← Chapters

အမှောင်အစောင့်အရှောက် (၁)

Vol. 2 Ch. 20

အမှောင်အစောင့်အရှောက် (၁)

Vol. 2 Ch. 20

[က-ကဲ…ဇာတ်ဝင်ခန်းကို အားလုံးရင်ဆိုင်လိုက်ကြပါဦး။ ယီးဟီးဟီး]

အဆိုပါစကားများအားပြောပြီး ဒိုကဲဘီ ပျောက်သွားလေသည်။

စားစရာပြစ်ဒဏ်နှင့် ရှင်သန်မှု ပြစ်ဒဏ်။ Ways of Survival ဇာတ်လမ်းထဲတွင် စားစရာပြစ်ဒဏ်ပါခဲ့သည်ကိုတော့ ကျနော်သိထားသည်။ သို့သော် ရှင်သန်မှု ပြစ်ဒဏ်ကတော့ မပါခဲ့ပေ။ ကျနော်နှင့်ဘီဟွန်းချုပ်ဆိုခဲ့သော စာချုပ်ကြောင့် ယခုလိုမျိုး ဖြစ်စဉ်ပြောင်းလဲခဲ့ခြင်းပေလော။ ယောင်ဟီဝမ်က အိတ်ထဲရှိ ဘီစကစ်မုန့် ပျောက်သွားသည်ကို သေချာအောင်အတည်ပြုပြီးနောက် နူးညံသော အသံဖြင့် မေး၏။

"ဒေါ့ဂျာက ဒီလိုဖြစ်လာမယ်ဆိုတာ သိခဲ့တာလား"

"ဒီလိုဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားခဲ့တာလေ။ လူတွေကို ဒုက္ခပေးဖို့ဆိုရင် ဒိုကဲဘီတွေ ဘာလုပ်လောက်မလဲ ငါက ကြိုတွေးခဲ့ရုံပါ"

"နင့်ရဲ့ခန့်မှန်းမှုက တကယ်ကိုကောင်းလွန်းတယ်နော် "

လီဟန်းဆောင်နှင့် အခြားသူတွေကို ကျနော်ခေါ်လိုက်သည်။ အခြေအနေက ဖြစ်လာပြီးပြီဆိုတော့ ယခုလှုပ်ရှားဖို့ အချိန်တန်လေပြီ။

"ငါတို့ စားစရာတွေကို ပြန်ပေးပါ"

"ဘယ်လို….ဘယ်လိုဖြစ်သွားတာလဲကွာ"

အရေးမပါသောအုပ်စုက လူတွေ ငိုကြွေးနေကြ၏။ ချွန်အင်ဟိုနှင့် အဓိကအုပ်စုက လူတွေလည်း စားစရာတွေ ရုတ်တရက် ပျောက်သွားသဖြင့် လန့်ကုန်ကြသည်။ နှုတ်ခမ်းကိုကိုက်နေသော ချွန်အင်ဟိုနှင့် ကျနော် အကြည့်ချင်း ဆုံမိ၏။

[သင်သည် ဇာတ်ကောင် 'ချွန်အင်ဟို'၏ အတွေးကို တိတိကျကျ ဖတ်နိုင်ခဲ့သည်။]

[ဇာတ်ကောင် 'ချွန်အင်ဟို'အပေါ် သင်၏ နားလည်မှု တိုးတက်လာပါသည်။]

ဒီလိုအရာတွေကြောင့် နားလည်မှုက တိုးလာတာလား။

အခြားလူတွေ၏ မျက်နှာအမူအရာကို ကြည့်ပြီး သူတို့ ဘာတွေးနေသည်ကို ကျနော်ခန့်မှန်းကြည့်သော်လည်း မက်ဆေ့ချ်တွေ ထပ်ပေါ်မလာပေ။ ထိုစဉ်မှာပဲ ချွန်အင်ဟိုက လူတွေကို မြန်မြန်စုပြီး ပရမ်းပတာဖြစ်နေသော အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစား၏။

"လူတိုင်း စုဝေးကြပါ။ အရေးပေါ် အသိပေးချက် ထုတ်ပြန်ပါမယ်"

အသိပေးချက်က ရိုးရှင်းသည်။ အခြေအနေက ပိုဆိုးလာသောကြောင့် အရေးမပါသောအုပ်စုကနေ 'ကင်းထောက်'တွေကို ပိုလိုအပ်နေပေပြီ။ သူတို့တွေ အမြန်လှုတ်ရှားဖို့ လိုနေ၏။ ယခုဆိုလျှင် မြေအောက်၌ စားစရာတွေ မရှိတော့ပေ။

"ကင်းထောက်အဖြစ် မပါဝင်တဲ့လူတွေကို စားစရာတွေ ဖြန့်ဝေပေးမှာ မဟုတ်ဘူး "

ယခုလို ပြင်းထန်သော ကြေညာချက်ထွက်ပေါ်လာသည့်တိုင် လူတွေဘက်ကနေ ကန့်ကွက်သံများ ထွက်ပေါ်မလာခဲ့ချေ။

