← Chapters

အခန်း ၂၈၇

Vol. 23 Ch. 287

အခန်း ၂၈၇

Vol. 23 Ch. 287

အခန်း (၂၈၇)

- အပိုင်း (၅၄) - မိစ္ဆာဘုရင် သုတ်သင်သူ (၃)

[နတ်ခေါင်ချုပ်]

မိစ္ဆာဘုရင် 'အိုဆေး' သည် အံ့ဩရုံမျှမက ကြောက်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် ကျနော့်ဘက်သို့ လှမ်းကြည့်လာသည်။ အကြွင်းမဲ့မိစ္ဆာစနစ်၏ နက္ခတ်များအတွက်လည်း ထို့အတူပင် ဖြစ်သည်။ သူတို့အတွက်မူ အေဒင် ၏ နတ်ခေါင်ချုပ်များသည် အဆိုးဝါးဆုံး ရန်သူတော်ကြီးများ ဖြစ်ကြပေသည်။

နတ်ခေါင်ချုပ် နှစ်ပါး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့ တုန်လှုပ်သွားကြခြင်းမှာ မဆန်းတော့ပေ။

[ဘာလို့ နတ်ခေါင်ချုပ်တွေ ရှိနေတာလဲ။ အေဒင်ရဲ့ ကောင်းကင်တမန်တွေဟာ အဲဒီနေ့ပြီးကတည်းက အကုန်လုံးနီးပါး သေဆုံးသွားခဲ့ကြတာ မဟုတ်ဘူးလား]

တိုးတိုးတိတ်တိတ် ရေရွတ်သံများကို ကြားလိုက်ရချိန်တွင် ကျနော့် ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားရသည်။ ဤလောကသည် (၁၈၆၃) ကြိမ်မြောက် နောက်ပြန်ဆုခြင်း၏ ကမ္ဘာ ဖြစ်သည်။ ဂျိုဖီရယ် နှင့် ဂေဘရီရယ် တို့သည် ဤအလှည့်တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သိကြလိမ့်မည်မဟုတ်ပေ။

[■။ ဘယ်လိုပေါက်ကရတွေပြောနေတာလဲ။]

ဂေဘရီရယ် ၏ စစ်မှန်သောအသံ သည် စောင့်ဆိုင်းနေခဲ့သည့်အလား ဟိန်းထွက်လာသည်။ ယူရီအယ် ကဲ့သို့ပင် သူ၏ နှုတ်ထွက်စကားများ၌လည်း ဆဲရေးတိုင်းထွာသံများ ပါဝင်နေ၏။ ကိစ္စရပ်များ ပိုမိုကြီးထွားမလာခင် ကျနော် သူ့ကို တားဆီးရမည်။

"ဂေဘရီရယ်၊ သူတို့ရဲ့ ပေါက်ကရစကားတွေကို နားထောင်နေဖို့မလိုဘူး။ သူတို့ကို အမြန်သာ ရှင်းပစ်လိုက်"

[…ငါ့ကို လာပြီး ကဂျီကဂျောင် မလုပ်နဲ့။ မာန်တက်နေတဲ့လူသားကောင်]

ပြန်လည်ချေပချင်သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် ကျနော်၏ စကားကို နားထောင်ရမည်ဖြစ်သည်။ ဂေဘရီရယ် ၏ စွမ်းအားများသည် ကျနော်၏ ခန္ဓာကိုယ်တစ်ခုလုံးအတွင်းသို့ အရှိန်အဟုန်ဖြင့် ပြည့်နှက်လာသည်။

[ငါကတော့ နတ်ခေါင်ချုပ် ဂေဘရီရယ်ပဲ ဖြစ်တယ်]

ကျနော်၏ မွေးညင်းနုများ ထောင်ထလာသည်ကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဂေဘရီရယ် ၏ ပင်မဇာတ်လမ်းကြီးကို ကြားလိုက်ရပြီ ဖြစ်သည်။

[သင်တို့ထံ ဤသတင်းကောင်းကို လာရောက်ပြောကြားဖို့ ငါ့ကို စေလွှတ်လိုက်တာပဲ]

အမှန်စင်စစ် ထို 'သတင်းကောင်း' ဆိုသည်မှာ ဂေဘရီရယ် သည် မိမိတို့နှင့် တစ်ဖက်တည်းရှိနေမှသာ အကျုံးဝင်မည့်အရာ ဖြစ်သည်။

[မကြောက်ကြနဲ့။ နတ်ခေါင်ချုပ်တွေဆိုတာ သူတို့ရဲ့ အခြေစိုက်စခန်း ပျက်စီးသွားပြီးလို့ ကျန်ရစ်နေတဲ့ အကြွင်းအကျန်တွေပဲကွ]

