← Chapters

အခန်း ၂၉၀

Vol. 23 Ch. 290

အခန်း ၂၉၀

Vol. 23 Ch. 290

အခန်း (၂၉၀)

- အပိုင်း (၅၄) မိစ္ဆာဘုရင်သတ်ဖြတ်သူ (၆)

“ဟေ့…. လီဂျီဟယ်”

တစ်ယောက်ယောက်က လူမိုက်ဆန်ဆန် လေသံဖြင့် လှမ်းအော်ရင်း ကျနော်တို့ရှိရာဘက်သို့ လက်ယမ်းပြလာသည်။ သူ၏ ပုခုံးပေါ်တွင် တင်ထားသော အဖြူရောင်ဝတ်စုံမှာ အနန္တနယ်ပယ် အာကာသဝတ်ရုံ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ကျနော်ဝတ်ထားသည့် ဝတ်ရုံနှင့် ပုံစံတူပင် ဖြစ်သည်။

[‘Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း’ နက္ခတ်က မျက်မှောင်ကြုတ်နေပါသည်။]

[‘အနီရောင်အာကာသ၏ စစ်သေနာပတိ’ နက္ခတ်က မကျေမနပ် ဖြစ်နေပါသည်။]

ဝတ်ရုံ၏ အတွင်းအိတ်ထဲရှိ ပန်းပွင့်များက တုန်ခါနေကြသည်။

…ဒီကောင်က ခေါင်းဆောင်လား။

ရုတ်တရက် ရိုက်ခတ်လာသော ထိတ်လန့်မှုကြောင့် ခေါင်းပင် မူးခနဲ ဖြစ်သွားရသည်။ အသိစိတ်ဖြင့် ယူဂျွန်ဟော့ကို လှည့်ကြည့်မိသော်လည်း အရူးလို ဖြစ်နေသည့် သူနှင့်တော့ ဤထိတ်လန့်မှုကို မျှဝေ၍ မရနိုင်ပေ။

ထိုလူ့ထံသို့ အကြည့်ကို ပြန်ပို့လိုက်သည်။ သူက လက်တစ်ဖက်တွင် ပတ်တီးများ ပတ်ထားပြီး တံခါးကို မှီလျက် ဆံပင်ဖြူများကို သပ်တင်ကာ ရယ်မောနေသည်။

「 ကင် ဒေါ့ ဂျာ က င တုံး ပဲ 」

…မည်သို့ပင် စဉ်းစားပါစေ၊ သူက ခေါင်းဆောင် မဖြစ်နိုင်ပေ။ ပထမဆုံးအနေဖြင့် ဤဝတ်ရုံသည် ၉၅ ခုမြောက် ဇာတ်ဝင်ခန်းသို့ ရောက်လျှင် အလွယ်တကူ ရရှိနိုင်သောအရာ ဖြစ်သည်။

လီဂျီဟယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ကင်နမ်ဝန်"

"ဘာလဲ"

"ငါ့ကို မသိသလို နေပါလို့ ပြောထားတယ်မလား။ အခု ထွက်သွားတော့၊ ငါ အထဲဝင်ရမယ်"

"အာ …"

ကင်နမ်ဝန်က လီဂျီဟယ်၏ စကားရှေ့တွင် စကားထစ်သွားသည်။ လီဂျီဟယ်က ကင်နမ်ဝန်ကို စိတ်ပျက်စရာ သတ္တဝါတစ်ခုလို စိုက်ကြည့်လိုက်သည်။

"ပြီးတော့ ဆရာ့ဝတ်ရုံကို ခိုးမဝတ်နဲ့၊ နင့်ကို သတ်ပစ်မယ်"

"…နင်ကော တစ်ခါလောက် မဝတ်ကြည့်ချင်ဘူးလား"

လီဂျီဟယ်က တံခါးကို ဆွဲဖွင့်ကာ အဆောက်အဦးထဲသို့ ဝင်သွားသည်။ လီဂျီဟယ်၏ အရှိန်အဝါကြောင့် ကင်နမ်ဝန်၏ အကြည့်များက သူ၏ နောက်ကျောဆီသို့သာ လိုက်ပါသွားတော့သည်။

…စဉ်းစားကြည့်လျှင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မူရင်းဝတ္ထုထဲကအတိုင်း ပုံစံတူပင် ဖြစ်သည်။ စိတ်ထဲတွင် အတွေးအသစ်များစွာ ဝင်ရောက်လာသည်။ လီဂျီဟယ်၊ လီဟန်းဆောင်၊ ပြီးတော့ ကင်နမ်ဝန်…

စူးစမ်းလိုစိတ်နှင့် အမည်မသိသော ကြောက်ရွံ့မှုများက နှလုံးသားအစုံတွင် ရစ်ပတ်လာသည်။ ဤအလှည့်တွင် ဘာတွေဖြစ်ပျက်ခဲ့သနည်း။ ကျနော် အတွေးလွန်နေစဉ် ကင်နမ်ဝန်က ကျနော့်ကို လှည့်ကြည့်လာသည်။

