ပျက်ဆီးနေသောကမ္ဘာထဲတွင် အသက်ရှင်ကျန်ရစ်နည်း နည်းလမ်းသုံးသွယ်
Vol. 1 Ch. 1
「ပျက်စီးနေသော ကမ္ဘာမှာ အသက်ရှင်ကျန်ရစ်ဖို့ နည်းလမ်း သုံးသွယ်ရှိတယ်။
အခုအခါမှာတော့ အဲဒီအထဲက အချို့ကို ငါ မေ့လို့နေပါပြီ။
ဒါပေမဲ့ တစ်ခုတော့ သေချာပါတယ်—
ဒီစာသားတွေကို ဖတ်နေတဲ့ မင်းကတော့ အသက်ရှင်ကျန်လိမ့်မယ်။」
– "ပျက်စီးနေသော ကမ္ဘာမှာ အသက်ရှင်ကျန်ရစ်နည်း နည်းလမ်း သုံးသွယ်" [ပြီးပါပြီ]
ကျနော့် စမတ်ဖုန်းအိုလေး၏ ဖန်သားပြင်ပေါ်မှာ အင်တာနက် ဝတ္ထုစာမျက်နှာတစ်ခု ပေါ်နေသည်။ ဖုန်းscreenကို အောက်ကို ဆွဲချ၊ ြ"တကယ်ကို... ဒါက ဇာတ်သိမ်းသွားတာလား"
နောက်တခါ ထပ်ကြည့်လိုက်တော့လည်း 'ပြီးပါပြီ' ဆိုသည့် စာလုံးအား ရှင်းရှင်းလင်းလင်းမြင်နေရ၏။ တကယ်ကို ဒီဇာတ်လမ်းက ပြီးသွားပြီပဲ။
[ပျက်စီးနေသော ကမ္ဘာမှာ အသက်ရှင်ကျန်ရစ်နည်း နည်းလမ်း သုံးသွယ်]
စာရေးသူ - tls123
အခန်းပေါင်း - ၃,၁၄၉
"Ways of Survival" ဆိုသည့် နာမည်အတိုကောက်ခေါ်သော ပျက်စီးနေသော ကမ္ဘာမှာ အသက်ရှင်ကျန်ရစ်နည်း နည်းလမ်း သုံးသွယ် ဝတ္ထုသည် အခန်းပေါင်း ၃,၁၄၉ ခန်းပါသော စိတ်ကူးယဉ်ဇာတ်လမ်းရှည်ကြီး ဖြစ်၏။
ဤဝတ္ထုအား ကျနော် အလယ်တန်း တတိယနှစ်ကတည်းက စဖတ်ခဲ့ခြင်းဖြစ်သည်။
- ကျောင်းက အချိုးမပြေသောသူတွေ၏ အနိုင်ကျင့်ခံရသည့်အချိန်တွေ
- တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မဖြေနိုင်ခဲ့၍ တတိယတန်းစား တက္ကသိုလ်ကိုသာ တက်ခဲ့ရသည့်အချိန်တွေ
- စစ်မှုထမ်းဖို့ ရွေးချယ်ခံရပြီး ရှေ့တန်းစစ်တပ်ကို ရောက်သွားခဲ့သည့်အချိန်တွေ
- ယခုအချိန်ထိ ကြီးမားသောကုမ္ပဏီတစ်ခု၏ ယာယီဝန်ထမ်းအဖြစ် အလုပ်လုပ်နေရဆဲအချိန်တွေမှာ... (အမြဲတန်းဝန်ထမ်းအလုပ်တောင် မရသေးပါဘူး)...တောက်လျောက်ကို ဖတ်ခဲ့ခြင်းပင်။
လဖွတ်။ ပြန်တွေးမနေတော့ပါဘူးလေ။
[စာရေးသူ၏စကား - Ways of Survival ကို ဒီအထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိဂုံးချုပ်အခန်းလေးနဲ့ ပြန်လာခဲ့ပါမယ်]
"ဟူး... နိဂုံးချုပ်အခန်း ကျန်သေးတာပဲ။ ဒါဆို နိဂုံးချုပ်အခန်းကမှ တကယ့် ဇာတ်သိမ်းဖြစ်မယ်ထင်တယ်။"