မိစ္ဆာဘုရင် အိုဆေး က နက္ခတ်များကို အားပေးလှုံ့ဆော်လိုက်သည်။ သို့သော်လည်း သူ စကားပြောနေသည့် အချိန်၌ပင် အိုဆေး ကိုယ်တိုင်မှာ ဝေးရာသို့ နောက်ဆုတ်ပြေးနေပြီ ဖြစ်သည်။ နက္ခတ်များက သူတို့၏ ကြယ်အမွေအနှစ် လက်နက်များကို ကိုင်စွဲကာ ကျနော့်ထံသို့ အလုံးအရင်းနှင့် ပြေးဝင်လာကြသည်။

[ဒါဟာ သတ်မှတ်ထားပြီးသား အဆုံးသတ်ပဲ]

ဂေဘရီရယ် ၏ ဇာတ်လမ်းဖြစ်သော 'ဗျာဒိတ်ကျမ်း၏ ကမ္ဘာပျက်ကပ်' စတင်လေပြီ။

ဦးချိုနှစ်ချောင်းရှိသော သိုးထီးတစ်ကောင်ကို သင်မြင်ခဲ့ရပြီ။ မျက်လုံးနှစ်လုံးကြားရှိ ဦးချိုကြီးသည်ကား ပထမဆုံးသော ရှင်ဘုရင်တည်း။

ရွှေရောင်ကြိုးမျှင်များသည် ကျနော်၏ ခန္ဓာကိုယ်မှ စီးဆင်းလာသည်။ ထိုကြိုးမျှင်များနှင့်အတူ ကျနော်၏ ခန္ဓာကိုယ်အရွယ်အစား သည်လည်း ကြီးထွားလာ၏။ ကျနော်၏ ခန္ဓာကိုယ်ထဲတွင် သားပေါက်ရာသီမှ သိုးထီးတစ်ကောင်ကဲ့သို့ စွမ်းအားများ လျှံထွက်နေသည်။ မိစ္ဆာဘုရင်၏ ဦးချိုများ ပေါက်ခဲ့သော နေရာတွင် စင်ကြယ်သော အဖြူရောင် ဦးချိုများ ထွက်ပေါ်လာသည်။

[အီး… အား…]

အကြွင်းမဲ့မိစ္ဆာစနစ်၏ နက္ခတ်များသည် ထိုဦးချိုများကို ကြည့်ရုံမျှဖြင့်တင် ကြောက်လန့်တုန်လှုပ်ကုန်ကြသည်။ အချို့သော နက္ခတ်တာရာများသည် အားကိုးရာမဲ့နေသော ကိုယ်စားလှယ်များကဲ့သို့ သူတို့၏ လက်နက်များကို လက်လွှတ်ချပစ်လိုက်ကြပြီး အချို့မှာမူ အော်ဟစ်အော်မြည်လျက် ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။

[အားးးး]

သူတို့သည် မိမိတို့၏ အဆုံးသတ်ကို မြင်တွေ့လိုက်ရသည့်အလားပင်။

သူသည် ကျနော့်စွမ်းအားကြောင့်မဟုတ်ဘဲ သူ့ကိုယ်ပိုင် စွမ်းအားဖြင့်သာ တဖြည်းဖြည်း ပိုမိုအစွမ်းထက်လာလိမ့်မည်။

နက္ခတ်များ၏ တိုက်ခိုက်မှုများ ကျနော်ထံသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာချိန်တွင် ကျနော်၏ ကျောပြင်နောက်မှ အတောင်ပံခြောက်ခုသည် စူးရှတောက်ပသော လျှပ်စီးအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော်ငြားလည်း ကျနော် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိခဲ့ပေ။

ကျနော့် မျက်စိရှေ့တွင် ပေါ်လာသော ခိုင်မာတောင့်တင်းလှသည့် သတ္တုထုကြီးသည် တိုက်ခိုက်မှုအမျိုးအစား အားလုံးကို အချည်းနှီးဖြစ်အောင် ဖြိုခွဲပေးလိုက်သည်။ ၎င်းသည် ဘီလူးနတ်ဘုရားမျိုးနွယ်စုများ သုံးလေ့ရှိသည့် လက်နက်မျိုး ဖြစ်သည်။ အဖြူရောင်အလင်းတန်းဖြင့် လင်းလက်နေသော မြွေတစ်ကောင်သည် လှံရိုးတံတစ်လျှောက် တွားတက်သွားပြီး ထိုမြွေ၏ မျက်လုံးများမှာ လက်ဝါးကပ်တိုင်တစ်ခုကို အမှတ်ရစေသည့် စူးရှလှပသော ဖန်သားပြင်သဖွယ် မြှုပ်နှံထားသည်။

ဤသည်ကား ဂေဘရီရယ် ၏ မြတ်နိုးဖွယ်ရာချိန်ခွင် ဟုခေါ်သော နတ်ဘုရားလှံတော် ဖြစ်သည်။ ကျနော် လှံတံရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံး စောင်းငဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးသည် ချိန်ခွင်တစ်ခုပေါ်သို့ ရောက်ရှိသွားကြ၏။ သူတို့သည် ချိန်ခွင်၏ တစ်ဖက်တစ်ချက်စီတွင် ကွဲပြားစွာ တည်ရှိနေကြသည်။

