← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈) - ဂိုဏ်းချုပ်ကြီး

~'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်'ဆိုတာ ဘာလဲ။

'မူလဝိညာဉ်'သည် ကောင်းကင်နှင့် မြေကြီးနှင့် ပေါင်းစပ်သွားပြီး၊ 'စည်းမျဉ်း စွမ်းအား' တစ်ခုကို နားလည်သဘောပေါက်ကာ၊ သက်တမ်း နှစ်တစ်သိန်း ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဤအဆင့် ရောက်လျှင်... 'ဝိညာဉ်နယ်မြေ' မှာတောင်မှ 'မဟာစွမ်းအားရှင်ဟု ခေါ်ဆိုထိုက်ပါသည်။

ဒါသည် 'မူလဝိညာဉ် နယ်ပယ် နှင့် ကွာဟချက် ကြီးမားသော ခြားနားချက် တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် 'စည်းမျဉ်း စွမ်းအား' သည် ပိုမိုမြင့်မားသော အတိုင်းအတာ ရှိသည့် စွမ်းအား ဖြစ်သောကြောင့် ဖြစ်သည်။ ပါရမီရှင် တစ်ယောက် ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... နယ်ပယ် နိမ့်ကျနေသော နေရာကနေ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကို အနိုင်ယူဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပါ...၊ ဒါက အခြေခံ စွမ်းအား ကွာခြားချက်ပင်။

'စည်းမျဉ်း စွမ်းအား' ကို ပိုင်နိုင်သလား ဆိုတာကတော့... နောက်ထပ် ကိစ္စ တစ်ခု ဖြစ်၏။

'မူလဝိညာဉ်နယ်ပယ်' တွင် ပြိုင်ဘက်ကင်း အဆင့်သို့ ရောက်ရှိနေသည့် နင်ချီ၏ ဝင်စားခန္ဓာကိုယ်ပင်လျှင်... 'ဟင်းလင်းပြင်လမ်းစဉ်နယ်ပယ်' နှင့် ရင်ဆိုင်ရသည့်အခါ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါသည်ဟု မကြွေးကြော်ရဲပေ။

သို့သော်ငြားလည်း...၊

အနည်းဆုံးတော့ သူသည် ပုရွက်ဆိတ် တစ်ကောင်နှယ် လွယ်လွယ်ကူကူ အမှုန့်ကြိတ် ချေမွခံလိုက်ရမည့် အဖြစ်မျိုးနှင့်တော့ ကြုံတွေ့ရမည် မဟုတ်ကြောင်း နင်ချီ အပြည့်အဝ ယုံကြည်ထားလေသည်။

အမှန်စင်စစ်... ဤအချက်က သူ တည်ငြိမ်နေရခြင်း၏ အဓိက အကြောင်းရင်းတော့ မဟုတ်သေးချေ။ ဤနေရာသို့ မလာရောက်မီ ကတည်းက ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည် ဆိုသည်ကို ကြိုတင်တွက်ဆ မျှော်လင့်ထားပြီး ဖြစ်လေသည်။ ထို့ကြောင့်လည်း စိုးစဉ်းမျှ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်နေနိုင်ခြင်း ဖြစ်ပေ၏။

အနက်ရောင် ဝတ်ရုံနှင့် အကြီးအကဲ၏ အကြည့်သည် ဒေါသထွက်နေပြီး၊ ထက်ရှသော ဓားထောင်ချီ ကောင်းကင်ကို ထိုးဖောက်တော့မည့်အလား ရှိနေသည်။ သို့သော် သူ မလှုပ်ရှားရသေးမီမှာပင်၊ ကျယ်လောင်သော အော်ဟစ်သံကြီး တစ်ခု ကောင်းကင်မှ ဆင်းသက်လာလေသည်။

"သရဲအိုကြီး ယဲ့.. ခင်ဗျား အသက်ကြီးလာလေ ပိုပြီး ဆင်ခြင်တုံတရား ကင်းမဲ့လာလေပါလား...၊ မဟာ အကြီးအကဲ တစ်ယောက် ဖြစ်ပြီးတော့... ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ကျင့်ကြံရသေးတဲ့ ဂျူနီယာ တစ်ယောက်ကို အနိုင်ကျင့်နေတာလား..."

တပည့်များ ထိတ်လန့်သွားကြ၏။

ကောင်းကင်ယံတွင် ခရမ်းရောင် နေမင်းကြီး တစ်စင်း ပေါ်လာပြီး၊ ခရမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲ တစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ မဟာ အကြီးအကဲ ဇီယန် မှလွဲ၍ အခြား ဘယ်သူ ဖြစ်နိုင်မည်နည်း။

"မဟာ အကြီးအကဲ ဇီယန် ကို ဂါရဝပြုပါတယ် ခင်ဗျာ..." နင်ချီ စိတ်ထဲတွင် ခပ်ဟဟ ရယ်မောလိုက်ပြီး၊ အနည်းငယ် ဦးညွှတ်လိုက်၏။

ယဲ့ချန် ကို ကျောက်တုံး တစ်တုံးအဖြစ် နင်းပြီး တက်လာမှတော့... အခြေအနေကို ဘယ်လိုလုပ် သေသေချာချာ နားမလည်ဘဲ နေမည်လဲ။

ကျယ်ပြောလှသော အကန့်အသတ်မဲ့ ဓားဂိုဏ်း ကြီးသည် သဘာဝကျကျပင် တစ်သားတည်း စည်းလုံးနေသည် မဟုတ်ပေ။ ထိုအထဲတွင် မိသားစုကြီး နှစ်ခုသည် အထူး ထင်ရှားသည်။ တစ်ခုမှာ နံပါတ်တစ် အစစ်အမှန် အမွေခံ ယဲ့ချန် ၏ 'ယဲ့မိသားစု'ဖြစ်ပြီး၊ နောက်တစ်ခုမှာ နံပါတ်နှစ် အစစ်အမှန် အမွေခံ ကျန်းချင်းရွှယ် ၏ 'ကျန်းမိသားစု' ဖြစ်သည်။ ဤမိသားစုကြီး နှစ်ခုမှ ဂိုဏ်းချုပ် အများအပြား ပေါ်ထွက်ခဲ့ပြီး၊ လက်ရှိတွင် ဂိုဏ်းအတွင်း သြဇာအာဏာ ကြီးမားသော မဟာစွမ်းအားရှင် အနည်းငယ်လည်း ရှိနေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင်...၊

ဤအတိုင်းသာ ဆက်လက် ဖြစ်ပျက်နေမည် ဆိုပါက... ဤမိသားစုကြီး နှစ်ခုထဲမှ ဂိုဏ်းချုပ်အချို့ ထပ်မံ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်... အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီးသည် မိသားစုများကသာ ချယ်လှယ် လွှမ်းမိုးထားသည့် ဂိုဏ်းတစ်ခု အဖြစ်သို့ လုံးလုံးလျားလျား ကျရောက်သွားပေလိမ့်မည်။ ယဲ့မိသားစုပင် ဖြစ်စေ၊ ကျန်းမိသားစုပင် ဖြစ်စေ... မည်သူ့လက်အောက်သို့ ရောက်ရောက် .. ကောင်းသော လက္ခဏာ တစ်ခုတော့ မဟုတ်ချေ။

ဤကဲ့သို့သော အခြေအနေမျိုးကို ဂိုဏ်းမှ မွေးထုတ်ပေးလိုက်သည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက မလိုလားနှစ်သက်ကြပေ။ သူတို့သည် အဆိုပါ မိသားစုကြီး နှစ်ခု၏ လွှမ်းမိုးမှုကို ဆန့်ကျင်လိုကြပြီး... အားပြိုင်မှုများကို ဖန်တီးကာ... မည်သည့် မိသားစု နောက်ခံ အင်အားမှ မရှိသော သာမန် ပါရမီရှင်များကို ဂိုဏ်းသို့ ပိုမို ဆွဲဆောင်လိုကြသည်သာ ဖြစ်၏။

ထို့ကြောင့်ပင်လျှင် အတိတ်ကာလတုန်းက နင်ချီသည် သူ၏ ပြိုင်ဘက်ကင်းသော ပါရမီစွမ်းရည်များကို ထုတ်ဖော်ပြသလိုက်သည့် အခါ၌... မဟာအကြီးအကဲ ဇီယန် တစ်ယောက် အထူးတလည် စိတ်လှုပ်ရှားခဲ့ရခြင်း ဖြစ်ပါသည်။

နင်ချီထံ၌... ဂိုဏ်း၏ ဖွဲ့စည်းပုံများကို ပြန်လည် အသက်သွင်းနိုင်မည့်အပြင်... အာဏာကြီးမားလှသော မိသားစုကြီး နှစ်ခုကိုပါ ပြန်လည် ဖိနှိပ်ထိန်းချုပ်နိုင်မည့် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို သူ မြင်တွေ့ခဲ့ရသောကြောင့်ပင် ဖြစ်လေသည်။

ထို့ကြောင့် နင်ချီ သည် ဤကိစ္စကို သိရှိလိုက်သောအခါ၊ သဘာဝကျကျပင် မဟာ အကြီးအကဲ ဇီယန် ကို ကြိုတင် အကြောင်းကြားထားစေခဲ့သည်။

"ကောင်းတယ်... ကောင်းတယ်..."

