ကြောင်သူတော်၏စကားများ (၄)
Vol. 2 Ch. 19
နောက်တစ်နေ့မနက်တွင် ကျနော့်ဆီ၌ရှိသော ပစ္စည်းတွေ အကုန်လုံးနီးပါးကုန်သွား ခဲ့သည်။ ယောင်ဟီဝမ်က မယုံနိုင်သည့်အကြည့်ဖြင့် စတိုးဆိုင်က အိတ်တွေကို ကြည့်နေ၏။
"ဘုရားရေ။ အကုန်ရောင်းသွားပြီတဲ့လား"
"အေး"
"ဟ…ရယ်စရာပဲ။ လူတွေအကုန်လုံးက ဘာမှမဝယ်တော့သလို ကြည့်နေခဲ့ရာကနေ အခုကျတော့ အကုန်ဝယ်သွားခဲ့တာဆိုပဲ"
"အေး။ ဝယ်သွားခဲ့တဲ့လူတွေက အရေးမပါတဲ့အုပ်စုကလူတွေပဲ မဟုတ်ဘူး"
ညနက်ချိန်တွင် ရောက်လာခဲ့သည့် ဧည့်သည်တွေသည် အရေးမပါသောအုပ်စုက လူတွေပဲမဟုတ်ခဲ့ချေ။
"ကင်ဒေါ့ဂျာ။ မင်းရဲ့ရွေးချယ်မှုက အရမ်းကိုမှားနေပြီကွ "
အဆိုပါလူတွေထဲ၌ ချွန်အင်ဟိုလည်း ပါသည်။
"မင်း နောင်တရလိမ့်မယ်"
ကျနော့်ဆီက စားစရာတစ်ဝက်ကျော်ကို အဓိကအုပ်စုက ယူသွားခဲ့သော်လည်း တန်ဖိုးအတိအကျကိုတော့ ပေးချေသွားခဲ့၏။ ယောင်ဟီဝမ်က ထိုအကြောင်းကို ကြားပြီးနောက် အလွန်ပင် ဒေါသထွက်သွားခဲ့သည်။
"ခဏနေပါဦး။ ဒါဆိုရင် စားစရာတွေကို ထပ်ပြီး အဓိကအုပ်စုက လက်ဝါးကြီး အုပ်ဦးမှာပေါ့"
"အုပ်လောက်မယ်ထင်တယ်"
"မဟုတ်သေးဘူး။ ဒါက ဘာသဘောလဲ။ လူတွေကြားမှာ ငွေကြေးလဲလှယ်မှုစနစ်ကို အားပေးရင်းနဲ့ အဓိကအုပ်စုရဲ့အာဏာကို အားနည်းစေဖို့ နင်လုပ်ခဲ့တာ မဟုတ်ဘူးလား"
ယောင်ဟီဝမ်သည် တကယ်ကို မမျှော်လင့်ထားလောက်သော ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားသူပင်။ ကျနော်လည်း အတော် အံ့သြသွားပြီး ပြန်ဖြေလိုက်၏။
"မှန်တယ်။ ငါ့ရည်ရွယ်ချက်ကတော့ အဲ့လိုလုပ်မလို့ပဲ။ လူတွေကို သူတို့ဘာသာ လှုပ်ရှားစေချင်ခဲ့တာလေ"
"ဒါဆို ဘာလို့ အဓိကအုပ်စုကို စားစရာတွေ ရောင်းလိုက်တာလဲ။ နင်ရောင်းလိုက်လို့ အခြေအနေက ပြောင်းလဲတော့မှာမဟုတ်ဘူး"
"ပြောင်းလဲသွားတယ်လေ။ ဒင်္ဂါးတွေကို ငါခဲ့တာပဲ"
"ဟမ်"
တစ်ညတည်းဖြင့် ဒင်္ဂါး ၁,၄၅၀ကို ရရှိခဲ့ခြင်းမှာ အမှန်ပင် များပြားလှသော ဝင်ငွေပမာဏပင်။
"မဟုတ်သေးဘူး။ ဒေါ့ဂျာ ဘာတွေတွေးနေတာလဲ။ ဆန်းအာ…ဒီလူကို ငါတို့တွေ တကယ်ယုံလို့ရပါ့မလား"
ရုတ်တရက်အာရုံစိုက်ခံလိုက်ရသဖြင့် ယူဆန်းအာဟာ ဆက်ခနဲတုန်သွားသော်လည်း ပြုံးပြလိုက်၏။
"သူ့ကို ငါယုံတယ်"
တကယ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော စကားပင်။
"ဒေါ့ဂျာ။ ကိုယ့်အတွက်ရော စားစရာတွေကို လုံလုံလောက်လောက် ချန်ထားရဲ့လား"
"မချန်ထားဘူး။ အကုန်ရောင်းလိုက်ပြီ"
ယောင်ဟီဝမ်၏ပါးစပ်က အံ့သြသွားသလို ဟသွားသည်။ ထိုအချိန်တွင် ကျနော်၏ ပါးအား တစ်စုံတစ်ယောက်က တို့ထိလိုက်သဖြင့် ခေါင်းကိုလှည့်ကြည့်လိုက်ရာ ဘီစကစ်တစ်ခုကို တွေ့လိုက်ရ၏။
"ဟမ်။ ငါ့ကျွေးတာလား"
လီဂီယောင်ဟာ ခေါင်းကိုချစ်ဖို့ကောင်းစွာ ညိတ်ပြ၏။ ကျနော်ပြုံးလိုက်ပြီး ဘီစကစ်ကိုယူကာ လီဂီယောင်၏ ပါးစပ်ထဲထည့်လိုက်သည်။
