← Chapters

တိုက်ပွဲစတင်တော့မည်လား..

Vol. 16 Ch. 159

တိုက်ပွဲစတင်တော့မည်လား..

Vol. 16 Ch. 159

ထျန်းဟွမ်လောကကြီးမှာ ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ သက်ဝင်လှုပ်ရှားနေသည်။

ထာဝရကျေးရွာအတွင်း မင်ယုရှန်းတို့မှာလည်း အလုပ်များနေခဲ့ပြီး ယန်ချန်ပေးအပ်ထားသည့် ထုလုပ်ပြီးကာစ လက်နက်များစွာကို စနစ်တကျ သိမ်းဆည်းနေရသည်။ ထိုလက်နက်များက အနိမ့်ဆုံးပင် စိတ်ဝိဉာဥ်အထွဋ်အထိပ်ဖြစ်ပြီး သူတော်စင်အဆင့်လက်နက်များ ထိုထက်ပိုမြင့်သည့် အင်မော်တယ်အဆင့် လက်နက်များလည်း ပါဝင်သည်။

အဆုံးမှာတော့ ထျန်းဟွမ်လောက၏ ပြောင်းလဲမှုက သူတော်စင်များကို ထိုထက်ပိုမြင့်သည့် အင်မော်တယ်လမ်းစများ ပွင့်သွားစေခဲ့ပြီး မင်ယုရှန်း ရှယီ ရှောင်ချီ အနောက်ပိုင်းသူတော်စင် အရှေ့ပိုင်းသူတော်စင်တို့သာမက အခြားသူတော်စင်များစွာမှာ အင်မော်တယ်လမ်းစဥ်ကို ထိတွေ့လာသည်။

ရံဖန်ရံခါ၌ လုလင်းယွဲ့ရောက်လာတတ်ပြီး သူမက ယန်ချန်နဲ့ အချိန်တချို့ကြာ စကားစမြည်းပြောဆိုသည်။ အကြောင်းရာထဲ၌ ပြိုင်ပွဲကို အားဖြည့်ပေးသည့် ကိစ္စများပါဝင်ပြီး မင်ယုရှန်းနဲ့ အခြားသူတော်စင်များကလည်း ယန်ချန်ရဲ့ အယူအဆများစွာကို နားထောင်ရာမှ အင်မော်တယ်လမ်းစဥ်များကို စတင် ထိတွေ့လာခဲ့ကြသည်။

မင်ယုရှန်းမှာ လေဟာနယ်ပန်းချီကားထဲမှ ပြန်လည် ထွက်လာသည်။ သူမက အင်မော်တယ်လမ်းစဥ်အတွက် အသက်နိယာမကို ပြီးပြည့်စုံရန်ကြိုးစားနေခဲ့ပြီး သူမရဲ့စွမ်းအင်ကြောင့် အနာဂတ်၌ အသက်ဓာတ်ဧကရီဟု ကျော်ကြားလာမည်လား မပြောတတ်ချေ။

လတ်တလောမှာတော့ သူမကလေဟာနယ်သဘောတရားကို တိုက်ခိုက်ရေးကျင့်စဥ်များနဲ့ ဆက်စပ်ထားပြီး မိုင်ပေါင်းထောင်ချီ ခရီးရှည်ကို မျက်စိတမှိတ်အတွင်း သွားရောက်နိုင်နေပြီ ဖြစ်သည်။ လေဟာနယ်အက်ကွဲကြောင်းများ ဖန်တီးခြင်း လေဟာနယ်ကျင့်စဥ်များ ဖန်တီးခြင်းတို့ ပြုလုပ်နိုင်လာပြီး သူမနည်းတူ အခြားသူများက ကိုယ်စီလမ်းစဥ်အသီးသီးအား ထိတွေ့နိုင်ခဲ့ကြသည်။

မင်ယုရှန်းက လေထဲဖြေးညင်းစွာ လျှောက်လှမ်းရင်း ထျန်းဟွမ်လောက၏ အသက်ဓာတ်ကိုစူးစိုက်လေ့လာနေသည်။ အသက်ဓာတ်နိယာမလမ်းစဥ်ဆိုသည်က နတ်ဘုရားများပင် ထိတွေ့ရန်လိုအပ်ပြီး ယုံကြည်မှုစွမ်းအင်မရှိခင် ထိုနိယာမစွမ်းအင်ကို ပိုင်ဆိုင်ထားရန်လိုသည်။ အသက်ဓာတ်နိယာမ အားကောင်းပါက သက်တမ်းမှာလည်း သူ့အလိုလို လိုက်ပါရှည်လျားလာမည်ဖြစ်ကာ လက်ရှိအချိန်မှာတော့ မင်ယုရှန်း၏ သက်တမ်းက အနှစ်တသောင်းကျော်သွားပြီ ဖြစ်သည်။

