ဇာတ်လိုက် (၃)
Vol. 1 Ch. 9
"ဒီသံတံခါးနောက်ဘက်က လူကြောင့် သေချင်လား၊ ဒါမှမဟုတ် ရထားအပြင်ထွက်ပြီး ကံစမ်းကြည့်ချင်လား။ ဘာကိုရွေးမလဲ" လီဟန်းဆောင်နှင့် ဟန်မြုံအိုတို့၏ မျက်လုံးတွေကို စိုက်ကြည့်ပြီး ကျနော်မေးလိုက်၏။
"အဲ"
"ဒေါ့ဂျာ။ ဒီသံတံခါးနောက်ကလူဟာ ရန်သူဆိုတာ သေချာလို့်လား"
အရေးအကြောင်းဆိုလျှင် သံမဏိဓါးက ဝင်နှောက်ပေလေပြီ။ လီဟန်းဆောင် အုပ်စုခေါင်းဆောင်မဖြစ်နိုင်သည့် အကြောင်းအရင်းက ဤအချက်ကြောင့်ပင်။
"အခြားတွဲကနေ လာတာဆိုတော့ အသက်ရှင်ကျန်သူတွေ ဖြစ်နိုင်တယ်လေ။ ကျုပ်တို့အချင်းချင်း ဆုံတွေ့ပြီဆိုတာနဲ့…." စကားကို ဆက်မပြောပဲ သွေးစွန်းနေသည့် အခန်းအား ကြည့်လိုက်၏။
လီဟန်းဆောင်က ကျနော့်အကြည့်အတိုင်း လိုက်ကြည့်ပြီး တိတ်တိတ်လေး ဆိုသည်။
"ကျုပ်နမော်နမဲ့နိုင်သွားမိတယ်။ အပြင်ကိုထွက်ဖို့ နည်းလမ်းရှာကြတာပေါ့ "
"သ-သွား။ မြန်မြန်သွားကြမယ်"
ထိုအချိန်၌ ဟန်မြုံအိုနှင့် လီဟန်းဆောင်တို့ အသိပြန်ကပ်လာကြသည်။ တခြားတွဲက အသက်ရှင်ကျန်ရစ်သူများသည်လည်း သူတို့ကဲ့သို့ပင် အလားတူဖြစ်ရပ်မျိုးဖြင့် ကြုံတွေ့ခဲ့ရမှာပင်။ ပိုးကောင်တွေကိုရှာတွေ့မိသည်အထိ ကံကောင်းမှုမျိုး တခြားတွဲက လူများ မရခဲ့လောက်။
"ဒါက ကျိုးနေပြီ"
"ဆိုးလိုက်တာ။ ဒီဘက်ကနေတော့ သွားမရတော့ဘူး"
လီဟန်းဆောင်နှင့် ဟန်မြုံအိုတို့ အော်ပြောနေသည်အား နားထောင်ပြီး ကျနော်ပါ တံခါးတွေကို လိုက်စစ်ကြည့်၏။ ယခုဆိုလျှင် အကာအရံတွေ ထပ်မရှိတော့သည်မလို့ တံခါးများအား ထိ၍ရပေပြီ။ ရထားတွဲတစ်တွဲမှ နောက်တစ်တွဲရှိ စြင်္ကလမ်းသို့ ဆက်သွယ်ပေးထားသော တံခါးတွေအပါအဝင် မြေအောက်ရထား၌ စုစုပေါင်း တံခါးရှစ်ပေါက်ရှိ၏။ ထွက်လို့ရမရအတည်မပြုရသေးသည့် တံခါးက သုံးချပ် ကျန်သေးသည်။
သံတံခါးက တစ်မိနစ်လောက်ပဲ တောင့်ခံနိုင်တော့မည့် ပုံပေါ်၏။ ထိုလူသည် ဇာတ်လိုက်ဖြစ်သည်မှာ မှန်သော်လည်း အစပိုင်းကတည်းက ဤမျှအားကောင်းနေလောက်မည်ဟု မထင်ခဲ့ချေ။ ဤမျှထူသော သံတံခါးအား ထိုလူချိုးဖျက်နိုင်သည်ကို အတော်ပင် အံ့သြမိချေသည်။
