အခန်း (၂၅၃-၂၅၆)
Vol. 13 Ch. 253-256
253 01
အခန်း ၂၅၃: မှားယွင်းသောအချိန်တွင် မွေးလာခဲ့ခြင်း
ချူးချွမ်ရှန်း၏ တွန့်ဆုတ်မှုများနှင့်အတူအနှီအုပ်စုက သူနှင့် ရှီရွှမ်းနောက်သို့ လိုက်ပါလာခဲ့တော့၏။
အိမ်ပြန်ရန် ပြင်နေသည့် ကျိုးဟိန်ယိပ င်ဟန်ဆောင်ပြောလာခဲ့၏။ “ကျွန်တော့်အဖေက အိမ်မှာ ကိစ္စတစ်ခုရှိတယ်ဆိုပြီး စာပို့လာတယ်၊ လောလောဆယ် အိမ်ပြန်လို့ မရသေးဘူး။ ကျွန်တော့်မှာလည်း အခြားသွားစရာနေရာမရှိတော့ ခင်ဗျားတို့အားလုံးနဲ့ လိုက်ခဲ့မယ်”
ချူးချွမ်ရှန်းသည် တစ်နေ့နေ့မှာ ထိုမနက်ခင်းတုန်းက သူ့ယောက်ဖ ခံစားခဲ့ရသလို မချင့်မရဲဖြစ်မှုကို တထေရာတည်း ခံစားရလိမ့်မယ်လို့မသိခဲ့ပေ။
ချူးချွမ်ရှန်းတွင် ကျိုးဟိန်ယိအပေါ် အထင်အမြင် များများစားစား မရှိသော်လည်း အရေးမကြီးတော့ပေ။ သူတို့တွင် ရှောင်လွှဲလို့မရသော တတိယလှည်းဘီးများစွာ ရှိနေတာကြောင့် တစ်ယောက်ပိုလာလည်း မထူးခြားတော့။
ဦးလေးရှီအကြီးဆုံးက ရှီရွှမ်းသည် အိမ်မှာညစာမစားဘဲ ချူးချွမ်ရှန်းနှင့် အပြင်ထွက်မှာကို သိလိုက်ရတော့ အနှီတရားဝင်မဖြစ်သေးသည့် သားမက်အပေါ် အင်မတန် မကျေမနပ် ဖြစ်မိသွားသည်။ သူတို့က လက်တောင် မထပ်ရသေးတာကို အနှီသူကတော့ နှစ်ကူးနေ့မှာ သူ့သမီးဖြစ်ကို အဝေးခေါ်သွားရန် စဉ်းစားနေ လေပြီ။
ရှီရွှမ်းက ယနေ့ည အိမ်မှာထမင်းစားဘဲ အပြင်ထွက်မည့်အကြောင်း တင်ပြလာချိန်တွင် ဦးလေးရှီအကြီးဆုံးက ထေ့ငေါ့စွာ မေးလာခဲ့၏။ “ဒီည အဖေတို့ သမီးအတွက် တံခါးဖွင့်ပေးထားရဦးမလား”
ရှီရွှမ်းမှာ သူမအဖေ၏ စကားတွေကြောင့် ပြိုလဲလုနီးပါး ဖြစ်သွားရသည်။ သူမသည်ပုံမှန်ဆို ဘယ်လောက်ပဲ သတ္တိကောင်းနေပါစေ၊နှစ်သစ်ကူးချိန်တွင် အပြင်မှာနေရန်အထိ သတ္တိမရှိပေ။
ဤသည်မှာ အန္တရာယ်များသော မေးခွန်းဖြစ်တာကြောင့် ချူးချွမ်ရှန်း အလျင်အမြန် ရှင်းပြလိုက်သည်။ “မီးရှူးမီးပန်းဖောက်တာကို ကျွန်တော်တို့ ကြည့်ပြီးရင် ရှီရွှမ်းနဲ့ ရှီလီကိုလုံလုံခြုံခြုံနဲ့ အိမ်ပြန်ရောက်တဲ့အထိ ကျွန်တော် ပြန်လိုက်ပို့ပေးမှာပါ၊ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့”
ဦးလေးရှီအကြီးဆုံးက အေးစက်စက်နိုင်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို လျစ်လျူရှုထားသည်။
အဒေါ်အကြီးဆုံးက အပြုံးတစ်ပွင့်နှင့်အတူ ကိစ္စတွေကို ဖျန်ဖြေပေးလာကာ “ပွဲမှာက လူတွေအများကြီးဆိုတော့ မတော်တဆမှုတွေ ဖြစ်လာနိုင်တယ်လေ။ ကျေးဇူးပြုပြီးတော့ ရွှမ်းရွှမ်းကို သေချာဂရုစိုက်ပေးပြီး ညီအစ်မ နှစ်ယောက်စလုံးကို ဘေးကင်းကင်းနဲ့ ပြန်ရောက်အောင် ပို့ပေးပါကွယ်”
အဒေါ်အကြီးဆုံး၏ မျက်လုံးထဲမှာတော့ ဒုတိယသခင်လေးဖူက သူတို့ကလေးတွေထဲက တစ်ယောက်သာ။
“စိတ်မပူပါနဲ့၊ အန်တီရယ်၊ ကျွန်တော်လည်း ရှိနေတာပဲ။ ဘာမှမဖြစ်ဘူး”
အဒေါ်အကြီးဆုံးက ပြုံးလိုက်ပြီး “ဒါပေါ့၊သားရှိနေတော့၊ အန်တီ သေချာပေါက် စိတ်အေးရပါတယ်ကွယ်”
အဒေါ်အကြီးဆုံးက ယခုလိုသာ ပြောလိုက်သော်လည်း သူမစိတ်ထဲမှာ တကယ်တွေးနေတာကတော့၊ မင်းရှိနေလို့ကို စိတ်မအေးတာ။
ဒုတိယသခင်လေးဖူ၏ ဖျက်ဆီးရေးစွမ်းအားကို အဒေါ်အကြီးဆုံး ကောင်းကောင်းကြီး သိထားသည်။ သူတို့ သမီးနှစ်ယောက်၏လုံခြုံရေးအတွက် တာဝန်အားလုံးကို ချူးချွမ်ရှန်းအပေါ်မှာပဲ ပုံအပ်ထား၍ မဖြစ်ပေ။
အကယ်၍ သူက ယုံကြည်အားကိုးလို့ရရင် အဆင်ပြေသော်လည်း အကယ်၍ တစ်ခုခုဖြစ်လို့ သူ့ကလေးနှစ်ယောက်ကို စွန့်ပစ်ထားခဲ့ရင်ဘယ့်နှယ်လုပ်မလဲ။
ဤသည်ကြောင့် ချူးချွမ်ရှန်းက ယုံကြည်စိတ်ချ၍မရဘဲ သူတို့၏သမီးနှင့် စိတ်ချထားလို့မရဘူးဆိုတာကိုလည်း သိနိုင်ပေသည်။
အဒေါ်အကြီးဆုံးက ဒုတိယသခင်လေးဖူ၏လုပ်ရည်ကိုင်ရည်နှင့် ချူးချွမ်ရှန်း၏ စရိုက်အပေါ် စိုးရိမ်မှုတို့ကို ထုတ်မပြောခဲ့ချေ။
သူမက “ကောင်းပြီ၊ စောနက ကလေးတွေအပြင်ထွက်ကစားရအောင် ခေါ်သွားပေးမဲ့ အကြောင်း ပြောလိုက်တယ်မလား။ ဒီလိုဆိုကုမိသားစုလို အခြေအနေမျိုးတွေ မဖြစ်ရအောင် ကလေးတွေကို ကူကြည့်ပေးဖို့ ဘော်ဒီဂတ်တွေပါ ခေါ်သွားသင့်တယ်”
“ဟုတ်ကဲ့၊ အန်တီပြောတဲ့အတိုင်း ကျွန်တော်တို့လုပ်လိုက်ပါ့မယ်”
ချူးချွမ်ရှန်းက ယောက္ခမလောင်းတွေရှေ့တွင် နာခံတတ်သော သားမက်ဖြစ်သူ၏ ပုံရိပ်ကိုထိန်းသိမ်းထားဖို့ လိုအပ်သော်လည်း ဒုတိယသခင်လေး၏ အားတက်သရော ကူညီပေးချင်စိတ်ကြောင့် အလွန်အမင်း စိတ်တိုင်းမကျ ဖြစ်သွားရသည်။
253 02
သူနဲ့ ဘာဆိုင်လို့လဲ။ ဒီနေရာမှာ သူ့တည်ရှိမှုကို ဘာလို့ထုတ်ကြွားနေတာလဲ။
သူတို့တွေ ထွက်မသွားခင်မှာပဲ ရှီအဘွားကကလေးတွေ ညစာမစားဘဲ အပြင်ထွက်လျှင် ဗိုက်ဆာကြမှာကို စိုးရိမ်ပူပန်လာတော့၏။ “မသွားခင် အိမ်မှာ ညစာစားသွားကြလေ”
“အနည်းဆုံးတော့ စားဖို့သောက်ဖို့ ယူသွားကြ”
ရှီရွှမ်းမှာ မလိုဘူးဆိုသည့်အကြောင်း မပြောလိုက်နိုင်ပေ။
အဘွား၏သားမက်ကောင်းက အထပ်ထပ်အခါခါ ကျေးဇူးတင်၍ သူမက ဘယ်လောက်တွေးပေးတတ်တယ်ဆိုတာကို ပြောနေလေပြီ။