ကျနော် ခေါင်းကို လှည့်ကြည့်လိုက်ရာ ဂေဘရီရယ် က ပြုံးပြနေသည်။ သူ၏ လက်ဖဝါးများက ကျနော်၏ ပုခုံးကို လာရောက်ထိတွေ့လိုက်၏။

သူသည် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းကို ပြုလုပ်လိမ့်မည်ဖြစ်သလို အစွမ်းထက်ပြီး သန့်ရှင်းမြင့်မြတ်သော လူမျိုးတို့ကိုလည်း ဖျက်ဆီးလိမ့်မည်။

လှံတော်သည် တောက်ပစွာ လင်းလက်သွားပြီး ကျနော် ထိုလှံကို ရှိသမျှအင်အားအကုန်သုံး၍ လွှဲယမ်းပစ်လွှတ်လိုက်သည်။

ထို့နောက်တွင် ကမ္ဘာမြေ၏ အစိတ်အပိုင်းအချို့ လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ယံမှ ကျနော့်ကို တိုက်ခိုက်နေကြသော နက္ခတ်တာရာများ၊ ဘေးဘက်မှ ပြေးဝင်လာကြသူများနှင့် တိုက်ခိုက်လိုစိတ် ကုန်ခမ်းကာ မြေပြင်ပေါ်တွင် ဝပ်စင်းနေကြသူများပါမကျန်… အားလုံးသည် ဤလောကတွင် ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားကြသည်။ ချန်ထားရစ်ခဲ့သည်မှာ ချိန်ခွင်၏ ဤဘက်အခြမ်းတွင် ရှိနေသော သက်ရှိများသာ ဖြစ်သည်။

ဤသည်ကား နတ်ခေါင်ချုပ်တစ်ပါး၏ စစ်မှန်သော စွမ်းပကားပင် ဖြစ်သည်။ ဂေဘရီရယ် က မကျေမနပ်ဖြစ်နေသော လေသံဖြင့် နှုတ်ခမ်းကို ဟကာ ပြောလိုက်သည်။

[…တစ်ကောင် လွတ်သွားတယ်။ ပွင့်ဖတ်အရေအတွက်မှာ ကန့်သတ်ချက် ရှိနေခဲ့တာပဲ]

အမှန်စင်စစ် မိစ္ဆာဘုရင် အိုဆေး သည် အခြေအနေကို ကြိုတင်ရိပ်မိပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။ အဆင့်နိမ့်မိစ္ဆာဘုရင်တစ်ပါးအနေဖြင့် နတ်ခေါင်ချုပ်တစ်ပါးကို တစ်ကိုယ်တည်း ရင်မဆိုင်နိုင်မှန်း သူ ကောင်းကောင်းသိသည်။ သို့သော်လည်း ဂျိုဖီရယ် ကမူ ဒီအတိုင်း ရပ်ကြည့်မနေခဲ့ပေ။

ကျနော်၏ နောက်ကျောဘက်မှ အနီရောင် မြူခိုးများ ထွက်ပေါ်လာပြီး အိုဆေး ၏ နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။ ကမ္ဘာကြီးတစ်ခုလုံး နာကျင်စွာ အော်ဟစ်မြည်တမ်းနေသကဲ့သို့ ခံစားရ၏။ အနီရောင်မြူခိုးတစ်ခုဟု ထင်ရသော်လည်း အနီးကပ် သေချာကြည့်လိုက်သောအခါတွင်မူ သေးငယ်သော စစ်သည်တော် အစုအဝေးကြီး ဖြစ်နေလေသည်။

အေဒင်၏ (၅၀၃) ခုမြောက် တပ်ခွဲသည် ကောင်းကင်ယံတစ်ခုလုံးကို နီရဲသွားစေခဲ့သည်။ ၎င်းသည် အနီရောင်အာကာသ၏ စစ်သေနာပတိ၏ နောက်သို့ လိုက်ပါသော အထူးရွေးချယ်ထားသည့် လက်ရွေးစင်စစ်သည်တော် တပ်ဖွဲ့ပင် ဖြစ်သည်။

[ဂါး… အားးး]

အသားစားငါးများကဲ့သို့ လှုပ်ရှားနေသော သွေးချင်းချင်းနီနေသည့် မြူခိုးများထဲမှ အနီရောင်ဆူးချွန်များ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံ၏ စစ်သည်တော်များ သွေးသောက်ပွဲတော်ကို ဆင်နွှဲနေကြစဉ် ဝေးလံသော အရပ်ဆီမှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ခေတ္တအကြာတွင် အရာအားလုံး တိတ်ဆိတ်သွားခဲ့လေသည်။

