← Chapters

အခန်း (၂၆၅-၂၆၈)

Vol. 14 Ch. 265-268

အခန်း (၂၆၅-၂၆၈)

Vol. 14 Ch. 265-268

265 01

အခန်း ၂၆၅: လျန်ရုန်ရုန်၏ ကောင်လေး

ရုံရုံ၏ အကြောင်းကို ရှီလီ သိပ်မသိထားဘဲသူမက မိဘနှစ်ပါးလုံး ဆုံးရှုံးလိုက်ရသည့် မိဘမဲ့တစ်ယောက်ဖြစ်ကာ သူမမိသားစုက အ‌တော်လေး ဆင်းရဲတယ်ဆိုတာကိုပဲ သိထားတာပင်။ ရလဒ်ကတော့ သူမသည် ကျောင်းမှပညာသင်ဆုများစွာကို ရရှိထားသော်ငြားအတော်လေး ခြစ်ကုပ်ပြီး နေထိုင်လေသည်။

ရုံရုံတွင် အခြားဆွေမျိုးတွေ ရှိနေသလားသိူ့မဟုတ် သူမ၏ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို ရှီလီရော၊ အတန်းဖော်တွေပါ မသိထားကြပေ။

ရှီလီ သိချင်မိလာသည်။

သို့သော် ရှီရွှမ်းက အဝေးကြီးရောက်သွားသည်အထိ မောင်းနှင်ပြီးပြီဖြစ်တာကြောင့် ရှီလီနောက်ပြန်လှည့်ကြည့်ချိန်၌ ရုံရုံကို မမြင်ရတော့ချေ။

ရှီရွှမ်းက မေးလာ၏ “နင် နောက်တစ်ခေါက်ကြည့်လို့ရအောင် ကားကို ပြန်လှည့်ပေးရမလား”

ရှီလီ ခေါင်းခါလိုက်ပြီး “ထားလိုက်ပါတော့၊ကြည့်ဖို့မလိုပါဘူး” ဘလိုင်းဒိတ်ကမှ ပိုပြီးအရေးကြီးတာပင်။

ရှီရွှမ်း၏ ဘလိုင်းဒိတ်အပေါ် မျှော်လင့်ချက်ကို ရှီလီ ဘာမှမသိထားချေ။

ရှီလီက သေချာလေး ထောက်ကန်ပေးထားဖို့ လိုအပ်ရုံသာဖြစ်ပြီး ကုမ္ပဏီစီးပွားရေးတွေနှင့် အလုပ်ရှုပ်နေသည့် ထင်ယောင်ထင်မှားဖြစ်အောင် မှန်ကန်သည့်အချိန်၌ ရှီရွှမ်း၏ဖုန်းကိုဆက်လိုက်ဖို့ပင်။

ရှီညီအစ်မတွေ နေရာသို့ရောက်သွားတော့ ရှီရွှမ်း၏ ဘလိုင်းဒိတ်က ရောက်နှင့်နေလေပြီ။

အနှီထူးဆန်းသော်လည်း ရင်းနှီးနေသည့်မျက်နှာကို မြင်လိုက်ရတော့ ရှီလီ၏ လှပသောမျက်ခုံးတွေ ကြုတ်သွားတော့၏။ ဘယ်လိုဖြစ်ပြီးတော့ ဒီကံဆိုးတဲ့လူ ဖြစ်နေရတာလဲ။

၎င်းမှာ မခြားသူမဟုတ်ဘဲ သူမ၏ယခင်ဘဝတုန်းက ရှီရွှမ်း၏ခင်ပွန်းဟောင်း ဖြစ်နေသည်။

တစ်စုံတစ်ယောက်က ဘာကြောင့် ခင်ပွန်းဟောင်း သို့မဟုတ် ရည်းစားဟောင်း ဖြစ်လာရလဲဆိုသည့် အကြောင်းရင်းတွေဆိုတာ အမြဲရှိလေသည်။

ဖြစ်စဉ်မှာ ဤလူက အသုံးမကျသော မားမားဘွိုင်းဖြစ်ကာ တစ်မိသားစုလုံးက ထူးချွန်သောသရုပ်ဆောင်တွေပင်။ သူတို့အားလုံးက လက်မထပ်ခင်မှာတော့ သာမန်လူတွေလို ဟန်ဆောင်ခဲ့ကြပြီး လက်ထပ်ပြီးနောက်တွင် မူသရုပ်မှန်တွေကို ဖော်ထုတ်လာကြပြီး ရှီရွှမ်း၏ကုံလုံသော ခန်းဝင်ပစ္စည်းတွေအပေါ် မျက်စိကျနေတာပင်။

ရှီရွှမ်းတွင် အနာဂါတ်ကို ကြိုမြင်နိုင်သည့်စွမ်းရည်မရှိတာကြောင့် သူမရှေ့ရှိ အနှီလူကသရုပ်ဆောင်ကောင်းတစ်ယောက် ဆိုတာကိုမသိပေ။

သူမက ရုပ်ရည်ကို စွဲလမ်းသူဖြစ်ကာ နှစ်ပေါင်းတစ်ရာကြာသွားလျှင်ပင် ထိုအတိုင်းသာ ဆက်ရှိနေဦးမှာပင်။

အနှီလူ၏ မျက်နှာကို အရင်ဦးစွာကြည့်လိုက်တော့ ချူးချွမ်ရှန်းလောက် မချောသော်ငြား အတော်လေး ကြည့်ကောင်းပြီး အခြားသောဘလိုင်းဒိတ်များထက် လုံးဝကို ထင်းထွက်နေလေသည်။

ရုပ်ရည်အပေါ်ပဲ အခြေခံမည်ဆိုပါက ရှီရွှမ်းမှာ သုံးမှတ်လောက်အထိ စိတ်တိုင်းကျသွားလေပြီ။

ပြီးနောက် သူ့ဝတ်စားပုံကို ကြည့်လိုက်တော့ဖက်ရှင်အမြင်လည်း မဆိုးရှာပေ - သန့်ရှင်းပြီး သပ်ရပ်ပေသည်။

သူ့အပြောတွေက လျော်ကန်မှုရှိကာ အပြုအမူတွေလည်း တင့်တယ်၍ - ပိုများသော ဘောနပ်စ်အမှတ် ရ‌ပေသည်!

ဆယ်စုနှစ်ကျော်ကြာ ညီအစ်မတွေ ဖြစ်လာခဲ့တော့ ရှီရှမ်း ထိုသူ့ကို အတော်လေး စိတ်ဝင်စားနေတယ်ဆိုတာကို ရှီလီ ချက်ချင်းပြောနိုင်၏။

ရှီလီသည် စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ [အစ်မရေ၊ အစ်မရဲ့နာမည်ကို “အမှိုက်ကောင်သံလိုက်” ဆိုပြီး ပြောင်းလိုက်သင့်ပြီ]

ငတုံးတွေကိုပဲ သဘောကျတတ်သောရှီရွှမ်း၏ ယိမ်းယိုင်မှုကို ရှီလီ ထုံနေလေပြီ။

ရှီလီ၏ စိတ်ထဲကအတွေးတွေ ထွက်ပေါ်လာတာနှင့် စားသောက်ဆိုင်၏ ထောင့်နားတွင်ရှိနေသော ရုံရုံ၏လက်ချောင်းများ အနည်းငယ် တွန့်သွားတော့၏။ ရှီလီလည်း ဒီရောက်နေတာလား။

သို့သော် ရှီလီ ဘာလုပ်နေတယ်ဆိုတာကိုတော့ သူမ မသိနေပေ။

ရုံရုံသည် သူမ၏ မျက်နှာချင်းမှလူ စကားပြောနေချိန်၌ အ‌တွေးဝင်နေမိသည်။ သူမအတွေးထဲ နစ်မြောနေသဖြင့် ထိုလူ့မေးခွန်းကိုအပြုံးဖြင့်သာ လမ်းကြောင်းလွှဲလိုက်သည်။

နောက်တစ်ခဏ၌ ရှီလီ ဘာလုပ်နေလဲဆိုတာကို ရုံရုံ သိလိုက်ရသည်။

[သေစမ်း၊ ဒီဘလိုင်းဒိတ်ကို ဖျက်ဆီးဖို့ ငါ နည်းလမ်းရှာမှ ဖြစ်တော့မယ်]

265 02

ရှီလီက ဘလိုင်းဒိတ်လုပ်ရာ၌ တစ်‌ယောက်ယောက်အား အဖော်ပြုပေးနေတယ်ဆိုတာကို အခုတော့ ရုံရုံ သိလိုက်ရလေပြီ။

ဘလိုင်းဒိတ်တွေ့တဲ့ အမျိုးသမီးတစ်ယောက်ကို အဖော်ပြုပေးနေတာဆိုတော့၊ ဘယ်သူ့အတွက်လဲ...

ရှီလီကြောင်း ရုံရုံသိထားသည့်အ‌တိုင်းဆို သူမက ရှီရွှမ်းကို သို့မဟုတ် လုမိသားစုမှ လုလန်ရှန်ဟု အမည်ရသော သမီးဖြစ်သူကို အဖော်ပြုပေးနေတာပဲ ဖြစ်ရပေမည်။

အစောပိုင်းထုတ်က ရှီလီ ထုတ်ဖော်ခဲ့သည့် သတင်းအချက်အလက်အရဆို လုမိသား၏သမီးကို ဘလိုင်းဒိတ်၌ အဖော်ပြုပေးနေတယ်လို့ ရုံရုံ ခန့်မှန်းလိုက်သည်။

တစ်ယောက်‌ယောက်ကို “အမှိုက်ကောင်သံ လိုက်” ဟု ခေါ်ဆိုခြင်းက - လုလန်ရှန်း၏ အရင်ကောင်လေးအကုန်လုံးမှာ အတော်လေး အားကိုးရတာကြောင့်ပဲဖြစ်မည်။

မီးအိမ်နှင့်ပင် ရှာရခက်သည့် အဆုံးစွန်သောအမှိုက်ကောင်တွေ အကုန်လုံးနှင့် - သူမ‌ကြုံတွေ့ခဲ့ရသည်။

ရှီရွှမ်း ကြုံတွေ့ခဲ့သော သာမန်ငတုံးတွေနှင့်နှိုင်းယှဉ်ရလျှင် လုလန်ရှန်၏ သေဆုံးသွားပြီဖြစ်သော သတို့သားလောင်းက အခြားအဆင့်တစ်ခုသို့ ရောက်နေတာပင်။

ထို့ကြောင့် လုလန်ရှန် ဘလိုင်းဒိတ်သွားတာကို ရှီလီ အဖော်ပြုပေးနေတယ်လို့ ရုံရုံ ယူဆလိုက်တော့၏။

