← Chapters

စာချုပ် (၂)

Vol. 1 Ch. 13

စာချုပ် (၂)

Vol. 1 Ch. 13

ကြယ်တာရာရုပ်သံထုတ်လွှင့်မှုစနစ်သည် ကြယ်တာရာရုပ်သံထုတ်လွှင့်မှုကို စကြဝဠာတစ်ခုလုံးဆီသို့ ချိတ်ဆက်ထုတ်လွှင့်ရန်အတွက် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ ရုပ်သံကိုကြည့်ရှုရန် စာရင်းသွင်းထားသူတွေသည် ဝေးကွာလှသော စကြဝဠာတွေ၏ ထိပ်ပိုင်းနေရာရှိ နက္ခတ်တွေဖြစ်ပြီး သရုပ်ဆောင်တွေကတော့ ကျနော့်လို လူသားတွေ ဖြစ်ကာ ကြည့်ရှုသူနှင့် သရုပ်ဆောင်တွေကြားဆက်သွယ်ပေးသည့်သူကတော့ ကျနော့် ရှေ့မှာရှိသော ဒိုကဲဘီပင်။

[ဟားဟားဟားဟား။ မင်းက ရူးနေတာပဲ။ တခြားနက္ခတ်တွေရဲ့ ထောက်ပံ့မှုကို မင်းဘက်က ငြင်းလိုက်ထဲက မင်းဟာ ရူးနေတယ်ဆိုတာကို ငါသိခဲ့သင့်တာပါကွာ]

ဘီဟွန်းဟာ အကြာကြီးရယ်ပြီးမှ ဆက်ပြော၏။

[ကြယ်တာရာရုပ်သံထုတ်လွှင့်မှုအကြောင်း မင်းဘယ်လိုသိလဲဆိုတာကို ငါမသိပေမဲ့ မင်းရဲ့ကမ်းလှမ်းချက်ကို ငါလက်မခံနိုင်ဘူး။ ငါက နက္ခတ်တစ်ပါးမဟုတ်တဲ့ ဒိုကဲဘီတစ်ကောင်ကွ။ ငါက မင်းရဲ့ထောက်ပံ့ပေးသူမဖြစ်နိုင်ဘူး]

"မင်း နားလည်မှုလွဲနေပြီ။ ငါက မင်းကို ထောက်ပံပေးသူလုပ်ခိုင်းတာ မဟုတ်ဘူး"

[ဟမ်]

"မင်းဟာ အားနည်းတဲ့ ဒိုကဲဘီဆိုတာကို ငါသိပါတယ်။ မင်းရဲ့ခွန်အားကို ငါမလိုအပ်ဘူး။ ငါလိုချင်တာက မင်းရဲ့ချန်နယ်ပဲ "

[ငါ့ရဲ့ ချန်နယ်ဟုတ်လား]

"ဒီလောက်ပြောတာတောင် နားမလည်သေးရင် မင်းရဲ့ ကိုရီးယားဘာသာပြန်စက်က ပြဿနာတစ်ခုခုရှိနေတာများလား"

[ဘာပြဿနာမှ မရှိဘူး။ ရှင်းအောင်သာ ပြောစမ်းပါကွာ]

"ရှင်းရှင်းလေး ထပ်ပြောမယ်။ ငါက မင်းရဲ့ချန်နယ် နဲ့ သီးသန့်စာချုပ်ချုပ်ချင်တာကွ"

ဘီဟွန်းဟာ ဘာမှမပြောပဲ ငေးငိုင်သွားပြီးမှ နောက်ဆုံးတွင် သတိပြန်ဝင်လာ၏။

[ခဏနေပါဦး.. မင်းက 'ရုပ်သံထုတ်လွှင့်မှုစာချုပ်' ချုပ်ဖို့ ငါ့ကို အခုတောင်းဆိုနေတာလား]

"အေး"

