အခန်း (၂၆၉-၂၇၂)
Vol. 14 Ch. 269-272
269 01
အခန်း ၂၆၉: အတိတ်ပုံရိပ်
ယုတ္တိကျကျပြောရလျှင် စာအုပ်ထဲက အဓိကဇာတ်လိုက်အနေနှင့် ဖုန်းယွင်ဟယ်၏ ဆံပင်တစ်မွေး ကျွတ်သွားလျှင်တောင် လေးလေးနက်နက် မှတ်တမ်းတင်ခံရမှာဖြစ်သည်။
ရှီလီသည် သူမ၏ မှတ်ဉာဏ်များထဲ၌ မွှေနှောက်ရှာကြည့်သော်ငြား ဤအချိန်တွင်သူ့ထံ၌ မတော်တဆဖြစ်သည့် ဖြစ်ရပ်ဟူ၍မရှာနိုင်ပေ။
ရှီလီမှာ သူမ၏ မှတ်ဉာဏ်ကပဲ မှားယွင်းနေသလား သိို့မဟုတ် ဖုန်းယွင်ဟယ်က တကယ်မထိခိုက်ဘဲ နေမကောင်းဖြစ်ဟန် ဆောင်နေသလားဟူ၍ သံယဝင်လာမိတော့သည်။ သူ ဘာကြောင့် ဟန်ဆောင်ဖျားနေလဲ ဆိုတာကတော့ ကုမ္ပဏီကိစ္စတွေနှင့် သက်ဆိုင်နေလို့ဖြစ်နိုင်သည်။
ဤဟန်ဆောင်ဖျားနာမှုမှာ ဖုန်းယွင်ဟယ်၏ အကြံအစည်ထဲက တစ်စိတ်တစ်ပိုင်းဖြစ်ရမယ်ဟု သူမ တွေးထင်ခဲ့သည်။
ဖုန်းယွင်ဟယ်က လုံးဝဟန်ဆောင်နေတာ မဟုတ်ဘူးလို့ မကြားရသည်အထိ ရှီလီသည် ဤအတိုင်းသာ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့သည်။ -သူ့ဒဏ်ရာတွေက ပြင်းထန်ကာ ဖုန်းအဖေ ကားအက်ဆီးဒန့် ဖြစ်တုန်းကထက်တောင် ပိုဆိုးရွားနေသည်။
ကျိုးဟန်ယိက ပြောလာ၏ “အဲဒါ အရမ်းအန္တရာယ်များတယ်။ သူ သေတော့မလိုပဲ။ ကံကောင်းလို့ အသက်ရှင်တာ၊ ဆေးရုံကို အချိန်မီပို့လိုက်နိုင်တာ ကံကောင်းတယ်လို့ပဲပြောရမယ်၊ မဟုတ်လို့ကတော့ ခုချိန်ဆို ရှောနေလောက်ပြီ”
စာအုပ်ထဲတွင် ယခုလို ထိခိုက်ဒဏ်ရာအကြီးစားမျိုးကို ဖုန်းယွင်ဟယ် ခံစားရမယ်လို့ တစ်ခါမှ ဖော်ပြထားခြင်းမရှိဘဲ သူမ၏ ယခင်ဘဝတုန်းကလည်း ယခုလိုဖြစ်ရပ်မျိုးမှာ မဖြစ်ပွားဖူးခဲ့ပေ။
အမျိုးသား ဇာတ်လိုက်တစ်ယောက်အနေဖြင့် မူလဇာတ်လမ်းထဲတွင် ဖုန်းယွင်ဟယ်က ထိခိုက်ဒဏ်ရာ ဖြစ်ခဲသည်။ ထိခိုက်ဒဏ်ရာဖြစ်ရပ်များမှာ အများအားဖြင့် လျန်ရုန်ရုန်နှင့်အမျိုးသမီး ဇာတ်လိုက်များအတွက်သာ ဖြစ်ခဲ့သည်။
အမျိုးသမီးတွေက သူ့အတွက် ရန်ဖြစ်နေချိန်တွင် ဖုန်းယွင်ဟယ်ကတော့ ထိုနေရာမှာပဲ လှလှပပကြီး ရပ်နေရုံသာ။
သူမ မှတ်မိသည့်အတိုင်းဆို ဖုန်းယွင်ဟယ်၏တစ်ခုတည်းသော ထိခိုက်ဒဏ်ရာမှာ မနှစ်တုန်းက သဘာဝဘေးအန္တရာယ်ကြောင့် သူ့ကားမှာ ရွံ့တွေ၊ သဲတွေအောက် နစ်မြုပ်သွား၍ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားသောလျန်ရုန်ရုန်ဆီကနေ ကယ်တင်ခြင်းကို ခံရမှာဖြစ်သည်။
ဤဖြစ်ရပ်က ဖုန်းယွင်ဟယ်နှင့် လျန်ရုန်ရုန်တို့ကြားက ဆက်ဆံရေးတွင် အကြီးမားဆုံးသောတိုးတက်မှုကြီးတစ်ခု ဖြစ်ရမှာပင်။
လျန်ရုန်ရုန်က သူ့ကို ကယ်ပေးခဲ့သော်လည်း သူကတော့ သူမ(ရှီလီ) ကယ်ပေးတယ်လို့ ထင်သွားပြီး နားလည်မှုလွဲသွားခဲ့သည်။
သို့သော် အမည်မသိသော အကြောင်းရင်းအချို့ကြောင့် ဖုန်းယွင်ဟယ်မှာ မနှစ်တုန်းက ထိုအက်ဆီးဒန့် မဖြစ်ခဲ့ပေ။ ထိုအစား ဖုန်းအဖေကသာ ကားအက်ဆီးဒန့်ဖြစ်သွား၍ ထိုကတည်းက ဆေးရုံတက်နေရသည်။ ယခုတောင်မှ ဖုန်းအဖေသည် အပြည့်အဝ ပြန်လည်မကျန်းမာသေးဘဲ ရံဖန်ရံခါ ဆေးရုံတက်ဖို့လိုသေးသည်။
ဆေးရုံက မကြာခဏ မကျန်းမာသော ဖုန်းအဖေလို ချမ်းသာသည့် လူနာတွေအား လှိုက်လှိုက်လှဲလှဲကို ကြိုဆိုလေသည်။
ကျိုးဟိန်ယိကတော့ သူ့သူငယ်ချင်းအကြောင်း အတင်းပြောနေတာကို လုံးဝသတိမမူမိဘဲ ဒရာမာကြိုက်သော တစ်စုံတစ်ယောက်နှင့်ဆက်လက်လေပန်းနေ၏ “တကယ်ထူးဆန်းတာနော်။ မိုးသီးတွေ စရွာလာတုန်းက တစ်လုံးတစ်လုံး လက်သီးလောက်ရှိတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ကွာ၊ ယွင်ဟယ်ကလည်း အပြင်မှာတစ်ယောက်တည်း ရှိနေတာဟေ့”
မိုးသီးမုန်တိုင်းထဲသို့ ဖြတ်လျှောက်သွားသောလင်းယုန်ငှက်ကို ရှီလီ ရုတ်တရက် တွေးမိသွား၍ ပိုင်ရှန်း၏ခေါင်းက ဘယ်လောက်တောင် မာကြောလဲဆိုတာကို မတွေးမိဘဲ မနေနိုင်တော့ပေ။ ကျည်ကာပစ္စည်း သုတေသနလုပ်ဖို့ အစိုးရက သူ့ကို ခေါ်သွားသင့်တယ်။
“ကံကောင်းထောက်မပြီး၊ လျန်ရုန်ရုန်က ဖြတ်သွားရင်းနဲ့ သွေးအိုင်ထဲ လဲကျနေတဲ့ယွင်ဟယ်ကို တွေ့သွားလို့ပေါ့”
“ဒါဆို ဖုန်းယွင်ဟယ်က်ို လျန်ရုန်ရုန် ကယ်လိုက်တာပေါ့နော်” ရှီလီက ခက်ခက်ခဲခဲမေးလိုက်သည်။
ကျိုးဟိန်ယိက ခေါင်းညိတ်၍ ကံကောင်းလို့သူ့ကို လျန်ရုန်ရုန် တွေ့သွားလို့၊ မဟုတ်ရင်သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ပြောလာသည်။
ဖုန်းယွင်ဟယ်သည် လွန်ခဲ့သော ခြောက်လတုန်းက သူ့ကံကြမ္မာကို ရှောင်ရှားခဲ့သော်ငြား အက်ဆီးဒန့်ဖြစ်၍ လျန်ရုန်ရုန်က တိုက်တိုက်ဆိုင်ဆိုင် ကယ်တင်ခဲ့ခြင်းမှာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ရှီလီ တွေးလိုက်သည်။
အကယ်၍ ဤဟာက ထုံစံအတိုင်း CEO ရိုမန့် ဝတ္ထုမျိုး မဟုတ်ဘူးဆိုလျှင် လျန်ရုန်ရုန်က ဖုန်းယွင်ဟယ် သေလုနီးပါးဖြစ်သွားအောင် မိုးသီးမုန်တိုင်းကို ထိန်းချုပ်ခဲ့တယ်လို့ ရှီလီသံသယဝင်မိမှာပင်။
ကျိုးဟိန်ယိက တောင်ပြောမြောက်ပြောဆက်ပြောလာ၏ “အဲ့နေ့တုန်းက မိုးသီးကကြီးတယ်ဆိုပေမဲ့၊ သေစေလောက်တဲ့အထိမဖြစ်သင့်ဘူး။ ရာသီဥတု အစီရင်ခံစာတွေနဲ့သတင်းတွေကို ငါ စစ်ကြည့်ခဲ့သေးတယ် -အခြားဧရိယာတွေမှာဆို မိုးသီးတွေက နှင်းပွင့်လောက်ပဲရှိတာ၊ ထိမိရင် နာပေမဲ့ ဒဏ်ရာဖြစ်စေတဲ့အထိတော့ မဟုတ်ဘူး။ ယွင်ဟယ်ရှိနေတဲ့နေရာကျမှ လက်သီးဆုပ်လောက်ရှိတဲ့ရေခဲတုံးကြီးတွေ ပေါ်လာတာကွ။ အမှန်တို င်းပြောရရင်တော့ကွာ၊ ယွင်ဟယ့်ဘဝက အရမ်းချောမွေ့နေလို့ ကောင်းကင်က သူ့ကို ဒဏ်ခတ်လိုက်သလားလို့ပဲ ငါတော့ ထင်မိလာပြီ”
