အခန်း (၂၄၁-၂၄၄)
Vol. 13 Ch. 241-244
241 01
အခန်း ၂၄၁: ဘဝင်ခိုက်နေသော CEO ၏ နောက်ဆုံးလက်ကျန် ခေါင်းမာမှု
ရှီရွှမ်း အလုပ်ရှုပ်နေခဲ့ကတည်းက ရှီလီမှာအခြားတစ်ယောက်နှင့် အတင်းတုပ်ဖို့ အတွေးဝင်လာတော့သည်။
ခဏကြာ စဉ်းစားကြည့်ပြီးနောက် အတင်းပြောရအောင်လို့ စုန့်ရင်းကို လှမ်းခေါ်လိုက်၏။
စုန့်ရင်းက ဤသတင်းကို ကြိုသိပြီးသားဖြစ်၍ အတန်း၏ အုပ်စုဖွဲ့စကားပြောခန်းထဲမှာတောင် နှံ့နှံ့စပ်စပ် ဆွေးနွေးပြီးနေပြီဆိုတာကို ရှီလီ မသိခဲ့ပေ။
သူမ သယ်ဆောင်လာသော လတ်ဆတ်ပြီးအရည်ရွှမ်းသည့် အတင်းအဖျင်းမှာ မလတ်ဆတ်တော့သလို၊ အရည်လည်း မရွှမ်းနိုင်တော့ချေ။
သို့ပေတည့် စုန့်ရင်းက သရုပ်ဆောင်ကောင်းတစ်ယောက်ပင်၊ ဤသတင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသလိုမျိုး ဟန်ဆောင်၍ အလွန်ထိတ်လန့်သွားသလို သရုပ်ဆောင်ခဲ့သည်။
ထိုအချိန်တွင် ရှီလီ၏ အတင်းတုပ်ချင်နေသည့်ဆန္ဒမှာ အတော်လေး စိတ်ကျေနပ်သွားရပြီး နာရီဝက်လောက်ကြာ အတင်းပြောပြီးတော့မှ ရောင့်ရဲစွာဖြင့် ဖုန်းချလိုက်သည်။
ဟွမ်ကျဲ အိမ်ပြန်ရောက်လာတော့၊ ရှီလီက ဤသတင်းကို သူမနှင့် မဝေမျှခဲ့ပေ။
အဆုံးမှာတော့ ဆက်ဆံရေးများအကြောင်းကို မိဘတွေနှင့် အတင်းတုပ်ရတာက အနည်းငယ် ကသိကအောက်နိုင်တာကြောင့်ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တရုတ်နှစ်ကူးနှင့် နှစ်ကူးအကြိုသို့ ရောက်ရှ်ိလာခဲ့ပြီဖြစ်ရာ မိသားစုသုံးယောက်သားမှာ ဆွေမျိုးတွေနှင့် အတူ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲရန်အတွက် စံအိမ်ဟောင်းသို့ ပြန်ခဲ့ကြသည်။
ချိုမြိန်သော ဆက်ဆံရေးများထဲတွင် နေထိုင်နေသည့် အလုပ်များသော မိသားစုနှစ်ဦးဖြစ်သည့် ရှီချွမ်နှင့် ရှီရွှမ်းကတော့ သူတို့၏ချစ်ရသူတွေနှင့် လည်ပတ်ပျော်ပါးဖို့ကို မတွေးခဲ့ဘဲ မိသားစုနှင့်သာ အချိန်ကုန်ဆုံးရန် ရွေးချယ်ခဲ့ကြသည်။
နှစ်ကူးအကြိုနေ့ ညစာစားပွဲပြီးနောက်ရှီလီတို့ မိသားစုသုံးယောက်မှာ အိမ်မပြန်တော့ဘဲ စံအိမ်ဟောင်းတွင် ညအိပ်ခဲ့ကြ၏။
နောက်တစ်နေ့ မနက်တွင် ဗျောက်အိုးသံများကြောင့် ရှီလီ နိုးလာခဲ့သည်။
သူမအတွက် ဟွမ်ကျဲ ဝယ်ပေးထားသည့် အဝတ်အစားသစ်များကို ဝတ်ဆင်ထားသည့်ရှီလီမှာ တရုတ်နှစ်ကူးရက်တွင် ရိုးရာတစ်ခုဖြစ်သော လာဘ်ခေါ်အရုပ်လိုပင် ဝတ်စားထားသည်။
ရှီလီ ငယ်ငယ်တုန်းက နှင်းဘောလုံးလေးလို ချစ်စရာကောင်းခဲ့ကာ ဟွမ်ကျဲက သမီးဖြစ်သူကို လာဘ်ခေါ်အရုပ်အတိုင်း အဝတ်ဆင်ပေးပြီး အပြင်ထွက်ချိန်တိုင်း ချီးကျူးခြင်းတွေကိုအမြဲတမ်း လက်ခံရရှိခဲ့သည်။
ယခုတော့ ရှီလီက လူကြီးဖြစ်လာတော့မှာ ဖြစ်သော်လည်း ဟွမ်ကျဲ၏ တစ်မူထူးခြားသောအကြိုက်ကတော့ ရေရှည်တည်မြဲနေတုန်းပင်။
ရှီလီသည် ဟွမ်ကျဲ၏ မူမမှန်သော ရသအပေါ်ခံစားနိုင်စွမ်းအား ဝေဖန်ရမှာကို လက်လျှော့လိုက်ပြီဖြစ်ကာ ၎င်းကို မိဘတွေအကြိုက် လိုက်လျောပေးနေတာလို့ပဲ သူမကိုယ်သူမ ဖြေသိမ့်နေရတော့၏။
ဘယ်လိုပဲဖြစ်ဖြစ် အနှီလာဘ်ခေါ်အရုပ်ဝတ်စား ဆင်ယင်ပုံအား သူမအနေနှင့် အနည်းဆုံး နောက်ထပ်ငါးနှစ်လောက်မျှ ဝတ်နေရဦးမှာဖြစ်သည်။
ဘာကြောင့် အထူးတလည် ငါးနှစ်လို့ပြောရလဲဆိုတာကတော့ ရှီလီသည် ယခင်ဘဝတုန်းက ယခုမှစ၍ ငါးကြိမ်မြောက် နှစ်သစ်အား မြင်ခဲ့ရရုံအထိသာ အသက်ရှင်ခဲ့ရလို့ပင်။
ခြောက်နှစ်မြောက်နှစ်တွင် ဟွမ်ကျဲက သူမကို စတိုင်တစ်မျိုးတည်း ဆင်ပေးဦးမှာလားဆိုတာကိုတော့ ရှီလီ မသိတော့ပေ။
သို့သော် မမျှော်လင့်ထားသော အခြေအနေတွေ ဖြစ်မလာပါက သူမ ဆင်ယင်ပေးနေဦးမှာပင်။
ရှီလီ၏ စိတ်နေစိတ်ထားက အဝတ်တွေနှင့်လုံးဝကို မလိုက်ဖက်နေသော်လည်း ဖက်ရှင် အောင်မြင်မှုက မျက်နှာပေါ်တွင် အဓိကမူတည်နေ၍ ရှီလီ၏ မျက်နှာက ဝတ်စုံနှင့် လိုက်ဖက်နေစေသည်။
ဟွမ်ကျဲက သူမသမီး လှလှပပဝတ်စားထားတာအား မြင်ရတာကို သဘောကျပြီး ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် ရှီလီကိုမြင်လိုက်ချိန်တိုင်း သူမ၏ မျက်လုံးများမှာလင်းလက်နေလျှက်ပင်။
သူမသမီး၏ နှစ်ကူးဆုတောင်းစကားကို ကြားလိုက်ရချိန်မှာတော့ ဟွမ်ကျဲက ပျော်ရွှင်သွားပြီး သူမကို စာအိတ်နီတစ်အိတ် ပေးလိုက်ကာ “ပျော်ရွှင်စရာ နှစ်ကူးဖြစ်ပါစေ၊ သမီးရေ။ သမီးလည်း နေ့တိုင်း ပျော်ရပါစေ”
ရှီလီက စာအိတ်နီ၏ အထူကို ခံစားကြည့်လိုက်ပြီး အလွန်ကျေနပ်သွား၏။ “ကျေးဇူးပါ၊ အမေ”
ရှီလီသည် မိဘများထံမှ စာအိတ်နီများကို လက်ခံရရှိပြီးနောက် အခြားသော အကြီးအကဲများဆီသွား၍ နှစ်ကူးဆုတောင်းစကားဆိုကာ စာအိတ်နီများကို ဆက်လက်စုဆောင်းခဲ့၏။
ရှီလီက မိသားစုထဲတွင် အငယ်ဆုံးဖြစ်ပြီး ရှီရွှမ်းကလည်း အလုပ်လုပ်နေပြီဖြစ်သဖြင့် သူမကတောင် ရှီလီကို စာအိတ်နီကြီးတစ်အိတ် ပေးလာခဲ့သည်။
241 02
သူမတွင် လစာအတည်တကျရှိပြီး သူမ၏လစာအများစုမှာ ကျောင်းသားတွေထံသို့သာ ရောက်ရှိခဲ့သည်။ ပြီးခဲ့သောလ၏ လစာမှာရှီလီအတွက် စာအိတ်နီပေးဖို့ပင် မလုံလောက်ခဲ့ချေ။
မိသားစုအထောက်အပံ့နှင့် အာမခံငွေ၏ကျေးဇူးကြောင့် သူမ ယခုချိန်ထိ ရှင်သန်နေနိုင်ခဲ့တာပင်။
ရှီရွှမ်း၏ စာအိတ်နီအတွက် ပိုက်ဆံကတော့စာအိတ်နီကို ပေးနေချိန်၌ ချူးချွမ်ရှန်းနှင့် သူမ၏ မကြာခင် လက်ထပ်တော့မည့် အကြောင်းကို တဖျစ်တောက်တောက် ပြောနေခဲ့သော အဒေါ်အကြီးဆုံးဆီမှ ရရှိလာတာဖြစ်သည်။
တကယ်တော့ အဒေါ်အကြီးဆုံးက သမီးဖြစ်သူကို စောစီးစွာ အိမ်ထောင်မပြုစေချင်ပေ၊နှစ်သစ်နီးလာပြီဖြစ်၍ မိသားစုထဲတွင် လူသစ်တိုးအောင်လို့ မျှော်လင့်မိသဖြင့် မနေနိုင်ဘဲ ပြောလိုက်မိခြင်းပင်။
ရှီရွှမ်းက သူမအမေအကြောင်းကို ကောင်းကောင်းကြီးသိ၏၊ အကယ်၍ သူမသာ ယခုချက်ချင်း အိမ်ထောင်ပြုချင်တယ်လို့ ပြောလိုက်ပါက သူမအမေက သေချာပေါက် သဘောတူမှာ မဟုတ်ချေ။
ရှီရွှမ်းက သုမ၏ပိုက်ဆံ မဟုတ်တာကြောင့် စာအိတ်နီပေးရာ၌ ရက်ရက်ရောရော ပေးလိုက်ကာ အကြီးတစ်ယောက်၏ လေသံအတိုင်းပြောလိုက်၏။ “ကျောင်းမှာ စာကြိုးစားပြီး အတန်းဖော်တွေနဲ့ တည့်အောင်ပေါင်းနော်၊နားလည်လား”
စာအိတ်နီ၏ မျက်နှာကြောင့် သူမ၏ သတိပေးချက်ကို ရှီလီ လောလောဆယ် သည်းခံထားလိုက်သည်။
မိသားစု အကြီးအကဲများမှာ နှစ်ကူးဆုတောင်းစကားများ ပြောပြီးသည့်နောက် ဦးလေးက တစ်မိသားစုလုံးကို ဦးဆောင်၍ အိမ်နီးချင်းများဆီသို့ နှစ်ကူးဆုတောင်းစကားပြောရန် အချိန်ကျလာလေပြီ။
သို့သော် မထင်မှတ်ထားသော ဧည့်သည်တစ်ယောက်က ရုတ်တရက် ရောက်ချလာ၏ -အနှီသူမှာ ရှီအဘွား၏ တူဖြစ်ပြီး နှစ်သစ်ကူးဆုတောင်းစကား လာပြောတာပင်။
