား သူက မတော်တဆမှုကို ဖုံးအုပ်လိုက်တဲ့အပြင် ချောင်လွီရဲ့ အဖေက ဆောက်လုပ်ရေး စီမံခန့်ခွဲမှုကို ချိုးဖောက်ပြီး ဆိုဒ်ထဲမှာ ဧရာမ ဆုံးရှုံးမှုကြီး ဖြစ်စေတယ်လို့ မရမက ပြောရအောင် မီဒီယာတွေကိုပါ လာဘ်ထိုးခဲ့သေး။)

ကျောက်ဟန်ယိ∷ ဆိုတော့ သူမက အဲဒါကြောင့် လက်စားချေချင်တာပေါ့လေ။ ဒါပေမဲ့ ငါ့အဖေကလည်း အဲဒါနဲ့ တကယ် ထိုက်တန်တာပဲဟာ‼

(တကယ်တမ်းကျ ချောင်လွီကိုလည်း အပြစ်မဆိုသာဘူးပဲ။)

ကျောက်ဟန်ယိက တွေးသည်။ တခြား ဘယ်သူ့ကိုသွားပြီး အပြစ်ဖို့ရမှာတုန်း။ တရားခံက ငါ့အဖေကြီးပဲဟာ။

(ကျောက်ဟန်ယိ အဖေလည်း နိဂုံးမကောင်းပါဘူး။ ဒင်းက သူ့ဇနီး ငယ်ငယ်လေးနဲ့ လက်ထပ်ပြီး နေ့တဝက်ပဲ ရှိသေး၊ ရုတ်တရက်ကြီး သေပါရောလား။)

ဤယုတ္တိဗေဒကို လိုက်လေသော် သူ့အဖေက သက်ဆိုး ကြာကြာ မရှည်တော့မှာ ဖြစ်နိုင်လေသည်။

သူတို့ မိသားစုက မိသားစုဟူသည့် ဆက်နွယ်ပတ်သက်မှုနှင့် အစဥ်လိုလို အလှမ်း ဝေးခဲ့သူများသာတည်း။ သူ့မိဘများက အစောကြီးကတည်းက ကွာရှင်းခဲ့ကြကာ နှစ်ဖက်စလုံးက ကိုယ်စီကိုယ်စီ မိသားစု အသစ်များ ထူထောင်ခဲ့ပေသည်။

ဇနီးသစ်များ လဲလှယ်ခြင်းကို အစဥ်အလာလို ပြုမူနေသည့် သူ့အဖေနှင့် မတူသည်ကတော့ သူ့မိခင်၏ အိမ်ထောင်ရေးက အတော်ကလေးကို တည်ငြိမ်နေခဲ့ပါ၏။

ကျွော်မိသားစုမှာ ကျောက်ဟန်ယိနှင့် သူ့အစ်ကိုကြီး ဟူသည့် သားနှစ်ယောက်တည်းသာ ထွန်းကားသည်။

သူတို့က တအူတုံဆင်းများ ဖြစ်ကြကာ သူ့အစ်ကိုကြီးက ကျောက်ဟန်ယိထက် သုံးနှစ်မျှ ကြီစလေသည်။

သူတို့ နှစ်ဦးက သွေးရင်း ညီအစ်ကိုများ ဖြစ်ကြသည့်တိုင် ညီအကို ဆက်ဆံရေးကတော့ မရင်းနှီးလှပေ။

ကျောက်ဟန်ယိ၏ ဖခင်က ဇနီးများ ပြောင်းလဲခြင်းကို အစဥ်အလာ တခုနှယ် ပြုမူပေရာ မိသားစုသည်လည်း အမြဲလိုလို ပရမ်းပတာ ဖြစ်နေတတ်သည်ပင်။

အရိုးသားဆုံး ဆိုရသော် သူ့အနေဖြင့် မိသားစု ချစ်မေတ္တာ ဟူသည်ကို သူ့အိမ်တွင် ခံစားရဖို့ ခက်ခဲခဲ့ပါ၏။ သို့ဖြစ်လေရာ သူ၏ ေသွးရင်း ဖခင်အတွက်လည်း မည်သည့် ခံစားချက်မှ ရှိမနေတော့။

ကျောက်ဟန်ယိကမူ သူ့ဖခင်က သူကိုယ်တိုင် အပေါ်သို့ ဤကိစ္စမျိုး ယူဆောင်လာပေရာ ရရှိသမျှ သူနှင့် ထိုက်တန်လှသည်ဟုပင် အေးစက်စက် တွေးမိချေသည်။

(ကျောက်ဟန်ယိ လည်း အတော်လေးကို သနားစရာ ကောင်းပါတယ်။)

ရှီလီက နို့လက်ဖက်ရည် တငုံကြီးမျှ သောက်လိုက်ပြီး ဆက်စဥ်းစားသည်။ (မိသားစုပိုင် စည်းစိမ်ဥစ္စာ အတော်များများကို သူ့အကိုနဲ့ မေမေလေးက အမွေဆက်ခံပြီး သူ့အတွက်တော့ မစို့မပို့လေးပဲ ချန်ထားခဲ့ကြတာ။ ပြီးတော့ လူတွေက သူတို့အကြောင်း အတင်းအုပ်တဲ့ အချိန်ကျတော့ အဲဒါက သူ့အမှား တခုမှ မရှိပဲနဲ့တောင် ဟိုနှစ်ယောက်နဲ့ ရောယောင်ပြီး အပြစ်တင် ဝေဖန်ခံရရှာတယ်။)

ကျောက်ဟန်ယိ∷ ငါလေးက တကယ့် သနားစရာလေးပဲ။

229 03

သူ့ခမျာ အလွန်တရာကို ရှုပ်ထွေးရပေတော့သည်။ လူမှုကျင့်ဝတ်ဆိုင်ရာ အရှုပ်အထွေးများက သူ့အပေါ် သက်ရောက်လာနိုင်ခြင်းကြောင့်လော၊ သို့တည်းမဟုတ် ထိတ်လန့်တုန်လှုပ်ဖွယ် အဆုံးသတ် ကံကြမ္မာကြောင့်ပေလား ဆိုသည်ကို သူ သေသေချာချာ မသိပါလေတော့။

ထိုတနေ့လည်လုံးမှာပင် ကျောက်ဟန်ယိကား သူ၏ လေ့ကျင့်ခန်း စာအုပ် အလွတ်ကြီးကို ဗလာသက်သက် မျက်လုံးများဖြင့် စိုက်ကြည့်ကာ အချိန် ဖြုန်းခဲ့လေသည်။

လေးနာရီ ဝန်းကျင်ခန့် ရောက်သည့်အခါ ရှီလီနှင့် အခြားနှစ်ယောက်မှာ သူတို့ အိမ်မပြန်မီ ညစာ အတူစားကြရန် စာကြည့်ခန်းမှ ထွက်ခွာဖို့ ပြင်ဆင်ကြ၏။

ကျောက်ဟန်ယိက ယင်းတို့၏ အသိအကျွမ်း ဖြစ်​ေနသည့်အတွက် မပြန်မီ သူ့ကို နှုတ်ဆက်စကား ဆိုလိုက်ကြ၏။

ကျောက်ဟန်ယိခမျာ အတော်လေးကို တွေဝေတွန့်ဆုတ်နေဟန်ဖြင့် နှုတ်ဆက်စကား ပြန်ဆိုလိုက်ကာ သူ၏ မျက်လုံးလေးများကို ကြည့်ရသည်မှာလည်း အတော်လေးကို သနားဖွယ်ရာ ကောင်းပေစွ။

ဤမျှ တရစ်ရစ်ဝဲနေသည့် အကြည့်မျိုးက ချောင်လွီ၏ မျက်လုံးထဲတွင်တော့ ကျောက်ဟန်ယိတစ်ယောက် ဖူဟွေ့ရှင်းနှင့် ခွဲခွာရန် တွေဝေတုံ့ဆိုင်းခြင်းသာ ဖြစ်နေပေသည်။

သို့သော် ဖူဟွေ့ရှင်း၏ ထွက်ခွာသွားမှုကတော့ အေးတိ အေး​ ​ စက်သာ ဖြစ်နေကြောင်း သူမ ခံစားမိပါ၏။ သို့ဆိုလျှင် ကျောက်ဟန်ယိ၏ ခံစားချက်များက တဖက်သတ်သာ ဖြစ်နေသည်လား???

ကျောက်ဟန်ယိခမျာ သူတောင် မသိလိုက်ပါပဲနှင့် တဖက်သတ် ခံစားချက်များအကြား ရင်ကွဲနာ ကျနေရသည့် လူတစ်ယောက် ဖြစ်သွားရှာလေပြီ။

အမှန်တော့ ယင်းက ချောင်လွီ၏ လက်ရှိ စိတ်အတွေးများသာ ဖြစ်ကာ မည်သူ တစ်ဦးတစ်ယောက်မျှ မသိရှိသေးပါပေ။

ညစာစားချိန် ရောက်လာသည့်အခါ စာပြန်မလုပ်မီ တခုခု စားကြရန် ချောင်လွီက အကြံပြုလာလေသည်။

ကျောက်ဟန်ယိခမျာ ယခုချိန်ထိတိုင် ထိတ်လန့် တုန်လှုပ်နေဆဲ ဖြစ်ပြီး သူ့ထံသို့ ချောင်လွီ၏ ဆက်ဆံရေးက အတော်ကြီး အေးစက်လာကြောင်းကိုဖြင့် သတိမပြုမိခဲ့ပေ။

ချောင်လွီကမူ ကျောက်ဟန်ယိက ယောကျာ်းများကိုသာ ကြိုက်နှစ်သက်သည်ဟု ယုံကြည်နေပြီး ထိုသူနှင့် ပတ်သက်၍ မျှော်လင့်ချက် မရှိကြောင်း သဘောပေါက်သွားပေရာ သူမ၏ ပစ်မှတ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်လေသည်။

သူမ၏ ပစ်မှတ်အသစ် မည်သူ ဖြစ်လာမည် ဆိုသည်ကိုတော့ ယခုချိန်ထိ မဆုံးဖြတ်ရသေးပေ။

သူမက ကျောက်ဟန်ယိကို သွေးဆောင် ဖြားယောင်းရန် အစီအစဥ် မရှိတော့သော်ငြား ကျွော်မိသားစုမှ အခြားမိသားများနှင့် သိကျွမ်းရန် အကူအညီ ဖြစ်စေဖို့အတွက်တော့ သူမအနေဖြင့် ကျောက်ဟန်ယိနှင် ဆက်ဆံရေးကောင်းကို ဆက်လက် ထိန်းသိမ်းထားဖို့တော့ လိုအပ်နေသေးသည်။

ချောင်လွီက သူမအနေဖြင့် ကျောက်ဟန်ယိ၏ အစ်မတစ်ဦး ဖြစ်လာစေရန် မည်သို့ လုပ်ရပါ့ဟု စိတ်ကူးယဥ် မှန်းဆကြည့်နေပြီး ယောကျာ်းလေးများကို ဆွဲဆောင်ရန် လက်တွေ့အသုံးကျမည့် အကြံပြုချက်များကို သူနှင့်အတူ မျှဝေသင့်သည်လား တွေးမိပေ၏။

သူမ ထိုကိစ္စများကို တွေးတောနေစဥ် လက်ရှိတွဲနေသည့် ကောင်လေးထံမှ သူ လမ်းခွဲလိုကြောင်း အေးတိအေးစက် တိုပြတ်ပြတ် Message တကြောင်းကို လက်ခံ ရရှိလိုက်လေ၏။