မိစ္ဆာဘုရင်၏ စုတ်ပြတ်သွားသော ကိုယ်စားလှယ်ခန္ဓာကိုယ် အပိုင်းအစများသည် မုန့်အစများကဲ့သို့ လေထဲတွင် လွင့်ပါးနေသည်။ တိတ်ဆိတ်နေသော ဂေဘရီရယ် သည် ကျနော်၏ ခြေလှမ်းများကို လှုပ်ရှားစေပြီး မိစ္ဆာဘုရင်၏ အပိုင်းအစများကို နင်းခြေပစ်လိုက်သည်။

[ဘာမှမဟုတ်တဲ့ အကောင်ပဲ]

[အကြွင်းမဲ့မိစ္ဆာစနစ်၏ နက္ခတ်တာရာများသည် နတ်ခေါင်ချုပ်များ ပေါ်ထွက်လာမှုကြောင့် အလွန်အမင်း တုန်လှုပ်ချောက်ချားနေကြပါသည်။]

[မိစ္ဆာဘုရင်များသည် ကြယ်တာရာရုပ်သံထုတ်လွှင့်မှု၏ ဖြစ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်နေကြပါသည်။]

[အချို့သော နက္ခတ်များသည် နတ်ခေါင်ချုပ်များ၏ ပုံမှန်မဟုတ်သော ကြားဝင်စွက်ဖက်မှုကို ပြစ်တင်ရှုတ်ချနေကြပါသည်။]

[ဒီကောင်တွေ ပါးစပ်ပိတ်ထားစမ်း။ ■■]

ကျနော်၏ ကျောပြင်မှ ဆန့်ထွက်နေသော အတောင်ပံခြောက်ခုသည် အမွှေးအတောင်များအဖြစ် လေထဲတွင် လွင့်ပျံသွားပြီး နတ်ခေါင်ချုပ်များ၏ စွမ်းအားများလည်း လျော့နည်းသွားခဲ့သည်။

ကျနော် အနည်းငယ် ပျို့အန်ချင်သလို ခံစားလိုက်ရသော်လည်း ခန္ဓာကိုယ်အပေါ် သက်ရောက်သည့် ဝန်ထုပ်ဝန်ပိုးမှာ ထင်ထားသလောက် မပြင်းထန်လှပေ။ (၉၅) ခုမြောက် ဇာတ်ဝင်ခန်းတွင် ဖြစ်နိုင်စွမ်းပမာဏ ပိုမိုပေါကြွယ်ဝနေခြင်းကြောင့် ဖြစ်နိုင်သလို၊ 'လျှို့ဝှက်ကြံစည်သူ' နှင့် ချုပ်ဆိုထားသည့် ပြင်ပကမ္ဘာပဋိညာဉ်ကြောင့်လည်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ ကျနော်အတွက်တော့ အဆင်ပြေလှသည်။

[မပြီးသေးဘူး]

သို့သော်လည်း ဂျိုဖီရယ် သည် သူ၏ စွမ်းအားကို ရုပ်သိမ်းခြင်းမရှိသေးပေ။ ဂျိုဖီရယ် က အမိန့်တစ်ခုကို ဆက်လက်ထုတ်ပြန်လိုက်သည်။

[သူ့ကိုလည်း သတ်ပစ်လိုက်။]

ဂေဘရီရယ်သည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းနေသော ယူဂျွန်ဟော့ကို လက်ညှိုးထိုးပြနေခြင်း ဖြစ်သည်။ ကျနော် ကပျာကယာ လက်ယမ်းပြလိုက်ရ၏။

"မလိုဘူး... မလိုဘူး။ သူက လူဆိုးမဟုတ်ပါဘူး…"

[သူက လုံးဝမကောင်းဆိုးဝါးပဲ]

ကျနော်၏ ညာဘက်မျက်လုံး စူးခနဲ နာကျင်သွားပြီး ကမ္ဘာကြီးသည် ကွဲပြားစွာ ထင်ဟပ်လာသည်။

[အထူးစွမ်းရည် 'အပြစ်တရား၏မျက်လုံး' စတင်အသက်ဝင် လာပါပြီ။]

'အပြစ်တရား၏မျက်လုံး'၊ ၎င်းသည် နတ်ခေါင်ချုပ် ဂျိုဖီရယ် ၏ အထူးစွမ်းရည် ဖြစ်သည်။

[ပစ်မှတ်၏ ‘အပြစ်တရားများ’ ကို တိုင်းတာနေပါသည်။]

ဤလောကရှိ သက်ရှိတိုင်းတွင် စုပုံနေသော 'အပြစ်တရားများ' ကို မြင်နိုင်သော မျက်လုံး။ ယူဂျွန်ဟော့ ရပ်နေခဲ့သော နေရာတွင် နက်ရှိုင်းလှသည့် မှောင်မိုက်သော ချောက်နက်ကြီးတစ်ခုသာ တည်ရှိနေသည်။

