← Chapters

အခန်း (၂၄၅-၂၄၈)

Vol. 13 Ch. 245-248

အခန်း (၂၄၅-၂၄၈)

Vol. 13 Ch. 245-248

245 01

အခန်း ၂၄၅: ကြီးမြတ်သောမိထွေးနှင့် စာပေမြင်ကွင်း

ဖူဟွေ့ရှင်းက နှစ်ကူးနှုတ်ဆက်စကားဆိုရန်အတွက် ရှီလီထံ ဖုန်းခေါ်ချင်ရုံသာဖြစ်သည်။ အရမ်းစောလွန်းတာ သို့မဟုတ် အရမ်းကြီးနောက်ကျသွားလျှင် တမင်ရည်ရွယ်နေတယ်လို့ အရမ်းသိသာသွားမှာစိုးသဖြင့် နှစ်သစ်၏ပထမဆုံးရက် မနက်ခင်းတွင် သာမန်အချိန်တစ်ချိန်ကို ရွေးချယ်ခဲ့တာဖြစ်သည်။

သူသည် နှစ်သစ်အတွက် နှုတ်ဆက်စကားဆိုပြီးနောက် ဖုန်းချလိုက်သင့်တာပင်။

သို့သော် ဖုန်းလက်ခံသူဘက်က ဖုန်းယွင်ဟယ်၏အသံကို ကြားလိုက်ရ၏။ ယောက်ျားသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေကာ မရှင်းလင်းဘူးဆိုသော်လည်း အနှီအသံက ဖုန်းယွင်ဟယ်၏အသံဆိုတာကို ဖူဟွေ့ရှင်းလုံးဝ သေချာသည်။

ဆိုလိုသည်က ရှီလီက လက်ရှိတွင် ဖူဟွေ့ရှင်းနှင့် အတူရှိနေတာပင်။

ရှီလီက တက်တက်ကြွကြွဖြင့် ဖုန်းယွင်ဟယ်ကို သွားရှာသလား သို့မဟုတ် အခြားအကြောင်းရင်းတစ်ခုကြောင့် သူတို့တွေ အတူရှိနေသလားမည်သို့ပင်ဖြစ်စေ ယခုအခိုက်အတန့်တွင် ဖုန်းယွင်ဟယ်နှင့် ရှီလီတို့ အတူတူရှိနေတယ်ဆိုသည့် အချက်ကတော့ မပြောင်းမလဲ တည်ရှိနေသည်။

ယခုလိုနားလည်လိုက်ရခြင်းက ဖူဟွေ့ရှင်း၏စိတ်ကို အဆင်မပြေ ဖြစ်စေသည်။

ယခုအခိုက်အတန့်တွင် နှစ်သစ်ကို အတူဆင်နွှဲရန်အတွက် အိမ်သို့ပြန်လာခဲသော မိသားစုဝင်များ ပြန်ရောက်နေကြသဖြင့် ဖူမိသားစု ဗီလာမှာ အင်မတန် အသက်ဝင်နေလေသည်။

ဤအထဲတွင် ဖူဟွေ့ရှင်း အဆက်အသွယ်လုပ်ခဲသည့် မွေးမိခင်ပါ ပါဝင်နေသည်။

အမေနှင့်သားသည် လူထုရှေ့ပင် မဆိုထားနှင့်ကွယ်ရာမှာပင် ဆက်သွယ်ပြောဆိုခြင်း မရှိကြချေ။

နှစ်သစ်၏ မိသားစု ပြန်လည်တွေ့ဆုံချိန်၌ ဖူအိမ်တော်တွင် ထူးဆန်းသော လေထုကတော့ အမြဲတမ်း ရစ်ပတ်နေလျှက်ရှိ၏။

ဤလေထုက ဖူဟွေ့ရှင်းအမေ၏ တည်ရှိမှုနှင့်သက်ဆိုင်နေတာပင်။

သေချာသည်မှာ ဖူမိသားစုထဲတွင် လူတိုင်းကဟန်လုပ်ရာ၌ ကျွမ်းကျင်ကြပြီး နွေးထွေးကာချစ်ခင်သော မိသားစုအဖြစ် ရှိုးလုပ်နေကြလေသည်။

တစ်ခုတည်းသော ချွင်းချက်ကဝောာ့ ဖူမိသားစု၏ ဒုတိယသခင်လေးဖြစ်သ ည့်သဘာဝတရားကိုက သူ့ကို ပင်အပ်နှင့် သံတွေအပေါ်မှာ ထိုင်နေရသလို အဆင်မပြေဖြစ်နေစေသော ဖူကျန်းယန်ပင်။

သူသည် အိမ်ရှိ အနှီလေထုကို သဘောမကျတာကြောင့် အသည်းအသန် လွတ်မြောက်ချင်နေသူပင်။

ဖူဟွေ့ရှင်းသည် သူ့ဝမ်းကွဲ၏ သေးငယ်သောလက်ဟန်ကို သဘယဝအလျောက် သတိထားမိသွား၍ ဒုတိယသခင်လေး၏ အတွေးများမှာအင်မတန် သိသာတာကြောင့် အလေးအနက်ဆန်းစစ်ရန် မလိုအပ်ချေ။

သူသည် ဖူကျန်းယန်အနား ချဉ်းကပ်သွားပြီး တိုးတိုးတိတ်တိတ် မေးလိုက်၏။ “ဝမ်းကွဲ၊မင်း လေကောင်းလေသန့် ရှူချင်လား”

ဖူကျန်းယန်၏ တုံးအပြီး ရူးမိုက်သော မျက်လုံးများမှာ ရုတ်ချည်းပင် အရောင်လက်လာပြီး ခေါင်းည်ိတ်ပြလာသည်။

ထို့နောက် ဖူဟွေ့ရှင်းက အကြံပေးလိုက်ကာ“ငါတို့တွေ အပြင်ထွက်ပြီး လေကောင်းလေ သန့်သွားရှူကြမလား”

ဖူကျန်းယန်က ဆက်လက်ခေါင်းညိတ်ပြလာသည်၊ အကောင်းဆုံးပဲ။

သူ့ ရည်းစားဟောင်းက လူကုန်ကူးသူလည်းဖြစ်၊ ပူးပေါင်းသူလျှိုလည်း ဖြစ်နေတော့ မိသားစုက ဖူကျန်းယန် အသည်းကွဲနေသည့်အချိန်မှာ စာနာမိခဲ့ကြသည်။ သို့သော်လည်း သူ၏ ယခင်လမ်းခွဲမှုကြောင့် စိတ်ဓာတ်ကျနေ‌ခြင်းကနေ ပြန်လည်ရုန်းထွက်လာနိုင်ချိန်တွင် မိသားစု၏ သူ့အပေါ် သဘောထားက 180-ဒီဂရီလို ပြောင်းပြန်လှည့်သွားခဲ့သည်။

သူသည် သူ့မိဘတွေ အလျင်းသင့်သလို လှောင်ပြောင်ကြသည့် မိသားစု၏ သိုးမည်းတစ်ကောင် ဖြစ်လာခဲ့သည်။

မိသားစု၏ လက်ရှိအောက်ခြေအဆင့်ဖြစ်သော သူမွေးထားသည့် ခွေးနှစ်ကောင်ပင်သူ့ထက် အဆင့်အတန်း မြင့်နေလေသည်။

အကယ်၍ သူ့အဆင့်အတန်းသာ ဒီထက်ပိုပြီးနိမ့်ကျသွားပါက အစားအသောက်အတွက် သူတို့၏ ခွေးလှောင်အိမ်ထဲက ခွေးတွေနှင့်ပင် တိုက်ခိုက်ရတော့မှာဖြစ်သည်။

245 02

မိသားစုထဲတွင် အာဏာမရှိသော တစ်စုံတစ်ယောက်အနေနှင့် သူငယ်ချင်းတွေနှင့် အပြင်ထွက်ပြီး ကစားချင်လျှင်ပင် မလုပ်ရဲပေ။

ရာထူးအဆင့်အတန်းမရှိသော လူတစ်ယောက်အနေနှင့် သူ့ကိုယ်ပိုင် လုပ်ပိုင်ခွင့်မဆိုထားနှင့်ကိုယ်ပိုင်အတွေ့တောင် ရှိ၍မရပေ။

အဆုံးမှာတော့ သူ့အတွေးတွေအတိုင်း လိုက်လုပ်ခဲ့သည့် နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကိုယ်သူတင်သာမက တစ်မိသားစုလုံးကိုပါ အန္တရာယ်ဖြစ်စေတော့မည့်အထိ ဖြစ်စေခဲ့သည်။

သူ့ဝမ်းကွဲကို ဖူမိသားစု၏ အပြင်လူတစ်ဝက်ဟု သတ်မှတ်၍ရပြီး မူလတန်းပြီးကတည်းက အဒေါ်မှ အိမ်ခေါ်လာခဲ့တာဖြစ်ကာ ဖူမိသားစုဗီလာ၌ အချိန်သိပ်မကုန်ဆုံးပေ။

ယခင်ကတော့ သူ့တည်ရှိမှုက အလွန်မသိသာလှဘဲ ဖူကျန်းယန်မှာ သူ့ဝမ်းကွဲက မိသားစုထဲတွင် ဘယ်အချိန်ကစပြီး လွှမ်းမိုးမှုတွေပိုများစွာ ရလာလဲဆိုတာကို မသေချာတော့ချေ။

သူ့အဆင့်တွေ တိုးတက်လာလို့ သူ့အဖေက ဖူကျန်းယန်အပေါ် အမြင်ပြောင်းသွားတာ လား။

ဖူကျန်းယန် ထိုကဲ့သို့ ခန့်မှန်းထားတာပင်။

သူ့ဝမ်းကွဲက သူနှင့် ကွဲပြား၏၊ သူကတော့ မိသားစု၏ ကျက်သရေယုတ်ဖြစ်ကာ သူ့ဝမ်းကွဲကတော့ စိတ်တိုင်းကျ လုပ်ချင်သလိုလုပ်နေလို့ရသည်။

အပြင်ထွက်ချင်တာ သူ့ကိုယ်ပိုင်ဆန္ဒမှ မဟုတ်တာ၊ သူ့ဝမ်းကွဲက သူ့ကို အပြင်ခေါ်ထုတ်ချင်နေတာဟု သူ့ဘာသာသူ တွေးလိုက်သည်။

စိတ်ပိုင်းဆိုင်ရာကို ယခုလို ရှင်းလင်းပြီးသည့်နောက် အိမ်အပြင်ထွက်ရမှာကို ပိုပြီးတော့ ယုံကြည်ချက်ရှိလာတော့၏။

ဖူကျန်းယန်က သူ့အမေကို ခေါ်လိုက်၏။ “အမေ၊ သား ဟွေ့ရှင်းနဲ့ အပြင်ထွက်ပြီး လေကောင်းလေသန့်သွားရှူလိုက်ဦးမယ်”

မစ္စဖူက ခေါင်းမညိတ်ခင်မှာ သူမ၏သားကိုမကြည့်ဘဲ ဖူဟွေ့ရှင်းအပေါ်သာ အကြည့်ကျရောက်သွားပြီး “အေး၊ သွားကြလေ”

ပါးလွှသော လေထုကဲ့သို့ ‌ဆက်ဆံ‌ခံနေကျဖြစ်သော ဖူကျန်းယန်: … နှလုံးသားမရှိတဲ့ မိန်းမကြီး။

အဆုံးမှာတော့ အိမ်ရှိ ထူးဆန်းသောလေထုကနေ လွတ်မြောက်လာရပြီဖြစ်တာကြောင့် ဖူကျန်းယန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကြီးကြီး ချလိုက်တော့၏။

သူ့ဝမ်းကွဲကို အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူချင်ရုံလို့ ထင်ထားသော်လည်း ဖူဟွေ့ရှင်း၏ လေကောင်းလေသန့်ရှူမည့် အကြံထဲတွင်တစ်စုံတစ်ယောက်၏အိမ်သို့ သွားတာပါ ပါဝင်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့တာပင်။

အဆုံးမှာတော့ နှစ်သစ်ကူးနေ့တွင် ဖျော်‌ဖြေရေးလုပ်ရန်အတံက် ဆိုင်တွေအများကြီး မဖွင့်လှစ်ပေ။