"ဒေါ့ဂျာ။ ဒီမှာ-"
လက်ဖြင့် လှည့်ဖွင့်နိုင်သည့်မောင်းတံတစ်ခုကို ကျနော်ရှာတွေ့ခဲ့လေပြီ။
"ဖွင့်မရဘူး" တံခါးဖွင့်စက်က အလုပ်လုပ်တေံခါးက ချက်ချင်းမပွင့်ပေ။ တံခါးက ငါးပုံတစ်ပုံလောက်သာ ပွင့်ပြီး တစ်ခုခုဖြင့် ညပ်သွားသလို ရပ်သွား၏။
"ဒီနေရာလည်း ပျက်နေတာနဲ့တူတယ်"
"တခြားနေရာတွေဘက်ကရော ထွက်လို့ရလား"
"ထွက်လို့ရတာဆိုလို့ ဒီနေရာပဲ ရှိမယ်ထင်တယ်"
ကလေးတစ်ယောက်အတွက်တော့ မပြောတတ်သော်လည်း ငါးပုံတစ်ပုံသာ ဟနေသော ဤတံခါးပေါက်က လူကြီးတွေနှင့် အမျိုးသမီးတွေ ထွက်ဖို့အတွက် ကျဉ်းလွန်းနေ၏။ ဟန်မြုံအိုနှင့် လီဟန်းဆောင်တို့က တံခါးတွေကို ဆွဲဖွင့်ဖို့ကြိုးစားသော်လည်း တံခါးတွေက တုတ်တုတ်မှ မလှုတ်ပေ။
[ပိုင်ဆိုင်ထားသော ဒင်္ဂါး : ဒင်္ဂါး ၄၇၀၀]
ဒင်္ဂါးတွေကိုသုံးစွဲသည့်နည်းလမ်းများထဲမှ တစ်ခုကတော့ စွမ်းရည်တွေကို မြှင့်တင်ခြင်းပင်။ ဒင်္ဂါး ၂၇၀၀ကိုသုံးပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှုအဆင့် ၁ဝအထိ ကျနော် မြှင့်တင်ထားပြီးဖြစ်၏။ ကျန်ရှိသော ဒင်္ဂါးတွေကိုသုံးပြီး ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ကို ထပ်မံမြှင့်တင်လိုက်လျှင် တံခါးဖွင့်မရသည့်ပြဿနာအား ဖြေရှင်းကောင်း ဖြေရှင်းနိုင်သော်လည်း မည်သို့ဖြစ်လာနိုင်မှန်း မသိသော အခြေအနေတွင် ဒင်္ဂါးတွေကို သုံးရန် မသင့်လျော်လှပေ။ နောက်ဆုံးတွင်တော့ နည်းလမ်းတစ်ခုသာ ကျန်တော့ပေသည်။
"လီဟန်းဆောင်။ စွမ်းရည်တစ်ခုခုကို သုံးလိုက်ပါ "
"ဟမ်။ စွမ်းရည်ဟုတ်လား"
ဇာတ်ကောင်စာရင်းကို ကျနော်တိတ်တိတ်လေး အသက်သွင်းလိုက်၏။
[သီးသန့် စွမ်းရည်ဖြစ်သော ဇာတ်ကောင်စာရင်းအား အသက်သွင်းလိုက်ပါပြီ။]
[ဇာတ်ကောင်၏ အကျဉ်းချုပ်]
အမည် : လီဟန်းဆောင်
အသက် : ၂၈ နှစ်
ထောက်ပံ့သူ : သံမဏိသခင်
သီးသန့် ဝိသေသလက္ခဏာ : တရားမမျှတခြင်းအား မျက်ကွယ်ပြုခဲ့သော စစ်သား (ယေဘူယျအားဖြင့်)
သီးသန့် စွမ်းရည်များ : လှံစွပ်စွမ်းရည် အဆင့် ၂၊ ကိုယ်ရောင်ဖျောက်ခြင်း အဆင့် ၁၊၊ စိတ်ရှည်မှု အဆင့် ၁
အထူးစွမ်းရည် : မဟာတောင်ဖြိုတွန်းအား အဆင့် ၁