"ငါ့အတွက် အဆင်ပြေတယ်။ မင်းပဲ စားလိုက်။ အဲ…ခင်ဗျားတို့ကို တစ်ခုလောက် ပြောရဦးမယ်။ ခင်ဗျားတို့အားလုံးဆီမှာ မနေ့က စားခဲ့တဲ့စားစရာတွေ ကျန်သေးလား"
"အင်း။ ရှိသေးတယ်"
"နည်းနည်းတော့ ကျန်သေးတယ်"
"ဘာလို့လဲ။ ပြန်ဝယ်ချင်လို့လား။ ငါရောင်းပေးမယ်လေ"
ယောင်ဟီဝမ်က ဘီစကစ်ကို အားရပါးရလှုတ်ပြသည်။
"မဝယ်ပါဘူး။ ခင်ဗျားတို့စားစရာတွေကို အခုပဲ အကုန်စားလိုက်တော့။ ဒီနေ့အပြီးစားလိုက်။ အခုကိုစားသင့်တယ် "
အထပ်ထပ်အခါခါ ကျနော်ဖိအားပေးလိုက်၏။
"မစားရင် ခင်ဗျားတို့တွေနောင်တရလိမ့်မယ်"
ယောင်ဟီဝမ်က အော်ပြောသည်။
"ဘာလို့စားခိုင်းတာလဲ။ ဟင့်အင်း။ နေပါဦး။ ဆန်းအာ...နင်ဘာလုပ်တာလဲ။ ဘာလို့ သူ့စကားကိုနားထောင်နေရတာလဲ"
"ဒေါ့ဂျာက စားဖို့ပြောတာ အကြောင်းရှိမှာပါ"
ယူဆန်းအာက ချိုမြိန်စွာပြုံးပြပြီး ဘီစကစ်အိတ်တစ်အိတ်ကိုဖွင့်လိုက်၏။ လီဟန်းဆောင်သည် စိတ်ရှုတ်ထွေးနေပုံရသော်လည်း စားစရာတွေကို စားလိုက်သည်။ ကျနော့်စကားပြော၍မပြီးခင်မှာပဲ လီဂီယောင်ကတော့ သူ့၌ရှိသော စားစရာတွေ အကုန်လုံးကို စားပြီးသွားပြီဖြစ်၏။ တကယ့်ကို စကားနားထောင်တတ်သည့် ကောင်လေးပင်။
"အဲ…တစ်ခုတော့ချန်ထားမယ်"
"ချန်ချင်ချန်ပေါ့"
ယောင်ဟီဝမ်၏စကားကို ပုခုံးတွန့်ပြီး ကျနော်ပြန်ပြောလိုက်သည်။ သိပ်မကြာခင်တွင် သူသာ နောင်တရမှာပင်။
နေ့လည်စာစားချိန်၌ အဓိကအုပ်စုကနေ ကြေညာချက်ကြီးတစ်ခု ထုတ်ပြန်လာသည်။ လူတွေဝိုင်းရံထားသောပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ပြီး ချွန်အင်ဟိုက ပြော၏။
"ဒီနေ့ကစပြီး စားစရာပိုင်ဆိုင်ခွင့်ကို ကန့်သတ်မယ်။ တစ်ဦးကို ဘီစကစ်သုံးခုစီ ပိုင်ဆိုုင်ခွင့်ရှိတယ်။ ပြီးတော့―"
ချွန်အင်းဟို၏မိန့်ခွန်းမပြီးခင်မှာပဲ လူတွေစိတ်ဆိုးလာကြသည်။
"ဘာလဲကွာ။ ဘီစကစ်သုံးခုဟုတ်လား။ အဲ့လောက်လေးနဲ့ ဘယ်လိုအသက်ဆက် ရမှာလဲ"
"ဟုတ်တယ်။ ကင်းထောက်တွေကျတော့ စားစရာပိုရကြတယ်မလား။ အဲ့ဒီအချက်ကို ငါတို့တွေမသိဘူးလို့ ထင်နေတာလား"
ကန့်ကွက်ခံနေရသော်လည်း ချွန်အင်ဟိုက အေးအေးဆေးဆေးပဲ ရယ်နေသည်။
"မင်းတို့ပြောတာမှန်တယ်။ အေး။ ကင်းထောက်တွေဟာ စားစရာပိုရမယ်။ စားစရာတွေ ပိုရချင်ရင် ကင်းထောက်တစ်ယောက်ဖြစ်ခွင့် လျှောက်ကြပါ"
"ကင်းထောက်အလုပ်ကိုထွက်လုပ်သူအတော်များများမှာ အသက်ရှင်လျက် ပြန်လာနိုင်တဲ့လူ အရမ်းနည်းတယ်။ ချောဒူးအဖွဲ့သားတွေပဲ အသက်ရှင်လျက် အမြဲပြန်လာကြတာလေ"
"ငါတို့ကို အခုသေခိုင်းစေချင်တာလား"
လူတွေ၏ဆူဆူညံညံတုံ့ပြန်မှုတွေကို ချွန်အင်ဟို ဂရုမစိုက်ပေ။
"ပြန်မလာနိုင်ခဲ့တဲ့လူတွေက ကံမကောင်းတာပါ။ အပြင်မှာက အရမ်းအန္တရာယ် များတယ်ဆိုတာကို မင်းတို့လည်းသိတာပဲ။ မကျေနပ်ရင် ကိုယ့်ဘာသာကိုယ် အစာရှာကြပေါ့"
"ဒါ...ဒါ..."