အမျိုးသမီးကြီးက နာခံမှုရှိသော လူငယ်တွေကို သဘောကျကာ သူမ၏ မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ရုတ်ချည်း ဝင်းပလာ၍အိမ်ဖော်ကို သူတို့အတွက် အစားအသောက် တွေ ထုပ်ပိုးခိုင်းလိုက်သည်။
ဘော်ဒီဂတ်တွေ မပါဘဲ စုစုပေါင်း လူခြောက်ယောက်ရှိကာ ကားနှစ်စီးဖြင့် အဆင်ပြေသည်။
ဖူကျန်းယန်၏ ပြိုင်ကားတွင် ထိုင်ခုံနှစ်ခုသာ ပါဝင်သော်လည်း ချူးချွမ်ရှန်း၏ ကားကတော့ လူလေးယောက်လောက် အလွယ်လေးဆန့်၏။
ဖူဝမ်းကွဲတွေကတော့ သဘာဝကျစွာပဲ ဒုတိယသခင်လေးဖူ၏ ပြိုင်ကားထဲ၌သာ ထိုင်ကြသည်။
အကယ်၍များ ဒုတိယသခင်လေးဖူ၏ ကားထဲ၌သာ ထိုင်ခုံအပိုရှိပါက ချူးချွမ်ရှန်းကို သဘောမကျသည့် ရှီလီမှာ သူနှင့်တစ်စီးတည်း အတူ သေချာပေါက် စီးမှာမဟုတ်ပေ။
သူတို့၏ ဦးတည်ရာသို့ ရောက်ရှိသွားတော့အနီရောင် ဂျက်ကတ်များကို ဝတ်ဆင်ထားသည့် ကလေးအုပ်က စောင့်ဆိုင်းနေသည်။
ဒုတိယသခင်လေးဖူ ကားထဲမှ ထွက်လိုက်ပြီဆိုတာနှင့် အနှီဖက်ထုပ်လေးတွေနှင့် ဝတ်စုံချင်း ဆင်တူနေတာကြောင့် လူတိုင်းမှာ မရယ်မောမိဘဲ မနေနိုင်ကြတော့ချေ။
တူညီသော အနီရောင်တောက်တောက်ကစတိုင်တူညီလုနီးပါးပင်။
ယနေ့တွင် ရှီညီအစ်မတွေလည်း အနီရောင်ဝတ်ထားကြကာ သူတို့၏ဝတ်စုံတွေက အနီရောင်နည်းနည်းသာ ပါဝင်တာကြောင့် ပွဲတိုးသော်ပေတည့် အလွန်အကျူးကြီး မဟုတ်နေပေ။
ချူးချွမ်ရှန်းက အလွန်ကျေနပ်သွားပြီး ကလေးတွေအတွက် ယခုလိုအဝတ်အစားကောင်းတွေ ဝယ်ပေးသည့် ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများကို ဘောနပ်စ်ပေးဖို့ တွေးလိုက်သည်။
ဒုတိယသခင်လေးဖူမှာ အချစ်ပြိုင်ဘက်အဖြစ်တစ်ဖက်သတ် စဉ်းစားခံနေရတာကို နားမလည်သေးဘဲ သူ့အရှေ့က အချစ်ပြိုင်ဘက်အရှေ့တွင် ရူးနှမ်းသည့်ပုံပေါက်နေတာကို သဘာဝကျစွာဖြင့် သတိမထားမိသေးပေ။
ကလေးတွေနှင့် အဝတ်ချင်းဆင်တူနေတာကို ရှက်ရွံ့ရမည့်အစား ၎င်းကို စိတ်ဝင်စားစရာကောင်းသည့် တိုက်ဆိုင်မှုအဖြစ် စဉ်းစား၍အတော်လေး ရယ်မြူးစရာကောင်းတယ်လို့တွေးနေတော့၏။
ကလေးတွေကို ခေါ်လာသော ဝန်ထမ်းများကို ရှီလီ သိသည်။ သူတို့က ချူးချွမ်ရှန်း၏သူငယ်ချင်းကောင်းတွေ ဖြစ်ကြသည့်အစ်ကိုကြီးရှောင်နှင့် သူ့ဇနီးပင်။
ရှောင်ဖေးယွီက ဤအစီအစဉ်၏ တစ်ကိုယ်တော် စပွန်ဆာဖြစ်သဖြင့် သူမအစ်ကို၊ ယောက်မနှင့် လိုက်လာခဲ့တာဖြစ်သည်။
သူမ၏ ယောက်မအပေါ် သဘောမကျခြင်းမှာ ဘယ်တော့မှ မပြောင်းလဲသွားဘဲ ယောက်မကို ကြည့်နေသည့် သူမ၏အကြည့်မှာ ချုးချွမ်ရှန်းကို ရှီလီ ကြည့်နေသော အကြည့်နှင့် ဆင်တူပေသည်။
ထို့ကြောင့် သူမအစ်ကိုနှင့် ယောက်မဖြစ်သူတို့ချစ်ကြည်နူးနေတာကို မြင်လိုက်ရတိုင်း ရှောင်ဖေးယွီမှာ ယင်ကောင်တွေ ရာချီကို မြိုချလိုက်ရသကဲ့သို့ ရွံ့ရှာလေသည်။
အကယ်၍ ဖြစ်နိုင်ပါက သူမသည် သူတို့နှင့်အတူတူ ထွက်ပေါ်မလာချင်ပေ။
သို့သော် စပွန်ဆာဖြစ်နေသည့်အလျောက် သူမ ကုန်ဆုံးထားသည့် အကြွေစေ့တစ်စေ့ချင်းစီတိုင်းအား သေချာသုံးစွဲထားလားဆို တာကို စောင့်ကြည့်ရန် လိုအပ်နေသည်။
ရှောင်ဖေးယွီသည် ဤကလေးတွေအပေါ်၌ ပိုက်ဆံဖြုန်းပေးချင်သော်လည်း သူမ စုဆောင်းထားသမျှကို သူမအစ်ကို၏ကုမ္ပဏီမှ အနှီအရှက်မရှိသော ဝန်ထမ်းတွေ မြိုစို့သွားမှာအား မဖြစ်စေချင်။
သူမတွင် ဆောင်းရာသီပိတ်ရက် ရထားသဖြင့် အတူလိုက်ပါပြီး ကစားရန် ပြဿနာမရှိချေ။
သို့သော် သူမ၏ ယောက်မကို ဇွတ်အတင်း လိုက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာပင်။
သို့ပေတည့် ရှောင်ဖေးယွီ ဘယ်လောက်ပဲ ဆန္ဒမရှိပါစေ၊ သူမ ပါဝင်လာမှာကိုတော့ မတားဆီးနိုင်။
ထို့ကြောင့် ပုံမှန်နှင့် လုံးဝကွဲထွက်နေပြီး တင်းမာသော မျက်နှာထားဖြင့် ကလေးငယ်၏လက်ကို ကိုင်ထားသော ရှီလီကို မြင်လိုက်ရချိန်မှာတော့ ရှောင်ဖေးယွီ အံ့ဩသွားရသည်။ သူတို့အားလုံးက တစ်ဦးနှင့်တစ်ဦး အတော်လေး ရင်းနှီးကြပြီး ရှီလီနှင့် ကျိုးဟိန်ယိကသူမကို ပြုံးပြကာ နှုတ်ဆက်လာကြ၏။
သူမသည် ရှီလီကို မြင်လိုက်ရချိန်၌ အတော့်ကို အံ့အားသင့်သွားရပြီး သူမက ယခုလိုနေရာမျိုးတွင် ထွက်ပေါ်လာမည့်လူစားမျိုး မဟုတ်ဘူးလို့ ခံစားနေရသည်။
253 03
သို့တည့်တိုင် သူမ၏ အကြည့်များမှ အဝေးကရှီရွှမ်းနှင့် ချူးချွမ်ရှန်းတို့အပေါ်သို့ ကျရောက်သွားချိန်မှာတော့ ရှီလီ၏ တည်ရှိမှုကို သိပ်နားမလည်သော်လည်း နားလည်သလိုလိုရှိသွားသည်။
ရှောင်ဖေးယွီက သူမကို စာနာနေသလိုမျိုး သနားသည့် မျက်လုံးများဖြင့် ကြည့်နေတာကိုရှီလီ ခံစားနေမိသည်။ - သူမ စိတ်ထင်နေတာပဲလား။
သူမ စိတ်ထင်နေတာပဲ ဖြစ်ရမယ်၊ ရှီလီသည် သူမ၌ သနားစရာကောင်းတာ တစ်ခုခုရှိတယ်လို့ မထင်ပေ။
သေချာသည်မှာ ၎င်းက စိတ်ထင်နေတာ မဟုတ်ချေ။ ရှောင်ဖေးယွီက သူမဘာသာ တွေးနေတာဖြစ်ပြီး ထို့နောက် ရှီလီကိုကြည့်၍ အတော်လေး သနားစရာကောင်းတယ်လို့ ခံစားမိနေတာပင်။
ရှီလီ၏ဝမ်းကွဲက ချူးချွမ်ရှန်းနှင့် တွဲနေတာဖြစ်ပြီး ရှီလီ ဘယ်လိုခံစားနေရမလဲဆိုတာကို သိချင်နေမိ၏။