ရှီအဘွား၏ မွေးမိသားစုမှာ တစ်ခေတ်တစ်ခါတုန်းက ထင်ရှားသော အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သော်လည်း သူမ၏ အစ်ကိုကလောင်းကစား၊ အရက်နှင့် အခြားဒုစရိုက်များ ကို ပြုလုပ်၍ မိသားစု၏ ကံကောင်းခြင်းများအား ဆုတ်လျော့စေခဲ့သည်။
ရှီအဘွားက သူမအစ်ကိုအား အကြံပေးဖို့ ကြိုးစားခဲ့သော်ငြား သူက စကားနားမထောင်သည့်အပြင် သူ့မိသားစုအား ထောက်ပံ့ပေးရန်အတွက် သူမဆီကပါ ပိုက်ဆံလိုချင်ခဲ့၏။
ရှီအဘွားသည် သူမအစ်ကို၏မိသားစုက အောက်ခြေစည်းမရှိတာကို သိနေတာကြောင့်ယတိပြတ် ငြင်းလွှတ်ခဲ့ကာ မိသားစုနှစ်စုကသိပ်ပြီး မဆက်သွယ်ဖြစ်ကြတော့ချေ။
သို့သော် သူမအစ်ကိုက ပိုက်ဆံလိုလာတိုင်းသူ့ညီမဆီ ရောက်လာမှာဖြစ်၍ သူ့သား၏မင်္ဂလာပွဲ သို့မဟုတ် သမီး၏ လက်ထပ်ပွဲလို အခမ်းအနားကြီးများအတွက်ဆိုရင်တောင်မှ ပိုက်ဆံလာတောင်းပေလိမ့်မည်။
ရှီအဘွားက သူ့အစ်ကို လွန်မလာစေရန် ရံဖန်ရံခါ အခြေအနေပေါ်မူတည်၍ ပမာဏအနည်းငယ်သာ ပေးတတ်သည်။
သူမအစ်ကိုက ဆေးဆွဲနေခဲ့တာဖြစ်ပြီး ကျန်းမာရေးမှာ ညီမဖြစ်သူထက် ဆိုးရွားလာ၍သူ့ခန္ဓာကိုယ်မှာ စောစောစီးစီး ချို့ယွင်းလာရတော့သည်။
သူသည် လမ်းမလျှောက်နိုင်တော့သော်လည်း ၎င်းက ပိုက်ဆံလာတောင်းမည့် သူ့ကို မတားမြစ်နိုင်ပေ။
ထိုအခါတွင် သူကိုယ်တိုင်မလာတော့ဘဲ သားဖြစ်သူကိုသာ လွှတ်သည်။
ရှီအဘွားမှာ အိုမင်းလာသည်နှင့်အမျှ စိတ်ထားပျော့ပျောင်းလာ၍ သူမ၏ မွေးမိသားစုမှဆွေမျိုးတွေကို မြင်လိုက်ရတော့ သူမကို စိတ်ခံစားလွယ်စေသည်။
သူတို့တွေ ရောက်လာတိုင်း သူမက ပိုက်ဆံနှင့်လက်ဆောင်တွေ ပေးလိုက်မှာဖြစ်၍ အရင်ချိန်တွေကို ပြန်တွေးမိကာ စိတ်ဖိစီးရတော့၏။
မိသားစုက ရှီအဘွားကို အနှီမိသားစုနှင့် မတွေ့စေချင်တာကြောင့် သူတို့ကို နောက်ထပ်မဝင်လာစေရန် ဗီလာ၏ လုံခြုံရေးအား တောင်ခါးပန်းဗီလာက လူတိုင်း ဝင်ထွက်သွားလာလို့ရသည့် ဈေးမဟုတ်ပေ၊ အရင်တုန်းကက သူတို့တွေ ဝင်ခွင့်ရှိခဲ့သည်မှာ ရှီအဘွား၏ခွင့်ပြုချက်ကြောင့်သာ။
ဤတစ်ကြိမ်တွင် ဦးလေး၏ ကြိုတင်ညွှန်ကြားချက်ကြောင့် လုံခြုံရေးက သူတို့ကို အဝင်မခံတော့မည်မှာ သဘာဝပင်။
မိသားစုသည် ရှီအဘွား၏ဖုန်းထဲက အနှီမိသားစု၏ ဖုန်းနံပါတ်ကို တိတ်တဆိတ် ဘလော့ခ် ထားခဲ့ပြီး သူမက လူငယ်တွေလို ဖုန်းနှင့် ကျင့်သားသိပ်မရှိပေ။
ရှီအဘွားက သူမအစ်ကို၏ မိသားစုကို သိပ်မတွေးသဖြင့် ဗီလာထဲသို့ အနှီမိသားစု အောင်အောင်မြင်မြင် မဝင်ရောက်နိုင်ခဲ့သည်မှာ နှစ်တွေအတော်ကြာခဲ့လေပြီ။
နှစ်ကူးကာလတွင် လူတိုင်းက သစ်လွင်စွာ ဝတ်စားထားကြသော်လည်း ရှီအဘွား၏တူကတော့ စုတ်စုတ်ပြတ်ပြတ် ဝတ်စားထား၍ နှစ်ကူးတွင် လာနှုတ်ဆက်သည်ဆိုတာထက် သူတောင်းစားနှင့်ပင် တူနေလေသည်။
ရှီလီက သူမ၏အစ်ကို၊ အစ်မနှင့်အတူ မတ်တပ်ရပ်နေတာဖြစ်ပြီး စုတ်တီးစုတ်ပြတ်ဝတ်စားထားသည့် အနှီဝမ်းကွဲဦးလေး ဝင်ရောက်လာချိန်၌ မောင်နှမတွေ၏ မျက်နှာထက်က သိသာထင်ရှားသော ရွံရှာခြင်းကို သူမ သတိထားမိလိုက်၏။
တကယ်လည်း သူက သဘောကျချင်စရာကောင်းသည့်လူ မဟုတ်သဖြင့် သူတို့ကို အပြစ်တင်၍မရပေ။
241 03
အနှီလူက မျက်ရည်လည်ရွဲအသံဖြင့် ရှီအဘွားထံ ပစ်ဝင်လိုက်ပြီး “အန်တီ၊ ဒီဘဝမှာ အန်တီ့ကို ကျွန်တော် ပြန်မတွေ့ရတော့ဘူးလို့ထင်နေတာ”
ရှီအဘွားက အပြင်းအထန် ဖျားနာခဲ့ရာကနေ နာလန်ထခါစဖြစ်သဖြင့် အကြီးအကဲဖြစ်သောသူမ၏ရှေ့တွင် ယခုလိုစကားမျိုးပြောခြင်းက မသင့်လျော်ပေ။
ရှီမိသားစုဝင်များမှာ မတိုင်ပင်ထားဘဲ မျက်မှောင်ကြုတ်မိလိုက်ကြသည်။
ရှီအဘွားက တူ၏ ပခုံးကိုပုတ်ပေးလိုက်ပြီး“ဘာဖြစ်လို့လဲကွယ်။ သေချာ စကားပြောရ အောင်”
ရှီအဘွား၏ဘေးတွင် သူ ဝင်ထိုင်လိုက်ပြီးသူ၏ ဆင်းရဲဒုက္ခရောက်ခဲ့ရပုံကို ကျွမ်းကျင်စွာဖြင့် စတင်ပြောလာသည်။
အိမ်ရှင်တွေက နှစ်ကူးတွင် လည်ပတ်ရန်အတွက် အပြင်ထွက်နေချိန်မှာ ဧည့်သည်အား ချန်ထားခဲ့လျှင် မသင့်လျော်ချေ။
မိသားစုမှာ အနှီဝမ်းကွဲဦးလေးအား ရှီအဘွား နှင့် ထားခဲ့ရမှာကို စိတ်မချနေပေ။
ဟွမ်ကျဲက မောင်နှမသုံးယောက်ကို အဓိပ္ပာယ်ပြည့်ဝနေသော အကြည့်ဖြင့်ကြည့်လာပြီး လူတိုင်း၏စိတ်အခြေအနေအပေါ်မှာ သက်ရောက်စေနေသလိုမျိုး ဗီလာထဲမှာပဲ မတ်တပ်ရပ်နေမည့်အစား အပြင်ထွက်ပြီးကစားကြလို့ ပြောလိုက်၏။
အစ်ကိုကြီးဖြစ်သည့် ရှီချွမ်က သူ့ညီမနှစ်ဦးကိုဗီလာအပြင်သို့ လိုက်ပို့လိုက်သည်။
သူက ယခုလို အရွယ်ရောက်နေပြီဖြစ်၍ သူ့ညီမတွေအား နှစ်ကူးလက်ဆောင်များဝယ်ပေးရန် အပြင်ခေါ်သွားပေးလို့ ရနေလေပြီ။
သုံးယောက်သား အဓိကဝင်ပေါက်ကနေ ထွက်လိုက်သည့်အခါတွင် ငယ်ရွယ်သော မိန်းမလှလေးတစ်ယောက်နှင့် ဝင်တိုက်မိသွားတော့သည်။
လျန်ရုန်ရုန်က ပြုံးလိုက်ပြီး “ငါ အပြင်ကနေ ပြန်တော့ သူ့ကိုယ်သူ ရှီအဘွားရဲ့တူလို့ ပြောနေတဲ့ ဦးလေးကြီးတစ်ယောက်ကို တွေ့ခဲ့တယ်။ လုံခြုံရေးက သူ့ကို အထဲမဝင် ခိုင်းဘူး၊ သူ့ရဲ့ ဟောင်းနွမ်းနေတဲ့ ဝတ်စုံကြောင့် ဖြစ်မယ်ထင်တာပဲ၊ ဒီတော့ ငါ သူ့ကို ခေါ်လာခဲ့လိုက်တယ်။ သူက နင့်အမျိုးဟုတ်တယ်မလား”
တောင်ခြေတွင် နှစ်တွေအကြာကြီး ပိတ်မိနေခဲ့သည့် အနှီလူက ယနေ့တွင် ဘာလိုဖြစ်လို့အောင်အောင်မြင်မြင် ပြန်ရောက်လာနိုင်ခဲ့လဲဆိုတာကို သုံးယောက်စလုံး ရုတ်ချည်းပင်နားလည်သွားကြတော့သည် - ကူညီပေးနေသည့် အတွင်းလူ ရှိနေပေလိမ့်မည်။
ရှီလီ မတွေးမိဘဲ မနေနိုင်တော့ပေ [သူမကသူများတွေအတွက် ဒုက္ခရှာပေးတဲ့နေရာမှာတော့်တော့်ကို ကျွမ်းကျင်တာပဲ]
******
242 01
အခန်း ၂၄၂: ဝမ်းဗိုက်ကြွက်သားရှစ်ခု
လျန်ရုန်ရုန်က သူမ၏ လှပသော မျက်ဝန်းများကို မျက်တောင်ခတ်၍ ပြောလာသည်“လုံခြုံရေးအစောင့်က အရမ်းကြမ်းတမ်းတာပဲ။ ဒီဦးလေး ရိုးရိုးရှင်းရှင်း ဝတ်ထားတာနဲ့၊ တံခါးဝမှာ တားထားကြတယ်။ တော်သေးလို့၊ငါ သူ့ကိုမေးလိုက်ပြီး နင့်အမျိုးဆိုတာ သိလိုက်ရလို့ပေါ့၊ အဲဒါကြောင့် အထဲခေါ်လာပေးတာ”
အများအားဖြင့် မောင်နှမငယ်တွေရှေ့တွင် လွတ်လွတ်လပ်လပ်နှင့် အားမကိုးရလောက်အောင် နေထိုင်တတ်သော ရှီချွမ်က သူများရှေ့ ရောက်သွားပြီဆိုရင်တော့ အတော်လေး လေးနက်သွားသည်။
“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါ တယ်၊ မိန်းကလေးလျန်း”
လျန်ရုန်ရုန်က ရှီချွမ်နှင့် အကြည့်ချင်း ဆုံသွားချိန်မှာ ရှက်သွေးဖြန်းပြီး ခေါင်းငုံ့သွား၏။
ရှီလီ၏ မျက်လုံးတွေ ပြူးကျယ်ကုန်ပြီးပြဿနာကို အာရုံခံမိလိုက်သည်။
