← Chapters

မူလလောက၏ လှုပ်ရှားမှု

Vol. 16 Ch. 158

မူလလောက၏ လှုပ်ရှားမှု

Vol. 16 Ch. 158

လုလင်းယွဲ့ တင်းဟောက်တို့ ပြန်လည်ထွက်ခွာသွားပြီးနောက်မှာတော့ ထာဝရကျေးရွာကြီးက ပုံမှန်အတိုင်း ဆက်လက် အသက်ဝင်နေခဲ့သည်။

ထျန်းဟွမ်လောက တခုလုံးကိုကိုယ်စားပြုမည့် ပြိုင်ပွဲကြီးက နီးကပ်လာနေပြီး ကျင်းတိုင်းပြည် နေရာအနှံ့မှာလည်း ကျင့်ကြံသူများစွာ ရောက်ရှိနေခဲ့ကြကာ ထိုအဖြစ်ပျက်က ကျင်းတိုင်းပြည်ကို ယခင်ကာလများစွာကထက် ပို၍ စည်ကားသက်ဝင်နေစေသည်။

ယန်ချန်ရဲ့စီမံမှုကြောင့် ထာဝရကျေးရွာ၏ လူဦးရေစာရင်းမှာလည်း တည်ငြိမ်သွားသည်။ ထို့အတူ မှတ်ပုံတင်စနစ်ကို လိုက်ပါကျင့်သုံးခဲ့သည့် ကျင်းနဲ့မင် တိုင်းပြည်နှစ်ခုမှာလည်း တိကျသည့် အင်အားစုများ သေမျိုးများစာရင်းကို ရရှိခဲ့ကြပြီး တိုင်းပြည်၏ အဘက်ဘက်မှ လိုအပ်ချက်များစွာကို မြင်လာခဲ့သည်။

ထို့အတွက် မင်ယုရှန်း မင်ဝမ်နဲ့ကျင်းလုံတို့မှာ ယန်ချန်ကိုတိတ်တဆိတ် ချီးကျူးမိကြသေးသည်။ ယန်ချန်က သာမန်သေမျိုးများဘဝ၌ ပျော်ဝင်နေသည်မှာ နက်ရှိုင်းလွန်းနေပြီး မည်သည့်ကျင့်ကြံရေးကိစ္စများကိုပင် ဝင်ရောက်စွတ်ဖက်ခြင်း မပြုပေ။

သို့သော်လည်း ထိုအခြေနေကပင် ယန်ချန်ရဲ့တည်ရှိမှုကို ပို၍မြင့်တင်ပေးခဲ့ပြီး ကျင့်ကြံရေးအင်အားစုများအားလုံးက ယန်ချန်နဲ့ ထာဝရကျေးရွာမှာ မည်သည့်အချိန်တွင်မဆို ထိပါးစော်ကားနိုင်သည့် သေမျိုးများမဟုတ်ဟု ဆုံးဖြတ်လိုက်ကြသည်။

မည်သူက ထာဝရကျေးရွာကို ရန်စရဲမည်နည်း။ သူတော်စင်များဖြစ်စေ ထိပ်သီးဂိုဏ်းကြီးများဖြစ်စေ လေလွင့်ကျင့်ကြံသူများဖြစ်စေ အကုန်လုံးက ယန်ချန်ရဲ့ဂုဏ်သတင်းကို ယန်ချန်ပင်မသိလိုက်ချိန်မှာပဲ အထင်ကြီးလေးစားနေကြပြီး ထျန်းဟွမ်လောကတခုလုံးက မထင်မှတ်ထားလောက်အောင် စည်းလုံးနေသည်။

ထာဝရကျေးရွာ၏ အသိမှတ်ပြု မှတ်ပုံတင်ကိုင်ဆောင်ထားသူမှာ ထျန်းဟွမ်လောက ဒေသကြီးလေးခုသာမက အလယ်ပိုင်းဒေသကိုပါ စိတ်ကြိုက်သွားလာနိုင်ပြီး လုယက်ခြင်း ရန်စစော်ကားခြင်း မပြုရဲချေ။

တစုံတခု ဖြစ်ပွားပါက ထိပ်သီးကျင့်ကြံသူများက ပြင်းပြင်းထန်ထန် အပြစ်ပေးကွပ်မျက်ခဲ့ကြသည်။ ထိုအခြေနေကို မင်ယုရှန်း ကျင်းလုံတို့ကပင် ထုတ်ပြန်ထားခဲ့ပြီး ယန်ချန်နဲ့ ထာဝရကျေးရွာက လူတိုင်းထိပါးနိုင်သည့် အရာမဟုတ်တော့ချေ။

