အခန်း (၂၇၇-၂၈၀)
Vol. 14 Ch. 277-280
277 01
အခန်း ၂၇၇: ဖြောင့်မတ်တဲ့ ယောက်ျားကိုမှားယွင်းပြီး လက်ထပ်ခဲ့ခြင်း
ရှီလီသည် အိပ်ရာစောစောဝင်၍ စောစောထထသော အကျင့်ကို အတန်းတက်စရာ မလိုလျှင်တောင်မှ ထိန်းသိမ်းထားသည်။
သူမ၏ တစ်နေ့တာမှာ ပုံမှန်လည်ပတ်သည်။ မနက်ခင်းတွင် သူမ၏ မိဘတွေနှင့်အတူ မနက်စာစား၍ ထို့နောက်တွင် သူမမိဘတွေအချိန်အားပါက အိမ်ဥယျာဉ်ထဲ အတူတူလမ်းလျှောက်ထွက်ကြမှာပင်။ မအားလပ်ပါက ရှီလီသည် အပေါ်ထပ်တက်၍ လဲလျောင်းပြီးစာအုပ်ဖတ်ခြင်း သို့မဟုတ် TV စီးရီးများကြည့်လေသည်။ သူမသည် အပြင်ထွက်ပြီး ပျော်ပါးချင်သော်လည်း သူမ၏အတန်းဖော်တွေနှင့် သူငယ်ချင်းအားလုံးက အတန်းချိန်တွေနှင့် အလုပ်များနေကြသည်။ ရှီရွှမ်းသည် နွေရာသီပိတ်ရက်၌သာ အချိန်ရပြီး ဟွမ်ကျဲလည်း ဤကာလအတွင်းအတော်လေး အလုပ်များနေကာ သမီးဖြစ်သူ နှင့် ခရီးထွက်ဖို့ကို အချိန်ဖဲ့မပေးနိုင်ဖြစ်နေ၏။
ရှီလီ အပြင်ထွက်လျှင် ဘော်ဒီဂတ်တစ်ယောက်ကို အဖော်ထည့်သွားဟု ဟွမ်ကျဲက အကြံပေးလာသော်ငြား သူစိမ်းတစ်ယောက်နှင့် အပြင်ထွက်ရတာက ကသိကအောက်နိုင်တယ်လို့ ရှီလီကတော့ ခံစားမိသည်။ ဟွမ်ကျဲ အလုပ် ပေါ့သွားသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီး သူမအဖေကလည်း နှစ်စဉ်ခွင့်ရက်ကိုအသုံးပြု၍ အမေနှင့်သမီး ခရီးရှည်ထွက်ရာ၌အဖော်ပြုပေးလို့ရသည်။
ရှီလီမှာ အောက်ထပ်သို့ဆင်းလာသော အဖေဖြစ်သူကို မမြင်မိသဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “အဖေရော။ ပိတ်ရက်မဟုတ်ဘူးလား။ ပရောဂျက်လုပ်ဖို့ အချိန်ပိုဆင်းနေရတာလား”
ဟွမ်ကျဲသည် ရှီလီဆီကနေ ဘာမှဖုံးကွယ်စရာမရှိတာကြောင့် တိုက်ရိုက်ပဲ ရှင်းပြလိုက်၏။ “အမေတို့ ဟိုတလောတုန်းက တက်ရောက်ခဲ့တဲ့စားသောက်ပွဲမှာ မစ္စရှန်းက စိတ်ဝင်စားဖို့အကြံဉာဏ်တွေရှိတဲ့ လူငယ်တစ်ယောက်နဲ့ သမီးအဖေကို မိတ်ဆက်ပေးခဲ့တယ်လေ။ အဲ့နေ့က နှောင့်ယှက်ခံလိုက်ရတော့ သူတို့တွေ စကားသိပ်မပြောဖြစ်ခဲ့ဘူး၊ ဒီတော့ ဒီနေ့သမီးအဖေက သူနဲ့ ဂေါက်ရိုက်ဖို့သွားတယ်”
မစ္စရှန်း။
ရှီလီ မျက်မှောင်ကြုတ်မိသွားသည်။
အဲဒါ လျန်ရုန်ရုန်ရဲ့အမေမလား။ သူမက ဘယ်သူနဲ့ မိတ်ဆက်ပေးလိုက်တာလဲ။
ပြီးတော့ ဒါမျိုးက သူမအရင်ဘဝတုန်းက မဖြစ်ခဲ့ပေ။
လျန်ရုန်ရုန်၏အမေ ပါဝင်နေသော ဘယ်အရာမဆို၊ အထူးသဖြင့် သူမအရင်ဘဝတုန်းက မဖြစ်ခဲ့သည့် ဖြစ်ရပ်များက ရှီလီကို အင်မတန်နိုးနိုးကြားကြား ရှိစေသည်။
သူမ၏အဖေ နေ့လယ်ခင်း အိမ်ပြန်လာတော့ သူမက သူ့နောက်ကိုလိုက်၍ သူတို့တွေ ဘာအကြောင်းဆွေးနွေးခဲ့၍ ဘယ်လိုအခြေအနေရှိလဲဟု မေးလိုက်သည်။
သူမ၏အဖေမှာ ရှီလီသည် ယခင်တုန်းက သူ့စီးပွားရေးကိစ္စများတွင် စိတ်ဝင်စားမှုတွေ သိပ်မပြခဲ့တာကြောင့် ပဟေဠိဖြစ်သွားရပြီးဒီနေ့ကျမှ သူမ ဘာလို့ အရမ်းတက်ကြွနေလဲဆိုတာကို တွေးမိသွားသည်။
၎င်းကို မူမမှန်ဘူးဟု သူထင်မိသော်လည်း ရှီလီနှင့် ဝေမျှရာတွင် သံသယတွေမရှိသဖြင့် သူတို့တွေ ဆွေးနွေးခဲ့သော ပရောဂျက်အကြောင်းကို အကြမ်းဖျင်း ပြောပြလိုက်၏။
“ဒါလား”
ရှီလီက ဆက်မေးရန် ပြင်လိုက်စဉ်မှာပဲ သူမအဖေက အလိုလိုဆက်ပြောလာ၏ “ဒါပေမဲ့ အဖေ့အထင်ကတော့ ဒီပရောဂျက်က အရမ်းအလှမ်းဝေးလွန်းတယ်၊ ကနဦး ငွေလိုအပ်ချက်ကလည်း အတော်လေးမြင့်တယ်။ အရမ်းကြီးမသင့်တော်ဘူး”
ရှီလီက မျက်ခုံးတစ်ဖက်ကိုပင့်၍ “ဒါဆို ခရီးက အလကားဖြစ်သွားတာပေါ့”
သူမအဖေ၏ မျက်နှာမှာ ဂုဏ်ယူမှုတွေဖြင့် ဝင်းပလာ၍ “အလုံးစုံတော့ မဟုတ်ဘူး၊ ဒီနေ့အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့တယ်”
ဒီတစ်ခေါက် သူအိမ်ပြန်လာတော့ အပေးအယူမဖြစ်လိုက်ပေမဲ့ စိတ်လှုပ်ရှားနေတဲ့ပုံပေါ်တာ မဆန်းတော့ပါဘူး။
ပရောဂျက်အကြောင်းကို ဆွေးနွေးတာနှင့်နှိုင်းယှဉ်ကြည့်လျှင် အောင်မြင်မှုကြီးက သူမအဖေကို ပိုပြီးပျော်မြူးစေသည်။
သူ့ဇနီးနှင့် သမီးထံမှ ချီးကျူးမှုတွေကြားထဲ အဖေဖြစ်သူမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်ခြင်းထဲ၌ တဖြည်းဖြည်း နစ်မြုပ်လာတော့၏။
သူသည် ယနေ့၌ ချီးကျူးမှုများစွာကို လက်ခံရရှိခဲ့သော်လည်း သူ့ဇနီးနှင့် သမီးထံမှ ချီးကျူးခြင်းကတော့ နှလုံးသားကို ပိုနွေးထွေးသွားစေသည်။
သူမအဖေက စိတ်ဓာတ်တက်ကြွနေသဖြင့် ရှီလီလည်း အကြိုပရောဂျက်အကြောင်းကို အများကြီး မှတ်ချက်ပေးမနေတော့ပေ။
သူမ အခန်းထဲပြန်ရောက်တော့ ရှီလီ၏ အမူအရာမှာ တဖြည်းဖြည်း အေးစက်လာတော့၏။
အစောပိုင်းတုန်းက သူမအဖေ ဖော်ပြခဲ့သည့်ပရောဂျက်သည် နှစ်ပေါင်းများစွာကြာတော့မှ ပေါ်ပေါက်လာရမှာဖြစ်ပြီး အဓိက အဆိုတင်သွင်းသူကလည်း သူမ၏အရင်ဘဝတုန်းကနှင့်ကွဲပြားနေလေသည်။
မူလဇာတ်လမ်းထဲတွင် ရှီမိသားစုက ဤကတိကဝတ်ပြုထားသော အနာဂါတ် ပရောဂျက်၌ ရင်းနှီးမြှုပ်နှံခဲ့သော်ငြား ကြီးမားသော ရင်းနှီးမြှုပ်နှံငွေက အဖွဲ့၏ အတွင်းပိုင်း ငွေကြေးကွင်းဆက်ကိင ပျက်သုဉ်းစေခဲ့သည်။ ဒါ့အပြင် အချစ်ရူးရူးနေခဲ့သော “ရှီလီ”က လူများစွာကို စော်ကားခဲ့၏။ နယ်ပယ်ပစ်မှတ်ထားခြင်းနှင့် အတွင်းရေး ပြဿနာတွေကြောင့်ကုမ္ပဏီမှာ ခဏတွင်းချင်းပင် ဒေဝါလီခံခဲ့ရ၏။
277 02
သူမ၏အရင်တုန်းက ဒေဝါလီခံလိုက်ရခြင်းက တစ်မိသားစုလုံးကို သတ်ပစ်လိုက်ကာ ရှီလီမှာအမြဲတမ်း သတိကြီးကြီးထားခဲ့သည်။ သူမက ရူးသွပ်သွားပြီး အမျိုးသမီး ဇာတ်လိုက်ကို နှိပ်ကွပ်ခြင်း သို့မဟုတ် ထိပ်သီးပုဂ္ဂိုလ်များကို စော်ကားခြင်းတို့ကို မပြုလုပ်ဘဲ သူမ၏မိသားစုကို ရင်းနှီးမြှုပ်နှံစေသော အနှီပရောဂျက်ကို အင်မတန် သတိထားခဲ့သည်။ သူမ၏တက္ကသိုလ် ဒုတိယနှစ်၌ ဤပရောဂျက်နှင့်နောက်ဆုံးတော့ ဆုံတွေ့ခဲ့သည်။ ရှီလီ ရှိနေတာကြောင့် ဤပရောဂျက် အကောင်အထည် ဖြစ်တည်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပေ။
ဒါဆိုရင် ပေါ်ထွက်လာဖို့ နှစ်နှစ်လောက် ကြာဦးမဲ့ ပရောဂျက်က အခုချိန်မှာ ဘာလို့ ရုတ်တရက်ကြီး ပေါ်ထွက်လာရတာလဲ။
ယခုလတ်တလော ဖြစ်ပျက်နေသည့် အချိန်ပြောင်းပြန်ဖြစ်ခြင်းတွေကို ရှီလီ ရုတ်တရက်နားလည်သွားသည်။
သို့သော် အချိန်ကာလက အရှေ့ကို အတိအကျသွားနေသဖြင့် ရှီလီ၏ကြားဝင်နှောင့်ယှက်ခြင်းမပါလျှင်တောင် သူမ၏ အဖေက ရင်းနှီးမြှုပ်နှံရန်အတွက် ဤပရောဂျက်ကို ရွေးချယ်မှာ မဟုတ်ချေ။
ပရောဂျက်က နှစ်နှစ်ကြာမျှ အချိန်ရှေ့ရောက် နေတာကြောင့် ယခုတော့ ဒီအတိုင်း လွှတ်ထားလို့ရသေးသည်။
