← Chapters

အခန်း (၂၇၃-၂၇၆)

Vol. 14 Ch. 273-276

အခန်း (၂၇၃-၂၇၆)

Vol. 14 Ch. 273-276

273 01

အခန်း ၂၇၃: ဖျတ်ခနဲပေါ်လာသော အရိပ်

မွေထိုင်းကို စုန့်ရင်း သင်ယူနေစဉ်မှာ ရွှီမိသားစုက ဘော်ဒီဂတ်တွေကို သူမဘေး၌ ဆက်လက်ရှိနေစေသည်။

ရွှီမိသားစုသည် တရားခံအား ‌ခြေရာခံနေတာကို လက်မလျှော့သေးဘဲ သူတို့သာ အရိပ်ထဲ ပုန်းအောင်းနေပါက သူတို့တွေ ထွက်လာပြီး စုန့်ရင်းအား ခြိမ်းလောက်လာမယ်ဆိုတာကို သိနေသည်။

စုန့်ရင်းတစ်ယောက် လမ်းမထက်တွင် နှောင့်ယှက်လိုက်ရခြင်းက ရွှီမိသားစု၏အတုအယောင်သမီးနှင့် သက်ဆိုင်နေတာကို နောက်ပိုင်း၌ ရှီလီ သိလာရသည်။

အရိုးသားဆုံးပြောရလျှင် အနှီနာမည်ကို လူတိုင်းကြားဖူးခဲ့တာ အတော်လေးကြာပြီဖြစ်ပြီး ဟွမ်ကျဲနှင့် ဟုန်ယန်အကြောင်းကို မကြာခဏ ဆွေးနွေးနေတာတောင်မှ အနှီလူကိုမေ့ လျော့နေခဲ့ကြသည်။

ရွှီရှင်းရှင်းတွင် ကျောင်း၌ အတန်းဖော်တွေကို အနိုင်ကျင့်ဖူးသည့် သမိုင်းကြောင်းရှိသဖြင့် စုန့်ရင်းက သူမဆီကနေ အရာအားလုံးကို ယူသွားတာကြောင့် ယခုလိုအပြုအမူမျိုးက ယုတ္တိရှိတယ်လို့ သူမ ခံစားမိခဲ့သည်။

စုန့်ရင်းကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့ကြသည့်လူဆိုးတွေမှာ ရွှီရှင်းရှင်း ဆေးသုံးခဲ့စဉ်က ဆုံခဲ့သော လူတွေပင်။

ဝန်ခံချက်အရဆို သူတို့တွေ ဆေးသုံးဖို့အတွက် ပိုက်ဆံပြတ်လပ်နေချိန်မှာ ရွှီရှင်းရှင်းက “စုန့်ရင်းကို သင်ခန်းစာပေးရန်” သူတို့ကို ယွမ်တစ်ထောင်ပေး ခဲ့သည်။

အနိုင်ကျင့်ရတာက အနှီလူမိုက်တွေ၏ ကျွမ်းကျင်မှုဖြစ်ကာ ယခုလို တာဝန်မျိုး အတွက် ငွေပေးပြီး ကမ်းလှမ်းလာတော့ သူတို့တွေ အဆင့်သင့် လက်ခံခဲ့သည်။

သို့‌သော် လူဆိုးများမှာ “သူမကို သင်ခန်းစာပေး ရမည်” တွင် ဤမိန်းမငယ်လေး၏ မိသားစုက ယခုလို လွှမ်းမိုးမှုမျိုးကို ဆုပ်ကိုင်ထားတယ်လို့ ဘယ်သူမှ မပြောခဲ့ကြသဖြင့် မထင်မှတ်ထားခဲ့ကြချေ။

လူတွေသည် ပင်ကိုဗီဇကိုက အားနည်းသူကိုအနိုင်ကျင့်၍ အားကြီးသူကို ကြောက်ရွံ့တတ်ကြ၏။ မိန်းမငယ်လေး၏ အင်အားကြီးသော မိသားစုနောက်ခံကို သိလိုက်ရသည့်အခါမှာ ပိုက်ဆံအတွက်ဆိုရင်တောင် သူမကို မစော်ကားရဲကြတော့ပေ။

ရဲစခန်း၌ စုန့်ရင်းသည် သူတို့ထံမှ မျက်ရည်လည်ရွဲ ကတိစကား‌များ၊ ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်းနှင့် သက်ညှာပေးစေလိုခြင်းတို့ကို ကြားခဲ့ရသည်။

စုန့်ရင်းမှာ ဥပဒေအတိုင်း ဆောင်ရွက်မယ်လို့ပဲရိုးရှင်းစွာ ပြောခဲ့သည်။

ဤလူတွေက နှောက်ယှက်ခြင်းပင်မကဘဲ၊ဆေးသုံးခြင်းနှင့် ကုန်ကူးခြင်းများတွင်ပါ ပါဝင်ထားကြတာပင်။

ဤဖြစ်ရပ်ပြီးနောက် ရွှီရှင်း၏ဇနီးသည် ရွှီရှင်းရှင်းအပေါ်၌ လုံးဝကို အယုံအကြည် ကင်းမဲ့သွားတော့၏။ သူမ၏စိတ်နှလုံးသား ပျော့ပျောင်းခြင်းကြောင့် ရွှီရှင်းရှင်းက သူမ၏ အခြေအနေတွေနှင့် ပတ်သက်ပြလာတိုင်း ပိုက်ဆံတွေ တိတ်တိုးတိတ်တိတ် ပို့ပေးခဲ့ကာ ဤလုပ်ရပ်များကို ရွှီမိသားစုထံမှ ဖုံးကွယ်ထားခဲ့သည်။

သို့ပေတည့် ယခုတစ်ခေါက်ကတော့ သူမ အမှန်တကယ်ကို အသည်းကွဲသွားရလေသည်။ ရွှီရှင်းရှင်းအပေါ် ဘယ်တုန်းကမှ အမှားမလုပ်ဖူးသည့် သူမကိုယ်သူ ပီတဖြစ်ခဲ့ပာ ဆယ်နှစ်ကျော်ကျော် အလိုလိုက်၍ ပျိုးထောင်ပေးခဲ့တာပင်။ ကလေးက ဆိုးသွမ်းပြီး အမှားတွေ လုပ်မိသည့်အချိန်မှာတောင် သူတို့သည် မိဘတွေအနေနှင့် ဘယ်တုန်းကမှ လက်မလျှော့ခဲ့ကြဘဲ သူမ၏ ငွေရေးကြေးရေး လိုအပ်ချက်များကို ဦးစားပေး၍ ရွေးချယ်ချက်များကိုဘယ်တုန်းကမှ ဝင်ရောက်မချုပ်ချယ်ခဲ့ကြပေ။ သူမကို ထူးထူးချွန်ချွန် အောင်မြင်လာရမယ်လို့ သူတို့တွေ မမျှော်လင့်ခဲ့ဘဲ ကျန်းကျန်းမာမာ၊ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာ၍ ဥပဒေကိုလိုက်နာသော နိုင်ငံသားတစ်ယောက်ပဲ ဖြစ်လာစေချင်ခဲ့ကြရုံသာ။

သူမက သူတို့၏ တရားဝင်သမီး မဟုတ်ဘူးဆိုတာကို သိလိုက်ရပြီးနောက် ကလေးတွေက သူတို့၏ မိသားစုအမှန်ဆီ ပြန်သွားရမယ်ဆိုတာကို သိနေတာတောင်မှ ဤကလေးအပေါ်ထားရှိသော သဘောထားတွေ ပြောင်းလဲသွားတယ်လို့ သူမ မခံစားမိခဲ့ပေ။ သူမသည် ထိုတစ်နှစ်အတွင်းမှာတင် ရွှီရှင်းရှင်းအားယွမ် 800,000 မှ တစ်သန်းအထိ ပေးခဲ့သည်။

အကယ်၍ ရွှီရှင်းရှင်းတွင် မ‌ကျေနပ်ချက်တွေရှိပါက သူမနှင့် လောင်ရွှီဆီကို တိုက်ရိုက်ရင်ဆိုင်၍ ရသော်လည်း စုန့်ရင်းကို နာကျင် အောင်လုပ်ဖို့ မကြိုးစားခဲ့သင့်ချေ။

ဤဖြစ်ရပ်ပြီးနောက် သူမသည် ရွှီရှင်းရှင်း၏ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကို ဖျက်ပစ်၍ ဘလော့ခ်ပစ်ခဲ့သည်။

အိမ်တော်ဟောင်းသို့ ရှီလီ ပြန်ရောက်လာတော့ ဦးလေးရှီအငယ်ဆုံးက သူမကို နှစ်ကြိမ်ခန့် တားလာသည်။

ရွှီရှင်းရှင်းက ဟုန်ယန်၏ တရားဝင်သမီးဖြစ်ပြီး ဟုန်ယန် ထောင်ကျသွားပြီးနောက် ဦးလေးရှီအငယ်ဆုံးသည် ရွှီရှင်းရှင်းကို အိမ်မခေါ်လာခဲ့သော်လည်း ရံဖန်ရံခါတော့သူမကို ထောက်လှမ်းစုံစမ်းလေသည်။

ဦးလေးရှီအငယ်ဆုံးသည် ယခင်ကတော့ ဟုန်ယန်ကို ထောက်ပံ့ပေးခဲ့ပြီး ယခုတွင်မူ ရွှီရှင်းရှင်းအား ထောက်ပံ့ပေး၍ သူမအတွ က်လစဉ်နေထိုင်စရိတ်တွေ ပေးပို့ခဲ့သည်။

ရွှီရှင်းရှင်းက ပိုက်ဆံတွေကို အလျင်အမြန်ပဲ သုံးဖြုန်းပစ်ခဲ့၏။ ဦးလေးရှီအငယ်ဆုံးမှာအစကတော့ သူမက အသုံးအဖြုန်းကြီးသောနေထိုင်ပုံနှင့် ကျင့်သားရနေတယ်လို့သာ ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမက ဆေးသုံးနေတယ်ဆိုတာကို သိရှိခဲ့သည်။

ဦးလေးရှီအငယ်ဆုံးသည် ဟုန်ယန့်အပေါ်ဆုံးဖြတ်ချက် မပြတ်သားခဲ့တာကြောင့် အဆုံးတွင်မူ သူမ ထောင်ကျခဲ့ရ၏။

273 02

ထို့ကြောင့် ဤတစ်ခေါက်မှာတော့ သူသည် မတူညီသောပုံစံဖြင့် ချဉ်းကပ်ခဲ့၍ ရွှီရှင်းရှင်းကို ပြန်လည်ထူထောင်ရေးစခန်းသို့ ပြတ်သားစွာ ပို့ခဲ့သည်။ သူမက ဆိုးဆိုးရွားရွား ဆဲရေးခဲ့သော်လည်း ဦးလေးရှီအငယ်ဆုံးကတော့ သူ့ဆုံးဖြတ်ချက်အပေါ် နောင်တမရခဲ့ပေ။

သို့သော် ရွှီရှင်းရှင်းကို ပြန်လည်ထူထောင်ရေး စခန်းသို့ ပို့ပြီးတာတောင်မှ ပြဿနာ ရှာလာဦးမယ်လို့ ဦးလေးရှီအငယ်ဆုံး မထင်ထားခဲ့ချေ။

ဦးလေးရှီအငယ်ဆုံးက ရှီလီကို အပြစ်တင်လိုက်သည်။ “မဖြစ်နိုင်တာ။ ပြန်လည်ထူထောင် ရေးစခန်းမှာ ဖုန်းတွေကို သိမ်းတယ်လေ၊ဒီလူဆိုးတွေနဲ့ သူမ ဆက်သွယ်မိတယ်ဆိုတာဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း”

