← Chapters

ပန်းချီကားထဲက ဓားသမား

Vol. 16 Ch. 152

ပန်းချီကားထဲက ဓားသမား

Vol. 16 Ch. 152

နတ်ဆိုးကိုယ်ပွားကြီးက ကျောက်စိမ်းဧကရီတို့ စောင့်ကြည့်နေသည်ကို သတိမပြုမိချေ။

သူ့စိတ်အာရုံမှာ ထူးခြားပြီးဆန်းကျယ်နေတဲ့ ကျေးရွာပေါ်တွင်သာရှိနေပြီး သူ့စွမ်းအင်ရဲ့ သုံးပုံတပုံထိ သုံးထားသော်လည်း ကျေးရွာ၏ ကောင်းကင်ထက် အကာကွယ်များက တုတ်တုတ်မျှ မလှုပ်ချေ။

ရွှေရောင်စွမ်းအင်များက သွေးနီရောင်စွမ်းအင်များကို ခုခံလျက်ရှိနေပြီး ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုက မှင်သက်စရာကောင်းစွာပင် ပြင်းထန်တဲ့သက်ရောက်မှုကို မဖြစ်ပေါ်စေခဲ့။

အကြောင်းမှာ နတ်ဘုရားတဝက်ကို ခြေချထားပြီးဖြစ်၍ သဘောတရာများ လမ်းစဥ်များကို ကိုင်တွယ်နိုင်ပြီဖြစ်ကာ စွမ်းအင်များကိုလည်း ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်နေခြင်းကြောင့် ဖြစ်သည်။

မင်ယုရှန်းက အကာကွယ်စည်းထဲမှနေ၍ ပုံရိပ်ကြီးကို စူးစိုက်ကြည့်နေခဲ့ပြီး တဖက်ပုံရိပ်က အရှိန်ဝါကိုလွှင့်ထုတ်ကာ ထာဝရကျေးရွာအပေါ် စမ်းသပ်နေသည်ကို သူမသတိပြုမိသည်။ ထို့အတွက် အခြားသူများကို အလျင်စလို မလှုပ်ရှားရန် တိတ်တဆိတ်မှာကြားထားပြီး သူမယုံကြည်မှုအရ ထာဝရကျေးရွာအတွင်း သူမတို့မည်သည့် အန္တရာယ်တခုတလေကိုပင် မကြုံနိုင်ဟု တွက်ဆထားသည်။

နတ်ဆိုးပုံရိပ်ကြီးက မျက်မှောင်ကြုတ်နေသည်။ သူ့စွမ်းအင်ကို နောက်ထပ်တဖန် တိုးမြင့်ရန်ဆုံးဖြတ်လိုက်ပြီး လောကနှစ်ခုကို ဆွဲငင်ခဲ့သည့် ပုဂ္ဂိုလ်ရဲ့ အစွမ်းကို လက်တည့်စမ်းရန် ဆုံးဖြတ်လိုက်သည်။

“ဟမ့် အကာကွယ်သေးသေးလေးက ငါ့ကိုတားဆီးနိုင်မှာတဲ့လား”

ကောင်းကင်တခုလုံး ကျယ်လောင်တဲ့ မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး မူလက ထာဝရကျေးရွာ၏ ကောင်းကင်ထက်ကိုသာ အုံ့မိုးထားသည့် ပုံရိပ်ကြီးမှာ ထျန်းဟွမ်လောကတခုလုံး လက်ဖဝါးထည့်၍ ချေမွတော့မည်ဟန် ဖြစ်သွားသည်။

ပိုပြီးကြီးမားလာသည့် ပုံရိပ်ဆီမှ ဖိအားကိုတော့ မင်ယုရှန်းတို့စတင်ခံစားလာရပြီး ကျောက်စိမ်းဧကရီတို့မှာလည်း ယခုချိန်ထိ တစုံတရာ လှုပ်ရှားမှု မပြုသေးသည့် ပုဂ္ဂိုလ်ကို နားမလည်နိုင်ဖြစ်နေကြသည်။

မင်ယုရှန်းမှာ တောင့်ခံနိုင်သေးသော်လည်း အခြားသူများကတော့ ဖိအားနဲ့အနီးဆုံး၌ ရှိနေခြင်းက ပြင်းထန်တဲ့သက်ရောက်မှုကို ဖြစ်စေပြီး ကျင်းလုံ ရှယီ ရှောင်ချီ မင်ဝမ် ကျန်းဝမ်လီ တို့သာမက အခြားထိပ်သီးများမှာ တုန်ယင်သွားကြပြီး လေထဲဆက်လက်ရပ်တည်ရန်ပင် မဟန်နိုင်တော့ချေ။

“ဟား…ဟား..မင်းတို့ရဲ့ ပုဂ္ဂိုလ်ထူးကြီးက အခုထိ ထွက်မလာသေးဘူးလား”