မဟုတ်ဘူး။ မကျေမနပ်ဖြစ်ပြနေလို့မရတာပါ။

ယခုလိုအခြေအနေမျိုးတွင် ဤသို့သော အကျိုးဆက်သာ ရရှိမည်မှာ မြေကြီး လက်ခတ်မလွဲပေ။ အခြေအနေကို သတိထားမိကြသဖြင့် လူတွေ တစ်ယောက်ပြီး တစ်ယောက် စေတနာ့ဝန်ထမ်းအဖြစ် စာရင်းပေးကြ၏။ စားစရာတွေ ပျောက်သွားမျေက်နှာ၌ မျှော်လင့်ချက်တွေ ရှိနေသေး လေသည်။ အခြေအနေက ပိုဆိုးလာသည်နှင့်အမျှ အဓိက အုပ်စုက ပိုမိုထိန်းချုပ်လာနိုင်ခဲ့၏။

လီဟန်းဆောင်က ဒါကိုမြင်ပြီး စိုးရိမ်စွာဖြင့် ကျနော့်ကိုလှမ်းပြောသည်။

"ဒေါ့ဂျာ။ အခု ဘာလုပ်ကြမလဲ"

"ကျနော်တို့ စားစရာသွားရှာရမှာပေါ့ဗျ "

ကျနော့်စကားကိုကြားပြီးနောက် လီဟန်းဆောင်တို့၏အမူအရာများ ပျက်ယွင်း သွားကြသည်။ စားစရာရှာဖို့ဆိုလျှင် သူတို့အတွက် လုပ်စရာက တစ်ခုထဲသာ ရှိတော့သည်။

"ဒါဆို ကျုပ်တို့က ကင်းထောက်တွေ လုပ်ရတော့မှာပေါ့နော်။ မြေပြင်ပေါ်မှာတော့ စားစရာတွေ ရှိလောက်သေးတယ် "

"မဟုတ်ဘူး၊ မြေပြင်ပေါ် မသွားဘူး။ အဲဒီကို သွားရင် သေမှာ သေချာတယ်"

ကြမ်းပြင်ပေါ်က ဓာတ်ငွေ့ကာ မျက်နှာဖုံးကို ကျနော်ကြည့်လိုက်သည်။ ကွဲအက် နေသော အဆိုပါမျက်နှာဖုံးက အဆိပ်ငွေ့မြူတွေကို တားဆီးနိုင်မည်မဟုတ်ပေ။

လီဟန်းဆောင်က ခပ်တိုးတိုးဆိုသည်။

"မြေပြင်ပေါ်က စားစရာတွေကို ကျုပ်တို့တွေ အရယူဖို့လိုတယ်"

"လီဟန်းဆောင်။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ဒါကြောင့် စားစရာတွေလည်း ပြောင်းလဲဖို့လိုတယ်"

ယာဆူးဘူတာကိုသွားသော လှိုဏ်ခေါင်းကို ကျနော် ကြည့်လိုက်သည်။

"ခဏနေပါဦး။ ဒေါ့ဂျာ….မဟုတ်မှလွဲရော ခင်ဗျားဆိုလိုချင်တာက… "

"ဟုတ်တယ်"

ဤကမ္ဘာတွင် လူသားတွေသည် အစာကွင်းဆက်ထိပ်ဆုံးတွင်ရှိသော မုဆိုးများ မဟုတ်ကြတော့သော်လည်း သားကောင်ဖြစ်နေဖို့တော့ မလိုချေ။

"သတ္တဝါတွေကို အမဲလိုက်ကြမယ်"

…………………………………………………………………………………………………………

သိပ်မကြာခင်မှာပဲ ကျနော်အပါအဝင် အရေးမပါသောအုပ်စုမှ လူအချို့သည် ယာဆူးဘူတာသို့သွားရာဥမင်လိုဏ်ခေါင်းရှေ့၌ ရပ်နေကြလေသည်။

"ဪ။ မင်းတို့တွေက မီးရထားလမ်းအတိုင်း သွားကြတော့မယ်ပေါ့"

ကင်းထောက်အဖွဲ့၌မပါလိုဟု ကျနော်တို့ငြင်းဆန်ခဲ့ပြီးသည့်နောက် ချွန်အင်ဟိုဘက်က ကန့်ကွက်လောက်မည်ထင်ခဲ့သော်လည်း သူ့ပုံစံက သူ့အုပ်စုထဲ၌ ကျနော်မပါသည်ကိုပင် ဝမ်းသာနေသလိုရှိနေချေ၏။ သူ့အာဏာကို ထိပါးမည့်သူက ကျနော်ဟုပင် ထင်နေသည်လား မပြောတတ်ချေ။

"ရေရှည်အတွက်ကြည့်မယ်ဆိုရင် ဇာတ်ဝင်ခန်းကိုရင်ဆိုင်ဖို့ အဖွဲ့တစ်ဖွဲ့တော့ လိုတယ်။ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ကြပါစေ"

သူသည် အမှန်ပင် ရယ်စရာကောင်းလှ၏။ ခေါင်းဆောင်သဖွယ် စကားကို ပြောနေသော်လည်း သူ့အတွက် အဆုံးသတ်အချိန်ကို ရောက်ဖို့က မကြာတော့ပေ။