သူဆက်ပြော၏ “ရွှီရှင်းရှင်းက လိမ္မာတဲ့ ကလေးမဟုတ်လို့ စုန့်ရင်းကို အနိုင်ကျင့်ဖို့ စီစဉ်လာတာမျိုးတွေ လုပ်နိုင်လာပေမဲ့ အခုအခြေအနေအရတော့ မဖြစ်နိုင်ဘူး”

“သူမ ချောက်ချခံရတာများလား”

ရှီလီသည် ကိုက်ခဲနေသော ဦးခေါင်းကို ပွတ်လိုက်ပြီး “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ သမီးမစ္စရွှီကို ပြောပြလိုက်ပါ့မယ်”

ဤကိစ္စအား စုန့်ရင်းအပေါ် ပုံအပ်လိုက်ပြီးနောက် ဤကိစ္စထဲတွင် သူမ ပါဝင်နေခြင်းကို ရပ်နားလိုက်တော့၏။

နောက်ပိုင်းတွင် မက်ဆေ့ခ်ျကို ရွှီရှင်းရှင်း၏ဖုန်းထဲမှ အမှန်တကယ် ပေးပို့ခဲ့တာဖြစ်သော်ငြား ရွှီရှင်းရှင်းကတော့ ယခုလိုမက်ဆေ့ခ်ျကို မပို့ခဲ့ဘူးဟု ငြင်းဆန်ခဲ့ကြောင်းကို စုန့်ရင်း ကပြန်ပြောပြခဲ့၏။ အချိန်ကာလအရဆိုလျှင် ရွှီရှင်းရှင်းက ကြီးကြပ်မှုအောက်တွင် ရှိနေခဲ့တာဖြစ်၍ ယခုလိုမက်ဆေ့ခ်ျကို ပို့ရန်ဖုန်းကို လက်ဝယ်ရရှိဖို့ဆိုတာ မဖြစ်နိုင်ပေ။

စုံစမ်းစစ်ဆေးခြင်းက ဤနေရာတွင် လမ်းဆုံးသွားခဲ့သည်။

ရွှီမိသားစုက ဆက်လက်စုံစမ်းခဲ့သော်လည်း စုန့်ရင်းကတော့ ၎င်းကို မလိုအပ်ဘူးဟု ခံစားမိသည်။ ယခုလို ဖြစ်ရပ်မျိုးတွေသာ ထပ်မံမဖြစ်ပွားလာပါက နောက်ကွယ်မှ ကြိုးကိုင်သူ၏ အထောက်အထားမှာ လုံးဝအရေးမကြီးတော့ပေ။

ကျောင်းတက်မည့်အစား အိမ်မှာပဲနေခြင်းဖြင့် အချိန်တွေမှာ လျင်မြန်စွာ ကုန်ဆုံးလာခဲ့၏။ ရှီလီသည် အိမ်မှာနားရသည်မှာ ခဏပဲရှိသေးသော်လည်း နွေရာသီ အားလပ်ရက်ကတော့ ချဉ်းကပ်လာခဲ့ချေပြီ။

သူမမိဘတွေက အချိန်တွေကို အကျိုးရှိရှိအသုံးချရန်အတွက် စိတ်ဝင်စားသော အတန်းတွေ အပ်ပေးတာမျိုး သို့မဟုတ် ခရီးထွက်ဖို့ဖိအားပေးတာမျိုးတွေ မလုပ်လာပေ။

ရှီလီက အခုနောက်ပိုင်းတွင် အတော်လေးပင်ပန်းနေသဖြင့် အိမ်မှာပဲ အနားယူသင့်တယ်လို့ သူတို့တွေ ခံစားရမိခဲ့သည်။

နှောင့်ယှက်မခံရသော ရှီလီမှာ နှစ်လကျော် ကျော်ကို အိမ်မှာပဲ ကုန်ဆုံးခဲ့၏။

ပထမလတွင် ရှီလီ၏အပြုအမူနှင့် ပတ်သက်၍ ဟွမ်ကျဲ အဆင်ပြေနေသေးသည်။ ဒုတိယလ၌ အမေနှင့်သမီး သံယောဇဉ်ကသာ သူမ၏စိတ်ရှည်သည်းခံနိုင်ခြင်းကို ဆွဲဆန့်ပေးနိုင်ခဲ့သည်။

သူမသည် အိမ်မှာပဲခွေနေမည့်အစား အပြင်ထွက်ဖို့ ရှီလီကို တိုက်တွန်းချင်ခဲ့သော်လည်း ရှီအဖေက ကလေးကို များများအနားယူခိုင်းဖို့ ဖျောင်းဖျလာပြီး နောက်တွင် သူမတွင် အနားယူစရာအချိန်တွေ သိပ်ရှိတော့မှာ မဟုတ်ဘူးဟု ပြောလာခဲ့သည်။

ဟွမ်ကျဲမှာ သူမယောက်ျားက ပေါက်ကရတွေပြောနေတယ်လို့ တွေးလိုက်၏။ ရှီလီသာ အလိုရှိရင် တစ်သက်လုံး သက်တောင့်သက်သာ နေသွားလို့ရတယ်၊ ဒီဟာက သူပြောနေတဲ့ပင်ပန်းတဲ့ အနာဂါတ်မှ မဟုတ်တာ။

ဟွမ်ကျဲသည် သူမသမီးအပေါ် ကာကွယ်ပေးချင်နေသဖြင့် ရှီလီကို အပြင်ထွက်ဖို့ မကြာခဏ မတိုက်တွန်းခဲ့ပေ။

သူမသည် ရှီလီအား အတွေ့အကြုံရစေရန်တင် မကဘဲ အိမ်မှာနေတာကြာသွား၍ လူမှုဆက်ဆံရေးဆိုးရွားလာမှာကို ကာကွယ်ရန်အတွက် သင့်လျော်သောအချိန်တွင် လူမှုရေး တွေ့ဆုံပွဲများစွာသို့ ခေါ်သွားပေးရန် စီစဥ်ထားလိုက်တော့သည်။

သို့သော် ရှီလီက ဘယ်လိုတွေ့ဆုံပွဲများကို တက်ရောက်ချင်လဲဆိုတာနှင့် ပတ်သက်၍ ဟွမ်ကျဲ ရွေးချယ်မှုပြုခဲ့ရ၏။ ငြီးငွေ့ဖွယ်ကောင်းသော အကြောင်းအရာများ တင်ဆက်သည့် ပျင်းရာကောင်းသော အခမ်းအနားများကို တက်ရောက်ရန် မလိုပေ။

နောက်ဆုံးမှာတော့ သင့်‌တော်သည့် စုဝေးပွဲတစ်ပွဲကို ရှာတွေ့သွားခဲ့ကာ ဟွမ်ကျဲသည်ရှီ လီကို သေချာဝတ်စား၍ အပြင်ထွက်ကြဖို့ ပြောလိုက်၏။

ဟွမ်ကျဲက မတိုက်တွန်းလာလျှင်တောင် ရှီလီလည်း အိမ်မှာနေရတာ လုံလောက်နေလေပြီ။

ဟွမ်ကျဲက သူမအား လူမှုရေး တွေ့ဆုံပွဲများကိုအတွေ့အကြုံယူရန် ခေါ်သွားပေးချင်တော့ ရှီလီ သဘာဝကျကျပဲ ငြင်းဆိုချက်မရှိပေ။

၎င်းမှာ ကားထဲရောက်တော့ ဟွမ်ကျဲက ဘယ်တွေ့ဆုံပွဲကို တက်ရောက်မည်ဆိုသည့်အကြောင်းအား ရှီလီ မကြားလိုက်ရခင်အထိဖြစ်သည်။

ရှီလီသည် သူမ၏ မွေးမိခင်ဆီမှ အနှီအသုံးအနှုန်းတွေကို ကြားလိုက်ရသဖြင့် ရှက်ရွံ့မိသွားသည်။

ရှီလီက ရှုပ်ထွေးသော အမူအရာဖြင့် ဟွမ်ကျဲကို မေးလိုက်သည် ။“ဒီထိပ်တန်းမိသားစု မျိုးနွယ်တွေဆိုတာ တကယ်ရှိကြတာလား”

ဟွမ်ကျဲ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး “နင် မေးခွန်းမေးနေတာ အရမ်းများနေပြီ”

273 03

တကယ်တော့ ဟွမ်ကျဲ အသုံးပြုခဲ့သော ဝတ္ထုဆန်သည့် ရိုမန့်တစ် အသုံးအနှုန်းတွေမှတဆင့် ဤတွေ့ဆုံပွဲကို ဘယ်သူကျင်းပတယ်ဆိုတာအား ရှီလီ သိပြီးနေလေပြီ။

ရှန်းချင်းယွင်က ဝတ္ထုထဲတွင် အင်မတန် အထင်ကြီးစရာကောင်းသော ပုံရိပ်ဖြစ်ကာ ဖုန်းယွင်ဟယ်၏ ဗားရှင်းအကြီးစားလို့ပင်ပြောလို့ရသည်။

အမျိုးသားဇာတ်လိုက်၏ ယခုလိုအရှိန်အဝါနှင့် ဖုန်းမိသားစု၏ အုတ်မြစ်ကြောင့် အနှစ်သုံးဆယ် ကုန်လွန်သွားပြီး‌သည့်နောက်တွင် ဖုန်းယွင်ဟယ်က ရှန်းချင်းယွင်လို ဖြစ်လာနိုင်သည်။

ဝတ္ထုထဲတွင် ယခုလိုအင်အားကြီးသော ပုံရိပ်များ၌ ရည်ရွယ်ချက်နှစ်ခုသာရှိ၏:အဓိက ဇာတ်လိုက်တွေအတွက် အမှတ်များကို တွေ့ကြုံခံစားရတာနှင့် သို့မဟုတ် သူတို့အား ပံ့ပိုးပေးရန်အတွက် အကူကိရိယာများဖြစ်ခြင်းပင်။

ရှန်းချင်းယွင်က အမှတ်တွေကို တွေ့ကြုံရမှာမဟုတ်ဘဲ ဖုန်းမိသားစုက မွေးစားထားသည့်အမျိုးသမီး ဇာတ်လိုက်ကို ပံ့ပိုးပေးရမည့်အကူကိရိယာ ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ရှန်းချင်းယွင်သည် လွန်ခဲ့သောနှစ်တွေတုန်းက ဖုန်းအဖေ၏ ကြာရှည်စွာ ပျောက်ဆုံးခဲ့သော အချစ်ဖြစ်သည့် လျန်ရုန်ရုန်၏ မွေးမိခင်ကို လတ်တလောကမှ လက်ထပ်ထားတာပင်။

******

274 01

အခန်း ၂၇၄: ငါတို့ကလေးက ပုံမှန်ဆို အိမ်မှာအရမ်းလိမ္မာတာ

ဤအချိန်တွင် လုံလုံလောက်လောက် အနားယူခဲ့ရလို့ ဖြစ်နိုင်သည်၊ ရှီလီမှာ နောင်လာမည့် ဒရာမာဆန်သော ထိပ်တိုက်တွေ့ဆုံးခြင်းများ၌ ပါဝင်ဆင်နွှဲရန် စိတ်အားထက်သန်နေတော့၏။

အနားတွင် ထိုင်နေသည့် ဟွမ်ကျဲမှာ သမီးဖြစ်သူ၏ စိတ်လှုပ်ရှားမှုကို အနည်းအကျဉ်း ခံစားမိနေသော်လည်း သူမက ဘာလို့ဒီလိုမျိုး စိတ်လှုပ်ရှားနေလဲဆိုတာကိုတော့ နားမလည်နိုင်အောင် ရှိနေတော့သည်။

