← Chapters

ဘိုးဘေးနတ်ဘုရား

Vol. 16 Ch. 160

ဘိုးဘေးနတ်ဘုရား

Vol. 16 Ch. 160

လုလင်းယွဲ့ကတော့ ဓားဖြူဧကရာဇ်၏ အတွေးများကို မသိချေ။

သူမက ထျန်းဟွမ်လောကပြိုင်ပွဲ၌ ပါဝင်ကူညီရန် စဥ်းစားထားပြီး လက်ရှိ၌ ဓားဖြူဧကရာဇ်မှာ နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ထားပြီဖြစ်၍ တဖက်မှတိုက်ခိုက်မှု စတင်လာပါက ထိန်းချုပ်နိုင်လိမ့်မည်ဟု သူမယုံကြည်သည်။

အနည်းဆုံးတော့ အင်မော်တယ်လောကမှ ဧကရာဇ်များ နတ်ဘုရားတဝက်အဆင့်ကို အကုန်လုံးရောက်ရှိသွားပါမှ လောကနှစ်ခုကြား စစ်ပွဲကြီးပြန်လာစတင်မည်ဟု သူမတွေးထားသည်။ မည်သို့ပင်ဆိုစေကာမူ ယန်ချန်ရဲ့လုပ်ရပ်က မူလလောကအတွက်လည်း အကျိူးရှိစေခဲ့ပြီး လောကနှစ်ခုရဲ့ ခွန်အားများ အချိန်တိုအတွင်း တိုးမြင့်လာမည်မှာ မေးခွန်းထုတ်စရာပင် မလိုချေ။

စဥ်းစားရမည်က မူလဧကရာဇ်အနေဖြင့် နတ်ဘုရားတဝက်အဆင့် ရောက်ရှိခြင်းရှိမရှိ သာဖြစ်သည်။ ထိုအချက်က လောကနှစ်ခုကြား တိုက်ပွဲကို အပြင်းထန်ဆုံး အခြေနေထိ ဆွဲခေါ်သွားနိုင်မည်ဖြစ်ပြီး နှစ်ဖက်စလုံး အထိနာမည်မှာ သေချာသည်။

ထျန်းဟွမ်လောကပြိုင်ပွဲက ရက်သတ္တပတ်သာ လိုအပ်တော့သည်။ ယခုအချိန်မှာတော့ ထာဝရကျေးရွာအတွင်းသာမက ကျင်းစီရင်စု ကျင်းတိုင်းပြည်မြို့တော်များတွင်ပါ ကျင့်ကြံသူများ သေမျိုးများ ဥဒဟိုသွားလာနေကြပြီး မင်ယုရှန်း ကျင်းလုံတို့ တာဝန်ယူထားသည့် ပြိုင်ပွဲစင်မြင့်ကလည်း လက်စသပ်ပြီးလေပြီ။

ယန်ချန်က ပြိုင်ပွဲစင်မြင့်ကိုကြည့်ရင်း တိတ်တဆိတ် ကျေနပ်နေသည်။ စင်မြင့်များမှာ ခေတ်မီဒီီဇိုင်းများဖြင့် ပုံဖော်ထားပြီး အစီရင်အရဖြစ်စေ ဆောက်လုပ်ရေးနည်းပညာအရဖြစ်စေ ကျင့်ကြံရေးလောက၌ ထိပ်တန်းအဆင့်ဟု သက်မှတ်နိုင်သည်။

မင်ယုရှန်း ရှုယင်တို့က ယန်ချန့်ဘေး၌ တိတ်ဆိတ်စွာထိုင်နေပြီး စုလဲ့ဦးဆောင်သည့် တေးသံသာဂိုဏ်းမှ သူများကတော့ ပြိုင်ပွဲစာရင်းသွင်းခြင်းနဲ့ နေရာချခြင်းများကို ဦးဆောင်ကာ လုပ်ဆောင်နေသည်။

ကျင်းလုံနဲ့ မင်ဝမ်တို့မှာ အခြားထိပ်သီးများနဲ့အတူ ထျန်းဟွမ်လောကတခုလုံး နေရာအနှံ့ စစ်ဆေးနေပြီး လုလင်းယွဲ့စကားကြောင့် လောကများကြား စစ်ပွဲများရှိလာနိုင်သည်ကို စိုးရိမ်နေကြသည်။