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၈၊ ခွန်အား အဆင့်၈၊ လျင်မြန်မှု အဆင့် ၇၊ မှော်စွမ်းအား အဆင့် ၅
ခြုံငုံအကဲဖြတ်ချက် : ပျမ်းမျှအနေအထား အလွန်ကောင်းမွန်သည်။ တရားမမျှတမှုကနေ ရှောင်ဖယ်ခဲ့သော်လည်း နက္ခတ်တစ်ပါး၏ရွေးချယ်မှုကို ခံခဲ့ရ၏။ ထို့သို့ရွေးချယ်ခံရခြင်းမှာ ဤလူအတွက် နောက်ထပ်အခွင့်အရေးတစ်ခုဖြစ်သည်။
လီဟန်းဆောင်၏အချက်အလက်တွေက ကန့်သတ်ခံရခြင်းမရှိပဲ ကျနော့်စိတ်ထဲ ရောက်လာသည်။ ကံကောင်းသည်က လီဟန်းဆောင်၏ ထောက်ပံ့သူသည် Ways of Survival မှာ ဖတ်ခဲ့သည့်အတိုင်းဖြစ်နေခြင်းပင်။
"သီးသန့်ဝိသေသ လက္ခဏာဇယားကိုဖွင်ခဲ့တဲ့အချိန်တုန်းက ခင်ဗျားစစ်ကြည့်ခဲသေးတယ် မလား။ လီဟန်းဆောင်က စစ်သားတစ်ယောက်ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ သုံးလို့ရတဲ့ စွမ်းရည်တစ်ခုခုတော့ ရှိမှာပဲလေ "
"အင်း။ စွမ်းရည်တစ်ခုတော့ရှိပေမဲ့ ဘယ်လိုသုံးရမလဲ ကျုပ်မသိဘူး"
"ခင်ဗျားသိထားတဲ့စွမ်းရည်ကိုသုံးမယ်လို့ပဲ စဉ်းစားကြည့်လိုက်ပါ "
"အဲ့လိုလုပ်ရင် ရမှာလား"
"ရမှာပါ။ အစောပိုင်းတုန်းက ကျနော်သုံးခဲ့ပြီးပြီ"
လီဟန်းဆောင်က နောက်ထပ်ဘာမှမပြောတော့ပဲ ဆုံးဖြတ်ချက်ချပြီးသည့်ဟန်ဖြင့် အသက်ကို ရှူသွင်းလိုက်သည်။
"ကျားးးးးး"
တံခါးကိုဆွဲကိုင်လိုက်သည့်အချိန်မှာ လီဟန်းဆောင်၏ လက်မောင်းကြွက်သားများ ဖောင်းကြွလာ၏။ မဟာတောင်ဖြိုတွန်းအား၏ သွင်ပြင်ပင်။ အမှန်တကယ်တန်းတော့ မဟာတောင်ဖြိုတွန်းအားသည် စွမ်းရည်တစ်ခုမဟုတ်ပဲ အထူးစွမ်းရည်တစ်ခုသာ ဖြစ်၏။ ထို့အပြင် ထိုအထူးစွမ်းရည်ကို နက္ခတ်ဆီကနေ ရထားခြင်းဖြစ်လေသည်။ တခြားလူများ သံသယမဝင်အောင် 'စွမ်းရည်'ဆိုသည့် စကားလုံးကိုသာ ကျနော် သုံးခဲ့ခြင်းဖြစ်၏။
ဒူဒူဒူဒူ
ကြီးမားသောစပရိန်တစ်ခုလည်သံသကဲ့သို့ အသံထွက်ပေါ်လာပြီး တံခါးက လှုပ်ရှားစပြုလာသည်။
"ဘာလဲဟ။ ဒီကောင်က တကယ်ကို ခွန်အားကြီးတာပါလား"
"ဟုတ်ပြီ။ အရမ်းကောင်းတယ်"
[ဇာတ်ကောင် 'လီဟန်းဆောင်'က သင့်ကို စတင်ယုံကြည်လာပါသည်။]