ရုပ်သံထုတ်လွှင့်မှုစာချုပ်ဆိုသည်မှာ တကယ်တန်းတော့ ဒိုကဲဘီနှင့် နက္ခတ်တို့ကြား ချုပ်ဆိုသော စာချုပ်ပင်။ စာချုပ်ချုပ်ဆိုပြီးနောက် အထူးချန်နယ်ပေါ်တွင် နက္ခတ်၏ကိုယ်စားလှယ် ပေါ်လာပြီး နက္ခတ်၏ကိုယ်စားလှယ်ရရှိသော ဒင်္ဂါးများ၏ အချို့တဝက်ကို ကော်မရှင်အနေဖြင့် ဒိုကဲဘီက ရမည်ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကိုယ်စားလှယ်တွေသည် ရုပ်သံထုတ်လွှင့်မှု စာချုပ်၌ ဝင်စွက်ဖက်ခွင့်မရှိ။ ဤသို့စာချုပ်ချုပ်ဆိုခြင်းကို စပွန်ဆာပေးခြင်းဟုခေါ်ပြီး ကိုယ်စားလှယ်တွေကတော့ ကျွန်တစ်ယောက်ခန့်သာ အရေးပါသည်။

[ဟားဟား၊ ဒါက တကယ့်ကို ထူးဆန်းတဲ့အရာပဲ။]

ဘီဟွန်းဟာ သူ့လက်ချောင်းလေးတွေဖြင့် နှုတ်ခမ်းကို အုပ်ကာ ရယ်နေ၏။ ပတ်ဝန်းကျင်ရှိ အငွေ့အသက်က ပြောင်းလဲလာနေပေသည်။

[ဒီကိစ္စကို မင်းဘယ်လိုသိလဲဆိုတာ ငါမသိသလို လူသားတစ်ယောက်က ကြယ်တာရာစာချုပ်အကြောင်း ပြောလိမ့်မယ်လို့လည်း မထင်ထားခဲ့မိဘူး။ ဒါ့အပြင် ထောက်ပံ့ပေးသူမရှိတဲ့ အရမ်းသေးငယ်တဲ့ပိုးကောင်လေးက ဒီကိစ္စတွေကို သိနေပြီး လာပြောတာဆိုပဲ]

ဒိုကဲဘီ၏သူ့စကားသံပြောင်းလာသည်နဲ့အမျှ ပတ်ဝန်းကျင်ရှိအငွေ့အသက်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်လာ၏။ အမှန်တကယ်ကိုပင် အနိမ့်ဆုံးအဆင့်တွင်ပင်ရှိနေသော ဒိုကဲဘီတစ်ကောင်တောင်မှ လူသားတွေကို ကောင်းကောင်းကြီး ယှဉ်နိုင်ပေသည်။ သို့သော် ဤမျှလောက်လေးဖြင့် ကျနော့်ကို နောက်ဆုတ်သွားအောင်မလုပ်နိုင်ပေ။

"ငါ့မှာ ထောက်ပံ့ပေးသူမရှိတာမလို့ ပိုလို့တောင် စာချုပ်ချုပ်သင့်သေးတယ်"

[...ဘာ]

" ချန်နယ်ထဲကို နက္ခတ်တစ်ပါးဝင်ကြည့်တဲ့ ရည်ရွယ်ချက်က ဘာလို့ မင်းထင်လဲ"

လျှပ်တပြတ်မေးလိုက်သော မေးခွန်းကို ကြားသည့်အခါ ဘီဟွန်းတစ်ယောက် စာမေးပွဲမအောင်သော ကျောင်းသားလေးတစ်ယောက်ကဲ့သို့ ဖြစ်သွား၏။ ယခုအချိန်ကစပြီး အနိမ့်ဆုံးအဆင့် ဒိုကဲဘီအတွက် အထူးသခင်ခန်းစာ ပို့ချရတော့မည် ဖြစ်သည်။

"အဲ့လောက်ကြီးအထိ မင်း စိတ်လှုပ်ရှားဖို့မလိုပါဘူးကွာ။ ငါမေးတဲ့မေးခွန်းရဲ့ အဖြေကို မင်းသိပြီးသားဆိုပေမဲ့ ငါ့မေးခွန်းက ဘာကိုဆိုလိုတယ်ဆိုတာ ပြန်သုံးသပ် ကြည့်ကြရအောင်"