ဝတ္ထုများထဲက ထိပ်တန်းမိသားစုဟူသော ဂုဏ်သတင်းနှင့်အညီ ရှန်းမိသားစုသည် ဆယ်စုနှစ်ချီသော ဥယျာဉ်၌ စားသောက်ပွဲကို ကျင်းပခဲ့သည်။ ဤပိုင်ဆိုင်မှုသည် ကာလတစ်ခုအထိ ထိန်းသိမ်းခံထားရသော်လည်း သူတို့၏ ဘိုးဘွားပိုင်မြေဆိုတာကို သက်သေပြနိုင်ခဲ့ပြီးနောက် အဆုံးတွင် သူတို့၏ပိုင်ဆိုင်မှုအဖြစ် ပြန်ရရှိလာခဲ့တာပင်။ ပြန်လည်မွမ်းမံပြီးနောက်မှာတော့ အရင်ကထက်တောင် ပိုမိုကောင်းမွန်လာခဲ့သည်။

ဤသည်မှာ လျန်ရုန်ရုန်၏ ပထွေးမိသားစုဘက်က ပိုင်ဆိုင်မှုဖြစ်နေသဖြင့် ရှီလီသည် ဝေဖန်လိုသောစိတ်ထားဖြင့် ဝင်လာခဲ့သော်ငြား ဘေးပတ်လည်ကို ကြည့်ရှုပြီးနောက်မှာတော့ သူမ၏ ပြစ်ချက်ရှာချင်သော ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ရတော့သည်။

[တောင်းပန်ပါတယ်၊ ဒီနေရာမှာ ဝေဖန်စရာဆိုလို့ ဘာမှမရှိဘူး]

အရောင်ဖျော့ဖျော့ ချီဖောင်တွေကို ဝတ်ဆင်ထားသော လှပသည့် မိန်းကလေးနှစ်ဦးက ဟွမ်ကျဲနှင့် ရှီလီတို့အား စားသောက်ပွဲဆီသို့ ဦးဆောင်ခေါ်သွားပေးခဲ့ကြ၏။ ဟွမ်ကျဲသည် ရင်းနှီးနေသော မျက်နှာများစွာကို မြင်တွေ့မိသဖြင့် ရှီလီကိုပါ လူမှုဆက်ဆံရေးကောင်းစေရန် ခေါ်သွားလိုက်သည်။

ရှီလီသည် ဟွမ်ကျဲဆီက တိုက်တွန်းခြင်းမပါဘဲ“မကြီး” နှင့် “အန်တီ” ဟူ၍ သဘာဝကျကျ ခေါ်ဆိုခဲ့သဖြင့် ချမ်းသာသော အမျိုးသမီးများကို နှစ်သက်သွားစေသည်။

စားသောက်ပွဲသို့ တက်ရောက်လာသော ဧည့်သည်များစွာထဲတွင် Blue City မှ အထင်ကရ ပုဂ္ဂိုလ်အားလုံး ပါဝင်လေသည်။ ရှီလီသည် အကျွမ်းတဝင်ရှိသော မျက်နှာများစွာကို တွေ့ခဲ့ရသည်။

တစ်စုံတစ်ယောက်၏ စကားကောင်းနေသောအဒေါ်အကြီးဆုံးကို ရှီလီ တွေ့လိုက်မိကာ သူမ၏ မျက်နှာမှာလည်း အပြုံးတွေနှင့် ပြည့်နှက်နေ၍ ကျေနပ်စရာကောင်းသောတစ်စုံတစ်ခုကို ဆွေးနွေးနေပုံရသည်။

ရှီလီ တွေးလိုက်၏ [မကြာခင် အန်တီ ပြုံးနိုင်တော့မှာ မဟုတ်ဘူး]

ရှီလီ၏ စိတ်ထဲက အတွေးတွေကို ကြားလိုက်ကြရသော အတန်းဖော်များစွာမှာ သူမဘယ်သူ့ကို ရည်ညွှန်းနေလဲဆိုတာအား သိချင်နေကြသည်။

သို့သော် တက်ရောက်လာကြသော လူတွေတွင် တူညီသော အတွေးတစ်ခုတည်းသာ ရှိ၏:ဒီနေ့ ဒရာမာကြည့်ရတော့မယ်။

ဇာတ်လိုက်တွေက အမြဲတမ်း နောက်ဆုံးမှသာ ပွဲဦးထွက်ကြ၏။ နောက်ခံတေးဂီတ ပြောင်းလဲသွားပြီဆိုတာနှင့် အဓိကဇာတ်လိုက်တွေ ထွက်ပေါ်လာတော့မယ်ဆိုတာကို လူတိုင်းသိလိုက်ရလေပြီ။

လက်ချင်းချိတ်ပြီး လျှောက်လှမ်းလာကြသောအမျိုးသားနှင့် အမျိုးသမီးကို သူတို့တွေ မြင်တွေ့လိုက်ကြရသည်။ - အမျိုးသားက အနက်ရောင် ကျုံးရှန်ဝတ်စုံကို ဝတ်ဆင်ထား၍ အမျိုးသမီးကတော့ ကွတ်တိကျသော ခရမ်းမီးခိုးရောင် ချီဖောင်ကို ဝတ်ဆင်ထား လေသည်။

သူတို့သည် ကျက်သရေရှိစွာ လျှောက်လှမ်းလာကြ၍ ခဏတွင်းချင်းမှာပင် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်လိုက်ကြ၏။

အမျိုးသမီး၏ မျက်နှာကို မြင်တွေ့လိုက်ရတာနှင့် မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး အမူအရာဖြစ်သွားသည့် အဒေါ်အကြီးဆုံးကို ရှီလီ စောင့်ကြည့်နေခဲ့သည်။

လျန်ရုန်ရုန်၏အမေက သမီးဖြစ်သူထက်ပင် ငယ်ရွယ်၍ ကျက်သရေရှိသည့်ပုံပေါ်ကာ အသက်သုံးဆယ်ပဲရှိသေးပုံရပြီး မိန်းမသားဆန်မှုကို ဖော်ပြနေလေသည်။

ရှီလီမှာ မအံ့ဩမိဘဲ မနေနိုင်တော့ပေ[ဟားဟား၊ သူမကို ယောက်ျားတွေ အများကြီးအောက်မေ့နေကြတာ မထူးဆန်းတော့ပါဘူး၊ဘယ်သူကများ သူမကို မကြိုက်နိုင်မှာလဲ။ ]

အတန်းဖော်များ တွေးတောနေမိကြသည်:သူမ ဘယ်သူ့အကြောင်းကို ပြောနေတာလဲ။

ရှီလီက ဆက်လက်သဘောကျနေက။ [မျိုးဆက်တစ်ခုချင်းစီက ပိုဆိုးသွားသလိုပဲ - လျန်ရုန်ရုန်မှာ သူမအမေလိုမျိုး ညှို့ဓာတ် ရှိမနေဘူး]

အခြားသူများ တွေးလိုက်ကြ၏: နေပါဦး၊နင်ဘယ်သူ့အကြောင်းကို ပြောနေတာလဲ။ လျန်ရုန်ရုန်ရဲ့ အမေက ဘယ်သူမို့လို့လဲ။ လျန်ရုန်ရုန်မှာ အမေရှိတယ်လား။

ယနေ့၏ ဒရာမာကတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပြင်းထန်လာဖို့ကို ပံ့ပိုးပေးနေသည်။

လူတိုင်းသည် စားသောက်ပွဲ ပတ်လည်ကိုကြည့်ခဲ့ကြသော်လည်း လျန်ရုန်ရုန်ကို မမြင်မိကြချေ။

ပုံမှန်ဆို လူပုံအလယ်တွင် ထင်ထင်ပေါ်ပေါ်နေလေ့ရှိသည့် သူမက ဘာကြောင့်ရှိမနေတာလဲဟု တစ်စုံတစ်ယောက်က မေးခွန်းထုတ်လာခဲ့သည်။

အမျိုးသမီး အတန်းဖော်အများစုမှာ သူမနှင့်ပတ်သက်၍ အကောင်းမမြင်ကြပေ။

274 02

တစ်စုံတစ်‌ယောက်က ထင်ကြေးပေးလာ၏[ကြည့်ရတာ ဖုန်းယွင်ဟယ်ကို ပြုစုပေးဖို့ ဆေးရုံရောက်နေတာ ဖြစ်မှာပေါ့]

ဤသတိပေးချက်သည် ဖုန်းယွင်ဟယ်က မိုးသီးကြွေကျခြင်းကြောင့် ဒဏ်ရာရသွားခဲ့တယ်ဆိုတာကို လူတိုင်းအား ပြန်မှတ်မိသွားစေပြီး သူမက သူနှင့်အတူ ဆေးရုံတွင် ရှိနေနိုင်လောက်သည်။

ဖုန်းယွင်ဟယ်၏ ဒဏ်ရာကြောင့် သူနှင့်လျန်ရုန်ရုန်တင် မဟုတ်ဘဲ ဖုန်းအဖေကပါ ကျန်းမာရေး အခြေအနေတွေကြောင့် မတက်ရောက်နိုင်ချေ။

တက်ရောက်လာသူများထဲတွင် အဒေါ်အကြီးဆုံးနှင့် သူမ၏ အသိအကျွမ်းများကသာ ဤမျက်နှာကို မှတ်မိကြပြီး အခြားလူတွေကတော့ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးကြတာဖြစ်သည်။

အဒေါ်အကြီးဆုံးနှင့် စကားပြောနေခဲ့သောချမ်းသာသည့် အမျိုးသမီးက သူမ၏ ရုတ်တရက် အေးခဲသွားသော အမူအရာကိုသတိထားမိသွား၍ စနောက်လိုက်သည်။ “ဘာဖြစ်လို့လဲ။ သူမကို သိလို့လား”

အဒေါ်အကြီးဆုံးက အမြန်ပြန်ပြုံးပြလိုက်၏“အိုး၊ ဘာမှမဟုတ်ပါဘူး။ သူမကို ကြည့်ရဝာာ ရင်းနှီးသလိုလိုရှိနေလို့၊ မသိတာ သေချာပါတယ်”

အနည်းငယ် ရင်းနှီးသည်ဟူသော ရှင်းပြချက်ကို ရရှိသွားသော အမျိုးသမီးက ဤကိစ္စကို ဆက်မပြောလာတော့ချေ။

အဆုံးမှာတော့ အမေနှင့်သမီးကြားတွင် မျက်နှာထက်က တူညီမှုတွေကို ရှာဖွေရန်မှာ မခက်ခဲပေ။

ဤသည်မှာ လျန်ရုန်ရုန်၏အမေ ဖြစ်လိမ့်မယ်ဟု အတန်းဖော်တွေက အလျင်အမြန် ခန့်မှန်းနိုင်လိုက်သော်ငြား မေးစရာ မေးခွန်းတွေက ပိုလို့တောင် တိုးပွားလာတော့သည်။

တကယ်လို့ လျန်ရုန်ရုန်မှာ အမေရှိတယ်ဆိုရင် ဖုန်းအဖေက ဘာလို့သူမကို မွေးစားခဲ့တာလဲ။

ပြီးတော့ လျန်ရုန်ရုန်ရဲ့အမေက အခုထိ ကလေးမရှိသေးတဲ့ အထင်ကရ ပုဂ္ဂိုလ်နဲ့လက်ထပ်ထားတဲ့ဟာ။

ရှန်းမိသားစုကို ဝင်လာရင် ဖုန်းမိသားစု ကမွေးစားသမီးဆိုတာထက် အကျိုးခံစားခွင့်တွေ ပိုရလာမှာလေ။

လျန်ရုန်ရုန် အမေ၏အတွေးကို ဘယ်သူမှနားမလည်နိုင်ကြပေ။

ကျိုးဟိန်ယိက ဆေးရုံတွင်ရှိနေသော ဖုန်းယွင်ဟယ်ကို တိတ်တိတ်လေး မက်ဆေ့ခ်ျ လှမ်းပို့လိုက်သည်။

[ငါဒီနေ့ ရှန်းမိသားစုဆီသွားတာ၊ ဘယ်သူ့ကို မြင်ခဲ့လဲဆိုတာကို မှန်းကြည့်စမ်း။ ]

[? ]

[လျန်ရုန်ရုန်ရဲ့ အမေ]

[။ ]

[မင်း ယုံမှာတောင် မဟုတ်ဘူး၊ အခုဆို လျန်ရုန်ရုန်ရဲ့ အမေက မစ္စတာရှန်းရဲ့ ဇနီးဖြစ်နေပြီကွ!]

