← Chapters

မိုလာမိုလာ (၅)

Vol. 3 Ch. 41

မိုလာမိုလာ (၅)

Vol. 3 Ch. 41

အေးစက်သောခံစားချက်ကြောင့် ကျနော့်လက်ချောင်းများထုံကျဉ်သွားသည်။

လဖွတ်။ ဒီကောင့်ကို အားရပါးရထိုးပစ်ချင်လိုက်တာ။

တစ်ခုခုထူးဆန်းနေသလိုခံစားနေရလေသည်။

"…ယူဂျွန်ဟော့"

ယူဂျွန်ဟော့သည် နောက်လှည့်မကြည့်ပေ။ ယူဂျွန်ဟော့၏ခန္ဓာကိုယ်ကနေ မီးခိုးဖြူရောင်အငွေ့အသက်တစ်ခု ထွက်ပေါ်နေ၏။ ထိုအငွေ့အသက်သည် မကောင်းသောခံစားချက်ကိုပေးနေပြီး ကျနော့်ကို ကြက်သီးထစေသည်။

နောက်ကိုခြေတစ်လှမ်းခန့် ကျနော်ဆုတ်မိလိုက်သည်။ သေချာကြည့်လိုက်သည့်အခါ ထိုအငွေ့အသက်သည် အဌမအထပ်ရှိ ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်နေသော အဖိုးကြီးတစ်ယောက်နှင့် ချိတ်ဆက်နေသည်အား မြင်လိုက်ရ၏။ ထိုအဖိုးကြီးကို မြင်မြင်ချင်းမှာပဲ ကျနော်နားလည်သွားတော့သည်။

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'ထွက်ပေါ်လာပါပြီ။]

…လဖွတ်။ အခုလိုမျိုးဖြစ်သွားပြီတဲ့လား။

ယူဂျွန်ဟော့ဆီကနေ အဖြူရောင်အငွေ့အသက်ထွက်ပေါ်လာပြီး ကျနော့်ဘက်သို့ ဖြည်းဖြည်းချင်းလှည့်လာလေသည်။ ဤအခြေအနေက အဆိုးဆုံးအခြေအနေပင်။

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'သည် 'ယူဂျွန်ဟော့'ဇာတ်ကောင်ကို ထိန်းချုပ်ထားပါသည်။]

ကျနော့်တကိုယ်လုံးကြက်သီးများ တဖြန်းဖြန်းထနေချေပြီ။ အကြောင်းတစ်ခုခုကြောင့် အသိစိတ်ကင်းလွတ်နေသော ယူဂျွန်ဟော့ဆီကနေ သတ်ဖြတ်လိုသော အငွေ့အသက်ထွက်ပေါ်နေ၏။ ယခုအချိန်တွင် ဤကမ္ဘာ၌ သူ့ကိုတားဆီးနိုင်သော မည်သည့်'ဇာတ်ကောင်'မှ ရှိမနေချေ။

['ယူဂျွန်ဟော့'ဇာတ်ကောင်သည် လက်ဝါးအား အဆင့် ၄ကို အသုံးပြုလိုက်ပါသည်။]

ကျနော်စကားကိုမနည်းပြောလိုက်ရ၏။

"ခ-ခဏနေပါဦး"

အား….

ကျနော့်နံရိုးနေရာကနေ ကြီးမားသောနာကျင်မှုကိုခံစားလိုက်ရပြီး အသိစိတ်ပါ လွတ်သွားမလို ဖြစ်သွားသည်။ယူဂျွန်ဟော့ ရှေ့သို့တက်လာပြီး ကျနော့်ကို လှမ်းတိုက်ခိုက်ချိန်တွင် ကျနော့်ခေါင်းထဲတွင် စာမျက်နှာများကို မြင်ယောင်လာသည်။ ကျနော့်ခေါင်းထဲတွင် သတိပေးချက်များ မြည်လာ၏။

「 …၈ခါမြောက်နောက်ပြန်ဆုတ်ခဲ့သည့် ယူဂျွန်ဟော့သည် ရုပ်ရှင်ရုံ မြေအောက်ခံတပ်ထဲတွင် မသေခဲ့ခြင်းမှာ အားနည်းနေခဲ့၍ဖြစ်၏။ ပြောရမည်ဆိုလျှင် ယူဂျွန်ဟော့ ကံမကောင်းခဲ့ပေ။