ယခုမှထျန်းဟွမ်လောကကြီးမှာ တိုးတက်ကာစဖြစ်ပြီး နီးကပ်နေသည့် အင်မော်တယ်လောကကြောင့် သူတော်စင်အဆင့်မှ အင်မော်တယ်တစ်ပါးဖြစ်လာရန်မှာ လွယ်ကူနေလေပြီ။

မင်ယုရှန်း ကျင်းလုံ ရှယီ ရှောင်ချီနဲ့ အခြားသူအချို့တို့မှာ အင်မော်တယ်လမ်းစဥ်ကို ထိတွေ့နေကြပြီး ၎င်းတို့ကို အင်မော်တယ်များဟုပင် သက်မှတ်နိုင်နေပြီ ဖြစ်သည်။

မင်ယုရှန်းက ယန်ချန့်အတွက် လက်ဖက်ရည်တခွက် ကမ်းပေးရင်း စကားစသည်။

“ပြိုင်ပွဲက ကျင့်ကြံရေးလောက သက်တမ်းတလျှောက် အကြီးကျယ်ဆုံးဖြစ်မှာ သေချာတယ်”

ထိုစကားကို ကျင့်ကြံသူမဟုတ်သော်လည်း အတော်များများ နားလည်နေသည့် ရှုယင်က ခေါင်းညိတ်ကာ ထောက်ခံသည်။ သူမကလည်း ကျင်းတိုင်းပြည်၏ အခြေနေကို သိနေခဲ့ပြီး မကြာမီထင်ရှားသည့် ပြိုင်ပွဲကြီးတစ်ခုကို ယန်ချန်နဲ့အတူ ကြည့်ခွင့်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေမိသည်။

ယန်ချန်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ကျေနပ်စွာပြုံးနေသည်။ နေ့ရက်များက ရိုးရှင်းစွာကုန်ဆုံးနေခဲ့ပြီး ယခုအခါမှာတော့ အင်မော်တယ်များပင် သူနဲ့ရင်းနီးနေပြီဖြစ်ကာ ယန်ချန်အတွက် အန္တရာယ်ကင်းသည့် သေမျိုးဘဝတခု ရနေပြီဟုပင် သက်မှတ်နိုင်သည်။

လီဖူယွဲ့ ချူလင်းယုတို့က ပြိုင်ပွဲဝင်မည့် သူများအား စနစ်တကျ ရွေးချယ်နေသည်။ တေးသံသာဂိုဏ်းမှ ပါရမီရှင်များစွာရှိပြီး ထိုအထဲ၌ ကျန်းရင်ရင်ကတော့ ပါဝင်မည်မဟုတ်ချေ။

သို့သော် ကုလင် ကျစ်ယွဲ့နဲ့အခြားလူငယ်များမှာ မဟာယာနအဆင့် ရောက်ရှိသွားပြီးနောက် ပါဝင်ရန် စိတ်အားတက်ကြွနေကြသည်။ အခြားအင်အားစုများမှ ပါရမီရှင်များကလည်း နောက်ကောက်ကျမနေချေ။ ပန်းကိုးပွင့်ဂိုဏ်းဖြစ်စေ မဟူရာဂိုဏ်းဖြစ်စေ သူတော်စင်နတ်မြတ်ဂိုဏ်းဖြစ်စေ ရှောင် နဲရှ မိသားစုဖြစ်စေ အကုန်လုံးက မဟာယာနအဆင့် လူငယ်ပါရမီရှင်များစွာ ပိုင်ဆိုင်ထားကာ အခြားမိသားစုကြီးများကလည်း ထို့အတူပင်။

ထို့ကြောင့် ယခုပြိုင်ပွဲက ထျန်းဟွမ်လောကရွှေခေတ်၌ ပထမဆုံးပြိုင်ပွဲဖြစ်ပြီး ယန်ချန်ရဲ့ဆုလာဒ်များက အကုန်လုံးကိုအပြည့်အဝ ဆွဲဆောင်နိုင်လေသည်။

ထိပ်ဆုံးသုံးယောက်မှာ ယန်ချန်ရဲ့လက်ရာအကောင်းဆုံး လက်နက်သုံးခုကို ရမည်ဖြစ်ပြီး ထာဝရကျေးရွာ၌ ခြံဝန်းတခုစီလည်း ရရှိမည်ဖြစ်သည်။ ထိုနောက်အဆင့်များကိုတော့ သူတော်စင်လက်နက်များဟု မင်ယုရှန်းတို့ သက်မှတ်ထားသည့် ဒုတိယတန်းစား လက်နက်များ ရရှိမည်ဖြစ်ကာ ထိုသူများကလည်း ခြံဝန်းတခုစီ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ယန်ချန်ရဲ့ လက်များက လေထဲ လှပစွာလှုပ်ရှားရင်း အစီရင်တစ်ခုကို ဖြေးညှင်းစွာ ရေးဆွဲနေသည်။ ထိုအစီရင်က စနစ်ရဲ့သင်ကြားပေးမှုထဲ ထိပ်တန်းအဆင့် အစီရင်ကြီးဖြစ်ကာ ပုံရိပ်ယောင်အစီရင်တစ်ခုဖြစ်သည်။