သူမလည်း ထပ်တူညီစွာ ခံစားနေရသည်။
ရှောင်ဖေးယွီနှင့် ကျိုးဟိန်ယိတို့မှာ အတန်းတွေမခွဲခင်တုန်းက အတန်းဖော်တွေ ဖြစ်ခဲ့ကြတာကြောင့် သူများတွေထက်စာရင် သူတို့အချင်းချင်း ပိုရင်းနှီးပေသည်။
ကသိကအောက်ဖြစ်နေသော လေထုကို ဖြိုဖျက်ရန်အလို့ငှာ ရှောင်ဖေးယွီက သူ့ကိုတက်ကြွစွာ မေးလိုက်ပြီး “နင်ဘယ်လိုလုပ်ပြီး လိုက်လာဖြစ်သွားတာလဲ”
အကယ်၍ သူမ မှတ်မိတာသာ မှန်ကန်ပါကသူ့တွင်လည်း ရှီလီနှင့် ထူးခြားသော ဆက်ဆံရေး မရှိနေပါချေ။
******
254 01
အခန်း ၂၅၄: မှားယွင်းသောအချိန်တွင် မွေးလာခဲ့ခြင်း ၂
ကျိုးဟိန်ယိက ရှုပ်ထွေးပွေလီသော အကြောင်းရင်းများကို သူမအား ရှင်းပြပေးရန် မရည်ရွယ်ထားပေ။ သူက ပခုံးတွန့်ကာ“ငါ ရှီလီရဲ့အိမ်ကို သွားလည်နေတာ၊ ဒီမှာစိတ်ဝင်စားဖို့ကောင်းတာ တစ်ခုခုရှိတယ်ကြားလို့ ငါလည်း လိုက်လာခဲ့တာ”
ရှီအဘွား၏ စိုးရိမ်ခြင်းက မလိုအပ်ချေ၊မီးရှူးမီးပန်းများကို မကြည့်ခင်၌ ပထမဆုံးရပ်နားရာမှာ ညစာစားဖို့ပင်။
လူကြီးတွေ ညစာမစားလျှင် အရေးမကြီးသော်လည်း အသေးလေးတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့ လိုသည်။ သူတို့က ကြီးထွားဆဲနှစ်အတွင်းရှိနေသဖြင့် အစာစားဖို့ကို ကျော်ပစ်၍မရပေ။
ကလေးတွေ၏ အကြိုက်ကို စဉ်းစားကာအရသာပေါ့ပြီး အာဟာရပြည့်ဝသော ညစာကိုသူတို့တွေ ရွေးချယ်လိုက်ကြ၏။
ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန် စားသောက်ရခဲသည့် ဤကလေးတွေ အတွက်ကတော့ ယခုလိုညစာက ရှားပါသော စားမြိန်စရာဖြစ်နေသည်မှာ သဘာဝဖြစ်သည်။
သို့သော် သူတို့လေးတွေကို အဖော်ပြုပေးနေရသည့် လူကြီးတွေအတွက်ကတော့ ဤအရသာမရှိသော ညစာမှာ ဖယောင်းတွေကို ဝါးစားနေရသကဲ့သို့ပင်။
ရှီလီ တွေးလိုက်မိ၏။ [ငါစောစောတုန်းကအိမ်မှာ စားလာခဲ့ရမှာ]
ကျိုးဟိန်ယိလည်း မျက်ရည်လည်ရွဲဖြင့် တူညီသောအကြောင်းအရာကို တွေးနေသည်။
ရှောင်ဖေးယွီက ရှီလီကို ခိုးကြည့်လိုက်ပြီး အတော်လေး ဘဝင်ခိုက်သွားသည်။ ညစာက အရသာမရှိလောက်ဘူးဆိုတာကို သူမ ကြိုမြင်နေတာကြောင့် အိမ်မှာပဲ စားလာခဲ့တာပင်။
ရှောင်ဖေးယွီ၏ အစ်ကိုနှင့် ယောက်မတို့လည်း အိမ်မှာကတည်းက စားလာခဲ့ကြတာဖြစ်သည်။
စားဖို့မလိုတော့ ရှောင်ဖေးယွီ၏ ယောက်မကအနားရှိ ကလေးတွေကို ဂရုစိုက်ပေးရင်း အလုပ်ရှုပ်နေလေ၏။
ရှောင်ဖေးယွီတွင် သူများတွေအပေါ်မှာ မိခင်ကြက်မကြီးလို ပြုမူပေးတတ်သည့် အကျင့်မျိုး မရှိပေ။ သူမက ပိုက်ဆံထုတ်၍အနည်းငယ် အားစိုက်ဖို့ကိုသာ ဆန္ဒရှိပြီးထို့ထက်ပိုလာလျှင်တော့ သေချာပေါက် မေးနေစရာပင် မလိုတော့ချေ။
သူမ၏ ယောက်မက ကလေးတွေနှင့် အလုပ်များနေခိုက်၊ ရှောင်ဖေးယွီက ကျိုးဟိန်ယိနှင့် စကားပြောနေလိုက်သည်။
“ဒီနေ့ ဖိုရမ်ပေါ်က အဲ့ဒီအတင်းအဖျင်းကို နင်မြင်မိသေးလား”
ကျိုးဟိန်ယိက ဝါးနေရင်း သူမကို ပြန်ဖြေပေးလိုက်သည်။ “ဒါပေါ့ မြင်တာပေါ့ဟ။ ဒီလိုသတင်းကြီးကို ဘယ်သူက မသိမှာမို့လို့လဲ”
ရှောင်ဖေးယွီက သက်ပြင်းသာချလိုက်ပြီးဘာဆက်ပြောရမယ်မှန်း မသိတော့ပေ။
သို့သော် ကျိုးဟိန်ယိတွင် ပြောစရာစကားတွေအများကြီး ရှိနေသေး၏ “ဆရာမစွင်းက ငါးဆယ်ကျော်ပြီမလား။ အခန်း 6 အတန်းပိုင်ကတော့ တကယ့်ကို ချေးမများဘူးနော်”
“အေးလေ၊ သူ ဘာတွေတွေးနေလဲ မသိဘူး”
သူများတွေ အတင်းတုပ်နေချိန်တွင် ရှီရွှမ်းက သူမ၏ခေါင်းလေးကို တိုးလာ၏။
သူမ မသိသေးသည့်အရာကို ကြားလိုက်ရတော့ မနေနိုင်ဘဲ မေးမိသွားတော့သည်။ “နင်တို့ကျောင်းက ဆရာက ကျောင်းအုပ်ရဲ့ မိန်းမနဲ့ ဖြစ်နေတာလား”
“သေစမ်း၊ ဘယ်အချိန်ကတည်းက ဖြစ်နေကြလဲ မသိဘူး”
ဆရာမဖြစ်သော ရှီရွှမ်းက ဥပမာကောင်းပြဖို့ကို သတိကပ်နေကာ ယခုလိုအရာတွေက ကလေးတွေ၏ အဖြူထည်စိတ်ကို စွန်းထင်းသွားစေနိုင်တာကြောင့် မကြားသင့်ပေ။ သူမ တမင်တကာ အသံတိုးလိုက်၏။
“ဒီအကြောင်းကို ငါတောင် မသိထားဘူး”ရှီရွှမ်းက ထိုသို့ပြောလိုက်ပြီး ရှီလီကို အပြစ်တင်ရန် အဆင်သင့်ဖြစ်နေလေပြီ။ ဘယ်လိုလုပ် ဒီလိုသတင်းကို အစ်မဖြစ်သူနဲ့ မဝေမျှနိုင်ရတာလဲ။
တောအုပ်ထဲက ဖြစ်ရပ်ကတော့ ထိုတုန်းက သူမသည် အလုပ်ရှုပ်နေခဲ့ပြီး နားထောင်ရန် ရှီလီကို အချိန်မပေးနိုင်ခဲ့တာကြောင့် ဘေးဖယ် ထားလိုက်လို့ရသည်။
သို့သော် ကျောင်းအုပ်ဇနီး၏ ဤကိစ္စကတော့ အလုပ်ရှုပ်နေလို့ဆိုပြီး သူမကို အပြစ်လာတင်လို့ မရပေ။
ချူးချွမ်ရှန်းက အခွံခွာပြီးသား ပုစွန်အချို့ကို ရှီရွှမ်း၏ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး ရှီလီဘက်က ကာပြောပေးနေသလို ပြောလာသည်။ “ညီမလေးကို အပြစ်တင်မနေနဲ့၊ အဲ့တုန်းက မင်းကို မတွေးမိလို့ နေမှာပေါ့”
ရှီလီက စူးရဲစွာ မျက်စောင်းထိုးလိုက်ပြီး“ကျောင်းနဲ့ပတ်သက်တဲ့ အတင်းအဖျင်းတွေဆို ကျွန်မနဲ့ မျှဝေပေးပါလို့ သူမကို ပြောထားတဲ့ဟာကို” ဤသည်မှာ တန်းလန်းကြီး အမိခံလိုက်ရသည့် ယောက်ျားချင်း အဖြစ်အပျက်ကို ရှီရွှမ်း ကြားသိပြီးနောက် ယခုလို စိတ်လှုပ်ရှားဖို့ကောင်းသည့် သတင်းတွေဆို သူမကိုပြောပြပေးဖို့ ညီမဖြစ်သူကို ညွှန်ကြားခဲ့တာပင်။ လောကကြီးက အရမ်းမြန်မြန်ကြီး ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတုန်း။