269 02
ရေခဲတုံးများ၏ ပေါ်ထွက်လာခြင်းက အလွန်မူမမှန်သဖြင့် တစ်ယောက်ယောက်ကများ ဖုန်းယွင်ဟယ်ကို ထိခိုက်အောင် ကြိုးစားခဲ့သလားဟူ၍ ဖုန်းမိသားစုက သံသယရှိလာပြီးစောင့်ကြည့်ရေးမှတ်တမ်းကို စုံစမ်းစစ်ဆေးခဲ့ကြသည်။
သို့သော် ၎င်းက သတ်ဖြတ်ရန် ကြံစည်ခြင်းမဟုတ်နေ။ သူတို့၏ အဖိုးတန်သားမှ။ သာမန်ထက်လွန်ကဲသော ကံဆိုးမှုဖြင့်သာ ရိုးရိုးရှင်းရှင်း ကြုံတွေ့ခဲ့၍ ဧရာမ မိုးသီးကြီးများက သူ့ခေါင်းကို ပစ်မှတ်ထားခဲ့ကြတာပင်။
အကယ်၍ ဖုန်းယွင်ဟယ်ကို ထိခိုက်အောင်လုပ်ဖို့ တစ်စုံတစ်ဦးက ကြိုးစားနေတယ်ဆိုပါက မိုးကောင်းကင်သာ ဖြစ်ပေလိမ့်မည်။
ရှီလီ၏မျက်နှာမှာ သံသယတွေကြောင့် ရှုံ့မဲ့နေပြီး ကျိုးဟိန်ယိကို မေးခွန်းထုတ်လိုက်သည် “လက်သီးဆုပ်လောက်ရှိတဲ့ မိုးသီး။ တကယ်ကြီး အဲ့လောက်ကြီးနိုင်လို့လား”
ကျိုးဟိန်ယိများ ချဲ့ကားပြောနေသလားလို့ သူမ သံသယဝင်မိလာသည်။
သူမ၏ သံသယကိုမြင်နေရတော့ ကျိုးဟိန်ယိက ဖုန်းကိုဆွဲထုတ်၍ ဓာတ်ပုံအချို့ကို ပြသလာကာ “ဒါကိုကြည့်။ ငါဘယ်တော့မှ မလိမ်ဘူး”
ဓာတ်ပုံက တစ်ဝက်အရည်ပျော်နေသော မိုးသီးတွေနှင့် မြေကြီးပေါ်တွင် သွေးတွေနှင့် ရောနေသော ရေခဲရေတွေကို ပြသနေကာ ရှီလီကို မျက်နှာမဲ့သွားစေသည်။
နောက်တစ်ခုက ဆယ့်ငါးမိနစ်စာ ဗီဒီယိုတစ်ပုဒ်ဖြစ်ကာ ၎င်း၏ အရည်အသွေးအရ ထိုနေ့တုန်းက စောင့်ကြည့်ရေးမှတ်တမ်းဆိုတာရှင်းလင်းပေသည်။
စောင့်ကြည့်ရေးမှတ်တမ်းက အနည်းငယ်ဝေဝါးနေသော်ငြား အရည်အသွေးကို တိုးမြှင့်ထားပြီး အစပိုင်းမှာတော့ မိုးသီးတွေကပုံမှန်အတိုင်း နှင်းပွင့်အရွယ်ပဲရှိကြကာ ဖုန်းယွင်ဟယ် အပြင်ထွက်လိုက်တာနှင့် လက်သီးဆုပ်အရွယ် ရေခဲတုံးတွေအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွား၍ ပြုတ်ကျလာတာကို ပြသနေသည်။
ရှီလီက အံ့ဩမင်သက်စွာ ကျစ်စုတ်၍“အဲဒီမိုးသီးက ဧရာမကြီးပဲ”
သူမ စိတ်ထဲကနေပြီး မလှောင်ပြောင်မိဘဲမနေနိုင်တော့ပေက [ဝေါင်း၊ ဖုန်းယွင်ဟယ်ရဲ့ခေါင်းက အတော့်ကိုမာတာပဲ။ ဒီလိုမျိုး ဧရာမမိုးသီးတွေနဲ့ ထိခိုက်မိသွားတာတောင် အသက်ရှင်နေသေးတယ်]
ကျိုးဟိန်ယိ တွေးလိုက်၏: အရင်ကတော့ ဖုန်းယွင်ဟယ်ကို ကြိုက်လှချည်ရဲ့ဆိုပြီးစိုးရိမ်ပြရမဲ့အစား သူ့ခေါင်း ဘယ်လောက်မာတယ်ဆိုတာကိုပဲ အထင်ကြီးနေပါ့လား။ အင်းလေ၊ မျှမျှတတပြောရရင် မိုးသီးကိုမြင်တုန်းက သူ့ရဲ့ ပထမဆုံးအတွေးကလည်း အတူတူပဲဟာကို။
[မိုးလေဝသက ရာသီဥတုပြင်းထန်နေပြီး အိမ်ထဲမှာပဲနေပါလို့ သတိပေးခဲ့သားပဲ။ နားမထောင်တော့ အခုလိုဖြစ်ပြီပေါ့]
ရှီလီ၏လေသံမှာ ချစ်မြတ်နိုးနေသူ မဟုတ်ဘဲ ကံဆိုးမိုးမှောင်ကျတာကို ပျော်နေတယ်လို့ ကျိုးဟိန်ယိ ခံစားမိနေသည်။
ရှီလီက စိုးရိမ်ပူပန်လွန်းနေတာလို့ပဲ သူ့ကိုယ်သူအယုံသွင်းလိုက်ရ၏။
နောက်တစ်ခဏတွင်မူ ရှီလီ၏ တကယ့်စိုးရိမ်နေမှုက ဘာလဲဆိုတာကို ကျိုးဟိန်ယိ မျက်မြင်သိလိုက်ရသည်။
သူမက စိုးရိမ်တကြီး မေးလာခဲ့၏“အခု အစ်ကိုယွင်ဟယ် ဘယ်လိုနေလဲဟင်။ အဆင်မှပြေရဲ့လား။ သတိရောရပြီလား။ ရေရှည် သက်ရောက်မှုတွေရော ရှိနိုင်လား”
ဤအခြေအနေတွင် ဖုန်းယွင်ဟယ်၏ ဩချလောက်သည့် ဒူပေနာပေခံနိုင်မှုကို ကျိုးဟိန်ယိ လက်ဖျားခါရတော့၏။ လက်သီးဆုပ်အရွယ်မိုးသီးက ဘယ်သူ့ကိုမဆို ဖြုတ်ခနဲ သေစေနိုင်တာပင်။
ကံကယ်သွားလို့ ဖုန်းယွင်ဟယ်သာ မိနစ်ပိုင်းလောက် နောက်ကျပြီးမှ ရောက်လာပါက သေသွားနိုင်တယ်ဟု ဆရာဝန်တွေကတော့ ပြောသည်။ သူသည် ချက်ချင်းမသေဘဲ အချိန်မှီရှာတွေ့၍ ဆေးရုံသို့ အလျင်စလိုပို့နိုင်ခဲ့တာကြောင့် အောင်အောင်မြင်မြင် ကယ်ဆယ်လိုက်နိုင်လို့သာ အသက်ရှင်ရတာဖြစ်သည်။
ဒဏ်ရာက သေစေနိုင်လောက်တယ်ဆိုသော်လည်း အရေးပေါ်ခန်းထဲဝင်ပြီးနောက် နောက်တစ်နေ့မှာတင် အပြည့်အဝ သတိပြန်လည်လာခဲ့ပြီး ယာယီတော့ လမ်းလျှောက်လို့မရသေးပေ။
သူ့တွင် တကယ့်ကို အံ့ဩဖို့ကောင်းသော ရှင်သန်လိုစိတ်ရှိနေလေသည်။
လူတွေမှာ ကွဲပြားသော ကံကြမ္မာတွေရှိကြ၍ ချမ်းသာကြွယ်ဝသူတွေကြားမှာတောင် ကံကြမ္မာက အကြိုက်ဆုံးတွေကိုသာ ကစားတတ်သည်။
သာဓကအားဖြင့် ရှောင်မိသားစု၏ သားကြီးပင်။ သူ၏ အချက်အချာ လက္ခဏာတွေကိုသာမန်ပဲဟု ပြောကြသော်လည်း သတိမေ့မြောနေဆဲသာ။
ရှောင်မိသားစုမှာ သူတို့၏သားက ကျိန်စာမိနေတယ်လို့ သံသယရှိလာကြတာကြောင့် ရိုးရာပေးရန်အတွက် ဝိညာဉ်ရေးရာ ဆရာသခင်များကို နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြသည်။
“သူနိုးနေတာကြာပြီ။ နင် ဆေးရုံကိုသွားပြီး သူ့ကို ကြည့်ချင်လား”
******
270 01
အခန်း ၂၇၀: အနိုင်ကျင့်ခံရခြင်း
ချစ်ခင်နေသော လူတစ်ယောက်အနေနှင့် ဆေးရုံသို့သွား၍ ဖုန်းယွင်ဟယ်ကို သွားကြည့်ရမှာ သဘာဝပင်။
ထို့ကြောင့် ရှီလီက အတန်းတွေကို နှစ်ရက်သာ တက်ရောက်ခဲ့ပြီး အတန်းပိုင်ကိုပြော၍ ရိုးရိုးရှင်းရှင်း လွတ်ထွက်လာခဲ့၏။
အတန်းပိုင်မှာ ယခုတော့ ထုံနေလေပြီ။ သူသည် ရှီလီကို ဆက်ပြီးမထိန်းချုပ်နိုင်တော့တာကြောင့် သူမ သဘောအတိုင်း လုပ်ခွင့်သာ ပေးထားလိုက်တော့သည်။
ရှီလီက ကျောင်းဆင်းသည်အထိစောင့်ပြီး သူတို့တွေ ဖုန်းယွင်ဟယ်ဆီသို့ အတူတူသွားလို့ရသည်ဟု ကျိုးဟိန်ယိ မျှော်လင့်ခဲ့သည်။