လုလန်ရှန်က လူလွတ်အနေနှင့်ဆို ပိုကောင်းပြီးနေရာတကာ ဘလိုင်းဒိတ်တွေ သွားတွေ့နေတာနှင့် မလိုက်ဖက်ဘူးဟု သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။ - ကြည့်ပါလား၊ အခုလည်းနောက်ထပ် အမှိုက်ကောင်နဲ့ သူမ တွေ့နေရပြီလေ။

ရုံရုံ၏ အရှေ့တွင် ထိုင်နေသော အနှီလူတွင်ချောမောသော မျက်နှာနှင့် ကောင်းမွန်သောအပြုအမူရှိကာ ရိုးရှင်းသည့် တီရှပ်အဖြူနှင့်အပြာရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထား၍ သူ့နှုတ်ခမ်းထက်တွင် သိမ်မွေ့သော အပြုံးတစ်ပွင့်က မကြာခဏဆိုသလို ဖြစ်တည်နေလျှက်ပင်။

ရုံရုံက ရှီအစ်မတွေ၏ ဘလိုင်းဒိတ်၌သာ အာရုံစူးစိုက်ထားပြီး သူ့ကို လျစ်လျူရှုထားနေမိသည်။ သူက အနည်းငယ် လေသံမြှင့်ပြီးခေါ်လာကာ “ရုံရုံ၊ နားထောင်နေရဲ့လား”

ရုံရုံအသိစိတ်ပြန်ဝင်လာပြီး “ဆက်ပြောပါ၊ကျွန်မ နားထောင်နေပါတယ်”

သူသည် စိတ်တိုမှုတွေ မပြသဘဲ ယဉ်‌ကျေးစွာမေးလာ၏။ “ငါပြောတာက ဒီနေ့ ဗုဒ္ဓဟူးနေ့လေ၊မင်း ကျောင်းမှာ အတန်းတက်နေရမှာ မဟုတ်ဘူးလား။ ဒီကိုလာဖို့ အတန်းပြေးလာတာလား”

ရုံရုံက လက်ကိုခါယမ်းလိုက်ကာ “မဟုတ်ပါဘူး၊ ခုတလော ပြိုင်ပွဲမှာ ဝင်ပြိုင်ထားတော့ ထောက်ခံချက်ကို အစောကြီးရသွားတာ၊ အဲဒါကြောင့် အခု အတန်းတက်ဖို့ မလိုတော့ဘူး”

ရုံရုံ၏ အရှေ့ရှိ လူငယ်က ခေါင်းညိတ်၍“မအံ့ဩတော့ပါဘူး။ မင်းက ကလေးတုန်းကတောင် စာသင်တဲ့နေရာမှာ အရမ်းတော်တာကို”

ကန်းယွမ်ကို မိန်းမငယ်လေး၏ မျက်နှာထက်က ဝတ်ကျေတမ်းကျေ အမူအရာကို သတိမထမိသည့်ပုံပေါ်ပြီး စိတ်ပူစွာ မေးလိုက်၏။ “မင်းမိဘတွေ အက်ဆီးဒန့်ဖြစ်သွားပြီးတော့၊ငါ မင်းကို ထပ်မတွေ့ရတော့ဘူး။ မျက်စိတစ်မှိတ်အတွင်းမှာ အပျိုလေးတောင် ဖြစ်လာပြီပဲ”

သူသည် ရုံရုံထက် အသက်သိပ်မကြီးသေး‌သော်လည်း လူကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်သော အမူအရာဖြင့် စကားပြောနေလေသည်။

“အင်း၊ အချိန်တွေက ကုန်တာမြန်တယ်” ရုံရုံက အလိုက်အထိုက် ဆက်ပြီးတုံ့ပြန်၏။

“အခု မင်းအဘွားနဲ့ အတူနေတာလား။ သူမ နေကောင်းရဲ့လား” ကန်းယွမ် ပြောလိုက်၏“ကိုယ့်အမေက အိမ်မှာ မင်းအကြောင်းကို ခဏခဏပြောနေကျ၊ ကိုယ်တို့ ရပ်ကွက်ကနေပြောင်းသွားတော့ မင်းဘယ်လိုနေလဲ မသိဘူးတဲ့လေ”

ရုံရုံက ခဏကြာ တုံ့ဆိုင်းသွားပြီး “ကျွန်မအဘွား… မနှစ်တုန်းက နေမကောင်းဖြစ်ပြီး ဆုံးသွားပြီ”

လူငယ်လေးက ဤရလဒ်ကို လုံးဝမမျှော်လင့်ထားခဲ့မိချေ။ သူ့မျက်ခုံးတွေ ကြုတ်သွားပြီး“ဒါဆို အခု မင်းအဘွားဘက်က ဆွေမျိုးတွေနဲ့အတူနေနေတာလား”

အိမ်နီးချင်းဟောင်းဖြစ်သော ကန်းယွမ်သည် ရုံရုံ၏ အဘွားဘက်က မိသားစုအခြေအနေကို မသိထားပေ။

ရုန်ရုန် အလွန်တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “မဟုတ်ဘူး၊ ကျွန်မအဘွားမှာ သမီးဆိုလို့ ကျွန်မအမေပဲရှိတာ၊ အခု ကျွန်မ တစ်ယောက်တည်းနေတယ်”

လူငယ်လေး၏ မျက်ဝန်းထဲရှိ စိတ်ပူနေခြင်းက အလွန်သိသာနေ၍ထင်၏၊ ရုံရုံ ထပ်ဖြည့်ပြောလိုက်သည်။ “ကျောင်းက ကျွန်မရဲ့သင်ကြားရေးအတွက်ရော၊ နေထိုင်စရိတ်အတွက်ရော၊ ထောက်ပံ့ကြေးတွေနဲ့ ပညာသင်ဆုတွေ အများကြီး ပေးထားတဲ့အပြင်ကိုမှ ရှေ့ရေးအတွက် ကျူရှင်ကြေးကိုပါ လုံလောက်စေပါတယ်”

“မင်းမှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် မိန်းကလေးတစ်ယောက်က ဘယ်လိုဖြစ်လို့ တစ်ယောက်တည်း နေနေရတာလဲ!”

သူသည် သူမအား စိတ်ပူခြင်းတွေ ပြသနေသော်လည်း ရုံရုံက ယဉ်ကျေးစွာဖြင့် ချေပလိုက်သည်။ “ဘာလို့ ကျွန်မက တစ်ယောက် တည်းနေလို့ မရရမှာလဲ။ အသက်ဆယ့်ရှစ်၊ဆယ့်ကိုး အရွယ်ရောက်တဲ့သူတွေတောင်အမှီအခိုကင်းကင်း နေနိုင်နေတာ။ အခု ကျွန်မက တက်လူ၊ ကျန်းမာရေး ကိစ္စတွေကလည်း ပုံမှန်ပဲ၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်‌နိုင်ပါတယ်။ တစ်ယောက်တည်းနေတာကို ပြဿနာရှိတယ်လို့တော့ ကျွန်မ မထင်ဘူး”

သူမလေသံက အနည်းငယ် ပြင်းထန်သွားမှာစိုးသဖြင့် ထပ်ပြောလိုက်၏။ “စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျွန်မ နေတဲ့တိုက်ခန်းက 24-နာရီ လုံခြုံရေးတွေရှိတယ်၊ လုံခြုံရေးစနစ်ကလည်း အရမ်းကောင်းတယ်။ ကျွန်မတို့ အရင်ရပ်ကွက်ထက်လည်းပိုဘေးကင်းတယ်”

265 03

သူတို့နှစ်ယောက်ကြားရှိ စကားဝိုင်းမှာ အဆုံးစွန်သို့ ရောက်သွားလေပြီ။ ရုံရုံတွင် ယနေ့၌ကန်းယွမ်ကို ဒီနေရာမှာတွေ့ပြီးလျှင် အခြားကိစ္စတွေရှိသေးသော်ငြား တိုက်ရိုက်မပြောနိုင်တာကြောင့် ယခုဆို စိုးရိမ်စိတ်များနေရသည်။

ကန်းယွမ်က ငယ်ငယ်တုန်းက အဖြစ်အပျက်များကိုပြော၍ လေထုကို ဖြေဖျောက်‌ချင်နေသော်လည်း ရုံရုံမှာ ဤဖြစ်ရပ်များနှင့် ပတ်သက်၍ သိပ်မမှတ်မိတာကြောင့် နှစ်ဦးကြားလေထုကို အတော်လေး ကသိကအောက်ဖြစ်နေစေသည်။

ရုံရုံသည် သူမ၌ အခြားကိစ္စတွေရှိသေး၍ ထွက်သွားဖို့လိုပြီဟု အကြိမ်အကြိမ်အခါခါ ပြော‌ချင်နေသော်ငြား စကားလုံးတွေက လည်ချောင်းထဲမှာ တစ်နေပြီး ဘယ်လိုဖော်ပြရမယ်မသိ ဖြစ်နေရသည်။

မှန်ကန်သည့် စကားလုံးတွေကို ရှာဖွေရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက်မှာတော့ ရှီရွှမ်းက ဖြတ်သွားရင်း ထောင့်နားက ရုံရုံနှင့် ကန်းယွမ်တို့ကို သတိပြုမိသွား၏။

ရုံရုံ၏နာမည်ကို သူမ မမှတ်မိသော်လည်း မျက်နှာက သူမဝမ်းကွဲ၏ အတန်းဖော်ဆိုတာကို မှတ်မိနေသည်။ “ဟယ်လို၊ အစ်မတို့တွေထပ်တွေ့ပြန်ပြီနော်။ ဘာလို့ ဒီရောက်နေတာလဲ”

သူတို့၏ဘလိုင်းဒိတ်ကို အရမ်းမြန်မြန်ကြီး ပြီးဆုံးသွားမယ်၊ ထောင့်နားမှာ ‌ထိုင်နေသည့်သူမကို တွေ့သွားမယ်လို့ ရုံရုံ မထင်ထား ခဲ့တာပင်။

“ဟုတ်ကဲ့၊ တိုက်ဆိုင်လိုက်တာနော်”

ရှီလီ၏အကြည့်က ကန်းယွမ်၏မျက်နှာအပေါ်ကျရောက်သွားတော့ ရပ်တန့်သွားကာ [အိုး၊ဒီလူကို ရင်းနှီးနေသလိုပဲ]

ဤစကားကိုကြားတော့ ရုံရုံမှာ သူနှင့်ဝေးရာသို့ အလိုလိုရွှေ့ထိုင်လိုက်မိသည်။

******

266 01

အခန်း ၂၆၆: ဆက်သွယ်ရန် ဖုန်းနံပါတ်ရယူခြင်း

ကန်းယွမ်က မတ်တပ်ထရပ်လိုက်ရင်း “ရုံရုံ၊ ဒီမိန်းကလေးနှစ်ယောက်က မင်းသူငယ်ချင်းတွေလား”