[ဇာတ်ကောင် 'ချွန်အင်ဟို' အပေါ် သင်၏နားလည်မှု တိုးလာခဲ့ပါသည်။]

[ဇာတ်ကောင် 'ချွန်အင်ဟို'အပေါ် သင်၏နားလည်မှုသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါပြီ။]

အင်း။ ငါသဘောပေါက်ပြီ။

ဇာတ်ကောင်တစ်ဦးအပေါ် "နားလည်မှု" တိုးလာရန် အဓိကအချက် (၂)ချက်လိုသည်။

၁။ ဇာတ်ကောင်၏ သဘောကျမှု သို့မဟုတ်ယုံကြည်မှုကို ရရှိချိန်

၂။ ဇာတ်ကောင်၏ အတွေးကို တိကျစွာ ခန့်မှန်းမိချိန်တို့ဖြစ်၏။

ချွန်အင်ဟိုအပေါ်နားလည်မှုတိုးလာခြင်းသည် ဒုတိယအချက်ကြောင့် ဖြစ်မည် ထင်သည်။

[ဇာတ်ကောင် 'ချွန်အင်ဟို'က သင့်ကို သံသယဝင်နေပါသည်။]

နားလည်မှုတိုးလာသည်နှင့်အမျှ ဇာတ်ကောင်၏စိတ်ခံစားချက်ကိုပါ ဝေဝေဝါးဝါး သိရှိနိုင်ပေ၏။

"ဒါနဲ့ ငါ့အဖွဲ့ထဲက လူတစ်ယောက်လောက် မင်းတို့အဖွဲ့မှာ ပါလို့ရမလား။ ဇာတ်ဝင်ခန်းကိုရင်ဆိုင်ဖို့အတွက် အချက်အလက်လေးဘာလေး ရမလားလို့ပါကွာ "

ချွန်အင်ဟိုကတော့ ကျနော်တို့ကြီးပဲ အလွယ်တကူလွှတ်ပေးလိုက်မည်မဟုတ်ချေ။ ချွန်အင်ဟို၏နောက်မှာရပ်နေသောလူက ကျနော့်ကို စိုက်ကြည့်နေ၏။ ထိုလူသည် ကျနော်တို့နှင့် လိုက်ခဲ့မည့် ကံဆိုးသူမောင်ရှင်လေးသာ ဖြစ်ချေသည်။

"ကျုပ်-ကျုပ်က သူတို့နဲ့အတူလိုက်သွားရမှာလား"

"ဟုတ်တယ်လေ။ အကိုဟန်။ မနေ့ညကပဲ ဒေါ့ဂျာနဲ့ ပြေလည်အောင်လုပ်ချင်တယ်လို့ အကိုပဲ ပြောနေခဲ့တာမဟုတ်ဘူးလား"

"အ-အဲ့ဒါက… "

ချွန်အင်ဟိုထည့်ပေးလိုက်မယ့်လူက ဌာနမှူး ဟန်မြုံအိုပင်။

"ဒေါ့-ဒေါ့ဂျာ။ အဆင်ပြေမယ်ဆိုရင် ငါလိုက်… "

"ကောင်းပြီလေ။ အတူတူသွားကြတာပေါ့ "

ကျနော်အလွယ်တကူသဘောတူလိုက်သည်ကိုမြင်ပြီး ဟန်မြုံအို အံ့အားသင့်သွားသည်။ ကျနော်ငြင်းလောက်မည်ဟု သူထင်ထားခဲ့ခြင်း ဖြစ်၏။ လီဟန်းဆောင်ကတော့ စိုးရိမ်နေသော်လည်း ကျနော့်တွင် အကြံတစ်ခုရှိနေချေသည်။ မည်သို့ပင်ဆိုစေကာမူ ရထားတွဲနံပါတ် ၃၈၀၇မှ လူငါးဦးဖြစ်သော ကျနော်၊ လီဟန်းဆောင်၊ လီဂီယောင်၊ ယူဆန်းအာနှင့် ဟန်မြုံအိုတို့ ပြန်စုစည်းမိကြချေလေပြီ။

"ငါလည်း လိုက်လို့ရမလား"

"နင့်ခန္ဓာကိုယ်က အပြည့်အဝပြန်မကောင်းသေးတော့ လိုက်လို့ အဆင်ပြေပါ့မလား"

"ဒီလောက်ပျောက်ကင်းနေတာနဲ့တင် အဆင်ပြေနေပါပြီ"

နောက်တစ်ယောက်ဖြစ်သော ယောင်ဟီဝမ်ပါ လိုက်လာသဖြင့် စုစုပေါင်း ခြောက်ယောက် ရှိသွားခဲ့ချေလေပြီ။ သေးငယ်တဲ့အဖွဲ့အနေဖြင့်တော့ အရေအတွက်က များသည်ဟု ဆိုနိုုင်သော်လည်း ရှေ့တွင်ကြုံရမည့် အရေးပေါ် အခြေအနေ အတွက်တော့ နည်းနေသေး၏။