ထို့ကြောင့် သူမအတွက် အင်မော်တယ်အထက် အဆင့်များကို ထိတွေ့နိုင်ရန် သေချာနေပြီး အင်မော်တယ်လောကဆီ ယန်ချန်နဲ့လိုက်ပါနိုင်ရန် နီးကပ်လာပြီ ဖြစ်သည်။

“လုလင်းယွဲ့. ဟမ့်”

ကျောက်စိမ်းဧကရီမှာ ရုတ်တရက် ပြင်းထန်စွာ နှာချေလိုက်မိသည်။ သူမက ကျောက်စိမ်းဂိုဏ်း၏ အထွဋ်အမြတ်နေရာ၌ ကျင့်ကြံနေခဲ့ပြီး သူမပတ်ပတ်လည်၌ နတ်ဘုရားတစ်ပါး၏ အရှိန်ဝါများ စီးဆင်းနေကာ အခြားသူများတွေ့မြင်ပါက နတ်ဘုရားမတစ်ပါး မြင်ရသည့်နှယ် ခံစားမိကြမည် ဖြစ်သည်။

ကျောက်စိမ်းဧကရီက မူလလောကရှိရာ တချက် ကြည့်လိုက်သည်။ သူမစိတ်ထဲ ယခုကာလ၌ အနည်းငယ်စိတ်ထင့်နေပြီး မကြာမီ ပြင်းထန်တဲ့လှုပ်ရှားမှုကြီးတချို့ ဖြစ်ပေါ်လာနိုင်သည်ဟု ခံစားနေရသည် မဟုတ်လား။

ရုတ်တရက် ထိုနေရာမှ ပျောက်ကွယ်သွားကာ ဓားဖြူဧကရာဇ်ရှိရာ ဓားဖြူဂိုဏ်းဆီ လေဟာနယ်ခုန်ကူး၍ ရောက်ရှိသွားသည်။ သူမက စိတ်မြတ်လက်မြန်ရှိသူဖြစ်ပြီး လတ်တလော အခြေနေများကို စူးစမ်း၍ ထိန်းချုပ်ရန် တင်းဟောက်နဲ့ ဆွေးနွေးရန်ဖြစ်သည်။ ထိုအချိန် ဓားဖြူဧကရာဇ်တင်းဟောက်မှာတော့ ဓားလမ်းစဥ်ကို အဆုံးသတ်နိုင်ပြီဖြစ်ကာ နတ်ဘုရားတဝက်အဆင့်ကို ထိုးဖောက်သွားလေပြီ။

ရုတ်ချည်းပြင်းထန်တဲ့ အရှိန်ဝါတခုက ဓားဖြူဂိုဏ်းအား လွမ်းမိုးသွားပြီး ဂိုဏ်းအတွင်းရှိ အင်မော်တယ်များမှာ ထိတ်လန့်သွားကြသည်။ ထိုအရှိန်ဝါက သတ်ဖြတ်လိုသည့်စိတ်ဆန္ဒမပါသော်လည်း အရှိန်ဝါသီးသန့်ကပင် ဖိအားပေးနိုင်နေပြီး သာမန်အင်မော်တယ်များမှာ မြေပေါ်လဲကျသွားကြသည်။

“ဧကရီ ဘယ်တုန်းကအနိုင်ကျင့်တတ်တဲ့ အကျင့်ရှိသွားတာလဲ”

ပြတ်သားသည့်စကားသံတခု ထွက်ပေါ်လာသည်။ ထိုအသံက ဓားဖြူဂိုဏ်းချုပ်နေထိုင်ရာ ခန်းမဆီမှထွက်ပေါ်လာခြင်းဖြစ်ပြီး အသံလှိုင်းက ကျောက်စိမ်းဧကရီရဲ့ အရှိန်ဝါကို ဖျက်စီးပစ်လိုက်သည်။

“ဟမ့် ရှင်က နတ်ဘုရားတစ်ဝက်အဆင့် ရောက်သွားပြီပဲ”

ထိုစကားကို သူမက အသံတိတ်ပေးပို့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းအတွင်းရှိ အခြားသူများမှာ မကြားနိုင်ချေ။

“အထဲကိုဝင်ခဲ့ပါ”