ရုံရုံက ညီအစ်မနှစ်ယောက်ကို ဝင်ထိုင်ရန်ဖိတ်ခါ်လိုက်ကာ “ဟုတ်တယ်၊ ကျွန်မ အတန်း ဖော်နဲ့ သူမရဲ့အစ်မ”

ရုံရုံရဲ့ အတန်းဖော်ဆိုတော့ လက်ရှိကအတန်းတက်ရမဲ့ အချိန်ပဲဟု ကန်းယွမ် တွေးလိုက်သည်။ ရုံရုံအနေနှင့် ခိုင်မာသောထောက်ခံချက်ကို စောစီးစွာ ရထားတာကြောင့် ကျောင်းတွင်ရှိမနေဘူးဆိုတာ အဓိပ္ပာယ်ရှိသော်လည်း သူမ၏အတန်းက ဘာလို့အပြင်ရောက်နေလဲဆိုတာကိုတော့ သူ အံ့ဩနေမိ၏။

သူသည် ရုံရုံ၏ အတန်းဖော်အပေါ် မသိစိတ်ကနေပြီး အဆိုးမြင်သွား၏။

ရုံရုံက ရှီညီအစ်မတွေ ဒီရောက်နေတယ်ဆိုတာကို အခုလေးတင်မှ သိလိုက်ရသလိုမျိုး ပြုမူနေပြီး သူတို့တွေ အော်ဒါမှာလို့ရအောင်လို့ ဝိတ်တာတစ်‌ယောက်ကို လှမ်းခေါ်လိုက်သည်။

ညီအစ်မနှစ်ယောက်မှာ ကော်ဖီသောက်ထားသဖြင့် ရုန်ရုန်၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။

“ဒီကို ဘယ်လိုလုပ်ပြီး ရောက်‌လာတာလဲ၊ မစ္စရှီရွှမ်း”

ရှီရွှမ်းက ဘလိုင်းဒိတ်အခြေအနေနှင့် ပတ်သက်ပြီး တဲ့တိုးဆန်ကာ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။ “အစ်မ ဘလိုင်းဒိတ်လာတွေ့တာ၊ သူမက အစ်မကို အဖော်ပြုပေးနေတာလေ”

ရုံရုံတွင် ရုတ်တရက် နားလည်သွားသောအမူအရာမျိုး ဖြစ်တည်လာပြီး - ယခုဆိုလျှင်သူမ၏ မျက်နှာထားနှင့် သရုပ်ဆောင်စွမ်းရည်များမှာ သိသိသာသာကို တိုးတက်လာလေပြီ။

“ကျေးဇူးပြုပြီး၊ ထိုင်ကြပါဦးလား”

ရှီလီက သူမဘာသာ ရေရွတ်လိုက်သည်[သူ့ကို ရင်းနှီးသလိုရှိနေပေမဲ့ သူဘယ်သူဆိုတာကို ငါအခု မမှတ်မိဘူး ဖြစ်နေတယ်]

ဤအဖြေက ရုံရုံကို အနည်းငယ် ရပ်တန့်သွားစေသည်။

ရှီလီက ကန်းယွမ်၏ နောက်ခံနှင့်ပတ်သက်၍ပိပိရိရိ မေးမြန်းလိုက်သည်။ “ရုံရုံ၊ ဒီလူကြီးလူကောင်းက နင့်အစ်ကိုလား။ နင့်ဆွေမျိုးတွေအကြောင်း ပြောဖူးတာ ငါတစ်ခါမှ မကြားမိပါလား”

ရှီလီ၏ မေးခွန်းထဲက ထောက်လှမ်းနေသောလေသံကြောင့် ရုန်ရုန် ရှင်းပြလိုက်သည်။ “ကန်းယွမ်က ငါ့အစ်ကိုရင်းတော့ မဟုတ်ဘူး၊ဒါပေမဲ့ အဲ့လိုတော့ ပြောလို့ရတယ်ရယ်။ ငါတို့က အတူတူ ကြီးပြင်းလာခဲ့ကြတာ၊ ငါ့လိုကလေးငယ်တွေဆို သူအမြဲတမ်း ဂရုစိုက်ပေးတယ်၊ ငါ့ကို နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပေး နေတဲ့သူပေါ့”

[ကန်းယွမ်၊ ကန်းယွမ်]

ရှီလီသည် စိတ်ထဲကနေပြီး ဤနာမည်ကို အကြိမ်ကြိမ် ရေရွတ်နေမိ၏။ အလွန်အမင်း ရင်းနှီးနေသလိုရှိသော်ငြား သူ့အထောက်အထားကို‌တော့ သူမ မမှတ်မိနိုင်ဖြစ်နေသည်။

ဤခံစားချက်က အတော်လေး စိတ်တိုဖို့ ကောင်းလှ၏။

ရုံရုံက ကန်းယွမ် ဘယ်သူဆိုတာကို ရှီလီမှတ်မိလာအောင် သဲလွန်စတွေ ချပေးနေသော်လည်း အလုပ်မဖြစ်ပေ။

သူမသည် ကန်းယွမ်ကို ချီးကျူးပေးဖို့ မရည်ရွယ်သော်လည်း ၎င်းက သူနှင့်ပတ်သက်ပြီး စိတ်ထဲရှိနေသည်များသာ။ သူ့မျက်နှာက အနည်းငယ် နီမြန်းသွားပြီး အသင့်အတင့် ပြန်ဖြေလိုက်၏။ “ရုံရုံကို ကျွန်တော် အများကြီးလည်း မကူညီပေးရပါဘူး၊ အားလုံးကို သူမဘာသာပဲ လုပ်ကိုင်နေတာပါ”

ရုံရုံသည် အနှစ်သာရမရှိသော အာလာပသလာပ ပြောရတာကို မကြိုက်သော်လည်း အစောပိုင်းတုန်းက သူမ၏စကားအတွက် ယဉ်ကျေးသော ဖလှယ်မှုကို ဆက်ပြောရပေဦးမည်။

“ကျွန်မကို မကူညီပေးခဲ့ဘူးလို့ ဘယ်လိုလုပ် ပြောထွက်နိုင်တာလဲ။ ငယ်ငယ်တုန်းကဆို အစ်ကိုတို့ မိသားစုက အရသာရှိတဲ့ တစ်ခုခု ချက်တိုင်း ကျွန်မတို့အိမ်ဆီ အစ်ကို ယူလာပေး ခဲ့တာကို မှတ်မိပါတယ်”

ကန်းယွမ်က သက်ပြင်းချ၍ “အဲဒါကို ကူညီပေးတယ်လို့ ထည့်တွက်လို့မရပါဘူးကွာ”

၎င်းမှာ သက်ကြီးရွယ်အို အဘွားက မိန်းမငယ် လေးအား ပျိုးထောင်ပေးနေတာကို သူ့အမေက စိတ်မကောင်းဖြစ်မိသဖြင့် ဖွယ်ဖွယ်ရာရာချက်ပြုတ်တိုင်း သူ့အား သူမတို့အိမ်သို့သွားပို့စေခဲ့တာပင်။

266 02

၎င်းမှာ သေးငယ်သော အပြုအမူတစ်ခုဖြစ်၍ ဤနှစ်တွေအတွင်း မှတ်မိရန် ထိုက်တန်သည်အထိ ခဲယဉ်းပေသည်။

ရှီလီကတော့ အတွေးထဲနစ်မြောနေပြီး ဤလူငယ်က ဘယ်သူဆိုတာကို ကြိုးစားပြီး ဖော်ထုတ်နေဆဲပင်။

ရှီရွှမ်းမှာ အလုပ်ပြန်သွားရန် အလျင်မလိုတော့ဘဲ လက်ပေါ် မေးစေ့တင်၍ လူငယ်တွေ၏မကြွားဝါသော ဖလှယ်စကားတွေကို ကြည့်နေကာ ငယ်ရွယ်ခြင်းက ဘယ်လောက်တောင် ကောင်းလိုက်သလဲလို့ တွေးနေမိ၏။

ရှီလီသည် ကိုယ်ပိုင်ကမ္ဘာထဲ၌ နစ်မြောနေခိုက်ရှီရွှမ်းထံမှ မက်ဆေ့ခ်ျတစ်စောင်နှင့်အတူ သူမ၏စခရင် လင်းလက်လာတာကို ရုတ်တရက် သတိထားမိသွားသည်။

သူတို့တွေ ထိုင်နေသည်မှာ တစ်ဆယ်စင်တီမီတာတောင် မဝေးတာကို သူမအစ်မက ဘာလို့မက်ဆေ့ခ်ျလှမ်းပို့လဲဆိုတာအား ပဟေဠိဖြစ်သွားရသော်လည်း မက်ဆေ့ခ်ျကို မြင်လိုက်ရချိန်တွင် သူများတွေရှေ့၌ ဘာကြောင့်ထုတ်ပြောလို့မရလဲဆိုတာကို နားလည်သွား‌ရ၏။

ရှီရွှမ်း (အသည်းကွဲဘိုးဘေး - ရန်မစနဲ့):[နောက်တစ်ခေါက်ကျ ဘလိုင်းဒိတ်တွေ့မဲ့လူကို ငယ်ငယ်လေးတွေ ရှာထားပေးလို့ အန်တီ့ကိုပြောလိုက်၊ အဟုန်ကို ပြောင်းလဲဖို့လိုနေပြီ QAQ]

ရှီလီ: [....]

အရိုးသားဆုံးပြောရလျှင် ရှီရွှမ်း၏မက်ဆေ့ခ်ျကို ကြည့်လိုက်ရုံနှင့် လတ်တလော လမ်းခွဲထား၍ အသည်းကွဲနေသည့်သူဆိုတာကို မှန်းဆနိုင်မှာ မဟုတ်ပေ။

ရှီလီမှာ သူမ၏အစ်မကပဲ ချူးချွမ်ရှန်းနှင့်လမ်းခွဲ‌ချင်နေလို့ ဤဖောက်ပြန်တာကို အကြောင်းပြချက်အနေနှင့် သုံးခဲ့သလားဆိုပြီးအံ့ဩမိနေသည်။

သို့သော် ရှီရွှမ်းက ကော်ဖီဆိုင်မှာ‌တင် မျက်ရည်လည်ရွဲ ပြကွက်တွေ လုပ်လာမှာ ကြောက်သဖြင့် ဤအတွေးတွေကို သူမဘာသာ သိမ်းထားလိုက်သည်။

ညီအစ်မတွေကြားက ဤသေး‌ငယ်သောတုံ့ပြန်ခြင်းကို ဘယ်သူမှ သတိမထားမိကြဘဲ ကျန်နှစ်ယောက်မှာ သူတို့၏ ရိုးယဉ်သောစကားအသွားအလာကို ဖလှယ်နေကြတုန်းပင်။

ရှီလီမှာ အော်ငိုလုမိလုနီးပါးဖြစ်လာရ၏။ “ပြီးတာပါပဲ၊ နင့်ရဲ့ အောင်မြင်မှုတွေလို့ ပြောကြတာပေါ့!”