'ရုပ်ရှင်ရုံမြေအောက်ခံတပ်'၏ဆရာကြီးသည် နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့အတွက် အဆိုးဆုံးပြိုင်ဖက်ဖြစ်၏။」

ကျနော်အသက်ကိုဖြည်းဖြည်းချင်းပြန်ရှူလိုက်သည်။

"ယူကျွန်….ဟု"

[ပြင်ပစွမ်းအားမြင့်ဝတ်စုံထိခိုက်သွားပါသည်။]

[ကာကွယ်ရေးအပိုင်းတွင် ကျဆင်းနေပါပြီ။]

ဗိုက်ကိုလက်ဖြင့်ဖိပြီး ကျနော်မတ်တပ်ထရပ်လိုက်သည်။ တကယ်ကိုအမြီးအမြောက် မတည့်လှသော တိုက်ခိုက်မှုကို ခံလိုက်ရခြင်းပင်။ ဆေးရည်အများအပြားကို ကျနော် သောက်သုံးခဲ့သော်လည်း တစ်ချက်ထဲဖြင့် အတော်လေးထိခိုက်မိသွား၏။

ထိချက်က အားပြင်းလွန်းသောကြောင့် ခေါင်မိုး၏ တခြားတဖက်ဆီသို့ ကျနော်လွင့်ထွက်သွားခဲ့သည်။

['ယောင်ဟီဝမ်'ဇာတ်ကောင်သည် မိစ္ဆာသုတ်သင်ခြင်း အဆင့် ၂ကို သုံးလိုက်ပါသည်။]

အဝေးတွင်ရပ်နေသော ယောင်ဟီဝမ်၏အကြည့်က မီးတောက်နေချေပြီ။ ကျနော် မတ်တပ်ထရရန်ကြိုးစားလိုက်သော်လည်း ကျနော့်ခန္ဓာကိုယ်က မထနိုင်ဘဲ ဖြစ်နေ၏။

['ယူဂျွန်ဟော့'ဇာတ်ကောင်သည် နတ်လက်သီးအကွက်ရာချီ အဆင့်၂ ကို သုံးလိုက်ပါသည်။]

ယောင်ဟီဝမ်၏လက်ရှိအခြေအနေသည် ယူဂျွန်ဟော့၏ပြိုင်ဖက်မဖြစ်နိုင်ချေ။ မိစ္ဆာသုတ်သင်ခြင်းစွမ်းရည်ကြောင့် လက်သီးချက်အနည်းငယ်ကိုတော့ ယောင်ဟီဝမ် တောင့်ခံနိုင်ခဲ့သော်လည်း ပါးစပ်ထောင့်ကနေ သွေးများစီးကျလာနေပေပြီ။

ယူဂျွန်ဟော့သည် ကျနော်ထင်ထားသည်ထက်ပင် အများကြီးအားကောင်းလွန်းလှ၏။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

[ဤပုဂ္ဂိုဟ်နှင့်ပတ်သတ်သောအချက်အလက်တွေမှာ များလွန်းလှသည်။ ဇာတ်ကောင် စာရင်းကို ဇာတ်ကောင်အကျဉ်းချုပ်အဖြစ် ပြောင်းလိုက်ပါသည်။]

[သင့်တော်သောကျပန်းအချက်အလက်များကိုသာ ဖော်ပြပါမည်။]

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည် : ယူဂျွန်ဟော့

ဝိသေသ လက္ခဏာ : နောက်ပြန်ဆုတ်ခြင်း (သုံးကြမ်မြောက်) (ဒဏ္ဏာရီလာ)၊ ပရိုဖက်ရှယ်နယ် ဂိမ်းမာကြီး (ရှားပါး)

သီးသန့်စွမ်းရည် : သူတော်စင်၏မျက်လုံး အဆင့် ၈၊ လက်ဗလာတိုက်ခိုက်ရေး အဆင့် ၈၊ အဆင့်မြင့်လက်နက်လေ့ကျင့်ရေး အဆင့် ၅၊ အားကောင်းသော ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်း အဆင့် ၅၊ စိတ်အကာအရံ အဆင့် ၅၊ နတ်လက်သီးအကွက်ရာချီ အဆင့် ၂၊

ဖီးနစ်နီအလျှင် အဆင့်၁ …(ဆက်ရှိသေးသည်)….