ဒါ့အပြင် အတူတူ ပျော်ပါးရအောင်အတွက် ဝမ်းကွဲနှင့် သူ့ကြားတွင် တူညီတာ များများစားစား ရှိလောက်မယ်လို့လည်း ဖူကျန်းယန်မထင်ပေ။

“အိမ်မှာ တဖြည်းဖြည်း ပိတ်လှောင်လာလို့၊အဲ့မှာ အိပ်ငိုက်တော့မဲ့ မင်းကိုလည်း မြင်မိလို့လေ”

ဖူကျန်းယန်မှာ ရင်ထဲထိသွားရပြီး သူ့ဝမ်းကွဲဖူဟွေ့ရှင်းက သူ့အပေါ် အလွန်ဂရုစိုက်လိမ့်မယ်လို့ သူ အရင်တုန်းက နားမလည်ခဲ့ချေ။

ပင်ကိုကိုက တဲ့တိုးဆန်သဖြင့် သူ့ဝမ်းကွဲကိုစကားပြောရာတွင် အပိုစာသားတွေ မပါဝင်ပေ။

သူ ညီးညူလိုက်၏။ “အိမ်မှာ အရမ်းပျင်းဖို့ကောင်းတာကွ၊ ဘာမှ စိတ်ဝင်စားစရာမရှိဘူး။ ငါ အပြင်ထွက်ချင်နေတာ”

နှစ်ကူးတွင် အခြားမိသားစုတွေကတော့ ကဒ်တွေ ကစားကြလိမ့်မည်ဆိုသော်လည်း သူတို့မိသားစုမှာမူ ဝိုင်းထိုင်၍ တစ်ဦးနှင့်တစ်ဦး စူးစိုက်ကြည့်ကာ ကဒ်လည်း မကစားနိုင်သလို၊ ဖုန်းလည်း မသုံးနိုင်ဘဲ၊ TV အနား၌ စုဝေး၍ သည်းမခံနိုင်လောက်အောင် ပျင်းစရာကောင်းသော နွေဦးပွဲတော်များကိုသာ ကြည့်နေကြသည်။

ရံဖန်ရံခါတွင် အကြီးအကဲများ၏ လက်အောက်ငယ်သားဟောင်း အချို့ကနှစ်ကူးတွင် လာရောက်လည်ပတ်၍ အတိတ်အကြောင်း ပြန်ပြောင်းအောက်မေ့စေသည့် ရိုးရာဟောင်းတွေကို နားထောင်ရတာက သူ့အတွက် ပျင်းစရာကောင်းလှသည်။

နှစ်သစ်အကြိုနေ့က ပျင်းစရာကောင်းတဲ့နွေဦးပွဲတော်တွေကို ကြည့်ပြီးပြီလေ၊ ဘာလို့ဒီနေ့ ထပ်ကြည့်ကြသေးတာလဲ။

“တကယ်လို့ ဒုတိယအစ်ကို ပျင်းနေရင်သူငယ်ချင်းတွေနဲ့ ထွက်လည်လို့ရတာပဲ၊အခုနေ မင်းသူငယ်ချင်းတွေ အား၊ မအားတော့ ငါ မသေချာဘူး၊ နှစ်ကူးမှာ လည်ပတ်နေရင်း အလုပ်များနေလောက်တယ်”

စိတ်ရှိတိုင်း လုပ်နေကျဖြစ်သော ဖူကျန်းယန်က သူများအတွက် စဉ်းစားပေးသည့် လူစားမျိုး မဟုတ်ပေ။

သူ့လက်မောင်းကို ဖူဟွေ့ရှင်း၏ ပခုံးပေါ်တင်လိုက်ပြီး “မင်းမှန်တယ်၊ ငါတို့အိမ်က ပျင်းဖို့ကောင်းတယ်၊ အပြင်ထွက်ရအောင်လို့ ငါ တစ်ယောက်ယောက်ကို ရှာလို့ရတယ်”

ဖူကျန်းယန်က ‌ဖုန်းကိုကိုင်၍ ဆက်သွယ်လို့ရမည့် လူတွေကို စတင်ရှာဖွေတော့၏။

245 03

ရှီချွမ်က သူ၏ ဦးစားပေးရွေးချယ်မှု မဟုတ်သော်လည်း အိမ်တွင် ရှိမနေတာ သို့မဟုတ် အလွန်အလုပ်ရှုပ်နေသည့် အခြားလူများစွာကို ခေါ်ဆိုပြီးသည့်နောက် ရှီချွမ် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ သုံးစက္ကန့်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှီချွမ်က ပြောလာခဲ့၏။ “ဒါဆိုလည်း ကောင်းပြီလေ၊ လာခဲ့”

သိုးတစ်ကောင်၊ နှစ်ကောင် သို့မဟုတ် သိုးတစ်အုပ်လုံးကို ထိန်းကျောင်းရလည်း အရေးမကြီးတော့ချေ။

ယနေ့တွင် သူ့ကောင်မလေးနှင့် တွေ့နိုင်သည့်ဖြစ်နိုင်ခြေက သုညဆိုတာကို နားလည်သွားတာကြောင့် ရုန်းကန်နေတာကို ရပ်တန့်လိုက်တော့သည်။

လူတိုင်းသည် သက်ကြီးရွယ်အိုစုံတွဲ၏အိမ်မှထွက်ခွာလာပြီးနောက် သူတို့၏ ပါးစပ်ထဲ သို့မဟုတ် အိတ်ကပ်တွေထဲက သကြားလုံး တွေကဲ့သို့ တစ်ခုခုကို ရရှိခဲ့ကြသည်။

ရှီရွှမ်းက သူများတွေထက်စာရင် အပိုရရှိခဲ့သည် - သူမ၏ဖုန်းထဲ၌ ချောမောသောကောင်လေးများစွာ၏ ဖုန်းနံပါတ်တွေကိုထည့်နိုင်ခဲ့တာပင်။

ဗီလာထဲမှ ထွက်လာပြီးနောက် ရှီချွမ်က လမ်းဘေးတွင်ရပ်၍ နောက်တစ်အိမ်သို့ဦးဘည်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြသလာသည်။

ရှီရွှမ်းက ရှီလီကို သေစေနိုင်လောက်သည့်အကြည့်စူးစူးတွေ ပေးနေသဖြင့် နှစ်ယောက်စလုံး သတိမထားမိကြချေ။

လူတိုင်းရှေ့၌ ပန်းရောင်တောက်တောက်ပြိုင်ကားတစ်စီး ထိုးရပ်လာပြီး အနီရောင်တောက်တောက် ဝတ်ဆင်ထားသော ဖူကျန်းယန်က ခုန်ထွက်လာ၍ အနောက်မှ လိုက်လာသော ပိုပြီးသပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် ဖူဟွေ့ရှင်းတို့ ပေါ်ထွက်မလာခင်အထိပင်။

[ငါ့မျက်လုံးတွေ ညစ်ညမ်းသွားပြီ]

ဖူကျန်းယန်၏ တစ်ကိုယ်လုံး နီရဲနေသော ဝတ်စုံက သူသွားသည့်နေရာတိုင်းရှ်ိ ပတ်ဝန်း ကျင်နှင့် လူတွေ၏မျက်လုံးကို ညစ်ညမ်းစေသည်။

ထိုအစား ရှီလီက လန်ဆန်းသော သွင်ပြင်ရှိသည့် ဖူဟွေ့ရှင်းအပေါ်မှာသာ အကြည့်ကို အာရုံစိုက်ထားလိုက်တာကြောင့် သူမ၏ညစ်ညမ်းသွားသော အကြည့်မှာ ယာယီသက်သာသွားတော့သည်။

လူတွေက နှစ်ကူးတွင် အနီရောင်အား ဝတ်ဆင်ရတယကို သဘောကျကြပြီး ရှီလီ၏ ဝတ်စုံတွင်လည်း အနီရောင် တော်တော်များများ ပါဝင်လေသည်။

သို့သော် ဟွမ်ကျဲက သူမသမီးကို အဝတ်ဆင်ပေးရာတွင် ပျော်ပွဲရွှင်ပွဲကို ဘေးချိတ်၍ အလှတရားကိုသာ အဓိကထားသည်။

ထို့ကြောင့် ရှီလီ၏ဝတ်စုံမှ မျက်စိစူးစရာဖြစ်မနေဘဲ မျက်စ်ဖမ်းစားဖွယ်ရာဖြစ်နေ၏။

ဖူကျန်းယန်က မိသားစုနှင့် မဟုတ်သရွေ့၊အမြဲတမ်း တက်ကြွနေသူပင်။

သူသည် လူတိုင်းအား စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်၍ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပေးလိုက်သော်လည်း စာအိတ်နီပေးရမည့် အချိန်ကျလာတော့ကိစ္စတွေက ကသိကအောက်ဖြစ်လာသည်။ သူသည် ရှီချွမ်၏ ညီမနှစ်ယောက်အပေါ် ရည်ရွယ်၍ စာအိတ်နီနှစ်အိတ်သာ ယူလာခဲ့တာပင်။

သူသည် ရှီချွမ်၏ အတန်းဖော်ဖြစ်ပြီး ရှီမိသားစုထဲတွင် သူ့ထက်ငယ်တာဆိုလို့ ရှီလီနှင့် ရှီရွှမ်းသာ ရှိလေသည်။ အစ်ကိုကြီးတစ်ယောက်၏ ပြယုဒ်အနေနှင့် ညီမလေးများကို စာအိတ်နီပေးတာ သဘာဝကျသည်။

အခြားလူတွေလည်း ရှိနေလိမ့်မယ်လို့တော့ သူထင်မထားမိခဲ့ချေ။

ယခုခေတ်တွင် လူတွေ၏ ပုံပန်းသွင်ပြင်က သူတို့၏ တကယ့်အသက်အရွယ်နှင့် မကိုက်ညီကြတော့ပေ။ အရပ်ခြောက်ပေရှိသော ကောင်လေးက ကလေးလက်ပတ်နာရီနှင့်မူလတန်းကျောင်းသား ဖြစ်နေနိုင်၍ လှပပြီးငယ်ရွယ်သော အမျိုးသမီးမှာ ကလေးနှစ်ယောက်အမေ ဖြစ်နေနိုင်သည်။ ဤအရာတွေက မှန်းဆ၍မရနိုင်ချေ။

ဤနှစ်ယောက်ကို သူ့ထက် အသက်ကြီးလိမ့်မယ်လို့ ဖူကျန်းယန် မယူဆရဲပေ။

သို့သော် ရှီညီအစ်မတွေကိုပဲ စာအိတ်နီ ပေးရမှာကလည်း မကောင်းတတ်ပြန်။

ထို့ကြောင့် အခြားလူတွေ မရှိတော့သည်အထိ စောင့်ပြီး စာအိတ်နီတွေကို တသီးတသန့်ပေးမယ်လို့ပဲ ဆုံးဖြတ်လိုက်သည်။

ဖူကျန်းယန်၏ အသိဉာဏ်မှာ offline ပြန်မဖြစ်သွားခင် ခဏကြာ လင်းလက်သွား၏။

သူ့သူငယ်ချင်းကောင်း၏ ပခုံးပေါ် လက်တင်လိုက်ပြီး “မင်းကတော့လေ အရမ်းကြင်နာလွန်းတာပဲ၊ ငါ့အတွက် လမ်းဘေးမှာ အထူးတလည် စောင့်နေပေးတယ်။ ငါ မင်းအိမ်ကို ခဏခဏလာနေကျပါကွ၊ လမ်းမပျောက်ပါဘူး”

အနှီအုပ်စုက သူ့အတွက်နှင့် လမ်းဘေးမှာအထူးတလည် စောင့်နေပေးတယ်လို့ သူတကယ့်ကို နားလည်မှု လွဲသွားလေသည်။

ရှီမောင်နှမ သုံးယောက်က ဖူကျန်းယန်၏မကြာခဏ ဇဝေဇဝါဖြစ်သွားသော အခိုက်အတန့်တွေကို ယခင်ကလည်း အကြိမ်ရေများစွာ မြင်ဖူးထားတာသဖြင့် ကျင့်သားရနေလေပြီ။