ရုံရုံလည်း ဤခေါင်းစဉ်အကြောင်းကို ကန်းယွမ်နှင့် ဆက်မပြောချငမတော့ပေ။ သူမ၏ မှတ်ဉာဏ်ထဲမှာတော့ သူသည် ကြင်နာတတ်ပြီး သိမ်မွေ့သော အကိုကြီးတစ်ယောက် ဖြစ်နေခဲ့တာပင်။

လက်တွေ့ကတော့ သူမ၏ မှတ်ဉာဏ်ထဲက‌နှင့်ကွဲပြားနေသည်။ အခုတော့ သူ့ကို မပြတ်သားဘဲ စကားကြောရှည်တယ်လို့သာ ထင်နေမိတော့သည်။

ရုံရုံက စကားလမ်းကြောင်းကို အသာအယာပြောင်းလဲလိုက်၏။ “ခုနောက်ပိုင်း ဦးလေးရဲ့စီးပွားရေးအခြေအနေ အဆင်ပြရဲ့လား”

ကန်းယွမ်၏ ထင်သာသော အမှတ်တံဆိပ်တွေ မပါဝင်သည့် ဇိမ်ခံပစ္စည်းဘရန်းတွေကို ကြည့်လိုက်ပြီး ရုံရုံ ခန့်မှန်းလိုက်သည်။

ကန်းယွမ်က ခေါင်းညိတ်ပြလာကာ “အဆင်ပြေပါတယ်”

ရုံရုံက ဆက်ပြော၏။ “အန်တီရော အရင်လိုအလုပ်တွေများနေတုန်းလား”

မိခင်အကြောင်းကို ပြောလိုက်တော့ ကန်းယွမ်က ပိုစကားများလာတော့သည်။ “အရင်ထက်ကိုအလုပ်များနေတာ။ သူမက လတ်တလောမှာ ဘွဲ့ကြိုအတန်းကို ဦးစီးနေရတာလေ၊ကျောင်းသားတွေကလည်း အ‌တော်လေး ထူးချွန်ကြတော့ ကျောင်းက သူမကို‌ နောက်ထပ် ဘွဲ့ကြိုအတန်းကို ဦးစီးပေးဖို့ တောင်းဆိုထားတယ်။ သူမက မငယ်တော့ဘူးဆိုတော့ အခုလိုပင်ပန်းတဲ့ အလုပ်တွေကို သိပ်မလုပ်နိုင်တော့ဘူး။ ဘွဲ့ကြိုအတန်းတွေဖို့အတန်းပိုင် မလုပ်တော့ဖို့ သူမကို အိမ်ကပြောပါတယ်၊ ဒါပေမဲ့ သူမက နားမထောင်ဘူး - အရမ်းစိတ်ပြင်းပြပြီး တာဝန်ယူချင်နေတာ”

“အိမ်မှာဆို ငါ့အမေက မင်းအကြောင်းကို ခဏခဏပြောနေကျ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတောင် မင်းက အထက်တန်းအောင်ခွင့် ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာဆိုတော့ ဘယ်လိုအခြေအနေရှိလဲ မသိဘူးဆိုပြီး ပြောနေသေးတယ်၊ ပြီးတော့ မင်းက အမြဲတမ်း ကျောင်းသူ ကောင်းတစ်ယောက် ဖြစ်ခဲ့တာဆိုတော့ အခုလိုစာမေးပွဲအသေးစားလေးကို စိတ်ပူနေစရာမလိုဘူးလို့လည်း ပြောသေးတယ်”

ရုံရုံ၏ နှုတ်ခမ်းထက်၌ အပြုံးခပ်ရေးရေး ပေါ်လာသည်။

ရှီရွှမ်းက သူမ၏ ကျွမ်းကျင်မှုဆိုင်ရာ အလေ့အထကို အနည်းငယ် ပြသလာ၍ သူ့အမေကဘယ်ကျောင်းတွင် သင်ကြားနေလဲဆိုတာကို မေးလိုက်ပြီး သူတို့တွေအချင်းချင်း သိနိုင်လောက်တယ်ဟု တွေးမိလိုက်သည်။

ဖြစ်ချင်တော့ အတော်လေး တိုက်ဆိုင်နေ၏ -ကန်းယွမ်၏အမေက ရှီရွှမ်းနှင့် တစ်ကျောင်းတည်းမှာပဲ အလုပ်လုပ်နေတာပင်။

ဆရာမအသစ်ဖြစ်သော ရှီရွှမ်းက ဘွဲ့ကြိုအတန်းတွေအတွက် တာဝန်မယူရတာကြောင့် ကန်းယွမ်၏ အမေအကြောင်းကို ကြားလိုက်တော့ သူတို့က အရမ်းကြီး မသိကျွမ်းကြပေ။

ထိုသို့ဆိုလျှင်ပင် ရှီရွှမ်းကတော့ ယခုလိုအချိတ်အဆက်က စိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးနေမိသဖြင့် တိုက်ဆိုင်မှုအပေါ် မှတ်ချက်‌ပြုလိုက်သည်။

“ကျွန်မတို့မှာ ဒီလိုအချိတ်အဆက်ရှိမယ်လို့မထင်ထားဘူး”

“အတော်လေး တိုက်ဆိုင်တာပဲဗျ”

ကော်ဖီဆိုင်တွင် သာယာသောလေထုရှိကာ လေးယောက်သားက ကြမ်းပြင်ကနေ မျက်နှာကြက်ထိမြင့်သော ပြတင်းပေါက်များဘေး၌ ထိုင်နေကြတာပင်။

266 03

ပြတင်းပေါက်အပြင်ဘက်က မော်လ်တွင်ပိတ်ရက်နေ့၌ အတော်လေး တိတ်ဆိတ်နေ၍ ဈေးဝယ်သူအချို့သာရှိသည်။

မကြာသေးခင်ကမှ ကြည်လင်နေခဲ့သော မိုးကောင်းကင်မှာ ရုတ်ချည်းဆိုသလို တိမ်မည်းတွေအဖြစ် ပြောင်းလဲသွားပြီး တဖျောက်ဖျောက်အသံနှင့်အတူ မိုးစရွာလာတော့သည်။

ရှီလီက အံ့အားသင့်စွာဖြင့် “မိုးရွာလာပြီ!”

ရုံရုံက အပြင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး“မိုးရွာနေတာ မဟုတ်ဘူး - မိုးသီးကြွေတာ”

သေချာကြည့်ပါက မိုးရွာနေတာ မဟုတ်ဘူးဆိုတာကို ရှီလီ သိလိုက်ရသည်။ အသံနှင့်တင် မိုးရွာနေတယ်လို့ သူမက ယူဆလိုက်တာ ဖြစ်သော်လည်း အမှန်တကယ်မှာ မိုးသီးကြွေနေတာဖြစ်သည်။

မိုးသီးတွေက မကြီးမားသော်ငြား အပြင်ဘက်က‌လူတွေကို အော်ဟစ်စေနိုင်သည်အထိ လုံလောက်ပေသည်။

အပြင်ဘက်ကလူတွေ မောလ်ထဲဝင်ပြီး အမိုးအကာအောက် ခိုလှုံကြတာကို လေးဦးသား ကြည့်နေကြသည်။

ရုံရုံ၏ အကြည့်မှာ အမိုးလာခိုလှုံသောလူငယ်တစ်ယောက်ထံသို့ သတိလက်လွတ်ကျရောက်သွားပြီး ဒီတစ်ကြိမ်တော့ အချိန်မကိုက်ဘူးလို့တွေးပြီး စိတ်ထဲကနေသာ သက်ပြင်းချလိုက်တော့၏။

ယခုလို ဆိုးရွားသော ရာသီဥတုက လူတွေ၏စိတ်အခြေအနေကို တိုးတက်စေတာ ရှားပါးလှသည်။ ရှီရွှမ်း ညည်းညူလိုက်သည်။ “ခုနောက်ပိုင်း ရာသီဥတုက အတော်လေး ဆိုးရွားနေတာပဲနော်”

ယခုလို ရာသီဥတု၌ ကော်ဖီဆိုင်တွင်းရှိ နွေးထွေးသော အလင်းရောင်က သက်တောင့်သက်သာဖြစ်သော လေထုကို ဖန်တီးပေးနေသည်။

မကြာသေးခင်ကတော့ စားပွဲဝိုင်းတစ်ဝိုင်းသို့မဟုတ် နှစ်ဝိုင်း၌သာ လူတွေရှိ‌ကြတာပင်။

ရုတ်တရက်ဆန်သော မိုးသီးကြွေခြင်းကဝယ်သူများစွာကို ခေါ်သွင်းလာခဲ့ကာ ကော်ဖီပူပူလေးတစ်ခွက်က အအေးဒဏ်ကို ဖြိုဖျက်၍ နွေးထွေးမှုကို ထောက်ပံ့ပေးနိုင်တယ်လို့ တွေးမိကြဖို့ဖြစ်မည်။

ကောင်တာရှေ့တွင် အော်ဒါမှာနေသော အရပ်ရှည်ရှည် လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရချိန်၌ ရုံရုံ၏ အနည်းငယ် ထိုင်းမှိုင်းနေသော စိတ်အခြေအနေမှာ ပြောင်းလဲသွားတော့၏။

သူမ၏ စိတ်ခံစားချက်ကို အလွန်သိသာစွာ ထုတ်ဖော်ပြခဲတာပြီး ပုံမှန်အားဖြင့် သူမ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားတတ်သူပင်။

ရုံရုံ တစ်ခုခုမှားနေတယ်ဆိုတာကို ကန်းယွမ်က အရင်ဆုံး သတိထားမိသွားတာဖြစ်ပြီး စိတ်ပူစွာ မေးလိုက်၏။ “အဲ့လူငယ်‌လေးကိုသိလို့လား”

ဘာလူငယ်လဲ။ ဘာကြောင့်များ ရုံရုံကခုနောက်ပိုင်း လူငယ်တွေနဲ့ပဲ ပတ်သက်နေတာလဲ။

လူငယ်လေးက လူတိုင်းအား ကျောပေးထားတာဖြစ်သော်ငြား သူသည် အော်ဒါမှာပြီးဘေးလှည့်လာချိန်မှာတော့ ရှီလီကို အေးခဲသွားစေတော့သည်။