[ဇာတ်ကောင် 'လီဟန်းဆောင်' အပေါ် သင်၏နားလည်မှု တိုးတက်လာပါသည်။]
ကျနော့်ကိုသံသယဝင်ရမည့်အစား ယုံကြည်မှုသာ ပို၍တိုးတက်လာသည်။ လီဟန်းဆောင်သည် ထင်ထားသည်ထက်ပင် ပို၍ရိုးရှင်းသူဖြစ်၏။
"လာ….ဆင်းကြတော့"
ကျနော်စိတ်သက်သာရာရသွားပြီး လီဂီယောင်ကို လီဟန်းဆောင်ထံ ပေးလိုက်သည်။
"လီဟန်းဆောင်။ ဒီကလေးကို ကျောပိုးပေးပါ "
"ကောင်းပါပြီ"
ယခုဆိုလျှင် သံတခါးက ကျိုးတော့မည်ဖြစ်သော်လည်း ကျနော်ခန့်မှန်းထားသည့် အတိုင်းဆိုပါက ယခုအချိန်တွင် ပြဿနာပေးမည့်အရာက ဤသံတံခါးမဟုတ်ချေ။
[အာ…တကယ်ပါပဲကွာ။ ဒီလိုဖြစ်မယ်လို့ထင်သားပဲ။ စောနက ငါပြောထားတယ်မလား။ ဘယ်ကိုမှမသွားနဲ့လို့ မှာထားတယ်လေကွာ။ ချီးပဲ။ ဇာတ်ဝင်ခန်းက အသင့်ဖြစ်သေးတာ မဟုတ်ဘူး]
ဒေါင်းဟိုတံံတားထက်၌ မျောလွင့်နေသည့် ဒိုကဲဘီ၏ပုံစံက ဒေါသထွက်နေဟန် ပေါက်သည်။
"အာ...ဒီလိုဖြစ်မယ်မှန်း ငါသိသားပဲ။ မင်းတို့တွေကို အပြင်မထွက်ပါနဲ့လို့ ငါတားခဲ့တယ်လေကွာ"
ဟန်မြုံအိုက သူ့ခေါင်းပေါက်ထွက်သွားတော့မည့်အလား ခေါင်းကို လက်တဖက်ဖြင့် ဖိထားသော်လည်း ပေါက်ကွဲမည်ကို စိုးရိမ်ဖို့မလိုချေ။
[ဟူး….ဘယ်တတ်နိုင်မလဲလေ။ မင်းတို့တွေက တကယ်ကိုကံကောင်းတဲ့ လူသားတွေပဲ]
ရထားတံခါးကိုဖွင့်လိုက်ချိန်မှာပဲ ဒုတိယဇာတ်ဝင်ခန်းက စတင်သွားခဲ့၏။
[ဒုတိယ ဇာတ်ဝင်ခန်း ရောက်ရှိလာပါပြီ။]
[ဒုတိယ ဇာတ်ဝင်ခန်း – ထွက်ပြေးခြင်း။]
အမျိုးအစား : ဇာတ်ဝင်ခန်းအသေး
ခက်ခဲမှု : E
ပြီးမြောက်ရန် လိုအပ်ချက် : ကျိုးနေသော တံတားကိုဖြတ်ပြီး အုဆူးဘူတာထဲ ဝင်ပါ။
အချိန်ကန့်သတ်ချက် : မိနစ်၂၀
ဆုေ၂၀၀
ကျရှုံးမှု : ???
"ဒေါ့ဂျာ။ ထူးဆန်းနေသလိုပဲ။ 'တံတားကျိုး'လို့ပြောထားပေမဲ့ တံတားက အခုထိ..."
"ကျိုးမကျိုးကို စိတ်ပူမနေနဲ့။ ပြေး…အမြန်ပြေးကြတော့"
"ကောင်း….ကောင်းပါပြီ"
အမှန်တကယ်တော့ ယူဆန်းအာပြောတာ မှန်၏။ တံတားက မကျိုးသေးပေ။ တနည်းအားဖြင့်ပြောရလျှင် 'တံတားက ကျိုးတော့မှာ'ပါ။
"ဒေါ့ဂျာ။ အမြန်လာ"
"လာပြီ"
ရထားပေါ်ကနေ ကျနော်တို့တွေ အစောကြီးဆင်းခဲ့ကြသဖြင့် တံတားက မကျိုးသေးခြင်းဖြစ်၏။