ကလေးအရွယ်ကုန်ခါနီးကနေ လူကြီးအရွယ်ရောက်သည်အထိ ဆယ်စုနှစ်ကျော်ကြာ ဤဝတ္ထုဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ ဇာတ်လမ်းတစ်ခု အဆုံးသတ်သို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းမှုနှင့်အတူ ထိုဇာတ်လမ်း၏ အဆုံးသတ်သို့ နောက်ဆုံးတွင်ရောက်ရှိသွားခြင်းကြောင့် ဖြစ်ပေါ်လာသော အားရဝမ်းသာမှုကိုပါ ခံစားရ၏။
ဝတ္ထု၏ နောက်ဆုံးအခန်းအတွက် မှတ်ချက်ပေးရန် ထားရှိသည့် comment boxကို ဖွင့်ပြီး စာတစ်ကြောင်းကို အကြိမ်ကြိမ်ပြင်လိုက် ရေးလိုက်လုပ်နေမိသည်။
– Kim Dokja: *"စာရေးဆရာရေ။ ဒီလောက်ကြာအောင် ဇာတ်လမ်းကို ရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိဂုံးချုပ်အခန်းကိုလည်း စောင့်မျှော်နေပါတယ်"*
စိတ်ထဲကနေ အရိုးသားဆုံးထွက်လာသည့် စာကြောင်းကိုသာ ရေးမိလိုက်၏။ "Ways of Survival" ဟာ ကျနော့်တစ်ဘဝစာ ဝတ္ထုလို့တောင် ပြောလို့ရသည်။ ဤဝတ္ထုသည် လူကြိုက်အများဆုံး မဟုတ်သော်လည်း ကျနော့်အတွက်တော့ အံ့မခန်းဖြစ်ခဲ့သည်ပင်။ အြေကုန်ချရေးဖို့ တော့ မဝံ့မရဲဖြစ်မိ၏။ အမှုမဲ့အမှတ်မဲ့ရေးလိုက်သည့် စကားတစ်ခွန်းသည် စာရေးသူအား ထိခိုက်သွားမိမှာ စိုးကြောက်မိခြင်းကြောင့် ဖြစ်သည်။
– ဝတ္ထု၏ အပိုင်းတစ်ပိုင်းကို ကြည့်ရှုသူ ၁.၉
– ပျမ်းမျှ မှတ်ချက် ၁.၀၈
ဒါသည် "Ways of Survival" ၏ ပျမ်းမျှ လူကြိုက်များမှုညွှန်းကိန်းတွေပါ။ ပထမအခန်းကို ဖတ်ရှုသူ ၁၂,ဝ၀၀ ရှိခဲ့သော်လည်း အခန်း ၁၀အရောက်တွင်တော့ ဖတ်ရှုသူ ၁၂၀၊ အခန်းငါးဆယ်မြောက်မှာ ၁၂ အထိ ကျဆင်းသွားခဲ့သည်။ အခန်းတစ်ရာကိုရောက်သည့်အခါမှာတော့ ဖတ်ရှုသူ ၁သာ ရှိတော့၏။
ဖတ်ရှုသူ = ၁
အခန်းတိုင်းနီးပါးမှာ "၁" ဆိုသော ဂဏန်းကို တန်းစီပြီးတွေ့လိုက်ရတော့ ရင်ထဲမှာ ဟာခနဲတောင်ဖြစ်သွားမိသည်။ တစ်ခါတစ်ရံ "၂"ဆိုတာကို တွေ့လိုက်ရသော်လည်း မှားနှိပ်သူရှိခဲ့၍သာ “၂”ဂဏန်းကိုရရှိခဲ့ခြင်း ဖြစ်လောက်မည်။
"ကျေးဇူးတင်ပါတယ်"
ဝတ္ထုတစ်ပိုင်းကို ဖတ်ရှုသူ “၁”သာ ရှိသော်လည်း စာရေးသူသည် အခန်း ၃၀၀၀ကျော် ပါသောဝတ္တုရှည်ကြီးကို ၁၀နှစ်ကြာအောင် ရေးခဲ့၏။ ပြောရမည်ဆိုလျှင် ဤဝတ္ထုသည် ကျနော့်အတွက်သီးသန့်ရေးပေးခဲ့သလိုတောင် ဖြစ်ခဲ့သည်ပင်။
"အကြံပြုလွှာ"ကဏ္ဍကိုဝင်လိုက်ပြီး ကီးဘုတ်ကို အလျင်အမြန် ရိုက်လိုက်၏။
“အတော်လေး တကယ်ကိုကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ကို ညွှန်းချင်လို့ပါ "