"မင်းက ဘယ်သူလဲ။ အဲဒီဝတ်ရုံက ငါ့ဝတ်စုံနဲ့ တူလှချည်လား"

[ဇာတ်ကောင် ‘ကင်နမ်ဝန်’ က သင့်အပေါ် သတိထားစောင့်ကြည့်နေပါသည်။]

သူ့ကို ပထမဆုံး ဆုံခဲ့ရသည့် အချိန်ကို သတိရမိသည်။ ကင်နမ်ဝန်၏ ဦးခေါင်းသည် မြေအောက်ရထားပေါ်တွင် ပေါက်ကွဲသွားခဲ့ရသည်။ အကယ်၍ ကင်နမ်ဝန်သာ အသက်ရှင်နေခဲ့လျှင်… ဤကဲ့သို့သော ခံစားချက်မျိုး ဖြစ်နေမည်လား။

"ဟေ့… စစ်သားကြီး၊ ဒီလူက ဘယ်သူလဲ။ လိ… ယူဂျွန်ဟော့ပါလား"

ကင်နမ်ဝန်က ကျနော့်နောက်က ယူဂျွန်ဟော့ကို မြင်သွားပြီး နောက်သို့ အမြန်ဆုတ်လိုက်သည်။

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က သွားများကို ဖြဲပြနေပါသည်။]

ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်၊ ဤအလှည့်တွင် မဟူရာမီးလျှံ အသူတစ်ရာနဂါးက သူ၏ မူလကိုယ်စားလှယ်ကို ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

သူ့ထံမှ ဦးတည်လာသော ရန်လိုမှုကြောင့် ယူဂျွန်ဟော့က ခေါင်းမော့ကြည့်လိုက်ရာ ကင်နမ်ဝန် တုန်သွား၏။

"မင်းက အခုထိ မိမိုက်ပြနေတုန်းပဲလား… တိုက်ခိုက်ဖို့ လာတာလား။ ယူဂျွန်ဟော့"

ကင်နမ်ဝန်၏ လက်များ တုန်ရင်နေပြီး သူ စိတ်လှုပ်ရှားနေသလား သို့မဟုတ် ကြောက်လန့်နေသလား မခွဲခြားနိုင်ပေ။ နှစ်ခုစလုံးလည်း ဖြစ်နိုင်သည်။ တင်းမာသော အခြေအနေကို ကြားဖြတ်လူစုခွဲပေးလိုက်သူမှာ လီဟန်းဆောင် ဖြစ်သည်။

"နမ်ဝန်၊ ဒီလူတွေက တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူး"

"ဟမ်… ဒါဆို သူတို့က ဘာလို့ လာတာလဲ"

"အဲဒါက…"

သူတို့၏ စကားဝိုင်းကို ဆက်နားမထောင်တော့ဘဲ အဆောက်အဦးထဲသို့ လှမ်းဝင်ခဲ့သည်။

"ခဏစောင့်ပါဦး၊ ကင်ဒေါ့ဂျာ"

လီဟန်းဆောင်၏ အသံက နောက်တွင် ကျန်ရစ်ခဲ့သော်လည်း အဆောက်အဦးအတွင်းပိုင်းကို စစ်ဆေးလိုသော ကျနော့် ဆန္ဒက ပိုမိုကြီးစိုးနေသည်။ အကယ်၍ ကျနော်တွေးထားသာ မှန်ကန်ခဲ့လျှင်…

ဤအဆောက်အဦးသည် အစောပိုင်းအလှည့်များတွင် ယူဂျွန်ဟော့ စိတ်ကူးပုံဖော်ခဲ့သော ထို ‘အဆောက်အဦး’ ပင် ဖြစ်ရမည်။

အထဲသို့ ဝင်လိုက်သည်နှင့် ကျယ်ဝန်းသော အခန်းကြီးတစ်ခု ပေါ်လာသည်။ ထိုအခန်းကြီးသည် ကုမ္ပဏီကြီးတစ်ခု၏ ကုန်လှောင်ရုံမျှ အရွယ်အစား ရှိသည်။ ဘေးနားရှိ တံခါးမကြီးဆီမှ လူနာတင်ခုတင်တစ်ခု အပြေးအလွှား ဝင်ရောက်လာသည်။ ခုတင်ပေါ်တွင် အရေးပေါ်လူနာတစ်ယောက် ရှိနေသည်။

"ဆော့မနေနဲ့၊ လူနာကို ဒီဘက်ရွှေ့"

ကျနော် ခုတင်ကို အမြန်တွန်းပေးလိုက်သည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသူများ စုရုံးရောက်ရှိလာကြသည်။