သူမအဖေက လက်ရှိတွင် ဤပရောဂျက်ထဲ၌ရင်းနှီးမြှုပ်နှံရန် အစီအစဉ်မရှိသေးသော်ငြား ရှီလီကတော့ ရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့သည့် ဤလူက ဘယ်သူဘယ်ဝါဆိုတာနှင့် လျန်ရုန်ရုန်၏ အမေနှင့် ဘာအဆက်အသွယ်တွေ ရှိနေလဲဆိုတာကို စုံစမ်းဖို့လိုသေးသည်။
လုပ်ထုံးလုပ်နည်းအတိုင်းပဲ ရှီလီက သူမ၏ကိုယ်ပိုင် အလွတ်စုံထောက်ကို ဖုန်းခေါ်ခဲ့၏။ သူမသည် ဤအလွတ်စုံထောက်နှင့် လျှို့ဝှက်ပြီး အကြိမ်ပေါင်းများစွာ အလုပ်အပ်နှံခဲ့ကာဤတစ်ခေါက်ကတော့ မိသားစုအရေးဖြစ်နေသည်။
နေ့ရက်တွေ ပူနွေးလာသည်နှင့်အမျှ လျန်ရုန်ရုန်၏ အမေသည် နိုင်ငံခြားသို့ ခုနစ်နှစ်ကြာ ထွက်သွားခဲ့ပြီး သူမ၏ အဆက်အသွယ်တွေကို စုံစမ်းဖို့ဆို နိုင်ငံခြားသို့သွားရန်လိုအပ်၍ ပိုပြီးရှုပ်ထွေးလေသည်။
ကိုယ်ပိုင် အလွတ်စုံထောက်က နိုင်ငံခြားထွက်၍ စုံစမ်းနေချိန်မှာ နွေရာသီပိတ်ရက်က ရောက်ရှိလာခဲ့သည်။
ဟွမ်ကျဲသည် ခရီးထွက်ရန် အချိန်ရှာမရဖြစ်နေသေးသဖြင့် ရှီလီက ရှီရွှမ်း၏ ပိတ်ရက်တွင်ဥရောပ၌ တစ်လအချိန်ဖြုန်းရန် စီစဉ်ထားလိုက်သည်။
သို့သော် ရှီရွှမ်းက အမျိုးမျိုးသော ကျောင်းကိစ္စများ၊ အစည်းအဝေးပွဲများ၊ပြင်ပသင်ရိုးတွေနှင့် အလုပ်များနေကာ သူတို့၏ ခရီးစဉ်ကို ထပ်ခါတလဲလဲ နှောင့်နှေးစေခဲ့သည်။
ရှီရွှမ်းနှင့် ခရီးမထွက်နိုင်ခင်မှာတင် ရှီလီမှာရှီကျင်းရှုထံမှ သူမအစ်မ၏ ကွာရှင်းပွဲပါတီသို့ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။
ယခင်တုန်းက ရှီကျင်းရှုနှင့် ရှီလီ၏ ဆက်ဆံရေးမှာ သာမန်မျှသာဖြစ်၏။ သူတို့သည် မူလတန်းကျောင်းတုန်းက အတန်းဖော်တွေဖြစ်ခဲ့ဖူးသော်လည်း ရှီလီက ထိပ်တန်းကျောင်းသူ ဖြစ်နေချိန်မှာ ရှီကျင်းရှုကတော့ ဆရာတွေဆီက မိဘတွေ ခဏခဏ အခေါ်ခံရသည့် အုပ်စုထဲမှဖြစ်သည်။ အတန်းဖော်များအနေနှင့်ဆိုလျှင်တောင် သူတို့သည် အနည်းအကျဉ်းမျှသာ အဆက်အဆံ လုပ်ခဲ့ဖူးတာပင်။
ရှီကျင်းရှု၏ ရုတ်တရက်ဆန်သော ဖိတ်ကြားချက်ကို လက်ခံရရှိလိုက်တာက ရှီလီကို အံ့ဩသွားစေသည်။ တိုက်ရိုက်ထုတ်ပြောလို့မရသည့် အကူအညီ တောင်းစရာရှိနေလို့ပဲဤသည်ကို အကြောင်းပြချက်အနေနှင့် သုံးလိုက်သလားလို့ သူမ တွေးမိသည်။ မဟုတ်ပါက အဆက်အသွယ်လုပ်ခဲသည့်တစ်စုံတစ်ယောက်က ယခုလို ပုံမှန်မဟုတ်သည့် ကွာရှင်းပွဲပါတီတွင် သူမအား ဘာလို့ရုတ်တရက်ကြီး ဖိတ်ကြားလဲဆိုတာမှာ ရှင်းပြရခက်ပေလိမ့်မည်။
ကွာရှင်းပွဲပါတီကို ကျင်းပတာက အရေးမဟုတ်သော်ငြား ပြဿနာက ရှီလီသ ည်ကွာရှင်းသည့်လူကို မသိနေတာပင်။
အကယ်၍ လက်ဆောင်စုမှာ မဟုတ်လျှင်သူမကို အထူးတလည် ဖိတ်ကြားရသည့် အကြောင်းရင်းက ဘာများဖြစ်နိုင်မှာလဲ။
ရှီကျင်းရှု: နင်မှန်းတာမှန်တယ်၊ ဒါပေမဲ့ အပြည့်အစုံကြီးတော့ မဟုတ်သေးဘူး။
******
278 01
အခန်း ၂၇၈: အရမ်းပျင်းတယ်
ရှီကျင်းရှု စီစဉ်သော ကွာရှင်းပွဲပါတီသို့ ရှီလီ တက်ရောက်ခဲ့သည်။
၎င်းကို ကွာရှင်းပွဲပါတီလို့ ခေါ်သော်လည်းကွာရှင်းသည့် နှစ်ဦးထဲမှ တစ်ဦးမှာ ရှိမနေ -ရှီကျင်းရှု၏ အစ်မသာ ရှိနေသည်။
ပါတီတွင် အတန်းဖော်ဟောင်းများနှင့် ငယ်သူငယ်ချင်းများစွာကို ရှီလီ မြင်တွေ့မိတာကြောင့် အတော်လေး သက်တောင့်သက်သာ ဖြစ်သွားစေသည်။
ရှီလီအတွက်ကတော့ ၎င်းမှာ အတန်းပေါင်းစုံပွဲကြီးနှင့် ပိုတူနေသည်။
မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတုန်းက အတန်းဖော်များအားလုံး ထိုနေရာတွင် စုဝေးနေကြပြီး သူမသည် သဘာဝအားဖြင့် အထက်တန်းကျောင်းမှ ရွယ်တူများနှင့် ပိုပြီးရင်းနှီးပေသည်။
ရှီလီ၊ ကော်ယွင်၊ ဖူဟွေ့ရှင်းနှင့် စုန့်ရင်းတို့မှာ ထောင့်နားတွင် ခေါင်းချင်းဆိုင်၍ 2 AM အထိ မာကျောက်ဆော့ခဲ့ကြ၏။ သူတို့ဘေးနားရှိ လေထုမှာ အသက်ဝင်နေ လျှက်ပင်။
လူတိုင်းသည် ကလပ်တက်ခြင်း သို့မဟုတ်ဂိမ်းဆော့ခြင်းတို့ဖြင့် ညဉ့်နက်သည်အထိ နေရတာတွင် ကျွမ်းကျင်ကြသည်။
သို့သော် ပုံမှန်အားဖြင့် 11 PM ဝန်းကျင်တွင် အိပ်ရာဝင်လေ့ရှိသည့် ရှီလီအတွက်ကတော့ အတော်ကလေး နောက်ကျနေချေပြီ။
သူမ၏စိတ်မှာ ကြည်လင်နေသော်လည်း ခန္ဓာကိုယ်ကတော့ ပင်ပန်းနေသည်။ အကြိမ်ပေါင်းများစွာ သန်းဝေပြီးနောက် မာကျောက်ဂိမ်းထဲတွင် ဈာန်ဝင်နေကြသည့် ကစားဖော်များတောင် သူမ၏ ပင်ပန်းနွမ်းနယ်ခြင်းကိုသတိပြုမိလာကြသည်။
အချိန်ကိုကြည့်လိုက်တော့ ဘယ်လောက်ထိ နောက်ကျနေပြီလဲဆိုတာကို သူတို့တွေ နားလည်သွားကြ၏။
သူတို့သည် လန်းဆန်းနေကာ ကစားပွဲတွေအများကြီး ဆက်ကစားနိုင်သေးသော်လည်း မတ်တပ်ရပ်ကာ အနားယူကြဖို့ ဆုံးဖြတ်လိုက်ကြသည်။
ရှီလီက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီးပြောလိုက်၏။ “တကယ်လည်း နောက်ကျနေပြီ။ အရမ်းနောက်ကျတဲ့အထိနေရင် သေစေနိုင်လောက်တယ် - အိပ်တာပဲကောင်းတယ်”
ဤလေးယောက်မှာ ပါတီထဲမှ ထွက်ခွာသည့်ပထမဆုံး အုပ်စုပင်။ အခြားလူတွေသည် သူတို့၏ ကိုယ်ပိုင်လှုပ်ရှားမှုတွေ၌ အာရုံရောက်နေချိန်မှာ ထောင့်နားက လှုပ်ရှားမှုကို ဘယ်သူမှ သတိမထားမိလိုက်ကြပေ။ - ရှီလီထွက်သွားတာကို မြင်လိုက်တာနှင့် မျက်လုံးအရောင်တောက်လာသည့် ရှီကျင်းရှုမှလွဲ၍ပင်။
ပါတီကျင်းပသည့် ဟိုတယ်ကို ရှီကျင်းရှု၏ မိသားစုက ပိုင်ဆိုင်သည်။ မင်းသမီးလေးနှင့်သူငယ်ချင်းတွေ ပျော်ပါးနိုင်ရန် တစ်ညအိပ်ဖို့အတွက် သုံးထပ်စလုံးမှ အခန်းတွေကို သီးသန့်ဖယ်ပေးထားသည်။
အခြားလူတွေကတော့ တစ်ညလုံးနေနိုင်သော်လည်း အချို့ဧည့်သည်တွေကတော့ အဲ့လောက် ညဉ့်နက်သည်အထိ မနေနိုင်ပေ။ လူတိုင်းအတွက် အဆင်ပြေစေရန်အလို့ငှာ တစ်ယောက်တစ်ခန်းစီ ပြင်ဆင်ပေးထား၏။
အခြားသုံးယောက်က တစ်ထပ်တည်းဆိုသော်လည်း ရှီလီ၏အခန်းကတော့ အထပ်ချင်း မတူပေ။
၎င်းနှင့်ပတ်သက်၍ ဘယ်သူမှ အတွေးမဝင်မိကြဘဲ - အခန်းကဒ်တွေကို ကျပန်းဝေပေးခဲ့တာကြောင့် အရာအားလုံးက ဖြစ်နိုင်ခြေရှိ၏။
ရှီလီသည် သူမ၏ အိပ်ရာပေါ်၌ အခြားတစ်ယောက်ကို တွေ့လိုက်ရချိန်တွင် အစကတော့ အခန်းမှားဝင်မိတယ်လို့သာ ယူဆလိုက်သည်။
သာမန်လူတစ်ယောက်၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ အခန်းမှားဝင်တယ်လို့သာ တွေးကြမှာဖြစ်ပြီး သူမ၏ အခန်းကဒ်က အလုပ်လုပ်နေသော်ငြား ရှီလီ၏ ပထမဦးဆုံး အတွေးသည်လည အမှားလုပ်မိတယ်သာဖြစ်သည်။
အခန်းမှားဝင်တာ မဟုတ်ဘူးဆိုတာကို နှစ်ကြိမ်စစ်ဆေးကြည့်ပြီးနောက် ရှီလီသည်အပြင်ထွက်လိုက်ပြီး တံခါးကို လော့ခ်ချလိုက်တော့၏။