မဟာ အကြီးအကဲ ဇီယန် သည် နင်ချီ ကို စစ်ဆေးကြည့်ရှုရင်း ပြုံးလိုက်၏။ ယခင် တိုက်ပွဲကို သူ မြင်တွေ့ခဲ့ရသည်။ (၁၀) နှစ် မပြည့်ခင်မှာတင် နင်ချီ က ယဲ့ချန် ကို ဖိနှိပ်နိုင်ရ၏။ ဒီလို ပါရမီနဲ့ အလားအလာမျိုးက သူ့ မျှော်လင့်ချက်ထက် ကျော်လွန်နေတယ်။

နင်ချီ.. ယဉ်ကျေးစွာ ပြုံးရုံသာ ပြုံးနေလိုက်၏။

အဝေး တစ်နေရာမှာ၊

အနက်ရောင် ဝတ်ရုံနှင့် အကြီးအကဲ... 'သရဲအိုကြီး ယဲ့' သည်လည်း သူ၏ မူလခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလိုက်ပြီး၊ ယဲ့ချန် ၏ ဘေးတွင် ရပ်ကာ ဇီယန် ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်၏။

"သရဲအိုကြီး ဇီယန်...၊ ခင်ဗျား တကယ်ပဲ ဒီကောင်စုတ်လေး ဘက်က ပါချင်တာလား..."

ဇီယန် နောက်လှည့်ကြည့်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်၏။

"ဘက်လိုက်တာ ဟုတ်လား...၊ ခင်ဗျား သရဲအိုကြီး ယဲ့ ကမှ မျက်ကန်း ဘက်လိုက်နေတာ မဟုတ်ဘူးလား...၊ အဲ့ဒါကမှ တကယ့် ဘက်လိုက်မှုလေ...၊ ယဲ့ချန် က ခင်ဗျားတို့ ယဲ့မိသားစုဝင် ဖြစ်နေလို့... စည်းမျဉ်းတွေကို လစ်လျူရှုပြီး တခြား တပည့်တွေကို ထင်သလို ဖိနှိပ်နေတာ မဟုတ်လား...၊ ခင်ဗျားကို မေးပါရစေ... ခင်ဗျား ရင်ထဲမှာ အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိသေးရဲ့လား..."

သူ့၏ အရှိန်အဝါသည် လွှမ်းမိုးထားပြီး၊ စည်းမျဉ်း စွမ်းအား ကြိုးမျှင်များ ဆင်းသက်လာရာ၊ တပည့် အားလုံး အသက်ရှူအောင့်ထားပြီး နှလုံးခုန် မြန်နေကြ၏။ မဟာစွမ်းအားရှင် နှစ်ပါး၏ ထိပ်တိုက် တွေ့ဆုံမှုသည် ဒီနေ့အတွက် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

သရဲအိုကြီး ယဲ့ ခဏတာ မှင်သက်သွားသည်။

"အညစ်အကြေး စကားတွေ မပြောနဲ့... ငါ ယဲ့ချင်းထျန်းက ဓားဂိုဏ်း အပေါ် သေချာပေါက် သစ္စာရှိတယ်...၊ ဒါပေမယ့် ဒီကောင်စုတ်လေးက ဂိုဏ်းတူ အချင်းချင်း ဒီလောက် ရက်စက်ကြမ်းကြုတ်တာ... အပြစ်ပေးကို ပေးရမယ်...၊ တာအို နှလုံးသား ကို ကြေမွအောင် လုပ်တယ်... ဝိညာဉ် ရတနာ တွေကို သိမ်းယူတယ်...၊ ဒီလို လုပ်ရပ်မျိုးက.. မိစ္ဆာ လမ်းစဥ်နဲ့ ဘာကွာခြားလို့လဲ..."

"ဒီနေ့သာ စံနမူနာ မပြခဲ့ရင်... နောင်ကျရင် လူတိုင်း လိုက်လုပ်ကြလိမ့်မယ်...၊ ငါတို့ ဓားဂိုဏ်း ဘယ်လိုလုပ် ကြီးပွားတိုးတက်ပြီး စည်းလုံးနိုင်တော့မလဲ..."

ယဲ့ချင်းထျန်းသည် ဤအချက်ကို အသုံးပြုပြီး ကြီးမားသော စွပ်စွဲချက် တစ်ခု တင်လိုက်ကာ၊ မဲ့ပြုံး ပြုံးလိုက်၏။

"ဝိညာဉ် ဓားတွေကို ယဲ့ချန် ဆီ ပြန်ပေးလိုက်...၊ ပြီးရင် ငါတို့ သက်ညှာပေးမယ်...၊ 'ကောင်းကင် သတ်ဖြတ်ခြင်း ဂူ' ထဲမှာ နှစ် (၅၀) လောက် သီးသန့် ကျင့်ကြံလိုက်ရင် လုံလောက်ပြီ..."

လူတိုင်း၏ မျက်နှာ အရောင် ပြောင်းလဲသွားကြ၏။

'

ကောင်းကင် သတ်ဖြတ်ခြင်း ဂူ' ဆိုတာ နေရာကောင်း မဟုတ်ပါ...၊ 'ကောင်းကင် သတ်ဖြတ်ခြင်း ချီ လေပြင်း'တွေ ပြည့်နှက်နေပြီး... ခန္ဓာကိုယ်နှင့် ဝိညာဉ်တွေကို တိုက်စားပစ်တတ်သည်။ ထိုအထဲမှာ နှစ် (၅၀) လောက် နေရရင်... အသက်ရှင်လျှင်တောင်မှ အကြီးအကျယ် အားနည်းသွားမှာ သေချာသည်။ ဒါက နင်ချီ ရဲ့ အနာဂတ် အလားအလာကို ဖျက်ဆီးဖို့ ကြိုးစားခြင်းပင်...။

နင်ချီ ရဲ့ တိုးတက်မှုက ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ ဖြစ်ခဲ့တာ ဆိုတာ သိရက်နှင့်... အခု နှစ် (၅၀) လောက် အချိန်ဖြုန်းခိုင်းတာ... ရည်ရွယ်ချက်က သိသာထင်ရှားလွန်း၏။

ဇီယန် ဒေါသတကြီး ရယ်မောလိုက်ပြီး၊ သူ့နောက်မှ ခရမ်းရောင် နေမင်းကြီးသည် ရုတ်တရက် အလင်းရောင်များ ပေါက်ကွဲထွက်လာကာ၊ ယဲ့ချင်းထျန်း ကို ဖိနှိပ်လိုက်ပြီး၊ ကောင်းကင် ရွေ့လျားသွားသကဲ့သို့ ဟိန်းဟောက်လိုက်၏။

"သရဲအိုကြီး ယဲ့...မင်းက ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ 'အင်မော်တယ် မျိုးစိတ်' ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား..."

