အခန်း (၂၅၇-၂၆၀)
Vol. 13 Ch. 257-260
257 01
အခန်း ၂၅၇: ငါတို့ လမ်းခွဲလိုက်ပြီ
Blue City ပန်းခြံတွင် ရှစ်နာရီထိုးသည့် ခေါင်းလောင်းမြည်တော့ ညကောင်းကင်၌မီးရှူးမီးပန်းများက အချိန်မှန် လင်းလက်လာကြသည်။
ယခုလို ရင်သပ်ရှုမောဖွယ်ရှုခင်းကို ဘယ်သူမှမခုခံနိုင်ပေ။
အထူးသဖြင့် မီးရှူးမီးပန်းကို တစ်ခါမှ မမြင်ဖူးသည့် ကလေးတွေပင်။
နှစ်သစ်ကူးအချိန်၌သာ အနီရောင်ဗျောက်အိုးများကို မြင်တွေ့ရတာဖြစ်ပြီး ယခုလို လှပသည့် မီးရှူးမီးပန်းများကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ကြချေ။
အခြားလူတွေအတွက်ကတော့ ဤအခိုက်အတန့်တွင် အဖိုးတန်ဆုံးအရာမှာ ကောင်းကင်ထက်က တောက်ပနေသော ပြပွဲမဟုတ်ဘဲ အနှီကင်းစင်သော မျက်နှာလေးများထက်က အလိုလိုဖြစ်တည်လာသော အပြုံးများပင်။
လုံခြုံရေးအစောင့်တွေက သင့်တော်သော အကွာအဝေးကနေ စောင့်ကြည့်နေကြ၏။
ဤအုပ်စုက သခင်လေးများ၊ သခင်မလေးများ ဖြစ်ခဲ့ကြတာကြောင့် အခြားလူတွေကို ဂရုစိုက်ရာ၌ မကျွမ်းကျင်ကြပေ။ သတိလျော့ရဲနေကြသော လူတိုင်းနှင့်ယှဉ်လျှင် ယောက်မရှောင်မှာ ထိုညနေခင်းတွင် အမှန်တကယ်ကို ခြေကုန်လက်ပန်းကျနေလေပြီ။
ဆင်းရဲသော မိသားစုမှ ကလေးတွေက စောစီးစွာ ရင့်ကျက်ကြတယ်လို့ ပြောကြပြီး ဤကလေးတွေက မယုံနိုင်လောက်အောင် လိမ္မာရေးခြားရှိကာ လူတွေ သဘောမကျသည့်ဆိုးသွမ်းသော ကလေးတွေနှင့် မတူပေ။ သူတို့သည် နေရာအနှံ့ ပြေးလွှားမနေကြသလို၊အရုပ်အတွက် ငိုယိုတာမျိုးလည်း မရှိချေ။
အနီရောင်ကုတ်ထဲရှိ အသေးလေးတစ်ယောက်ချင်းစီတိုင်းဟာ နတ်သားလေးတွေလိုပင်။
သူတို့ကို အထူးတလည် အာရုံစိုက်ပေးဖို့ဆိုတာ သိပ်မလိုအပ်သော်လည်း အထူးဂရုစိုက်ပေးဖို့လိုသည့် ရှုပ်ထွေးနေသော ကောင်လေးကတော့ ချွင်းချက်ဖြစ်နေသည်။
ကျန်ကလေးတွေကတော့ နာခံမှုရှိကာ သိတတ်ကြသည်။
ကလေး ဒါဇင်ကျော်ရှိနေသော်ငြား သူတို့ကို ကြည့်ရှုပေးရန်မှာ မခက်ခဲပါချေ။
သူတို့တွေ ကလေးအားလုံးကို ဟိုတယ်သို့ လုံလုံခြုံခြုံ ပြန်ပို့ပြီးနောက် ဆယ့်တစ်နာရီ ထိုးနေချေပြီ။
ရှီရွှမ်းအတွက်ကတော့ အများအားဖြင့်ဆိုလျှင် ဤသည်မှာ ညအချိန် စတင်တာကြောင့် နောက်မကျနေပေ။
သို့သော် အသေးလေးတွေအတွက်ကတော့ အိမ်မှာသာဆို အိပ်ပျော်နေတာ ကြာလှ၍ ကြက်ခြေထောက်တွေကို စားနေရသည့် ချိုမြိန်သော အိပ်မက်နှစ်ခုမက်ရန်အထိ လုံလောက်နေမှာဖြစ်သည်။
ဟိုတယ်သို့ ကားစီးပြီးပြန်သည့်လမ်းတွင် ကလေးတွေအားလုံး အိပ်ပျော်နေကြလေပြီ။
ပုံမှန်အချိန်ဇယားကို ထိန်းသိမ်းထားသော ရှီလီလို လူအတွက်မှာမူ ဆယ့်တစ်နာရီဆိုတာ မစောနေသလို - အိပ်ရာဝင်ရန် အသင့်ပြင်ရမည့် အချိန်ဖြစ်သည်။
ရှီလီက နောက်ကျသည်အထိ နေခဲလှပြီး အိပ်ချိန်လုံလုံလောက်လောက် ရှိထားလျှင် ကောင်းမွန်သော စိတ်အခြေအနေကို ထိန်းသိမ်းပေးနိုင်၍ နောက်တစ်နေ့ ဘဝနှင့်စာတွေအတွက် စိတ်အားအင်တွေ ပိုပြီးတက်ကြွစေတယ်လို့ ယုံကြည်ထားလေသည်။
ဒါ့အပြင် အိပ်ရာစောစောဝင်၍ စောစီးစွာအိပ်ရာထတာက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး - အလုပ်နှင့် ပညာက ဒုတိယဖြစ်ကာကောင်းမွန်သော ကျန်းမာရေးကသာ ပဓာနဖြစ်ပေသည်။
အိမ်ပြန်ချိန်ရောက်တော့ ချူးချွမ်ရှန်းက အိမ်မပြန်ခင်မှာ မိန်းကလေးနှစ်ယောက်အား ရှီအိမ်တော်ဆီ လိုက်ပို့ပေးနေချင်သည်။
ကျိုးဟိန်ယိက မစဉ်းစားဘဲ ပြောလိုက်၏။ “လိုမှမလိုတာ! ကျွန်တော့်အစ်ကိုလည်း အဲ့လမ်းက ပြန်မှာပဲ၊ ရှီရွှမ်းနဲ့ ရှီလီကို ပြန်လိုက်ပို့ပေးလို့ ရတယ်လေ”
ကျိုးဟိန်ယိက သူ့ကိုယ်သူ အတော်လေးပါးနပ်လှပြီဟု တွေးလိုက်ပြီး သူ၏ ဂရုတစိုက် စီစဉ်ထားခြင်းက နိုင်ငံအတွက် စွမ်းအင်တွေချွေတာနိုင်သည်ဟု ယုံကြည်နေလေ၏။
ချူးချွမ်ရှန်းက ယဉ်ကျေးစွာ ပြုံးလိုက်ပြီး“အဆင်မပြေလောက်ဘူး၊ မင်းအစ်ကိုက မိန်းကလေးလုကို အိမ်ပြန်လိုက်ပို့ရဦးမှာ မဟုတ်လား”
ကျိုးဟိန်ယိ ခေါင်းကုတ်လိုက်တော့၏၊ ၎င်းက ပြဿနာပင် - သူ့အနာဂါတ်မရီးလောင်းကို မေ့နေခဲ့တာပင်။
ရှီရွှမ်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒီလိုဆိုရင်ရော၊ ငါတို့အိမ်မှာ လန်ရှန် နေလို့ရတယ်လေ”
သူတို့တွေ ငယ်ငယ်တုန်းက မိသားစုနှစ်ခု၏ကလေးတွေမှာ တစ်ဦးကိုတစ်ဦးဆီသို့ မကြာခဏ လည်ခဲ့ကြဖူးသည်။
လုလန်ရှန်လည်း ဤအကြံပြုချက်ကို အဆင်ပြေတယ်လို့ တွေးလိုက်ပြီး ပြောလိုက်၏။ “ဒါပေါ့၊ ဒါပေါ့! ငါနင့်အိမ်မှာ မနေဖြစ်တာ အတော်လေးကြာပြီ”
257 02
ချူးချွမ်ရှန်းမှာ သူ့ကောင်မလေး ထွက်သွားတာကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေရတော့၏။
အပူအပင်ကင်းသော သဘာဝရှိသည့် ဒုတိယသခင်လေးဖူကတော့ ချူးချွမ်ရှန်း၏ အဆင်မပြေ ဖြစ်နေခြင်းကို သတိမထားမိပေ။ ဖူဟွေ့ရှင်းကသာ သူ့ကို အကြည့်တွေ ပေးလာခဲ့သည်။
သို့သော် သူသည် ချူးချွမ်ရှန်းကို သိပ်တောင်မကြည့်ရသေးခင်မှာဘဲ ဒုတိယသခင်လေးဖူ၏ပြိုင်ကားက မောင်းထွက်သွားချေပြီ။
လုလန်ရှန်မှာ ယခုဆို ရှီအိမ်တော်နှင့် အနည်းငယ် စိမ်းသက်လျှက် ရှိနေသော်လည်း လူတွေကတော့ အရင်လိုပဲဖြစ်ကာ အစေခံတွေ၏မျက်နှာတွေတောင် ပြောင်းလဲမသွားပေ။
ဦးလေးရှီအငယ်ဆုံးနှင့် မျက်နှာချင်းဆိုင်ရချိန်မှာတော့ လုလန်ရှန် အနည်းငယ် အနေခက်မိသည်။ အဆုံးမှာတော့ သူသည် တစ်ခါတုန်းက သူမအဒေါ်၏ ယောက်ျားဖြစ်ခဲ့ဖူးတာပင်။ သူမသည် အခြားသော လူကြီးတွေအပေါ်ကို တော့ ယခင်လို အပြုအမူကို ထိန်းသိမ်းထားစမြဲသာ။
လုလန်ရှန်သည် အရင်တုန်းက နေခဲ့ဖူးသောဧည့်သည်ခန်း၌သာနေခဲ့ပြီး သူတို့တွေ၏ရင်းနှီးသော ဆက်ဆံရေးကို ပြသရန်အလို့ငှာအခန်းကို ပြင်ဆင်ရာ၌ အဒေါ်ရှီအကြီးဆုံး ကိုယ်တိုင်ကိုယ်ကျ ဦးစီးခဲ့သည်။
လုလန်ရှန်က အိမ်မပြန်ဖြစ်တော့ဘဲ ရှီအိမ်တော်မှာ နေလိုက်မည့်အကြောင်းကို မိဘတွေထံ ဖုန်းဆက်အကြောင်းကြားလိုက်သည်။
လုလန်ရှန်၏ အဒေါ်နှင့်ဦးလေးရှီအငယ်ဆုံးတို့ကြားက ဖြစ်ရပ်ကြောင့် မိသားစုနှစ်စုမှာ ဝေးကွာခဲ့ရသည်။ ယခုတော့ ဦးလေးရှီအငယ်ဆုံးနှင့် ဟုန်ယန်က ကွာရှင်းပြီးသွားပြီ ဖြစ်တာကြောင့် မိသားစုနှစ်စုကြားမှ ဆက်ဆံရေးမှာကောင်းခြင်း၊ ဆိုးခြင်းမရှိဘဲ တိုးတက်လာခဲ့သည်။
လုမိသားစုသည် ဦးလေးရှီအငယ်ဆုံးကြောင့် ရှီမိသားစုကို ဒေါသထွက်ခဲ့သော်လည်း ရှီမိသားစုဝင်တွေ၏ အကျင့်စရိုက်က ပြစ်တင်ရှုံ့ချစရာမရှိတာကြောင့် ယုံကြည်ကြသည်။