254 02
သူမ ကျောင်းတက်စဉ်တုန်းကတော့ ဘဝကရေသေကဲ့သို့ ထိုင်းမှိုင်းပြီး ငြိမ်ဝပ်နေခဲ့သည်။
သို့သော် ကျောင်းကနေ သူမ ထွက်လာပြီးတော့မှ မျိုးစုံသော မကောင်းသတင်းများ တစ်ခုပြီး တစ်ခုထွက်လာ၍ ကျောင်းသားတွေ၏ဘဝမှာ စိုပြည်လာတော့သည်။
ဤနှစ်များတလျောက် ချန်ဖူ အထက်တန်းကျောင်း၏ ကျောင်းသားများကို အတော်လေး စိတ်ပိုင်းဆိုင်ရာ ကျန်းမာလိမ့်မယ်လို့ ရှီရွှမ်းတွေးလိုက်မိတော့၏။ သူတို့တွေ ဘယ်လိုဖိအားတွေနှင့်ပဲ ရင်ဆိုင်လာရပါစေ၊ နေ့စဉ်အတင်းအဖျင်းဆေးနှင့်ဆို အကုန်လုံး ပျော်ကျသွားပေလိမ့်မည်။
ဆရာတွေ၏အချစ်ရေးရာ ဖောက်ပြားမှုတွေကို ဖော်ထုတ်တာက ကျောင်းသားတွေ၏စိတ်ကျန်းမာရေးကို ကောင်းမွန်စေသည့်အကြောင်း ကျောင်းအုပ်ကို အကြံပြုပေးဖို့ သူမ စဉ်းစားထားလိုက်သည်။
ချူးချွမ်ရှန်းက ပုစွန်များကို မြန်မြန်ဆန်ဆန် အခွံခွာနေပြီး ရှီရွှမ်းက တစ်ကောင်စားလိုက်တာနှင့် သူမပန်းကန်ထဲတွင် နောက်တစ်ကောင် ထပ်ရောက်နေပေလိမ့်မည်။
ချူးချွမ်ရှန်းကို ကြည့်ရသည်မှာ ရှီရွှမ်းကို နားချပေးနေသည့်ပုံပင်။ “အခြားသူငယ်ချင်းတွေကိုတော့ သူမ ဝေမျှပေးလိုက်မှာပေါ့။ မင်းကိုယ်မင်း သူမရဲ့ တစ်ဦးတည်းသောအစ်မဆိုပြီး တွေးထားလို့ မရဘူးလေ၊ အဲ့တုန်းက မင်းကိုမေ့သွားတာ ဖြစ်မှာပေါ့”
ရှီလီမှာ စားပွဲတွင် တိတ်တဆိတ် စားသောက်နေတာဖြစ်ပြီး ဤအိုးမည်းက သူမခေါင်းပေါ် ရုတ်တရက် ပြုတ်ကျလာသည်။
ဤအခြေအနေတွင် ရှီလီက ဒုတိယသခင်လေးဖူ၏ စကားတွေကို ရံဖန်ရံခါ တုံ့ပြန်ပေးနေရတာကြောင့် တိတ်တဆိတ် ချောက်တွန်းခံနေရပြီဆိုတာကို သတိမမူမိသေးပေ။
ကျိုးဟိန်ယိနှင့် ရှောင်ဖေးယွီတို့ အကြည့်ချင်းဖလှယ်လိုက်ပြီး ဤလူက အတော်လေး ပြဿနာရှာတာပဲဟု တွေးလိုက်ကြတော့၏။
ရှောင်ဖေးယွီမှာ အနည်းငယ် အံ့အားသင့်သွားရပြီး သူမအစ်ကိုကို အောင်အောင်မြင်မြင် အစားထိုးနိုင်လိုက်တာ ဒီလိုလူစားမျိုးပါလားဟု တွေးတောမိသွားသည်။
အနှီလူက ယခုလိုလူစားမျိုးဆိုတာမှာ လုံးဝကိုမထင်မှတ်ထားသည့် အရာဖြစ်နေသည်။
ရှီရွှမ်းနှင့် ရှီလီကြားက ညီအစ်မသံယောဇဉ်မှာ အလွန်ခိုင်မာသဖြင့် ချူးချွမ်ရှန်း၏ ရန်စကား တွေကြောင့် စိတ်ဝမ်းမကွဲသွားချေ။
ရှီရွှမ်းက ၎င်းကို အတည်မယူဘဲ လက်ရှိတွင် သူမစိတ်ထဲ၌ အရေးကြီးဆုံးမှာ ဤအတင်းအဖျင်းပင်ဖြစ်နေသည်။
ရှီရွှမ်း ကျောင်းနေစဉ်အရွယ်တုန်းက ကျောင်းအုပ်မှာ ကျောင်းအုပ်မဖြစ်သေးဘဲ လက်ထောက်ကျောင်းအုပ်သာ ရှိသေးသည်။
သူက ရှီရွှမ်း၏ အသိအကျွမ်းဟောင်းဖြစ်တာကြောင့် သူမအနေနှင့် သိချင်စိတ်ဖြစ်ပြီး စိတ်မပူဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူမက ချူးချွမ်ရှန်း၏ စကားတွေကို မေ့လျော့သွားပြီဖြစ်ကာ သိလိုစိတ်ဖြင့် ကျိုးဟိန်ယိနှင့် ရှောင်ဖေးယွီတို့ဘက်သို့ ကိုင်းကာ လေသံတိုးတိုးဖြင့် မေးလိုက်၏“ဘယ်ဆရာလဲ။ နာမည်ကရော။ ငါ့ကို ပြောပြစမ်းပါဦး၊ သူတို့က ငါ သိတဲ့လူတွေလား”
“ဘယ်လိုလုပ်ပြီး ကျောင်းအုပ်ရဲ့မိန်းမနဲ့မှ ဖြစ်သွားရတာလဲ။ သူတို့ ဘာတွေ တွေးနေကြတာလဲ။ ဘယ်သူက ဘယ်လိုလုပ်ပြီး သိသွားတာတုန်း”
ပထမမေးခွန်းနှစ်ခုက အဆင်ပြေသော်ငြား ဖောက်ပြန်တာကို ဘယ်လိုသိသွားလဲဆိုသည့် နောက်ဆုံးမေးခွန်းကတော့ လူတိုင်းကို အနေရခက်စေကာ ဘယ်လိုပြန်ဖြေရမယ်မှန်းမသိ ဖြစ်သွားစေသည်။
သူတို့ ဘာပြောနိုင်မှာတဲ့လဲ။
254 03
အမှန်အတိုင်း ပြောလို့မှမရတာ။
အဲ့ဒီဖောက်ပြန်ရေးကို အစ်မရဲ့ဝမ်းကွဲ ရှီလီ ဖော်ထုတ်ခဲ့တာလေ။
ဒီလောက်အများကြီးကို ရှီလီ ဘယ်လိုသိလဲဆိုတာကိုပင် သူတို့တွေ မသိထားချေ။
ဖောက်ပြန်သည့်ကိစ္စကို ကျောင်းအုပ်နှင့် လူတိုင်း ဘယ်လိုသိသွားလဲ ဆိုတာကတော့ ပိုလို့တောင် ပြောမထွက်နိုင်စွာပင်။
အကယ်၍ ထိုဇာတ်လမ်းကိုသာ သူတို့တွေပြောပြလိုက်ပါက သိပ္ပံမှတ်တမ်းတင်မှတ်တမ်းနှင့် သက်ဆိုင်နေသည်။
ကျိုးဟိန်ယိက စကားမပြောခင်မှာ သူ့အတွေးတွေကို နှစ်ကြိမ်လောက် ပြန်စီလိုက်၏။ “အားလုံးက ကျောင်းအုပ်ရဲ့မိန်းမအပေါ် မျက်စိကျသွားတဲ့ လင်ငယ်ကနေ စတာပဲ”
တကယ်တော့ ကျောင်းအုပ်၏ဇနီးအပေါ် လင်ငယ်၏ စွဲလမ်းမှုမှာ အလုပ်စဝင်ပြီးမှ စတင်လာခဲ့ခြင်း မဟုတ်ဘဲ ကျောင်းတက်စဉ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
“သူ ဘွဲ့လွန်ကျောင်းတက်တော့ သူ့အတွက် ပုံနှ်ိပ်ထုတ်ဝေဖို့ အခွင့်အရေးတွေရအောင် ကျောင်းအုပ်၏ဇနီးကို အသုံးချပြီး သူနဲ့ကျောင်းနေဖက်တွေကို ဖိအားပေးခဲ့တယ်လေ။ သူ့အတန်းဖော်တွေက သူ့နဲ့ပတ်သက်ပြီး အပြစ်တင်ခဲ့တာပေါ့၊ သူ ဘွဲ့ရပြီးတော့ ဒီအကြောင်းက တစ်နည်းနည်းနဲ့ ပေါ်ထွက်လာခဲ့တာ။ စုံစမ်းထားတဲ့အတိုင်းဆို ထင်ထားတာထက်တောင် ပိုဆိုးနေတာတဲ့၊ သူကတော့ သမိုင်းကိုတွင်ရောပေါ့ဗျာ”
အထက်တန်းကျောင်းကနေ ယနေ့ထိပင်...