ဖုန်းယွင်ဟယ်သည် ထိုအကြောင်းကို ကြားဖူးသော်လည်း ဘယ်တုန်းကမှ မျက်မြင်မတွေ့ခဲ့ဖူးချေ။

လျန်ရုန်ရုန်ကတော့ ဤသည်မှာ ဖူကျန်းယန်နှင့် တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ကာ သူဘယ်သူဆိုတာကိုတောင် သူမ မသိနေပေ။

245 04

လျန်ရုန်ရုန်က ဖုန်းမိသားစုနှင့် နေထိုင်လာတာ အတော်ကြာပြီဆိုသော်လည်း ဖုန်းအဖေက သူမကို လောကကြီးအား မြင်တွေ့နိုင်အောင်လို့ အပြင်သို့ခေါ်ထုတ်ပေးရန် မစဉ်းစားခဲ့သလို ထိုသို့လုပ်ပြန်ပါကလည်း မသင့်လျော်လောက်ပေ။

ဤသည်မှာ ဖုန်းအမေ၏ တာဝန်ဖြစ်သင့်သော်လည်း သူမက လျန်ရုန်ရုန်ကို လူဝင်ဆံ့အောင်လုပ်ပေးဖို့ မဆိုထားနှင့် ကျန်းမာရေး မကောင်းတာကြောင့် ကျန်းမာရေးဌာနတွင်သာ နေထိုင်၍ အပြင်ထွက်ခဲလေသည်။

လျန်ရုန်ရုန်သည် ဆယ်လီအသေးစား ဖြစ်လာပြီးသည့်နောက် ကြော်ငြာကနေတဆင့် အေးဂျင့်၏ အထောက်အပံ့ဖြင့် မျိုးစုံသောလူ့အသိုင်းအဝိုင်း အခမ်းအနားများကို စတင်တက်ရောက်ခဲ့သည်။

သို့သော် ထိုအချိန်တုန်းက ဖူမိသားစု၏ ဒုတိယ သခင်လေးမှာ သူ့ကောင်မလေးက လူကုန်ကူးသူဆိုတာကို သိလိုက်ရတာကြောင့် အချိန်အတော်လေးကြသည်အထိ တိမ်မည်းတွေအောက် ရောက်နေခဲ့ကာ ယခုလို အဓိပ္ပာယ်မဲ့သော လူမှု့အသိုင်းအဝိုင်း ဆက်ဆံမှုများကိုရှောင်ဖယ်ခဲ့သည်။

ထို့ကြောင့် ဖူမိသားစု၏ ဒုတိယသခင်လေးကိုလျန်ရုန်ရုန် မသိဘူးဆိုတာ နားလည်ပေးလို့ရသည်။

သို့ပေတည့် ဖူမိသားစု၏ ဒုတိယသခင်လေးကရုပ်ရည်ချောမောကာ ကြင်နာတတ်၍ ရှီချွမ်၊ဖုန်းယွင်ဟယ်တို့နှင့် အတော်လေး ကွဲပြားပေသည်။

လျန်ရုန်ရုန်က ဖူမိသားစု၏ ဒုတိယသခင်လေးကို အတော်လေး သဘောကျမိ၏။

ဗီဇကိုက ယောင်္ကျားတွေအပေါ် သဘောကျတတ်ပြီး အထူးသဖြင့် သူမတွင် ဖူမိသားစု၏ ဒုတိယသခင်လေးအပေါ် အမြင်ကောင်းတစ်ခုရှိတာကြောင့် သူမ၏ အပြုအမူက မသိလိုက်ပါဘဲနှင့် စိတ်အားထက်သန်သွားသည်။

ဖူမိသားစု၏ ဒုတိယသခင်လေးမှာ အမျိုးသမီး တွေအပေါ်၌ ထုံးစံအတိုင်း ညင်သာပြီး စဉ်းစားပေးတတ်သော်ငြား သူ့ရည်းစားဟောင်းက သူ့အပေါ်တွင် နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတစ်ခုကို ချန်ရစ်ခဲ့၍ ပုံစံတူမိန်းကလေးတွေကို တွေ့လိုက်တာနှင့် လူကုန်ကူးသမားတွေဟု အလိုလို တွေးမိစေသည်။

ဖြစ်ချင်ဝောာ့ လျန်ရုန်ရုန်က သူ့ရည်းစား ဟောင်းလို ခံစားချက်မျိုး တထေရာတည်းပေးလာသည်။ နှစ်ယောက်စလုံးက နူးညံ့သိမ်မွေ့ပြီး အားနွဲ့သော အမျိုးအစား ဖြစ်နေ၏။

သူတကယ့်ကို ကြောက်နေမိသည်။

ထို့ကြောင့် ဖူမိသားစု၏ ဒုတိယသခင်လေးကတခဏပိုင်းတွင် လူတိုင်းအပေါ် အင်မတန်နွေးထွေးနေပြီး သူမက သူ့ကို စကားတစ်ခွန်းပြောလိုက်သည့် အချိန်မှာတော့ သူမကပဲ ကူးစပ်ရောဂါ သယ်ဆောင်ထားသလိုမျိုးသူမနှင့် အကွာအဝေးခြားသွားတာကို လျန်ရုန်ရုန် သတိထားမိလာသည်။

ယောင်္ကျားသားတွေ၏ ယဉ်ကျေးပျူငှာစွာဆက်ဆံပေးခြင်းကို အမြဲတမ်းခံခဲ့ရသော သူမအနေနှင့် ယခုလို လိုသူတစ်မျိုး၊ မလိုသူတစ်မျိုးကိုတော့ ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ်ပင်။

လျန်ရုန်ရုန်မှာ သေမတတ် ဒေါသထွက်သွားရသည်။

******

246 01

အခန်း ၂၄၆: နင်စိုက်ကြည့်လိုက်တဲ့လူတိုင်း သေရတယ်

လျန်ရုန်ရုန်မှာ ဒေါကန်လုနီးပါးဖြစ်သွားရ၏ -သူမက လူတွေရှောင်ကြဉ်ဖို့လိုတဲ့ ညစ်ညမ်းတဲ့အရာမို့လို့လား။

ဒုတိယသခင်လေးဖူမှာ ထုံးစံအတိုင်းဆိုလျှင် လူတိုင်းအပေါ်မှာ အလွန်လူကြီးလူကောင်းဆန်သော လူစားမျိုးဖြစ်သည်။

ဤသည်မှာ သူ့အနေနှင့် အလွန်ရိုင်းပျဖူးသည့် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် သူကိုယ်တိုင်လည်း အနည်းငယ်တော့ ရှက်နေမိ၏။

သူသည် ပိုဝေးအောင် ‌နောက်ဆုတ်လိုက်ရင်း လျန်ရုန်ရုန်ကို အားတုံ့အားနာဖြစ်စွာ ပြုံးပြလိုက်၏။

လျန်ရုန်ရုန်၏ မျက်နှာထက်က အပြုံးမှာအေးခဲသွားပြီး ရင်ထဲကနေ ပိုမိုဆိုးယုတ်စွာ ဆဲရေးနေမိသည်။

ရှီမိသားစု ဗီလာဘက်သို့ ဦးတည်ရာလမ်းကိုဒုတိယသခင်လေးဖူ သိသည်။ လမ်းကိုဦး‌ဆောင်နေသည့် ရှီချွမ်က ရှီမိသားစုဗီလာသို့ ဦးတည်နေခြင်း မဟုတ်သလို၊ ဗီလာရပ်ကွက်၏ ထွက်ပေါက်သို့ ဦးတည်နေခြင်း မဟုတ်ဘူးဆိုတာလည်း သိသာလှသည်။

သူသည် စိတ်ရှုပ်ထွေးစွာဖြင့် တဲ့တိုးမေးလိုက်တော့။၏ “ငါတို့တွေ မင်းအိမ်ကိုသွားကြမှာ မဟုတ်ဘူးလား။ အနည်းဆုံးတော့ နှစ်ကူးမှာ မင်းအဘွား၊ ဦးလေးနဲ့ အဒေါ်ကို လေးစားသမှု ပြုသင့်တယ်လေကွာ”

ရှီချွမ်က သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး“နှစ်သစ်မှာ သူတို့တွေ နှုတ်ဆက်စကား ပြောရအောင်လို့ အိမ်နီးချင်းအိမ်တွေဆီ ခေါ်သွားပေး နေတာ။ ငါ့အဘွားနဲ့ မိဘတွေကို မင်းအရေးတကြီး တွေ့ချင်နေရင်လည်း လမ်းသိနေတာပဲ -မင်းဘာသာမင်းသွား”

ဒုတိယသခင်လေးဖူ ငြင်းဆိုလိုက်၏။ သူသည်သဘာဝအားဖြင့် ဆက်ဆံရေးကောင်းကာ ရှီမိသားစု အကြီးအကဲများနှင့် အင်မတန်ရင်းနှီးသော်လည်း အတန်းဖော်၏ အကြီးအကဲတွေနှင့် တစ်ဦးတည်း ပြောဆိုနေရမှာထက် သူငယ်ချင်းတွေနှင့် အချိန်ကုန်ဆုံးဖို့ကိုသာ လိုလားသည်။

“ဒီလိုဆို မင်းတို့ရဲ့ နှစ်ကူးလည်ပတ်တဲ့အထဲမှာ ငါလည်းပါမယ်”

သူ ငြိမ်ငြိမ်ဆိမ်ဆိမ် မနေနိုင်။ “မင်းတို့တွေမိဘတွေနဲ့အတူတူ ဘာလို့မလည်ကြတာလဲ။ မင်းတို့အားလုံး အိပ်ရာထ နောက်ကျလို့လား။ ဦးလေးနဲ့ အဒေါ်က လည်ပတ်ပြီးသွားပြီး အိမ်ပြန်သွားကြတာလား”

ရှီချွမ်က နောက်ထပ် ကူကယ်ရာမဲ့သော အကြည့်တစ်ချက်ဖြင့် ဖူကျန်းယန်ကို ကြည့်၍“မဟုတ်ဘူး၊ မင်းစိတ်ကူးယဉ်တာ များနေပြီ -ဇာတ်ညွှန်းရေးဆရာ လုပ်သင့်တယ်။ အိမ်မှာ ဧည့်သည်ရောက်နေလို့ ငါ့မိဘတွေ၊ ဦးလေးနဲ့အ‌ဒေါ်က သူတို့ကို ဧည့်ခံရင်း အလုပ်များနေကြတာ။ ငါတို့က အိမ်မှာ ဘာမှလုပ်စရာမရှိတဲ့လူငယ်တွေဆိုတော့ နှစ်သစ်မှာ လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြတာ”

ဒုတိယသခင်လေးက ဉာဏ်အလင်းပွင့်သွားသော အမူအရာနှင့်အတူ ခေါင်းညိတ်လိုက်၏။

နောက်ထပ် အိမ်နီးချင်း၏ အိမ်သို့ရောက်ရန် လှမ်းသေးတာကြောင့် ဒုတိယသခင်လေးဖူ၏အာရုံမှာ သူနှင့် အနီးဆုံးတွင်ရှိသော ဖုန်းယွင်ဟယ်ထံသို့ ကျရောက်သွားတော့၏။

သူက ဖုန်းယွင်ဟယ်နှင့် စကားစရာ၌ အကျွမ်းတဝင်ဖြစ်စွာ ပြောလိုက်သည်။ “ဟိုတလောကဥက္ကဌဖုန်း ကားအက်ဆီးဒန့်ဖြစ်လို့ ကျန်းမာရေး ထိခိုက်သွားတယ်လို့ ငါကြားမိတယ်။ သူ ပြန်သက်သာလာပြီလား။ ဂျူနီယာတွေဖြစ်တဲ့ ငါတို့တွေ သူ့ဆီ လာလည်ရမလား”

ဖုန်းယွင်ဟယ်က အလွန်ထိုင်းမှိုင်းသော လေသံဖြင့် ပြန်ဖြေလာ၏။ “သူ့ခေါင်းက ပြန်သက်သာလာပြီ”

ဒုတိယသခင်လေးဖူက ခေါင်းညိတ်ပြကာ“ကောင်းတယ်၊ ကောင်းတယ်”