[ဇာတ်ဝင်ခန်းအသေးတစ်ခု ရောက်ရှိလာပါပြီ။]

[ဒုတိယဇာတ်ဝင်ခန်း : စားစရာရှာဖွေခြင်း]

အမျိုးအစား : ဇာတ်ဝင်ခန်းအသေး

အဆင့် : E

ပြီးမြောက်ရန် လိုအပ်ချက် : စားစရာအဖြစ် အသုံးပြုနိုင်သော သတ္တဝါများကို ကိုယ်တိုင်ဖမ်းဆီးပြီး ချက်ပြုတ်ပါ။

အချိန်ကန့်သတ်ချက် : မရှိ

ဆုငွေ : ဒင်္ဂါး ၅၀၀

ကျရှုံးမှု : ???

ဥမင်ထဲကို ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ဇာတ်ဝင်ခန်းအသေးတစ်ခု ဝင်ရောက်လာသည်။ အစားအစာရှာဖွေခြင်းဆိုသော ဤဇာတ်ဝင်ခန်းသည် ဒုတိယမြောက်အဓိကဇာတ်ဝင်ခန်းမစခင် ြ[များစွာသော နက္ခတ်များက သင်၏စွမ်းဆောင်ရည်ကို စောင့်မျှော်နေပါသည်။]

ခြေဆယ်လှမ်းခန့် ကျနော်တို့သွားပြီသည်နှင့် ဥမင်၏အမှောင်ထုက ပို၍ ထူထပ်လာသည်။ ဓာတ်မီးအလင်းရောင်ဖြင့် ထိုးကြည့်သော်လည်း အလင်းကို ကန့်လန့်ကာဖြင့် ကာထားသကဲ့သို့ဖြစ်နေပြီးအနီးအနားရှိ အရာဝတ္ထုတွေကို မမြင်ရချေ။

"ဒေါ့ဂျာ။ ခဏနေပါဦး။ ဒီကနေဆက်သွားရင် တကယ်ကို အန္တရာယ်များတာနော်"

ကျနော့်ဘေးတွင်လျှောက်နေသော ယောင်ဟီဝမ်က အရင်ဆုံးရပ်လိုက်၏။

"ဒီလမ်းကို တကယ်သွားမလို့လား။ ဘယ်လိုပဲကြည့်ကြည့် ကိုယ့်ကိုကိုယ် သတ်သေနေတာနဲ့ တူနေတာနော်။ ပြီးတော့ ငါတို့နဲ့အတူ လီဂီယောင်လည်း ပါလာတာလေ"

"တကယ်တော့ အစကတည်းက စိုးရိမ်နေတာ။ ဂီယောင်ကို မလိုက်ခိုင်းဖို့ပဲ စဉ်းစားသင့်တယ်။ ဖြစ်နိုင်ရင် အမျိုးသမီးတွေကိုလည်း..."

"လီဟန်းဆောင်။ ကျမက ရှင့်လောက် မသန်မာဘူးဆိုပေမဲ့ ဘယ်လိုတိုက်ခိုက်ရမလဲတော့ သိပါတယ် " ယောင်ဟီဝမ်က ပြန်ပြော၏။

"ဒါပေမဲ့..."

မလိုအပ်ပဲ အငြင်းပွားမှုတွေ ဖြစ်လာတော့မည့်အရိပ်အယောင်ကြောင့် ကျနော် ကြားဖြတ်ပြောလိုက်သည်။

"လီဟန်းဆောင်။ ခင်ဗျားကို ကျနော်ပြောခဲ့သလိုပဲ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ အမျိုးသမီးတွေက ရုပ်ပိုင်းဆိုင်ရာ အားနည်းတယ်ဆိုတာ မှားယွင်းတဲ့အစွဲတစ်ခုပါ။ အခုအချိန်မှာ လူတိုင်းဟာ သူတို့ရဲ့စွမ်းရည်တွေကို တိုးမြှင့်ပြီး ပိုအစွမ်းထက်အောင် လုပ်နိုင်ကြတယ်လေ။ ဒါနဲ့ ယောင်ဟီဝမ်။ နင်ပြောတဲ့စကားကလည်း မမှန်ဘူးဟ"

"ဘာမမှန်တာလဲ"

"အမျိုးသမီးတွေက အားနည်းတယ်ဆိုတာမှားသလို ကလေးတွေကလည်း အားနည်းတယ်ဆိုတာ မှားတယ်။ ဂီယောင်…သူတို့ကို ပြလိုက်စမ်း"

လီဂီယောင် ရှေ့ကိုထွက်လာသည်။ ခဏလောက်ဟိုဟိုဒီဒီကြည့်လိုက်ပြီး ဥမင်ကြမ်းပြင်ပေါ်ထိုင်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ ယောင်ဟီဝမ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ဘုရားရေ။ အဲ့ဒါ ဘာကြီးလဲ"

"ချီး….ပိုးဟပ်တွေပဲ"