ဒါက သူ့ဒေါသကို ဆွပေးလိုက်သည်ပင်။

ကောင်းကင်နှင့် မြေကြီး ကြားတွင်၊ စည်းမျဉ်း စွမ်းအား ကြိုးမျှင်များ ကျဆင်းလာပြီး၊ တိမ်တိုက်များကို အမျှင်လိုက် ဖြစ်အောင် ခွဲခြားပစ်လိုက်၏။ ဗဟို တောင်ထွတ်များ၏ အခင်းအကျင်းများသည် ထို လှုပ်ခတ်မှုများကို မကာကွယ်နိုင်ပေ။

ဤအခိုက်အတန့်တွင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းရှိ မရေမတွက်နိုင်သော အတွင်းဂိုဏ်း နှင့် ပြင်ပဂိုဏ်း တပည့်များသည် ထို အရပ်မျက်နှာသို့ ထိတ်လန့်တကြား လှမ်းကြည့်လိုက်ကြ၏။

ဇီယန်၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများ ..တဟူးဟူး လွင့်ပျံနေပြီး၊ မျက်လုံးများသည် ဓားများကဲ့သို့ ထက်ရှနေသည်။

"ယဲ့ချန် လေးလောက်ကတော့... ပျက်စီးချင် ပျက်စီးပါစေတော့...၊ အင်မော်တယ် မျိုးစိတ် နဲ့ ယှဉ်လိုက်ရင်... သူက ဘာမှ မဟုတ်ဘူး..."

"သူက အရင် အမှားလုပ်ခဲ့တာကို ထားလိုက်ပါဦး...၊ ဝိညာဉ် ဓား နှစ်လက် ဆိုတာ သူ့အမှား အတွက် လျော်ကြေး အနေနဲ့... ပိုတောင် သင့်တော်သေးတယ်...၊ ငါတို့ ဓားဂိုဏ်း ရဲ့ တပည့်တွေက မုန်တိုင်းဒဏ် မခံနိုင်တဲ့ ပန်းနုရောင် ပန်းပွင့်လေးတွေ မဟုတ်ဘူး...၊ သူ့ရဲ့ တာအို နှလုံးသား က အဲ့ဒီလောက် အလွယ်တကူ ကြေမွသွားတယ် ဆိုရင်... ငါတို့ ဓားဂိုဏ်း ရဲ့ နံပါတ်တစ် အစစ်အမှန် အမွေခံ ဖြစ်လာရတာ သူ့ကံဆိုးမှုပဲ..."

"သရဲအိုကြီး ယဲ့...တိုက်ချင်ရင် လာခဲ့လေ..."

သူ့၏ အရှိန်အဝါသည် ခန့်ညားထည်ဝါနေပြီး၊ မည်သည့် ရန်သူကိုမျှ မကြောက်ဘဲ၊ နင်ချီ ကို ကာကွယ်ပေးရန် ဆုံးဖြတ်ထားသည်။

ယဲ့ချင်းထျန်း ၏ မျက်နှာထား အလွန်အမင်း မည်းမှောင်နေသည်။

"ကောင်းပြီ... အရမ်း ကောင်းတယ်.. ..ဇီယန် ..မင်းက ကျိုးကြောင်းဆီလျော်မှု မရှိမှတော့... ဒီ နှစ်ထောင်ချီ အတွင်းမှာ မင်း..ကယ် တိုးတက်လာရဲ့လား ဆိုတာ ကြည့်ရသေးတာပေါ့..."

လူရှေ့သူရှေ့မှာ ဒီလို စိန်ခေါ်ခံရမှတော့... သူသာ ပြန်မတုံ့ပြန်လျှင်... နောင်အခါ ဘယ်လို မျက်နှာနှင့် ဆက်နေရတော့မည်လဲ။

လူတိုင်း အသက်အောင့်ထားလိုက်ကြ၏။

နင်ချီ၏ မျက်လုံးများထဲတွင်လည်း လေးနက်မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။ အကယ်၍ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' မဟာစွမ်းအားရှင် နှစ်ပါးသာ တိုက်ခိုက်ကြမည် ဆိုပါက၊ အစွမ်းအစသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေရန် လုံလောက်ပေလိမ့်မည်။

သို့သော် သူတို့ ဒီနေ့ တကယ် တိုက်ခိုက်ဖြစ်မှာ မဟုတ်ဘူး ဆိုတာလည်း သူ သိနေပါသည်။

အကယ်၍သာ တိုက်ခိုက်ဖြစ်ခဲ့လျှင်... အကန့်အသတ်မဲ့ ဓားဂိုဏ်း ပြိုကွဲဖို့ နီးစပ်သွားပြီ ဆိုသော အဓိပ္ပာယ် မဟုတ်ပါလော။

အခန်း (၅၀၉) - ဂိုဏ်းချုပ်ကြီး (၂)

~အကန့်အသတ်မဲ့ ဓားဂိုဏ်း တွင် နေထိုင်ခဲ့ရသော နှစ်များမှ အတွေ့အကြုံအရ၊ ဂိုဏ်းတွင်း၌ ပဋိပက္ခများ ရှိသော်လည်း၊ ယေဘုယျအားဖြင့် အထက်သို့ ဦးတည် ရွေ့လျားနေသည်ဟု ဆိုရမည်။

အမှန်တကယ်ပင်၊

ဒီအတွေး ဝင်လာပြီး မကြာခင်မှာပင်။

စွမ်းအားကြီးမားသော အရှိန်အဝါ တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး၊ မဟာစွမ်းအားရှင် နှစ်ပါး၏ ထိပ်တိုက် တွေ့ဆုံမှုကို ရပ်တန့်ပစ်လိုက်လေသည်။

ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။

ဒုတိယ ဂိုဏ်းချုပ် ချန်ဝမ်ဟယ် သည် သိမ်မွေ့ခန့်ညားသော လူလတ်ပိုင်း အမျိုးသား တစ်ဦး၏ နောက်မှ ရိုသေစွာ လိုက်ပါလာလေသည်။ လူတိုင်း ရိုသေစွာ ခေါင်းငုံ့ အရိုအသေပြုလိုက်ကြသည်။

မဟာ အကြီးအကဲ ဇီယန် နှင့် ယဲ့ချင်းထျန်း တို့ပင်လျှင် ယဉ်ကျေးစွာ ဦးညွှတ်လိုက်ကြ၏။

"ဂါရဝပြုပါတယ်... ဂိုဏ်းချုပ်ကြီး..."

ကျန်းပိုင်ချွမ်းသည် ပြုံး၍ လက်ဝှေ့ယမ်းလိုက်ပြီး၊ နူးညံ့စွာ ပြောလိုက်၏။

"မဟာ အကြီးအကဲ နှစ်ယောက်စလုံးက ဓားဂိုဏ်းရဲ့ မဏ္ဍိုင်တွေပါ...၊ ဘာလို့ ရန်ငြိုးဖွဲ့နေကြတာလဲ..."

ထိုနေရာတွင် ရပ်နေသော သူ့၏ အရှိန်အဝါသည် ကောင်းကင်ယံမှ တိမ်တိုက်များကဲ့သို့ ဖမ်းဆုပ်ရခက်ခဲနေလေသည်။ သူသည် တစ်ချိန်က ထိပ်တန်း အစစ်အမှန် အမွေခံ တစ်ဦး ဖြစ်ခဲ့ပြီး၊ ကျန်းမိသားစုမှ ဆင်းသက်လာကာ၊ နောက်ဆုံးတွင် ဂိုဏ်းချုပ် နေရာကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ကျန်းမိသားစု သည် အချိန်ကာလ တစ်ခုအထိ ကြီးမားသော အာဏာကို ရရှိခဲ့ပြီး၊ ယဲ့မိသားစု ကို ဖိနှိပ်ထားနိုင်ခဲ့သည်။

ထို့ကြောင့် ယဲ့မိသားစု သည် ယဲ့ချန် အပေါ် မျှော်လင့်ချက် ထားရှိခဲ့ပြီး၊ ဒီမျိုးဆက်မှာ ယဲ့မိသားစု အတွက် ဂိုဏ်းချုပ် နေရာကို ပြန်လည် ရယူပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၏။

ယဲ့ချင်းထျန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"ဂိုဏ်းချုပ်ကြီး ဆုံးဖြတ်ပေးပါ...၊ နင်ချီ ရဲ့ ဒီလို လုပ်ရပ်မျိုး အတွက် အပြစ်ပေးသင့်သလား..."