လူတွေအားလုံး ဘာပြောရမည်မသိပဲ ပါးစပ်ပိတ်သွားကြ၏။ ယခုအချိန်၌ အပြင်ထွက်လျှင် သေရမည်ဆိုသည်ကို အားလုံးသိကြပေသည်။ ချွန်အင်ဟိုက ဆက်ပြော၏။
"အာ…ကင်းထောက်မလုပ်ပဲ စားစရာရနိုင်တဲ့နည်းတစ်ခုတော့ ရှိတယ် "
"ဘာနည်းလဲ"
"သဘောတူညီမှုတစ်ခုပေါ့။ တန်ဖိုးရှိတယ်လို့ ငါတို့သတ်မှတ်တဲ့အရာတစ်ခုခုနဲ့ စားစရာတွေကို လဲပေးမယ်။ တစ်ဦးချင်းစီက မတူညီတဲ့အရာတစ်ခုခုတော့ ပေးနိုင်ကြမှာပဲ"
ချွန်အင်ဟို၏အေးစက်သည့်အကြည့်က လူတွေကိုတုန်လှုပ်စေသည်။ ထိုသို့ တုန်လှုတ်သွားသူများသည် မနေ့က ကျနော့်ဆီလာပြီး စားစရာ ဝယ်သွားခဲ့သူများပင်။
[ဇာတ်ကောင် 'ချွန်အင်ဟို' က 'လှုံ ့ဆော်မှု အဆင့် ၂' စွမ်းရည်ကို အသုံးပြုခဲ့သည်။]
"တကယ်တော့ အခုလိုမျိုး မလုပ်ပဲနေမလို့ပဲ။ ဒါပေမဲ့ မနေ့က ကင်ဒေါ့ဂျာဟာ ငါ့ကို အရမ်း ကောင်းတဲ့စကားတစ်ခွန်းပြောခဲ့တယ်လေ။ သူပြောတဲ့စကားက သိပ်မှန်တယ်ကွ။ ကိုယ့်လူတို့။ ဒီကမ္ဘာမှာ အခမဲ့ရတယ်ဆိုတာ ဘာရှိလို့လဲ။ စားစရာလိုချင်ရင် စားစရာရဖို့ထိုက်တန်ကြောင်း သက်သေပြပေးရမယ်။ ဒါက လောကရဲ့နိယာမပဲ။ ဟားဟား၊ အရမ်းကောင်းတဲ့စကားကိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကင်ဒေ့ါဂျာ"
ယခုအချိန်၌ လူတိုင်း၏အာရုံစိုက်မှုက ကျနော့်အပေါ်တွင်ရှိနေလေသည်။ သူတို့၏ မျက်လုံးတွေထဲတွင်လည်း မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
"ဒီခွေးသူတောင်းစားကြောင့် အခုလိုဖြစ်ရတာ”
လူတွေဟာ မိုက်မဲစွာပြုမူချင်နေကြသည့်အပြင် ချွန်အင်ဟို၌လည်း 'လှုံ ့ဆော်မှုှ' စွမ်းရည်ကလည်း ရှိနေသည်။ လှုံ ့ဆော်မှုအစွမ်းသည် အုပ်စုခေါင်းဆောင်ကောင်းတွေ ထံ၌ အများအားဖြင့် ရှိတတ်သော စွမ်းရည်မျိုးပင်။ မည်သို့ပင်ဆိုစေကာမူ ရန်လိုမှုတွေသည် ကျနော့်ထံသို့ တဖန်ပြန်လှည့်လာချေပြီ။
ချွန်အင်ဟို၏နောက်ကျောကို ကျနော်ကြည့်လိုက်၏။ ပလက်ဖောင်းရှေ့၌ စုနေသော လူတွေတော့ ညှိနှိုင်းဖို့ကြိုးစားနေကြပေပြီ။
"ငါ-ငါ ဒင်္ဂါးတွေနဲ့ ဝယ်ပါမယ်။ ဘယ်လောက်လိုချင်လဲ"
"ဒင်္ဂါး ၂၀ဝ"
"ဟမ်။ ဒါပေမဲ့ အဲ့လောက် ဒင်္ဂါးအများကြီး ငါ့မှာမရှိဘူးလေ "
"ဒါဆိုရင် ထွက်သွားတော့"
