← Chapters

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း (၄၉၆) - ဂိုဏ်းပေါင်း (၁၂) ဂိုဏ်း အစစ်အမှန်သိုင်း ကမ္ဘာ ကို တိုက်ခိုက်ခြင်း

~မျက်လုံးအားလုံးသည် ကောင်းကင် တာရာ ဂိုဏ်း ပေါ်သို့ စုပြုံ ကျရောက်နေကြပြီး၊ 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' နှင့် အခြားသူများပင်လျှင် ရင်ထဲတွင် လေးလံနေမိကြ၏။ အကန့်အသတ်မဲ့ ဓားဂိုဏ်း မှ တပည့်များ ကောင်းကင် တာရာ ဂိုဏ်း တွင် သေဆုံးခဲ့သည့် ကိစ္စကို သူတို့ မသိကြပေ။ ဤ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန် အမွေခံ နင်ချီ သည် ကမ္ဘာငယ် နယ်နိမိတ်မှတ်များအတွက် လာရောက်သည်ဟုသာ ထင်မှတ်နေကြ၏။

လူတိုင်း ကောင်းကင် တာရာ ဂိုဏ်း ကို စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲနေကြ၏။ ရတနာ တစ်ခုကို ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ မှာ ထားမယ် ဆိုရင်... အသံတိတ်ပဲ သိမ်းပိုက်လိုက်လို့ ရရဲ့သားနဲ့... ဘာလို့ ပေါ့ပေါ့ဆဆ နေပြီး အထွတ်အထိပ် ပုဂ္ဂိုလ် တစ်ယောက်ကို ဆွဲဆောင်လိုက်ရတာလဲ။

တစ်ချိန်တည်းမှာပင်... သူတို့သည် နင်ချီကိုပါ တိတ်တဆိတ် ကျိန်ဆဲနေကြ၏။

အဆင့်မြင့်ဂိုဏ်းကြီး တစ်ခုရဲ့ အစစ်အမှန် အမွေခံ တစ်ယောက် ဖြစ်နေပြီး... မင်းမှာ မရှိတဲ့ နတ်ဘုရား နည်းစနစ်၊ မင်းမှာ မရှိတဲ့ ရတနာ ဆိုတာ ရှိသေးလို့လား... ဘာလို့ ငါတို့ဆီက ဒီလို မပြောပလောက်တဲ့ အစအနလေးတွေကို လာလုချင်နေရတာလဲ။

ကျန်းချန်ဟွမ် သည် တုန်ရီနေပြီး၊ ကောင်းကင် တာရာ ဂိုဏ်းမှ တပည့် အများအပြားနှင့်အတူ ရှေ့သို့ တိုးထွက်လာခဲ့သည်။

"အစစ်အမှန် အမွေခံ နင် ကို ဂါရဝပြုပါတယ် ခင်ဗျာ..."

သူ့၏ အမူအရာမှာ ထူးခြားစွာ ရိုသေလေးစားနေလေသည်။

ဒီအချိန်မှာတော့... သူ ရင်ဆိုင်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပေ။ တစ်ဖက်လူ ဒီကိစ္စကို မသိပါစေနှင့် ဆိုသော မျှော်လင့်ချက် သေးသေးလေးကို ဆုပ်ကိုင်ထားရုံသာ ရှိတော့သည်။

နင်ချီ ဘာမှ မပြောပေ။ သို့သော် ချင်မင်ဟောက် ကတော့ ဒေါသ အလွန်ထွက်နေပြီ ဖြစ်သည်။ သူ့အကြည့်များသည် ဓားတစ်စင်းအလား ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ကို ထိုးဖောက်တော့မည့်ဟန် ရှိနေလေသည်။

"ရဲတင်းလှချည်လား... စီနီယာအစ်ကို နင် ကိုယ်တိုင် ရောက်နေတာတောင်... ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ကို ဖွင့်ပြီး ကြိုဆိုရကောင်းမှန်း မသိဘူးလား..."

အစစ်အမှန် တပည့် အားလုံးသည် အရှိန်အဝါများ ထုတ်လွှတ်လိုက်ပြီး၊ ကောင်းကင် တာရာ ဂိုဏ်း ကို စူးစူးဝါးဝါးကြည့်နေကြ၏။ ထိုကဲ့သို့သော အပြုအမူသည် စော်ကားမှုနှင့် တူညီနေသဖြင့်၊ ကောင်းကင် တာရာ ဂိုဏ်း နှင့် အခြားသူများ၏ မျက်နှာ အရောင်များ ပြောင်းလဲသွားကြ၏။

ကျန်းချန်ဟွမ် အနည်းငယ် တွေဝေနေစဉ်မှာပင်၊ ချင်မင်ဟောက် သည် ဦးညွှတ်ပြီး ပြောလိုက်၏။

"စီနီယာအစ်ကို နင်...၊ ဂျူနီယာ ကို ဝိညာဉ် ဓား ခဏလောက် ငှားပေးပါ ခင်ဗျာ..."

သူ့၏ ကျင့်ကြံခြင်း အဆင့်သည် ချီးကျူးဖွယ်ရာ ဖြစ်သော်လည်း၊ တစ်ယောက်တည်း အားဖြင့် အခင်းအကျင်းကြီးကို ခွဲဖျက်ရန်မှာ ခက်ခဲသော ကိစ္စ ဖြစ်နေဆဲပင်။ သို့သော် ဝိညာဉ် ဓား ၏ အကူအညီ ပါဝင်လာလျှင်တော့ ကိစ္စက ကွာခြားသွားပေလိမ့်မည်။

နင်ချီ မျက်ခုံးပင့်လိုက်၏။

"ခွင့်ပြုတယ်..."

သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ရွှေရောင် နေမင်းကြီးအလား တောက်ပနေသော ဝိညာဉ် ဓား တစ်လက်သည် လေထဲတွင် ဝဲပျံနေလေသည်။ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် အများအပြား၏ အားကျမှုနှင့် ကြောက်ရွံ့မှု နှစ်ခုစလုံးကို ရယူလိုက်လေသည်။ ဒါသည် အဆင့်မြင့်ဂိုဏ်းကြီး တစ်ခု၏ အစစ်အမှန် အမွေခံ တစ်ဦး ဖြစ်ပြီး၊ လေလွင့် ကျင့်ကြံသူ မဟာစွမ်းအားရှင် အချို့တောင် လက်လှမ်းမမီနိုင်သော ဝိညာဉ် ရတနာ တစ်ခုကို ပေါ့ပေါ့ပါးပါး ငှားရမ်းပေးနိုင်သည် မဟုတ်ပါလော။

ဓားသွားသည် ထက်ရှနေပြီး၊ ဓားတစ်လက်လုံးမှ အေးစက်သော ရောင်ခြည်များ ထုတ်လွှတ်နေလေသည်။

ကောင်းကင် တာရာ ဂိုဏ်း ခေါင်းဆောင်များ ထုံကျင်သွားသလို ခံစားလိုက်ရပြီး၊ ကျန်းချန်ဟွမ် သည် အလျင်အမြန် လက်ဟန်ပြလိုက်၏။

"အခင်းအကျင်း ကို မြန်မြန် ဖွင့်လိုက်..."

လီလင်ဟယ် မတုံ့ဆိုင်းရဲတော့ပေ။ လက်ဟန်များ ဖော်ဆောင်လျက်၊ ဂါထာမန္တန်များ ရွတ်ဆိုလိုက်ရာ၊ ယခင်က အလွှာလိုက် ဖုံးအုပ်ထားသော တိမ်တိုက်များသည် တဖြည်းဖြည်း ကွဲပြယ်သွားပြီး၊ ကောင်းကင် တာရာ ဂိုဏ်း ၏ မြင်ကွင်း အပြည့်အစုံ ပေါ်ထွက်လာလေသည်။ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ၏ အကာအကွယ် မရှိတော့သဖြင့်၊ ကောင်းကင် တာရာ ဂိုဏ်းသားများသည် 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် များ၏ ဖိအားကို တိုက်ရိုက် ခံစားလိုက်ရပြီး၊ သူတို့၏ ခန္ဓာကိုယ်များ တင်းမာသွားကာ မှော်စွမ်းအင်များ အနည်းငယ် ရပ်တန့်သွားလေသည်။

သို့သော် နင်ချီ ယူဆောင်လာသော ဖိနှိပ်မှု ခံစားချက်ကသာ အလွှမ်းမိုးဆုံး ဖြစ်သည်။

ကျန်းချန်ဟွမ် နှောင့်နှေးမနေရဲတော့ပေ။ မဟုတ်လျှင် ဤကိစ္စတွင် ပြန်လှည့်စရာ လမ်း ရှိတော့မည် မဟုတ်။

သူ ရှေ့သို့ တိုးထွက်လာပြီး၊ ဦးညွှတ်ကာ အလျင်အမြန် ရှင်းပြလိုက်၏။

"အစစ်အမှန် အမွေခံ နင်... ဒေါသဖြေပါ ခင်ဗျာ...၊ မလေးစားလို့ မဟုတ်ပါဘူး... လိုအပ်လို့ပါ...၊ သူတို့တွေ ကောင်းကင် တာရာ ဂိုဏ်း မှာ လာစုဝေးပြီး... ဂိုဏ်းကို ဖျက်ဆီးဖို့ ကြံစည်နေကြလို့... ကျွန်တော် ပိုပြီး သတိထားနေရတာပါ...၊ အစစ်အမှန် အမွေခံ နင် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်..."