[ပစ်မှတ်၏ ‘အပြစ်တရားများ’ ကို ကိန်းဂဏန်းတန်ဖိုးအဖြစ် ပြောင်းလဲ၍မရနိုင်ပါ။]

အဆုံးမရှိသော အမှောင်ထု။ ၎င်းသည် ကြည့်ရုံမျှဖြင့်တင် ပိုမိုဆိုးဝါးလာသည့် အမှောင်ထုမျိုး ဖြစ်သည်။ အကြွင်းမဲ့မိစ္ဆာစနစ်၏ မိစ္ဆာဘုရင်များ သို့မဟုတ် နက္ခတ်များပင်လျှင် ဤမျှလောက်အထိ ကြီးမားသော အပြစ်တရားများ မရှိကြပေ။

ဂျိုဖီရယ် က ပြောလိုက်သည်။

[ဒါဟာ အဆုံးမရှိတဲ့ အပြစ်တရားပဲ။ ဗာရယ် နဲ့ အာဂါးရက်စ် ကလွဲရင် ဒီလောက်အထိ ထူထပ်တဲ့ အပြစ်တရားမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ အပြစ်တရားအားလုံး ပေါင်းလိုက်ရင်တောင် သူ့ရဲ့ အပြစ်တရားတွေကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး]

ကျနော် သိသည်။ ယူဂျွန်ဟော့ သည် အပြစ်များစွာကို ကျူးလွန်ခဲ့သည်။ သူသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ သူသည် ကမ္ဘာပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ ရေတွက်၍မရနိုင်သော ဝိညာဉ်များက သူ့ကို ကျိန်ဆဲခဲ့ကြသည်။

[သူ သေရမယ်]

သို့သော်လည်း—

"မဖြစ်နိုင်ဘူး"

ယူဂျွန်ဟော့သည် အခြားသူတွေကိုလည်း ကယ်တင်ခဲ့ဖူး၏။

"သူ့ကို သတ်လို့မရဘူး"

သူ ဖျက်ဆီးခဲ့သမျှအရာအားလုံးနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်နိုင်သော်လည်း၊ ထင်ရှားသည်မှာ သူ ကယ်တင်ခဲ့သည့်အရာအချို့လည်း ရှိနေခဲ့သည်။

['အနီရောင်အာကာသ၏ စစ်သေနာပတိ'နက္ခတ်က သင့်ကို စိုက်ကြည့်နေပါသည်။]

ခက်ထန်သော ထိုအကြည့်များ၏ ရှေ့မှောက်တွင် ကျနော် တံတွေးတစ်ချက်မြိုချကာ ပြောလိုက်သည်။

"ဒီကောင်က အသုံးဝင်သေးတယ်။ သူ့ကို အခု မသတ်သင့်သေးဘူး။"

[…ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။ နင် အခုထိ အသက်ရှင်နေရတာဟာ စာရေးတော်ရဲ့ အမိန့်ကြောင့်ပဲ]

"ကျနော့်ကို ချန်ထားပေးခဲ့တာပဲလေ။ နောက်ထပ် လူတစ်ယောက်ကိုလည်း ချန်ထားပေးလို့ ရတာပဲ မဟုတ်ဘူးလား"

ကျနော် လှည့်ကြည့်လိုက်ရာ ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေသည်ကို မြင်လိုက်ရသည်။ သူ၏ သတိစိတ်သည် ရေအောက်မှ ရုန်းကန်ထွက်ပေါ်လာရန် ကြိုးစားနေသည့်အလား ဖြစ်နေ၏။

ဂျိုဖီရယ် က ယူဂျွန်ဟော့ ကို ကြည့်ကာ ပြောလိုက်သည်။

[သူ နိုးလာရင် ငါ သူ့ကို တားဆီးနိုင်မယ်လို့ အာမမခံနိုင်ဘူး။ သူ့ကို အခုပဲ သတ်ပစ်ရမယ်]

ဂျိုဖီရယ် သည် သူ၏ မြူခိုးများကို ထပ်မံဆင့်ခေါ်ရန် ကြိုးစားပြန်သည်။ ကျနော် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ရသည်။ ဘယ်လိုပဲ စဥ်းစားစဥ်းစား၊ ဤနည်းလမ်းတစ်ခုတည်းသာ ရှိတော့သည်။

"သူ့ကို မသတ်ဘဲနဲ့ မနိုးလာအောင် တားဆီးနိုင်တဲ့ နည်းလမ်းရှိရင်ကော"

ဂျိုဖီရယ် ၏ အနီရောင်မြူခိုးများ တုံ့ခနဲ ရပ်တန့်သွားသည်။

"သူ့ရဲ့ မသိစိတ်ကို ထိန်းချုပ်ရင်းနဲ့ သတိပြန်မရလာအောင် တားဆီးနိုင်တဲ့ နည်းလမ်းရှိရင်ကော"