စားစရာတစ်ခုအတွက် ဒင်္ဂါး ၂၀၀ဆိုသည်မှာ ဒိုကဲဘီတောင် သတိလစ်သွားနိုင်သည့် ဈေးနှုန်းဖြစ်၏။ စားစရာရောင်းနေသော ချောဒူးအုပ်စုဝင်တစ်ယောက်က ကျနော့် လှမ်းကြည့်နေသည်ကိုမြင်ပြီး တုန်လှုပ်သွားသည်။ ထိုလူသည် ပေါင်တွင် ပတ်တီးစည်းထားပြီး မနေ့က ကျနော်ရိုက်နှက်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်လောက်ပေမည်။
"မနေ့ကအတွက် ကျေးဇူးတင်စကား နင့်ကို ငါပြောပြီးပြီလား"
အသံတစ်ခုကို ကျနော်ကြားလိုက်ရ၏။ ကျနော် ရုတ်တရက်ခေါင်းလှည့်ကြည့်တော့ ယောင်ဟီဝမ်က အနားမှာရပ်နေသည်။
"ပြောလိုက်တယ်ထင်တာပဲ"
"ဒါပေမဲ့ နင့်ကို ထပ်ပြီးကျေးဇူးတင်ချင်သေးတယ်"
တစ်ခုခုကို ကျနော်ပြောလိုသော်လည်း ယောင်ဟီဝမ်၏အကြည့်က ဒဏ်ရာရထားသော ချောဒူးအဖွဲ့ဝင်ထံ၌ သာဝဲနေလေ၏။
"ခြေထောက်ထိထားတဲ့ အဲ့ဒီကောင်က မနေ့တုန်းက ငါ့ကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တာလေ"
"ငါသဘောပေါက်ပြီ"
"သူ့ကို ငါကိုယ်တိုင်သတ်မှာမလို့ နင် ….သူ့ကိုမထိနဲ့ နားလည်ရဲ့လား"
ယောင်ဟီဝမ်၏သတ်ဖြတ်လိုစိတ်က အထင်ကြီးစရာပင် ကောင်းလှသည်။ ထောက်ပံ့ပေးသူတစ်ယောက်ယောက်က ယောင်ဟီဝမ်ကို ရွေးချယ်ခဲ့သည်လော။ သို့မဟုတ် ေ[သီးသန့်စွမ်းရည် 'ဇာတ်ကောင်စာရင်း' ကို အသက်သွင်းလိုက်သည်။]
ဤစွမ်းရည်ကိုသုံးရသည်အား ကျနော်နည်းနည်းစိုးရိမ်မိ၏။ ကျနော်သာ မကယ်ခဲ့ပါက ဤအမျိုးသမီးသေကောင်းသေနေလောက်ပေမည်။ ဤအမျိုးသမီးကို ဇာတ်ကောင်တစ်ယောက်အဖြစ် မှတ်ပုံတင်ထားလောက်ပေမည်လော။
[ဇာတ်ကောင်၏အကျဉ်းချုပ်]
အမည် : ယောင်ဟီဝမ်
အသက် : ၂၇ နှစ်
ထောက်ပံ့ပေးသူ : မရှိ (ဤဇာတ်ကောင်အား နက္ခတ် ၃ပါးက စိတ်ဝင်စားနေပါသည်။)
သီးသန့်ဝိသေသလက္ခဏာ : သားလောင်းသွင်ပြင်လက္ခဏာ (ယေဘူယျအားဖြင့်)
သီးသန့်စွမ်းရည် : မိစ္ဆာသုတ်သင်ခြင်း အဆင့် ၁၊ ကန်ဒို ဓါးသိုင်း အဆင့် ၁
အထူးစွမ်းရည် : မရှိ
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၄၊ခွန်အား အဆင့်၄၊ လျှင်မြန်မှု အဆင့် ၇၊ မှော်စွမ်းအား အဆင့် ၄
ခြုံငုံအကဲဖြတ်ချက် : ဤဇာတ်ကောင်သည် 'သားလောင်း သွင်ပြင်လက္ခဏာ' ဂုဏ်သတ္တိရှိပြီး အလားအလာကြီးမား၏။ ဝိသေသလက္ခဏာ မပွင့်သေးသောကြောင့် ဝိသေသလက္ခဏာ အချက်အလက်ကို အတည်ပြု၍မရသေးပါ။