[အဲဒါ လျန်ရုန်ရုန်ရဲ့ ကောင်လေး မလား။

[ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ]

******

267 01

အခန်း ၂၆၇: သူဒုက္ခတွေ့နေပြီ

[လျန်ရုန်ရုန်ရဲ့ ကောင်လေး။ ]

ရုံရုံ၏ မျက်တောင်တွေ တုန်ရီသွား၏၊ရှီလီတောင် ဒီကိစ္စကို သိနေတာပဲ။

သူမ၏ မျက်လုံးတွေထဲက ရုန်းကြွလာသော ခံစားချက်တွေကို ဖိနှိပ်ရန်အတွက် အရှေ့ကကော်ဖီခွက်ကိုယူ၍ တစ်ငုံသောက်လိုက်၏။

ရုံရုံသည် အော်ဒါကောင်တာအရှေ့ကလူငယ်ကို မကြည့်မိအောင်လို့ အကောင်းဆုံးကြိုးစားနေပြီး သူမရှေ့က ကော်ဖီခွက်အပေါ်မှာသာ အကြည့်ကို ကန့်သတ်ထားသည်။

ကော်ဖီကို ပြင်ဆင်ပြီးနောက် ဝန်ထမ်းက သူ့ကိုကမ်းပေးလာ၏။ သူသည် ဆိုင်အတွင်း၌ နေရာရှာလိုက်ပြီး အဆုံးတွင် မိန်းကလေးတစ်ဦးနှင့် တစ်စားပွဲတည်း မျှထိုင်လိုက်သည်။

ရှီရွှမ်းက သူမဝမ်းကွဲ၏အကြည့်ကို သတိထားမိသွားပြီး စနောက်လိုက်၏။ “ဘာသဘောလဲ။ သူ့ကို ကြိုက်သွားပြီလား။ သူ့ဖုန်းနံပါတ်ကို တောင်းခိုင်းမလို့ အစ်မကြီးကို လိုအပ်နေပြီလား”

ရှီလီက ခေါင်းခါလိုက်ကာ “ရယ်စရာတွေမပြောစမ်းပါနဲ့။ သူ့ကျောပိုးအိတ်က အရုပ်ကိုချစ်စရာကောင်းတယ်လို့ ထင်ရုံတင်ပါနော်။ အခုလို ချစ်စရာကောင်းတဲ့ ပန်ူရောင်အရုပ်ကို သူ့ကောင်မလေး ဝယ်ပေးထားတာပဲ ဖြစ်မှာ။ တစ်ချက်ကြည့်ရုံနဲ့ သူ့မှာ ပိုင်ရှင်ရှိပြီးသားဆိုတာ သိသာနေပြီပဲကို၊ အောင်သွယ်‌ လုပ်မနေစမ်းပါနဲ့”

သူတို့၏ စကားဝိုင်းက စားပွဲဝိုင်းမှ အခြားနှစ်ယောက်၏ အာရုံကို အရုပ်အပေါ်သို့ ဆွဲခေါ်သွားတော့သည်။

ရုံရုံသည် မမေးဘဲ မနေနိုင်တော့ပေ။“ကောင်မလေးဆီက ရတယ်ဆိုပြီး ဖြစ်စရာလိုလို့လား။ သူ့ညီမဆီက ဖြစ်နိုင်တာပဲ”

လူတိုင်းဆီက အကြည့်ကို လက်ခံရရှိလိုက်ရတော့ ရုံရုံက နှုတ်ခမ်းကိုဖိကာ “ငါပြော‌တာက၊ တကယ်လို့ သူ့ဝမ်းကွဲက သူ့ကို အရုပ်ပေးထားတာဆိုရင်ရော”

ရှီရွှမ်းက မျက်လုံးလှိမ့်လိုက်ပြီး “မဟုတ်လည်း သူက ဒါမျိုးတွေကို သဘောကျလို့နေမှာ၊ မိန်းကလေးအကြိုက်ရှိလို့ ပန်းရောင်အမွေးပွပွ အရုပ်ကို ချိတ်ထားတာ ဖြစ်မှာပေါ့”

ရှီလီက မျက်မှန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။ ကော်ဖီနှစ်ခွက်သောက်လျှင် ညဘက်၌ ကြောင်နေမည်စိုးသဖြင့် ဆိုင်မှအလကားပေးသော ရေနွေးကိုပဲ ‌ရွေးချယ်ခဲ့တာပင်။

“သူမက ငါ့ညီမပဲ။ ခရမ်းရောင်က ဆွဲဆောင်မှုရှိတယ်လို့ပြောတယ်”

ကန်းယွမ်က မခိုင်လုံစွာဖြင့် ကန့်ကွက်လာ၏။ “တကယ်တော့ အဲဒါမို့လို့ ကြိုက်နေတာလည်း ဖြစ်နိုင်တာပဲလေ၊ ကောင်မလေးတွေ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုတွေနဲ့ မဆိုင်လောက်ဘူး”

ရုံရုံမှာ စိတ်အခြေအနေ မကောင်းနေပေ။ သူမနှင့်ပိုင်ရှန်း မတွဲခင် ပထမဆုံးတွေ့ဆုံမှုတုန်းက အသေးစိတ် အချက်အလက်အချို့ကို ပြန်စဉ်းစားလိုက်သည်။

သူမသည် ထိုတုန်းကတော့ ထူးဆန်းသော အရာအချို့ကို တွေ့ရှိခဲ့သော်ငြား သူတို့က သူငယ်ချင်းတွေ ဖြစ်နေသဖြင့် တစ်ဖက်လူ၏အတွင်းရေးကို စွက်ဖက်ခြင်းက မကောင်းတတ်ချေ။

သူတို့တွေ ရည်းစားဖြစ်လာပြီးသည့်နောက် ပိုင်ရှန်းက နှစ်သက်ဖွယ်ကောင်းသည့် ချစ်သူကောင်လေးဖြစ်သည်။ သူ၏အသေးစိတ် ဂရုစိုက်ပေးခြင်းအောက်၌ အနှီမူလတုန်းက သံသယလေးတွေကို ရုံရုံလျစ်လျူရှုခဲ့၏။

[ဟိုးတုန်းကတည်းက လျန်ရုန်ရုန်နဲ့ သူနဲ့တွဲနေတာလား။ ]

ရှီလီ၏စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေ၏။

[ငါမှတ်မိတာသာမှန်ရင် သူ့မိသားစုအခြေအနေက အကောင်းကြီး မဟုတ်ဘူး။ လျန်ရုန်ရုန်ကိုကြည့်ရတာတော့ ဆင်းရဲသူအပေါ် အထင်သေးပြီး ချမ်းသာတဲ့သူကိုပဲ သဘောကျတဲ့ပုံပါ။ သူမက ဘာလို့သူ့ကို စိတ်ဝင်စားရတာလဲ။ ]

တစ်စုံတစ်ယောက်ကို ဆင်းရဲသူအပေါ် အထင် သေးပြီး ချမ်းသာသူကိုပဲ သဘောကျတယ်လို့ပြောနေသော်ငြား ရုံရုံမှာ သူမ၏တည်ငြိမ်မှုကို ထိန်းသိမ်းလိုက်၍ ပိုင်ရှန်းကို စတွေ့လိုက်ရတုန်းကလို စိတ်ခံစားချက်တွေ ကသောင်းကနင်း မဖြစ်တော့ပေ။

သူတို့က လျန်ရုန်ရုန်အကြောင်း ပြောနေကြတာလေ၊ သူမနဲ့ ဘာဆိုင်လို့တုန်း။

[ဖုန်းယွင်ဟယ်က နည်းနည်းတော့ ဟိုဒင်းဖြစ်ပေမဲ့…ဒီလူ့ထက်တော့ သာသင့်တယ် မဟုတ်ဘူးလား။ သူ့မှာ ငါမသိသေးတဲ့ ထူးခြားတဲ့စွမ်းရည် ရှိနေလို့လား။ ]

ရုံရုံမှာ “ထူးခြားတဲ့စွမ်းရည်” လို့ ကြားလိုက်ရတော့ ရိုင်းပြသော အ‌ရိပ်အယောင်ကို ထောက်လှမ်းမိလိုက်သည်။

267 02

ရုံရုံတွေးလိုက်၏: နင်က သူ့အပေါ် ရူးရူးနှမ်းနှမ်း ချစ်နေရမှာ မဟုတ်ဘူးလား။ ဖုန်းယွင်ဟယ်က နင့်အတွက်ဆို ကမ္ဘာပေါ်မှာ အပြီးပြည့်စုံသောသူ ဖြစ်နေရမှာ မဟုတ်ဘူးလား။ ဘာလို့များ နင့်လေသံထဲက သိသာတဲ့ရွံ့ရှာမှုကို ငါခံစားနေရတာပါလိမ့်။

သို့သော် ရှီလီက ဘာထူးဆန်းတာကိုမှ ရည်ညွှန်းနေတာ မဟုတ်ဘဲ ၎င်းမှာ ၏စိတ်ကပဲ မသင့်လျော်သောနေရာတွေဆီ ရောက်သွားခြင်းသာ။

[စိတ်ခံစားချက်ကို တန်ဖိုးထားပေးတဲ့နေရာမှာအဲ့ခွေး ဖုန်းယွင်ဟယ်က တကယ်လည်း လစ်လပ်နေတာပဲ]

[အမ်း၊ နည်းနည်းတော့ မဟုတ်ဘူး၊ အများကြီး လစ်လပ်နေတာ]

ရုံရုံ: …သူများတွေကတော့ သူတို့ချစ်သူတွေကို ပန်းရောင်သန်းနေတဲ့ မျက်မှန်ကနေ ကြည့်တယ်၊ နင့်ကျမှ တော်တော် လက်တွေ့ကျနေပါလား။ ဒါကို ဘယ်လိုခေါ်သင့်လဲဆိုတော့ -ချစ်သူကို ရွှံ့ရောင်သန်းနေတဲ့ မျက်မှန်ကနေ ကြည့်တာလား။

သို့သော် ရုံရုံ၏ နှလုံးသားထဲမှာတော့ဖုန်းယွင်ဟယ်ကို ခွေးလို့ခေါ်တာထက် ပိုပြီးသင့်လျော်တာဟူ၍ မရှိတော့ပေ။

ရှီလီက စဉ်းစားဉာဏ်ရှိတဲ့ မိန်းကလေးပဲဟု ရုံရုံ တွေးလိုက်၏။ ရှီလီက ဖုန်းယွင်ဟယ်ကို သဘောကျသော်ငြား အချစ်ကြောင့် မျက်ကန်းဖြစ်မသွားပေ။ လူအများစုကတော့ ထိုသို့မဟုတ်ကြ၊ သူတို့ချစ်ရသူတွေဆီက ပြီးပြည့်စုံမှု တစ်ခုတည်းကိုသာ မြင်ကြပြီး အပြစ်အနာအဆာတွေကို မမြင်နိုင်ချေ။