သူမ ဖုန်းကိုထုတ်၍ ဖူဟွေ့ရှင်းကို ဖုန်းဆက်လိုက်သည်။
ပါတီတွင် အနံ့မျိုးစုံရှိနေပြီး ထိုနေရာတွင် ခဏနေခဲ့ပြီးနောက် လူတိုင်းတွင် ထိုအနံ့တွေစွဲညိခဲ့သည်။
အခန်းထဲ ပြန်ရောက်ပြီးနောက် ဖူဟွေ့ရှင်း၏ပထမဆုံးလုပ်ရပ်မှာ ရေပြေးချိုးတာဖြစ်ပြီး ရေချိုးလို့ မပြီးသေးခင်မှာတင် ဖုန်းမြည်သံကထွက်ပေါ်လာခဲ့သည်။
လူတွေက သူ့ဆီ ဖုန်းဆက်ခဲတာကြောင့် တစ်ခုခု အရေးကြီးနေပြီဆိုသည့် အဓိပ္ပာယ်ပင်။
သူအမြန် တဘက်ပတ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။
ရှီလီက လိုရင်းသာပြောလာခဲ့၏။ “နင် အပေါ်ထပ်ကို လာပေးလို့ရမလား။ ငါ့အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ်”
ရှီလီက ဟိုတယ်ဝန်ထမ်းကို အရင်ဖုန်းခေါ်ဖို့ မရွေးချယ်ခဲ့ပေ၊ ထိုသို့ဆိုလျှင် သူမအနေနှင့်အခန်းထဲနေရမည်ဖြစ်ကာ အိပ်ရာပေါ်ကလူကိုသတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
278 02
ဒုတိယကတော့ ဟိုတယ်ဝန်ထမ်းက ဘယ်အချိန် ရောက်လာမယ်ဆိုတာ မသေချာသော်လည်း ဖူဟွေ့ရှင်းကတော့ နှစ်မိနစ်အတွင်း ရောက်လာနိုင်သည်။
ဒါ့အပြင် မရင်းနှီးသော ဟိုတယ်ဝန်ထမ်းထက်ဖူဟွေ့ရှင်းကို ရှီလီ ပိုယုံကြည်သည်။
ဤစကားကိုကြားတော့ ဖူဟွေ့ရှင်းက အပိုစကားတွေ ပြောမနေတော့ပေ။ သူ့ကိုယ်သူ ရေချိုးဝတ်ရုံဖြင့် အကြမ်းထည်ပတ်ထားပြီး ခေါင်းကိုအပြင်ထုတ်ကာ ပြောလိုက်သည်။“ငါချက်ချင်းလာခဲ့မယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်လုပ်ထား၊ လိုင်းပေါ်မှာရှိနေ”
ရှီလီသည် အခန်းထဲ၌ သူစိမ်းတစ်ယောက်ကို ရှာတွေ့မိသွားသဖြင့် ကနဦးပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး မူလဇာတ်လမ်းထဲက ပြန်ပေးဆွဲသော ဇာတ်ကွက်တွေကို ခဏကြာစဉ်းစားနေမိသည်။
သို့သော် ဖူဟွေ့ရှင်း၏ ချက်ချင်းရောက်လာခဲ့မယ်ဟု ပြောလာသော လေးလံသည့်လေသံကိုကြားလိုက်ရတော့ ရှီလီသည် သူ့အား အလျင်မလိုဖို့ ပြောနေမိတာကို နားလည်သွား၏။
ဖုန်းထဲကနေတဆင့် မြန်ဆန်သော အသက်ရှုသံတွေကို သူမ ကြားနေရကာ သူသည် ဓာတ်လှေကားမစီးဘဲ အရေးပေါ်လှေကားမှ တက်လာတယ်ဆိုတာကို ခန့်မှန်းလိုက်သည်။
ရှီလီက “အလျင်မလိုနဲ့” ဟု ဒုတိယအကြိမ် မပြောလိုက်နိုင်ခင်မှာတင် ဖူဟွေ့ရှင်းက သူမရှေ့သို့ ရောက်ရှိလာခဲလေပြီ။
ရှီလီသည် ဟိုတယ်နံရံကို မှီနေချိန်မှာ အဖြူရောင် ရေချိုးဝတ်ရုံကို ဝတ်ထားသောဖူဟွေ့ရှင်းက သူမရှေ့ရောက်လာ၏။ သူသည်လှေကားကနေ အလျင်စလို တက်လာခဲ့သဖြင့်ဝတ်ရုံက ဖရိုဖရဲဖြစ်နေကာ သိသိသာသာကျယ်ပြန့်သော သူ့ရင်ဘတ်ကြွက်သားတွေကိုဖော်ပြထား၏။
ရှီလီမှာ ဘယ်ကိုကြည့်ရမယ်မှန်းမသိ ဖြစ်သွားရသည်။
သူမ ပြုံးလိုက်ကာ “နင် ရေချိုးနေမှန်းသာသိရင်ငါ မနှောင့်ယှက်လိုက်ဘူး” “ကိစ္စမရှိဘူး၊ အကူအညီနည်းနည်းပဲဟာ”
[ငါ ရှက်လိုက်တာနော်]
[ငါ့မှာ ဟန်လုပ်နေရတယ်]
ဖူဟွေ့ရှင်းသည် ရှီလီ၏အခန်းထဲက သူစိမ်းနှင့်တိုက်ရိုက်မရင်ဆိုင်ပေ။ ထိုအစား အခြေအနေကို ဖြေရှင်းပေးဖို့ လုံခြုံရေး လွှတ်ပေးပါရန်ကောင်တာဆီ ဖုန်းခေါ်ခဲ့ပြီး အခန်းပြင်တွင် ရှီလီနှင့်အတူ စောင့်နေလိုက်သည်။
ဟိုတယ်ဝန်ထမ်းက အမြန်အဆန် ရောက်မလာခဲ့ပေ။ ရှီလီနှင့် ဖူဟွေ့ရှင်းတို့၌ ဂိမ်းတစ်ပွဲဆော့စာ အချိန်တွေရှိခဲ့ပြီး အဆုံးတွင် ဝန်ထမ်းက ရှီကျင်းရှုနှင့်အတူ ရောက်ရှိလာခဲ့၏။
အစီအစဉ်မှူးဖြစ်သလို၊ ဟိုတယ်ပိုင်ရှင် သမီးဖြစ်သူ ရှီကျင်းရှု၏ ရောက်ရှိလာခြင်းက အဓိပ္ပာယ်ရှိပေသည်။
ရှီကျင်းရှုက ယခုလို အခြေအနေမျိုးဖြစ်ခဲ့သည့်အတွက် လုံခြုံရေးကို ဆူငေါက်ခဲ့ပြီး ရှီလီ၏လက်ကိုကိုင်၍ နှစ်သိမ့်ပေးနေသည်မှာ အရာအားလုံးက ပုံမှန်ဖြစ်နေသလိုပင်။
ဤသည်မှာ လုံခြုံရေးအစောင့်က ရဲတင်းစွာဝင်သွားပြီး စောင်တွေကို ဖယ်လိုက်တော့မှ အထဲရှိလူမှာ ဖုန်းယွင်ဟယ် ဖြစ်နေလေသည်။
အရာအားလုံးက ရုတ်တရက်ကြီး ဒရာမာဆန်သွားသလိုပင်။
ဖုန်းယွင်ဟယ်ကို မြင်လိုက်ရတာက သူစိမ်း တစ်ယောက်ကို မြင်လိုက်ရတာထက် ပိုပြီးထိတ်လန့်သွားစေသည်။
အနားကပ်ကြည့်လိုက်လျှင် အရက်နံ့ရနေတာကြောင့် - သူအတော်လေး သောက်ထားတာပဲ ဖြစ်ရမည်။
ယခုဆို အခန်းထဲ၌ လူတွေဖြင့် ပြည့်ကျပ်နေကာ ဖုန်းယွင်ဟယ်သည် အရက်မူးနေသော်ငြား လုံးဝကြီး သတိလစ်နေတာ မဟုတ်တာသဖြင့် ဆူညံသံတွေကြောင့် နိုးလာခဲ့သည်။
သူ၏ အရက်နာကျနေသော ခေါင်းကိုပွတ်ကာ မျက်လုံးဖွင့်ပြီးပြီးချင်းမှာတင် လူအုပ်၏မျက်နှာတွေကို မြင်တွေ့လိုက်ရတာကြောင့် အလန့်တကြား ဖြစ်သွားရတော့သည်။
“မင်းတို့အားလုံး ငါ့အခန်းထဲမှာ ဘာလုပ်နေကြတာလဲ”
ဖုန်းယွင်ဟယ်ကို တွေ့လိုက်ရတာက ပဟေဠိသေတ္တာကို ဖွင့်လိုက်ရသလိုပင် - ရှီလီလည်း ထိတ်လန့်သွားရ၏။
ဤသည်ကို ဇာတ်ကွက်၏ တစ်စိတ်တစ်ပိုင်းလားလို့တောင် ရှီလီ ထင်မိသွားသည်[ဒါကို သေချာပေါက် ငါ မလုပ်ခဲ့ဘူးမလား။ ]
[ဒီဟာက 'အခန်းမှားပြီး လက်ထပ်မိသွားတယ်’ ဆိုတဲ့ ဇာတ်ကွက်ပုံစံမျိုးလား။ ]
[မဟုတ်ဘူး၊ မမှန်သေးပါဘူး - ငါလည်း အိပ်နေရင်း လမ်းထလျှောက်တာတို့၊ မှတ်ဉာဏ်ဆုံးရှုံးသွားတာတို့ မဖြစ်ပါဘူး၊ ဒါ ငါနဲ့မဆိုင်ဘူး]
သို့ပေတည့် ယခုတလောတွင် ရှင်းမပြနိုင်သောဖြစ်ရပ်များစွာ ဖြစ်ပျက်နေတာကြောင့် ရှီလီတွေးမိသွား၏ [မဟုတ်မှ ဖူဟွေ့ရှင်း ထူးထူး ဆန်းဆန်း မိုးသီးမှန်သွားတုန်းကလိုမျိုး အချိန် ကာလပြိုကွဲတာနဲ့ ဆက်စပ်နေတာများလား။ ]
အနည်းငယ် အပြစ်ရှိနေပုံရသော ရှီကျင်းရှုမှာ ရုတ်တရက် ပြတ်သားလာတော့သည်။ - ဟုတ်တယ်၊ အဲဒါကြောင့်ပဲ ဖြစ်ရမယ်။
278 03
ရှီလီသည် လတ်တလော အချိန်ကာလ ပရမ်းပတာတွေကြောင့် စိတ်ရှုပ်ထွေးနေကာ ယခုလို တွေးဖြစ်သွားခဲ့သည်။
သို့သော် အခြားလူတွေ၏ အတွေးဖြစ်စဉ်မှာမူရှီလီနှင့် အတော်လေး ကွဲပြားနေလေ၏။
ရှီကျင်းရှုသည် သူမနောက်ကျောသို့ ထိုးဖောက်လာသော စူးရှသည့်အကြည့်ကို ခံစားမိလိုက်သည်။ ဤအခန်းထဲတွင် ယခုလိုအကြည့်မျိုး ပေးနိုင်သူမှာ တစ်ယောက်တည်းရှိ၍ - ဘယ်သူလဲဆိုတာ သိသာလေသည်။
သူမနောက်ကျောတွင် ချွေးအေးများ စီးကျလာသည်။ ရှီကျင်းရှုသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အမြဲတမ်း ပြဿနာရှာသူ ဖြစ်ခဲ့သော်လည်း ကျောင်းအပြင်ဘက်တွင် လူဆိုးတွေနှင့် ရန်ပွဲကို မျက်မြင်တွေ့ခဲ့ပြီးကတည်းက ဖူဟွေ့ရှင်းကို ကြောက်လန့်ခဲ့ရတာဖြစ်သည်။
ရှီကျင်းရှုမှာ အပြစ်ရှိသလို ခံစားလာရပြီးအပြစ်ရှိသလို ခံစားလာရလေ၊ ပိုပြီး နည်းလမ်းတကျ ပြုမူလာလေပင်။