ကံကောင်းစွာဖြင့်ပင် ယောင်ဟီဝမ်၏ အချက်အလက်တွေပေါ်လာ၏။ ယောင်ဟီဝမ်သည် ယူဆန်းအာ၊ လီဂီယောင်၊ ဟန်မြုံအိုတို့နှင့် မတူပေ။ ယောင်ဟီဝမ်သည် မူလကတည်းက အပစ်ပယ်ခံဇာတ်ကောင်မဟုတ်လေသလော။ ထို့အပြင် ယောင်ဟီဝမ်ထံ၌ အလွန်ပင် စိတ်ဝင်စားဖို့ကောင်းသော သီးသန့်ဝိသေသ လက္ခဏာရှိနေလေသည်။
'သားလောင်းသွင်ပြင်လက္ခဏာ'
'သားလောင်းသွင်ပြင်လက္ခဏာ'သည် အမည်အရတော့ သိပ်ပြီး အထင်ကြီးဖို့ မကောင်းေ*Ways of Survival*ဇာတ်လမ်းတွင် ရှားပါးလှသော 'အထူးဆင့်ကဲပြောင်းလဲနိုင်စွမ်း'ရှိသော ဝိသေသ လက္ခဏာတစ်ခု ဖြစ်၏။ 'သားလောင်းသွင်ပြင်လက္ခဏာ'သည် ယေဘူယျအဆင့်ဝိသေသ လက္ခဏာ ဖြစ်သော်လည်း အခြေအနေအပေါ်မူတည်ပြီး ရှားပါးအဆင့် သို့မဟုတ် ဒဏ္ဍာရီအဆင့်အထိပင် ပြောင်းလဲသွားနိုင်သည်။ *Ways of Survival*ဇာတ်လမ်း၏ အစွမ်းအထက်ဆုံးဇာတ်ကောင်၁၀၀ ထဲကတစ်ဦးဖြစ်သည့်'အရူးသားသတ်သမား'သည် ' သားလောင်းသွင်ပြင်လက္ခဏာ 'ကနေ ဆင့်ကဲပြောင်းလဲခဲ့ခြင်းပင်။
ယောင်ဟီဝမ်။ အစက သူ့ကို ဖြတ်လျှောက်အဆင့် ဇာတ်ကောင်ဟုသာ ကျနော် ထင်ခဲ့မိသော်လည်း ယခုဆိုလျှင်တော့ အဖော်အဖြစ် ခေါ်သွားသင့်သည့်လူ ဖြစ်နေချေပြီ။ ယောင်ဟီဝမ်၏ 'မိစ္ဆာသုတ်သင်ခြင်း' စွမ်းရည် ကြီးမားလာဖို့ကတော့ အချိန်ယူရမည်ဖြစ်သော်လည်း ကောင်းမွန်စွာပျိုးထောင်ပေးပါက အစွမ်းထက်သော လုပ်ကြံသူတစ်ဦးဖြစ်လာနိုင်ပေသည်။
"ဒါနဲ့ ဒေါ့ဂျာက အရမ်းအေးဆေးနေတယ်နော် "
ကျနော့်ပုံစံက အေးအေးဆေးဆေးဖြစ်နေသည်ဟုထင်ရသည်မှာ ဖြစ်နိုင်လောက်ပေသည်။
“ဒီလိုအခြေအနေမျိုးကို ဝတ္ထုထဲမှာ ဖတ်ဖူးလို့ပါ”
"ဟမ်။ ဘာတွေပြောနေတာလဲ။ နေပါဦး။ နင်က ဘယ်သွားမလို့လဲ"
ကျနော်ပြန်မဖြေပဲ ရထားပလက်ဖောင်းပေါ်ကနေ ဆင်းလိုက်၏။ ယောင်ဟီဝမ်က ကျနော့်နောက်လိုက်ချင်နေသော်လည်း ကျနော်တားလိုက်သည်။
"စိတ်မပူပါနဲ့"
ယောင်ဟီဝမ်က ရထားပလက်ဖောင်းအောက်သို့ ပေါ့ပေါ့ပါးပါးပဲ ခုန်ဆင်းလိုက်သည်။ မီးရထားလမ်းကြောင်းအတိုင်း ကျနော်လျှောက်ပြီး ယာဆူးဘူတာဆီသွားသော လှိုဏ်ခေါင်းကို ကြည့်လိုက်၏။ လှိုဏ်ခေါင်းတခုလုံး ပိန်းပိတ်အောင် မဲမှောင်နေသည့် အပြင် ဆိုးရွားသည့်အနံ့ကိုလည်း ရနေသည်။ သွေးနံ့ကိုရနေခြင်းပင်။
"အထဲကို နင်ဝင်မလို့တော့ မဟုတ်ဘူးမလား" ယောင်ဟီဝမ်က မေး၏။