ဤစာကိုဖတ်ပြီးနောက် ဖုန်းယွင်ဟယ်သည် ဆေးရုံအိပ်ရာဘေး၌ ထိုင်နေကြသော သူ့အမေနှင့် လျန်ရုန်ရုန်တို့အား အလိုလိုလှမ်းကြည့်မိလိုက်သည်။ ကျိုးဟိန်ယိကတော့ သူ့‌အဖေက လျန်ရုန်ရုန်ကို ဘာလို့မွေးစားခဲ့လဲဆိုတာအား သိမှာမဟုတ်ပေ။ - ကြင်နာမှုကြောင့်လား။

မဟုတ်ပေ၊ လျန်ရုန်ရုန်၏အမေက ဖုန်းအဖေ၏အချစ်စစ် ဖြစ်နေခြင်းကြောင့်သာ။

သူ့အချစ်စစ်၏ သမီးကို အိမ်ပေါ် ခေါ်တင်လာသည်ဆိုသော အချက်က သူသည် သူမကို ဘယ်‌တုန်းကမှ မေ့မရနိုင်ဖြစ်နေတယ်ဆိုတာကို သက်သေပြနေတာပင်။

ယခုတော့ သူ့အချစ်စစ်က နိုင်ငံသို့ ပြန်လာပြီဖြစ်တာကြောင့် မကြာခင် ဖြစ်ပွားလာတော့မည့် ပရမ်းပတာတွေကို ဖုန်းယွင်ဟယ် ကြိုတင်ခန့်မှန်းနိုင်နေလေပြီ။

သို့သော် သူ့ချစ်လှစွာသော အဖေသာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံပေါ်မှာပဲ လဲလျောင်းနေရပါက ဤအရာကို ရှောင်ရှားနိုင်ပေလိမ့်မည်။

ဖုန်းယွင်ဟယ်က ယခုလို တွေးနေချိန်မှာ အခြားအတန်းဖော်တွေကတော့ ဖုန်းအဖေ၏အချစ်စစ်အကြောင်းကို မသိထားကြပေ။

သို့သော် ထိုနေရာတွင် ရှီလီ ရှိနေလေ၏။

ရှိီလီက ဘေးပတ်လည်ကိုကြည့်ကာ သက်ပြင်းချ၍ [ဖုန်းအဖေ ဒီမှာရှိ‌မနေတာကတော့ နှမြောစရာကြီး။ တကယ်လို့ သူ့အချစ်စစ်ကသာ အခြားယောက်ျားတစ်ယောက်နဲ့ လက်ချင်း ချိတ်ထားတာကို မြင်သွားလို့ကတော့ ရန်ထဖြစ်မှာ မဟုတ်ဘူးလား။ ]

အခြားလူများ: အချစ်စစ်‌။

တွေးကြည့်လိုက်ရုံနှင့်ပင် အဲ့မြင်ကွင်းက အတော်လေး ပြင်းထန်ပေသည်။ ဒါဆိုရင်ဖုန်းယွင်ဟယ်ရဲ့ အဖေက ဘာလို့ဒီနေရာမှာမရှိနေတာလဲ။

အတန်းဖော်များတွင် ဒရာမာ ပေါ်ပေါက်လာတာကို ကြည့်ရတာလွဲ၍ အခြားဝါသနာမရှိဘဲကိစ္စတွေ ရှုပ်ထွေး‌လာတာကို သူတို့တွေ သဘောကျတာပင်။

လူတိုင်းတွင် ရှီလီလိုမျိုး စိတ်ပျက်နေသောမျက်နှာထားတွေ ရှိနေကြပြီး သာတူညီမျှစိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

274 03

ဖုန်းယွင်ဟယ်၏အဖေ ရှိမနေတော့ ဤစားသောက်ပွဲမှာ အခြားဟာတွေနှင့် မကွာတော့ဘဲ အရွယ်အစားပိုကြီးသွားရုံသာ ရှိတော့သည်။

ရှီလီမှာ အင်မတန် ပျင်းရိနေပြီး ဖုန်းယွင်ဟယ်အဖေ၏ ပျက်ကွက်ခြင်းကြောင့် စိတ်ထဲကနေ မရေမတွက်နိုင်အောင် သက်ပြင်းချနေမိ၏။

ဘေးပတ်ဝန်းကျင်မှ အတန်းဖော်တွေလည်း စိတ်ပျက်နေကြကာ ရှီလီ၏ ညည်းညူသံတွေကို ထပ်ခါတလဲလဲ ကြားနေရချိန်မှာတော့ သူမကို အသံတိတ်သွားပါစေဟု ဆုတောင်းနေမိကြသည်။

ကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်ကသူတို့ကို ဤအခြေအနေတွင်းမှ ကယ်တင်ပေးလာခဲ့သည်။

ချူးချွမ်ရှန်းသည် ရောက်ရှိလာချိန်မှစ၍ ရှီရွှမ်းကို ဆက်တိုက်ရှာဖွေနေသော်လည်း သူမ၏ မိဘ၊ အစ်ကိုနှင့် ညီမတို့ကို မြင်တွေ့နေရသော်လည်း ရှီရွှမ်းကိုတော့ ရှာမတွေ့နိုင်ဖြစ်နေသည်။

ချူးချွမ်ရှန်းသည် ရှီလီနှင့် ဆက်ဆံရေးအဆိုးရွားဆုံး ဖြစ်သော်လည်း ယခုလိုအခိုက်အတန့်တွင် ရှီရွှမ်းနှင့် ပတ်သက်သည့် အကြောင်းများကို သူမကိုပဲ မေးမြန်းရဲသည်။

ရှီလီက အမှန်အတိုင်းပြောလိုက်သည်၊ “မသိဘူးလေ၊ အလုပ်မှာ ဒါမှမဟုတ် အိမ်မှာရှိနေမှာပေါ့”

အချိန်အများစုတွင် ရှီရွှမ်းက အလုပ်မှာဖြစ်စေ သို့မဟုတ် အိမ်မှာပဲရှိနေတာကြောင့် ရှီလီ၏အဖြေက မမှားပေ။

လျူးချွမ်ရှန်း ထင်ထားသလိုပဲ ရှီလီက ရှီရွှမ်းရှိနေသည့်နေရာအား သူ့ကို မပြောပြလာသည့်အပြင် ဆူငေါက်လာနိုင်သေးသည်။ သို့သော် သူမက ဝိုးတိုးဝါးတား အဖြေတစ်ခုကို ပေးလာတာကြောင့် သူ့ကို အရမ်းကြီး မအံ့ဩသွားမိစေချေ။

ချူးချွမ်ရှန်းက ခေါင်းညိတ်လိုက်ပြီး သေချာမေးလိုက်၏၊ “အခု မင်းအစ်မမှာ အခြား‌ယောက်ျားလေးသူငယ်ချင်းတွေ ရှိနေပြီလား”

ရှီလီ မျက်မှောင်ကြုတ်လာတာကို မြင်လိုက်ရတော့ သူအမြန် ထပ်ဖြည့်ပြောလိုက်သည်၊ “ဟိုနေ့တုန်းက အမဲသားနဲ့ နံနံပင် ချက်ပြုတ်နည်းကို မင်းအစ်မ ငါ့ဆီ မက်ဆေ့ခ်ျပို့ပြီး မေးလာသေးတယ်။ သူမ အမေကို ချက်ကျွေးခိုင်းစေချင်လို့လား ဒါမှမဟုတ် အခြားတစ်ယောက် ချက်မှာလားဆိုတာ မသေချာလို့”

သူသည် ရှီရွှမ်းအကြောင်းကို ကောင်းကောင်းကြီး သိထားသဖြင့် သူမကိုယ်တိုင် ဟင်းချက်မည့် ဖြစ်နိုင်ခြေကို ချက်ချင်းပယ်ဖျက်ပစ်ခဲ့သည်။

ချူးချွမ်ရှန်း၏ အတွေးဖြစ်စဉ်ကို ရှီလီ နားမလည်နိုင်ပေ။ - လမ်းခွဲရင်လည်း ပြတ်ပြတ်သားသား လမ်းခွဲသင့်တယ်လေ။ ဒီလို ကပ်တွယ်နေတဲ့ အပြုအမူက ဘာသဘောလဲ။ ရှီရွှမ်းနဲ့ ပြန်ပေါင်းထုပ်ချင်နေတာတော့ မဖြစ်နိုင်ပါဘူးနော်။

မြင်းကောင်းက မြက်ဟောင်း မစားဘူးဆိုတာကို ဘေးဖယ်ထားလိုက်လျှင် သူ၏ သစ္စာ‌မရှိခြင်းကြောင့် ရှီရွှမ်းက လက်ခံမှာ မဟုတ်ပေ။

သူ့အသံထဲတွင် နောင်တအရိပ်အမြွတ်များပါဝင်နေကာ “မင်းအစ်မ အကြိုက်အတိုင်း သူများတွေ မချက်ပေးနိုင်မှာကို ငါ စိတ်ပူလို့၊ဒါပေမဲ့ သူမကို ချက်ပြုတ်နည်း ပို့ပြီးတာနဲ့ငါ့ကို ထပ်ဘလော့ခ်သွားတယ်”

ရှီလီမှာ မျက်လုံးမလှိမ့်မိဘဲ မနေနိုင်တော့။ ဘယ်သူက မျှော်လင့်ချက်မဲ့နေသည့် အချစ် သမားလဲဆိုတာကို သူမ မပြောတတ်တော့ပေ၊ -ရှီရွှမ်းကို ကြည့်ရသည်မှာ ကစားသမားတစ်ယောက်လိုမျိုး လမ်းခွဲပြီးသည့်နောက်နှောင်ကြိုးများကို တိတိပပ ဖြတ်ပစ်လိုက်နိုင်ပုံ ရသော်လည်း ချူးချွမ်ရှန်းမှာ ‌ဆက်လက် တွယ်ကပ်နေသေးသည်။

ရှီလီမှာ လိမ္မာပါးနပ်စွာဖြင့် “လမ်းခွဲပြီးပြီဆိုတော့ လက်လွှတ်လိုက်ပြီး ရှေ့ဆက်လျှောက်သင့်ပြီ” ဟုသာ ပြောနိုင်တော့သည်။

ချူးချွမ်ရှန်း၏ မျက်လုံးများထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသော်လည်း လုံးဝတဲ့တိုးဆန်သော ရှီလီကတော့ ရိုးရိုးရှင်းရှင်းပဲ နားမလည်နိုင်ပေ။

ရှီလီတွင် တကယ်လည်း ပြောစရာမကျန်တော့တာကြောင့် ထွက်ခွာရန် အကြောင်းပြချက်ပေးလိုက်၏။ “အမေ ခေါ်နေလို့၊ သွားရတော့မယ်”

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ချူးချွမ်ရှန်းဆီ ချဉ်းကပ်လာ၍ “ညီအစ်ကို ငါမင်းနဲ့ တွေ့ချင်နေတာ၊ အခါမသင့်သေးလို့။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် မင်းကို ဒီမှာ တွေ့လိုက်ရပြီ!”