သို့သော် သူမက အလွန်စိတ်အားထက်သန်နေပြီး အတန်းလစ်၍ ဖုန်းယွင်ဟယ်ကို သွားတွေ့မယ်လို့တော့ မထင်ထားမိခဲ့တာပင်။
သို့ပေတည့် သူကတော့ ကွဲပြားပေသည်။ -ကျောင်းတက်ဖို့လိုသေးသည့် သနားစရာ ကျောင်းသားတစ်ယောက် ဖြစ်နေသည်။
ရှီလီသည် ကျိုးဟိန်ယိမှတဆင့် ဖုန်းယွင်ဟယ်တက်နေသည့် ဆေးရုံကို သိရှိခဲ့သည်။ သူမ၏ မိသားစုဒရိုင်ဘာကို လိုက်ပို့ခိုင်းရမည့်အစား လမ်းမထက်က တက္ကစီကိုသာ ငှားရမ်းလိုက်သည်။
ဤသည်မှာ Blue City ရှိ သူကြွယ်တွေ သွားရောက်လိုသော ဇိမ်ခံဆေးရုံဖြစ်သည်။ ၎င်းတွင် ထူးခြားသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော လုံခြုံရေးနှင့် ဝန်ဆောင်မှုကောင်းရှိကာ - ပြစ်ချက်ဆို၍ ဈေးကြီးနေရုံသာ။
သို့တည့်တိုင် ချမ်းသာကြွယ်ဝသော လူတွေအဖို့ ဈေးနှုန်းဆိုတာ ပြဿနာမဟုတ်ပေ။
ရှောင်ဖေးယွီ၏အစ်ကိုလည်း ဤဆေးရုံမှလက်ရှိလူနာဖြစ်သည်။
ရှီလီက သူနာပြုကို အခန်းနံပါတ်နှင့် အထပ်ကိုပြောပြလိုက်တော့ တစ်စုံတစ်ယောက်က သူမကို ဖုန်းယွင်ဟယ်၏ အခန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်။
ရှီလီသည် အဓိကအားဖြင့် စပ်စုချင်စိတ်ဖြင့်သာ ရောက်လာခဲ့တာ ဖြစ်သော်လည်း သင့်လျော်သော ဧည့်တွေ့သူအဖြစ် ပြုမူနေရဦးမည်ဖြစ်သဖြင့် လက်တစ်ဖက်တွင် ပန်းတွေသယ်၍ ကျန်တစ်ဖက်တွင် သစ်သီးများဖြင့်ရောက်ချလာခဲ့တာပင်။
“အစ်ကိုယွင်ဟယ်၊ အစ်ကို ထိခိုက်မိသွားတယ်ကြားလို့၊ ညီမ လာတွေ့တာ။ ဘယ်လိုနေလဲ။ ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လားဟင်”
ဖုန်းယွင်ဟယ်က ဆေးရုံအိပ်ရာထက်တွင် ဖြူလျော်စွာ လဲလျောင်းနေပြီး အိပ်ရာ၏တစ်ဖက်ခြမ်း၌ ဖုန်းအမေနှင့် လျန်ရုန်ရုန်တို့ ထိုင်နေကြသည်။
ရှီလီက ပြုံးလိုက်ပြီး ဖုန်းအမေကို နှုတ်ဆက်လိုက်ကာ “အန်တီ၊ နေကောင်းရဲ့လား။ အန်တီ ကြောက်နေခဲ့မှာပဲနော်။ သမီး ပန်းသီးတွေဝယ်လာတယ် - ပန်းသီးမှာက စိတ်ငြိမ်စေတဲ့အာနိသင်ပါတော့ နည်းနည်းစားလိုက်ပါဦး”
ဖုန်းအမေက ရှီလီကို အင်မတန် သဘောကျသည်။ သူမ ဝယ်လာသည့် ပန်းတွေကို လက်ဖက်ရည်စားပွဲပေါ်က ပန်းအိုးထဲ ထိုးစိုက်၍ သစ်သီးခြင်းကို ဖုန်းယွင်ဟယ်၏ အိပ်ရာဘေးက စားပွဲပေါ်သို့ တင်လိုက်သည်။
“သမီးကလေ အရမ်းတွေးပေးတတ်တာပဲ”
သူမယောက်ျား၏ ဒဏ်ရာက ဝမ်းနည်းစေခဲ့သော်လည်း မကြာလဏ ဒဏ်ရာရနေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ၎င်းကို သူမ ကျင့်သားရလာပြီဖြစ်ကာ တဖြည်းဖြည်းနှင့်စိတ်ပူခြင်းတွေ လျော့ကျလာခဲ့၏။
သို့သော် သူမ၏သားကတော့ မတူပေ။ -သူမ၏အဖိုးတန်ကလေးဖြစ်ပြီး သူ့ဒဏ်ရာတွေက သူ့အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိစေခဲ့၏။
ဖုန်းအမေသည် ရက်အတော်ကြာသည်အထိကောင်းစွာ မအိပ်စက်ရသေးပေ။ သူမ၏သားကို သူနာပြုတွေ၊ ပြုစုပေးသူတွေက စောင့်ရှောက်ပေးနေသော်လည်း သူမသည်အခန်းထဲက ဒုတိယအိပ်ခန်းထဲတွင်အိပ်၍ ညညဆို အိပ်မပျော်နိုင်ဘဲ သူ့ကို အကြိမ်ကြိမ်ထကြည့်ခဲ့လေသည်။
ဖုန်းအမေ၏ ကျန်းမာရေးသိပ်မကောင်းတာကို မြင်နေရတော့ သူမကိုယ်သူမ ဂရုစိုက်ဖို့နှင့်ဖုန်းယွင်ဟယ်ကို ဂရုစိုက်ပေးနေရုံဖြင့် ကိုယ့်ကျန်းမာရေးကို လျစ်လျူမရှုထားသင့်ကြောင်း ရှီလီ သတိပေးလိုက်၏။
ဖုန်းအမေက သဘောတူစွာ ခေါင်းညိတ်လာ၍ရှီလီက ပေါ့ပေါ့ပါးပါး မေးလိုပ်သည်“ဦးလေးရော။ ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်များနေတာလား”
နာတာရှည် လူမမာဘေး၌ ဇနီးမယား မဆိုထားနှင့် ဝတ္တရားသိတတ်သော ကလေးတွေပင် မရှိနေပေ။
ဖုန်းအမေက အခုတော့ သူမယောက်ျားကြောင့် အကြီးအကျယ် စိတ်ပျက်နေပြီး မျက်နှာမဲ့၍ပြောလိုက်၏။ “သူလား။ ယွင်ဟယ် ဒဏ်ရာရတယ်လည်း ကြားရော၊ နှလုံးဖောက်သွားလို့ ဘေးအခန်းမှာ လဲနေလေရဲ့”
ရှီလီ: !!
[သူကတော့ အခုလို အထိအခိုက်မခံတဲ့ လင်းထိုက်ယွီ ဖြစ်လာပြီပဲ]
[ဒါပေမဲ့ ဖုန်းအဖေရဲ့ ကျန်းမာရေးက တကယ်လည်း အရမ်းဆိုးရွားနေတာပဲ - အသက်ငါးဆယ်ပဲ ရှိသေးတာကို သတင်းတွေ ကြားလိုက်ရရုံနဲ့ နှလုံးဖောက်သွားဖို့ လုံလောက်နေပြီ]
270 02
တရားခံ ဖုန်းယွင်ဟယ်ကတေယ့ အိပ်ရာပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေ၍ ဤသည်ကသူနှင့် သက်ဆိုင်မှုမရှိသည့်အလား ကုမ္ပဏီ၏ဘဏ္ဍာရေး အစီရင်ခံစာတွေကိုသာ ဖတ်နေလေသည်။
လျန်ရုန်ရုန်က အိပ်ရာလေးနားတွင် နာခံမှုရှိစွာထိုင်နေတာဖြစ်ပြီး “အန်တီတို့အားလုံး စကားပြောနှင့်ကြဦး၊ သမီး အသီးတွေကို ရေသွားဆေးလိုက်ဦးမယ်”
ရှီလီက ဖုန်းယွင်ဟယ်၏ အခြေအနေနှင့်ပတ်သက်သော မေးခွန်းအချို့ကို စိတ်ပူစွာ မေးမြန်းလိုက်သည်။
ကျောင်းတက်ရက်ပဲ ရှိသေးတယ်ဆိုတာကို ဖုန်းအမေ မှတ်မိသွား၍ “လီ၊ ဘာလို့ကျောင်းမသွားတာလဲကွယ်။ ဒီကောင်လေးကိုတွေ့ဖို့ ကျောင်းပြေးလာတာလား။ မဟုတ်သေးပါဘူး။ ကျောင်းဆင်းမှ လာတွေ့လည်းရတာကို၊ မဟုတ်လည်း ပိတ်ရက်နှစ်ရက်ကို စောင့်မှပေါ့။ ဒါလေးကြောင့်နဲ့တော့ ကျောင်းမပျက်သင့်ဘူး”
ဖုန်းယွင်ဟယ်၏ မျက်လုံးများမှာ ဘဏ္ဍာရေးအစီရင်ခံစာပေါ်၌သာ ရှိနေသော်လည်း ကြားဝင်ပြောနိုင်ဆဲပင်။ “အမေ၊ ရှီလီက စောစောစီးစီး ထောက်ခံချက်ရသွားလို့၊ ကျောင်းသွားစရာ မလိုတော့ဘူးလေ၊ မှတ်မိလား”