[သူ့ကို ချည်နှောင်ထားနိုင်မယ့် နည်းလမ်း ရှိလို့လား။ နင်က ဘယ်လိုလှည့်ကွက်မျိုးကို သုံးမှာလဲ]

ဂျိုဖီရယ် ထပ်မံပေါက်ကွဲတော့မည့် ဆဲဆဲတွင် ဂေဘရီရယ် က ကြားဖြတ်ဝင်ရောက်လာသည်။

[ဂျိုဖီရယ်၊ ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် အခြေအနေကို သုံးသပ်ဖို့ ငါတို့အတွက် အချိန်လိုတယ်]

ဂျိုဖီရယ် သည် ခေတ္တမျှ စဥ်းစားပြီးနောက် ပြန်လည်ဖြေကြားခဲ့သည်။

[…သူ နိုးလာမယ့် အရိပ်အယောင်ပြတာနဲ့၊ ငါ သူ့ကို ချက်ချင်း သတ်ပစ်မယ်]

ကျနော် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ယူဂျွန်ဟော့ ထံသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်၏။

"ဟေ့"

သူ၏ ခန္ဓာကိုယ် တုန်ခါမှုများမှာ ပိုမိုပြင်းထန်လာသည်။ ဤမြင်ကွင်းကို မူရင်းဝတ္ထုထဲတွင် ကျနော် အကြိမ်ကြိမ် တွေ့ဖူးသည်။ ဖြစ်နိုင်သည်မှာ ယူဂျွန်ဟော့ ၏ သတိစိတ်သည် မိနစ်အနည်းငယ်အတွင်း နိုးလာပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင်မူ အခက်တွေ့ရချေမည်။

ကျနော် လက်ကို ဖြည်းညှင်းစွာ လှုပ်ရှားပြီး ယူဂျွန်ဟော့ ၏ လည်ပင်းကို လှမ်းကိုင်လိုက်သည်။ သူ ကျနော်ကို ပြုလုပ်ခဲ့သကဲ့သို့ပင်။ သူက ကျနော်ထက် ပိုမိုကြီးမားသဖြင့် သူ့ကို မတင်ရန်မှာ မလွယ်ကူလှပေ။

"လွှတ်... လိုက်စမ်း"

ယူဂျွန်ဟော့ ၏ သတိစိတ်သည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီး သူသည် ပြတ်တောင်းပြတ်တောင်း စကားပြောလာသည်။ သူ၏ လက်ချောင်းထိပ်များသည် ကျနော့်ကို ဖမ်းဆုပ်ရန် ကြိုးစားနေသည့်အလား ဖြည်းညှင်းစွာ လှုပ်ရှားလာ၏။

ယူဂျွန်ဟော့ ကို သူ၏ နောက်ပြန်ဆုတ်ခြင်း၏ စိတ်ဓာတ်ကျရောဂါမှ မည်သို့ နိုးထစေရမည်ကို ကျနော် ကောင်းကောင်းသိသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူ့ကို ထိုစိတ်မကောင်းစရာ အမှောင်ထုထဲသို့ မည်သို့ ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်သွားအောင် ပြုလုပ်ရမည်ကိုလည်း ကျနော် သိနေခြင်း ဖြစ်သည်။

ယူဂျွန်ဟော့ ၏ လက်ချောင်းထိပ်များ လှုပ်ရှားနေသည်ကို ကြည့်ရင်း ကျနော် ပြောလိုက်သည်။

"မင်း မှတ်မိလား။ (၃၃) ကြိမ်မြောက် အလှည့်တုန်းက၊ မင်းဟာ (၄၀) ခုမြောက် ဇာတ်ဝင်ခန်းကို အောင်မြင်ခဲ့တုန်းက လီဂျီဟယ် ပြောခဲ့တဲ့စကားကို မှတ်မိလား"

ယူဂျွန်ဟော့ ၏ မျက်လုံးများ မှေးမှိန်သွားပြီး လှုပ်ရှားနေသော လက်ချောင်းထိပ်များ ရပ်တန့်သွားသည်။

"ဆရာ နောက်ထပ် ထပ်ပြီး နောက်ပြန်မဆုတ်တော့ရင် သိပ်ကောင်းမှာပဲ"

"စဥ်းစားကြည့်စမ်း။ မင်းဟာ အမြဲတမ်း စိတ်မချမ်းသာဖြစ်နေခဲ့တာ မဟုတ်ဘူးလေကွာ။ ဟုတ်တယ်မလား။ အလှည့်တိုင်းမှာ မင်း ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်ကွာ"

ယူဂျွန်ဟော့ ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တောင့်တင်းလာသည်။