ကြောက်ရွံ ့စွာဖြင့် ဟန်မြုံအို အော်လိုက်၏။

လီဂီယောင်၏လက်ချောင်းထိပ်မှ မျေဉ်းတစ်ကြောင်းသည် အဝေးကနေ ပေါ်လာသော ပိုးဟပ်ဖြင့် ဆက်နေလေ၏။ အဆိုပါပိုးဟပ်သည် လီဂီယောင်၏ စကားကို နားထောင်ပြီး အမှောင်ထဲတွင် ပြန်ပျောက်သွားသည်။

"ကျနော့်ရဲ့ဝိသေသ လက္ခဏာက ပိုးကောင်စုဆောင်းသူပါ"

ပိုးကောင်စုဆောင်းသူဖြစ်သော လီဂီယောင်သည် ‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း’ ဆိုသော ရှားပါးသည့်စွမ်းရည်ဖြင့် ပိုးကောင်တွေကို ဆက်သွယ်နိုင်၏။

"ရှေ့ဘက် ခြေလှမ်း ၁၀၀ အတွင်း ဘာမှမရှိဘူး။ ဘေးကင်းပါတယ်"

လီဂီယောင်၏ အံ့ဖွယ်ကင်းထောက်စွမ်းရည်ကို တွေ့ရသည့်အခါမှာ အခြားလူတွေအားလုံး အံ့အားသင့်ကုန်ကြသည်။

လီဂီယောင် က ရဲရင့်တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြော၏။

"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျနော်က ဂရုစိုက်ခံချင်လို့ အမတို့နောက်ကိုလိုက်လာခဲ့တာမဟုတ်ပါဘူး "

"အဲ…အင်းပါ"

ယောင်ဟီဝမ်က ညှိုးငယ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ လီဂီယောင်သည် ကျနော့် ဘေးကို ရောက်လာသဖြင့် သူ့ဆံပင်အားလက်ဖြင့်သပ်ပေးလိုက်၏။ လီဂီယောင်၏ ဝိသေသ လက္ခဏာသည် *Ways of Survival* မူရင်းဇာတ်လမ်းထဲ၌ မပါခဲ့ချေ။ အစကတည်းက လီဂီယောင်ကို ကယ်တင်ဖို့ရွေးချယ်ခဲ့ခြင်းက မမှားယွင်းသည်မှာ သေချာသည်။

ကြည်လင်နေသော အကာအရံတစ်ခုကိုဖြတ်ပြီး အမှောင်ထုထဲသို့ ကျနော်တို့ ဝင်ရောက်လိုက်၏။

[သင်သည် အန္တရာယ်ရှိသော နေရာတစ်ခုသို့ ဝင်ရောက်ခဲ့သည်။]

"ယူ-ယူ ဆန်းအာ။ လမ်းလျှောက်ရင်း ငါ့လက်ကို နင်းကန်ဆွဲထားတာက အန္တရာယ်ရှိတယ်နော်"

"နင်က ငါ့ထက်ပိုကြောက်နေတာလား"

"မ-မကြောက်ပါဘူး"

အမှောင်ကန့်လာကာထဲက လေသည် စိုထိုင်းမှုကြောင့် စေးကပ်နေ၏။

"အလင်းကို လျှော့လိုက်" ကျနော်အမိန့်ပေးလိုက်သည်။

ယူဆန်းအာက ဓာတ်မီးကို လက်ဖြင့်ချက်ချင်းဖုံးလိုက်၏။ ဤဓါတ်မီး၌ အလင်းပြင်းအား အတိုး အလျှော့မပါသည့်အတွက် လက်ဖြင့်သာ ဖုံးပြီး အလင်းရောင်ကို ထိန်းချုပ်ရသည်။

"အီး... အောက်ဘက်ကို မထိုးပါနဲ့"

မြေပြင်ကို ယောင်ဟီဝမ်ကြည့်မိသည့်နောက် ပျို့အန်ချင်စိတ်ဖြစ်လာသည်။ မြေပေါ်တွင် အပိုင်းပိုင်းပြတ်နေသည့် အလောင်းများ ရှိနေ၏။ ဤနေရာကို ဖြတ်ပြီးသွားဖို့ကြိုးစားခဲ့သူတွေ၏ အလောင်းတွေက သူတို့၏ ခြေထောက်အောက်မှာ ပြန့်ကျဲလို့နေလေသည်။ ယူဆန်းအာ က မျက်လုံးကို တင်းကျပ်စွာပိတ်လိုက်၏။ ဟန်မြုံအိုကတော့ တုန်ယင်နေပြီး ရဲရင့်သည့် လီဟန်းဆောင်ပင် ချွေးတွေ ပြန်လာတော့သည်။ လီဂီယောင်ကတော့ အံ့သြစရာကောင်းအောင် အေးဆေး တည်ငြိမ်နေပြီး မျက်နှာမှာ ကြောက်စိတ်အနည်းငယ်ပင် မရှိချေ။ ကျနော် နည်းနည်း စိုးရိမ်မိ၏။ ဤကောင်လေးသည် ဒီအရာအားလုံးကို ဂိမ်းဆော့နေသည်ဟု ထင်နေခြင်းလား မပြောတတ်။