ချောင်လွီ ကြက်သေ သေသွားခဲ့ရပါ၏။ ဤလက်ရှိကောင်လေးနှင့် ပတ်သက်ပြီး သူမမှာ မည်သည့် ခံစားချက်မှ မရှိပေ။ သို့သော် ကျောက်ဟန်ယိနှင့် ဆက်ဆံရေးကောင်းကိုတော့ ထိန်းသိမ်းထားဖို့ လိုအပ်လေရာ ခုချိန်မှာတော့ သူမ ထိုသူနှင့် လမ်းခွဲမပေးနိုင်သေးပေ။

သူမက ဤဆက်ဆံရေးကို အဖတ်ဆယ်လိုပါသော်ငြား သူမခမျာ ရှိရှိသမျှသော ဆက်သွယ်ရေးလမ်းကြောင်းများထံမှ Block ခံလိုက်ရသည်ကိူ သိရှိသွားရ၏။

229 04

အတန်းသားချင်း ချိန်းတွေ့ခြင်း၏ အားသာချက် တရပ်ကတော့ အကယ်၍များ Block ခံလိုက်ရလျှင်တောင် ဂရုထာားစရာ မလိုပါပဲ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံနိုင်ခြင်းပါပင်။

သို့သော် ချောင်လွီကို အံ့သြစေသည်ကတော့ ထိုလူ၏ သဘောထားက ခိုင်မာ မြဲမြံနေခြင်းပင်။

ချောင်လွီမှာမူ သူမတို့ အဘယ့်ကြောင့် လမ်းခွဲ ပြတ်စဲရသည်ကို ယခုထိတိုင် နားမလည်နိုင်ပေ။ ယခုက သူမအနေဖြင့် အကြောင်းပြချက်မရှိ စွန့်ပစ်ခံရသည့် ပထမဆုံး အကြိမ်ပါပင်။

သို့သော် သူမမှာလည်း မာနတရား ရှိပါသည်။ အကယ်၍များ ထိုသူက ယနေ့ နေ့တွင်းချင်း ပြန်ပေါင်းထုပ်ဖို့ အလိုမရှိပါက သူမလည်း တောင်းပန်ခယနေမည် မဟုတ်ပါပေ။

ထိုသူ၏ နှလုံးသား ပြောင်းလဲကောင်း ပြောင်းလဲသွားတာ ဖြစ်မည်ကိူ သူမ ခန့်မှန်းမိပါသည်။ ဘယ်လိုတောင် အယုတ်တမာကောင်လဲလို့။

ရှီလီမှာမူ သူမက ဤသို့သော အကျိုးသက်ရောက်မှုကြီးကို ဖြစ်စေခဲ့ကြောင်း မသိရှိပါပေ။ သူမက ပြိုင်ပွဲအတွက်လည်း ပြင်ဆင်နေရသေးကာ လတ်တလောတွင် အတော်လေး အလုပ်များနေပြီး သူမ အနားယူရသည့် အချိန်ဟူ၍ နှုတ်ခမ်းလေး လှုပ်ရုံသာ သီဆိုရသည့် အဖွဲ့လိုက် တေးသရုပ်ဖော်မှု လေ့ကျင့်ချိန်သာ ဖြစ်လေသည်။

အသံထွက်စရာ မလိုပါပဲနှင့် သူမ ပါးစပ်လေးကို ဖွင့်ထားရခြင်းက သူမနှင့် ဂီတဆရာမသာ သိသည့် လျှို့ဝှက်ချက် သေးသေးလေး ဖြစ်ပါ၏။

အကြောင်းပြချက် တချို့အတွက် ဖူဟွေ့ရှင်းလည်း ထိုလျှို့ဝှက်ကို သိရှိပါသည်။

ယင်းကို သူတို့တွေ မသိရှိကြသေးမီ နှစ်သစ်ကူးနေ့ ရောက်ရှိလာခဲ့ကာ Class 1,Year2၏ အဖွဲ့လိုက် တေးသရုပ်ဖော်မှုက ကျောင်း၏ အကောင်းမြင်ခံရဆုံးနှင့် ဤနှစ်များအတွင်း အထူးချွန်ဆုံး ဖျော်ဖြေမှု အဖြစ် ရပ်တည်နိုင်ခဲ့လေ၏။

Year2,Ckass1 တ◌စ်ခန်းလုံး∷ ဒီအရင်းရှင် လူတန်းစားတွေကို ပစ္စည်းမဲ့ လူတန်းစားတွေရဲ့ ထိတ်လန့်တုန်လှုပ်မှုက ဘာဆိုတာ ပြပေးရမဲ့ အချိန် ရောက်ပြီ။

******

230 01

အပိုင်း 230.

ထို Class1,Year2၏ အဖွဲ့လိုက် တေးသရုပ်ဖော်မှုမျိုးက မတိုင်မီကပင် ဤတကျောင်းလုံး အမှန်တကယ်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့် တင်ဆက်မှုပါပင်။

အဖွဲ့လိုက် တေးသရုပ်ဖော်က ထူးခြားရှားပါးသည့် ကြံဆမှု မဟုတ်သည့်တိုင် Class1,Year1၏ ပုံမှန်အတိုင်း တင်ဆက်ဖျော်ဖြေမည့် ဟန်ပန်ကြောင့် သူတို့ နေရာယူလိုက်သည်နှင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ဖြစ်သွားတော့၏။

ကျောင်းသားအချို့က သန့်စင်ခန်းသို့ လစ်ထွက်သွားကြပြီး တချို့တလေကတော့ ရေသောက်နေကြကာ ကျောင်းသားအများစုမှာတော့ ပျင်းရိငြီးငွေ့စွာ သမ်းဝေနေကြပေ၏။

တနေရာတည်းမှာ တောက်လျှောက်ထိုင်ကာ မပြီးနိုင် မစီးနိုင် အချိန်ဆွဲဆန့်နေသည့် သီချင်းကို နားထောင်ရသည့်အခါ ပင်ပန်းနွမ်းနယ်မည်က မလွဲဧကန်ပါပင်။

ကျောင်းသားအားလုံး စင်ပေါ်တွင် နေရာယူပြီးသည်နှင့် တပြိုင်နက် အတန်းပိုင်ဆရာက Sound Technicianကို အချက်ပြလိုက်ပြီး သူတို့တွေ စတင်နိုင်ပြီဖြစ်ကြောင်း ညွှန်ပြလိုက်ပါ၏။

စိတ်လှုပ်ရှားဖွယ်ရာ ပဏာမတီးလုံး စတင်လာသည်နှင့် ရေသောက်နေသည့် ကျောင်းသားမှာ ဆက်မသောက်နိုင်တော့ပဲ ရေသီးကာ သူ့ရှေ့ထိုင်ခုံထံ ရေများ လွင့်စင်ကုန်လေသည်။

ခံ့ညားတည်ငြိမ်ပြီး စနစ်ကျလှသည့် သံပြိုင် သီဆိုသံများက ဇာတ်ရုံအတွင်း ပြည့်သျှမ်းသွားခဲ့ကာ မတိုင်မီက စကားစမြည် ဆိုသံများလည်း ချက်ချင်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပါ၏။

အချို့သော သီချင်းသံစဥ်များက လူ့စိတ်ကို နက်နက်ရှိုင်းရှိုင်း လှုပ်ရှားစေနိုင်ကြောင်းကို ငြင်းဆိုဖွယ်ရာတော့ မရှိပါပေ။

သင့်အနေဖြင့် ဤသီချင်းကို မနှစ်သက်လို့ ရကောင်းရမည်၊ သို့သော် ယင်းသီချင်းက လှပကြောင်းကိုတော့ သင် ငြင်းဆန်နိုင်မည် မဟုတ်ပါလေ။

အထူးသဖြင့် ရှီလီက သိပ်များများစာစား မကူညီသည့် တဦးတည်းသောသူ ဆိုကတည်းက Class1,Year2သည်လည်း ၎င်းတို့၏ တေးသရုပ်ဖော်ကို မျှော်လင့်ထားသည့်အတိုင်း ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါ၏။ သူတို့ကို အောက်သို့ ဆွဲမချသည့် ရှီလီကြောင့်သာလျှင် သူတို့၏ အကောင်းဆုံး Performance ကို အများရှေ့မှောက်သို့ ပေးအပ်နိုင်ခဲ့ခြင်းပင်။

အုပ်စုလိုက် အမှတ်များကြောင့် မဟုတ်ပါပဲ လူတိုင်း လူတိုင်း ထိုအတွက် ကြိုးစားခဲ့ရပါ၏။ အရိုးသားဆုံး ဆိုရသော် သူတို့သာ ပထမဆု ရခဲ့ပါလျှင် အမှတ်ငါးမှတ်သာ ရရှိမည်ဖြစ်ပြီး တဦးချင်း အချိုးကျတွက်သော် တဦးလျှင် 0.16 မှတ်သာ ရရှ်မည် ဖြစ်လေရာ အတော်လေးကို နည်းပါး ချို့ငဲ့လှသည့် မက်လုံးပါပင်။

သီချင်းဆုံးသွားပြီးနောက် လက်ခုပ်သြဘာသံ တဖြောင်းဖြောင်းက ကျောင်းသားများထံသို့ ပျော်မြူးဖွယ်ရာ ယူဆောင်လာပြီး သူတို့ တဦးချင်းထံတွင်လည်း ဝမ်းမြောက်ဝမ်းသာမှုများ ခြုံလွှမ်းနေပါ၏။

လေးနာရီ ဝန်းကျင်ခန့်တွင် Performance အဆုံးသတ်သွားပါ၏။ ချန်းဖု အလယ်တန်းကျောင်းက အလွန် မြင့်မားသော စွမ်းဆောင်ရည်မျိုးဖြင့် အလုပ်လုပ်နိုင်ပေသည်။ အစီအစဥ် တင်ဆက်သူက ရလဒ်များကို ကြေငြာနေစဥ်မှာပင် မဲရလဒ်များ ထွက်ပေါ်ခဲ့ပြီးဖြစ်ကာ Class1,Year2က ပထမဆုကို ဆွတ်ခူး ရရှိသွားခဲ့လေသည်။

ရှီလီအတွက် ပထမဆု ဟူသည် ရိုးအီနေပြီဖြစ်သော်လည်း သူမအနေဖြင့် ယခုလို ပျော်ရွှင်မှုမျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါပေ။

အခမ်းအနား၏ နောက်ဆုံးအစီအစဥ်က ဤဆုရရှိရန် စွမ်းဆောင်ခဲ့သည့် အတန်း၏ ပဲ့ကိုင်ရှင်က စင်ပေါ်သို့တက်ကာ ဆု လက်ခံ ရယူရမှာဖြစ်၏။ Class1 လိုမျိုး အတန်းလိုက် Performance ကတော့ လူတိုင်းက ပဲ့ကိုင်ရှင်ဟု ထည့်သွင်း စဥ်းစားရမည် ဖြစ်လေရာ ပုံမှန်ဆိုလျှင် အတန်းပိုင်ဆရာကပင် စင်ပေါ်တက်ကာ ဆု လက်ခံ ရယူရမှာ ဖြစ်သည်။