…သူတောင်းစား…

'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

ချင်မင်ဟောက် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ နင်ချီ၏ နောက်သို့ ရိုသေစွာ ပြန်ဆုတ်သွားလေသည်။

နင်ချီ အောက်သို့ ငုံ့ကြည့်လိုက်ပြီး၊ ကျန်းချန်ဟွမ် ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

"ငါ မင်းတို့ ကောင်းကင် တာရာ ဂိုဏ်း ကို ဘာလို့ လာခဲ့သလဲ ဆိုတာ... မင်း သိလား..."

ကောင်းကင် တာရာ ဂိုဏ်း မှ အစစ်အမှန် ဧကရာဇ် အနည်းငယ်သည် ခေါင်းနပန်း ကြီးသွားကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များ ချက်ချင်း တောင့်ခဲသွားကာ၊ သူတို့၏ မူလဝိညာဉ်များက အဖျက်စွမ်းအားကြီးသော တိုက်ခိုက်မှု တစ်ခု စတင်ရန် အဆင်သင့် ဖြစ်နေကြ၏။

ကျန်းချန်ဟွမ် သည် တိုက်ရိုက် ရင်ဆိုင်ရသူ ဖြစ်သဖြင့်၊ တောင်ကြီးတစ်လုံး သူ့အပေါ် ဖိကျလာသကဲ့သို့ ခံစားနေရသည်။

သို့သော် ဤ အရေးကြီးသော အခိုက်အတန့်တွင်၊ ပုံရိပ်များ ဆက်တိုက် သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့် ၄ ဦး ရုတ်တရက် ရောက်လာခဲ့ခြင်း နှင့် ယခု အစစ်အမှန် အမွေခံ နင် ၏ ပေါ်ထွက်လာပုံတို့သည် အချိန်ကိုက်လွန်းနေသည်ကို ပြန်လည် သတိရလိုက်၏။

သူ့၏ အာရုံခံစားမှုသည် ရှင်းလင်းသွားပြီး၊ မှိန်ဖျဖျ အလင်းရောင် ထုတ်လွှတ်နေသော 'ရတနာ ပုလဲ' တစ်လုံး သူ့လက်ထဲတွင် ပေါ်လာလေသည်။

"ခွင့်လွှတ်ပါ... အစစ်အမှန် အမွေခံ နင်... ကျွန်တော် မတော်တဆ ကမ္ဘာငယ် နယ်နိမိတ်မှတ် တစ်ခု ရထားခဲ့ပါတယ်...၊ လူကြီးမင်းကို ဆက်သဖို့ ရည်ရွယ်ထားတာပါ...၊ လူကြီးမင်း ကိုယ်တိုင် ကြွလာရအောင် လုပ်မိတာ... ကျွန်တော့် အပြစ်ပါဗျာ..."

ကျန်းချန်ဟွမ်၏ အမူအရာသည် အလွန်အမင်း နှိမ့်ချနေလေသည်။

သူ့လက်ဖဝါးများတွင် ချွေးများ စိုရွှဲနေ၏။

ဒီအချိန်မှာ ကျန်းချန်ဟွမ်.. အများကြီး ပြန်တွေးမိလိုက်၏။ မကြာသေးမီ နှစ်များအတွင်း ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေတွင် ဖြစ်ပျက်ခဲ့သော မရေမတွက်နိုင်သော မငြိမ်မသက်မှုများ၊ ရှင်းပြ၍ မရနိုင်သော သတင်းအချက်အလက် ပေါက်ကြားမှုများ၊ ဖြစ်ရပ်တစ်ခုပြီး တစ်ခု... ပြန်စဉ်းစားကြည့်လိုက်တော့ ကြက်သီးထစရာ ကောင်းလောက်အောင်ပင်။ အစစ်အမှန် အမွေခံ နင် သည် ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေကို ငုံ့ကြည့်နေသော အထွတ်အထိပ် မဟာစွမ်းအားရှင် တစ်ဦးအသွင် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့ရင်ထဲတွင် လေးစားမှုများ ပြည့်နှက်နေပြီး၊ ရတနာ ပုလဲ ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်ဆောင်ကာ ခေါင်းပေါ်သို့ မြှောက်တင်ထားလိုက်၏။

အားလုံး၏ အကြည့်များ စူးစိုက်သွားကြ၏။ မိစ္ဆာနက်ဂိုဏ်း ကျဆုံးရခြင်း အကြောင်းရင်း ဖြစ်သော ကမ္ဘာငယ် နယ်နိမိတ်မှတ်များ ကောင်းကင် တာရာ ဂိုဏ်း လက်ထဲတွင် တကယ် ရှိနေကြောင်း အတည်ပြုလိုက်နိုင်သွားသည်။ သို့သော် ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက်၊ 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' နှင့် အခြားသူများ၏ မျက်နှာထားများ မည်းမှောင်သွားကြ၏။ ဤ အထွတ်အထိပ် ပုဂ္ဂိုလ် နင်ချီ ရောက်လာမှတော့... အဆုံးသတ် ကောင်းဖို့ မလွယ်တော့ဘူး ဆိုတာ သိလိုက်ကြ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်း အစစ်အမှန် အမွေခံ တစ်ဦးက နှာခေါင်းရှုံ့လိုက်၏။

"သာမန် ကမ္ဘာငယ် နယ်နိမိတ်မှတ် လေးလောက်နဲ့... ငါတို့ စီနီယာအစ်ကို နင် က မက်မောမယ် ထင်နေလား..."

သူ့အကြည့်သည် ဓားတစ်စင်းကဲ့သို့ မသင့်လျော်သော စိတ်ခံစားမှုများကို ဖြတ်တောက်လိုက်လေသည်။

ကျန်းချန်ဟွမ် စိုးရိမ်လာပြီး၊ နင်ချီ၏ တည်ငြိမ်သော အကြည့်ကို ရင်ဆိုင်ရင်း အလျင်အမြန် ရှင်းပြလိုက်၏။

"ဒေါသဖြေပါ... အစစ်အမှန် အမွေခံ နင်...၊ ဒီ ကမ္ဘာငယ် နယ်နိမိတ်မှတ်တွေက ရိုးရှင်းတာ မဟုတ်ပါဘူး...၊ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေမှာ... ရွှေဝိညာဉ် ဂိုဏ်း နဲ့ မိစ္ဆာနက်ဂိုဏ်း ဆိုတဲ့ ဂိုဏ်းကြီး နှစ်ဂိုဏ်းဟာ ဒီ ကမ္ဘာငယ် ကို သိမ်းပိုက်ဖို့ ကြိုးစားရင်း ပျက်စီးခဲ့ရတာပါ...၊ ဒီဂိုဏ်းတွေက အားနည်းတာ မဟုတ်ပါဘူး...၊ တစ်ဂိုဏ်းစီမှာ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် (၁၀) ပါးလောက် ရှိကြပါတယ်..."

"ဟေ..." နင်ချီ၏ အကြည့်များ အရောင်တောက်ပသွားသည်။

ချင်မင်ဟောက် နှင့် အခြားသူများလည်း စိတ်ဝင်စားလာကြ၏။

အဆင့်မြင့်ဂိုဏ်းကြီးမှ လာသူများ ဖြစ်သည့်တိုင်၊ ဤမျှ အခြေခံခိုင်မာသော ဂိုဏ်းကြီးများ အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ပေါ်ပေါက်လာသော ပြဿနာများက ဤ ကမ္ဘာငယ် သည် သာမန် မဟုတ်ကြောင်း၊ အခွင့်အရေးများ ရှိနေနိုင်ကြောင်း ညွှန်ပြနေသည် မဟုတ်ပါလော။

ကျန်းချန်ဟွမ် သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ဆက်လက် ရှင်းပြလိုက်၏။

"ကျွန်တော်တို့ တွက်ချက်ထားသလောက်တော့... ဒီ ကမ္ဘာငယ်လေးရဲ့ 'ကမ္ဘာ့ သိစိတ်'ဟာ ဉာဏ်ရည် ရှိလာပါတယ်...၊ အဲ့ဒါကြောင့်ပဲ မိစ္ဆာနက်ဂိုဏ်း က အသည်းအသန် သွေးယဇ်ပူဇော်ပြီး ဝင်ရောက်ခဲ့တာပါ...၊ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အလှည့်အပြောင်း တစ်ခုကြောင့် သူတို့ လုံးဝ ပျက်စီးသွားခဲ့ရတယ်...၊ ဒါပေမယ့် အခု အစစ်အမှန် အမွေခံ နင် ရောက်လာမှတော့... အောင်ပွဲခံဖို့ ဆိုတာ သေချာသလောက်ပါပဲ..."