လျန်ရုန်ရုန်က မူလဝတ္ထုထဲတွင် အမျိုးသမီးဇာတ်ဆောင်ဖြစ်ကာ စာရေးသူက သူမကိုအင်အားကြီးသော ညှို့ဓာတ်တစ်ခု ပေးထားတာကြောင့် ဖြတ်သွားဖြတ်လာ ခွေးထီးတစ်ကောင်ကပင် သူမအား ချစ်ကြိုက်မိသွားပေလိမ့်မည်။
အကယ်၍ မျိုးစိတ်မတူသည့် ခွေးတွေပင် သူမအား ချစ်ကြိုက်သွားနိုင်မည်ဆိုပါကလူအမျိုးသားတွေဆို ပိုပြီးတော့တောင် ခံစားမိမှာပင်။ မူလစာအုပ်ထဲတွင် သူမဘေးပတ်လည်ရှိ ယောက်ျားတိုင်း၏ သူမ၏အဝတ်တွေကို ဆွဲချွတ်၍ သူမနှင့် အတူအိပ်ချင်ကြတာ ချည်းသာ။
ရှီချွမ်က သူမ၏ ဝမ်းကွဲဆိုသော်လည်း မူလဝတ္ထုထဲတွင် သိသာထင်ရှားသော အမျိုးသားဇာတ်ပို့တွေကြား၌ နေရာမရှိခဲ့ပေ။
သူမ၏ ညီမလေးဟူသော ရှုထောင့်ကို ဘေးဖယ်လျှင် သူမ၏အစ်ကိုက လုံးဝကိုဆွဲဆောင်မှုမရှိပေ။
သို့သော် စာဖတ်သူတစ်ဦး၏ ရှုထောင့်မှဆို လျှင်တော့ ရှီချွမ်းက ကုသိုလ်မကောင်းချေ။ သူသည် ချောမောကာ ပညာတတ်၍ အသိအမှတ်ပြုရလောက်အောင် ချမ်းသာ ကြွယ်ဝသော မိသားစုမှ ဆင်းသက်လာပြီး အကျင့်ဆိုးမရှိဘဲ အမျိုးသမီးတွေအပေါ် လေးစားသမှုရှိသူပင်။
အရာအားလုံးကို ထည့်သွင်းစဉ်းစားကြည့်လိုက်လျှင် ရှီချွမ်က အရည်အချင်းရှိသော အမျိုးသားထဲ၌ အရည်အသွေးပြည့်မီသည်။
အနှီကောက်ချက်သို့ ရောက်ရှိလာသည့်အခါ လျန်ရုန်ရုန်၏ အချစ်နွံထဲနစ်နေသော အမူအရာကို မြင်တွေ့လိုက်ရချိန်၌ ရှီလီစိတ်ထဲကနေ ညီးတွားလိုက်မိ၏။ “သွားပြီ”
လျန်ရုန်ရုန်က သူမအစ်ကိုကို ကြိုက်နေတာလား၊ ဒါမှမဟုတ် သူ့ကို သူမရဲ့ရေကန်ထဲက နောက်ထပ်ငါးတစ်ကောင်လို့ စဉ်းစားနေတာလား။
ရှိလီသည် အရင်ဘဝတုန်းက သိထားခဲ့သည့်လျန်ရုန်ရုန်နှင့် လုံးလုံးလျားလျား အချိတ်အဆက်မရှိသလို ခံစားနေမိသည့်အကြောင်းမတွေးမိဘဲ မနေနိုင်တော့ပေ။ ၎င်းမှာ တူညီသော လူတစ်ယောက်တည်းဖြစ်သော်ငြားလူနှစ်ယောက် ကွဲပြားနေသလိုပင်။
ရှီချွမ်မှာက ကောင်မလေး ရှိနေပြီးသားဆို သော်ငြား လျန်ရုန်ရုန်၏ အလွန်အားကောင်းလွန်းသော ဇာတ်လိုက်အရှိန်အဝါက သာမန်လူ ဖြစ်သည့် သူမအစ်ကိုအား… ဦးလေးငယ်လို ပြောင်းလဲသွားစေမှာကို ရှီလီ အမှန်တကယ် ကြောက်ရွံ့မိသည်။
ယခုချိန်တွင် နာမဝိသေသနလို ဖြစ်လာသည့်“ဦးလေးငယ်” အကြောင်းကို စဉ်းစားရန် အတွက် ရှီလီ ခဏကြာ အချိန်ယူလိုက်ရ၏။
ရှီလီက သူ့ကို သတိပေးဖို့ ပြောလိုက်သည်။ “ကိုကြီး၊ ညီမနဲ့ အစ်မကိုခေါ်ပြီး နှစ်ကူး အတွက် သွားလည်ပတ်ကြမလို့ မဟုတ်ဘူးလား”
ရှီချွမ်က တကယ်တော့ နှစ်ကူးတွင်လည်ပတ်ရန် သူ့ညီမတွေကို ခေါ်သွားပေးဖို့ ရည်ရွယ်ချက်မရှိပေ၊ သူ့ကောင်မလေးနှင့် တွေ့ရအောင်လို့ အိမ်ကနေ ခိုးထွက်ချင်ရုံသာ။
ဒါပေါ့၊ သူ့ကောင်မလေးနှင့် တွေ့သည့်အခါ၌အနှီနှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်သွား၍မဖြစ်နိုင်။
ရှီချွမ်က သူ့ညီမကို စူးစိုက်ကြည့်လိုက်ပြီး စကားများလွန်းတယ်လို့ တွေးလိုက်၏။
“နင်ပြောတာမှန်တယ်၊ ငါတို့တွေ နှစ်ကူးအတွက် သွားလည်ပတ်ရမှာ”
“ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ၊ မိန်းကလေးလျန်”
“တိုက်ဆိုင်လိုက်တာ၊ ကျွန်မလည်း နှစ်ကူးမှာသွားလည်ပတ်ဖို့ လိုနေတာနဲ့အတော်ပဲ။ ကျွန်မပါ အတူလိုက်မယ်နော်”
နှစ်ကူးတွင် လည်ပတ်ရန်အတွက် သူတို့နှင့်အတူ လိုက်လာဖို့ သူမ၏ ကမ်းလှမ်းချက်က ရှီမောင်နှမသုံးယောက်စလုံး မထင်မှတ်ထားသည့် အရာပင်။
ဘယ်သူက မိသားစုတွေ၊ သူငယ်ချင်းအရင်းကြီးတွေ မပါဘဲနဲ့ နှစ်ကူးမှာ သွလည်ပတ်မှာလဲ။
သူတို့က လျန်ရုန်ရုန်နှင့် သိရုံသိကြတာဖြစ်၍ မေးထူးခေါ်ပြော ဆက်ဆံရေးသာဖြစ်သဖြင့် နှစ်ကူးလည်ပတ်ခြင်းအတွက် အတူတူသွားရအောင်အထိ ကိစ္စတွေက ဘယ်လိုလုပ် ကျယ်ပြန့်လာရတာလဲ။
သူ့တို့တွင် အစ်ကိုကြီးရှိနေတာကလည်း အကျိုးရှိပြီး - ဘာပဲဖြစ်လာပါစေ၊ သူပဲ ရင်ဆိုင်ရမည်ဖြစ်တာကြောင့် ရှီလီနှင့် ရှီရွှမ်းက ဝင်ပြောစရာ မလိုတော့ပေ။
242 02
ရှီချွမ်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ “မိန်းကလေးလျန်၊ မင်းမိသားစုက နှစ်ကူးလည်ဖို့အတွက် မင်း အိမ်ပြန်လာမှာကို စောင့်နေမှာပဲ၊ အခုလောက်ဆို သူတို့တွေ စိုးရိမ်နေကြလောက်ပြီ။ ကျွန်တော်တို့ကလည်းဦးလေးဖုန်းဆီ သွားလည်ကြမှာဆိုတော့၊လမ်းကြုံတာပဲ၊ ကျွန်တော်တို့တွေ မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်”
လျန်ရုန်ရုန်၏ မျက်လုံးများမှာ ရုတ်ချည်းပင် လင်းလက်သွား၍ “ကောင်းလိုက်တာ၊ ကျေးဇူးတင်ပါတယ်နော်၊ အစ်ကိုကြီး”
ရှီလီသည် သူမနှင့် မျက်နှာထားချင်း တူညီနေသော ရှီရွှမ်းကို လှည့်မကြည့်မိဘဲ မနေနိုင်ပေ။
ဖုန်းမိသားစု ဗီလာသို့ သွားရာလမ်းခရီးတွင် လျန်ရုန်ရုန်၏ ရှီချွမ်အား မေးနေသော တော်ကြာနေ အလုပ်အကြောင်း၊ တော်ကြာနေဝါသနာများအကြောင်းတို့နှင့် အတောမသတ်နိုင်သော မေးခွန်းမျိုးစုံကို သူတို့အားလုံး ကြားခဲ့ရသည်။
ရှီချွမ်က အများအားဖြင့် မိသားစုနှင့် သူငယ်ချင်းများရှေ့ရောက်လျှင် ဖျတ်လတ်တက်ကြွ ၍ စကားများသော်လည်း လျန်ရုန်ရုန်၏မေးခွန်းတွေကို ဖြေနေရချိန်မှာတော့ အတော်လေး တသီးတသန့်ဆန်သည်။
လျန်ရုန်ရုန်က ရှီချွမ်၏ အေးစက်မှုကို သတိထားမိပုံရပြီး နည်းဗျူးဟာပြောင်းလိုက်ကာ သူမ၏ ရိုက်ကူးရေး အတွေ့အကြုံများကို ပြောပြတော့သည်။
သို့ပေတည့် ထိုသို့ဆိုလျှင်တောင် ရှီချွမ်နှင့်သူမ အရောတဝင်လုပ်ဖို့ ကြိုးစားလိုက်တိုင်းသူက မတုန်မလှုပ် ရှိနေစမြဲသာ။
ရှီရွှမ်းက သူမညီမကို အဓိပ္ပာယ်ပြည့်ဝသောအကြည့်ဖြင့် ကြည့်လိုက်၏။
နှစ်ဦးသားက ဖြည်းဖြည်းချင်း အရှိန်လျှော့လိုက်ကာ အရှေ့ကနှစ်ယောက်နှင့် သူတို့ကြားတွင် အကွာအဝေး ခြားလိုက်ကြသည်။
သူတို့တွေ နောက်တွင်ကျန်ရစ်ပြီဆိုတာနှ င့်ရှီရွှမ်းက မေးလာ၏။ “ကိုကြီးရဲ့ အချစ်ရေးကတော့ ခုနောက်ပိုင်း စန်းထနေပါ့လား”
အရင်ဆုံး ကောင်မလေးရတယ်၊ ခုကျတော့ဒီမိန်းကလေးက သူ့ကို မျက်နှာလိုမျက်နှာရ လုပ်နေတယ်။
ရှီရွှမ်းက သူ့ညီမနှင့် လျန်ရုန်ရုန်တို့ကြားက အချစ်-အမုန်း အရှုပ်တော်ပုံကို မသိထားပေ။ အဒေါ်အကြီးဆုံးက လျန်ရုန်ရုန်ကို သဘောမကျတာကြောင့် သူမယောက်ျား အရှေ့မှာသာ ပြောဖူးသော်လည်း သူမ၏မကောင်းကြောင်းကို ကလေးတွေရှေ့၌ တစ်ခါမှ မပြောဖူးပေ။
သူမက လူငယ်တစ်ယောက်၏ အကြောင်းကို အခြားလူငယ်ရှေ့တွင် မကောင်းပြောမည့်သူ မဟုတ်ချေ။
ရှီရွှမ်းက လျန်ရုန်ရုန်နှင့် အကြိမ်ရေအနည်းငယ်သာ မြင်တွေ့ခဲ့ဖူးတာဖြစ်ပြီး သူမ၏အကြောင်းကို ကောင်းကောင်းမသိထားသဖြင့် စနောက်သောလေသံဖြင့် ပြောလိုက်တာပင်။