ဦးလေးရှီအငယ်ဆုံးသည် ဉာဏ်ရည်နည်းပါးပြီး ချို့ယွင်းချက်တွေ ရှိနေသော်လည်း ရိုးသားပေသည်။
လုလန်ရှန်က ရှီအိမ်တော်တွင် တစ်ညတာသာ နေထိုင်မှာဖြစ်ပြီး နောက်တစ်နေ့ နေ့လယ်စာစားပြီးတာနှင့် လုမိသားစု ဒရိုင်ဘာက သူမကို လာကြိုပေးမှာဖြစ်သည်။
သူမ နေထိုင်တုန်း ရှီလီက လုလန်ရှန်၏တွေးခေါ်ပုံကို လွှမ်းမိုးနိုင်မည့် အခွင့်အရေးကို ယူလိုက်ပြီး အစ်ကိုကျိုးက လက်တွဲဖော်ကောင်းမဟုတ်ဘဲ သူတို့၏ ဆက်ဆံရေးကို သေချာစဉ်းစားဖို့ သွယ်ဝှိုက်အကြံပေးလာခဲ့သည်။
လုလန်ရှန်သည် ယခုလိုကိစ္စတွေကို အခြားလူတွေ ပြောလာပါက စိတ်ထဲမှထုတ်ထား လိုက်မည်ဆိုသော်လည်း ရှီလီ ပြောလာချိန်မှာတော့ အလေးအနက် ထားလာသည်။
အဆုံးမှာတော့ သူမ၏ယခင်ခင်ပွန်းလောင်းက အမှိုက်ကောင်ဖြစ်ခဲ့တယ်ဆိုတာကို ရှီလီက အရိပ်အမြွတ်ပေးခဲ့တာပင်။
ဒီတစ်ခါရော အတူတူပဲလား။
ရှီလီကတော့ သူမ၏စကားတွေက လုလန်ရှန်အပေါ် ဘယ်လောက်ထိ ဖိအားပေးနေနိုင်ပေ။ ဆိုတာကို နားမလည်လောက်ပေ။
သူမ၏ ဝမ်းကွဲဖြစ်သူ ရှီရွှမ်းကိုတောင် လမ်းခွဲလိုက်ဖို့ အကြိမ်ကြိမ် အကြံပေးနေခဲ့သော်လည်း သူမနှင့် ချူးချွမ်ရှန်း၏ ဆက်ဆံရေးက ပိုလို့တောင် ခိုင်မာလာခဲ့တာပင်။
နှစ်ကူးအချိန်ကာလတွင် ရှီရွှမ်းမှာ အတော့်ကိုအလုပ်များနေလျှက်ရှိပြီး ကလေးတွေကိုအပြင်ခေါ်သွားပေး၍ ဂရုစိုက်ပေးရာတွင် ကူညီပေးခဲ့သည်။
ဆယ်ရက်အကြာ၌ ကလေးတွေကို သူတို့၏မိဘတွေထံ ဘေးမသီရန်မခ ပြန်ပို့ပေးပြီးသည့်နောက် သူတို့အုပ်စုက ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြန်လာခဲ့ကြသည်။
လေယာဉ် ဘေးကင်းစွာ ဆိုက်ရောက်လာတော့ ရှောင်ဖေးယွီမှာ နောက်ဆုံးတော့ စိတ်အေးစွာဖြင့် သက်ပြင်းချနိုင်လေပြီ - သူမအစ်ကိုရဲ့အသက်ကို ကယ်နိုင်ကောင်းပါရဲ့။
အစီအစဉ်ကနေပြီး တချို့တလေ သွေဖွယ်သွားတာမျိုးတွေ ရှိခဲ့သော်လည်း သူမ၏ယောက်မတွင် ကိုယ်ဝန်မရှိသေးတာကြောင့် ယခုချိန်မှာ ထိုကိစ္စက အရေးမပါသေးပေ။
ရှီလီသည် အလုပ်များနေချိန်၌ ယခင်ဘဝတုန်းကအကြောင်းကို တွေးမိခဲသည်။
ငြိမ်သက်နေသည့် အခိုက်အတန့်တွင် ရှီရွှမ်း၏ကလေးတွေကို လေ့လာရေးခရီး ခေါ်သွားပေးတုန်းက စိတ်ဝင်စားစရာအကြောင်းတွေအား ပြောပြနေတာကို နားထောင်နေရင်း ၎င်းကယခင်ဘဝတွင် ဖြစ်ပျက်ခဲ့ခြင်း မရှိဘူးဆိုတာ ကို ရှီလီ ရုတ်တရက် နားလည်သွားတော့၏။ ထိုဘဝတွင် အစ်ကိုရှောင်က တောင်ပေါ်ဧရိယာတွင် ပညာပေးပို့ချရန်အတွက် အဖွဲ့ကိုဦးဆောင်ခဲ့ပြီး မတော်တဆဖြစ်၍ ဆုံးပါးသွားခဲ့ရတာ ဖြစ်သည်။
ယခုဘဝမှာတော့ ပြောင်းလဲသွားချေပြီ။
သို့သော် ဤသည်က ဆိုးရွားသော ပြောင်းလဲခြင်းတော့ မဟုတ်ပေ။
အကယ်၍ အစ်ကိုရှောင်သာ မတော်တဆမှုနှင့်မကြုံတွေ့ရပါက ရှီရွှမ်း၏ အချစ်ရေးတွင်မည်သည့်လှိုင်းမှ ပုတ်ခတ်လာမည် မဟုတ်တော့ချေ။
ညီမတစ်ယောက်အနေနှင့် အစ်မဖြစ်သူကို ကောင်းကောင်းမွန်မွန် နေထိုင်ပြီး ပျော်ရွှင်သွားစေချင်သည်။
257 03
ယနေ့မှစ၍ ရှီလီက ရှီရွှမ်းအား ချူးချွမ်ရှန်းနှင့်လမ်းခွဲလိုက်ဖို့ စည်းရုံးသိမ်းသွင်းခြင်းကို ရပ်တန့်လိုက်၍ ကိစ္စတွေ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာကိုသာ စောင့်ကြည့်ရန် ရွေးချယ်လိုက်တော့၏။
ကလေးတွေကို အိမ်ပြန်ပို့ပြီးနောက် ရှီရွှမ်း၏ပိတ်ရက်က အဆုံးသတ်လာချေပြီ။ ကျောင်းသားတွေ၏ ဆောင်းရာသီပိတ်ရက်များက ကျန်နေသေးသော်လည်း ဆရာတွေကတော့ အစည်းအဝေးထိုင်ရန် ကျောင်းသို့စောစီးစွာ ပြန်သွားဖို့ လိုအပ်ပေသည်။
ကျောင်းသို့ပြန်မသွားခင်တွင် ရှီရွှမ်း၌ပြင်ဆင်စရာတွေ အများကြီး ရှိနေသေး၏။
ဤကျန်ရှိနေသော ရက်များတွင် ရှီရွှမ်းကပြင်ဆင်မှုမျိုးစုံဖြင့် အလုပ်များနေတာကြောင့် ရှီလီ၏အပြုအမူများ ပြောင်းလဲသွားခြင်းကို သတိထားမိရန် အလုပ်ရှုပ်နေခဲ့သည်။
မိသားစုသုံးယောက်သားက မီးပုံးပွဲတော်မတိုင်ခင်အထိ စံအိမ်ဟောင်း၌သာ နေထိုင်ကြမှာဖြစ်ပြီး နောက်ပိုင်းမှသာ သူတို့၏ကိုယ်ပိုင်အိမ်သို့ ပြန်ကြမှာပင်။
မီးပုံးပွဲတော်ပြီးနောက် ဟွမ်ကျဲက သူမ၏မိဘအိမ်သို့ ပြန်သွားခဲ့ပြီး ရှီလီသည် သူမကို အဖော်ပြုပေးပြီး အမေဘက်မှ အဘိုးအဘွားတွေအိမ်၌ ခဏကြာ နေထိုင်မှာဖြစ်သည်။
ယခုလို သေးငယ်သော သင်ကြားရေးနေရာကိုရှောင်တိမ်းနိုင်တာနှင့် အစ်ကိုဖြစ်သူ ဘေးကင်းပြီလို့ ရှောင်ဖေးယွီ တွေးထားခဲ့တာပင်။ မီးပုံးပွဲတော်မှာ မီးပုံးတွေ သွားကြည့်ရုံနှင့် အနှောင့်အယှက်ပေးလိုသော လူတစ်ဦးကလူ့အသိုင်းအဝိုင်းကို လက်စားချေလိုသောရည်ရွယ်ချက်ဖြင့် လမ်းမပေါ်မှ လူအုပ်ကြားထဲ ကားမောင်းလာခြင်းနှင့် ကြုံတွေ့လာရလိမ့်မယ်လို့တော့ ထင်မထားခဲ့ပေ။
ရှောင်ဖေးယွီနှင့် မိဘတွေမှာ ဖုန်းလက်ခံဖြေဆိုပြီးနောက် ဆေးရုံသို့ အပြေးအလွှားသွားခဲ့ကြပြီး သူမယောက်မ၏အဝတ်များမှာ သွေးတွေဖြင့် ဖုံးလွှမ်းနေလျှက်ရှိနေသည်။
သူမပုံစံက ဖရိုဖရဲဖြစ်နေသော်လည်း ထိခိုက်ဒဏ်ရာတော့ မရသွားပေ။
ထိုနေ့တွင် အပြင်မထွက်ကြဖို့ လူတိုင်းကို သတိပေးထားသော အုပ်စုဖွဲ့စကားပြောခန်းထဲမှတဆင့် ထိုဖြစ်ရပ်ကို ရှီလီ သိရှိခဲ့ပြီးထိုတော့မှ ယခုလိုကိစ္စမျိုး Blue City တွင်ဖြစ်ပွားခဲ့တယ်ဆိုတာကို နားလည်သွားတော့၏။
ဤဖြစ်ရပ်က ရှီလီနှင့် စိမ်းသက်နေသည်၊သူမ၏ မှတ်ဉာဏ်တွေထဲ မွေနှောက်ရှာကြည့်ပြီးနောက် သူမ၏ ယခင်ဘဝတွင် ယခုလိုကိစ္စမျိုး ဖြစ်ခဲ့ဖူးတာကို ပြန်ပြီးမစဉ်းစားနိုင် ပေ။
ရှီလီကို ပိုပြီးထိတ်လန့်သွားစေမိတာကတော့ အစ်ကိုရှောင်က ဤရာဇဝတ်မှု ဖြစ်ရပ်ထဲတွင်နစ်နာသူများထဲမှ တစ်ယောက်ဖြစ်နေတာပင်။
******
258 01
အခန်း ၂၅၈: တစ်ဖက်လူမှာ သူငယ်ချင်းရှိကြောင်း အထောက်အထားရှိတယ်
ဤဖျက်လိုဖျက်ဆီးကိစ္စရပ်က အတော်လေးအုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ကာ သတင်းစာများစွာ၏ ခေါင်းကြီးပိုင်းများတွင် ပါလာခဲ့ပြီး လူ့အသိုင်းအဝိုင်း၏ ရေပန်းစားသော ဆွေးနွေးမှုတစ်ခု ဖြစ်လာခဲ့သည်။
အစ်ကိုရှောင်တွင် လူနေမှုအဆင့်အတန်းအချို့ရှိထားပြီး နစ်နာသူများထဲမှ တစ်ယောက် ကချမ်းသာသော မိသားစုမှ တကယ်ကြီးဖြစ်နေတယ်ဆိုတာကို မသမာသော မီဒီယာတစ်ခုက စုံစမ်းနေစဉ်မှာ သိရှိသွားခဲ့ပြီး ဤအချက်ကိုအလေးပေး ဖော်ပြလာကြတော့၏။