"ဇာတ်လမ်းအထုပ်၊ ဇာတ်လမ်းအထုပ်တစ်ခု ယူခဲ့"

"ဒီလူနာက သတ္တဝါတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေနဲ့ မတည့်ဘူး"

သူတို့အားလုံးသည် ဆေးဝါးကုသမှု စွမ်းရည်များကို လေ့ကျင့်ထားကြသူများ ဖြစ်သည်။ သူတို့ကို ဦးဆောင်နေသူမှာ ကိုင်းမပါသော မျက်မှန်အသေးလေးကို တပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုအမျိုးသမီးက လူနာ၏ ပေါက်ပြဲနေသော ဝမ်းဗိုက်နှင့် ပေါင်များကို ကြည့်ရှုရင်း ကျနော့်ကို လူနာ၏ အခြေအနေအား မေးမြန်းလာသည်။

"ဒီလူနာ ဘယ်မှာ ဒဏ်ရာရလာတာလဲ"

ထိုအမျိုးသမီးကို ငြိမ်သက်စွာ စိုက်ကြည့်နေမိသည်။ အလှည့်အပြောင်းများပေါ် မူတည်၍ ‘အဆိပ်ခတ်သူ’ သို့မဟုတ် ‘ဆရာဝန်မ’ ဟု ခေါ်ဝေါ်ကြသော အမျိုးသမီး။ သူသည် အချို့အလှည့်များတွင် ယူဂျွန်ဟော့၏ ချစ်သူ ဖြစ်ခဲ့ပြီး အချို့အလှည့်များတွင်မူ ရန်သူ ဖြစ်ခဲ့သည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ကျနော့်ကို ဆရာဝန်တစ်ဦးဟု ထင်မှတ်နေကြပုံရသည်။ လူနာ၏ အခြေအနေကို ကြည့်ရှုရင်း ပြန်ဖြေလိုက်သည်။

"အမည်မသိတဲ့ သတ္တဝါရဲ့ တိုက်ခိုက်မှုကို ခံရတာ ထင်တယ်၊ အစွယ်တွေက ဒဏ်ရာကို ကူးစက်စေခဲ့ပုံရတယ်"

"ဟုတ်သားပဲ… အင်"

လီဆောဟွာက ကျနော့်ကို ဖြည်းညှင်းစွာ စိုက်ကြည့်လာသည်။

[ဇာတ်ကောင် ‘လီဆောဟွာ’ သည် သင့်ထံမှ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိသွားပါသည်။]

"နင်က ဘယ်သူလဲ"

ဘယ်သူလို့ ပြောရမလဲ။

ဘယ်လိုပဲ ပြောပြော သူ သိနိုင်မှာမှ မဟုတ်တာ။

"ဟေ့… ဦးလေးကြီး၊ ဘာလုပ်နေတာလဲ။ မြန်မြန်လာလေ၊ ယူဂျွန်ဟော့ကိုလည်း ခေါ်ခဲ့"

တွေဝေနေသော လီဂျီဟယ်ကို ထားရစ်ခဲ့ကာ ယူဂျွန်ဟော့ကို ခေါ်ဆောင်၍ လီဂျီဟယ်ရှိရာ လှေကားထံသို့ လှမ်းတက်ခဲ့သည်။

အဆောက်အဦး၏ အတွင်းနံရံများကို အလင်းပေါက် ပစ္စည်းများဖြင့် ပြုလုပ်ထားသဖြင့် အပေါ်သို့ တက်လှမ်းနေစဉ် အဆောက်အဦးတစ်ခုလုံး၏ တည်ဆောက်ပုံကို မြင်တွေ့နေရသည်။

ပထမထပ်ရှိ အရေးပေါ်ခန်းထဲသို့ လူနာများ အဆက်မပြတ် ရောက်ရှိနေကြသည်။ သူတို့သည် ပြင်ပနတ်ဘုရားများ သို့မဟုတ် နက္ခတ်များနှင့် ရင်ဆိုင်ရင်း ဒဏ်ရာရရှိခဲ့ကြသော ကိုယ်စားလှယ်များ ဖြစ်ကြ၏။

ဆန်းကြယ်သောအရာတော့ မဟုတ်ပေ။ ဤကဲ့သို့သော ကြေကွဲစရာများသည် ၉၅ ခုမြောက် ဇာတ်ဝင်ခန်းတွင် ရိုးအီနေပြီ ဖြစ်သည်။ ၁၈၆၃ ခုမြောက် အလှည့်၏ ၉၅ ခုမြောက် ဇာတ်ဝင်ခန်းကို ပြန်လည်သတိရမိသည်။