ဖုန်းအမေက ဤအကြောင်းအား တကယ့်ကို မေ့လျော့နေတာပင်။ သူမက ရှီလီ၏လက်ကိုဆုပ်ကိုင်၍ ချီးကျူးလိုက်၏။ “အဲဒါကို အန်တီမေ့သွားတယ်။ သမီးကတော့လေ လိမ္မာတဲ့ ကလေးပဲ။ သမီးဆီကနေ ယွင်ဟယ် သင်ယူသင့်တယ်။ သူကတော့လေ အမြဲတမ်း ဘာတွေနဲ့ အလုပ်ရှုပ်နေတယ်ဆိုတာ အန်တီတော့ မသိတော့ပါဘူးကွယ်၊ သူ့အဆင့်တွေက ဆိုးရွားလွန်းလို့ - အန်တီ ထုတ်တောင် မပြောချင်တော့ဘူး”
သဘောကျသူဖြစ်သည့် ရှီလီက ရှက်ရွံ့သောမျက်နှာဖြင့် ဖုန်းယွင်ဟယ်ကို ကာကွယ်ပြောဆိုလိုက်၏။ “အဲ့လိုမပြောပါနဲ့။ အစ်ကိုယွင်ဟယ်က အံ့ဩဖို့ကောင်းနေပြီးသားပါ။ ကမ္ပဏီအလုပ်တွေနဲ့ အလုပ်ရှုပ်နေရပေမဲ့ အတန်းထဲမှာ ထိပ်ဆုံးနားကပ်တဲ့အထိ လုပ်နေနိုင်တုန်းပါ”
[ဒီဆက်တင်ကတော့ ဟာသပဲ - အထက်တန်းကျောင်းသားတစ်ယောက်ကို ကျောင်းစာတွေ ပလစ်ခိုင်းပြီး ကုမ္ပဏီမှာ အလုပ်လုပ်ခိုင်းရတယ်လို့။ သူက တကယ်ရော အလုပ်တွေအများကြီးကို လုပ်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲရော စီးပွားရေး တိုက်ပွဲတွေကိုပါ ရင်ဆိုင်နိုင်ပါ့မလား။ ]
ကုမ္ပဏီ အစီရင်ခံစာတွေကို ဖတ်နေသောဖုန်းယွင်ဟယ်: …
[နေမကောင်းတာတောင် အလုပ်လုပ်နေရတယ်လို့]
ဖုန်းယွင်ဟယ်: သူမ ငါ့ကို စိုးရိမ်နေတာပဲ ဖြစ်မယ်။
[သူ တကယ်ရော စာဖတ်တာမှာ အာရုံစိုက်နိုင်လို့လား။ ကြည့်ကောင်းအောင် ပို့စ်ပေးနေတာ မဟုတ်ဘူးလား။ ]
ဖုန်းယွင်ဟယ်: ပြောတော့ ငါ့ကိုသဘောကျတယ်ဆို၊ ဒါ မင်းပြသတဲ့ပုံစံလား။
လျန်ရုန်ရုန်က သစ်သီးပန်းကန်နှင့်အတူ ပြန်ရောက်လာကာ “အတန်းဖော်ရှီလီ၊ ငါသစ်တော်သီးတွေ ရေဆေးလာတယ်၊ နည်းနည်းစားဦးမလား”
ရှီလီ ခေါင်းခါ၍ “မလိုဘူး၊ ကျေးဇူး”
သူမသည် သစ်သီးများကို အစိတ်သေးသေးလေးများအဖြစ် လှီးဖြတ်ထား၍ လှပသောပန်းကန်ပေါ်တွင် ငွေရောင်ခက်ရင်းလေးနှင့်အတူ သေသေသပ်သပ် စီရီထားသည်။
လျန်ရုန်ရုန်က စိတ်အားထက်သန်စွာဖြင့် ဖုန်းအမေထံ ပန်းကန် ကမ်းပေးလိုက်ကာ“အန်တီ၊ နည်းနည်းစားပါဦး”
ဖုန်းအမေက ယဉ်ကျေးစွာဖြင့် တစ်စိတ်စား၍“မဆိုးဘူးဘဲ”
လျန်ရုန်ရုန်သည် အတိတ်တုန်းကတော့ ဖုန်းအမေဆီက မျက်နှာသာရရန် မကြာခဏကြိုးစားခဲ့သော်ငြား ဖုန်းအမေသည် ဘယ်တုန်းကမှ ပျော်ဝင်သွားခြင်းမရှိဘဲ သူမကို လေကဲ့သို့သာ ဆက်ဆံခဲ့တာကြောင့် ဖုန်းအဖေကို အတော်လေး ဒေါသထွက်စေခဲ့သည်။
ဒီတစ်ကြိမ်တွင် လျန်ရုန်ရုန်က ဖုန်းယွင်ဟယ်ကို ကယ်တင်ပေးခဲ့တာကြောင့်သာ သူမအပေါ်ရှိ ဖုန်းအမေ၏ သဘောထားမှာ သိသိသာသာတိုးတက်လာခဲ့တာဖြစ်သည်။
270 03
ယခုဆို လျန်ရုန်ရုန်က အားစိုက်ထုတ်မှုကိုပြသလိုက်တိုင်း ဖုန်းအမေက သူမကို လုံးဝလျစ်လျူမရှူတော့ဘဲ အနည်းငယ် တုံ့ပြန်ပေးပေလိမ့်မည်။
သူတို့၏ဆက်ဆံရေး တိုးတက်လာတာကို မြင်လိုက်ရတော့ ရှီလီမှာ မသုံးသပ်မိဘဲ မနေနိုင်တော့ပေ။ [ဖုန်းယွင်ဟယ်ရဲ့ ဒဏ်ရာကအလကားတော့ မဖြစ်သွားဘူးပဲ - အနည်းဆုံးတော့ ယောက္ခမနဲ့ ချွေးမကြားက ဆက်ဆံရေး တိုးတက်လာအောင် ကူညီပေးလိုက်သား]
[မူလလမ်းကြောင်းအတိုင်းဆို ဖုန်းယွင်ဟယ်က ရွှံ့မြေမှာ လိမ့်ကျလာတဲ့ ကျောက်တုံးတွေပိသွားလို့ လျန်ရုန်ရုန်က ကယ်ပေးပြီးမှ ကျေးဇူးရှင်အပေါ် ခံစားချက်ရှိလာတာမျိုး ဖြစ်ရမှာ]
[အင်းပေါ့လေ၊ သူ့ဒဏ်ရာ တစ်နည်းနည်းနဲ့တော့ ကောင်းတဲ့အရာဖြစ်သွားတာပါပဲ]
[အသက်ကို ဆုံးရှုံးလိုက်ရလုနီးပါး ဖြစ်သွားရပေမဲ့၊ ကြင်နာပြီး လှပတဲ့ လက်တွဲဖော်ကို ရလိုက်ပါတယ်]
[နင်ကတော့ လူဝင်စားရလုနီးပါးဖြစ်သွားပေမဲ့၊ အမေ့ရဲ့ ဆက်ဆံရေးကတော့ အရမ်းသင့်မြတ်လာတာပဲ]
ဖုန်းယွင်ဟယ်သည် လက်မောင်းတွေကို ပွတ်သပ်လိုက်ပြီး လျန်ရုန်ရုန်က အသက်ကယ်တင်ရှင် ဆိုတာထက် သူ့အသက်ကိုနှုတ်ယူမည့် တစ်စုံတစ်ယောက်နှင့် ပိုတူနေသလို ခံစားလိုက်ရတော့၏။
ဖုန်းယွင်ဟယ်သည် ကြင်နာပြီး လှပသောလျန်ရုန်ရုန်ရော၊ သူ့အမေနှင့် ဆက်ဆံရေးကောင်းသော လျန်ရုန်ရုန်ကိုရော လက်တွဲဖော်အနေနှင့် မလိုအပ်ပေ။
အထူးသဖြင့် သူ့အသက်ကို ဆုံးရှုံးလိုက်ရလုနီးပါးဖြစ်ရသည့် တန်ကြေးအတွက် ဒါတွေအားလုံးကို သူ မလိုချင်။
ဤအခိုက်အတန့်၌ သူ့တွင် အတွေးတစ်ခုတည်းသာရှိ၏: လျန်ရုန်ရုန်က သူ့ဆီ ကံဆိုးမှုတွေ ယူဆောင်လာတာလား။
သူမနဲ့ ဝေးဝေးနေဖို့ သူ နည်းလမ်းရှာမှ ဖြစ်တော့မယ်။
တိမ်ကင်းစင်သော ကောင်းကင်၌ ရုတ်တရက်ဗြုန်းစားကြီး မိုးထစ်ချုံးလာ၏။
******
271 01
အခန်း ၂၇၁: ပွင့်လင်းခြင်း
ရုတ်တရက်ဆန်သော မိုးထစ်ချုံးခြင်းက ဆေးရုံထဲတွင် လျှပ်စစ် ပြတ်တောက်သွားစေသည်။ အခန်းထဲက နှစ်ကြိမ်ခန့် တဖျတ်ဖျတ် ဖြစ်သွားသော မီးချောင်းများကနေ လျှပ်စစ်တဖျစ်ဖျစ် ဖြစ်သွားသော အသံကို ရှီလီကြားလိုက်မိသည်။
ဖုန်းအမေမှာ အမှောင်ထုကြောင့် လန့်ဖြန့်သွားတော့သည်။ သူမ ရင်ဘတ်ကိုပုတ်၍ ပြောလိုက်၏။ “ဘာဖြစ်သွားတာလဲ။ တော်တော် ကြောက်ဖို့ကောင်းလိုက်တာ”
ဤအပြောင်းအလဲက ဖုန်းအမေကို အတော်လေး ခြောက်လှန့်လိုက်တာပင်။
သူမက ဖုန်းယွင်ဟယ်၏ အခြေအနေကို မေးမြန်းရန်အတွက် ရှေ့ကိုအမြန်တိုးသွား၍“သား၊ အဆင်ပြေရဲ့လား။ မိုးခြိမ်းတာ သားကိုထိခိုက်သွားစေလား”
ရှီလီမှာ စိတ်ထဲကနေ မလှောင်ပြောင်မိဘဲ မနေနိုင်တော့ပေ: [ဖုန်းယွင်ဟယ်က မိုးကြိုးပစ်မှာကို ဘာလို့ကြောက်ရမှာလဲ။ အပြစ်ရှိစိတ်ခံစားရအောင်လို့ တစ်ခုခု လုပ်ထားတာလည်းမဟုတ်ဘဲနဲ့]
[မိုးကြိုးအောက်မှာ ဘာသစ္စာမှမဆိုထားသလို၊သူ့ခေါင်းပေါ်မှာ လျှပ်ကူးတံလည်း ရှိနေတာမဟုတ်ဘဲနဲ့ ဘာတွေကြောက်စရာ လိုလို့လဲ။ ]
ခေါင်းပေါ်တွင် တကယ်လည်း လျှပ်ကူးတံ မရှိသော ဖုန်းယွင်ဟယ်: ......
