← Chapters

သူတို့တွေက ကျင့်ကြံသူတွေပဲလား

Vol. 16 Ch. 155

သူတို့တွေက ကျင့်ကြံသူတွေပဲလား

Vol. 16 Ch. 155

ယန်ချန် တရေးနိုးလာချိန်မှာတော့ ညနေစောင်းပင် ရောက်လုနေလေပြီ။

အိပ်ရာထက်မှာပဲ အနည်းငယ်အပျင်းဆန့်ပြီးနောက် ညစာအတွက် အခန်းအပြင်ဘက် ထွက်လာချိန်၌ ဧည့်ခန်းထဲ မင်ယုရှန်း ကျင်းလုံ မင်ဝမ်တို့လူစုအပြင် သူတခါမှမမြင်ဖူးသည့် အမျိုးသားနဲ့အမျိုးသမီး နှစ်ဦးတို့ကို တွေ့လိုက်ရသည်။

အကုန်လုံးက နံရံ၌ ချိတ်ဆွဲထားသည့် သူလတ်တလောအဆုံးသတ်ထားတဲ့ ပန်းချီကားအပေါ် အာရုံရောက်နေကြပြီး အကုန်လုံး၏အကြည့်များ၌ အံ့သြမှင်သက်မှု တုန်လှုပ်မှုတို့ကိုမြင်ချိန်၌ ယန်ချန်တယောက် စိတ်ကျေနပ်သွားသည်။

ထိုအရာက စနစ်ရဲ့သင်ကြားပေးမှုဖြစ်ပြီး ပန်းချီပညာ၌ နတ်ဘုရားအဆင့်ဟု အကဲဖြတ်ခံခဲ့ရခြင်းက အလကားမဟုတ်ပေ။ ယန်ချန်က ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကိုအနည်းငယ် မောက်ထားလိုက်ပြီး ကိုယ်ဟန်ကို ပြုပြင်ကာ ယခုမှအခန်းထဲက ထွက်လာသည့်ဟန်ဖြင့် စကားစလိုက်သည်။

အကုန်လုံးရဲ့အကြည့်မှာ သူ့ဆီရောက်ရှိလာပြီး လှပသည့် အမျိုးသမီးကျင့်ကြံသူကလည်း သူ့ကိုစူးစိုက်ကြည့်လာသည်။ ထို့အပြင် အမျိုးသားကျင့်ကြံသူဟု ယူဆရသူကလည်း အလွန်မင်းလေးစားသည့် အကြည့်ဖြင့် ကြည့်လာသည့်အခါမှာတော့ အနည်းငယ်စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

သို့သော်ထိုခံစားချက်က တခဏပင်။ မကြာခင်မှာပဲ ထိုသူများက မိမိပန်းချီကားပေါ် လေးစား၍ဖြစ်မည်ဟု ဆုံးဖြတ်ကာ တည်ငြိမ်စွာပဲ စားပွဲဝိုင်း၌ ဝင်ထိုင်သည်။

“ဧည့်သည့်အသစ်တွေ ပါလာတာပဲ သက်တောင့်သက်သာ နေကြပါ”

ယန်ချန်က အနည်းငယ်ပြုံး၍ လေထုကိုပေါ့ပါးစေသည်။ ယန်ချန့်စကားကြားချိန်မှာတော့ အမျိုးသမီးက ဦးစွာမိတ်ဆက်လာသည်။ သူမက နောက်ကြောင်းကို ဖုံးကွယ်ထားခြင်းမရှိပဲ အမှန်တိုင်းပြောမည်ဟု မူလက တွေးထားခဲ့သေးသည်။ သို့သော်လည်း ယန်ချန်၏ သေမျိုးတယောက်ကဲ့သို့ ပုံစံအားမြင်တွေ့ပြီးနောက် အနှီပုဂ္ဂိုလ်မှာ ထူးခြားတဲ့ စိတ်ဖြစ်စဥ်တခုအတွင်း ရှိနေခြင်းဟု ယူဆလိုက်သည်။

“ကျွန်မက အင်မော်တယ်ဧကရီ လုလင်းယွဲ့ပါ ဒီဘက်ကတော့ ကျွန်မရဲ့မိတ်ဆွေ တင်းဟောက်ပါ”

လုလင်းယွဲ့ဟုခေါ်သည့် အမျိုးသမီးက ပေါ့ပါးစွာပဲ မိတ်ဆက်လာသည်။ သို့သော် အင်မော်တယ်ဧကရီဟူသည့် စကားက မင်ယုရှန်းအပါဝင် အခြားသူများကို တုန်ယင်သွားစေပြီး ယန်ချန်ကတော့ အင်မော်တယ်ဖြစ်စေ သေမျိုးကျင့်ကြံသူဖြစ်စေ ထူးခြားမှုမရှိဟု မှတ်ယူကာ တည်ငြိမ်နေသည်။