၎င်းမှာ အချစ်-ဦးနှောက် ရောဂါဖြစ်၍ မကောင်းနေပေ။

ရှီလီတွင် အချစ်-ဦးနှောက် ရောဂါရှိသော်ငြားစဉ်းစားဉာဏ်ရှိသော ရိုမန့်တစ်သမားပင်။

ပိုင်ရှန်းမှာ သူ့ကို တိတ်တဆိတ် အကဲခတ် နေသည့် လူလေးယောက်ကို သတိမမူမိပေ။ သူသည် သူနှင့် တစ်စားပွဲတည်းထိုင်နေသောမိန်းကလေးနှင့် စကားကောင်းနေကာ အကြောင်းအရာတစ်ခုကို သူတို့တွေ ဆွေးနွေးလိုက်တိုင်း သူမကို အူလိုက်သည်းလိုက် ရယ်စေသည်။

ရုံရုံက ခေါင်းငုံ့၍ ကော်ဖီကို မွှေနေလိုက်သည်။

သူမ မော့ကြည့်လိုက်‌တော့ ပိုင်ရှန်းက ဖုန်းကိုထုတ်၍ မိန်းကလေး၏ ဖုန်းကို စကန်ဖတ်ကာ သူငယ်ချင်းအဖြစ် အပ်နေတယ်ဆိုတာ အသိသာကြီးပင်။

ဤမိနစ်ပိုင်းအတွင်းမှာပင် ပိုင်ရှန်းအပေါ် ထားရှိသော သူမ၏အမြင်မှာ တစ်စစီ ပြိုကွဲသွားတော့သည်။

သူနှင့် ပတ်သက်ခဲ့သော တစ်‌ယောက်အနေနှင့်ပိုင်ရှန်းကို ဟာသဉာဏ်ရွှင်၍ ရယ်စရာကောင်းတယ်လို့ ထင်မိခဲ့သည်။ ယခုတွင်မူ အပြင်လူတစ်ယောက်၏ အမြင်ကနေ ကြည့်လိုက်‌တော့မှ သူမ မြင်တွေ့ခဲ့သည်မှာ သာမန်အပြောကောင်းရုံမျှသာ။

သူမသည် ပိုင်ရှန်းကို နက်နက်နဲနဲ ချစ်ကျွမ်းဝင်နေတယ်လို့ တစ်ခါက ထင်ခဲ့ဖူးသော်ငြား ယခုတော့ သူမ၏အတိတ်က အ‌တော်လေးရယ်စရာကောင်းတယ်ဆိုတာကို သိလိုက်ရ၏။

[ဒီတော့ ဒီလူက လျန်ရုန်ရုန်နဲ့ ဘယ်တုန်းက တွဲသွားတာလဲ။ လျန်ရုန်ရုန်က သူ့ရဲ့လက်ရှိကောင်မလေးလား။ ]

[ငါသာ လျန်ရုန်ရုန်နဲ့ ဖုန်းယွင်ဟယ်ကို အတူတူရှိနေစေချင်ရင် ဒီလူက ဆူးခလုတ်ပဲ]

ရုံရုံသည် သူမလက်ထဲက မွေနေသည့်ဇွန်းကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ ရှီလီက ဖုန်းယွင်ဟယ်ကို ကြိုက်နေတာ မဟုတ်လား။ ဘာလို့ သူ့ကို အခြားတစ်ယောက်နဲ့ တွဲပေးဖို့ကြိုးစားနေတာလဲ။

သူမ သတိလက်လွတ်ဖြင့် နက်မှောင်သောမျက်ခုံးတွေကို ကြုတ်လိုက်မိသည်။

ပြီးတော့ “လျန်ရုန်ရုန်” က အောင်သွယ်ပေးဖို့ သာမန်ပစ်မှတ်လား ဒါမှမဟုတ် အထူးရွေးချယ်ထားတဲ့သူလား။

ရှီလီ၏ ဖုန်း၏ကင်မရာကို ဖွင့်လိုက်ပြီး ချောမောသော လူငယ်နှင့် လှပသော အမျိုးသမီးတို့ တက်ကြွစွာ စကားပြောနေတာကို ရိုက်ယူထားလိုက်သည်။

ဓာတ်ပုံရိုက်ပြီးနောက် ရှီရွှမ်း၏ ပဟေဠိဖြစ်နေသော အမူအရာနှင့် ဆုံသွားသဖြင့် ယဉ်ကျေးစွာပြုံး၍ “အစ်မ၊ ညီမကတော့ အဲ့လူ့ကို အတော်လေး ကြည့်ကောင်းတယ်လို့ထင်တယ်။ သူ့ဖုန်းနံပါတ်ကို ဘာလို့သွားမတောင်းကြည့်တာလဲ။ ကြည့်စားကြည့်လေ!”

267 03

“လာနောက်နေတာလား”

ကန်းယွမ်က ရိုးသားစွာ မျက်တောင်ခတ်လိုက်ပြီး အပြင်လူတစ်ယောက်အနေနှင့် ညီအစ်မကြားက စကားအသွားအလာကို နားမလည်ပေ။

စားပွဲဝိုင်းတွင် သူမ လုပ်ဖော်ကိုင်ဖက်၏ သားဖြစ်သူ၊ သူစိမ်းတစ်ယောက်ရှိနေတာကိုစဉ်းစား၍ ရှီရွှမ်းက စကားလုံးတွေကို ထိန်းကွပ်ပြောလိုက်၏။ “သူက ငါ့ထက် အတော်လေးငယ်တယ်။ ငါ့အသက်အရွယ်နဲ့လူငယ်တွေကို ဒုက္ခမပေးသင့်ဘူး”

ဤသည်မှာ ရှီရွှမ်း ကောက်ကာငင်ကာ သုံးလိုက်သော ဆင်ခြေတစ်ခုပင်။ ရှီလီတောင်ဘာမှမပြောနိုင်ခင်မှာတင် ကန်းယွမ်က ဝင်ပြောလာကာ “အသက်အရွယ်က အတားအဆီး မဖြစ်သင့်ဘူး။ အစ်မ၊ အစ်မကိုကြည့်ရတာ နှစ်ဆယ်ဝန်းကျင်ပဲ ရှိဦးမယ်။ အစ်မနဲ့အဲ့လူငယ်ကြားက အသက်ကွာဟချက်က အဲ့လောက်လည်း မကြီးပါဘူး။ ဘာလို့များ'ဒုက္ခပေးတယ်’ ဆိုတဲ့ လေးနက်တဲ့ အသုံးအနှုန်းကို သုံးနေရတာလဲ”

ရှီလီလည်း မီးတောက်ကို ယပ်ခပ်ပေးလာသည်။“ဟုတ်သားပဲ၊ အစ်မရယ်။ ဆက်ဆံရေးမှာ တစ်ခါလေး ကျရှုံးသွားတာနဲ့ အချစ်ကို အရမ်းကြောက်မနေသင့်ဘူး။ အဲ့လိုဆို မဟုတ်သေးဘူးလေ။ အချစ်ကို ရှောင်ဖယ်နေရင် အတိတ်တုန်းက ကျရှုံးမှုရဲ့အရိပ်ကို ဘယ်မှာဖြတ်ကျော်နိုင်တော့မလဲ။ ညီမအထင်ကတော့ အစ်မအနေနဲ့ ပိုပြီးသတ္တိရှိသင့်တယ်”

ရှီရွှမ်း တွေးလိုက်၏: ငါတော့ အဲ့လောက်ကြီးသနားစရာကောင်းတယ်လို့ မထင်ပေါင်။ အဲ့အကြောင်းကို နေရာတကာ လျှောက်ပြီးကြေညာနေစရာ မလိုဘူးရယ်။

ရှီလီက အကျင့်အတိုင်း ရှီရွှမ်းနှင့် စနောက်နေတာဖြစ်သည်။

သို့သော် ထင်မှတ်မထားစွာဖြင့် ရုံရုံ၏ငယ်သူငယ်ချင်းမှာ တကယ့်ကို စိတ်အားထက်သန်နေပြီး ရှီရွှမ်း ဖုန်းနံပါတ်တောင်းမှာကိုကူညီပေးဖို့ မတ်တပ်တောင် ရပ်ပြီးနေလေပြီ။

မိန်းကလေးသုံးယောက်၏ ထိတ်လန့်နေသော အကြည့်တွေအောက်မှာတင် သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့တိုးသွားတော့၏။

ရှီလီက မျက်တောင်ခတ်၍ ရုံရုံကိုကြည့်ကာ“ဒီလူချောက ‌အတော်လေး ကူဖော်လောင်ဖက်ရသားပဲနော််၊ ဟုတ်တယ်မလား”

ရုံရုံက အတင်းလုပ်ပြုံးကာ “ဟုတ်တယ်မလား”

******

268 01

အခန်း ၂၆၈: နိုးထပြီးနေပြီ

ကန်းယွမ်က စိတ်ထားကောင်းရုံတင်သာမက အင်မတန် ကြိုးစားသည့်သူပင်။ သူသည် ရှီရွှမ်း၏ဖုန်းကို ပြန်ယူလာ၍ တာဝန်ပြီးဆုံးသွားသော ခံစားချက်နှင့်အတူ ပြောလိုက်၏။ “ရလာပြီ”

ပါဝင်ပတ်သက်နေသော အခြားလူဖြစ်သည့် ရှီရွှမ်း၏အပြုံးမှာ ကန်းယွမ်က ဖုန်းနံပါတ်တောင်းခဲ့ရာ၌ ပိုင်ရှန်းအား သူမရှိရာ ဘက်ကိုညွှန်ပြပေးခဲ့သဖြင့် တောင့်တင်းလာတော့၏။

ယောက်ျားနှစ်ယောက်စလုံးက သူမကို ကြည့်နေကြသော ရှီရွှမ်း‌မှာ ကသိကအောက်နိုင်သော အပြုံးကိုသာ ဆင်မြန်းလိုက်နိုင်သည်။

ကန်းယွမ်က သဘောကောင်းဖြင့်ဆိုတော့ ရှီရွှမ်းမှာ “ကျေးဇူးပဲ၊ ကျေးဇူးပဲ” ဟုသာဆိုနိုင်သည်။

သူမက ရှီလီကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်ပြီး အနှီအရူးမလေး၏ လက်လွတ်စပယ် ပြောဆိုမှုကြောင့် ယခုလို နားလည်မှုလွဲသွားသည့်အတွက် အပြစ်တင်လိုက်သည်။