ပြီးနောက် ဖုန်းယွင်ဟယ်က ဆက်ပြောလာကာ“ဒါပေမဲ့ တလောတုန်းက ချော်လဲသွားလို့ ခန္ဓာကိုယ်အောက်ပိုင်းကို ထိသွားသေးတယ်၊အခုတော့ ဘီးတပ်ကုလားထိုင်နဲ့ သွားနေရ တယ်”

သူ့လေသံထဲတွင် ဝမ်းနည်းမှုကို မပြသထားဘဲမသက်ဆိုင်သော တစ်စုံတစ်ယောက်၏ အကြောင်းကို ဆွေးနွေးနေသလို- ဆရာဝန်ကလူနာ၏ အခြေအနေကို ပြော‌ပြနေသလိုမျိုးလုံးဝဥဿုံ တည်ငြိမ်နေသည်။

ဖူကျန်းယန်က အံ့အားသင့်စွာဖြင့် “အာ!” ဟူ၍အသံထွက်မိသွားသည်။ ၎င်းက အတော်လေးအံ့ဩဖို့ ကောင်းတယ်ဟု သူထင်မိသည်။ -ယခုလို လေသံကြောင့် ဖုန်းအဖေကို ပြန်ကောင်းမွန်လုနီးပါး ဖြစ်သွားပြီဟု သူထင်မိလိုက်သော်လည်း ယခုတော့ မသန်စွမ်းဖြစ်နေလေသည်။

ထို့နောက် ၎င်းက အတော်လေး ရယ်စရာကောင်း‌နေတာကို သူ နားလည်သွား၏။ ကားအက်စီးဒန့်ကြောင့်ဖြစ်သည့် ဒဏ်ရာတွေတောင် အပြည့်အဝ မကောင်းသေးတာကို အခု ဒဏ်ရာအသစ်တွေ ထပ်ရလာပြန်သည်။ လူတစ်ယောက်က ဘယ်လောက်ထိတောင် ကံဆိုးနိုင်တာလဲ။

သူသည် ခံစားချက်‌များကို ဖုံးကွယ်နိုင်သည့်လူမျိုးမဟုတ်ဘဲ သူ့ခံစားချက်များကို မျက်နှာပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသလို‌အမြဲတမ်း ပေါ်လွင်နေသူပင်။ ယခုချိန်တွင် သူ့မျက်နှာထက်၌ သူတစ်ပါးဒုက္ခရောက်တာကို အားရနေခြင်းက ဖုံးဖိလို့မရလောက်အောင်ခပ်ရေးရေး ပေါ်လွင်နေသည်။

246 02

ကံကောင်းသည်မှာ ဖုန်းယွင်ဟယ်တွင် သူ့အဖေနှင့် ပတ်သက်၍ ခံစားချက်အနည်းငယ်သူ ရှိနေတာကြောင့် အခြားသူတွေက ၎င်းကို ရယ်စရာကောင်းသည်ဟုထင်ပြီး အားရနေချိန်မှာ သူ့တွင် စိတ်ခံစားချက်ဆိုင်ရာ တုံ့ပြန်ခြင်း မရှိနေတာပင်။

ဒုတိယသခင်လေးဖူ၏ မျက်နှာထက်တွင်အားရခြင်းတွေ ပြသနေသော်ငြား သူ့စကားတွေကတော့ ပါးနပ်နေသေး၏။ “ဪ။ အခု ဥက္ကဖုန်းရဲ့ ကျန်းမာရေးအခြေအနေဘယ်လိုရှိတုန်း။ သူ့ကိုယ်သူ ဂရုစိုက်ရမဲ့နှစ်ထဲ ရောက်နေပြီကို။ အခုနေ ဂရုမစိုက်ရင်သူ အသက်ပိုကြီးလာတဲ့အခါကျ ဘာဖြစ်သွား မလဲ”

ဖုန်းအဖေကို တွေ့ထားတာ မကြာသေးသောရှီလီက အခုနောက်ပိုင်း သက်တောင့်သက်သာရှိတဲ့အချိန်တွေကို ပိုင်ဆိုင်နေတာပေါ့ဟု တွေးလိုက်သည်။ - အလုပ်လုပ်စရာမလိုဘဲ၊‌တစ်နေကုန် အိပ်လိုက်၊ စားလိုက်ဆိုတော့24:7 အလုပ်လုပ်နေရတာထက် ပိုကောင်းပေသည်။

လူနာတစ်ယောက်ဖြစ်နေတော့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားနေရတယ်လေ။ ဒီလိုဘဝကို ဘယ်မှာများ ရှာတွေ့နိုင်မတဲ့လဲ။

ဘဝအခြေအနေ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို လူတစ်ယောက်၏ မျက်နှာက လိမ်မပြောပေ။

ဖုန်းဟွင်ဟယ် ပြောလိုက်သည်။ “အခုတော့သူ့အခြေအနေ ကောင်းပါတယ်၊ ဒါပေမဲ့ သူ့ကျန်းမာရေးကို ဂရုစိုက်ပြီး သေချာပြန်ကောင်းအောင် လုပ်ဆိုတဲ့ မင်းရဲ့အကြံကိုတော့ ငြင်းပါရစေ”

သူတို့တွေ နောက်ထပ်သွားလည်မည့်အိမ်က အင်မတန် ရင်းနှီးနေကာ - ဖုန်းယွင်ဟယ်၏ငယ်သူချင်းအိမ်ဖြစ်သည့် ကျိုးဟိန်ယိ၏အိမ် ဖြစ်သည်။

ဖုန်းနှင့် ကျိုးမိသားစုတွေက အိမ်နီးချင်းတွေဖြစ်ကာ ဖုန်းယွင်ဟယ်နှင့် ကျိုးဟိန်ယိက သက်တူရွယ်တူဖြစ်၍ သင့်မြတ်ကြတော့ ငယ်သူငယ်ချင်းကောင်းတွေ ဖြစ်လာသည်မှာ သဘာဝကျသည်။

မိသားစုနှစ်စုမှာ ဆက်ဆံရေးကောင်းမွန်သဖြင့် ဖုန်းယွင်ဟယ်၏ လည်ပတ်မည့်စာရင်းထဲတွင်ကျိုးဟိန်ယိက ပါဝင်နေပြီးသားပင်။

ဖုန်းအမေက နှစ်ကူးလည်ပတ်မှုထဲတွင် ဖုန်းယွင်ဟယ်ကိုပါ ခေါ်သွားခိုင်းဖို့ ရှီချွမ်အား ဘာကြောင့် တောင်းဆိုခဲ့လဲဆိုတာကို ဤသည်က ရှင်းပြလိုက်လေပြီ။ သူတို့၏ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းတွေက ထပ်နေတာကြောင့်ပဲဖြစ်သည်။

အိမ်တော်ထိန်းက အနှီအုပ်စုကို နှစ်ကူးတွင်လည်ပတ်သူများအား ထိုင်ပြီးစောင့်နေသောကျိုးအဖေရှိရာ ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားပေးသည်။

ကျိုးဟိန်ယိကတော့ ဧည့်ခန်းထဲတွင် မရှိနေ၊သူ ဘယ်ရောက်နေလဲဆိုတာကို ဘယ်သူမှမသိနိုင်ချေ။

လူငယ်အုပ်စုကြီးကို မြင်လိုက်ရတော့ ကျိုးအဖေမှာ အနည်းငယ် ရှုပ်ထွေးသွားတော့၏။ မတူညီတဲ့ မိသားစုတွေက ဒီကလေးတွေ ဘယ်တုန်းကစပြီး အရမ်းရင်းနှီးသွားကြတာပါလိမ့်။

နှစ်ကူးမှာ အတူတူလည်ပတ်ရတဲ့အထိ သူတို့ရဲ့ ခင်မင်မှုက ဒီအဆင့်ထိ တိုးတက်လာပြီလား။

ဖူမိသားစု ဗီလာက သူတို့အိမ်နှင့် အ‌‌တော်လှမ်းကာ Blue City ကို တစ်ဝက်လောက် ဖြတ်ရ တယ်ဆိုတာအား သူ မှတ်မိသော်လည်း ဖူကလေးတွေကတော့ သူ့အတွက် နှစ်ကူး နှုတ်ဆက်စကားဆိုရန် ဒီအထိ ရောက်လာကြသည်။ ဒီဟာက ကလေးတွေကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့်လား ဒါမှမဟုတ်ဖူမိသားစုက သူနှင့် ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ချင်လို့လား။

အမျိုးမျိုးသော အတွေးတွေက သူ့စိတ်ထဲ ဖြတ်ပြေးနေချိန်မှာ အနှီဖြစ်နိုင်ခြေများကို သူတွေးတောနေမိ၏။

အနှီလူငယ်တွေထံမှ နှစ်ကူးနှုတ်ဆက်စကားကို ပြုံးရွှင်ကာ တုံ့ပြန်နေခိုက်၊ ကျိုးအဖေက ကျိုးဟန်ယီကို အောက်ထပ်ဆင်းလာခိုင်းဖို့ အိမ်တော်ထိန်းကို ပြောလိုက်သည်။

အစေခံက ညွှန်ကြားထားသည့်အတိုင်း အပေါ်ထပ်သို့ တက်သွားချိန်မှာ ကျိုးအဖေက ကော်ဖီစားပွဲပေါ်ရှိ သစ်သီးပန်းကန်ကို အနှီအုပ်စုဘက် တွန်းပေးလိုက်သည်။

“အပေါ်ထပ်မှာ ကျိုးဟိန်ယိ ဘာတွေအလုပ်ရှုပ်နေမှန်း ဦးလေး မသိဘူး။ သူက အပြင်ထွက်ရတာ မကြိုက်တော့ အိမ်မှာပဲ ကုပ်နေတာလေ”

သူသည် ကာမလိုက်စား၍ တစ်ကိုယ်ကောင်းဆန်ပြီး ရိုင်းပြပေါ်တွင် ကြင်နာပြီး ကရုဏာရှိသော မျက်နှာပေါက်မျိုးရှိကာ- ရုပ်ရည်ကိုကြည့်ပြီး အကဲဖြတ်သည့် ဘယ်သူမဆို သူ့အား ကောင်းမွန်သည့် သူဌေးတစ်ယောက်ဟု တွေးမိကြမှာပင်။

လက်တွေ့မှာ‌တော့ သူသည် အနှီဖော်ပြချက်တွေနှင့် ဆန့်ကျင်၍ ကောက်ကျစ်စဉ်းလဲသောသူ ဖြစ်သည်။

ကျိုးဟိန်ယိသည် အိမ်တော်ထိန်းဆီကနေ ဖုန်းယွင်ဟယ်က နှစ်ကူးအတွက် လေးစားသမှုလာပြုဖို့ ရောက်လာတယ်ဆိုတာကို ကြားလိုက်ရတော့ အောက်ထပ်သို့ ပြေးဆင်းလာသည်။

သို့သော် ဆိုဖာပေါ်က လူတွေကို မြင်လိုက်ရချိန်မှာတော့ ကျိုးဟိန်ယိ ငြိမ်ကျသွားတော့၏။

အိမ်တော်ထိန်းက ဖုန်ယွင်ဟယ် လာလည်တယ်လို့ပဲ ပြောခဲ့တာဖြစ်ပြီး ရှီလီ လာသည့်အကြောင်းကိုပါ ဘာလို့မပြောခဲ့တာလဲ။

၎င်းမှာ သူသည် ရှီလီကို သဘောမကျ၍မဟုတ်ဘဲ - ဆန့်ကျင့်ဘက်အားဖြင့် သူမဆီက သတင်းအချက်အလက်တွေရရန် လိုအပ်နေတာကြောင့် ဖြစ်သည်။ အကယ်၍ သူ့တွင် အဆတစ်ရာလောက် သတ္တိရှိလျှင်တောင် ရှီလီကို မကန့်ကွက်ရဲပေ။

246 03

ရှီလီကို ရုံရုံနှင့် ဖူဟွေ့ရှင်းတို့မှလွဲ၍ အခြားအတန်းဖော်တွေနှင့်အတူ သူ့အရှေ့တွင် ပေါ်မလာစေချင်ရုံသာ။ သူ့မိသားစုရဲ့ ပြဿနာတွေအား ရှီလီကို သတိပေးမိမှာကို ကြောက်နေမိပြီး အကယ်၍ သူမသာ တစ်စုံတစ်ရာကိုပြီးစလွယ် ထုတ်ပြောလိုက်ပါက သူတို့မိသားစုသည် လူမှုဆက်ဆံရေး အသိုင်းအဝိုင်းထဲ၌ မကောင်းသတင်း ထွက်လာပေလိမ့်မည်။