“ဒါဘယ်လိုဖြစ်သွားတာလဲ”
“ငါ အခန်းကဒ်ကို မတော်တဆ မှားပေးမိလိုက်တာများလား”
ရှီကျင်းရှုက နဖူးကိုရိုက်၍ “ငါ ဘယ်လိုလုပ်ပြီးအရမ်း တုံးအရတာလဲ”
ရှေ့စားပွဲမှ ဝန်ထမ်းက စကားဝင်ပြေလာ၏၊ “မဟုတ်ဘူးဗျ၊ ကျွန်တော် စစ်ကြည့်ပြီးပြီ -ကျွန်တော် အခန်းကဒ်တွေ ပေးလိုက်တုန်းက ဒီအခန်းရဲ့ကဒ်အပိုက မတော်တဆ မှားပါသွားတာ။ မိန်းကလေးကတော့ သတိထားမိမှာ မဟုတ်လောက်ဘူး၊ အဲဒါကြောင့် ဒီလိုမျိုးရှုပ်ကုန်တာပါ။ ဒီဟာက ဟိုတယ်ရဲ့ အမှားသက်သက်ပါပဲ”
ရှေ့စားပွဲမှ ဝန်ထမ်းသည် အနူးအညွတ် တောင်းပန်၍ ခွင့်လွှတ်မှုကို တောင်းခံခဲ့သည်။
ရှီကျင်းရှုလည်း သက်ရောက်ခံ နှစ်ယောက်ဖြစ်သည့် ရှီလီနှင့် ဖုန်းယွင်ဟယ်တို့ကို တောင်းပန်ခဲ့သည်။ ရှီလီသည် ၎င်းကို စီမံရေး၌ အလွဲဖြစ်သွားတာလို့ ရိုးရိုးရှင်းရှင်း ယူဆလိုက်ပြီး ဖုန်းယွင်ဟယ်ကတော့ အရက်ကြောင်,ကြောင်နေသော ဦးနှောက်ကြောင့် အများကြီး စဉ်းစားနိုင်ရန်အတွက် နှေးကွေးနေလေသည်။
ခေါင်းကြည်နေသော ဖူဟွေရှင်း တစ်ဦးတည်းသာ ခဏကြာသည်အထိ တိတ်ဆိတ်နေခဲ့၏။
ဖူဟွေ့ရှင်းက အသစ်စက်စက် ပြင်ဆင်ပေးထားသော အခန်းထဲသို့ ရှီလီကို လိုက်ပို့ပေးခဲ့ပြီး အခန်းထဲတွင် ပုန်းအောင်းနေသောလူတွေ သို့မဟုတ် ကင်မရာတွေ မရှိဘူးဆိုတာကို အကြိမ်ရေများစွာ နှံ့နှံ့စပ်စပ်ရှာဖွေ၍ အတည် ပြုပြီးတော့မှသာ ရှီလီကို ထားရစ်ခဲ့သည်။
အရာအားလုံး အနည်တကျဖြစ်သွားတာတောင် ရှီကျင်းရှု၏ နှလုံးသားမှာ ခုန်ပေါက်နေဆဲပင်။ ဖူဟွေ့ရှင်း၏ ထွက်မသွားခင်တုန်းက အေးစက်သော အကြည့်မှာ သူမကို ကြောက်လန့်သွားစေသည်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူမကို သူ လာရှာမလားမသိဘူး။
******
279 01
အခန်း ၂၇၉: ဒါကဘာလဲ
နောက်တစ်နေ့ ရှီလီသည် အရင်နေ့တုန်းက သူမ၏ မာကျောက်ကစားဖော်များနှင့် အိမ်သို့ကားအတူစီးပြီး ပြန်လာခဲ့ကြရာ ထိုတော့မှ အခြားသူများလည်း ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် အရှုပ်တော်ပုံကို သိသွားတော့သည်။
ရှီလီကတော့ ၎င်းကို တိုက်ဆိုင်ခြင်းတစ်ခုလို့သာ ရိုးရိုးရှင်းရှင်း ယုံကြည်နေချိန်မှာ ကျန်လူတွေမှာမူ ၎င်းက ရှီကျင်းရှုနှင့် တစ်ခုခုပတ်သက်နေလိမ့်မည်ဟု ယုံကြည်ကြသည်။
ဤဖြစ်ရပ်များနောက်ကွယ်တွင် ကြိုးဆွဲနေသူက သူမဆိုတာကို သူတို့တွေ သေချာ၏။
ရှီကျင်းရှု၏ ရည်ရွယ်ချက်ကို မှန်းကြည့်ရန်မှာမခက်ချေ။ သူမက ကျင်းချိုင်၏ သရုပ်မှန်ကို ဖော်ထုတ်ပေးခဲ့သော ရှီလီကို ကျေးဇူးတင်ချင်နေပြီး ဖုန်းယွင်ဟယ်အပေါ်ရှိ ရှီလီ၏ ခံစားချက်တွေကို သိထားတာကြောင့် အရာအားလုံးကို လျှို့ဝှက်ကာ စည်းဝါးတိုက်ထား၍ ရှီလီ၏ မျက်နှာသာပေးခြင်းကို အနိုင်ရလိမ့်မယ်လို့ မျှော်လင့်နေခြင်းပင်။
“ကြောင်သူတော်မပဲ!”
“သူမက အရမ်းတွက်ချက်တတ်လွန်းတယ်!”
“သူမ ကြွားနေတာ!”
သူတို့အားလုံး ဒေါသတကြီး တွေးလိုက်ကြ၏။
သို့သော် ရှီလီက အိပ်ရာထဲ တစ်ယောက်ယောက်ရှိနေတာကို မြင်လိုက်တာနှင့် ကျူးကျော်သူဟု ယူဆရန်အထိ သတိရှိနေသေးသည့်အတွက် သူတို့တွေ တိတ်တဆိတ်စိတ်အေးသွားကြသည်။
၎င်းက ရှီကျင်းရှု၏ အကြံအစည် အောင်မြင်သွားခြင်းမှ ကာကွယ်ပေးနိုင်လိုက်လေသည်။
#ရှင်ဘုရင်ရဲ့ဉာဏ်#
ဤသို့တွေးကြည့်လိုက်ခြင်းက သူတို့တွေ၏ စိတ်ခံစားချက်တွေကို အနည်းငယ် ပိုမိုကောင်းမွန်လာစေသည်။
သူတို့သည် ရှီကျင်းရှုထံမှ နောက်ကျော ဓားထိုးခံလိုက်ရသော်လည်း အရိပ်တစ်ခု လျှော့ကျသွားသဖြင့် သူတို့ရှေ့မှ အမြန်လမ်းလျှောက် သွားသော ဖူဟွေ့ရှင်းကိုကြည့်လိုက်ပြီး သူတစ်ပါး ဒုက္ခရောက်တာကို အားရနေကြ၏။
သူတို့သည် သစ္စာဖောက်ခံခဲ့ရသော်လည်း ဖူဟွေ့ရှင်းလောက်တော့ မပြင်းထန်ပေ။
လူတွေက သူတို့ထက် ဆိုးရွားသည့်လူတွေနှင့်နှိုင်းယှဉ်ရာတွင် သူတို့ကိုယ်ထဲက သာလွန်မှုကို ရှာဖွေတတ်ကြ၏။
“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ မသိဘူး။ ဟိုတယ်က အရမ်းဂရုမဲ့တာပဲ”
“အနည်းဆုံးတော့ အိပ်ရာပေါ်ရောက်နေတာဖုန်းယွင်ဟယ် ဖြစ်နေလို့ပေါ့၊ နို့မို့ဆို အန္တရာယ်ရှိနိုင်တယ်”
သူတို့တွေ အန္တရာယ်အကြောင်းပြောနေချိန်၌ တကယ်ဆိုလိုချင်တာကတော့ ရှီလီ သတိထားမိလိုက်တာ ဘယ်လောက်ကံကောင်းကြောင်း သို့မဟုတ် ဖုန်းယွင်ဟယ် အန္တရာယ်ရှိနေနိုင်ကြောင်းကို ဆိုလိုချင်တာဖြစ်သည်။
လူတိုင်း၏ ပုံသေရှုထောင့်တွင် ရှီလီကအများအားဖြင့် လိမ္မာသော ဆယ်ကျော်သက်ကောင်မလေးဖြစ်ကာ ဖုန်းယွင်ဟယ်နှင့် ပတ်သက်လာလျှင်တော့ - မဆင်မခြင်ပြုမူ၍ကျိုးကြောင်းဆီလျော်မှု မရှိသည့် အရာများစွာကို ပြုလုပ်တတ်တာကတော့ ချွင်းချက်ပင်။
“နင်တို့နှစ်ယောက်က ကံပါလာတာပဲဖြစ်မယ်။ -အခန်းမှား ဝင်မိတာကလည်း ဖုန်းယွင်ဟယ်ရဲ့အခန်း ဖြစ်နေရတယ်လို့”
ရှီလီကို ကြည့်ရသည်မှာ အပေါ်ယံမှာတော့ ရှက်သွေးဖြာနေသလို ထင်ရသော်လည်း စိတ်ထဲမှာတော့ မနှစ်မြို့ခြင်းများဖြင့် ပြည့်နှက်နေကာ [ငါ့ခြေထောက်ကြီးကို ကံပါတာ၊ ကံဆိုးမိုးမှောင်ကျတာနဲ့တောင် ပိုတူသေးတယ်]
[တော်လေးတာပေါ့။ စောင်ကို ဆွဲမဖယ်မိလိုက်တဲ့အထိ ပါးနပ်ခဲ့လို့။ ဖုန်းယွင်ဟယ်မှန်း သိလိုက်ရလို့ကတော့ တစ်ညလုံး ဟန်ဆောင်နေရတော့မှာ]
အခြားသူများ: သူမက အရူးအမူး ချစ်မိနေတာ မဟုတ်ဘူးလား။ ဘာလို့ ဟန်ဆောင်ဖို့ လိုတာလဲ။
ရှီလီ၏ နေ့စဉ်အပြုအမူကတော့ ဖုန်းယွင်ဟယ်ကို သဘောကျနေသည့်ပုံပေါ်သည်။
သို့သော် အတွင်းစိတ်ထဲက အတွေးတွေက တော့ လူတစ်ဦး၏ ခံစားချက်အစစ်အမှန်ကို ရောင်ပြန်ဟပ်၏။
အခြားစကားဖြင့် ဆိုရလျှင် ရှီလီက ဖုန်းယွင်ဟယ်ကို အရမ်းသဘောကျနေသလို ပြုမူနေသော်လည လက်တွေ့ကတော့ ကွဲပြားနေလေသည်။
သူမ၏ အမြင်မှာတော့ အရာအားလုံးက ဟန်ဆောင်နေခြင်းသာ။
ယခုလို ကိစ္စမျိုးကို လူတိုင်းကိုအသိမပေးဘဲ လျှို့ဝှက်ပြီးလုပ်ခဲ့သည့် ရှီကျင်းရှုက ဘယ်လောက်တောင် လျှို့ဝှက်တတ်လဲလို့ပဲ သူတို့တွေ တွေးနေခဲ့ကြတာပင်။
ဤအရာတွေကို အတူတကွ လုပ်ဆောင်သင့်၍-အတူတူ အစီအစဉ်ဆွဲခြင်း၊ အတူတူ စွန့်စားခြင်းနှင့် ဆုလာဘ်တွေကို အတူတူမျှဝေသင့်သည်ဟု ယုံကြည်ခဲ့ကြသည်။
279 02
ရှီကျင်းရှုက ရူးရူးမိုက်မိုက် တစ်ယောက်တည်းလုပ်ဆောင်ခဲ့ပြီဆိုမှတော့ ယခုလိုအရာတွေကို ပြုလုပ်ဖို့လိုတယ်ဟု သူတို့လည်း ခံစားမိလာကြသည်။
မြင့်မြတ်တဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်ကို သူတို့တွေ လိုအပ်ခဲ့တာပင်!