အထူးစွမ်းရည် : နောက်ပြန်ဆုတ်ခြင်း အဆင့် ၃ ၊ ပေးပို့ခြင်း အဆင့် ၁

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၂၈၊ ခွန်အား အဆင့် ၂၇၊ လျှင်မြန်မှု အဆင့် ၂၆၊ မှော်စွမ်းအင် အဆင့် ၂၅

* ဇာတ်ကောင်သည် လက်ရှိအချိန်တွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကင်းမဲ့နေပါသည်။

ဒီမအေးဘေးကတော့ကွာ။ အထူးစွမ်းရည်အသစ်တစ်ခုကို ရထားတာပဲ။

ပေးပို့ခြင်းအထူးစွမ်းရည်သည် ယူဂျွန်ဟော့ ယခင်နောက်ပြန်ဆုတ်ခဲ့စဉ်က စွမ်းရည်များကို နိုးထစေသော စွမ်းရည်ဖြစ်သည်။ ဤစွမ်းရည်ရှိနေခြင်းကြောင့် ယူဂျွန်ဟော့သည် အစွမ်းပြည့်ဝသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာမည်ပင်။

"ဆရာ"

ထိုအချိန်တွင် လီဂျီဟယ်သည် လှေကားကနေ တက်လာလေသည်။ ယောင်ဟီဝမ်ဆီ ပြေးဝင်နေသော ယူဂျွန်ဟော့သည် လီဂျီဟယ်ဘက်သို့လှည့်သွား၏။

ရွှပ် ရွှပ် ရွှပ် ရွှပ်

"အား"

လီဂျီဟယ်တွင် သစ္စာရှင်စစ်သူကြီး၏အကူအညီရော၊ သရဲခြေလှမ်းအစွမ်းပါ ရှိနေခြင်းကြောင့် ယူဂျွန်ဟော့၏တိုက်ခိုက်မှုကို လီဂျီဟယ်တစ်ယောက် ရှောင်လိုက်နိုင်လေသည်။ လီဂျီဟယ်ကို ကျနော်အော်ပြောလိုက်၏။

"သူဟာ ထိန်းချုပ်ခံနေရတာဟ။ ရုပ်ရှင်ရုံသခင်ကိုပဲ တိုက်ခိုက်"

သို့သော် ရုပ်ရှင်ရုံသခင်အားတိုက်ခိုက်ဖို့ လီဂျီဟယ်အတွက် အခွင့်မသာဘဲ ဖြစ်နေ၏။ ပြောရလျှင်တော့ ယူဂျွန်ဟော့ကိုအနိုင်မယူဘဲ ရုပ်ရှင်ရုံသခင်ဆီ ရောက်အောင် ကျနော်တို့တွေ သွားနိုင်မည်မဟုတ်ပေ။

ယောင်ဟီဝမ်နှင့်လီဂျီဟယ်တို့ အကြည့်ချင်းဆုံသွား၏။ သူတို့နှစ်ယောက်လုံး ဓါးတွေဖြင့် ယူဂျွန်ဟော့ဆီသို့ တပြိုင်တည်းချိန်လိုက်ကြ၏။

ကန်ဒိုဓါးစွမ်းရည်နှင့် ဓါးရေးလေ့ကျင့်ရေးစွမ်းရည်တို့ကို ပေါင်း၍ တိုက်ခိုက်တော့မည် ဖြစ်သည်။ သို့သော် တီ-လွက်ကိုပင် ထိခိုက်စေခဲ့သည့် ထိုပူးပေါင်းတိုက်ခိုက်မှုသည် ယူဂျွန်ဟော့အပေါ်၌ သက်ရောက်မှုမရှိချေ။

"ယား"

နတ်လက်သီးအကွက်ရာချီဖြင့် လီဂျီဟယ်၏မျက်နှာကို ထိခိုက်မိသွားခြင်းကြောင့် လီဂျီဟယ်တစ်ယောက် သွေးတွေအန်ထုတ်လိုက်ပြီး လဲကျသွားတော့သည်။

['ယောင်ဟီဝမ်'ဇာတ်ကောင်သည် သီးသန့်စွမ်းရည် 'တရားစီရင်ချိန်'ကို အသက်သွင်းလိုက်ပါသည်။]

[အလုံးစုံကောင်းမြတ်ခြင်းကြယ်တာရာက နက္ခတ်များသည် ယောင်ဟီဝမ်၏ တောင်းဆိုမှုကို နှုတ်ဆိတ်နေ ပါသည်။]

[တရားစီရင်ချိန်စွမ်းရည်၏အစွမ်းမှာ ပျက်ပျယ်သွားပါသည်။]