"(၁၇၃) ကြိမ်မြောက် အလှည့်တုန်းက မင်းဟာ ကမ္ဘာမြေကို အတော်ကြာကြာ ကာကွယ်ပေးနိုင်ခဲ့တယ်။ လီဂျီဟယ် အထက်တန်းကျောင်းဆင်းလက်မှတ် ရတာကိုလည်း မင်း မြင်ခဲ့ရသလို၊ လီဆောဟွာ က တစ်စုံတစ်ယောက်ရဲ့ ကလေးကို ကြည့်ပြီး ပြုံးနေတာကိုလည်း မင်း မြင်ခဲ့ရတယ် မဟုတ်ဘူးလား"

"ဂျွန်ဟော့၊ မင်း အသက်ရှင်နေရတာ ပျော်ရဲ့လား"

ကျနော် စကားပြောလိုက်တိုင်း ယူဂျွန်ဟော့ ၏ မျက်နှာအမူအရာ ပြိုလဲပျက်စီးသွားသည်။ ယူဂျွန်ဟော့ ကို ပြိုလဲစေခဲ့သည်မှာ စိတ်ပျက်အားငယ်မှု မဟုတ်ပေ။

"(၃၈၃) ကြိမ်မြောက် အလှည့်တုန်းက မင်းဟာ နောက်ဆုံးတော့ (၇၅) ခုမြောက် ဇာတ်ဝင်ခန်းကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ကံကောင်းထောက်မစွာပဲ အဲဒီအလှည့်မှာ ဘယ်သူမှ မသေခဲ့ဘူး။ အဲဒါ ပထမဆုံးအကြိမ်ပဲ။ အဲဒီတုန်းက လီဟန်းဆောင် မင်းကို ပြောခဲ့တာ ရှိသေးတယ်လေ"

"ဂျွန်ဟော့၊ ကျုပ် သေတဲ့အထိ ဒီနေ့ကို မေ့မှာမဟုတ်ဘူး"

ငှက်မွှေးကဲ့သို့ ပေါ့ပါးသော အတိတ်မှတ်ဉာဏ်များသည် သူ၏ ဦးခေါင်းထဲသို့ နစ်မြုပ်သွားခဲ့သည်။

"နောက်ပြီးတော့ (၄၉၈) ကြိမ်မြောက် အလှည့်တုန်းက…"

ယူဂျွန်ဟော့ ၏ လက်ဖဝါးများသည် သူ၏ နားနှစ်ဖက်ကို အုပ်ရန် ရွှေ့လျားလာသည်။ ပုံမှန် ယူဂျွန်ဟော့ သာဆိုလျှင် ဤမျှလောက်နှင့် ပြိုလဲသွားလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုမူ မတူတော့ချေ။ ကျနော် သူ၏ လက်များကို ဆုပ်ကိုင်ကာ ဆက်ပြောလိုက်သည်။

"ဒါတွေဟာ အကြိမ်ပေါင်း (၁၀) ကြိမ် ဖြစ်ပျက်ခဲ့တာ"

လူသားတစ်ဦးသည် ဤငှက်မွှေးများ၏ အလေးချိန်ကြောင့်သာ ရေအောက်သို့ ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်သွားရခြင်း ဖြစ်သည်။

"အကြိမ် (၂၀)မှာ"

ကျနော်၏ အသက်ရှူသံများ ပိတ်ဆို့လာပြီး အဆုတ်များ တင်းကျပ်လာသည်။ ယူဂျွန်ဟော့ ဖြတ်သန်းနေရသည့် ခံစားချက်ကို ကျနော် ခံစားနေရခြင်း ဖြစ်သည်။ ကျနော်တစ်ဦးတည်းသာ ၎င်းကို ခံစားနိုင်သည်။ လူတစ်ဦး၏ အောက်ခြေတွင်ရှိသော အခြေခံအကျဆုံး အမှောင်ထုသည် သူ၏ အတ္တဗဟိုပြုစိတ်ကို လောဘတကြီး ဝါးမြိုနေသည်။

"အကြိမ် ၁၀၀က အဲ့ဒီကိစ္စဟာ အကြိမ်ပေါင်း ၁,၀၀၀ မက ထပ်ခါတလဲလဲ ဖြစ်ပျက်ခဲ့တာ"

ထိုစကားလုံးများအားလုံး ပျက်စီးသွားခဲ့ရပြီ။ ပျော်ရွှင်စရာ အတိတ်မှတ်ဉာဏ်များ အားလုံးသည် ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် အချိန်တစ်ခုဆီသို့ ပြန်လည်စီးဆင်းသွားခဲ့သည်။ ရေတွက်၍မရနိုင်သော ပြန်လည်နောက်ပြန်ဆုတ်မှုများကြောင့် ပျော်ရွှင်မှု၏ အဓိပ္ပာယ်မှာ မှေးမှိန်သွားခဲ့ရပြီ ဖြစ်သည်။ သူ ထိန်းသိမ်းစောင့်ရှောက်ခဲ့သမျှ တန်ဖိုးထားရသည့်အရာ အားလုံးသည် စုတ်ပြဲနေသော စာရွက်ပိုင်းအစအနများ ဖြစ်သွားခဲ့ရ၏။