"လူမဟုတ်တဲ့အရာတွေရှိနေတယ်"

လီဂီယောင်ပြောသည့်အတိုင်း မြေပြင်ပေါ်တွင်ရှိနေသော အလောင်းတွေက လူသားတွေ၏ အလောင်းတွေတင်မက အရွယ်ရောက်ပြီးသားဝံပုလွေတစ်ကောင်လည်း ရှိနေလေသည်။ ပွေးသတ္တဝါနှင့်တူသော အလောင်းတွေလည်း နေရာအနှံ့မှာ ပြန့်ကျဲနေ၏။

ပွေးသတ္တဝါနှင့်တူသော သတ္တဝါများသည် အဆင့်အတန်း ၉ရှိသော မြေအောက်မျိုးစိတ် မြေကြွက်များပင်။ မြေကြွက်ဟုသာ နာမည်တပ်ဆိုသော်လည်း ကြွက်ထက်ပိုဆိုးသော မြေအောက် ပီလွားနား (အသားစား)သတ္တဝါများ ဖြစ်ကြ၏။ မြေကြွက်တွေသည် မြေကြီးကိုတူးပြီး သားကောင်ကို အုပ်စုလိုက်ပစ်မှတ်ထားကာ သဲကြီးမဲကြီး အမဲလိုက် ကြသော ဇွဲကြီးတဲ့ သားရဲတွေပင်။ သို့သော် မြေကြွက်တွေသည် ယခုအခါ၌ မြေပေါ်၌ ဗုံးကြဲခံထားရသကဲ့သို့လဲနေကြ၏။ ယောင်ဟီဝမ်က သက်ပြင်းချလိုက်သည်။

"အခုလိုဖြစ်နေအောင် ဘယ်သူလုပ်ခဲ့တာလဲ"

သေချာသည်က မြေကြွက်တွေကို ယခုလိုအခြေအနေရောက်အောင် လုပ်နိုင်သည့် လူသားတစ်ယောက်သာ ရှိသည်။ ထိုလူက ယူဂျွန်ဟော့ပင်။ ယူဂျွန်ဟော့သည် ဤလမ်းကို တစ်ယောက်ထဲဖြတ်သန်းပြီး နောက်ဘူတာဆီသို့ သွားခဲ့ခြင်း ဖြစ်၏။ ကျနော် အံ့အားတော့ သင့်မိသည်။ မူရင်းဇာတ်လမ်းအရဆိုလျှင် တတိယအကြိမ် နောက်ပြန်ဆုတ်ခဲ့သူ ယူဂျွန်ဟော့သည် ယခုည (သို့မဟုတ်) မနက်ဖြန်မှာမှ နောက်ဘူတာဆီသို့ သွားရမည်ဖြစ်သည်။

သူ အဘယ်ကြောင့် အလျင်လိုနေရသနည်း။ သူ စိတ်မရှည်ဖြစ်နေပြီလော။ အဘယ်ကြောင့်နည်း။

"ဒေါ့ဂျာ။ ဒီအကောင်တွေကို စားစရာတွေအဖြစ် သုံးလို့ရမလား"

"ဇာတ်ဝင်ခန်းမှာပြောထားတာက ကိုယ်တိုင် 'အမဲလိုက်' ရမယ်လို့ပါတော့ သုံးမရဘူး ထင်တာပဲ"

"အင်း။ စိတ်ထဲတော့ နည်းနည်း မသိုးမသန့်ဖြစ်မိတယ်။ ချက်ဖို့ကျတော့ရော။ မီးနဲ့ပဲ ကင်မှာလား"

ကင်လို့ရသည်။ ပြဿနာက အထူးမီးသုံးမှသာ ကင်လို့ရခြင်းပင်။

"ဟီဝမ်။ ကန်ဒိုဓါးသိုင်းကောင်းကောင်းတတ်တယ်လို့ ပြောဖူးတယ်နော်"

"အဲ…ကောင်းကောင်းတတ်တယ်လို့ပြောတာက ချဲ့ကားရာတော့ ကျလိမ့်မယ်။ ဒါနဲ့ နင်အခုဘာလုပ်နေတာလဲ"

မြေကြွက်အလောင်းကို ကျနော်ဓါးဖြင့်ထိုးပြီး စတင်လှီးဖြတ်တော့သည်။ လှီးဖြတ်ရသည်မှာခက်ခဲမည်မှန်း ဝတ္ထု ဖတ်ခဲ့ချိန်တုန်းက မသိခဲ့ချေ။ မာကျောသော အရေပြားကို ဖယ်ရှားပြီးနောက် ကျောရိုးကိုဖယ်ရှားဖို့ ကျနော်ကြိုးစားသည်။ ပထမဆုံးအကြိမ် လှီးဖြတ်ခြင်းဖြစ်သည့်အတွက် အနာတွေအများအပြား ကျန်ခဲ့သော်လည်း သုံးလို့ကတော့ ရသေး၏။

"ဘာလို့ ဒါကိုယူနေရတာလဲ"

"ကန်ဒိုဓါးသိုင်းကိုသုံးဖို့ဆိုရင် လက်နက်တစ်ခုလိုတယ်လေ "