သို့သော် သူက အတန်းခေါင်းဆောင်ထံသို့ လှည့်လာကာ ပြောလိုက်၏။

“မင်းပဲ သွားလိုက်။ ဒီအတန်းအတွက် မင်း လုပ်ပေးခဲ့တာတွေ အများကြီးပဲ။ ဒါကြောင့် မင်း သွားသင့်တယ်”

ယင်းကို နားစွန်နားဖျား ကြားလိုက်သည့် ရှီလီက ကူကယ်ရာမဲ့စွာ တွေးလေသည်။ ( သူ နောက်ဆူံးတော့ အဲဒါကို သဘောပေါက်သွားပြီလေ။)

အတန်းခေါင်းဆောင်ကလည်း ထိုကမ်းလှမ်းချက်ကို မငြင်းပယ်ပါပေ။ သူက အတန်းပိုင်ဆရာ၏ စေတနာကောင်းကို လက်ခံလိုက်ကာ သူ့ဆံပင်ကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး ယုံကြည်မှု အပြည့်ရှိသည့် ခြေလှမ်းကျယ်ကြီးများဖြင့် စင်ပေါ်သို့ တက်သွားခဲ့၏။

230 02

အနိုင်ရ ကျောင်းသားများက သူတို့၏ ဒိုင်းဆုများနှင့်အတူ ဟန်ရေးပြနေကြစဥ် ကျောင်း၏ ဓာတ်ပုံဆရာကလည်း ထိုအခိုက်အတန့်ကို ပုံများ ရိုက်ကူးပေးနေသည့်တိုင် အတန်းပိုင်ဆရာက သူ့ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းကိုတော့ မရပ်တန့်နိုင်ခဲ့ပါပေ။

အမှန်တော့ အတန်းပိုင်ဆရာက သူ့ကျောင်းသားများ စင်ပေါ် ရောက်ပါပြီဆိုကတည်းက Performance တခုလုံးကို သူ့ဖုန်းဖြင့် မှတ်တမ်း တင်ထားခဲ့တာ ဖြစ်ပါ၏။

အတန်းခေါင်းဆောင်က ဒိုင်းဆုကြီးကို ကိုင်ဆောင်ကာ ရှေ့ကနေ ဦးဆောင်နေပြီး ကျန်အတန်းသားများကတော့ သူ့နောက်ကနေ လိုက်လာကြ၏။

ထိုဒိုင်းဆုကြီးကို အတန်းနောက်ဖက်ရှိ စင်၏ အပေါ်ဆုံးတွင် နေရာချထားလိုက်ကာ ဘေးဘက်တွင်တော့ ပြီးခဲ့သည့် အားကစားပွဲတွင် ရရှိခဲ့သည့် ဒိုင်းဆုများနှင့် အတန်း၏ ဂုဏ်ဆောင်ပစ္စည်း ဆုတံဆိပ်များကို အတူတကွ ထားရှိထားပါ၏။

ယနေ့တွင်တော့ မည်သည့်အတန်းချိန်မှ မရှိပဲ နှစ်သစ်ကူး Performance ပြီးသည်နှင့် လူတိုင်းက ထုပ်ပိုး သိမ်းဆည်းကာ ဆက်လက်ပြီး အပန်းဖြေ အနားယူကြ​မှာ ဖြစ်ေလသည်။

အတန်းပိုင်ဆရာက စာသင်စင်မြင့်ထက်မှာ နေရာယူ မတ်တပ်ရပ်နေကာ ဆိုလာ၏။

“ငါတို့ အခု အနိုင်ရလာပြီ။ ပြီးတော့ တယောက်ချင်းစီဆို 0.17 မှတ်ပဲ ရတယ်ဆိုမှတော့ အဲဒီ အမှတ်တွေကို သိမ်းထားမယ့်အစား အဓိပ္ပါယ်ရှိတာလေး လုပ်လိုက်ရင် ပိုကောင်းမယ် ထင်တယ်နော်။ ငါ မင်းတို့ အကုန်လုံးကို ဒီနေ့ ညစာတစ်နပ် ဒကာခံပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ နှစ်နာရီ သုံးနာရီလောက် အတူတူ အချိန်ဖြုန်းတာကို ငါတို့ရဲ့ 0.17 မှတ်လို့ သတ်မှတ်ပြီး အဲ့အမှတ်ကို နှုတ်လည်းမနှုတ် ပေါင်းလည်း မပေါင်းရင်ရော အဆင်ပြေလား”

ရှီလီ၏ ဦးဆောင် လမ်းပြမှုနှင့်အတူ ကျောင်းသား အတော်များများက သူတို့၏ ရမှတ်များကို ညစာထွက်စားခြင်း သို့မဟုတ် နေ့လည် စားသောက်အနားယူချိန်အဖြစ် လဲလှယ် အသုံးချလေ့ ရှိပါ၏။

အတန်းလိုက် ညစာစားပွဲကို အတန်းပိုင်ဆရာက အကုန်အကျခံမည်ကို ကြားလိုက်သည့်အခါ အားလုံး ရင်တုန်စိတ်လှုပ်ရှားကာ “ဟုတ်ကဲ့” ဟူသည့် သံပြိုင်ညီညာက အကျယ်ကြီး ထွက်လာပေတော့သည်။

အတန်းပိုင်ဆရာက ပြုံးပြီး ပြောလိုက်၏။

“မင်းတို့ အိတ်တွေကို ထုပ်ပိုး သိမ်းကြပေတော့”

ထိုသို့ ပြောပြီးနောက် သူက တာဝန်ကျ အဖွဲ့ခေါင်းဆောင်ကိုကြည့်ကာ အမှတ်များ ထည့်ပေါင်းရန် မလိုတော့ကြောင်း ညွှန်ပြလိုက်လေသည်။

အတန်းတစ်တန်းလုံး တိတ်ဆိတ်သွားကာမှ ရှီလီက ဖြည်းဖြည်းချင်း ပြောလာသည်။ (ဒါပေမဲ့ အားလပ်ရက်က ဒီနေ့ည စပြီကို။ ငါတို့တွေ သွားဖို့ ခွင့်တောင်းနေစရာ မလိုဘူးလေ။ အဲဒါကိူ ဘယ်လိုလုပ်ပြီး ငါတို့က အမှတ်လျှော့ခံရမှာတုန်း။)

အတန်းပိုင်ဆရာ:: ဟုတ်လိုက်လေ။ မင်းသိတာတွေက အရမ်းများနေပြီ၊ အဲဒါ မင်းအတွက် မကောင်းဘူးနော်။

တစ်တန်းလုံးမှ ကျောင်းသားများက အတန်းပိုင်ဆရာထံ ကြည့်လိုက်သည့်အခါ သူက မသိမသာ မျက်နှာလွှဲနေပြီး လိပ်ပြာမလုံစိတ် တစွန်းတစကိုသာ ခံစားလိုက်ရကာ ထို့နောက်မှာမှ သူ့အမူအရာက တင်းမာသွားလေသည်။ ဘာဖြစ်ဖြစ် စကားပြောလိုက်သူက ရှီလီ မဟုတ်ပါလား။

ရှာဖွေဖော်ထုတ်ခံရမှာကို စွန့်စားပြီးတော့ တော့ ရှီလီ၏ စကားကို ထပ်ပြောလာမည့်သူ ဘယ်သူဖြစ်ဖြစ် ရှိနေမည်ဟု သူ မယုံကြည်ပါပေ။

(အဓိပ္ပါယ်ကတော့ အတန်းထဲက လူတွေ သူ့အတွေးကို ကြားနိုင်တယ်ဆိုတာ ရှီလီ သိသွားမှာစိုးလို့ ဒီစကားကို ဘယ်သူမှ ထုတ်မပြောဘူးဆိုတာ အတန်းပိုင်ဆရာက ယုံတဲ့ သဘောပါပဲ။)

မှန်ပါသည်။ မည်သူကမျှ မလုပ်ဝံ့ပေရာ အတန်းပိုင်ဆရာလည်း စိတ်ချ လုံခြုံသွားလေသည်။

ယင်ူက 0.17မှတ်သာ ရှိလေရာ ဒုက္ခရှာဖို့ ဘယ်နားကမှ ထိုက်တန်မနေပေ။

ထို့ကြောင့် အတန်းပိုင်ဆရာသည်လည်း အတန်းတတန်းလုံး၏ ကျောင်းသားများထံမှ 0.17 မှတ်ဆီ ဖြတ်တောက်လိုက်လေတော့သည်။

230 03

သို့သော် ညစာစားချိန်တွင်တော့ ကျောင်းသားများက သူတို့၏ အတန်းပိုင်ဆရာကို ကျော့ကွင်းမှ လွှတ်ပေးမည် မဟုတ်။ သူတို့၏ အတန်းပိုင်ဆရာ ပိုက်ဆံ များများကုန်ပါစေ ဟူသည့် စေတနာဖြင့် သူတို့က စားသောက်စရာများကို အတောမသတ်နိုင်အောင် တနင့်တပိုး မှာကြရန် အားခဲထားလေတော့သည်။

အတန်းပိုင်ဆရာကလည်း ယင်းကို ကြိုတင် မျှော်မှန်းထားပြီးသားဖြစ်ကာ ညစာစားဖို့နေရာ ရွေးချယ်ချိန်မှာတော့ ပျံလန်နေသည့် ဆိုင်မျိုးကို တမင်တကာ ရှောင်ရှားပေတော့သည်။

သူက ပမာဏများများ ပါပြီး စျေးသက်သာသည့် ဆိုင်မျိုးကို ရွေးချယ်လိုက်၏။ ကျောင်းသားများမှာ သူတို့၏ ဗိုက်များ တင်းကားသည်အထိ စားသောက်ကြပါသော်လည်း ကုန်ကျစရိတ်ကဖြင့် ယွမ်တထောင်အောက်သာ ကျသင့်လေသည်။

ညစာ စားပြီးနောက် အတန်းပိုင်ဆရာက ငွေသွားရှင်းခဲ့ကာ Billကိုင်ဆောင်လျက် သီးသန့်ခန်းထဲသို့ အပြုံးဖြင့် ပြန်ရောက်လာခဲ့၏။ သူက စိတ်လက်မချမ်းသာသည့် အရိပ်အယောင်မျိုးဖြင့် ပြောလာ၏။

“မင်းတို့အားလုံးက အခုမှ ကလေးတွေပဲ ရှိသေးတာ။ မင်းတို့ အရွယ်မျိုးက စားကောင်း သောက်ကောင်း ဖြစ်နေရမယ့် အရွယ်လေ။ ကိုယ့်ဆရာရဲ့ ပိုက်ဆံတွေကို ချွေတာပေးဖို့ပဲ အမြဲတမ်း စဥ်းစားမနေကြနဲ့။ ဆရာက မချမ်းသာပေမဲ့ မင်းတို့အားလုံးကိုတော့ ဗိုက်ပြည့်အောင် ဒကာခံဖို့ စွမ်းဆောင်နိုင်ပါသေးတယ်ကွ”

သူက Bill စာရွက်ကို စားပွဲပေါ်သို့ တင်လိုက်၏။

“မင်းတို့ အတော်လေးကို နားလည်မှာပါ။ လူသုံးဆယ်ကျော်အတွက် ပိုက်ဆံက ယွမ်တထောင်လောက်ပဲ သုံးရသေးတယ်။ တကယ်လို့ မင်းတို့တွေ ဗိုက်မဝသေးဘူးဆိုရင် မရှက်ကြနဲ့။ ဟင်းပွဲတွေ ထပ်ယူလာဖို့ စားပွဲထိုးကို ပြောလိုက်ချေ”