"ယူဂျွန်ဟော့"

ယူဂျွန်ဟော့ ၏ ဖြစ်တည်မှုသည် နက်ရှိုင်းလှသော ပင်လယ်ပြင်ကြီးထဲသို့ နစ်မြုပ်သွားခဲ့လေပြီ။ ၎င်းသည် တစ်စုံတစ်ယောက်၏ အကူအညီမပါဘဲ ဘယ်တော့မှ ပြန်တက်မလာနိုင်တော့မည့် နေရာတစ်ခု ဖြစ်၏။

"မင်း စောင့်ရှောက်ချင်ခဲ့တဲ့ အရာအားလုံးကို မင်း ကာကွယ်နိုင်ခဲ့ရဲ့လား"

ကျနော် ယူဂျွန်ဟော့ ၏ သနားစရာကောင်းလှသော မျက်နှာကို ကြည့်ရင်း တွေးလိုက်မိသည်။

- စိတ်မပူပါနဲ့ ယူဂျွန်ဟော့။ ကျန်တာကို ငါ ဆက်လုပ်ပေးမယ်။ မင်း အခု ရပ်နားပြီး အနားယူလိုက်ပါတော့။

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ အပေါ် သင်၏ နားလည်မှုမှာ ပေါက်ကွဲထွက်လုမတတ် တိုးမြင့်လာနေပါသည်။]

ယူဂျွန်ဟော့ ၏ ဗလာကျင်းနေသော မျက်လုံးများထဲတွင် သူ၏ ဆရာကို ဆုံးရှုံးခဲ့ရသည့် မှတ်ဉာဏ်များ ထင်ဟပ်နေသည်။ ကျနော် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်'ကို အသုံးမပြုခဲ့သော်လည်း ယူဂျွန်ဟော့၏အတွေးကို ဖတ်ရန် မခက်ခဲလှပေ။

ငါ သေချင်ပြီ။

ဒါတွေအားလုံးကို အဆုံးသတ်ချင်ပြီ။

ငါသာ ဘယ်တော့မှ နိုးမလာတော့ရင် သိပ်ကောင်းမှာပဲ။

ကောင်းကင်ယံမှ မိုးပေါက်အချို့ ကျဆင်းလာသည်။ ထိုမိုးသည် မိစ္ဆာဘုရင်များနှင့် နက္ခတ်များ၏ သွေးများဖြင့် ပြုလုပ်ထားသော အနက်ရောင်မိုး ဖြစ်သည်။ ထိုအရည်များသည် ယူဂျွန်ဟော့ ၏ မျက်နှာပေါ်သို့ စီးကျလာသည်။ ယူဂျွန်ဟော့ ၏ အကြည့်များမှာ နောက်ဆုံးတွင် ကျနော်ထံသို့ ကျရောက်လာ၏။

လူသားတစ်ဦး၏ စိတ်ဓာတ် ပြိုလဲပျက်စီးသွားသည့် အခိုက်အတန့်ကို ကျနော် စိုက်ကြည့်နေမိသည်။ ကြေကွဲစရာ အသံတစ်ခု ထွက်ပေါ်လာသည်။ ချို့ယွင်းနေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ယူဂျွန်ဟော့ က ထစ်ထစ်ငေါ့ငေါ့ဖြင့် ရေရွတ်လိုက်သည်။

"ငါ... ဘာ... လုပ်... ရ... မလဲ"

ကျနော် ယူဂျွန်ဟော့ ၏ လက်များကို လွှတ်လိုက်ပြီး သူ့ကို ပြောလိုက်သည်။

"မင်းရဲ့ ဇာတ်လမ်းကို ငါ အဆုံးသတ်ပေးမယ်"

ယူဂျွန်ဟော့ သည် ဗလာကျင်းနေသော မျက်လုံးများဖြင့် ကျနော်ကို စိုက်ကြည့်လာသည်။ သို့သော်လည်း ကျနော် သူ့ကို မကြည့်မိတော့ပေ။ အဘယ်ကြောင့်ဆိုသော် လတ်တလောတွင် ဇာတ်ဝင်ခန်းအသေးဇယား တက်လာခြင်းကြောင့် ဖြစ်၏။

[ဇာတ်ဝင်ခန်းအသေး (လျှို့ဝှက်ကြံစည်သူ) - ပြန်လည်ဝင်စားသူ၏ နိဂုံး]

အောင်မြင်ရန် လိုအပ်ချက် - ယူဂျွန်ဟော့ ၏ သေဆုံးမှု။

ကျနော် မြေပြင်ပေါ်တွင် ရှိနေသော ယူဂျွန်ဟော့ ၏ 'ကောင်းကင်ခွဲဓါး'ထံသို့ လက်လှမ်းလိုက်လေတော့သည်။

All Chapters