ချူးချွမ်ရှန်းမှာ ရှီလီ ထွက်သွားတာကို ကူကယ်ရာမဲ့စွာကြည့်နေရင်း ဤလူက အချိန်မှားပြီး ရောက်လာတာပဲဟု တွေးနေမိ၏။

ချူးချွမ်ရှန်း၏ စိတ်ပျက်နေသော အကြည့်ကိုမြင်လိုက်ရတော့ ထိုလူက ရယ်လိုက်ရင်း“ဘာဖြစ်လို့လဲ။ အဲ့ကောင်မလေးကို စိတ်ဝင်စားလို့လား”

ချူးချွမ်ရှန်းက သူ့ကို တစ်ချက်ကြည့်၍“ပေါက်ကရတွေ မပြောနဲ့။ ဒီလို ကောလာဟလတွေသာ ပျံ့သွားလို့ကတော့ ငါ့ချစ်သူ အထင်လွဲသွားလိမ့်မယ်။ ငါက သူမကတဆင့် စကားအမှာပါးနေရုံတင်”

ထိုလူက ညစ်တီးညစ်ပတ်ဆန်သော အသံဖြင့် အမြန်အဆန် ရယ်မောလာသည်။

ရှီလီက အဝေးသို့ ထွက်ပြေးသွားခဲ့ပြီး သူမနောက်သို့ ချူးချွမ်ရှန်း မလိုက်လာဘူးဆိုတာကို မြင်လိုက်ရတော့ နောက်လှည့်ကြည့်လိုက်ချိန် သူမကို ကယ်တင်ရန်ရောက်လာသည့် အနှီလူကို မြင်တွေ့လိုက်ရ၏။

ရှီလီ စိတ်ထဲကနေ တွေးလိုက်၏ “ဘယ်လောက်တောင် မြင့်မြတ်လိုက်တဲ့ မစ္စတာလဲ”

274 04

သို့သော် အနှီလူ၏မျက်နှာကို အသေအချာမြင်လိုက်ရချိန်မှာတော့ ရှီလီ တိတ်တိတ်လေး ဆဲရေးလိုက်မိသည်။ “သေလိုက်ပါတော့”

၎င်းကို သူမအနားရှိ ဘယ်သူကမှ မကြားလိုက်သော်လည်း လူများစွာကတော့ ကြားလိုက်ကြသည်။

[ဘာလို့ သူဖြစ်နေရတာလဲ။ ]

[ချူးချွမ်ရှန်းက လူကောင်းဆိုတဲ့ ငါ့အတွေးတွေကို ပြန်ရုတ်သိမ်းပြီ]

[တကယ်လို့ သူသာ အမျိုးသမီး လက်အောက်ငယ်သားတွေကို နှောင့်ယှက်တဲ့ ကျင်းချိုင်နဲ့တွဲသွားတွဲလာ လုပ်နေရင်တော့ ဘယ်လိုမှ လူကောင်းမဖြစ်နိုင်ဘူး]

လူတိုင်းသည် စားသောက်ပွဲ၌ ချူးချွမ်ရှန်းကို လိုက်ရှာနေကြချိန်မှာ ဖျတ်ခနဲပြေးသွားသောအရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

ထို့နောက် ရုတ်ချည်းပင် ရန်ပွဲစတင်လာသည်နှင့် အော်ဟစ်သံတွေဖြင့် ဆူညံလာတော့၏။

ရှီလီသည် ချူးချွမ်ရှန်းကို လူကောင်းမဟုတ်သည့်အတွက် စိတ်ထဲကနေ ပြစ်တင်ရှုံ့ချနေချိန်မှာ ‌နောက်မလှည့်နိုင်ခင်မှာပဲ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးက ကျင်းချိုင်၏ခါးကို ကန်လိုက်တာအား တွေ့လိုက်ရသည်။

ရှီလီ: မိုက်လိုက်တာ။

[ဒီနေ့ လာလည်ပတ်လိုက်တာ အလကား မဖြစ်သွားဘူးပဲ]

[တန်လိုက်တာ]

******

275 01

အခန်း ၂၇၅: ရှီလီက ဖုန်းယွင်ဟယ်ကို တကယ်သဘောကျနေပုံပဲ

[ဘာလို့ရုတ်တရက်ကြီး ရန်ထဖြစ်ကြတာလဲ။ ]

လူတိုင်းမှာ ကျင်းချိုင်ကို ရိုက်နှက်ရန်အတွက်အပြေးအလွှား ရောက်လာသည့် မိန်းကလေး ကို မတွေ့ခင်အထိ ယခုလို ရှုပ်ထွေးနေခဲ့၏။ ထိုအခိုက်တွင် ကျောင်းသားအားလုံး၏ သံသယတွေ ကင်းစင်သွားတော့သည်။

အဘယ်ကြောင့်ဆို ကျင်းချိုင်ကို ရိုက်နှက်နေသည့်သူမှာ ရှီကျင်းရှုဖြစ်ပြီး သူမ၏အစ်မက ကျင်းချိုင်၏ဇနီး ဖြစ်နေတာကြောင့်ပင်။

ရှီကျင်းရှု၏ နာမည်ကို အေးချမ်းပြီး သိမ်မွေ့တယ်လို့ ပြောကြသော်လည်း သူမကတော့ အတော်လေး ကြမ်းတမ်းကာ အကျိုးဆက်ကိုမစဉ်းစားဘဲ ပြုမူတတ်သူပင်။

ယုတ္တိကျကျပြောရလျှင် ယခုလို ကိစ္စမျိုးကိုသာမန်လူတွေ ကြားမိပါက သူတို့၏ အကျိုးအမြတ်တွေသာအောင် အရင်ဦးဆုံး သက်သေစုကြမှာဖြစ်သည်။

အကယ်၍ စုံစမ်းစစ်ဆေးခြင်းကို ဦးစားမပေးခဲ့လျှင်တောင် အနည်းဆုံးတော့ အပြင်လူတွေ မရှိတော့သည့်အထိ အိမ်ပြန်ရောက်အောင် စောင့်ကြဦးမှာပင်။

သို့ပေတည့် ဤညီမကတော့ ကွဲပြားသည်။ Blue City ၏ ဂုဏ်သိက္ခာရှိ ပုံရိပ်တွေ ရှိနေ သည့် ဤနေရာမှာတင် ရိုက်နှက်ရန် ရွေးချယ်ခဲ့လေသည်။

သူတို့မိသားစု၏ လေထုက အများရှေ့တွင်ညစ်ပတ်သောအဝတ်ပုံ ဖြစ်သွားရုံတင်သာမက သူမကိုလည်း အများပြည်သူရှေ့တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် တရားဆွဲလို့ရ၏။

ရှီကျင်းရှု၏ သူငယ်ချင်းတွေက အကြည့်ချင်း ဖလှယ်လိုက်ကြကာ - တစ်ယောက်က သူမ၏မိဘတွေကို သွားရှာပြီး ကျန်တစ်ယောက်မှာမူ သူမ၏ အစ်မကို သွားရှာလိုက်သည်။

ညှိနှိုင်းဆောင်ရွက်ခြင်းကို အရင်ဦးဆုံး မပြုလုပ်ခဲ့ဘဲ လူတိုင်းမှာ သူမ၏ခဲအိုက အလုပ်၌အမျိုးသမီး လက်အောက်ငယ်သားကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်လို့ တစ်ယောက်ယောက် ပြောလိုက်တာကို ကျင်းရှု ကြားခဲ့တယ်လို့ တူညီစွာ ယူဆလိုက်ကြသည်။ ကလေးဘဝတုန်းက သူမ၏အစ်မသည် သူမအား အမြဲတမ်း ဂရုစိုက်ပေးခဲ့တာကို တွေးမိ၍ ဒေါသထွက်လာပြီး သူမအစ်မအစား လက်စားချေပေးခဲ့တာပင်။ သိထားသလိုပဲ ကျင်းရှုက တဲ့တိုးဆန်သော်ငြား သူမတွင် ယုတ်မာသော ရည်ရွယ်ချက် မရှိပေ။ အကယ်၍ သူမ၏ အစ်မကိုသာ မစိုးရိမ်ခဲ့ပါက အလွန်အဆင်အခြင်မဲ့တာမျိုးကို ပြုလုပ်မှာ မဟုတ်ချေ။

သူမသည် ဒေါသထွက်နေပုံရသော သူငယ်ချင်းတွေ၏ မိဘတွေကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ “ပြီးခဲ့တာက ပြီးသွားပြီ။ ဒေါသထွက်နေလို့ ကူညီရာရသွားမှာ မဟုတ်ဘူး။ နောက်ဆက်တွဲကိစ္စကို ဘယ်လိုဖြေရှင်းမယ်ဆိုတာပဲ စဉ်းစားသင့်တယ်”

ရှီကျင်းရှု၏ မိဘတွေက သားမက်ဖြစ်သူ၏စွပ်စွဲခံထားရသော လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို စစ်ဆေးရန် တဗျစ်တောက်တောက်ပြောရင်း ထွက်သွားကြသည်။ ၎င်းက အမှန်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဤအခြေအနေတွင် အမှန်ဟုသာ ယူဆရပေတော့မည်။

ရှီကျင်းရှု၏ အစ်မက အသေးစိတ်အချက်တွေကို သိရရန်အလို့ငှာ အ‌နား၌နေဖို့ကို ရွေးချယ်ခဲ့ပြီး အခြေအနေကို ဖြေရှင်းရန် အချိန်ဆွဲထားသည်။

ယခုလို အရေးကြီးသော အခိုက်အတန့်၌ လူတိုင်းသည် မကြုံစဖူး ယူဆချက်တွေကိုပြသလာခဲ့ကြ၏။

ရှီကျင်းရှုက မိန်းကလေးဆိုသော်လည်း သူမတွင် ရန်ဖြစ်ရန်အတွက် ပင်ကိုယ်ပါရမီပါနေသည်။

သူမ၏ ကိုယ်ခံပညာက ယောက်ျား၊ မိန်းမကြားမှာ ရုပ်ပိုင်းဆိုင်ရာ ကွာခြားချက်ကို ကျော်လွန်ရန် လုံလောက်ပေသည်။

ကျင်းချိုင်မှာ ရှီကျင်းရှုထံမှ တစ်ဖက်သက်ကြီး ရိုက်နှက်ခံနေရချိန်၌ ချူးချွမ်ရှန်းက ဝင်မကူညီဘဲ ဘေးနားမှာသာ ရပ်နေခဲ့သည်။ သူသည် ‌‌ဝင်ရောက်ဖျန်ဖြေရမည့်အစား နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သေး၏။

ကျင်းချိုင်မှာ တစ်ကိုယ်လုံး နာကျင်နေပြီးချူးချွမ်ရှန်းဆီက အကူအညီကို ရယူချင်ခဲ့သည်။ သူ့လက်က ချူးချွမ်ရှန်း၏ ဘောင်းဘီကို ထိလုခင်မှာပဲ ချူးချွမ်ရှန်းက စစ်ပွဲဇုံကနေ အချိန်ကိုက် နောက်ဆုတ်သွားသည်။

ယခုလို သစ္စာမရှိသည့် ယောက်ျားမျိုးရှိနေတာကြောင့် ကျင်းချိုင်မှာ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူက ယောက်ျားတစ်ယောက်လို လုံးဝပြုမူမနေ‌ဘူး။

ချူးချွမ်ရှန်း၏ အတွေးတွေကတော့ ရှင်း၏:ဒါက မိသားစုကိစ္စ‌ဆိုတော့ သူနဲ့မဆိုင်ဘူး။

ဒါ့အပြင် တိုက်ခိုက်သူက မိန်းကလေးဖြစ်နေသည်။ လူမြင်ကွင်းတွင် မိန်းကလေးတစ်ဦးနှင့် ကိုယ်ထိလက်ရောက် ငြင်းခုံမှုတွေ ဖြစ်သွားပါက ကြည့်ရဆိုးမည်ဖြစ်ကာ ၎င်းကို ရှီရွှမ်းကြား သွားလျှင်လည်း ရှင်းပြရခက်မှာဖြစ်၏။

ထို့ကြောင့် ချူးချွမ်ရှန်းသည် မသက်ဆိုင်သောဘေးမှ ရပ်ကြည့်သူတစ်ယောက်လို အေးစက်စက်နေရန် ရွေးချယ်လိုက်တာပင်။