ဒိုကဲဘီက ပြင်ဆင်ချိန် ၁၀မိနစ်ကြာမည်ဟု ပြောခဲ့သော်လည်း ကျနော်တို့တွေက သုံးမိနစ်စောပြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။ ငကြောက်လုပ်ရပ်လိုဖြစ်နေမည် မှန်သော်လည်း ယခုလိုဖြတ်လမ်းနည်းမသုံးပဲ ဤဇာတ်ဝင်ခန်းကို မပြီးမြောက်နိုင်ပေ။ အထူးသဖြင့် ဝန်ထုပ်ဝန်ပိုးပေးမည့်လူတွေဖြစ်သည့် ယူဆန်းအာနှင့် လီဂီယောင်တို့ ကျနော်အနားမှာရှိနေလျှင် ပိုဆိုး၏။
"ဟောဟဲ….ဟောဟဲ….လီဟန်းဆောင်က တကယ်ကို စစ်သားပီသပါတယ်ကွာ။ သက်လုံက အတော်ကိုကောင်းတာပဲ"
"စကားတွေပြောမနေနဲ့။ အားတွေကုန်သွားဦးမယ်"
လီဟန်းဆောင်က ကလေးကိုကျောပိုး၍ အရှေ့ကနေ ပြေးနေသည်။ သူသည် ဒင်္ဂါး တစ်ပြားမှမသုံးပဲ နဂိုထဲက ခွန်အား၊ ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းနှင့် လျင်မြန်မှုတို့တွင် အပေါင်း ၂၃ အထက်ရှိနေသောလူဖြစ်၏။ သူ၏နောက်မှာတော့ ဟန်မြုံအိုရှိပြီး ဟန်မြုံအိုနောက်တွင် ယူဆန်းအာနှင့် ကျနော်က အပြေးလိုက်နေသည်။ တံတားကျိုးမည့် အချိန်က နီးနေပြီဖြစ်သော်လည်း ကျနော်တို့တွေ အချိန်မီ ကျော်ဖြတ်နိုင်မည်ထင်၏။
"ဟာ…အဲ့ဒါ ဘာကြီးလဲ"
ထိုစဉ် ဟန်မြုံအို၏အော်သံကို ကြားလိုက်ရ၏။ ဟန်မြစ်အလယ်၌ ဧရာမလှိုင်းတံပိုး တစ်ခု ပေါ်လာပြီး ရေတွေဖြာထွက်နေသည်။ အဆိုပါ ဖြာထွက်နေသည့် ရေတွေ၏ အလယ်၌ ဧရာမ မကောင်းဆိုးဝါးတစ်ကောင် ရှိနေ၏။ ထိုမကောင်းဆိုးဝါးသည် အီသီယိုဆောကြီးပင်။ ဤအီသီယိုဆောကောင်သည် အစောပိုင်းအချိန်တွင် ပြတင်းပေါက်ကနေ ကျနော်တို့ မြင်ခဲ့သောအကောင်ထက် နှစ်ဆ ပိုကြီးပေသည်။
ဤအကောင်သည် ပင်လယ်မြွေကြီးတစ်ကောင်မဟုတ်သည့် ပင်လယ်ခေါင်းဆောင် တစ်ကောင်ဖြစ်၏။ သာမန်ပင်လယ်မြွေတစ်ကောင်သည် အဆင့်အတန်း ၇ရှိသော မကောင်းဆိုးဝါးကောင်ဖြစ်သည်။ အဆင့်အတန်း၉ရှိသော မြေအောင်းကြွက်ကိုပင် သာမန်လူတွေအတွက် ရင်ဆိုင်ရခက်မည်ဆိုပါက အဆင့်အတန်း၇ရှိသော ဤမကောင်းဆိုးဝါးကောင်သည် သာမန်လူတစ်ယောက်ကို အလွယ်တကူ စုတ်ဖြဲပစ်နိုင်၏။