ကျောင်းသားများမှာ ပြည့်အင့်နေကြပြီဖြစ်ကာ အချို့ဆိုလျှင် သူတို့ ဗိုက်ကိုပင် မသက်မသာနှင့် ပြန်ကိုင်ထားကြရသေး၏။ မိမိကိုယ်ကိုသာ အတော်လေး ဟုတ်လှပြီ ထင်နေပြီး ဘဝင်ခိုက်နေသည့် အတန်းပိုင်ဆရာ၏ မျက်နှာကို မြင်သည့်အခါ သူတို့က အမှန်တကယ်ကို ေနာက်ထပ် ပန်းကန်ပြားပေါင်း ငါးရာခန့်မျှကိုသာ အော်ဒါမှာပစ်လိုက်ချင်ပါသော်လည်း သူတို့၏ စွမ်းဆောင်ရည်ကဖြင့် ထိုအတိုင်းအတာထိ ခွင့်မပြုနိုင်တော့သလို တစ်ကိုက်လေးသော်မှတောင် ထပ်မကိုက်နိုင်တော့ပါပေ။

အဆုံးသတ်တွင်တော့ ကျောင်းသားအားလုံးခမျာ နံရံကို မှီပြီးတော့မှသာ စားသောက်ဆိုင် အပြင်ကို ထွက်နိုင်တော့သည်။

သူတို့က အတန်းပိုင်ဆရာကို ပိုက်ဆံတွေ အများကြီးကုန်အောင် မလုပ်နိုင်ရုံသာမက သူတို့သာ စားပို့နင့်အောင် စားသောက်လိုက်ခြင်းဖြင့် နိဂုံးချုပ်ရလေသည်။

သူတို့ဆရာကြီးက ဤဆိုင်ကို အကျွမ်းတဝင် ရှိကာ ဟင်းပွဲတွင် ပါဝင်မှုပမာဏ များပြားပြီး စျေးချိုကာ အရသာရှိကြောင်းပါ သိရှိနေပြီးသားဖြစ်ကြောင်း သူတို့ သတိထားမိပါ၏။

အကယ်၍များ သူတို့က အတန်းပိုင်ဆရာ၏ ပိုက်ဆံများကို ပိုမို ဖြုန်းတီးချင်လျှင်တောင်မှ အရသာ မရှိသည့် အရာမျိုးကို သူတို့က ထိတောင် ထိချင်ကြမှာ မဟုတ််သည့်အတွက် ယင်းက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောပြစရာ မလိုသည့် နားလည်ခြင်းမျိုးပါပင်။

ကံကောင်းစွာဖြင့်ပင် ကျောင်းသားလေးများက ငယ်ရွယ်ပြီး လျင်လျင်မြန်မြန်ကြီး အစာချက်နိုင်သူများတည်း။ ပြီးခဲ့သည့် ညတုန်းက တနင့်တပိုး ပြည့်အင့်အောင် စားသောက်ခဲ့ကြပါသော်လည်း နောက်တနေ့ မနက်မှာတော့ အားအင်အပြည့်ဖြင့် နိုးထလာခဲ့ကြ၏။

ဆောင်းရာသီ အားလပ်ရက်အတွက် အခြားသူများက ပျော်ရွှင်နေကြစဥ် ရှီလီခမျာမှာတော့ ခရီးဆောင်အိတ်ကြီး ထုပ်ပိုးနေရပါ၏။ သူမက အပန်းဖြေခရီး မသွားပါပေ။ အားလပ်ရက်ပြီးသည့်နောက် သူမ၊ ရုန်ရုန်နှင့် ဖုဟွေ့ရှင်းတို့က နိုင်ငံအဆင့် ပြိုင်ပွဲဝင်ရန် ရှိပါ၏။ သူတို့က လချီကာ ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေရမည် ဖြစ်သောကြောင့် လိုအပ်သည့် အဝတ်အစား အသုံးအဆောင်များအား ကြိုတင် ပြင်ဆင်နေရပေသည်။

ယခုတကြိမ်က ရှီလီအနေဖြင့် သူမအိမ်နှင့် အဝေးမှာ ကာလကြာရှည် နေထိုင်ရမည့် ပထမဆုံးအကြိမ် ဖြစ်ပြီး သူမက မည်သည့် အန္တရာယ်ရှိ ကိစ္စကိုမှ မလုပ်ပါဘူးဆိုသည့်တိုင် ဟွမ်ကျဲကတော့ စိုးရိမ်ပူန်နေပါ၏။

မိခင်တစ်ယောက်အနေဖြင့် သူမ ကလေးကို တွေ့ခွင့်မရခြင်းက သူမကို အတော်လေး ကြောင့်ကြစေပါ၏။

230 04

ထုပ်ပိုးနေစဥ်အတွင်း သူမ ဘာကိုမှ မေ့မကျန်ခဲ့စေရန် ဟွမ်ကျဲက တောက်လျှောက် သတိပေးနေရ၏။

ရှီလီမှာလည်း သဘောတကျ ဖြစ်ရသလို စိတ်အနှောင့်အယှက် ဖြစ်ရပါ၏။

“မား၊ သမီးက ကျောင်းသွားတာပါနော်။ စစ်သွားတိုက်တာမှ မဟုတ်တာကြီး။ အဲဒီမှာ ဘာအန္တရာယ်မှ မရှိဘူးရယ်။ ဒါကြောင့် အရမ်း စိုးရိမ်မနေနဲ့။ တကယ်လိူ့ သမီး တစ်ခုခု မေ့ကျန်ခဲ့တယ် ဆိုရင်တောင်မှ အတန်းဖော်တွေရဲ့ဟာ ယူသုံးလို့ ရတာပဲကို”

Training Campက မြို့တော်ပြာမှာ မဟုတ်ပေ။ ထို့ကြောင့် ရှီလီနှင့် သူမ သူငယ်ချင်းများက မနက်စောစော ထွက်ခွာရန် လိုအပ်လေသည်။

ရုံရုံအတွက် ထည့်သွင်းစဥ်းစားကာ ရှီလီနှင့် ဖူဟွေ့ရှင်းသည်လည်း ရိုးရိုးတန်း လက်မှတ်ကိုသာ ဝယ်ယူခဲ့ကြ၏။

Tarining Campသို့ ရောက်ရှိကြသည့်အခါ သူတို့ ဦးဆုံး လုပ်ရသည်ကတော့ ပြိုင်ပွဲပါဝင်သူများအားလုံး သူတို့ကိုယ်သူတို့ အခြားသူများထံ မိတ်ဆက်ပေးရခြင်း ဖြစ်လေသည်။

ထိုလူအုပ်ကြီးထဲတွင် ရှီလီတယောက်ကတော့ ပထမဆုံး အကြည့်တချက်မှာပင် သုန်းဝမ်ဟောက်ကို တွေ့သွားလေသည်။

ရှီလီက တက်ကြွမြူးထူးစွာဖြင့်ပင် သူ့ကို နှုတ်ဆက်လိုက်၏။

“ဟယ်လို၊ ငါတို့တွေ နောက်တစ်ခေါက် တွေ့ကြပြန်ပြီနော်”

သုန်းဝမ်ဟောက်၏ အတန်းဖော်မှာ ရှီလီကို မမှတ်သည့်အတွက် မေးလာ၏။

“မင်းက ဘယ်သူလဲ”

ရှီလီက လက်ကို ဝှေ့ယမ်းပြလိုက်၏။

“နင်က ငါ့ကို မသိဘူးပေါ့လေ။ ဒါပေမဲ့ ငါ ရေးထားတဲ့ ကျေးဇူးတင်စာလွှာကိုတော့ နင် ဖတ်ရင် ဖတ်ဖူးမှာပါ”

******

231 01

အပိုင်း 231.

သုန်းဝမ်ဟောက်က ရှီလီနှင့် တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးတာဖြစ်၏။ သို့သော် သူမ၏ သွင်ပြင်ကမူ မမေ့နိုင်လောက်စရာ ဖြစ်လေရာ သူမကို မှတ်မိမည်ကတော့ အသေအချာပါပင်။

ထို့ပြင် ရှီလီအနောက်မှ လိုက်လာသည့် ရုံရုံကြောင့်လည်း သူမ မည်သူဆိုတာ အလွယ်တကူ မှတ်မိနိုင်ပါသေးသည်။

သုန်းဝမ်ဟောက် ဘေးမှ ကောင်မလေးက သူ့အတန်းဖော် မဟုတ်သော်လည်း Grade ကတော့ အတူတူပင် ဖြစ်၏။ အတန်းက ကွဲပြားသော်လည်း သုန်းဝမ်ဟောက် တစ်ယောက် ပြီးမြောက် အောင်မြင်ခဲ့သည့် ကိစ္စကောင်းကြီးကိုတော့ သူမလည်း ကြားမိပါ၏။

ထိပ်တန်းကျောင်းသားများမှာ သာမန်လူများ ဖြစ်သော်လည်း လူတိုင်း၏ ဝါသနာအရင်းခံလိုပင် ဖြည်ချလာသည့် ဇာတ်ထုပ်ကြီးကို သူတို့လည်း ကြည့်ရှု ကြားနာဖို့ ကြိုက်နှစ်သက်သည်သာ။

သူမသည်လည်း ချွင်းချက် ဟုတ်မနေပေ။ ဆောင်းရာသီ Camp သွင်းခြင်းအတွက် ရွေးချယ်ခံရစဥ် သုန်းဝမ်ဟောက် တစ်ကြိမ်တစ်ခါ ကူညီခဲ့သည့် ကျောင်းသူကို တွေ့ဆုံခွင့်ရဖို့ သူမ မျှော်လင့်ခဲ့တာ ဖြစ်၏။

အမှန်တိုင်း ပြောရမည် ဆိုပါလျှင် သူမအနေဖြင့် ရှီလီအကြောင်းကို အတော်လေး သိလိုစိတ် ပြင်းပြလှပါ၏။

ထိုမိန်းကလေးက အတော်ကြီးကို ထူးခြားလှပါ၏။ တစ်စုံတစ်ရာသော အာဃာတလောက်ကိုတော့ မည်သူကမှ သူမကဲ့သို့ မလွှတ်တမ်း ဆုပ်ကိုင်ထားမည် မဟုတ်သလို သူမ၏ လက်စားချေသည့် နည်းလမ်းကလည်း တကယ်ကို ထိရောက်လှပါပေ၏။

သုန်းဝမ်ဟောက်၏ မိန်းကလေး အတန်းဖော်မှာ သဘောကျရယ်မြူးနေသည့် မျက်လုံးများဖြင့် ထိုဖြည်ချလာမည့် ဇာတ်ထုပ်ကြီးကို စောင့်စားငံ့လင့်နေပေ၏။ ရှီလီတစ်ယောက် သူမကိုယ်သူမ မိတ်ဆက်ပြီး များမကြာမီမှာပင် ထိုမိန်းကလေးက သူမ သိလိုစိတ် ပြင်းပြစွာ မျှော်လင့်နေသည့် မိန်းကလေးဖြစ်ကြောင်း သိရှိသွားတော့သည်။

သူမက ရှေ့သို့ လျှောက်သွားကာ ရှီလီ၏ လက်ကို သူမ လက်နှစ်ဖက်စလုံးဖြင့် ဆွဲယူဆုပ်ကိုင်ရင်း