ရှီလီ မတုံ့ပြန်နိုင်ခင်မှာဘဲ ရှီချွမ်က သူ့ညီမတွေ နောက်မှာကျန်ခဲ့တာကို သတိထားမိသွားပြီး သူတို့နှစ်ယောက်ကို အမှီလိုက်လာဖို့လှမ်းခေါ်လာသည်။
ရှီလီနှင့် ရှီရွှမ်းမှာ စိတ်မတင်မကျဖြစ်နေသည့် ရှီချွမ်၏ပုံစံကို မြင်ရခဲတာကြောင့် အီလေးမဆွဲရဲဘဲ အမြန်မှီအောင် လိုက်သွား၏။
ရှီမိသားစုအိမ်နှင့် ရပ်ကွက်ချင်းတူသောဖုန်းမိသားစု၏ ဗီလာသို့ လမ်းလျှောက်သွားရသည်မှာ အတော်လေးလှမ်းသည်။
ဖုန်းမိသားစု ဗီလာ၏ အတွင်းအပြင်ကိုပြင်းပြသော နှစ်ကူးအငွေ့အသက်တွေဖြင့် အလှဆင်ထားသော်လည်း ဗီလာကြီးတွင်မိသားစုလေးယောက်သာ နေထိုင်ပေသည်။ အိမ်ဖော်အများစုက နှစ်ကူးတွင် အိမ်ပြန်သွားကြပြီဖြစ်တာကြောင့် ဗီလာမှာ တစ်နည်းတစ်ဖုံဗလာဖြစ်နေသလို ခံစားမိစေသည်။
ဖုန်းအဖေ၏ မျက်နှာမှာ လုံးဝိုင်းလာပြီးသူ၏ ပညာရှိဆန်သော ပုံမှန်သွင်မြင်မှာ ယခုဆို ပိုမိုများပြားသော ကြင်နာမှုများကိုသယ်ဆောင်ထားလျှက်။
သူသည် လွန်ခဲ့သော လအနည်းငယ်ခန့်က ကားအက်ဆီးဒန့်ဖြစ်ပြီးနောက် အလုပ်မလုပ်တော့ဘဲ အိမ်မှာ ကောင်းမွန်စွာ စားသောက်၍ နာလန်ပြန်ထူအောင် လုပ်နေခဲ့တာကြောင့် သူ့အနေနှင့် ဝိတ်တက်လာသည်မှာ သဘာဝဖြစ်သည်။
ဖုန်းအဖေက အိမ်မှာပဲ ပြန်လည်ကျန်းမာလာအောင် လုပ်နေစဉ်တွင် ဖုန်းယွင်ဟယ်က ကျောင်းနှင့် ကုမ္ပဏီကြားတွင် ပြေးလွှားနေခဲ့ရ၏။
ကုမ္ပဏီကို ဖုန်းယွင်ဟယ်ထဲ လွှဲပြောင်းပေးလိုက်ပြီးသည့်နောက် ပြဿနာတွေကို ရှောင်လွှဲလာနိုင်ရုံတင်မကဘဲ၊ အမှန်တကယ် တိုးတက်လာ၍ ဖုန်းအဖေကို အိမ်မှာပဲ စိတ်ချလက်ချအနားယူစေနိုင်ကာ ကုမ္ပဏီကို သူ့သားလက်ထဲအပ်နှံခဲ့ရာ၌ ပိုပြီးတောင် ယုံကြည်ချက်ရှိလာတော့သည်။
အဒေါ်အကြီးဆုံးနှင့် ဖုန်းအမေက သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကြပြီး ရှီချွမ်နှင့် ရှီရွှမ်းမောင်နှမကလည်း ဖုန်းအမေနှင့် အတော်လေးရင်းနှီးပေသည်။
သူတို့သည် နှစ်ကူးနှုတ်ဆက်စကားဆိုရန်အတွက် ဖုန်းမိသားစုထံသို့ အမြဲတမ်း လာလည်နေကြပင်။
လူငယ်လေးတွေ၏ နှစ်ကူးနှုတ်ဆက်စကားကို ကြားလိုက်ရတော့ ဖုန်းအမေက ပြုံးလိုက်ပြီး စာအိတ်နီသုံးအိတ်ကို ပေးလိုက်သည်။
သူတို့က ဖုန်းအမေနှင့် ဆက်ဆံရေး ရင်းနှီးကြတာကြောင့် အနှီစာအိတ်နီများကို လက်ခံရသည်မှာ လက်သင့်ခံနိုင်စရာဖြစ်သည်။
242 03
ဖုန်းယွင်ဟယ်က သူ့မိဘတွေနား မတ်တပ်ရပ်နေပြီး ကြောကြောမော့မော့ ဝတ်စားထား၏။ သူသည် ရှီလီနှင့် သက်တူရွယ်တူဖြစ်သော်ငြားကိုယ်တိုင်းချုပ်ထားသော ဝတ်စုံကို ဝတ်ထားချိန်မှာတော့ ရှီချွမ်နှင့် သက်တူရွယ်တူလို့ပိုထင်ရသည်။
ကလေးသုံးယောက်က လေးစားသမှုပြုလာပြီးနောက် ဖုန်းအမေက သူတို့တွင် နောက်ထပ်လည်ပတ်စရာတွေ ကျန်နေသေးမယ်ဆိုတာကိုသိနေသဖြင့် သူတို့ကို ဆွဲမထားတော့ပေ။
သူမ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ “မင်းတို့မှာ လည်ပတ်စရာတွေ ကျန်နေသေးတယ်ဆိုတာကို အန်တီသိလို့ ဆွဲမထားတော့ဘူး။ ရှီချွမ်၊ အန်တီတို့ ယွင်ဟယ်ကိုပါ သားနဲ့ခေါ်သွားလိုက်နော်။ သားတို့က သက်တူရွယ်တူဆိုတော့ ပြောစရာစကားတွေ အများကြီးရှိနေကြမှာပဲ”
သူ့အုပ်စုက ဘယ်လိုဖြစ်လို့ လူတွေ ဆက်တိုက်တိုးလာနေလဲဆိုတာကို ရှီချွမ် နားမလည်နိုင်တော့ပေ။
သူ့ညီမနှစ်ယောက်ကို ခွာမချရသေးခင်၌ လျန်ရုန်ရုန်ကို လိုက်ပို့ရန် စီစဉ်နေစဉ်မှာတင် ယခုတော့ ဖုန်းယွင်ဟယ်ကပါ အုပ်စုထဲတိုးလာခဲ့လေပြီ။
ရှီချွမ်မှာ ဖုန်းအမေကို မငြင်းဆန်နိုင်တာကြောင့် မျက်ရည်စက်လက်ဖြင့် သဘောတူလိုက်ရတော့၏။
ပြီးနောက် လျန်ရုန်ရုန်က ဝင်ပြောလာပြန်၏။ “အစ်ကို၊ ကျွန်မလည်း သွားလည်တဲ့အထဲ လိုက်ချင်တယ်”
ရှီလီသည် မကောင်းတာတစ်ခုခုကို စားလိုက်မိသလို ဖြစ်သွားသော သူမဝမ်းကွဲ၏ မျက်နှာထားကို မလွဲလိုက်ပေ။
သူမ၏ စိတ်ထဲမှာတော့ ဝမ်းကွဲအတွက် အသံဖြင့် နောက်ခံစကားပြောပေးလိုက်၏:[ဟေး၊ ငါအခုလေးတင် နတ်ဆိုးတွေနဲ့၊ မကောင်းဆိုးဝါးတွေကို ဖမ်းလာတာကို၊ဘေးပတ်ဝန်းကျင်မှာ မိစ္ဆာတွေက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ~]
ရှီလီ၏ သီချင်းဆိုသံက သာမန်တော့မဟုတ်နေချေ။
ဂီတဆရာသည် အခြားကျောင်းသားတွေ အန်မထွက်မိစေရန် ဓမ္မတေးလေ့ကျင့်သည့် အထဲ၌ သူမကို သီချင်းမဆိုဖို့ မကြေညာလိုက်ခင်တွင် သူမ၏အသံကို တစ်ကြောင်းလောက်သာ နားထောင်ဖို့ လိုအပ်သည့်အထိပင်။
ရှီလီက ကီးချော်အောင်လို့ တမင်တကာ လုပ်ခြင်း မဟုတ်ချေ။
ထို့ကြောင့် အနှီမကောင်းဆိုးဝါးဆန်သောသီချင်းဆိုသံ ရုတ်တရက် ထွက်ပေါ်လာချိန်၌ လူကြီးတစ်ယောက်လို စမတ်ကျကျ ဝတ်စုံကိုဝတ်၍ ဆံပင်ကို စတိုင်ကျကျ ဖီးသင်ထားသော ဖုန်းယွင်ဟယ်မှာ အဆုံးတွင်မူ သူ၏ကိုယ်နေဟန်ထားကို မထိန်းသိမ်းနိုင်တော့ပေ။
သူ့ပါးစပ်ထောင့်မှာ နှစ်ကြိမ်ခန့် တွန့်သွားရတော့၏။
ဘာကြောင့် သုံးကြိမ်မဟုတ်ဘဲ နှစ်ကြိမ်ပဲဖြစ်ရလဲ ဆိုတာကတော့ - လူငယ်သူဌေးကြီး ဖုန်းယွင်ဟယ်က သူ့ကိုယ်သူ နောက်ဆုံးအကြိမ်အဖြစ် အလိုလိုက်ခြင်း ဖြစ်နေလို့ပင်။
******
243 01
အခန်း ၂၄၃: သူမသာ ငါ့အပေါ် အားစိုက်ထုတ်ပေးနေသရွေ့၊ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး
ဖုန်းမိသားစု ဗီလာသို့ နှစ်ကူးနှုတ်ဆက်စကားဆိုရန်အတွက် ရှီချွမ် ရောက်သွားတော့ သူ့အနောက်တွင် လူသုံးယောက်လိုက်လာတာဖြစ်ပြီး ထိုထဲကတစ်ယောက်ကိုမူ များမကြာခင်တွင် ခွာချနိုင်တော့မှာဖြစ်သည်။
သို့သော် ဖုန်းမိသားစု ဗီလာထဲမှ ထွက်လာ သည့်အခါမှာတော့ နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခုပါ ထပ်တိုးလာခဲ့၏။
အစောပိုင်းတုန်းကပင် သူ့ကောင်မလေးထံမက်ဆေ့ခ်ျပို့၍ ယနေ့တွင် မိသားစုကိစ္စတွေ ရှိနေတာကြောင့် နှစ်သစ်ကူး နှုတ်ဆက်စကားဆိုရန်အတွက် အကြီးအကဲတွေဆီ သွားစရာမလိုတော့သဖြင့် မကြာခင်တွင် သူမကို လာတွေ့လို့ရသည်ဟု ပြောခဲ့တာပင်။
ရှီချွမ်မှာ အနှီမက်ဆေ့ခ်ျကို ပြန်ဖျက်လိုက်ချင်သော်လည်း ၎င်းကို ပို့ပြီးသည်မှာ သုံးမိနစ်ကျော်နေပြီဖြစ်၍ ပြန်ဖျက်ဖို့ရာ မဖြစ်နိုင်တော့ချေ။
အစီအစဉ် ပြောင်းသွား၍ သူမနှင့် မတွေ့နိုင်တော့ဘူးဟူ၍သာ နောက်ထက်မက်ဆေ့ခ်ျအချို့ကို ထပ်ပို့လိုက်ရသည်။
မက်ဆေ့ခ်ျများကို ပို့ပြီးနောက် ရှီချွမ်က သူ၏ ဝန်ထုပ်ဝန်ပိုး နောက်လိုက်များကို သက်ပြင်းချကာ ပြောလိုက်၏။ “နှစ်ကူးအတွက်သွားလည်ကြမယ်”
ရှီရွှမ်းသည် ဖိအားပေးမည့် လူကြီးတွေမပါတော့ နှစ်သစ်ကူးအတွက် သွားလည်ပတ်ရန် သူမအစ်ကိုနောက် မလိုက်ချင်ပေ။
ထိုအစား သူမ၏ ချစ်သူကောင်လေးကိုသာတွေ့ချင်သည့် အတွေးတွေရှိနေသည်။
“ကိုကြီး၊ ညီမလေးလေ..."