[လက်သီးဆုပ်အရွယ် မိုးသီးတွေက သူ့ခေါင်းကိုပဲ ပစ်မှတ်ထားခဲ့တာဆိုတော့၊ မိုးကြိုးပစ်နေရင် ဂရုစိုက်သင့်တာပေါ့လေ]
ဦးခေါင်းတွင် ပတ်တီးစီးထားရသော ဖုန်းယွင်ဟယ်: ...... သူ့အပေါ် ကြိတ်သဘောကျနေတာ များလွန်းလို့ အခုလိုမျိုး စိတ်ထဲက လှောင်နေတာလား။
ဖုန်းယွင်ဟယ်မှာ သူများထက် မသာချင်သဖြင့် သူ့အမေ၏လက်မောင်းကို ပုတ်လိုက်ကာ“ဘာမဟုတ်တာမှလည်း ကျွန်တော် မလုပ်ရသေးပါဘူး၊ အမေ စိတ်ပူမနေနဲ့”
သားဖြစ်သူအပေါ်ရှိ အမေတစ်ယောက်၏စိတ်ပူပန်ခြင်းကတော့ အကြောင်းပြချက် မလိုပေ။ သူမ၏သား အဆင်ပြေတယ်ဆိုတာကို အတည်ပြုပြီးနောက် ဖုန်းအမေ စိတ်အေးသွားရတော့၏။
တံခါးအပြင်ဘက်ကနေ တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့ပြီး သူတို့ကို စိတ်ပူလို့ လာစစ်ဆေးသည့် သူနာပြုဖြစ်နေသည်။ “ဟယ်လို၊ ကျွန်မတို့ဆေးရုံမှာ လျှပ်စစ်ပိုင်း ဆိုင်ရာ ပြဿနာအသေးစားတက်သွားလို့ပါ။ လူနာနဲ့ မိသားစုဝင်တွေ စိတ်မပူကြနဲ့၊ အလုပ်သမားတွေ ပြန်ပြင်ပြီးနေပါပြီနော်။ တကယ်လို့ တစ်ခုခုလိုအပ်လာရင် ခေါ်ဆိုရေးခလုတ်ကို နှိပ်လိုက်ပါရှင်”
သူနာပြုက ဝင်ရောက်လာပြီးနောက် ဖုန်းယွင်ဟယ်၏ အခြေအနေနှင့် ပတ်သက်၍ခေါ င်းမူးနေလား၊ အမြင်ဝေဝါးနေလား စသဖြင့် မေးခွန်းတွေ တသီတတန်း မေးမြန်း လာခဲ့သည်။
အနှီမေးခွန်းတွေက ငြီးငွေ့ဖွယ်ကောင်းသော်လည်း ဖုန်းအမေကတော့ သေချာအသေးစိတ်နားထောင်ခဲ့သည်။
သူနာပြုထွက်သွားပြီးနောက် ဖုန်းအမေကအားလုံးကို နောက်တစ်ကြိမ် ပြန်မေးလာကာ ဖုန်းယွင်ဟယ်က စိတ်ရှုပ်ခြင်းမပြဘဲသူ့အမေ၏ မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးလိုက်သည်။
ခဏကြာတော့ ဖုန်းအမေ ရုတ်တရက် သတိရသွား၏။ “အောင်မလေး၊ ဘေးအခန်းက သားအဖေကို အမေ သွားကြည့်ရဦးမှာပဲ”
ဖုန်းအမေ၏ လေသံထဲတွင် အပြစ်တင်ခြင်းတွေကို သယ်ဆောင်ထားကာ “အဲ့လူအိုကြီးကတေယ့ သူ့အသက်အရွယ်နဲ့ စိတ်ပူရအောင်လုပ်နေတုန်း။ သားကို စိတ်ပူနေရတာနဲ့တင် လုံလောက်နေပြီကို၊ ခုတော့ သူ့အတွက်ပါဖဲ့တွေးပေးရဦးမယ်”
လျန်ရုန်ရုန်က ပါးစပ်ကို အုပ်ရယ်လိုက်ကာ“ခေါင်းကိုင်အဖေနဲ့ ခေါင်းကိုင်အမေကတော့ အတေယ်ချစ်ကြတာပဲ”
ရှီလီ၏ နှုတ်ခမ်းမှာ တွန့်သွားပြီး [တကယ်လည်း ချစ်တတ်ကြပါပေတယ်]
ဖုန်းအမေ ထွက်သွားတော့ ရှီလီ၊ ဖုန်းယွင်ဟယ်နှင့် လျန်ရုန်ရုန်တို့သာ အခန်းထဲ၌ ကျန်ရစ်ခဲ့သည်။
လျန်ရုန်ရုန်က ဖုန်းယွင်ဟယ်၏ အိပ်ရာဘေးတိုးသွားပြီး သစ်တော်သီးတစ်စိတ်ကို ခက်ရင်းဖြင့်ထိုးကာ သူ့ပါးစပ်နား တေ့ပေးလိုက်၏။ “အစ်ကိုယွင်ဟယ်ထ လည်ချောင်းရှင်းအောင် အသီးနည်းနည်းစားပါဦး”
လျန်ရုန်ရုန်က သူ့ကို အန္တရာယ်ပေးဖို့ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ဖုန်းယွင်ဟယ် မှတ်မိသွား၍ မျက်နှာလွှဲလိုက်သည်။ သူမက သူ့ကို ဘယ်လိုကယ်တင်ပေးခဲ့တယ်ဆိုတာကို တွေးမိသွားတော့ အရမ်းမပြင်းထန်သော လေသံဖြင့် “မင်းဘာသာမင်းစား၊ ငါ့အတွက်စိတ်မပူနဲ့၊ ငါ အသီးတွေ မကြိုက်ဘူး”
ဖုန်းယွင်ဟယ်၏ လေသံမှာ အတော်လေးညှင်သာနေသဖြင့် လျန်ရုန်ရုန် ဘာကိုမှသံသယမဝင်မိပေ။ အဆုံးမှာတော့ ဖုန်းယွင်ဟယ်ကို စိတ်အပြောင်းအလဲ မြန်ခြင်းကြောင့် လူသိများ၍ သူမဘာသာစားဖို့ ပြောလာရင်း စိတ်ပူခြင်းတွေတောင် ပြသလာခဲ့သည်။
လျန်ရုန်ရုန်က သူမ၏ ဆန်စေ့လိုသွားများကိုပြသလိုက်ပြီး “ဟုတ်ကဲ့၊ အစ်ကိုယွင်ဟယ်”
ရှီလီလည်း ပြုံးလိုက်ကာ “အစ်ကိုယွင်ဟယ်၊အစ်ကို အင်ဆီးဒန့်ဖြစ်သွားတယ်လို့ ညီမကြားလိုက်ရတုန်းက ကျောင်းမှာတောင် မနေနိုင်တော့တဲ့အထိ အရမ်းစိတ်ပူခဲ့ရတာ။ ညီမကလေ အစ်ကို့ကို လာတွေ့ချင်ရုံသက် သက်ပါ။ အစ်ကို အဆင်ပြေနေတာကို မြင်လိုက်ရတော့ ညီမ စိတ်အေးသွားပါပြီ။ ဆရာဝန် မှာကြားတာတွေကို အစ်ကို လိုက်နာရမယ်နော်၊ ဆေးရုံတက်နေတုန်း သေချာအနားယူလိုက်။ အပြည့်အဝ ပြန်မကောင်းမချင်း ကုမ္ပဏီကိစ္စတွေကို ဖြေရှင်းဖို့ အလျင်မလိုနဲ့ဦး”
[ဒီလို သေစေနိုင်လောက်တဲ့ ဒဏ်ရာရထားတာတောင် သူပြန်ကောင်းလာတာ အရမ်းမြန်တာပဲ]
[သူကတော့ ထင်တဲ့အတိုင်း၊ သတ်ဖို့ တကယ်ခဲယဉ်းတာပါလား]
271 02
ဖုန်းယွင်ဟယ်: အမျိုးသမီး၊ မင်းနာမည်ကကြောင်သူတော်ပဲ။
ဖုန်းယွင်ဟယ်က မော့ကြည့်လိုက်ပြီး“ကျေးဇူးပဲ၊ ငါ့ကိုယ်ငါ ဂရုစိုက်ပါ့မယ်။ မင်းရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေရဘူး”
မူလတုန်းကတော့ ဖုန်းယွင်ဟယ်က သူမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ သူ့အမေမှလွဲ၍ မိန်းမတိုင်းအပေါ် ညီတူညီမျှ စိတ်မရှည်တာကြောင့် လျန်ရုန်ရုန်မှာ အရမ်းကြီးငြင်းပယ်ခံရသလို မခံစားခဲ့ရပေ။
သို့ပေတည့် ယခုတွင်မူ ရှီလီကိုကျတော့အလွန်စိတ်ရှည်လက်ရှည် တုံ့ပြန်ပေးနေသဖြင့် လျန်ရုန်ရုန်မှာ အံ့ဩသွားရပြီး သူမကိုယ်ထဲ ၌ဘေးကျပ်နံကျပ်ဖြစ်သွားသော ခံစားချက်တစ်ခုမှာ တောက်လောင်လာတော့သည်။
ရှီလီမှာ မျက်ရည်ကျလုနီးပါး ဖြစ်လာရ၍“အစ်ကိုယွင်ဟယ်က ညီမစကားကို တကယ်နားထောင်တာပဲနော်၊ ညီမလေ ရင်ထဲအရမ်းထိပြီး ဂုဏ်ယူမိတယ်ရယ်”
ဖုန်းယွင်ဟယ်သည် သူ့စိတ်ထဲ၌ ရှီလီကိုဒရာမာကွင်းအဖြစ် တံဆိပ်ထုရိုက်ထားတာ ကြာလှချေပြီ။ သူက အသာပြုံးပြလိုက်ပြီး“မင်းက ငါ့ကို စိတ်ရင်းမှန်နဲ့ စိတ်ပူပေးနေတာပဲ၊ ငါက အမှားကနေ အမှန်ကို မပြောနိုင်တဲ့လူမ ဟုတ်ပါဘူး”
“စိတ်ရင်းမှန်” ဆိုသော စကားလုံးကို သူ အလေးပေးပြောလိုက်တာပင်။
ဤသည်ကို ကြားလိုက်ရတော့ ရှီလီမှာ ကြက်သီးထသွားပြီး [မသတီလိုက်တာ၊ အရမ်းမသတီစရာ ကောင်းတယ်၊ မောက်မာရင် သူ့စရိုက်နဲ့ ပိုလိုက်ဖက်တာကို]
“မသတီစရာကောင်းသော” ဖုန်းယွင်ဟယ်: ...... ငါမောက်မာတော့ သူမ ဝေဖန်တယ်၊ မမောက်မာတော့လည်း ဝေဖန်ပြန်တယ်။ သူမကို စိတ်ကျေနပ်အောင် လုပ်ပေးရတာက အရမ်းခက်ခဲတာပဲ။
လှီးဖြတ်ထားသော သစ်သီးမှာ လျန်ရုန်ရုန်၏ခရင်းကြောင့် အကုန်ခြေမွခံနေရလုနီးပါးပင်။ သူက သူမနှင့်ဆိုရင်တော့ လုံးဝကို မတူပေ။
လျန်ရုန်ရုန်၏ မှတ်ဉာဏ်ထဲတွင် ဖုန်းယွင်ဟယ်က ရှီလီအပေါ်ဆို အမြဲတမ်း စိတ်မရှည်ဖြစ်ခဲ့တာဖြစ်ကာ ဘယ်တုန်းကစပြီး အခုလိုပြောင်းလဲသွားရတာလဲ။ သူမ သတိတောင် မထားမိလိုက်ပေ။
“ညီမတော့ ရက်ထဲအရမ်းထိသွားပြီ၊ အစ်ကို ညီမကို ဂရုစိုက်တယ်ဆိုတာ သိနေသားပဲ]
“အစ်ကိုက စိတ်လှုပ်ရှားလွယ်တယ်ဆိုတာကို ညီမ သတိထားမိတာကြာပြီရယ်”
ရှီလီသည် အပြင်ပန်းမှာတော့ တည်ငြိမ်မှုကို ထိန်းသိမ်းထားသော်ငြား အတွင်းပိုင်းမှာတော့ ပေါက်ကွဲနေလေပြီ [သူက ဘာဖြစ်နေတာလဲ။ ခေါင်းထိသွားတာ ဦးနှောက်ကိုပါ ထိသွားတာလား ဒါမှမဟုတ် သရဲပူးခံနေရတာပဲလား။ လျန်ရုန်ရုန် ရှေ့မှာမှ ဒီစကားတွေကို ဘယ်လိုတောင် ပြောနိုင်ရတာလဲလို့။ ]
[ဒီဆက်ဆံရေး-ဖျက်ဆီးတဲ့ အပြုအမူထဲ ငါ့ကို ဆွဲမသွင်းနဲ့စမ်း!]