ရှီကျင်းရှုက ယခုလို မြင့်မြတ်တဲ့ ရှေ့ဆောင် လမ်းပြလုပ်ခဲ့သဖြင့် ယခုဆို ရှီလီက ထင်ထားသလိုမျိုး ဖုန်းယွင်ဟယ်အား သဘောကျနေတာ မဟုတ်ဘူဆိုတာကို လူတိုင်း သိလိုက်ကြရလေပြီ။ - အားလုံးက ဟန်ဆောင်နေခြင်းသာ။
တင်းမာသော မျက်နှာထားကို ထိန်းသိမ်းထားသည့် ဖူဟွေ့ရှင်းက သူ့ပါးစပ်အား စတီးပန်းကန်ပြားလို ဖြောင့်တန်းလိုက်၏။
သို့သော် “ဟန်ဆောင်” ဟူသော စကားလုံးကို သူကြားလိုက်သည့် အခိုက်အတန့်မှစ၍ သူ၏ရေခဲရိုက် ပြုအမူက ပျော်ကျလာပြီး ရူးနှမ်းသော အပြုံးတစ်ခုအဖြစ် ကျိုးပျက်မလာအောင် ရှိသမျှအားဖြင့် စိုက်ထုတ်ထားရသည်။
ဖူဟွေ့ရှင်းတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း များများစားစား မရှိပေ။ သူသည် ရူးနှမ်းသော အပြုံးကို မပြုံးမိအောင်လို့ အကောင်းဆုံး ကြိုးစားနေချိန်မှာ သူ့လုပ်ရပ်များကို မထိန်းချုပ်နိုင်လိုက်ချေ။
သူတို့သည် လမ်းကွေ့ရမှာဆိုသော်လည်းလူတိုင်းမှာ ဝေးသထက်ဝေးသည်အထိ တည့်တည်ကြီး ဆက်လျှောက်သွားသော ဖူဟွေ့ရှင်းကို ကြည့်နေမိကြသည်။
ရှီလီသည် ဘေးကလူနှစ်ယောက်ကို ကြည့်၍“သူ ဘယ်သွားနေတာလဲ”
အခြားသူများ ပြန်ဖြေလိုက်၏။ “သူ့ကို ဒီအတိုင်း ထားထားလိုက်၊ အပျော်လွန်နေတာ စိတ်ငြိမ်အောင်လုပ်ဖို့ လိုသေးတယ်”
ရှီလီ: ….
ရှီလီသည် စဉ်းစားပေးတတ်သူဖြစ်သဖြင့်ဖူဟွေ့ရှင်း အရမ်းအဝေးကြီးထိ မရောက်သွားခင် လှမ်းခေါ်လိုက်၏။ “စတား စတား၊ လမ်းမှားနေပြီ! ဒီဘက်မှာ!”
ဖူဟွေ့ရှင်းတစ်ယောက် ပေါ့ပေါ့ပါးပါး နောက်ပြန်လှည့်မလာခင်အထိ တစ်ခဏကြာ ရပ်တန့်သွားတာကို ကော်ယွင် ရှင်းလင်းစွာ မြင်လိုက်သည်။
ရှီလီ ဘေးနားက စနောက်နေသော မိန်းကလေးနှစ်ယောက်နှင့် ရင်ဆိုင်လိုက်ရတော့ ဖူဟွေ့ရှင်းမှာ တည်ငြိမ်မှုကို ထိန်းသိမ်းထား၍ ဘာမှမကြားလိုက်သလို ဟန်ဆောင်နေကာ ဤဖြစ်ရပ်ကြောင့် သူ၏ မိမိုက်ခြင်းကို ဆုံးရှုံးမသွားစေပေ။
ယနေ့ကတော့ သာမန်ဆန်သော အခြားနေ့ရက်တွေကဲ့သို့ပင်။
“ငါတို့ကို ကားပါကင်မှာ ကားစောင့်နေတယ်လေ၊ ငါတို့တွေ ခုတင် ပြောလိုက်တယ်မလား”
ဖူဟွေ့ရှင်း တောင်းပန်လိုက်၏။ “ဆောရီး၊ ငါခုနက မကြားလိုက်မိဘူး”
“ရပါတယ်၊ အမြန်ပြန်သွားရအောင်။ ငါအိပ်ချင်နေပြီ၊ မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး”
2 AM ကျော်သည်အထိ မာကျောက်ကစားပြီးနောက် အခန်းကဒ်မှား၍ အခန်းပြောင်းလဲသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရတော့ ရှီလီမှာ3 AM ကျော်သွားသည်အထိ အိပ်မပျော်ခဲ့ချေ။ သူမုည် ယခုချိန်မှာ မတ်တပ်ရပ်နေသော်လည်း သူမ၏စိတ်ကတော့ အရမ်းမကြည်လင်ဖြစ်နေကာ သူမ ဖြစ်ချင်တာဆိုလို့ အိမ်ပြန်ပြီး အိပ်ချင်နေလေပြီ။
ဟိုတယ်ခန်းထဲတွင် တစ်စုံတစ်ယောက်ကိုရှာတွေ့လိုက်ရတာက ထိုညတွင် ရှီလီသည်အခန်းပြောင်းလိုက်ရပြီး ဘယ်သူမှ ထိုအကြောင်းကို ထပ်မပြောလာတော့ပေ။
ဘယ်သူမှ မပြောတော့တာနှင့် ပြီးသွားပြီလို့တော့ မဆိုလိုချေ။
ထိုအစား ရှီလီ ကွယ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြ၏။
လူတွေ၏ ပထမဆုံးထင်ကြေးမှာ လူတိုင်း၏နောက်ကွယ်တွင် ရှီလီ၏ မျက်နှာသာရရန် တိတ်တဆိတ် ကြိုးစားခဲ့သည့် ရှီကျင်းရှု၏ အပြုအမူပင်။ အချို့လူတွေမှာ ရှီကျင်းရှု၏လှုံ့ဆော်မှုကို ခံလိုက်ရပြီး ရှီလီက ဖုန်းယွင်ဟယ်ကို သဘောကျခဲ့၍ သူတို့လည်း“ဘုရင်” ကို ကျေနပ်စေအောင် ကြိုးစားနိုင်တယ်ဆိုတာအား နားလည်သွားခဲ့ကြသည်။
သို့သော် ရှီကျင်းရှုက ကြိုးစားခဲ့ပြီး အရေးကြီးဆုံး တိုက်ရိုက်ချဉ်းကပ်မှု၌ ရှုံးနိမ့်သွားပြီဆိုတော့ သူတို့သည် အခြားနတ်သားတွေကို ထပ်ရှာဖို့ လိုအပ်နေလေပြီ။
မေးခွန်းက ဘုရင်ရှီလီကို ဘယ်လိုပျော်ရွှင်အောင် လုပ်ရမယ်ဆိုတာပဲဖြစ်သည်။
အခြားအတန်းတွေမှ ကျောင်းသားတွေနှင့်မတူတာက အခန်း 1 တွင် အတွင်းသတင်းရထားတာပင်။ ဖုန်းယွင်ဟယ် အပေါ်ရှိ ရှီလီ၏ခံစားချက်တွေက ဟန်ဆောင်နေတယ်ဆိုတာကို သူတို့တွေ သိထားကြသည်။
ဖုန်းယွင်ဟယ်ကို သူတို့၏ ဘုရင်အဖြစ် တင်မြှောက်သည့် လမ်းကြောင်းက အလုပ်မဖြစ်တော့ အခြားချောမောသည့် အမျိုးသားတွေကို တင်မြှောက်ရန် စဉ်းစားလို့ရသည်။
ဒုတိယနှစ်နှင့် ဂျူနီယာနှစ်ကြား နွေရာသီပိတ်ရက်တွင် နောက်ဆုံးနှစ်သို့ ဝင်ရောက်ကြရတော့မည့် အရေးကြီးတော့ အချိန်၌အခန်း 1 မှ ကျောင်းသားများမှာ သူတို့၏အသိုင်းအဝိုင်းထဲမှ အသက်အရွယ် သင့်တော်ပြီး ရုပ်ရည်ကြည့်ကောင်းသော လူငယ်တွေကို စတင်ရှာဖွေလာကြတော့၏။
အချိန်တစ်ခုအထိ ရှီလီသည် “အနှောင့်အယှက်ပေးသော မက်ဆေ့ခ်ျ” များစွာကို လက်ခံရရှိလိုက်ရသည်။ အကြောင်းအရာကို စစမြင်ချင်း တုန်းက သူမ၏ ကိုယ်ရေးအချက်အလက်တွေပေါက်ကြား၍ ရည်းစာရှာသော ဝက်ဆိုဒ်တွေမှစာတွေရနေတယ်လို့ ထင်မိသွားသည်။
279 03
သို့သော် ပေးပို့လာသူတွေကို ကြည့်လိုက်တော့မသိသည့် ဖုန်းနံပါတ်တွေ မဟုတ်ဘဲ - သူမသိထားသော လူတွေထဲက ဖြစ်နေသည်။
ရှီလီ တွေးလိုက်၏: ဒိဟာက ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ ပတ်သက်ရမှာ မဟုတ်ဘူးလား။ ဘာတွေဖြစ်နေတာလဲ။ စာမေးပွဲမှာ ဘာသာရပ်အသစ်တစ်ခုအနေနဲ့ အောင်သွယ်လုပ်တာကို ထည့်လိုက်ကြတာလား။
တစ်စုံတစ်ယောက်အပေါ် ခံစားချက်ရှိနေသည့်လူတစ်ယောက်အနေနှင့် အခြားယောက်ျားတွေအပေါ် သူမ စိတ်မဝင်စားသင့်ချေ။
ဖုန်းယွင်ဟယ် အပေါ်ရှိ သူမ၏ခံစားချက်တွေကို အကြောင်းပြချက်ပေး၍ ယဉ်ကျေးစွာ ငြင်းပယ်လိုက်ကာ ဤမက်ဆေ့ခ်ျကို “အောင်သွယ်” အားလုံးထံ ပေးပို့လိုက်၏။
ရှီလီသည် အတန်းဖော်တွေ ဘာတွေကြံစည်နေလဲဆိုတာ သိရအောင်လို့ အတန်းပြန်တက်ရန် ကျောင်းသို့ပြန်လာခဲ့သည်။
ကျောင်းတွင် သူမ၏ ထိုင်ခုံဖော် ဖူဟွေ့ရှင်းကို မြင်တွေ့လိုက်ရမည်ဟု မထင်ထားခဲ့ပေ၊ သူသည် နောက်ဆုံးတစ်ခေါက် စာသင်နှစ်၏ပြိုင်ပွဲတွင် လုပ်ဆောင်ချက်တွေ ကောင်းမွန်ခဲ့သဖြင့် ကောလိပ်ဝင်ခွင့် ထောက်ခံချက်ကိုရရှိခဲ့ကာ ယခုဆို သူမလိုမျိုး အိမ်တွင်နေနိုင်နေလေပြီ။