ယောင်ဟီဝမ် ဒုက္ခရောက်နေချပြီ။

"ချီး…ဒီကောင့်ကိုလည်း သုံးမရဘူးတဲ့လား"

ထိုသို့ဖြစ်သည်က သဘာဝပင်။ ယူဂျွန်ဟော့သည် အကြမ်းပတမ်းနိုင်သည် မှန်သော်လည်း သူ၏အနှစ်သာရက 'ဖြောင့်မတ်မှု'ဖြစ်၏။

ယောင်ဟီဝမ်တစ်ယောက် ပြင်းထန်သောလက်သီးတစ်လုံးဖြင့် အထိုးခံရပြီး ဓါးပါ လွတ်ကျသွားကာ မြေကြီးပေါ်၌ လူးလိမ့်နေရချေပြီ။ ထိုကဲ့သို့မျှော်လင့်ချက်မဲ့ နေချိန်တွင် လီဂီယောင်သည် အထူးအစွမ်းဖြစ်သည့် 'Mjolnir(မျောနိအာ)၏မိုးကြိုး'ကို ကျနော့်နောက်ကနေ သုံးလိုက်သည်။

ဂျိန်း ဂျိန်း

['ယူဂျွန်ဟော့'ဇာတ်ကောင်သည် တိုက်ခိုက်မှုအား ' လျှပ်စီးခံနိုင်စွမ်း 'ဖြင့် ခုခံလိုက်ပါသည်။]

ကျနော်တို့ဘက်သို့ ယူဂျွန်ဟော့လှည့်ကြည့်လာချေပြီ။

ချီး…ဒီကောင်ဟာ အစွမ်းထက်မှန်းသိပေမဲ့ ဒီလောက်အထိတောင် အစွမ်းထက်တာတဲ့လား။

လီဂီယောင်၏ပုခုံးကိုကျနော်ပုတ်လိုက်ပြီး ရှေ့သို့ဒယိမ်းဒယိုင်ဖြင့် ထွက်လိုက်သည်။

"ဂီယောင်။ တောင်းဆိုပါတယ်။ ဘာလုပ်ရမလဲကို မင်းသိတယ်မလား"

လီဂီယောင်သည် ချက်ချင်းသတိထားမိပြီး ခပ်မြန်မြန်ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့။ အကိုကြီး"

"ငါတောင်းပန်ပါတယ်"

"တောင်းပန်ဖို့မလိုပါဘူးဗျာ"

လီဂီယောင်သည် တစ်စုံတစ်ခုကို ချက်ချင်းရေရွတ်လိုက်သည်။ လီဂီယောင်၏ သူငယ်အိမ်မှာ ပြူးကျယ်လာသည်။ ယခုကဲ့သို့ ကျနော်မလုပ်ချင်သော်လည်း ကျနော်၏ဝှက်ဖဲများကို သုံးမှဖြစ်တော့ပေမည်။

[သင်သည် သားရဲတို့၏ထွဋ်ခေါင် တီ-လွက်၏ DNAဆေးရည်ကိုသုံးလိုက်ပါသည်။]

[ပျမ်းမျှအဆင့်အားလုံးမှာ မိနစ်၃၀ကြာအောင် မြင့်တက်နေပါမည်။]

ဟုတ်ပြီလေ…ချကြတာပေါ့။ ခွေးမသား

[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၂၄ -> ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၃၄]

[ခွန်အား အဆင့် ၂၄ -> ခွန်အား အဆင့် ၃၄]

[လျှင်မြန်မှု အဆင့် ၂၀ -> လျှင်မြန်မှု အဆင့် ၃၀]

[မှော်စွမ်းအား အဆင့် ၁၅ -> မှော်စွမ်းအား အဆင့် ၂၅]

[သင့်ခန္ဓာကိုယ်၏ခံနိုင်ရည်အားမှာ မြင့်တက်နေပါပြီ။]

[သင့်ကြွက်သားတွေ၏လုပ်နိုင်စွမ်းမှာ မြင့်တက်နေပါပြီ။]

[သင်သည် ယခင်ကထက် ပိုမိုလျင်မြန်စွာလှုတ်ရှားနိုင်နေပါပြီ။]

[သင်၏နှလုံးသည် အမည်မသိစွမ်းရည်ဖြင့်ပြည့်နေပါပြီ။]