တင်းဟောက်က သက်တောင့်သက်သာဖြင့် ဖိတ်ခေါ်လိုက်သည်။ ပါရမီအရ သူတိုနှစ်ဦးမှာ ခေတ်ပြိုင်ဖြစ်၍ သူ့အနေဖြင့် နတ်ဘုရားတစ်ဝက် ရောက်ချိန်၌ လုလင်းယွဲ့လည်း နောက်ကျန်နေမည်ဟု မထင်ချေ။

လုလင်းယွဲ့က တည်ငြိမ်စွာပဲ ခန်းမဆောင်ထဲ ဝင်ရောက်သွားပြီး တင်းဟောက်အရှေ့ ထိုင်ခုံတခု၌ ဝင်ထိုင်သည်။ တင်းဟောက်က

“အရေးကြီးကိစ္စရှိလို့လား ဧကရီ”

တင်းဟောက်ရဲ့အမေးကို လုလင်းယွဲ့က တည်ငြိမ်စွာပဲ တုန့်ပြန်သည်။

“ရှိတယ် ကျွန်မဒီရက်ပိုင်းထဲ မူလလောကဘက်က တစုံတရာလှုပ်ရှားလာမယ်လို့ ထင်နေတယ် သတင်းတွေစုံစမ်းတာကကော ဘယ်လိုနေလဲ”

သူမရဲ့အမေးကို တင်းဟောက်က ခေါင်းယမ်းပြသည်။

“မသိဘူး ဒီရက်ပိုင်း ကျုပ်က တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ မိုးမြေဧကရာဇ်တို့နဲ့ မတွေ့ဖြစ်ဘူး သူတို့လည်း တံခါးပိတ်ကျင့်ကြံနေပြီး ခွန်အားလည်း အတော်တိုးတက်လာတယ်လို့ ကြားတယ် ကျုပ်အထင် ဧကရာဇ်အဆင့်ကိုတောင် ကျော်လွန်နေလောက်ပြီ”

“ကောင်းတယ် ဒါကကျွန်မတို့လောကတခုလုံး ဘေးကင်းမယ့်ကိစ္စပဲ မိုးမြေဧကရာဇ်နဲ့ အခြားသူတွေ ကျွန်မတို့အခြေနေကို မသိစေနဲ့ဦး သူတို့ဘာသာဖိအားယူပြီး ကျင့်ကြံပါစေ”

တင်းဟောက်က သူမရဲ့စိတ်ကူးကို နားလည်သည့်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။

“ဒါဆို အခုကျုပ်ဘာကူညီပေးရမလဲ”

ကျောက်စိမ်းဧကရီက မူလလောကရှိရာဘက် အချိန်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေပြီး အတန်ကြာမှ ပြောလာသည်။ သူမလေသံက တင်းမာပြတ်သားနေပြီး တစုံတရာအား ဆုံးဖြတ်ချက်ချထားဟန် တူသည်။

“လောကအပြင်ဘက်ထွက်ပြီး စောင့်ကြည့်နေပေးပါ ကျွန်မဒီရက်ထဲ သခင်လေးဆီ သွားလိုက်ဦးမယ်”

သေချာသည်က ယန်ချန့်ကိုတွေ့ရန်ဆန္ဒရှိနေခြင်းဖြစ်ပြီး အခြားအကူညီယူရန်တော့ မဟုတ်ပေ။ ထိုစကားပြောနေချိန်၌ ကျောက်စိမ်းဧကရီ၏ မျက်လုံးအစုံမှာ ပြုံးရိပ်သန်းနေပြီး သူမပုံစံက ဆယ်ကျော်သက်တဦးနဲ့ပင် တူညီနေသည်။

တင်းဟောက်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းလိုက်သည်။ အင်မော်တယ်များ၌ စိတ်ခံစားမှုများ လုံးဝကင်းလွတ်နေသည်တော့ မဟုတ်။ သို့သော် အလွယ်တကူလည်း ခံစားတတ်ခြင်းမရှိပဲ အင်မော်တယ်များစွာမှာ သာမန်အင်မော်တယ်အဆင့်မှာပင် အင်အားစုများထူထောင်ကြရသည်။ ယခု နှစ်ပေါင်းများစွာ တကိုယ်တည်းနေလာသည့် လုလင်းယွဲ့မှာ ယန်ချန့်အပေါ် ထူးခြားသည့် ခံစားချက်အချို့ ရှိနေဟန်တူသည်။

……………………………………………..

All Chapters