အဆောက်အဦးအပြင်ဘက်သို့ ကြည့်လိုက်ရာ ပျက်စီးယိုယွင်းနေသော ဆိုးလ်မြို့၏ မြင်ကွင်းကို မြင်တွေ့ရသည်။ မီးခိုးများ အူထွက်နေသော နက်ဗျူလာများနှင့် အိပ်မောကျနေသော ပြင်ပနတ်ဘုရားများ ရှိနေကြသည်။ သူတို့၏ အထက် ကောင်းကင်ယံတွင်မူ မဟူရာရောင် သလင်းကျောက်တုံးကြီးများက ဖုံးလွှမ်းထားသည်။

[မရဏနဂါး ချိပ်ပိတ်အလုံး]

ဤချိပ်တံဆိပ်သည် ၉၅ ခုမြောက် ဇာတ်ဝင်ခန်း၏ အူတိုင်နှင့် ပန်းတိုင် ဖြစ်သည်။ ပြန့်ကျဲနေသော သော့ငါးချောင်းကို စုဆောင်းကာ မရဏနဂါးကို လွှတ်ပေးရမည် ဖြစ်သည်။ မရဏနဂါး လွတ်မြောက်သွားသည်နှင့် ကမ္ဘာမြေပေါ်သို့ ဖျက်ဆီးခြင်းများ ကျရောက်လာမည် ဖြစ်ပြီး ဇာတ်ဝင်ခန်းကို ပြီးမြောက်အောင်မြင်သူများသည် နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုသို့ အလိုအလျောက် ကူးပြောင်းသွားကြမည် ဖြစ်၏။

သို့သော် ဤ ၁၈၆၃ ခုမြောက် အလှည့်သည် ကျနော်သိထားသော ၁၈၆၃ ခုမြောက် အလှည့်နှင့် ကွဲပြားနေသည်။

—မြစ်ဘက်မှာ ပထမအဆင့် သားရဲတစ်ကောင် ပေါ်လာပြီ

ရေဒီယိုလှိုင်းများက အဆောက်အဦးအတွင်း ပျံ့နှံ့နေသည်။ လှေကားအတိုင်း တက်လာစဉ် တောက်ပသော အလင်းများ လင်းထိန်နေသည့် ကွပ်ကဲမှုအခန်း၏ မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

—ဆောချိုဘက်ကို စေလွှတ်ထားတဲ့ တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ အပြင်းအထန် တိုက်တွန်းပါတယ်၊ မီးလျှံနတ်ခေါင်ချုပ် ပေါ်လာလို့ပါ

—နိုဝန်မှာ အက်စကာလွန် သန့်စင်သောဓါးကို ရှာတွေ့ထားပါတယ်၊ လောလောဆယ် အမည်မသိသတ္တဝါ အကောင်ရေ ဒါဇင်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်၊ အကူအညီ ပေးပို့ပေးပါ

မက်ဆေ့ချ်များစွာ ဝင်ထွက်သွားလာနေပြီး လူတစ်ယောက်က ထိုအရာအားလုံးကို ထိန်းချုပ်နေသည်။ သူ၏ ဆံပင်များက ကောက်ကွေးနေသည်။ မျက်ကွင်းညိုညိုများနှင့် နားကြပ်ကို တပ်ဆင်ထားသော ကောင်လေးတစ်ယောက် ဖြစ်သည်။

…မဟုတ်သေး။ သူက ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။ ထူးဆန်းသော ခံစားချက်တစ်ခုဖြင့် သူ့ကို စိုက်ကြည့်မိသည်။

အရိပ်တွေ၏ရသေ့ဘုရင်ကြီး ဟန်ဒုံဂွန်၊ ကျနော်ရှင်သန်ခဲ့သော အလှည့်တွင် ‘ဘုရင်’ တစ်ပါး ဖြစ်မလာခဲ့သည့် ထိုကလေးငယ်သည် ယခုအခါ သူ၏ ပါရမီများ တောက်ပနိုင်မည့် နေရာတစ်ခုတွင် ထိုင်နေပြီ ဖြစ်သည်။ ဟန်ဒုံဂွန်၏ လက်ချောင်းထိပ်များဆီမှ အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး တွက်ချက်မှုများကို လျင်မြန်စွာ ပြီးမြောက်စေသည်။

—မင်ဂျီဝန်နဲ့ သူ့ရဲ့ ဟွာရန်းတပ်ဖွဲ့၊ ပြီးတော့ မေတ္တေယျ ကတိထားရာမြေက ချာဆန်းဂယောင်တို့ နိုဝန်နယ်မြေကို တာဝန်ယူပေးပါ