အမှန်တကယ်၌ သူ့စိတ်ထဲမှာတော့ ပထမဆုံး မသေမျိုးကျင့်ကြံသူကို မြင်တွေ့ရခြင်းအတွက် စိတ်လှုပ်ရှားနေပြီး သူသိနားလည်ထားသည့် စနစ်ရဲ့သင်ကြားမှုထဲ အင်မော်တယ်များ ရှိနေသည်ဆိုတဲ့အချက်အား တိတ်တဆိဆ် လက်ခံ အတည်ပြုလိုက်မိသည်။

မင်ယုရှန်းက မှင်သက်မှုကို ထိန်းချုပ်လိုက်ပြီး မသိမသာမျက်နှာလွှဲသွားသည်။ ထိုအင်မော်တယ် ဧကရီဆိုသူက သခင်လေးယန်ကို စိတ်ဝင်စားနေပုံရပြီး အမျိုးသားဓားကျင့်ကြံသူ တင်းဟောက်ကလည်း အလွန်အမင်းလေးစားနေပုံရသည်။

ယန်ချန်က တည်ငြိမ်တဲ့အမူရာကို ဆက်လက်ထိန်းထားပြီး ပြန်လည်နှုတ်ဆက်ကာ ဧည့်သည်များ ညစာအတူစားရန် ဖိတ်ခေါ်လိုက်သည်။ ဟုတ်ပေသည် အဓိကရည်ရွယ်ချက်မှာ သူ့ခြံဝန်းမှ သီးနှံများ၏ အရည်သွေးကိုကြွားဝါလိုခြင်းဖြစ်ပြီး အင်မော်တယ်များနဲ့ ဆက်ဆံရေးတစ်ခုကို အစားသောက်ဖြင့် စတင်ရန် စိတ်ကူးထားသည်။

လုလင်းယွဲ့နဲ့တင်းဟောက်က တည်ငြိမ်ပြီး မထူးခြားဟန်ဖြင့် မိမိတို့ကိုတုန့်ပြန်လာသည့် ယန်ချန့်ကို ယခင်ကထက်ပိုလေးစားသွားသည်။ ထိုပုဂ္ဂိုလ်မှာ မိမိတို့ထင်ထားသလိုပင် အစွမ်းထက် နတ်ဘုရားတစ်ပါးဖြစ်နေပြီး အခြားသေမျိုးမှာ တုန်လှုပ်နေစဥ် သူ့အတွက်ကတော့ ပမွှားလေးများကို တွေ့လိုက်ရသလို ခံစားနေရသည်မှာ မဆန်းချေ။

“ရုတ်တရက်ကြီး ရောက်လာရတော့ ဘာလက်ဆောင်မှ မယူလာမိဘူး သခင်လေး စိတ်အနှောင့်ယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်”

ယန်ချန်က လက်ကာပြပြီး အလေးနက်မထားဟန်ဖြင့် တုန့်ပြန်လိုက်သည်။ သူ့အတွက် လက်ဆောင်မလိုအပ်ချေ။

“ရပါတယ် လက်ဆောင်မပါလည်း လာလို့ရပါတယ် ပြဿနာမရှိပါဘူး”

ယန်ချန့်အကြည့်က တင်းဟောက်ထံရောက်သွားကာ ဆက်ပြောသည်။ ဧည့်ခန်းအတွင်း ကျင့်ကြံသူတွေထဲ ဓားသမားစစ်စစ်မှာ ထိုလူတဦးတည်းသာရှိပြီး ထိုသူကလည်း မိမိရဲ့ပန်းချီကားကို အလွန်နှစ်သက်နေပုံရသည့်အတွက် စကားစရန် တွေးကာ ဆက်ပြောလိုက်သည်။

“ဒါနဲ့ မိတ်ဆွေက ကျုပ်ရဲ့ပန်းချီကားကို ဘယ်လိုမြင်လဲဗျ ပြည့်စုံမှုရှိရဲ့လား”

တင်းဟောက်မှာ စကားဝိုင်းကိုတိတ်တဆိတ် နားထောင်နေစဥ် ယန်ချန်ရဲ့မေးခွန်းကိုကြားသည့် အခါမှာတော့ ထိတ်လန့်သွားသည်။ သူ့စိတ်ထဲ ထိုပုဂ္ဂိုလ်က တိုက်ပွဲ၌ ပန်းချီကားထဲမှ ဓားသမားကိုအသုံးပြုကာ မိမိကိုသင်ကြားပေးခဲ့ပြီး ယခုပြန်လည် စစ်ဆေးနေသည်ဟု ခံစားမိသွားသည်။