စွမ်းရည်မလုံလောက်မှုကွာဟချက်ကို သာလွန်အဆင့်များဖြင့် ဖြည့်ဆည်းလိုက်လေပြီ။

ယူဂျွန်ဟော့၏ပေးပို့ခြင်းသာ ပြီးပြည့်စုံနေပြီဆိုပါက ဤကဲ့သို့လုပ်ခြင်းမှာ အကျိုးမရှိသော လောင်းကြေးထပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် ယူဂျွန်ဟော့၏ စွမ်းရည်အဆင့်မှာနိမ့်ကျနေသည်မလို့ ကျနော့်အတွက အခွင့်အရေးရှိလောက် သေးသည်။

သို့ပေငြားလည်း အခွင့်အရေးက တစ်ခါသာ ရမည်ဖြစ်၏။ ထိုတစ်ခါက ယခုအချိန်သာ။

[သီးသန့်စွမ်းရည် 'သန့်စင်သောဓါးစွမ်းအင် အဆင့် ၁'ကို အသက်သွင်းလိုက်ပါသည်။]

[တိုးပွားလာသည့်ပျမ်းမျှစွမ်းရည်များသည် သန့်စင်သောဓါးစွမ်းအင်၏ အဆင့်ကို မြှင့်တင်ပေးပါတော့မည်။]

[သန့်စင်သော ဓါးစွမ်းအင် အဆင့် ၁ -> သန့်စင်သော ဓါးစွမ်းအင် အဆင့် ၂]

ကျနော့်လက်ထိပ်ရှိမှော်စွမ်းအားမှာ ပြောင်းလဲသွားချေပြီ။ ကျနော့်ဆီသို့ ယူဂျွန်ဟော့ ပြေးဝင်လာသဖြင့် ယူဂျွန်ဟော့ဆီ ကျနော်ပြေးသွားဖို့မလိုတော့ချေ။ ဓါးကို ယူဂျွန်ဟော့ ဆွဲထုတ်လိုက်ချိန်တွင် ကျနော့်၏အရှိန်ပုံမှန်မဟုတ်ဘဲဖြစ်နေသည်ကို သဘောပေါက်သွားမိတော့သည်။

['ယူဂျွန်ဟော့'ဇာတ်ကောင်သည် ' ကောင်းကင်စွမ်းအား ချိုးဖြတ်ခြင်း အဆင့် ၂'ကို အသုံးပြုလိုက်ပါသည်။]

ချွမ် ချွမ် ချွမ်

ကျနော်တို့နှစ်ယောက်၏ ဓါးချင်းထိခိုက်မှုကနေ မီးပွားများထွက်ပေါ်လာသည်။ ယူဂျွန်ဟော့ရော၊ ကျနော်ပါ နောက်သို့မဆုတ်ကြချေ။ ဓါးကိုကိုင်ထားစဉ်မှာပဲ တုန်လှုတ်ဖွယ်ကောင်းသော ဖိအားကို ခံစားမိနေ၏။ အပြာရောင်အီသာသည် ယူဂျွန်ဟော့၏ ဓါးသွားတွင် တောက်လောင်ချေနေသည်။

အံ့သြဖို့ကောင်းသည်ဆိုသည်ထက်ပင် ပိုနေလေ၏။ Ways of Survivalကမ္ဘာတွင် မြင့်မားသော ပျမ်းမျှစွမ်းရည်များက စွမ်းအားကွာခြားချက်ကို ဖြစ်ပေါ်စေသည်။

ယခုဆိုလျှင် ကျနော်၏ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပျမ်းမျှစွမ်းရည်များက အဆင့် ၃၀ ကျော်နေပြီဖြစ်ပြီး ယူဂျွန်ဟော့ကတော့ အဆင့် ၂၀ ဝန်းကျင်သာ ရှိသေး၏။

သို့ပေငြားလည်း ယူဂျွန်ဟော့သည် ကျနော့်၏ဖိအားပေးမှုကို ခံနေရပုံ နည်းနည်းမှ ပေါ်မနေကျေနော့်ကိုပင် ဖိအားပြန်ပေးနေသကဲ့သို့ ဖြစ်နေ၏။ ကျနော် အံကြိတ်လိုက်သည်။

[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၂ကို အသက်သွင်းလိုက် ပါသ်ည။]

ထိုစွမ်းရည်ကိုအသက်သွင်းလိုက်ချိန်မှာပဲ ယူဂျွန်ဟော့၏ အတွေးများ ကျနော့်စိတ်ထဲ ဝင်လာ၏။