လူတိုင်း အသက်ရှူ မြန်လာကြ၏။

ဉာဏ်ရည် ရှိလာသော ကမ္ဘာ့ သိစိတ် တစ်ခု...။ အဲ့ဒီလို ကမ္ဘာငယ်လေး တစ်ခုကို ယဇ်ပူဇော်လိုက်ရင်... သာမန် ကမ္ဘာ (၁၀၀) နှင့် ညီမျှနိုင်သည် လေ ။

အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန် အမွေခံ အချို့ပင်လျှင် သူတို့ မျက်လုံးထဲမှ အရောင်များကို ဖုံးကွယ်ထား၍ မရတော့ပေ။

"ဂုဏ်ယူပါတယ်... စီနီယာအစ်ကို နင်..." သူတို့ တိုးညှင်းစွာ နှိမ့်ချစွာ ခေါ်လိုက်ကြ၏။

ချင်မင်ဟောက် ၏ ရင်ထဲတွင် လှိုင်းထသွားပြီး၊ လွန်ခဲ့သော နှစ်များက နင်ချီ တောင်းဆိုခဲ့သော ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ အကြောင်း သတင်းအချက်အလက်များကို ပြန်သတိရလိုက်၏။

စီနီယာအစ်ကို နင် ဟာ အရာအားလုံးကို သိပြီးသား ဖြစ်လောက်သည်ဟု သူ သိလိုက်ရပြီး၊ သူ့ရင်ထဲတွင် အမြင့်မားဆုံး လေးစားမှုများ ဖောင်းပွလာလေသည်။ နင်ချီ၏ ဘေးတွင် နေလေလေ၊ သူ့၏ နက်ရှိုင်းမှုကို ပိုမို သဘောပေါက်လေလေ ဖြစ်သည်။

—

အခန်း (၄၉၇) - ဂိုဏ်းပေါင်း (၁၂) ဂိုဏ်း အစစ်အမှန်သိုင်း ကမ္ဘာကို တိုက်ခိုက်ခြင်း (၂)

~'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' သည် သွားများ ကျိုးလုမတတ် အံတင်းတင်းကြိတ်ထားပြီး၊ ကျန်းချန်ဟွမ် ကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ် ပေါက်နေလေသည်။

သို့သော် ကျန်းချန်ဟွမ် ကတော့ ရတနာ ပုလဲ ကို ရိုသေစွာ မြှောက်ကိုင်ထားဆဲပင်။

လေထုသည် အနည်းငယ် တင်းမာနေသည်။

နင်ချီသည် ရတနာ ပုလဲ ကို လေ့လာကြည့်ရှုနေသည်။

'ဒါက ကမ္ဘာ့ နယ်နိမိတ်မှတ် လား...' သူ စိတ်ထဲတွင် စဉ်းစားလိုက်ပြီး၊ ရင်းနှီးသော အငွေ့အသက် တစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

"တောင်နှင့် ပင်လယ်နယ်မြေ" ဟူသော ဤမဟာကမ္ဘာကြီး၏ တည်နေရာပြ နယ်နိမိတ်မှတ်များ မည်သို့မည်ပုံ ပေါ်ထွန်းလာသနည်းဟူသည်က တွေးဆစရာ ပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့သည်။ ဤမေးခွန်း၏ အဖြေမှာမူ ရှုပ်ထွေးနက်နဲလှ၏။ တစ်စိတ်တစ်ဒေသအားဖြင့် ဆိုရသော် တောင်နှင့် ပင်လယ်နယ်မြေ ကိုယ်တိုင်ကပင် ၎င်း၏ အငွေ့အသက်များကို စုစည်းကာ ကမ္ဘာအနှံ့သို့ ဖြန့်ကျက်ထားခြင်း ဖြစ်ပေသည်။

သို့သော် အခြားတစ်ဖက်၌မူ ဤအရာများသည် ကမ္ဘာငယ်လေးများမှ ပျံသန်းတက်ရောက်လာသော ကျင့်ကြံသူများ၏ လက်ချက်လည်း ပါဝင်နေလေသည်။ ဤကျင့်ကြံသူများသည် အထက်ဘုံသို့ ရောက်ရှိပြီးနောက် အင်မော်တယ်လမ်းစဉ်၏ ရက်စက်ကြမ်းကြုတ်သော သဘောတရားကို ခါးသီးစွာ နားလည်လာကြသည်။ ထိုအခါ ရှင်သန်ရပ်တည်ရေးအတွက် သူတို့၏ မွေးရပ်မြေ ကမ္ဘာငယ်လေးများကို ပြန်လည် မျက်စိကျလာကြတော့သည်။ မိမိတို့၏ မွေးရပ်မြေသည်ပင်လျှင် အထက်ဘုံ၌ ဆက်လက် စခန်းသွားနိုင်ရန်အတွက် "လုပ်ငန်းစတင်ငွေ" သဖွယ် ဖြစ်လာခဲ့ရသည်။

အစစ်အမှန် သိုင်းကမ္ဘာ၏ နယ်နိမိတ်မှတ်တိုင်များမှာမူ တောင်နှင့် ပင်လယ်နယ်မြေ၏ အလိုဆန္ဒတော်အတိုင်း လွတ်လပ်စွာ ဖြစ်တည်နေကြခြင်း ဖြစ်သည်။ ဝိညာဉ်နယ်မြေဟူသည် အဆုံးအစမဲ့ ကျယ်ပြောလှပေရာ အောက်ဘုံမှ တက်ရောက်လာသော ရှေ့လူအများစုမှာ ထင်တိုင်းမပေါက်ကြချေ။ ဆယ်ယောက်လျှင် ကိုးယောက်ခန့်မှာ လမ်းခုလတ်၌ပင် သေဆုံးပျောက်ကွယ်သွားကြရပြီး၊ ကျန်ရစ်သူတို့မှာလည်း ဤမျှ ကျယ်ပြောသော လောကကြီးထဲ၌ ဖုန်မှုန့်တစ်စမမျှသာ ဖြစ်သွားကြရလေ၏။

'တောင်နှင့် ပင်လယ် နယ်မြေ ရဲ့ အလိုဆန္ဒက လွတ်လပ်စွာ စုစည်းထားတဲ့ ဒီလို ကမ္ဘာ့ နယ်နိမိတ်မှတ်တွေဟာ... တစ်ကြိမ်မှာ တစ်ခုပဲ ရှိနိုင်တယ်...၊ တကယ်လို့ ငါက အဲ့ဒါကို ဖျက်ဆီးလိုက်မယ် ဆိုရင်... တစ်နေ့နေ့မှာ နောက်ထပ် တစ်ခု ပြန်စုစည်းလာပြီး တခြားနေရာတွေမှာ ပြန့်ကျဲသွားနိုင်တယ်...၊ အဲ့ဒါက မလိုလားအပ်တဲ့ ကိစ္စပဲ...၊ အကောင်းဆုံး နည်းလမ်းကတော့... ငါ့ လက်ထဲမှာပဲ သိမ်းထားတာ ပိုကောင်းမယ်...'

'ဒါပေါ့... အဲ့ဒီမတိုင်ခင်... ဒီ ပါရမီရှင်တွေကို အသုံးချလိုက်တာ အကောင်းဆုံးပဲ...'

ထိုသို့ တွေးလိုက်ပြီး၊ ဝိညာဉ် စွမ်းအား ကြိုးမျှင် တစ်ခုသည် လူအများ၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် ရတနာ ပုလဲ ကို ရစ်ပတ်လိုက်ပြီး၊ နင်ချီ၏ လက်ထဲသို့ ရောက်ရှိလာလေသည်။

နင်ချီ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

"မဆိုးဘူး..."