ချမ်းသာသော ဒုတိယမျိုးဆက်မှလူတွေ၏အကြောင်းအရာတွေ တက်လာတိုင်း ဆွေးနွေးခြင်း၏ အဓိကအချက်ဖြစ်လာမည်မှာ ဧကန်ဖြစ်သည်။
အစ်ကိုရှောင်၏ ဓာတ်ပုံများနှင့် ကိုယ်ရေးအကျဉ်း… အားလုံးမှာ ထုတ်ဖော်ခံလိုက်ရတော့သည်။
ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံနှင့် ကြည့်ကောင်းသောရုပ်ရည်ကို ပေါင်းစပ်ထားခြင်းက အင်တာနက် သုံးစွဲသူများ၏ မျက်လုံးထဲတွင် royal flush (ပိုကာအတွဲ) တစ်ခုလိုဖြစ်နေကာ ခဏတွင်းချင်းမှာပဲ အမျိုးသမီးဖန်များကို ဆွဲဆောင်နိုင်ခဲ့သည်။
နှစ်သက်သူတွေ ရှိနေသရွေ့၊ မယုံကြည်သူတွေရှိကြသည်။ အချို့ကမူ ဤချမ်းသာသောဆက်ခံသူအပေါ် လက်စားချေလိုစိတ်ကြောင့် လှုံ့ဆော်ခံလိုက်ရသည့် ယခုလိုမဆင်မခြင် တိုက်ခိုက်မှုက မသက်ဆိုင်လူနှင့် လူမှားသွားတယ်ဟု ပြောကြသည်။
ကားအက်ဆီးဒန့်တွင် သေဆုံးသည် သို့မဟုတ်ထိခိုက်ဒဏ်ရာရသွားသော နစ်နာသူများကို ဆက်စပ်ထိခိုက်မှုဟု ကြည့်လိုက်ရသည်။
အချို့ကတော့ တရားခံက အစ်ကိုရှောင်၏ရမ်းကားသော အပြုအမူကြောင့် ယခုလိုပြင်းထန်သော ဖိအားတွေအောက်မှာ ကားမောင်းခဲ့တာဖြစ်ပြီး သူတို့သာ ထင်ရာစိုင်း မနေပါက ဘယ်သူကမှ ယခုလိုလက်စားချေခြင်းကိုပြုလုပ်မှာ မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုကြသည်။
ထင်ကြေးတွေမှာ အထိန်းအကွပ်မဲ့နေပြီး -လုပ်အားခမပေးခြင်းမှ လက်သင့်မခံနိုင်သော လိင်ပိုင်းဆိုင်ရာ အပြုအမူအထိ - ထင်ကြေးအမျိုးမျိုး ပေါ်ထွက်လာတော့သည်။
ရက်စက်သော လူသတ်သမားက လူထုအမြင်ရှေ့၌ သနားစရာကောင်းသော နစ်နာသူအဖြစ် ပြောင်းလဲသွားလေသည်။
အစ်ကိုရှောင်က ခွဲစိတ်ခန်းထဲဝင်ပြီးနောက် မျက်ခြည်မပြတ် ဂရုစိုက်ပေးမှုအောက်တွင် သတိမရလာသေးဘဲ သူ့ဂုဏ်သတင်းမှာ ရွံ့ဗွက်ထဲအထိ ဆွဲချခံလိုက်ရပြီဆိုတာကို သတိမထားမိနေပေ။
သူသည် သတိလစ်နေသေးသော်လည်း သူ့မိဘတွေနှင့် အခြားဆွေမျိုးသားချင်းတွေကတော့ အခြေအနေကို အများကြီး သတိထားမိကြသည်။
ရှောင်မိသားစုမှာ ချစ်ခင်ရသူက အခြေအနေ စိုးရိမ်နေရသဖြင့် ရတက်မအေးဖြစ်နေရပြီး အွန်လိုင်းပေါ်တွင် အစ်ကိုရှောင်နှင့် ပတ်သက်သော ရွံစရာကောင်းသည့် ထင်ကြေးတွေ ကြောင့် ဒေါကန်လာကြသည်။
ရှောင်မိသားစုသည် ဒေါသတွေဖွင့်ထွက်ဖို့ လိုအပ်နေလေကာ မားကတ်တင်းအကောင့်အချို့နှင့် ကျင့်ဝတ်မရှိသော မီဒီယာကသူတို့၏ ပစ်မှတ်ဖြစ်လာတော့၏။
ရှောင်မိသားစု၏ ဥပဒေအဖွဲ့က အနှီစဉ်းလဲသော မီဒီယာကို တရားရုံးပို့ရန် သက်သေတွေ စုစည်းထားခဲ့သည်။
သူတို့သည် အကျင့်စရိုက်အပေါ် အသရေဖျက်မှုအစား ရာဇဝတ်မှုအရ အသရေဖျက်ခြင်းဖြင့်စွဲချက်တင်ခဲ့ကြသည်။
ရှောင်မိသားစုက ငွေမလိုချင်ပေ - တရားမျှတ မှုကိုသာ လိုချင်ကြတာပင်။
လူ့ကျင့်ဝတ်မရှိသည့် မီဒီယာက အာရုံဆွဲခေါ် နိုင်ရန်အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုသုံး၍ အချိန်တိုအတွင်း စီးပွားရေး ဖြစ်ထွန်းစေမှု အများဆုံးအပေါ် ဦးတည်ကြ လေသည်။
စီးပွားရေးက ရှင်ဘုရင်ဖြစ်နေသည့် ယခုလိုခေတ်မှာ မီဒီယာများနှင့် ကိုယ်ပိုင်ထုတ်ဝေသူများမှာ ယခုလို အပြုအမူမျိုးဖြင့် စီးပွားရေးကိုအလျင်အမြန် ထိန်းချုပ်၍ ငွေကြေးပမာဏ များစွာကိုရရှိသွားကြသည်။
လက်ထဲတွင် ပိုက်ဆံရှိနေပါက ဖြစ်ရပ်တွေ၏တကယ့်အမှန်တရားကို သူတို့တွေ လျစ်လျူရှုထားလို့ရသည်။
ဤလူ့ကျင့်ဝတ်မရှိသော ဗီဒီယာက သာမန်လူတွေ၏ စိတ်ဝင်စားမှုများအပေါ် ထိခိုက်စေ သော်လည်း သာမန်ပြည်သူတွေကတော့ သူတို့၏ လုပ်ပိုင်ခွင့်များကို ခုခံကာကွယ်ရန်အရင်းအမြစ် အကန့်အသတ်သာ ရှိလေသည်။
သူတို့တွေ ပြန်တွန်းလှန်နိုင်ခဲ့လျှင်ပင် လှိုင်းထရုံသာ။
အကျိုးအမြတ် အများအပြားအတွက် လူတစ်ယောက်၏ အသိစိတ်ကို လဲလှယ်ခြင်းမှာ သူတို့အတွက်တော့ အထူးကောင်းမွန်သည့်အပေးအယူ ဖြစ်ပုံရသည်။
သို့ပေတည့် ရှောင်မိသားစုက သာမန်ဟုတ်မနေချေ။ သူတို့၏ လက်ရှိရာထူးနှင့် စုဆောင်းမိလာသော ချမ်းသာကြွယ်ဝခြင်းတွေကကြင်နာခြင်းနှင့် သနားညှာတာခြင်းတို့ဖြင့် တည်ဆောက်ထားတာ မဟုတ်ပေ။
ရှောင်မိသားစုက လျှပ်စီးလိုအလျင်ဖြင့် ရိုက်ချလာချိန်မှာတော့ ပစ်မှတ်မှားရွေးမိပြီဆိုတာကို အနှီလူ့ကျင့်ဝတ်မရှိသော မီဒီယာသိသွားတော့သည်။
258 02
သို့သော် လူတွေက သူတို့လုပ်ရပ်၏ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာပင်။
နှစ်ဦးနှစ်ဖက် ပြေလည်ခြင်း၊ အသနားခံခြင်းသို့မဟုတ် လျော်ကြေးပေးခြင်းအားလုံးကို ရှောင်မိသားစုက ပယ်ချခဲ့၍ - အနှီလူတွေအားလုပ်ရပ်၏ အကျိုးဆက်ကို ခံစားစေသည်။
ဤအတောအတွင်း၌ အင်တာနက်မှာ ရှောင်မိသားစုမှ အကြီးဆုံးသားနှင့် ပတ်သက်သော ထင်ကြေးများနှင့် ရှောင်မိသားစုကလူ့ကျင့်ဝတ်မရှိသော တဘို့တည်းသမား မီဒီယာအားလုံးကို တရားစွဲမည်ဟူသော သတင်းတွေကြောင့် အတော်လေး အသက်ဝင်နေလျှက် ရှိသည်။
ပျံ့နှံ့နေသော ကောလာဟလထဲတွင် ပါဝင်နေသောလူတိုင်း အဖမ်းခံရမည်မှာ - ချွင်းချွက်ဟူ၍ မရှိပေ။
သူတို့သည် အကောင့်ထဲရှိ ဖော်လိုဝါဘယ်လောက်ပဲ ရှ်ိနေပါစေ ဘယ်သူ့ကိုမှ လွှတ်ကင်း ခွင့် မပေးခဲ့ချေ။
ရှောင်မိသားစု၏ ဥပဒေအဖွဲ့က ယခုကိစ္စတွင် သိသာထင်ရှားသော သမာသမတ်ကျမှုကို ပြသခဲ့သည်။
ရှီလီက ယခုလိုချိန်မှာ အွန်လိုင်းပေါ်ကနေ အနှီလူ့ကျင့်ဝတ်မရှိသည့် မီဒီယာများအားဝေဖန်နေကြသည့် စကားပြောကောင်းသော မိန်းမပျိုများအား ကြည့်နေရတာကို သဘောကျပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားမိနေသည်။
အခြားသော လူ့ကျင့်ဝတ်မရှိသည့် တဘို့တည်းသမား ဗီဒီယာတွေမှာ ကောလာဟလထဲက ကံဆိုးမိုးမှောင်ကျခြင်းကို အသုံးချ၍ အမြတ် ထုတ်ဖို့ကြိုးစားနေချိန်မှာ အချို့အသိစိတ်ရှိကြသည့် လူတွေကတော့ စိတ်ပညာ၊ လူမှုဗေဒနှင့် စည်းကမ်းတွေမှတဆင့် ကြည့်ရှုလျှင်တရားခံ၏ အပြုအမူက သံသယရှိသူ၏ လူသိရှင်ကြား ကြည့်ရှုနိုင်သော အချက်အလက်များနှင့် သူတို့၏နောက်ခံအပေါ် မူတည်နေသည်ဟု ကောက်ချက် ချလာကြသည်။
ရှီလီက ဤမတော်တဆမှု ဘာကြောင့်ဖြစ်လာရလဲဆိုတာကို သိချင်နေ၍ အနှီသုံးသပ်ချက်များစွာကို ဖတ်ရှုခဲ့သည်။
သူမ၏ ယခင်ဘဝတုန်းက မဖြစ်ပွားခဲ့သည့် တစ်စုံတစ်ရာဟာ ဘာကြောင့် ယခုဘဝမှာဖြစ်လာရလဲဆိုတာကို နားမလည်နိုင်သေးပေ။