“ဆိုတော့ အဲဒါ နင်ပေါ့နော်။ ငါ နင့်အကြောင်းတွေ အများကြီး ကြားဖူးတယ်။ အခုတော့ နင်နဲ့ ဆုံရပြီ၊ နင့်ရဲ့ ဂုဏ်သတင်းတွေက နင်နဲ့ အရမ်းထိုက်တန်တာကို ငါ တကယ် မြင်ရပြီ”

သူမ၏ ဖော်ရွေ တက်ကြွမှုများကြောင့် ရှီလီခမျာ လုံးလုံးလျားလျားကို ပရမ်းပတာဖြစ်ကာ ရှုပ်ထွေးနေရပေသည်။ သူမတောင် မသိလိုက်ပါဘဲနှင့် သူမ ဤမျှနာမည်ကျော်နေသည်ကို သတိမပြုမိခဲ့ပါတကား။

ဤမျှ စိတ်အားထက်သန်နေသည့် မိန်းကလေးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ရှီလီမှာလည်း ကျေးဇူးတုံ့ပြန်သည့် အမူအရာမျိုးကိုသာ အဖန်တလဲလဲ ပြသရပေတော့သည်။

သို့သော် ရှီလီတစ်ယောက် သုန်းဝမ်ဟောက်ကို ရှာဖွေရသည့် ရည်ရွယ်ချက် အစစ်အမှန်က ထိုသူကို ဆွဲဆောင်ဖို့ လုံးဝ မဟုတ်လေဘဲ ထိုသူ သည်းမခံနိုင်လောက်အောင် ဒေါသထွက်စေရန်အတွက်သာ။

သူမက အလွန့် အလွန်ကို အာဃာတ ပြင်းထန်ပြီး ထိုသို့သော သေးသေးနုပ်နုပ် ကိစ္စများကိုပင် ဘဝတသက်တာလုံး ဆုပ်ကိုင်ထားကာ အမှတ်ရနေမည်ဖြစ်ပြီး ထိုသူကို စိတ်ဒုက္ခပေးရန် အခွင့်အလမ်းကို အမြဲမပြတ် ရှာနေလိမ့်မည်သာ။

“အိုး ငါ့ရဲ့ အတန်းဖော်သုန်းလေးရယ်၊ နင့်ကို နောက်တစ်ခေါက် ပြန်တွေ့ရတာ ဘယ်လောက်တောင် ကောင်းလိုက်လဲလို့။ ပြီးခဲ့တဲ့ တခေါက်က ဖြစ်ပျက်သွားတာတွေအတွက် နင့်ကို လူကိုယ်တိုင် ကျေးဇူးမတင်ရသေးလို့ ငါ့မှာ အပြစ်ရှိစိတ်တွေကို ခံစားနေရတာ။ နင့်ကျောင်းကို ပို့ပေးလိုက်တဲ့ ငါ့ရဲ့ ကျေးဇူးတင်စာလွှာနဲ့ ငါသေချာလေး အထူးတလှယ် ရွေးပေးလိုက်တဲ့ ဂုဏ်ပြု အောင်လံတော်ကြီးကို နင်မြင်ပြီးရောပေါ့။ နင်လည်း ကြိုက်မယ်လို့ ငါ မျှော်လင့်တယ်နော်”

သုန်းဝမ်ဟောက် တစ်ယောက် ဒေါသအမျက် ခြောင်းခြောင်းထွက်နေစဥ်တွင် ရှီလီ၏ အမူအရာကတော့ အတော်လေးကို သက်ဝင် လှုပ်ရှားနေပေသည်။

သူ၏ အမူအရာကို လျစ်လျူရှုကာ ရှီလီက ဆက်ပြောပြန်သည်။

“အခု နင့်ကို တွေ့ခွင့်ရပြီး လူကိုယ်တိုင် ကျေးဇူးတင်လို့ ရပြီလေ။ ဒီနေရာက တကယ့်ကို သြချလောက်စရာပဲနော်”

သုန်းဝမ်ဟောကသည်လည်း သူ၏ ကိုယ်နှုတ် အမူအရာများကို ထိန်းသိမ်းသည် ဆိုရုံမျှသာ ထိန်းထားနိုင်သော်ငြား ရှီလီကမူ သတိမမူမိဟန်ဖြင့် ကိစ္စကို ဆက်လက် သယ်ဆောင်နေဆဲပါပင်။

“ဒါနဲ့ စကားမစပ် နင်တို့ကျောင်းက ခေါင်းဆောင်နဲ့ ဆရာတွေက ငါပို့လိုက်တဲ့ ကျေးဇူးတင်စာလွှာနဲ့ အောင်လံတော်ကို တွေ့သွားတော့ သူတို့က နင့်ကို တစ်ကျောင်းလုံး ရှေ့မှာ ချီးကျူးခဲ့သေးတယ်ဆိုတာ ဟုတ်လား။ နင့်ရဲ့ ရဲရင့်တဲ့ လုပ်ဆောင်ချက်ကြီးကို ဆုလေး ဘာလေးရော မပေးကြဘူးလား”

ရှီလီ ပြောဆိုသည့် အရာများက သုန်းဝမ်ဟောက်ကို စ်တဖက်စွန်းသို့ ရောက်အောင် တွန်းပို့လုနီးနီးပါပင်။

ကျောင်းနဲ့ ဆရာတွေဆီက ချီးကျူးမှုတဲ့လား။

သူက မည်သည့် ချီးမွမ်းဂုဏ်ပြုမှုကိုမှ မရရှိခဲ့ရုံမက ရင်းရင်းနှီးနှီး စကားဆိုရန်ဟုဆိုကာ အတန်းပိုင်ဆရာ၏ ရုံးခန်းသို့ ဆင့်ခေါ်ခြင်းကိုပါ ခံခဲ့ရ၏။ လိုရင်းအချက်ကတော့ လူငယ်လေး တစ်ယောက်အနေဖြင့် သူ၏ အဆင့်များထက် စာလေ့လာရာမှာသာ အာရုံစိုက်သင့်သည် ဟူ၏။ သူက အတန်းထဲမှာ ပထမဖြစ်သော်လည်း ဤပထမနေရာပဲ အစဥ်ရရှိရမည်ဟု အစဥ်အမြဲ မမျှော်လင့်ထားသင့်သလို ပိုမို ကောင်းမွန်သည့် တစ်စုံတစ်ရာ ထွက်ပေါ်လာသည်ကို သူ့အနေဖြင့် နားလည် သဘောပေါက်ဖို့ရန် လိုအပ်ကြောင်း အစရှိသဖြင့် ထွေရာလေးပါးများသာ။

231 02

ဆရာက လိမ္မာပါးနပ်စွာ ပြောသော်ငြား ထိုချီးမွမ်းမှုကို လက်ခံရရှိခဲ့သည့် သုန်းဝမ်ဟောက် အတွက်ကမူ ယင်းက သူ့ကို အကြီးအကျယ် စော်ကား အရှက်ခွဲခြင်းဟုသာ ခံစားရပေသည်။

ယခုမူ ထိုမျှလောက် ရှက်ရွံ့ဖွယ်ရာ အမှတ်သညာကို ရှီလီက ယူဆောင်လာသည့်အခါ သုန်းဝမ်ဟောက်၏ အမူအရာက လုံးလုံးလျားလျားကို အက်ကွဲထွက်လာတော့သည်။ သို့သော် သူ အပြည့်အဝ ပေါက်ကွဲထွက်မလာသေးမီပင် ရှီလီက ရုံရုံနှင့် ဖူဟွေ့ရှင်းတို့၏ နောက်ပါးမှာ ပုန်းကွယ်နေခဲ့ပြီး ဖြစ်လေသည်။

ရှီလီ၏ လှုပ်ရှားမှုက အတော်လေးကို သဘာဝကျကျ ပေါ်ထွက်လာခြင်းဖြစ်ကာ သူမ၏ သဘောထားကို ဖော်ပြပြီးနောက် သူမ သူငယ်ချင်းများထံ ပြန်သွားသည်ဆိုခြင်းက အတော်လေးကို သဘာဝကျ ရိုးစင်းလှသည်ပင်။

သုန်းဝမ်ဟောက်၏ ဒေါသမှာ တိခနဲ ဖြတ်ချခံလိုက်ရသလို ဖြစ်သွားကာ သူ၏ ဒေါသူပုန်ထခြင်းကိုပင် ပြည့်ပြည့်ဝဝ မပြသရသေးမီ ရှီလီက ကသောကမျော ပြေးသွားလေရာ နောက်ကြောင်းပြန်ဆုတ်သွားသည့် ထိုပုံရိပ်ကို ကြည့်ရင်း သူ့မှာ အမျက်ချောင်းချောင်း ထွက်ရပေတော့သည်။

မျက်လုံးထဲမှာတော့ စစ်မှန်သည့် ပူဆွေးသောက မရှိနေသော်လည်း သုန်းဝမ်ဟောက်၏ အတန်းဖော်မှာ ဝမ်းနည်းကြေကွဲနေသည့် အမူအရာကို သူ့မျက်နှာထက်မှာ.ပုံကြီးချဲ့ကာ တင်ထားပြီး တကယ်တမ်းကျ ရယ်စရာ ဇာတ်မြူးကိုသာ ရှာဖွေနေဟန် ရှိပါ၏။

ရှီလီက ရုံရုံနှင့်ဖူဟွေ့ရှင်းကို ချိုမြစွာ ပြောလိုက်၏။

“ပြန်သွားကြစို့လေ”

သူတို့လည်း သူမ၏ ဦးဆောင်မှု နောက်သို့ သဘာဝကျကျ လိုက်ပါသွားကြကာ သုံးယောက်သား မူလနေရာသို့ ပြန်သွားကြလေသည်။

ပထမဆုံးနေ့မှာပင် တမင်သက်သက်ကြီး ရန်စခံရခြင်း၏ ကျေးဇူးကြောင့် သူတို့သုံးယောက်အပေါ် ထားရှိသည့် သုန်းဝမ်ဟောက်၏ အာဃာတက တိုးပွားလာတော့ကာ သူတို့တတွေ ဒုက္ခရောက်စေရန် အသိမ်မွေ့ဆုံး နည်းလမ်းဖြင့် ဆက်လက် ကြိုးစားလေတော့သည်။

သို့သော် ထိုသုံးယောက်မှာ သူ၏ လုပ်နိုင်စွမ်းထက် သာလွန်နေပြီး တစ်ဦးနှင့်တစ်ဦးလည်း ကူညီထောက်ပံ့ပေးသူများပင်။ သုန်းဝမ်ဟောက်မှာလည်း အဖော်များ ရှိပါသော်လည်း သူက ပုံမှန်ဆို အထီးကျန်ရသူသာ။

စိတ်ဝင်စားဖွယ်ရာ ကောင်းစွာပင် သုန်းဝမ်ဟောက်၏ အတန်းဖော် ကောင်မလေးမှာ ရှီလီ၏ Contactကို ထည့်ထားပြီး ပထမဆုံး ပို့လာသည့် Message မှာလည်း မြှောက်လုံးပင့်လုံးများဖြင့် ပြည့်နှက်နေကာ သူမအနေဖြင့် ဤမျှလှပသည့် အစ်မတစ်ယောက်ဖြင့် အနီးကပ်ဆုံး သူငယ်ချင်း ဖြစ်လိုကြောင်း ပြောလာလေသည်။