ရှီရွှမ်းက တတ်နိုင်သမျှ ခေါင်းငုံ့ထား၍ သူမ၏တည်ရှိမှုကို လျှော့ချင်နေကာ ပိုင်ရှန်း ရောက်လာမှာကို ကြောက်နေမိသည်။

ကံကောင်းစွာဖြင့် သူတို့ဆီသို့ ပိုင်ရှန်း ချဉ်းကပ်မလာပေ။ သူ ထွက်မသွားခင်၌ စားပွဲ‌ရှိလူတိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်သွား၏။

နောက်ဆုံး သူထွက်သွားတော့မှ ရှီရွှမ်းမှာ သက်ပြင်းရှည်ကြီးချလိုက်တော့၏။ အကယ်၍ စားပွဲတွင် အပြင်လူတွေမရှိပါက ရှီလီကို အလွန်ဆိုးသွမ်းသည့်အတွက် ကျိန်းသေပေါက် ကောင်းကောင်းလေး ဆူပစ်လိုက်မှာပင်။

ကန်းယွမ်က သူ၏သိမ်မွေ့သောအပြုံးကို ဆင်မြန်းထားဆဲဖြစ်ပြီး ပြောလာသည်။ “တကယ်တော့ ကျွန်တော့်မှာ လူလွတ်အတန်းဖော်တွေ အများကြီးရှိတယ်”

ရှီရွှမ်း၏ မျက်လုံးများ တောက်ပသွား၏။

သူမသည် အတော်လေး စိတ်ဝင်စားနေ‌သော်လည်း သူများတွေရှေ့၌ သူမ၏ပုံရိပ်ကို ထိန်းသိမ်းဖို့ လိုအပ်နေသေးသည်။

ဤအခြေအနေတွင် ရှီလီက သွားပေါ်အောင်ပြုံး၍ ဝင်ပြောလာ၏။ “ကျွန်မအစ်မက ရုပ်ရည်ကိုပဲ ကြည့်တာနော်၊ ရုပ်ချောတဲ သူတွေကိုပဲ လိုချင်တာ”

ရှီရွှမ်းက ရှီလီကို စနောက်သည့်သဘောဖြင့်ရိုက်လိုက်တော့သည်။

ရှီလီနှင့် ရုန်ရုန်၏ တိုက်ရိုက်ဆန်သော အကြည့်အောက်၌ ကန်းယွမ်မှာ ဖုန်းကိုထုတ်၍ အတန်းဓာတ်ပုံကို ရှာရုံမှလွဲပြီး မတတ်နိုင်တော့ပေ။

သူ ရှင်းပြလိုက်၏။ “သူတို့က ဓာတ်ပုံရိုက်ရတာမကြိုက်တော့၊ အုပ်စုလိုက်ပုံပဲရှိတယ်”

ရှီရွှမ်းသည် လင်းလက်နေသော ဖုန်းစခရင်ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်စဉ်မှာ သူမ၏ ချိုမြိန်သော ဝမ်းကွဲပြောလာတာကို ကြားလိုက်မိ၏။ “ကောင်းတယ်၊ ကောင်းတယ်။ ရုံရုံနင့်အစ်ကိုက ပြိုင်ဘက်ကင်းတဲ့ လူကောင်းတစ်ယောက်ပဲဟ”

ညီမဖြစ်သူထံမှ အကြည့်ကို လက်ခံရရှိလိုက်သော ရှီရွှမ်းမှာ အလွန်ယဉ်ကျေးစွာဖြင့် မေးကြည့်လိုက်သည်။ “မောင်လေးက အရမ်း သဘောကောင်းတာပဲ။ ကောင်မလေးရှိလား။ ဘယ်လိုမိန်းကလေးတွေကို သဘောကျလဲ”

ကန်းယွမ်က အပြုံးတစ်ပွင့်ဖြင့် ငြင်းပယ်လိုက်သည်။ “မလိုဘူးဗျ”

တကယ်တော့ ရှီရွှမ်းသည် အောင်သွယ်ဗီ ဇနိုးထလာတာမဟုတ်ဘဲ ယဉ်ကျေးနေရုံသာ။ ကန်းယွမ်က မလိုဘူးဆိုမှာတော့ သူမ ဒီအတိုင်းပဲ ထားလိုက်တော့၏။

ယနေ့တွင် ရုံရုံ၏ စိတ်အခြေအနေမှာ အကောင်းကြီး မဟုတ်နေပေ။ သူမ မူလရည်ရွယ်ထားတာက အလုပ်မဖြစ်ဘဲ ထိုအစား ပိုင်ရှန်းဘေးနားတွင် နောက်တစ်ယောက် ရှိနေနိုင်တာကို သိရှိလိုက်ရ၏။

ရုံရုံ၏ လက်ရှိစိတ်အခြေအနေကို ရှီလီ မသိပေ။ သူမက ရှီရွှမ်းအတွက် အီလက်ထရွန်နစ် အိမ်မွေးတိရစ္ဆာန်ရရန်၊ ပျင်းရိဖွယ်ကောင်းသော ဘဝကို ဖြတ်သန်းရာတွင် အကူအညီရစေရန်နှင့် ရှီလီအား ဆက်တိုက်အနှောင့်အယှက် ပေးလာခြင်းမှ တားဆီးရန်အတွက် ရှီရွှမ်းကို ပိုင်ရှန်း၏ ဖုန်းနံပါတ်အား အဓိက ထား၍ ရယူစေခဲ့တာဖြစ်သည်။

268 02

ဒါပေါ့၊ နောက်ထပ်အကြောင်းရင်းလည်း ရှိသေး၏၊ သူမသည် ပိုင်ရှန်းအကြောင်းကို သိပ်မသိထား၍ အလွန်သိချင်နေသောကြောင့်ပင်။

ရှီရွှမ်း တွေးလိုက်၏: ဒီတော့ ငါက လူမဟုတ်ဘူးပေါ့၊ နင်က ငါ့ကို ယဇ်ကောင်အနေနဲ့ အသုံးချနေတာပဲ။

အပြင်ဘက်တွင် မိုးသီးကြွေနေတာ မရပ်တန့်သေးပေ။ ရှီလီ ပြတင်းပေါက်အပြင်ဘက်ကို ခေါင်းစောင်းကြည့်လိုက်၏။

ကော်ဖီတစ်ဆိုင်လုံးတွင် ရှီလီ၏ ခေါင်းလောင်းထိုးသံကဲ့သို့ ရယ်သံကို ရုံရုံတစ်ဦးတည်းသာ ကြားနေရသည်။ ရှီလီ၏ အကြည့်အတိုင်းအပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ထိုနေရာတွင် ရှိနေခဲ့သူကို မြင်လိုက်ရသည်...

မိုးသီးကြွေနေတာကို မမှုဘဲ ကော်ဖီဆိုင် အပြင်ဘက်သို့ သူဘာကြောင့် လမ်းလျှောက်ထွက်သွားလဲဆိုတာကို ရုံရုံ နားမလည်ပေ။

ခေါင်းမှန်ပြီးနာမှာ မကြောက်ဘူးလားမသိဘူး။

ရှီလီ တွေးလိုက်၏: နားမလည်ဘူးမလား။ ကြည့်ကောင်းနေဖို့ဆိုရင် တကယ်လို့ သူနာရင်တောင်မှ မနာဘူးလို့ ပြောလာမှာပဲ။

ရုံရုံသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ “ဒီနေ့ မိုးသီးကြွေတာ တော်တော်ပြင်းထန်တာပဲ”

ရှီလီ ခေါင်းညိတ်၍ “မိုးသီးက ‌တကယ်ကြီးတယ်နော်၊ သူ့ခေါင်းကတော့ အတော့်ကိုမာနေမှာ”

ရုံရုံ: ...ဒီလို ဟာသဉာဏ်နဲ့ဆို ကျောင်းမှာဘွဲ့ယူဖို့အတွက် နင်ပြင်ဆင်နေရမှာ။

ရှီလီက ကျောင်းမှဘွဲ့ယူရန် မဟုတ်ဘဲ လမ်းခွဲဂုရုအတန်းတွင် အမည်စာရင်းသွင်းဖို့ လိုအပ်နေတာဖြစ်သည်။ လူတွေကို ကူညီပြီး လမ်းခွဲပေးရန်အလို့ငှာ သူမ၏ စွမ်းရည်တွေက အနည်းအကျဉ်းတော့ လစ်လပ်နေဆဲပင်။

သို့သော် ယခုတွင်မူ ရှီလီ၌ ယခင်တုန်းက မရှိခဲ့ဖူးသော အကျိုးအမြတ်တစ်ခု ရှိလာခဲ့လေပြီ၊ သူမ၏ တာဝန်များကို ပြီးစီးအောင်ဆောင်ရွက်ရန်အတွက် အဆုံးမရှိသော အားလပ်ရက် ခရီးရှည်ကြီး ရှိနေတာပင်။

ရှီလီသည် ယခုချိန်၌ ကိစ္စတွေကို စီမံဖို့လိုအပ်နေသည်: [ပထမဆုံး ပိုင်ရှန်းကို ရှင်းပစ်ပြီးရင် ဖုန်းယွင်ဟယ်နဲ့ လျန်ရုန်ရုန်ကို တွဲပေးရမယ်]

[ရိုးရိုးရှင်းရှင်းလေးပဲ၊ ငါလုပ်နိုင်တယ်]

[ပိုင်ရှန်းနဲ့ လျန်ရုန်ရုန်တို့ အခုလောလောဆယ် တွဲနေကြလားဆိုတာပဲ မသိတာ]

ရုံရုံ: သူတို့ မတွဲပါဘူးလို့။

[တကယ်လို့ သူတို့တွေ မတွဲဘူးဆိုရင်တော့ ရှင်းတယ်။ တွဲနေရင်တော့ သူတို့တွေ လမ်းခွဲဖြစ်အောင်လို့ ငါနည်းလမ်းရှာရလိမ့်မယ်]

ရုံရုံ သည် အပြင်ပန်းမှာတော့ တည်ငြိမ်နေသော်လည်း အတွင်းဘက်မှာတော့ ခံစားချက်တွေ ရောပြွန်နေလျှက်ပင်။

[ဟမ်း၊ ပြီးကျရင် အစ်မဆီကနေ ပိုင်ရှန်းရဲ့ဖုန်းနံပါတ်ကိုတောင်းပြီး သူ့ကို သကြားမေမေအချို့နဲ့ မိတ်ဆက်ပေးလိုက်မယ်]

ဤပိုင်ရှန်း၏ ရုပ်ရည်မှာ အလှအပကို ကြိုက်နှစ်သက်သည့် ချမ်းသာသော အမျိုးသမီးကြီးများ၏ အကြိုက်နှင့် အတော်လေး ကိုက်ညီနေသည်။

အစောင့်ရှောက်ခံ ယောက်ျားဖြစ်ရတာကို ဘယ်ယောက်ျားကမှ မငြင်းဆန်နိုင်ဘူးလို့ ရှီလီ ခိုင်ခိုင်မာမာ ယုံကြည်ထား၏။ အကယ်၍သူတို့တွေ ငြင်းဆန်လာပါက စီစဉ်ပေးမှုတွင် အနေအစားချောင်ခြင်းက မလုံလောက်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်!