—အိုလံပတ်စ်ရဲ့ ကိုယ်စားလှယ်တွေ မတိုက်ခိုက်ခင် ငါတို့ဘက်က အရင်တိုက်ရမယ်

—အက်စကာလွန် သန့်စင်သောဓါးကို မဖြစ်မနေ ရအောင်ယူရမယ်၊ မြန်မြန်လုပ်ကြ

မက်ဆေ့ချ်များထဲတွင် ရင်းနှီးနေသော နာမည်များကို ကြားလိုက်ရသည်။ မင်ဂျီဝန်နှင့် ချာဆန်းဂယောင်၊ ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီးနှင့် မျက်စိတစ်ဖက်တည်းရှိသော မေတ္တေယျတို့ကို နက္ခတ်အဖြစ် ပိုင်ဆိုင်ထားကြသူများသည် ၉၅ ခုမြောက် ဇာတ်ဝင်ခန်းအထိ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။

"ဘာလို့ အဲဒီလို ကြည့်နေတာလဲ"

လီဂျီဟယ်က ဘေးမှကြည့်ရင်း ကျနော့်ကို လှမ်းတို့လိုက်သည်။

ပြန်မဖြေခင် ခဏတာ တွေးတောလိုက်ပြီးမှ အမှန်အတိုင်း ပြောပြလိုက်သည်။

"…ငါ ထင်ထားတာထက် ပိုပြီး အံ့ဩဖို့ကောင်းနေလို့ပါ"

လီဂျီဟယ်က ကျနော့် စကားကြောင့် အံ့အားသင့်သွားပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။

"ငါ့ဆရာက တကယ်ကို တော်တာ၊ ဒါတွေအားလုံးက ဆရာ့ကျေးဇူးတွေချည်းပဲ၊ ဆရာတစ်ယောက်ထဲ လုပ်ခဲ့တာလေ"

လီဂျီဟယ်၊ လီဟန်းဆောင်၊ လီဆောဟွာ၊ မင်ဂျီဝန်၊ ချာဆန်းဂယောင်၊ ဟန်ဒုံဂွန်… ပြီးတော့ ကင်နမ်ဝန်၊ မူရင်း ၁၈၆၃ ခုမြောက် အလှည့်တွင် သေဆုံးသွားရမည့် လူအားလုံး အသက်ရှင်နေကြသည်။

ထို့အပြင် သူတို့၏ လက်နက်အင်အား အဆင့်အတန်းမှာလည်း မြင့်မားနေပြီး တပ်ဖွဲ့၏ အရွယ်အစားမှာလည်း ကြီးမားလှသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ကျနော်ရှင်သန်ခဲ့သည့် တတိယမြောက် အလှည့်ထက်ပင် ပိုမိုကောင်းမွန်နေသေးသည်… မဟုတ်သေး။ ဤအခြေအနေသည် ကျနော်အမြဲတမ်း မျှော်လင့်ခဲ့ရသော အခြေအနေမျိုး ဖြစ်သည်။

ကျနော်ခေါင်းကိုက်လာ၏။

ကျနော်မသိသော တစ်စုံတစ်ယောက်က ၁၈၆၃ ခုမြောက် အလှည့်၏ သမိုင်းကြောင်းကို ပြောင်းလဲပစ်ခဲ့သည်။ ဖြစ်ပျက်ရမည့် ကြေကွဲစရာများ ဖြစ်မလာခဲ့ဘဲ လူသားမျိုးနွယ်သည် ဆက်လက်တိုက်ပွဲဝင်နေကြသည်။

ယူဂျွန်ဟော့သည် သူ၏ မိတ်ဆွေ တစ်ယောက်ကိုမျှ မဆုံးရှုံးရသေးပေ။ ဖြစ်နိုင်လျှင်… ကျနော်အနေဖြင့် တတိယမြောက် အလှည့်သို့ ပြန်သွားရန်ပင် မလိုတော့ဟု ထင်ရသည်။ ဤနေရာတွင်ပင် မှန်ကန်သော ဇာတ်သိမ်းကို မြင်တွေ့နိုင်ချေ ရှိသည်။

လီဂျီဟယ်က ကျနော့်ကို ပြောလာသည်။

"ငါတို့တွေ ဆရာနဲ့အတူ ဇာတ်ဝင်ခန်းရဲ့ အဆုံးအထိ သွားကြမှာ"

ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ထူးဆန်းပြီး အေးစက်သော ခံစားချက်တစ်ခုက ရင်ဘတ်ထဲသို့ ပြည့်နှက်လာသည်။ သေချာသည်။ ဤမြင်ကွင်းထဲတွင် အရာအားလုံး ရှိနေသည်။ တစ်ခုကလွဲလို့ပေါ့။

လှည့်ကြည့်လိုက်ရာ ယူဂျွန်ဟော့က အမူအရာကင်းမဲ့စွာ မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။ ယူဂျွန်ဟော့ ဤမြင်ကွင်းကို ကြည့်နေသလား သို့မဟုတ် မကြည့်ဘဲ နေသလား မခွဲခြားနိုင်ပေ။ သူ ဝမ်းနည်းနေသလား သို့မဟုတ် ဝမ်းသာနေသလား ကျနော်မသိပေ။ ကျနော်သိနိုင်သည်မှာ ကျနော့်အကြောင်းသာ ဖြစ်သည်။