ရှီရွှမ်းက ငေးတိငေးတိုင် စိုက်ကြည့်နေပြီး လက်ချောင်းတွေဖြင့် ရေတွက်နေတာ သူက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့လူလဲဟု တွေးနေမိတော့သည်။
ရှီရွှမ်းကို ဟင်းထည့်ပေးနေသည့် ချူးချွမ်ရှန်းပင် မအံ့ဩမိဘဲ မနေနိုင်တော့ပေ “မင်းရဲ့ကျောင်းက အရည်အချင်းရှိတဲ့လူတွေ ပုန်းကွယ်နေတာပဲ”
ရှီရွှမ်းက တခစ်ခစ်ရယ်လိုက်ရင်း သူမကျောင်းတက်တုန်းက ယခုလို စိတ်ဝင်စားဖို့ကောင်းတာတွေ ဘာကြောင့်မဖြစ်ခဲ့တာလဲဟု အတွေးဝင်မိသွားသည်။
******
255 01
အခန်း ၂၅၅: လက်ဖက်စိမ်းအိုကြီးကဆက်ပြုမူနေတုန်းပဲ
ရှီရွှမ်းက ငေးတိငေးငိုင်ဖြင့် ရှေ့သို့စိုက်ကြည့်လိုက်ပြီး “ငါ နင်တို့ကျောင်းကို ပြောင်းလာပြီး ဆရာမ လုပ်ချင်တယ်”
ကျိုးဟိန်ယိနှင့် ရှောင်ဖေးယွီ၏ ပါးစပ်တွေ တွန့်သွားတော့၏။ အတင်းအဖျင်းအတွက်နဲ့တကယ်ကြီး အလုပ်ပြောင်းဖို့အထိ မလိုပါဘူး။
ထိုသို့ဆိုပါက အတင်းအဖျင်းအပေါ် စွဲလမ်းမှုမှာ အခြားအဆင့်တစ်ခုအထိ ရောက်ရှိသွားပေလိမ့်မည်။
ရှီရွှမ်းနှင့် ချူးချွမ်ရှန်း၏ ပန်းကန်လုံးတွေထဲမှပုစွန်များမှာ ယခုတော့ ရှီရွှမ်း၏ ပန်းကန်လုံးထဲတွင် တောင်အသေးစားလို ပုံနေချေပြီ။ ချူးချွမ်ရှန်းက ထမင်းအနည်းငယ်စားပြီး ကျန်သည့်အချိန်များကို ရှီရွှမ်းအတွက် ဂရုစိုက်ပေးရာ၌သာ ကုန်ဆုံးလေသည်။
ပုစွန်တွေ အခွံခွာပြီးနောက် ချူးချွမ်ရှန်းက လက်သန့်စင်ဆေးရည်နဲ့ နည်းလမ်းတကျ သုတ်ပြီးနောက် ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလာသည်။ “တကယ်လို့ ဆန္ဒရှိရင် ချန်ဖူကျောင်းမှာ ဆရာမဖြစ်လာဖို့ မခက်ပါဘူး”
ရှီရွှမ်း၏ ပညာအရည်အချင်း ပြည့်မီခြင်းနှင့် အခြားဆရာတွေနှင့် သေချာပေါက် ယှဉ်လို့မရနိုင်ပေ။ သူမက သူတို့၏ သင့်လျော်သောအရည်အချင်းတွေနှင့် မပြည့်စုံနိုင်။ သို့သော် ရှီရွှမ်းက သူများတွေနှင့် ကွဲပြား၏။ -ရှီမိသားစုက ချန်ဖူကျောင်း၏ ဘုတ်အဖွဲ့ဝင်ဒရိုင်တာများ ဖြစ်နေလို့ပင်။ ဘုတ်အဖွဲ့ဝင်တစ်ယောက်၏ ကလေးက ကျောင်းတွင်ဆရာမဖြစ်လာခြင်းမှာ ခက်ခဲသော ကိစ္စရပ်မဟုတ်ချေ။
ချန်ဖူ အထက်တန်းကျောင်း၏ အခြားသောရှယ်ယာပိုင်ရှင်တွေလည်း သူတို့၏ကလေးတွေ ဆန္ဒရှိပါက ကျောင်းတွင် ဆရာလုပ်ခိုင်းလို့ရသော်လည်း ပြဿနာက ချမ်းသာသောဒုတိယမျိုးဆက် ကလေးအများစုမှာ မိသားစုစီးပွားရေးများ၌သာ ရုန်းကန်ရန် သို့မဟုတ် ကိုယ့်လမ်းကိုယ်ဖောက်၍ ပိုက်ဆံရှာရန်၌သာ လုံးလုံးလျားလျားကြီး အားစိုက်နေကြတာဖြစ်သည်။
ရှီရွှမ်းလိုမျိုး အေးအေးလူလူနှင့် လုံးဝကြီးအချောင်ခိုနေတာ မဟုတ်သော လူတွေတော့ ရှားသည်။
၎င်းမှာ မမျှတသည့်ပုံပေါ်သော်လည်း ၎င်းမှာ လူ့အသိုင်းအဝိုင်း၏ အလုပ်လုပ်ပုံဖြစ်ပြီး ဒါ့အပြင် ရှီရွှမ်းကလည်း အခြားတစ်ယောက်၏နေရာကို လုယူတာမျိုး မဟုတ်ပေ။ကျောင်းက သူမအတွက် ရာထူးအသစ်တစ်ခုကို ရိုးရိုးရှင်းရှင်း ဖန်တီးပေးပေလိမ့်မည်။
ရှီရွှမ်းသည် ခဏကြာ စဉ်းစားကြည့်ပြီးနောက် ခေါင်းခါလိုက်၏။ “ထားလိုက်ပါတော့၊ ဒုက္ခခံရတာနဲ့ မတန်ပါဘူး” အတင်းအဖျင်းအတွက် အလုပ်ပြောင်းတယ်ဆိုတာက စဉ်းစားကြည့် ရင် ရယ်စရာကြီး။
“တကယ်လို့ တစ်ခုခုကို ကျွန်မ သိချင်ရင်လည်း အားလီကို တိုက်ရိုက်မေးလိုက်လို့ ရနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ဖူကျောင်းထဲမှာ အတွင်းလူ ရှိနေတာပဲဟာ”
ချူးချွမ်ရှန်းက မထုံတက်သေး မှတ်ချက်ပြုလာ၏။ “ရှီလီက နေ့တိုင်းလိုလို ကျောင်းကိစ္စနဲ့အတော်လေး အလုပ်ရှုပ်နေတာ ဘာမဆို မင်းနဲ့ ဝေမျှပေးနိုင်မှာ မဟုတ်လောက်ဘူး။ ခုနက ဖြစ်သွားတာပဲကြည့် - မင်းကို သူမအဲ့အကြောင်း မပြောဘူးလေ”
ရှီရွှမ်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး“ဆိုတော့ ရှင်ကဘာကို အကြံပြုချင်နေတာလဲ”
ချူးချွမ်ရှန်းတွင် သဘာဝကျစွာပဲ အဖြေမရှိနေပေ။ သူသည် ရှီရွှမ်း၏ ဆုံးဖြတ်များအပေါ် ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ခဲ့တာပင်။
ရှီလီက ချူးချွမ်ရှန်း၏ နောက်ကွယ်တွင် မကောင်းပြောသကဲ့သို့ သူ့တွင်လည်း ရှီလီကို မကောင်းပြောတတ်သည့် အကျင့်တစ်ခုသာ ရှိ၏။
ထို့ကြောင့် သူသည် ရှီရွှမ်း၏ အနည်းငယ် ဒေါပွနေသော မေးခွန်းကို တုံ့ပြန်သောအားဖြင့် ပြုံးရုံသာ ပြုံးပြလိုက်ပြီး အလွန်အမြော်အမြင်ရှိစွာဖြင့် သူမ စားသောက်ပြီးတာနှင့် အခန်း အပူချိန်အတိုင်းရှိသော ရေခွက်ကို ကမ်းပေးလိုက်သည်။
ရှီလီ စားသောက်နေသည့်နှုန်းမှာ ရှီရွှမ်းနှင့်အတူတူလောက်ပင်။ သူမ မော့ကြည့်လိုက်ချိန်တွင် သူတို့၏ပြုမူပုံလေးနှင့် တိုက်ဆိုင်သွားပြီးမရေရွတ်မိဘဲ မနေနိုင်တော့ပေ“ကပ်ဖားရပ်ဖားကြီး”
ဒုတိယသခင်လေးဖူက အစားအသောက်ထဲ၌ အာရုံစိုက်နေစဉ်တွင် ရှီလီ၏ ဗလုံးဗထွေးပြောနေသံကို ကြားလိုက်ရ၏။ သူ ခေါင်းရှုပ်သွားပြီး မော့ကြည့်ကာ မေးလိုက်သည်။ “ဘာဖားတာ။ အစားအသောက်တွေကို မြည်းချင်လို့လား”
“တောင်ပိုင်းလမ်းသွယ်မှာ အရမ်းအရသာရှိတဲ့ ကြက်ခြေထောက်မီးကင်ကိုတောင် သတိရ သွားပြီ။ ငါနောက်ကျမှ နင်တို့အားလုံး မြည်းကြည့်ရအောင် ခေါ်သွားပေးမယ်”
255 02
ရှီလီသည် “ကပ်ဖားရပ်ဖား” ကို “ကြက်ခြေထောက်မီးကင်” နှင့် သူဘယ်လိုဖြစ်ပြီး နားကြားမှားလဲဆိုတာကို လေးစားမိသွားသော်ငြား သူပြောလိုက်သည့် အရသာရှိသော ကြက်ခြေထောက်မီးကင်ကိုတော့ အတော်လေး စိတ်ဝင်စားမိသွားသည်။
“အင်း၊ မြည်းကြည့်ရသေးတာပေါ့”
ရှီလီက ဖူညီအစ်ကိုတွေနှင့် အတူထိုင်နေတာဖြစ်ပြီး စိတ်အေးရအောင်လို့ ချူးချွမ်ရှန်းနှင့်ရှီရွှမ်းကို လူခွဲချင်နေသော်လည်း သူတို့တွေ စားသောက်နေချိန်အတွင်း၌ ခပ်ခွာခွာသာနေလေသည်။