「နာလိုကျတာ 」

「အနာဂတ်မှာ နာကျင်မှုတွေအများကြီးကြုံရနိုင်သေးတယ်」

「 ဒါကြီးကို ထပ်ခါတလဲလဲ ငါခံစားဖို့လိုကိုလိုတာလား 」

ကျနော်ဒေါသထွက်သွားသည်။

ဒီမအေဘေးက လက်လျော့ချင်နေပြီလား။

"သတိပြန်ဝင်စမ်း။ မအေဘေးကောင်"

ယူဂျွန်ဟော့၏ဓါးကိုအားအပြည့်ဖြင့် ရိုက်ထုတ်လိုက်ပြီး ယူဂျွန်ဟော့၏ မေးကို လက်သီးဖြင့် ကျနော်ထိုးချလိုက်သည်။ ယူဂျွန်ဟော့၏အတွေးများကိုအနှိုင်းမဲ့ စာဖတ်သူ၏ရှုထောင့်ကိုသုံးကာ ဖတ်ထားခြင်းကြောင့် ထိုးလိုသောနေရာကို တိတိကျကျထိအောင် ထိုးနိုင်လိုက်၏။

ခွပ်

ယူဂျွန်ဟော့၏မေးနှင့် ကျနော့်လက်သီး မိတ်ဆက်သွားချိန်တွင် ယူဂျွန်ဟော့တစ်ယောက် ပထမဆုံးအကြိမ် ဒယိမ်းဒယိုင်ဖြစ်သွားတော့သည်။

「 နောက်ပြန်ဆုတ်မှုကို စတင်ပြီဆိုတာနဲ့ အရာအားလုံးဟာ အစကို ပြန်ရောက်သွားမှာပဲ 」

「ငါ့အဖော်တွေအားလုံး မှတ်ဉာဏ်တွေကိုဆုံးရှုံးသွားပြီး ငါ့ရဲ့သမိုင်းကြောင်းလည်း အဖျက်ခံရလိမ့်မယ် 」

"ငတုံးကောင်”

「ပြီးရင်တော့ အရာအားလုံး တကျော့ပြန် ပြန်စလိမ့်မယ်」

ပြောရမည်ဆိုလျှင် မိုလာ ငါးများသည် ခံနိုင်ရည်အားဖြင့်မားသော သတ္တဝါများ ဖြစ်ကြသည်။ ထိုငါးများသည် စိတ်ဖိစီးမှုကြောင့်သာ သေရလေ့ရှိ၏။

ပြောရမည်ဆိုလျှင် ကျနော့်ရှေ့က ကောင်သည် မိုလာငါးနှင့်တူလှလေသည်။

ရုပ်ရှင်ရုံသခင်သည် ယူဂျွန်ဟော့ကိုထိန်းချုပ်နိုင်ခဲ့သည်ဆိုသည်မှာ ယူဂျွန်ဟော့၏ စိတ်အခြေအနေက ဖိစီးမှုများနေခြင်းကြောင့်ဖြစ်သည်။ ရုပ်ရှင်ရုံသခင်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များသည် အားနည်းသော်လည်း စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များကတော့ အကောင်းဆုံးအခြေအနေတွေ ရှိ၏။ ယူဂျွန်ဟော့၏ စိတ်အကာအရံသည် အဆင့် ၈၀၀၀၀ကျော်တွင်ရှိနေပါက ယခုကဲ့သို့ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။

「 ငါက ဘာလဲ 」

ယူဂျွန်ဟော့၏အကြည့်မှာ ဗလာသက်သက်ဖြစ်နေ၏။ သူ့ခေါင်းထဲက အတွေးများကို ထပ်ကြားလိုက်ရချိန်တွင် ကျနော်ပို၍ဒေါသထွက်သွားတော့သည်။

"မင်းက တကယ့်ဇာတ်ကောင်တစ်ယောင်မဟုတ်ဘူးလား"

Ways of Survival၏ အခန်းပေါင်း ၃၁၄၉ကို ဖတ်ထားသော လူဖြစ်သော ကျနော်ကတော့ ဒေါသထွက်မိနေလေပြီ။

"မင်းက သုံးခါပဲ နောက်ပြန်ဆုတ်ထားရသေးတာမဟုတ်ဘူးလား"