ရှီချွမ်သည် ညီမရင်းဖြစ်သော သူမ၏အကြောင်းကို ကောင်းကောင်းသိနေသည်။ ရှီရွှမ်းက ရည်ရွယ်ရာကို ဆုံးခန်းတိုင်အောင်မပြောရသေးခင်မှာတင် သူက အမြန်ဖြတ်ပြောလိုက်၏ “ဟင့်အင်း၊ မရဘူး”
သူ့လက်တွဲဖော်နဲ့ မတွေ့ရရင် အခြားဘယ်သူမှ လည်း မတွေ့နိုင်စေရဘူး။
ရှီရွှမ်းမှာ စူပုပ်ပြီး ပါးစပ်ကို ပိတ်ထားလိုက်ပြီး ရှီချွမ်နောက်သို့ နာခံမှုရှိစွာဖြင့် လိုက်ရုံသာ တတ်နိုင်တော့၏။
သူတို့၏ ဦးစားပေး လည်ပတ်မှုတွေကတော့ သဘာဝကျကျပဲ အနီးဝန်းကျင်မှ အိမ်နီးချင်းတွေ ဖြစ်ပေသည်။
ဖုန်းဟွင်ဟယ်က စကားများသည့်သူ မဟုတ်သော်လည်း သူ့ကိုယ်သူ ရှီလီနှင့် တော်လှန်ခြင်း ဆက်ဆံရေး ရှိနေရမည်ဟုတွေး၍ မေးလိုက်သည်။ “ဦးလေးနဲ့ အဒေါ်က ဘာလို့ထွက်မလာတာလဲ။ အိမ်မှာ တစ်ခုခုဖြစ်လို့လား”
ဖုန်းယွင်ဟယ်သည် အစကတော့ ရှီချွမ်၏အဘွားမှာ တစ်ခုခုဖြစ်နေပြီလို့ အတွေးဝင်မိသော်လည်း သူ့အတွေးကို အမြန်ပယ်ဖျက်လိုက်၏။ အကယ်၍ ထိုသို့သာဆိုလျှင်နှစ်ကူးတွင် လည်ပတ်ရန်အတွက် ရှီမောင်နှမ သုံးယောက်က အပြင်ထွက်လာမှာ မဟုတ်ပေ။
ရှီချွမ်က ခပ်ဖွဖွပြုံး၍ “မဖြစ်ပါဘူး၊ ဒီအတိုင်းအမျိုးတွေ လာလည်ကြလို့၊ ငါတို့ မိဘတွေ၊ဦးလေးနဲ့ အဒေါ်က သူတို့ကို ဧည့်ခံရအောင် အိမ်မှာပဲနေခဲ့ကြတယ်။ လည်ပတ်ဖို့အတွက် သူတို့တွေ ထွက်လာဖို့မရတော့ ငါတို့ အငယ်သုံးယောက်ကိုပဲ လွှတ်လိုက်တာ”
ဖုန်းယွင်ဟယ် ခေါင်းညိတ်ပြလိုက်သည်။ ဖုန်းအမေက နှစ်ကူးတွင် လည်ပတ်ရန်အတွက်သူ့ကို လွှတ်လိုက်ခြင်းမှာ ဖုန်းအဖေ နေလို့မကောင်း ဖြစ်နေတာကြောင့် သူမက အိမ်မှာနေပြီး သူ့ကို ပြုစုပေးဖို့ လိုအပ်နေလို့ပင်။ မိဘနှစ်ပါးလုံး အပြင်မထွက်နိုင်ကြတော့ လည်ပတ်ရန်အတွက် “အထက်တန်းကျောင်း သား” ကိုသာ လွှတ်လိုက်သည်။
ဖုန်းယွင်ဟယ်က အလုပ်တွင် ပရောဂျက်များကို အမှီအခိုကင်းကင်း ကိုင်တယ်နိုင်၍ကုမ္ပဏီ အမှုဆောင်များ၊ ပြိုင်ဘက်များနှင့်အထိုက်အလျောက် ပေါင်းသင်း ဆက်ဆံနိုင်နေပြီဆိုသော်လည်း သူ့အမေကတော့ သူတစ်ယောက်တည်း နှစ်ကူးတွင် လည်ပတ်ရမှာကို စိတ်ပူနေတုန်းပင်။
ဖုန်းအဖေ၏ အခြေအနေက တကယ့်ကို ကံခေလှ၏။ ယခင်ဆောင်းဦးပိုင်း၌ ရခဲ့သောထိခိုက်ဒဏ်ရာများကို ပျောက်ကင်းအောင် မလုပ်ရသေးခင်မှာဘဲ ရေချိုးခန်းထဲတွင် ချော်လဲ၍ တင်ပါးဒဏ်ဖြစ်သွားချေသည်။
ယခုတစ်ခေါက် ဒဏ်ရာက ယခင်တစ်ခုထက်ပိုဆိုးရွားသည်။ ယခင်တစ်ခေါက်တုန်းက သူသည် အဆင်သိပ်မပြေသော်လည်း ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ခဲ့ကာ ယခုကတော့ရေရှည်အတွက် ဘီးတပ်ကုလားထိုင်အပေါ် မှီခိုရတော့မှာပင်။
သူ၏ အကန့်အသတ်ရှိသော လှုပ်ရှားသွားလာနိုင်မှုကြောင့် နှစ်ကူးတွင် သွားရောက်မလည်ပတ်နိုင်သည်မှာ သဘာဝပင်ဖြစ်ပေသည်။
တစ်စုံတစ်ရာကို ဖုန်းယွင်ဟယ် သတိထားမိလာခဲ့၏: သူ့အဖေ ထိခိုက်ဒဏ်ရာရ၍ အိပ်ရာထဲ လဲလျောင်းနေခဲ့ကတည်းက သူ့အမေမှာ သူ့ကို မကြာခဏ ဂရုစိုက်ပေး၍ ယခင်ထက်ပင်ပန်းစွာ အလုပ်လုပ်နေရသော်လည်း သူမ၏အသားရောင်နှင့် စိတ်ဓာတ်တို့ကတော့ ဆန်းကြယ်လှလောက်အောင် တိုးတက်လာလေသည်။
အကယ်၍ သူ့အဖေ အပြည့်အဝ မကောင်းမွန်နိုင်ပါက ပိုကောင်းလိမ့်မည်ဟု ဖုန်းယွင်ဟယ် တွေးမိသည်။
243 02
ဤသို့ဆိုလျှင် သူ့အတွက်ရော၊ သူ့အမေအတွက်ပါ ပိုအဆင်ပြေစေမှာပင်။
ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရသောဖုန်းအဖေမှာ သူ၏ ဝတ္တရားကျေပွန်သောသားတွင် ယခုလို အတွေးတွေ ခိုအောင်းနေလိမ့်မယ်ဆိုတာကို မသိနေပေ။
ဖုန်းယွင်ဟယ်က ရှီချွမ်က အတော်လေး ပိုငယ်သော်လည်း ကုမ္ပဏီသို့ စောစီးစွာ ဝင်နိုင်ခဲ့၍ ကုမ္ပဏီ၏ ပရောဂျက်များအကြောင်း ဆွေးနွေးချိန်၌ တူညီသော အကြောင်းအရာကို သူတို့တွေ ရှာတွေ့ခဲ့သည်။
ဖုန်းယွင်ဟယ်နှင့် ရှီချွမ်တို့တွေ ပေါ့ပေါ့ပါးပါးစကားပြောနေရင်း နောက်ထပ် အိမ်နီးချင်း၏အိမ်ဆီသို့ ရောက်ရှိလာကြသည်။
ဤအိမ်ရှိ လူငယ်တွေက နိုင်ငံခြားသို့ အပန်းဖြေခရီး ထွက်သွားကြသဖြင့် ဗီလာထဲတွင်သက်ကြီးရွယ်အို စုံတွဲသာ ကျန်ရစ်ခဲ့၏။
ရှီမောင်နှမသုံးယောက်သည် ငယ်ငယ်တုန်းကဤသက်ကြီးရွယ်အို စုံတွဲဆီကနေ သကြားလုံးတွေ မကြာခဏ ရရှိခဲ့ဖူးပြီး အနှီ သက်ကြီးဝါကြီး နှစ်ယောက်အပေါ် အလွန်ကောင်းမွန်သောအမြင်တစ်ခု ရှိထားကြသည်။
နှစ်သစ်ကူးတွင် ကိုယ့်ဘာသာကိုယ် လည်ပတ်ကြသည်မှာ လူငယ်တွေ၏ ပေါ့ပေါ့ပါးပါး ဓလေ့ဖြစ်၍ – ရှီချွမ်က သူပုဂ္ဂိုလ်ရေးအရသဘောကျသော လူကြီးသူမများဆီသို့သာ လည်ပတ်ပေသည်။
ကြွားဝါတတ်ပြီး ဝါဒဆန်ဆန် ပြုမူတတ်သောအိမ်နီးချင်းတွေကိုတော့ ရှီချွမ်၏ ဦးလေးကသူတို့ကို စီးပွားရေးအရ နှီးနွှယ်နေ၍ ပုံမှန်လိုထိန်းသိမ်းထားသော်လည်း ရှီချွမ်ကတော့ ရည်မွန်သော အပြင်ပန်းအသွင်အပြင်ရှိသော်လည်း ရှီမိသားစုမှ ကျန်သောလူများကဲ့သို့အတော်လေး ပေါ့ပေါ့ပါးပါးရှိသည်။
သက်ကြီးရွယ်အို စုံတွဲက လူငယ်တွေကို မြင်တွေ့ရတိုင်း၌ အမြဲပျော်ရွှင်နေလေသည်။ သူတို့၏ ကလေးတွေက အဝေးတွင် ရောက်နေချိန်တွင် ကြည့်ကောင်းသော လူငယ်ငါးဦးက နှစ်ကူးနှုတ်ဆက်စကားဆိုရန် ရောက်လာသည့်အတွက် အင်မတန် ပျော်ရွှင်နေကြသည်။
သက်ကြီးရွယ်အို စုံတွဲ၏ ချစ်ခင်နှစ်သက်မှုကိုဖော်ပြသည့် နည်းလမ်းကတော့ နှစ်တွေကြာသွားတာတောင် မပြောင်းလဲသွားချေ။ သူတို့က ကလေးတွေကို သကြားလုံးတွေ ပေးလာကြသည်။
၎င်းမှာ သကြားလုံးက ဘယ်လောက်ဈေးကြီးတယ်ဆိုတာ မဟုတ်ပေ။ ဒီခေတ်ကြီးထဲမှာ ဘယ်သူက သကြားလုံး မဝယ်စားနိုင်လို့လဲ။
သက်ကြီးရွယ်အို စုံတွဲ၏ တွေးပေးတတ်ခြင်းကသာ တန်ဖိုးရှိဝာာဖြစ်ပြီး သကြားလုံးမစားတာ အတော်လေး ကြာသွားပြီဖြစ်သည့် ရှီချွမ်တောင် နှစ်လုံးကိုယူပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။
လူတိုင်း၏ ပဟေဠိဖြစ်နေသော အကြည့်များအောက်၌ ရှီချွမ်က ကိုယ်နေဟန်ထားကို ထိန်းသိမ်း၍ ခေါင်းညိတ်ပြလိုက်ကာ“ငါ့ကောင်မလေးအတွက်”
မထင်မှတ်ထားသော ကြွားဝါခြင်းကြောင့် ရှီရွှမ်းနှင့် ရှီလီတို့ ညီအစ်မတွေမှာ အလိုလိုနှုတ်ခမ်းထော်မိကြတော့၏။
လျန်ရုန်ရုန်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားရ၏။