ကျိုးဟိန်ယိ၏ ကနဦးတုန်းက စိတ်လှုပ်ရှားနေ‌သော ခြေလှမ်းများမှာ ရှီလီကို မြင်တွေ့လိုက်ရသည့်အခိုက် နှေးဖင့်သွားရတော့၏။

အခုနေ ထွက်သွားလျှင် အရမ်းနောက်ကျသွားပြီလားဟု သူ တွေးနေမိသည်။

သူ ဝမ်းလျောနေလို့ သန့်စင်ခန်းသုံးဖို့လိုတယ်လို့ ပြောလိုက်ရင် ကျိုးကြောင်းသင့်ပါ့မလား။

ကျိုးအဖေက သားငယ်ကိုတွေ့တော့ လက်ယပ်ခေါ်လိုက်ပြီး “ဘာလို့ အချိန်ဖြုန်းနေတာလဲ။ ဒီကို မြန်မြန်လာလေကွာ”

“ဟုတ်ကဲ့”

ကျိုးဟိန်ယိက ဆိုဖာအစွန်းတွင်ထိုင်၍ အနှီလူတွေက နှစ်ကူးတွင် နှုတ်ဆက်စကား လာပြောရုံတင်ဖြစ်ပြီး မကြာခင် ပြန်တော့မှာဟု သူ့ကိုယ်သူ အယုံသွင်းနေတော့သည်။ ဒါ့အပြင် ရှီလီက အတွေးများတတ်သည့်လူစားမျိုး မဟုတ်သဖြင့် အနှီဖြစ်ရပ်ကို မတွေးမိလောက်ချေ။

ကျိုးဟိန်ယိ ထိုင်ချလိုက်ပြီး အနှီလူတွေ မြန်မြန်ထွက်သွားပါစေဟု မျှော်လင့်နေသည်။

ထို့နောက် ထိုအချိန်မှာပဲ အိမ်တော်၏ သခင်မဖြစ်သော မဒမ်ကျိုးက ထွက်ပေါ်လာသည်။

သူမက စိတ်အားထက်သန်စွာဖြင့် လူတိုင်း အတွက် လက်ဖက်ရည် ငှဲ့ပေးလာသည်။

သူမက ရှီချွမ်၊ ရှီရွှမ်းတို့နှင့် သက်တူရွယ်တူဖြစ်တာကြောင့် သူမကို “အစ်မ” ဟု ခေါ်သင့်သော်လည်း သူမက ကျိုးအဖေ၏ဇနီး ဖြစ်နေတာကြောင့် သင့်တော်သော ရာထူးအလိုက်“အန်တီ”ဟု ခေါ်ရပေလိမ့်မည်။

လူတိုင်းက သူမကို သဘာဝကျကျ “အန်တီ” ဟု ခေါ်နေချိန်တွင် ကျိုးဟိန်ယိကတော့ အသက်ရှူကြပ်တော့မည့်ပုံ ပေါက်နေသည်။

ထွက်မလာပါစေနှင့်ဟု သူ မျှော်လင့်ထားသောလူသည် ဤအချိန်ကျမှ ထွက်ပေါ်လာခဲ့၏။

မနက်ဆယ်နာရီပဲ ရှိသေးသဖြင့် နေ့လယ်စာစားရန် အချိန်လိုသေးသော်လည်း မီးဖိုချောင်ကတော့ အစားအသောက်တွေကို စပြီးပြင်ဆင်ဖို့ လိုအပ်လာလေပြီ။

စားဖိုမှူးက နေလယ်စာအတွက် လူဘယ်နှစ်ယောက်စာ ပြင်လိုက်ရမလဲဟု အိမ်တော်ထိန်းကို ကသိကအောက်ဖြစ်စွာ မေးလိုက်သည်။ ဧည့်သည်တွေ နေမလားဆိုတာကို တွေးနေမိသည်။

ကျိုးအဖေနှင့် အလုပ်တွဲလုပ်လာတာ နှစ်တွေအကြာကြီးရှိပြီဆိုတော့ အိမ်တော်ထိန်း၏အကြည့်တစ်ချက်နှင့်တင် သူ၏ဆိုလိုရင်းကို ကျိုးအဖေ နားလည်နိုင်သည်။

သူ ပျူငှာစွာဖြင့် ဖိတ်ခေါ်လိုက်သည်။ “နေ့လယ်စာစားဖို့ နေသွားကြပါဦးလား၊လူစုံတော့ ပိုအသက်ဝင်တာပေါ့”

လူတိုင်းက ယဉ်ကျေးစွာ ငြင်းမလာခင်မှာပဲ အိမ်တော်ထိန်းကို သူ ညွှန်ကြားလိုက်သည်။ “မီးဖိုချောင်ကို ဟင်းပွဲနည်းနည်းလောက် ထပ်ပြင်ထားဖို့ပြောလိုက်၊ အကြီးဆုံးသခင်လေးအတွက် ပြင်မ‌ထားနဲ့ဦး - နှစ်သစ်မှာသူ့ကောင်မလေးရဲ့ မိသားစုကို သွားလည်နေတာဆိုတော့ နေ့လယ်စားဖို့ အိမ်ပြန်လာမှာ မဟုတ်ဘူး”

မပြောသင့်သည့်နာမည်ကို ပြောလာခြင်းက ကျိုးဟိန်ယိကို အလွန်မဆင်မပြေ ဖြစ်သွားစေသည်။

တစ်စုံတစ်ရာကို သူ ရုတ်တရက် မှတ်မိသွားသည်။ သူ့အစ်ကိုရဲ့ ကောင်မလေးကလည်း ရှီမိသားစုနှင့် ရှုပ်ထွေးသော အဆက်အသွယ်တွေ ရှိနေတယ်ဆိုတာပင်။

ဒီအကြောင်းကို ရှီလီရော သိထားလား။ ရှီလီသိထားရင် သူတို့မိသားစုက ကြီးကျယ်တဲ့မိထွေးရဲ့ ဒရာမာကို အခုနေ ထုတ်ပြောလာလောက်လား။

******

247 01

အခန်း ၂၄၇: လမ်းခွဲဂုရု

ကျိုးဟိန်ယိက လူတိုင်းကို နှင်မထုတ်ချင်သော်လည်း ဤလူတွေ သူ့အိမ်မှာနေတာ ကြာလေ၊ ထိုကိစ္စက ပေါ်ပေါက်လာမည့် အန္တရာယ်က ကြီးလာလေဖြစ်သည်။

ကျိုးအဖေက နေ့လယ်စာအတွက် လူများစွာကို ဖိတ်ခေါ်လိုက်ချိန်မှာ ကျိုးဟိန်ယိက ထူးထူးခြားခြား ပြောလာ၏။ “အဖေ၊ သူတို့ နှစ်ကူးလျှောက်လည်တာကို ဝင်မစွက်ဖက်နဲ့လေ။ ခုခေတ်ကြီးမှာ ဘယ်သူကမှ ထမင်းတစ်နပ် မလစ်ဟင်းနေဘူး”

ကျိုးအဖေသည် သူ၏ မစဉ်းစားတတ်သော သားဖြစ်သူကြောင့် ဒေါသထွက်လုနီးပါး ဖြစ်သွားရသည်။ ဧည့်သည်များကို ထမင်းဖိတ်ကျွေးတာက အခြေခံကျင့်ဝတ်ဖြစ်ပြီး ဘယ်အိမ်မှာမှ အစေားအသောက် ပြတ်လပ်မနေသော်လည်း ဧည့်သည်တွေကို မောင်းထုတ်လိုက်လို့ မဖြစ်ပေ။

ကျိုးဟိန်ယိ၏ စကားတွေက ဧည့်သည်တွေကိုနှင်လွှတ်ရန် ပေါ်တင်ပြောနေတာပင်။

ကျိုးအဖေက ကျိုးဟိန်ယိကို စိုက်ကြည့်လိုက်ကာ “လူကြီးတွေကိစ္စမှာ ကလေးတွေ ဝင်မရှုပ်သင့်ဘူး”

သို့သော် ကျိုးဟိန်ယိက သူ့လူအိုကြီးကို အတိုက်အခံလုပ်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်နေကာ ဇွတ်အတင်း ဝင်စွက်ဖက်နေသည်။

သူသည် ပြဿနာရှာတတ်သည့် လူချမ်းသာကလေး မဟုတ်သော်လည်း သူတစ်ခါ ခေါင်းမာပြီဆိုတာနှင့် ဘယ်သူကမှ သူ့စိတ်ကိုမပြောင်းလဲနိုင်ပေ။

ဤအခိုက်အတန့်၌ ကျိုးဟိန်ယိက သူ့အဖေကို အမြင်မကြည်ပေ။ အရာအားလုံးက သူ့အောက်ပိုင်းကို မထိန်းချုပ်နိုင်ဘဲ ငယ်ရွယ် လှပသော အမျိုးသမီးများကို နှစ်သက်သော ဤလူအိုကြီးဆီက မြစ်ဖျားခံလာတာဖြစ်ပြီး သူတို့ကို အားနည်းချက်ရှိရာကနေ စွန့်စားတတ်လာစေတာပင်။

ကျိုးအဖေက အလွန်လူမျိုးကြီးဝါဒဆန်သော ယောက်ျားတစ်ယောက်ဖြစ်သည်။ ငယ်ရွယ် လှပသော ဇနီးများကို လိုက်ပိုးပန်းခဲ့ခြင်းမှာ သူ၏ တဏှာကြီးသော ဗီဇကြောင့်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ဒေသကတော့ မိန်းမငယ်လေးတွေက လှည့်စားရလွယ်၊ ချုပ်ကိုင်ရလွယ်တာကြောင့် သူ၏ယောက်ျားသား လူမျိုးကြီးဝါဒကို စိတ်ကျေနပ်စေသည်။

သူ့သားဆီက နှစ်ကြိမ်တိုင်တိုင် ဆန့်ကျင်ခံလိုက်ရခြင်းကြောင့် မျက်နှာပျက်သွားရသော်လည်း အပြင်လူတွေ ရှိနေသေးတာကို စဉ်းစားပြီး ဒေါသထိန်းလိုက်သည်။ ဧည့်သည်တွေပြန်သွားမှ ဤကျေးဇူးမသိတတ်သော သားနှင့်စာရင်းရှင်းမည်ဟု တေးထားလိုက်တော့၏။

သို့သော် တစ်ခါတစ်ရံတွင် သင်အကြောက်ဆုံးအရာက လက်တွေ့ဖြစ်လာတတ်၏။ ချူးချွမ်ရှန်းက ရှီရွှမ်းကို အနှောင့်အယှက်မပေးတော့သည့် အချိန်တုန်းက ရှီလီကို ပြောခဲ့သေး၏။ “မင်းမသိလောက်သေးဘူး၊ဒါပေမဲ့ ညီမလေးလန်ရှန်က ကျိုးဟန်ယိနဲ့တွဲနေတာ။ မင်း စခန်းချလေ့ကျင့်ရေးဆင်းနေတုန်းက ဖြစ်လောက်တယ်”

လုလန်ရှန်နှင့် ရှီရွှမ်းက သက်တူရွယ်တူတွေဖြစ်ပြီး ကလေးဘဝတုန်းက ကစားဖော်တွေ ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့၏မိသားစုတွေက အဆက်အသွယ် ပြတ်တောက်သွားကြ၏။ လုလန်ရှန်က နိုင်ငံခြားထွက်ပြီး စာသင်ချိန်တွင် ရှီရွှမ်းက တရုတ်ပြည်မှာပဲပညာရေးကို ဆက်လက်သင်ယူခဲ့တာကြောင့် အဆက်အသွယ် မရှိကြတော့ပေ။

မိသားစုချင်း ပြန်လည်သင့်မြတ်လာချိန်တွင် ရှီရွှမ်းနှင့် လုလန်ရှန်က မကြာခဏ အတူတူဈေးဝယ်ထွက်ပြီး ငယ်ဘဝ ခင်မင်မှုကိုပြန်လည်အသက်သွင်းခဲ့ကြသည်။