ဇီယန် စကားမပြောရသေးမီ၊ ကျန်းပိုင်ချွမ်း သည် နင်ချီ ကို ကြည့်လိုက်ပြီး ဖြစ်သည်။ သူ့မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေပြီး၊ ပြုံး၍ ပြောလိုက်၏။

"မင်းက မဟာ အကြီးအကဲ ဇီယန် သတ်မှတ်ပေးထားတဲ့ 'အင်မော်တယ် မျိုးစိတ်' ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်တာပဲ...၊ တကယ့်ကို ထူးခြားလွန်းတယ်...၊ ငါ့ခေတ်တုန်းက မင်းလောက် မစွမ်းဆောင်နိုင်ခဲ့ဘူး...၊ အချိန်ပေးလိုက်ရင်... မင်းက ဓားဂိုဏ်း ကို အမြင့်သစ်တွေဆီ သေချာပေါက် ပို့ဆောင်ပေးနိုင်လိမ့်မယ်..."

ထိုကဲ့သို့သော ချီးကျူးစကားကို ကြားလိုက်ရသောအခါ၊

ယဲ့ချင်းထျန်း ၏ မျက်နှာ အေးခဲသွားရသည်။ ဇီယန် ပြောမည့် စကားလုံးများလည်း ပြန်လည် ဝင်ရောက်သွားကာ၊ မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်လာလေသည်။ ဘက်လိုက်မှုက အလွန် သိသာထင်ရှားနေလေ၏။

နင်ချီ ရိုသေစွာ ပြောလိုက်၏။

"ဂိုဏ်းချုပ်ကြီး ချီးကျူးလွန်းပါပြီ...၊ ကံကောင်းရုံ သက်သက်ပါ..."

ကျန်းပိုင်ချွမ်း ပြုံး၍ ခေါင်းခါလိုက်ပြီးနောက် ဆက်ပြောလိုက်၏။

"ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့ ငါ့အမြင်ကို ပြောရရင်... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရင် မကောင်းဘူးလား...၊ ဘာပဲပြောပြော... ယဲ့ချန် က အရင် အမှားလုပ်ခဲ့တာပဲ...၊ စိန်ခေါ်မှုတွေ မရှိရင် မကြီးထွားနိုင်ဘူး...၊ ယဲ့ချန် က ထူးကဲတဲ့ ပါရမီရှင် တစ်ယောက်ပါ... နောင်တစ်ချိန် သေချာပေါက် လူကြီးလူကောင်း ဖြစ်လာမှာပါ...၊ ဒီ အတွေ့အကြုံက မကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး...၊ သူတို့အားလုံးက ဂိုဏ်းရဲ့ ပါရမီရှင်တွေပဲ... တစ်နေ့ကျရင် ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ရဦးမှာ...၊ ဒီလို ဖြစ်နေစရာ မလိုပါဘူး..."

သူသည် ဝိညာဉ် ဓား နှစ်လက် အကြောင်း ဘာမှ မပြောခဲ့ပေ။ ချက်ချင်းဆိုသလိုပင် ယဲ့ချင်းထျန်း နှင့် ယဲ့ချန် တို့၏ မျက်နှာထားများ အလွန် အရုပ်ဆိုးသွားကြ၏။

ကျန်းပိုင်ချွမ်း သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း ၏ ဂိုဏ်းချုပ် ဖြစ်သော်လည်း၊ ကျန်းမိသားစုဝင် တစ်ဦးလည်း ဖြစ်သည်။ တရားမျှတမှု အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားသော်လည်း၊ ကျန်းမိသားစု အတွက် အကျိုးရှိမည့် ဘက်ကိုသာ ပိုမို လိုလားသည်မှာ သဘာဝပင်။

ယဲ့မိသားစု ကို ဖိနှိပ်ခြင်းသည် ကျန်းမိသားစု ၏ အကျိုးစီးပွားနှင့် ကိုက်ညီနေသည်မှာ သေချာပြီး၊ ဒါသည် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။ ယဲ့ချန် ၏ ထင်ရှားကျော်ကြားလာမှုသည် ကျန်းမိသားစု ကို အမြဲတမ်း စိုးရိမ်စေခဲ့သည်။

အကယ်၍ ယဲ့ချန် သာ ဂိုဏ်းချုပ် နေရာကို ရယူနိုင်ခဲ့လျှင်၊ ယဲ့မိသားစု သည် သိသိသာသာ ကြီးထွားလာပေလိမ့်မည်။ သို့သော် ယခု နင်ချီ ၏ မမျှော်လင့်ထားသော ထင်ရှားလာမှုက ယဲ့ချန် ကို ဖိနှိပ်လိုက်သဖြင့်၊ ယဲ့မိသားစု ၏ မျှော်လင့်ချက်များ ပျက်ပြားသွားခဲ့ရသည်။

ယဲ့မိသားစု က နေရာယူတာထက်စာလျှင်... ဂိုဏ်းချုပ် ဘက်တော်သားတွေ ထိန်းချုပ်တာကို သူ ပိုလိုလားလေ၏။

မမှားပါ၊... ဂိုဏ်းချုပ် ဘက်တော်သားတွေကိုလည်း အလွန်တော့ သက်တောင့်သက်သာ မဖြစ်စေချင်ပေ။

လူတိုင်း၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲနေကြ၏။

ဇီယန် နှင့် နင်ချီ တို့ကတော့ သဘာဝကျကျပင် ကန့်ကွက်စရာ မရှိပေ။ ဇီယန် က လက်သီးဆုပ်ပြီး ပြုံးလိုက်၏။

"ဂိုဏ်းချုပ်ကြီး ရဲ့ ညွှန်ကြားချက်ကို နာခံပါ့မယ်..."

ယဲ့ချန် သည် နောက်ဆုံးတွင် သူ့စိတ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီး၊ ရှေ့သို့ မတိုးဘဲ မနေနိုင်တော့ပေ။

"ဂိုဏ်းချုပ်ကြီး...၊ ဒီကိစ္စ ဖြစ်လာရတာက... ကျွန်တော်တို့ ဓားဂိုဏ်းရဲ့ အစစ်အမှန် အမွေခံ ဂျူနီယာညီလေး ဝေဖုန်းကို နင်ချီ သတ်လိုက်လို့ပါ...၊ ကျွန်တော်က နာကျင်လွန်းလို့ လုပ်မိတာပါ...၊ ကျွန်တော်တို့ ဂိုဏ်း စည်းမျဉ်း အရ... ပဋိပက္ခ ဖြစ်တာ ခွင့်ပြုပေမယ့်... အစစ်အမှန် အမွေခံ အချင်းချင်း သတ်ဖြတ်တာကို တားမြစ်ထားပါတယ်...၊ ချိုးဖောက်ရင် ဝိညာဉ် ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်တာ ဖြစ်ဖြစ်... မူလဝိညာဉ် ကို ဖျက်ဆီးပစ်တာ ဖြစ်ဖြစ် လုပ်ရပါမယ်..."

သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တိုးညှင်းစွာ ဟိန်းဟောက်လိုက်၏။ နင်ချီ ကို ကြည့်သော သူ့အကြည့်များတွင် မုန်းတီးမှုနှင့် ကြောက်ရွံ့မှုများ ရောထွေးနေပြီး၊ ကျန်းချင်းရွှယ်ကိုပါ အတိအလင်း ဆွဲထည့်လိုက်လေသည်။

"ကျွန်တော် 'ကောင်းကင် တာအို' ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်...၊ ဒါ အမှန်တရားပါ...၊ ပြီးတော့ ဂျူနီယာညီမလေး ကျန်းချင်းရွှယ် လည်း တစ်ခုခု သိနေလောက်တယ်...၊ ဘာလို့လဲဆိုတော့ ဂျူနီယာညီလေး ကျန်းရွှမ် လည်း နင်ချီ လက်ချက်နဲ့ သေဆုံးခဲ့ရလို့ပါ..."