တနည်းအားဖြင့်ဆိုရလျှင် ယခုလာနေသည့်အကောင်က ဇာတ်လမ်းအစောပိုင်းမှာ ဖမ်း၍ရသော သတ္တဝါမဟုတ်ပေ။ ဖမ်းဖို့လည်း မလိုချေ။ ဤအကောင်သည် ဖမ်းဆီးရန်အတွက် ဖန်းတီးထားခြင်းမဟုတ်။
ဟန်မြစ်ကနေ ဆူနာမီလိုမျိုး လှိုင်းတွေတက်လာပြီး အီသီယိုဆောက လှုပ်ရှားလာသည်။ အဆိုပါ အီသီယိုဆောသည် တံတားအောက်ခြေတွေကို ကိုက်ဝါးနေ၏။
"တံတားကျိုးတော့မယ်"
"ပြေးကြဟေ့။ ငါတို့တွေပြေးမယ်ဆိုရင် တံတားကိုဖြတ်ကျော်နိုင်လိမ့်မယ်"
တံတားကိုကျော်ဖြတ်ဖို့ မီတာ ၂၀၀ခန့် လိုသေးသည်။ ကျနော်တွက်ချက်ထားသည့် အတိုင်း မှန်နေမည်ဆိုပါက လက်ရှိအမြန်နှုန်းဖြင့်ဆိုလျှင် တံတားမကျိုးခင် ကျနော်တို့တွေ ဖြတ်ကျော်နိုင်လောက်၏။
[ဂိမ်းက အရမ်းလွယ်နေရင် ပျော်စရာမကောင်းတော့ဘူး]
ဟုတ်ပါသည်။ ကြားထဲ၌ မည်သည့်ပြဿနာမှ မကြုံရမှသာ အချိန်မီ ဖြတ်ကျော်နိုင်လောက်မည်ဖြစ်၏။
[ဇာတ်ဝင်ခန်းအဆင့်ကို ချိန်ညှိလိုက်ပါပြီ။]
[ဇာတ်ဝင်ခန်းအဆင့် : E -> D]
ဒိုကဲဘီ၏ရယ်သံအား ကြားလိုက်ရသည်။
[ပြေးပဲပြေးနေရင် ပျော်စရာမကောင်းဘူးလေ။ ဖိအားလေး နည်းနည်းလောက် ဖန်တီးကြည့်ရအောင်]
[သေသူတွေ၏ ဆိုးယုတ်သောအတွေးများ ပြန်ပေါ်လာပါပြီ။]
[ပတ်ဝန်းကျင်ရှိ မြေပြင်၌ မကောင်းသောအငွေ့အသက်တွေဖြင့် ပြည့်နှက်နေပါပြီ။]
[မိစ္ဆာလူသားများ နိုးထလာပါပြီ။]
ကျနော်တို့ နောက်ကနေ တစ်ခုခုလိုက်နေသော အသံထွက်ပေါ်လာ၏။ ယူဆန်းအာက တယောက်ထဲ ရေရွတ်လိုက်သည်။
"ဖုတ်…ဖုတ်ကောင်တွေပါလား"
ဖုတ်ကောင်တွေနှင့် တူသော အလောင်းတွေက လှိုင်းလုံးတွေလို လာနေကြ၏။ တချို့ဖုတ်ကောင်များသည် ကျနော်တို့စီးခဲ့သော ရထားတွဲထဲက လူများပင်။
"နည်းနည်းပဲ လိုတော့တယ်။ အမြန်ပြေးကြဟေ့"
အီသီယိုဆောနှင့် ယခုဆိုလျှင် မီတာ ၁၀၀အောက်သာ ကွာဝေးတော့သည်။ ကံကောင်းစွာဖြင့် လီဟန်းဆောင်သည် လီဂီယောင်ကို ကျောပိုးကာ တံတားကို ဖြတ်ကျော်နိုင်သွားပေပြီ။ ပြဿနာက ကျနော်အပါဝင် တခြားလူတွေ ကျန်နေသေးခြင်းပင်။
ဟန်မြုံအိုက အော်လိုက်၏။
"ခွေး-ခွေးသူတောင်းစားတွေ"
မိစ္ဆာလူသားအရေအတွက်က အရမ်းကိုများပြားနေ၏။ ရထားထဲက အလောင်းတွေလောက်ပဲဆိုလျှင် ကျနော်တို့ လွတ်မြောက်နိုင်လောက်မည် ဖြစ်သော်လည်း….