ဘီဟွန်းဟာ ကျနော်၏လေကြောမှာမိသွားပြီး အလိုအလျောက် ခေါင်းကို ညိတ်လိုက်၏။

"ကြယ်တာရာရုပ်သံထုတ်လွှင့်မှုကို ကြည့်ရှုဖို့ စာရင်းသွင်းထားသူတွေကို အဓိကအားဖြင့် အုပ်စု (၂) စုခွဲလို့ရတယ်။ တစ်စုက 'ပျော်စရာရှာဖွေသူတွေ'ဖြစ်ပြီး သူတို့တွေက ချန်နယ်ကိုကြည့်ရင်း ပျင်းရိမှုကို ဖြေဖျောက်ကြတယ်။ နောက်တစ်စုကတော့ 'ကိုယ်စားလှယ်ရှာတဲ့သူတွေ'။ သူတို့တွေကျတော့ သူတို့နဲ့စာချုပ်ချုပ်ဖို့ ကိုယ်စားလှယ်တစ်ယောက်ကို ရှာချင်ကြတာလေ။ ဟုတ်တယ်မလား"

[အေး။ မှန်ပါတယ်]

"ဒါကြောင့် ကြယ်တာရာရုပ်သံထုတ်လွှင့်မှုမှာ နာမည်ကြီး ချန်နယ်တစ်ခု ဖြစ်လာဖို့ ဆိုရင် မင်းဟာ ဒီအုပ်စု (၂) စုထဲက တစ်စုကို ကျေနပ်အောင်လုပ်နိုင်ဖို့လိုတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ပျော်စရာရှာဖွေသူတွေကိုဖြစ်ဖြစ်၊ ကိုယ်စားလှယ် ရှာသူတွေကိုပဲဖြစ်ဖြစ် ကောင်းကောင်းကြီး ဆွဲဆောာင်နိုင်ဖို့လိုတယ် "

[မင်းက အသိပညာ အလယ်အလတ်တန်းစားတော့ရှိတယ်။ ဒါပေမဲ့ ငါနဲ့စာချုပ်ချုပ်တာက နက္ခတ်တွေ ချန်နယ်မှာကြည့်ရှုဖို့ စာရင်းပေးသွင်းမသွင်းနဲ့ ဘယ်လိုသက်ဆိုင်တာလဲဆိုတာကို ပြောပြပေးလို့ရမလား]

"မင်းကို ဘယ်နှစ်ခါထပ်ပြီး အရိပ်အမြွက်ပေးရနေရဦးမှာလဲ။ ဒီလိုတွေ နားဝေးနေလို့ မင်းချန်နယ်မှာစာရင်းသွင်းသူအရေအတွက်က ရာဂဏန်းတောင် မပြည့်တာကွ"

[...တော်စမ်း။ မေးတာကိုသာ မြန်မြန်ပြန်ဖြေစမ်းပါ]

ဘီဟွန်း၏ သေးငယ်သည့်ဦးချိုလေးတွေဖြင့် ကျနော့်ကိုလက်ညှိုးထိုးသလိုထိုးနေပုံမှာ ချစ်စရာကောင်းလှသည်။ သိပ်မကြာသေးခင်အချိန်တုန်းက လူတွေ၏ခေါင်းတွေကို ဖောက်ခွဲခဲ့သူက ဤဒိုကဲဘီသာဖြစ်သည်ကို ယုံဖို့ပင် ခက်ခဲလှ၏။ ယခုအချိန်တွင် ဒိုကဲဘီအား ရိသဲ့သဲ့ပြောနေခြင်းကိုရပ်ပြီး အခွင့်အရေးတစ်ခုအရယူသင့်နေပေပြီ။

"ပျော်စရာရှာဖွေသူတွေနဲ့ကိုယ်စားလှယ်ရှာသူတွေ နှစ်မျိုးစလုံးကို ကျေနပ်အောင်လုပ်ပေးနိုင်တဲ့ ချန်နယ်တစ်ခုဖြစ်လာအောင်လုပ်မယ်ဆိုရင်ရော မင်းဘယ်လိုသဘောရလဲ"

[မင်းဘာပြောနေတာလဲ။ အဲ့လိုချန်နယ်မျိုးက မဖြစ်နိုင်ဘူးလေ။ ဖြစ်နိုင်ခဲ့ရင်တောင် ခဏလောက်ပဲ ခံမှာကွ]