အခြားသူတွေက ပုစ္ဆာတွေကို အပူတပြင်းဖြေရှင်းနေခိုက်မှာ သူကတော့ ငြိမ်ငြိမ်လေးစာဖတ်နေလေ၏။
ငြိမ်ငြိမ်လေး စာဖတ်နေသည့် ဖူဟွေ့ရှင်းကိုကြည့်ကာ ရှီလီ စိတ်ထဲ၌ ပျော်မြူးလာသည်။[အခုတော့ သူ့ကို ကြည့်စမ်းပါဦး၊ အရင်ကဆိုစားပွဲပေါ်မှာ စာအုပ်တောင်မတင်ဘဲ နှစ်စကတည်းက အတန်းထဲ အိပ်လာခဲ့တဲ့သူ့ကို ဘယ်သူက မှတ်မိနိုင်တော့မလဲ]
ရှီလီ၏ ရည်ညွှန်းပြောဆိုခြင်းကို ခံလိုက်ရတော့ ဖူဟွေ့ရှင်းမှာ နောက်ကျောဘက်တွင် မီးလောင်နေသကဲ့သို့ နားရွက်တွေ ပူလောင်လာတော့၏။
ကိုယ်ပိုင်စာကြည့်ချိန်အတွင်း အခြားအတန်းဖော်များကို နှောင့်ယှက်မိမှာစိုး၍ ရှီလီသည် ဖုန်းကိုသုံး၍ ဖူဟွေ့ရှင်းနှင့် စကားပြောရမည့်အစား မှတ်စုကမ်းပေးသည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။
စားပွဲပေါ်က စာအုပ်ကို စိုက်ကြည့်နေစဉ်မှာပဲ ဖူဟွေရှင်းမှ နားရွက်မှ အပူတွေမှ လွင့်ပြယ်မသွားသေးသဖြင့် သတိလက်လွတ်ဖြင့် နားသန်သီးကို ဆိတ်ဆွဲလိုက်ချိန်မှာ ရုတ်တရက် သူ့ရှေ့သို့ စာရွက်တစ်ပိုင်း ရောက်လာ၏။ မှင်အမည်းရောင် တွက်ချက်မှုတွေကြား၌မှင်နီစာသားက ထင်ထင်ရှားရှား ထင်းထွက်နေလေသည်။
–နင် ကျောင်းလာဖို့ မလိုတော့ဘူးမလား၊ဘာလို့ လာနေသေးတာလဲ။
ရှီလီ၏ အမြင်မှာတော့ သူသာ စာဖတ်ချင်ရင်အိမ်မှာပဲ ဖတ်လို့ရသည်။ - ကျောင်းလာစရာ မလိုပေ။ တကယ်တော့ အိမ်မှာဆို တိတ်ဆိတ်နေကာ ကိုယ်ပိုင်စာကြည့်ချိန် မဟုတ်သည့်အချိန်များတွင် ဆရာများက စာပို့ချကြသဖြင့်အတော်ကလေး ဆူညံပေသည်။
ဖူဟွေ့ရှင်းသည် ကျောင်းသို့လာရခြင်းကရံဖန်ရံခါ အတန်းလာတက်လေ့ရှိသည့် ရှီလီနှင့်ဆုံနိုင်ခြေရှိတာကြောင့်လို့ မပြောလိုက်ပေ။
ပြီးတော့ ယနေ့တွင် သူမနှင့် အမှန်တကယ်ကိုဆုံတွေ့ခဲ့၏။
သူသည် အနီရောင်စာအောက်၌ အပြာရောင်မှင်ဖြင့် ရေးလိုက်သည်။
–ကျောင်းရဲ့ လေထုက ကောင်းတယ်။ နင်ရော ဘာလို့ရုတ်တရက်ကြီး ကျောင်းပြန်တက်တာလဲ။
ကျောင်းရဲ့ လေထုက ကောက်းတာကို - အကြောင်းပြချက်အနေနဲ့ ထည့်တွက်လို့ရတယ်မလား။
ရှီလီက ဤအချက်ပေါ်တင် ဝေ့ဝဲမနေဘဲဖူဟွေ့ရှင်း၏ ဒုတိယပိုင်း မေးခွန်းကိုဖြေရန် အာရုံစိုက်ထားသည်။
–မေးမနေပါနဲ့တော့၊ ငါတို့အတန်းဖော်တွေကခုတလော အရမ်းထူးဆန်းနေတယ်၊ ငါ့ဆီရည်းစားထားတာနဲ့ ဆက်စပ်နေတဲ့ မက်ဆေ့ခ်ျတွေပို့ပြီး ကောင်းလေးတွေနဲ့ မိတ်ဆက်ပေးနေတာ။ လူတိုင်း ဘာဖြစ်နေလဲဆိုတာ ကြည့်ရအောင်လို့ ဒီနေ့ ကျောင်းလာတက်တာ။
279 04
သူ့ရှေ့သို့ စာရွက်ပြန်ရောက်လာတော့ ဖူဟွေ့ရှင်း၏ မျက်နှာမှာ ဘာကြောင့်လဲဆိုတာ ကို အတိအကျ သိနေသည့်အတိုင်း - အသံ မထွက်သော လှောင်ပြုံးတစ်ပွင့်က ပေါ်ထွက်လာသည်။
သူသည် စာရွက်ပေါ်၌ စာလုံးသုံးလုံးကို တည်ငြိမ်စွာ ရေးလိုက်သည်။
–သူတို့တွေ ပျင်းနေကြတာ။
မနက်ခင်း စာလုပ်ချိန် ခေါင်းလောင်းမြည်တော့ဖူဟွေ့ရှင်းက သူမကို တိုးတိုးတိတ်တိတ် မေးလာကာ “သူတို့ ဘယ်လို အောင်သွယ်မက်ဆေ့ခ်ျတွေ ပို့ထားတယ်ဆိုတာကို ငါကြည့်လို့ရမလား”
“ကြည့်လို့လည်း ဘာမှမဖြစ်ပါဘူး” ရှီလီသည် မက်ဆေ့ခ်ျပေ့ခ်ျကို ဖွင့်လိုက်ပြီး ဆင်တူသောဘလိုင်းဒိတ် စာမက်ဆေ့ခ်ျတွေ နှစ်ခု၊ သုံးခုကိုဖူဟွေ့ရှင်းအား ပြလိုက်သည်။
သူက အမှုမထားဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “သူတို့က ဒီရက်ပိုင်း အရမ်းပျင်းနေရုံပါ။ တစ်နှစ်တောင် မကျန်တော့တဲ့အချိန်မှာ ဒီလို အရေးမပါတာတွေကို တစ်နေ ကုန်တစ်နေခန်း တွေးနေရင် လူတစ်ယောက်ကဘယ်လိုလုပ် အဆင့်တက်ပြီး တက္ကသိုလ်ကောင်းကောင်းကို ဝင်ခွင့်ရပါတော့မလဲ”
ရှီလီ ခေါင်းညိတ်လိုက်ပြီး ဖူဟွေ့ရှင်းပြောတာကို လက်ခံလိုက်၏။ ဤသည်ကို သူမလည်း နားမလည်နိုင်ပေ။
ဖူဟွေ့ရှင်း ဆက်ပြောလိုက်၏ “ဘာပဲဖြစ်ဖြစ်၊ငါတို့က အတန်းဖော်တွေပဲ။ သူတို့ကိုယ်သူတို့ ဒီလိုမျိုး လက်လျှော့သွားမှာကို မကြည့်နိုင်ဘူး”
“ငါတို့မှာ ဘာမှလည်း လုပ်စရာမရှိတော့၊ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ ကျွမ်းကျင်ရာ အခြေအနေအပေါ် အခြေခံပြီးစာလုပ်မဲ့ ကိုယ်ပိုင်အစီအစဉ်ဇယားကို ဖန်တီးလို့ရတာပဲ။ သူတို့ရဲ့ တစ်ဦးချင်းစွမ်းရည်တွေအလိုက် သင်ကြားပေးပြီး တစ်မိနစ်တောင် အလကားမဖြစ်သွားအောင် သေချာကြိုးစားကြည့်မယ်လေ” ဤသည်မှာ ရှီလီ အရင်က မတွေးဖူးခဲ့သည့် အကြုပြုချက်ကောင်းပင်။ “အတန်းဖော်တွေနဲ့ပတ်သက်လာရင် နင့်ကို ဒီလောက်ထိ ဂရုစိုက်ပေးတတ်ပြီး စိတ်ထားကောင်းတဲ့လူဆိုတာငါ မသိခဲ့ဘူး”
စိတ်ထားကောင်းသူ ဖူဟွေ့ရှင်းက ခပ်ဟဟပြုံးပြလာပြီး ရှီလီ အပ်နှင်းလိုက်သော ဤဘွဲ့ထူးကို လက်ခံကာ ယခုလိုပုံစံအတိုင်း နေထိုင်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်တော့၏။
******
280 01
အခန်း ၂၈၀: ကောလိပ်ဝင်ခွင့်စာမေးပွဲ
ပိတ်ရက်အတွင်း၌ ကျောင်းသားများမှာ အင်မတန် တက်ကြွနေပြီး ဆော့လိုက်၊ ပျော်ပါးလိုက်နှင့် သူတို့ ရင်ဆိုင်ရတော့မည့်အရာကိုမသိကြသေးပေ။
ဖူဟွေ့ရှင်း၏ အကြံပေးချက်က ကောင်းမွန်တယ်လို့ ရှီလီ တွေးလိုက်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အတန်းဖော်တွေ အမှတ်ကောင်းရ၍ သူတို့အလိုရှိရာ တက္ကသိုလ်တွေသို့ တက်ရောက်နိုင်ရန် သူမလည်း မျှော်လင့်မိ၏။
သူမနှင့် ဖူဟွေ့ရှင်း၏ အကြံပြုချက်မှာပြီးပြည့်စုံ၍ - မလွဲချော်သင့်သည့် အခွင့်အရေးတစ်ခုပင်။
ရှီလီနှင့် ဖူဟွေ့ရှင်းက ဤကိစ္စ၏ ဆောင်ရွက်နိုင်ခြေကို အတန်းပိုင်နှင့် ဆွေးနွေးကြည့်ရန် အတွက် ရုံးခန်းသို့သွားဖို့ကို ဆုံးဖြတ်ခဲ့ကြ၏။
ထို့ကြောင့် မနက်ခင်းပိုင်း၏ ပထမချိန်တွင်နောက်ဆုံးတန်းက ပြတင်းပေါက်နားကရှိ ထိုင်ခုံးမျာတွင် အိတ်တွေရှိနေသော်လည်း လူတွေ ပျောက်နေတာကို ကျောင်းသားတွေရော၊ ဆရာတွေပါ သတိထားမိခဲ့ကြသည်။
သို့သော် သူတို့၏ တက်ရောက်ခြင်းက လုပ်ပိုင်ခွင့်ထဲမှာ မပါဝင်သဖြင့် သူတို့တွေအတန်းလစ်တာကို ဘယ်သူမှ ဂရုစိုက်မနေပေ။
အတန်းပိုင်က ရုံးခန်းထဲတွင် အနားယူနေတာဖြစ်ပြီး ရုတ်တရက် ဝင်လာသည့် အနှီနှစ်ဦးကိုမြင်တွေ့လိုက်ရတော့ အတော်လေး ထိတ်လန့်သွားစေမိသည်။