ရှီလီသည် ထိုအချိန်တုန်းက စာတွေနှင့် လုံးပန်းနေရပြီး အိမ်ပြန်ရောက်လာလျှင်လည်း မိသားစုက ဤသတင်းကို မျှဝေပေးဖို့ သတိ မရခဲ့ကြတာကြောင့် လုလန်ရှန်၏ ဆက်ဆံရေး အသစ်ကို မသိလောက်သေးဘူးဟု ရှီရွှမ်းခန့်မှန်းလိုက်သည်။

ထို့ကြောင့် သူမက ကြင်နာစွာဖြင့် နောက်ကြောင်းပြန်ပြောပြလိုက်သည်။

ကျိုးအဖေက လုလန်ရှန်းကို သူ့ချွေးမလောင်းအဖြစ် အလွန်စိတ်တိုင်းကျနေ‌တာ ဖြစ်သည်။ လုမိသားစုတွင် တစ်ဦးတည်းသော ကလေးတစ်ယောက်သာရှိ၍ သူတို့၏ အမွေဥစ္စာမှာအနည်းနှင့်အများ လုလန်ရှန်းဆီသို့ ရောက်လာမည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်နေသည်။

သဘောတူ လက်ထပ်ပွဲပြီးနောက် နှစ်မိသားစုလုံး၏ ပိုင်ဆိုင်မှုအားလုံးကို သူ့မြေးတစ်ဦးတည်း ပိုင်‌ဆိုင်ရမှာဖြစ်သည်။

ဤသည်မှာ သူ့စိတ်ထဲတွင်ရှိသော သဘောတူလက်ထပ်ပွဲပင်ဖြစ်၏။

ရှီလီ၏မျက်လုံးတွေ ပြူးကျယ်သွားကာ –ဒါဘယ်လို တိုးတက်မှုကြီးလဲ။

ရှီရွှမ်း၏အသံက မတိုးသလို၊ ကျယ်လည်းမကျယ်ပေ၊ လျှို့ဝှက်ထားဖို့လိုသည့်အရာ မဟုတ်တာကြောင့်ပင်။ သူမက အချက်အလက်ကျကျ ပြောနေသဖြင့် တမင်တကာ အသံမတိုးတာဖြစ်သည်။

၎င်းကို ဧည့်ခန်းထဲရှိလူတိုင်း ကြားနေရသည်။

ကျိုးဟိန်ယိမှာ မသိစိတ်ကနေ မျက်လုံးကို အုပ်ထားချင်မိ၏။ ကြိုတင်ကာကွယ်ထားသော်လည်း ပြဿနာက ရှီလီ၏ဘက်ကနေ ရောက်ချလာလေပြီ။

သူသည် အိမ်တော်ထိန်းဘက်သို့လှည့်၍ ယဉ်ကျေးစွာ ပြောလိုက်၏။ “ဦးလေးလီ၊ လူခုနစ်ယောက်စာအတွက် ထပ်ပြင်ပေးဖို့ မီးဖိုချောင်ကို ပြောလိုက်ပါဦး” ယခုတော့ ဤလူတွေ နေ့လယ်စာအတွက် နေမယ်ဆိုတာကို သူတို့တွေ သိလိုက်ရလေပြီ။

ကျိုးအဖေက မျက်မှောင်ကြုတ်၍ သူ့သားငယ်၏ ဦးနှောက်မှာ တစ်ခုခုမှားနေလားဟု အတွေးဝင်မိသွားသည်။ လိမ္မာတဲ့ကလေးက အခုတော့ ဦးနှောက်ခြောက်စရာ ဖြစ်နေပါ့လား။

ကျိုးဟိန်ယိက ရှီလီ၏ အမူအရာကို အသေးစိတ် စောင့်ကြည့်နေတာဖြစ်သည်။ သူ့အဖေ မျက်မှောင်ကြုတ်လိုက်တာကို မသိလိုက်သော်လည်း ရှီလီက နှုတ်ခမ်းကို အသာဟလိုက်ချိန်တွင် သူ၏နှလုံးမှာ လည်ချောင်းထဲမှ ခုန်ထွက်လာတော့မလို ဖြစ်သွားရသည်။

247 02

[နေစမ်းပါဦး၊ ကျိုးဟန်ယိက စုန့်မိသားစုကသမီးနဲ့ စေ့စပ်ရမှာ မဟုတ်ဘူးလား။ ]

ဤပြောင်းလဲမှာက ရှီလီအတွက် မထင်မှတ်ထားတာတစ်ခုပင်။ လုလန်ရှန်းကို လက်မထပ်ခင်တွင် ကျိုးဟန်ယိ၌ ဇနီးလောင်းရှိခဲ့ဖူးပြီး သူတို့၏ စေ့စပ်ထားခြင်းက လက်မထပ်ခင်အထိ အတော်လေး ကြာရှည်ခဲ့သည်။

ကျိူးဟန်ယိ၌ သူ့ဇနီးလောင်းအပေါ် ဘာခံစားချက်မှ မရှိဘဲ၊ စေ့စပ်ပွဲက သဘောတူ လက်ထပ်ပွဲအတွက် ရည်ရွယ်ချက်ကြောင့်သာဖြစ်ပေသည်။

[သူတို့တွေ ဘာလို့ လက်တွဲဖော် ပြောင်းလိုက်ကြတာလဲ။ ]

သူမ၏ ယခင်ဘဝတုန်းက ယခုလိုအချိန်တွင်လုလန်ရှန်က အနှီအမှိုက်ကောင်နှင့် စေ့စပ်ပြီးပြီဖြစ်၍ မင်္ဂလာပွဲ အစီအစဉ်များကို ဆွေးနွေးနေပြီဖြစ်ကာ နှစ်ကူးပြီးလျှင် အခမ်းအနားကျင်းပဖို့ စီစဉ်ထားကြတာပင်။

ရှီလီ၏စိတ်မှာ အထုံးတွေဖြင့် ချည်နှောင်ခံထားရပြီး သူမနေနှင့် သက်ပြင်းချနိုင်ရုံသာ တတ်နိုင်သည်။ [အစ်မလန်ရှန်က ယောက်ျားတွေနဲ့ ပတ်သက်လာရင် တကယ့်ကို ကံဆိုးတာပဲ]

အမှိုက်ကောင် ခင်ပွန်းလောင်းတစ်ယောက်က သေသွားတယ်။

အခုကျ အနာဂါတ်မှာ သူ့မိထွေးနဲ့ညားသွားမဲ့ တစ်ယောက်နဲ့ ရည်းစားထားမိပြန်ပြီ။

လုလန်ရှန်၏ ယခင်အမှိုက်ကောင် ခင်ပွန်းလောင်းနှင့် ယှဉ်လျှင်တော့ ကျိုးဟန်ယိက ဥပဒေကိုလိုက်နာသည့် သာမန်လူတစ်ယောက် ဖြစ်ပေသည်။ အပြင်လူတစ်ယောက်အနေနှင့်မိထွေးအပေါ် နှစ်သက်သည့် သူ၏ထူးခြားမှုအပေါ်ကို သူမ မှတ်ချက်မပေးသင့်သော်ငြား အနည်းဆုံးတော့ သူနှင့်စေ့စပ်ထားသော စုန့်မိသားစု၏သမီးက အသက်ရှင်၍ ကောင်းကောင်းမွန်မွန် နေထိုင်ရကာ သူတို့၏မိသားစု အမွေဥစ္စာက သူ့လက်ထဲသို့ မကျရောက်နိုင်တော့ချေ။ [အစ်မလန်ရှန်က ယောက်ျားတွေဆို အကောင်းကြိုက်ပေမဲ့၊ ကျေးဇူးပြုပြီး ထပ်မရွေးပါနဲ့တော့လို့]

လက်ရှိတွင်ရှိနေကြသော ဤလူများထဲတွင်ရှီလီ၏ အတွေးတွေကို ကြားနိုင်သည့် လူသုံးယောက်မှာ၊ ဖူဟွေ့ရှင်း၊ ဖုန်းယွင်ဟယ်နှင့်ကျိုးဟိန်ယိ တို့သာ ဖြစ်ကြသည်။

ကျိုးဟန်ယိ၏ မိထွေးအပေါ် စိတ်ဝင်စားနေခြင်းကို ဖူဟွေ့ရှင်းနှင့် ကျိုးဟိန်ယိတို့ သိထားကြသော်လည်း ဖုန်းယွင်ဟယ်ကတော့ ကြားလိုက်ရသည်များကြောင့် လုံးဝကိုခေါင်းရှုပ်သွားရတော့သည်။

သို့သော် ရှီလီထံမှ နားစွန်နားဖျား ကြားလိုက်ရပြီးနောက် လုလန်ရှန်အတွက် ကျိုးဟန်ယိက မသင့်တော်ဘူးဆိုတာကို ဖုန်းယွင်ဟယ် ဝိုးတိုးဝါးတား ခန့်မှန်းလိုက်နိုင်သည်။

အချက်အလက်တွေကို ပိုမထားသော ဖုန်းယွင်ဟယ်မှာ ဤသည်ကို အရေးမပါသည့်သတင်းဟု စဉ်းစားလိုက်၏။ ကျိုးဟန်ယိ၏အကျင့်စရိုက်က သူနှင့် တိုက်ရိုက်ဖြင့်ရော၊သွယ်ဝိုက်၍ပါ မသက်ဆိုင်ချေ။

[ကျိုးဟန်ယိက ပိုက်ဆံအတွက် လူမသတ်ပေမဲ့ မိထွေးတွေကို ကြိုက်ရုံပဲရှိတာပါ]

ဖုန်းယွင်ဟယ်: ကြိုက်ရုံ

ကျိုးဟိန်ယိမှာ သူ့မျက်နှာကို ထပ်အုပ်ထားချင်မိသွားသည်။ နောက်ဆုံးတော့ သူမ ပြောလိုက်ပြီ။

[အစ်မလန်ရှန်နဲ့ သူ မြန်မြန်လမ်းခွဲလိုက်ရင် ကောင်းမယ်၊ ခံစားချက်တွေကို ဖြုန်းတီးနေတယ်ဆိုတာကလည်း အရမ်းလေးနက်တဲ့ကိစ္စတစ်ခုပဲ]

ဤစကားကိုကြားတော့ ကျိုးဟိန်ယိ၏ နှလုံးသားမှာ တုန်ရီသွားတော့၏။

လုလန်ရှန်၏ ခင်ပွန်းလောင်းက ပိုက်ဆံကြောင့် သူမကို အကွက်ချစီစဉ်ခဲ့တာပင်။ ရှီလီက စေ့စပ်ပွဲကို ဖျက်ချင်သော်လည်း အနှီလူကသေသွားတော့ မလိုအပ်တော့ဘဲ သူ့အုတ်ဂူပေါ်ရှိမြက်မှာ အခြားတစ်ခုဖြင့် အစားထိုးခံလိုက်ရလေပြီ။

သူ့အစ်ကိုတွင် အမည်မသိသော ထူးခြားမှုတွေရှိကာ မိသားစုအမွေတွေကို သိမ်းကျုံးယူနိုင်ခြေရှိသော်လည်း သူ၏သွေးသားချင်းတော်စပ်နေသော အစ်ကိုဖြစ်နေတာကြောင့် ကျိုးဟိန်ယိက သူ့အပေါ် သံယောဇဉ် ကြီးမားပေသည်။

သူသေသွားမှာကို မကြည့်ရက်ပေ။

ရှီလီ: ငါမကြိုက်တဲ့ တစ်စုံတစ်ယောက်ကို သတ်နိုင်တဲ့ စွမ်းရည်မျိုး ငါ့မှာရှိနေတယ်လို့များ နင်ထင်နေလား။

ရှီချွမ်က ကျိုးအဖေနှင့် ကုမ္ပဏီကိစ္စတွေဆွေးနွေးနေပြီး ရှီလီက အတွေးထဲ နစ်မြောနေကာ အခြားသုံးယောက်ကတော့ ရှီလီ၏အတွေးတွေကို နားထောင်နေကြသည်။