သို့သော်လည်း သုံးသပ်ထားသော ဗီဒီယိုတွေ ဘယ်လောက်ပဲကြည့်နေပါစေ၊ ရှီလီ၏ရှုပ်ထွေးမှုကို မပြေလည်နိုင်စေ - ပိုဆိုးလာရုံသာရှိ၏။
သံသယရှိသူပ သာမန်ဘဝနောက်ခံရှိသော သာမန်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာစေနိုင်သော အတက်၊ အကျများနှင့် ထင်ရှားသောခက်ခဲမှုတွေ မရှိခဲ့ပါဘဲသည့် - သာမန်လူတစ်ယောက် သက်သက်သာ။
အနှီလူက ယခုလို ပြင်းထန်သောလုပ်ရပ်ကို ပြုလုပ်နိုင်သည့် လူတစ်ယောက်နှင့် မဆီလျော်ဘူးဟု ကျွမ်းကျင်သူများစွာက ပြောကြ၏။
သို့သော် သူသည် ဘယ်လိုပဲဖြစ်ဖြစ် ပြုလုပ်ခဲ့လိုက်ပြီဖြစ်ကာ လူမှုရေးသက်ရောက်မှုများစွာကို ဖြစ်ပွားစေခဲ့သည်။
နှိုင်းယှဉ်ရလျှင် ဖော်ပြ၍မစွမ်းသာသော သတ်ဖြတ်မှုများ၏ တရားခံများတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေကြတယ်ဆိုပြီး ယုံကြည်ရန် လူတွေက ပိုပြီးအားသန်ကြ၏။
အဘယ်ကြောင့်ဆို သာမန်လူတစ်ယောက်က ယခုလိုလုပ်ရပ်မျိုးတွေကို ပြုလုပ်လိမ့်မှာမဟုတ်ဘူးလို့ တွေးထားကြတာကြောင့်ပင်။
ဤဒရာမာက အွန်လိုင်းပေါ်တွင် ပေါ်ပေါက်နေချိန်၌ ချန်ဖူအထက်တန်းကျောင်းတွင်စာသင်နှစ်အသစ် စတင်နေလေပြီ။
၎င်းမှာ စာသင်နှစ် ဒုတိယနှစ်ဖြစ်၍ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရရန် တစ်နှစ်ခွဲလောက်သာ လိုတော့သည်။
ပထမဆုံးနေ့၌ သူတို့၏အတန်းပိုင်က ရှီလီနှင့်အခြားနှစ်ယောက်မှာ နှစ်ကူးပြီးတာနှင့် တက်ရောက်မည်ဟူသော သတင်းကောင်းကို ဆောင်းရာသီစခန်းချ လေ့ကျင့်ရေးဆီသို့ ယူဆောင်လာပေးခဲ့၏။
သုံးယောက်စလုံးက ရလဒ်ကောင်းတွေကို ဆွတ်ခူးနိုင်ခဲ့ကြတာပင်။
ရှီလီနှင့် ရုံရုံသည် ယခင်တုန်းက ပြိုင်ပွဲများ စွာတွင် အနိုင်ရဖူးကြသဖြင့် ယခုတွင်မူတက္ကသိုလ်ဝင်ခွင့်အတွက် တိုက်ရိုက်ပင် အရည်အချင်းပြည့်မီသွားတော့သည်။
ဆောင်းရာသီစခန်းတွင် ဖူဟွေ့ရှင်းလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း သူ့တွင် ယခင်တုန်းက အခြားပြိုင်ပွဲဝင်အမှတ်တွေ မရှိပေ။
သူ့ဆောင်းရာသီစခန်းချ လုပ်ဆောင်ချက်တွေက ရှီလီလိုမျိုး ထိပ်တန်းတက္ကသိုလ်သို့ ဝင်ခွင့်ရဖို့ အာမခံနိုင်သည်အထိ မထူးချွန်နေပေ။
ဆရာက လာမည့်ပြိုင်ပွဲများနှင့် ပတ်သက်၍ သူ့ကို အကြံအချို့ ပေးလာသဖြင့် သူ့အနေနှင့် ဤစာသင်နှစ်တွင် ဝင်ခွင့်ရအောင် ကြိုးစားနိုင်သေးသည်။
တချိန်တည်းမှာပဲ ရှီလီကတော့ အိမ်ပြန်ပြီး အနားယူလို့ရနေလေပြီ။
ရုံရုံသည်လည်း တိုက်ရိုက်ဝင်ခွင့်အတွက် အရည်အချင်း ပြည့်မီသော်လည်း သူမတွင် အခြားအကြံတွေ ရှိနေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ထူးထူးချွန်ချွန် ဖြေဆိုနိုင်ပြီးထိပ်တန်းတက္ကသိုလ်များသို့ ဝင်ခွင့်ရသော ကျောင်းသားများအတွက် ပိုကောင်းမွန်သောလုပ်ဆောင်ချက်တွေကို ဆွတ်ခူးနိုင်စေရန်အလို့ငှာ ကျောင်းကနေ ဆုချီးမြှင့်ပေးသည်။
ချန်ဖူကျောင်းက အမြဲတမ်း ရက်ရက်ရောရောရှိကာ လေးနှစ်တာ ကျူရှင်ဖိုးနှင့် နေထိုင်စားရိတ်အပြင် ပိုလျှံနိုင်သည့် ဆုများကို ချီးမြှင့်ပေးလေသည်။
258 03
တင်းဟွာတက္ကသိုလ် သို့မဟုတ် ပီကင်းတက္ကသိုလ်တို့၏ တိုက်ရိုက်ဝင်ခွင့်များနှင့် ဆုများကြားက ကွာခြားချက်ကို ရုံရုံတွက်ချက်လိုက်ပြီး တိုက်ရိုက်ဝင်ခွင့်ကို လက်လျော့၍ပုံမှန်ဝင်ခွင့်စာမေးပွဲသာ ဖြေဆိုချင်သည်ဟုဆရာကို ပြောလိုက်သည်။
ဆရာဖြစ်သူမှာ သေမတတ် ကြောက်လန့်သွားရတော့၏ - ယခုလို တရားလွန် တောင်းဆိုမှုမျိုးကို သူတစ်ခါမှ မကြားခဲ့ဖူးတာပင်။
ဘယ်သူက အခုလိုတွေးကြမှာလဲ။
အခန်း 1 မှ ကျောင်းသားများမှာ သူတို့၏ဆရာနှင့်ဆို အမြဲတမ်း ပွင့်ပွင့်လင်းလင်းရှိပြီး ရုံရုံသည် အခန်း 1 တွင် ရှိနေသည်မှာ သိပ်မကြာသေးသော်လည်း သူမ၏အတန်းဖော်တွေဆီမှ ယခုလိုအကျင့်ဆိုးတွေ ကူးသွားချေပြီ။
သူမ၏အတွေးများကို ဆရာအား တိုက်ရိုက်ပဲပြောပြလိုက်၏။
ယခုလို ထူးထူးဆန်းဆန်း အကြောင်းပြချက်ကို ကြားလိုက်ရတော့ ဆရာသည် နီးရာတံမြက်စည်းကိုကိုင်၍ ဤဒုက္ခပေးသောကလေးအား ရိုက်နှက်ချင်နေသည့်စိတ်ကို ထိန်းထားဖို့ စိတ်တည်ငြိမ်အောင် သုံးမိနစ်လောက် အချိန်ယူလိုက်ရ၏။
“တကယ်လို့ ဝင်ခွင့်စာမေးပွဲဖြေရင် အောင်မယ်လို့ နင် အာမခံနိုင်လား”
“ဒီတစ်နှစ်ခွဲအတွက် ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို တွက်ကြည့်ပြီးပြီလား။ ဒီအချိန်အတွင်းမှာ ဆုချတဲ့ပိုက်ဆံထက် အခြားကျောင်းသားတွေကို စာပြရင်း ပိုက်ဆံ ဘယ်လောက်ရှာနိုင်မယ်ဆိုတာကိုရော စဉ်းစားမိလား”
ဆရာက ရုံရုံကို ဆူပူလိုက်ပြီး အဆုံးတွင်မူ ပြောလိုက်သည်။ “ဒီမှာစောင့်နေ၊ ဆရာ အုပ်ချုပ်ရေးပိုင်းကိုတင်ပြလိုက်မယ်”
သူသည် အတင်းပြောရင်းကနေ ကျောင်းအုပ်နှင့် သူငယ်ချင်းတွေ ဖြစ်လာကြတယ်ဆိုသော်လည်း ဆရာသည် နေ့စဉ်အလုပ်မှာတော့ စည်းဘောင်တွေကို ထိန်းသိမ်းထား၍ ပြဿနာတက်တိုင်း ထိပ်သီးအုပ်ချုပ်ရေးပိုင်းဆီ ပြေးသွားတတ်သည့် အကျင့်ဆိုးမရှိပေ။
တင်ပြရန်အတွက် သူ့အထက်လူကြီးဖြစ်သော အတန်းဒရိုင်တာဆီသို့ သွားလိုက်သည်။
လျှောက်လွှာမှာ အလျင်အမြန်ပဲ သဘောတူမှုကို ရရှိသွားသည်။
ဆရာက အနှီသတင်းကို ပြန်သယ်လာတော့ ရုံရုံက သူ့ကို မျှော်လင့်တကြီး ကြည့်လာ၍“ဆရာ၊ စာပြပေးနိုင်မဲ့ အခွင့်အရေးကလေ…”
ဆရာဖြစ်သူမှာ ဤကောင်မလေးဆီကနေ ပရိယာယ်ဖြင့် အနိုင်ယူခံလိုက်ရတယ်လို့ ခံစားလိုက်ရတော့၏။
ရုံရုံက ဆင်းရဲသော မိသားစုမှ လာတယ်ဆိုတာကို သူသိထားပြီး တရားဝင်နည်းလမ်းဖြင့် ပိုက်ဆံရှာတာက ရှက်စရာမဟုတ်ပေ။
ဆရာသည် သူမအား စာပြပေးနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ မိတ်ဆက်ပေးခြင်းဖြင့်သာ အဆုံးသတ်သွားရပြီး သူမ၏ ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးများကို တစ်နည်းနည်းဖြင့် ကူညီပေးနိုင်လိုက်မယ်ဟု မျှော်လင့်မိသည်။
ရှီလီ၏မိသားစုမှ ဤအကြောင်းကို ကြားလိုက်ရတော့ အလွန်ပျော်သွားကြ၏။ သူတို့သည်အရာအားလုံး အနည်တကျမဖြစ်ခင်မှာ ကြေညာချက်တွေ တခမ်းတနား မပြုလုပ်ခဲ့ဘဲ ရှီလီအား ဂုဏ်ပြုပေးရန်အတွက် အိမ်ဟောင်းတွင် စုဝေးပွဲအသေးစားကို ကျင်းပခဲ့ကြ၏။
ထမင်းစားစားပွဲ၌ ဟွမ်ကျဲက တူမဖြစ်သူကို ကြည့်လိုက်ပြီး မေးလိုက်၏။ “ချွမ်ရှန်း ကိုပါ ဘာလို့ခေါ်မလာတာလဲ”