သူ အထစ်ထစ် အငေါ့ငေါ့ဖြင့် “မင်း-မင်းတို့နှစ်ယောက် ဒီကို ဘာလာလုပ်တာလဲ”
သူတို့က ရန်ထဖြစ်တော့မည့်အတိုင်း ယခုလိုတင်းမာစွာ ဝင်ရောက်လာခဲ့ကြသည်။
ဖူဟွေ့ရှင်းက ထိုင်ခုံနှစ်လုံးကို ဆွဲယူလိုက်ပြီး အတန်းပိုင်ရှေ့တွင် သူနှင့် ရှီလီတို့ ထိုင်ချလိုက်၏။
အတန်းပိုင်ကို ကြည့်ရသည်မှာ ကြောက်လန့်တကြား ဖြစ်နေပုံရပြီး “ဘာဖြစ်လို့လဲ။ တစ်ခုခုပြဿနာတက်နေလို့လား”
ရှီလီသည် သူ့စားပွဲက စာရွက်တစ်ရွက်ကို ဆွဲထုတ်လာပြီး “သမီးတို့မှာ ကမ်းလှမ်းချက်ရှိတယ်”
“ကျေးဇူးပြုပြီး၊ ပြောပါ”
“အခုချိန် သမီးတို့မှာ လုပ်စရာများများစားစားမရှိတော့၊ အတန်းဖော်တွေရဲ့ ပညာရေးလုပ်ဆောင်ချက်တွေကို တိုးမြှင့်ပေးဖို့ စာလုပ်မဲ့ အချိန်ဇယားတွေ ဆွဲပေးပြီး သူတို့ကို ကူညီပေးချင်လို့ပါ”
အတန်းပိုင်: တော်သေးတာပေါ့၊ မင်းတို့နှစ်ယောက် တွဲနေပြီဆိုပြီး လာကြေညာတယ် လို့ ငါထင်သွားတာ။
ဤသည်မှာ သတင်းကောင်းပင်။ ရှီလီကကျောင်းသားနှစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးခဲ့ပြီး - ဖူဟွေ့ရှင်းက ဝင်ခွင့်ကို စောစောစီးစီး ရရှိထားသူဖြစ်ကာ ကော်ယွင်၏ အဆင့်တွေကလည်း အတော်လေး တိုးတက်လာခဲ့တာပင်။
ဤသည်ကပဲ ရှီလီ၏ သင်ကြားရေးနည်းလမ်းတွေက ထိရောက်တယ်ဆိုတာကို သက်သေပြနေကာ၊ ဒါပေါ့ အတန်းပိုင်ကလည်း တစ်ခန်းလုံး၏ လုပ်ဆောင်တွေ တိုးတက်ရေးအတွက်ကူညီပေးရန် ဆန္ဒရှိလေသည်။
အခမဲ့ အလုပ်သမားရလာတော့ မဖြုန်းတီးသင့်ဘူးလေ။
အတန်းပိုင်က အမြန်အဆန် ခေါင်းညိတ်လိုက်ပြီး “ဒါပေါ့၊ မင်းတို့ လုပ်ချင်သလိုသာလုပ်။ အကယ်၍ အကူအညီလိုအပ်လာရင် တုံ့ဆိုင်းမနေဘဲ ဆရာ့ကိုလာပြောကြ”
သူ့သဘောထားကို သူတို့တွေ လိုအပ်နေတာဖြစ်သည်။ ရှီလီနှင့် ဖူဟွေ့ရှင်းက အတန်းကို အုပ်စုတွေခွဲလိုက်ပြီး တစ်ယောက်ချင်းစီကကျောင်းသားတစ်ဝက်ကို တာဝန်ယူကြမှာပင်။
သူတို့သည် အတန်းဖော်တွေ၏ လတ်တလော စာမေးပွဲရမှတ်တွေကို ပြန်လည်ဆန်းစစ်ရန်ရုံးခန်းထဲ၌ တစ်နေ့လုံး ကုန်ဆုံးခဲ့ကြပြီး နေ့လယ်စာကိုတောင် အတန်းပိုင်က ပါဆယ်ဆွဲလာပေးခဲ့ရသည်။
ရှီလီနှင့် ဖူဟွေ့ရှင်းတို့သည့် ကျောင်းသားတစ်ယောက်ချင်းစီတိုင်း၏ အခြေအနေအလိုက် စာလုပ်မည့် အစီအစဉ်တွေကို သီးသန့်ထားဖန်တီးခဲ့ကြရာတွက် ရက်အတော်ကြာ ကုန်ဆုံးခဲ့သည်။
အတန်းပိုင်က သူတို့၏ လက်ရာကို အတန်းအား ချပြလိုက်ချိန်မှာတော့ လူတိုင်းအတော်လေး ကျေနပ်အားရသွားကြသည်။
280 02
အဆုံးမှာတော့ ဤနှစ်ယောက်က ပညာရေးမှတ်တမ်းများကို သက်သေပြခဲ့ကာ ဘယ်ကျောင်းသားကမှ ရည်မှန်းချက် မကင်းမဲ့ နေကြဘဲ - ပိုကောင်းသော တက္ကသိုလ်တွေဆီ ဝင်ခွင့်ရချင်ကြသည်။
သို့သော် စာလုပ်မည့် အချိန်ဇယားအတိုင်း သူတို့တွေ စတင်လုပ်ဆောင်လိုက်သည်နှင့် တစ်ခုခု လွဲနေတယ်လို့ ခံစားမိလာကြ၏။
အထူးသဖြင့် အချို့ကျောင်းသားများသည် သူတို့က အခြားသူတွေထက် အလုပ်ပိုများနေတယ်ဆိုတာကို သတိထားမိခဲ့ကြသည်။
အဆင့်နိမ့်သည် ကျောင်းသားများတွင် ပြင်းထန်သည့် စာလုပ်မည့် အချိန်ဇယားရှိပါက ကျိုးကြောင်းဆီလျော်သော်ငြား အချို့ကိစ္စများတွင် အဆင့်ပိုဆိုးရွားသည့် ကျောင်းသားများ၌ ပေါ့ပါးသော အလုပ်တာဝန်တွေ ရှိနေလေသည်။
ကွာခြားချက်တွေကို သုံးသပ်ကြည့်ပြီးနောက်ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့၏ -စာလုပ်မည့် အချိန်ဇယားကို ဘယ်သူဆွဲခဲ့တာလဲ။
ဖူဟွေ့ရှင်းက သူတို့၏ စာလုပ်မည့် အချိန်ဇယားများကို ရေးဆွဲခဲ့သူပင်။
သို့သော် ဖူဟွေ့ရှင်းတွင် သူတို့နှင့် ရန်ငြိုးရန်စမရှိတာကြောင့် သူတို့ကို ပစ်မှတ်ထားစရာ အကြောင်းမရှိပေ။
ဒါ့အပြင် ဘယ်သူကရော စာလုပ်မည့် လုပ်ငန်းဆောင်တာတွေ ပိုတိုးပေးပြီး ပစ်မှတ်ထားလို့လဲ။
အကယ်၍ ဖူဟွေ့ရှင်းက ရှီလီကို ကြိတ်ကြိုက်နေတယ်ဆိုတာကိုသာ သူတို့တွေ မသိလျှင်သူတို့ကို ကြိတ်ကြိုက်နေတယ်လို့ သံသာဝင်မိမှာပင်။
ဆက်လက်စုံစမ်းကြည့်တော့ အတန်းဖော်တေယ်တ်ောများများလည်း အခြေအနေချင်း တူနေကြသည်။
သူများတွေနှင့် ဒုက္ခမျှဝေပြီး ခံစားရတာကပိုပြီး သည်းခံလို့ရသွားစေသည်။
ဖူဟွေ့ရှင်း၏ ရှီလီတို့၏ စာလုပ်မည့် အချိန်ဇယားအတိုင်း လိုက်လုပ်ပြီးနောက် အတန်းမှာပင်ပန်းသော်ငြား တာဝန်ကျေပွန်စွာဖြင့် အချိန်ဇယားအတိုင်း လိုက်လုပ်ခဲ့ကြ၏။
အတန်းပိုင်မှာ အလွန်စိတ်ကျေနပ်နေလေပြီ -ဒီဟာက သူလိုတာနဲ့ ကွတ်တိပဲ။
လုပ်ပိုင်ခွင့် များများစားစားမရှိသော ဆရာတစ်ယောက်အနေနှင့် အတန်းထဲတွင် ဩဇာလွှမ်းမိုးနိုင်မှု အနည်းငယ်တော့ ရှိသည်။
သို့သော် ရှီလီနှင့် ဖူဟွေ့ရှင်းက ကွဲပြားနေ၏ -တစ်ယောက်က အသိဉာဏ် လွှမ်းမိုးမှုကနေကြီးစိုး၍ ကျန်တစ်ဦးကမူ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကနေ အုပ်ချုပ်လေသည်။
ဘယ်သူကမှ သူတို့ကို မနာခံဘဲ မနေဝံ့ပေ။
ဤသည်မှာ အတန်းပိုင် ထင်ထားတာနှင့် အတိအကျဖြစ်နေသည်။
ခက်ခဲကြမ်းတမ်းသော နေ့ရက်တွေကအဆုံးမရှိသည့်ပုံပင်။
အတန်း၏ သုံးပုံတစ်ပုံက အနုပညာကျောင်းဝင်ခွင့်ကို ရယူရန် ရွေးချယ်ခဲ့ ၍အောက်တိုဘာလ ကုန်ပြီးနောက် အတန်း၏ တစ်ဝက်မှာ ပြင်းထန်သော လေ့ကျင့်ရေးများအတွက် ထွက်ခွာသွားခဲ့ကြ၏။
လေ့ကျင့်ရေးက မလွယ်ကူသော်လည်းလေ့ကျင့်ရေးစင်တာသို့ ရောက်သွားပြီဆိုတာနှင့် ဖူဟွေ့ရှင်း၏ နတ်ဆိုးဆန်သော စာလုပ်မည့် အချိန်ဇယားကနေ လွတ်မြောက်သွားပြီဟူသော အတွေးကြောင့် လူတိုင်း ပြုံးရွှင်မိကြသည်။
သို့သော် ဖူဟွေ့ရှင်းက သူ၏ ချစ်လှစွာသောအတန်းဖော်တွေကို ဒီလောက်လွယ်လွယ်နှင့်ဘယ်လွှတ်ပေးပါ့မလဲ။
ကျောင်းသားတွေ လေ့ကျင့်ရေးစင်တာသို့ရောက်သွားပြီး မကြာခင်မှာပဲ ဖူဟွေ့ရှင်းကအနုပညာ ကျောင်းသားများအတွက် သူ၏စပယ်ရှယ်ဗားရှင်းဖြစ်သော ယဉ်ကျေးမှုဆိုင်ရာ သင်ရိုးညွှန်းတန်းကို ပေးပို့ခဲ့သည်။
အနုပညာ ကျောင်းသားများ၏ ဒေါသထွက်နေသော ဗားရှင်း: ဖူဟွေ့ရှင်း၊ နင်းက နတ်ဆိုးလားကွ။ !