ကျောက်ဝက်သိုး၏ဆူးချွန်က လူတိုင်းအတွက် လုံလောက်သော လက်နက် မဟုတ်ချေ။ မြေကြွက်၏ကျောရိုးက အရိုးတစ်ချောင်းတည်းဖြင့် ဖွဲ့စည်းထားခြင်းကြောင့် ဇာတ်ဝင်ခန်း အစပိုင်းအတွက် အထူးပင် ကောင်းမွန်သော လက်နက်ဖြစ်သည်။ ခြေထောက်နှင့်ဆက်နေသည့် အရိုးနုတွေကိုလှီးထုတ်ပြီး ပုံသွင်းလိုက်သည့် အခါမှာတော့ ကျောရိုးက အမှန်ပင် ဓားပုံစံဖြစ်သွား၏။ ထိုလက်နက်ကို ယောင်ဟီဝမ်ကို ကျနော်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ရုတ်တရက် ကျောက်ခေတ်ကို ပြန်ရောက်သွားသလိုတောင် ခံစားလိုက်ရတယ်"

"ဒါကို အသုံးဝင်ဖို့ နည်းနည်းထပ်သွေးရမယ်။ အနီးအနားမှာ ကျောက်တွေရှိတယ်၊ ကျွမ်းကျွမ်းကျင်ကျင်နဲ့သာ သွေးလိုက်ပါ"

"ဟုတ်ဟုတ်။ ကပ္ပတိန်။ နားလည်ပါပြီ "

ယောင်ဟီဝမ် က အတော်လေး စိတ်လှုပ်ရှားသည့်အသံဖြင့် ပြန်ပြောကာ ဓါးသွားကိုသွေးတော့သည်။ ကျနော်မော့ကြည့်လိုက်သည့်အခါမှတော့ လီဟန်းဆောင်သည် အားကျသောအမူအရာဖြင့် ကြည့်နေသည်အား မြင်လိုက်ရ၏။

"ခင်ဗျားလည်း တစ်ချောင်းလောက်လိုချင်လို့လား"

"အဲ..ကျုပ်အတွက် တစ်လက် လုပ်ပေးမှာလား"

"အားလုံးပဲ။ အနားကိုလာကြပါ။ ဘယ်လိုလုပ်ရလဲ ခင်ဗျားတို့အားလုံးသင်ထားတာ ပိုကောင်းတယ်။ အတူတူလုပ်ကြည့်ကြရအောင်"

အမှန်တကယ်တန်းတော့ ဤသို့လက်နက်ဖန်တီးခြင်းသည် ကျနော့်အတွက်လည်း ပထမဆုံးအကြိမ်ဖန်တီးခြင်းပင်။ *Ways of Survival* မှာသာ လက်နက်လုပ်နည်း အသေးစိတ်မပါခဲ့ပါက ကျနော်မဖန်တီးနိုင်မှာ သေချာ၏။ *Ways of Survival* က အဘယ်ကြောင့် လူကြိုက်နည်းရသနည်း။ ရှင်းပေသည်။ စာရေးဆရာက အသေးစိတ်ရေးလွန်း၍ ဖြစ်၏။

"ဒေါ့ဂျာ။ နင်က အတွေ့အကြုံမရှိတဲ့လူတစ်ယောက်သာဆိုပေမဲ့ လက်နက် ဖန်တီးတာမှာ အတော် ကျွမ်းတယ်နော် "

ကျနော်တို့ထိုင်ပြီး လက်နက်တွေကို အတူတူလုပ်ကြ၏။ ယခုတစ်ခေါက်ဖန်တီးသည်က ဓါးမဟုတ်ပဲ လှံဖြစ်သည်။ အခြားသူတွေထံတွင် ကန်ဒိုဓါးသိုင်းစွမ်းရည်မရှိသဖြင့် လှံရှည်တစ်ချောင်းဖန်တီးသည်က ပိုတည်ငြိမ်သည်ဟု ကျနော် ဆုံးဖြတ်၏။ လီဟန်းဆောင်၏လှံက အကြီးဆုံးမြေကြွက်၏ကျောရိုးဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ယူဆန်းအာနှင့် ဟန်မြုံအိုတို့၏ လက်နက်တွေကို အလယ်အလတ်အရွယ်ရှိသော မြေကြွက်တွေ၏ ကျောရိုးဖြင့်ဖန်တီးထားသည်။ လီဂီယောင်၏လက်နက်ကိုတော့ ငယ်ရွယ်သည့် မြေကြွက်တစ်ကောင်၏ ဦးခေါင်းရိုးဖြင့် လုပ်ပေးလိုက်၏။

[သင်သည် ကိုယ်တိုင် လက်နက်များကို အောင်မြင်စွာဖြင့် ဖန်တီးယူနိုင်ခဲ့သည်။]

[နက္ခတ်အချို့က လူသားတို့၏ ရှေးဦးသဘာဝကို စိတ်ဝင်စားနေကြပါသည်။]