ထိုစကားကို ကြားလိုက်ရသောအခါ၊ ကောင်းကင် တာရာ ဂိုဏ်း တစ်ခုလုံး သက်ပြင်းချလိုက်ကြပြီး၊ အားကိုးရာမဲ့သလို ဝမ်းနည်းသလို ခံစားလိုက်ရသည်။

သို့သော် သူတို့မှာ အခြားရွေးချယ်စရာ လမ်း ရှိပါသေး၏လော။ တစ်ဖက်လူ ဆင်ထားသော ထောင်ချောက်မှန်း သိသိကြီးနှင့် ဝင်တိုးရသည့် အဖြစ်က ရင်နာစရာ ကောင်းလှ၏။ မိမိတို့ ခံစားနေရသော ဒုက္ခများကို ရင်ဝယ်မြိုသိပ်ကာ မျက်နှာတွင် အပြုံးအတုများ ပန်ဆင်လျက် ထိုလူအား ချီးကျူးစကားပင် ဆိုနေရသေးသည် မဟုတ်ပါလော။

လေမိုးကြိုး အစစ်အမှန် ဧကရာဇ်နှင့် ကျန်ရှိနေသော သူတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချရုံမှတပါး အခြား မတတ်နိုင်ကြတော့ချေ။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ် ကျဆင်းမှုတို့က အထင်းသား နေရာယူလျက် ရှိလေသည်။

အသီးအပွင့်ကို ခူးဆွတ်ရန် လက်လှမ်းလိုက်ချိန်တွင်မှ လမ်းခုလတ်၌ ကြားဖြတ် လုယူခံလိုက်ရသည့် နှမြောတသဖြစ်မှုက သူတို့၏ ရင်ကို မီးစနှင့် ထိုးသကဲ့သို့ ပူလောင်စေလေ၏။ နှစ်ရှည်လများ အားထုတ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ရမည့် အခြေအနေကို လက်ပိုက်ကြည့်နေရုံမှ တစ်ပါး အခြား မရှိတော့ပေ။

'ဒီ ကျန်း ကောင်စုတ်က ကျောရိုး မရှိလိုက်တာ...၊ စောစောက ငါတို့ကိုကျတော့ ဟောင်လိုက်တာမှ ရက်ရက်စက်စက်...၊ အခု အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့် ရှေ့ရောက်တော့ ခွေးတစ်ကောင်လို ယဉ်ကျေးသွားလိုက်တာ...'

အစစ်အမှန် ဧကရာဇ် များ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြ၏။

ထွက်သွား၍လည်း မဖြစ်၊ နေခဲ့၍လည်း မဖြစ်။

ယခုအခြေအနေတွင် မကျေမနပ်နှင့် ထွက်ခွာသွားမည် ဆိုလျှင်လည်း မသင့်တော်သလို၊ ဆက်လက် နေရစ်မည် ဆိုပြန်လျှင်လည်း နင်ချီ၏ သံသယအကြည့်ကို ရင်ဆိုင်ရဖွယ် ရှိနေပြန်သည်။ အထူးသဖြင့် သူတို့အနေဖြင့် ရတနာပုလဲအပေါ် တပ်မက်မှု မကုန်သေးဟု နင်ချီက အထင်လွဲသွားမည်ကို အစိုးရိမ်ဆုံး ဖြစ်နေကြ၏။

အကယ်၍ ထိုသို့သာ အထင်ခံရပါက ကပ်ဘေးတစ်ခု ဆိုက်ရောက်လာသည်နှင့် အလားသဏ္ဌာန် တူပေလိမ့်မည်။ 'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်' ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးက သူတို့အားလုံးအတွက် သွေးပျက်ဖွယ် သတိပေးချက် တစ်ခုအဖြစ် မျက်စိရှေ့မှောက်တွင် ရှိနေဆဲ မဟုတ်ပါလော။

သူတို့ တွန့်ဆုတ်နေစဉ်၊

နင်ချီသည် လက်ထဲရှိ ရတနာ ပုလဲ ကို ပေါ့ပေါ့ပါးပါး ပစ်မြှောက်ကစားလိုက်ပြီး၊ ဂရုမစိုက်သလို ပြောလိုက်၏။

"ဂိုဏ်းချုပ် ကျန်း...၊ ခင်ဗျား စောစောက ပြောလိုက်တာ... ရွှေဝိညာဉ် ဂိုဏ်း ရော မိစ္ဆာနက်ဂိုဏ်း ရော ဒီ ကမ္ဘာငယ် ကို သုတ်သင်ရှင်းလင်းဖို့ ကြိုးစားရင်း ပျက်စီးသွားကြတယ် ဆို..."

ကျန်းချန်ဟွမ် အလျင်အမြန် ပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ် ခင်ဗျာ... ဒါပေမယ့် ကွာခြားချက် ရှိပါတယ်...၊ ရွှေဝိညာဉ် ဂိုဏ်း က အင်အား အကြီးအကျယ် ဆုတ်ယုတ်သွားပြီးတဲ့နောက်... မိစ္ဆာနက်ဂိုဏ်း ရဲ့ ချောင်းမြောင်း တိုက်ခိုက်တာ ခံလိုက်ရပြီး ပျက်စီးသွားတာပါ...၊ အဲ့ဒီနောက် ကမ္ဘာငယ် နယ်နိမိတ်မှတ်တွေက မိစ္ဆာနက်ဂိုဏ်း လက်ထဲ ရောက်သွားပါတယ်...၊ ဒါပေမယ့် မိစ္ဆာနက်ဂိုဏ်း ကတော့ အဲ့ဒီ ကမ္ဘာငယ် ထဲမှာတင် လုံးဝ သုတ်သင်ခံလိုက်ရတာပါ...၊ ကမ္ဘာငယ် အကြောင်း အရာအားလုံးက ကျွန်တော့်ရဲ့ ခန့်မှန်းချက်တွေပါ...၊ အသေးစိတ်တော့ မသိပါဘူး..."

သူသည် နင်ချီ၏ မျက်နှာထားကို သတိထားပြီး အကဲခတ်လိုက်ရာ၊ သုံးရောင်ခြယ် ရတနာ သင်္ဘော ပေါ်တွင် ရပ်နေသော တပည့် အရေအတွက်ကို သတိပြုမိလိုက်ပြီး၊ သူ့နှလုံးသား ခုန်သွားကာ မျှော်လင့်ချက် ရောင်ခြည်သန်းလာလေသည်။

"တကယ်လို့ အစစ်အမှန် အမွေခံ နင် စိတ်ဝင်စားတယ် ဆိုရင်... ကျွန်တော့် ကောင်းကင် တာရာ ဂိုဏ်း က ရှေ့ဆုံးကနေ ဦးဆောင်ပါရစေ ..."

အရသာလေး မြည်းစမ်းရရုံ ဖြစ်ရင်တောင်မှ... ဒီလို အခွင့်အရေးမျိုး လက်လွတ်သွားမှာကို သူ လက်မခံနိုင်ပေ။

'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' နှင့် အခြားသူများလည်း သတိဝင်လာကြပြီး၊ ကျန်းချန်ဟွမ် ကို မြေခွေးအိုကြီးဟု တိတ်တဆိတ် ကျိန်ဆဲရင်း အလျင်အမြန် ပြောလိုက်ကြ၏။

"အစစ်အမှန် အမွေခံ နင်...၊ ကျွန်တော်တို့ လေမိုးကြိုး ခန်းမဆောင်၊ နေမင်းနီ ဂိုဏ်း... တို့လည်း သစ္စာရှိရှိ အမှုတော်ထမ်းပါရစေ..."

ဂိုဏ်းချုပ်များ တစ်ယောက်ပြီး တစ်ယောက် နင်ချီ၏ ရှေ့မှောက်တွင် ဦးညွှတ်လိုက်ကြ၏။

ဒီမြင်ကွင်းက လူတိုင်းရဲ့ ရင်ကို လှုပ်ခတ်သွားစေသည်။ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေမှ ကျင့်ကြံသူ အများအပြားသည် ဒီလို မြင်ကွင်းမျိုး ဘယ်တုန်းကများ မြင်ဖူးကြရသနည်း။

သူတို့အားလုံး တုန်လှုပ်သွားကြသည်။

နင်ချီ၏ ဂုဏ်သတင်း ကြောင့်သာမက၊ ပေ့ရွှမ် နယ်မြေ ၏ အရှင်သခင် တစ်ပါး ဖြစ်သော အကန့်အသတ်မဲ့ ဓားဂိုဏ်း ၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်ပါ၏။

ဟုတ်၏။ ... တခြား အစစ်အမှန် အမွေခံ တစ်ယောက်သာ ဆိုလျှင်.. သူတို့ ယခုလောက်ထိ နှိမ့်ချကြမှာ မဟုတ်ပါချေ။

နင်ချီ၏ 'အင်မော်တယ် မျိုးစိတ်' ဟူသော ဂုဏ်ပုဒ်ကလည်း အရေးပါပါသည်။

ဒါက အနာဂတ် 'မဟာစွမ်းအားရှင်'..၊ ဖြစ်နိုင်လျှင် ထို့ထက်တောင် ပိုမြင့်မားသည့် အဆင့်အတန်း တစ်ခုကို ကြိုတင် နိမိတ်ပြနေခြင်းလေ။

နင်ချီသည် ဂိုဏ်းချုပ်များကို အပြုံးရိပ် တစ်ခုဖြင့် ကြည့်လိုက်၏။

"ဂိုဏ်းချုပ်ကြီးများကို ဒုက္ခပေးသလို မဖြစ်ဘူးလား ဗျာ..."