"နင်က ဘာလို့ ယူဂျွန်ဟော့ကို မုန်းတာလဲ"

"သူက လူဆိုးတစ်ယောက် မလို့ပေါ့"

"သူက ဘာလို့ လူဆိုး ဖြစ်ရတာလဲ"

"နင် တကယ်ပဲ မသိလို့ မေးနေတာလား"

"ငါ မသိဘူး"

"အဲဒီလူက သူ့ရဲ့ ရည်မှန်းချက်အတွက်ဆိုရင် လူသတ်ဖို့ကို ဝန်လေးတာ မဟုတ်ဘူး"

အမှန်တရားပင် ဖြစ်သည်။ ကျနော် ဆက်မေးလိုက်သည်။

"ဒါအကုန်ပဲလား"

"နောက်ထပ် အကြောင်းပြချက် လိုသေးလို့လား"

မှန်ပါသည်။ ဤအကြောင်းပြချက်တစ်ခုတည်းနှင့်ပင် လုံလောက်နိုင်ပါသည်။ သို့သော်လည်း…

「 ကင်ဒေါ့ဂျာက ‘ယူဂျွန်ဟော့ ဘာကြောင့် အဲဒီလိုအရာတွေကို လုပ်ခဲ့ရလဲဆိုတာ နင်တို့မသိပါဘူးဟာ’ ဟု တွေးလိုက်မိသည် 」

အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ လီဂျီဟယ်၏ အပြစ်မဟုတ်ပေ။ မည်သူမျှ မှားယွင်းစွာ မလုပ်ဆောင်ခဲ့ကြချေ။ အားလုံးက ကောင်းမွန်စွာ လုပ်ဆောင်နေကြသဖြင့် ကျနော့်ကို ဒေါသထွက်စေနေမိခြင်းလည်း ဖြစ်နိုင်၏။

"နင်ပြောနေတဲ့ ဆရာဆိုတာ ဘယ်သူလဲ"

"အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်ကို သွားလိုက်၊ ဟိုဘက်က ဓာတ်လှေကားကို စီးသွား"

ကျနော် ခေါင်းငြိမ့်ပြပြီး ဓာတ်လှေကားရှိရာသို့ လျှောက်ခဲ့သည်။ ယူဂျွန်ဟော့က ကျနော်နောက်က လိုက်ပါလာရာ လီဂျီဟယ်က ဓါးကို ဆွဲထုတ်လိုက်သည်။

"ယူဂျွန်ဟော့ကို ဒီမှာ ထားခဲ့"

ထင်ထားသည့်အတိုင်းပင်၊ ကျနော် ယူဂျွန်ဟော့နှင့် လီဂျီဟယ်ကို တစ်လှည့်စီ ကြည့်လိုက်သည်။ ဓာတ်လှေကား ဆိုက်ရောက်လာသည့် အသံ မြည်လာသည်။

ဓာတ်လှေကားထဲ မဝင်ခင် ယူဂျွန်ဟော့အနားသို့ တိုးကပ်သွားလိုက်သည်။

"ယူဂျွန်ဟော့၊ ပျော်စရာ အတွေးတွေကိုပဲ တွေးပြီး စောင့်နေ၊ နားလည်လား"

ယူဂျွန်ဟော့က ခေါင်းငြိမ့်ပြသည်။

"ဒါပေမဲ့ တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို ရန်ပြုဖို့ ကြိုးစားလာရင်… မင်းရဲ့ အဆိုးဝါးဆုံး နေ့ရက်တွေရဲ့ မှတ်ဉာဏ်တွေကို ပြန်သတိရလိုက်"

"နင် အခု ဘာလုပ်နေတာလဲ"

လီဂျီဟယ်က ကျနော့် စကားထဲမှ ထူးဆန်းသော အဓိပ္ပာယ်ကို ခံစားမိသွားသည်။ ကျနော့် လီဂျီဟယ်ကို လျစ်လျူရှုကာ ဓာတ်လှေကားထဲသို့ ဝင်ခဲ့သည်။

"ဟေ့… ငါ့ကို ဖြေဦး၊ ယူဂျွန်ဟော့ကို ပြောလိုက်တဲ့ စကားက ဘာအဓိပ္ပာယ်လဲ"

ဤနေရာသည် လီဂျီဟယ်အတွက် မည်မျှအရေးကြီးကြောင်း ကျနော်သိသည်။ သဘာဝကျစွာပင် တစ်စုံတစ်ယောက်၏ တန်ဖိုးထားရသောအရာသည် အားနည်းချက်တစ်ခု ဖြစ်လာနိုင်သည်။