ဘေးနားတွင် ချူးချွမ်ရှန်းကဲ့သို့ ဝိုင်းဝန်းကြည့်နေသူများစွာ ရှိနေလေ၏။ ဝင်ကူညီပေးချင်သော ဧည့်သည်တွေ မရှိတာတော့ မဟုတ်ပေ ။-ကူညီပေးခဲ့သည့်လူတွေမှာ ကံမကောင်းရုံသာ။

275 02

ရှန်းမိသားစု၏ လုံခြုံရေးအစောင့်တွေ ရှေ့ထွက်လာကြသော်ငြား တိုက်ခိုက်သူကမိန်းကလေးဖြစ်နေပြီး သူမ၏ မိသားစုဝင်တွေလည်း အနားမှာရှိနေတော့ သူမကို တိုက်ရိုက်ဝင်ရောက်ဖျန်ဖြေ၍ မဆွဲရဲကြပေ။

နောက်ဆုံးတွင် ဗီလာအပြင်ဘက်မှ အမျိုးသမီး လုံခြုံရေးတွေ ရောက်လာမှသာ ရှီကျင်းရှုက သူ့အား အားရအောင် ရိုက်နှက်ပြီးသွားပြီဖြစ်သဖြင့် သူမကို ဆွဲခေါ်သွားခွင့် ပေးလိုက်သည်။

မူလက အေးချမ်းနေခဲ့သည့် ‌စားသောက်ပွဲမြင်ကွင်းမှာ ယခုလို သေးငယ်သည့် အုတ်အော်‌သောင်းနင်း၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။ ကခုန်ပြီး စကပြောနေကြသော လူအုပ်မှာလည်း ရပ်တန့်သွားပြီး ငှားယမ်းထားသောband ကသာ ဆက်လက် ဖျော်ဖြေနေ၏။

မူလက ညစာစားပွဲမှာ အုန်အော်သောင်းနင်းဖြစ်သွားခဲ့ပြီး အခြေအနေကို ဖြေရှင်းပေးရန်အလို့ငှာ အိမ်ရှင်ထွက်လာရန် သေချာပေါက် လိုအပ်လာသည်။

လူတိုင်းက စုဝေးပြီး ပွဲကြည့်နေကြတာကို မြင်လိုက်ရတော့ စကားစမြည်ပြောနေသော မာစတာရှန်းသည် နောက်ဆက်တွဲကိစ္စကိုဖြေရှင်းရန်အတွက် အရှေ့သို့ ထွက်လာရတော့၏။

ရှီကျင်းရှု၏ မိဘတွေမှာ နောက်ဆက်တွဲကိစ္စအတွက် ပြင်ဆင်ပြီးပြီဖြစ်၍ အိမ်ရှင်အနားသို့ ချဉ်းကပ်ကာ အလွန်စိတ်ရင်းမှန်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မတို့ရဲ့ ရှီကျင်းရှုက ပုံမှန်ဆို အရမ်းအေးဆေးပြီး စကားနားထောင်တာ၊ ပြဿနာရှာတတ်တဲ့ လူမျိုးမဟုတ်ဘူး။ သူမက သူများတွေကို ဘယ်‌တော့မှ တမင်ရည်ရွယ်ပြီး နာကျင်အောင်လုပ်မှာ မဟုတ်ပါဘူးရှင်။ သူမရဲ့ အမျိုးကောင်းသမီးဖြစ်အောင် သွန်သင်ဆုံးမထားတာ‌တွေကို စွန့်ပစ်ပြီးလူ ပုံအလယ်မှာ ဒီလိုလုပ်ရတဲ့အထိကျင်းချိုင်က သူမကို တစ်ခုခုရန်စလိုက်လို့ပဲ ဖြစ်ရမယ်”

အခြားကျောင်းသားများ တွေးလိုက်၏: ပုံမှန်ဆို ဒီလိုစကားတွေကို ကြားလိုက်ရရင် တော်တော့်ကို စိတ်ညစ်ဖို့ကောင်းပေမဲ့အခုတော့ ခံစားချက်က လုံးဝကို ကွဲပြားသွားပါလား - အရမ်းစိတ်ကျေနပ်နေတယ်လို့များ ဘာလို့ ခံစားမိနေတာပါလိမ့်။

ကျင်းချိုင်မှာ ဒေါသထွက်လွန်းလို့ သေမတတ်ဖြစ်နေရ၏။ သူသည် မိသားစုတိုင်း၏ ကလေးကို မိန်းကလေးဟု သည်းခံပြီး ခေါ်နိုင်သော်လည်း သူတို့၏ ရှီကျင်းရှုကျတော့ရော။ သူမသည် မူလတန်းကျောင်းကတည်းက ကြွက်စုတ်လိုမျိုး ယောက်ျားလေး အတန်း‌ဖော်တွေနှင့် ရန်ဖြစ်ခဲ့သည်။ ပိုပြီး ရယ်စရာကောင်းတာကတော့ သူမထက် ခေါင်းနှစ်လုံးစာ အရပ်ပိုရှည်သော ကျောင်းသားကို ခေါင်းမှာ ဘုတွေထတဲ့အထိ ရိုက်နှက်ခဲ့တာပင်။ သူမကို ပြဿနာမရှိဘူးလို့ သူတို့တွေ ဘယ်လိုတောင် ပြောနိုင်ကြတာလဲ။ နည်းနည်းလောက်ပိုပြီးမျှတပေးလို့ မရဘူးလား။

ကျင်းချိုင်မှာ အင်မတန် မှားယွင်းနေသလို ခံစားလိုက်ရသည်။ သူသည် တက်တက်ကြွကြွ စကားပြောနေချိန်မှာ လေပေါ်ကန်ချက်တစ်ခုက သူ့ခါးပေါ် ကျရောက်လာခဲ့၏။

သူသည် အရင်တုန်းက ရှီကျင်းရှု၏ မြင့်မြတ် လှသော တိုက်ပွဲမှတ်တမ်းကို ဒဏ္ဍာရီအဖြစ် ကြားဖူးခဲ့သော်လည်း လူတွေက ချဲ့‌ကားပြောနေကြတာလို့ပဲ တွေးခဲ့တာပင်။ ဒါ့အပြင် သူ့မိန်းမ၊ ရှီကျင်းရှု၏ အစ်မကလည်း သူ့ကို ဤကောလာဟလတွေအကြောင်း အကြာခဏပြောပြတတ်သဖြင့် အနည်းအကျဉ်းတော့ ယုံကြည်ခဲ့၏။၊ အဆုံးမှာတော့ မိန်းကလေးဘယ်နှစ်ယောက်ကများ ယောက်ျားတွေကို ရိုက်နှက်နိုင်မှာမို့လို့လဲ။ ချဲ့ကားပြောနေတာပဲ ဖြစ်ရပေမည်။

အဆုံးတွင်မူ သူကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့၍ သူမ၏ လက်ဝှေ့အိတ်ဖြစ်လာတော့မှသာ ၎င်းက ကောလာဟလသက်သက်ချည်း မဟုတ်ဘူးဆိုတာကို နားလည်သွားတော့၏။

လေပေါ်ကန်ချက်ဆိုတာ အရင်တုန်းက ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးခဲ့တာဖြစ်ပြီး ယခုတော့သူသည် မြင်ခဲ့ရုံတင်မကဘဲ ကြုံတွေ့ခံစား လိုက်ရသည်။

အဲ့ဒီ သောက်ကောင်မလေး ရှီကျင်းရှုကတော့လူတွေကို နာကျင်သွားအောင် ဘယ်လိုလုပ်ရလဲဆိုတာကို တကယ်သိနေတာပဲ။

“သေစမ်း” သူတွေးလိုက်၏။ “ဒီလောက်တောင် ဖိုက်တာကောင်းဖြစ်နေရင် UFC မှာဝင်ပြိုင်ပြီးငါတို့နိုင်ငံအတွက် ဂုဏ်ကျက်သရေတွေ ဘာလို့ မယူလာပေးလဲ”

ကျင်းချိုင်မှာ စိတ်ထဲကနေ ဆဲရေးနေမိ၏။ -သူ့ယောက္ခထီးနဲ့ ယောက္ခမကတော့ အမည်းနဲ့အဖြူကို ပြောင်းပြန်လှန်ပစ်တဲ့နေရာမှာ တကယ် တော်ကြတာပဲ။

သူ့နာကျင်မှုကို လျစ်လျူရှု၍ ပွဲထဲသို့ ရောက်လာကတည်းက သူနှင့် ရှီကျင်းရှုတို့ ပြောဆိုဆက်ဆံခဲ့လားဆိုတာကို ကြည့်ရရန် စောင့်ကြည့်ရေး မှတ်တမ်းကို စစ်ဆေးကြည့်ဖို့ မာစတာရှန်းကို အမြန်တောင်းဆိုလိုက်သည်။

275 03

သူကပဲ တကယ်ကြီး မသင့်လျော်တာ လုပ်ခဲ့တာလား ဒါမှမဟုတ် ရှီကျင်းရှုကပဲ ရူးနှမ်းပြီး သူ့အား တိုက်ခိုက်သလားဆိုတာကို သိချင်နေမိသည်။

ရှီမိသားစုမှ မိဘတွေက ရင်ဆိုင်ဖြေရှင်းနေစဉ် ကျင်းချိုင်က တောင်းပန်တိုးလျှိုးသော မျက်လုံးတွေဖြင့် သူ့မိန်းမကိုကြည့်ကာ အကူအညီ တောင်းလိုက်သည်။

သူ့မိန်းမက ရှီကျင်းရှု၏ အစ်မဆိုသော်ငြားသူနှင့် လက်ထပ်ထားတာကြောင့် အခုဆိုသူတို့က မိသားစုဖြစ်နေလေပြီ။ သူမသည် ရှီမိသားစုထက် သူမ၏ခင်ပွန်းဖြစ်သော သူ့ကို ပံ့ပိုးပေးသင့်လေသည်။

ကျင်းချိုင်၏ မိသားစုက Blue City တွင် အာဏာအနည်းအကျဉ်း ရှိသော်ငြား ရှီမိသားစုလောက်တော့ မဟုတ်သဖြင့် သူ့အား အတူနေသားမက် ဖြစ်လာစေခဲ့သည်။

ထို့ကြောင့် ဤစားသောက်ပွဲ၌ ကျင်းချိုင်၏မိဘတွေ ရှိမနေတာပင်။ သူ့ ဝမ်းကွဲငယ်ကိုသာ အတွင်းရေးမှူးအသွင်နှင့် ခေါ်လာခဲ့တာဖြစ်ပြီး ဖြစ်ပျက်သွားတာတွေကြောင့် ကြောက်လန့်နေလေသည်။

TV ပေါ်တွင် အများအားဖြင့် ပေါ်လာလေ့ရှိသော ထိပ်သီးပုဂ္ဂိုလ်အုပ်စုတွေက ‌ဖြေရှင်းရန်ဆွေးနွေးနေချိန်မှာ သူကတော့ ထောင့်နားမှာပဲကို ယ်ကိုကျုံ့ထားပြီး စကားဝင်မပြောရဲပေ။

ကျင်းချိုင်မှာ သူ့ဝမ်းကွဲက ထောင့်နားတွင် ကျုံ့ဝင်နေတာကို မြင်လိုက်ရ‌တော့ ဒေါပွလာခဲ့သည်။ သိက္ခာကျလိုက်တာ၊ အထူးသဖြင့် ဒီကလေးအပေါ် သူအများကြီး ဂရုစိုက်ပေးခဲ့ပြီးမှကွာ။

ကျင်းချိုင်သည် ရှီကျင်းရှုအား ရန်မစခဲ့တာကို သက်သေပြရန်အတွက် ပွဲထဲရှိ စောင့်ကြည့်ရေးမှတ်တမ်းကိုပါ ပြန်ကြည့်ဖို့ အတင်းအကြပ် ပြောနေလေသည်။