လူအုပ်ကြီး အလျင်အမြန် ခေါင်းခါလိုက်ကြ၏။

"အစစ်အမှန် အမွေခံ နင်...၊ လူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ...၊ အစစ်အမှန် အမွေခံ နင် ကို အလုပ်အကျွေး ပြုရတာ ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါ..."

သူတို့ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်၊ နင်ချီ ခေါင်းမညိတ်မချင်း ဘယ်သူမှ သူတို့ကို အတင်းအကြပ် မခိုင်းစေနိုင်သကဲ့သို့ပင်။

နင်ချီ တိတ်ဆိတ်နေပြီး၊ စဉ်းစားနေပုံ ရသည်။

လူအုပ်ကြီး၏ နှလုံးသားများ ဖိစီးနေကြသည်။

ခဏအကြာတွင်၊ နင်ချီက ပြုံးလိုက်၏။

"ကောင်းပါပြီလေ...၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ဒီခရီးစဉ်အတွက် ဓားဂိုဏ်း တပည့်တွေကို မစုစည်းခဲ့မိဘူး...၊ ဓားဂိုဏ်း ကို ပြန်သွားရတာကလည်း လက်ဝင်တယ် ဆိုတော့... ဂိုဏ်းချုပ်ကြီးတွေက စိတ်အားထက်သန်နေမှတော့... ကျွန်တော့်ကို ကူညီပေးကြပါလား...၊ ဒီလိုလုပ်ဗျာ... ကျွန်တော် ကိုယ်တိုင် ကမ္ဘာငယ် ထဲကို ဝင်သွားမယ်...၊ ခင်ဗျားတို့ ဂိုဏ်း တစ်ဂိုဏ်းစီက 'မူလဝိညာဉ် နယ်ပယ်' (၅) ယောက် နဲ့ 'မှော်စွမ်းအင် နယ်ပယ်' တပည့် (၅) သောင်း စီ စေလွှတ်ပေးကြပါ...၊ ဒါဆို ကျွန်တော်လည်း သက်သာတာပေါ့..."

"ဒါပေါ့... ကျွန်တော်က ကပ်စေးနည်းတဲ့သူ မဟုတ်ပါဘူး...၊ ကမ္ဘာငယ် ကို သိမ်းပိုက်လို့ ရလာတဲ့ ပစ္စည်းတွေထဲက ၅၀% ကို ကျွန်တော် ယူမယ်...၊ ကျန်တာကိုတော့ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်အလိုက် ခွဲဝေယူကြပါ..."

နင်ချီ စကားပြောတာ မမြန်မနှေး ဖြစ်သော်လည်း၊ ငြင်းပယ်၍ မရနိုင်သော အာဏာစက် တစ်ခု ပါဝင်နေသည်။

ဂိုဏ်းချုပ်များ၏ ရင်ထဲတွင် ကြောက်ရွံ့လေးစားမှုများ ဖုံးလွှမ်းသွားကြ၏။

မကြာခင်မှာပင်၊ နင်ချီ သေချာ စဉ်းစားလိုက်၏။

ဂိုဏ်းတစ်ဂိုဏ်းစီကို အကျိုးအမြတ် ၅၀% ခွဲဝေပေးလိုက်တာက... ကမ္ဘာငယ် (၄) ခု၊ (၅) ခု လောက်ကို သိမ်းပိုက်တာနှင့် ညီမျှနိုင်၏။ ဒီ အရောင်းအဝယ်က လုပ်ရကျိုးနပ်သည်...

ကျန်းချန်ဟွမ် ပထမဆုံး ပြောလိုက်၏။

"အစစ်အမှန် အမွေခံ နင် က တကယ့်ကို သဘောထားကြီးတာပဲ...၊ ကျွန်တော်တို့ ကောင်းကင် တာရာ ဂိုဏ်း က 'မူလဝိညာဉ် နယ်ပယ်' ကျင့်ကြံသူ အားလုံး... ဂိုဏ်းတစ်ခုလုံးနဲ့ အတူ အဲ့ဒီကို လိုက်ပါဖို့ ဆန္ဒရှိပါတယ် ခင်ဗျာ..."

အားလုံး အစပိုင်းမှာ လန့်သွားကြပြီး၊ ပြန်စဉ်းစားလိုက်သောအခါ ကျန်းချန်ဟွမ် ကို ကောက်ကျစ်သည့် မြေခွေးအိုကြီး ဟု တိတ်တဆိတ် ကျိန်ဆဲလိုက်ကြ၏။

ဒီ လှုပ်ရှားမှုက အန္တရာယ် များသလို ထင်ရသော်လည်း၊ တကယ်တမ်းကျတော့ အရမ်း စိတ်ချရသည်။ စဉ်းစားကြည့်ပါ... အကန့်အသတ်မဲ့ ဓားဂိုဏ်း၊ တရားဝင် အင်မော်တယ် မျိုးစိတ် တစ်ယောက်က ဦးဆောင်ပြီး၊ ဂိုဏ်း (၁၂) ဂိုဏ်း မဟာမိတ် ဖွဲ့ထားမှတော့... ဘယ်လို ကမ္ဘာငယ်မျိုးကို မသိမ်းပိုက်နိုင်ဘဲ နေမည်လဲ။

ဂိုဏ်းတစ်ခုလုံးနှင့်အတူ သွားမယ် တဲ့။

ဒီနည်းနှင့် ... သူတို့၏ သစ္စာရှိမှုကို ပြသနိုင်သလို... ဝေစု ပိုရအောင်လည်း လုပ်နိုင်သည်ပင်။။

နင်ချီ အသံထွက်၍.. ရယ်မောလိုက်ပြီး၊ ကျန်းချန်ဟွမ် ကို ပိုမို ရင်းနှီးသော အကြည့်ဖြင့် ကြည့်လိုက်၏။ ဒီလူက လူကောင်းပဲ ဟု တွေးလိုက်မိသည်။

ကျန်သူတွေ ငြိမ်မနေနိုင်တော့ပေ။

"ကျွန်တော်တို့ လေမိုးကြိုး ခန်းမဆောင် လည်း ဂိုဏ်းတစ်ခုလုံးနဲ့ အတူ လိုက်ပါဖို့ ဆန္ဒရှိပါတယ်..."

"ကျွန်တော်တို့ နေမင်းနီ ဂိုဏ်း လည်း အတူတူပါပဲ..."

တစ်လောကလုံး ရူးသွပ်နေကြပြီဟုပင် ဆိုရမလို ဖြစ်နေသည်။ ယခုအချိန်တွင် ပိုမို ကြိုးစားအားထုတ်လေ၊ နောင်တစ်ချိန်တွင် ခံစားရမည့် အကျိုးအမြတ်က ကြီးမားလေ ဖြစ်သည်ဟု အားလုံးက ယုံကြည်ထားကြ၏။

ထို့ကြောင့် ဤကဲ့သို့ အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်မျိုးတွင် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးစွာ နေလေ့ရှိသော ဂိုဏ်းကြီးများပင်လျှင် ငြိမ်သက်မနေနိုင်တော့ချေ။ နောင်တစ်ချိန်တွင် ရင်ကိုထု၍ နောင်တမရစေရန်အလို့ငှာ ဂိုဏ်းရှိသမျှ အင်အားများကို စုစည်းကာ အလုံးအရင်းဖြင့် ချီတက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

နင်ချီ ပြုံး၍ ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင်... ကောင်းကင် တာရာ ဂိုဏ်း မှာပဲ စုဝေးကြတာပေါ့...၊ ခင်ဗျားတို့မှာ လဝက် အချိန် ရှိတယ်...၊ အဲ့ဒီနောက်ပိုင်း ဆိုရင်တော့ မစောင့်တော့ဘူး..."

အားလုံး၏ ရင်ထဲတွင် အေးစက်သွားကြလေသည်။

အချိန် သိပ်မများမှန်း သူတို့ သိကြ၏။ ဂိုဏ်းတွင်းက ကျင့်ကြံသူတွေကို စုစည်းရမည့် အပြင်... ကမ္ဘာ့ လမ်းကြောင်း အတွက် အရင်းအမြစ်တွေပါ ပြင်ဆင်ရဦးမည်။ သို့သော်၊ မည်သူမှ ကန့်ကွက်စကား တစ်ခွန်း မဆိုရဲကြပေ။

တကယ့်ကို ရယ်စရာကောင်းလှပါပေ၏။ ဤနေရာ၌ ခြေချခွင့်ရလိုက်ခြင်းကပင် ကံကောင်းခြင်းဟု မှတ်ယူရမည့်အစား ရွေးချယ်စရာများ ရှာဖွေနေခြင်းက မိုက်မဲလွန်းလှသည်။

မိမိ၏ အဆင့်အတန်းနှင့် နေရာမှန်ကို သတိမပြုမိဘဲ မာန်မာန ထောင်လွှားနေမည်ဆိုပါက ထိုသူသည် အရာရာကို ဆုံးရှုံးရမည့် လူမိုက်တစ်ယောက်သာ ဖြစ်လာပေလိမ့်မည်။

"အစစ်အမှန် အမွေခံ နင် ရဲ့ အမိန့်ကို နာခံပါတယ် ခင်ဗျာ..."