ဒါပေါ့၊ သူတို့၏ ဒေါသက ယာယီမျှသာ - ဘယ်သူက ဖူဟွေ့ရှင်းကို သူတို့၏ဒေါသတွေထုတ်ပြရဲမှာတဲ့လဲ။
သူတို့သည် တိတ်တဆိတ် ဒေါသထွက်နေကြသော်လည်း ဖူဟွေ့ရှင်း၏ စာလုပ်မည့် အချိန်ဇယားအတိုင်း တစ်ဆင့်ချင်းစီ လိုက်လုပ်ခဲ့ကြသည်။
စီနီယာနှစ်ထဲ ဝင်ရောက်လာကတည်းက ရှီလီသည် ပုံမှန်အတိုင်း ကျောင်းခေါ်ချိန် စကောက်ခဲ့ကာ လူတိုင်း၏ ပညာသင်ယူသောစောင့်ကြည့်၍ တစ်ခါတစ်လေ အထူးအခြေအနေမျိုးတွင်မှသာ ခွင့်ယူလေသည်။
ဒုက္ခခံနေရသော ကျောင်းသားများမှာ မည်းမှောင်သော စီနီယာကို ကြိုမြင်နေခဲ့ကြပြီးသူတို့တွေ မမှားခဲ့ပေ။
သူတို့ထင်ထားတာထက် ပိုခက်နေမှာဖြစ်ပြီးသေချာပေါက် မလွယ်ကူနိုင်။
သို့သော် သူတို့၏ ခက်ခဲကြမ်းတမ်းမှုကအဆင့်တက်လာခြင်းနှင့် အချိုးကျ၍ ကြားဖြတ် စာမေးပွဲတစ်ခုချင်းစီတိုင်းမှာ အမှတ်တွေ တက်လာခဲ့သည်။
သူတို့၏ လုပ်ဆောင်ချက်တွေကို သိသိသာသာမြင်တွေ့လိုက်ရခြင်းမှာ တကယ့်ကို ပျော်ရွှင်ရပြီး အတွေ့အကြုံကို ဖြည့်စွမ်းပေးနေသည်။
280 03
လူတိုင်းမှာ ဤခံစားချက်ကြောင့် masochisticဖြစ်လာသလိုပင်။ (T\N: masochistic = နာကျင်ခြင်းတွင် မွေ့လျော်သူ)
ဆောင်းရာသီ ပိတ်ရက်နားနီးလာတော့အနုပညာတန်းခွဲ ကျောင်းသားများသည်သူတို့၏ လေ့ကျင့်ရေးတွေ ပြီးဆုံး၍ စာမေးပွဲသွားဖြေခဲ့ကြသည်။
ကျန်ရှိနေခဲ့သော အချို့ကျောင်းသားများမှာဆောင်းရာသီပိတ်ရက်၌ အနားရမလားဟူ၍ ရူးရူးမိုက်မိုက် မျှော်လင့်ခဲ့ကြသည်။
အိပ်မက်တွေက ဘာဖြင့်လုပ်ထားတယ်ဆိုတာကို ဖူဟွေ့ရှင်းက လုပ်ရပ်ဖြင့် သက်သေပြခဲ့သည်။
အကူအညီ တောင်းခံနေကြသော အနှီကျောင်းသားတွေကိုမူ ရှီလီက ကြင်နာစွာဖြင့် “သူကနင်တို့ကောင်းဖို့အတွက် လုပ်ပေးနေတာပါ” ဟုပြောလိုက်သည်။
သူတို့သည် ဖူဟွေ့ရှင်းကို မချဉ်းကပ်ရဲကြဘဲရှီလီဆီကနေသာ အကူအညီတောင်းရဲ၏။
ဖူဟွေ့ရှင်းက ရှီလီ၏စကားဆို နားထောင်တယ်ဆိုတာ သူတို့တွေ သိထားကြတာကြောင့် အကယ်၍ သူမသာ သဘောတူလိုက်ပါက ဆောင်းရာသီပိတ်ရက်တွင် သူတို့တွေ အိမ်ပြန်လို့ရနိုင်သည်။
သို့သော် နတ်သမီးရှီလီက နတ်ဆိုးဖူဟွေ့ရှင်း၏ လွှမ်းမိုးခြင်းကိုခံထားရသကဲ့သို့ ပုံမှန်၏သူမ၏ 36.7°C ပူနွေးနေသော ပါးစပ်မှာ ယခုတော့ အေးစက်သည့် စကားလုံးများကိုပြောလာခဲ့ချေပြီ။
ကျောင်းသားများမှာ မျက်ရက်စက်လက်ဖြင့်ပုစ္ဆာတွေကို ဖြေရှင်းရုံသာ တတ်နိုင်တော့၏။
အတန်းပိုင်သည် နားရွက်ကို ပါးစပ်တက်ချိတ်မတတ် တိတ်တဆိတ် ပြုံးဖြီးနေလေ၏ -ရှီလီနဲ့ ဖူဟွေ့ရှင်းရဲ့ ပူးပေါင်းမှုက ဒီလောက်ထိ ထိရောက်မှုရှိတယ်ကိုသိခဲ့ရင် အစောကြီးကတည်းက သူတို့ကို တွဲပေးလိုက်ပါတယ်။
စိတ်တုန်လှုပ်စေသော ကုထုံးက အင်မတန်အလုပ်ဖြစ်၏။ စီနီယာနှစ်တောင် မပြီးဆုံးခင်မှာတင် အရေခွံဆုတ်ခံရတာက ဘာဆိုတာကိုကျောင်းသားတွေ ခံစားမိလိုက်ကြသည်။
အဆုံးမှာတော့ ရှေ့ဆက်သွားနိုင်ဖို့က သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲရှီလီနှင့် ဖူဟွေ့ရှင်းအပေါ် ထားရှိသည့် အချစ်၊အမုန်း ရောပြွန်နေသည့် ခံစားချက်တွေကြောင့်ပင်။
အချိန်တွေ ကုန်လွန်သွားပြီး ဂျွန်လမှာတော့စာမေးပွဲအကြို ဆော်ငြခြင်း အစည်းအဝေးအတွက် အချိန်မှာ ရုတ်တရက် ကျရောက်လာ ခဲ့သည်။
လူတိုင်းကို ကြည့်ရသည်မှာ အားအင်ပြည့်ဖြိုးနေပုံရပြီး အခန်း 1 မှ ကျောင်းသားများကမူသရဲတစ္ဆေများကြောင့် သူတို့၏ စွမ်းအင်ကို ခမ်းခြောက်သွားသည့် စာသင်သားတွေနှင့် တူနေလေသည်။
ကျောင်းသားဟူသော သူတို့၏ ရာထူးထက်သရဲပုံပြင်တွေက စာသင်သားတွေနှင့် ပိုပြီးတူနေသည်။
ဤသည်က အခြားအတန်းများရှိ ဆရာများနှင့်ကျောင်းအုပ်ချုပ်ရေးပိုင်းမှ လူများ၏ အာရုံကိုဆွဲဆောင်မိသွားစေပြီး တစ်တန်းလုံးကပဲ တစ်ခုခုဖြစ်နေသလို လှည့်ကြည့်လှည့်ကြည့် လုပ်နေကြသည်။
တစ်ခါက စာမေးပွဲအတွက် ပြင်ဆင်နေချိန်အတွင်း ကျောင်းသားတွေအား သတိဝီရိယ ရှိစေရန် “ဉာဏ်ကောင်းဆေး” များ ဖြန့်ဖြူးပေးဝေခဲ့သော အမှုတွေ ဖြစ်ပွားခဲ့ဖူးသည်။
“ဉာဏ်ကောင်းဆေး” ဟု ခေါ်သော အရာတွေက ကြားကောင်းသော်ငြား - တကယ်တော့မူးယစ်ဆေး အမျိုးအစားသစ်ဖြစ်နေ၏။
တစ်ချက်ကြည့်လိုက်ရုံနှင့် အခန်း 1 ၏ဖြူလျော်ပြီး မျက်တွင်းချောင်နေသည့် ပုံစံက မူးယစ်ဆေးသုံးထားသော သက်ရောက်မှုနှင့်တကယ်ကြီး ဆင်တူနေလေသည်။
ကျောင်းအုပ်ချုပ်ရေးပိုင်းမှ လူများမှာအတော်လေး နိုးနိုးကြားကြား ဖြစ်သွားကြ၏။
အခန်း 1 ၏ အဆင့်တွေက အလွန်လျင်မြန်စွာတိုးတက်လာခဲ့တာပင် - သူတို့တွေ မပြုအပ်သင့်သည့် တစ်ခုခုနှင့် ပတ်သက်ခဲ့လို့များလား။
အခန်း 1 မှ ကျောင်းသားများ: မင်းကိုယ်တိုင်စမ်းကြည့်လေ၊ နားလည်လာလိမ့်မယ်။
တစ်ကျောင်းလုံးဆိုင်ရာ ဆောက်ရွက်ချက်များက ရှားပါးလှပြီး အခန်း 1 ၏ ဘာသာရပ်ဆရာများမှာ အတန်းချိန်များအတွင်းတွင် ကျောင်းသားများ၏ မျက်တွင်းချောင်နေသောပုံစံကို မြင်ဖူးကြသော်လည်း သိပ်အများကြီးမတွေးခဲ့ကြချေ။
သို့သော် အခြားအတန်းတွေမှ ကျောင်းသားတွေနှင့် ယှဉ်ကြည့်လိုက်ချိန်မှာတော့ ဤကလေးတွေ ခြေကုန်လက်ပန်းကျနေသည်မှာ သိသာပေသည်။
တရားခံတွေကတော့ ယနေ့တွင် ကျောင်းမလာဘဲ အိမ်တွင် အနားယူရန် အတူတူ သဘောတူထားကြသည်။
ဤကာလအတွင်း၌ သင်ကြားပေးခံရသော ကျောင်းသားတွေတင်မကဘဲ၊ လှုံ့ဆော်ပေးသူ ရှီလီနှင့် ဖူဟွေ့ရှင်းတို့လည်း ပင်ပန်းကြရ၏။
သူတို့သည် စာမေးပွဲအကြို ဆော်ဩသောအစည်းအဝေးကို တက်ရောက်ရန် မလိုအပ်တာကြောင့် ကျောင်းသားတွေ၏ နောက်ဆုံးပြန်လည်ဆန်းစစ်ခြင်းကို ကြီးမှူးရန်အတွက်နေ့လယ်ခင်းမှ ကျောင်းသို့လာရန် စီစဉ်ထားကြသည်။
280 04
အဆုံးတွင် ကျောင်းသားတွေကို စာမေးပွဲသို့ပို့ပေးရတော့မည့် အချိန်ကျလာလေ၊ အနှီနှစ်ယောက်က သူတို့ကိုယ်တိုင် စာမေးပွဲဖြေတုန်းကထက်ပင် စိုးရိမ်ကြောင့်ကြနေပုံရသည်။
ရှီလီ၊ ဖူဟွေ့ရှင်းနှင့် ရုန်ရုန်တို့က စာမေးခန်းများကို စောင့်ကြည့်ရာ၌ အတန်းပိုင်နှင့်ပူးပေါင်းခဲ့ပြီး တစ်ယောက် တစ်နေရာစီစောင့်ကြည့်ခဲ့ကြသည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်ခင်ည၌ရှီလီမှာ တကယ့် စာမေးပွဲဖြေဆိုသူတစ်ဦးလိုလူးလားခေါက်ပြန် ဖြစ်နေတော့သည်။
2 AM ဝန်းကျင်ခန့်၌ ရှီလီသည် နောက်ဆုံးအိပ်ပျော်ခါနီးခန့်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။
စာမေးပွဲဖြေသည့်နေ့၌ ဝေ့ဝေ့၏ စာမေးပွဲ ဝင်ခွင့် လက်မှတ်တွင် ပြဿနာပေါ်၍ ဆယ်မိနစ်ခန့် နောက်ကျခဲ့ရတာပင်။ ယခုလိုနောက်ကျခြင်းကြောင့် တရုတ်ဘာသာတွင်သူမ၏ လုပ်ဆောင်ချက်ကို ထိခိုက်သွားစေခဲ့သည်။
သေသေချာချာ ပျိုးထောင်ထားရသော အိပ်ချင်စိတ်က ခဏတွင်းချင်း ပျောက်ကွယ်သွား၍ ရှီလီသည် အတန်းဖော်တွေအတွက် လက်မှတ်ထိုးသည့် ဘောပင်များ၊ ခဲတံများနှင့် ခဲဖျက်များအပါအဝင် အရေးကြီးဆုံးဖြစ်သည့် စာမေးပွဲဝင်ခွင့် လက်မှတ်ကော်ပီများ ထည့်ထားသော ကျောပိုးအိတ်ကို စစ်ကြည့်ရန် အိပ်ရာထမှ ထလိုက်သည်။
ဝေ့ဝေ့ စာမေးပွဲဖြေမည့်နေရာက ရှီလီကိုမော်နီတာအဖြစ် တာဝန်ခန့်ထားသော စာမေးပွဲနေရာနှင့် သွားတူနေသည်။
အိပ်ရာမဝင်ခင်တွင် အိတ်ထဲထည့်ထားသည့် အပိုဝင်ခွင့်လက်မှတ်များကို ရှီလီ စစ်ဆေးကြည့်လိုက်ပြီး မနက်နှစ်နာရီ ရှိနေပြီဖြစ်ရာအတန်း၏ အုပ်စုဖွဲ့ စကားပြောခန်းထဲသို့ မက်ဆေ့ခ်ျပို့လိုက်၏:
[အားလုံးပဲ၊ မင်္ဂလာညနေခင်းပါ။ ကျေးဇူးပြုပြီး နင်တို့ရဲ့ ID ကဒ်တွေ၊ ဝင်ခွင့်လက်မှတ်တွေနဲ့ မနက်ခင်း အိမ်ကမထွက်ခင် စာမေးပွဲပစ္စည်းကိရိယာတွေကို စစ်ဆေးဖို့ မမေ့ကြနဲ့ဦးနော်။ စာမေးပွဲခန်းထဲရောက်လို့မှ စာမေးပွဲဖြေမဲ့ ပစ္စည်းတွေ မေ့ကျန်ခဲ့ရင် စာမေးပွဲခန်းဖြေတဲ့နေရာက ဆရာတွေကို ချက်ချင်းဆက်သွယ် ကြ။ ဆရာတွေက လူတိုင်း ချောချောမွေ့မွေ့ စာမေးပွဲဖြေနိုင်အောင်လို့ အကူတွေ ထားပေးထားတယ်။ နောက်ဆုံးအနေနဲ့၊ လူတိုင်းရလဒ်ကောင်းတွေ ဆွတ်ခူးနိုင်ပြီး ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်]