"ဒီလမ်းကနေသွားခဲ့တဲ့သူတိုင်း သေသွားခဲ့ကြတာကြီးပဲ။ လူဆိုးတွေရော၊ လူကောင်းတွေရော အထဲကိုဝင်သူတိုင်း သေကုန်ကြတာလေ"
ယောင်ဟီဝမ်၏စကားက မှားသည်။ အားလုံးတော့ မသေပေ။ အနည်းဆုံးတော့ လူတစ်ယောက်သည် ဤလှိုဏ်ခေါင်းကိုဖြတ်ပြီး ဟိုဘက်ဘူတာဆီသို့ ရောက်သွားခဲ့ချေပြီ။ ဘူတာပလက်ဖောင်းပေါ်သို့ ကျနော်တို့ ပြန်တက်လိုက်သည်။ ကျနော်တို့တွေ အချိန်အတော်ကြာအောင် ထွက်လာခဲ့သော်လည်း စားစရာတွေကို လဲလှယ်ဖို့တန်းစီနေသည့်လူတွေကတော့ များနေဆဲပင်။ အဓိကအုပ်စုကို ဆန့်ကျင် ဆန္ဒပြသော လူအချို့လည်း ရိုက်နှက်ခံထားရပြီး အချို့လူတွေကတော့ စားစရာတွေကို ပုံမှန်မဟုတ်သည့် ကြီးမြင့်သောဈေးပေးကာ ဝယ်နေကြသည်။
မကြာခင်မှာပဲ အရေးမပါသောအုပ်စုက မိန်းကလေးငယ်တချို့ ရွက်ဖျင်အနောက်သို့ လျှိုဝင်သွားသည်ကို ယောင်ဟီဝမ်မြင်လိုက်ရပြီး အလွန်ဒေါသထွက်သွားတော့သည်။
"အာ…တကယ်ကိုစိတ်ရှုပ်စရာပဲ။ နင်မြင်လား"
"မြင်တယ်"
ချွန်အင်ဟိုကတော့ ပြောခဲ့လေသည်။ မည်သည့်အရာဖြင့်မဆို စားစရာတွေအား လဲလှယ်၍ရသည်ဟုဆိုသော်လည်း ရွက်ဖျင်အနောက်သို့ ဝင်သွားသော မိန်းကလေးတွေ၏လက်ထဲ၌ ဘာမှပါရှိမနေချေ။ ယောင်ဟီဝမ်ဟာ မတ်တတ်ထလိုက်ပြီး "ငါဒီအတိုင်းကြည့်မနေနိုင်တော့ဘူး"ဟု ပြောလိုက်၏။
"နင်ဘာလုပ်မလို့လဲ"
"သွားတားမယ်လေ။ အခြေအနေကဘယ်လိုပဲဖြစ်နေပါစေ မလုပ်ဖို့ပြောရမယ်"
"ဒါဆို အဲ့ဒီမိန်းကလေးတွေ ငတ်ကုန်မှာပေါ့”
“နင်က ဒီအတိုင်းပဲ ကြည့်နေတော့မှာလား”
“အေး။ ဒီတခါတော့ ဒီအတိုင်းပဲ ကြည့်နေသင့်တယ်ထင်တယ်”
“နင်ဘာကိုဆိုလိုတာလဲ”
ယောင်ဟီဝမ်ထံမှ ဒေါသထွက်သည့်အကြည့်ကို ကျနော်ရလိုက်သည်။
“ယောင်ဟီဝမ်။ အဲ့ဒီမိန်းမတွေကိုသွားတားလို့ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ နင်အခုသူတို့ကိုသွားတားရင်တောင် ညကျရင် အခုလိုပုံစံနဲ့အလားတူအခြေအနေမျိုး ဖြစ်လာဦးမှာပဲ”
“ဒါဆိုရင် ညကျရင် ငါထပ်တားမှာပေါ့။ တောက်လျောက်ကို လိုက်တားပြမယ်”
“ဒါဆိုရင် သူတို့အတွက် စားစရာတွေကို ဘယ်လိုရအောင်လုပ်ပေးမှာလဲ။ ရွက်ဖျက်နောက်ထဲ ဝင်သွားတဲ့မိန်းမတွေထဲမှာ ကလေးမိခင်တစ်ယောက်လည်း ပါတယ်။ အဲ့ဒီကလေးသာ အစာငတ်ပြီး သေသွားခဲ့မယ်ဆိုရင် အဲ့ဒီကလေးသေဆုံးမှုအတွက် ယောင်ဟီဝမ်က တာဝန်ယူပေးမှာလား”