ဖူဟွေ့ရှင်းက အမြန်အဆန် စားသောက်လို့ပြီးစီးသွားပြီး သူ့ထမင်းဘူးမှာ ပြောင်စင်သွားလေပြီ။ ရှီလီနှင့် သူ့ဝမ်းကွဲကြားက စကားသံကို ကြားလိုက်ရတော့ သူ၏ပုံမှန်ဆို မြူထူနေသော မျက်ခုံးများမှာ ယခုတော့အပြုံးရိပ်များကို သယ်ဆောင်ထားသည်။
တောင်ပိုင်းလမ်းသွယ်က Blue City ပန်းခြံ၏အပြင်ဘက်တွင်ရှိသဖြင့် ဒုတိယသခင်လေးဖူအား သူတို့ကို ကြက်ခြေထောက်မီးကင် စားရအောင် ခေါ်သွားပေးမည်ဟု အကြံပြုလာတာဖြစ်သည်။
Blue City ၏ နာမည်ကြီး အစားအသောက် လမ်းဖြစ်သည်နှင့်အညီ မိုးရွာရွာ၊ လေတိုက် တိုက်၊ ပိတ်ရက်များမှာပင် ပျံကျဈေးသည် များ၏ ဈေးဆိုင်ခင်းခြင်းကို သက်ရောက်မှု မရှိဘဲ အနည်းအကျဉ်းကသာ အနှီအချိန်အပိုင်းအခြားလေး၌ အနားယူဖို့ကို ရွေးချယ် ကြသည်။
ဒုတိယသခင်လေးဖူက ဤလမ်း၏ ပုံမှန် ဖောက်သည်ဖြစ်ကာ သူ့တွင် ကောင်းမွန်သော ပျံကျဈေးသည် အကုန်နီးပါး၏ ဖုန်းနံပါတ်တွေရှိလေသည်။
သူတို့တွေ ဆိုင်ဖွင့်၊ မဖွင့်ကို သူတို့၏ ဆိုရှယ်မီဒီယာပို့စ်များမှတဆင့် သူ ကြည့်လို့ရ၏။
နှစ်သစ်ကူး အချိန်အခါသယဖြစ်နေသော်ငြား တောင်ပိုင်းလမ်းသွယ်တွင် ဒေသခံ မိသားစု တွေက အပြင်ထွက်လမ်းလျှောက်ကြ၍ ပိတ်ရက်များအတွင်း နိုင်ငံခြားတွေတောင် Blue City သို့ လာရောက်လည်ပတ်ကြသဖြင့်လူတွေ အတော်ပြည့်ကျပ်လျှက်ပင်။
ယခုနှစ်တွင် Blue City ၏ ဗဟိုပန်းခြံ၌မီးရှူးမီးပန်းပြပွဲအကြောင်းကို လူတိုင်း သိထားကြတာကြောင့် ၎င်းကို ရှုစားရန်အတွက် ဤနေရာတွင် စုဝေးနေကြသည်။
ရှီလီက ဖူညီအစ်ကိုတွေနှင့် စားစရာတွေ သွားဝယ်နေချိန်မှာ ကျန်သည့်လူတွေကတော့ ကလေးတွေကိုကြည့်ရင်း ကျန်ခဲ့ကြသည်။
ဒုတိယသခင်လေးဖူ ညွှန်းထားသော ကြက်ခြေထောက်မီးကင်က အရသာကောင်းမွန်သည့်အတွက် အွန်လိုင်းပေါ်တွင် နာမည်ကြီးတာကြောင့် တန်းစီရသည့် လူတန်းရှည်မှာအတော်လေး ရှည်လျားလှ၏။
သုံးယောက်သားမှာ သူတို့အလှည့် မရောက်လာမချင်း အကြာကြီး တန်းစီပြီး စောင့်ဆိုင်း ခဲ့ရသည်။
တန်းစီရတာက အတော်လေး ကြာမြင့်သော်လည်း ကြက်ခြေထောက်များကို မီးကင်သည့်အနားတွင် စောင့်ဆိုင်းနေရတော့ အချိန်တွေက ပိုကြာနေသလိုပင်။
ကြက်ခြေထောက်တွေက ချက်ပြုတ်ဖို့ အချိန်ကြာတာမဟုတ်ဘဲ သုံးယောက်သားက အသေးလေးတွေအပါအဝင် လူတိုင်းအတွက် တစ်ချောင်းစီ ဝယ်ယူနေတာကြောင့်ဖြစ်၏။
ချက်ပြုတ်ရမည့် ကြက်ခြေထောက်တွေ ပိုများလေ၊ အချိန်ပိုကြာလေဖြစ်ပြီး သူတို့နောက်ကလူတွေ အပြစ်တင်လာသည်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ အဆုံးတွင် ဖူညီအစ်ကိုတွေက ကြက်ခြေထောက်မီးကင် အိတ်ကြီးတစ်အိတ်ကိုသယ်ရင်း ထွက်ခွာလာခဲ့ကြတော့သည်။
ရှီလီသည် မူလကတော့ အခြားမုန့်တွေပါ ဝယ်ယူချင်သော်လည်း ကလေးတွေကို အကြာကြီး မစောင့်ခိုင်းစေချင်တာကြောင့် မဝယ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ကလေးတွေ၏ အစာချေဖျက်ခြင်းက မြန်ဆန်လေသည်။ သူတို့တွေက စားပြီး တအောင့်အကြာမှာတင် ဗိုက်လာလာကြပြန်လေပြီ။
ထို့ကြောင့် အနီရောင် ဂျက်ကတ်များကို ဝတ်ထားကြသော အသေးလေးများမှာ ကြက်ခြေထောက်မီးကင်ကို တစ်ယောက် တစ်ချောင်းကျစီ ကိုင်ထားကြလေသည်။ ကလေးတွေက အစပ်မစားသင့်ဘူးဆိုတာကို ထည့်တွက်၍ ပျံကျဈေးသည်အား မစပ်သောဟင်းခတ်အမွှေးအကြိုင်တွေပဲ ထည့်ပေးရန် သူတို့သုံးယောက် တညီတညွတ်တည်း တောင်းဆိုခဲ့ကြရတာပင်။
ကလေးတွေအားလုံး၏ ဝေစုမှာ မစပ်သော်ငြား ဝယ်သူသုံးယောက်ကတော့ လုပ်ပိုင်ခွင့်ရှိကြသည်။
ကြက်ခြေထောက်အစပ် သုံးချောင်းကို ဆိုင်မှာတင် စားသောက်ခဲ့ကြတာဖြစ်ပြီး မထွက်ခွာခင်မှာ သူတို့ပါးစပ်နှင့် မျက်နှာတွေသန့်ရှုင်းနေတာ သေချာအောင်လို့ အချင်းချင်းစစ်ကြည့်ပေးခဲ့ရသေး၏။
ကလေးတွေက အသွင်အပြင်နှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်ကြသဖြင့် ကြက်ခြေထောက်ကြီးများကို ကိုက်ဝါးရင်း လမ်းလျှောက်ရမှာကို စိတ်ထဲမထားကြပေ။
အခြားသူတွေကတော့ ပိုပြီးဂရုတစိုက်ရှိကြ၏။
ရောက်ရှိလာတော့မည့် မီးရှူးမီးပန်းပြပွဲကြောင့်Blue City ပန်းခြံတွင် လူတွေပြည့်ကျပ်နေ၍ပျားပန်းခပ်မျှ လှုပ်ရှားနေကြလျှက်ပင်။
လူပိုများတော့ ကလေးတွေကို ကြည့်ရတာပိုလွယ်ကူပြီး - အဒေါ်အကြီးဆုံး၏ အမြော်အမြင်ရှိခြင်းကြောင့် ဘော်ဒီဂတ်တွေ လုံလုံလောက်လောက် ခေါ်လာခဲ့သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်မှာတွေကို တားဆီးနိုင်ခဲ့သည်။
မီးရှူးမီးပန်းပြပွဲကို ရှစ်နာရီတွင် တရားဝင်စတင်မှာဖြစ်ကာ ဆယ်မိနစ်ကျော်ကျော် လိုသေးသည်။
255 03
အခြားလူတွေမှာ ဖုန်းသုံးလိုက်၊ ကလေးတွေ ကြည့်နေလိုက်နှင့် အလုပ်ရှုပ်နေကြချိန်မှာ ရှီလီကတော့ အကျင့်အတိုင်း ဘေးဘီကို ကြည့်ရှုနေသည်။
ထိုသို့ဖြင့် ရင်းနှီးသောမျက်နှာတစ်ခုကို တွေ့သွားကာ သူမဘာသာ တွေးလိုက်၏။ “အစ်မလန်ရှန်လည်း ဒီရောက်နေတာပဲ”
“သူမ ကောင်လေးနဲ့ လာတာလားမသိဘူး”
ရှီလဇိသည် စိတ်ထဲကနေ စဉ်းစားခန်းဝင်နေကာ အဆုံးမှာတော့ လုလန်ရှန်၏ ဘေးနားကအမျိုးသား၏ အထောက်အထားက ကျိုးဟိန်ယိ၏အစ်ကိုဖြစ်နေတာကို အတည်ပြုလိုက်နိုင်သွားသည်။
ရုတ်တရက်ကြီး ပြောလာသဖြင့် ကျိုးဟိန်ယိ အမြန်မော့ကြည့်လိုက်တော့ အဝေးက သူ့အစ်ကိုကို တကယ်မြင်လိုက်ရသည်။
ရှီလီက လုလန်ရှန်ဆီသို့ ခုန်ပေါက်သွားလိုက်ရင်း “အစ်မလန်ရှန်၊ အစ်မလည်း ဒီရောက်နေတာလား”
ကျိုးဟိန်ယိမှာ ရှီလီနောက်သို့ မလိုက်သွားခင်အထိ နှစ်စက္ကန့်လောက် တုံ့ဆိုင်းနေမိသေး၏။
လုလန်ရှန်က ခေါင်းညိတ်ပြလာ၏။ ၎င်းမှာ သူမက မီးရှူးမီးပန်းတွေ ကြည့်ရတာကို မနှစ်သက်သော်လည်း ကောင်လေးနှင့်အတူ ကြည့်ရတာက ရိုမန့်တစ်ဆန်တာကြောင့် ရောက်ရှိလာရခြင်းပင်။