ဖုန်းယွင်ဟယ်၏ မျက်လုံးတွေ ဆတ်ခနဲလှုပ်ရှားသွား၏။ သူနဲ့ လျန်ရုန်ရုန်ကြားမှာ ဆက်ဆံရေးကြိုးမျှင် ရှ်ိနေသေးတာလား။
ရှီလီမှာ မျက်လုံးထောင့်မှတဆင့် လျန်ရုန်ရုန်၏ သေးငယ်သော လှုပ်ရှားမှုများကို ဖမ်းမိသွား၍ ရုတ်ချည်း နားလည်သွားတော့၏[ငါသိပြီ]
ဖုန်းယွင်ဟယ်: တစ်ခုခု ထူးခြားတာကို သူမ နားလည်သွားတဲ့ပုံပဲ။
[ဒရာမာကြီးတွေက နာကျင်ရပေမဲ့ အသေးစား ဒရာမာတွေကတော့ စိတ်ဝင်စားစရာ ကောင်းစေတယ်။ လျန်ရုန်ရုန် သဝန်တိုလာအောင်လို့ သူမ လုပ်ရမယ်]
ဖုန်းယွင်ဟယ်သည် အနည်းငယ် စိတ်ပျက်နေသော သူ့မျက်လုံးများကို မှိတ်ထားလိုက်ကာ -သူမ ခန့်မှန်းတာမှန်ပေမဲ့ ကျေးဇူးပြုပြီး ခန့်မှန်းတာ ရပ်လိုက်ပါတော့။
ရှီလီနှင့် ဖုန်းယွင်ဟယ်တို့ နှစ်ကြော့ပြန် “အီစီကလီ” လုပ်နေပြီးနောက် လျန်ရုန်ရုန်ကို ရှီလီ လှည့်ကြည့်လိုက်ချိန်တွင် သစ်တော်သီးတွေက လုံးဝကို ခြေမွခံထားရလေပြီ။
ရှီလီသည် စိတ်ထဲကနေ အံ့အားသင့်စွာပြောလိုက်၏ [ထင်ထားတဲ့အတိုင်းပါလား၊လျန် ‘ကြိတ်စက်’ ရုန်ရုန်]
ခေါင်းပေါ် မိုးသီးကြွေကျ၍ ဦးခေါင်းပတ်လည်ကို ပတ်တီးတွေဖြင့် ရစ်ပတ်ခံထားရသော ဖုန်းယွင်ဟယ်မှာ ယနေ့ကျမှ ရှီလီ၏ စိတ်ထဲကအတွေးတွေမှာ အလွန်သက်ဝင်လှုပ်ရှားရှိနေတာကို သိလိုက်ရသည်။ သူ့နားထင်ကို မပွတ်မိဘဲ မနေနိုင်တော့သော်ငြား ပတ်တီးကို ထိမိလိုက်တာနှင့် ရပ်လိုက်သည်။
ရှီလီ၏ ဖုန်းမြည်သံက သူ့ကို ကယ်တင်ပေးလိုက်၏။
ခေါ်ဆိုသူက ဖူဟွေ့ရှင်း ဖြစ်နေတာကို ရှီလီ မြင်လိုက်ရသည်။ “ညီမ အပြင်ထွက်ပြီး ဖုန်းပြောလိုက်ဦးမယ်နော်”
ဖူဟွေ့ရှင်းက ပုံမှန်ဆို အနှီအစိမ်းရောင်အက်ပ်ကနေသာ သူမကို ဆက်သွယ်တာဖြစ်ပြီး ဖုန်းဆက်ခဲတာကြောင့် နည်းနည်းထူးဆန်းနေတယ်လို့ ရှီလီ ထင်မိသည်။
ယနေ့တွင် သူရုတ်တရက် ဖုန်းခေါ်လာတာကတစ်ခုခု အရေးကြီးလို့ပဲဖြစ်ရမည်။
“ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လို့လား”
“အင်း၊ တစ်ခုခုဖြစ်သွားလို့။ နင် အလုပ်များနေလား” ဖူဟွေ့ရှင်း၏အသံက အနည်းငယ် လေးနက်နေသည်။
“ဟင့်အင်း၊ ငါအလုပ်မများပါဘူး။ ပြောပါ”
“ဒီနေ့ ကျောင်းဆင်းတော့ လူမိုက်အချို့ စုန့်ရင်းကို အနိုင်ကျင့်နေတာ ငါတွေ့ခဲ့တယ်”
271 03
တကယ့်အခြေအနေမှာ အချို့လူမိုက်များကစုန့်ရင်းကို ဒုက္ခပေးရန် ကြိုးစားခဲ့ကြ၍ သူမက ရရာလက်နက်ဖြင့် ပြန်တိုက်ခိုက်ခဲ့လေသည်။ အများနှင့်တစ်ယောက် ချရတာက ခက်ခဲသော်လည်း သူရောက်သွားချိန်မှာတော့ စုန့်ရင်းက ဒဏ်ရာရထားပြီး တိုက်ခိုက်သူတွေလည်း အခြေအနေမဟန်နေပေ။
တပ်ကူတွေ ရောက်လာတာကို မြင်လိုက်ရတော့ လူမိုက်များက လူစုခွဲသွားကြ၏။
“အမှုဖွင့်လို့ရအောင် ငါ သူမကို ရဲစခန်းခေါ်သွားပေးလိုက်တယ်” ရဲတွေက ဘေးပတ်လည်ရှိ စောင့်ကြည့်ရေး ကင်မရာတွေကို စစ်ဆေးပေးမည်ဟူပြီး ပြောကာ သူတို့၏လူတွေကို လွှတ်လိုက်သည်။
“ငါ စုန့်ရင်းကို အိမ်ပြန်ပို့ပေးလိုက်ပေမဲ့ နင်က သူမအစ်မဆိုတော့ ဒီအကြောင်းကို နင့်ကိုလည်း ပြောပြသင့်တယ်ထင်လို့” ဖူဟွေ့ရှင်းက ရပ်တန့်သွား၍ “နင်အိမ်ပြန်ရောက်ရင် သူမ ဘယ်သူ့ကို စော်ကားမိထားလဲဆိုတာ မေးပြီး သူမမိသားစုနဲ့ စကားပြောကြည့် လိုက်ဦး။ သူမ အပြင်ထွက်ရင် ဘော်ဒီဂတ်တွေ ခေါ်သွားရင်တော့ အကောင်းဆုံးပဲ”
******
272 01
အခန်း ၂၇၂: လျန်ရုန်ရုန်၏ အမေရင်း
ဘယ်လိုဖြစ်ပြီး စုန့်ရင်းက လူဆိုးတွေနဲ့ တိုးမိရတာလဲ။
“ငါနားလည်ပြီ။ အကြောင်းကြားပေးလို့ ကျေးဇူးပဲ။ ငါမနက်ဖြန်ကျရင် နင့်ကို ထမင်းတစ်နပ် လိုက်ဝယ်ကျွေးရမလား”
“ငါတို့က အတန်းဖော်တွေပဲ၊ အချင်းချင်းကူညီတယ်ဆိုတာ သဘာဝပါ။ ကျေးဇူးတင်စရာ မလိုဘူး။ ငါ့ကို ထမင်းတစ်နပ် လိုက်ကျွေးဖို့ထက် စုန့်ရင်းရဲ့ အခြေအနေကို ဖြေရှင်းတဲ့နေရာမှာ အရင်အာရုံစိုက်လိုက်ဦး”
ဖုန်းချပြီးနောက် ရှီလီက ဆေးရုံခန်းထဲတွင်ရှိနေသည့် ဖုန်းယွင်ဟယ်ကို အိမ်တွင်ကိစ္စပေါ်လာလို့ဟုပြောကာ ဆေးရုံမှ ထွက်ခွာလာခဲ့၏။
သူမသည် မိသားစုဒရိုင်ဘာကို မခေါ်ခဲ့ဘဲ တက္ကစီစီးလိုက်သည်။ အိမ်အပြန်လမ်း၌ စုန့်ရင်းကို ဖုန်းဆက်ခဲ့သည်။
“ဟေး၊ နင်အိမ်မှာလား”
သူမ၏ ပြန်ဖြေလာသံက ပုံမှန်အတိုင်းပင်။ “အိမ်ပြန်ရောက်နေပြီ။ မမကို ဖူဟွေ့ရှင်းတစ်ခုခု ပြောလာသေးလား။ စိတ်မပူနဲ့နော်၊အဆင်ပြေတယ်ရယ်။ အဲ့လူဆိုးတွေကို ငါ့ကိုနာကျင်အောင် မလုပ်ခဲ့ဘူး” သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အသေးစား ထိခိုက်ဒဏ်ရာတွေ ရခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာကိုတော့ သက်ရောက်မှုမရှိပေ။
ထိုလူတွေက သူမကို ရိုက်နှက်ခဲ့ပြီး သူမလည်း ပြန်ရိုက်ခဲ့သည်။ သူမ နောင်တရတာဆိုလို့ သူတို့ကို အမှောက်မသိပ်နိုင်ခဲ့တာပင်။
စုန့်ရင်းက ရှီလီကို စိန်မပူစေချင်ပေ။ “ငါ လုံးဝအဆင်ပြေတယ်၊ တကယ်ပြောတာ။ မမဆေးရုံကိုသွားပြီး ဖုန်းယွင်ဟယ်ကို သတင်းသွားမေးနေတာမလား။ သူဘယ်လိုနေလဲ။ အသက်အန္တရာယ်ကင်းပြီလား။ နိုးလာပြီ လား”
သူမက စကားလမ်းကြောင်းကို တမင်တကာ ဝေးသထက်ဝေးအောင် ဆွဲခေါ်နေတာဖြစ်ပြီး အနှီဖြစ်ရပ်ကို ရှီလီ ကျော်သွားမယ်လို့ မျှော်လင့်နေတာပင်။
ရှီလီ၏အသံထဲတွင် လေးနက်မှု အရိပ်အယောင်ကို သယ်ဆောင်ထားလေ၏။ သူမက စုန့်ရင်းနှင့် ရင်ဆိုင်ရတိုင်း အစ်မကြီးနေရာကနေ အမြဲတမ်း ပြုမူလေသည်။ “စကားလမ်းပြောင်းဖို့ ကြိုးစားမနေနဲ့။ ဖုန်းယွင်ဟယ်က သံလိုပဲ မာနေတာ။ သူ့ကို စိတ်ပူမဲ့အစား နင့်ကိုယ်နင်သာ စိတ်ပူသင့်တယ်”