ဂိုဏ်းချုပ် အားလုံး ဦးညွှတ်ပြီး ဆုတ်ခွာသွားကြ၏။ ထွက်ပြေးသော အလင်းတန်းများ ကောင်းကင်ကို ဖြတ်သန်းသွားကြပြီး၊ ယခင်က စည်ကားနေသော ကောင်းကင် တာရာ တောင်တန်း သည် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ ကျန်းချန်ဟွမ် သတိထားပြီး ပြောလိုက်၏။

"ဒီ လဝက် အတွင်းမှာ... ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့ ဂိုဏ်းလေးမှာ တည်းခိုဖို့... အစစ်အမှန် အမွေခံ နင် ကို ဖိတ်ခေါ်ပါရစေ ခင်ဗျာ..."

နင်ချီ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

"ဂိုဏ်းချုပ် ကျန်း...၊ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး..."

သူတို့နှစ်ဦးစလုံးသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့် ၄ ဦးနှင့် ပတ်သက်သော ယခင် ဖြစ်ရပ်ကို လိမ္မာပါးနပ်စွာ ရှောင်ကွင်းလိုက်ကြပြီး၊ ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုပင် ပြုမူလိုက်ကြ၏။

...

လဝက် ဆိုသည်မှာ ခဏလေးနှင့် ကုန်ဆုံးသွားခဲ့သည်။

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ တစ်ခုလုံး ပုံမှန်မဟုတ်သော လေထုကို ခံစားလိုက်ရသည်။

ကောင်းကင် တာရာ ဂိုဏ်း မှာ ထိုနေ့က ဘာဖြစ်ခဲ့လဲ ဆိုတာ သူတို့ မသိကြသော်လည်း၊

ဈေးနှုန်းတွေကတော့ လိမ်မပြောပါချေ။

ဆေးလုံးများ၊ မှော် လက်နက်များနှင့် အဆောင်လက်ဖွဲ့များ အကြီးအကျယ် ဝယ်ယူမှုကြောင့်... ဒီပစ္စည်းတွေ၏ ဈေးနှုန်းတွေက ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်း တက်သွားပြီး... ပတ်ဝန်းကျင် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေတွေကိုတောင် ဂယက်ရိုက်ခတ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကြာချိန် တိုတောင်းသဖြင့် သိပ်ပြီး အာရုံစိုက်မခံရသေးပေ။

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေက ဒေသခံ ကျင့်ကြံသူတွေလောက်သာ အနည်းငယ် ခန့်မှန်းမိကြ၏။

ထိုနေ့တွင်၊ ထွက်ပြေးသော အလင်းတန်းများသည် ကောင်းကင်ကို ဖြတ်သန်းပြီး၊ ကောင်းကင် တာရာ ဂိုဏ်း ပေါ်သို့ ဆင်းသက်လာကြ၏။

အလွှာလိုက် အလွှာလိုက်... အင်အားကြီးမားစွာ စုဝေးလာကြ၏။

သူတို့သည် ကောင်းကင် တာရာ ဂိုဏ်း အထက်တွင် စနစ်တကျ တန်းစီနေကြ၏။ တစ်ယောက်ချင်းစီသည် ဝိညာဉ် ချပ်ဝတ်များ ဝတ်ဆင်ထားပြီး မှော် လက်နက်များ ကိုင်ဆောင်ထားကြ၏။ အနိမ့်ဆုံး ကျင့်ကြံမှုအဆင့်မှာ မှော်စွမ်းအင်နယ်ပယ် ဖြစ်ပြီး ခရမ်းရောင် နန်းတော် အဆင့်ရှိသူများမှာလည်း မနည်းလှပေ။

ပင်မဂိုဏ်းသား တစ်ဦး ဖြစ်သူ ဝေဖုန်းသည် အဝေးမှနေ၍ ထိုမြင်ကွင်းကို လှမ်းကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်လေသည်။

"ဒီလူတွေ တကယ်ပဲ ရူးသွပ်နေကြပြီ... ဝေစုပိုရဖို့အတွက်နဲ့ ဒီလောက်ထိတောင် စွန့်စားရဲကြသလား..."

ချင်မင်ဟောက်က သူ့အား တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်၏။

"အဲဒါက အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်... ပိုပြီး အရေးကြီးတာက စီနီယာအစ်ကိုနင်ရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသချင်နေကြတာပါ... စီနီယာအစ်ကိုနင်ရဲ့ အလေးပေးမှုကို ခံယူခွင့်ရလိုက်တာက သူတို့အတွက်တော့ အကြီးမားဆုံးသော အခွင့်အရေးကြီး ဖြစ်နေလို့ပေါ့..."

ဝေဖုန်း တစ်ချက်မျှ ကြောင်အမ်းသွားပြီးနောက် ခေါင်းကို တငြိမ့်ငြိမ့် လုပ်လိုက်လေတော့သည်။

"ဟုတ်ပါရဲ့... စီနီယာအစ်ကိုနင်နဲ့ အနည်းငယ်လောက်ပဲ ပတ်သက်ခွင့်ရရင်တောင် သူတို့အတွက်က အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တာပဲလေ..."

အနီးနားရှိ အကန့်အသတ်မဲ့ဓားဂိုဏ်းမှ ပင်မဂိုဏ်းသားများကလည်း ထိုစကားကို ပြိုင်တူ ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။

သူတို့ စကားပြောနေကြစဉ်မှာပင်...၊

မိုးကောင်းကင်ထက်၌ စုရုံးရောက်ရှိလာကြသော ကျင့်ကြံသူ ဦးရေမှာ များပြားသထက် များပြားလာပြီး အဆုံးအစ မမြင်နိုင်အောင်ပင် ဖြစ်နေတော့၏။ သိုင်းလောက တစ်ခုလုံးအား ဖုံးလွှမ်းသွားမည့် မည်းမှောင်နေသော တိမ်တိုက်ကြီးများသဖွယ်ပင်။

ဂိုဏ်းပေါင်း (၁၂) ဂိုဏ်းသည် စစ်တပ်ကြီး (၁၂) တပ်အဖြစ် ပုံစံချကာ သီးခြားစီ ခွဲထွက် ရပ်တည်နေကြလေသည်။

စုစုပေါင်း ကျင့်ကြံသူ ဦးရေမှာ တစ်သန်းနီးပါးခန့် ရှိပြီး ထိုအထဲတွင် မူလဝိညာဉ်နယ်ပယ် အဆင့်ရှိသူ (၈၂) ဦး ပါဝင်လေသည်။

လူတိုင်း စိတ်လှုပ်ရှား တက်ကြွနေကြ၏။

ဤကဲ့သို့သော စစ်တပ်ဖွဲ့စည်းပုံမျိုးကို ချူတိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း ကမ္ဘာ၌ မမြင်တွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တော့၏။

နောက်ဆုံးအကြိမ် ဤကဲ့သို့ စုရုံးခဲ့ကြသည်မှာ အဆင့်မြင့်ဂိုဏ်းမှ ဝိညာဉ် နယ်‌မြေ စစ်ပွဲ တစ်ခုအတွက် ဆင့်ခေါ်ခဲ့စဉ်က ဖြစ်လေသည်။ ယခုတစ်ခါတွင်မူ ထိုမြင်ကွင်းကြီးသည် လူငယ်တစ်ယောက်ကြောင့် ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်တော့၏။

အားလုံး၏ အကြည့်များသည် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားပြီး ထူးခြားသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အဖြူရောင် ဝတ်ရုံနှင့် လူငယ်လေးထံသို့သာ ကျရောက်နေကြတော့သည်။

လီလင်ဟယ်နှင့် အခြားသော အခင်းအကျင်း ပညာရှင်များသည် အဆင်သင့် ဖြစ်နေကြပြီဖြစ်၍ ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်ကြလေသည်။ "ဝုန်း" ခနဲ မြည်ဟည်းသော အသံကြီးနှင့်အတူ ကြီးမားလှသော ကမ္ဘာ့လမ်းကြောင်းကြီး တစ်ခုသည် လူတိုင်း၏ မျက်စိ ရှေ့မှောက်တွင် ပေါ်လာတော့၏။

နင်ချီသည် အောက်ဘက်ရှိ လူအုပ်ကြီးကို တည်ငြိမ်သော အကြည့်ဖြင့် ငုံ့ကြည့်လိုက်လေသည်။

"ထွက်ခွာကြစို့…”

အခန်း (၄၉၈) - ကျင့်ကြံသူ တစ်သန်းကို သတ်ဖြတ်ခြင်း

~ကောင်းကင် တာရာ ဂိုဏ်းဝယ်၊

လေထုထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး၊ အလွှာလိုက် ဖြစ်ပေါ်နေသော တိမ်တိုက်များ ကွဲပြယ်သွားကာ၊ နေဝင်ရောင်ခြည်တန်းများသည် အလင်းတန်းများ အဖြစ် စုစည်းသွားလေသည်။