သို့သော် ဘယ်သူကမှ သူ၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုကို လိုက်မလုပ် ပေးချင်ကြပေ။

ရှီကျင်းရှုက မိဘတွေက မာစတာရှန်းကို ထပ်ခါတလဲလဲ တောင်းပန်ခဲ့ပြီး သူတို့၏သားမက်ကို သေချာသွန်သင်၍ နောက်နောင် ယခုလိုအမှားမျိုး မဖြစ်စေရပါဘူး အာမခံကာကတိပေးနေကြသည်။ သူတို့၏ သမီးဖြစ်သူကိုလည်း သူ့အား တောင်းပန်ခိုင်းနေကာဤဒရာမာကို အမြန်ဆုံး အဆုံးသတ်ချင်နေကြသည့်ပုံပင်။

ယခင်က ပွဲခင်းထဲရှိ ငြိမ်သက်နေသော လေထုမှာ ဤဖြစ်ရပ်ငယ်ကြောင့် အလျင်အမြန်အုံကြွလာတော့၏။

ဖျော်ဖြေနေကြသည့် အနုပညာရှင်တွေတောင်သူတို့၏ မူလက ငြိမ့်ညောင်းသော ဂီတကိုပိုမြူးကြွစေသော စည်းချက်အဖြစ် ပြောင်းလဲလိုက်ကြသည်။

လူတိုင်းသည် လက်ရှိရန်ပွဲနှင့် ဆက်စပ်သောအတင်းအဖျင်းများကို အားတက်သရော ဆွေးနွေးနေကြလျှက်။

ရှီလီမှာ ထေ့ငေါ့ပြီး မတွေးမိဘဲ မနေနိုင်တော့[မြင်တဲ့အတိုင်းပဲ၊ တစ်ခါတစ်လေ ပါတီ အသက်ဝင်လာအောင် ရန်ဖြစ်ပေးလိုက်ဖို့ပဲလိုတာ]

အခြားသူများ: အိုး၊ နင်က အဲ့ဖြစ်ရပ်ကို အခုထိ မှတ်မိနေသေးတယ်လား။

******

276 01

အခန်း ၂၇၆: မှန်းတာတော့‌ မှန်တယ်၊ အပြည့်အစုံတော့ မဟုတ်သေးဘူး

စားသောက်ပွဲပြီးနောက် အ‌ဒေါ်အကြီးဆုံးသည်ဖုန်းအဖေနှင့် သူ၏ ပြန်လည်ရောက်ရှိလာ သော လရောင်ဖြူလေးက သူမသူငယ်ချင်းကောင်းအပေါ် သက်ရောက်စေမှာကို စိုးရိမ်နေမိသည်။ စုံစမ်းစစ်ဆေးရန် သူမ ဖုန်းဆက်လိုက်သည်။

ဖုန်းတစ်ဖက်ခြမ်းက သူမ သူငယ်‌ချင်းကောင်း၏အသံမှာ ရယ်မောသံတွေနှင့် ပြည့်နှက်နေပြီး ဘာမှမဖြစ်ခဲ့သည့်အလားပင်။ အဒေါ်အကြီးဆုံးကတော့ ဤသည်ကို ထူးဆန်းတယ်လို့မြင်ပြီး သူမ၏ သူငယ်‌ချင်းကောင်းက အလွန်ပွင့်လင်းသည့်သူ မဟုတ်သလို သူမကလည်းအတိအကျကြီး လူကောင်းမဟုတ်ပေ။

ဒီတော့ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။

ထို့နောက် သူမသူငယ်ချင်းက ဖုန်းအဖေ၏ကျန်းမာရေးက သိပ်မကောင်းဘဲ ဆက်တိုက်ဆိုသလို ထိခိုက်ဒဏ်ရာရနေတယ်လို့ ပြောလာတော့မှ ဘာကြောင့်လဲဆိုတာကို အဒေါ်အကြီးဆုံး နားလည်သွားတော့၏။ ဖုန်းယွင်ဟယ်က နိုင်ငံခြားရှိ ဆေးဝါးကုသမှုက ပိုအဆင်မြင့်၍ နိုင်ငံခြားတွင် ပြန်ကျန်းမာအောင် လုပ်တာကသေချာပေါက် မြန်ဆန်တယ်ဟု ပြောခဲ့၏။

ထို့ကြောင့် နောက်နေ့မနက်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နိုင်ငံခြားထွက်ရန် စုံတွဲက ပြင်ဆင်နေကြတာပင်။ ဖုန်းယွယ်ဟယ်က ဆေးရုံကိစ္စနှင့် ပတ်သက်၍ အားလုံးကို စီမံပြီးသားဖြစ်တာကြောင့် စုံတွဲက ထွက်သွားဖို့သာ လိုအပ်သည်။

ဘာတွေ စောင့်နေရဦးမှာလဲ။

ဖုန်းအဖေသည် ယ‌ခုနောက်ပိုင်း၌ ထိခိုက်ဒဏ်ရာတွေ ခဏခဏရနေသဖြင့် သူ့အသက်ကိုအင်မတန် သတိထားတတ်လာ၍ ရုတ်တရက်ဆန်သော မတော်တဆမှုက သူ့အသက်အား နှုတ်ယူသွားမှာကို ကြောက်နေသည်။

အာဏာအတွက် ယှဉ်ပြိုင်နေရတာကတော့ သူ့ဘဝ၏ ဒုတိယနေရာသို့‌ ရောက်သွားလေပြီ။

အသက်မရှင်တော့ပါက ပိုက်ဆံဘယ်လောက်ရှိရှိ အရေးမကြီးတော့ပေ။

စုံတွဲကို အဝေးပို့လိုက်သည့် ဖုန်းယွင်ဟယ်၏အကြောင်းရင်းကလည်း အင်မတန် အကျိုးသင့်အကြောင်းသင့်ရှိ၏။ ယခုဆို ဖုန်းအဖေက သူ့အသက်ထက် ဘာကိုမှ အလေးမထားတော့ဘဲ သူ့တွင် သားဟူ၍ ဖုန်းယွင်ဟယ် တစ်ဦးတည်းသာရှိသည်။

ဖုန်းအဖေ ပိုင်ဆိုင်သမျှဟာ မရှေးမနှောင်းမှာပဲဖုန်းယွင်ဟယ်ဆီ ရောက်သွားမှာဖြစ်သဖြင့် ၎င်းနှင့်ပတ်သက်၍ အများကြီး တွေးမနေတော့ဘဲ ဖုန်းယွင်ဟယ်ကို တာဝန်သိတတ်သောသားအဖြစ် ယုံကြည်နေသေးသည်။

ပြောရမည်ဆိုလျှင် ယနေ့၏ တိုးတက်နေသောအင်တာနက်နှင့် ရှန်းမိသားစု၏ ခမ်းနားသော အိမ်ပြန်အလာ စားသောက်ပွဲတွင် မီဒီယာများစွာကို ‌ဖိတ်ကြားထား၍ လူထုရှေ့ချပြမှာဖြစ်သဖြင့် ဆက်စပ်သော သတင်းယူမှုတွေရှိသင့်သည်။

ဤသည်ကနေ #ရှီကျင်းရှုတိုက်ခိုက်မှု# ဟူ၍ထွက်ပေါ်လာခဲ့၏။ ချမ်းသာသော မိသားစု၏ပြန်ရောက်လာသော ရိုးရှင်းသည့်သတင်းကချမ်းသာသော မိသားစု၏ သမီးက ခဲအိုကိုလူမြင်ကွင်းမှာ ရိုက်နှက်တယ်ဆိုသည့် သတင်းနှင့် ယှဉ်နိုင်ပါ့မလား။

ဘယ်ဟုတ်ပါ့မလဲ။

ယခုလို အင်တာနက်ခေတ်ကြီးတွင် သတင်းအချက်အလက် စီးဆင်းခြင်းကသာ ဘုရင်ဖြစ်‌နေချိန်၌ စားသောက်ပွဲသို့ တက်ရောက်ခဲ့ကြသော မီဒီယာမှာ ဘာ်သတင်းက သူတို့အတွက်အကျိုးပိုမြတ်စေလဲဆိုတာကို သဘာဝအတိုင်းချိန်ဆခဲ့ကြသည်။

သတင်းတင်ပြရာတွင် အတွေ့အကြုံ နှစ်ချီနေ ပြီဖြစ်သော မီဒီယာကျွမ်းကျင်သူများမှာ ဘယ်ဇာတ်လမ်းက ရေပန်းစားသွားမယ်ဆိုတာကို သိနေကြသည်။

သူတို့သည် မိန်းမငယ်လေး၏ တိုက်ခိုက်မှုဟူသည့် ဇာတ်လမ်းကို တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်လိုက်ကြသည်။

276 02

ဒါပေါ့ သူတို့ကို စားသောက်ပွဲသို့ တက်ရောက်ရန်အတွက် ရှန်းမိသားစုက ဖိတ်ကြားထားခဲ့တာကြောင့် မီဒီယာသည် လေးစားမှုကို ပြသသောအားဖြင့် ထိုမိသားစုနှင့် ပတ်သက်သောသတင်းများကို မြှောက်ပင့်ဖော်ပြခဲ့ကြကာ ရှန်းမိသားစု၏ သမိုင်းကြောင်းနှင့် လက်ရှိမိသားစု ဦးဆောင်သူ၏ ကောင်းမွန်သောနည်းလမ်းတို့ကို ချီးကျူးခဲ့ကြသည်။

သို‌သော် ၎င်းကို ဘယ်သူမှ မဖတ်ကြပေ။

အင်တာနက် သုံးစွဲသူများမှာ မျက်စိဖမ်းစားစေသည့် မိန်းမငယ်လေး၏ တိုက်ခိုက်မှု ဆိုတာမျိုးကို နှစ်သက်ကြသဖြင့် ခဏတွင်းချင်းမှာပဲ ရေပန်းစားသွားခဲ့သည်။

ရှီမိသားစုသည် ဤသတင်းများကို မီဒီယာများမှတဆင့် ဖိနှိပ်ရန် မကြိုးစားခဲ့ဘဲ ထိုအစားနောက်ကွယ်ကနေတောင် လောင်စာဆီများထပ်ထည့်ခဲ့ကြသည်။

အဆုံးမှာတော့ ရှီကျင်းရှုက ကျင်းချိုင်ကို ရိုက်နှက်ပြီးသွားပြီဖြစ်၍ အနှီတံတားကို မီးရှို့လိုက်ပြီဖြစ်ရာ သူတို့၏ ဆက်ဆံရေးကိုပြန်တည်ဆောက်ရန် မျှော်လင့်ချက် မရှိတော့ပေ။ သူ့ကို ဘယ်တော့မှ နလန်ပြန်မထူနိုင်အောင် လုံးဝ အမှောက်သိပ်ပစ်လိုက်မှာပဲ ဖြစ်သည်။

သူတို့က မိသားစုမို့လို့ ဆက်ဆံရေးကို အဖတ်ဆယ်ဖို့ ကြိုးစားတာအတွက်ရော။

ဤသည်က ကျင်းချိုင်၏ အတိတ်တုန်းက လုပ်ရပ်တွေကို သူတို့ဆီပါ သယ်လာခဲ့တာပင်။ အမျိုးသမီး လက်အောက်ငယ်သားများကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည်ဟူသောတည်ရှိ‌မှုကို ကုမ္ပဏီအတွင်းရေးစုံစမ်းမှုတွေက အတည်ပြုခဲ့၏။

ရှီမိသားစုက ယခုလို အပြုအမူမျိုးကို သည်းမခံနိုင်သလို ယခုလို သားမက်၊ ခင်ပွန်း တစ်ယောက်ကိုလည်း လက်မခံနိုင်ချေ။