ယူဂျွန်ဟော့ကို ခွန်အားအပြည့်ဖြင့် ကျနော်ထပ်ထိုးလိုက်၏။

မေးရိုးဆီသို့လက်သီးချက်ကျသွားချိန်တွင် ယူဂျွန်ဟော့၏လှုတ်ရှားမှုမှာ နှေးကွေးသွား၏။ ရရှိလာသောအခွင့်အရေးကိုလက်လွှတ်မခံဘဲ ယူဂျွန်ဟော့၏ ရင်ဘတ်ကို ကျနော်ကန်ထည့်လိုက်တော့သည်။

"မင်းဘာတွေလျှောက်တွေးနေတာလဲ။ မင်းရဲ့ပထမဆုံးအကြိမ်ကြိုးစားမှုတုန်းက ဆုံးဖြတ်ချက်ပြတ်သားခဲ့တာကို မေ့ပစ်လိုက်ပြီလား"

「ဒီကမ္ဘာမှာ ငါတစ်ယောက်ပဲရှင်သန်နေရတယ်」

အထီးကျန်သောအသံက ထပ်မံထွက်ပေါ်လာသည်။

"မအေဘေး….စိတ်ဓါတ်ကျမနေစမ်းနဲ့"

ယူဂျွန်ဟော့၏ဓါးကိုကာလိုက်ရင်း ကျနော်အော်ပြောလိုက်၏။

"မင်းရှေ့မှာရှိတဲ့ဘဝရဲ့အဓိပ္ပါယ်ကို မင်းဟာ မရှာနိုင်ဘူးလားဟ။ ကြီးမားတဲ့တာဝန်အတွက် ရှင်သန်ဖို့ မင်းဟာ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူးလား"

[သီးသန့်စွမ်းရည်'Fourth Wall'သည် အသက်ဝင်သွားပါပြီ။]

မည်သူ့ကိုစကားပြောနေမိမှန်း ကျနော်မသိတော့ချေ။ ဓါးဆီကနေ ပူလောင်သော မီးတောက်ပေါ်ထွက်လာပြီး အပူငွေ့မှာ ကျနော့်မျက်လုံးနှင့် အရေပြားကို လာဟပ်လေတော့သည်။ ကျနော့်အသံမှာ အသက်မဲ့နေ၏။ ယခုအချိန်တွင် ကျနော်ပါ အသိစိတ်လွတ်သွားခဲ့ပြီလော။

「 ငါဟာ တစ်ယောက်ထဲပဲ 」

ယူဂျွန်ဟော့နေရာကိုကျနော်ရောက်သွားသကဲ့သို့ ဖြစ်နေချေပြီ။

ကျနော့်ရင်တွင်တင်းကြပ်လာ၏။

"မင်းက တစ်ယောက်ထဲပဲ ဟုတ်လား"

「 ငါ… 」

"မင်းဟာ တစ်ယောက်ထဲဖြစ်နေတာက အမှန်ပဲဆိုရင် ငါက ဒီနေရာကို ဘာလို့ရောက်လာခဲ့ရတာလဲ"

「 ငါ… 」

ယူဂျွန်ဟော့၏လက်ကို ဓါးဖြင့် ကျနော်ထိုးစိုက်လိုက်၏။ သွေးတွေထွက်လာပြီး ယူဂျွန်ဟော့၏အရေပြားမှာ ပေါက်ပြဲသွားတော့သည်။ အရူးတစ်ယောက်ကဲ့သို့ ဓါးကိုကျနော်ကိုင်ထားမိ၏။ ကျနော်အံကြိတ်လိုက်သည်။

"မင်းက ဘာလို့တစ်ယောက်ထဲဖြစ်နေရတာလဲဟုတ်လား။ ရုပ်ရှင်ရုံမြေအောက်ခံတပ်မှာ မင်းဟာ အရူးတစ်ယောက်လိုသေသွားခဲ့တဲ့အချိန်မှာရော၊ မင်းရဲ့သေသွားတဲ့ ညီမလေးအတွက် အော်ငိုခဲ့တဲ့အချိန်မှာရော၊ ပရောဟိတ်က မင်းကို နောက်ကျောဓါးနဲ့ထိုးတဲ့အချိန်မှာရော၊ မင်းချစ်တဲ့လူဟာ ကလေးတစ်ယောက် မွေးတဲ့အချိန်မှာရော မင်းဟာ တစ်ယောက်ထဲ ဖြစ်နေတယ်လို့ခံစားရတာမလား "