"ဂါး"
တံတားပေါ်မှာသေသွားသော ယာဉ်မောင်းတွေသည် မိစ္ဆာလူသားများ ဖြစ်ကုန်ကြပြီ။ လီဟန်းဆောင် ဖောက်ထွက်ခဲ့သော လမ်းကြောင်းက မိစ္ဆာလူသားများနှင့် ပြည့်နှက်နေ၏။ လမ်းပေါ်ရှိ မိစ္ဆာလူသားများနှင့် ချည်းကပ်လာသော အီသီယိုဆောတို့ကို ကျနော်ကြည့်လိုက်သည်။
"အားလုံးဝပ်ကြ"
နောက်ကျသွားပေပြီ။
ကျီ
အီသီယိုဆော၏ဧရာမပါးစပ်ကြီးက တံတားအောက်ခြေကို ကိုက်လိုက်သည့်အခါ တံတားက ပြင်းထန်စွာတုန်ခါသွားသည်။ အီသီယိုဆော၏ အကြေးခွံတွေက မိုးရွာသလို ဟန်းမြစ်ထဲကျရောက်လာသည့် ဖုန်မှုန့်တွေကြားမှာ တောက်ပနေ၏။ သွေးနှင့် ရေရောနေသော အနံ့တစ်ခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကျနော်ယိုင်သွားသဖြင့် ခန္ဓာကိုယ်ပြန်ပြီးမတ်လိုက်၏။ ဖုန်တွေပျောက်သွားသည့်အခါ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့သည်။
ကြေမွသွားသည့် ကွန်ကရစ်တုံးတွေ၊ ပြတ်တောက်သွားသော သံတွေက အစုလိုက်အပြုံလိုက် ပုံကျနေလေပြီ။ အီသီယိုဆော ကိုက်ဖြတ်ထားသည့် မိစ္ဆာလူသားအလောင်းတွေလည်း ပျံ ့ကျဲနေ၏။ တံတားအောက်ခြေသည် လုံးဝကို ကျိုးသွားလေပြီ။
"...ဒေါ့ဂျာ…. အဆင်ပြေရဲ့လား?"
ယူဆန်းအာနှင့် ဟန်မြုံအိုတို့သည် အနည်းငယ်လှမ်းသောနေရာ၌ ပြန်ထလာကြသည်။ စောနတုန်းက တံတားကြီးလှုတ်ခါခဲ့ချိန်တွင် ဟန်မြုံအို၏ ခြေတစ်ဖက် ထိခိုက်သွားပုံ ပေါ်၏။ လီဟန်းဆောင်နှင့် လီဂီယောင်တို့က တံတားတဖက်ခြမ်းကနေ အော်ကာ ပြောနေကြသော်လည်း သူတို့၏ အသံက ဘေးကင်းရာနေရာကနေ ပိတ်မိနေသည့် အလား ထွက်ပေါ်မလာချေ။
ငါဘာလုပ်ရမလဲ။ တံတားကျိုးမယ်ဆိုတာကို အခြေခံပြီး အစီအစဉ်တွေ ငါဆွဲထားတာလေ။ ဒါပေမဲ့ ဟန်မြုံအိုနဲ့ ယူဆန်းအာတို့တွေဟာ ငါနဲ့အတူ ကျန်ခဲ့မယ်လို့ မထင်ထားခဲ့မိဘူး။
ထိုအချိန်မှာပဲ အသံတစ်သံကို လေထဲ၌ ကြားလိုက်ရသည်။
[တစ်စုံတစ်ယောက်သည် နက္ခတ်တစ်ပါး၏ မျက်နှာသာပေးခြင်းကို ရရှိခဲ့ပါပြီ။]
[နက္ခတ်၏ ဇာတ်ဝင်ခန်း 'Deus Ex Machina' ကို အသက်သွင်းလိုက်ပါပြီ။]
ထိုအသံနှင့်အတူ ဒေါင်းဟိုတံတားကျိုးပျက်ရာမှ ကျန်ရစ်ခဲ့သော အကြွင်းအကျန်တွေ ကြား၌ အလင်းတန်းတွေဖြင့်ဖန်တီးထားသည့် တံတားတစ်ခုဖြစ်ပေါ်လာပြီး ကျနော့်ရှေ့၌ စာတစ်ခုပေါ်လာသည်။
[Deus Ex Machina – စုံဂဏန်းတံတား]
ဖော်ပြချက် : နက္ခတ်တစ်ခုက ဖန်တီးထားသော အလင်းတံတား။ 'စုံဂဏန်း' လူအရေအတွက်သာ ဖြတ်ကျော်နိုင်ပါသည်။ 'မဂဏန်း' လူအရေအတွက်ဖြတ်ကျော်ပါက တံတားပျောက်ကွယ်သွားမည်။
"ဒေါ့ဂျာ။ ကျမခေါင်းထဲမှာ ရုတ်တရက်ကြီး…."