ကျိုးဟိန်ယိသည် သူ့အစ်ကိုအား နှုတ်တော င်မဆက်ရသေးခင်မှာတင် အစ်ကိုကျိုး၏ ဖုန်းက အသံမြည်လာ၏။ သူသည် အနှီနှစ်ယောက်ထံမှ ခွင့်တောင်းလိုက်ပြီး ဘေးဘက်သို့ ဖုန်းသွားပြောတော့သည်။
ကျိုးဟိန်ယိသည် သူ့ဘေးနားတွင် ရှီလီ ရှိနေတာကို စိတ်ထဲမထားတောဘဲ သူ့အစ်ကိုအကြောင်း မကောင်းပြောလိုက်တော့သည်။ “အစ်မလန်ရှန်၊ ကျွန်တော့်အစ်ကိုနဲ့ တကယ်ကြီး အတူရှိချင်နေတာလား။ သူ့မှာက အကျင့်ဆိုးတွေ အရမ်းများတယ်၊ သူနဲ့ပတ်သက်ပြီးအစ်မ သေချာစဉ်းစားသင့်တယ်နော်”
သူသည် ရှီလီ၏တည်ရှိမှုကို မရှောင်ဖယ်နေဘဲသူမရှေ့တွင် သူ့အစ်ကိုအကြောင်းကို မကောင်းပြောကာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်သော ခံစားချက်ကို ပေးစွမ်းနေ၏။
“သူတို့တွေ လမ်းခွဲအောင် ငါ အကောင်းဆုံးကြိုးစားပြီးပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့အစ်ကိုရဲ့အသက်ကို ကယ်တင်ပေးရမယ်”
******
256 01
အခန်း ၂၅၆: နစ်နာသူများထဲမှ တစ်ယောက်
ကျိုးဟိန်ယိ၏ စကားတွေက ရှီလီကို အံ့ဩတကြီး လှည့်ကြည့်မိသွားစေသည်။
ညီငယ်တစ်ယောက်ဖြစ်သော ကျိုးဟိန်ယိအနေနှင့် မရီးလောင်းရှေ့တွင် အစ်ကိုဖြစ်သူအကြောင်း မကောင်းပြောနေတာက ရယ်စရာကောင်းပြီး ယုံဖွယ်ရာမရှိချေ။
လုလန်ရှန်လည်း လန့်ဖြန့်သွားရပြီး ဘယ်လိုလူစားမျိုးက နေရာတကာမှာ အစ်ကိုဖြစ်သူအကြောင်း မကောင်းပြောမှာလဲလို့ အတွေးဝင်မိသွားတော့သည်။
လုလန်ရှန်၏စိတ်မှာ ဖြစ်နိုင်ခြေနှစ်ခုကို အလျင်အမြန် တွက်ချက်နေတော့သည်:ညီအစ်ကိုတွေ ဆက်ဆံရေးမကောင်းလျှင် အငယ်က သူ့အစ်ကို၏ ဂုဏ်သတင်းကို တမင် ညှိုးနွမ်းအောင်လုပ်ခြင်း သို့မဟုတ် အစ်ကိုဖြစ်သူ၌ ချို့ယွင်းချက်တွေ အမှန်တကယ်ရှိနေလို့ အပြစ်မရှိတဲ့လူတွေ မီးပုံထဲ ခုန်ချမိမှာကို တားဆီးဖို့ အငယ်ဖြစ်သူက ထုတ်ပြောလာခြင်းပင်။
သူမ သိထားသရွေ့ကတော့ ညီအစ်ကိုနှစ်ဦးကတကယ်တော့ ဆက်ဆံရေး ကောင်းမွန်သည်။
အခြားဖြစ်နိုင်ခြေကို လုလန်ရှန် တွေးကြည့်လိုက်သည်။ - မဟုတ်မှလွဲရော ဒီလူငယ်လေးကသူမကို မရီးအနေနဲ့ လက်မခံနိုင်လို့ သူ့အစ်ကိုနဲ့ အတူမရှိစေချင်တာလား။
သူမသည် တစ်ဝက်မျှသည် ခန့်မှန်းနိုင်ပြီး ကျန်တစ်ဝက်ကတော့ တက်တက်စင်အောင် လွဲနေတော့၏။
တကယ့်ဖြစ်နိုင်ခြေကိုမူ လုလန်ရှန်အနေနဲ့မှန်ကန်အောင် ခန့်မှန်းဖို့ဆိုတာ အင်မတန် ခက်ခဲပေသည်။
လက်ရှိတွင် ရှိလီ၏ အတွေးကတော့: သူ ဘာဖြစ်နေတာလဲ။ ဘယ်လိုဖြစ်ပြီး လူတစ်ယောက်က အစ်ကိုဖြစ်သူအကြောင်းကို ဒီလိုပြောနိုင်ရတာလဲ။
အနာဂါတ်က ရှီလီကတော့ နားလည်ပေလိမ့်မည်: အရာအားလုံးက ကြိုတင်ကြံစည်မှုတွေချည်းပဲ။
ကျိုးဟိန်ယိက ရှီလီ၏အတွေးတွေကို ကြားနိုင်တာကြောင့် သူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေပြီဟု သံသယဝင်နေသော သူမ၏ သံသယကို သဘာဝအားဖြင့် ကြားနိုင်ပေသည်။
ကျိုးဟိန်ယိ စိတ်ထဲကနေ ခါးသီးစွာ ရယ်လိုက်မိတော့၏။ တကယ်လို့ သူ့အစ်ကိုကို စောစောစီးစီး သေစေချင်ရင် သူဒီ လိုလုပ်ဖြစ်မှာ မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်၏အကြောင်းကို ကွယ်ရာတွင် မကောင်းပြော ခြင်းက အတော့်ကို ယဉ်ကျေးမှုမရှိတာပင်။
လုလန်ရှန်က စိတ်ထဲမှာတော့ ဘာတွေပဲတွေးနေပါစေ၊ အပြင်ပန်းက သူမ၏ တည်ငြိမ်မှုကိုတော့ ထိန်းသိမ်းထားဆဲဖြစ်သည်။ သူမသိမ်မွေ့စွာ ခေါင်းညိတ်ပြီး “သတိပေးတဲ့ အတွက် ကျေးဇူးပဲနော်။ အစ်မ မှတ်ထားလိုက်မယ်” ဟု ပြောလိုက်ကာ သူ့စကားကို အလေးထားမည်ဟု ရည်ညွှန်းလိုက်သည်။
သူမက လူမှုဆက်ဆံရေးတွင် ကျွင်းကျင်သည့်သူဖြစ်ပြီး မတူညီသော စကားပြောဖော်များ ကို ဘယ်လိုစိတ်ကျေနပ်အောင် လုပ်ရမယ်ဆိုတာကို သိပေသည်။
ကျိုးဟိန်ယိ စိတ်အေးသွားတော့သည်။ -အနည်းဆုံးတော့ သူမကိုကြည့်ရတာ အလေးထားမဲ့ပုံပဲ။
ရှီလီ၏ အမူအရာကို သူခိုးကြည့်လိုက်သည်။ အစောပိုင်းတုန်းက သူ့ကို ရူးနေတယ်လို့ အနည်းငယ် တွေးလိုက်တာကလွဲလျှင် ရှီလီက အခြားဘယ်လိုတုံ့ပြန်မှုမျိုးမှ မပြသလာပေ။ ရှီလီ စိတ်ကျေနပ်သွားသလားလို့ ကျိုးဟိန်ယိ တွေးတောမိသည်။
လုလန်ရှန်၏ အရှေ့တွင် သူ့အစ်ကို၏မကောင်းကြောင်းကို ပြောရတာကို ရည်ရွယ်ချက် နှစ်ခုရှိသည်: ပထမက လုလန်ရှန်ကိုသူ့အစ်ကိုအပေါ်မှာ အဆိုးမြင်လာပြီး လိုလိုလားလား လမ်းခွဲသွားအောင်ဖြစ်ကာ ဒုတိယကတော့ သူ့မိသားစု၏ ပြစ်ချက်များကို ထုတ်ဖော်လိုက်သည့် သူ့လုပ်ရပ်က ရှီလီကို စိတ်ကျေနပ်သွားစေရန်ဖြစ်ပြီး သူ့အစ်ကိုကိုသူမ သက်ညှာပေးဖို့ မျှော်လင့်နေတာကြောင့်ပင်။
ကျိုးဟိန်ယိ သူ့ဘာသာသူ အတွေးဝင်နေမိ၏:ဒီမိသားစုအတွက် ငါအများကြီး စွန့်လွှတ်ပေးလိုက်ရပြီ။
ရှီလီသည် သူမတောင် မသိလိုက်ဘဲနှင့်ယခုလို အန္တရာယ်များသော ခြိမ်းခြောက်မှုကြီး ဖြစ်လာတာကို မသိထားပေ။
ရှီလီ၏ အတန်းဖော်ကောင်းတွေကတော့ ပြောပေလိမ့်မည်: မီးရောင်အောက်မှာ ရပ်နေတဲ့ အဲ့လူတွေပဲ သူရဲကောင်းတွေပါလို့ ဘယ်သူပြောတုန်း။
အစ်ကိုကျိုး ဖုန်းပြောတာ အမြန်အဆန်ပဲ အဆုံးသတ်သွားသည်။ အချင်းချင်း စိုက်ကြည့်နေကြသည့် လေးယောက်သားကိုမြင်တော့ သူ့မျက်မှန်ကို ပင့်တင်၍ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ “မင်းတို့အားလုံး ဘာတွေပြောနေကြတာလဲ”
လုလန်ရှန်သည် သူ့ညီက သူ့ကို အားကိုးလို့မရဆိုသည့်အကြောင်း ပြောနေတယ်လို့ ထုတ်မပြောနိုင်ပေ။
သူမက အဝေးရှိ မြစ်ကမ်းနံဘေးဘက်ကို လက်ညှိုးထိုး၍ “ဟိုနားမှာ ရင်းနှီးတဲ့မျက်နှာတွေ တွေ့လိုက်လို့။ ကျွန်မတို့လည်း သူတို့နဲ့ပူးပေါင်းလိုက်ကြမလား”