၎င်းက ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုသာဖြစ်ပြီး - လူငယ်စုံတွဲက သင့်မြတ်ကြကာ နှစ်ကူးတုန်းကတောင် ချူးချွမ်ရှန်းက လာရောက်လည်ပတ်ခဲ့သေးတာပင်။ ဒီတစ်ကြိမ်တွင် ရှီရွှမ်းက သူမကောင်လေးကို အိမ်ခေါ်လာလိမ့်မည်ဟု သူမ ထင်ထားတာဖြစ်သည်။
ရှီရွှမ်းက တူတစ်စုံနှင့် အစားအစာအချို့ကို တည်ငြိမ်စွာ ညှပ်ယူလိုက်ပြီး လိုရင်းကိုပြောလိုက်သည်။ “သမီးတို့ လမ်းခွဲလိုက်ကြပြီ”
ရှီလီ: ဟမ်။
******
259 01
အခန်း ၂၅၉: မြောင်းကူးတံတားအောက်မှာ
ရှီလီ၏ တက္ကသိုလ်ဝင်ခွင့် ထောက်ခံချက်မှာအတည်တကျ မဖြစ်သေးသော်လည်း ရှီမိသားစုအတွက်တော့ လက်ရှိတွင် အကြီးမားဆုံး အောင်ပွဲဖြစ်နေလေသည်။
ကလေးတစ်ယောက်က အလားအလာတွေ ပြလာတာနှင့် မိသားစု၏ ပစ္စည်းဥစ္စာတွေတိုးပွားလာမည်ဆိုသည့် အဓိပ္ပာယ်ပင်။
ဒါနဲ့ပတ်သက်ပြီး သူတို့တွေ မပျော်ဘူးဆိုတာဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှီမိသားစုသည် ဆွေမျိုးတွေ၊ မိတ်ဆွေတွေနှင့် အကြီးအကျယ် အောင်ပွဲခံဖို့ မစီစဉ်ထားသလို၊ဘာကိုမှ အတည်တကျ မလုပ်သေးဘဲ ယခုချိန်တွင် ကြီးကြီးကျယ်ကျယ်တွေ လုပ်မိပါကကံဆိုးသွားနိုင်သည်။
သူတို့သည် ၎င်းကို အကျယ်တဝင့်မလုပ်ကြသော််လည်း စုန့်ရင်းနှင့် လုလန်ရှန်က အရင်ဆုံးရောက်ချလာခဲ့သည်။
ရှီလီ၏ အတန်းဖော်ဖြစ်သူ စုန့်ရင်းက သူမ၏ထောက်ခံချက်သတင်းအကြောင်းကို ကြားသိထားသည်။
သူမ၏မိသားစုကို ဤအကြောင်းအား ပြောပြခဲ့ချိန်၌ ရွှီမိသားစုက ရှီလီအတွက် ဝမ်းသာပေးခဲ့သည်။
ရှီမိသားစုက အောင်ပွဲခံ ပွဲအသေးစားတစ်ခုကျင်းပမည်ဆိုတာကို မဒမ်ရွှီက တစ်နည်းနည်း ဖြင့် ကြားလာခဲ့သည်။
ထို့ကြောင့် ထိုနေ့လယ်ခင်းမှာပဲ ရွှီရှင်း၏ဇနီးက လက်ဆောင်တွေသယ်၍ သမီးဖြစ်သူနှင့်အတူ ရောက်ချလာတော့သည်။
သူတို့သည် သဘောရိုးဖြင့် ရောက်လာကြသည့် ရောက်လာကြသော ဧည့်သည်တွေဖြစ်သဖြင့် ငြင်းလွှတ်လိုက်ရင် မကောင်းတာကြောင့် အမေနှင့် သမီးဖြစ်သူကို ညစာစားသွားဖို့ဖိတ်ခေါ်လိုက်ကြ၏။
လုလန်ရှန်က ဤအကြောင်းကို ရှီရွှမ်းဆီကနေ ကြားလိုက်ရတော့ ပွဲအခမ်းအနားများတွင် ပါဝင်ဆင်နွှဲရတာကို ကြိုက်သည့်သူအနေဖြင့် ဤသည်ကို ဘယ်လိုလုပ် လက်လွှတ်ခံလိမ့်မည်နည်း။
သူမလည်း လက်ဆောင်တွေသယ်လာရင်း စားသောက်ပွဲ၌ ဝင်ရောက်ဆင်နွှဲလိုက်သည်။
သူတို့တွေမှာ သူမကိုလည်း မငြင်းနိုင်ပေ။
စုန့်ရင်းသည် ရှီရွှမ်းဆီကနေ ချူးချွမ်ရှန်းနှင့်လမ်းခွဲလိုက်ပြီဆိုသည့်အကြောင်းကို ကြားသိလိုက်ရတော့ အရင်ဦးဆုံး ခေါင်းလှည့်၍ ရှီလီ၏ တုံ့ပြန်ပုံကို အကဲခတ်ကြည့်လိုက်၏။
ရှီလီ၏ မျက်နှာထားမှာ ကြောင်အမ်းနေပြီး ယခုလိုရလဒ်ကြောင့် အင်မတန် အံ့အားသင့်သွားသည့်ပုံပင်။
ဤသည်ကို ရှီလီ ဇတ်တိုက်ထားတာ မဟုတ်ဘူးလားလို့ စုန့်ရင်း တွေးလိုက်မိသည်။
လူတိုင်း၏ ရှီလီအပေါ် နားလည်ထားခြင်းမှာသူမက ချူးချွမ်ရှန်းကို ပြင်းပြင်းပြပြ သဘောမကျဘဲ ရှီရွှမ်းနှင့် သူ့ကို လမ်းခွဲအောင်လို့အကောင်းဆုံး ကြိုးစားနေတယ် ဆိုတာပင်။
စုံတွဲ၏ လမ်းခွဲခြင်းအကြောင်းကို ဆွေးနွေးနေချိန်၌ စုန့်ရင်း၏ ပထမဦးဆုံးသော အတွေးမှာ ကျိုးကြောင်းဆီလျော်သော ခန့်မှန်းချက်ဖြစ်သည့် ရှီလီနှင့် သက်ဆိုင်နေတာ ဆိုတာပဲဖြစ်သည်။
သို့သော် ရှီလီ၏ အမူအရာအရဆို တစ်ခုကိုအတည်ပြုလိုက်နိုင်၏။ - ဤကိစ္စနှင့် သူမ မသက်ဆိုင်နေပေ။
ဒုတိယအတွေးမှာ စုန့်ရင်းသည် ရှီလီ၏စိတ်ထဲက အတွေးတွေကို ကြားနေရတာကြောင့် ဤခန့်မှန်းချက်ကို အတည်ပြုလိုက်နိုင်သည်။
ရှီလီက ခါးသက်စွာ ပြောနေလေ၏။ “သေစမ်း၊ လူတွေက ပြောင်းလဲတတ်တဲ့ သတ္တဝါတွေပဲ၊ ငါ သူတို့ကို လမ်းခွဲဖို့ကြိုးစားတော့၊ မခွဲနိုင်မခွာရက်နဲ့ နောက်တစ်စက္ကန့်ဆို အတူတူ ပျံသွားတော့မဲ့ လိပ်ပြာတွေကျနေတာပဲ။ အခု ငါက သူတို့ရဲ့အချစ်ရေးမှာ ဝင်မရှုပ်တော့ဘူးဆိုကာမှ လမ်းခွဲလိုက်တာ အိမ်သာကို ရေဆွဲချတာထက်တောင် မြန်နေသေးတယ်”
စုန့်ရင်း: ရှီလီနဲ့ဒေါသကို သူမ တစ်နည်းနည်းနဲ့တော့ နားလည်နိုင်ပါတယ်လေ။
ယခုလို သင့်မြတ်နေခဲ့ကြသည့် စုံတွဲက ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး ပြတ်စဲသွား တယ်ဆိုတာကို အခြားသူတွေလည်း နားမလည်နိုင်အောင်ရှိနေသည်။
သူမအစ်ကို ရှီချွမ်က မျက်ခုံးများကို ဒေါသတကြီး ပင့်လိုက်ပြီး “ဘာဖြစ်ကြတာလဲ။ သူနင့်ကို အနိုင်ကျင့်လို့လား” ကြည့်ရသည်မှာအကယ်၍ ရှီရွှမ်းသာ ခေါင်းညိတ်လိုက်ပါက သူသည် စားပွဲကိုရိုက်ချ၍ ချူးချွမ်ရှန်းအား ချက်ချင်းပြေးရိုက်တော့မည့်ပုံပင်။
သူတို့၏ ဆက်ဆံရေးတွင် အသားစီးရထားသည့်သူက ရှီရွှမ်းဆိုတာ ရှင်းလင်းနေပြီး ယုတ္တိကျကျပြောရလျှင် အမှားလုပ်မိသောသူက ရှီရွှမ်း ဖြစ်ပေလိမ့်မည်။
သို့သော် အစ်ကိုတွေကတော့ ဘက်လိုက်ကြ၏။ ငါညီမမှာ အပြစ်မရှိဘူး၊ တစ်ဖက်လူရဲ့အမှားပဲ ဖြစ်ရမယ်။
ဦးလေးရှီအကြီးဆုံးက သူ့သားကြီးကို မတားဆီးဘဲ အတွေးတူနေသည်မှာ ရှင်းလင်းနေသည်။
259 02
ဤမိသားစုက မှားမှား၊မှန်မှန် ကိုယ့်ဘက်၌သာရပ်တည်ကြတယ်ဆိုတာကို ယခုတော့ လုလန်ရှန် ရှင်းလင်းစွာ မြင်နိုင်လေပြီ။
ဒါပေါ့၊ သူမလည်း ထိုနည်း၎င်းသာ။
ရှီရွှမ်း အနိုင်ကျင့်မခံရဘူးဆိုတာကို သူမသိနေသော်လည်း ချူးချွမ်ရှန်းက ရိုက်နှက်ခံရသင့်တယ်လို့ ခံစားမိနေတုန်းပင်။
အဒေါ်ရှီအကြီးဆုံးက ရှီရွှမ်းကို စိတ်အေးအေးထားဖို့သာ ပြောနေသော်ငြား သူမ၏စကားလုံးတွေကတော့ သူမသမီးဘက် ပါနေသည်။ “သူ သမီးကို ဘယ်လိုအနိုင်ကျင့်တယ်ဆိုတာအမေ့ကိုပြော၊ အမေ ကူပြီးဖြေရှင်းပေးမယ်”
ကနဦးတုန်းကတော့ အဒေါ်ရှီအကြီးဆုံးသည်သူ့ကို သဘောကျ၍ “ချွမ်ရှန်း” ဟု အမြဲခေါ်ခဲ့သော်လည်း ယခုတော့ “သူ” ဟူ၍သာ ရိုးရိုးရှင်းရှင်း ရည်ညွှန်းနေသည်။
ရှီရွှမ်းက မြစ်နှင့် မာစုတာကဲစွပ်ပြုတ်ကို စုန့်ရင်းနှင့် ရှီလီတို့အတွက် ခပ်ထည့်ပေးလိုက်ပြီးမှ အသာပြုံး၍ “ဘာမှတော့မဟုတ်ပါဘူး၊ချူးချွမ်ရှန်းရဲ့ မိန်းမက သူ့ကို ဖက်နေတာကို သမီး မြင်လိုက်တယ်၊ သူကလည်း သူမကိုမတွန်းထုတ်ဘူး”
ရှီလီ၏ မျက်ခုံးတွေ စုကြုတ်သွားပြီး “ချူးချွမ်ရှန်း ဘာတွေကြံစည်နေတာလဲ” ဟုတွေးလိုက်သည်။
“သူဘာပဲလုပ်နေပါစေ၊ လုံးဝသုံးစားမရတဲ့ အမှိုက် ကောင်ပဲ”