စကားသံ ဆုံးသည်နှင့်၊ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အစစ်အမှန် အမွေခံ အချင်းချင်း သတ်ဖြတ်ခြင်းကို တားမြစ်သော စည်းမျဉ်းသည် ချိုးဖောက်၍ မရသော ဥပဒေ ဖြစ်သည်။

သီးသန့် ဖြေရှင်းလျှင် တစ်မျိုး ဖြစ်သော်လည်း၊ လူသိရှင်ကြား ဖြစ်လာလျှင် အလေးအနက်ထား ကိုင်တွယ်ရမည်။ သို့မဟုတ်ပါက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီး ဂိုဏ်းပျက်စီးမည့် နေ့ မဝေးတော့ပေ။

ကျန်းချင်းရွှယ် ၏ ဦးရေပြားများ ထုံကျင်သွားပြီး၊ သူမကိုပါ ရေထဲ ဆွဲချသွားသော ယဲ့ချန် ကို စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

ကျန်းပိုင်ချွမ်း နှင့် အခြား မဟာစွမ်းအားရှင် များ၏ အကြည့်များကို မြင်လိုက်ရသောအခါ၊ သူမ လိမ်မပြောရဲတော့ဘဲ တိုးညှင်း ဝေဝါးသော အသံဖြင့် ပြောလိုက်ရသည်။

"ကျွန်မနဲ့ ဂျူနီယာညီလေး ကျန်းရွှမ် နဲ့က ရင်းနှီးပါတယ်...၊ သူက သူ့ရဲ့ 'ဝိညာဉ် မီးအိမ်' ကို ကျွန်မဆီ အပ်နှံပြီး... ဓာတ်ကြီးငါးပါး တောင်ထွတ် ထဲ ဝင်သွားတာပါ...၊ လွန်ခဲ့တဲ့ အချိန်က... ဂျူနီယာညီလေး ကျန်းရွှမ် ရဲ့ ဝိညာဉ် မီးအိမ်.. ငြိမ်းသွားပါတယ်..."

လူတိုင်း ချက်ချင်း နားလည်သွားကြ၏။

ဒါက ကျန်းရွှမ် ကို.. ဓာတ်ကြီးငါးပါး တောင်ထွတ် ထဲ ထည့်ပေးလိုက်တာပဲ မဟုတ်လား။

ဒီလိုကိစ္စမျိုးက အပေါ်ယံ ကြည့်ရင် မကောင်းဘူး ဆိုတော့... ကျန်းချင်းရွှယ် က ပုံစံပြောင်း ပြောလိုက်ခြင်းပင်...။

သို့သော် ၊ ဒီမှာ ရှိနေသည့် အတွေ့အကြုံ ရင့်ကျက်သော မဟာစွမ်းအားရှင် တွေက ဒီ လှည့်ကွက်လေးတွေကို ဘယ်လိုလုပ် မမြင်ဘဲ နေမည်လဲ။

မဟာစွမ်းအားရှင် များ၏ အကြည့်များသည် နင်ချီ ဆီသို့ ရောက်ရှိသွားကြ၏။

"ဒါ အမှန်ပဲလား..."

ဖိအားများ ချက်ချင်း မြင့်တက်လာပြီး၊ နင်ချီ နောက်မှ ဓာတ်ကြီးငါးပါး တောင်ထွတ် တပည့်များ အားလုံး အလွန်အမင်း စိတ်ပူနေကြ၏။

သို့သော် နင်ချီ ကတော့ အဖြေကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ဂိုဏ်းချုပ်ကြီး နဲ့ မဟာ အကြီးအကဲ များ ခင်ဗျာ...၊ တပည့် က မတော်တဆ ကံကောင်းမှု တစ်ခု ရရှိခဲ့ပြီး... ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ မှာ ဉာဏ်ရည် ဖွံ့ဖြိုးစ ပြုနေတဲ့ ကမ္ဘာငယ် တစ်ခု ပေါ်လာတာကို သိခဲ့ရပါတယ်...၊ ဒါကြောင့် ဓာတ်ကြီးငါးပါး တောင်ထွတ် က တပည့်တွေကို ခေါ်ဆောင်သွားခဲ့တာပါ...၊ မထင်မှတ်ဘဲ... အဲ့ဒီ ကမ္ဘာငယ် က ထူးဆန်းနေပြီး... ဌာနေသား အများအပြားက 'မူလဝိညာဉ် နယ်ပယ်' စွမ်းအားကို ထုတ်သုံးနိုင်စွမ်း ရှိနေကြပါတယ်..."

"ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး သိမ်းပိုက်ခဲ့ပေမယ့်... ဂျူနီယာညီလေး ဝေဖုန်း နဲ့ ဂျူနီယာညီလေး ကျန်းရွှမ် တို့ကတော့ ကံဆိုးစွာ ကျဆုံးသွားခဲ့ရပါတယ်..."

"ကျွန်တော်က ဂိုဏ်းတူ အချင်းချင်း ဘယ်တော့မှ သတ်ဖြတ်ရဲမှာ မဟုတ်ပါဘူး...၊ ဂိုဏ်းချုပ်ကြီး ရှင်းလင်းစွာ ဆုံးဖြတ်ပေးပါ ခင်ဗျာ..."

လူတိုင်း၏ မျက်နှာထားများ ပိုမို အံ့အားသင့်သွားကြ၏။

'မူလဝိညာဉ် နယ်ပယ်' စွမ်းအား ပါဝင်သော ကမ္ဘာငယ် တစ်ခု ဆိုတာ... ယုံနိုင်စရာ မရှိလောက်အောင် ရှားပါးသည်။

ယဲ့ချန် ဒေါသထွက်သွားရ၏။

"နင်ချီ...၊ မင်း တော်တော် သတ္တိကောင်းတာပဲ...၊ ဂိုဏ်းချုပ်ကြီး ကိုတောင် လိမ်ရဲတယ် ပေါ့လေ... ဘာလို့ ဓာတ်ကြီးငါးပါး တောင်ထွတ် က တပည့်တွေ အများကြီး အသက်ရှင်ပြီး... ဂျူနီယာညီလေး ဝေဖုန်း နဲ့ ဂျူနီယာညီလေး ကျန်းရွှမ် တို့ကျမှ သေရတာလဲ...၊ ပြီးတော့... ငါ သိသလောက် ဆိုရင်... မင်းနဲ့အတူ လိုက်သွားတဲ့ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ က (၁၂) ဂိုဏ်း ကျင့်ကြံသူတွေ အကုန်လုံး သုတ်သင်ခံလိုက်ရတယ် ဆို..."

သူ အေးစက်စွာ မဲ့ပြုံး ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။

"မင်းရဲ့ ပြစ်မှုတွေကို ဖုံးကွယ်ဖို့ တမင်တကာ တစ်ခုခု ဖုံးကွယ်ထားတာ မဟုတ်လား..."

မဟာစွမ်းအားရှင် များ၏ အကြည့်များတွင် စုံစမ်းစစ်ဆေးလိုစိတ်များ ပိုမို ပါဝင်လာပြီး၊ အချို့ အကြည့်များတွင် စိတ်ဝင်စားမှုများ မြင့်တက်လာသည်။

ဒီ ကမ္ဘာငယ် က တကယ်ပဲ ထူးဆန်းနေသည်...၊ နင်ချီ ကို ကျင့်ကြံသူ အများကြီး သတ်ပစ်လောက်အောင် တွန်းပို့နိုင်သည် ဆိုတော့...၊ အထဲမှာ ထူးခြားသော အခွင့်အရေး တစ်ခု ရှိနေလောက်တယ်...၊ 'ပေါင်းစည်းခြင်း နယ်ပယ်' စွမ်းအား ရရှိနိုင်လောက်သည့် အခွင့်အရေးမျိုး...၊ ဖြစ်နိုင်ရင် 'သဟဇာတဖြစ်ခြင်း နယ်ပယ်' အား တိုက်ရိုက် ရောက်ရှိသွားနိုင်သော အရာမျိုးတောင် ဖြစ်နိုင်သည်...

ထို့ထက် ပိုသော အရာတွေကိုတော့ သူတို့ မတွေးရဲကြပါ...၊ ဘာပဲပြောပြော ကမ္ဘာငယ်လေး တစ်ခုသာလေ။

သို့တိုင်၊ ယခုလောက်နှင့်တင် သူတို့ကို ဆွဲဆောင်ဖို့ လုံလောက်နေလေ၏။

ကျန်းပိုင်ချွမ်း သာ မရှိရင်... မေးခွန်းထုတ်မှုတွေ စတင်နေလောက်ပြီ ဖြစ်၏။

ဇီယန်.. စိတ်ဓာတ် ကျဆင်းသွားပြီး၊ စုံစမ်းလိုသော အကြည့်များမှ နင်ချီ့ကို တိတ်တဆိတ် ကာကွယ်ပေးလိုက်၏။

ကျန်းပိုင်ချွမ်း ၏ အကြည့်သည် တည်ငြိမ်နေသော်လည်း ကြီးမားသော အာဏာစက် ပါဝင်နေသည်။

"နင်ချီ...၊ မင်း ဘယ်လို ရှင်းပြမလဲ..."