ဘီဟွန်း၏စကားက မှန်သည်။ နက္ခတ်အားလုံးကို ကျေနပ်အောင်လုပ်ရန် မဖြစ်နိုင်သည့် အကြောင်းရင်းက 'ကိုယ်စားလှယ်ရှာသူ'အုပ်စု၏ သဘောသဘာဝကြောင့်ပင်။ ထိုနက္ခတ်များ၏ ရည်ရွယ်ချက်က 'ကိုယ်စားလှယ်တစ်ယောက်ရှာဖွေဖို့'သာ ဖြစ်၏။ ထောက်ပံ့သူရွေးချယ်မှုပြီးဆုံးသည်နှင့် အဆိုပါနက္ခတ်များသည် ချန်နယ်များကို ပြောင်းပစ်ကြမည်ဖြစ်သည်။ ဤသို့သောသဘောသဘာဝကြောင့်လည်း ကိုယ်စားလှယ် ရှာသူအဖွဲ့သည် ယာယီအားပေးသူများသာ ဖြစ်နိုင်ခြင်းပင်။ သို့သော်….

" ထောက်ပံ့ပေးသူရွေးချယ်ခြင်းကဏ္ဍကို ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ ခဏလောက်ပဲ ခံမှာပေါ့ "

[ဘာဖြစ်တယ်]

"တကယ်လို့သာ ဘယ်နက္ခတ်နဲ့မှ စာချုပ်မချုပ်ထားတဲ့ ကိုယ်စားလှယ်တစ်ယောက် ပေါ်လာပြီး ထောက်ပံ့မှုကိုရယူထားတဲ့ တခြားကိုယ်စားလှယ်အားလုံးထက် သာလွန်တဲ့စွမ်းရည်တွေပြလာခဲ့မယ်ဆိုရင် ဘယ်လိုတွေဖြစ်ကုန်မယ်ထင်လဲ"

အလွန်အားကောင်းသော ကိုယ်စားလှယ်တစ်ယောက်၏ဖြစ်တည်မှုက နက္ခတ်တွေအား ဆွဲဆောင်နိုင်မည်မှာ သေချာသည်။ အကယ်၍ ထိုကိုယ်စားလှယ်က ထောက်ပံ့ပေးသူ ရွေးချယ်မှုှကို ဆက်ပြီးငြင်းဆန်နေမည်ဆိုပါက 'ကိုယ်စားလှယ်ရှာသူ' အုပ်စုဟာလည်း ချန်နယ်ကနေ ထွက်မသွားပဲ ကြည့်ရှုဖို့ဆက်ပြီးစာရင်းသွင်းနေကြမည်ပင်။

[နေ-နေပါဦး။ မင်း…မင်းက ဒါကြောင့်မလို့ ထောက်ပံ့သူကို မရွေးခဲ့တာလား...]

"အေး။ ဟုတ်တယ်"

[ဟား... ဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်]

ဘီဟွန်းက ကျနော့်ကို ပြုံးပြီးကြည့်၏။

[ထောက်ပံ့ပေးသူ မရှိပဲ အားအကောင်းဆုံး ကိုယ်စားလှယ်တစ်ယောက် ပေါ်လာတာမျိုးက ကြယ်တာရာရုပ်သံထုတ်လွှင့်မှု ချန်နယ် တစ်ခုကို အထွတ်အထိပ်အထိ ရောက်သွားစေနိုင်တယ်။ ဒါပေမဲ့ အဲ့လိုကိုယ်စားလှယ်မျိုးက ရှိနိုင်တာမဟုတ်ဘူး]

"မရှိနိုင်ဘူးလို့ မင်း တကယ်ထင်တာလား"

[မင်းက ပုံမှန်မဟုတ်ဘူးဆိုတာကို ငါအသိအမှတ်ပြုပါတယ်။ မင်းဟာ စစချင်း ကတည်းက နက္ခတ်တွေရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်။ မင်းကျေးဇူးကြောင့် ငါလည်း ပျော်နေရတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်မှုဆိုတာက အကန့်အသတ်ရှိသင့်တယ်ကွ။ ဒီလောက်တောင် ကျော်ဖြတ်ခဲ့ပြီးတာကို အကန့်အသတ်ရှိသင့်မှန်း မင်းသဘောမပေါက်သေးဘူးလား။ သာမန်လူသားတစ်ယောက်ဟာ ကိုယ်စားလှယ်တစ်ယောက်ကို ဘယ်တော့မှ မနိုင်နိုင်ဘူး။ ဒါက ဒီကမ္ဘာရဲ့ နိယာမပဲ]