နတ်ဆိုးပုံရိပ်ကြီးက ယန်ချန့်ကိုလှောင်ပြောင်နေသည်အား မကျေမနပ်အမူရာဖြင့် တုန့်ပြန်ကြည့်မိကြသော်လည်း မင်ယုရှန်းသာမက အခြားသူများ တတ်နိုင်သည့်အရာမှာ လေထဲမှ ရုတ်ပျက်ဆင်းပျက် ပြုတ်ကျမသွားစေရန် သာဖြစ်သည်။

“ထွက်မလာရဲဘူးလား ဒါဆို ငါဝင်ခဲ့မယ်”

ပုံရိပ်ကြီးမှာ စိတ်မရှည်တော့။ သူ့ဖိအားကို အစွမ်းကုန်တောင့်ခံနေသည့် သေမျိုးများမှာ တကိုယ်လုံးစတင်အက်ကွဲနေကြပြီး သွေးများက မိုးရွာသည့်နှယ် ကောင်းကင်ထက်မှ စီးကျနေသည်။ သူတို့ကြောင့်သာ ထာဝရကျေးရွာအတွင်းရှိ ရှုယင်တို့ကဲ့သို့ သေမျိုးများနဲ့ အဆင့်နိမ့်ကျင့်ကြံသူများ ခံသာနေခြင်းဖြစ်သည်။ မင်ယုရှန်းတို့သာ ထိုသို့တောင့်မခံထားပါက အရင်ဆုံးသေဆုံးရသူမှာ ရှုယင်ဖြစ်လောက်သည်။

“အခုထိ ဘာမှမလှုပ်ရှားသေးဘူး ဧကရီ ကျုပ်တို့ကူမှရမယ်”

ဓားဖြူဧကရာဇ်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုလိုက်ပြီး တိုက်ပွဲဝင်ရန်ပြင်လိုက်စဥ် ခြံဝန်းတခုထဲမှာ ပုံရိပ်တခု ကောင်းကင်ထက်သို့ ဖြေးညင်းစွာ လမ်းလျှောက်လျက် တက်လာသည်ကို တွေ့လိုက်ရသည်။

ပုံရိပ်မှာ ယန်ချန်ရဲ့ပုံစံတူဖြစ်ပြီး ဓားရှည်တချောင်းကို သက်တောင့်သက်သာဟန်ဖြင့် ဆွဲကိုင်ထားကာ ဘယ်ဘက်လက်က နေက်ကျောဘက်ကို ပစ်ထားပြီး အကြည့်များက စူးရှနေသည်။ ထိုအကြည့်ထဲ၌ အရာအားလုံးကို ဖြတ်တောက်နိုင်သည့် ဓားလမ်းစဥ်များ ပါဝင်ပြီး ထိုအမျိုးသားက မင်ယုရှန်းတို့လူစု ရှိရာနေရာဆီရောက်သွားချိန်မှာတော့ မူလ လွှမ်းခြုံထားတဲ့ ဖိအားများက ရေငွေ့များ လွင့်စင်ပျောက်ကွယ်သွားလို ကင်းစင်သွားသည်။

နတ်ဆိုးပုံရိပ်က ထိုပုံရိပ်ရဲ့အကြည့်နဲ့ ဖျတ်ခနဲ ဆုံမိချိန် အကြည့်စူးစူးများထဲမှ အရာအားလုံးကို ပိုင်းဖြတ်လိုသည့် စိတ်ဆန္ဒကြောင့် ထူးခြားပြီးလေးနက်တဲ့ အန္တရာယ်ခံစားမှုကို ခံစားလာရသည်။

“မင်း.. မင်းဘယ်သူလဲ မင်းက ဒီလောကရဲ့ ထူးခြားပုဂ္ဂိုလ်လား”

နတ်ဆိုးကအနည်းငယ် ထိတ်လန့်သွားမှုကို တည်ငြိမ်အောင်ထိန်းထားရင်း လေသံမာမာဖြင့် မေးလိုက်သည်။ အမျိုးသားဓားသမားပုံရိပ်က တုန့်ပြန်မှု မပြုပေ။

ပတ်ဝန်းကျင်တခုလုံးကို မျက်လုံးထောင့်မှ တချက်အကဲခတ်လိုက်ပြီး မလှမ်းမကမ်းရှိ ကျောက်စိမ်းဧကရီနဲ့ ဓားဖြူဧကရာဇ်တို့ဆီ ရောက်ချိန်မှာတော့ အနည်းငယ်ရပ်တန့်သွားသည်။ ပြီးနောက် မည်သို့မှ မထူးခြားဟန်ဖြင့် နတ်ဆိုးပုံရိပ်ကြီးအား စိုက်ကြည့်ကာ တိုးညင်းတဲ့စကားသံတခု တုန့်ပြန့်လိုက်သည်။

“မင်း… သေလို့ရပြီ”

…………………………………………….

All Chapters