ထို့ကြောင့် သူတို့၏ Friendship သည်လည်း Onlineပေါ်မှ အပြန်အလှန် ဆက်သွယ်မှုမှတဆင့် အလျင်အမြန် ကြီးထွားရင့်သန်လာတော့သည်။

သုန်းဝမ်ဟောက်နှင့် သူမက ကျောင်းတစ်ကျောင်းတည်း ဖြစ်လေရာ ပုံမှန်ဆို အတူတူ အချိန်ဖြုန်းလေ့ရှိပေရာ ထိုသူက တစ်စုံတစ်ရာကို လျှို့ဝှက်အကွက်ချနေသည်ကို သူမ သတိပြုမိကြောင်း ရှီလီထံသို့ သတိပေးလာခဲ့ပါ၏။

ရှီလီမှာမူ တစ်ကျောင်းတည်းက လူတွေက အဘယ်ကြောင့် ဤမျှ ကွဲပြားရသနည်း စဥ်းစား တွေးတောမိလေသည်။

အမှန်တော့ မိန်းကလေးများက အမှန်တကယ်ကို အံ့အားသင့်ဖွယ်ရာ ကောင်းပေစွ။

ထို လျှို့ဝှက်အထောက်တော်ငယ်လေး၏ ကျေးဇူးကြောင့် သုန်းဝမ်ဟောက်၏ အကြံအစည် ဟူသမျှ ဘယ်ဟာမှ အလုပ်မဖြစ်တော့ပါပေ။

ယင်းတို့အားလုံးက လုံးဝ အချည်းနှီးတော့ မဟုတ်ပါပေ။ အနည်းဆုံးတော့ ယင်းက သူတို့အတွက် ဖျော်ဖြေမှုလေးတော့ ဖြစ်ပေးပါသေး၏။.သို့မဟုတ်လျှင် ဤ Training ကာလက ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းနေပေလိမ့်မည်။

ဘေးနားမှာ ဒုက္ခဖြစ်စေနိုင်သည့် အိမ်မွေးတိရစ္ဆာန်ငယ်လေးတကောင် ရှိနေခြင်းက အတော်လေးကို သဘောကျဖွယ်ရာ ကောင်းပါသည်။

သုန်းဝမ်ဟောက် တစ်ယောက် သူ၏ အကြံအစည်များကို အကောင်အထည် မဖော်ရသေးမီ ကျရှုံးရသည်မှာ အဘယ်ကြောင့် ဖြစ်နိုင်သနည်းဟူသည်ကို ဘယ်တော့မှ နားလည် သဘောပေါက်မည် မဟုတ်ပါပေ။

အချို့ အချိန်များအတွက် ဆောင်းရာသီ Campသွင်းခြင်း ရလဒ်များကို မကြေညာသေးသော်လည်း လချီကာ ရှည်ကြာသည့် Training ကတော့ ပြီးဆုံးခဲ့လေပြီ။

Training Camp ပြီးဆုံးသည့်နောက် သူတို့သုံးယောက်သားက လေယာဥ်စီးကာ အိမ်ကို အတူတူ ပြန်ကြမှာ ဖြစ်လေသည်။

ထိုအချိန်အတောအတွင် ရှန်းစစ်နော့ နှင့် ဆက်ဆံရေးကောင်း ရှိခဲ့ပြီး သူမ၏ မြန်ဆန် တိကျသည့် သတင်းပေးမှုများအတွက်လည်း ကျေးဇူးရှိပေရာ သူမတို့နှင့် အတူ တခရီးတည်း လိုက်ပါရန် ရှီလီက ဖိတ်ခေါ်လာ၏။

သို့သော် ရှန်းစစ်နော့က သူမကိုယ်ပိုင်အတွေး ရှိပြီး ရှီလီ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ကာ ယင်းက သူမအနေဖြင့် လျှို့ဝှက်သတင်းပေးသူဖြစ်ကြောင်း အလွန်သိသာသွားလိမ့်မည်ဟု ပြောလာ၏။

သူမကို ဖျောင်းဖျလို့ မရသည့်အတွက် ရှီလီလည်း ရှန်းစစ်နော့ တစ်ယောက် သုန်းဝမ်ဟောက်နှင့် အတူပြန်မည်ကို ခွင့်ပြုလိုက်ရ၏။

231 03

လေယာဥ်ဆိုက်ပြီးနောက် သူမတို့ကို ကြိုမည့်သူများလည်း ရောက်ရှိနေကြပေပြီ။ ရှီလီက သူမအိမ်သို့ မပြန်မီ ရုံရုံအိမ်ကို အရင်ဝင်ပို့ပေးရန် ယာဥ်မောင်းကို ပြောလိုကိ၏။

လချီကာ အဝေးရောက်နေသည့်အတွက် သူမ၏ တစ်မိသားစုလုံးကလည်း ရှီလီကို နက်နက်ရှိုင်းရှိုင်း သတိရ လွမ်းဆွတ်နေပေပြီ။

သူမ၏ အဘွားက အိမ်တော်ဟောင်းမှာ ရှိနေသည့်အတွက် သူမလည်း ထိုအိမ်ကိုပဲ အရင်ဆုံး သွားလိုက်ကာ ဟွမ်ကျဲနှင့် ရှီအဖေကတော့ ညစာ စားရန်အတွက် ညနေပိုင်းမှာ လာရောက်ကြမှာ ဖြစ်ပါ၏။

ရှီလီ၏ အဘွားနှင့် အကြီးဆုံး အဒေါ် နှစ်ယောက်စလုံး အိမ်မှာ ရှိနေကြသည်။

သူမကို မြင်သည်နှင့် ရှီအဘွား အရင်ဆုံး ပြောသည့်စကားကတော့ သူမ ဝိတ်ကျသွားသည် ဟူ၍ပင်။

တကယ်တမ်း သူမက မည်သည့် ကိုယ်အလေးချိန်မှ ကျမသွားပါပေ။ သို့သော် Training Camp မှ အစားအသောက်များက သာမညောင်ညများသာ ဖြစ်လေရာ လက်ဖက်ရည်ဝိုင်းမှာ ပြင်ဆင်ထားသည့် လတ်လတ်ဆတ်ဆတ် ခွဲထားသော သစ်သီးများကို မြင်ချိန်မှာတော့ ဆာလောင်နေသည့် ကျားလေးနှယ် ခုန်အုပ်မိလေတော့သည်။

ပါးစပ်ထဲမှာ သစ်သီးများ ပြည့်နေသည့် ရှီလီမှာ ယခုက ဆောင်းရာသီ အားလပ်ရက် ဖြစ်သည့်အတွက် ရှီရွှမ်းတစ်ယောက် အားလပ်ရက်ခရီး ပြန်လာပြီဟု ထင်မှတ်ကာ သာမန်ကာလျှံကာ မေးလိုက်လေသည်။

“ကျမ အစ်မ ဘယ်မှာလဲ။ အပေါ်ထပ်မှာလား”

ဤရက်များအတွင်းမှာတော့ ရှီရွှမ်းတစ်ယောက် ဘယ်ဆီဘယ်ဝယ်မှာ ရှိနေမည်ကို သူမ အလွန်အမင်း စိတ်ဝင်စားလှပါ၏။

အကြီးဆုံး အဒေါ်က တစ်ရှူးများဆွဲထုတ်ကာ သူမလက်ထဲသို့ ထည့်ပေးလိုက်ပြီး ဖြည်းဖြည်းလေး စားရန်နှင့် အင်္ကျီများကို မစွန်းစေရန် ပြောနေပေ၏။

“ မင်း အစ်မက အခု အိမ်မှာ မရှိဘူး။ အပြင်သွားပြီး သူ့ ကောင်လေးနဲ့ Date နေလေရဲ့”

ရှီလီမှာ သောက်နေသည့် သစ်သီးဖျော်ရည်ပင် သီးလုနီးနီး ဖြစ်သွား၏။

“အဟွတ် ၊ အဟွတ် ေကာင်လေးတဲ့လား။ သူ ဘယ်ချိန်တည်းက ကောင်လေး ရသွားတာလဲ”

အကြီးဆုံး အဒေါ်ကတော့ သူ့သမီးရဲ့ ကောင်လေးနှင့် ပတ်သက်ပြီး အတော်လေး စိတ်ကျေနပ်နေပုံရကာ ပြုံးလေသည်။

“သမီး သူ့ကို အရင်တုန်းက ဆုံဖူးပါတယ်”

ရှီလီမှာ.ရုတ်တရက်ကြီး မကောင်းသော ခံစားချက်ကြီး ခံစားလိုက်ရ၏။

“ရွမ်အာ Blind Date လုပ်တုန်းက သမီး အဖော်လိုက်သွားဖူးတယ်လေ။ အဲ့ကောင်လေးကို မှတ်မိရဲ့လား။ သူတို့ တစ်ယောက်နဲ့တစ်ယောက် သိသွားတဲ့အခါကျတော့ သဟဇာတ ဖြစ်တယ်လို့ ခံစားရပြီး သူတို့ ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ မင်းအစ်မက မိသားစုကိုတောင် မပြောဘဲနဲ့ သူနဲ့ တိတ်တိတ်လေး ချိန်းတွေ့နေတာ။ မင်းအစ်ကိုကြီးက ရှာတွေ့သွားလို့သာပေါ့”

ရှီလီ: : ……..

အကြီးဆုံး အဒေါ်မှာတော့ သူမ အိုမင်းလာြပီဟု တွေးထင်မိ၏။ သို့မဟုတ်လျှင် ပုံမှန်ဆို ချိုသာပြီး ချစ်စဖွယ် ကောင်းလှသည့် သူမ၏ တူမလေးက ဘယ်လိုလုပ်ပြီး ယခုလို အေးစက်စက် ရယ်သံတချို့ ပေးလာခဲ့မည်နည်း။

မဖြစ်နိုင်ပါပေ။ ယင်းက သူမ၏ အထင်အမြင်မှားခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

******

232 01

အပိုင်း 232.