"အဲ့ဒါကို ငါမသိဘူး"

[အခွင့်အရေးကို မင်းလွတ်သွားခဲ့ပြီးပြီ။ မင်းရဲ့ပတ်ပတ်လည်ကိုပဲ ကြည့်လိုက်။ အဓိကဇာတ်ဝင်ခန်းတောင် မဟုတ်ဘူး။ မင်းဟာ ဇာတ်ဝင်ခန်းအသေးကို ကျရှုံးခဲ့ပြီး အခုဆိုရင် မင်းအတွက် အသက်အန္တရာယ်ပါ ရှိနေပြီ။ မင်းကိုစောင့်ကြည့်နေတဲ့ နက္ခတ်တွေရှိမနေ….]

"ဟုတ်လို့လား"

[ဟမ်]

"အခုလောက်ဆိုရင် နက္ခတ်တွေ ရုတ်ရုတ်သဲသဲဖြစ်နေလောက်ပြီထင်တယ်။ ဟုတ်တယ်မလား။ မင်းရဲ့ချန်နယ်ကို မြန်မြန်ပြန်ဖွင့်ဖို့လည်း အားလုံးက တောင်းဆိုနေကြပြီမလား"

ဘီဟွန်း ဘာမှမပြောပဲ ငြိမ်နေသည်။

"အားလုံးက အခုအချိန်မှာ စူးစမ်းလိုစိတ်နဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေကြလောက်ပြီလေ။ နောက်ပြန်ဆုတ်သူကို ရင်ဆိုင်ခဲ့တဲ့ အရူးက ဘယ်သူလဲ။ အဲ့ဒီလူက တကယ်ရော ပရောဟိတ်တစ်ယောက်လား။ အနာဂတ်ကို အဲ့ဒီလူက မြင်နိုင်လား။ အနာဂတ်ကို အဲ့ဒီလူက မြင်နိုင်တယ်ဆိုရင်လည်း ဘာဖြစ်လို့ အီသီယိုဆောစားတာကို ခံခဲ့ရတာလဲ။ ပြီးတော့…."

[တော်-တော်တော့။ မင်းက….]

"အခုအချိန်ကစပြီး ငါပြပေးမယ်။ ဒါကြောင့် ပါးစပ်ပိတ်ပြီး ငါပြောတဲ့အတိုင်းလုပ်ပါ။ ဒိုကဲဘီတွေရဲ့ဘုရင် ဖြစ်ချင်တယ်မလား"

ကျနော့်ကိုကြည့်နေသော ဘီဟွန်း၏အကြည့်က ပြောင်းလဲလာပြီး ဘီဟွန်း၏ တံတွေးမျိုချသံကိုပင် ကျနော်ကြားလိုက်ရ၏။ ဘီဟွန်းက စိုးရိမ်နေသည်ပင်။ သို့ပေငြားလည်း မည်သို့ပင်ဆိုစေကာမူ ကျနော့်ကို သူယုံပေးလိုက်လို့လည်း သူ့အတွက် ဆုံးရှုံးစရာရှိမည်မဟုတ်။ ထို့နောက်….ဘီဟွန်း၏မျက်ဆန်တွေက မြန်မြန်လှုပ်ရှားလာသည်။

[ဒါဆို အရင်ဆုံး ဇာတ်ဝင်ခန်းကျရှုံးမှုအတွက် စာရင်းရှင်းကြရအောင်။ ငါ့ကို ဒင်္ဂါး ၅၁၀၀ ပေး…]

"မင်းဘာပြောနေတာလဲ။ ငါကျရှုံးခဲ့တာ မဟုတ်ဘူး"

[...အဲ့]

"အခုလောက်ဆိုရင် ငါဟာ သတ်မှတ်ချက်နဲ့ပြည့်စုံသွားလောက်ပြီထင်တယ်"