ဗလုံးဗထွေးတွေပြောနေသည့် ယူဆန်းအာနှင့် ကျနော်မျက်လုံးခြင်း ဆုံလိုက်၏။ အခြေအနေကို အကြမ်းဖျင်း ကျနော်ခန့်မှန်းမိသည်။ Deus Ex Machina။ ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ရင်းနှီးမှသာ ဇာတ်ဝင်ခန်းတစ်ခုကို နက္ခတ်များ ဝင်ရောက်စွက်ဖက်နိုင်ကြ၏။
"ဒီနက္ခတ်က ယူဆန်းအာ ရဲ့ထောက်ပံ့သူပဲ"
ယူဆန်းအာကို ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခဲ့သော နက္ခတ်သည် မည်သည့်နက္ခတ်ဖြစ်သည်ကို ကျနော်မသိသော်လည်း အဆိုပါနက္ခတ်က ယူဆန်းအာကို အသက်ရှင်စေချင်သည်မှာ ထင်ရှား၏။ Deus Ex Machina က Ways of Survival၌ ရှားပါးသော ဖြစ်ရပ်ပင်။ ထို့အပြင် ယူဆန်းအာဆိုသည်မှာလည်း မူရင်းဇာတ်လမ်းအရဆိုလျှင် အစောပိုင်းကတည်းက သေသွားခဲ့သင့်သော လူဖြစ်၏။
သံသယတစ်ခု ကျနော့်စိတ်ထဲပေါ်လာသည်။ ယူဆန်းအာနောက်ကွယ်က နက္ခတ်သည် မည်သို့သောနက္ခတ်မျိုး ဖြစ်လောက်မည်နည်း။
['ဇာတ်ကောင်စာရင်း'ကနေ ဤအမျိုးသမီး၏အချက်အလက်ကို ဖတ်၍မရပါ။]
[ဤအမျိုးသမီးကို 'ဇာတ်ကောင်စာရင်း'၌ မှတ်ပုံတင်ထားခြင်းမရှိပါ။]
ကျနော် အနည်းငယ်အံ့သြသွားသည်။ ကျနော့်စွမ်းရည်ဖြင့်ပင် ယူဆန်းအာကို မကြည့်နိုင်ဖြစ်နေ၏။ အဘယ်ကြောင့်နည်း။ ယူဆန်းအာ၌ အထူးနောက်ခံရှိနေသည်လော။ သို့မဟုတ် ယူဆန်းအာ၌ စိတ်ပိုင်းဆိုင်ရာ တားဆီးနိုင်သော အကာအရံတစ်ခုရှိနေသည်လော။ သို့သော် အစကတည်းက ထိုအစွမ်းမျိုး ယူဆန်းအာမှာရှိနေမည်ပါက….
မဟုတ်သေးဘူး။ ခဏနေပါဦး။ ကြည့်ရတာ…
"ဒေါ့ဂျာ။ အခုဘာလုပ်ကြမလဲ"
စိတ်ရှုတ်ထွေးနေသော ယူဆန်းအာ၏အသံကိုကြားလိုက်ရသည်။ ကျနော့်မှာ စဉ်းစားဖို့ အချိန်မရှိပေ။ ဟန်းမြစ်က လှိုင်းတွေ လည်နေလေပြီ။ အီသီယိုဆောက တံတားခြေထောက်တစ်ခုကိုကိုက်ဝါးပြီနောက် ဟန်မြစ်၏တခြားတဖက်ခြမ်း၌ ဧရာမကိုယ်ကြီးကို လှည့်နေ၏။ နှုတ်ခမ်းကိုကိုက်လိုက်ပြီး တံတားနှင့် ပတ်သတ်သော ဖော်ပြချက်ကို ကျနော်ထပ်ဖတ်လိုက်သည်။
'စုံဂဏန်း' လူအရေအတွက်သာ တံတားကိုဖြတ်နိုင်လိမ့်မည်။ နောက်ဆုံးတွင်တော့ 'Deus Ex Machina'ဆိုသည်မှာ ဝမ်းနည်းစရာဇာတ်လမ်းတွေကိုကြိုက်သော ချီးထုတ်နက္ခတ်တွေ ဖန်တီးထားသည့် အရုပ်တစ်ခုပင်။ လူတိုင်းအသက်မရှင်နိုင်မှာ သေချာနေ၏။ ဟန်မြုံအို၏ကိုယ်က တုန်နေပြီး သူ့မျက်လုံးတွေက ကျနော့်မျက်လုံးတွေနှင့် အကြည့်ချင်းဆုံသွားသည်။ အဆုံးသတ်တွင် တစ်စုံတစ်ယောက်က သေကိုသေရပေလိမ့်မည်။