ရှီမိသားစု အတွက်ကတော့ ကျင်းချိုင်သည် တစ်ခါသုံး အပေါင်ပစ္စည်းဖြစ်လာခဲ့၏။

ရှီမိသားစုနှင့် ပတ်သက်သော hashtag တွေထွက်ပေါ်လာပြီးနောက် မိန်းကလေး၏တိုက်ခိုက်မှုက ရေပန်းစားလာခဲ့၍ ကျင်းချိုင်၏အမျိုးသမီး လက်အောက်ငယ်သားတွေအပေါ် လျှို့ဝှက်ပြီး နှောင့်ယှက်ခြင်းကလည်း လှိုင်းလုံးကိုစီး၍ ရေပန်းစားသည့်စာရင်းထဲမှာထိပ်ဆုံးသို့ ရောက်ခဲ့သည်။

ရှီကျင်းရှု၏ ဂုဏ်သတင်းမှာ ဘယ်တုန်းကမှ ပိုကောင်းမလာခဲ့ပေ။ ယမန်နေ့ကပင် လူတွေက ချမ်းသာသောမိသားစု၏ သားမက်ဖြစ်ရတာက ဘယ်လောက် ခက်ခဲလိုက်မလဲဆိုပြီး မှတ်ချက်ပေးခဲ့ကြသေး၏။ အပေါ်ယံတွင် ကြော့မော့နေသော်လည်း ပိတ်ထားသောတံခါးများ နောက်ကွယ်တွင် ဘဝကို သူတို့တွေ ဘယ်လိုဦးဆောင်မယ်ဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ။ မင်းရဲ့ခယ်မကတောင် လူမြင်ကွင်းမှာ ရိုက်နှက်နိုင်ရင် မင်း ဘယ်လိုဘဝမျိုး နေထိုင်နေရလဲဆိုတာ ရှင်းနေလေပြီ။

နတ်သမီးပုံပြင်ထဲကအတိုင်း ကျင်းချိုင်နှင့်ရှီကျင်းရှု၏ အစ်မတို့ လက်ထပ်ပွဲသည် လူချမ်းသာ၏ သမီးကို လက်ထပ်နိုင်ခဲ့ခြင်းကြောင့် တစ်ခါတုန်းကတော့ မနာလို‌သည့် ယောက်ျားတွေ မရေမတွက်နိုင်အောင်ရှိခဲ့ဖူးသည်။

ယခုတော့ ကျင်းချိုင်၏ လက်ထပ်ထားသောဘဝက မပျော်ရွှင်ရလောက်ဘူးဆိုတာကို တစ်ပိုင်းတစ်စ မြင်တွေ့လိုက်ရတော့ ဤလူတွေမှာ စိတ်လှုပ်ရှားလာခဲ့ကြကာ ချမ်းသာသော မိသားစုတွေက သမီးတွေသည် ခြယ်လှယ်လွန်းပြီး ချမ်းသာသော မိသားစုတွင်သားမက်လုပ်ရတာက ဘယ်လောက်တောင် သနားစရာကောင်းလဲဆိုပြီး များစွာသောမှတ်ချက်တွေ ပေးခဲ့ကြသည်။

ရှီမိသားစုမှ မိဘများနှင့် သမီးနှစ်ယောက်ကို ခြယ်လှယ်သော ပုံရိပ်တွေအဖြစ် ဖော်ပြထားခဲ့ကြတာကြောင့် ကျင်းချိုင်ကို မနာလိုသည့်လူရှိသလို၊ သူ့အတွက် စိတ်မကောင်းဖြစ်မိသောလူတွေလည်း ရှိခဲ့ကြသည်။

၎င်းမှာ အမျိုးသမီး လက်အောက်ငယ်သားတွေက ကျင်းချိုင်သည် သူ့ရာထူးကိုသုံး၍သူတို့ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တယ်ဟု တိုင်ကြားမလာခင် အထိပင်။ အကယ်၍သူတို့သာ တိုင်ကြားမလာခဲ့ပါက သူသည် အလုပ်တွင်း အနိုင့်ကျင့်ခြင်း၊ ညစ်ပတ်သောအလုပ်တွေအကုန် လုပ်ခိုင်းခြင်း၊ သူတို့ကို အခြားသူများနှင့် ခွဲခြားထားခြင်းနှင့် သူတို့ကသူ့အား မြှူဆွယ်ပါတယ်ဟူသော ကောလာဟလတွေ ဖြန့်ခြင်းများကို ဆက်လက်ပြုလုပ်လာပေလိမ့်မည်။

ဤနည်းလမ်းတွေအောက်တွင် ကျင်းချိုင်ကအမျိုးသမီး ဝန်ထမ်းတွေကို တစ်နှစ်ခွဲအတွင်း အတင်းဖိအားပေး၍ နှုတ်ထွက်စေခဲ့သည်။ ဤအပြုအမူကို လူတိုင်းက ရှုံ့ချခဲ့ကြပြီး ရှီကျင်းရှုကတော့ အမျိုးသမီးဟီးရိုးဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။

ရှီကျင်းရှု၏ ငယ်ဘဝတုန်းက ဂုဏ်သရေများမှာ ပေါ်ပေါက်လာခဲ့ပြီး သူမ၏ ထူးခြားသောဟီးရိုးဆန်သည့် စွမ်းရည်တွေက ကိုယ်ထင်ပြကာ ထွက်ပေါ်လာခဲ့သည်။ သူမသည် မူလတန်းကျောင်းတုန်းက မိန်းကလေးတွေ၏စကပ်တွေကို လိုက်လှန်သော သူမထက်အရပ်ရှည်သည့် ကောင်လေးများကို ထုထောင်းခဲ့သည်။

အလယ်တန်းကျောင်း၌ သူမ၏ အတန်းထဲမှမိန်းကလေးတွေကို အနိုင်ကျင့်သည့် လမ်းသရဲတွေကို တိုက်ခိုက်ခဲ့သည်။

‌သေချာရေတွက်ကြည့်ပါက သူမသည် ဘဝ၏ အစစ်အမှန် အမျိုးသမီးဟီးရိုး ဖြစ်ပေသည်။

ဤကောင်းမွန်သော ပုံရိပ်ကြောင့် ရှီမိသားစုထိန်းချုပ်ထားသော ကုမ္ပဏီများစွာမှ စတော့ရှယ်ယာများမှာ တဟုန်ထိုး မြင့်တက်လာတော့သည်။

ဤသည်မှာ ရှီကျင်းရှု၏ အကောင်းမြင်သောဟီးရိုးပုံရိပ်နှင့် ရှီမိသားစု၏ ကျင်းချိုင်၏အမှားလုပ်ရပ်ကို ဖုံးဖိပေးရန် ငြင်းဆိုခဲ့ခြင်းတို့ကြောင့် ဤဖြစ်ရပ်ကနေ‌ ကောင်းမွန်သောပုံရိပ်ကို ပေါင်းစည်း၍ ထူထောင်နိုင်ခဲ့တာပင်။

276 03

ဤဖြစ်ရပ်၏ ‌ရလဒ်ကတော့ ရှီမိသားစု၏စတော့ရှယ်ယာတွေ တိုးပွားလာခဲ့ပြီး ကျင်းချိုင် ပစ်မှတ်ထား‌ခဲ့သော အမျိုးသမီးလက်အောက်ငယ်သားများလည်း လျော်ကြေး ရရှိခဲ့ကြသည်။

ရှီကျင်းရှု၏အစ်မက ကျင်းချိုင်၏ အကောင်းဆုံးနှစ်တွေမှာ ပျော်ရွှင်ခဲ့ပြီး ယခုအထိနာတော့မှ ကွာရှင်းချင်နေသဖြင့် သဘာဝမကျသော ဆင်ခြေဖြစ်နေသည်။

လူထုမှ သူတို့၏ အားလပ်ချိန်တွေကို အကျိုးရှိစေသော ချမ်းသာကြွယ်ဝသော မိသားစု၏ဒရာမာကို နှစ်သက်ကြသည်။

ကျင်းချိုင် တစ်ဦးတည်းကသာ သူ၏ချမ်းသာ‌သော မိသားစုအိပ်မက်တွေက တစစီဖြစ်သွားခဲ့တာကိုသာ မြင်နေရပြီး သူ့မိန်းမကလည်း ကွာရှင်းချင်နေကာ ကုမ္ပဏီနှင့် နှောင့်ယှက်ခဲ့သော မိန်းကလေးတွေအား လျော်ကြေးများစွာပေးဖို့ ရင်ဆိုင်နေရ၍ သူ့ဆွေမျိုးများ၊ သူငယ်ချင်းများ၊ အတန်းဖော်များ၊ မိဘ‌များနှင့် အိမ်နီးချင်းများ အပါအဝင် သူ၏ ရှက်စရာကောင်းသော လုပ်ရပ်များမှာ တိုင်းသိပြည်သိဖြစ်လာခဲ့သည်။

သူ့ဘဝက သနားစရာကောင်းလာခဲ့သည်။ ရှီမိသားစုဗီလာမှ မောင်းထုတ်ခံခဲ့ရကာ ယခုဆို သူလက်မထပ်ခင်က ဝယ်ခဲ့သော ဗီလာအသေးစားမှာပဲ နေထိုင်နေရသည်။

“နာမည်ကြီး” လာတော့ ယခုလို လူတွေ၏ထူးဆန်းသော အကြည့်တွေကို သူကြောက်ရွံ့လာခဲ့၏။

ထိုသို့ဆိုလျှင်တောင် သူ့ဘဝက မပြီးဆုံးပေ။ အချို့သော အရှက်မရှိသည့် အင်တာနက် ဆယ်လီတွေက သူ့ဗီလာငယ်နားတွင် ဝိုင်းဝန်း၍ နေ့စဉ်ရက်ဆက် တိုက်ရိုက်ထုတ်လွှင့်ကာ လူအာရုံစိုက်ခြင်းကို ဆွဲဆောင်ခဲ့ကြသည်။

သူတို့တွေ နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ကြတာလား ဆိုတာကိုတော့ မရှင်းလင်းသော်လည်း သူ့ကိုတော့ အဆုံးမရှိအောင် စိတ်တိုစေသည်။

ရှီကျင်းရှုကတော့ သူမ၏ခဲအိုဟောင်းနှင့် မတူဘဲ အလွန်ပျော်ရွှင်လျှက်ရှိနေသည်။ သူမ အထင်အမြင်သေးသောလူကို အစ်မကစွန့်ပစ်တော့မည်ဖြစ်သဖြင့် ယခုဆို သူမ၏အိပ်မက်တွေက နောက်ဆုံးတော့ အစစ်အမှန် ဖြစ်လာခဲ့လေပြီ။

သူမ ခဲအိုဟောင်း၏ သရုပ်မှန်ကို သိရှိလိုက်ရပြီးနောက် သူမ၏အစ်မအား သူ့ကို ကွာရှင်းလိုက်ရန် တိုက်တွန်းခဲ့သည်။

ရှီလီကတော့ သူမ၏ ကျေးဇူးရှင်ကြီးဖြစ်၍နတ်သမီးလေးပင်။

စိတ်ထားရိုးရှင်းသော ရှီကျင်းရှုတွင် ကျေးဇူးတရားကို ပြန်ဆပ်ရန်အတွက် ခံစားချက်တွေ ပြင်းထန်နေတော့သည်။ သူမ၏ကျေးဇူးရှင်ကို ဘယ်လိုမျိုး ကျေးဇူးပြန်ဆပ်ရမယ်ဆိုတာအား စတင်တွေးတောလာခဲ့၏။

ပြီးနောက် ဆေးရုံပေါ်တွင် လဲလျောင်းနေသောဖုန်းယွင်ဟယ်ကို သူမ တွေးမိသွားသည်။

ရှီလီက ဖုန်းယွင်ဟယ်ကို တကယ်သဘောကျတဲ့ပုံပဲ။

All Chapters