ကျနော့် ကိုယ်ခန္ဓာကိုဖြေလျှော့ပြီး ထိုင်နေရာကနေ ထလိုက်၏။ အေးစက်နေသော ကျနော့်ခန္ဓာကိုယ်က တောင့်တင်းနေဆဲပင်။ ဘီဟွန်း၏မျက်နှာ၌ နားမလည်သော အမူအရာရှိနေသေးသည်။

"ချန်နယ်ကိုဖွင့်လိုက်။ အခုစတော့မယ်ကွ"

[စ-စမယ်ဟုတ်လား။ ဘာကိုစမှာလဲ]

ထို့နောက် မက်ဆေ့ချ်အသံတစ်ခု လေထဲမှာ မြည်လာ၏။

[ဝှက်ထားသော ဇာတ်ဝင်ခန်း ရောက်ရှိလို့လာပါပြီ]

[ဝှက်ထားသော ဇာတ်ဝင်ခန်း – ပင်လယ်ခေါင်းဆောင်ကြီးကိုသတ်ဖြတ်ခြင်း]

အမျိုးအစား : ဝှက်ထားသော ဇာတ်ဝင်ခန်း

ခက်ခဲမှု : A+

ပြီးမြောက်ရန်လိုအပ်ချက် : ပင်လယ်ခေါင်းဆောင်ကြီး အီသီယိုဆောကို သတ်ပြီး ၎င်း၏ဗိုက်ထဲမှ ထွက်ပြေးပါ။

အချိန်ကန့်သတ်ချက် : ၁၀ ရက်

ဆုလာဘ် : ဒင်္ဂါး ၉၀၀၀

ကျရှုံးမှု : သေဆုံးခြင်း

"တွေ့ပြီမလား။ အဆင်သင့်ပြင်ထားပါလို့ ငါပြောထားတယ်လေ"

Ways of Survival၌ ဇာတ်ဝင်ခန်း (၃) မျိုးရှိသည်။ အဓိကဇာတ်ဝင်ခန်းက အဓိကဇာတ်လမ်းကို ရှေ့ဆက်သွားစေပြီး ဇာတ်ဝင်ခန်းအသေးတွေကတော့ အသေးစားဖြစ်ရပ်တွေကို ဖြစ်ပေါ်စေသည်။ ဝှက်ထားသောဇာတ်ဝင်ခန်းများအား အထူးအခြေအနေတွေမှာသာ ဖွင့်လှစ်နိုင်၏။

[ဘယ်လိုတွေလဲဟ]

ဘီဟွန်း၏နှုတ်ခမ်းတွေက တုန်ရီနေသည်။ ဒိုကဲဘီတစ်ကောင်က အဓိကဇာတ်ဝင်ခန်းနှင့် ဇာတ်ဝင်ခန်းအသေးတို့အား တာဝန်ယူရဝှေက်ထားသော ဇာတ်ဝင်ခန်းတွေက အချို့သောအခြေအနေလိုအပ်ချက်တွေ ပြည့်စုံမှသာ အလိုအလျောက်ပေါ်လာတတ်၏။

"မင်းက သိတောင်မသိခဲ့ဘူးမလား။ အနိမ့်ဆုံးအဆင့် ဒိုကဲဘီလေး "

[မင်း...ဘာတွေလဲကွာ]

"ဘာပဲဖြစ်ဖြစ် ဒီဇာတ်ဝင်ခန်းကိုငါဖြေရှင်းနိုင်ရင် စာချုပ်ချုပ်ဖို့ ငါ့မှာအစွမ်းရှိတယ်ဆိုတာ သက်သေပြရာရောက်မယ်မလား"

ဘီဟွန်းက ဇာတ်ဝင်ခန်းမျက်နှာပြင်ကို မှုန်ဝါးမျေက်လုံးတွေဖြင့် ကြည့်နေသည်။ သတိထားသည့်အကြည့်ဖြင့် ကျနော့်ကို သူကြည့်ပြီး မေး၏။

[ဒီဇာတ်ဝင်ခန်းရဲ့ခက်ခဲမှုက A+နော်။ ဒီဇာတ်ဝင်ခန်းကို မင်းတကယ်ပဲ မင်းဖြေရှင်းနိုင်မယ်လို့ ယုံကြည်တာလား]

"အေး"

