ကုမ္ပဏီယာယီဝန်ထမ်းလေး ကင်ဒေါ့ဂျာ သူ့အတွက်တနေ့တာက အလုပ်သွားမယ်။ ရထားစီးပြီး အိမ်ပြန်မယ်။ အင်တာနက်ဝတ္ထုတွေဖတ်မယ်။ ဒီလိုနဲ့ပဲ ဘဝကို ဖြတ်သန်းနေတာပါ။ သူ့အတွက် တွယ်မက်စရာ ရာထူးလည်းမရှိဘူး။ စော်လည်းမရှိဘူး။ သူတစိုက်မတ်မတ်လုပ်ဖြစ်ပြီး ဖက်တွယ်မိတာဆိုလို အင်တာနက်ပေါ်က Ways of survival ဝတ္ထု။ အဲ့ဝတ္ထုကလည်း အပိုင်းထောင်ချီရှိပေမဲ့ နောက်ပိုင်းမှာ ဖတ်သူဆိုလို သူတစ်ယောက်ပဲရှိတော့တယ်။ ဒါလည်း ကင်ဒေါ့ဂျာကတော့ ဆက်အားပေးမြဲ ဆက်ဖတ်ဆဲပဲ။ တစ်ရက်ကျတော့ ဝတ္ထုက ဇာတ်သိမ်းသွားတယ်။ ဝတ္ထုဇာတ်သိမ်းတဲ့နေ့မှာ စာရေးဆရာကို ကျေးဇူးတင်ကြောင်း၊ အားပေးကြောင်း ပြောခဲ့တယ်။ အဲ့အချိန်မှာ စာရေးဆရာက အဓိပ္ပါယ်မရှိတဲ့စကားပြောတယ်။ 'ဒီဝတ္ထုက ပြိုင်ပွဲမှာ ဆုရသွားတယ်'တဲ့လေ ဖတ်ရှုသူဆိုလိုသူတယောက်ပဲရှိတာမလို ဆုရတယ်လိုပြောတာကို ကင်ဒေါ့ဂျာတစ်ယောက်မယုံခဲ့ဘူး။ စာရေးဆရာကလည်းထပ်ပြောပါတယ်။ အားပေးတဲ့အတွက် လက်ဆောင်ပေးမယ်။ ခုနစ်နာရီကျရင်လည်း ဝတ္ထုရဲ့နောက်ဆုံးပိုင်း စမယ်တဲ့။ ဒါနဲ့ပဲ ခုနစ်နာရီရောက်အောင် ကင်ဒေါ့ဂျာစောင့်ဖြစ်တယ်။ အလုပ်ကအပြန် ရထားစီးရင်း စောင့်ဖြစ်တာပေါ့။ ၇နာရီထိုးတဲ့အချိန်မှာ မထင်ထားတာတစ်ခုဖြစ်လာတယ်။ သူတင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံး မထင်ထားတဲ့ကိစ္စကြီးဖြစ်ခဲ့တာပါ။