ကျင့်ကြံသူ တိုင်း၏ မျက်လုံးများတွင် လောဘရမ္မက်နှင့် တောင့်တမှုများ ပြည့်နှက်နေပြီး၊ စိတ်အားထက်သန်ကာ စိတ်မရှည်နိုင် ဖြစ်နေကြ၏။

ဤ စစ်ချီခရီးစဉ်သည် ကမ္ဘာငယ် တစ်ခုကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ သာမန် ကမ္ဘာငယ် မဟုတ်ပေ။ ပုံမှန်အားဖြင့် သတိကြီးစွာ ထားသင့်သော်လည်း၊ ယခုအခါ ကျင့်ကြံသူ တစ်သန်း ပါဝင်သော စစ်တပ်ကြီး၊ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် ဒါဇင်ပေါင်းများစွာနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ 'အင်မော်တယ် မျိုးစိတ်' တို့ ရှိနေသဖြင့်၊ အောင်နိုင်မှုသည် သေချာသလောက် ရှိနေပြီ ဖြစ်သည်။

ဤ တိုက်ပွဲသည် သေချာပေါက် နိုင်မည့်ပွဲ ဖြစ်သည်။

များပြားလှသော 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် များသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ တစ်ယောက်ချင်းစီ တိတ်တဆိတ် ကြံစည်နေကြ၏။

အောင်ပွဲခံရန် သေချာနေပြီ ဖြစ်သဖြင့်၊ အရေးအကြီးဆုံး အချက်မှာ အကျိုးအမြတ်များကို မည်သို့ ခွဲဝေယူကြမည်နည်း ဆိုသည့် အချက်ပင်။

မည်သူမျှ နင်ချီ၏ ဝေစုကို မထိပါးရဲကြပါပေ။ မည်မျှ သတ္တိကောင်းသည် ဖြစ်စေ၊ တစ်ခုတည်းသော ရွေးချယ်စရာမှာ အခြား ဂိုဏ်းများ ပိုင်ဆိုင်သည့် အရာများကို လုယူရန် ကြိုးစားခြင်းသာ ဖြစ်သည်။

သူတို့ ဆုံးဖြတ်ချက် ချပြီး၏။ ကမ္ဘာငယ် အတွင်းသို့ ရောက်သည်နှင့် နင်ချီ သဘောကျစေရန် သေချာပေါက် စွမ်းဆောင်ပြရမည်။

နင်ချီသည် လူတိုင်း၏ စိတ်ခံစားမှုများကို သိရှိနေသည်။

သူ့ရင်ထဲတွင် မည်သို့မျှ မဖြစ်ပေ။

သူတို့ကို စောင့်ကြိုနေသည်မှာ ကံကောင်းခြင်း မဟုတ်ဘဲ၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် သေခြင်းတရားသာ ဖြစ်ကြောင်း မည်သူမျှ မျှော်လင့်မထားကြပေ။

ထို့ကြောင့်၊ နင်ချီသည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိပေ။

ဤ ကျင့်ကြံသူများသည် ကမ္ဘာငယ်ကို ဖျက်ဆီးပစ်ရန်အတွက် မည်သည့် တွန့်ဆုတ်မှုမျှ မပြခဲ့ကြပေ။

မမှားပါ...။

အင်မော်တယ် လမ်းစဉ်တွင် ယှဉ်ပြိုင်မှုကို တန်ဖိုးထားကြောင်း နင်ချီ နားလည်သည်။ ဒါက တောတွင်းဥပဒေသ သာ ဖြစ်သည်။ အမှားအမှန် မရှိ၊ လက်သီးကြီးသူ နိုင်စတမ်းသာ။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ် တို့လိုပင်၊ လူက မိစ္ဆာကို သတ်သည်၊ မိစ္ဆာက လူကို စား၏ ... ဒါ စည်းမျဉ်းပင်။

မိစ္ဆာနက်ဂိုဏ်း အစစ်အမှန်သိုင်း ကမ္ဘာကို ကျူးကျော်တုန်းကလိုပါပင်၊ နင်ချီ ဘယ်တုန်းကမှ မညည်းညူခဲ့ပါ။ အကျပ်အတည်းကို ရင်ဆိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်သမျှ နည်းလမ်းပေါင်းစုံနှင့် ကြိုးစားခဲ့သည်သာ။

အခု သူ ပိုစွမ်းအားကြီးလာပြီ ဆိုတော့... လက်ဦးမှု ရယူပြီး တိုက်ခိုက်တာက လုံးဝ ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။

မရေမတွက်နိုင်သော အတွေးများ လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။

ကမ္ဘာ့ လမ်းကြောင်းသည် ကျယ်လောင်စွာ မြည်ဟိန်းသွားပြီး၊ အလင်းရောင်များ လှုပ်ခတ်လာကာ ကျင့်ကြံသူများ၏ ပုံရိပ်များကို လွှမ်းခြုံသွားလေသည်။ ဒီတစ်ခေါက်တွင် 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် အများအပြားသည် သူတို့၏ မူလခန္ဓာကိုယ် အစစ်ဖြင့် ဆင်းသက်ရန် ရွေးချယ်ခဲ့ကြ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊ ကောင်းကင် တာရာ ဂိုဏ်း အထက် ကောင်းကင်ယံသည် တိတ်ဆိတ်သွားပြီး၊ ဂိုဏ်းထဲတွင် ကျန်ရစ်ခဲ့သော စွမ်းအားနိမ့်ပါးသူများသာ ကျန်ရှိတော့သည်။ သူတို့၏ မျက်လုံးများထဲတွင် အားကျမှုများ ပြည့်နှက်နေပြီး၊ မိမိတို့၏ မလုံလောက်သော ကျင့်ကြံခြင်း အဆင့်ကို ညည်းတွားနေကြ၏။

...

အစစ်အမှန်သိုင်း ကမ္ဘာ။

အင်မော်တယ် မြှုပ်နှံရာ စစ်မြေပြင်။

ဤနေရာသည် လွန်ခဲ့သော နှစ်များက မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများနှင့် ကမ္ဘာပျက်မတတ် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ရာ ပင်လယ်ဒေသ ဖြစ်သည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ဖရိုဖရဲ ဝိညာဉ် စွမ်းအင်များ စုဝေးနေပြီး၊ ပတ်ဝန်းကျင် ဒေသများသည် နေထိုင်ရန် မသင့်တော်တော့ဘဲ၊ ဆန်းကြယ်သော ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့သည်။

တဖြည်းဖြည်းနှင့် ဤနေရာသည် တားမြစ်နယ်မြေ တစ်ခု ဖြစ်လာခဲ့သည်။

မှန်၏၊... ကံကောင်းသော တွေ့ဆုံမှုများလည်း ရှိတတ်ကြ၏။

ထိုအချိန်တုန်းက အစွမ်းထက် ပုဂ္ဂိုလ် အများအပြား ကျဆုံးခဲ့သဖြင့်၊ ရတနာ အချို့ သို့မဟုတ် အမွေအနှစ် အချို့ ကျန်ရစ်နေမည်မှာ သေချာသည်။

နှစ်များတစ်လျှောက်၊ အစစ်အမှန်သိုင်း ကမ္ဘာမှ အင်မော်တယ် လမ်းစဉ် ကျွမ်းကျင်သူများသည် ကံတရားကို စမ်းသပ်ရန် ဤနေရာသို့ လာရောက်လေ့ ရှိကြ၏။

သို့သော် ယနေ့တွင်တော့...၊ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုနေရာတွင် ရပ်နေကြပြီး၊ အဆုံးအစမရှိ မြင်ကွင်းထိ ပြန့်ကျဲနေသည်။ သူတို့၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါသည် ပုံမှန် ရှိနေကျ မကောင်းဆိုးဝါး အငွေ့အသက်များကို ဖယ်ရှားပစ်လိုက်ပြီး၊ ကောင်းကင် ပြာလဲ့သွားသကဲ့သို့ပင် ဖြစ်နေသည်။

ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ လော့ဝမ်ထျန်းပင် ဖြစ်သည်။

သူ့၏ မျက်နှာထားမှာ လေးနက်နေပြီး၊ တစ်စုံတစ်ခုကို စောင့်မျှော်နေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တင်းမာနေသော်လည်း စိတ်လှုပ်ရှားနေကြ၏။ လွန်ခဲ့သော လဝက်ခန့်က အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း၏ ဆင့်ခေါ်မှုကြောင့် ဤနေရာတွင် စုဝေးရောက်ရှိနေကြခြင်း ဖြစ်သည်။