ယင်ယင်၏နေ့ရက်များက ယန်ချန်ထက်ပင် ပိုရိုးရှင်းသည်။ တနေ့တာ၌ အစားစားချိန်နဲ့ အိပ်ချိန်မှလွဲ၍ အချိန်အများစုကို ထာဝရကျေးရွာအတွင်း လှည့်ပတ်ဆော့ကစားနေပြီး အကုန်လုံးက အထိမခံရဲသည့် ရတနာတပါးနှယ် ဆက်ဆံကြသည်။ ယန်ချန်ကတော့ ထိုအရာများကို မသိချေ။

သူ့အချိန်အများစုကို ပြိုင်ပွဲအတွက် လက်နက်များ ထုလုပ်နေပြီး ရံဖန်ရံခါ နတ်သမီးသစ်ပင်ကို စစ်ဆေးသည်။ သစ်ပင်မှာ အနည်းငယ်ထပ်မံ ဖွံ့ဖြိုးလာပြီး နောက်ထပ်အရည်သွေးမြင့် ဆေးဖက်ဝင်ပစ္စည်းများ ထပ်မံရရှိတော့မည် ဖြစ်သည်။

ယန်ပိုင်နဲ့အခြားတောကောင်များမှာ ရှုယင်နဲ့အတူ ခြံဝန်းကိုစောင့်ရှောက်ကြသည်။ အချို့အချိန်များ၌ သားရဲဝိဉာဥ်တောအုပ်အတွင်း အမဲလိုက်ကြသေးသည်။ ယန်ချန်ရဲ့မွေးမြူရေးက ရွာအတွင်းအအောင်မြင်ဆုံးဖြစ်ကာ ယန်ချန်တို့အိမ်၌ အသားဟင်းပြတ်လပ်သည်ဟူ၍ မရှိချေ။

မူလလောက တနေရာမှာတော့ မူလဧကရာဇ်က ထိပ်သီးများစွာကို စုစည်းကာ ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။ အကြောင်းအရာက အမှောင်လောကသခင်ဆီမှ ပြန်ရောက်လာပြီးနောက် အမှောင်လောကသားအချို့ လိုက်ပါလာကာ လောကနှစ်ခု၏ မတူညီတဲ့ နည်းစနစ်များ ကျင့်ကြံရေးအရင်းအမြစ်များစွာကို သုံးပြီး အပြင်းအထန်လေ့ကျင့်ခဲ့ကြသည်။

ထို့အပြင် စွမ်းအင်ပိုမိုသန့်စင်လာပြီးနောက် ကျင့်ကြံဆင့်များ အလွယ်တကူတိုးမြင့်လာကြပြီး ယခုအချိန်မှာတော့ မူလဧကရာဇ်မှာ နတ်ဘုရားတဝက်သို့ ရောက်ရှိနေပြီး နတ်ဘုရားလမ်းစဥ်ကို ထိတွေ့နေသည့် ကျင့်ကြံသူဆယ်ဂဏန်းနဲ့ ဧကရာဇ်အဆင့်များစွာ ထွက်ပေါ်လာပြီ ဖြစ်သည်။

မူလဧကရာဇ်က တည်ငြိမ်တဲ့အမူရာဖြင့် စကားစသည်။

“ကျုပ်တို့တွေမကြာခင်မှာ ပြင်းထန်တဲ့ လောကနှစ်ခုကြား စစ်ပွဲတခု စတင်ရမယ် ဒါက မူလလောကအတွက် ပိုမိုများပြားတဲ့ အခွင့်လမ်းတွေ အရင်းအမြစ်တွေကို ဆောင်ယူလာနိုင်ပြီးတော့ ကျုပ်တို့နဲ့ အချိန်အတော်ကြာ ရန်သူဖြစ်လာကြတဲ့ အင်မော်တယ်လောကကြီးကို အပြီးတိုင်သိမ်းပိုက်ကြမယ်”

မူလဧကရာဇ်ပုံစံမှာ ယုံကြည်မှုပြင်းထန်နေပြီး မထင်မှတ်ထားသည့် အကူညီက နတ်ဘုရားတဝက်အဆင့်ကို မှင်သက်ဖွယ်ရာ အချိန်တိုအတွင်း ထိတွေ့မိစေခဲ့ခြင်းက သူ့ကိုပို၍ ဂုဏ်မောက်သွားစေသည်။