ရှီရွှမ်းက သူမ၏ တွယ်ကပ်သော ကောင်လေးကို ချော့နေချိန်မှာ လျန်ရုန်ရုန်ကတော့ ဘာမှလုပ်စရာမရှိသော်လည်း ဖုန်းကိုပွတ်ဆွဲနေ၍ အလုပ်ရှုပ်နေသလို ဟန်ဆောင်နေသည်။

အချိန်တွေက မသိလိုက်ပါဘဲနှင့် ကုန်ဆုံးသွားကာ နေ့လယ်စာစားချိန်သို့ ရောက်သို့လာတော့သည်။

ရှီလီ စိတ်ကူးယဉ်နေတုန်း ဖုန်းယွင်ဟယ်မှာ သူ၏ပျောက်ဆုံးနေသော ဗဟုသုတကို အောင်အောင်မြင်မြင် ဖမ်းမိရရှိလိုက်ပြီး အနာဂါတ်တွင် ကျိုးအဖေ၊ သားဖြစ်သူနှင့်လုလန်ရှန်တို့ကြားက အချစ်အမုန်း ဆက်ဆံရေးကို သိရှိလိုက်ရတော့၏။

ရိုးသားစွာပြောရလျှင် အကျိုးအကြောင်းကို သိနေရခြင်းက ကိစ္စတွေကို ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာစေသည်။

247 03

ကျိုးဟိန်ယိကတော့ အခုဆို ထုံနေလေပြီ။ သူသည် ၎င်းကို မတားနိုင်မှတော့ ဖြစ်ချင်ရာဖြစ် လွှတ်ထားလိုက်တော့၏။ ရှီလီသာ သူ့အစ်ကို၏ ဘဝကို ဝင်ရောက်မစွက်ဖက်ချင်သရွေ့၊ သူ့အစ်ကိုအား လုမိသားစု၏ သမီးနှင့်မြန်မြန်လမ်းခွဲအောင်လို့ ဖျောင်းဖျပေးရန်ဆန္ဒရှိသည်။

ပြဇာတ်ငယ်:

နှစ်တွေကြာပြီးနောက်

ကျိုးဟန်ယိက သူ့ညီလေး အိမ်ခေါ်လာသော ကောင်မလေးကိုကြည့်ပြီး အထိတ်တလန့် မေးလိုက်သည်။: “မင်း သူမအပေါ် မျက်စိကျသွားလို့ ငါတို့ကို ဆယ့်နှစ်ရာသီ ရာသီခွင်တွေ မလိုက်ဖက်ဘူးဆိုပြီး လမ်းခွဲခိုင်းခဲ့တာ မဟုတ်လား”

ကျိုးဟိန်ယိက ရိုးသားစွာပြုံး၍ “တိုက်ဆိုင်လိုက်တာ၊ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ”

******

248 01

အခန်း ၂၄၈: ဒီလူအိုကြီးမှာ သေချာပေါက်ပြဿနာတွေရှိနေတယ်

ကျိုးဟိန်ယိသည် သူ့အစ်ကို၏ ဂုဏ်သတင်းအတွက် လုလန်ရှန်နှင့် ခပ်ဝေးဝေးနေရန် အစ်ကိုဖြစ်သူကို ဖျောင်းဖျဖို့ ဆုံးဖြတ်ချက် ချလိုက်တော့၏။

ပိုက်ဆံကို ပြန်ရှာလို့ရပေမဲ့ အသက်ကိုတော့ ပြန်အစားထိုးလို့ မရပေ။

လူတိုင်းက နေ့လယ်စာမစားခင်အထိ သူတို့ကိစ္စနှင့်သူတို့သာ အလုပ်ရှုပ်နေကြသည်။

သူတို့က ဧည့်သည်တွေဖြစ်ပြီး နှစ်ကူးရောက် နေတာကြောင့် ကျိုးမိသားစု၏ စားပွဲပေါ်က ဟင်းလျာများမှာ အလျှံအပယ်ရှိသည်။

အိမ်ထောင်စုတိုင်းသည် လက်ရှိတွင်ရှိနေသည့်လူတိုင်းအတွက် ယခုလို ဟင်းလျာတွေကို တတ်နိုင်ကြပြီး ၎င်းက သာမန်အိမ်ချက်ဟင်းလျာများသာဖြစ်သည်။

လူတိုင်းက ရည်မွန်သော ထမင်းဝိုင်းစည်းကမ်းများကို ကျင့်သုံးနေကြပြီး စားသောက်နေချိန်အတွင်း ဘယ်သူမှ စကားမပြောဘဲ သူတို့၏အစားအစာကို ငြိမ်ဆိမ်စွာ စားသောက်နေကြသည်။

စားသောက်နေချိန်တွင် ရှီချွမ်က နေ့လယ်စာစားပြီးလျှင် ခဏတဖြုတ် ထိုင်နားပြီးနောက် အကြောင်းပြချက်ရှာ၍ သူ့ညီမနှစ်ယောက်ကို အိမ်ပြန်ခေါ်သွားရန် စီစဉ်ထားလိုက်သည်။ နေ့လယ်ခင်းတွင် နှစ်ကူးအတွက် လည်ပတ်ဖို့ မလိုအပ်သဖြင့် သူ့ကောင်မလေးကို သွားတွေ့လို့ရသည်ပင်။

အမှန်တကယ်တွင် ရိုးရှင်းသော ငြင်းဆိုမှုကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ရှီချွမ်က ယခုဆိုသူ့ကောင်မလေးအား ထပ်တွေ့နိုင်မည့် ဖြစ်နိုင်ခြေကို စဉ်းစားနေလေပြီ။

ရှီချွမ်သည် ကျိုးမိသားစုနှင့် ဆက်ဆံရေးက သာမန်မျှသာဖြစ်ပြီး ပိတ်ရက်များတွင် အတူထမင်းတစ်နပ်စားရန် အဆင့်အထိ မရောက်သေးတာကြောင့် နေ့လယ်စာစားရန် ကျိုးမိသားစုတွင်နေဖို့ မရည်ရွယ်ထားခဲ့ပေ။

သို့သော် ကျိုးအဖေနှင့် စကားပြောနေရင်းမှအချိန်တွေက နေ့လယ်စာစားချိန်အထိ ရောက်ရှိသွားတာကြောင့်ပင်။

ရှီလီနှင့် ရှီရွှမ်းက စိတ်ပျံ့လွင့်နေပုံရပြီး သူ့ကိုအိမ်ပြန်ရန် အကြံပေးမလာကြတာကြောင့် သူ့အနေနှင့် ရွေးချယ်စရာမရှိတော့ဘဲ နေ့လယ်စာစားရန် နေလိုက်ရတာဖြစ်သည်။

စားသောက်ပြီးနောက် လက်ဖက်ရည်သောက်ရန်အတွက် လူတိုင်း စုဝေးလိုက်ကြသည်။

ကျိုးဟိန်ယိ၏ မိထွေးက တက်ကြွစွာဖြင့် လူတိုင်းအား လက်ဖက်ရည် ဧည့်ခံလာ၏။

ရှီချွမ်မှာ ပြန်ဖို့အချိန်ကို တိတ်တဆိတ် တွေးတောနေခိုက် ရှီလီကတော့ လုလန်ရှန်ကို ကျိုးမိသားစု၏သားအကြီးဆုံးနှင့် ဘယ်လိုလမ်းခွဲအောင် လုပ်ရမလဲဆိုတာကို စဉ်းစားနေဆဲပင်။

လူတိုင်းသည် ကိုယ်စီအတွေးထဲ နစ်မြောနေချိန်မှာ ရှီရွှမ်းက သူမကောင်လေးနှင့် ဖုန်းထဲကနေပြီး ချစ်ကြည်နူးတီတူးနေတာကို သတိထားမိသွားတာကြောင့် သူမ၏နှလုံးသားမှာ နစ်မြုပ်သွားရတော့၏။

ကောင်းရော၊ သူမမှာတော့ ရှီရွှမ်းနဲ့ သူမကောင်လေးကို လမ်းခွဲအောင်လုပ်ဖို့ကို မအောင်မြင်သေးဘူး၊ အခု လုလန်ရှန်ကိုပါ ကိုင်တွယ်ရတော့မယ်။

သူမရဲ့နာမည်ကို “လမ်းခွဲဂုရု” လို့ ပြောင်းသင့်နေပြီ။

နေ့လယ်စာစားအပြီး လူတိုင်း အနားယူနေချိန်မှာ နေ့လယ်စာ၏ ကာဘွန်ဟိုက်ဒရိုဒ်ကြောင့် လျန်ရုန်ရုန်ကိုပင် နှစ်ကြိမ်ခန့် သန်းဝေလာစေကာ ငိုက်မျဉ်းလာစေသည်။

ရှီလီ၏ ရှုပ်ထွေးနေသော အတွေးတွေနှင့်အတူကျိုးဟိန်ယိကတော့ အနည်းငယ် စိတ်အေးနေလေ၏။ သူ့သူငယ်‌ချင်းကောင်းက သူ့အစ်ကိုနဲ့မိထွေးရဲ့ ‌ဇာတ်လမ်းကို သိသွားပြီဆိုတော့ဘာမှ စိတ်ရှုပ်နေစရာ မလိုတော့ဘူး။

အနာဂါတ်တွင် သူ့အစ်ကို ဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကို ကျိုးဟိန်ယိ စိတ်ပူမိသော်လည်း အလွန်အကျွံကြီးတော့ မဟုတ်ပေ။

အစ်ကို့မှာ အလွန်ပြည့်တင်းနေရင် မကောင်းတဲ့အတွေးတွေက မျက်နှာပြင်ပေါ် တက်လာမှာပဲလေ။ ဖြစ်ချင်သလိုသာ၊ ဖြစ်ပါစေတော့။

အနည်းဆုံးတော့ သူ့အစ်ကိုက ချက်ချင်းမသေတော့ ဖြစ်တာကြောင့် ဖုန်းနည်းနည်းကြည့်လိုက်ခြင်းက မထိခိုက်သွားနိုင်ချေ။

ကျောင်းအ‌တွင်းသတင်း ပလက်ဖောင်းပေါ်၌ ဆွေးနွေးထားသော စိတ်ကူးတွေကို မြင်တွေ့လိုက်ရချိန်မှာတော့ ကျိုးဟိန်ယိမှာ အံ့ဩတကြီး အာမေဍိတ်မပြုမိဘဲ မနေနိုင်တော့ပေ။

ပို့စ်များကို အမည်မသိဖြင့် တင်ထားသဖြင့်ကျောင်းသားတွေရော ဆရာများပါ အထူးအခွင့်အရေးရှိနေသော်လည်း ကျောင်း၏အုပ်ချုပ်ရေးပိုင်းကတော့ အနှီ IP က ဘယ်ကျောင်းသား သို့မဟုတ် ဘယ်ဆရာနှင့်သက်ဆိုင်တယ်ဆိုတာကို မြင်နိုင်ကြသည်။

ချန်ပု အတွင်းသတင်း ပလက်ဖောင်းပေါ်တွင်အများအားဖြင့် ပို့စ်တွေအများကြီးမရှိတတ်ဘဲ အများစုမှာ ပျောက်ဆုံး သို့မဟုတ် တွေ့ရှိသောပစ္စည်းများနှင့် ဖွင့်ပြောသော ပို့စ်များသာရှိလေသည်။

ဆရာတွေက ဤပလက်ဖောင်းကို ရံဖန်ရံခါဝင်ကြည့်တတ်တာကြောင့် ဖွင့်ပြောသည့်ပို့စ်တွေက သိပ်တော့မများပေ။

ချန်ပု ကျောင်းသားများမှာ လုပ်စရာမရှိသောအခါများမှသာ ဤအတွင်းသတင်း ပလက်ဖောင်းကို အသုံးကြမှာဖြစ်ပြီး တခါတလေ၌ပို့စ်တွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းနေတတ်၏။

ကျိုးဟိန်ယိက အတင်းအဖျင်း အုပ်စုဖွဲ့ စကားပြောခန်းထဲ စစ်ကြည့်လိုက်ပြီး အတင်းအဖျင်းအသစ်တွေကို မတွေ့တာကြောင့် သူတို့မိသားစု၏ ကိစ္စတွေက အတန်းဖော်တွေကြားတွင် ရေပန်းမစားသေးပေ။