ပြင်ပ ကျင့်ကြံသူများ နောက်တစ်ကြိမ် ဆင်းသက်လာတော့မည်...။

အရေအတွက်က တစ်သန်းလောက် ရှိသည်...။

လွန်ခဲ့သော ဆယ်စုနှစ်များက ဆိုလျှင်၊ ဤသတင်းသည် အစစ်အမှန်သိုင်း ကမ္ဘာကို မျှော်လင့်ချက်မဲ့ခြင်း အောက်သို့ တွန်းပို့လိုက်မည် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ၊ ၎င်းသည် ပျော်ရွှင်မှုနှင့် စိတ်အားထက်သန်စွာ စောင့်မျှော်မှုကို သယ်ဆောင်လာခဲ့လေသည်။

ယနေ့အချိန်ထိ အစစ်အမှန်သိုင်း ကမ္ဘာရှိ ကျင့်ကြံသူ အရေအတွက်သည် ဆတိုးကိန်းဖြင့် တိုးတက်လာခဲ့ပြီး၊ 'မှော်စွမ်းအင် နယ်ပယ်' ကျင့်ကြံသူ တစ်သန်းကျော် ရှိနေပြီ ဖြစ်သည်။

'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ၏ ပံ့ပိုးမှုဖြင့် ကောင်းကင်နှင့် မြေကြီး ဝိညာဉ် စွမ်းအင်များသည် နေ့စဉ်နှင့်အမျှ ပိုမို ကြွယ်ဝလာခဲ့သည်။ ယခုအခါ ကျင့်ကြံခြင်းသည် ရှေ့လူများ စိတ်ကူးကြည့်နိုင်သည်ထက် ပိုမို လွယ်ကူလာရ၏။ သာမန် ပါရမီရှင်များပင်လျှင် နှစ် (၂၀) အတွင်း 'မှော်စွမ်းအင် နယ်ပယ်' သို့ ရောက်ရှိနိုင်ခြင်းသည် သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု ဖြစ်လာပြီး၊ ကျင့်ကြံသူ အများစုသည် နယ်မြေများ ပင်လယ် ဘက်မှ ဝိညာဉ် စွမ်းအင်များကို စားသုံးနေကြ၏။

ထို့ကြောင့် အစစ်အမှန်သိုင်း ကမ္ဘာ၏ ကျင့်ကြံသူ လက်ခံနိုင်စွမ်းသည် အလားတူ အဆင့်ရှိသော အခြား ကမ္ဘာများထက် များစွာ သာလွန်နေသည်။

လက်ရှိ အချိန်တွင်…၊

အစစ်အမှန်သိုင်း ကမ္ဘာ၌ 'မှော်စွမ်းအင် နယ်ပယ်' ကျင့်ကြံသူ သန်းချီ နှင့် 'ခရမ်းရောင် နန်းတော် နယ်ပယ်' ကျင့်ကြံသူ တစ်သိန်းခန့် ရှိနေပြီ ဖြစ်သည်။

'မူလဝိညာဉ် နယ်ပယ်' အတွက်တော့ မရှိသေးသော်လည်း၊ အချိန်ကာလ တစ်ခုသာ လိုအပ်သည်။

ပါရမီရှင်များ ပေါများလာခြင်း၊ အင်မော်တယ် လမ်းစဉ်၏ ရွှေခေတ် တစ်ခု ဖြစ်လာခြင်း။

ဒါသည် အစစ်အမှန်သိုင်း ကမ္ဘာ၏ လက်ရှိ အခြေအနေပင် ဖြစ်သည်။

သက်ရှိအားလုံး.. နယ်မြေ အရှင်သခင်ကို ကိုးကွယ်လေးစားကြ၏။

လက်ရှိတွင်...၊

တောင်နှင့် ပင်လယ် နယ်မြေ သို့ ဝင်စားခွင့် နေရာများသည် ပိုမို တန်ဖိုးရှိလာပြီး၊ အဆင့်ဆင့် စစ်ဆေးမှုများ လိုအပ်လာသည်။ ကြီးမားသော အကျိုးပြုမှုများနှင့် ထိပ်တန်း ပါရမီရှင်များသာလျှင် နေရာတစ်နေရာ ရရှိနိုင်ကြ၏။ ထို့ကြောင့် ကျင့်ကြံသူ အများအပြားသည် ယနေ့ ဤနေရာသို့ အဖိုးအခ မည်မျှပေးရပါစေ၊ ရောက်လာကြခြင်း ဖြစ်သည်။

သူတို့ အမဲလိုက်ဖို့ ရောက်လာကြသည်သာ။

သူတို့၏ အင်မော်တယ် လမ်းစဉ် အခြေခံအုတ်မြစ် ချမှတ်နိုင်ရန် ပြင်ပ ကျင့်ကြံသူများ၏ ခေါင်းများကို ရယူဖို့ ရောက်လာကြခြင်းပင်။

အစစ်အမှန်သိုင်း ကမ္ဘာတွင် ကျင့်ကြံခြင်း အရှိန်အဟုန်သည် လျင်မြန်နေပြီ ဖြစ်သည်။

သို့သော် ပါရမီရှင် အများစုကတော့ ပိုမို မြန်ဆန်မှုကို လိုလားကြ၏။

တောင်နှင့် ပင်လယ် နယ်မြေ သို့ သွားရောက်ခြင်းဖြင့်၊ အောင်မြင်မှုများ ပိုမို စုဆောင်းနိုင်မည်၊ 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' မှ အင်မော်တယ် လမ်းစဉ် ဉာဏ်အလင်းများ၊ နတ်ဘုရား နည်းစနစ်များနှင့် နက်နဲသော စွမ်းရည်များကို ပိုမို လဲလှယ်နိုင်မည်၊ ပိုမိုမြင့်မားသော ခွင့်ပြုချက်များကို ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

သားကောင် ဆိုတာ သူတို့ မဟုတ်တော့...၊ တောင်နှင့် ပင်လယ် နယ်မြေ က ကျင့်ကြံသူတွေသာ ဖြစ် လေ၏။

အားလုံး ၏ အကြည့်များ ဝင်းပသွားကြ၏။

ရုတ်တရက်၊ အလယ်ဗဟို ဒေသမှ အံ့သြဖွယ်ရာ လှုပ်ခတ်မှု တစ်ခု ထွက်ပေါ်လာပြီး၊ သွေးလည်ပတ်မှု မြန်ဆန်လာစေသည်။ ဝိညာဉ် စွမ်းအားများ စတင် လည်ပတ်လာပြီး၊ လှုပ်ခတ်မှု ပြင်းထန်လာသည်နှင့်အမျှ မှော် လက်နက်များ တောက်ပလာကာ၊ နောက်ဆုံးတွင် ကြီးမားသော တွန့်လိမ်နေသည့် ဟင်းလင်းပြင် တစ်ခု အဖြစ်သို့ ပြိုကျသွားလေသည်။

လှုပ်ခတ်မှု ငြိမ်သက်သွားသောအခါ၊ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ မှ ကျင့်ကြံသူ တစ်သန်းသည် သူတို့၏ ရှေ့မှောက်တွင် ပေါ်ထွက်လာလေသည်။

"ဒါအကုန်ပဲလား..."

ဒါသည် အစစ်အမှန်သိုင်း ကမ္ဘာ ကျင့်ကြံသူ အများစု၏ အတွေးပင်။

တစ်ယောက်.. တစ်ကောင်တောင် မရနိုင်ပေ...။

...

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ မှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပြီး၊ ကမ္ဘာငယ် ဌာနေသားများ၏ ငိုကြွေးသံများနှင့် မျှော်လင့်ချက်မဲ့ခြင်း မြင်ကွင်းများကို စိတ်ကူးယဉ်နေကြ၏။

သူတို့သည် ကမ္ဘာ့ လမ်းကြောင်း၏ ဖိသိပ်ထားသော ဟင်းလင်းပြင် အလှတရားကို ခံစားကြည့်ရှုနေကြ၏။

စိတ်ကူးယဉ် ခရီးစဉ် တစ်ခု စတင်လိုက်သကဲ့သို့ပင်။

"ဝီ...."

လှုပ်ခတ်မှုများ တဖြည်းဖြည်း ပဲ့တင်ထပ်လာပြီး၊ ကျင့်ကြံသူများ သတိဝင်လာကြ၏။ ကမ္ဘာငယ် ပေါ်သို့ ဆင်းသက်တော့မည်ကို သိလိုက်ကြ၏။

တွန့်လိမ်နေသော ဟင်းလင်းပြင် တည်ငြိမ်သွားသည်။

သူတို့ ပြုံးလိုက်မည် ပြုစဉ်မှာပင်၊ သူတို့၏ မျက်နှာထားများ တဖြည်းဖြည်း တောင့်တင်းသွားကြ၏။

အဝေးတစ်နေရာမှ စွမ်းအားကြီးမားသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ထို ဧရာမ ကျင့်ကြံသူ တပ်မတော်ကြီးက ဘာကြီးလဲ...။

---

All Chapters