ရှီလီက သူတို့၏ဆက်ဆံရေးကို အကန့်ကွက်ဆုံးလူ ဖြစ်နေခဲ့သဖြင့် ယခုချိန်တွင် ထူးထူးခြားခြား ထိတ်လန့်မှုမျိုး သို့မဟုတ် အံ့ဩမှုတို့ကို မပြသနေပေ။
ကျန်သည့် ရှီမိသားစုကတော့ မတူပေ။ လူတိုင်း၏မျက်လုံးထဲတွင် ချူးချွမ်ရှန်းကကောင်းမွန်သော မိသားစုမှလာ၍ ရုပ်ရည်ချောမောပြီး သမီးဖြစ်သူ၏စကားကို အမြဲတမ်းနားထောင်ကာ ပြီးပြည့်စုံသော သားမက်တစ် ယောက်အဖြစ် စွဲထင်နေခဲ့တာဖြစ်သည်။
ယခုလို မီးအိမ်နဲ့ သားမက်ကောင်းက ရှာတွေ့ဖို့ဆိုတာ ခက်ခဲပေသည်။ (T\N: မီးအိမ် = ကောင်းမွန်သော)
သူ့အကျင့်စရိုက်ထဲတွင် ယခုလိုပြစ်ချက်ကို ရုတ်တရက် ကြားသိလိုက်ရခြင်းက သင်သည်ဂုဏ်သတင်း ကောင်းမွန်သော နာမည်ကြီးတစ်ယောက်၏ ဖန်ဖြစ်လာသည်မှာ နှစ်တွေ ကြာလှပြီဆိုသော်ငြား လက်သင့်မခံနိုင်သောအပြုအမူကို ရုတ်တရက် သိလိုက်ရသလိုပင်။ လူတွေမှာ ဘယ်လိုလုပ် မထိတ်လန့်မိဘဲ နေနိုင်မှာလဲ။
ထိတ်လန့်မှု၏ နောက်ကွယ်တွင် အလွန်ကြီးမားသော ဒေါသက ကပ်လိုက်လာခဲ့၏။
ဟွမ်ကျဲက စိတ်မကောင်းဖြစ်စွာ ပြောလိုက်၏။ “စိတ်မကောင်းလိုက်တာ၊ အချစ်လေးရယ်။ သမီးကို အဲ့အမှိုက်ကောင်နဲ့ မိတ်မဆက်ပေးခင်တုန်းက သေချာမကြည့်ခဲ့မိဘဲ အန်တီ့ရဲ့အပြစ်တွေချည်းပါ”
ရှီရွှမ်းက ပြုံးလိုက်ပြီး “အန်တီ၊ ဒါအန်တီ့ရဲ့အမှားမဟုတ်ပါဘူး။ အဆင်ပြေရင် တွဲမယ်၊မပြေရင် လမ်းခွဲလိုက်မယ် - အရေးကြီးတာမှ မဟုတ်တာ”
“ပြီးတော့ ဒီဆက်ဆံရေးထဲမှာ သမီး ဘာမှ မနစ်နာသွားဘူး။ သူက အမှိုက်ကောင် ဖြစ်နေပေမဲ့ သမီးကို တန်ဖိုးထားပေးတဲ့ ခံစားချက်တွေနဲ့ ထောက်ပံ့ပေးခဲ့တယ်” သူသည် သူမ၏သင်ကြားရေး အစီအစဉ်များစွာကို ကူးရေးပေးပြီး ကူညီပေးခဲ့တာကြောင့် ရုတ်တရက်ဆန်သော လမ်းခွဲခြင်းက အနည်းငယ် ရှက်စရာကောင်းပြီး - အထူးအသုံးဝင်သောကူဖော်လောင်ဖက်တစ်ယောက်ကို သူမဆုံးရှုံးခဲ့ရသည်။
ရှီရွှမ်းက ၎င်းကို သေချာလက်သင့်ခံနိုင်ပြီး အလွန်ဝမ်းနည်းသည်။ သို့မဟုတ် စိတ်ဆိုးနေသည့်ပုံ မပေါ်သော်လည်း သူမ၏မိသားစုမှာမူ သူမ၏ ဟန်လုပ်ထားသော ရင်ဆိုင်ရဲသည့်မျက်နှာထားကို မြင်နိုင်သဖြင့် ချူးချွမ်ရှန်းကို ပိုမုန်းသွားကြသည်။ လူတိုင်းတွင် ကိုယ်စီအတွေးတွေရှိနေကာ လုလန်ရှန်မှာ စိတ်ထဲကနေ ချူးချွမ်ရှန်းကို ဆဲရေးပြီးနောက် တစ်ခါတုန်းက ရှီလီသည် ရှီရွှမ်းအား ချူးချွမ်ရှန်းနှင့် လမ်းခွဲခိုင်းခဲ့ပြီး သူမကိုလည်း ယခင်ခင်ပွန်းလောင်းကိုလည်း(အုတ်ဂူပေါ် မြက်ပေါက်နေပြီဟု ရှီလီ ပြောခဲ့သည့်သူ)က လူကောင်းမဟုတ်ဘူးလို့ ပြောခဲ့တာကို မစဉ်းစားမိဘဲ မနေနိုင်တော့ပေ။
နှစ်ယောက်လုံးက လူကောင်းမဟုတ်ဘူးဆိုတာကို အချိန်က သက်သေပြသွားတာပင်။
ဒါ့အပြင် အခုနောက်ပိုင်းတွင် သူမ၏ လက်ရှိကောင်လေးကိုလည်း လူကောင်းမဟုတ်ဘူးလို့ ရှီလီက ပြောခဲ့သေး၏။
ဒါဆို...
လုလန်ရှန်သည် အိမ်ပြန်ရောက်တာနှင့် သူမ၏ကောင်လေးနှင့် လမ်းခွဲလိုက်တော့၏။
ကျိုးကြောင်းရှင်းမပြဘဲ လမ်းခွဲခံလိုက်ရသည့် အစ်ကိုကျိုးမှာ ဘာကြောင့်လဲဆိုတာကို လုံးဝနားမလည်နိုင်အောင် ဖြစ်သွားရသည်။
ဒါပေါ့၊ သူ့ဦးနှောက်ကို ဘယ်လောက်ပင် ညှစ်ထုတ်ပါစေ၊ အကြောင်းရင်းမှန်ကို မဖော်ထုတ်နိုင်ပေ။
ရှီလီသည် ရက်အနည်းငယ်ကြာသည်အထိ ကျောင်းသို့မသွားခဲ့ဘဲ အိမ်မှာပဲ နှစ်ရက်လုံးအလေလိုက်နေချိန်၌ ချူးချွမ်ရှန်းဆီမှ မက်ဆေ့ခ်ျပို့လာသဖြင့် အိပ်ရာပေါ်ကနေ ဆတ်ခနဲ ထထိုင်မိသွားသည်။
ချူးချွမ်ရှန်း: [ရှီလီ၊ မင်းအစ်မနဲ့ တွေ့လို့ရ အောင် အစ်ကို့ကို ကျေးဇူးပြုပြီး ကူညီပေးပါ။ သူမ အစ်ကို့ကို ဘလော့ခ်သွားလို့ မက်ဆေ့ခ်ျပို့လို့ မရတော့ဘူး။ နောက်ဆုံးမတော်တဆမှုက အထင်လွဲသွားတာပါ။ အစ်ကို သူမကို အကုန် ရှင်းပြပေးချင်တယ်။ သူမကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး]
ရှီလီမှာ ထိတ်လန့်သွားပြီး စခရင်ကို နှစ်စက္ကန့်မျှ စိုက်ကြည့်နေမိသည်။
ရှီလီ: ဆောရီး၊ ရှင့်ကို ဘလော့ခ်ဖို့ မေ့သွားတယ်။
နှစ်စက္ကန့်အကြာတွင် ချူးချွမ်ရှန်း၏ စခရင်ပေါ်၌ အနီရောင်အာမေဍိတ် အမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး သူငယ်ချင်းဖြစ်သည့် အထောက်အထားကို သူမ ပယ်ဖျက်လိုက်တယ်ဆိုတာအား ရည်ညွှန်းနေသည်။
******
260 01
အခန်း ၂၆၀: အခြားလူတွေတော့ အဲ့လိုမထင်လောက်ဘူး
ရှီညီအစ်မနှစ်ယောက်လုံးထံမှ တပြိုင်တည်း ဘလော့ခ်ခံလိုက်ရသဖြင့် ချူးချွမ်ရှန်းမှာ ရှီရွှမ်းဆီက ခွင့်လွှတ်မှုကိုတောင်းခံရန်အတွက် ရှီမိသားစု၏ စံအိမ်ဟောင်းသို့လာရန် ရှက်ရွံ့ သွားတော့သည်။
သူသည် အလုပ်ဆင်းချိန်၌ ကျောင်းဘေးနားက ရှီရွှမ်း၏ တိုက်ခန်းဘေးတွင် စောင့်နေဖို့ စဉ်းစားထားသော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းပြီးတာတောင် သူမကို ဖမ်းမမိနိုင်အောင် ဖြစ်နေသည်။
ရှီရွှမ်းက စံအိမ်ဟောင်းသို့ ညတိုင်းပြန်နေသည်မှာ အချိန်အတော်ကြာနေလေပြီ။
ဦးလေးရှီအကြီးဆုံးသည် သူမ အလုပ်ဆင်းတာနှင့် မိသားစုဒရိုင်ဘာကို ကျောင်းဂိတ်ဝ၌ သူမအား သွားကြိုစေချင်သော်လည်း ရှီရွှမ်းကတော့ ၎င်းကို အရမ်းထင်ပေါ်သည်ဟု ခံစားမိလေသည်။
သူမကိုယ်တိုင် အလုပ်သွား၊ အလုပ်ပြန် ကားမောင်းဖို့ကိုသာ ရွေးချယ်ခဲ့၏။
တခါတလေ ကျောင်းဘေးနား၌ ချူးချွမ်ရှန်းကို သူမ မြင်မိသော်လည်း မမြင်ချင်ယောင် ဆောင်ထားလိုက်သည်။
ရှီရွှမ်းမှာ ချူးချွမ်ရှန်းကို စစမြင်တုန်းကဆိုအလိုလို မျက်မှောင်ကြုတ်မိသွားသည်။ အကယ်၍ သူသာ အခြားတစ်ယောက်နှင့်ပတ်သက်နေပြီဆိုပါက အရမ်းချစ်မိနေသလို ဟန်ဆောင်၍ သူမရှေ့တွင် ဘာကြောင့်ပေါ်လာနေသေးလဲဆိုတာကို နားမလည်နိုင်တော့ချေ။ သူ့အပြုအမူသူ ရွံစရာကောင်းတယ်လို့ မထင်ဘူးလား မသိဘူး။
အကြောင်းရင်းက ဘာပဲဖြစ်ပါစေ၊ ရှီရွှမ်း ဆက်ပြီးဂရုမစိုက်တော့ပေ။ သူတို့တွေ လမ်းခွဲလိုက်သည့် အချိန်မှစ၍ သူတို့ကြားတွင် ဘယ်လိုပတ်သက်မှုမျိုးမှ မရှိတော့တာပင်။
ဒုတိယသခင်လေးဖူက ချူးချွမ်ရှန်းနှင့် ရှီရွှမ်းတို့ လမ်းခွဲလိုက်ခြင်းကို မသိသေးဘဲ ချူးချွမ်ရှန်းက အခြားမိန်းမတစ်ယောက်နှင့် ပတ်သက်နေတာကြောင့် လမ်းခွဲလိုက်ကြတာဆိုသည့် အကြောင်းဆို ပိုဆိုးပေသည်။
ဤထုံထိုင်းသော ဝိညာဉ်မှာ ချူးချွမ်ရှန်းသည် တစ်ခါတုန်းက သူ့ကို အချစ်ပြိုင်ဘက်အဖြစ် စဉ်းစားခဲ့တယ်ဆိုတာကိုပင် မသိပေ။