စုန့်ရင်းက ရှီလီကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာအား အတိအကျသိသည်။ သူမသည် လေသံကိုဖျော့လိုက်ကာ “မမ၊ ငါ့ကို စိတ်ပူနေတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ငါက ကလေးမဟုတ်တော့ဘူးလေ။ ငါ အဲ့မှာပဲရပ်ပြီး လူတွေအနိုင်ကျင့်လာမှာကို သည်းမခံနိုင်ဘူး။ ပြီးတော့ ကံကောင်းထောက်မပြီး ဖူဟွေ့ရှင်းကဖြတ်သွားမိလို့ပေါ။ အဲ့လူဆိုးတွေက ငါ့မှာ အကူအညီရှိတယ်ဆိုတာလည်း မြင်ရော ထွက်ပြေးသွားကြတာ။ အမှုဖွင့်ဖို့တောင် သူငါ့ကို ရဲစခန်းဆီ ခေါ်သွားပေးသေးတယ်။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ငါမရှုံးပါဘူး”
“ငါ ကလေးမဟုတ်တော့ပါဘူး၊ ဒီတော့ ကျေးဇူးပြုပြီး စိတ်ပူမနေပါနဲ့တော့။ ဒါကိုငါ့ဟာငါ ဖြေရှင်းနိုင်ပါတယ်”
ဖုန်းချပြီးနောက် သူမ၏ လိမ္မာရေးခြားရှိသောကလေးက ပုန်ကန်တတ်လာပြီလို့ ရှီလီ ရုတ်တရက် ခံစားမိလိုက်သည်။
သူမ သက်ပြင်းချလိုက်ပြီး တက္ကစီဒရိုင်ဘာကို လိပ်စာပြောင်းပြောလိုက်၏။ သူတို့တွေ အိမ်ရောက်ခါနီးတော့ ရှီလီမှာ အဆင်မပြေသလို ခံစားနေရသေးသဖြင့် “အားနာလိုက်တာ၊ဒရိုင်ဘာ၊ ခုနက ပြောလိုက်တဲ့ လိပ်စာကိုပဲပြန်မောင်းပေးပါ”
“ပြဿနာမရှိဘူး၊ ပန်းတိုင်အသစ်ကို ငါ့ကိုပြောလို့ရတယ်” မီတာတက်နေတာကို၊ ဘာတွေငြင်းဆန်စရာလိုလို့လဲ။ မင်းသာ ပိုက်ဆံပေးချင်နေသရွေ့၊ ငါတို့တွေ လိပ်စာတွေကိုဆက်တိုက်ပြောင်းလို့ရတယ်”
တက္ကစီဒရိုင်ဘာ တွေးလိုက်၏: ဘယ်သူ သိနိုင်မှာတဲ့လဲ။ ဒီနေ့ ပိုက်ဆံအချီကြီး ရလိုက်ပြီဆိုတော့ Blue City ကို တစ်ပတ်ပတ်ပစ်လိုက်ဦးမယ်။
စုန့်ရင်းကို ရွှီမိသားစုက ကောင်းကောင်းမွန်မွန် မဆက်ဆံကြမှာကို စိုးရိမ်သဖြင့် ရှီလီက မကြာခဏ လာလည်နေကျဖြစ်ကာ ရွှီမိသားစုနှင့် စုန့်ရင်း အစေးမကပ်မှာကို စိတ်ပူခဲ့သည်။
ရွှီမိသားစု၏ အစေခံများနှင့် သူမနှင့် အတော်ရင်းနှီးနေကြပြီး သူမနှင့် ပင်မမိသားစုကြား ကဆက်ဆံရေးကို သိထားကြတာကြောင့် သူမကို မြင်တာနှင့် အသာတကြည် ဝင်ခွင့်ပေးလိုက်ကြသည်။
ရှီလီက ဗီလာထဲဝင်သွားပြီး စုန့်ရင်းကို လာရှာတာပါဟု တိုက်ရိုက်ပြောလိုက်သည်။
“သခင်မလေးရင်းက ကျောင်းကပြန်ရောက်တာနဲ့ အခန်းထဲ တန်းဝင်သွားတာ။ Maskတပ်ထားတာကိုတော့ သတိထားမိတယ်၊နေမကောင်းလို့လား မသိဘူး”
စုန့်ရင်းက နေမကောင်းဖြစ်နေတာ သေချာပေါက် မဟုတ်ပေ။ သူမသည် မနက်တုန်းက အဆင်ပြေခဲ့သော်လည်း မျက်နှာတွင် ဒဏ်ရာရသွားတာကြောင့် ဖုန်းထဲတွင် အရာအားလုံးကို အဆင်ပြေတယ်လို့သာ ပြောခဲ့သည်။
ကျေးဇူးတင်စရာကောင်းသည်မှာ သူမ လာစစ်ကြည့်ပေလို့ပင်။
စုန့်ရင်းက သူမ၏ဒဏ်ရာတွေအကြောင်းအားမိသားစုကို မသိစေချင်ဘူးဆိုမှတော့ ရှီလီချက်ချင်းကြီး မဖော်ထုတ်လိုက်ပေ။ “ဒါဆိုလည်း သမီး သူမအခန်းကို သွားလိုက်မယ်”
ရှီလီသည် စုန့်ရင်း၏တံခါးကို ခေါက်လိုက်ပြီး“စုန့်ရင်း၊ နင်ရှိလား။ ငါ ဝင်လာလို့ရမလား”
ဤနေရာသို့ ရှီလီ တကူးတကကြီး ရောက်လာလိမ့်မယ်လို့ စုန့်ရင်း မထင်ခဲ့ပေ။ သူမ၏မျက်နှာပေါ်က ဒဏ်ရာတွေကို ရှီလီအား မမြင်စေချင်သော်လည်း ရောက်လာပြီဆိုမှတော့ ပုန်းအောင်းနေရင်းဖြင့် သူမ၏ ခရီးကိုအချည်းနှီးဖြစ်စေ၍ မဖြစ်တော့ချေ။
ဒါ့အပြင် သူမကို ဆက်တိုက်တိမ်းရှောင်နေတာက ကိစ္စတွေကို ပိုပြီးသိသာလာအောင် လုပ်သလိုပဲ ဖြစ်စေလိမ့်မည်။
272 02
စုန့်ရင်း၏ မျက်နှာလေးထက်က ဒဏ်ရာဒဏ်ချက်များမှာ အတော်လေး သနားချင့်စဖွယ်ကောင်းလှသည်။
ရှီလီ မျက်မှောင်ကြုတ်၍ “ဒါက ဘယ်လိုဖြစ်ရတာလဲ”
“အဲ့လူဆိုးတွေကို နင် မှတ်မိလား”
စုန့်ရင်းက ခေါင်းခါလိုက်ပြီး “သူတို့ကို ငါ မသိဘူး။ ငါ လမ်းပေါ်မှာ ပုံမှန်အတိုင်း လမ်းလျှောက်နေတုန်း လူတစ်စုက ရုတ်တရက် ပြေးဝင်လာပြီးတော့ အကြောင်းရင်းမရှိဘဲငါ့ကို တိုက်ခိုက်လာကြတာ”
တကယ်တော့ အချို့အချက်တွေကို စုန့်ရင်းဖုံးကွယ်ခဲ့သည်။ - အနှီလူဆိုးတွေက သူမကို စော်ကားမော်ကားလည်း ပြောခဲ့သေး၏။
“နင် ခုနောက်ပိုင်း ရန်သူတွေရော လုပ်မိထား သေးလား”
သူမက ဆက်လက်ခေါင်းခါ၍ “တစ်ယောက်ယောက်ကို ရန်စမိတယ်လို့တော့ ငါ မမှတ်မိဘူး၊ မသိလိုက်ဘဲ ရန်စမိခဲ့တာများလား”
စုန့်ရင်းက တစ်ယောက်ယောက်ကို မသိလိုက်ဘဲ ရန်စမိနိုင်တယ်လို့ ပြောလာတာကို ရှီလီမယုံပေ။ စုန့်ရင်းတွင် သိမ်မွေ့သောစိတ်ထားရှိ၍ တစ်ယောက်ယောက်ကို ရန်စမိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“နင်ကံမကောင်းလို့ အမှိုက်တွေနဲ့ ဝင်တိုးမိတာဖြစ်မှာပေါ့”
စုန့်ရင်းက အသာပြုံးကာ “ဟုတ်မယ်”
ပြုံးလိုက်ခြင်းက သူမမျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကို ဆွဲဆန့်လိုက်သလို ဖြစ်သွားစေ၍ နာကျင်မှုကြောင့် ညည်းမိသွားစေသည်။
“နင့်ဒဏ်ရာတွေကို စစ်ကြည့်ဖို့ ဆေးရုံကိုရော သွားပြီးပြီလား”
စုန့်ရင်းက ခေါင်းခါကာ “ဘာမှပြင်းထန်တာမှ မဟုတ်တာ၊ ရက်ပိုင်းလောက်နေရင် ပျောက်သွားလိမ့်မယ်။ အထူးတလည်ကြီး ဆေးရုံသွားနေစရာ မလိုပါဘူး”
ယောက်ျားလေးဖြစ်သည့် ဖူဟွေ့ရှင်းက အသေးစိတ် မစီစဉ်ပေးခဲ့ချေ။ သူကိုယ်တိုင် ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာခဲ့ရတော့ အမှုဖွင့်ရန်အတွက် စုန့်ရင်းကို ရဲစခန်းခေါ်သွားပေးဖို့ သတိရတာကပင် အတော်လေး အဆင်ပြေနေလေပြီ - သူမ၏ဒဏ်ရာတွေအား ကုသပေးဖို့ကိုတော့ လုံးဝမေ့လျော့နေခဲ့၏။