ကျနော်စကားပြောနေစဉ်တွင် အခြားမှတ်ဉာဏ်များကို ထူးဆန်းလှစွာပဲ ပြန်မြင်ယောင်မိ၏။ စာတွေတစ်ကြောင်းပြီး တစ်ကြောင်း ကျနော့်ခေါင်းထဲပေါ်လာသည်။ Ways of Survivalနှင့်ပတ်သတ်သော မှတ်ဉာဏ်ဟောင်းများ ပေါ်လာခြင်းသာ။

"မင်းရဲ့ကလေးသေသွားပြီးတဲ့နောက်မှာ မင်းဟာ ရူးသွားခဲ့တယ်"

ယူဂျွန်ဟော့၏မိသားစုကိစ္စများ၊ ယူဂျွန်ဟော့ကြုံတွေ့ခဲ့သော အတွေ့အကြုံများနှင့် ပတ်သတ်သည့် ရှုတ်ထွေးလှသောမှတ်ဉာဏ်များ ကျနော့်စိတ်ထဲ ပေါ်လာလေသည်။

"မိစ္ဆာဘုရင်တွေနဲ့အချိန်ပြန်ဆုတ်တဲ့ကောင်တွေကိုလည်း မင်းဟာ တိုက်ခိုက်ခဲ့တယ်"

စစ်တပ်ထဲက အကြီးတန်းအရာရှိတွေ အိပ်မက်ဆိုးမက်နေသကဲ့သို့ ကျနော်ခံစားနေရချေပြီ။

"လူတွေကိုကူညီပြီး ချီးထုတ်ကိုယ်စားလှယ်တွေကိုလည်း မင်းဟာ တိုက်ခိုက်နေရတယ်။ နောက်ဆုံးမှာမှ မင်းဟာ နက္ခတ်တွေရှေ့မှာ မားမားမတ်မတ် ရပ်နိုင်ခဲ့တာလေ"

အလုပ်တစ်ခုရဖို့ ကျနော်ရုန်းကန်ခဲ့ရသော နေ့ရက်များနှင့် ကျနော့်သူဌေးတွေ၏ ခေါင်းပုံဖြတ် နှိပ်စက်မှုတွေ အစရှိသည်ကို နေ့စဉ်ရှင်သန်နိုင်ဖို့အတွက် ကျနော် ဖြတ်သန်းခဲ့ရ၏။

"မင်းရဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီး တစ်နည်းနည်းနဲ့ရှင်သန်ဖို့ကြိုးစားကြည့်စမ်းပါ"

သို့ပေငြားလည်း အိမ်ကိုတော့ ကျနော်ပြန်မြဲပြန်ခဲ့သည်။ ဝတ္ထုတစ်ပုဒ်ကိုဖတ်သည့်အချိန်တွင်တော့ ကျနော့်စိတ်တွေ သက်သာရာ ရခဲ့၏။

"ငါ…"

ဓါးကိုင်ထားသော ကျနော့်လက်မှာ တုန်ရီလာပေပြီ။ ကျနော်အလွန်စိတ်လှုတ်ရှားမိသွားခဲ့ခြင်းဖြစ်၏။

ချီးပဲ….လုံလောက်အောင် ငါအချိန်ဆွဲဖို့လိုတယ်

အသက်ကိုကြမ်းကြမ်းရှူလိုက်ပြီး ရှေ့ကိုကျနော်ကြည့်လိုက်သည်။ သို့သော် ထူးဆန်းနေ၏။

ကျနော့်အမြင်တွေမှားနေသည်လော။ တစ်ခဏခန့်ပဲဆိုသော်ငြားလည်း ယူဂျွန်ဟော့၏ လက်ဆီသို့ မှိန်ပျသော အလင်းတစ်ခုက ပြန်သွားနေလေသည်။

「 ငါ… 」

ယူဂျွန်ဟော့၏စိတ်ကို ကျနော်ဖတ်နေသော်လည်း တချို့အရာတွေကိုတော့ နားမလည်နိုင်ဘဲ ဖြစ်နေမိ၏။ ယူဂျွန်ဟော့၏အကြည့်ကို ကျနော်မြင်လိုက်ရချိန်တွင် ကျနော့်ရင်တွေတုန်သွားတော့သည်။

[အလွန်အကျွံအသုံးပြုခြင်းကြောင့် 'Fourth Wall'မှာ တုန်ရီနေပါပြီ။]

ယူဂျွန်ဟော့သည် ကျနော့်ကိုတည့်တည့်ကြီး စိုက်ကြည့်နေလေသည်။

「 မင်း… မင်းက ဘယ်သူလဲ 」

All Chapters