စာရေးသူက ဇာတ်သိမ်းသည်အထိဝတ္ထုကို အခမဲ့ ရေးပေးခဲ့သည်မလို့ ကျေးဇူးဆပ်သည့်အနေဖြင့် ညွှန်းပေးချင်ခြင်း ဖြစ်သည်။ ရေးထားသည့် ပို့စ်ကို "တင်မည်" ခလုတ်ကို နှိပ်လိုက်သည်နှင့် မှတ်ချက်တွေက ချက်ချင်းပေါ်လာ၏။
"စာရေးဆရာရဲ့အကောင့်အသစ်ထင်တယ်။ ဒီအကောင့်ရဲ့ အကြံပြုချက်တွေကို ရှာကြည့်ရင် ဒီဝတ္ထုကိုပဲ အကြိမ်ကြိမ်ညွှန်းပေးနေတာကို တွေ့ရလိမ့်မယ်"
"ဒီလိုညွှန်းပေးတာမျိုးကို တားမြစ်ထားတယ်မဟုတ်ဘူးလား။ စာရေးသူကိုယ်တိုင်က ဒီမှာ ဒီလိုမျိုးလုပ်နေတာ မဖြစ်သင့်ဘူး"
ယခုမှပဲ သတိရမိသည်။ လွန်ခဲ့သော လအနည်းငယ်တုန်းကလည်း ကျနော် အကြံပြုချက်တစ်ခု ရေးခဲ့ဖူး၏။ ခဏလေးအတွင်းမှာပဲ "လူစိတ်ဝင်စားတာ ခံချင်တဲ့ကောင်"၊ "သောက်တုံး"အစရှိသော စွပ်စွဲမှုတွေနှင့် မှတ်ချက်တွေ ပလူပျံသွားသောကြောင့် ကျနော်မျက်နှာပါ ပူသွားမိသည်။
စာရေးသူလည်း ဒါတွေကိုဖတ်မိမှာပဲ...တွေးမိသောကြောင့် ကျနော် ရေးတင်ထားသည်ကို ချက်ချင်းပြန်ဖျက်ဖို့ ကြိုးစားကြည့်သည့်အခါမှာ "ရီပို့ထုခံထားရသည်မလို့ ပို့စ်ကိုပြန်ဖျက်၍မရတော့ပါ"ဆိုသည့် စာသာ ပေါ်လာ၏။
"ဒါက..."
ရိုးသားစွာဖြင့် စိတ်ထဲရှိသည့်အတိုင်း ရေးလိုက်သော အကြံပြုချက်ဟာ ဝတ္ထု၏ ဂုဏ်သိက္ခာကိုစွန်းထင်းသွားစေပြီဆိုသည့်အတွေးနှင့်အတူ တံတွေးပါ မျိုချမိသည်။
သူတို့ နည်းနည်းလောက် စိတ်ဝင်စားပြီး ဖတ်ကြည့်ဖို့တောင် မကြိုးစားကြဘူးလားဟ။ ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုကို ဘယ်သူမှ ဘာလို့ မဖတ်ကြည့်ကြရတာလဲ။
စာရေးသူကို အလှူငွေပေးချင်ေ"စာတစ်စောင် ဝင်လာပါသည် "ဆိုသော အသိပေးချက်တစ်ခု ပေါ်လာ၏။
– tls123: *"ကျေးဇူးတင်ပါတယ်။"*
ဘယ်ကနေ ရောက်လာမှန်းမသိသည့် မက်ဆေ့ချ်တစ်စောင် ဝင်လာခြင်း ဖြစ်သည်။ အခြေအနေကို နားလည်ဖို့ ခဏလောက်တော့ ကျနော်အချိန်ယူလိုက်ရ၏။
– Kim Dokja: *"Ways of Survivalရဲ့ စာရေးဆရာလားဗျ"*
tls123—"Ways of Survivalကို ရေးတဲ့သူပါ”
– tls123: *"မင်းရဲ့ကျေးဇူးကြောင့် အဆုံးထိ ရေးဖြစ်ခဲ့တာပါ။ ပြိုင်ပွဲမှာလည်း နိုင်ခဲ့ပါတယ်"*
ယုံဖို့တော့ ခက်လှ၏။ "Ways of Survival" က ပြိုင်ပွဲတစ်ခုမှာ နိုင်ခဲ့သည်ဆိုပဲ။
– Kim Dokja: *"ဂုဏ်ယူပါတယ်။ ဘယ်ပြိုင်ပွဲကိုနိုင်တာလဲဗျ"*