248 02

ထို့ကြောင့် သူသည် စကားပြောခန်းအက်ပ်ထဲမှ ထွက်လိုက်ပြီး ချန်ဖူအတွင်းသတင်း ပလက်ဖောင်းကို ဖွင့်ကြည့်လိုက်တော့သည်။

သူမြင်လိုက်ရတာကတော့ ထူးကဲနေ၏။ - ပုံမှန်ဆို တိတ်ဆိတ်နေသော အတွင်းသတင်း ပလက်ဖောင်းက ယနေ့တွင်မူ ပုံမှန်မဟုတ်စွာ ဖြင့် အွန်လိုင်းသုံးစွဲသူ အရေးအတွက်မှာ အလွန်မြင့်မားလျှက်ရှိနေသည်။

၎င်းမှာ နှစ်ကူးဖြစ်သော်ငြား အရေအတွက်က ယခုလောက်ထိ ထိတ်လန့်စရာကောင်းမနေသင့်ချေ။

ထပ်ကြည့်နေရင်း ဟုမ်းပေ့ခ်ျတွင် လွန်ခဲ့သောဆယ်မိနစ်က တရားမဝင်ပို့စ်များ ရုတ်တရက်ရှိလာ၏။

သေချာသည်မှာ ကျိုးဟိန်ယိကို အာမေဍိတ်ပြုစေသည့် ရဲတင်းသော ခေါင်းစဉ်ကတော့:"ကျောင်းတောအုပ်: အရွယ်ရောက်ပြီးသားအမျိုးသားနဲ့ အမျိုးသမီး 18+ အကြောင်းအရာ”

ဤခေါင်းစဉ်က သေချာပေါက် NSFW ပင်။

အသက်ဆယ့်ရှစ်နှစ်အောက် ကျောင်းသားတွေ အနေနှင့် ယခုလို ခေါင်းစဉ်မျိုးကို မစပ်စုချင်ကြဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါ့အပြင် ၎င်းမှာ ကျောင်းသားတွေပင် မဟုတ်ပေ။ ယခုလို ရဲတင်းသော ခေါင်းစဉ်မျိုးနှင့်အသက်မရွယ်၊ လူဦးရေမရွေး မကင်းလွတ်နိုင်ကြပေ။

၎င်းမှာ လူ့ဗီဇပင်။

ကျိုးဟိန်ယိ အနှီပို့စ်ကို နှိပ်ကြည့်လိုက်ချိန်၌ရှင်းလင်းစွာ ဖော်ပြထားသော ဓာတ်ပုံများနှင့်ဗီဒီယိုများကို ဆင်ဆာမဖြတ်ရ‌သေးပေ။

အတွေ့အကြုံရှိသော အင်တာနက် သုံးစွဲသူ၊အတင်းအဖျင်း စိတ်အားထက်သန်သူတစ်ဦးအနေနှင့် အကြောင်းအရာတွေ ဖျက်ချမခံရခင်မှာပဲ ကျိုးဟိန်ယိက စခရင်ကို မှတ်တမ်းယူထားလိုက်တော့သည်။

သို့သော် ဗီဒီယိုကို သူဖွင့်လိုက်တာနှင့်ကြည့်၍မရတော့ပေ။

ကျိုးဟိန်ယိ နောင်တရစွာဖြင့် အကြိမ်ထောင်ချီ သက်ပြင်းချလိုက်မိ၏။ သူသာ ပို့စ်ကိုနည်းနည်းစောပြီး မြင်ခဲ့မိရင်။

သို့သော် သူအရမ်းတော့ စိတ်ပူမနေပေ၊ပို့စ်မှာ အာရုံစူးစိုက်မှု သိသိသာသာရရှိထား၍ ၎င်းကို မြင်တွေ့လိုက်သည့် ကျောင်းသားတွေ အများကြီးရှိနေတယ်ဆိုတာကို သက်သေပြနေသည်။

၎င်းမှာ ဗီဒီယိုများ၊ ဓာတ်ပုံများ သို့မဟုတ် ကောမန့်များဖြစ်စေ အချို့ကျောင်းသားတွေက အကြောင်းအရာကို သိမ်းဆည်းထားပြီးသွားကြလေပြီ။

မကြာခင်မှာပဲ ဝဘ်ဆိုဒ်၏ ဟုမ်းပေ့ခ်ျကို ကျောင်းအုပ်ချုပ်ရေးပိုင်းက အတင်းအကြပ် ဖျက်ချပစ်လိုက်သည်။

ကျိုးဟိန်ယိမှာ မဖြုံဘဲ ချန်ဖူဖိုရမ်သို့ နေရာရွှေ့လိုက်၏။

သေချာသလောက်ပင် ပုံမှန်အားဖြင့် တိတ်ဆိတ်နေသည့် ဖိုရမ်မှာ ယခုချိန်မှာတော့ အတော်လေး အသက်ဝင်နေလေသည်။

အချို့သော အတင်းအဖျင်းနှစ်သက်သည့်ဝိညာဉ်တွေက ကျောင်းသားတွေ၏ ကောမန့်များအပါအဝင် ဗီဒီယိုများနှင့် ဓာတ်ပုံများကို ပြန်တင်ပေးလာကြသည်။

ကျိုးဟိန်ယိသည် ဇာတ်လမ်းတစ်ခုလုံးကိုအလျင်အမြန် အနှစ်ချုံ့လိုက်ချိန်မှာတော့သူသာ မမှားဘူးဆိုလျှင် ဤအတင်းအဖျင်းကို အခန်း 6 မှ အတန်းပိုင်၏ဇနီး တင်ခဲ့တာ ဖြစ်‌နိုင်လောက်သည်။

သူမ၏ အနှီနှစ်ယောက် တောအုပ်ထဲတွင် ဖောက်ပြန်နေသည့် ဗီဒီယိုကို တင်ခဲ့ရုံတင်မက၊ပေါက်ကွဲစေနိုင်သော စကားပြောမှတ်တမ်းများကိုပါ တင်ပေးလာသည့် အကြောင်းရင်းကို သူချက်ချင်းပဲ မှန်းဆလိုက်သည်။

ရင်းနှီးမှုအရဆို သူသည် ဤသည်အား ငယ်သူငယ်ချင်း ဖုန်းယွင်ဟယ်နှင့် မျှဝေသင့်သည်ဆို‌သော်လည်း ဖုန်းယွင်ဟယ်က ယခုလိုအိမ်ထောင်ရေး ဖောက်ပြန်ခြင်းများနှင့် မကောင်းသတင်းများ ပေါ်ပေါက်လာခြင်းများအား စိတ်မဝင်စားဘူးဆိုတာကို ကျိုးဟိန်ယိသိနေသည်။

ဖုန်းယွင်ဟယ်: အဲ့လိုမဟုတ်ဘူး၊ ကိစ္စတွေကို လီဆယ်မနေနဲ့။

အခြားလူများတွင် သူက ရှီလီနှင့် အရင်းနှီးဆုံးဖြစ်ကာ လက်ရှိတွင် သူမ၏ကောင်းမွန်သောဘက်သို့ ရောက်ရန် သူ့အနေနှင့် လိုအပ်နေ၏။

ထို့ကြောင့် ဤအတင်းအဖျင်းကို ရှီလီအားဆက်သဖို့ ရွေးချယ်လိုက်တော့သည်။

ထိုနေ့တုန်းက ဖြစ်ရပ်တွင် ရှီလီ ရှိနေခဲ့တယ်ဆိုတာကို ကျိုးဟိန်ယိ မသိထားတာကြောင့် စိတ်အားထက်သန်စွာဖြင့် သူမအား ဝေမျှ‌နေမိသည်။

သူက ဖုန်းနှင့်အတး ရှီလီ အနားတိုးသွားပြီး“ငါရှာတွေ့ထားတဲ့ အတင်းအဖျင်းကို ကြည့်ကြည့်လိုက်”

ရှီရွှမ်းက မြင်ဖူးပြီးသား အတင်းအဖျင်းအပေါ် တုံ့ပြန်မှု အနည်းအကျဉ်းသာပြသည့် ရှီလီ၏ ဘေးနားတွင် ထိုင်နေတာဖြစ်ပြီး ရှီရွှမ်းကကျိုးဟိန်ယိ၏ လေသံကို အထိုက်အလျောက် တုံ့ပြန်လိုက်သည်။ “သေစမ်း၊ သူတို့တွေကို ဒီလိုဖောက်ပြန်နေမယ်လို့ ငါ မယုံကြည်နိုင်ဘူး”

ရှီရွှမ်းလည်း ချန်ဖူကျောင်းတွင် တက်ရောက်ခဲ့တာဖြစ်ကာ အခန်း 6 ၏ အတန်းပိုင်ကိုတော့သူမ မသိသော်လည်း ဆရာမစွင်းက်ိုတော့ သိနေသည်။

248 03

ရှီရွှမ်း၏ အာမေဍိတ်သံက မတိုးတာကြောင့်ရှိနေသည့် လူတိုင်းနီးပါး သူမ၏မှတ်ချက်ကို ကြားလိုက်ကြသည်။

ယခုလို ဖောက်ပြန်မှုမျိုးကို လူတစ်‌ယောက်က ဘယ်လိုလုပ် စိတ်မဝင်စားဘဲ နေနိုင်မှာလဲ။

လူတိုင်းက နားစွင့်လိုက်ကြပြီး ဘယ်သူကဘယ်သူနှင့် ဖောက်ပြန်နေတယ်ဆိုတာကို ကြားချင်နေကြသည်။

သို့ပေတည့် ရှီရွှမ်းက အံ့အားတကြီး အာမေဍိတ်ပြုပြီးနောက် ကောမန့်ဖတ်ရာ၌သာ အာရုံစိုက်ထားလိုက်တော့၏။

အခြားလူများမှာ ရှီရွှမ်း၏ပခုံးတွေကို သေမတတ် လှုပ်ယမ်း၍ ဘယ်သူက ဘယ်သူနဲ့ဖောက်ပြန်နေလဲဆိုတာကို မေးချင်နေကြ၏။ ငါတို့ကို တန်းလန်းကြီးထားခဲ့လို့ မရဘူးလေ။

ရှီလီ၏ သူမက ဒီကိစ္စကိုသိပြီးတာဖြင့် ကြာနေပြီဟု ပြောနေသော ဘဝင်ခိုက်နေသည့် သတိမမူမိသော အမူအရာကို ဖူဟွေ့ရှင်း သတိထားမိသည်။

၎င်းမှာ ကျောင်းတောအုပ်ထဲက ထိုဖြစ်ရပ်ပဲဖြစ်လောက်မည်ဟု သူ မရေမရာ ခန့်မှန်းကြည့်လိုက်သည်။

၎င်းဖြစ်ပျက်ချိန်တုန်းက ရှီလီ ရှိနေခဲ့ပြီး‌ဖောက်ပြန်မှုအကြောင်းကို သူမဝမ်းကွဲ ပြောနေတာနှင့် တိုက်ကြည့်နေလေသည်။

ဖူကျန်းယန်က လွန်လွန်ကဲကဲ အတင်းအဖျင်းနှစ်သက်သူ တစ်ယောက်ဖြစ်ကာ ကျန်သောလူတွေက ချောင်းကြည့်ရန် ကြံနေတုန်းမှာပဲသူကတော့ အတင်းအဖျင်း၏ ဝေစုကိုရရန် အနှီသုံးယောက်နား ကပ်ပြီးလေပြီ။ ။

“ဘာဖြစ်နေတာလဲ။ ငါလည်း ကြည့်မယ်လေ”

လူတိုင်း၏ စိတ်ထဲကအတွေး:

လျန်ရုန်ရုန်: ငါလည်း ကြည့်ချင်တယ်လို့။

ရှီချွမ်: အိမ်မြန်မြန်ပြန်ပြီး ကောင်မလေးနဲ့တွေ့ချင်လိုက်တာ။

ရှီရွှမ်း: အံ့ဩပါ့၊ အရမ်းပြင်းထန်တာပဲ။

ဖုန်းယွင်ဟယ်: ကြည့်ချင်ပေမဲ့ အရမ်းရှက်နေမိတယ်။

ရှိလီ: ဒါအကုန်ပဲလားဟ။

ဖူဟွေ့ရှင်း: ချစ်ဖို့ကောင်းတယ်…

All Chapters