ဒုတိယသခင်လေးဖူသည် ချူးချွမ်ရှန်းက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် သူပါဝင်နေတာကို ထုတ်မပြောခိုင်းဘဲ ရှီရွှမ်းကို အပြင်ခေါ်ထုတ် လာခိုင်းတော့ ချူးချွမ်ရှန်းက ရှီရွှမ်းကို လက်ထပ်ခွင့်တောင်းရန် ကြံရွယ်နေတာလို့တကယ်ကြီး ထင်သွားတာပင်။
ထို့ကြောင့် ဒုတိယသခင်လေးဖူက ရှီရွှမ်းကို အပြင်ထွက်လည်ဖို့ ဖိတ်ခေါ်ခဲ့ရာတွင် လှလှပပ ဝတ်စားလာဖို့ပါ သတိပေးခဲ့သေး၏။ အဆုံးမှာတော့ စေ့စပ်ခြင်းမှာ တစ်သက်မှာတစ်ခါသာဖြစ်သည့် အရေးကြီးသည့် အခိုက်အတန့်ဖြစ်တာကြောင့် မိန်းကလေးတိုင်းက သေချာပေါက် အကောင်းဆုံးပုံစံမျိုးဖြင့် ရှိနေချင်ကြသည်။
ရှီရွှမ်းမှာ ဒုတိယသခင်လေးဖူ၏ စိတ်လှုပ်ရှားနေခြင်းကို အနည်းငယ် အာရုံခံမိသော်လည်း သူမ၏အတွေးက ချူးချွမ်ရှန်းဘက်သို့ လှည့်မသွားပေ။ ရှီချွမ်က သူမ ဖောက်ပြန်ခံလိုက်ရသည့်အကြောင်းကို ဒုတိယသခင်လေးဖူအား ပြောပြထား၍ သူ့အရိပ်အမြွတ်တွေက သူမကို ကောင်းမွန်စာဝတ်စား၍ အသစ်တစ်ယောက်နှင့် မိတ်ဆက်ပေးချင်နေတယ်ဟု နားလည်မှုလွဲသွားတော့သည်။
အချိန်တွေကုန်ဆုံးအောင် ရည်းစားသစ်ထားသည့်အကြံက မဆိုးဘူးဟု ရှီချွမ် တွေးလိုက်သည်။
သူမသည် သူ၏ကြင်နာမှုကို မငြင်းပယ်ဘဲအပြင်မထွက်ခင် လှလှပပ ဝတ်စားလိုက်၏။
ဒုတိယသခင်လေးဖူက လျှို့ဝှက်ထားတတ်သူမဟုတ်ပေ။ အလွန်တင့်တယ်စွာ ဝတ်စားထားသည့် ရှီရွှမ်းကို မြင်လိုက်ရတော့ မပြုံးဘဲမနေနိုင်တော့ကာ စင်စစ်ကျေနပ်နေသောအမူအရာကို ဖော်ပြထားသည်။
သူသည် ချူးချွမ်ရှန်း လက်ထပ်ခွင့်တောင်းလာမည့် အခိုက်အတန့်ကို ဖုန်းထုတ်ပြီး မှတ်တမ်းယူထားဖို့တောင် ပြင်ဆင်ထားတာပင်။
260 02
ချူးချွမ်ရှန်းက သူဘယ်လိုမျိုး ဝတ်စားထားလျှင် ရှီရွှမ်း သဘောကျတယ်ဆိုတာကို အတိအကျ သိထားလေသည်။
ခေါင်းစခြေအဆုံး ပြစ်ချက်မရှိ ဝတ်စားထားသည့် ချူးချွမ်ရှန်းကို ဒုတိယသခင်လေးဖူမြင်လိုက်ရချိန်မှာတော့ ဒီလူက မယုံနိုင် လောက်အောင် ဆန်းပြားတာပဲဟု မတွေးမိဘဲမနေနိုင်တော့ပေ။
မိန်းကလေးဖြစ်သည့် ရှီရွှမ်းပင် သူ့လိုမျိုးအသေးစိတ် မဝတ်ထားချေ။
အရိုးသားဆုံးပြောရလျှင် ချူးချွမ်ရှန်း၏သွင်ပြင်ကြောင့် ရှီရွှမ်းတစ်ယောက် မှင်သက်သွားမိတာတော့ အမှန်ပင်။
ကြည့်ရသည်မှာ သူ့ကို သိလာသည့်တလျှောက်လုံး ချူးချွမ်ရှန်း၏ အလွန်ဖမ်းစားနိုင်သောသွင်ပြင်ကို တစ်ခါမှ မမြင်ခဲ့ဖူးတာနှင့်တူ၏။
ရှီရွှမ်း ထွက်လာတာနှင့် ချူးချွမ်ရှန်းက သူမ၏ အမူအရာကို စေ့စေ့စပ်စပ် စောင့်ကြည့်နေတာဖြစ်ပြီး သူ၏ လက်ရှိသွင်ပြင်ကြောင့်သူမအပေါ် သိသိသာသာ သက်ရောက်သွားပြီဆိုတာကို သတိထားမိသွားသည်။
ချူးချွမ်ရှန်း၏ စိုးရိမ်ပူပန်မှုက အနည်းအပါးလျော့ကျသွားပြီး အနည်းဆုံးတော့ သူ၏လက်ရှိပုံပန်းသွင်ပြင်က ရှီရွှမ်း သဘောကျသည့်ပုံ ဖြစ်နေသည်။
ရှီရွှမ်းက ၎င်းကို တကယ်သဘောကျသော်ငြားထိုမျှသာ။
မိန်းမနှစ်ယောက်ကို တပြိုင်တည်း ကစားသည့် ဖောက်ပြန်သူတစ်ယောက်ကို သူမ ဘယ်တော့မှ ခွင့်လွှတ်ပေးမည်မဟုတ်ပေ။
ရင်သပ်ရှုမောဖွယ် ခံစားချက်က စစ်မှန်သော်လည်း ရွံရှာခြင်းသည်လည်း ထိုအတိုင်းသာ။
ချူးချွမ်ရှန်းကို မြင်လိုက်ရတာနှင့် ရှီရွှမ်းကချက်ချင်းထွက်သွားရန် နောက်လှည့်လိုက်၏။
ချူးချွမ်ရှန်းက ရှီရွှမ်း သူ့ကိုမြင်တာနှင့် ထွက်ပြေးသွားမယ်လို့ ထင်ထားတာကြောင့်မအံ့ဩသွားချေ။
သူ့ခြေတံရှည်တွေဖြင့် နှစ်လှမ်းစာလောက်နှင့်ရှီရွှမ်းကို အမှီလိုက်နိုင်သွားပြီး “ရွှမ်းရွှမ်း၊ကိုယ် ရှင်းပြတာကို နားထောင်ပေးပါဦးကွာ၊သူမနဲ့ ကိုယ့်ကြားမှာ တကယ်ဘာမှမဖြစ်ခဲ့ပါဘူး”
ရုတ်တရက်ဆန်သော အပြောင်းအလဲက လေပွေကဲ့သို့ ရောက်ချလာခဲ့၏။
ဒုတိယသခင်လေးဖူက ထိုနေရာမှာတင် ကြောင်အစွာ ရပ်နေကာ တစ်ယောက်က ပြေးလိုက်၊ ကျန်တစ်ယောက်က လိုက်ဖမ်းလိုက် လုပ်နေတာကို ကြည့်နေမိသည်။ သူ့လိုထိုင်းသည့်လူတောင်မှ တစ်ခုခုမှားနေတယ်ဆိုတာကို အာရုံခံမိန်ုငသည်။
ဘယ်လို လက်ထပ်ခွင့်တောင်းမျိုးမှာ တစ်ယောက်က ပြေးလိုက်၊ ကျန်တဲ့လူက လိုက်ဖမ်းလိုက် လုပ်နေမှာလဲ။
ဒီဟာကို လက်ထပ်ခွင့်တောင်းတဲ့ စတိုင်အသစ်လို့တော့ သူ့ကို လာမပြောနဲ့နော်။
ချူးချွမ်ရှန်း၏ စကားတွေကို ကြားလိုက်ရတော့ ဒုတိယသခင်လေးဖူလို လူတောင်မှ တစ်ခုခုမှားနေတယ်ဆိုတာကို ပြောနိုင်သည်။
ဒီနှစ်ယောက် ရန်ဖြစ်ထားကြတာပဲ။
ပြီးတော့ ချူးချွမ်ရှန်းက ရှီရွှမ်းအပေါ် အမှားလုပ်မိတယ်ဆိုတာ ရှင်းနေပြီ။
ဒုတိယသခင်လေးဖူက ရှီချွမ်နှင့် သူငယ်ချင်းကောင်းတွေဖြစ်ကာ ရှီရွှမ်းက သူ့အတွက်တော့ ညီမလေးတစ်ယောက်လိုပင်။
လူဆိုးတစ်ယောက်ကြောင့် သူ့ညီမလေး နာကျင်နေရတာကို သူဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။ သူအမြန် ရှေ့တိုးလိုက်သည်။
“ပြောစရာရှိရင်လည်း သေချာပြောပြလေ။ ဘာလို့ဒီလို တွန်းလား၊ ဆွဲလားတွေ လုပ်နေတာလဲ။ ခင်ဗျားကို ရှီရွှမ်း စကားမပြောချင်ဘူးဆိုတာ မမြင်ဘူးလား”
ချူးချွမ်ရှန်းသည် ဒုတိယသခင်လေးဖူကို သဘောမကျသော်ငြား ဤအခိုက်အတန့်၌ အလွန်ကျိုးနွံနေသည့်ပုံပ။င် “ကျွန်တော် ရွှမ်းရွှမ်းနဲ့ စကားနည်းနည်းပြောချင်ရုံပါ၊အခြားဘာသဘောမှ မရှိဘူး။ သူမက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်တွေ အကုန်လုံးကို ဘလော့ခ်ထားတော့ ကျွန်တော့်မှာ သူမနဲ့ဆက်သွယ်ဖို့ အခြားနည်းလမ်း မရှိတော့ဘူး၊အဲဒါကြောင့် မတတ်သာတဲ့အဆုံး အခုလိုလုပ်နေရတာ”
ဒုတိယသခင်လေးဖူက ရှီရွှမ်းကိုကြည့်လိုက်ပြီး “ရွှမ်းလေး၊ နင်...။ "
ရှီရွှမ်း၏ မျက်နှာက ပုံမှန်မဟုတ်လောက်အောင် အေးစက်နေကာ “ဒုတိယအစ်ကို၊ ညီမမှာ သူ့ကို ဘာမှပြောစရာမရှိဘူး။ အတိတ်မှာဖြစ်ပျက်ခဲ့တာကို ချီးခြောက်ရေနူးဖို့ ညီမဂရုမစိုက်ပေမဲ့ သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်ကိုတော့ လက်မခံနိုင်ဘူး”
ဒုတိယသခင်လေးဖူ၏ အမူအရာမှာ ဒေါသထွက်လာပြီး ချူးချွမ်ရှန်းကို ကြည့်ကာ“ခင်ဗျားကို ရှီရွှမ်းအပေါ်မှာ အမှားနည်းနည်း လုပ်မိထားတယ်လို့ပဲ ကျွန်တော် ထင်ထားတာ၊ခင်ဗျားကို အခုလိုလူစားမျိုးလို့ ဘယ်တုန်းကမှတွေးမကြည့်ခဲ့မိဘူး။ အပြင်ပန်းကတော့ အရမ်းဖြောင့်မတ်သလိုလိုနဲ့ ဒီလိုအရာမျိုးတွေလုပ်နိုင်နေတာပဲ”