အကြီးဆုံး အဒေါ်က သူမ နားရွက်ကို ပွတ်သပ်ကာ သူမတော့ အကြားအာရုံ မှားနေပြီဟုသာ လက်ခံ ယုံကြည်နေပေသည်။

ရှီလီမှာ အမှန်တကယ်ကို ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတော့ကာ ပန်းကန်ပြားထဲမှ သစ်သီးကို စားနေရင်းက သစ်တော်သီးကို ချူးချွမ်ရှန်း၏ ခေါင်းအဖြစ်မှတ်ယူကာ တကျွတ်ကျွတ် ကိုက်ဝါးလိုက်၏။

အကြီးဆုံး အဒေါ်က ချူးချွမ်ရှန်းကို တစ်ကြိမ်တည်းသာ ဆုံဖူးကာ ထိုယဥ်ကျေးသိမ်မွေ့လှသည့် လူငယ်လေးကို သဘော အကျကြီး ကျသွားခဲ့တာဖြစ်၏။

“ရှီရွှမ်းနဲ့ ချွင်ရှန်း ကောင်းကောင်းမွန်မွန် ရှိနေတာကို ငါ မြင်နေရတာပဲဟာ။ ငါတော့ သူတို့တွေ နောက်တစ်နှစ်လောက်မှာ လက်ထပ်နိုင်လိမ့်မယ်လို့ ထင်တယ်”

ထိုသို့ ပြောလိုက်ခြင်းကြောင့် ရှီလီမှာ ချူးချွမ်ရှန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အမှတ်ရသွားခဲ့ပါ၏။ ကျိဖေးယွီ၏ အစ်ကိုက မကြာမီမှာပင် ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရတော့မည်ဖြစ်ပြီး ထို့နောက်တွင်မှ ချူးချွမ်ရှန်းက ကျိဖေးယွီ၏ ခယ်မနှင့် ပတ်သက် ရှုပ်ထွေးလာမှာ ဖြစ်၏။ ထိုဇာတ်ကြောင်းကို တွေးမိရုံမျှဖြင့်ပင် ရှီလီမှာ သွားများကို ဖိကြိတ်ထားအောင် ပြုလုပ်နိုင်ပေ၏။

ယခု သူမက ခက်ခဲသည့်နေရာမှာ ရှိနေရ၏။ ကျိဖေးယွီ၏ အကိုက သေရွာသို့ သွားခြင်းမှ ကြိုတင်ကာကွယ်ကာ သူ့အသက်ကို ကယ်တင်လိုက်သော်ငြား အကယ်၍များ သူမက ထိုသို့ ပြုလုပ်လိုက်ပါလျှင် ချူးချွမ်ရှန်းသည်လည်း သူ့သူငယ်ချင်း၏ သေအံ့ဆဲဆဲ ဆန္ဒဖြစ်သည့် မုဆိုးမတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ဖို့ လက်ခံမှာ မဟုတ်သလို သူတို့တွေလည်း ချက်ချင်းလက်ငင်းကြီး အတူရှိသွားကြမှာ မဟုတ်ပေ။ ချူးချွမ်ရှန်းတစ်ယောက် အမှန်တကယ်ကိုပင် ရှီရွှမ်းနှင့် အတူတူ ရှိသွားခြင်းဖြင့်လည်း အဆုံးသတ်သွားတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သူမ၏ ပြီးခဲ့သည့် ဘဝတုန်းက ချူးချွမ်ရှန်းနှင့် ကျိဖေးယွီ၏ မရီးတို့က သူတိူ့၏ ချစ်သံယောဇဥ်များကို လူရှေ့သူရှေ့ မရှောင် ပြသတတ်သည့် သတင်းများကိူ မကြာခဏဆိုသလို မြင်တွေ့ရပါ၏။ ထို့ကြောင့် ရှီလီမှာ ထိုအမျိုးသမီး၏ မျက်နှာနေရာတွင် ရှီရွှမ်း၏ မျက်နှာကို အစားထိုးကြည့်ဖို့ စိတ်ကူးတောင် မယဥ်ကြည့်ဝံ့ပေ။ ယင်းက အတော်ကြီး ထူးဆန်းလှသည်လေ။

ရှီလီ၏ အမူအရာများက ပြောင်းလဲနေစဥ် ဗီလာ၏ တံခါးမကြီး ပွင့်သွားခဲ့၏။ ရှီရွှမ်း အိမ်ပြန်ရောက်လာခြင်းပင်။

သူမကို မတွေ့ရသည်မှာ အတန်ငယ်ကြာပြီ ဖြစ်လေရာ ရှီရွှမ်း၏ သွင်ပြင်မှာ ယခင်ကထက်ပင် ပြည့်ဖြိုးလာကာ လတ်တလော သူမ ကောင်းမွန်စွာနေရကြောင်း သက်သေခံနေပါ၏။

အသီးစားနေသည့် ရှီလီထံသို့ သူမ မျက်လုံးများ ကျရောက်သွားသည့်အခါ သူမ၏ အကြည့်များက အေးခဲသွားရတော့၏။

“အားလီ၊ နင် ပြန်ရောက်နေတာလား”

ရှီလီက ခေါင်းညိတ်ပြကာ သာမန်ကာလျှံကာပင် မေးလိုက်၏။

“အစ်မ၊ နင် ဘယ်သွားနေတာလဲ”

သူ့ညီမက ချူးချွမ်ရှန်းကို သဘောမကျမှန်း သိထားလေရာ ရှီရွှမ်းက ယင်းကို ဖူံးကွယ်ရန် ကြိုးစားကာ ပြောလာ၏။

“သူငယ်ချင်းတွေနဲ့ အပြင်သွားတာလေ”

“ ယောကျာ်းလေး သူငယ်ချင်းတွေလား၊ မိန်းကလေး သူငယ်ချင်းတွေလား”

အကြီးဆုံး အဒေါ်မှာ ရှီလီကို စူးစူးစိုက်စိုက်ကြည့်နေကာ ရှီရွှမ်းတစ်ယောက် သူမကောင်လေးနှင့် သွားချိန်းတွေ့ပါသည်ဟု ပြောထားပါရက်နှင့် ရှီရွှမ်းကို အဘယ့်ကြောင့် ထပ်မေးနေရသနည်းဟု တွေးမိလေသည်။

ရှီရွှမ်းက သဘာဝကျကျပင် တုံ့ပြန်လာ၏။

“ငါ အပြင်သွားရင် မိန်းကလေးတွေနဲ့ပဲ သွားတာ နင်သိနေတာပဲဟာ”

အကြီးဆုံး အဒေါ်မှာ ကူကယ်ရာမဲ့စွာဖြင့်ပင် သူမမျက်နှာကို အုပ်ထားမိ၏။ တုံးအမိုက်မဲလိုက်တဲ့ သမီး..

သို့သော် သူမ၏ သမီးက သူမမှာ ကောင်လေးရှိနေကြောင်းကို အဘယ်ကြောင့်များ ညီမဖြစ်သူကို ဖုံးကွယ်ရန် လိုအပ်သနည်း ဟူသည်ကို နားမလည်နိုင်ပေ။ ယင်းက ကိစ္စကောင်းသာဖြစ်ပြီး ရှီလီကလည်း မနာလို အူတိုတတ်သူမျိုး မဟုတ်ပါပေ။

သူမက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်၏။

“ဆိုတော့ အဲ့လိုပေါ့။ ငါ အန်တီ့်ဆီက ကြားတာတော့ နင်က ကောင်လေးနဲ့ သွားချိန်းတွေ့တာတဲ့”

ရှီရွှမ်း၏ အပြုံးမှာ.အေးစက် တောင့်တင်းသွားလေသည်။

“ဟုတ်တယ်၊ ငါ အစကတော့ ငါ့ကောင်လေးနဲ့ သွားတွေ့တာပဲ။ ဒါပေမဲ့ နောက်ကျတော့ သူငယ်ချင်းမတွေနဲ့ပဲ သွားဖြစ်သွားတာ”

ရှီလီက အတော်ကြီးကို တစ်မျိုးကြီးဖြစ်နေသည့် လေသံကို ယူဆောင်လာ၏။

“အိုး တကယ်လား။ အစ်မ၊ နင့်မှာ ကောင်လေးရှိနေတာကို ဘာဖြစ်လို့ နင့်ညီမလေးကို ပြောမပြရတာလဲ။ ငါလည်း နင့်အပျော်တွေကို မျှဝေပေးမှာပေါ့”

ရှီရွှမ်းက ကသိကအောက်ဖြစ်စွာ ကြည့်လိုက်ပြီး

“နင် စာတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ငါ မပြောပြမိတာပါ”

“ဒါဆိုလည်း ပြီးရော။ နင့်ကောင်လေးက ဘယ်သူလဲ။ ဘယ်တော့လောက် လက်ထပ်ကြမှာလဲ”

232 02

“အိမ်ထောင်ပြုဖို့က အလျင်မလိုပါဘူး။ ငါတို့က ငယ်သေးတာပဲဟာ။ ပြီးတော့ သူ့ကို လက်ထပ်ဖြစ်မလားဆိုတာ ငါလည်း မသေချာသေးဘူး”

ထိုတုံ့ပြန်မှုက ရှီလီ၏ ကောင်းကျိုးအဖြစ်သာ မဟုတ်ပဲ သူမ၏ ခံစားချက် အစစ်အမှန်ကိုပါ ရောင်ပြန်ဟပ်နေပါ၏။

ကောင်လေးတွေ အများကြီးနှင့် ချိန်းမတွေ့ဖူးပါပဲ မည်သူက လက်ထပ်ရန် အသင့်တော်ဆုံး ဟူသည်ကို သူမ ဘယ်လိုလုပ်ပြီး သိရှိလိမ့်မည်နည်း။

အကြီးဆုံးအဒေါ်ကမူ သူ့သမီး ယခုလို ပြောလာသည်ကို သည်းခံနိုင်ပုံမရပေ။

“မဟုတ်တာတွေ မလုပ်နဲ့တော့။ နောက်ဆုံးတခေါက် ချွင်ရှန်း လာသွားတုန်းက မင်းတို့တွေ လာမဲ့နှစ်ကျ လက်ထပ်ဖို့ စီစဥ်နေပြီလို့ ပြောသွားတယ်”

ရှီရွှမ်းမှာ နှုတ်ခမ်းစူသွား၏။ အဲဒါ သူ့အတွေးလေ။ သူမမှ မဟုတ်တာကြီး။

ဤရှင်းပြချက်က သူမ ဝမ်းကွဲငယ်လေးအပေါ် စိတ်ကျေနပ်သွားစေပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် ရှီရွှမ်းက သူမ မိခင်ကို ပြေရာပြေကြောင်း ပြောရတော့၏။

“မား၊ သမီးက ဘွဲ့ရပြီးကာစပဲ ရှိသေးတယ်။ မားက သမီးကို အိမ်ထောင်ပြုခိုင်းပြီး ကလေးပါ ရှိနေစေချင်ပြီလား။ သမီး အသက်ငယ်ငယ်လေးနဲ့ ကလေးအမေဖြစ်ပြီး ဖတ်ဖတ်မောနေမှာကို မားက တကယ်ကြီး မြင်ချင်နေတယ်ပေါ့လေ”

အကြီးဆုံးအဒေါ်က ကြော့ကြော့မော့မော့ဖြင့်ပင် သူမ မျက်လုံးများကို လှိမ့်လိုက်ပြီး

“ငါ နင့်ကို သတိပေးလိုက်ဦးမယ်။ ငါတို့ မိသားစုရဲ့ ယာဥ်မောင်းတွေနဲ့ အိမ်အကူတွေက နင့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်။ နင် လုံးဝကို လက်ရှောင်ပြီး ကလေးတွေကို နာနီတွေ၊အိမ်အကူတွေနဲ့ ထားလို့ ရသားပဲဟာ”

နှုတ်ခမ်းစူနေသည့် သမီးဖြစ်သူကြောင့် အကြီးဆုံးအဒေါ်၏ နှလုံးသားလေးက နူးညံ့သွားရပါ၏။ ဘာဖြစ်ဖြစ် သူမက ခုထိ ငယ်ငယ်လေးသာ ရှိသေးသည်ကို။ အိမ်ထောင်ကျပြီးသည့်နောက် ဘဝက ယခင်လို မလွတ်လပ်တော့သည်မို့ ဖြစ်နိုင်သမျှ သူမကို နှစ်အနည်းငယ်မျှ ပိုပြီး ပျော်ရွှင်ခိုင်းလိူက်တာက ပိုကောင်းသည်။

သို့သော် အကြီးဆုံး အဒေါ်မှာလည်း သူမ၏ စည်းမျဥ်းစည်းကမ်း ရှိပါ၏။

“နင် နောက်ကျမှ လက်ထပ်လို့ရတယ်။ ဒါပေမဲ့ ချွင်ရှန်းလို သမက်ကောင်းလေးကိုတော့ ဆက်ပြီး ဖမ်းဆုပ်ထားရမယ်နော်။ နားလည်ရဲ့လား”