အဘွားအိုက မိန်းကလေးတွေကို အထူးနှစ်သက်ပြီး ဗီလာရပ်ကွက်ထဲက ကလေးတွေကြားထဲရှိ ရှီရွှမ်းကို အင်မတန် တွယ်တာလေသည်။
အဘွားအိုက သားလေးယောက်မွေးခဲ့ပြီးတစ်ခါမှ သမီးမိန်းကလေး မရဖူးဘဲ သူမ၏မြေးတွေကတောင် မြေးယောက်ျားလေးတွေဖြစ်၍ မြေးမိန်းကလေးဟူ၍ တစ်ယောက်ပင်မရှိချေ။
ရှီရွှမ်းက လှပပြီး နှုတ်ချိုသည်။ သူမ ငယ်ငယ်လေးတုန်းက အဒေါ်ဖြစ်သူမှာ သူမ သွားပိုးစားမှာကို စိုးရိမ်တာကြောင့် သကြားလုံး မစားခိုင်းသော်လည်း ရှီရွှမ်းကအချိုကို မလွန်ဆန်နိုင်သည့် လောဘကြီးသောကလေးတစ်ယောက် ဖြစ်ခဲ့သည်။
လှပသော အိမ်နီးချင်း အဘွားအိုကသာ သူမကို အချိန်နှင့်အမျှ သကြားလုံးတွေ ပေးတတ်သဖြင့် အထိန်းအကွပ်သိပ်မရှိသောရှီရွှမ်းက သူမအား အဘွားအဖြစ် မွေးစားချင်ခဲ့လေသည်။
ရှီရွှမ်းက အပြောချိုချိုလေးများကြောင့် အဘွားအို၏ သကြားလုံးတွေကို အရယူနိုင်ခဲ့ဆုံး ဖြစ်ခဲ့၏။
အဘွားအိုက ရှီချွမ်တွင် ကောင်မလေးရှိနေပြီဆိုတာကို ကြားလိုက်ရတော့ မေးလာသည်။ “ချွမ်မှာ လက်တွဲဖော်ရှိနေပြီလား။ သားမှာဓာတ်ပုံတွေ ရှိလား။ အဘွားကို ပေးကြည့်စမ်းပါဦးကွယ်”
“ဟုတ်၊ ရှိတယ်ဗျ” ရှီချွမ်က ဖုန်းကိုထုတ်ယူ၍ဓာတ်ပုံ gallery ကို ဖွင့်နေချိန်၍ သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ပွင့် ဖြစ်တည်လာတော့သည်။
ဘေးနားတွင် စာဖတ်ဟန်ဆောင်နေသည့်အဘိုးအိုမှာ တကယ်တော့ အာရုံစူးစိုက်ပြီးနားထောင်နေတာဖြစ်၍ သူ့ဇနီး၏ ဓာတ်ပုံတွေကြည့်ချင်တယ်လို့ ပြောလာသံကို ကြားလိုက်ရချိန်မှာတော့ နောက်ဆုံးတွင် အနားသို့ရောက်ချလာ၏။
“ငါလည်း ကြည့်မယ်ဟေ့”
ရှီလီနှင့် ရှီရွှမ်းတို့ ညီအစ်မနှစ်ယောက်မှာ အဘွားအို၏ တောင်းဆိုချက်အပေါ် အခွင့် အရေးယူ၍ ရှီချွမ့် ကောင်မလေး၏ သရုပ်မှန်ကို ပထမဆုံး ကြည့်နိုင်လိုက်ကြ၏။
243 03
ရှီလီမှာ မထိန်းနိုင်တော့ဘဲ ဆဲရေးမိလိုက်၏။ “ဒီလူကတော့ ဏှာဘူးပဲ၊ သူမ အသက်ပြည့်ပြီဆိုတာ သေချာရဲ့လား”
ဓာတ်ပုံထဲရှိ ကောင်မလေးမှာ အင်မတန် ငယ်ရွယ်ပြီး ရှီလီထက် ငယ်ရွယ်သည့်ပုံ ပေါ်နေသည်။
သူမတွင် အထူးသဖြင့် ချိုမြိန်သော မျက်နှာရှိ၍ ပြုံးလိုက်ချိန်တိုင်း ပါးချိုင်းသေးလေးနှစ်ခု ပေါ်နေကာ သူမ၏ ဓာတ်ပုံတွေကို ကြည့်လိုက်သည့် လူတိုင်းအား အလိုလို ပြုံးမိသွားစေနိုင်သည်။
အဘိုးအိုက ပိုလို့တောင် တဲ့တိုးဆန်၏။ “ဥပဒေကို ငါတို့တွေ ချိုးဖောက်လို့ မရဘူးနော်၊အသက်မပြည့်သေးတဲ့သူတွေကို တွဲလို့မရဘူး”
ဘေးပတ်လည်မှ လူတိုင်း၏ တူညီသောအကြည့်များကို မြင်လိုက်ရတော့ ရှီချွမ်၏ပါးစပ်မှာ တွန့်သွား၍ “အကုန်လုံး ဘာတွေတွေးနေကြတာလဲ။ သူမက ကျွန်တော့်ထက်နှစ်ဝက်တောင် ကြီးသေးတယ်”
ရှီလီ၏ အကြည့်မှာ ဓာတ်ပုံထဲက မိန်းကလေးနှင့် ရှီချွမ်၏ မျက်နှာကြားတွင် လူးလာခေါက်ပြန်နေပြီး အဆုံးတွင် ကောက်ချက်ချလိုက်၏။ “ကိုကြီး၊ ကိုကြီးတို့နှစ်ယောက် အပြင်ထွက်ရင် မောင်နှမနဲ့တူမှာ မဟုတ်ဘူး။ အဖေနဲ့ သမီးအတိုင်းပဲ”
မျက်နှာမှာ အမွေးအမျှင်မပါလျှင် ယုံကြည်လို့ မရဘူးလို့ တရုတ်လူမျိုးတွေ ပြောကြသည်၊ ဆိုလိုသည်မှာ သင် ဘယ်လောက်ပဲ လုပ်ကိုင်ရည်ရှိနေပါစေ၊ သင်သာ ငယ်ရွယ်သည့်ပုံပေါက်နေပါက သင့်လုပ်ရည်ကိုင်ရည်ကိုဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပေ။
ရှီချွမ်က ရုပ်မရင့်သော်ငြား အလုပ်တွင် မှီခိုအားထားလို့ရသည့်ပုံပေါ်ရန်၊ လက်အောက်ငယ်သားတွေဆီမှ လေးစားမှုရရန်နှင့် စီးပွားရေး ပါတနာများထံမှ ယုံကြည်မှုရရန်အတွက် ပိုရင့်ကျက်သည့်ပုံပေါ်အောင်လို့တမင်တကာ ဝတ်စားပေသည်။
ရလဒ်ကတော့ ရှီချွမ်သည် ငယ်ရွယ်သော်ငြားလူအိုကြီးလို ဝတ်စားလာတော့တာပင်။
သူ့အဒေါ်က ကုမ္ပဏီတွင် သူမ၏ အကြီးဆုံးသားနှင့် ဝင်တိုးမိတာကို မကြိုက်ဘဲ ၎င်းက သူမမျက်လုံးတွေအား ညစ်ညမ်းစေတယ်လို့ခံစားမိစေတာကြောင့်ပင်။
ရှီချွမ်၏ မျက်နှာမှာ မှောင်မည်းသွား၏ –ဒီကောင်မလေး ဘာတွေပြောနေတာလဲဟ။
အဘွားအိုက ချီးကျုးလိုက်၏။ “ဒီကောင်မလေးက အတော်လှသားပဲ၊ ချွမ်ကတော့ အရွေးကောင်းတယ်ဟေ့”
အဘွားအိုက ရှီချွမ်အပေါ် သိသိသာသာစိုးရိမ်မှုတွေ ပြသပြီးနောက် သူမ၏ အချစ်ဆုံးဖြစ်သော ရှီရွှမ်းဘက်သို့ အာရုံလှည့်လာ၏။ “သမီးရဲ့အလုပ်ခွင်မှာ သင့်တော်တဲ့ ကောင်လေးတွေရှိလား။ သမီးမှာ ကောင်လေးရှိနေပြီလား။ အဘွားရဲ့ မြေးတွေက အရမ်းချောကြတာနော်၊ သမီး ကြိုက်မလားလို့ ကြည့်ကြည့်ပါလား”
ရှီရွှမ်း စကားမပြောနိုင်ခင်မှာတင် ရှီချွမ်ကကြားဖြတ်ပြောလာ၏။ “အဘွား၊ သူမမှာ ချစ်သူကောင်လေးရှိတယ်”
ဤစကားကိုကြားတော့ အဘွားအိုကိုကြည့်ရသည်မှာ စိတ်ပျက်သွားသည့်ပုံ ပေါ်ပြီး“ဒီလိုဆို ငါ့မြေးတွေရဲ့ ဝမ်းဗိုက်ကြွက်သား ခြောက်ခုကတော့ နှမြောစရာ ဖြစ်သွားရပြီ”
ရှီရွှမ်းသည် ကလေးဘဝကတည်းက ကောင်လေးတွေကို ရူးသွပ်ခဲ့ပြီး အရွယ်ရောက်လာသည့်တိုင် မပြောင်းလဲသေးဘူးဆိုတာကို –အဘွားအိုက ကောင်းကောင်းကြီးသိထား၏။
ရှီရွှမ်းက အဘွားအို၏လက်ကို ဆွဲကိုင်ပြီး“အဘွား မှားနေပြီ – သူတို့က အဘွားရဲ့မြေး တွေဆိုမှတော့ သမီးရဲ့ အစ်ကိုတွေပဲပေါ့။ ညီမဖြစ်တဲ့ သမီးက သမီးရဲ့ အစ်ကိုတွေအကြောင်းကို မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အခု သမီးမှာ ကောင်လေးရှိနေပြီဆိုပေမဲ့၊ သမီးတို့ ရှီလီက လူလွတ်ပဲရှိသေးတယ်နော်”
******
244 01
အခန်း ၂၄၄: လျန်ရုန်ရုန် သေမတတ် ဒေါသထွက်ခဲ့ရတယ်
အဒေါ်အကြီးဆုံးက စိတ်ထားပွင့်လင်းပြီး သူမသမီး ရွေးချယ်ထားသည့် လက်တွဲဖော်က ဘယ်သူဘယ်ဝါပဲဖြစ်နေပါစေ၊ အကျင့်စရိုက်ကောင်းနေသရွေ့ - အခြားဘာမှ အရေးမကြီးတော့ဘဲ သဘောတူပေးမည့် လူစားမျိုးပင်။
သို့သော် အဒေါ်အကြီးဆုံးတွင် အကျင့်စရိုက်ကောင်းမွန်ရမည်ဟူသော အရေးကြီးသည့်အချက်နှင့် သာတူညီမျှ အရေးကြီးသောနောက်တစ်ချက်မှာ - သူမ၏ သမီးသည် အဝေးမှလူနှင့် လက်ထပ်၍မရဘူးဆိုတာပဲဖြစ်သည်။
သားတစ်ယောက်၊ သမီးတစ်ယောက် အမေဖြစ်သော အဒေါ်အကြီးဆုံးသည် သမီးဖြစ်သူကို ပိုနှစ်သက်သည်မှာ ရှင်းလင်းပေသည်။ သူ့သား၏ ဇနီးသည်မိသားစု ဘယ်မှာပဲနေနေသို့မဟုတ် သားဖြစ်သူက ယောက္ခမတွေနှင့် နေဖြစ်သွားလည်း အရေးမဟုတ်ချေ။