[နက္ခတ်များက သင့်အား ဒင်္ဂါး ၁၀၀ ထောက်ပံ့ပေးခဲ့သည်။]

လူတိုင်း ဤမက်ဆေ့ချ်များအား ရကြသည်။

"ဒီလိုအရာမျိုးအတွက်တောင် ငါတို့တွေ ဒင်္ဂါးတွေကိုရနိုင်တယ်ဆိုပဲ "

ကျနော်မေးလိုက်၏။

"ခင်ဗျားတို့တွေကို မသေစေချင်ဘူး ခင်ဗျားတို့မှာ ကိုယ်ပိုင် ဒင်္ဂါးတွေရှိကြရဲ့လား"

"အင်း။ ရှိပါတယ်"

"တတ်နိုင်သမျှ ရှင်သန်မှုအဖိုးအခပေးဖို့ ဒင်္ဂါးတွေ လုံလုံလောက် ချန်ထားပြီး ကျန်တဲ့ဒင်္ဂါးတွေကို ခင်ဗျားတို့ရဲ့ ခွန်အား၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့လျှင်မြန်မှုတို့ တက်လာအောင် သုံးလိုက်ပါ။ အဲ့လိုမှမဟုတ်ရင် ခင်ဗျားတို့ရှင်သန်နိုင်မှာမဟုတ်ဘူး"

"ကျေနော်တို့ပြင်ဆင်၍ပြီးသွားပြီးသည့်နောက် ရှေ့ကို ဆက်ပြီးသွားကြ၏။ လီဂီယောင် ပြောခဲ့သော ခြေလှမ်း ၁၀၀ က ကျနော်တို့ရှေ့မှာတင် အဆုံးသတ် သွားလေပြီ။

[ဇာတ်ဝင်ခန်းအသေး - စားစရာရှာဖွေခြင်း စတင်ပါပြီ]

မြေကြွက်တွေ မြေကြီးထဲကနေ ထွက်လာကြ၏။ အရေအတွက်ကို ကျနော် အမြန်ရေတွက်လိုက်သည်။ တစ်၊ နှစ်၊ သုံး... စုစုပေါင်း ၁၃ ကောင်ရှိ၏။ ကျနော်ထင်ထားသည်ထက်ပင် ပိုများသည်။ မြေကြွက်တွေက မျဉ်းတစ်ကြောင်းပုံစံ တန်းစီနေပြီး ကျနော်တို့ကို ခြိမ်းခြောက်နေလေသည်။ အဆိုပါ မျဉ်းကို ကျနော်တို့ ကျော်လိုက်သည်နှင့် တိုက်ပွဲစတင်သွားမည်ထင်၏။

ကျနော့်ဘေးက လူအားလုံးကိုကြည့်ပြီး ကျနော်ပြောလိုက်သည်။

"ဘာအစီအစဉ်မှ ဆွဲထားတာမရှိဘူး။ ကျနော်တို့က အတွေ့အကြုံမရှိတဲ့လူတွေလေ။ အပြောဆိုးသလိုတော့ ဖြစ်လောက်ပေမဲ့ အမှန်အတိုင်းပြောရရင် ခင်ဗျားတို့တွေ ဆက်ပြီး အသက်ရှင်မယ် မရှင်ဖူးက သေချာတာမဟုတ်ဘူး "

"ဒ-ဒါက..."

"ဒါပေမဲ့အားလုံးပဲ ရှင်သန်ကြပါ။ တောင်းဆိုပါတယ်"

ဟန်မြုံအို တစ်ယောက်တည်းသာ စိတ်တိုနေလေသည်။ ကျန်လူတွေကတော့ စိုးရိမ်နေကြေိုးစားကြည့်ကြတာပေါ့။ အားလုံးပဲ ကျေးဇူးပြုပြီး ရှင်သန်ကြပါ"

ကျနော့်ကို ယူဂျွန်ဟော့စမ်းသပ်ခဲ့သကဲ့သို့ပင် သူတို့အပေါ်မှာ ကျနော် မျှော်လင့်ချက်တွေ ထားရှိ၏။ လမ်းပြပေးသူ ဘယ်လောက်ပဲကောင်းကောင်း စိတ်ဓါတ်မခိုင်မာလို့ကတော့ ဤကမ္ဘာတွင် ရှင်သန်နိုင်မည်မဟုတ်ချေ။ အဆုံးတွင်တော့ လူတိုင်း ကိုယ့်ကိုကိုယ်သာ ကယ်တင်ရချေမည်။ ဤအခွင့်အရေးကိုအသုံးချပြီး လူတိုင်းရှင်းရှင်းလင်းလင်း နားလည်သင့်၏။

"ဒါဆို စလိုက်ကြရအောင်"

ဤလူတွေထဲက မည်သူ့ကိုရွေးရမည်ဆိုသည်အား ကျနော်သိ၏။ ကျနော်တို့ နောက်ထပ်တစ်လှမ်း ရှေ့ကိုလှမ်းလိုက်သည်နှင့် မြေကြွက်တွေ လှုတ်ရှား ကုန်ကြ၏။ တိုက်ပွဲစတင်ချေပြီ။

All Chapters