ထိုအခါ၊ နင်ချီက အနည်းငယ် ဦးညွှတ်လိုက်၏။

"ဂိုဏ်းချုပ်ကြီး... ကြည့်ရှုပေးပါ..."

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အဖြူရောင် 'နက်ရှိုင်းသော သလင်းကျောက်' တစ်ခု ပျံထွက်လာသည်။ ဒါသည် 'အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက်'ဖြစ်ပြီး၊ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားနိုင်ကာ၊ မဟာစွမ်းအားရှင် များပင်လျှင် အတွင်းရှိ အကြောင်းအရာများကို ပြုပြင်ပြောင်းလဲ၍ မရနိုင်ပေ။

ယဲ့ချန်၏ မျက်နှာ အရောင် ပြောင်းလဲသွားပြီးနောက်၊ ကြီးမားသော စစ်ပွဲ မြင်ကွင်း တစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရလေသည်။

ပုံရိပ်များ ထဲတွင်..၊ နင်ချီသည် ရှေ့ဆုံးမှ ဦးဆောင် တိုက်ခိုက်နေပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့် အားလုံးသည် သူ့ဘေးမှ လိုက်ပါနေကြ၏။ သူတို့၏ နောက်တွင် 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် အများအပြားနှင့် (၁၂) ဂိုဏ်းမှ ကျင့်ကြံသူ တစ်သိန်းတို့ ပါဝင်သည်။

သို့သော် ဆန့်ကျင်ဘက် ရန်သူများမှာလည်း ထပ်တူထပ်မျှ ကြောက်မက်ဖွယ် ကောင်းနေသည်။ တစ်ယောက်ချင်းစီတွင် စွမ်းအားကြီးမားသော အရှိန်အဝါများ ရှိကြပြီး၊ သာမန် ကမ္ဘာငယ် ဌာနေသားများနှင့် မတူဘဲ၊ အမည်မသိ စွမ်းအားများ ကိန်းအောင်းနေကာ၊ အနက်ရောင် အငွေ့အသက်များ ထုတ်လွှတ်နေပြီး မိစ္ဆာများနှင့် တူနေသည်။

ထိုနေရာရှိ လူတိုင်း အနည်းငယ် လန့်ဖျပ်သွားကြ၏။

မဟာစွမ်းအားရှင် များပင်လျှင် သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ် အရိပ်အယောင်များ ပေါ်လာပြီး၊ တူညီသော မျိုးနွယ်စု ရှိမရှိ ခေါင်းထဲတွင် အသည်းအသန် ရှာဖွေနေကြ၏။

နင်ချီ စိတ်ထဲတွင် ခပ်ဟဟ ရယ်မောလိုက်၏။

ဒါကတော့ သေချာတာပေါ့... သူ ကြိုတင် ပြင်ဆင်ထားခဲ့တဲ့ အရာလေ။ 'နယ်မြေ အရှင်သခင် ပြီးပြည့်စုံခြင်း အဆင့်' ရောက်နေပြီ ဆိုတော့... ဒီလို စစ်ပွဲ မြင်ကွင်းမျိုး ပြန်လည် ဖန်တီးဖို့ ဆိုတာ လွယ်ကူလွန်းပါသည်...၊ 'နယ်ပယ် စွမ်းအား'အား ရိုးရိုးရှင်းရှင်း ထုတ်ပြလိုက်ရုံပါပင်။

ပုံရိပ်ယောင် ထဲတွင်...၊ တောင်နှင့် ပင်လယ် နယ်မြေ ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးနေကြသလို၊ ကမ္ဘာငယ် ဌာနေသားများလည်း ကျဆုံးနေကြ၏။

ရုတ်တရက်၊ ပြင်းထန်သော ထိပ်တိုက် တွေ့ဆုံမှု တစ်ခု ဖြစ်ပွားလာသည်။

ခါးသီးသော တိုက်ပွဲ တစ်ခု ပေါ်ပေါက်လာပြီး၊ နင်ချီသည် ဓားဂိုဏ်း တပည့် အများအပြားကို ကာကွယ်ရန် ကြိုးစားနေသည်။ သို့သော်ငြားလည်း... ဝေဖုန်း နှင့် ကျန်းရွှမ် တို့သည် အခြား ဓားဂိုဏ်း တပည့် အနည်းငယ်နှင့် အတူ ရိုက်ချခံလိုက်ရ၏။

သဘာဝကျကျပင်... ထို တပည့်များသည် ရန်သူ့ ဒီရေလှိုင်းကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး၊ ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲသွားကြလေသည်။

နင်ချီ လေးနက်စွာ အနည်းငယ် ဦးညွှတ်လိုက်၏။

"ဒါက ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားပါပဲ ခင်ဗျာ...၊ ဂျူနီယာညီလေး ဝေဖုန်း နဲ့ ဂျူနီယာညီလေး ကျန်းရွှမ် တို့ သေဆုံးသွားရတဲ့ အတွက်... ကျွန်တော် တကယ်ပဲ နှလုံးကွဲမတတ် ခံစားရပါတယ်…”

အခန်း (၅၁၀) - နက်နဲသော အမှန်တရား ..လျှို့ဝှက်နယ်မြေ

~'အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက်' မှ ပြသနေသော မြင်ကွင်းများကို မြင်တွေ့လိုက်ရသောအခါ၊ လူအများ၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲသွားကြ၏။

နင်ချီ၏ စကားများကို ကြားလိုက်ရချိန်တွင်၊ သူတို့၏ စိတ်နှလုံးများသည် ကြည်လင်သော ကြေးမုံပြင်ကဲ့သို့ ရှင်းလင်းသွားကြ၏။

ဓားဂိုဏ်း တပည့် ရာပေါင်းများစွာကို သူ ကာကွယ်ပေးနိုင်ခဲ့ပေမယ့်... 'မူလဝိညာဉ် နယ်ပယ်' အဆင့်ရှိတဲ့ ဝေဖုန်း နဲ့ ကျန်းရွှမ် တို့ကိုကျမှ မကာကွယ်နိုင်ဘူး တဲ့လား...။

နင်ချီက အားနည်းချက် တစ်ခုကို တမင်တကာ ထုတ်ပြလိုက်တာ သိသာလွန်းနေသည်။

ဝေဖုန်း နဲ့ ကျန်းရွှမ် ဟာ ယဲ့ချန် နဲ့ ကျန်းချင်းရွှယ် တို့ စေလွှတ်လိုက်တဲ့ သူလျှိုတွေ ဖြစ်မှန်း နင်ချီ သိပြီးသား ဖြစ်ဖို့ များသည်...၊ ဒါကြောင့် သူတို့ကို ဖော်ထုတ်လိုက်တာ ဖြစ်လိမ့်မည်။

သို့သော်၊ ဘယ်သူကမှ အပြစ်ရှာ၍ မရပေ။

..ဝေဖုန်း နဲ့ ကျန်းရွှမ် ကို နင်ချီ သတ်တာလား...။

မဟုတ်ဘူး။

ဒါဆိုရင် လုံလောက်ပြီ။..

မဟာစွမ်းအားရှင် များသည် အစစ်အမှန် တပည့်များကြားရှိ ပေါ်ပေါ်ထင်ထင် တိုက်ပွဲများနှင့် တိတ်တဆိတ် တိုက်ပွဲများကို ကောင်းစွာ ရင်းနှီးကြ၏။ သူတို့ကိုယ်တိုင်လည်း ဒီလို နည်းလမ်းတွေနှင့် တက်လှမ်းလာခဲ့ကြခြင်းပါ...၊

အတိတ်တုန်းက သူတို့လက်ချက်နှင့် ပြိုင်ဘက်တွေ အများကြီး ကျဆုံးခဲ့ဖူးသည်ပင်။ အင်မော်တယ် လမ်းစဉ် ဆိုတာ ယှဉ်ပြိုင်မှုကို တန်ဖိုးထား၏...၊ တိုက်ပွဲ မရှိလျှင် ဘယ်လိုလုပ် တိုးတက်မှု ရှိနိုင်မည်လဲ။

ယဲ့ချန်၏ မျက်နှာထား မည်းမှောင်နေသည်။ နင်ချီတွင် ယခုလို.. လှည့်ကွက်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ သူ မကျေမနပ် ဟိန်းဟောက်လိုက်၏။

"ဂိုဏ်းချုပ်ကြီး ရှင်းရှင်းလင်းလင်း မြင်ပေးပါ...၊ နင်ချီ က မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားရှိပြီး... ကျွန်တော်တို့ ဓားဂိုဏ်း အစစ်အမှန် အမွေခံ တွေကို တမင်တကာ အန္တရာယ် ပေးခဲ့တာပါ...၊ သူ့မှာ မသိနိုင်တဲ့ နောက်ခံတွေ ရှိကောင်း ရှိနိုင်ပါတယ်...၊ ကျွန်တော့် အမြင်ကတော့... အခြေခံ အမှန်တရားကို သိနိုင်ဖို့ သူ့ရဲ့ 'ဝိညာဉ် စွမ်းအင်'ကို ရှာဖွေ စစ်ဆေးသင့်ပါတယ်..."