အကယ်၍ သားဖြစ်သူက ရပ်ဝေးမြေခြားမှာ အိမ်ထောင်ကျသွားလျှင်ပင် အဆင်ပြေသော်လည်း သမီးဖြစ်သူကတော့ မရပေ။
ဘာကို “အဝေး” လို့ ထည့်တွက်သနည်း။ အကယ်၍ သားမက်ကသာ သူတို့၏ သမီးကိုနှိပ်စက်ရဲလျှင် သူ့အား ရိုက်နှက်ရန်အတွက် သူတို့တွေ တစ်နာရီအတွင်း မရောက်ရှိနိုင်သည့်နေရာကို ဆိုလိုတာပင်။
အကယ်၍ သူမသည် သမီးဖြစ်သူကို အဝေး၌အိမ်ထောင်ပြုမှာကို သဘောမတူလျှင် ရေမြေရပ်ခြားက တစ်ယောက်ယောက်နှင့် လက်ထပ်ပေးလိုက်ဖို့ဆိုတာ မေးနေစရာပင်မလိုတော့ပေ။
ထို့ကြောင့် ဤမိသားစုထဲတွင် သင့်ဝောာ်ပြီးချောမောသည့် လူငယ်လေးတွေ ရှိတယ်ဆိုတာကို အဒေါ်အကြီးဆုံးက သိထားသော်လည်း ရှီရွှမ်းနှင့် မိတ်ဆက်ပေးဖို့ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့တာပင်။
အဘွားအိုသည် သူမရှေ့က လှပပြီး နှုတ်ချိုသော ရှီရွှမ်းကို အင်မတန် သဘောကျနေတာပင်။ သူမက ရွှီရွှမ်းအား မြေးမလေးလို အမြဲဆက်ဆံပေးခဲ့ကာ မြေးချွေး မဖြစ်လာနိုင်သည့်ဖြစ်နိုင်ခြေကိုတော့ မစဉ်းစားမိဖူးခဲ့ချေ။
ယခုတော့ ကြည့်ရသည်မှာ အကယ်၍ ရှီရွှမ်းသာ သူတို့မိသားစု၏ မြေးချွေးမဖြစ်လာလျှင်မိသားစုနှင့် တစ်စိတ်တစ်ပိုင်းဖြစ်နေတာနှင့်မခြားတော့သလိုပင်။
ထိုသို့စဉ်းစားကြည့်တော့မှ အဘွားအိုမှာ ၎င်းကို စောစောစီးစီး နားမလည်ခဲ့မိသည့်အတွက် နောင်တရသွားတော့၏။
သို့သော် အရမ်းနောက်မကျသေးပေ။
အဘွားအိုက သူမမြေးတွေ၏ ဓာတ်ပုံတွေကိုထုတ်ပြ၍ မြေးတစ်ယောက်ချင်းစီတိုင်း၏အားသာချက်နှင့် အားနည်းချက်များကို ရှီရွှမ်းအား အလေးအနက် ကြော်ငြာနေ၏။
ကောင်မလေးရှိပြီးသား မြေးနှစ်ယောက်ကို ဖယ်လိုက်လျှင်ပင် သူမ၌ လူလွတ်မြေးယောက်ျားလေးတွေ အများကြီး ကျန်နေသေးသည်။
အဘွားအိုက မိတ်ဆက်ပေးလေ၊ ပိုပြီးစိတ်လှုပ်ရှားလာလေဖြစ်လာကာ၊ သူတို့၏အိမ်သို့ မကြာခဏ လာလည်ဖူးသည့် ရှီရွှမ်းသည် အဘွားအို၌ သွေးတိုးရောဂါရှိနေတာကို သိထားတာကြောင့် သူမအား သွေးတိုးကျဆေးနှစ်လုံး အမြန်တိုက်၍ အရမ်းစိတ်မလှုပ်ရှားဖို့ ပြောလိုက်ရသည်။
အဘွားအို စိတ်မလှုပ်ရှားဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူမက ဗီဒီယိုကောလ်ပင် ခေါ်လိုက်သေးသည်။
နိုင်ငံခြားနှင့် အချိန်ကာလက မတူညီသော်ငြား သူတို့လည်း တရုတ်နှစ်ကူးပွဲတော်ကို ဆင်နွှဲနေကြတာဖြစ်ပြီး လွန်ခဲ့သော တစ်နာရီလောက်ကမှ အဘွားအိုထံ ဖုန်းခေါ်၍ နှစ်ကူးနှုတ်ဆက်စကား ပြောခဲ့ကြတာပင်။
ယခုတစ်ခေါက် သူမဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိရတာက အနည်းငယ် အံ့ဩဖို့ကောင်းလှသည်။
ငယ်ရွယ်ချောမောသော မျက်နှာက စခရင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ရှီရွှမ်းက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး သူမ၏တလှလှပ်ခုန်နေသော နှလုံးသားကို ဖိနှိပ်ရန်ကြိုးစားလိုက်သည်။ - သူ တော်တော်ချောဝာာပဲ။
သူမသည် ဗီလာသို့ မကြာခဏ လာရောက်လည်ပတ်ခဲ့ဖူးသော်ငြား အဘွားအို၏ မြေးယောက်ျားလေးတွေက အလွန်ကြည့်ကောင်းနေလိမ့်ဆိုတာကို သိမထားခဲ့ချေ။
တကယ်လို့ သူမသာ အစောကြီးကတည်းကသိခဲ့ရင်...
ရှီလီလည်း “တကယ်လို့ သူမသာ အစောကြီး ကတည်းက သိခဲ့ရင်” လို့ တွေးနေမိ၏ - သူမပိုချောမောသည့် ကောင်လေးတွေနှင့် မိတ်ဆက်ပေးခဲ့မိမှာပင်။
စခရင်ပေါ်က ငယ်ရွယ်ပြီး ကော်လဂျင်ပြည့်ဝ နေသည့် မျက်နှာကို အဝေးကနေတောင် ရှီလီ မြင်နိုင်သည်။ အကယ်၍ သူမသာ အစောကြီးကတည်းက ပိုငယ်ရွယ်သော ညီအစ်ကိုတွေနှင့်ရှီရွှမ်းကို မိတ်ဆက်ပေးခဲ့လျှင်။
(ရှီရွှမ်းထက် ပိုငယ်သော်လည်း အရွယ်ရောက်နေပြီဖြစ်သော) ငယ်ရွယ်သည့် ညီအစ်ကိုများမှာ သုံးဆယ်နားနီးနေပြီဖြစ်သည့် ချူးချွမ်ရှန်းထက် သေချာပေါက် ပိုသာလေသည်။
ချူးချွမ်ရှန်း အကြောင်းကို တွေးမိသွားတော့ရှီလီက သူမ၏ ဖုန်းကင်မရာကို ဖွင့်လိုက်ပြီး ရှီရွှမ်းနှင့် ချောမောသောကောင်လေး စကားပြောနေပုံနှင့် သူမမျက်နှာထက်က ကြာရှည်နေသော အပြုံးကို ဗီဒီယိုရိုက်ထားလိုက်၏။
ဗီဒီယိုထဲတွင် ရှီရွှမ်း၏မိန်းကလေးဆန်သောအသံကို ဖမ်းမိနိုင်လိုက်သည်အထိ ရှီလီ ကံကောင်းသွားသည်။
ရှီရွှမ်း၏ ကြင်နာတတ်သော စိတ်ထားရှိသည့်ညီမက ဤှဗီဒီယိုက်ု သူမ အရင်တုန်းက မဆက်သွယ်ဖူးခဲ့သည့် လူတစ်ယောက်ထံ တုံ့ဆိုင်းခြင်းမရှိ ပေးပို့လိုက်သည်။
244 02
အရင်တစ်ခေါက်တုန်းက ရှီရွှမ်း၏အိမ်တွင် ရှီလီသည် ချူးချွမ်ရှန်း၏ ဖုန်းနံပါတ်ကို ထူးထူးခြားခြား မှတ်ထားခဲ့သော်လည်း သူ့ကို ဘယ်တုန်းကမှ ဆက်သွယ်ခဲ့ခြင်း မရှိသလို -သူတို့ ဆက်သွယ်ခဲ့သည့် မှတ်တမ်းမှာလည်းလုံးဝ ဗလာဖြစ်နေခဲ့သည်။
ဗီဒီယိုနှင့်အတူ ရှီလီက မက်ဆေ့ခ်ျတစ်ခုပါ ပေးပို့လိုက်၏: [ညီမရဲ့အစ်မက အစ်ကိုကြီးကို လမ်းခွဲမယ်ဆိုတဲ့အကြောင်းကို ညီမကနေ တဆင့် ပြောခိုင်းလိုက်တယ်”
မက်ဆေ့ခ်ျပို့ပြီးနောက် သူ့ထံက ဘာရီပလိုင်းမှရှီလှ မရခဲ့ပေ။
ထိုအချိန်တွင် ရှီရွှမ်း၏ ဖုန်းသံမြည်လာတာကြောင့် ရှီလီ မျက်ခုံးတစ်ဖက်ပင့်လိုက်မိ၏ -တုံ့ပြန်တာ အတော်မြန်သားပဲ။
ရှီရွှမ်းက ပေါ့ပေါ့ပါးပါး ဖုန်းကိုင်လိုက်သော်လည်း စခရင်ပေါ်တွင် ပေါ်လာသည့် နာမည်က သူမကို အထိတ်တလန့် ဖြစ်သွားစေသည်။
၎င်းမှာ ချူးချွမ်ရှန်းဆီက ဖုန်းခေါ်ဆိုမှု ဖြစ်နေလေသည်။ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရကာ မောင်လေးနှင့် ချူးချွမ်ရှန်းကြား၌ အမိခံလိုက်ရချိန်မှာတော့ ရှီရွှမ်းက ရဲတင်းစွာ ဖုန်းခေါ်ဆိုမှုကို ငြင်းပယ်လိုက်သည်။
ရှီလီက ကြင်နာစွာဖြင့် သူမကို ရီပလိုင်းမပြန် သည့် တစ်ဖက်လူအား မက်ဆေ့ခ်ျပို့လိုက်၏:[အားနာလိုက်တာ၊ သူမ မောင်လေးနဲ့ စကားပြောရင်း အလုပ်ရှုပ်နေတာ၊ အစ်ကိုကြီးနဲ့စကားပြောဖို့ အချိန်မရှိလောက်ဘူး]
ရှီလီက မေးစေ့ကိုထိ၍ စဉ်းစားလိုက်သည်[ငါ့ကြည့်ရတာက အကျင့်ယုတ်တဲ့ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်နေရသလိုပဲ]
ရှီလီ၏ အတွေးတွေကို ကြားရခဲသည့်ဖုန်းယွင်ဟွယ်မှာ အသံလားရာဘက်သို့ လှည့်မကြည့်မိဘဲ မနေနိုင်တော့ပေ။
သူ့အကြည့်က ရှီလီဘက်သို့ လှည့်သွားချိန်မှာ မလျော်ကန်မှုကို နားလည်သွားသဖြင့် သူ့ကိုစကားပြောနေသည့် ရှီချွမ်ဘက်သို့ သဘာဝကျကျပဲ အာရုံပြန်စိုက်လိုက်သည်။