ရှီရွှမ်းက ပခုံးတွန့်လိုက်၏။ ထိုသတင်းစကားက သူမနှလုံးသားထဲသို့ ရောက် မရောက်က မသေချာပေ။

ညီအစ်မနှစ်ယောက်တည်း ကျန်ခဲ့ချိန် ကျကာမှ ရှီရွှမ်းက ကတိပြုလာ၏။

“နင် ချူးချွမ်ရှန်းကို သဘောမကျတာ အစ်မ သိပါတယ်။ ဒါပေမဲ့ အခုတော့ ငါ သူ့ကို တအားသဘောကျနေတာရယ့်။ ခဏတော့ စောင့်ပါဦးဟယ်။ နောက်ပိုင်း ငါ သူ့ကို စိတ်ကုန်သွားကာမှ နင့်အတွက် ခဲအိုအသစ်လေး ရှာပေးမယ်လေ။ အဆင်ပြေလား”

ကိုယ်ကျင့်စရိုက် ကောင်းမွန်လှသည့် ရှီရွှမ်း ဖန်တီးလာသည့် ထိုကဲ့သို့သော စကားမျိုးကို နားထောင်ရသည်မှာ အတော်လေးကို ပြဒါးတလမ်း သံတလမ်း ဖြစ်နေပေသည်။

ရှီလီက နှုတ်ခမ်းစူလိုက်၏။

“ငါက သူ့ကို သဘောမကျတာ မဟုတ်ဘူး။ သူက ယုံလို့မရတဲ့လူလို့ ငါ ထင်လို့ပါ။ သူ့ကို ကြည့်ရတာ သူငယ်ချင်းက သေသွားရင်တောင် သူ့သူငယ်ချင်းရဲ့ မိန်းမ မုဆိုးမကို ကြည့်ရှုစောင့်ရှောက်ပြီး မိန်းမတောင် တော်နိုင်မဲ့ရုပ်ကြီး ပေါက်နေလို့ရယ်”

ရှီရွှမ်းက သူမ၏ ညီမငယ်ကို အလွန် မျက်နှာသာပေး အလိုလိုက်သူ ဖြစ်လေရာ သူ့ညီမက နှုတ်ခမ်းစူပြီး အမူပို ဟန်ဆောင်နေသည်ကို ကြည့်ကာ သူမမှာ ချက်ချင်းဆိုသလို အာမခံရတော့သည်။

“မစိုးရိမ်ပါနဲ့။ နင့်အစ်မက အရူးမှ မဟုတ်တာကို”

ခိုင်မာပြတ်သားလှသည့် ရှီရွှမ်း၏ လေသံကို ကြားသည့်အခါ ရှီလီမှာ ကူကယ်ရာမဲ့စွာဖြင့်ပင် အတိတ်ဘဝမှ အဖြစ်အပျက်များဖြစ်သည့် ရှီယွမ်နှင့် လိမ္မမာပါးနပ်လှသည့် သူမ၏ ယောက္ခမတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စိတ်ဒုက္ခပေးကြပုံများကို ပြန်လည် မြင်ယောင်မိလေသည်။

ဉာဏ်ပညာဆိုင်ရာ တိုက်ပွဲများတွင် ရှီရွှမ်းတစ်ယောက် ရှုံးနိမ့်သည်က ရှားပါးလှသော်ငြား ရှုံးနိမ့်မှု မရှိခြင်းက သူမဘဝကို ကောင်းကောင်းရှင်သန်စေသည် ဟူသည့် အဓိပ္ပါယ် မဟုတ်ပါပေ။ ထိုအိမ်ကို ရောက်ပြီးသည့်နောက် နေ့တိုင်းလိုလိုပင် ကြိုတင်ကြံစည် ချောက်ချမှုများ အတောမသတ်နိုင်အောင် ရှိလာခဲ့ကာ ငြိမ်းငြိမ်းချမ်းချမ်း ေနရသည့် အခိုက်အတန့်ဟူ၍ ဘယ်သောအခါမှ မရှိတော့ရာ မည်သူမျှ ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ပါပေ။

ရှီရွမ့်ယောက္ခမ၏ နောက်တီးနောက်တောက် အကြံအစည်များအကြောင်း ကြားသော် အကြီးဆုံးအဒေါ်က သူ့သမီး အလျင်မြန် ကွာရှင်းရန် တိုက်တွန်း ေဆာ်သြခဲ့ပေသည်။

ရှီရွှမ်းမှာ လက်လွှတ်ပေးလိုက်ဖို့ အတော်လေးကို တွေဝေ တုံ့ဆိုင်းနေခဲ့ပါ၏။ သူမက မလောက်လေး မလောက်စား ယီးတီးယားတား လာလုပ်လို့ ရမည့်သူမျိုး မဟုတ်လေရာ ဤဉာဏ်စွမ်းပြိုင်ပွဲကို ဆက်လက် ယှဥ်ပြိုင်လိုလေသည်။

သူ့ညီမလေးက လတ်တလောတွင် နွေရာသီ Campသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ဟွမ်ကျဲထံမှ တဆင့် ရှီရွှမ်း ကြားသိခဲ့ရ၏။

သူမက ထိုနေရာမှာနေရမည့် ရှီလီ၏ ဘဝနှင့် လေ့လာမှုများအကြောင်းကို စိုးရိမ်ပူပန်သည့် မေးခွန်းမျိုး မေးမြန်းခဲ့ခြင်းဖြစ်ပြီး စကားများ ပိုပြောချင်သော်ငြား ရှီလီအပေါ်သို့ စိတ်ပိုင်းဆိုင်ရာ ဖိအားများ သက်ရောက်လာမည်ကိုလည်း စိုးရိမ်မိပါ၏။

232 03

သူမက သူမ၏ ပညာရှင်ပီသလှသည့် ဝါသနာကို ထပ်မံပြသမိသည့်အတွက် စိတ်ထဲက ကြိတ်ကာ အပြစ်တင်မိပေသည်။

ရှီရွှမ်းက တိတ်ဆိတ်နေချိန်တွင် ရှီလီက သူမကို မေးခွန်းပြန်ထုတ်လိုက်၏။

“အစ်မ၊ နင်က ကောင်လေးနဲ့ သွားတွေ့တာဆို။ ဘယ်လိုဖြစ်ပြီး လမ်းတဝက်ကနေ ပြန်လာတာလဲ။ သူက နင့်ကို ချိန်းပြီးမှ လာမတွေ့ပဲ ထားထားတာလား”

ရှီလီက ဝေဝေဝါးဝါး ရေရွတ်၏။

“အဲ့လူက လူကောင်းမဟုတ်မှန်း ငါသိသားပဲ။ သူ ဘယ်လိုလုပ်ပြီး အခုလို လုပ်ရတာတုန်း”

ရှီရွှမ်းက တရားနည်းလမ်းကျကျ တုံ့ပြန်လာ၏။

“တကယ်ကျ Dateတာ မဟုတ်ပါဘူးဟယ်။ သူ့ကို ရှာဖို့ဆိုပြီး ငါ သူ့ကုမ္ပဏီကို လိုက်သွားတာ။ ဒါပေမဲ့ သူက အရေးပေါ် အစည်းအဝေး ရှိနေတယ်လေ။ အဲ့တော့ ပျင်းနေတာနဲ့ ငါလည်း ပြန်လာလိုက်တာ”

ရှီလီမှာ.ထိုသူကို ပြစ်တင်ဝေဖန်ဖို့အတွက် တုံ့ဆိုင်းမနေပါပေ။

“ဒီလူကတော့ အရမ်းကို တွန့်တိုတတ်တဲ့ လူပဲ။ သူ့ကုမ္ပဏီမှာ အစည်းအဝေးရှိလို့ နင်က သူ့ဆီ သွားရတယ်ပေါ့လေ။ အဲ့တော့ နင်တို့ရဲ့ Relationship မှာ ဒီလူကပဲ အာဏာကို ချုပ်ကိုင်ထားသလား ငါတွေးမိလာပြီ”

ရှီရွှမ်းမှာ ဤစော်ကားမှုကို သည်းမခံနိုင်လေရာ ရှင်းပြလာပါ၏။

“သိပ်မကြာခင်မှာ သူတို့ ကုမ္ပဏီက တောင်တန်းဒေသ ပညာရေးအတွက် စေတနာ့ဝန်ထမ်းတွေ လွှတ်ဖို့ စီစဥ်ထားတယ်။ ငါလည်း သွားဖို့ စဥ်းစားထားတယ်လေ။ အဲဒါကြောင့် ငါ ဒီနေ့ သူ့ကုမ္ပဏီကိုသွားပြီး အသေးစိတ် အချက်အလက်တွေ ရနိုင်မလား သွားမေးတာ”

ရှီလီသည်လည်း ထိုတောင်တန်းဒေသ ပညာရေးဟူသည့် ကိစ္စကြီးကို အကြီးအကျယ် စိတ်ဝင်စားသွားပြီး ချက်ချင်းဆိုသလို မေးလိုက်၏။

“ကိစ္စက အဲ့လိုဆိုမှတော့ နင်ဘာလို့ လမ်းတဝက်ကနေ ပြန်လာရတာလဲ”

ရှီရွှမ်းက ပခုံးတွန့်၏။

“ကျိမိသားစုရဲ့ အငယ်ဆုံးသမီးကြောင့်ပေါ့ဟယ်။ အဲဒီ သခင်မလေးရဲ့ အခွင့်ထူးခံ စိတ်ကြီးက ပြန်ထကြွလာတာလေ။ အဲဒီလို ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသမျိုးအထိ သူ့အစ်ကိုကို လွှတ်ဖို့ မဝံ့ရဲဘူးတဲ့။ နှစ်သစ်ကူး လေ့လာရေး ခရီးအတွက် အဲဒီတောင်ပေါ်ကျောင်းက ကလေးတွေကို ဒီကိုပဲ ခေါ်လာဖို့ အဲကောင်မလေးက မရမက ပြောတော့တာပဲ”

ရှီလီ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့၏။

ရှီရွှမ်းက ဆက်ပြောပြန်သည်။

“အဲဒါကလည်း အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ Ideaပဲလေ။ ကလေးတွေရဲ့ လေ့လာရေး ခရီးစဥ် ကုန်ကျစရိတ်ကို အဲဒီ မမလေးက သူ့ကိုယ်ပိုင် အသုံးစရိတ်ထဲကနေ ပေးဖို့တောင် ဆန္ဒရှိနေတယ်လေ။ ချူးချွမ်ရှန်းရဲ့ အစည်းအဝေးကလည်း အဲဒီ အဆိုပြုချက်က အလုပ်ဖြစ်မလား ဆွေးနွေးကြတာပဲ။ သူတို့ အဲဒီ အကြံဉာဏ်ကို သဘောတူမယ်ဆိုတာ ငါ သေချာပေါက် နားလည်တယ်။ အဲ့တော့ ပညာရေး စေတနာ့ဝန်ထမ်း လုပ်ဖို့ ချူးချွမ်ရှန်းရဲ့ ကုမ္ပဏီကို မေးနေဖို့ မလိုတော့ဘူးလေ။ ဒီတော့ ငါလည်း လမ်းတဝက်ကနေ ပြန်လာခဲ့တာ”

All Chapters