ကျန်းပိုင်ချွမ်း သည် သူ့ကို အရေးမလုပ်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ရာ၊ ယဲ့ချန် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာ ဖြူဖျော့သွားလေသည်။

သူ့လို တပည့်တစ်ယောက်က... ဂုဏ်သရေရှိ ဂိုဏ်းချုပ်ကြီး တစ်ယောက်ကို ဘာလုပ်ပါ လို့ သင်ကြားပေးဖို့ နေရာ ရှိလို့လား။

ယဲ့ချင်းထျန်း သည် ယဲ့ချန် ကို ချက်ချင်း ကာကွယ်လိုက်ပြီး ရိုသေစွာ ပြောလိုက်၏။

"ယဲ့ချန် စကားမှားသွားပါတယ်...၊ ဂိုဏ်းချုပ်ကြီး ခွင့်လွှတ်ပေးပါ...၊ ဒါပေမယ့် ယဲ့ချန် ပြောတာလည်း အမှန်တရား တချို့ ပါဝင်နေပါတယ်...၊ ဒီ 'အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက်' က နင်ချီ ပေးတာပါ...၊ မဟာစွမ်းအားရှင် တွေက သူ့ရဲ့ အကြောင်းအရာကို မပြောင်းလဲနိုင်ဘူး ဆိုပေမယ့်... တခြား နည်းလမ်းတွေ ရှိနိုင်ပါသေးတယ်...၊ ဂိုဏ်းချုပ်ကြီး သေသေချာချာ စဉ်းစားပေးပါ ခင်ဗျာ..."

ကျန်းပိုင်ချွမ်း၏ မျက်လုံးများ အရောင်တောက်ပသွားသည်။

မဟာ အကြီးအကဲ ဇီယန် ချက်ချင်း ဒေါသထွက်သွားသည်။

"သရဲအိုကြီး ယဲ့...၊ နင်ချီ က ပေါင်းစည်းခြင်း နယ်ပယ်..မဟာစွမ်းအားရှင်ကြီး၊ ဒါမှမဟုတ် 'သဟဇာတဖြစ်ခြင်း နယ်ပယ် ဘိုးဘေး တစ်ပါးပါးကို ရှာတွေ့ပြီး... 'အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက်' အတု လုပ်ခိုင်းတယ်လို့ မင်း.. ပြောချင်တာလား..."

မဟာ အကြီးအကဲ ဇီယန်.. ဒေါသတကြီး ရယ်မောလိုက်၏။

ပေ့ရွှမ် နယ်မြေ တစ်ခုလုံးမှာ... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း မှာပဲ 'ပေါင်းစည်းခြင်း နယ်ပယ်' ရှိသည်...။ ရှေးကျသော အကန့်အသတ်မဲ့ ဓားဂိုဏ်း မှာတောင် ဒီလို မဟာစွမ်းအားရှင်ကြီးတွေ မရှိပါချေ...။

အကယ်၍ နင်ချီ့ နောက်ကွယ်မှာ ထိုသို့သော အစွမ်းထက် ပုဂ္ဂိုလ်တွေ ရှိနေလျှင်...ဘာအဓိပ္ပာယ် ရှိမည်လဲ။

မဟာစွမ်းအားရှင် များနှင့် အစစ်အမှန် တပည့် အများစု ..ညင်သာစွာ ခေါင်းညိတ်လိုက်ကြ၏။

ယဲ့ချင်းထျန်း လည်း ခဏ တွေသွားပြီး ရေရွတ်လိုက်၏။

"ဘာမဆို ဖြစ်နိုင်ပါတယ်...၊ လိပ်ပြာသန့်ရင် လေလွင့်တာ မကြောက်ပါဘူး...၊ 'အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက်' အပြင်... အတည်ပြုနိုင်မယ့် တခြား နည်းလမ်းတွေ ရှိပါသေးတယ်..."

သူ ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး၊ သူ့အကြည့်သည် နင်ချီ၏ နောက်ရှိ ဓာတ်ကြီးငါးပါး တောင်ထွတ် တပည့် အများအပြား ပေါ်သို့ ကျရောက်သွားသည်။

အဲ့ဒီနေ့က အသက်ရှင် ကျန်ရစ်သူတွေ အများကြီး ရှိတာပဲ...။ တစ်ခါတလေကျရင်... မှတ်ဉာဏ်တွေက ဘာနဲ့မှ မတူအောင် ယုံကြည်စိတ်ချရတယ်။

နင်ချီ၏ မျက်နှာထား မသိမသာ ပြောင်းလဲသွားသည်ကို မြင်သောအခါ၊ ယဲ့ချင်းထျန်း ၏ ယုံကြည်မှု ပိုမို ခိုင်မာသွားသည်။

လူအုပ်ကြီး လျင်မြန်စွာ သဘောပေါက်သွားကြ၏။

အမှန်တရားကို သိချင်ရင်... တပည့် တစ်ယောက်ယောက်ရဲ့ ဝိညာဉ်ကို ရှာဖွေ စစ်ဆေးလိုက်ရုံပင်။

မဟာစွမ်းအားရှင် အချို့က မကန့်ကွက်သည့်အပြင် အနည်းငယ်ပင် သဘောတူကြ၏။ အဘယ်ကြောင့်ဆိုသော် နင်ချီ တိုက်ခိုက်ခဲ့သော ကမ္ဘာငယ် အကြောင်း သူတို့ စူးစမ်းချင်ကြပြီး၊ အတွင်းထဲတွင် ဘာလျှို့ဝှက်ချက်တွေ ရှိနေသလဲ ဆိုတာ သိချင်ကြ၏။

မဟာ အကြီးအကဲ ဇီယန် ၏ မျက်နှာတွင် မကျေနပ်မှုများ ပေါ်လာသည်။ သူ စကားပြောချင်သော်လည်း နောက်ဆုံးတွင် ထိန်းသိမ်းလိုက်၏။

နောက်ဆုံးတွင်၊ နင်ချီ ပြောလိုက်၏။

"မဟာ အကြီးအကဲ ယဲ့...၊ ဒီအမိန့်ကို ကျွန်တော် ခက်ခက်ခဲခဲ ငြင်းပယ်ပါရစေ... ဓာတ်ကြီးငါးပါး တောင်ထွတ် က ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေ အများကြီး..ကျွန်တော့် နောက်လိုက်ဖို့ ဆန္ဒရှိကြပါတယ်...၊ ဝိညာဉ် ရှာဖွေ စစ်ဆေးတာ ခံရပြီး အလဟဿ ဖြစ်သွားမယ့် အဖြစ်မျိုး ကျွန်တော် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ..."

သူ့မျက်နှာပေါ်တွင် ဒေါသများ ထင်ရှားနေသည်။

သို့သော် ယဲ့ချင်းထျန်း ၏ မျက်လုံးထဲတွင်မူ... ဒါသည် လိပ်ပြာမသန့်သော လက္ခဏာပင်။

"ဟဲဟဲ...၊ ဒါဆိုရင် သူတို့ အစား မင်း အစစ်ဆေး ခံလိုက်လေ..."

နင်ချီ မယိမ်းမယိုင် ရပ်နေသည်။

"ဒါဆိုရင်... မဟာ အကြီးအကဲ ကိုယ်တိုင် အရေးယူပေးပါ..."