ချူးချွမ်ရှန်းဘက်ကနေ သူဆက်ပြီး မပြောပေးနိုင်တော့ပေ။ -ဖောက်ပြန်ခြင်းက ခွင့်လွှတ်ပေးနိုင်စရာ မရှိတာကြောင့်ပင်။
အကယ်၍ ရှီရွှမ်းက ယခုလိုအရာမျိုးကိုခွင့်လွှတ်ပေးခဲ့ပါက သူသည် ရှီချွမ်နှင့် ပူးပေါင်းပြီး သူမအား ဝန်ချီစက်ဖြင့်သယ်၍အတင်းအကျပ် ခေါ်ဆောင်သွားမှာဖြစ်သည်။
260 03
ချူးချွမ်ရှန်း၏ အကြည့်ထဲတွင် တောင်းပန်တိုးလျှိုးမှုတို့ဖြင့် ပြည့်နှက်နေကာ“ကိုယ် အဲ့လိုမျိုး လုံးဝမရည်ရွယ်ပါဘူး။ မင်းတစ်ယောက်တည်းကိုပဲ ကိုယ်ချစ်တာ၊အဲ့တုန်းက တုရှင်းယွဲ့ ကိုယ့်ဆီချဉ်းကပ်လာတော့ သူမကို ဘာလို့မတွန်းထုတ်လိုက်မိလဲဆိုတာကိုတောင် ကိုယ်မသိဘူး”
“အဲ့တုန်းက ကိုယ့်စိတ်တွေ အရမ်းနှောက်နေတာ။ နောက်ပိုင်း အစားအသောက်ထဲမှာများ ဆေးခတ်ထားလားလို့ ကိုယ်စစ်ကြည့်ခဲ့တယ်၊ ဒါပေမဲ့ ရှိမနေဘူး။ ကိုယ် ပုဂ္ဂလိဂဆရာဝန်နဲ့ သွားပြကြည့်သေးတယ်၊ ဒါပေမဲ့ သေချာတဲ့ ရှင်းပြချက်တွေ မပေးနိုင်ဘူး၊ ကိုယ့်ကို ဆရာသခင်တစ်ယောက်ဆီသွားဖို့ အကြံပေးတယ်၊ ကိုယ့်ကို ပူးကပ်ခံနေရတာ ဖြစ်နိုင်တယ်တဲ့”
ရှီရွှမ်း၏ ပါးစပ်မှာ အနည်းငယ်ဟသွားပြီး ယခုလို လျှို့ဝှက်ဆန်းကြယ်သော ကိစ္စတွေကြောင့် ထိတ်လန့်သွားခြင်း မဟုတ်ပေ။
ယခုလို အဓိပ္ပာယ်မရှိသည့် အကြောင်းပြချက်တစ်ခုကို ချူးချွမ်ရှန်း ပေးလာလိမ့်မည်ဟု မယုံကြည်နိုင်ခြင်းကြောင့်သာ။
ရှီရွှမ်းက မမေးဘဲ မနေနိုင်တော့ပေ။ “ဒီဇာတ်လမ်းကို အဓိပ္ပာယ်ရှိတယ်လို့များ ရှင်ထင်နေလား”
ချူးချွမ်ရှန်းလည်း သူ့ရှင်းပြချက်က မဖြစ်နိုင်ဘူးလို့ ခံစားမိနေသော်လည်း ဒါမှလွဲ၍ ထိုနေ့က တုရှင်းယွဲ့ကို ဘာကြောင့်တွန်းမထုတ်ခဲ့လဲဆိုတာအား တကယ့်ကို နားမလည်နိုင်တော့တာပင်။
ICU ခန်းထဲတွင် သတိမေ့မြောနေဆဲဖြစ်သည့် သူငယ်ချင်းကို သွားကြည့်ရန် ရှီရွှမ်းနှင့်အတူ ဆေးရုံသို့ သွားခဲ့တာမှလွဲ၍ ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို သူ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်တာဖြစ်သည်။
အသီးရေဆေးဖို့ ရှီရွှမ်း ထွက်သွားပြီးသည့်နောက် နောက်ပိုင်းဖြစ်ပျက်သွားသမျှကို သူ မမှတ်မိနိုင်တော့ပေ။
ထို့နောက် ရှီရွှမ်းက ပန်းသီးနှင့် ပစ်ပေါက်လာတော့မှ ချူးချွမ်ရှန်းမှာ အသိပြန်ဝင်လာပြီး တစ်နည်းနည်းဖြင့် သူ့လက်မောင်းထဲတွင် တုရှင်းယွဲ့အား ဖက်ထားမိတယ်ဆိုတာကို သိရှိလိုက်ရတော့သည်။
တုရှင်းယွဲ့က သူ့အင်္ကျီစကို ကိုင်ထားသဖြင့် ချူးချွမ်ရှန်းမှာ ဒေါသထွက်နေသော ရှီရွှမ်းနောက်သို့ အမှီမလိုက်နိုင်ခဲ့ပေ။
နောက်ဆုံး တုရှင်းယွဲ့ဆီကနေ ရုန်းထွက်လာနိုင်သည့် အချိန်မှာတော့ ရှီရွှမ်းနောက်ကို ဆက်လိုက်လို့ မရတော့တာပင်။
မူလကတော့ သူသည် ရှီရွှမ်းကို ဖုန်းဆက်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိဘဲ နောက်ပိုင်းမှာတော့ သူ့ကို လုံးဝဘလော့ခ်သွားတော့၏။
ရှီရွှမ်းက အရာရာကို လျစ်လျူရှုတတ်သည့်ပုံပေါ်သော်လည်း လက်တွေ့မှာတော့ သူမက စည်းကမ်းကြီးပေသည်။
သုမက သူ့ကို ရုပ်ရည်ချောမောရုံကြောင့်နှင့် ခွင့်လွှတ်ပေးကာ အချစ်မျက်ကန်းဖြစ်သွားမည့်လူစားမျိုး ကျိန်းသေပေါက် မဟုတ်ပေ။ ချူးချွမ်ရှန်း၏ စိတ်ထဲတွင် အသံတစ်သံက ရှီရွှမ်းသည် သူ့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်၍ သူတို့တွေ ပြီးဆုံးသွားပြီဟု တိုးဖျော့စွာ ပြောနေလေသည်။
ချူးချွမ်ရှန်းက ရှီရွှမ်းနှင့် လုံးဝကို လမ်းမခွဲချင်တာပင်။
သူသည် ဆေးရုံ၌ ဖြစ်ပျက်ခဲ့တာကို အရင်ဆုံးဖော်ထုတ်ပြီးမှ ရှီရွှမ်းကို ရှင်းပြပေးချင်ခဲ့၏။
သို့သော် သူ ပိုပြီးစုံစမ်းလေ၊ ဖြစ်ရပ်က ပိုပြီးထူးဆန်းလာလေပင်။
ဆေးရုံ၏ စောင့်ကြည့်ရေး ကင်မရာအရဆို ရှီရွှမ်းထွက်သွားပြီး မကြာခင်မှာပဲ တုရှင်းယွဲ့က သူ့ဆီ တဖြည်းဖြည်း ချဉ်းကပ်လာပြီး ဖက်လာကာ သူကလည်း သူမကို မတွန်းထုတ်လိုက်သည့်အပြင် ပြန်ပြီးဖက်နေခဲ့သည်။
သူ့ကို ရှီရွှမ်း နားလည်မှု လွဲသွားတာ မဟုတ်နေ။
ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးကို သူဘယ်လိုတောင် လုပ်ခဲ့မိတာလဲ။ သူချစ်တာက ရှီရွှမ်းတစ်ယောက်တည်း ဖြစ်တဲ့အပြင်၊ တုရှင်းယွဲ့က သူ့သူငယ်ချင်း၏ ဇနီးဖြစ်ကာ သူငယ်ချင်းကသေရေး၊ ရှင်ရေးအတွက် တိုက်ပွဲဝင်နေရတာလေ။ သူ့အနေနှင့် သူငယ်ချင်းအပေါ် သစ္စာဖောက်တဲ့ ကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးလုပ်နိုင်မှာတဲ့လဲ။
260 04
ချူးချွမ်ရှန်းသည် ယခုလိုလုပ်ရပ်မျိုးအား လုပ်ခဲ့မိတာကို မယုံကြည်နိုင်ဖြစ်နေသော်ငြား စောင့်ကြည့်ရေး ကင်မရာကတော့ အနှီလူကသူပါဆိုပြီး ဆက်တိုက်သတိပေးနေလေ၏။
သူသည် သူ့ကောင်မလေးကိုသာမက ညီအစ်ကိုကောင်းကိုပါ သစ္စာဖောက်ခဲ့မိ၏။
အချိန်တွေကြာလာသည်နှင့်အမျှ ပျောက်ဆုံးနေသော မှတ်ဉာဏ်မှာ သူ့ဦးနှောက်ထဲ ပေါ်ထွက်လာတော့သည်။
ဤမှတ်ဉာဏ်က သူ့ကို အိပ်မွေ့ချထားသကဲ့သို့ တုရှင်းယွဲ့၏ ယောက်ျားက သေရေး၊ ရှင်ရေးအခြေအနေထဲ ကျရောက်နေ၍ ဤမိန်းမက သနားစရာကောင်းတာကြောင့် သူ့အနေနှင့်ဆေးရုံသို့သွားပြီး သူမအား မကြာခဏ စောင့်ရှောက်ပေးရမည်ဆိုတာပင်။
ယခုလိုအတွေးက ချူးချွမ်ရှန်းကို အင်မတန်မသက်မသာဖြစ်စေသည်။
တုရှင်းယွဲ့ရဲ့ သနားစရာအခြေအနေက သူနဲ့ဘာဆိုင်လို့လဲ။ ရှောင်မိသားစုက သူနာပြု ငှားနိုင်တာပဲလေ၊ ဘာလို့ သူက သူမဆီ အပြေးသွားပြီး ဂရုစိုက်ပေးရမှာလဲ။
ယခုလို အပြုအမူမျိုးက မသင့်လျော်ပေ။
သူသည် တုရှင်းယွဲ့ ဘယ်လောက်တောင် သနားဖို့ကောင်းတယ်ဆိုတာကို မသိချင်ဘဲ၊သူ့တွင် ဖြစ်ပျက်နေသမျှကိုသာ အတိအကျသိချင်နေတာကြောင့် ဤသည်က သူ့ရည်ရွယ်ချက် မဟုတ်ဘူးဆိုတာကိုသာ ရှီရွှမ်းကို ရှင်းပြနိုင်သည်။
သူ့အနေနှင့် ထင်ယောင်ထင်မှားဖြစ်သည့် ကစဉ့်ကလျား စိတ်ရောဂါရနေပြီလို့တောင် သံသယဝင်မိလာသည်။
စိတ်ပညာရှင်မှာ သူ့ဆီက ဘယ်လိုစိတ်ရောဂါ ပြဿနာတွေကိုမှ ရှာမတွေ့ဘူးဟု ဆွေးနွေးခဲ့၍ ထျန်းချောင်တံတားအောက်က ရှေ့ဖြစ်ဟောဆရာဆီသွားဖို့သာ အကြံပေးနိုင်တော့၏။
ပြဇာတ်တို:
စိတ်ပညာရှင်: ဒီဟာက ငါကြားဖူးသမျှ ဖောက်ပြန်ရတဲ့ အကြောင်းရင်းတွေထဲမှာ အဓိပ္ပာယ်မရှိဆုံးပဲ။ ညီအစ်ကို၊ ခင်ဗျားကိုကျွန်တော် ဒီလောက်ပဲ ကူညီပေးနိုင်မယ်။
ရှေ့ဖြစ်ဟောဆရာ: ငါ့ဆီလာတာကမှ မှန်ကန်တဲ့ ရွေးချယ်မှုနော်။