"တကယ်လို့ သိချင်ရင် သူ့ကို သွားထိကြည့်လိုက်လေ၊ ငါသာ နင့်နေရာမှာဆိုရင်တော့ မလုပ်ဘူး"

ဓာတ်လှေကား တံခါး ပိတ်သွားခဲ့သည်။

၃၊ ၄၊ ၅…

အဆောက်အဦး၏ အထပ်နံပါတ်များ ပြောင်းလဲလာသည်နှင့်အမျှ မြေဆွဲအားက မြင့်တက်လာသည်။ နံပါတ်များ ပြောင်းလဲနေစဉ် ကျနော့် ဦးနှောက်ကလည်း အရင်ကထက် ပိုမိုမြန်ဆန်စွာ အလုပ်လုပ်နေသည်။

ဘယ်သူ ဖြစ်လောက်မလဲ။

ခန့်မှန်းမိသည့် လူအချို့ ရှိသည်။ အနာဂတ်၏ အချက်အလက်များကို ဖတ်ရှုနိုင်ပြီး အနာဂတ်ကို ပြောင်းလဲနိုင်သူများ၊ အန်နာ ခရော့ဖ် သို့မဟုတ် နက်ဗျူလာတစ်ခုခုမှ နက္ခတ်အချို့ ဖြစ်နိုင်သည်။ သို့သော် သူတို့ထဲက မည်သူမျှ ဤကဲ့သို့သော အရာမျိုးကို မလုပ်ဆောင်နိုင်ပေ။

သူတို့ မည်မျှပင် တော်ပါစေ၊ သူတို့သည် မူရင်းဝတ္ထု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားတစ်ခုတည်းနှင့် မူရင်းဖြစ်ရပ်များကို ပြောင်းလဲပစ်ရန် မဖြစ်နိုင်ပေ။

၉၊ ၁၀၊ ၁၁…

ဒါဆိုလျှင် အဖြေက တစ်ခုတည်းသာ ရှိတော့သည်။ ကျနော့်အပြင် မူရင်းဝတ္ထု၏ ပြင်ပမှ အခြားသော ဖြစ်တည်မှုတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း ထူးဆန်းသော အချက်အချို့ ရှိနေသေး၏။ မူရင်းဝတ္ထု၏ ပြင်ပမှ ဖြစ်တည်မှုတစ်ခု ဖြစ်နေပါစေဦး၊ ၉၅ ခုမြောက် ဇာတ်ဝင်ခန်းအထိ ဤမျှ ပြည့်စုံစွာ လျှောက်လှမ်းနိုင်ရန် အကြောင်းပြချက် မရှိပေ။ တစ်နည်းအားဖြင့်ပြောရလျှင် ကျနော်နှင့် ဆင်တူနေလေသည်… ဤအခိုက်အတန့်တွင် ကြက်သီးများ ထသွားရသည်။

…မဟုတ်မှလွဲရော၊ တခြားအလှည့်တွေ ယူဂျွန်ဟော့တေတောင် ရှိနေခဲ့တာဆိုတော့ ငါဆိုရင်ကော…

တိန်။

ဓာတ်လှေကား မြည်သံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကျနော့် ခေါင်းကို ခါယမ်းလိုက်သည်။ ပြင်ဆင်ထားသော Ways of Survival ဗားရှင်းအရ ယူဂျွန်ဟော့၏ အခြားသော အလှည့်များတွင် ကျနော်မရှိခဲ့ပေ။ အလှည့်အချို့ ကုန်ဆုံးသွားပြီးနောက်တွင်လည်း ‘ကျနော်’ ဟူ၍ မရှိခဲ့။ အကယ်၍ ရှိခဲ့လျှင် ပြင်ဆင်ချက်ကိုယ်တိုင်က ကွဲပြားနေလိမ့်မည်။

ထို့ကြောင့် ထိုဖြစ်တည်မှုသည် ကျနော်မဖြစ်နိုင်ပေ။ စိတ်အနှောင့်အယှက် ဖြစ်စေသည့် အရာတစ်ခုမှာ လျှို့ဝှက်ကြံစည်သူ ဖြစ်သည်။

[ အမှန်တော့ မင်းအပြင် ကတိသစ္စာပြုခဲ့တဲ့ နောက်ထပ် လူတစ်ယောက် ရှိသေးတယ် ]

တံခါး ပွင့်သွားသည်။ ထို့နောက် ဟိုတယ်ခန်းမတစ်ခုနှင့် ဆင်တူသော အခန်းတစ်ခု ပေါ်လာသည်။ထိုအခန်းက မီးများ ပိတ်ထားသဖြင့် မှောင်မည်းနေသော အခန်း ဖြစ်သည်။ နူးညံ့သော ကော်ဇောများ ခင်းထားသည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူတစ်ယောက်၏ အရိပ်ကို မြင်လိုက်ရသည်။