မူလလောကရှိ ကျင့်ကြံသူများ အမှောင်လောက ကျင့်ကြံသူများကလည်း စိတ်ဓာတ်များ တက်ကြွလာကြသည်။ အမှောင်ထုသားရဲသခင်၏ လှုံ့ဆော်မှုဖြင့် လောကနှစ်ခုပူးပေါင်းကာ အင်မော်တယ်လောကအပေါ် တိုက်ခိုက်ကြမည်ဖြစ်သည်။

“အရှင် ဘယ်အချိန်စမလဲသာ ပြောလိုက်ပါ ကျုပ်တို့ဘက်က အဆင်သင့်ပဲ”

နတ်ဘုရားလမ်းစဥ်ကို ထိတွေ့နေပြီဖြစ်သည့် ကျင့်ကြံသူတဦးက အားတက်သရောဝင်ပြောလာသည်။

ထိုစကားကိုကြားလျင် အခြားသူများကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး မူလက သန့်စင်လာသည့်စွမ်းအင်များဖြင့် အချိန်အနည်းငယ် ငြိမ်သက်သာ ကျင့်ကြံမည်ဟု ဆုံးဖြတ်ထားကြသူများမှာ အမှောင်လောက၏ အကူညီကြောင့် ခွန်အားများအလျင်မြန်တိုးတက်လာသည့် အခါမှာတော့ အင်မော်တယ်လောကကို တိုက်ခိုက်ရန် မစောင့်နိုင်ကြတော့ချေ။

ထိုအချိန် အမှောင်ထုလောကအတွင်းမှာတော့ သားရဲသခင်မှာ ပြင်းထန်တဲ့ဒဏ်ရာကြောင့် တုန်လှုပ်နေပြီး ၎င်းနေထိုင်သည့်လောက၌ မူလကိုယ်အစစ်ကိုပင် ဓားချက်ကြီးက ခုတ်ပိုင်းသွားသည့်နှယ် ခံစားနေရသည်။

ပထမတုန်းက စမ်းသပ်ရန်သာစိတ်ကူးခဲ့သော်လည်း သူအနည်းငယ်စိတ်လွတ်သွားခြင်းက ဒဏ်ရာရသွားစေခဲ့ပြီး လောကနှစ်ခုကိုဝါးမြိုမည့်ကိစ္စအတွက် အခြားအစီစဥ်များ ရေးဆွဲရတော့သည်။ ထိုအစီစဥ်က အင်မော်တယ်လောကကို အလျင်မြန်ဝါးမြိုမည်ဖြစ်ပြီး သူသာ အစစ်မှန်နတ်ဘုရားတစ်ပါးဖြစ်လာပါက ထိုပုဂ္ဂိုလ်ကြီးကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

ထို့ကြောင့် မူလဧကရာဇ်ကို အနည်းငယ်ကူညီပေးခဲ့ပြီး အမှောင်လောက ကျင့်ကြံသူအချို့ မျှဝေကာ လောကနှစ်ခုကြား ရန်တိုက်ပေးပြီး နှစ်ဖက်စလုံးအထိနာချိန်မှာတော့ အလျင်မြန်ဝါးမြိုမည် ဖြစ်သည်။

သူမသိသည်က ဓားဖြူဧကရာဇ်မှာ အင်မော်တယ်လောကဆီ ပြန်ရောက်ပြီးနောက် အကျိတ်အနယ်ကျင့်ကြံနေခဲ့ပြီး သူ့နည်းတူ ကျောက်စိမ်းဧကရီမှာလည်း ခေါက်ဆွဲကြော်ထဲမှ စွမ်းအင်ကိုအပြည့်အဝ ချေဖျက်ပြီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုအခြေနေများက တင်းဟောက်နဲ့လုလင်းယွဲ့တို့ကို နတ်ဘုရားတစ်ဝက်အဆင့် ရောက်ရှိသွားစေပြီး လုလင်းယွဲ့မှာ ပြင်းထန်တဲ့စွမ်းအင်များစွာကို အချိန်ယူချေဖျက်နေရလေသည်။ ကံကောင်းသည်က ထိုစွမ်းအင်များကို သူမရဲ့ရုပ်ခန္ဓာက တောင့်ခံနိုင်နေခြင်း ဖြစ်သည်။

မူလလောက၏ သက်ဝင်လှုပ်ရှားမှုက ထိုလောကအတွင်း တိတ်တဆိတ်ရှိနေပြီး သိသာစွာပင် အင်မော်တယ်လောက၏ သူလျှိူများ မသိခဲ့ကြချေ။ မူလဧကရာဇ်က ထိုအခြေနေများကို တွက်ဆမိခဲ့ပြီး အရေးပါသူများကိုသာ စုစည်းခဲ့သည်။

………………………………………..

All Chapters