ရှီချွမ်က ရှီလီနှင့် မောင်နှမဆက်ဆံရေး စစ်မှန်တာကြောင့် သူ့ရှေ့ကလူ၏ သိမ်မွေ့သောပြောင်းလဲမှုကို သတိထားမိသွားသည်။ သူက မျက်ခုံးတစ်ဖက် ပင့်ရမည့်အစား သူ့နှုတ်ခမ်းတွေကို အပြုံးတစ်ခုအဖြစ် တွန့်ကွေးလိုက်တော့သည်။
တစ်ချိန်တည်းမှာပဲ ရှီလီက သူမကိုယ်သူမ အံဝင်ခွင်ကျဖြစ်အောင် လုပ်ပြီးသွားလေသည်[ဘယ်လိုပဲဖြစ်ဖြစ်၊ ငါက အကျင့်ယုတ်တဲ့ ဇာတ်ပို့တစ်ယောက်ပဲဟာ။ သူများတွေရဲ့ဆက်ဆံရေးကို မမွှေနှောက်လို့ရှိရင် ငါ့ဇာတ်ကောင်အတိုင်း ဘယ်ဖြစ်ပါတော့မလဲ]
ရှီလီ၏ စိတ်ထဲက စကားမှာ ဖုန်းယွင်ဟယ်ကို နောက်တစ်ခေါက် လှည့်မကြည့်မိဘဲ မနေနိုင်စေပေ။ ဘာကြောင့် ရှီလီ ဒီလိုတွေးလဲဆိုတာကို သူတကယ် သိချင်နေမိ၏၊ ဘာကြောင့် သူမကိုယ်သူ အကျင့်ယုတ်သော ဇာတ်ပို့နေရာကနေ စဉ်းစားလဲဆိုတာနှင့် သူမက ဘယ်လိုဆက်ဆံရေးကို ဝင်ရှုပ်နေလဲဆိုတာတွေအား ပိုပြီးတော့တောင် သိချင်မိလာတော့၏။
မက်ဆေ့ခ်ျကိုပို့အပြီး မရှေးမနှောင်းမှာပင် ရှီရွှမ်း၏ဖုန်းက ထပ်မံမြည်လာပြန်သည်။
ဒီတစ်ကြိမ်တော့ ရှီရွှမ်းက ဖုန်းမချတော့ပေ။ သူမသည် တစ်ဖက်က ပိုငယ်ရွယ်ပြီး ချောမောသော မောင်လေးကို တောင်းပန်စကားဆို၍ ဖုန်းဖြေရန်အတွက် ဧည့်ခန်း၏ အခြားတစ် ဖက်သို့ လျှောက်သွားတော့သည်။
ရှီရွှမ်း၏လေသံက အလွန်ညင်သာနေ၏“ဟယ်လို။ ဘာလို့ ရုတ်တရက်ကြီး ဖုန်းခေါ်လိုက်ရတာလဲ။ တစ်ခုခုဖြစ်လို့လားဟင်”
အရမ်းဝေးနေသဖြင့် ချူးချွမ်ရှန်း ဘာပြောနေတယ်ဆိုတာကို မကြားရဘဲ ရှီရွှမ်း၏ တုံ့ပြန်သံများကိုသာ ရှီလီ ကြားနေရသည်။
ကြည့်ရသည်မှာ ချူးချွမ်ရှန်းက သူမ ဘာလုပ်နေလဲဆိုပြီး မေးနေသည့်ပုံပင်၊ ရှီရွှမ်းက ရှင်းပြနေ၏။ “နှစ်ကူးမှာ နှုတ်ဆက်စကားပြောဖို့ အပြင်ရောက်နေတာ၊ လောလောဆယ်အလုပ်ရှုပ်နေတယ်။ စောနတုန်းက ဖုန်းမကိုင်လိုက်ရဘူး”
ရှီလီက ရိုးသားစွာ မျက်တောင်ခတ်လိုက်၏ -သူမနဲ့ ဘာဆိုင်ဘာလို့တုန်း။ သူမက ရိုးသားတဲ့ကောင်မလေးတစ်ယောက်ပါနော်။
နောက်တစ်စက္ကန့်တွင် ရိုးသားသော ကောင်မလေးမှာ သူမ၏ ချစ်ခင်လှသောအစ်မထံမှ အကြည့်စူးစူးကို လက်ခံလိုက်ရတော့သည်။
ရိုးသားသော မိန်းကလေးမှာ ခေါင်းကုတ်လိုက်ပြီး ရှီရွှမ်းအား ချူးချွမ်ရှန်း ဘာပြောနေတယ်ဆိုတာကို မသိဖြစ်နေသည်။
ရှီရွှမ်းက သူမကို စိုက်ကြည့်လာပြီးနောက် ဖုန်းတစ်ဖက်ကလူကို ချော့နေလေသည်။
သူမဝမ်းကွဲ၏ စကားတွေကို ကြားနေရတာက ရှီလီကို တိတ်တဆိတ် မျက်လုံးလှိမ့်မိစေ၏။
သတင်းဆိုး: သူတို့တွေ လမ်းမခွဲကြဘူး။
ပိုဆိုးတဲ့ သတင်းဆိုး: ရှီရွှမ်းက မောင်ငယ်လေးကို လုံးဝစိတ်မဝင်စားဘူးဘဲ။
တစ်စုံတစ်ယောက်၏ အဘိုးအဘွားများရှေ့၌အခြားတစ်ယောက်နှင့် ချစ်ကြည်နူးစွာ စကားပြောနေသည့် - သူမ၏ အပြုအမူမှာ အတော်လေး ရှင်းလင်းပြတ်သားနေသည်။
ရုတ်တရက် ရှီလီ၏ ဖုန်းထဲတွင် မက်ဆေ့ခ်ျတစ်စောင် ရောက်လာ၏။ ၎င်းမှာ အစောပိုင်းတုန်းက သူမ၏ မက်ဆေ့ခ်ျတွေကို ရီပလိုင်းမပြန်ခဲ့သော်လည်း ရှီရွှမ်းကို ဖုန်းနှစ်ကြိမ်ဆက်ခဲ့သော လူဆီမှပင်။
[သူတို့နဲ့ ကစားနေရုံပဲလို့ မင်းအစ်မက ပြောနေတယ်]
[ငါ့ကိုသာ အချစ်ဆုံးတဲ့]
244 03
ရှီလီသည် တိုက်ရိုက်ဗားရှင်းကို ကြည့်ပြီးပြီးဖြစ်တာကြောင့် သူပြန်ပြောပြလာတာကို မလိုအပ်ပေ။
သူမနှင့် ချူးချွမ်ရှန်းက တကယ့်ကို အစေးမကပ်သည့် စွမ်းအင်တွေဖြစ်ပြီး - သူ၏မက်ဆေ့ခ်ျကို မြင်လိုက်ရရုံနှင့် သူမကို ဒေါသထွက်လာစေသည်။
[သေစမ်း၊ လက်ဖက်စိမ်းကောင်ကို ငါ အမုန်းဆုံးပဲ]
ရှီလီက အသက်ဝဝရှု၍ ပြုံးကာ ပြန်ဖြေလိုက်သည်: [အဲဒါတွေက အစ်ကိုကြီးကို နှစ်သိမ့်ပေးတဲ့ စကားလုံးတွေ သက်သက်ရာ်ပါ၊တကယ်ကြီး ယုံနေတာတော့ မဟုတ်ပါဘူးနော်။ ]
သူက အလျင်အမြန် ပြန်ပို့လာ၏: [သူမသာ ငါ့အပေါ် အားစိုက်ထုတ်ပေးဖို့ ဆန္ဒရှိနေသရွေ့၊အရေးမကြီးဘူး]
ယခုဆိုလျှင် ရှီလီမှာ ဒေါသပုန်ထနေရပြီးရီပလိုင်းမပြန်ချငိတော့ပေ။
မကြာခင်မှာပဲ ရှီရွှမ်း၏ ဖုန်းခေါ်ဆိုမှုက အဆုံးသတ်သွားသည်။
ဗီဒီယိုကောလ်ထဲရှိ ချောမောသော လူငယ် လေးမှာ သူမ၏ ပြန်အလာကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေတုန်းပင်။
ရှီလီ ခေါင်းယမ်းလိုက်တော့၏။ ဒီလူငယ်လေးက အဲ့ဒီအိုကြီးအိုမ လက်ဖက်စိမ်းကောင်၊ချူးချွမ်ရှန်းထက် ပိုကောင်းတယ်ဆိုတာ အသိသာကြီးကို။
ရှီလီက တစ်ဖက်လူကို ရန်စဖို့အတွက် တစ်ခုခုပြောရန် ပြင်နေတုန်းမှာပဲ သူမ၏ဖုန်းက ရုတ်တရက် အသံမြည်လာသည်။
ရှီလီက ၎င်းမှာ သူမကို ဆူငေါက်ဖို့ ဖုန်းဆက်လာသည့် ချူးချွမ်ရှန်းဟု ထင်လိုက်သော်ငြား အမည်မသိ နံပါတ်ဟုတ်မနေဘဲ - ခေါ်ဆိုသူID က ဖူဟွေ့ရှင်း ဖြစ်နေသည်။
၎င်းမှာ နှစ်ကူးအတွက် နှုတ်ဆက်စကားဆိုရန် ဖုန်းခေါ်ဆိုမှု ဖြစ်နိုင်သည် - ရှီလီသည် မနက်အစောကြီးကတည်းက ဖုန်းခေါ်ဆိုမှုများစွာကိုလက်ခံရရှိခဲ့တာပင်။
နှစ်ကူးအတွက် နှုတ်ဆက်စကားဆိုသည့် ဖုန်းခေါ်ဆိုမှုကို မိသားစုဆီမှ ဖုန်းကွယ်နေစရာမလိုပေ။
ဖုန်းကိုင်ပြီးနောက် သူမနှင့် ဖူဟွေ့ရှင်းက“ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ” ဟု တစ်ပြိုင်တည်း ဆုတောင်းပေးလိုက်၏။
စကားစမြည် ဖလှယ်ပြီးနောက် ဖူဟွေ့ရှင်းက တုံ့ဆိုင်းစွာမေးလာ၏။ “နှစ်ကူးအတွက် လာလည်ကြတဲ့ဧည့်သည်တွေ နင်တို့အိမ်မှာ ရောက်နေလား”
သူဘာကြောင့် မေးတယ်ဆိုတာကို ရှီလီမသိပေ၊ သူမ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ “ဟင့်အင်း၊ ငါအခု အပြင်ထွက်ပြီး နှစ်ကူးမှာလည်ပတ်နေတာ”
သူက “ဪ” ဟု တုံ့ပြန်၍ ဂရုတစိုက် မေးလာသည်။ “ဒါဆို ငါအခု ဖုန်းဆက်လိုက်တာ နင့်ကိုနှောင့်ယှက်မိသလို ဖြစ်သွားလား”
“မဖြစ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းဘာအရေးကြီးတာမှ မဟုတ်တာ”
ယနေ့တွင် ဖူဟွေ့ရှင်း၏ ထူးဆန်းသော မေးခွန်းတွေကို ရှီလီ တကယ့်ကို နားမလည်နိုင်ဖြ စ်နေရသော်လည်း သိပ်ပြီးမစဉ်းစားနေတော့ပေ။
သို့သော် သိပ်မကြာခင်မှာပဲ ဖူမိသားစုမှဒုတိယသခင်လေးနှင့် နံဘေး၌ ဖူဟွေ့ရှင်းကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ချေ။