ရုံရုံ: …ငါအခုတော့ ထုံသွားပြီ။ ခြေလေးချောင်း ဖားပြုပ်တွေကို ရှာရခက်ပေမဲ့ ခြေနှစ်ချောင်း ယောက်ျားတွေကတော့ လမ်းပေါ်မှာ နေရာတကာ ရှိနေတာပဲလေ။ သူမ အခြားတစ်ယောက်ကို ရှာသင့်နေပြီ၊ သစ်ပင်တစ်ပင်တည်းကိုပဲ ဖက်တွယ်မနေသင့်တော့ဘူး။ ဒီသစ်ပင်က အပြင်ပန်းတော့ အရမ်းကြည့်ကောင်းပေမဲ့ အတွင်းပိုင်းကျတော့ ပုပ်သိုးနေတယ်။

မိုးသီးကြွေနေသည်မှာ မကြာခင် ရပ်တန့်သွားမည့် အရိပ်အယောင်မပြဘဲ ဆက်လက်ကြွေကျနေသဖြင့် ရှီအစ်မတွေသည် ပြန်ဖို့ကိုစိတ်မကူးတော့ဘဲ မိုးသီးကြွေပြီးသည်အထိ စောင့်ဆိုင်းပြီးမှ ပြန်ဖို့ပဲ စီစဉ်လိုက်ကြ၏။

ကံကောင်းစွာဖြင့် သူတို့ကြားထဲတွင် ဆွေးနွေးစရာ အကြောင်းအရာမျိုးစုံ ရှိနေလေသည်။ ရှီရွှမ်းက သူ့အမေနှင့် ကျောင်းကကိစ္စတွေကိုကန်းယွမ်နှင့် ပြောနိုင်ပြီး ရှီလီမှာ ရှီရွှမ်းဖို့ ဘယ်အတန်းဖော်က ပိုသင့်လျော်လဲဆိုတာကို ဆွေးနွေးနိုင်ပြီး ရုံရုံကတော့ ကန်းယွမ်နှင့်ရှေးဟောင်းနှောင်းဖြစ်အကြောင်းတွေ ပြန်ပြောနိုင်သည်။

မိန်းကလေးသုံးယောက်မှာ အချင်းချင်း ရင်းနှီးကြသဖြင့် ဆွေးနွေးရန် ခေါင်းစဉ်များမှာ အဆုံးမသတ်နိုင်အောင်ပင်။

ပြတင်းပေါက် အပြင်ဘက်က အသံတွေမှာတဖြည်းဖြည်း လျော့ပါးသွားပြီး မကြာခင်မှာပဲ ရပ်စဲသွားတော့၏။

လွန်ခဲ့သော ခဏပိုင်းတုန်းက တိမ်မည်းတွေဖြင့် ဖုံးလွှမ်းနေသော မိုးကောင်းကင်ယံမှာ မိနစ်ပိုင်းအတွင်း ရုတ်ချည်းကြည်လင်လာ၍ အပြာရောင် ကောင်းကင်ထက်တွင် သက်တန့် တစ်ခု ‌ထွက်ပေါ်လာခဲ့၏။

မိုးသီးကြွေတာ ရပ်စဲသွားပြီးနောက် မောလ်ထဲတွင် အရိပ်ခိုခဲ့ကြသော လူတွေလည်း တဖြည်းဖြည်းချင်း ပြန်ကုန်ကြသည်။

268 03

Blue City ရှိ ဘဝအဟုန်မှာ မြန်ဆန်လှပြီး ဤအချိန်တွင် မောလ်ထဲရှိ လူတိုင်းမှာ ‌ပိတ်ရက်တွင် ဈေးဝယ်ထွက်ရန်အတွက် အလုပ်နှင့် ဘဝ၏ ဖိအားတွေအောက်မှ မလွတ်မြောက်နိုင်ချေ။

ရှီရွှမ်းတောင် အလုပ်ကိုပြန်သွားဖို့ လိုအပ်နေလေပြီ။ သူမ ပြုံးလိုက်ပြီး အခြားလူတွေကို ပြုံးပြလိုက်ကာ “အခု မိုးသီးကြွေတာ စဲသွားပြီဆိုတော့ အစ်မညီမနဲ့ ညီမနဲ့ အရင်ပြန်နှင့် တော့မယ်။ အစ်မက အလုပ်ပြန်သွားရဦးမှာ”

ရှီရွှမ်းက ကားသော့ကို လှုပ်ယမ်းလိုက်ပြီး“နင်တို့ရော ပြန်တော့မှာလား။ အစ်မက ဒီကိုကားမောင်းလာတာဆိုတော့ ကျောင်းဖြစ်ဖြစ်၊အိမ်ဖြစ်ဖြစ် ကားမောင်းပြီး ပြန််််လိုက်ပို့ပေးလို့ရတယ်နော်”

ကန်းယွမ်က ရုံရုံနှင့် ဆွေးနွေးစရာတွေ ကျန်နေသေးသဖြင့် ငြင်းလိုက်၏ “ကျွန်တော်လည်း ကားမောင်းလာတာ၊ ပြီးကျမှ ကျွန်တော် ရုံရုံကို ပြန်ပို့ပေးလိုက်ပါ့မယ်”

“ဒါဆိုလည်း ကောင်းပြီလေ”

သူတို့တွေ ထွက်သွားပြီးနောက် ရုံရုံသည် အနီးနားရှိ စားပွဲထက်က ကော်ဖီခွက်အလွတ်နှစ်ခွက်ကိုကြည့်၍ ပြုံးလိုက်၏။

ကန်းယွမ်က သိလိုစွာဖြင့် သူမကို မေးလာ၏။ “ဘာဖြစ်လို့လဲ”

ရုံရုံ ခေါင်းခါလိုက်ပြီး “ဘာမှမဟုတ်ပါဘူး၊ကောင်းချီးက ရုပ်ဖျက်ပြီး လာတယ်ဆိုတဲ့ဆိုရိုးစကားကို သတိရသွားလို့”

သူမ၏ မူလအစီအစဉ်အတိုင်းဆို ယနေ့တွင်အနှီလူနှင့် ပျော်ရွှင်စရာကောင်းသော တွေ့ဆုံမှုမျိုး ရှိရမှာပင်။

သို့သော် လမ်းတစ်ဝက်တွင် ကန်းယွမ်နှင့်ကြုံကြိုက်မိသွားသဖြင့် မူလအစီအစဉ်မှာနှောင့်ယှက်ခံလိုက်ရ၏။

သို့ပေတည့် ဤအရာကို ဆိုးရွားတယ်လို့ဘယ်သူက ပြောနိုင်မှာတဲ့လဲ။

ဤကမ္ဘာကြီးတွင် တစ်စုံတစ်ခုက ကောင်းသလား၊ ဆိုးသလား ဆိုတာကို အဆုံးထိတိုင်မည်သူမျှ ကြိုတင်မမှန်းဆနိုင်ပေ။

ရှီရွှမ်းသည် ပိုင်ရှန်းနှင့် စကားပြောရင်း အလုပ်ရှုပ်နေလို့ဖြစ်စေ၊ ကန်းယွမ် မိတ်ဆက်ပေးလာသည့် ကောင်လေးတွေနှင့် တွဲမိသွား၍ဖြစ်စေ ဘလိုင်းဒိတ်သွားရာ၌ သို့မဟုတ် အနီးဝန်းကျင် သို့ ခရီးထွက်ရာ၌ ရှီလီကို အနှောင့်အယှက်မပေးလာတော့ချေ။

ရှီလီမှာ ယာယီအားဖြင့် လွတ်ငြိမ်းခွင့် ရသွားတော့သည်။

ဤလွတ်ငြိမ်းခွင့်တွင် ကုန်ဆုံးရက်ရှိမလားဆိုတာတော့ မသေချာပေ။

ရှီလီက ၎င်းကို တန်ဖိုးထားတာကြောင့် အလျင်အမြန် ထုပ်ပိုး၍ ကျောင်းပြန်တက်ခဲ့သည်။

ရှီလီကို လဝက်လောက်ကြာသည်အထိ မတွေ့ရဘဲ သူမ၏ စိတ်ထဲကအတွေးကို မကြားရခြင်း သို့မဟုတ် သူမ၏ အတွေးတွေနှင့်အတူ ကပ်လိုက်လာသည့် အတင်းအဖျင်းတွေကို မရရှိတာကြောင့် သူတို့အတန်းဖော်များမှာ လက်ချာချိန်များသည် စိတ်ဝင်စားမှု လျှော့နည်းလာတယ်ဆိုတာကို သိလာကြ၏။

သူတို့တွေ စောင့်ပြီးရင်း စောင့်ဆိုင်းခဲ့ကာ နွေဦးရောက်လာချိန်မှာတော့ အတင်းအဖျင်းအသစ်နှင့်အတူ ရှီလီ ပြန်ရောက်လာခဲ့သည်။

ရှီလီသည် စာသင်ရန်အတွက် ပြန်ရောက်လာခြင်းမဟုတ်ဘဲ၊ ဗီလိန်မတစ်ယောက် လုပ်သင့်လုပ်ထိုက်တာများကို ဆောင်ရွက်ရန်အလို့ငှာ ဖုန်းယွင်ဟယ်အနား ချဉ်းကပ်ရန် သို့မဟုတ်သူ့ကို လျန်ရုန်ရုန်နှင့် တိုက်ရိုက်ချိတ်ပေးလိုက်ဖို့ကို စဉ်းစားရင်း ကျောင်းသို့ ပြန်ရောက်လာခဲ့တာဖြစ်သည်။

သို့သော် သူမ ပြန်လာသည်မှာ ရက်အ‌တော် ကြာပြီဆိုသော်ငြား ဖုန်းယွင်ဟယ်ကို လုံးဝမမြင်မိသေးပေ။

ရှီလီမှာ ပဟေဠိဖြစ်နေပြီး အကယ်၍ သူမ ကြံစည်နေတာကို သူသိနေလို့များ သူမကို ရှောင်နေသလားဟု တွေးထင်လာသည်။

ထို့နောက်မှာတော့ ဖုန်းယွင်ဟယ်က သူမကို မရှောင်နေဘူးဆိုတာကို သိလိုက်ရသည်။သူ့တွင် တစ်ခုခု ဖြစ်ပျက်သွားခဲ့တာပင်။

All Chapters