"ဟင်… နင်က လီဟန်းဆောင် ပြောနေတဲ့ လူပေါ့လေ"

ထိုအသံနှင့်အတူ ငွေရောင်အလင်းတစ်ခုက အခန်းကို လင်းထိန်သွားစေသည်။ မှေးမှိန်သော အလင်းရောင်အောက်တွင် ပထမဆုံး မြင်လိုက်ရသည်မှာ စာပွဲပေါ်ရှိ ဓါးတစ်လက် ဖြစ်သည်။ ဓါးသည် အသန့်စင်ဆုံးသော ဖြူစင်မှုဖြင့် တောက်ပနေသည်။ ဤဓါးကို ကျနော် ကောင်းစွာ သိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကျနော်၏ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး ဖြစ်နေသောကြောင့်ပင်။ ကျနော် ဓါးကို စိုက်ကြည့်နေစဉ် ကုလားထိုင်ပေါ်မှ လူက စကားဆိုလာသည်။

"ဓါးကောင်းတစ်လက်ပဲ၊ နာမည်အတိုင်း ဘယ်တော့မှ မကျိုးပဲ့ဘူး"

"ငါ သိတာပေါ့၊ ငါလည်း အဲဒါကို သုံးနေတာပဲ"

"တကယ်လား"

ကုလားထိုင်ပေါ်တွင် ထိုင်နေသူသည် အနက်ရောင် မျက်နှာဖုံးတစ်ဝက်ကို တပ်ဆင်ထားသည်။ မျက်နှာဖုံးနောက်ကွယ်မှ မြင်တွေ့နေရသော မျက်လုံးများကို ကျနော် စိုက်ကြည့်လိုက်သည်။ ဇာတ်ဝင်ခန်း၏ လေပြင်းများကြောင့် ပြောင်းလဲသွားခဲ့သော်လည်း သံသယဖြစ်ဖွယ် မရှိပေ။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်ပါပြီ။]

မူလကဆိုလျှင် အလုပ်မလုပ်သင့်သော စွမ်းရည် ဖြစ်သည်။ ကျနော် ဇာတ်ကောင်စာရင်းကို အကြိမ်အနည်းငယ် သုံးဖူးသဖြင့် ကောင်းစွာ သိသည်။ ဒါဆိုလျှင် ကျနော် ဘာကြောင့် ထပ်ပြီး စမ်းသပ်ကြည့်မိသနည်း။

[ဤပုဂ္ဂိုဟ်နှင့် ပတ်သက်သော အချက်အလက်များ လွန်စွာ များပြားနေပါသည်။ ဇာတ်ကောင်စာရင်းကို ဇာတ်ကောင်အကျဉ်းချုပ်အဖြစ် ပြောင်းလဲလိုက်ပါသည်။]

ဖြစ်နိုင်သည်မှာ ဇာတ်ကောင်စာရင်းအလုပ်မလုပ်ပါစေနှင့်ဟု ကျနော် မျှော်လင့်နေမိသောကြောင့် ဖြစ်လောက်မည်။ ရှေ့မှ အချက်အလက်များကို ကြည့်ရင်း ကျနော် စိတ်အစုံ လေးလံသွားရသည်။ ဒီမိန်းမ သိလိမ့်မည် မဟုတ်ပေ။

ယခုအခိုက်အတန့်တွင် ကျနော် အတော်ကို ပြင်းထန်သော အထီးကျန်မှုကို ခံစားနေရ၏။

"ကောင်းပြီလေ။ နင် ဘယ်ကလာတာလဲ၊ ကင်ဒေါ့ဂျာဆိုတဲ့ နာမည်ကို ငါတစ်ခါမှ မကြားဖူးဘူး"

ကျနော် အစကတည်းက သတိထားမိသင့်သည်။ သူသာလျှင် ကျနော့်အပြင် Ways of Survival ၏ တည်ရှိမှုကို သိရှိသော တစ်ဦးတည်းသော လူသား ဖြစ်၏။ ပထမဆုံးအနေဖြင့် ဤအရာကို လုပ်ဆောင်နိုင်သူမှာလည်း သူတစ်ယောက်တည်းသာ ရှိသည်။

…သို့သော် မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုအချိန်မှစ၍ ကျနော် သိရှိရမည့် အစိတ်အပိုင်းတစ်ခု ရှိနေ၏။ သို့သော်လည်း ကျနော် သိနိုင်သည့် အရာတစ်ခု ရှိနေလေသည်။

ဤသူသည် ကျနော်သိထားသော တတိယမြောက် အလှည့်မှ လူ မဟုတ်ပေ။

ဂုတ်ဝဲဆံပင်နှင့် အမျိုးသမီးကို စိုက်ကြည့်ရင်း ကျနော်မေးလိုက်သည်။

"နင်က ဟန်ဆိုယောင်းရဲ့ ကိုယ်ပွားလား"

All Chapters