အပူချိန်က အနုတ် တစ်ဆယ်ဒီဂရီဆဲလ်စီးယပ်အောက် ရောက်နေသော်ငြား ကောင်းမွန်သော ကိုယ်လုံးကိုယ်ထည်ကို ထုတ်ကြွားထားသည့်ကိုယ်လုံးကို ပေါ်လွင်စေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အစ်ကိုကျိုးကို ကြည့်ရသည်မှာ မအေးသည့်ပုံပင်။
ရှီလီသည် အနှီမြင်ကွင်းကို သုံးသပ်သည့်အနေဖြင့် ကျစ်မသတ်မိဘဲ မနေနိုင်တော့ပေ။
လုလန်ရှန်က ရှီရွှမ်းနှင့် ရင်းနှီးသော သူငယ်ချင်းတွေဖြစ်တာကြောင့် အဝေးကနေ လှမ်းခေါ်လိုက်၏။ “ရှောင်ရွှမ်း၊ နင်လည်း မီးရှူးမီးပန်းတွေ လာကြည့်တာလား”
256 02
ရှီရွှမ်းက ချူးချွမ်ရှန်းကို ဘေးသို့တွန်းကာ လုလန်ရှန်အတွက် နေရာဖယ်ပေးလိုက်သည်။ “ဒီကိုလာလေ၊ ဒီနေရာက မြင်ကွင်းကောင်းတယ်”
အစကတော့ လုလန်ရှန်မှာ ပျော်ပါးရန်အတွက် ညီမဖြစ်သူနှင့်အတူ အပြင်ထွက်လာသည့် လူငယ်စုံတွဲလို့ပဲ ထင်ထားတာဖြစ်သော်လည်း သူတို့နှင့် အတူပါလာပုံရသည့် အနီရောင် ကုတ်တွေနှင့် ကလေးတစ်သိုက်ကိုပါ မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့တာပင်။
သူတို့၏ ပုံပန်းသွင်ပြင်အရဆို အနှီကလေးတွေက ရှီရွှမ်းမိသားစု၏ ဆွေမျိုးရော၊ မိတ်ဆွေရော မဟုတ်ဘူးဆိုတာမှာ သိသာပေသည်။
ကလေးတွေက နာမည်ကြီး အဝတ်အစားတွေ၊ဖိနပ်တွေကို ဝတ်ဆင်ထားကြသော်လည်း သူတို့၏ မျက်နှာလေးတွေကတော့ သွေးလည်ပတ် မှုမကောင်းသော လက္ခဏာတွေ သိသိသာသာ ပြသနေသည်။
လုလန်ရှန်က ခဏကြာရပ်တန့်သွားပြီး ကလေးတွေရှ်ိသည့်ဘက်ကို လှမ်းကြည့်ကာ“ဒါကရော”
ရှီရွှမ်းက ဤအမေးကို ဝင်ဖြေပေးလိုက်၏။ “အဲဒါက ချူးချွမ်ရှန်းရဲ့ ကုမ္ပဏီက စီစဉ်တဲ့နှစ်ကူးမှာ ကလေးတွေကို မုန့်လိုက်ကျွေးပြီး ပျော်အောင်လုပ်ပေးတဲ့ အစီအစဉ်လေးတစ်ခုရယ်ပါ”
ကလေးတွေ၏ နုနယ်သောနှလုံးသားတွေကို နာကျင်စေမိမှာစိုး၍ အလှူလုပ်တာလို့တော့ ရှီရွှမ်း ထုတ်မပြောလိုက်ပေ။
ရှီရွှမ်း၏ ဆိုလိုရင်းကို လုလန်ရှန် ခဏတွင်းချင်း နားလည်သွားသည်။ - လူသားချင်း စာနာထောက်ထားမှုကို ပြင်းပြင်းထန်ထန် အလေးထားသည့် ကုမ္ပဏီများစွာက ယခုလို အစီအစဉ်တွေ ကျင်းပလေ့ရှိသည်။
လုမိသားစုကလည်း လုလန်ရှန်ကိုယ်တိုင် ပါဝင်ထားသော တောင်ပေါ်ဒေသများတွင် သင်ကြားရေး ပရိုဂရမ်များကို နှစ်စဉ် ကျင်းပလေ့ရှိ၏။
လုလန်ရှန်က အသေးလေး၏ပါးကို ဆွဲဆိတ်လိုက်ရင်း ချီးကျူးလိုက်သည်။ “အရမ်းချစ်ဖို့ကောင်းလိုက်တာ”
ရှီရွှမ်းက မိန်းကလေး၏ ပွယောင်းယောင်းဆံပင်တွေကို ဖွလိုက်ရင်း “တကယ်ချစ်ဖို့ကောင်းတယ်”
ကျိုးမိသားစုက ရှီမိသားစုဗီလာ၏ အနားဝန်းကျင်တွင် နေထိုင်တာကြောင့် ရှီရွှမ်းက အစ်ကိုကျိုးနှင့် အတော်လေး ရင်းနှီးသည်။ ကလေးဘဝတုန်းက သူတို့တွေ မကြာခဏ ကစားဖူးကြသော်လည်း အရွယ်ရောက်လာသည်နှင့်အမျှ လိင်အမျိုးအစား ကွဲပြားမှုကိုသတိထားလာကြပြီး ကွဲကွာလာကြကာ -ယောက်ျားလေးတွေက မိန်းကလေးတွေနှင့် ကစားရတာကို မကြိုက်ကြသလို၊ မိန်းကလေးတွေကလည်း သူတို့နှင့် ဝါသနာတူသောသူတွေနှင့်သာ အချိန်ကုန်ဆုံးချင်ကြတာပင်။
သူတို့တွေ တစ်နည်းနည်းနှင့် အနေဝေးလာခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး အတော်လေး ရင်းနှီးနေကြဆဲဖြစ်သည်။
ကျိုးနှင့် ရှီမိသားစုတို့မှာ မကြာခဏလည်း ဆက်သွယ်တတ်ကြသေး၏။
ချူးချွမ်ရှန်း၏ ကျဉ်းမြောင်းသော မျက်လုံး တွေက ကွက်တိကျနေသော ဒီဇိုင်နာချုပ်ဝတ်စုံ ကြောင့် ကိုယ်လုံးကိုယ်ပေါက် ပေါ်လွင်နေသော အစ်ကိုကျိူး၏ ခါးထက်သို့ အကြည့်ရောက်သွားသည်။
ချူးချွမ်ရှန်းမှာ မသိလိုက်ဘဲနှင့် အေးစက်စက် သရော်လိုက်မိသည်။
သူ့ဘာသာသူ တွေးလိုက်၏: ဒီလောက်အေးနေတဲ့ ရာသီဥတုထဲမှာ ဒီလိုအဝတ်တွေ ဝတ်ထားတာ ဘယ်သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလဲ။
လူတစ်ယောက်က ငယ်တုန်းရွယ်တုန်းမှာ ကျန်းမာရေးကို ဂရုမစိုက်ရင် အသက်ကြီးလာတော့မှ ပြဿနာအမျိုးမျိုးနှင့် သေချာပေါက်တွေ့လိမ့်မည်ဟု တွေးကာ သဘောကျနေလေသည်။
တကယ်တော့ ချူးချွမ်ရှန်းလည်း သူ့ကိုယ်သူ နွေးနွေးထွေးထွေးဖြစ်အောင် ဝတ်စားထားတာမဟုတ်ဘဲ အမည်းရောင် သိုးမွေးကုတ်ကိုသာ ဝတ်ဆင်ထားတာဖြစ်ပြီး ၎င်းက အစ်ကိုကျိုး၏ဝတ်စုံထက်စာရင်တော့ ရာသီဥတုနှင့်အနည်းအပါး ပိုလိုက်ဖက်မှုရှိသည်။
သူတို့အုပ်စုထဲတွင် ဒုတိယသခင်လေးဖူတစ်ယောက်တည်းကသာ ဟန်ဆောင်မှု ကင်းမဲ့ပြီး ရိုးရိုးရှင်းရှင်း ဝတ်စားထားတာပင်။
အခြားသော လူကြီးလူကောင်းတွေလည်း သိပ်ပြီးများများစားစား မဝတ်စားကြပေ။
အစ်ကိုကျိုးက ဒုတိယသခင်လေးဖူနှင့် စကားပြောနေခိုက်၊ ချူးချွမ်ရှန်းက ရှီရွှမ်း၏နားထဲ တီးတိုးပြောလိုက်သ။ည် “သူ့ဆီကနေ ဘယ်တော့မှ မသင်နဲ့နော် - စတိုင်ကျတာထက် နွေးထွေးမှုကိုသာရှာ။ မဟုတ်လို့ကတော့ မင်းအသက်ကြီးလာရင် ကျန်းမာရေး ပြဿနာအဖုံဖုံနဲ့ ရင်ဆိုင်နေရဦးမယ်။ သူ့မိန်းမက သူ့ရှေ့မှာတင် အဘိုးကြီးတွေနဲ့ ကခုန်နေတုန်း သူကတော့ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရလိမ့်မယ်”
ရှီရွှမ်း တွေးလိုက်၏: ရှင် ဘာဖြစ်နေတာလဲ။
ရှင်စိတ်ကူးယဉ်လွန်နေပြီ - သူအသက်ကြီးရင် ဘာဖြစ်မယ်ဆိုတာပါ ရှင် တွေးနေတာလား။ သူ့ကို ဘီးတပ်ကုလားထိုင်ပေါ် တင်ပေးမဲ့အစား ဘာလို့များ ကောင်းကောင်းမွန်မွန် မဆုတောင်းပေးနိုင်ရတာလဲ။
ဤနှစ်ယောက်တွင် အမည်မသိ ရန်ငြိုးတွေရှိနေမလားဟု ရှီရွှမ်း အတွေးဝင်မိနေသည်။
ချူးချွမ်ရှန်းက ဂုဏ်ယူစွာဖြင့် ကြေညာလာ၏။ “ကိုယ်ကတော့ မတူဘူး။ ကိုယ်က ငယ်ငယ်လေးကတည်းက ကျန်းမာရေး လိုက်စားလာတာ။ အသက်ကြီးလာရင် မင်းနဲ့အတူ ရင်ပြင်မှာ ကခုန်နိုင်တဲ့ ကျန်းမာတဲ့အဘိုးကြီး ဖြစ်နေဦးမှာ။ ကဖော်ကဖက် ရှာနေရမှာကို မင်းစိတ်ပူစရာ မလိုဘူး”
ရှီရွှမ်း: ......