ဟန်မြစ်၏ရေလှိုင်းလေးတွေက အီသီယိုဆော၏အစာအိမ်နံရံကို ရိုက်ခတ်နေသည်။ တစ်ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ဘီဟွန်းက ပြောလိုက်၏။

[ကောင်းပြီလေ။ တကယ်လို့ မင်းသာ ဒီဇာတ်ဝင်ခန်းကို ကျော်ဖြတ်နိုင်မယ်ဆိုရင် စာချုပ်ချုပ်ဖို့ ငါလက်ခံမယ်]

"စာချုပ်မှာပါမယ့်သဘောတူညီချက်တွေကို ဇာတ်ဝင်ခန်းပြီးမှ ဆွေးနွေးကြတာပေါ့"

[အတော်ကိုဖင်ခေါင်ကျယ်ပြနေတာလား။ ကဲ…ဒါဆိုရင်လည်း ချန်နယ်ကို ငါထပ်ပြီးဖွင့်ပြီနော်။ ကျေးဇူးပြုပြီး ကြိုးစားပါလေ]

"အဲ…ခဏစောင့်ဦး"

ဒိုကဲဘီ ခပ်မြန်မြန်ထွက်သွားပါက အခက်တွေ့ရပေလိမ့်မည်။ ကျနော် စစ်ဆေးစရာ ရှိသေး၏။

"မင်းဘက်က လုပ်စရာတစ်ခုကျန်သေးတယ်"

[ဘာလုပ်စရာကျန်တာလဲ]

ဘီဟွန်း၏ သရော်သလိုအသံက ကျနော့်စိတ်ကို အနည်းငယ် အနှောင့်အယှက် ဖြစ်သွားသည်။

"စနစ်ချို ့ယွင်းချက်တစ်ခုကိုပြင်ပေးပါ"

[စနစ်ချို့ယွင်းချက်ဟုတ်လား]

"ငါ့ရဲ့ဝိသေသ လက္ခဏာပြဇယားကို ဖွင့်မရဘူး "

[မဖြစ်နိုင်တာ။ စနစ်မှာ ချို့ယွင်းချက် မရှိနိုင်ဘူး။ ဇာတ်ဝင်ခန်းစနစ်က ပြီးပြည့်စုံတယ်ကွ]

"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်"

သံသယဝင်သည့်မျက်လုံးဖြင့် ကျနော့်ကို ဘီဟွန်းကြည့်ပြီး တစ်ခုခုကို စတင်ရေရွတ်လိုက်သည်။

[ဒိုကဲဘီ'ဘီဟွန်း'သည် စနစ်ထဲဝင်ရောက်စွက်ဖက်ခြင်း 'ကို သင့်အပေါ်တွင် သုံးလိုက်ပါပြီ။]

စနစ်ထဲဝင်ရောက်စွက်ဖက်ခြင်း။ ဤစွမ်းရည်သည် ဇာတ်ဝင်ခန်းတွင် ဝင်ရောက် စွက်ဖက်ပိုင်ခွင့်ရှိသော ဒိုကဲဘီတွေသာ သုံးနိုင်သည့် အပြည့်အဝစွက်ဖက်နိုင်သော စွမ်းရည်တစ်ခုဖြစ်၏။ အမှန်တကယ်တွင်တော့ ဝိသေသ လက္ခဏာပြဇယားကို မမြင်ရသည်က ချို့ယွင်းမှုတစ်ခုဆိုသည်မှာ မသေချာပေ။ သို့သော် အနည်းဆုံးတော့ ဒိုကဲဘီက တစ်ခုခုကို ရှာတွေ့နိုင်လောက်၏။ သူရှာမတွေ့နိုင်ဘူးဆိုလျှင်လည်း ချို့ယွင်းချက်ကို ရှာကြည့်ခြင်းက ကျနော့်အတွက်တော့ အကျိုးရှိမည်ပင်။

[သီးသန့်စွမ်းရည် 'Fourth Wall'ကို အသက်သွင်းလိုက်ပါပြီ။]

သိပ်မကြာခင်မှာပဲ လေထဲ၌ မီးပွားတွေထွက်လာပြီး ဘီဟွန်းအား ထိမှန်သွားတော့သည်။

All Chapters