– tls123: *"မင်းမသိပါဘူး...နာမည်မကြီးတဲ့ ပြိုင်ပွဲပါ"*
ရှက်နေလို့များ သူလိမ်ပြောသည်လားဟု တွေးမိသော်လည်း ပြိုင်ပွဲမှာ နိုင်ခဲ့သည်ဆိုတာကိုတော့ အမှန်ဖြစ်စေချင်မိသည်။ ကျနော် မသိသည့် တခြားနေရာတွေမှာများ ဒီဝတ္ထုက နာမည်ကြီးနေတာများလား။
နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသော်လည်း ဤကဲ့သို့ကောင်းမွန်သည့် ဇာတ်လမ်းသည် လူသိများနေသည်ကိုတော့ ဝမ်းသာမိ၏။
– tls123: *"ကျေးဇူးတင်လို့ အထူးလက်ဆောင်လေး တစ်ခုပို့ပေးချင်တယ်"*
– Kim Dokja: *"လက်ဆောင်ဟုတ်လား"*
– tls123: *"ဒီဇာတ်လမ်းကြီး ကမ္ဘာပေါ်ရောက်လာတာက ချစ်ခင် တန်ဖိုးထားရတဲ့ စာဖတ်ပရိသတ်ကြောင့်ပါ"*
စာရေးသူတောင်းသည့်အတိုင်း ကျနော်၏ အီးမေးလ်လိပ်စာကို ပေးလိုက်သည်။
– tls123: *"အဲ…ဟုတ်သားပဲ။ ဝတ္ထုကနေ အခကြေးစနစ်လည်း ရတော့မှာ"*
– Kim Dokja: *"တကယ်လား။ ဘယ်တော့ စရမှာလဲ။ ဒီလိုကောင်းမွန်တဲ့ လက်ရာအတွက် အစထဲက အခကြေးငွေယူခဲ့သင့်တာဗျ..."*
လိမ်နေတာ သေချာသည်။။ "Ways of Survival" ဟာ နေ့စဉ်အခန်းဆက်ဝတ္ထု ဖြစ်သည့်အတွက် တစ်ခန်းဖတ်ဖို့ ဝမ် ၃၀၀၀(ဗမာငွေ ၁၀၀၀ဝ ကျော်)သာ သုံးရ၏။ ကျနော့်အတွက်တော့ အဆိုပါငွေပမာဏသည် စတိုးဆိုင်က နေ့လည်စာ ဝယ်စားသလောက်သာ ရှိသည်။
– tls123: *"မနက်ဖြန်ကျရင် အခကြေးစနစ်ကိုစတော့မှာလေ"*
– Kim Dokja: *"ဒါဆို မနက်ဖြန်ထွက်မယ့် နောက်ဆုံးအခန်းကို အလကားမရဘူးပေါ့နော်"*
– tls123: *"ဟုတ်ပါတယ်။ အလကားမရတော့ပါဘူး"*
– Kim Dokja: *"ပေးရမှာပေါ့။ နောက်ဆုံးအခန်းကို ကျနော်ဝယ်မှာပါ"*
ထို့နောက်တွင်တော့ စာရေးသူဆီကနေ စာထပ်ရောက်မလာတော့ပေ။ websiteကနေ အကောင့်ပါ ထွက်သွားသည့်ပုံပါပဲ။ စိတ်ဓာတ်တောင် ကျမိ၏။
အောင်မြင်သွားပြီဆိုတော့ နှုတ်ဆက်စကားတောင် မပြောတော့ဘူးတဲ့လား။
ကျနော်၏လေးစားအားကျသည့်စိတ်တွေက သေးနုပ်သော မနာလိုဝန်တိုစိတ်တွေ အဖြစ် ပြောင်းသွားသည်။
ငါက ဘာတွေ မနာလိုဖြစ်နေရတာလဲ။ ဒီဝတ္ထုက ငါရေးထားတာလည်း မဟုတ်ဘူးလေ။
ငါရမယ့် လက်ဆောင်က လက်ဆောင်ကတ်တစ်ခုခုများ ဖြစ်နေမလား။ လက်ဆောင်ကတ်မှာ ဝမ် ၅၀၀၀၀ (ဗမာငွေ ၂သိန်းကျော်)လောက်ပါရင် သိပ်ကောင်းမှာပဲ။
ထိုအချိန်တုန်းကတော့ နောက်တစ်နေ့တွင် ကမ္ဘာကြီး ဘာတွေဖြစ်ပျက်သွားမလဲ ဆိုသည်ကို ကျနော်လုံးဝမသိခဲ့ပေ။