“သခင်လေးရဲ့ ပန်းချီကားကို အကဲဖြတ်ဖို့ ကျုပ်ရဲ့ပန်းချီပညာက နိမ့်ပါးလွန်းပါတယ် ဒါကြောင့် အကဲဖြတ်တယ်မဟုတ်ပဲ စိတ်ထဲရှိတာပြောရရင် တကယ်ကိုပြီးပြည့်စုံတဲ့ ပန်းချီကားပါ အထူးသဖြင့် ကျုပ်တွေ့ဖူးသမျှ ဓားသမားပန်းချီကားတွေထဲ အပြည့်စုံဆုံးဆိုတာ သေချာတယ်”

တင်းဟောက်က တည်ငြိမ်အောင်ထိန်းရင်း ယန်ချန်ရဲ့ သေမျိုးအငွေ့သက်ကို မထိခိုက်စေရန် ကြိုးစား၍ တုန့်ပြန်လိုက်သည်။ ကျောက်စိမ်းဧကရီနဲ့သူတို့၏ မူလရည်ရွယ်ချက်မှာ မူလလောကနဲ့ အင်မော်တယ်လောကနှစ်ခုကြား စစ်ပွဲကို ထိန်းသိမ်းပေးရန် တောင်းဆိုလိုခြင်းဖြစ်ပြီး တဖက်သူကိုမြင်ချိန်မှာတော့ ကျင့်ကြံရေးလမ်းစဥ်နဲ့ ဝေးကွာနေပြီး တိမ်မြုပ်နေထိုင်တဲ့ ဆရာကြီးတပါးနှယ် အလိုလိုခံစားမိကာ လာရင်းအကြောင်းကို ထုတ်မပြောတော့ပဲ အလိုက်ထိုက် ဆက်ဆံရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ယန်ချန်က ကျေနပ်စွာဖြင့် ပြုံးသည်။ ပြီးနောက်..

“မိတ်ဆွေရဲ့ချီးကျူးမှုအတွက် ဝမ်းသာမိပါတယ် ဒီပန်းချီကားကို အစောပိုင်းကပဲ ကျုပ်လက်စသပ်ခဲ့တာ ရက်နည်းနည်းကြာအောင် အချိန်ပေးခဲ့ရတယ်လေ ဒါနဲ့စကားမစပ်”

ထိုသို့ပြောရင်း ယန်ချန်က ပန်းချီကားကို ဖြုတ်ယူကာ တင်းဟောက်ထံကမ်းပေးရင်း ဆက်ပြောလိုက်သည်။

“ဓားသမားပန်းချီကားကို ဓားသမားကပဲ ခံစားနိုင်မယ်လို့ ကျုပ်ထင်မိတယ် ဒါကြောင့် ခင်ဗျားကို ဒီပန်းချီကားတချပ် တွေ့ဆုံမှုလက်ဆောင်အနေနဲ့ ပေးလိုက်မယ်”

ယန်ချန့်စကားက တင်းဟောက်ကို တုန်ယင်သွားစေပြီး အခြားသူများမှာတော့ မနာလိုသည့်အကြည့်များဖြင့် ကြည့်လာကြသည်။ မင်ယုရှန်းတို့မှာ ယန်ချန်၏အကျင့်ကိုသိထားသူများဖြစ်ပြီး ယန်ချန်စိတ်မထင်လျင် မထင်သလိုဤသို့ပေးတတ်သည်ကို သိထားကြသည်။

ကျောက်စိမ်းဧကရီမှာတော့ ဆွံ့အမှုကို မထိန်းချုပ်နိုင်ပဲ ယန်ချန်ကိုငေးကြည့်နေပြီး သူမဘေးဘက်မှ မင်ယုရှန်း၏ နှာခေါင်းရှုံ့သံကိုကြားတော့ သတိပြန်ဝင်လာသည်။ သိသာစွာပင် ထိုဧကရီနှစ်ပါးက အကြောင်းမဲ့ တိုက်ခိုက်နေကြသည် မဟုတ်လား။

တင်းဟောက်က ပန်းချီကားကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ယန်ချန်ကိုအထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုနေမိသည်။ ဒီပန်းချီကားက အစောပိုင်းအချိန် သူထိတွေ့ရန်လိုအပ်နေသည့် ဓားလမ်းစဥ်ကို ပြီးပြည့်စုံနိုင်ပြီး နတ်ဘုရားတဝက်အဆင့်ကို ရောက်ရှိရန်အတွက် အချိန်သာလိုပေတော့မည်။

………………………………………………

All Chapters