ယောင်ဟီဝမ်၏မျက်လုံးတွေက တုန်လှုပ်သွားသည်။ မျက်နှာအမူအရာကို ဖုံးကွယ်ဖို့အတွက် ခေါင်းကိုပင် ငုံ့လိုက်၏။
"ဒါဆို ငါလုပ်လို့ရမလဲ။ တခြားနည်းလမ်းဘာရှိလဲ"
ယောင်ဟီဝမ်ကို ကျနော်ကြည့်လိုက်သည်။ ယခုလောက်ဆိုလျှင် ယောင်ဟီဝမ်သည် မမျှော်လင့်ထားသည့် ကိစ္စများကို မလုပ်လောက်တော့ပေ။ ယောင်ဟီဝမ်ထံတွင် 'မိစ္ဆာသုတ်သင်ခြင်း'စွမ်းရည်နှင့်အတူ 'သားလောင်းသွင်ပြင်လက္ခဏာ'ရှိနေခြင်းကြောင့် ယောင်ဟီဝမ်၏လုပ်ဆောင်ချက်အပေါ်မူတည်ပြီး တွေ့ရာလူကိုသတ်သော လူသတ်သမားအဖြစ်ပင် ပြောင်းသွားနိုင်သည်။
"ယောင်ဟီဝမ်။ ဒီပြဿနာရဲ့အဓိကက စားစရာလေ။ ဟုတ်တယ်မလား"
"...မှန်တယ်"
"ဒါဆိုရင်လည်း ပြဿနာရဲ့ဇစ်မြစ်ကို ငါတို့တွေ ဖယ်ရှားရမှာပေါ့"
"ဟမ်"
စကားကိုဆက်၍မပြောပဲ လက်ပတ်နာရီကိုသာ ကျနော်ကြည့်လိုက်သည်။ အချိန်တန်ပေပြီ။
ခွာဂျီဂျီဂျစ်
ဟုတ်ပြီ၊ သူပေါ်လာချေပြီ။ လေထုနှစ်ခြမ်းကွဲသွားပြီး ရင်းနှီးသော ပုံရိပ် တစ်ခု ပေါ်လာ၏။ နေရာအနှံ့ကနေ အော်သံတွေ ထွက်ပေါ်လာတော့သည်။ ဤကပ်ဘေးကိုစတင်ခဲ့သော လူသားတွေရဲ့အိပ်မက်ဆိုး ရောက်လာချေပြီ။
[အား-အားလုံးဘယ်လိုနေလဲ။ မင်းတို့တွေ ခဏလောက် အားအားယားယား ဖြစ်သွားခဲ့ကြတယ်နော်]
ဒိုကဲဘီ
"အ-အား"
ဒိုကဲဘီပေါ်လာသည်နှင့် လူတွေထိတ်လန့်သွားကြသည်။ ဤကောင်ပေါ်လာသည့် အချိန်တိုင်းက ကောင်းသောကိစ္စဖြစ်ပျက်သည့် အချိန်မျိုးမဟုတ်ချေ။ အားမန်ပြည့်ဝနေသည့် ယောင်ဟီဝမ်ပင် တစ်ခဏခန့် တုန်ရီသွားခဲ့၏။ သို့သော် ယခုပေါ်လာသည့် ဒိုကဲဘီက ဘီဟွန်းမဟုတ်ချေ။ မူရင်းဇာတ်လမ်းအရဆိုလျှင် ဘီဟွန်းသည် အနီးအနားရှိ ချန်နယ်အားလုံးကို တာဝန်ယူထားသူဖြစ်သော်လည်း ယခုတော့ အခြားဒိုကဲဘီပေါ်လာခဲ့သည်။ ဤဒိုကဲဘီသည် ဘီဟွန်းလိုအဖြူရောင် အမွှေးများမရှိပဲ အမဲရောင်အမွှေးပွပွများသာ ရှိ၏။
[ဒီ-ဒီချန်နယ်ကို တာဝန်ယူထားခဲ့တဲ့ ငါ့မိတ်ဆွေဟာ အပြစ်ဒဏ်ခံ-ခံနေရလို့... ဒီဇာတ်ဝင်ခန်းကို ငါပဲ တာဝန်ယူပေးမှာပါ]
ဤဒိုကဲဘီ၏ စကားထစ်သံက ထင်ထင်ရှားရှားပင် ထွက်ပေါ်နေလေသည်။
[က-ကဲ။ အားလုံးပဲ။ မင်း-မင်းတို့အားလုံးရဲ့ပုံစံက အရမ်းကိုငြိမ်းချမ်းသလို ဖြစ်နေတာပဲနော်။ ဘီဟွန်းဆိုတဲ့ကောင်က ဒီဇာတ်ဝင်ခန်းရဲ့ခက်ခဲမှုအဆင့်ကို ပြင်ဆင်ချင်ယောင်ဆောင်ခဲ့တာထင်တယ်...]