လူတိုင်း၏ မျက်လုံးများတွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြ၏။ အထူးသဖြင့် ထို အစစ်အမှန် တပည့်များသည် နင်ချီအပေါ် ပိုမို လေးစားအားကျလာကြ၏။

သူ့နောက်လိုက်တွေ အတွက် မဟာစွမ်းအားရှင် တွေကို ဘယ်လို ရင်ဆိုင်နေသလဲ ဆိုတာ မြင်လိုက်ရတော့... နောက်လိုက်တွေကို ခွေးလို ဆက်ဆံတဲ့ ယဲ့ချန် နှင့် လုံးဝ ကွာခြားနေတာ တွေ့လိုက်ရသည်။ ဒီလို လူမျိုးက နောက်လိုက်ဖို့ ပိုတန်ဖိုးရှိတာ ရှင်းနေသည်ပဲ။

ဓာတ်ကြီးငါးပါး တောင်ထွတ် တပည့် အများအပြား. ကျေးဇူးတင်မှုနှင့် လေးစားမှုများကို ပြသလိုက်ကြ၏။

လေထုသည် အနည်းငယ် ထူးဆန်းနေသည်။

ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"နင်ချီ...၊ ဂိုဏ်းချုပ်ကြီး ဆီမှာ 'မူလဝိညာဉ်' မှတ်ဉာဏ်တွေကို ကြည့်ရှုနိုင်တဲ့ ထိုက်ယင် ဝိညာဉ် ထွန်းလင်းခြင်း နည်းစနစ် ဆိုတဲ့ နတ်ဘုရား နည်းစနစ် တစ်ခု ရှိတယ်...၊ 'မူလဝိညာဉ် နယ်ပယ်' စွမ်းအား ရှိတဲ့သူတွေ အတွက်ဆိုရင် ဘာအန္တရာယ်မှ မရှိဘူး...၊ လအနည်းငယ်လောက် အားနည်းသွားရုံပဲ ရှိမယ်...၊ မင်းရဲ့ နောက်လိုက်တွေကို စမ်းသပ်ကြည့်ခွင့် ပေးမလား..."

ယဲ့ချင်းထျန်း ချက်ချင်း မခိုးမခန့် ပြုံးလိုက်၏။

ကျန်းပိုင်ချွမ်း မှာ ဒီလို နည်းစနစ် ရှိမှန်း သူ ယခင်ကတည်းက သိပြီးသား...၊ သူက တမင်တကာ တစ်ဆင့်ပြီး တစ်ဆင့် တွန်းပို့နေသည်သာ။

နင်ချီ စကားမပြောရသေးမီ။

ချင်မင်ဟောက် ရှေ့သို့ တိုးထွက်လာပြီး ပြန်ဖြေလိုက်၏။

"ဂိုဏ်းချုပ်ကြီး ကို လျှောက်တင်ပါတယ်...၊ စီနီယာအစ်ကို နင် ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့... တပည့် စမ်းသပ်ခံဖို့ ဆန္ဒရှိပါတယ် ခင်ဗျာ..."

သူသည် ကြီးမားသော မတရားမှုကို ကိုယ်တိုင် ခံစားနေရသကဲ့သို့ သိသိသာသာ စိတ်လှုပ်ရှားနေသည်။

အခြား အစစ်အမှန် တပည့် အများအပြားလည်း တညီတညွတ်တည်း မတ်တပ်ရပ်လိုက်ကြ၏။

"တပည့် လည်း စမ်းသပ်ခံဖို့ ဆန္ဒရှိပါတယ်...၊ စီနီယာအစ်ကို နင် ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့... ဂိုဏ်းချုပ်ကြီး ကို တပည့်တို့ရဲ့ ဝိညာဉ် စွမ်းအင်ကို ရှာဖွေ စစ်ဆေးခွင့် ပေးပါ ခင်ဗျာ..."

ကြည့်ရှုသူ အားလုံး အံ့အားသင့်သွားကြ၏။

မိမိ၏ ဝိညာဉ်အား ရှာဖွေစစ်ဆေးခွင့် ပြုလိုက်ခြင်းသည် သေးငယ်သော ကိစ္စရပ် တစ်ခု မဟုတ်ချေ။ ဂိုဏ်းချုပ်ကြီး၏ နက်နဲသော နည်းစနစ်များဖြင့် ပြုလုပ်လျှင်ပင် လုံးဝ အန္တရာယ်ကင်းပါသည်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိပေ။

ထို့အပြင်... မိမိ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် အားလုံးကိုပါ လူသိရှင်ကြား ဖွင့်ချပြသလိုက်သကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလော။ သာမန်လူတစ်ဦး အနေဖြင့်မူ ဤအလုပ်မျိုးကို လိုလိုလားလား လုပ်ဆောင်ချင်ကြမည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ...၊

နင်ချီ၏ အစစ်အမှန်တပည့် အမြောက်အမြားသည် ထိုအလုပ်ကို လုပ်ဆောင်ရန်အတွက် ရှေ့သို့ အလုအယက် တိုးဝှေ့ထွက်ပေါ်လာကြလေသည်။

သည်အချက်က မည်သည့်အချက်ကို ကိုယ်စားပြုနေသနည်း။

နင်ချီသည် နောက်လိုက်များ၏ အလွန်အမင်း လေးစားကြည်ညိုမှုကို ရရှိထားပြီး... စစ်မှန်သော ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်းကို ပိုင်ဆိုင်ထားကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

အကယ်၍ သူသည် နောက်လိုက်များအပေါ်၌ ရက်စက်ကြမ်းကြုတ်သူ တစ်ဦးသာ ဖြစ်ခဲ့မည် ဆိုပါက... ဤကဲ့သို့သော မြင်ကွင်းမျိုး ဘယ်သောအခါမျှ ဖြစ်ပေါ်မလာနိုင်ချေ။

မဟာစွမ်းအားရှင် အများအပြားသည် သဘောကျ နှစ်ခြိုက်စွာဖြင့် တဆတ်ဆတ် ခေါင်းညိတ်လိုက်ကြပြီး နင်ချီအပေါ်၌ ကောင်းမွန်သော အမြင်များ ရရှိသွားကြလေတော့သည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းအတွင်းရှိ ပဋိပက္ခများမှာ တစ်နေ့တစ်ခြား ပိုမို ပြင်းထန်လာနေပြီး... ရှုပ်ထွေးနေသော လေထုကို သန့်စင်ပေးနိုင်မည့် ခေါင်းဆောင်ကောင်း တစ်ယောက် လိုအပ်နေပြီဖြစ်ကြောင်း သူတို့ ခံစားနေရခြင်း ဖြစ်၏။

သူတို့၏ ရင်ထဲ၌... နင်ချီသာလျှင် အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ဘူး ဆိုပါက... သူ့အား မည်သည့် နစ်နာမှုမျိုးကိုမျှ အဖြစ်ခံကြမည် မဟုတ်ဟု ဆုံးဖြတ်လိုက်ကြလေတော့သည်။

ထိုအခိုက်အတန့်၌ ၊ နင်ချီက လေးလံသော အသံဖြင့် ပြောလိုက်၏။

"ဂိုဏ်းချုပ်ကြီး ရဲ့ စီစဉ်မှု အတိုင်းပါပဲ ခင်ဗျာ..."

လုဇီယွဲ့ ..သူ့ကို ကြည့်လိုက်ပြီး၊ သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်မှု အနည်းငယ် ပေါ်နေသည်။

ကျန်းပိုင်ချွမ်း သည် အစစ်အမှန် တပည့်များကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး၊ နောက်ဆုံးတွင် သူ့အကြည့်က ချင်မင်ဟောက် ပေါ်တွင် ရပ်တန့်သွားသည်။

"မင်းကပဲ စလိုက်ကြတာပေါ့..."

ချင်မင်ဟောက် ..အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ မျက်လုံးများ မှိတ်ကာ ဟင်းလင်းပြင်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။

ကျန်းပိုင်ချွမ်း ၏ မျက်လုံးများထဲတွင် အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားပြီး၊ လက်ကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရာ၊ နက်မှောင်ပြီး နက်ရှိုင်းသော 'ထိုက်ယင် အလင်းရောင်'တစ်ခု ထွက်ပေါ်လာကာ၊ ချင်မင်ဟောက် ၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ချက်ချင်းဆိုသလိုပင်၊ ချင်မင်ဟောက် သည် တိုးညှင်းစွာ ညည်းတွားလိုက်ပြီး၊ သူ့မျက်နှာထား ရှုံ့မဲ့သွားလေတော့သည်။

All Chapters