စုန့်ရင်းက ဒဏ်ရာဒဏ်ရာချက်များစွာကို ကြုံတွေ့ပြီး ကြီးပြင်းလာခဲ့သူ ဖြစ်တာကြောင့် ယခုလို ဒဏ်ရာများက သူမအတွက်တော့ အသေးအမွှားပင်။ သူမသည် တစ်ညလောက် ကောင်းမွန်စွာ အိပ်စက်လိုက်တာနှင့် အဆင်ပြေသွားလိမ့်မယ်လို့ တွေးထားတာကြောင့် အလေးအနက် မထားပေ။
ရှီလီ မျက်မှောင်ကြုတ်လိုက်ပြီး “ဒီဟာကိုဘယ်လိုလုပ် အလေးအနက် မထားနိုင်ရတာလဲ။ ငါနင့်ကို ဆေးရုံခေါ်သွားပေးမယ် မဟုတ်လည်း ဆရာဝန်ကို အိမ်ပင့်လိုက်လို့ရတယ်”
စုန့်ရင်းက ဖုန်းယွင်ဟယ်နှင့် ယှဉ်လို့မရပေ။ -သူမက အသက်တိုသော အသေးစား ဇာတ်ကောင်သာဖြစ်ပြီး သတ်ဖို့ခဲယဉ်းသည့် ဖုန်းယွင်ဟယ်လို မဟုတ်ချေ။
အဓိက ဇာတ်ကောင်တွေက သေရေးရှင်ရေးဒဏ်ရာတွေကို ရှင်သန်နိုင်သော်လည်း ဇာတ်ပို့တွေကတော့ ကွဲပြား၏။ အသေးအမွှား အအေးမိခြင်းကပင် သူမကို သေစေနိုင်သည်။
စုန့်ရင်း၏ အမူအရာမှာ တုံ့ဆိုင်းသွားပြီး“ငါ တကယ်အဆင်ပြေပါတယ်။ တကယ်လို့မိသားစုသာ သိသွားရင် မလိုအပ်ဘဲ စိတ်ပူနေကြလိမ့်မယ်”
ရှီလီက သူမကို တစ်ချက်ကြည့်ကာ “နင့်မိသားစုပဲလေ။ သိသွားလို့ စိတ်ပူလည်း ဘာဖြစ်လဲ။ မိသားစုဆိုတာ ဒီလိုပဲ။ ဒီဟာကိုတစ်သက်လုံး ဖုံးကွယ်ထားလို့ မရဘူးနော်။ နင့်မိဘတွေသာ ဒီအကြောင်းကို သူများဆီက သိလိုက်ရရင် ဘယ်လောက်တောင် နာကျင်ရလိမ့်မလဲ။ နင်က အကျင့်ခံရပေမဲ့ သူတို့ကိုမပြောပြချင်ဘူးဆိုတာကိုလေ”
“ငါနားလည်ပါပြီ” ဤအခြေအနေကို ‘တစ်သက်လုံး ဖုံးကွယ်ထားလို့ မရဘူး' လို့ဖော်ပြလိုက်တာက နည်းနည်းတော့ ထူးဆန်းသွားသလိုပင်။
ရှီလီသည် ညစာစားရန်အတွက် ရွှီအိမ်တော်၌နေခဲ့ပြီး ညစာစားချိန်ရောက်မှ ဘာကြောင့်စုန့်ရင်းက မိသားစုဆီကနေ ဖုံးကွယ်ချင်နေလဲဆိုတာကို နားလည်သွားတော့သည်။
ရွှီမိသားစု၏ တုံ့ပြန်ပုံက အမှန်တကယ်လည်းလို တာထက်ပိုနေလေသည်။
စုန့်ရင်းမှာ တစ်ယောက်ပြီးတစ်ယောက် နှစ်သိမ့်ပေးနေရ၍ ညစာမှာ ဗရမ်းပတာ ဖြစ်သွားတော့သည်။
ရွှီရှင်းက တရားခံတွေကို အမြန်ဆုံးဖမ်းမိနိုင်ရန်အတွက် ရဲစခန်းကို ဖိအားပေးချင်နေခိုက် မဒမ်ရွှီကတော့ အပြင်ဘက်က အလွန်အန္တရာယ်များ၍ သူမကို ကျောင်းလိုက်ပို့ရန် လုံခြုံရေးကုမ္ပဏီကို ငှားယမ်းချင်နေကြောင်းပြောလာသည်။
ရွှီ၏ဒုတိယသားကတော့ စုန့်ရင်းကို သူနှင့် အတူတူ မွေထိုင်းသင်ခိုင်းဖို့ အကြံပေးနေကာ နောက်တစ်ခေါက် လူဆိုးတွေနှင့် သူမ တွေ့လာပါက တစ်ယောက်ချင်းစီကို အမှောင်လှဲသိပ် နိုင်ကာ သူတို့ကို မျက်စိလည် လမ်းပျောက်ဖြစ်အောင် ထားခဲ့လို့ရတယ်ဟု ပြောနေလေ၏။
လူတိုင်း၏ အကြံတွေက ထူးဆန်းလှသည်။ နူးညံ့ပြီး အရပ် ငါးပေ-သုံးလက်မ ရှိသောစုန့်ရင်းကို မွေထိုင်းသင်ယူခိုင်းဖို့ လွှတ်လိုက်တာကို ပုံဖော်ကြည့်လိုက်ပါ။ သူမမောင်လေး ဘာတွေးနေလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ။
272 03
ရွှီမိဘတွေက သူ၏ အဓိပ္ပာယ်မရှိခြင်းကို ဖော်ထုတ်လိုက်၏။ “ငါတို့မိသားစုက လုံခြုံရေးအစောင့်တွေကို တတ်နိုင်နေတာပဲ၊ နင့်အစ်မကို ဘာလို့ဒီလိုမျိုး ဒုက္ခခံခိုင်းနေတာလဲ”
ဤမိသားစုထဲရှိ ဘယ်သူကမှ မစဉ်းစားတတ် ကြပေ။
စုန့်ရင်းက သူမမောင်လေး၏ အကြံအတိုင်းမွေထိုင်းကို သင်ယူလိမ့်မယ်လို့ ရှီလီ မထင်ထားခဲ့သော်လည်း စုန့်ရင်းက လေသံထဲကပျော်မြူးမှုကို ကြားလိုက်ရ၏။ “ကောင်းသားပဲ!ဒိလိုဆို ဘယ်လိုအန္တရာယ်နဲ့ပဲ တွေ့လာပါစေ၊ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ရပြီ။ ဘော်ဒီဂတ်တွေက ကာကွယ်ပေးနိုင်တယ်ဆိုပေမဲ့ တစ်သက်လုံး ကာကွယ်ပေးနိုင်မှာမှ မဟုတ်တာ - ကိုယ့်ကိုယ်ကိုယ် သန်မာအောင်လုပ်ဖို့လိုနေပြီ”
“ပြီးတော့ ဒီဟာကို သင်ယူလိုက်လို့ရှိရင်ကိုယ့်ကိုယ်ကိုယ်တင် မကဘူး၊ အားနည်းတဲ့ သူများတွေကိုပါ ကာကွယ်ပေးလို့ ရတယ်၊ကိုယ်လက်လှုပ်ရှားမှုကောင်းတစ်ခုလည်း ဖြစ်နေသေးတယ်”
ရွှီ၏ဒုတိယသားက အားပေးလာသည်။ “အဲ့လိုမှပေါ့ဗျ! ကျွန်တော်နဲ့ အစ်မနဲ့ အတူသင်မယ်၊ အခု အမေတို့အားလုံး စိတ်ပူနေတာတွေ ရပ်လိုက်လို့ရပြီ”
အပြင်လူရှိနေတော့ မဒမ်ရွှီက သားဖြစ်သူ၏ကွယ်ဝှက်ထားသော အကြံတွေကို ထုတ်မဖော်တော့ပေ။ သူက ပြောတော့တာ သူ့အစ်မလေ့ကျင့်ရင် အဖော်ပြုပေးမယ်ဆိုသော်လည်း တကယ်တော့ သူက မွေထိုင်းကို သင်ယူချင်နေတာဖြစ်ပြီး မိသားစုက သူ ထိခိုက်မှာစိုး၍ ခွင့်မပြုထားပေ။ ဤကလေးက သတ္တိကောင်းလာပြီး သူကိုယ်တိုင်သာမက သူ့အစ်မကိုပါ ဆွဲသွင်းလာလေပြီ။
မဒမ်ရွှီက သားဖြစ်သူကို စူးစိုက်ကြည့်လိုက်သည်။
စုန့်ရင်း၏ သန်မာလာချင်သော ဆန္ဒကိုရှီလီကတော့ ကန့်ကွက်မှုမရှိဘဲ ၎င်းကအကြံကောင်းပဲဟု တွေးလိုက်သည်။
စုန့်ရင်းသာ သေချာလေ့လာပြီး သူမကိုယ်သူမ ကာကွယ်နိုင်တယ်လို့ ပြောလာသရွေ့ကတော့ မထူးချွန်လျှင်ပင် သူမ၏ ကြံ့ခိုင်မှုကို တိုးတက်လာစေမှာဖြစ်ကာ - အဆိုးဘက်ဟူ၍ မရှိပေ။
ဒါ့အပြင် စုန့်ရင်းက အလွယ်တကူ အနိုင်ကျင့်ခံရနိုင်တယ်လို့ ရှီလီလည်း ခံစားမိကာ ကျောင်းတက်ချိန်၌ ဘော်ဒီဂိတ်တွေကို အနားခေါ်ထားလို့ မဖြစ်သဖြင့် သူမတွင် ကိုယ်ပိုင်ခွန်အားရှိဖို့က တကယ့်ကို အရေးကြီးတာပင်။
အချိန်ကာလ ပြောင်းလဲသွားသည့်အပေါ်ကို ဆဲရေးနေသော အဘွားရွီ၏ အသံကို ကြားနေရတော့ ရှီလီ အတွေးနက်နဲသွားတော့သည်[ကျောင်းတွင်း အနိုင်ကျင့်ခံရတာက လွတ်မြောက်သွားတော့လည်း အခုကျတော့ ကျောင်းပြင်ပ အနှောင့်အယှက်က ရောက်လာပြန်ပြီ]