မင်ယုရှန်း ရှုယင်တို့က ယန်ချန်ရဲ့လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေကြသည်။ လှုပ်ရှားမှုများမှာ လှပသေသပ်လွန်းပြီး အပြစ်ပြောစရာပင် မရှိချေ။

“ဒါက ဘာအတွက်အစီရင်လဲ သခင်လေး”

မင်ယုရှန်းရဲ့ သိလိုစိတ်က ထိန်းချုပ်၍မရနိုင်တော့။ ချက်ချင်းပဲ ထုတ်မေးလာသည်။ ယန်ချန်က ပြုံး၍ တုန့်ပြန်သည်။

“ဒါက မြင်ကွင်းအားလုံးကို တပြိုင်နက်ပြသပေးနိုင်တဲ့ ပုံရိပ်ယောင်အစီရင်လေ ပြီးခဲ့တဲ့ရက်အနည်းငယ်ထဲက လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပြီး နေရာချထားပြီးပြီ အခုက အစီရင်ရေးဆွဲနေရုံပဲ အစွမ်းကိုတော့ ပြိုင်ပွဲစရင် ယုရှန်းသိရမှာပါ”

ယန်ချန်က လျှိူ့ဝှက်သည့်အမူရာဖြင့် အကြောင်းစုံ ထုတ်မပြော။ မင်ယုရှန်း ရှုယင်တို့သာမက အခြားသူများလည်း ပြိုင်ပွဲစတင်ချိန်၌ အစီရင်ရဲ့အစွမ်းကို မျက်ဝါးထင်ထင် တွေ့မြင်ရမည်ဖြစ်သည်။

ထိုအချိန် စကြာဝဋာ၏ အနက်ရှိုင်းဆုံးတနေရာမှာတော့ မိုင်ပေါင်းသန်းချီ ရှည်လျားသည့် သွေးမြစ်ကြီးတစ်စင်း စီးဆင်းနေသည်။ ထိုသွေးမြစ်ကြီးက အစမဲ့ အဆုံးမဲ့ စီးဆင်းနေခြင်းဖြစ်ပြီး ကျယ်ဝန်းမှုက မျက်စီတဆုံးဖြစ်သည်။

ထိုမျှကြီးမားသည့် သွေးမြစ်ကြီးက စတင် လှုပ်ခါလာပြီး အစပိုင်းဖြေးလေးစွာ လှုပ်ခါသော်လည်း တခဏအကြာ၌ မြစ်ထဲမှ လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်အထိ လှုပ်ယမ်းလာကာ ကျယ်လောင်တဲ့မြည်သံကြီး တစ်ခုက စကြာဝဋာအနှံ့ ပြန့်နှံ့သွားတော့သည်။

“ဂါး……………………”

သွေးမြစ်ကြီး လှုပ်ခါခြင်း…။ စကြာဝဋာတခုလုံး စတင်အသက်ဝင်လာကာ လောကအများပြား ဂြိုလ်ကမ္ဘာအများပြားက ထိုကျယ်လောင်တဲ့အသံကြောင့် ကျေမွ ပျက်စီးသွားပြီး သွေးမြစ်ပတ်ပတ်လည်နဲ့ အပိုင်းအစများစွာ ဖြစ်ပေါ်သွားတော့သည်။

“ဘိုးဘေးနတ်ဘုရား နိုးထလာတာလား”

လောကတခုမှ နတ်ဘုရားတစ်ပါးမှ ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်နေသည်။ သူ့ရဲ့အကြည့်များက သွေးမြစ်ကြီးရှိရာကို ကြည့်နေခဲ့ပြီး နတ်ဘုရားများကို ကြောက်လန့်စေသည့် ဘိုးဘေးနတ်ဘုရားတစ်ပါး နိုးထလာခြင်းက မည်သို့အပြောင်းအလဲများကို သယ်ဆောင်လာမည်နည်း။

………………………………………………

All Chapters