"မင်း-မင်း ဘာပြောချင်နေတာလဲ။ ဘာလိုချင်တာလဲသာ ပြောစမ်းပါ"
[ဟိတ်-ဟိတ်...ဒေါသမထွက်ပါနဲ့... အားလုံးပဲ... ငါက မင်းတို့အတွက် ရောက်လာတာပါ...]
"ငါတို့အတွက်ဟုတ်လား"
"ဒါ-ဒါဆိုရင် ငါတို့ကို စားစရာပေးပါ"
[စား-စားစရာလား။ အင်း…စားစရာကိုလိုချင်နေတာဆိုရင်တော့…]
စကားပြောပြီးသည့်နောက် ဒိုကဲဘီက သူ၏လက်တစ်ချောင်းကို လှုပ်လိုက်သည်။
[ဇာတ်ဝင်ခန်းတွင် ပြစ်ဒဏ်တစ်ခု ထပ်ထည့်လိုက်သည်။]
[ယခုကစပြီး စားစရာသိုလှောင်မှုကို ကန့်သတ်လိုက်ပါပြီ။]
[လက်ရှိသိုလှောင်ထားသော စားစရာအားလုံး ပျောက်ကွယ်သွားပါပြီ။]
"ဟ-ဟာ။ ဘာလဲဟ"
အရေးပေါ်စားစရာသိုလှောင်ထားသူတွေ ထအော်ကြသည်။ အဓိကအုပ်စုဆီကရော၊ အရေးမပါသောအုပ်စုဆီကပါ စားစရာဟုခေါ်သော အရာမှန်သမျှ လေထဲသို့ မျောပါသွား၏။
[ဟီး-ဟီးဟီး။...ကဲ…အားလုံးပဲ။ မင်းတို့အားလုံး စားလို့မရတော့ဘူး။ မင်း-မင်းတို့တွေ ဒီဇာတ်ဝင်ခန်းကို ဘယ်လိုဖြတ်ကျော်ရမလဲပဲ စဉ်းစားဖို့လိုတော့တယ်]
ဆွက်
ကြာရှည်ခံစားစရာဗူး၊ ဘီစကစ်၊ ကယ်လိုရီမုန့်တောင့်အစရှိသော အရေးပေါ် စားစရာ မှန်သမျှ ဒိုကဲဘီ၏ လက်တချက်အဝှေ့၌ ဖျက်ဆီးခံလိုက်ရချေပြီ။ လူတွေ၏မျက်နှာ အမူအရာလည်း ရှုံ ့မဲ့သွားကြသည်။
[မင်း-မင်းတို့တွေ စားချင်ကြလား။ ကမ္ဘာပေါ်က အမှိုက်ကောင်တွေ]
ဒိုကဲဘီ၏အသံက ရုတ်တရက်ပြောင်းသွားသည်။ သူ့နာမည်ကို ကျနော်မှတ်မိ၏။ မူရင်းဇာတ်လမ်းရဆိုလျှင် ယခုလိုအပြုအမူမျိုးရှိသည့် ဒိုကဲဘီတစ်ကောင်သာ ရှိသည်။ ဤဒိုကဲဘီသည် စကားထစ်သော်လည်း အခြားဒိုကဲဘီတွေထက် ပို၍ရက်စက်၏၊ အဝေးတစ်နေရာ၌ရှိသော ချွန်အင်ဟိုသည် ကျနော့်ကို စိတ်ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကြည့်နေလေသည်။
[အားလုံးပဲ...အခုကစပြီးပျော်ကြရအောင်...ဟီဟီ...]
ဒိုကဲဘီ၏အသံနောက်ကနေ မက်ဆေ့ချ်များ ထွက်ပေါ်လာသည်။
[ဇာတ်ဝင်ခန်းတွင် ပြစ်ဒဏ်တစ်ခု ထပ်ထည့်လိုက်ပါသည်။]
['ရှင်သန်မှုအဖိုးအခ'အား ထည့်သွင်းလိုက်ပါပြီ။]
[ယခုကစပြီး 'ရှင်သန်မှုအဖိုးအခ'အတွက် ညစဉ် ဒင်္ဂါး ၁၀၀ ကောက်ခံမည် ဖြစ်သည်။ 'ရှင်သန်မှုအဖိုးအခ'ကို မပေးနိုင်ပါက သေဆုံးမည်။]
['ရှင်သန်မှုအဖိုးအခ'ကို ဒုတိယမြောက်အဓိကဇာတ်ဝင်ခန်းပြီးမြောက်သည်အထိ ဆက်၍ကျင့်သုံးမည်။]
မက်ဆေ့ချ်တွေတက်လာသည်ကို ဖတ်ရင်း ကျွန်တော်ရယ်မိသွားသည်။
အင်း။ အခုမှပဲ *Ways of Survival* နဲ့တူတော့တယ်။